Till The End

By Aster_Glory

94.5K 10.9K 141

Yizhan I do not own every single photo in this fiction. If there is something wrong, please forgive me Final... More

1 (*-.*)
2 (*-.*)
:):)
3 (^-.^)
4 (*-.*)
5 (•*-.*•) <3
6 (^-.^)
7 (*-.*)
8 /)/).
9 (•^_^•)
10 (\/).
11 (*-.*)
12 (^-.^)
13 (•-.•)
14 ~•-.•~
15 ~^-.^~
16 /)/).
18 ~*-.*~
19 ~•-.•~
20 o-0
21 (•-.•)
22 (*-.*) <33333333
Message

17 (\_/).

3.2K 451 3
By Aster_Glory

Zawgyi

ေတာင္လမ္းဆိုတဲ႕အတိုင္း ဆိုင္ကယ္တစ္စီးေမာင္းလို႕ ရ ရံု ေျမလမ္းေဘးမွာ နွစ္ရွည္ပင္ေတြ အစီအရီေပါက္ ေရာက္ေနပါတယ္။ ျမိဳ႕ေပၚမွာ တယုတယ စိုက္ျပီး ေစ်းျကီးေပးရတဲ႕ သစ္ခြေတြဟာ အပင္ျမင့္ေတြေပၚမွာ အေလ့က်သဖြယ္ ေပါက္ေရာက္ေနပါတယ္။

လမ္းတစ္ေလ်ွာက္ အမ်ားဆံုးျမင္ရတာ နာနတ္သီးပင္ေတြျဖစ္တယ္။ စိုက္ပ်ိဳးထားတာမ်ိဳး မဟုတ္ပဲ အေလ့က်ကို ေပါက္ေရာက္ေနတာ အားရစရာ ျမင္ကြင္းျဖစ္တယ္။ မက္မန္းပင္ေတြလည္း ေပါက္ေရာက္ေနေပမယ့္ အသီးေတာ့ မေတြ႕ရေသးဘူး။ ရာသီခ်ိန္မဟုတ္လို႕ထင္ပါတယ္။

အရြက္ေတြ ယွက္ျဖာေနေတာ့ ေနေပ်ာက္ေတာင္ သိပ္မထိုးပါဘူး။ ေအးစိမ္စိမ့္ သဘာဝကိုခံစားရင္း ေငးေမာလိုက္ပါလာခဲ႕တယ္။ သြားရင္းနဲ႕ Leader ေျပာတဲ႕ ဝယ္ထားတဲ႕ျခံေတြကို ေတြ႕ရပါတယ္။ ျခံကေနာက္ဘက္ဘယ္ေလာက္ထိရွည္လဲ မသိေပမယ့္ ဆိုင္ကယ္နဲ႕ ျခံေရွ႕ျဖတ္ေမာင္းတာေတာင္ တစ္နာရီနီးပါး ျကာျမင့္တယ္။

Xiao Zhan ပါစပ္အေဟာင္းသားျဖစ္ရတယ္ invest လုပ္ေပမယ္႔ ခုေလာက္ထိလို႕ မထင္ဘူး ဒါေတာင္ တစ္မ်ိဳးထဲရွိေသးတယ္။ သူေဌးေတြကေတာ့ စီးပြားေရး အကြက္အကြင္းျမင္ေတာ့ ခ်မ္းသာျပီးရင္ ခ်မ္းသာေနမွာ။

Leader ရဲ႕သီဟိုဠ္ျခံေတြအဆံုးမွာ ဆိုင္ကယ္ေမာင္းရာ လမ္းက ပိုလို႕ျကပ္လာတာသတိထားမိတယ္။ ဆိုင္ကယ္ တစ္စီးစာေတာင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ေမာင္းလို႕မရတာမို႕ ထိန္းေမာင္းေနရတယ္။ ေဘးကပ္ရပ္မွာ ေတာင္နံရံေျမ သားနဲ႕ အပင္ျကီးေတြက နီးနီးကပ္ကပ္။ လွုိင္လိုမ်ိဳး အံုးဆိုင္းလာတဲ႕ အပင္ေတြေျကာင့္ လူက မြန္းလာရတယ္။

လမ္းက က်ဥ္းလြန္းလို႕ အသက္ရွဴေတာင္ မဝ ျဖစ္လာ တယ္။ Xiao Zhan က အရင္ကတည္းက အလံုပိတ္ခန္း ေတြေျကာက္တတ္တဲ႕ ေရာဂါရွိပါတယ္။ ဓါတ္ေလွကား ထဲ ရုတ္တရက္ မီးပ်က္ျပီး ရပ္သြားတဲ႕ အေျခအေနမ်ိဳး ဆို ကူကယ္ရာမဲ႕ အသက္ရွဴျကပ္လာတာ။ ေခါင္းကေန ျကပ္ျကပ္တည္းတည္းစြပ္ခ်ရတဲ႕ အကၤ်ီေတြကိုေတာင္ သူေရွာင္တယ္။

မြန္းလိုက္တာ။

'Leader မေရာက္ေသးဘူးလားဟင္ က်ြန္ေတာ္ မြန္းျကပ္ လာလို႕'

ဆိုင္ကယ္က ေနွးေနွးေလးပဲ ေမာင္းေနရတာမို႕ Xiao Zhan ေျပာတာကို Leader ျကားရပါတယ္။ Leader ကဆိုင္ကယ္ကို ခ်က္ခ်င္းရပ္လိုက္တယ္။ ေရွ႕ကဆိုင္ ကယ္ နွစ္စီးကလည္း ေနာက္ဆံုးက ဆိုင္ကယ္ရပ္လိုက္ သံေျကာင့္ သူတို႕ပါရပ္သြားရတယ္။ ဆိုင္ကယ္ဦးထုတ္ အပိတ္ကို ခ်ြတ္ျပီး ဦးထုပ္အဝိုင္းေလးနဲ႕ သူ႕ကို ယက္ခတ္ ေပးေနတာကို သိေပမယ့္ ျပန္မျကည့္နိုင္ေလာက္ေအာင္ လူက ေပ်ာ့ေခြေနျပီျဖစ္တယ္။ Xiao Zhan က ဆိုင္ကယ္ ေပၚထိုင္လ်က္သားကေန ေဘးမွာ မတ္တပ္ရပ္ေနတဲ႕ Leader ရင္ခြင္ထဲ မွီတြယ္ထားရတယ္။

Wang Yibo ရင္ခြင္ထဲကလူကို ငံု႕ျကည့္ေတာ့ မ်က္လံုးေတြမွိတ္ ေခ်ြးေတြပ်ံျပီး အသက္ကို ပါစပ္ေလးနဲ႕ ခက္ခက္ခဲခဲရွဴေနရတယ္။

'ဦးေလးတို႕!!! ရြာေရာက္ဖို႕ ဘယ္ေလာက္လိုေသးလဲ

ရြာေရာက္ဖို႕နဲ႕ ဒီကေနေတာစပ္ကို ျပန္ထြက္ဖို႕ ဘယ္ဟာပိုနီးလဲ'

'ရြာက ပိုနီးတယ္ဆရာေလး ငါးမိနစ္ေလာက္ေမာင္းရင္ေရာက္ျပီ'

'က်န္႕က်န္႕ က အသက္ရွဴေတာ္ေတာ္ျကပ္ေနတာ inhaler မပါဘူးလား'

'မပါေလာက္ဘူး ေဟာက္ရႊမ္း ငါဘာလုပ္ရမလဲ တစ္ကိုယ္လံုးေခ်ြးေတြထြက္ေနတာကြာ'

Wang Yibo ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနတယ္။ အသက္ကို ခက္ခက္ရွဴသြင္းေနရတဲ႕ ပံုစံေလးဟာ သူ႕ရင္ကြဲမတတ္ပဲ။

ခ်စ္ရတဲ႕သူနာက်င္လာတဲ႕အခါ သူကိုယ္တိုင္ပါ နာက်င္လာရတယ္။

'မရဘူးေဟ့ေရာင္ ငါးမိနစ္ေလာက္ေတာင္ခံနိုင္ေအာင္ ေလသြင္းမွရမယ္

သူ႕ကို ေျမျကီးေပၚခ်ျပီး အဝတ္ေတြျကပ္ေနတဲ႕ဟာ အကုန္ ျဖဲလိုက္ေဟ့ေရာင္

ပါစပ္ကေနေလသြင္းေပးလိုက္'

'ဟင္! ငါ ငါ လုပ္လို႕မရဘူး'

စိတ္ထဲမွာ ေဆာင့္တက္လာတာက ေသေလာက္ေအာင္ ထိခ်င္ေနတဲ႕ နွုတ္ခမ္းရဲရဲကို ခြင့္ျပဳခ်က္မရပဲ လံုးဝ မထိမိဖို႕။ ခနေလာက္ေလးစိုက္ျကည့္မိရင္ေတာင္ မခ်င့္မရဲျဖစ္လာတဲ႕ စိတ္တို႕ေျကာင့္ ရဲရဲတင္းတင္း ေတာင္ ျကည့္ရဲခဲ႕တာမဟုတ္ဘူး။

'ဟာ ဒီေကာင္ အူေျကာင္ျကားလုပ္မေနနဲ႕ အသက္အႏၲရယ္ ျဖစ္ေနတာ မင္းမလုပ္လို႕ ငါလုပ္ရမွာလား'

ေဟာရႊမ္းေအာ္ေျပာေတာ့မွ သူလည္း သူ႕စိတ္ကို တည္ တည္ျငိမ္ျငိမ္ထားျပီး Xiao Zhan ကို ဆိုင္ကယ္ေပၚက ေပြ႕ခ်ျပီး ေျမျပင္ေပၚမွာ အသာအယာလွဲေပးလိုက္တယ္။

သတိမကပ္ေနတဲ႕သူကို ျကည့္ရင္းသူ႕ရင္ေတြ ေျကမြရပါ တယ္။ အဝတ္ေတြကို အျမန္ပဲဆြဲခြဲကာ နွုတ္ခမ္းကေန ေလမွုတ္သြင္းေပးရတယ္။

ပထမဆံုးအျကိမ္ နမ္းလိုက္မိကတည္းက ေနာက္ထပ္ ထပ္ျပီးနမ္းခြင့္မရေတာ့ဘူး ထင္တဲ႕နွုတ္ခမ္းေလးက ခုေတာ့ သူနဲ႕အနီးဆံုးမွာထိကပ္ေနတယ္။ ရူးမတတ္နမ္း ခ်င္ခဲ႕တဲ႕ သူမို႕ အသိစိတ္လြတ္ထြက္မသြားေအာင္ မနည္းထိန္းခ်ဳပ္ေနရတယ္။

ေဆာင့္ခုန္လာတဲ႕ ရင္ဘတ္ကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ကာ ေလကိုရနိုင္သမ်ွ အဆုပ္ထဲထိေရာက္ေအာင္ မွုတ္သြင္းရတယ္။

အေတာ္ျကာေအာင္ ေလမွုတ္သြင္းျပီးမွ မ်က္နွာေဖ်ာ့ ေဖ်ာ့ေလးက ေသြးေရာင္ျပန္လႊမ္းလာရတယ္။

'အားက်န္႕ အားက်န္႕'

'သူ႕ကို မင္းရင္ခြင္ ထဲထည့္ျပီး ဆိုင္ကယ္ေမာင္းလို႕ရလား

ျဖည္းျဖည္းပဲ ထိန္းေမာင္းတာေပါ့'

'အင္း'

Xiao Zhan ကို သူ႕ေရွ႕မွာထားကာ ေမာင္းဖို႕လုပ္ရ တယ္။ ရင္ခြင္ထဲက သူက သတိျပန္လည္ေနေပမယ့္ ေပ်ာ့ ေခြေနေသးတယ္။ မ်က္လံုးျကည္ျကည္ေလးေတြက ခုေတာ့ မွိုင္းညိဳ႕ေနပါတယ္။ သူရင္ခြင္ထဲေခါင္းမွီျပီး လမ္းကိုလိုက္ျကည့္ေနတဲ႕ပံုေလးက အသည္းယားစရာ ေကာင္းသလို ခ်စ္စရာလည္းေကာင္း ပါတယ္။

ျဖည္းျဖည္းခ်င္းပဲေမာင္းထြက္ရင္း ေခ်ြးစေတြစို ေနေသးတဲ႕ ဆံစေလးေတြကို နွုတ္ခမ္းနဲ႕ ဖိကပ္ ထားမိတယ္။ ေတာင္းပန္ပါတယ္ ဒီေလာက္ေတာ့ ထိခြင့္ျပဳပါ။

ခ်စ္ရတဲ႕သူကို ဆံုးရွံုးရေတာ့ မလားဆိုတဲ႕ စိတ္က ဒီေလာကျကီးထဲအပူေလာင္ဆံုး အေတြးတစ္ခု ျဖစ္ပါလိမ့္မယ္။

သူခ်စ္ရတဲ႕သူကို မဆံုးရွံုးဖို႕ သူ႕အနားမွာ အျမဲတမ္းရွိ ေနနိုင္ဖို႕ သူ႕ရဲ႕ခ်ိဳ႕ယြင္းခ်က္ အေနွာင္အတြယ္ အားလံုးကို ရွင္းလင္းဖို႕ သူျကိဳးစားမွ ျဖစ္ပါေတာ့မယ္။

#################









Uni

တောင်လမ်းဆိုတဲ့အတိုင်း ဆိုင်ကယ်တစ်စီးမောင်းလို့ ရ ရုံ မြေလမ်းဘေးမှာ နှစ်ရှည်ပင်တွေ အစီအရီပေါက် ရောက်နေပါတယ်။ မြို့ပေါ်မှာ တယုတယ စိုက်ပြီး ဈေးကြီးပေးရတဲ့ သစ်ခွတွေဟာ အပင်မြင့်တွေပေါ်မှာ အလေ့ကျသဖွယ် ပေါက်ရောက်နေပါတယ်။

လမ်းတစ်လျှောက် အများဆုံးမြင်ရတာ နာနတ်သီးပင်တွေဖြစ်တယ်။ စိုက်ပျိုးထားတာမျိုး မဟုတ်ပဲ အလေ့ကျကို ပေါက်ရောက်နေတာ အားရစရာ မြင်ကွင်းဖြစ်တယ်။ မက်မန်းပင်တွေလည်း ပေါက်ရောက်နေပေမယ့် အသီးတော့ မတွေ့ရသေးဘူး။ ရာသီချိန်မဟုတ်လို့ထင်ပါတယ်။

အရွက်တွေ ယှက်ဖြာနေတော့ နေပျောက်တောင် သိပ်မထိုးပါဘူး။ အေးစိမ်စိမ့် သဘာဝကိုခံစားရင်း ငေးမောလိုက်ပါလာခဲ့တယ်။ သွားရင်းနဲ့ Leader ပြောတဲ့ ဝယ်ထားတဲ့ခြံတွေကို တွေ့ရပါတယ်။ ခြံကနောက်ဘက်ဘယ်လောက်ထိရှည်လဲ မသိပေမယ့် ဆိုင်ကယ်နဲ့ ခြံရှေ့ဖြတ်မောင်းတာတောင် တစ်နာရီနီးပါး ကြာမြင့်တယ်။

Xiao Zhan ပါစပ်အဟောင်းသားဖြစ်ရတယ် invest လုပ်ပေမယ့် ခုလောက်ထိလို့ မထင်ဘူး ဒါတောင် တစ်မျိုးထဲရှိသေးတယ်။ သူဌေးတွေကတော့ စီးပွားရေး အကွက်အကွင်းမြင်တော့ ချမ်းသာပြီးရင် ချမ်းသာနေမှာ။

Leader ရဲ့သီဟိုဠ်ခြံတွေအဆုံးမှာ ဆိုင်ကယ်မောင်းရာ လမ်းက ပိုလို့ကြပ်လာတာသတိထားမိတယ်။ ဆိုင်ကယ် တစ်စီးစာတောင် ချောင်ချောင်ချိချိ မောင်းလို့မရတာမို့ ထိန်းမောင်းနေရတယ်။ ဘေးကပ်ရပ်မှာ တောင်နံရံမြေ သားနဲ့ အပင်ကြီးတွေက နီးနီးကပ်ကပ်။ လှိုင်လိုမျိုး အုံးဆိုင်းလာတဲ့ အပင်တွေကြောင့် လူက မွန်းလာရတယ်။

လမ်းက ကျဉ်းလွန်းလို့ အသက်ရှူတောင် မဝ ဖြစ်လာ တယ်။ Xiao Zhan က အရင်ကတည်းက အလုံပိတ်ခန်း တွေကြောက်တတ်တဲ့ ရောဂါရှိပါတယ်။ ဓါတ်လှေကား ထဲ ရုတ်တရက် မီးပျက်ပြီး ရပ်သွားတဲ့ အခြေအနေမျိုး ဆို ကူကယ်ရာမဲ့ အသက်ရှူကြပ်လာတာ။ ခေါင်းကနေ ကြပ်ကြပ်တည်းတည်းစွပ်ချရတဲ့ အင်္ကျီတွေကိုတောင် သူရှောင်တယ်။

မွန်းလိုက်တာ။

'Leader မရောက်သေးဘူးလားဟင် ကျွန်တော် မွန်းကြပ် လာလို့'

ဆိုင်ကယ်က နှေးနှေးလေးပဲ မောင်းနေရတာမို့ Xiao Zhan ပြောတာကို Leader ကြားရပါတယ်။ Leader ကဆိုင်ကယ်ကို ချက်ချင်းရပ်လိုက်တယ်။ ရှေ့ကဆိုင် ကယ် နှစ်စီးကလည်း နောက်ဆုံးက ဆိုင်ကယ်ရပ်လိုက် သံကြောင့် သူတို့ပါရပ်သွားရတယ်။ ဆိုင်ကယ်ဦးထုတ် အပိတ်ကို ချွတ်ပြီး ဦးထုပ်အဝိုင်းလေးနဲ့ သူ့ကို ယက်ခတ် ပေးနေတာကို သိပေမယ့် ပြန်မကြည့်နိုင်လောက်အောင် လူက ပျော့ခွေနေပြီဖြစ်တယ်။ Xiao Zhan က ဆိုင်ကယ် ပေါ်ထိုင်လျက်သားကနေ ဘေးမှာ မတ်တပ်ရပ်နေတဲ့ Leader ရင်ခွင်ထဲ မှီတွယ်ထားရတယ်။

Wang Yibo ရင်ခွင်ထဲကလူကို ငုံ့ကြည့်တော့ မျက်လုံးတွေမှိတ် ချွေးတွေပျံပြီး အသက်ကို ပါစပ်လေးနဲ့ ခက်ခက်ခဲခဲရှူနေရတယ်။

'ဦးလေးတို့!!! ရွာရောက်ဖို့ ဘယ်လောက်လိုသေးလဲ

ရွာရောက်ဖို့နဲ့ ဒီကနေတောစပ်ကို ပြန်ထွက်ဖို့ ဘယ်ဟာပိုနီးလဲ'

'ရွာက ပိုနီးတယ်ဆရာလေး ငါးမိနစ်လောက်မောင်းရင်ရောက်ပြီ'

'ကျန့်ကျန့် က အသက်ရှူတော်တော်ကြပ်နေတာ inhaler မပါဘူးလား'

'မပါလောက်ဘူး ဟောက်ရွှမ်း ငါဘာလုပ်ရမလဲ တစ်ကိုယ်လုံးချွေးတွေထွက်နေတာကွာ'

Wang Yibo ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတယ်။ အသက်ကို ခက်ခက်ရှူသွင်းနေရတဲ့ ပုံစံလေးဟာ သူ့ရင်ကွဲမတတ်ပဲ။

ချစ်ရတဲ့သူနာကျင်လာတဲ့အခါ သူကိုယ်တိုင်ပါ နာကျင်လာရတယ်။

'မရဘူးဟေ့ရောင် ငါးမိနစ်လောက်တောင်ခံနိုင်အောင် လေသွင်းမှရမယ်

သူ့ကို မြေကြီးပေါ်ချပြီး အဝတ်တွေကြပ်နေတဲ့ဟာ အကုန် ဖြဲလိုက်ဟေ့ရောင်

ပါစပ်ကနေလေသွင်းပေးလိုက်'

'ဟင်! ငါ ငါ လုပ်လို့မရဘူး'

စိတ်ထဲမှာ ဆောင့်တက်လာတာက သေလောက်အောင် ထိချင်နေတဲ့ နှုတ်ခမ်းရဲရဲကို ခွင့်ပြုချက်မရပဲ လုံးဝ မထိမိဖို့။ ခနလောက်လေးစိုက်ကြည့်မိရင်တောင် မချင့်မရဲဖြစ်လာတဲ့ စိတ်တို့ကြောင့် ရဲရဲတင်းတင်း တောင် ကြည့်ရဲခဲ့တာမဟုတ်ဘူး။

'ဟာ ဒီကောင် အူကြောင်ကြားလုပ်မနေနဲ့ အသက်အန္တရယ် ဖြစ်နေတာ မင်းမလုပ်လို့ ငါလုပ်ရမှာလား'

ဟောရွှမ်းအော်ပြောတော့မှ သူလည်း သူ့စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး Xiao Zhan ကို ဆိုင်ကယ်ပေါ်က ပွေ့ချပြီး မြေပြင်ပေါ်မှာ အသာအယာလှဲပေးလိုက်တယ်။

သတိမကပ်နေတဲ့သူကို ကြည့်ရင်းသူ့ရင်တွေ ကြေမွရပါ တယ်။ အဝတ်တွေကို အမြန်ပဲဆွဲခွဲကာ နှုတ်ခမ်းကနေ လေမှုတ်သွင်းပေးရတယ်။

ပထမဆုံးအကြိမ် နမ်းလိုက်မိကတည်းက နောက်ထပ် ထပ်ပြီးနမ်းခွင့်မရတော့ဘူး ထင်တဲ့နှုတ်ခမ်းလေးက ခုတော့ သူနဲ့အနီးဆုံးမှာထိကပ်နေတယ်။ ရူးမတတ်နမ်း ချင်ခဲ့တဲ့ သူမို့ အသိစိတ်လွတ်ထွက်မသွားအောင် မနည်းထိန်းချုပ်နေရတယ်။

ဆောင့်ခုန်လာတဲ့ ရင်ဘတ်ကို ခက်ခက်ခဲခဲထိန်းချုပ်ကာ လေကိုရနိုင်သမျှ အဆုပ်ထဲထိရောက်အောင် မှုတ်သွင်းရတယ်။

အတော်ကြာအောင် လေမှုတ်သွင်းပြီးမှ မျက်နှာဖျော့ ဖျော့လေးက သွေးရောင်ပြန်လွှမ်းလာရတယ်။

'အားကျန့် အားကျန့်'

'သူ့ကို မင်းရင်ခွင် ထဲထည့်ပြီး ဆိုင်ကယ်မောင်းလို့ရလား

ဖြည်းဖြည်းပဲ ထိန်းမောင်းတာပေါ့'

'အင်း'

Xiao Zhan ကို သူ့ရှေ့မှာထားကာ မောင်းဖို့လုပ်ရ တယ်။ ရင်ခွင်ထဲက သူက သတိပြန်လည်နေပေမယ့် ပျော့ ခွေနေသေးတယ်။ မျက်လုံးကြည်ကြည်လေးတွေက ခုတော့ မှိုင်းညို့နေပါတယ်။ သူရင်ခွင်ထဲခေါင်းမှီပြီး လမ်းကိုလိုက်ကြည့်နေတဲ့ပုံလေးက အသည်းယားစရာ ကောင်းသလို ချစ်စရာလည်းကောင်း ပါတယ်။

ဖြည်းဖြည်းချင်းပဲမောင်းထွက်ရင်း ချွေးစတွေစို နေသေးတဲ့ ဆံစလေးတွေကို နှုတ်ခမ်းနဲ့ ဖိကပ် ထားမိတယ်။ တောင်းပန်ပါတယ် ဒီလောက်တော့ ထိခွင့်ပြုပါ။

ချစ်ရတဲ့သူကို ဆုံးရှုံးရတော့ မလားဆိုတဲ့ စိတ်က ဒီလောကကြီးထဲအပူလောင်ဆုံး အတွေးတစ်ခု ဖြစ်ပါလိမ့်မယ်။

သူချစ်ရတဲ့သူကို မဆုံးရှုံးဖို့ သူ့အနားမှာ အမြဲတမ်းရှိ နေနိုင်ဖို့ သူ့ရဲ့ချို့ယွင်းချက် အနှောင်အတွယ် အားလုံးကို ရှင်းလင်းဖို့ သူကြိုးစားမှ ဖြစ်ပါတော့မယ်။

#################

Continue Reading

You'll Also Like

97.8K 9.7K 31
[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021
553K 12.1K 39
In wich a one night stand turns out to be a lot more than that.
6.7K 708 38
When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12 Apr 2024 ( Fri ) Status - Completed Chap...
14.8K 345 36
A real-life situation over a boy I am best friends with, but he does no Long Distance Relationships anymore. I met him online.