Boss အဆိပ်မပြင်းလွန်းနဲ့...!

بواسطة Elysium_Gale

222K 29.5K 165

ဘာသာပြန်ပါ စာရေးသူ - Mo Ling System: Host, ကောင်းကင်ပေါ်က အဲ့ဒါကြီးက ဘာကြီးလဲ... Shi Sheng: စကြဝဠာကူး အာကာသယာ... المزيد

မိတ်ဆက်
Synopsis
၁။ ရွှေပေါ်မြတင် (၁)
၂။ ရွှေပေါ်မြတင် (၂)
၃။ ရွှေပေါ်မြတင် (၃)
၄။ ရွှေပေါ်မြတင် (၄)
၅။ ရွှေပေါ်မြတင် (၅)
၆။ ရွှေပေါ်မြတင် (၆)
၇။ ရွှေပေါ်မြတင် (၇)
၈။ ရွှေပေါ်မြတင် (၈)
၉။ ရွှေပေါ်မြတင် (၉)
၁၀။ ရွှေပေါ်မြတင် (၁၀)
၁၁။ ရွှေပေါ်မြတင် (၁၁)
၁၂။ ရွှေပေါ်မြတင် (၁၂)
၁၃။ ရွှေပေါ်မြတင် (၁၃)
၁၄။ ရွှေပေါ်မြတင် (၁၄)
၁၅။ ရွှေပေါ်မြတင် (၁၅)
၁၆။ ရွှေပေါ်မြတင် (၁၆)
၁၇။ ရွှေပေါ်မြတင် (၁၇)
၁၈။ ရွှေပေါ်မြတင်​ (၁၈)
၁၉။ ရွှေပေါ်မြတင် (၁၉)
၂၀။ ရွှေပေါ်မြတင် (၂၀)/သိမ်း
၂၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁)
၂၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂)
၂၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)
၂၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)
၂၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)
၂၆။ ကြယ်တစ်ပွင့်၏ ကောက်ကြောင်း (၆)
၂၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၇)
၂၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၈)
၂၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၉)
၃၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
၃၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၁)
၃၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၂)
၃၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)
၃၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၄)
၃၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)
၃၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၆)
၃၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)
၃၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)
၃၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)
၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)
၄၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
၄၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)
၄၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၃)
၄၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၄)
၄၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၅)
၄၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၆)
၄၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၇)
၄၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၈)
၄၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၉)
၅၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃၀)
၅၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃၁)/ သိမ်း
၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)
၅၃။ ဇာမဏီ၏ ခွန်းသံသာ (၂)
၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)
၅၅။ ဇာမဏီ၏ ခွန်းသံသာ (၄)
၅၆။ ဇာမဏီ၏ ခွန်းသံသာ (၅)
၅၇။ ဇာမဏီ၏ ခွန်းသံသာ (၆)
၅၈။ ဇာမဏီ၏ ခွန်းသံသာ (၇)
၅၉။ ဇာမဏီ၏ ခွန်းသံသာ (၈)
၆၀။ ဇာမဏီ၏ ခွန်းသံသာ (၉)
၆၁။ ဇာမဏီ၏ ခွန်းသံသာ (၁၀)
၆၂။ ဇာမဏီ၏ ခွန်းသံသာ (၁၁)
၆၃။ ဇာမဏီ၏ ခွန်းသံသာ (၁၂)
၆၄။ ဇာမဏီ၏ ခွန်းသံသာ (၁၃)
၆၅။ ဇာမဏီ၏ ခွန်းသံသာ (၁၄)
၆၆။ ဇာမဏီ၏ ခွန်းသံသာ (၁၅)
၆၇။ ဇာမဏီ၏ ခွန်းသံသာ (၁၆)
၆၈။ ဇာမဏီ၏ ခွန်းသံသာ (၁၇)
၆၉။ ဇာမဏီ၏ ခွန်းသံသာ (၁၈)
၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)
၇၁။ ဇာမဏီ၏ ခွန်းသံသာ (၂၀)
၇၂။ ဇာမဏီ၏ ခွန်းသံသာ (၂၁)
၇၃။ ဇာမဏီ၏ ခွန်းသံသာ (၂၂)
၇၄။ ဇာမဏီ၏ ခွန်းသံသာ (၂၃)
၇၅။ ဇာမဏီ၏ ခွန်းသံသာ (၂၄)
၇၆။ ဇာမဏီ၏ ခွန်းသံသာ (၂၅)
၇၇။ ဇာမဏီ၏ ခွန်းသံသာ (၂၆)
၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)
၇၉။ ဇာမဏီ၏ ခွန်းသံသာ (၂၈)
၈၀။ ဇာမဏီ၏ ခွန်းသံသာ (၂၉)
၈၁။ ဇာမဏီ၏ ခွန်းသံသာ (၃၀)
၈၂။ ဇာမဏီ၏ ခွန်းသံသာ (၃၁)
၈၃။ ဇာမဏီ၏ ခွန်းသံသာ (၃၂)
၈၄။ ဇာမဏီ၏ ခွန်းသံသာ (၃၃)
၈၅။ ဇာမဏီ၏ ခွန်းသံသာ (၃၄)
၈၆။ ယုရှောင်း
၈၇။ ဧကရီ အနက်ရောင် (၁)
၈၈။ ဧကရီ အနက်ရောင် (၂)
၈၉။ ဧကရီ အနက်ရောင် (၃)
၉၀။ ဧကရီ အနက်ရောင် (၄)
၉၁။ ဧကရီ အနက်ရောင် (၅)
၉၂။ ဧကရီ အနက်ရောင် (၆)
၉၃။ ဧကရီ အနက်ရောင် (၇)
၉၄။ ဧကရီ အနက်ရောင် (၈)
၉၅။ ဧကရီ အနက်ရောင် (၉)
၉၆။ ဧကရီ အနက်ရောင် (၁၀)
၉၇။ ဧကရီ အနက်ရောင် (၁၁)
၉၈။ ဧကရီ အနက်ရောင် (၁၂)
၉၉။ ဧကရီ အနက်ရောင် (၁၃)
၁၀၀။ ဧကရီ အနက်ရောင် (၁၄)
၁၀၁။ ဧကရီ အနက်ရောင် (၁၅)
၁၀၂။ ဧကရီ အနက်ရောင် (၁၆)
၁၀၃။ ဧကရီ အနက်ရောင် (၁၇)
၁၀၄။ ဧကရီ အနက်ရောင် (၁၈)
၁၀၅။ ဧကရီ အနက်ရောင် (၁၉)
၁၀၆။ ဧကရီ အနက်ရောင် (၂၀)
၁၀၇။ ဧကရီ အနက်ရောင် (၂၁)
၁၀၈။ ဧကရီ အနက်ရောင် (၂၂)
၁၀၉။ ဧကရီ အနက်ရောင် (၂၃)
၁၁၀။ ဧကရီ အနက်ရောင် (၂၄)
၁၁၁။ ဧကရီ အနက်ရောင် (၂၅)
၁၁၂။ ဧကရီအနက်ရောင် (၂၆)
၁၁၄။ ဧကရီအနက်ရောင် (၂၈)
၁၁၅။ ဧကရီအနက်ရောင် (၂၉)
၁၁၆။ ဧကရီအနက်ရောင် (၃၀)
၁၁၇။ ဧကရီ အနက်ရောင် (၃၁)
၁၁၈။ ဧကရီ အနက်ရောင် (၃၂)
၁၁၉။ ဧကရီ အနက်ရောင် (၃၃)
၁၂၀။ ဆေးမှန်မှန်သောက် (၁)
၁၂၁။ ဆေးမှန်မှန်သောက် (၂)
၁၂၂ ။ ဆေးမှန်မှန်သောက် (၃)
၁၂၃ ။ဆေးမှန်မှန်သောက် (၄)
၁၂၄ ။ဆေးမှန်မှန်သောက် (၅)
၁၂၅ ။ ဆေးမှန်မှန်သောက် (၆)
၁၂၆ ။ ဆေးမှန်မှန်သောက် (၇)
၁၂၇ ။ ဆေးမှန်မှန်သောက် (၈)
၁၂၈ ။ ဆေးမှန်မှန်သောက် (၉)
၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

၁၁၃။ ဧကရီအနက်ရောင် (၂၇)

1K 177 0
بواسطة Elysium_Gale

ဧကရီအနက်ရောင် (၂၇)
~~~~~~~~~~~~~~~~~

ရှီရှန်း မြို့တော်ကနေ ထွက်ခွာသွားပြီး ဘီမြို့သို့ သူ့လူအုပ်ကို ပြန်ခေါ်သွားလေသည်။ သူမ မြို့တော်မှာ ကြာကြာနေဖြစ်မည်ဟု တွေးထားခဲ့သော်လည်း မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မည်ဟု မထင်ထားပေ။

သူမ ပထမက တွေးထားသည်ထက် ဒီတစ်ခေါက် quest က ပိုရှုပ်ထွေးတာကြောင့် သူမ ဟိုးအရင်ကတည်းက ဆုံးဖြတ်ထားသည့်အတိုင်း သူမ ပစ်မှတ် ဖြစ်သည့် ဇွန်ဘီအင်ပါယာ တည်ထောင်ခြင်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

'ငါ ဒီကမ္ဘာကို သိမ်းပိုက်ပြီး လူတွေကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးနိုင်တဲ့အခါကျရင် ငါ အမှန်တရားကို စုံစမ်းလို့ မရမှာကို ကြောက်နေစရာလိုမလား' ရှီရှန်း၏ နည်းလမ်းတို့က အမြဲတမ်း ရိုးရှင်းလှသည်။

သူမ ဘီမြို့ ဧရိယာနားသို့ ရောက်သော် သူမ၏ ညီနောင်လေးများ သူတို့ အခြေစိုက်စခန်း တည်နေရာ၏ အခြေခံ system ကို ရထားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။ ရှီရှန်း သူတို့ရှေ့ ပေါ်လာသောအခါ သူတို့မျက်လုံးကိုတောင် သူတို့ မယုံနိုင်ဖြစ်သွားသည်။

'ဘော့စ် တကယ်ပဲ အစောကြီး ပြန်လာတာလား။ ဘော့စ် ဘီမြို့ကနေ ထွက်သွားတုန်းကတောင် (ငါတို့ ကိုယ်တိုင် မမြင်လိုက်ရပေမဲ့ပေါ့) ဒီအတိုင်း စိတ်ကူးလိုက်ရင်တောင် ငါတို့ကို စိတ်လှုပ်ရှားစေတာ။ အခု ငါတို့တွေးကြည့်ရင် ဇွန်ဘီ တွေကတောင် လုံးဝ ကြောက်ဖို့ မကောင်းဘူး'

လူအယောက်တစ်ရာကျော်ရုံလေးဆိုပေမဲ့ အခြေစိုက်စခန်း၌ လူများရှိနေပြီ ဖြစ်သည်။ အခြားအခြေစိုက်စခန်းတို့နှင့် ယှဉ်ရင် ဒါက နုံချာသော အရေအတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် ရှီရှန်း သူမ ဇွန်ဘီ တပ်ကြီးကို ခေါ်သွင်းလာသောအခါ ထိုလူတို့မှာ ကန့်ကွက်ရန် မဆိုနှင့်၊ ချောင်းတောင် မကြည့်ရဲကြပေ။

ဇွန်ဘီတပ်ကြောင့် ရက်အနည်းငယ်အတွင်း သူတို့ အားသိပ်စိုက်မထုတ်လိုက်ရဘဲ အခြေစိုက်စခန်း အကြီးကြီးကို ဆောက်လိုက်နိုင်လေသည်။ အခြားသူများမှာ လက်ခံရန် ထိတ်လန့်နေရာမှ ကြောက်ရွံ့လာကြသည်။ ထို့ကြောင့် ဒီထောင်ချီရှိသည့် သူတို့က မူလနေထိုင် သူများဖြစ်လာပြီး ထို့နောက် ဒီလူတို့က <Fight Us> အခြေစိုက်စခန်း၏ တစ်ခုတည်းသော လူသားနေထိုင်သူများ ဖြစ်လာလေသည်။

အနာဂတ်၌ ရှီရှန်းက ဇွန်ဘီကလွဲ၍ လူသားတို့ကို လက်ခံမည် မဟုတ်သောကြောင့် သူတို့ဤအခြေစိုက်စခန်းထဲ ဝင်လာနိုင်သည်ကိုပင် သူတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမည်ဖြစ်သည်။

ချင်းယွီနှင့် အဖွဲ့တို့ကတော့ သူတို့ဘော့စ် ဘာကြံနေလဲဆိုတာ သေချာမသိသည့်အတွက် သူတို့ သူမ၏ အမိန့်အတိုင်းသာ လုပ်ပေးနေလေသည်။

......

ရှီရှန်းက ဇွန်ဘီများကို စုစည်းလျက် အင်အားဖြည့်နေပြီး အခြေစိုက်စခန်းကို ဆက်တိုက် တိုးချဲ့ ဆောက်လုပ်နေစဉ် ဘီမြို့တစ်လွှား၌ ချီမင်ရွှယ့်နှင့် အဖွဲ့တို့ သိပ် အဆင်မပြေကြတော့ချေ။

သူတို့ အကျဉ်းကျနေကြသည်။ စုန့်ရှစ်ကတော့ ထွက်ပြေးရန် လမ်းစရှာတွေ့ပြီဖြစ်သော်ငြား ချီမင်ရွှယ့်ကိုပါ ကယ်တင်ရန် အချိန်မရှိပေ။ သို့မဟုတ် သူ သူမကို မကယ်ချင်တာဟုဆိုရလျှင် ပိုမှန်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် စုန့်ရှစ် ချီမင်ရွှယ့်ကို မကြိုက်ခင်ကတည်းက သူသည် အချစ်ရေးနှင့်ပတ်သက်လာရင် အလွန်ပြတ်သားသည့်သူ ဖြစ်လေသည်။

ချီမင်ရွှယ့်က သူမ၏ 'ကုစားနိုင်သည်' ဟု ဆိုသည့် အစွမ်းကြောင့် ပိတ်လှောင်ခြင်းခံရလေသည်။ သို့ပေမဲ့ဘယ်လောက်ပဲ လူတို့ သူမကို ဖိအားပေးသည်ဖြစ်စေ၊ သို့မဟုတ် သူမကို ချော့ပြောသည်ဖြစ်စေ သူမကတော့ သူတို့ရှေ့ အစွမ်းတစ်ချက်လေး ထုတ်ပြသရန်ကိုပင် ငြင်းဆိုလေသည်။

"သူမ အခုထိ ဒီအတိုင်းပဲလား" ဗိုလ်ချုပ်က ချန်းရှင်းကို ကြည့်လိုက်သည်။

ချန်းရှင်း ခေါင်းညိတ်လိုက်သည်။ "သူမ အခုထိ အစွမ်း တစ်ခုမှ ပြဖို့ သဘောမတူသေးပါဘူး"

ဗိုလ်ချုပ် မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ

"သွားပြီး အမြင် စွမ်းအားရှိတဲ့ သူအချို့ကို ရှာလာခဲ့၊ ပြီးရင် သူမကို စီစီတီဗွီ မရှိတဲ့နေရာကို ခေါ်သွားလိုက်" ဟု ပြောလေသည်။

ချန်းရှင်း ပိုပြီး မျက်နှာမကောင်း ဖြစ်သွားလေသည်။ ဗိုလ်ချုပ်က ခေါင်းမော့လာပြီး သူ့ကို ကြည့်လေသည်။

"ချန်းရှင်း မင်းဒီကို ဝင်လာပြီးပြီဖြစ်တဲ့အတွက် မင်းထွက်သွားဖို့ မဖြစ်နိုင် တော့ဘူး။ မင်းအလုပ်ကိုသာ သေချာလုပ်၊ မင်း မိသားစု ဘာမှမဖြစ်စေရဘူး"

"ဟုတ်ကဲ့"

ချီမင်ရွှယ့်က စီစီတီဗွီ မရှိသည့်အခန်းထဲသို့ အပြောင်းခံလိုက်ရသည်။ ပထမတော့ သူမဆီ သူတို့ အစားအစာများ ယူလာပေးသေးသော်ငြား ပမာဏက အရမ်းနည်းသည်။ သူမ ဗိုက်ပြည့်အောင် မစားရပေ။ ထို့နောက် ပမာဏကတဖြည်းဖြည်း နည်းလာလေသည်။ နောက်ဆုံးမှာတော့ သူတို့ ထမင်းပို့တာ ရပ်လိုက်လေသည်။

ချီမင်ရွှယ့်က ကင်မရာများရှိမနေတာကို အတည်ပြုလိုက်ပြီးနောက် သူမ၏ လေဟာနယ်ထဲမှ အစားအစာအချို့ ထုတ်လိုက်ပြီး အငမ်းမရ စတင်စားလေသည်။ ဤသို့ဖြင့် ချီမင်ရွှယ့် ဖြတ်သန်းလေသည်၊ စားပြီးသောက်ပြီးနောက် သူမ ထွက်ပြေးရန် စတင်ကြံစည်လေသည်။

တံခါးမှလွဲ၍ အခြားထွက်ပေါက် မရှိချေ။ သူမအတွက် အစားအစာတို့ကို တံခါးအောက်နားက အပေါက်သေးကနေ ပို့တာဖြစ်၏။ ထို့ကြောင့် သူမ ထွက်ပြေးချင်လျှင် တံခါးကနေ ဖြတ်နိုင်မှသာ ဖြစ်လေမည်။

ချီမင်ရွှယ့် ထွက်ပြေးရန် အဆင့်ဆင့် စတင်ကြံစည်နေသော်ငြား သူမ ထွက်မပြေးနိုင်သေးခင်မှာပင် လူတစ်ဖွဲ့ကျူးကျော်လာပြီး သူမကို မေ့ဆေးဖြင့် ထိုးလေသည်။

သူမ နိုးလာသည့်အချိန်၌ သူမကို ခွဲစိတ်သည့် ခုံဆီ ဦးတည်ပြီး ခေါ်သွားသည်ကို တွေ့လိုက်ရသည်။ အဖြူရောင်ကုတ်တို့ ဝတ်ဆင်ထားသည့် လူများ သူမပတ်လည် လျှောက်သွားနေသည်ကို တွေ့ရလေသည်။

'ငါ ဘယ်မှာပါလိမ့်' ချီမင်ရွှယ့် သူမဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရန် ခေါင်းကို လှည့်လိုက်စဉ် ပြုံးနေသည့်မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံသွားလေသည်။

'အဲဒါက ဗိုလ်ချုပ်လား'

ဗိုလ်ချုပ်က ချီမင်ရွှယ့်ဆီ လျှောက်သွားပြီး ကြင်နာသည့် ဖခင်ကဲ့သို့ နွေးထွေးပြီး နူးညံ့သည့် အသံဖြင့် "နိုးလာပြီလား၊ မိန်းမပျိုလေး" ဟု ပြောလေသည်။

"ရှင် ဘာလုပ်နေတာလဲ"

ချီမင်ရွှယ့် စိတ်ထဲ၌ တုန်လှုပ်နေလေသည်။ သူမ သူမ၏ လေဟာနယ်ကို အားကိုးနိုင်သော်ငြား တကယ်လို့ ဗိုလ်ချုပ်နှင့် ရင်ဆိုင်ရမည်ဆို သူမ ဘာတတ်နိုင်မည်နည်း။ သူမဖတ်ခဲ့သည့် စာအုပ်ထဲ၌တောင် သူက လူကောင်းမဟုတ်ပေ။

"မကြောက်ပါနဲ့၊ မိန်းမပျိုလေး" ဗိုလ်ချုပ် ပို၍ ကြင်ကြင်နာနာနှင့် ပြုံးလာသည်။

"မင်းဆီမှာ လေဟာနယ်ရှိတယ်မလား။ ဘယ်လောက်ကြီးလဲ။ ငါ့ကို ပြောပြပေးနိုင်မလား။ စိတ်မပူပါနဲ့၊ ငါမင်းကို ထိခိုက်အောင် မလုပ်ပါဘူး။ မင်းရဲ့ လေဟာနယ်က ငါတို့အတွက် အရေးကြီးတယ်ဆိုတာ မင်းသိထားသင့်တယ်။ အနာဂတ်မှာ မင်းက ငါတို့လူသားမျိုးနွယ်ရဲ့ ဟီးရိုးဖြစ်လာတော့မှာ"

ချီမင်ရွှယ့်၏ အကြောက်တရားက ပိုပိုပြီး ကြီးလာလေသည်။ 'သူ ဘယ်လိုလုပ် သိသွားတာလဲ'

"ကျွန်မ ရှင်ဘာပြောနေလဲဆိုတာ နားမလည်ဘူး။ ဒါက ဘယ်နေရာလဲ။ ရှင် ဘယ်ကို ခေါ်လာတာလဲ"

ချီမင်ရွှယ့်က ဝန်ခံရန် ဆန္ဒမရှိချေ။ သူမ ရတနာကို လက်ကိုင်ထားသည်က ဥပဒေအရ ပြစ်မှုမှန်း သူမ သိလေသည်။ စာအုပ်ထဲမှဇာတ်လိုက်ဖြစ်သည့် ကုနန်ကတောင် သူမ၏ လေဟာနယ်အကြောင်း အလွယ်တကူ မပြောပြရဲချေ။

ဗိုလ်ချုပ်က ဝတ်ရုံအဖြူဝတ်ထားသည့်သူကို လင်ဗန်းကို ယူလာရန် လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။ လင်ဗန်းပေါ်၌ ရေတစ်ဗူးနှင့် အခြားအမျိုးမျိုးသော ပစ္စည်းတို့ကို တင်ထားသည်။ ထိုအရာတို့ကို မြင်လိုက်စဉ် ချီမင်ရွှယ့်၏ သူငယ်အိမ်က ကျုံ့သွားပြီး ပိုပို တုန်လှုပ်လာလေသည်။ ထိုပစ္စည်းတို့က သူမလေဟာနယ်မှ ဖြစ်၏။ 'ဒါပေမဲ့ သူတို့က ဘယ်လိုလုပ် ဒီကို ရောက် နေတာလဲ'

"မင်း ဒါတွေနဲ့ ရင်းနှီးတယ်မလား၊ ဟုတ်တယ်မလား။ ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင် ထုတ်လာတာလေ။ မင်း ဗွီဒီယိုတွေ့လိုက်တယ်မလား"

လူတစ်ယောက်ယောက်က ချက်ချင်း ချီမင်ရွှယ့်ရှေ့ ဗွီဒီယိုကို ပြလေသည်။

ဗွီဒီယို၌ သူမကို ခွဲစိတ်သည့် ခုံနှင့် တွဲချည်ထားသည်။ တစ်ယောက်က သူမကို အိပ်မွေ့ချလိုက်ပြီးနောက် သူမ ထိုပစ္စည်းတို့ကို ထုတ်နေသည့် သူမကိုယ်သူမကို မြင်နေရလေသည်။

"မဟုတ်ဘူး..." ချီမင်ရွှယ့် ခေါင်းကို ဆက်တိုက် ခါလေသည်။

ဗိုလ်ချုပ်က ချီမင်ရွှယ့်ကို ရယ်ပြနေသော်လည်း သူ့မျက်ဝန်းထဲမှ မလိုမုန်းထားမှုတို့ကတော့ ထင်းနေလေသည်။ 'တကယ်လို့ အဲ့ဒီလေဟာနယ်အတွက် ကြားခံကို ရှာမတွေ့သေး၍သာပေါ့၊ မဟုတ်ရင် ငါ ဘာလို့ ဒီမိန်းမကို အသက်ရှင်လျက်ထားရမှာလဲ'

ပထမဦးစွာ ချီမင်ရွှယ့်ကြောင့် တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ သူမ ထွက်ပြေးရန် စဉ်းစားနေသေးသော်ငြား ထိုသို့လုပ်ရန် သူမ ရှိနေသည့်နေရာက အရမ်းကြီးနေ၏။

ထို့နောက် သူမ တကယ် ဗိုလ်ချုပ်၏ ဦးနှောက်ဆေးခြင်းကို ခံလိုက်ရပြီး သူပြောသမျှကို သူမ လိုက်နာလေသည်။သူမ လေဟာနယ်အကြောင်းကို သူသိထားပြီးဖြစ်သည့်အပြင် စိတ်ဝိညာဉ်လည်း ထွက်သွားလေပြီ၊ သူမ တွန့်တိုမနေတော့ပေ။ သူလိုချင်သမျှကို သူမ ပေးလေသည်။ အထူးသဖြင့် စမ်းရေဖြစ်၏။ သူလိုသလောက်ကို သူမ ပေးလေ၏။

ထိုနေ့က ကုနန်၏စကားကို ကြားပြီးနောက် သူမ ထိုလေဟာနယ်၏ ဝိညာဉ်ဆီ အထူးတလည် သွားပြီး မေးလေသည်။ ထိုရေသည် သူမပေါ်၌ သက်ရောက်မှုမရှိသော်လည်း အခြားသူတို့ အသုံးပြုပါက ထိုသူတို့ကို ဇွန်ဘီများ ပိုအာရုံစိုက်လာမည်ဆိုတာ သူမ သိလေသည်။

'သူ ရေလိုချင်တယ်မလား၊ ဒါဆို ငါသူ့ကို ပေးရုံပဲပေ့ါ။ သူ အသက်ရှင်သရွေ့တော့ စိတ်ကြိုက်ခံစားပေါ့...'

အပြင်စေလွှတ်လိုက်သည့် သူတိုင်း သေသည်ကို ဗိုလ်ချုပ်သိသွားသည့်အခါ ပထမတော့ ဇွန်ဘီတို့ ပိုသန်မာလာသည်ဟုသာ ထင်နေသည်။ သို့ပေမဲ့ ဒီအကြောင်းအရင်းကြောင့် မဟုတ်မှန်း သူ မကြာခင် သိသွား၏။ သူ စမ်းရေပေးလိုက်သည့် သူတို့သာ ပိုပြီးသေလေသည်။

"ချီမင်ရွှယ့်" ဒေါသပုန်ထနေသည့် ဗိုလ်ချုပ်က ချီမင်ရွှယ့်၏ တံခါးကို ကန်ပြီး ဖွင့်လေသည်။

ချီမင်ရွှယ့် အဝတ်လဲနေတာကြောင့် သူမ၏ ဖြူဖွေးသည့် ခန္ဓာကိုယ်ကို ဗိုလ်ချုပ် မြင်သွား၏။ သူမ အလျှင်အမြန်အိပ်ရာခင်းနှင့် ကာလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် "ဗိုလ်ချုပ်၊ ဘာများလဲ" ဟု ပြောလေ၏။

ဗိုလ်ချုပ်၏မျက်လုံးတို့ ကျဉ်းမြောင်းသွား၏။

"မင်း ငါ့ကို ပေးတဲ့ ရေထဲ တစ်ခုခုထည့်လိုက် သေးလား"

'အဲရေတွေကို သောက်လိုက်တဲ့သူတွေ ပြဿနာတက်သွားတဲ့ ပုံပဲ' ချီမင်ရွှယ့် စိတ်ထဲ၌ ပီတိဖြာနေပေမဲ့ သူမ မျက်နှာပေါ်၌ မပြပေ။

"ကျွန်မ ရှင့်ကို ရေမပေးခင် ရှင်အမြဲ ကျွန်မကိုအရင် စမ်းသပ်တာလေ၊ တကယ်လို့ ကျွန်မ တစ်ခုခု ထည့်လိုက်ရင် ကျွန်မ အရင် ခံစားရမှာပေါ့"

ချီမင်ရွှယ့်၏ လေဟာနယ်မှ ရေဖြစ်တာကြောင့် ဗိုလ်ချုပ် သူ့လူတို့အား ရေကို ဒီအတိုင်း မပေးလိုက်နိုင်ပေ။ ထို့ကြောင့် ချီမင်ရွှယ့်က ဘာမှ မဖြစ်နိုင်ကြောင်း သက်သေပြသည့်အနေနှင့် အရင် သောက်ပြရလေသည်။ သူမသောက်ပြီးမှ သူတို့ သုံးကြသည်။

သေချာပေါက် ဗိုလ်ချုပ်ကို အရူးလုပ်ရန် မလွယ်ကူချေ။

"မင်း မနက်ဖြန် ငါနဲ့ အန္တရာယ်ကင်းဇုန်ကနေ အပြင်ကိုလိုက်ခဲ့ရမယ်"

واصل القراءة

ستعجبك أيضاً

370K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
434K 10.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
579K 36.5K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...