Chapter - 57
|| Zawgyi ||
" အင်း...အိမ်ထဲဝင်မယ်။ "
" အကို ဒီနေ့ခံစားချက်တွေတော်တော်လွယ်နေတာပဲ့ ဟီးဟီး ကိုယ်ဝန်ရှိနေတဲ့လူက ဘယ်သူပါလဲ "
" အမေ "
" သား သားအဖေမှာ ဦးနှောက်ထဲအကျိတ်ရှိနေတယ်တဲ့ "
"ဘယ်လို!!! "
"ဟုတ်အမေ "
💜💜💜💜💜💜💜💜💜💜
5.Jun.21
Saung's
=================================================
မသွားစေချင်ဘူး...ဒါမဲ့သွားမှဖြစ်မှာ 😢
Chapter - 57
|| Zawgyi ||
" ဟောက်ရန် ဘာဖြစ်နေတာလဲ "
နီရဲနေတဲ့မျက်လုံးတွေကို ကြည့်ရင်းမေးလိုက်တယ်။ ဟောက်ရန်မျက်ရည်ကျတာ မြင်ရခဲတယ်။ ဒီတစ်ခေါက်ရောဘာဖြစ်ပြန်တာလဲ။
လင်းယဲ့မေးပေမဲ့ အဖြေပြန်မလာဘူး။ ဒါကြောင့်တိတ်တဆိပ်နဲ့ ဟောက်ရန်နဘေးရပ်လိုက်တယ်။ ဟောက်ရန်ကထင်းရှူးပင်နဘေးကနေ ဖြတ်လျှောက်လာပြီးလင်းယဲ့နဲ့ အနီးဆုံးကိုလျှောက်လာခဲ့သည်။ ထို့နောက်သူအပြစ်တွေအများကြီး ပြုမိခဲ့တဲ့ကောင်လေးကိုဖက်ထားလိုက်တယ်။တင်းတင်းကျပ်ကျပ်ဖြစ် လွတ်ထွက်သွားတော့မဲ့အလား။
ရုတ်တရက်သူ့ရဲ့ကျောပြင်က အနွေးဓာတ်လေးရလိုက်တယ်။ လင်းယဲ့ သူဖက်ပေးထားတာဘဲ့။
အမြဲရှိနေခဲ့တယ်။ ငါ့ရဲ့နဘေးမှာ ငါ့မိဘတွေထပ်တောင်ငါ့ကိုဂရုစိုက်ပေးခဲ့တဲ့သူ။ အမှားတွေ၊သီးမခံနိုင်အောင်အောင် များပြားလှပေမဲ့ အဲ့ဒီကောင်လေးကသာ ခွင့်လွှတ်ပေးခဲ့တာ။ ငါသူ့အတွက်လုပ်ပေးခဲ့တာ ရေရေရာရာမရှိဘူး။ ဒါတောင်နဘေးမှာရှိနေပေးတုန်းပဲ့....
အတွေးတွေများနေတုန်း လင်းယဲ့လေးက စကားစလာသည်။ သူကပေါ့ပေါ့ပါးပါးအသံလေးနဲ့ ဟောက်ရန်ကိုစိတ်ပြေချင်တဲ့ပုံပင်။
" သက်သာသွားပြီလား... ဒီနားကလေအရမ်းတိုက်တယ်။ နေပူတော့လေက ပူပူကြီးနဲ့။ နေမကောင်းဖြစ်အုံးမယ်။ အိမ်ထဲဝင်ရအောင်လေ "
" ဘာလို့လဲ မမေးတော့ဘူးလား "
လင်းယဲ့ မျက်လုံးတွေကိုတောင်ကြည့် မြောက်ကြည့်ကြည့်ပြီး ဟောက်ရန်ကိုဖက်ထားတာ လွှတ်လိုက်သည်။
" အကို မပြောချင်ရင်ပြောလေ၊ မပြောချင်ရင်တော့ ကျွန်တော်လည်းမမေးပါဘူး "
နှုတ်ခမ်းကိုစေ့ထားမိလိုက်တယ်။ သက်ပြင်းဖွဖွကိ်ုမသိမသာချလိုက်တယ်။ ဟုတ်တယ် သူမပြောချင်ဘူး။ အရင်ကအကြောင်းတွေထပ်ပြီး ပြောမိရင်သူ့အပြစ်တွေကို သူ့ရဲ့လျစ်လျူရှုမှုတွေကို ကိုယ်တိုင်ဖော်ထုတ်သလိုဖြစ်သွားမှာ ဒါ့ထပ်လင်းယဲ့ပြန်တွေးပြီး စိတ်ခုသွားမှာကြောက်မိတယ်။
" အင်း...အိမ်ထဲဝင်မယ်။ "
လင်းယဲ့ ဟောက်ရန်မပြောချင်တာသဘောပေါက်ပြီး အိမ်ထဲဝင်ဖို့သဘောတူလိုက်တယ်။ အိမ်မကြီးကိုရောက်ဖို့ နည််းနည်းဝေးတယ်။ အလည်မှာပစ္စည်းတွေသိုထားတဲ့ ဂိုဒေါင်လေးရှိတယ်။ ဟောက်ရန် ဂိုဒေါင်ကိုဖြတ်ခနဲကြည့်ပြီး သူ့ရဲ့အားနာစိတ်တွေနဲ့ အမှားတွေအတွက်ပိုသိလာရတယ်။
" အကို ဒီနေ့ခံစားချက်တွေတော်တော်လွယ်နေတာပဲ့ ဟီးဟီး ကိုယ်ဝန်ရှိနေတဲ့လူက ဘယ္သူပါလဲ "
လင်းယဲ့ စနောက်မှုကြောင့် အတော်လေးနေရထိုင်ရသက်သာသွားတယ်။ ဘာဖြစ်ဖြစ် သူဒီကေလးကိုပဲ့ အပြစ်ကြွေးတွေပြန်ဆက်တော့မယ်။
သူတို့အတူတူ အိမ်ကြီးထဲဝင်သွားပြီး နေလည်စာစားသောက်လိုက်တယ်။ ထိုအချိန်မထင်မှတ်ထားတာကြီး ဖြစ်လာခဲ့တယ်။ ဟောက်ရန်ဆီကိုနိုင်ငံခြား ဖုန်းနံပတ်တစ်ခုဝင်လာတယ်။ ထိုနံပတ္က ကနေဒါကသူ့အမေရဲ့ ဖုန်းနံပတ်ဖြစ်တယ်။
" အေမ "
" အင်း...သားအမေပြောစရာရှိတယ် "
ဟောက်ရန် ကြားမှားသွားလာပြန်စီစစ်ရတယ်။ အမြဲတမ်းဖြတ်လတ်နေတတ်တဲ့ အမေ့အသံမှာပင်ပန်းနွမ်းနယ်မှုတွေပါနေသလိုပဲ့။
" ဟုတ် အမေနေမကောင်းဘူးလား ဘာလို့အသံမကောင်းရတာလဲ "
ဟောက်ရန်အမေးကြောင့် သစ်သီးစားရင်းကြည့်နေတဲ့ လင်းယဲ့စိုးရိမ်တဲ့ အကြည့်လေးဖြတ်သန်းသွားတယ်။ တဖက္ကအေမမွာ သက်ပြင်းဖွဖွချပြီး
" သား သားအေဖမွာ ဦးနှောက်ထဲအကျိတ်ရှိနေတယ်တဲ့ "
"ဘယ္လို!!! "
နားစွင့်နေတဲ့လင်းယဲ့မှာလည်း သစ်သီးစိပ်လေးကိုပြစ်ချလိုက်ပြီး အရမ်းလန့်သွားပုံပေါ်တယ်။ ဟောက်ရန်က
" ကုလို့ရနိုင်သေးတယ်မလား "
" ဒုတိယအဆင့်ရောက်ပြီလို့ပြောတယ်။ ခွဲထုတ်လို့ရပေမဲ့ အဲ့အကျိတ်ကတော်တော်လေး အန္တာရယ်များတဲ့ နေရာမှာရှိနေတာ။သားအဖေကလည်း အသက်လည်းရနေပြီ...အမေသားတို့ကိုမပြောဖို့ သားအဖေကမှာထားတယ် "
လင်းယဲ့ရော ဟောက်ရန်ရောအချင်းချင်းကြည့်လိုက်တယ်။ လင်းယဲ့ကမနေနိုင်ပဲ ဝင်ပြောတော့သည်။
" ဒီကိစ္စကိုဘယ်လိုလုပ်မပြောရမှာလဲ အမေရဲ့ "
တစ်ဖက်ကအမေ့ရဲ့အသံတိတ်ဆတ်သွားသည်။ ထို့နောက်မပြောချင်ပဲ အစ်အောက်ပြောရတဲ့အသံဖြစ်
" အမေလည်းသားတို့ကိုမပြောချင်ဘူး။ ကုလို့ပြီးသွားမှပြောမလို့ပဲ ဒါမဲ့သားတို့အဖေလုပ်ငန်းက ပြဿနာထဖြစ်တယ်။ အမေကလုပ်ငန်းအကြောင်း သိပ္မသိဘူး။ အဖေကြီးကနေမကောင်းပဲ ကြိတ်မှိတ်ဖြေရှင်းနေရတော့ အမေပြောမှဖြစ်တော့မှာမို့ သားခဏလောက် ကနေဒါကိုလာခဲ့လို့ရမလား "
ဟောက်ရန်လင်းယဲ့ကိုလှည့်ကြည့်လိုက်သည်။ အခုလင်းယဲ့မှာကိုယ်ဝန်နဲ့ လေယာဉ်စီးဖို့ခက်နိုင်တယ်။ ဒါမဲ့အေဖ...
" ဟုတ်... ဟောက်ရန်လာလိမ့်မယ်အမေ စိတ်မပူပါနဲ့.သားလိုက်လာလို့ရရင် လာခဲ့မယ်နော် "
ဟောက်ရန်အမေဟာ အနည်းငယ်စိတ်ပြေသွားပုံပဲ့။ လင်းယဲ့လေးကိုပြန်ဖြေတယ်။
" အင်း...သားမှာကိုယ်ဝန်ကြီးနဲ့ အမေသားကိုအားနာလိုက်တာကွယ် သားလိုက်လာလို့ရရင် လာခဲ့နော် "
"ဟုတ်အမေ "
💜💜💜💜💜💜💜
နောက်ထပ်အပိုင်းတွေက နည်းနည်းခံစားရခက်မယ်ထင်တယ်။ စပွိင့်သေးသေးလေးပေးမယ်။ HE ပါနော်...
အပိုင်း၈၀လောက် extra အပါအဝင်ပါ။ အတိအကျပါနော်....😇
5.Jun.21
Saung's
=================================================