Unicode
၉၄၈။ ထူးထူးခြားခြားကြည့်စရာမရှိ
______________
ဒီနားက တစ်ခုတည်းသောအရာတွေက တောင်တွေပဲ။ ဒီမှာနေတဲ့လူမရှိတာမို့ သူမ ဒီကလေးကို ဘယ်လိုလုပ်ရပါ့? သူမ တောင်တွေအပြင်ဘက်ကိုလျှောက်သွားပြီး ဒီကလေးကိုလိုချင်တဲ့မိသားစုကိုရှာပေးဖို့က မဖြစ်နိုင်ဘူး။
တစ်က သူမကိုစောင့်နေတယ်။ အချိန်မလောက်ဘူးရယ်။
လီး။ ကိစ္စတွေက ဘယ်လိုလုပ်အရမ်းခက်ခဲနေရတာလဲ?
ပြီးတော့ ဟန်ဆောင်သေဆေးက ဆေးစွမ်းပြယ်တော့မယ်။ နဉ်ရှုမှာ ဆေးပင်တွေကိုဆက်ဝါးကာ ကလေးရဲ့ဒဏ်ရာပေါ်အုံပေးနေရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ ဒဏ်ရာက သွေးတိတ်သွားခဲ့သည်။ သူမက ကလေးရဲ့ပါးစပ်ထဲ အဆာပြေဆေးလုံးကို ထိုးထည့်လိုက်၏။ အဆာပြေဆေးက အရည်နွေးနွေးများအဖြစ်ပျော်ကျသွားကာ ကလေးရဲ့ခံတွင်းထဲ စီးဝင်သွားသည်။
ဒီကလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ နဉ်ရှုမသိပါချေ။ သူမ သူ့ကို ဒီမှာပဲထားခဲ့လိုက်ရမှာလား? သူ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်ရဲ ချီယူပြီးစားတာကိုခံလိုက်ရမှာ အသေအချာပဲ။ ဒီလိုဆို သူမ အစွမ်းကုန်ကြိုးစားပြီးတာတောင် သူက သေဦးမှာ။
ဟူး။ နဉ်ရှုက ကလေးကိုပွေ့ချီကာ သစ်တောကို အပေါ်စီးကနေကြည့်ဖို့ သစ်ကိုင်းတွေပေါ်ခုန်တက်လိုက်သည်။ မြေခွေးမတစ်ကောင် သစ်ပင်အောက်ကနေဖြတ်သွားတာကို သူမမြင်လိုက်ရသည်။ အမေမြေခွေးမရဲ့နောက်မှာ မြေခွေးပေါက်လေးတွေလိုက်လာသည်။
အကြံတစ်ခုပေါ်လာ၏။ သူမက မြေခွေးပေါက်လေးတစ်ကောင်ကို တိတ်တိတ်လေးခိုးယူလိုက်ပြီး အနှီးနဲ့ကလေးမှာ မြေခွေးနံ့စွဲသွားအောင်လုပ်ပြီးနောက် မြေခွေးတွေနောက်ကနေ သူတို့ဂူထဲလိုက်သွားလိုက်သည်။
သူမလုပ်နိုင်သမျှက ကြိုးစားကြည့်ခြင်းသာ။ ဒီမြေခွေးမက ဒီကလေးကိုစောင့်ရှောက်ဖို့ ဆန္ဒရှိပါ့မလားဆိုတာသူမ မသိ။
သူမက ကလေးကို အဖျားပျောက်ဆေးနဲ့ယောင်ယမ်းတာပျောက်စေတဲ့ဆေးတိုက်လိုက်သည်။ အမေမြေခွေးမကြီးထွက်သွားသည့်အခါ သူမက ကလေးကို ဂူထဲမှာထားလိုက်ပြီး အနီးနားကနေစောင့်ကြည့်နေလိုက်သည်။ အမေမြေခွေးမက ကလေးကို နာကျင်အောင်လုပ်ဖို့ကြိုးစားမယ်ဆို သူမ မြေခွေးကိုသတ်ပစ်ရပေလိမ့်မည်။
အမေမြေခွေးမပြန်လာပြီး ဂူထဲမှာ အမည်မသိအရာတစ်ခုရောက်နေသည်ကိုမြင်သောအခါ သူက အနှီးထုပ်ကို တရှုံ့ရှုံ့အနံ့ခံလိုက်ပြီး ကိုက်ဖို့ပင်ကြိုးစားလေသည်။
သို့သော်လည်း သူက ကလေးကိုစားဖို့အစီအစဉ်ရှိပုံတော့မရပေ။
နဉ်ရှု ခဏကြာအောင်ထပ်စောင့်လိုက်သည်။ အမေမြေခွေးမက ကလေးကို နာကျင်အောင်လုပ်ဖို့မကြိုးစားဘဲ လျစ်လျူရှုလိုက်သည်ကိုမြင်သည်၌ သူမ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
ဒါ သူမလုပ်နိုင်တာအကုန်ပဲ။
အချိန်အတော်ကြာနေပြီဖြစ်တာမို့ သူမ ပြန်သွားလိုက်တော့သည်။
သူမ ဂူဆီပြန်ရောက်ချိန်မှာ တစ်က သူမကိုစောင့်နေတာတွေ့လိုက်ရသည်။ သူက သူမကို ဝတ်စုံတစ်စုံပေးကာ မြို့တော်ကိုသွားပြီး သခင့်ကိုတွေ့ဖို့အတွက် ရေချိုးသန့်စင်ကာ ပြင်ဆင်ဖို့ပြောလေသည်။
နဉ်ရှုက အဝတ်အစားတွေကိုယူကာ မဝတ်ခင် ရေချိုးဖို့အတွက် ချောင်းသွယ်လေးဆီသွားလိုက်သည်။ တစ်က သူမနဲ့ကိုက်ညီသင့်တော်တဲ့ အမျိုးသမီးသိုင်းပညာရှင်အဝတ်အစားတစ်စုံကို ပေးလာတာဖြစ်သည်။
သူမက သူမရဲ့ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စည်းဖို့ ကြိုးတစ်ချောင်းကိုသုံးလိုက်ပြီး ရေပြင်ထက်က သူမပုံစံကိုကြည့်ဖို့ ငုံ့ကိုင်းလိုက်သည်။ မူလခန္ဓာရှင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမသိချင်နေသည်။
အရမ်းသာမန်ဆန်တယ်၊ ထူးထူးခြားခြား ကြည့်ချင်စရာမရှိဘူး။ သူမရဲ့ရုပ်လက္ခဏာတွေအားလုံးက သာမန်ပဲ။
သူမသာ လူကြားထဲရောက်နေရင် လုံးဝထင်းထွက်နေမှာမဟုတ်ဘူး။
သူမကိုယ်သူမ သန့်ရှင်းပြီးနောက်တွင် သူမ ဂူဆီပြန်လာလိုက်သည်။ တစ်က သူမကို မြို့တော်ဆီ စတင်ခေါ်ဆောင်သွား၏။ တောထဲကထွက်ဖို့တင်ကို နေ့တစ်ဝက်ကြာလေသည်။
ယခုတော့ဖြင့် နဉ်ရှုမှာ ကလေးကို လူတွေရှာဖို့ သစ်တောအပြင်ဘက်ခေါ်သွားဖို့မကြိုးစားမိတာကို ဝမ်းသာလို့နေ၏။ မဟုတ်လို့ကတော့ ထာဝရလောက်ကြာသွားပေမည်။
တောထဲကထွက်လာပြီးနောက်တွင်တော့ နဉ်ရှုသည် လမ်းပေါ်မှာ မြင်းနှစ်ကောင်နှင့်ရပ်နေသည့်လူတစ်ယောက်ရှိနေသည်ကိုတွေ့လိုက်ရ၏။ တစ်နဲ့နဉ်ရှုတို့ထွက်လာသည်ကိုမြင်သည်၌ သူက တစ်ကို မြင်းတွေလွှဲပေးလိုက်သည်။
တစ်က မြင်းတွေထဲကတစ်ကောင်ကို နဉ်ရှုဆီလွှဲပေးပြီးနောက် နှစ်ယောက်သားမှာ မြို့တော်ဆီ ဦးတည်ကာခရီးနှင်လိုက်ကြတော့သည်။
သူတို့ မြို့တော်ဂိတ်တံခါးကိုရောက်သည်နှင့် တစ်က မြင်းပေါ်မှဆင်း၏။ နဉ်ရှုက ယခုအချိန်ထိ မြင်းပေါ်မှာရှိနေသေးတာကိုမြင်သည်၌ သူက အေးစက်စွာပြောလာသည်။
"ဆင်း။ မြို့ထဲကို မြင်းစီးပြီးမဝင်နဲ့၊ အာရုံစိုက်ခံရလိမ့်မယ်။"
နဉ်ရှုက မြင်းပေါ်မှဆင်းကာ သူ့နောက်ကနေ မြို့ထဲကိုလိုက်လာလိုက်သည်။
မြို့တော်က အလွန်ပင်ခမ်းနား၏။ မြို့တော်မှာ အမျိုးအစားစုံလင်လှသည့် ဆိုင်တွေနဲ့ပျံကျဈေးဆိုင်ခန်းတွေရှိသည်။ လမ်းပေါ်ကလူတွေကလည်း အတော်လေးကောင်းကောင်းမွန်မွန်ဝတ်စားထားကြသည်။
နဉ်ရှုက သူမရဲ့ဓားကိုပိုက်က တစ်နောက်ကနေ တတိယမင်းသားအိမ်တော်ဆီလိုက်လာခဲ့သည်။ သူမက အနောက်ဘက်ခြံဝင်းကိုဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့၏။
သူမတို့တွေ နည်းနည်းဂရုစိုက်လွန်းနေတယ်မဟုတ်ဘူးလား?
သို့သော်လည်း သူမက သည်အချက်အလက်တွေအားလုံးကို တိတ်တဆိတ်မှတ်သားထားလိုက်၏။
အိမ်တော်ထိန်းက တတိယမင်းသားမှာ ဧည့်သည်တော်တစ်ယောက်နဲ့တွေ့ဆုံနေသည်မို့ သူမတို့တွေ ခဏလောက်စောင့်သင့်တဲ့အကြောင်း တစ်နဲ့နဉ်ရှုကို အသိပေးလာသည်။
တစ်က နဉ်ရှုဘက်လှည့်ကာမေးသည်။
"မင်း သခင့်ကို ဘယ်လိုအရိုအသေပေးရမလဲဆိုတာသိလား?"
လက်သီးဆုပ်ပြီးတော့လား၊ ဒါမှမဟုတ် ဒူးညွတ်ပြီးတော့လား၊ ဒါမှမဟုတ် မြေကြီးပေါ်မှာ ဒူးတစ်ဖက်တိုက်ရိုက်ထောက်ချပြီးတော့လား? နဉ်ရှု ခေါင်းယမ်းလိုက်သည်။ မသိဘူးကော။
"ဒူးတစ်ဖက်ထောက်ပြီး လက်သီးဆုပ်အရိုအသေပေး။"
တစ်ကပြောသည်။
အဲ့ဒါက လက်ထပ်ခွင့်တောင်းတဲ့ပုံစံကြီးမဟုတ်ဘူးလား?
အိမ်တော်ထိန်းက နဉ်ရှုကိုဝင်ခွင့်ပေးဖို့ အပြင်ထွက်လာသည်။ တစ်က လိုက်မဝင်ဘဲ နဉ်ရှုကို သူမဘာသာဝင်သွားစေသည်။
နဉ်ရှုက သူမရဲ့အဝတ်အစားကိုပြုပြင်လိုက်ကာ အခန်းထဲဝင်သွားတော့သည်။
သေစမ်း၊ သူမ တကယ်ကြီး နည်းနည်းစိတ်လှုပ်ရှားနေတယ်။
အခန်းထဲဝင်သွားသည်နှင့် စားပွဲနားမှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရှိနေသည်ကို သူမတွေ့လိုက်ရသည်။ သူတို့က တစ်စုံတစ်ရာကိုဆွဲနေပုံပေါ်သည်။
ထိုနှစ်ယောက်ကိုမြင်သည်၌ သူမရဲ့မျက်လုံးတွေ အေးချမ်းသွားသလိုခံစားလိုက်ရသည်။ အကြောင်းမူ ထိုလူနှစ်ယောက်က တကယ်ကိုကြည့်ကောင်းလွန်းသည်မို့ပင်။
အမျိုးသမီးက စားပွဲကိုမှီနေကာ အမျိုးသားပုံဆွဲနေသည်ကို မေးလေးမော့ကာကြည့်နေပြီး သူမရဲ့ခါးက မသိမသာလေးကော့နေ၏။
သူတို့က လောကကြီးပေါ်က မသေမျိုးစုံတွဲတစ်တွဲနဲ့ တကယ်ကိုတူတယ်။
...
Zawgyi
၉၄၈။ ထူးထူးျခားျခားၾကၫ့္စရာမရိွ
______________
ဒီနားက တစ္ခုတည္းေသာအရာေတြက ေတာင္ေတြပဲ။ ဒီမွာေနတဲ့လူမရိွတာမို႔ သူမ ဒီကေလးကို ဘယ္လိုလုပ္ရပါ့? သူမ ေတာင္ေတြအျပင္ဘက္ကိုေလ်ွာက္သြားၿပီး ဒီကေလးကိုလိုခ်င္တဲ့မိသားစုကိုရွာေပးဖို႔က မျဖစ္ႏိုင္ဘူး။
တစ္က သူမကိုေစာင့္ေနတယ္။ အခ်ိန္မေလာက္ဘူးရယ္။
လီး။ ကိစၥေတြက ဘယ္လိုလုပ္အရမ္းခက္ခဲေနရတာလဲ?
ၿပီးေတာ့ ဟန္ေဆာင္ေသေဆးက ေဆးစြမ္းျပယ္ေတာ့မယ္။ နဉ္ရႈမွာ ေဆးပင္ေတြကိုဆက္ဝါးကာ ကေလးရဲ့ဒဏ္ရာေပၚအံုေပးေနရင္း ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနရသည္။
သို႔ေသာ္လည္း ေနာက္ဆံုးတြင္ေတာ့ ဒဏ္ရာက ေသြးတိတ္သြားခဲ့သည္။ သူမက ကေလးရဲ့ပါးစပ္ထဲ အဆာေျပေဆးလံုးကို ထိုးထၫ့္လိုက္၏။ အဆာေျပေဆးက အရည္ေနြးေနြးမ်ားအျဖစ္ေပ်ာ္က်သြားကာ ကေလးရဲ့ခံတြင္းထဲ စီးဝင္သြားသည္။
ဒီကေလးကို ဘယ္လိုလုပ္ရမလဲဆိုတာ နဉ္ရႈမသိပါေခ်။ သူမ သူ႔ကို ဒီမွာပဲထားခဲ့လိုက္ရမွာလား? သူ ေတာရိုင္းတိရစၧာန္တစ္ေကာင္ေကာင္ရဲ ခ်ီယူၿပီးစားတာကိုခံလိုက္ရမွာ အေသအခ်ာပဲ။ ဒီလိုဆို သူမ အစြမ္းကုန္ႀကိဳးစားၿပီးတာေတာင္ သူက ေသဦးမွာ။
ဟူး။ နဉ္ရႈက ကေလးကိုေပြ့ခ်ီကာ သစ္ေတာကို အေပၚစီးကေနၾကၫ့္ဖို႔ သစ္ကိုင္းေတြေပၚခုန္တက္လိုက္သည္။ ေျမေခြးမတစ္ေကာင္ သစ္ပင္ေအာက္ကေနျဖတ္သြားတာကို သူမျမင္လိုက္ရသည္။ အေမေျမေခြးမရဲ့ေနာက္မွာ ေျမေခြးေပါက္ေလးေတြလိုက္လာသည္။
အႀကံတစ္ခုေပၚလာ၏။ သူမက ေျမေခြးေပါက္ေလးတစ္ေကာင္ကို တိတ္တိတ္ေလးခိုးယူလိုက္ၿပီး အႏွီးနဲ႔ကေလးမွာ ေျမေခြးနံ႔စြဲသြားေအာင္လုပ္ၿပီးေနာက္ ေျမေခြးေတြေနာက္ကေန သူတို႔ဂူထဲလိုက္သြားလိုက္သည္။
သူမလုပ္ႏိုင္သမ်ွက ႀကိဳးစားၾကၫ့္ျခင္းသာ။ ဒီေျမေခြးမက ဒီကေလးကိုေစာင့္ေရွာက္ဖို႔ ဆႏၵရိွပါ့မလားဆိုတာသူမ မသိ။
သူမက ကေလးကို အဖ်ားေပ်ာက္ေဆးနဲ႔ေယာင္ယမ္းတာေပ်ာက္ေစတဲ့ေဆးတိုက္လိုက္သည္။ အေမေျမေခြးမႀကီးထြက္သြားသၫ့္အခါ သူမက ကေလးကို ဂူထဲမွာထားလိုက္ၿပီး အနီးနားကေနေစာင့္ၾကၫ့္ေနလိုက္သည္။ အေမေျမေခြးမက ကေလးကို နာက်င္ေအာင္လုပ္ဖို႔ႀကိဳးစားမယ္ဆို သူမ ေျမေခြးကိုသတ္ပစ္ရေပလိမ့္မည္။
အေမေျမေခြးမျပန္လာၿပီး ဂူထဲမွာ အမည္မသိအရာတစ္ခုေရာက္ေနသည္ကိုျမင္ေသာအခါ သူက အႏွီးထုပ္ကို တရႈံ႔ရႈံ႔အနံ႔ခံလိုက္ၿပီး ကိုက္ဖို႔ပင္ႀကိဳးစားေလသည္။
သို႔ေသာ္လည္း သူက ကေလးကိုစားဖို႔အစီအစဉ္ရိွပံုေတာ့မရေပ။
နဉ္ရႈ ခဏၾကာေအာင္ထပ္ေစာင့္လိုက္သည္။ အေမေျမေခြးမက ကေလးကို နာက်င္ေအာင္လုပ္ဖို႔မႀကိဳးစားဘဲ လ်စ္လ်ူရႈလိုက္သည္ကိုျမင္သည္၌ သူမ စိတ္သက္သာရာရကာ သက္ျပင္းခ်လိုက္မိသည္။
ဒါ သူမလုပ္ႏိုင္တာအကုန္ပဲ။
အခ်ိန္အေတာ္ၾကာေနၿပီျဖစ္တာမို႔ သူမ ျပန္သြားလိုက္ေတာ့သည္။
သူမ ဂူဆီျပန္ေရာက္ခ်ိန္မွာ တစ္က သူမကိုေစာင့္ေနတာေတြ့လိုက္ရသည္။ သူက သူမကို ဝတ္စံုတစ္စံုေပးကာ ၿမိဳ႔ေတာ္ကိုသြားၿပီး သခင့္ကိုေတြ့ဖို႔အတြက္ ေရခ်ိဳးသန႔္စင္ကာ ျပင္ဆင္ဖို႔ေျပာေလသည္။
နဉ္ရႈက အဝတ္အစားေတြကိုယူကာ မဝတ္ခင္ ေရခ်ိဳးဖို႔အတြက္ ေခ်ာင္းသြယ္ေလးဆီသြားလိုက္သည္။ တစ္က သူမနဲ႔ကိုက္ညီသင့္ေတာ္တဲ့ အမ်ိဳးသမီးသိုင္းပညာရွင္အဝတ္အစားတစ္စံုကို ေပးလာတာျဖစ္သည္။
သူမက သူမရဲ့ဆံပင္ကို ခပ္ျမင့္ျမင့္ေျမႇာက္စည္းဖို႔ ႀကိဳးတစ္ေခ်ာင္းကိုသံုးလိုက္ၿပီး ေရျပင္ထက္က သူမပံုစံကိုၾကၫ့္ဖို႔ ငံု႔ကိုင္းလိုက္သည္။ မူလခႏၶာရွင္က ဘယ္လိုပံုစံမ်ိဳးလဲဆိုတာ သူမသိခ်င္ေနသည္။
အရမ္းသာမန္ဆန္တယ္၊ ထူးထူးျခားျခား ၾကၫ့္ခ်င္စရာမရိွဘူး။ သူမရဲ့ရုပ္လကၡဏာေတြအားလံုးက သာမန္ပဲ။
သူမသာ လူၾကားထဲေရာက္ေနရင္ လံုးဝထင္းထြက္ေနမွာမဟုတ္ဘူး။
သူမကိုယ္သူမ သန႔္ရွင္းၿပီးေနာက္တြင္ သူမ ဂူဆီျပန္လာလိုက္သည္။ တစ္က သူမကို ၿမိဳ႔ေတာ္ဆီ စတင္ေခၚေဆာင္သြား၏။ ေတာထဲကထြက္ဖို႔တင္ကို ေန့တစ္ဝက္ၾကာေလသည္။
ယခုေတာ့ျဖင့္ နဉ္ရႈမွာ ကေလးကို လူေတြရွာဖို႔ သစ္ေတာအျပင္ဘက္ေခၚသြားဖို႔မႀကိဳးစားမိတာကို ဝမ္းသာလို႔ေန၏။ မဟုတ္လို႔ကေတာ့ ထာဝရေလာက္ၾကာသြားေပမည္။
ေတာထဲကထြက္လာၿပီးေနာက္တြင္ေတာ့ နဉ္ရႈသည္ လမ္းေပၚမွာ ျမင္းႏွစ္ေကာင္ႏွင့္ရပ္ေနသၫ့္လူတစ္ေယာက္ရိွေနသည္ကိုေတြ့လိုက္ရ၏။ တစ္နဲ႔နဉ္ရႈတို႔ထြက္လာသည္ကိုျမင္သည္၌ သူက တစ္ကို ျမင္းေတြလႊဲေပးလိုက္သည္။
တစ္က ျမင္းေတြထဲကတစ္ေကာင္ကို နဉ္ရႈဆီလႊဲေပးၿပီးေနာက္ ႏွစ္ေယာက္သားမွာ ၿမိဳ႔ေတာ္ဆီ ဦးတည္ကာခရီးႏွင္လိုက္ၾကေတာ့သည္။
သူတို႔ ၿမိဳ႔ေတာ္ဂိတ္တံခါးကိုေရာက္သည္ႏွင့္ တစ္က ျမင္းေပၚမွဆင္း၏။ နဉ္ရႈက ယခုအခ်ိန္ထိ ျမင္းေပၚမွာရိွေနေသးတာကိုျမင္သည္၌ သူက ေအးစက္စြာေျပာလာသည္။
"ဆင္း။ ၿမိဳ႔ထဲကို ျမင္းစီးၿပီးမဝင္နဲ႔၊ အာရံုစိုက္ခံရလိမ့္မယ္။"
နဉ္ရႈက ျမင္းေပၚမွဆင္းကာ သူ႔ေနာက္ကေန ၿမိဳ႔ထဲကိုလိုက္လာလိုက္သည္။
ၿမိဳ႔ေတာ္က အလြန္ပင္ခမ္းနား၏။ ၿမိဳ႔ေတာ္မွာ အမ်ိဳးအစားစံုလင္လွသၫ့္ ဆိုင္ေတြနဲ႔ပ်ံက်ေဈးဆိုင္ခန္းေတြရိွသည္။ လမ္းေပၚကလူေတြကလည္း အေတာ္ေလးေကာင္းေကာင္းမြန္မြန္ဝတ္စားထားၾကသည္။
နဉ္ရႈက သူမရဲ့ဓားကိုပိုက္က တစ္ေနာက္ကေန တတိယမင္းသားအိမ္ေတာ္ဆီလိုက္လာခဲ့သည္။ သူမက အေနာက္ဘက္ၿခံဝင္းကိုျဖတ္ေက်ာ္ကာ ဝင္ေရာက္လာခဲ့၏။
သူမတို႔ေတြ နည္းနည္းဂရုစိုက္လြန္းေနတယ္မဟုတ္ဘူးလား?
သို႔ေသာ္လည္း သူမက သည္အခ်က္အလက္ေတြအားလံုးကို တိတ္တဆိတ္မွတ္သားထားလိုက္၏။
အိမ္ေတာ္ထိန္းက တတိယမင္းသားမွာ ဧၫ့္သည္ေတာ္တစ္ေယာက္နဲ႔ေတြ့ဆံုေနသည္မို႔ သူမတို႔ေတြ ခဏေလာက္ေစာင့္သင့္တဲ့အေၾကာင္း တစ္နဲ႔နဉ္ရႈကို အသိေပးလာသည္။
တစ္က နဉ္ရႈဘက္လွၫ့္ကာေမးသည္။
"မင္း သခင့္ကို ဘယ္လိုအရိုအေသေပးရမလဲဆိုတာသိလား?"
လက္သီးဆုပ္ၿပီးေတာ့လား၊ ဒါမွမဟုတ္ ဒူးၫြတ္ၿပီးေတာ့လား၊ ဒါမွမဟုတ္ ေျမၾကီးေပၚမွာ ဒူးတစ္ဖက္တိုက္ရိုက္ေထာက္ခ်ၿပီးေတာ့လား? နဉ္ရႈ ေခါင္းယမ္းလိုက္သည္။ မသိဘူးေကာ။
"ဒူးတစ္ဖက္ေထာက္ၿပီး လက္သီးဆုပ္အရိုအေသေပး။"
တစ္ကေျပာသည္။
အဲ့ဒါက လက္ထပ္ခြင့္ေတာင္းတဲ့ပံုစံႀကီးမဟုတ္ဘူးလား?
အိမ္ေတာ္ထိန္းက နဉ္ရႈကိုဝင္ခြင့္ေပးဖို႔ အျပင္ထြက္လာသည္။ တစ္က လိုက္မဝင္ဘဲ နဉ္ရႈကို သူမဘာသာဝင္သြားေစသည္။
နဉ္ရႈက သူမရဲ့အဝတ္အစားကိုျပဳျပင္လိုက္ကာ အခန္းထဲဝင္သြားေတာ့သည္။
ေသစမ္း၊ သူမ တကယ္ႀကီး နည္းနည္းစိတ္လႈပ္ရွားေနတယ္။
အခန္းထဲဝင္သြားသည္ႏွင့္ စားပြဲနားမွာ အမ်ိဳးသားတစ္ေယာက္နဲ႔အမ်ိဳးသမီးတစ္ေယာက္ရိွေနသည္ကို သူမေတြ့လိုက္ရသည္။ သူတို႔က တစ္စံုတစ္ရာကိုဆြဲေနပံုေပၚသည္။
ထိုႏွစ္ေယာက္ကိုျမင္သည္၌ သူမရဲ့မ်က္လံုးေတြ ေအးခ်မ္းသြားသလိုခံစားလိုက္ရသည္။ အေၾကာင္းမူ ထိုလူႏွစ္ေယာက္က တကယ္ကိုၾကၫ့္ေကာင္းလြန္းသည္မို႔ပင္။
အမ်ိဳးသမီးက စားပြဲကိုမွီေနကာ အမ်ိဳးသားပံုဆြဲေနသည္ကို ေမးေလးေမာ့ကာၾကၫ့္ေနၿပီး သူမရဲ့ခါးက မသိမသာေလးေကာ့ေန၏။
သူတို႔က ေလာကႀကီးေပၚက မေသမ်ိဳးစံုတြဲတစ္တြဲနဲ႔ တကယ္ကိုတူတယ္။
...