Till The End

By Aster_Glory

94.5K 10.9K 141

Yizhan I do not own every single photo in this fiction. If there is something wrong, please forgive me Final... More

1 (*-.*)
2 (*-.*)
:):)
3 (^-.^)
4 (*-.*)
5 (•*-.*•) <3
6 (^-.^)
7 (*-.*)
8 /)/).
9 (•^_^•)
10 (\/).
11 (*-.*)
12 (^-.^)
13 (•-.•)
14 ~•-.•~
15 ~^-.^~
16 /)/).
17 (\_/).
18 ~*-.*~
19 ~•-.•~
20 o-0
21 (•-.•)
Message

22 (*-.*) <33333333

6.1K 482 17
By Aster_Glory

Zawgyi

ဦးေလးဝမ္နဲ႕စကားေျပာေနတုန္း အခန္းထဲကို Leader ကဝင္လာတယ္။ လက္ထဲမွာလဲ အထုပ္ေတြနဲ႕။ အထုပ္ေတြအကုန္လံုးကို လက္တစ္ဖက္တည္းနဲ႕ ပူးကိုင္လိုက္ျပီး Leader က Xiao Zhan ကိုဆြဲထူကာ Xiao Zhan ေရွ႕က ကာျပီးရပ္လိုက္တယ္။ ခုပံုစံက Leader နဲ႕ သူ႕အေဖက မ်က္နွာခ်င္းဆိုင္ရပ္ေနျပီး Xiao Zhan ကို သူ႕ေနာက္မွာ ဖြက္ထားသလို ျဖစ္ေနတယ္။

'ေဖေဖ ဘာျဖစ္လို႕ သူ႕ကိုေခၚလာတာလဲ။ က်ြန္ေတာ္မသိပဲ ဘာေတြလုပ္ေနျပန္ျပီလဲ'

Leader က သူ႕အေဖကို အထင္လြဲျပီး ရန္ေတြ႕သလို ဆက္ဆံလိုက္တာေျကာင့္ ျကားထဲက ဝင္ေျပာဖို႕ လုပ္ရတယ္။ အားနာဖို႕ေကာင္းတယ္။

ေနာက္ကေန Leader အကၤ်ီစကို ဖြဖြေလးဆြဲျပီး အခ်က္ေပးတဲ႕အခါ သူ႕ကို ျပန္လွည့္ျကည့္လာလို႕ အဲ႕လိုမေျပာဖို႕ ေခါင္းခါျပီးအခ်က္ျပေတာ့ နားလည္သလိုေခါင္းျပန္ညိတ္ျပတယ္။

'ထမင္းလက္စံုစားခ်င္လို႕ ေခၚလိုက္တာပါ သားငယ္ရဲ႕ခ်စ္သူကို ေဖေဖလည္း ျမင္ဖူးခ်င္တယ္ေလ

အိမ္ေတာ္ထိန္းကို အားလံုးစီစဥ္ခိုင္းျပီးျပီ

သားငယ္ခုမွ ျပန္လာတာမလား Xiao Zhan ေနဖို႕အခန္းလိုက္ျပလိုက္ဦး ေရခ်ိဳးျပီးနွစ္ေယာက္လံုး ျပန္ဆင္းခဲ႕ မိသားစုေတြအတူတူ ထမင္းလက္စံုစားမယ္'

'……'

Leader က မထင္ထားသလို အေတာင့္လိုက္ရပ္ေနတဲ႕အခါ ဦးေလးဝမ္က ရွက္သလို မ်က္နွာလႊဲပါတယ္။ ဘဝတစ္ေလ်ွာက္လံုး သားအဖေတြ ခပ္စိမ္းစိမ္းပဲေနခဲ႕တဲ႕ပံု။

Xiao Zhan နဲ႕ ပါပါးဆို တစ္ေယာက္တစ္ခြန္း စေနာက္ ေအာ္ဟစ္ေနတာေလ။ အတည္တက် စကားေျပာတဲ႕အခ်ိန္ပဲ ေျကာက္ရျပီး က်န္တဲ႕အခ်ိန္ဆို ရန္ျဖစ္ေနတာ။ ပါပါးကိုေတာင္ သတိရလာျပီ။

'အဟမ္း…… သားငယ္ ေမျကီးေရာ'

'သူ႕အခန္းထဲမွာ'

ဦးေလးဝမ္က ေခါင္းညိတ္ျပျပီး ထြက္သြားေတာ့တယ္။ ျကည့္ရတာ သူ႕မိန္းမဆီသြားတာထင္ပါတယ္။ ဦးေလးဝမိ အျပင္ထြက္သြားမွ Leader က သူ႕ဘက္လွည့္လာျပီး

'အားက်န္႕ ေဖေဖ ဘာေျပာေသးလဲ'

'အမ်ားျကီး'

'အင္း'

'ေရခ်ိဳးခ်င္လို႕'

'အာ… ဟုတ္သားပဲ လာ
ရံုးကအျပန္လိုက္လာရတာလား
အားက်န္႕ကို လာေခၚခိုင္းတာကိုယ္မသိလိုက္ဘူး မနက္ျပန္လာမလို႕ေတာင္လုပ္ေနတာ'

Xiao Zhan ေနရမယ့္ အခန္းကို လိုက္ျပရင္း Leader က စကားေတြေျပာလာတာျဖစ္တယ္။

'အထုပ္ေတြက ဘာေတြလဲ'

'အားက်န္႕ဖို႕ လက္ေဆာင္ဆိုျပီး သြားဝယ္တာ ေမေမနဲ႕ေလ။ ခုေတာ့ ဝတ္စရာ အဆင္ေျပသြားတာေပါ့'

ေျပာရင္းဆိုရင္း သူေနရမယ္ဆိုတဲ႕ အခန္းေရွ႕ေရာက္ လာရတယ္။

'ေရခ်ိဳးထား ျပီးရင္ ကိုယ္လာေခၚမယ္'

Xiao Zhan ေခါင္းညိတ္ျပေတာ့ သူ႕ေခါင္းကို ဖြျပီး အထုပ္ေတြကိုလႊဲေပးပါတယ္။ အခန္းကအျကီးျကီးကို ကုတင္ကလည္း နွစ္ေယာက္အိပ္ကုတင္အက်ယ္ျကီး ျဖစ္တယ္။

ေရအျမန္ခ်ိဳးျပီး အဝတ္လဲဖို႕ Leader ေပးတဲ႕အထုပ္ေတြထဲက ထုတ္ျကည့္ေတာ့ အားလံုးက Xiao Zhan ဝတ္ေနက်နဲ႕ ဆင္တူတာမ်ိဳးေလးေတြ ျဖစ္တယ္။ ယုန္နားရြက္ ညဝတ္အကၤ်ီေလးေတြေတာင္ ပါေသးတယ္။ ျကံျကံဖန္ဖန္။

ညဝတ္အကၤ်ီ one set ပြပြေလးေရြးဝတ္ျပီး လာေခၚတာေစာင့္ေနလိုက္တယ္။ ဦးေလးဝမ္ေျပာ ခိုင္းထားတာေတြ ေအးေအးေဆးေဆး ရွိရင္ Leader ကိုျပန္ေျပာရပါဦးမယ္။

ထမင္းစားဝိုင္းမွာ ေမးတာေတြ အလိုက္အထိုက္ျပန္ေျဖျပီး မိသားစုအေျခအေနကို အကဲခတ္ရတယ္။ အားလံုးက သူ႕ကို မိသားစုဝင္လို ဆက္ဆံေပးတယ္။ အထူးသျဖင့္ အန္တီဝမ္က သူ႕ကို အရမ္းခ်စ္ပါတယ္။

ထမင္းစားျပီးတာနဲ႕ ခနေလာက္ စကားဆက္ေျပာျပီး အေပၚထပ္ကို တက္လာခဲ႕တယ္။ တစ္ညေနလံုး ကားစီးထားရတာ ပင္ပန္းျပီး အိပ္ခ်င္ေနျပီ။ ေခါင္းခ်မလို႕ ရွိေသးတယ္ တံခါးေခါက္လာတာနဲ႕ ျပန္ထရျပန္ပါတယ္။ Leader ပဲေနမွာ။

တံခါးဖြင့္ျကည့္လိုက္ေတာ့ တကယ္ပဲ Leader လက္ထဲမွာ ေခါင္းအံုးနဲ႕ ေစာင္ကို ပိုက္ထားေသးတယ္။ သူ႕ကိုလည္း ပါစပ္ျဖဲျပီး ရီျပေနေသးတယ္။ ဒါက ဘာလဲ ပံုမွန္မဟုတ္သလို ခံစားေနရတယ္။

'ဖယ္ပါဦး အားက်န္႕ ေလးလို႕'

တံခါးဝကေန ဖယ္ေပးေတာ့ အခန္းထဲတန္းေနေအာင္ ဝင္ခ်လာျပီး ကုတင္ေပၚေခါင္းအံုးေတြသြားတင္တယ္။

'လာေလ အားက်န့္'

တံခါးဝမွာ လက္ကိုင္ဘု ကိုင္ျပီး မွင္တက္ေနတဲ႕သူ႕ကို မထူးျခားသလို လွမ္းေခၚတယ္။

'Leader ဒီကို ဘာလာလုပ္တာလဲ'

'အိပ္မလို႕ေလ အတူတူ ကိုယ္ျပသနာေတြဘယ္လို ေျဖရွင္းခဲ႕လဲဆိုတာေတြ ေျပာျပမလို႕'

အိပ္ယာေပၚ ေျခကားယား ဆင္းထိုင္ျပီး လက္ဟန္ေျခဟန္နဲ႕ စကားျကီး စကားက်ယ္ လုပ္ေျပာေနတဲ႕ ပံုက ရီခ်င္စရာေကာင္းပါတယ္။ ေဘးက ေနရာလြတ္ကိုလည္း လာအိပ္ဖို႕ လက္နဲ႕ ပုတ္ျပေသးတယ္။

'ဦးေလးဝမ္ေျပာျပလို႕ က်ြန္ေတာ္ အကုန္သိျပီး ပါျပီေနာ္။ ရွင္းျပစရာမလိုေတာ့တာမို႕ ခုျပန္ထြက္!!'

'အာ…… ေဖေဖကလည္း'

စူပုတ္ပုတ္ ျဖစ္သြားတဲ႕ရုပ္က သူ႕ထက္အသက္ျကီးျပီး project team တစ္ခုလံုးကို ဦးေဆာင္ေနတဲ႕သူလား သံသယဝင္စရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႕ေကာင္းပါတယ္။

ခုလည္း ဘာေတြအျကံထပ္ထုတ္ေနျပန္ျပီလဲမသိဘူး။

'ေဖေဖ ေျပာတာေတြ သိခ်င္ေသးတယ္ေလ'

'မနက္မွ မနက္မွ ေအးေဆးေျပာျပမယ္'

'အာ…… အားက်န္႕ကလည္း'

သူက လြယ္လြယ္နဲ႕ အေလ်ာ့မေပးတဲ႕အိပ္ယာေပၚက ဆင္းလာျပီး သူ႕အနားကို လာတယ္။

'ကိုယ္တို႕ အျကာျကီးခြဲေနရတာေလ။ အားက်န္႕ ကိုယ့္ကို မလြမ္းဘူးလား။ ကိုယ့္မွာေတာ့ လြမ္းလိုက္ရတာ။'

စကားေျပာရင္း တံခါးလက္ကိုင္ဘုေပၚတင္ထားတဲဲ့ Xiao Zhan လက္ကို အေပၚကထပ္ကိုင္ကာ ညာတာပါေတးနဲ႕ တံခါးပိတ္ျပီး Lock ပါခ်ျပစ္တယ္။

'ျပီးေတာ့ ကိုယ္ အားက်န္႕ကို ခ်စ္ခြင့္ပန္ရဦးမယ္ေလ။ မေစာင့္နိုင္ေတာ့ဘူူး မနက္ျဖန္

ဟင္ ဒီည အတူအိပ္မယ္ေလ
ကိုယ္ဘာမွ မလုပ္ပါဘူး ကတိေပးတယ္'

Xiao Zhan လည္း စိတ္ေလ်ာ့ျပီး သေဘာတူရတယ္။ အမွန္ဆို ဒီမ်က္နွာေခ်ာေခ်ာကို သူသိပ္ကို လြမ္းေနခဲ႕ရတာေလ။

Leader က သူ႕ကို လက္ေမာင္းေပၚဆြဲျပီးအိပ္ခိုင္းတယ္။  Leader ကိုယ္တိုင္ကေတာ့ လက္တစ္ဖက္ကို ေခါင္းေအာက္သြင္းျပီး ပက္လက္လွန္အိပ္ေနတယ္။

Xiao Zhan က Leader လက္ေမာင္း နာမွာစိုးလို႕ မဖိရဲဘူး ျဖစ္ေနရတယ္။

'Leader ေခါင္းအံုးပဲ အံုးလိုက္မယ္ေလ လက္ေမာင္းနာေနမယ္'

'နာနာကြာ ဒီေနရာမွာ အသံုးခ်ဖို႕ ေလ့က်င့္ခန္းေတြလုပ္ထားတာ'

Xiao Zhan ရီမိတယ္။ စကားေတြ သြက္လာလိုက္တာ။

'ေဖေဖက ဘာေျပာလဲ'

'Leader နဲ႕ Leader ေမေမအေပၚ ခုကစျပီး တာဝန္ေက်မွာမို႕ သူ႕ကိုမထားခဲ႕ဖို႕။ ဦးေလးက အရမ္းေနာင္တရေနတယ္။ Leader ကိုလည္း အရမ္းခ်စ္ပါတာမို႕ သူ႕ကိုအထင္မလြဲဖို႕ေပါ့။ ျပီးေတာ့ အန္တီကိုလည္း ခ်စ္ေနတယ္ထင္တယ္။ လက္လႊတ္မေပးနိုင္ဘူးတဲ႕'

သူ႕စကားကို ျကားေတာ့ Leader က သက္ျပင္းခ်တယ္။

'ကိုယ္က ကိစၥမရွိပါဘူး ဘာပဲျဖစ္ျဖစ္ မိဘဆိုျပီးေတြးေျဖလို႕ရတယ္ ေမေမကေတာ့ သူ႕တစ္ဘဝလံုး ေဖေဖေပးတဲ႕ လ်စ္လ်ဴရွဴမွုေတြ ဂရုမစိုက္မွုေတြပဲ ရခဲ႕တာ ေမေမ့ရင္ထဲက ျပတ္သားမွု အတိမ္အနက္က ကိုယ္ေျပာင္းလဲေပးနိုင္မယ္မထင္ဘူး။ ေဖေဖ ကိုယ္တိုင္းက်ိဳးစားျကည့္ေပါ့။ ခ်က္ခ်င္းမရ ရင္ အခ်ိန္တစ္ခုေလာက္ ခြဲေနျပီး သူတစ္ကယ္ခ်စ္တာကို ျပေပါ့။ ကိုယ္အားက်န္႕ ကို ေစာင့္ဆိုင္းခဲ႕သလိုေလ'

Xiao Zhan သူ႕လက္ဖဝါးကို Leader ရင္ဘတ္က နွလံုးခုန္တဲ႕ ေနရာကို တင္ထားျကည့္မိတယ္။ သူ႕ေဘးကလူရဲ႕ နွလံုးခုန္သံကို အာရံုျပဳေနမိတယ္ ဒီနွလံုးခုန္သံက သူ႕အတြက္ေတာ့ ရွိရွိသမ်ွအရာေတြထဲ အဖိုးတန္ဆံုးေလးပါ။

Xiao Zhan တင္ထားတဲ႕ လက္ဖဝါးကို Leader က ဆုပ္ကိုင္လိုက္ျပီး သူ႕ဘက္ကို လွည့္ျကည့္လာတယ္။

အခ်ိန္အျကာျကီး တစ္ေယာက္နဲ႕တစ္ေယာက္ အျကည့္မလႊဲပဲ ျကည့္ေနမိတယ္။

'ခ်စ္တယ္…'

'……'

'မင္းကို မင္းတစ္ေယာက္တည္းကို တစ္ဘဝစာ သံသရာ တစ္ဖက္ကမ္း အဆံုးထိ ခ်စ္တယ္'

'……'

'ကိုယ့္ကို လက္ခံနိုင္ရဲ႕လား'

'အင္း က်ြန္ေတာ္လည္း ခ်စ္ပါတယ္

အကို နဲ႕ သံသရာ အဆံုးထိ အတူရွိခ်င္ပါတယ္'

သူ႕စကားကို ျကားေတာ့ Leader က ျပံဳးပါတယ္။ အျပံဳးစစ ကေန အျကီးျကီးျဖစ္လာတဲ႕အထိ ျပံဳးေယာင္ပါတယ္။

ေနာက္ေတာ့ သူ႕နဖူး နွာထိပ္ ပါး မ်က္ခြံမို႕မို႕ တို႕ အေပၚအနမ္းေတြ တဖြဲဖြဲ ေျခြခ်တယ္။ ေနာက္ဆံုးေတာ့ သူ႕နွုတ္ခမ္းကို တတိယအျကိမ္ေျမာက္ ထိေတြ႕ပါတယ္။

အနမ္းနဲ႕အျပိဳင္ အသက္ရွဴသံ ရင္ခုန္သံက က်ယ္က်ယ္ေလာင္ေလာင္ ျမည္ဟီးေနေတာ့တယ္။

ခ်စ္ပါတယ္ နွလံုးသားက ဒီလူသားတစ္ေယာက္တည္းအေပၚမွာ မွန္မွန္ကန္ကန္ ဝပ္တြားသြားခဲ႕ပါျပီ။ ေပးအပ္သမ်ွ အနမ္းကို ျကည္ျကည္ျဖဴျဖဴ လက္ခံရင္း အဆံုးစြန္ဆံုးထိ ဒီလူသားနဲ႕သာ ျဖတ္ေက်ာ္ခ်င္မိပါတယ္။

####################

The end.

  /)/)
(*-.*)
  UU






Uni

ဦးလေးဝမ်နဲ့စကားပြောနေတုန်း အခန်းထဲကို Leader ကဝင်လာတယ်။ လက်ထဲမှာလဲ အထုပ်တွေနဲ့။ အထုပ်တွေအကုန်လုံးကို လက်တစ်ဖက်တည်းနဲ့ ပူးကိုင်လိုက်ပြီး Leader က Xiao Zhan ကိုဆွဲထူကာ Xiao Zhan ရှေ့က ကာပြီးရပ်လိုက်တယ်။ ခုပုံစံက Leader နဲ့ သူ့အဖေက မျက်နှာချင်းဆိုင်ရပ်နေပြီး Xiao Zhan ကို သူ့နောက်မှာ ဖွက်ထားသလို ဖြစ်နေတယ်။

'ဖေဖေ ဘာဖြစ်လို့ သူ့ကိုခေါ်လာတာလဲ။ ကျွန်တော်မသိပဲ ဘာတွေလုပ်နေပြန်ပြီလဲ'

Leader က သူ့အဖေကို အထင်လွဲပြီး ရန်တွေ့သလို ဆက်ဆံလိုက်တာကြောင့် ကြားထဲက ဝင်ပြောဖို့ လုပ်ရတယ်။ အားနာဖို့ကောင်းတယ်။

နောက်ကနေ Leader အင်္ကျီစကို ဖွဖွလေးဆွဲပြီး အချက်ပေးတဲ့အခါ သူ့ကို ပြန်လှည့်ကြည့်လာလို့ အဲ့လိုမပြောဖို့ ခေါင်းခါပြီးအချက်ပြတော့ နားလည်သလိုခေါင်းပြန်ညိတ်ပြတယ်။

'ထမင်းလက်စုံစားချင်လို့ ခေါ်လိုက်တာပါ သားငယ်ရဲ့ချစ်သူကို ဖေဖေလည်း မြင်ဖူးချင်တယ်လေ

အိမ်တော်ထိန်းကို အားလုံးစီစဉ်ခိုင်းပြီးပြီ

သားငယ်ခုမှ ပြန်လာတာမလား Xiao Zhan နေဖို့အခန်းလိုက်ပြလိုက်ဦး ရေချိုးပြီးနှစ်ယောက်လုံး ပြန်ဆင်းခဲ့ မိသားစုတွေအတူတူ ထမင်းလက်စုံစားမယ်'

'……'

Leader က မထင်ထားသလို အတောင့်လိုက်ရပ်နေတဲ့အခါ ဦးလေးဝမ်က ရှက်သလို မျက်နှာလွှဲပါတယ်။ ဘဝတစ်လျှောက်လုံး သားအဖတွေ ခပ်စိမ်းစိမ်းပဲနေခဲ့တဲ့ပုံ။

Xiao Zhan နဲ့ ပါပါးဆို တစ်ယောက်တစ်ခွန်း စနောက် အော်ဟစ်နေတာလေ။ အတည်တကျ စကားပြောတဲ့အချိန်ပဲ ကြောက်ရပြီး ကျန်တဲ့အချိန်ဆို ရန်ဖြစ်နေတာ။ ပါပါးကိုတောင် သတိရလာပြီ။

'အဟမ်း…… သားငယ် မေကြီးရော'

'သူ့အခန်းထဲမှာ'

ဦးလေးဝမ်က ခေါင်းညိတ်ပြပြီး ထွက်သွားတော့တယ်။ ကြည့်ရတာ သူ့မိန်းမဆီသွားတာထင်ပါတယ်။ ဦးလေးဝမိ အပြင်ထွက်သွားမှ Leader က သူ့ဘက်လှည့်လာပြီး

'အားကျန့် ဖေဖေ ဘာပြောသေးလဲ'

'အများကြီး'

'အင်း'

'ရေချိုးချင်လို့'

'အာ… ဟုတ်သားပဲ လာ
ရုံးကအပြန်လိုက်လာရတာလား
အားကျန့်ကို လာခေါ်ခိုင်းတာကိုယ်မသိလိုက်ဘူး မနက်ပြန်လာမလို့တောင်လုပ်နေတာ'

Xiao Zhan နေရမယ့် အခန်းကို လိုက်ပြရင်း Leader က စကားတွေပြောလာတာဖြစ်တယ်။

'အထုပ်တွေက ဘာတွေလဲ'

'အားကျန့်ဖို့ လက်ဆောင်ဆိုပြီး သွားဝယ်တာ မေမေနဲ့လေ။ ခုတော့ ဝတ်စရာ အဆင်ပြေသွားတာပေါ့'

ပြောရင်းဆိုရင်း သူနေရမယ်ဆိုတဲ့ အခန်းရှေ့ရောက် လာရတယ်။

'ရေချိုးထား ပြီးရင် ကိုယ်လာခေါ်မယ်'

Xiao Zhan ခေါင်းညိတ်ပြတော့ သူ့ခေါင်းကို ဖွပြီး အထုပ်တွေကိုလွှဲပေးပါတယ်။ အခန်းကအကြီးကြီးကို ကုတင်ကလည်း နှစ်ယောက်အိပ်ကုတင်အကျယ်ကြီး ဖြစ်တယ်။

ရေအမြန်ချိုးပြီး အဝတ်လဲဖို့ Leader ပေးတဲ့အထုပ်တွေထဲက ထုတ်ကြည့်တော့ အားလုံးက Xiao Zhan ဝတ်နေကျနဲ့ ဆင်တူတာမျိုးလေးတွေ ဖြစ်တယ်။ ယုန်နားရွက် ညဝတ်အင်္ကျီလေးတွေတောင် ပါသေးတယ်။ ကြံကြံဖန်ဖန်။

ညဝတ်အင်္ကျီ one set ပွပွလေးရွေးဝတ်ပြီး လာခေါ်တာစောင့်နေလိုက်တယ်။ ဦးလေးဝမ်ပြော ခိုင်းထားတာတွေ အေးအေးဆေးဆေး ရှိရင် Leader ကိုပြန်ပြောရပါဦးမယ်။

ထမင်းစားဝိုင်းမှာ မေးတာတွေ အလိုက်အထိုက်ပြန်ဖြေပြီး မိသားစုအခြေအနေကို အကဲခတ်ရတယ်။ အားလုံးက သူ့ကို မိသားစုဝင်လို ဆက်ဆံပေးတယ်။ အထူးသဖြင့် အန်တီဝမ်က သူ့ကို အရမ်းချစ်ပါတယ်။

ထမင်းစားပြီးတာနဲ့ ခနလောက် စကားဆက်ပြောပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။ တစ်ညနေလုံး ကားစီးထားရတာ ပင်ပန်းပြီး အိပ်ချင်နေပြီ။ ခေါင်းချမလို့ ရှိသေးတယ် တံခါးခေါက်လာတာနဲ့ ပြန်ထရပြန်ပါတယ်။ Leader ပဲနေမှာ။

တံခါးဖွင့်ကြည့်လိုက်တော့ တကယ်ပဲ Leader လက်ထဲမှာ ခေါင်းအုံးနဲ့ စောင်ကို ပိုက်ထားသေးတယ်။ သူ့ကိုလည်း ပါစပ်ဖြဲပြီး ရီပြနေသေးတယ်။ ဒါက ဘာလဲ ပုံမှန်မဟုတ်သလို ခံစားနေရတယ်။

'ဖယ်ပါဦး အားကျန့် လေးလို့'

တံခါးဝကနေ ဖယ်ပေးတော့ အခန်းထဲတန်းနေအောင် ဝင်ချလာပြီး ကုတင်ပေါ်ခေါင်းအုံးတွေသွားတင်တယ်။

'လာလေ အားကျန့်'

တံခါးဝမှာ လက်ကိုင်ဘု ကိုင်ပြီး မှင်တက်နေတဲ့သူ့ကို မထူးခြားသလို လှမ်းခေါ်တယ်။

'Leader ဒီကို ဘာလာလုပ်တာလဲ'

'အိပ်မလို့လေ အတူတူ ကိုယ်ပြသနာတွေဘယ်လို ဖြေရှင်းခဲ့လဲဆိုတာတွေ ပြောပြမလို့'

အိပ်ယာပေါ် ခြေကားယား ဆင်းထိုင်ပြီး လက်ဟန်ခြေဟန်နဲ့ စကားကြီး စကားကျယ် လုပ်ပြောနေတဲ့ ပုံက ရီချင်စရာကောင်းပါတယ်။ ဘေးက နေရာလွတ်ကိုလည်း လာအိပ်ဖို့ လက်နဲ့ ပုတ်ပြသေးတယ်။

'ဦးလေးဝမ်ပြောပြလို့ ကျွန်တော် အကုန်သိပြီး ပါပြီနော်။ ရှင်းပြစရာမလိုတော့တာမို့ ခုပြန်ထွက်!!'

'အာ…… ဖေဖေကလည်း'

စူပုတ်ပုတ် ဖြစ်သွားတဲ့ရုပ်က သူ့ထက်အသက်ကြီးပြီး project team တစ်ခုလုံးကို ဦးဆောင်နေတဲ့သူလား သံသယဝင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းပါတယ်။

ခုလည်း ဘာတွေအကြံထပ်ထုတ်နေပြန်ပြီလဲမသိဘူး။

'ဖေဖေ ပြောတာတွေ သိချင်သေးတယ်လေ'

'မနက်မှ မနက်မှ အေးဆေးပြောပြမယ်'

'အာ…… အားကျန့်ကလည်း'

သူက လွယ်လွယ်နဲ့ အလျော့မပေးတဲ့အိပ်ယာပေါ်က ဆင်းလာပြီး သူ့အနားကို လာတယ်။

'ကိုယ်တို့ အကြာကြီးခွဲနေရတာလေ။ အားကျန့် ကိုယ့်ကို မလွမ်းဘူးလား။ ကိုယ့်မှာတော့ လွမ်းလိုက်ရတာ။'

စကားပြောရင်း တံခါးလက်ကိုင်ဘုပေါ်တင်ထားတဲ့ Xiao Zhan လက်ကို အပေါ်ကထပ်ကိုင်ကာ ညာတာပါတေးနဲ့ တံခါးပိတ်ပြီး Lock ပါချပြစ်တယ်။

'ပြီးတော့ ကိုယ် အားကျန့်ကို ချစ်ခွင့်ပန်ရဦးမယ်လေ။ မစောင့်နိုင်တော့ဘူး မနက်ဖြန်

ဟင် ဒီည အတူအိပ်မယ်လေ
ကိုယ်ဘာမှ မလုပ်ပါဘူး ကတိပေးတယ်'

Xiao Zhan လည်း စိတ်လျော့ပြီး သဘောတူရတယ်။ အမှန်ဆို ဒီမျက်နှာချောချောကို သူသိပ်ကို လွမ်းနေခဲ့ရတာလေ။

Leader က သူ့ကို လက်မောင်းပေါ်ဆွဲပြီးအိပ်ခိုင်းတယ်။  Leader ကိုယ်တိုင်ကတော့ လက်တစ်ဖက်ကို ခေါင်းအောက်သွင်းပြီး ပက်လက်လှန်အိပ်နေတယ်။

Xiao Zhan က Leader လက်မောင်း နာမှာစိုးလို့ မဖိရဲဘူး ဖြစ်နေရတယ်။

'Leader ခေါင်းအုံးပဲ အုံးလိုက်မယ်လေ လက်မောင်းနာနေမယ်'

'နာနာကွာ ဒီနေရာမှာ အသုံးချဖို့ လေ့ကျင့်ခန်းတွေလုပ်ထားတာ'

Xiao Zhan ရီမိတယ်။ စကားတွေ သွက်လာလိုက်တာ။

'ဖေဖေက ဘာပြောလဲ'

'Leader နဲ့ Leader မေမေအပေါ် ခုကစပြီး တာဝန်ကျေမှာမို့ သူ့ကိုမထားခဲ့ဖို့။ ဦးလေးက အရမ်းနောင်တရနေတယ်။ Leader ကိုလည်း အရမ်းချစ်ပါတာမို့ သူ့ကိုအထင်မလွဲဖို့ပေါ့။ ပြီးတော့ အန်တီကိုလည်း ချစ်နေတယ်ထင်တယ်။ လက်လွှတ်မပေးနိုင်ဘူးတဲ့'

သူ့စကားကို ကြားတော့ Leader က သက်ပြင်းချတယ်။

'ကိုယ်က ကိစ္စမရှိပါဘူး ဘာပဲဖြစ်ဖြစ် မိဘဆိုပြီးတွေးဖြေလို့ရတယ် မေမေကတော့ သူ့တစ်ဘဝလုံး ဖေဖေပေးတဲ့ လျစ်လျူရှူမှုတွေ ဂရုမစိုက်မှုတွေပဲ ရခဲ့တာ မေမေ့ရင်ထဲက ပြတ်သားမှု အတိမ်အနက်က ကိုယ်ပြောင်းလဲပေးနိုင်မယ်မထင်ဘူး။ ဖေဖေ ကိုယ်တိုင်းကျိုးစားကြည့်ပေါ့။ ချက်ချင်းမရ ရင် အချိန်တစ်ခုလောက် ခွဲနေပြီး သူတစ်ကယ်ချစ်တာကို ပြပေါ့။ ကိုယ်အားကျန့် ကို စောင့်ဆိုင်းခဲ့သလိုလေ'

Xiao Zhan သူ့လက်ဖဝါးကို Leader ရင်ဘတ်က နှလုံးခုန်တဲ့ နေရာကို တင်ထားကြည့်မိတယ်။ သူ့ဘေးကလူရဲ့ နှလုံးခုန်သံကို အာရုံပြုနေမိတယ် ဒီနှလုံးခုန်သံက သူ့အတွက်တော့ ရှိရှိသမျှအရာတွေထဲ အဖိုးတန်ဆုံးလေးပါ။

Xiao Zhan တင်ထားတဲ့ လက်ဖဝါးကို Leader က ဆုပ်ကိုင်လိုက်ပြီး သူ့ဘက်ကို လှည့်ကြည့်လာတယ်။

အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက် အကြည့်မလွှဲပဲ ကြည့်နေမိတယ်။

'ချစ်တယ်…'

'……'

'မင်းကို မင်းတစ်ယောက်တည်းကို တစ်ဘဝစာ သံသရာ တစ်ဖက်ကမ်း အဆုံးထိ ချစ်တယ်'

'……'

'ကိုယ့်ကို လက်ခံနိုင်ရဲ့လား'

'အင်း ကျွန်တော်လည်း ချစ်ပါတယ်

အကို နဲ့ သံသရာ အဆုံးထိ အတူရှိချင်ပါတယ်'

သူ့စကားကို ကြားတော့ Leader က ပြုံးပါတယ်။ အပြုံးစစ ကနေ အကြီးကြီးဖြစ်လာတဲ့အထိ ပြုံးယောင်ပါတယ်။

နောက်တော့ သူ့နဖူး နှာထိပ် ပါး မျက်ခွံမို့မို့ တို့ အပေါ်အနမ်းတွေ တဖွဲဖွဲ ခြွေချတယ်။ နောက်ဆုံးတော့ သူ့နှုတ်ခမ်းကို တတိယအကြိမ်မြောက် ထိတွေ့ပါတယ်။

အနမ်းနဲ့အပြိုင် အသက်ရှူသံ ရင်ခုန်သံက ကျယ်ကျယ်လောင်လောင် မြည်ဟီးနေတော့တယ်။

ချစ်ပါတယ် နှလုံးသားက ဒီလူသားတစ်ယောက်တည်းအပေါ်မှာ မှန်မှန်ကန်ကန် ဝပ်တွားသွားခဲ့ပါပြီ။ ပေးအပ်သမျှ အနမ်းကို ကြည်ကြည်ဖြူဖြူ လက်ခံရင်း အဆုံးစွန်ဆုံးထိ ဒီလူသားနဲ့သာ ဖြတ်ကျော်ချင်မိပါတယ်။

####################

The end.

  /)/)
(*-.*)
  UU




Continue Reading

You'll Also Like

844 88 26
Photos Albums There's no house here..!!! YoUth #121321
97.8K 9.8K 31
[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021
96.1K 1.4K 20
Riley Evans is a famous youtuber and known for doing FIFA videos and other random stuff. When she is snooping through her moms stuff she will figure...
17.7K 818 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...