Uni
ညနေရောက်တော့ Leader က coffee ခွက်ကို ပုံမှန်သိမ်းနေကျအချိန် မယောင်မလည် ရောက်လာပါတယ်။
'ကော်ဖီ အဆင်ပြေလား'
နေ့တိုင်းမေးတဲ့မေးခွန်းဖြစ်ပါတယ် သူပဲမပင်မပန်း မေးနိုင်လွန်းတယ်။ နေ့လည်က ရောက်လာတဲ့ အန်တီကြီးအကြောင်း သိချင်တာနဲ့ စကား စ လိုက်တယ်။
'Leader ဟို……'
'ဟင် ဘာလဲ ပြောလေ'
အခါတိုင်း Leader မေးရင်း ခေါင်းညိတ်ခေါင်းခါ ပဲလုပ်တတ်တဲ့ Xiao Zhan ဘက်က စကားစပြောလာတာ မို့ Leader က ပြာပြာသလဲမေးပါတယ်။
'နေ့လည်က အန်တီကြီးက ဘယ်သူ့ဆီလာတာလဲ'
'ဟင် အာ… ကိုယ့် မေမေလေ'
'အော်……… အဟင်း…'
'ဘာရီတာလဲ?'
Leader ပုံစံက အူကြောင်ကြောင် ဖြစ်နေတဲ့အခါ စိတ်ထဲတွေးမိတဲ့အကြောင်းက တိုက်ဆိုင်လာလို့ ထိန်းမရအောင်ရီချလိုက်တယ်။
'အဟွန်း…… Jie Jie ဆိုတာ Leader နာမည်လား'
အတည်ပေါက်နဲ့ နားထောင်နေတဲ့ Leader မျက်နှာက ပုပ်သိုးသွားတော့တယ်။ နားရွက်ဖျားတွေပါ ရဲတက်လာတော့ တော်တော်ရှက်သွားမှန်းသိသာတယ်။
'မေမေကွာ အမြဲပြောတယ် အဲ့လိုကြီးမခေါ်ပါနဲ့ဆိုတာကို'
'အဟင်း……'
ရုပ်တည်နဲ့ အမြဲခန့်ညားနေတတ်တဲ့ Leader က အိမ်နာမည် ကလေးဆန်လိုက်တာ။ Leader နဲ့ အိမ်နာမည်တွဲမြင်ယောင်တော့ ထိန်းမရအောင်ကို ရီချင်လာတယ်။ အားရအောင်ရီလိုက်တော့ မျက်ရည်တွေပါ ဝဲတက်လာရတယ်။ အူတွေလည်း နာနေပြီ။
အရီရပ်တော့ Leader က သူ့ကို tissue ကမ်းပေးလို့ ယူပြီးမျက်ရည်တွေသုတ်ရတယ်။ Leader ကပြန်ကြည့်တော့ ခုနလို ရှက်နေတာမျိုးမရှိတော့ပဲ သူ့ကိုပဲ စေ့စေ့စပ်စပ်ကြည့်နေပါတယ်။
'sorry ကျွန်တော် မထိန်းနိုင်လို့'
'ရီပါ ခုလိုမျိုးပဲ မင်းက စိတ်လွတ်ကိုယ်လွတ် ရီနေတဲ့အချိန်လည်း တစ်မျိုးချစ်စရာကောင်းတာပဲ။ ချစ်ဖို့ မကောင်းတဲ့အချိန်ရော ရှိသေးလား'
'……'
'……'
သူတို့နှစ်ယောက် ဘာစကားမှ မပြောဖြစ်ပဲ အပြန်အလှန်ငေးကြည့်နေဖြစ်ပါတယ်။
'ကိုယ်ယူသွားပြီနော်'
'ဟုတ် … '
##############
နောက်တစ်နေ့ညနေမှာ Leader က သူ့အမေရောက်လာလို့ ဆိုပြီး ရုံးက ဝန်ထမ်းအကုန် မာလာရှမ်းကော တွေဝယ်ကျွေးပါတယ်။ တစ်ခြားမြို့ကနေ လူလေးဆယ်စာ အပြည့်အစုံ တစ်ကူးတစ်က မှာယူရတာ delivery ဈေးတောင် အရမ်းများနေမှာသေချာတယ်။
သေသေချာချာ ထုတ်ပိုးထားတာတွေကို ဆိုင်ဝန်ထမ်းတွေကပဲ ပြင်ဆင်ပေးတာမို့ Xiao Zhan တို့က ဝင်စားရုံပဲဖြစ်ပါတယ်။
Xiao Zhan အရမ်းပျော်နေတယ် ဒါသူအရမ်းစား ချင်နေခဲ့တာလေ။ Xiao Zhan တို့ဝိုင်းမှာ ရွယ်ရွယ်ကျဲ ရှင်းချန် ကျန်းချန်ရယ် နဲ့ နေရာယူထားတာဖြစ်တယ်။
'Yibo လာလေ ဒီကို'
ရွယ်ရွယ်ကျဲက လှမ်းခေါ်လိုက်တာမို့ Leader ပါ သူတို့ဝိုင်းကိုရောက်လာတယ်။ ရှင်းချန်က Xiao Zhan ဘက်တိုးထိုင်လိုက်တာမို့ Leader က ကျဲနဲ့ ရှင်းချန်ကြားမှာထိုင်လိုက်တော့ Xiao Zhan နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။
'Leader တို့က တော်တော်ချမ်းသာတာပဲနော် ဒီနေ့ကျွေးတာတင်မနည်းဘူး'
'အမလေး ရှင်းချန် အားမနာနဲ့ နင်တို့ Leader ကိုကောင်းကောင်းသာ နှိပ်စက် သူက သူဌေးလေ Wang group က သူ့လက်ထဲရောက်လာမှာ'
Wang group? ဒါtop 10 စာရင်းဝင် ချမ်းသာတဲ့လုပ်ငန်းစုကြီး မလား။ ဒါမှမဟုတ် နာမည်တူနေတာလား။ Xiao Zhan ကြောင်တောင်တောင်လေး လိုက်ကြည့်ပြီး ငြိမ်ပြီးနားထောင်နေရတယ်။
'ရွယ်ရွယ်! ဘာဖြစ်နေတာလဲ'
Leader က မအူမလည် ဖြစ်နေတဲ့ Xiao Zhan တစ်ချက်ပြန်လှည့်ကြည့်လာပြီး စားဖို့ အချက်ပြတယ်။ Xiao Zhan လည်းတွေးမနေတော့ပဲ စားဖို့ လုပ်လိုက်တယ်။
'ရော့!'
စားလို့တစ်ဝက်လောက်ရောက်တော့ Leader က သူ့ဖို့ ဖျော်ရည်လာချပေးတာဖြစ်တယ်။
သူအရမ်းစပ်နေတာကြောင့် မငြင်းတော့ပဲ ယူသောက်လိုက်တယ်။
'ကျန့်ကျန့် ဒီကောင်ကလေ ကျောင်းမှာ ကတည်းက အချေကောင် သူ့ကို ကြိုက်တဲ့သူတွေမှ ဝိုင်းဝိုင်းလည်နေတာ ဒင်းက အဖတ်လုပ်တာမဟုတ်ဘူး။ ခုမှသာ ကော်ဖီတိုက်ရတာနဲ့ စားချင်တာ ဝယ်ကျွေးရတာနဲ့ အသည်းအသန် ဖြစ်နေတာ'
အသည်းအသန်? ဘာကိုပြောတာလဲ Leader နဲ့သူ့အကြောင်းသိနေတာလား။
'အဟွတ်!'
သီးသွားမလို ဖြစ်တော့ နှာခေါင်းတွေ လည်ပင်းတွေပါ ထူပူပြီး စပ်နေတယ်။ ချောင်းတွေလည်း ဆိုးလာတော့တယ်။
'ရွယ်ရွယ်!'
Leader က ရွယ်ရွယ်ကျဲကို မာန်ပြီး သူ့နားကို ပြန်ရောက်လာတယ်။ ရွယ်ရွယ်ကျဲကလည်း ခုမှ စလိုက်တာ လွန်သွားသလိုတောင်းပန်နေပါတယ်။
'ရေသောက်လိုက်'
ချောင်းဆိုးတာ ရပ်မရတဲ့အပြင် လည်ပင်းတွေထူပူနေရတဲ့ အထဲ Leader က ရောက်ရက်ခတ် နေတော့ လူတွေအကုန်လုံးက သူ့တို့ဆီကို ကြည့်လာပါတော့တယ်။
Wang Jie ရဲ့ ပျာယာခတ်နေတဲ့ ပုံကိုကြည့်ပြီး Wang ကတော်က တစ်ခုခုကို သဘောပေါက်လိုက် ရပါတော့တယ်။
################
Zawgyi
ညေနေရာက္ေတာ့ Leader က coffee ခြက္ကို ပုံမွန္သိမ္းေနက်အခ်ိန္ မေယာင္မလည္ ေရာက္လာပါတယ္။
'ေကာ္ဖီ အဆင္ေျပလား'
ေန႔တိုင္းေမးတဲ့ေမးခြန္းျဖစ္ပါတယ္ သူပဲမပင္မပန္း ေမးႏိုင္လြန္းတယ္။ ေန႔လည္က ေရာက္လာတဲ့ အန္တီႀကီးအေၾကာင္း သိခ်င္တာနဲ႔ စကား စ လိုက္တယ္။
'Leader ဟို……'
'ဟင္ ဘာလဲ ေျပာေလ'
အခါတိုင္း Leader ေမးရင္း ေခါင္းညိတ္ေခါင္းခါ ပဲလုပ္တတ္တဲ့ Xiao Zhan ဘက္က စကားစေျပာလာတာ မို႔ Leader က ျပာျပာသလဲေမးပါတယ္။
'ေန႔လည္က အန္တီႀကီးက ဘယ္သူ႕ဆီလာတာလဲ'
'ဟင္ အာ… ကိုယ့္ ေမေမေလ'
'ေအာ္……… အဟင္း…'
'ဘာရီတာလဲ?'
Leader ပုံစံက အူေၾကာင္ေၾကာင္ ျဖစ္ေနတဲ့အခါ စိတ္ထဲေတြးမိတဲ့အေၾကာင္းက တိုက္ဆိုင္လာလို႔ ထိန္းမရေအာင္ရီခ်လိုက္တယ္။
'အဟြန္း…… Jie Jie ဆိုတာ Leader နာမည္လား'
အတည္ေပါက္နဲ႔ နားေထာင္ေနတဲ့ Leader မ်က္ႏွာက ပုပ္သိုးသြားေတာ့တယ္။ နား႐ြက္ဖ်ားေတြပါ ရဲတက္လာေတာ့ ေတာ္ေတာ္႐ွက္သြားမွန္းသိသာတယ္။
'ေမေမကြာ အၿမဲေျပာတယ္ အဲ့လိုႀကီးမေခၚပါနဲ႔ဆိုတာကို'
'အဟင္း……'
႐ုပ္တည္နဲ႔ အၿမဲခန္႔ညားေနတတ္တဲ့ Leader က အိမ္နာမည္ ကေလးဆန္လိုက္တာ။ Leader နဲ႔ အိမ္နာမည္တြဲျမင္ေယာင္ေတာ့ ထိန္းမရေအာင္ကို ရီခ်င္လာတယ္။ အားရေအာင္ရီလိုက္ေတာ့ မ်က္ရည္ေတြပါ ဝဲတက္လာရတယ္။ အူေတြလည္း နာေနၿပီ။
အရီရပ္ေတာ့ Leader က သူ႕ကို tissue ကမ္းေပးလို႔ ယူၿပီးမ်က္ရည္ေတြသုတ္ရတယ္။ Leader ကျပန္ၾကည့္ေတာ့ ခုနလို ႐ွက္ေနတာမ်ိဳးမ႐ွိေတာ့ပဲ သူ႕ကိုပဲ ေစ့ေစ့စပ္စပ္ၾကည့္ေနပါတယ္။
'sorry ကြၽန္ေတာ္ မထိန္းႏိုင္လို႔'
'ရီပါ ခုလိုမ်ိဳးပဲ မင္းက စိတ္လြတ္ကိုယ္လြတ္ ရီေနတဲ့အခ်ိန္လည္း တစ္မ်ိဳးခ်စ္စရာေကာင္းတာပဲ။ ခ်စ္ဖို႔ မေကာင္းတဲ့အခ်ိန္ေရာ ႐ွိေသးလား'
'……'
'……'
သူတို႔ႏွစ္ေယာက္ ဘာစကားမွ မေျပာျဖစ္ပဲ အျပန္အလွန္ေငးၾကည့္ေနျဖစ္ပါတယ္။
'ကိုယ္ယူသြားၿပီေနာ္'
'ဟုတ္ … '
##############
ေနာက္တစ္ေန႔ညေနမွာ Leader က သူ႕အေမေရာက္လာလို႔ ဆိုၿပီး ႐ုံးက ဝန္ထမ္းအကုန္ မာလာ႐ွမ္းေကာ ေတြဝယ္ေကြၽးပါတယ္။ တစ္ျခားၿမိဳ႕ကေန လူေလးဆယ္စာ အျပည့္အစုံ တစ္ကူးတစ္က မွာယူရတာ delivery ေဈးေတာင္ အရမ္းမ်ားေနမွာေသခ်ာတယ္။
ေသေသခ်ာခ်ာ ထုတ္ပိုးထားတာေတြကို ဆိုင္ဝန္ထမ္းေတြကပဲ ျပင္ဆင္ေပးတာမို႔ Xiao Zhan တို႔က ဝင္စား႐ုံပဲျဖစ္ပါတယ္။
Xiao Zhan အရမ္းေပ်ာ္ေနတယ္ ဒါသူအရမ္းစား ခ်င္ေနခဲ့တာေလ။ Xiao Zhan တို႔ဝိုင္းမွာ ႐ြယ္႐ြယ္က်ဲ ႐ွင္းခ်န္ က်န္းခ်န္ရယ္ နဲ႔ ေနရာယူထားတာျဖစ္တယ္။
'Yibo လာေလ ဒီကို'
႐ြယ္႐ြယ္က်ဲက လွမ္းေခၚလိုက္တာမို႔ Leader ပါ သူတို႔ဝိုင္းကိုေရာက္လာတယ္။ ႐ွင္းခ်န္က Xiao Zhan ဘက္တိုးထိုင္လိုက္တာမို႔ Leader က က်ဲနဲ႔ ႐ွင္းခ်န္ၾကားမွာထိုင္လိုက္ေတာ့ Xiao Zhan နဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားတယ္။
'Leader တို႔က ေတာ္ေတာ္ခ်မ္းသာတာပဲေနာ္ ဒီေန႔ေကြၽးတာတင္မနည္းဘူး'
'အမေလး ႐ွင္းခ်န္ အားမနာနဲ႔ နင္တို႔ Leader ကိုေကာင္းေကာင္းသာ ႏွိပ္စက္ သူက သူေဌးေလ Wang group က သူ႕လက္ထဲေရာက္လာမွာ'
Wang group? ဒါtop 10 စာရင္းဝင္ ခ်မ္းသာတဲ့လုပ္ငန္းစုႀကီး မလား။ ဒါမွမဟုတ္ နာမည္တူေနတာလား။ Xiao Zhan ေၾကာင္ေတာင္ေတာင္ေလး လိုက္ၾကည့္ၿပီး ၿငိမ္ၿပီးနားေထာင္ေနရတယ္။
'႐ြယ္႐ြယ္! ဘာျဖစ္ေနတာလဲ'
Leader က မအူမလည္ ျဖစ္ေနတဲ့ Xiao Zhan တစ္ခ်က္ျပန္လွည့္ၾကည့္လာၿပီး စားဖို႔ အခ်က္ျပတယ္။ Xiao Zhan လည္းေတြးမေနေတာ့ပဲ စားဖို႔ လုပ္လိုက္တယ္။
'ေရာ့!'
စားလို႔တစ္ဝက္ေလာက္ေရာက္ေတာ့ Leader က သူ႕ဖို႔ ေဖ်ာ္ရည္လာခ်ေပးတာျဖစ္တယ္။
သူအရမ္းစပ္ေနတာေၾကာင့္ မျငင္းေတာ့ပဲ ယူေသာက္လိုက္တယ္။
'က်န္႔က်န္႔ ဒီေကာင္ကေလ ေက်ာင္းမွာ ကတည္းက အေခ်ေကာင္ သူ႕ကို ႀကိဳက္တဲ့သူေတြမွ ဝိုင္းဝိုင္းလည္ေနတာ ဒင္းက အဖတ္လုပ္တာမဟုတ္ဘူး။ ခုမွသာ ေကာ္ဖီတိုက္ရတာနဲ႔ စားခ်င္တာ ဝယ္ေကြၽးရတာနဲ႔ အသည္းအသန္ ျဖစ္ေနတာ'
အသည္းအသန္? ဘာကိုေျပာတာလဲ Leader နဲ႔သူ႕အေၾကာင္းသိေနတာလား။
'အဟြတ္!'
သီးသြားမလို ျဖစ္ေတာ့ ႏွာေခါင္းေတြ လည္ပင္းေတြပါ ထူပူၿပီး စပ္ေနတယ္။ ေခ်ာင္းေတြလည္း ဆိုးလာေတာ့တယ္။
'႐ြယ္႐ြယ္!'
Leader က ႐ြယ္႐ြယ္က်ဲကို မာန္ၿပီး သူ႕နားကို ျပန္ေရာက္လာတယ္။ ႐ြယ္႐ြယ္က်ဲကလည္း ခုမွ စလိုက္တာ လြန္သြားသလိုေတာင္းပန္ေနပါတယ္။
'ေရေသာက္လိုက္'
ေခ်ာင္းဆိုးတာ ရပ္မရတဲ့အျပင္ လည္ပင္းေတြထူပူေနရတဲ့ အထဲ Leader က ေရာက္ရက္ခတ္ ေနေတာ့ လူေတြအကုန္လုံးက သူ႕တို႔ဆီကို ၾကည့္လာပါေတာ့တယ္။
Wang Jie ရဲ႕ ပ်ာယာခတ္ေနတဲ့ ပုံကိုၾကည့္ၿပီး Wang ကေတာ္က တစ္ခုခုကို သေဘာေပါက္လိုက္ ရပါေတာ့တယ္။
################