Till The End

By Aster_Glory

94.6K 10.9K 141

Yizhan I do not own every single photo in this fiction. If there is something wrong, please forgive me Final... More

1 (*-.*)
2 (*-.*)
:):)
3 (^-.^)
4 (*-.*)
5 (•*-.*•) <3
6 (^-.^)
7 (*-.*)
8 /)/).
9 (•^_^•)
10 (\/).
11 (*-.*)
13 (•-.•)
14 ~•-.•~
15 ~^-.^~
16 /)/).
17 (\_/).
18 ~*-.*~
19 ~•-.•~
20 o-0
21 (•-.•)
22 (*-.*) <33333333
Message

12 (^-.^)

3.1K 445 7
By Aster_Glory

Zawgyi


တစ်ခုပဲ






#################















'အာ… နိဟောင် အားရီ'





###############







Uni

Leader က သူ့ရဲ့ ကတိကို အတည်ဖြစ်ပေးခဲ့ပါတယ်။ Xiao Zhan အနားကို မလာတော့ပဲ ခပ်ခွာခွာပဲ နေပေးပါတယ်။

တစ်ခုပဲ

နေ့လည်ကို နှပ်ကော်ဖီ ပုံမှန်လာပို့ပေးတာပါ ခွက်ပေါ်ကအရုပ်လေးတွေ မြင်ရတော့ အရင်ကတည်းက စားပွဲပေါ်လာလာထားတဲ့ coffee ခွက်လေးတွေဟာ Leader ပို့ပေးမှန်းသိရတော့တယ်။

ကော်ဖီခွက်ပေါ်က အရုပ်ကလေးတွေက သူရဲ့ ပုံတွေ မှန်းသိသာပေမယ့် တစ်နေ့တစ်မျိုးမထပ်ရအောင် ဆွဲလာတာတွေ့ရတယ်။ မျက်လုံးမှိတ်နေတဲ့ပုံ ရယ်နေတဲ့ပုံ စိတ်တိုနေတဲ့ပုံ တစ်ခါတစ်လေ နှုတ်ခမ်းဆူနေတဲ့ပုံလေးတွေပါ ပါတယ်။ ဒီလိုပုံတွေ ဘယ်နှခုတောင် ရှိနေလဲမသိဘူး။

ပုံလေးတွေက ချစ်စရာကောင်းလို့ အဲ့ sticker လေးတွေကို ခွာပြီး ကတ္တီပါ ဘူးလေးနဲ့ သိမ်းထားဖြစ်တယ်။ ညနေရောက်ရင် မယောင်မလည်နဲ့ ရောက်လာပြီး ကော်ဖီခွက် လာသိမ်းတတ်ပါတယ်။ coffee က သောက်လို့ အဆင်ပြေလား ခါးလား ချိုလားနဲ့ စကားမရှိစကားရှာ ပြောပြီးမှ ပြန်ပါတယ်။

တစ်ခါတစ်လေ Leader ရောက်လာတဲ့အချိန် Xiao Zhan နားမှာ ကျန်းချန်ရှိနေရင် ဟိုကြည့်ဒီကြည့်နဲ့ ပြန်သွားတတ်သေးတယ်။ အဲ့လိုအချိန်တွေဆို အီလည်လည် Leader မျက်နှာက ရယ်ချင်စရာ ကောင်းပါတယ်။ ကျန်းချန်ကလည်း Leader က coffee တွေပို့နေတာသိပေမယ့် အမေးအမြန်းတော့ မလုပ်လို့ တော်ပါသေးတယ်။

ဒီလိုအခြေအနေလေးလောက်ကို ထိန်းထားချင်ပါတယ်။ Xiao Zhan ကိုယ်တိုင်က Leader ရဲ့အဝေးကိုသွားရ ရင်နာကျင်တတ်တာမို့ မနီးမဝေး အခုအတိုင်းလေးကပဲ အဆင်ပြေပါတယ်။

#################

'မာလာရှမ်းကော စားချင်တယ် ကျန်းချန်ရာ စပ်စပ်လေး ဖရဲသီးဖျော်ရည်လေးနဲ့ ကွက်တိ'

'ငါရောပဲလေ အရမ်းစားချင်တယ်'

Xiao Zhan အပြောကို ရှင်းချန်က ထောက်ခံပေး လာတာဖြစ်တယ်။

'ဒီမြို့မှာမှ မရှိတာ မင်းစားချင်ရင် ရုံးပိတ်ရက်ကျ ဟို ငါတို့ ဆိုင်ကယ်ငှားစီးတဲ့ မြို့သွားကြတာပေါ့'

'ဒီအလုပ်တွေက ပိတ်ရက်ပါ မနားရတာလေ ဟူးးး ငါ့ရဲ့ မာလာရှမ်းကောလေး မျှော်တိုင်းဝေးပဲ'

'အစားအသောက်အကြောင်း ဆွေးနွေးနေကြတယ်ပေါ့'

ဟောက်ရွှမ်းကောက Xiao Zhan တို့ရှိတဲ့ခုံတွေရှေ့ စကားလာပြောတာဖြစ်တယ်။

'ခုမှပါ ဗျာ ခင်များကလည်း'

'မင်း…… ရှင်းချန် ငါမင်းရဲ့အထက်အရာရှိနော် နည်းနည်းပါးပါးလေးစားစမ်းပါ'

ဟောက်ရွှမ်းကောပြောတာကို ရှင်းချန်က ပုခုံးတွန့်ပြပါတယ်။ သူတို့နှစ်ယောက်လည်း ခရီးတစ်ခေါက် အတူထွက်လိုက်တာ တော်တော်ရင်းနှီးလာကြတယ်။

Xiao Zhan တို့စကားပြောနေတုန်း ရုံးရှေ့ကို ကားတစ်စီးထိုးရပ်လာပါတယ်။

'wow အဲ့ဒါ BMW latest series ထဲကမလား $85000 လောက်ရှိတာလေ'

Xiao Zhan ခေါင်းထောင်လာရတယ်။ ဒါသူတို့ငါးနှစ်စာ ဝင်ငွေလောက်ရှိတာလေ။

ကားထဲကနေ အန်တီကြီးတစ်ယောက်ဆင်းလာတယ်။ ထူးထူးခြားခြား မပြင်ဆင်ပဲ လက်ဝတ်ရတနာ မဆင်မြန်းထားတာတောင် ချမ်းသားတဲ့ အရှိန်အဝါတွေ ပြည့်နက်နေပါတယ်။

'အာ… နိဟောင် အားရီ'

ဟောက်ရွှမ်းကောက အဲ့ဒီ အန်တီကြီးကို နှုတ်ဆက်လိုက်တာဖြစ်တယ်။

'အော…… သား ဟောက်ရွှမ်း Jie Jie ရော အားရီကို မဆက်သွယ်လို့လိုက်လာရတာ သူအဆင်ပြေလား'

'အပေါ်မှာ ရုံးချုပ်ကို ပို့ရမယ့် report တွေပြင်နေတယ်။ လာအားရီ ကျွန်တော်လိုက်ပို့မယ်'

Jie Jie? ဘယ်သူကြီးလဲ အပေါ်ထပ်မှာ Leader ပဲရှိတာလေ။

###############

Continue Reading

You'll Also Like

2.3K 55 5
" 𝐒𝐭𝐚𝐲 𝐬𝐭𝐫𝐨𝐧𝐠. 𝐃𝐨 𝐧𝐨𝐭 𝐥𝐞𝐭 𝐭𝐡𝐞 𝐭𝐡𝐢𝐧𝐠𝐬 𝐭𝐡𝐚𝐭 𝐡𝐚𝐯𝐞 𝐡𝐮𝐫𝐭 𝐲𝐨𝐮 𝐭𝐮𝐫𝐧 𝐲𝐨𝐮 𝐢𝐧𝐭𝐨 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐭𝐡𝐚�...
844 88 26
Photos Albums There's no house here..!!! YoUth #121321
676K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
130K 4.6K 38
❝ EVIL IS LOOSE. CAN WE SURVIVE IT'S REIGN? ❞ Once Upon a Time Season 6 AU Henry Mills × OC ━━━━━━━━━━━━━━━━━━ NOVEL #2 in the SOULMATES SERI...