When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 1

4.9K 400 10
By Htet-Bo

မနက် 2 နာရီပင် ထိုးနေပြီမို့ သူ ပြန်ရန်ပြင်လိုက်သည်။ အရမ်းလည်း ပင်ပန်းနေပြီမို့ သူနားချင်နေပြီ။ အကုန်လုံးက သူအရှိန် နဲ့ သူဖြစ်နေ​ကြပြီမို့ ပါတီရဲ့ အဓိက လူ ရှိခြင်း မရှိခြင်းက အရေးမကြီးတော့။ ဘယ်သူမှ မမြင်အောင် တိတ်တဆိတ် ရှောင်ကွင်းပြီး ထွက်လာလိုက်ကာ ကိုယ်တိုင်ကားမောင်းပြီး တိုက်ခန်းငယ်လေးဆီသို့ ပြန်လာခဲ့လိုက်သည်။

Celebrity တစ်ယောက်ဖြစ်တာကြောင့် ကုမ္ပဏီကပေးထားတဲ့ ကွန်ဒိုတိုက်ခန်းသည်လည်း private ကျသော ပတ်ဝန်းကျင်တစ်ခုမှာ။ လူကုံထံ အသိုင်းအဝိုင်းသာ နေသော အဆင့်မြင့်ကွန်ဒို ရဲ့ 7 ထပ်​မြောက်မှာရှိတဲ့ အခန်းနံပါတ် 2028 က သူနေထိုင်ရာ နေရာ။ ဧည့်ခန်း ၊ အိပ်ခန်း ၊  အဝတ်အစားထားတဲ့အခန်း ၊ အဝတ်အစားလဲခန်း ၊ ရေချိုးခန်း ၊ Gym room ၊ စာဖတ်ခန်း ၊ ထမင်းစားခန်း၊ မီးဖိုချောင် စတဲ့ အခန်းတိုင်းက အထက်တန်းဆန်ဆန် ဖွဲ့စည်းထားပြီး ဝရံတာကနေ မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းအလှကို မြင်ရသေးတယ်။

လျှို့ဝှက်ကုဒ်ကို ရိုက်ပြီး အိမ်ထဲဝင်လိုက်ကာ စီးလာတဲ့ဖိနပ်ကို အရံရာနဲ့ချီ တင်ထားတဲ့ ဖိနပ်စင်ပေါ် နေရာချလိုက်သည်။

ဧည့်ခန်းထဲက TV ရဲ့ မျက်နှာပြင်က အပြာရောင် ဖြစ်နေပြီး ဆိုဖာပေါ်မှာတော့ ကွေးကွေးလေး အိပ်ပျော်နေတဲ့ အကို ။ ကျွန်တော့်ရဲ့ နက်ပြာရောင်
ညအိပ်ဝမ်းဆက်ကို ယူဝတ်ထားပြန်ပြီ။ အဲ့ဝမ်းဆက်ကို အကိုက ဘယ်လို ကြိုက်လို့ကြိုက်မှန်းမသိ။အိမ်လာအိပ်တိုင်း အဲ့ဒါပဲ ယူဝတ်သည်။တစ်ခါတစ်လေများ အဲ့ Pajamas ကို ဝတ်ချင်လို့လာအိပ်တယ်ကရှိသေး။ အပိုင်ပေးပြန်တော့လည်း မယူချင်။သူများဟာ အလကားမယူတတ်ဘူးက လုပ်သေးတာ။  သူဝတ်လို့ပဲ ဆွေးတောင်ဆွေးတော့မယ်။

ကျွန်တော် နဲ့ အကိုက အရပ်မတိမ်းမယိမ်းပေမယ့် Gym ကစားတဲ့ ကျွန်တော့်ထက်တော့ အကို့ခန္ဓာကိုယ်က နည်းနည်းညက်တယ်။ အားတော့သန်တယ် ။ တစ်ခုခုဆို လက် မြန် တဲ့ အကိုက သူ့စကားနားမထောင်တဲ့အချိန်တို့ သူ့ကို စိတ်ဆိုးအောင် လုပ်မိတဲ့အချိန်တွေဆို ကျွန်တော့ ကျောပြင်ကို သူ့လက်နဲ့ မိတ်ဆက်ပေးနေကျ။ ဘယ်လောက် အားကစားလုပ်ထား လုပ်ထား အကို့လက်နဲ့ တွေ့ရင် ကျောကော့မိတာအမှန်။ သူ့ customer တွေကိုပဲ ချိုသာတာ ကျွန်တော့်ကိုဆို အရမ်းဆူတာ။

ခုလို အိပ်ပျော်နေတဲ့ပုံလေးကျတော့လည်း အပြစ်ကင်းစင်တဲ့ ကလေးလေးတွေလို ဖြစ်ညှစ်ချင်စရာအတိ။

အိပ်ပျော်နေတဲ့ အကိုကို ချီလိုက်ပြီး ဘာမှမလာတော့တဲ့ TV ကို ပိတ်လိုက်ကာ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။

အကို့စိတ်တိုင်းကျ ပြင်ထားတဲ့ အိပ်ခန်းလေးထဲက အကို့အကြိုက်ဆုံး King Size bed ကြီးပေါ်ကို ချတော့ လူကို အတင်းတွယ်ကပ်ထားပြီး အချမခံ။

" နိုးနေရင်လည်း ဆင်းလေကွာ "

" မင်းကြောင့် နိုးသွားတာ ပြန်သိပ် "

လူ​ပေါ်က မဆင်းချင်တိုင်း အိပ်ချင်မူးတူးအသံနဲ့ အပြစ်တင်နေပြန်ပြီ။

" နည်းနည်းသောက်လာလို့ ရေချိုးဦးမယ် "

လူက ညီးစီစီ ဖြစ်နေတာက တစ်ကြောင်း မချိုးရင်က မင်းဆီက နံတယ်ဆိုပြီး ကုတင်ပေါ်က ကန်ချခံရမှာက တစ်ကြောင်းမို့ ရေမြန်မြန်ချိုးချင်နေပြီ။

" Congratulations "

ကိုယ်ပြောနေတာကို အရေးမလုပ် အကိုပြောချင်တာသာ ပြောနေသည်။

သူ့ကို ဂုဏ်ပြုပေးချင်တာမို့ ရောက်နေတာ နေမည်။ ဘယ်အချိန်ထိ စောင့်နေလဲမသိ။ အခန်းထဲ ဝင်မအိပ်ပဲ ဆိုဖာမှာတင် အိပ်ပျော်နေတာဆိုတော့ စောင့်ရင်းအိပ်ပျော်သွားတာနေမယ်။

" ကျေးဇူး မနက်မှ လာတာမဟုတ်ဘူး "

" ခုလာတော့ ဘာဖြစ်ချင်လဲ "

သူအိပ်ရေးပျက်လို့ အကောင်းနဲ့လည်း ပြောရသေးတယ် လူပေါ်မှာ​နေ​ပြီးရန်တွေ့တာလည်းခံရသေးတယ်။ ရှေးဆက်ရန်း တို့က အရမ်းစွာတာပဲ။

" အမ​လေး ကြောက်လိုက်တာ "

အသံကို တုန်ချိချိ လုပ်ပြီး ပြောတော့ တဟိဟိ နဲ့ သဘောကျနေပြန်သည်။

" အိပ်ယာပေါ်အိပ်နော် ကျွန်တော် ရေချိုးဦးမယ် "

ကိုယ်ပင်ပန်းလာမှန်းသိတာမို့ မရစ်တော့ဘဲ အသာတကြည် အိပ်ရာပေါ် ဆင်းအိပ်သည်။
စောင်ကို သေသေချာချာ ခြုံပေးလိုက်ပြီး အကိုဘေးလေးကပ်ထိုင်ကာ ဆံပင်လေးကို ဖွဖွသပ်ပေးပြီး သိပ်ရသေးသည်။

" မနက် အိပ်ယာထရင် မင်းကို ​အရင်ဆုံး မြင်ချင်လို့ "

အိပ်ချင်နေတဲ့ကြားက မျက်လုံးကို အတင်းပြူးပြီး ဗလုံးဗထွေးနဲ့ ရို နေသေးတာ။ ပင်ပန်းတာတွေတောင် ပျောက်ကုန်ပြီ ။

" အင်း သိတယ် "

" ပါတီက ပျော်စရာကောင်းလား "

" ဟင့်အင်း အကိုမှ မရှိတာ "

တကယ်လည်း အကို မပါရင် ဘယ်နေရာမှာမှ မပျော်ဘူးလေ။ အကိုက ပခုံးလေးတစ်ချက် တွန့်သွားအောင် ဟက်ခနဲ ရယ်လိုက်သည်။ အိပ်မှုန်စုံဖွားလေး ​ဖြစ်နေတာတောင် ချစ်စရာတကယ် ကောင်းသည်။

" ငါ အရမ်း အိပ်ချင်နေပြီ "

" အိပ်တော့ အကို အိပ်ရေးဝဖို့က အရေးအကြီးဆုံးပဲ "

အကို့ရဲ့ဆံသားအိအိလေးတွေကို သပ်ပေးနေရင်းပင် အကိုက နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားလေသည်။

ဒီနေ့တစ်နေ့လုံး နည်းနည်းတောင်မနားရသေးပေမယ့် အကို့ကို မြင်လိုက်ရတာမို့ စိတ်ပင်ပန်းတာတွေက ဟက်ချလောင်းဆို​ပြီး အကုန် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်မှာ အမှန်။ လူကတော့ နည်းနည်းနှုံးနေသည်မို့ လန်းဆန်းသွားအောင် ရေချိုးခန်းသို့ ဦးတည်လိုက်သည်။

အကို နဲ့ စတင်တွေ့ဆုံ​​ခြင်းက
လွန်ခဲ့တဲ့ နှစ် နှစ်က တောင်ကြီးမှာ ဇာတ်လမ်းတစ်ခု သွားရိုက်ရရင်း က စတယ်။ အကို ရန်ကုန်ရောက်လာမှ ရည်းစား ဖြစ်တာမို့ ရည်းစားသက်တမ်းက တစ်နှစ် နဲ့ နှစ်လ သာ ရှိသေးသည်။ အကို နဲ့ သူ က private relationship ပါပဲ။ ကျွန်တော်က အနုပညာရှင်တစ်ယောက် ဖြစ်နေတာမို့ ကျွန်တော့်ရဲ့ Relationship ကို ထုတ်ပြလိုက်ရင်
အကို့အတွက် ကျဥ်းကြပ်စရာတွေ အများကြီး ရှိလာလိမ့်မယ်။ သွားရလာရ မလွတ်လပ်တော့မှာတွေ မလိုလားအပ်တဲ့ အမုန်းပွားမှုတွေ အဲ့လိုကိစ္စရပ်လေးတွေပေါ့။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က ကောင်လေး နှစ်ယောက် ဆိုတော့ ကြုံတွေ့ရမှာတွေက တစ်ခုနှစ်ခုမှ မဟုတ်ဘဲ......။

/

/

/

(Zawgyi)

မနက္ 2 နာရီပင္ ထိုးေနၿပီမို႔ သူ ျပန္ရန္ျပင္လိုက္သည္။ အရမ္းလည္း ပင္ပန္းေနၿပီမို႔ သူနားခ်င္ေနၿပီ။ အကုန္လုံးက သူအရွိန္ နဲ႕ သူျဖစ္ေနၾကၿပီမို႔ ပါတီရဲ႕ အဓိက လူ ရွိျခင္း မရွိျခင္းက အေရးမႀကီးေတာ့။ ဘယ္သူမွ မျမင္ေအာင္ တိတ္တဆိတ္ ေရွာင္ကြင္းၿပီး ထြက္လာလိုက္ကာ ကိုယ္တိုင္ကားေမာင္းၿပီး တိုက္ခန္းငယ္ေလးဆီသို႔ ျပန္လာခဲ့လိုက္သည္။

Celebrity တစ္ေယာက္ျဖစ္တာေၾကာင့္ ကုမၸဏီကေပးထားတဲ့ ကြန္ဒိုတိုက္ခန္းသည္လည္း private က်ေသာ ပတ္ဝန္းက်င္တစ္ခုမွာ။ လူကုံထံ အသိုင္းအဝိုင္းသာ ေနေသာ အဆင့္ျမင့္ကြန္ဒို ရဲ႕ 7 ထပ္ေျမာက္မွာရွိတဲ့ အခန္းနံပါတ္ 2028 က သူေနထိုင္ရာ ေနရာ။ ဧည့္ခန္း ၊ အိပ္ခန္း ၊  အဝတ္အစားထားတဲ့အခန္း ၊ အဝတ္အစားလဲခန္း ၊ ေရခ်ိဳးခန္း ၊ Gym room ၊ စာဖတ္ခန္း ၊ ထမင္းစားခန္း၊ မီးဖိုေခ်ာင္ စတဲ့ အခန္းတိုင္းက အထက္တန္းဆန္ဆန္ ဖြဲ႕စည္းထားၿပီး ဝရံတာကေန ၿမိဳ႕တစ္ၿမိဳ႕လုံးရဲ႕ ျမင္ကြင္းအလွကို ျမင္ရေသးတယ္။

လွ်ို႔ဝွက္ကုဒ္ကို ရိုက္ၿပီး အိမ္ထဲဝင္လိုက္ကာ စီးလာတဲ့ဖိနပ္ကို အရံရာနဲ႕ခ်ီ တင္ထားတဲ့ ဖိနပ္စင္ေပၚ ေနရာခ်လိဳက္သည္။

ဧည့္ခန္းထဲက TV ရဲ႕ မ်က္ႏွာျပင္က အျပာေရာင္ ျဖစ္ေနၿပီး ဆိုဖာေပၚမွာေတာ့ ေကြးေကြးေလး အိပ္ေပ်ာ္ေနတဲ့ အကို ။ ကြၽန္ေတာ့္ရဲ႕ နက္ျပာေရာင္
ညအိပ္ဝမ္းဆက္ကို ယူဝတ္ထားျပန္ၿပီ။ အဲ့ဝမ္းဆက္ကို အကိုက ဘယ္လို ႀကိဳက္လို႔ႀကိဳက္မွန္းမသိ။အိမ္လာအိပ္တိုင္း အဲ့ဒါပဲ ယူဝတ္သည္။တစ္ခါတစ္ေလမ်ား အဲ့ Pajamas ကို ဝတ္ခ်င္လို႔လာအိပ္တယ္ကရွိေသး။ အပိုင္ေပးျပန္ေတာ့လည္း မယူခ်င္။သူမ်ားဟာ အလကားမယူတတ္ဘူးက လုပ္ေသးတာ။  သူဝတ္လို႔ပဲ ေဆြးေတာင္ေဆြးေတာ့မယ္။

ကြၽန္ေတာ္ နဲ႕ အကိုက အရပ္မတိမ္းမယိမ္းေပမယ့္ Gym ကစားတဲ့ ကြၽန္ေတာ့္ထက္ေတာ့ အကို႔ခႏၶာကိုယ္က နည္းနည္းညက္တယ္။ အားေတာ့သန္တယ္ ။ တစ္ခုခုဆို လက္ ျမန္ တဲ့ အကိုက သူ႕စကားနားမေထာင္တဲ့အခ်ိန္တို႔ သူ႕ကို စိတ္ဆိုးေအာင္ လုပ္မိတဲ့အခ်ိန္ေတြဆို ကြၽန္ေတာ့ ေက်ာျပင္ကို သူ႕လက္နဲ႕ မိတ္ဆက္ေပးေနက်။ ဘယ္ေလာက္ အားကစားလုပ္ထား လုပ္ထား အကို႔လက္နဲ႕ ေတြ႕ရင္ ေက်ာေကာ့မိတာအမွန္။ သူ႕ customer ေတြကိုပဲ ခ်ိဳသာတာ ကြၽန္ေတာ့္ကိုဆို အရမ္းဆူတာ။

ခုလို အိပ္ေပ်ာ္ေနတဲ့ပုံေလးက်ေတာ့လည္း အျပစ္ကင္းစင္တဲ့ ကေလးေလးေတြလို ျဖစ္ညွစ္ခ်င္စရာအတိ။

အိပ္ေပ်ာ္ေနတဲ့ အကိုကို ခ်ီလိုက္ၿပီး ဘာမွမလာေတာ့တဲ့ TV ကို ပိတ္လိုက္ကာ အိပ္ခန္းထဲသို႔ ဝင္လာခဲ့သည္။

အကို႔စိတ္တိုင္းက် ျပင္ထားတဲ့ အိပ္ခန္းေလးထဲက အကို႔အႀကိဳက္ဆုံး King Size bed ႀကီးေပၚကို ခ်ေတာ့ လူကို အတင္းတြယ္ကပ္ထားၿပီး အခ်မခံ။

" နိုးေနရင္လည္း ဆင္းေလကြာ "

" မင္းေၾကာင့္ နိုးသြားတာ ျပန္သိပ္ "

လူေပၚက မဆင္းခ်င္တိုင္း အိပ္ခ်င္မူးတူးအသံနဲ႕ အျပစ္တင္ေနျပန္ၿပီ။

" နည္းနည္းေသာက္လာလို႔ ေရခ်ိဳးဦးမယ္ "

လူက ညီးစီစီ ျဖစ္ေနတာက တစ္ေၾကာင္း မခ်ိဳးရင္က မင္းဆီက နံတယ္ဆိုၿပီး ကုတင္ေပၚက ကန္ခ်ခံရမွာက တစ္ေၾကာင္းမို႔ ေရျမန္ျမန္ခ်ိဳးခ်င္ေနၿပီ။

" Congratulations "

ကိုယ္ေျပာေနတာကို အေရးမလုပ္ အကိုေျပာခ်င္တာသာ ေျပာေနသည္။

သူ႕ကို ဂုဏ္ျပဳေပးခ်င္တာမို႔ ေရာက္ေနတာ ေနမည္။ ဘယ္အခ်ိန္ထိ ေစာင့္ေနလဲမသိ။ အခန္းထဲ ဝင္မအိပ္ပဲ ဆိုဖာမွာတင္ အိပ္ေပ်ာ္ေနတာဆိုေတာ့ ေစာင့္ရင္းအိပ္ေပ်ာ္သြားတာေနမယ္။

" ေက်းဇူး မနက္မွ လာတာမဟုတ္ဘူး "

" ခုလာေတာ့ ဘာျဖစ္ခ်င္လဲ "

သူအိပ္ေရးပ်က္လို႔ အေကာင္းနဲ႕လည္း ေျပာရေသးတယ္ လူေပၚမွာေနၿပီးရန္ေတြ႕တာလည္းခံရေသးတယ္။ ေရွးဆက္ရန္း တို႔က အရမ္းစြာတာပဲ။

" အမေလး ေၾကာက္လိုက္တာ "

အသံကို တုန္ခ်ိခ်ိ လုပ္ၿပီး ေျပာေတာ့ တဟိဟိ နဲ႕ သေဘာက်ေနျပန္သည္။

" အိပ္ယာေပၚအိပ္ေနာ္ ကြၽန္ေတာ္ ေရခ်ိဳးဦးမယ္ "

ကိုယ္ပင္ပန္းလာမွန္းသိတာမို႔ မရစ္ေတာ့ဘဲ အသာတၾကည္ အိပ္ရာေပၚ ဆင္းအိပ္သည္။
ေစာင္ကို ေသေသခ်ာခ်ာ ၿခဳံေပးလိုက္ၿပီး အကိုေဘးေလးကပ္ထိုင္ကာ ဆံပင္ေလးကို ဖြဖြသပ္ေပးၿပီး သိပ္ရေသးသည္။

" မနက္ အိပ္ယာထရင္ မင္းကို အရင္ဆုံး ျမင္ခ်င္လို႔ "

အိပ္ခ်င္ေနတဲ့ၾကားက မ်က္လုံးကို အတင္းျပဴးၿပီး ဗလုံးဗေထြးနဲ႕ ရို ေနေသးတာ။ ပင္ပန္းတာေတြေတာင္ ေပ်ာက္ကုန္ၿပီ ။

" အင္း သိတယ္ "

" ပါတီက ေပ်ာ္စရာေကာင္းလား "

" ဟင့္အင္း အကိုမွ မရွိတာ "

တကယ္လည္း အကို မပါရင္ ဘယ္ေနရာမွာမွ မေပ်ာ္ဘူးေလ။ အကိုက ပခုံးေလးတစ္ခ်က္ တြန့္သြားေအာင္ ဟက္ခနဲ ရယ္လိုက္သည္။ အိပ္မႈန္စုံဖြားေလး ျဖစ္ေနတာေတာင္ ခ်စ္စရာတကယ္ ေကာင္းသည္။

" ငါ အရမ္း အိပ္ခ်င္ေနၿပီ "

" အိပ္ေတာ့ အကို အိပ္ေရးဝဖို႔က အေရးအႀကီးဆုံးပဲ "

အကို႔ရဲ႕ဆံသားအိအိေလးေတြကို သပ္ေပးေနရင္းပင္ အကိုက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပန္အိပ္ေပ်ာ္သြားေလသည္။

ဒီေန႕တစ္ေန႕လုံး နည္းနည္းေတာင္မနားရေသးေပမယ့္ အကို႔ကို ျမင္လိုက္ရတာမို႔ စိတ္ပင္ပန္းတာေတြက ဟက္ခ်ေလာင္းဆိုၿပီး အကုန္ အခိုးအေငြ႕အျဖစ္ ေျပာင္းလဲသြားသည္မွာ အမွန္။ လူကေတာ့ နည္းနည္းႏႈံးေနသည္မို႔ လန္းဆန္းသြားေအာင္ ေရခ်ိဳးခန္းသို႔ ဦးတည္လိုက္သည္။

အကို နဲ႕ စတင္ေတြ႕ဆုံျခင္းက
လြန္ခဲ့တဲ့ ႏွစ္ ႏွစ္က ေတာင္ႀကီးမွာ ဇာတ္လမ္းတစ္ခု သြားရိုက္ရရင္း က စတယ္။ အကို ရန္ကုန္ေရာက္လာမွ ရည္းစား ျဖစ္တာမို႔ ရည္းစားသက္တမ္းက တစ္ႏွစ္ နဲ႕ ႏွစ္လ သာ ရွိေသးသည္။ အကို နဲ႕ သူ က private relationship ပါပဲ။ ကြၽန္ေတာ္က အႏုပညာရွင္တစ္ေယာက္ ျဖစ္ေနတာမို႔ ကြၽန္ေတာ့္ရဲ႕ Relationship ကို ထုတ္ျပလိုက္ရင္
အကို႔အတြက္ က်ဥ္းၾကပ္စရာေတြ အမ်ားႀကီး ရွိလာလိမ့္မယ္။ သြားရလာရ မလြတ္လပ္ေတာ့မွာေတြ မလိုလားအပ္တဲ့ အမုန္းပြားမႈေတြ အဲ့လိုကိစၥရပ္ေလးေတြေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ေကာင္ေလး ႏွစ္ေယာက္ ဆိုေတာ့ ႀကဳံေတြ႕ရမွာေတြက တစ္ခုႏွစ္ခုမွ မဟုတ္ဘဲ......။

Continue Reading

You'll Also Like

306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
38.1K 2.4K 29
မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျ...
35.7K 2.3K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
320K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...