Cruel Flowers ( Season 2) : P...
By AliceYay-Zhang
41K 3.6K 498
ဖြစ်တည်မှုတိုင်းက မလှပ​ဘူး ဒါ​ပေမယ့် ကိုယ်ရဲ့ဖြစ်တည်မှုက​တော့ မင်းဆိုတဲ့ လူသား​လေးမို့ လှပသည်ထက်ပိုပါတယ် ~ ျဖ... More
Intro
Ep-1 (Uni/Zawgyi)
Ep-2 (Uni/Zawgyi)
Ep-4 (Uni/Zawgyi)
Ep-5 (Uni/Zawgyi)
Ep-6 (Uni/Zawgyi)
Ep-7'1 (Uni/Zawgyi)
Ep-7'2 (Uni/Zawgyi)
Ep-8 (Uni/Zawgyi)
Ep-9'1 (Uni/Zawgyi)
Ep-9'2 (Uni/Zawgyi)
Ep-10 (Uni/Zawgyi)
Ep-11 (Uni/Zawgyi)
Ep-12 (Uni/Zawgyi)
Ep-13 (Uni/Zawgyi)
For ( Season 3 )
Ep-3 (Uni/Zawgyi)
2.1K 221 29
By AliceYay-Zhang
Unicode
_________
Jisoo ပြန်သွား​တဲ့​​နောက်မှာတော့
Jennie အ​ပေါ်ထပ်ကိုတက်လာခဲ့တယ်
အရင်အတိုင်းမ​ပြောင်းလဲတဲ့အခန်းပုံစံ​တွေနဲ့
တစ်ချိန်​ကပျော်ရွှင်ခဲ့ကြတဲ့ Li နဲ့ Jennie တို့ရဲ့ပုံရိပ်​တွေ ~
​ကျောင်းသွားခါနီး အ​မေဖြစ်သူရဲ့အစား
အမြဲတမ်း နှဖူးကိုနမ်း​ပေးတတ်တဲ့ Li ကို
မိဘ​တွေအတွက်ပြန်လက်စား​ချေတာလားလို့
ခါးခါးသီးသီး စွပ်စွဲခဲ့ဖူးတာ​တွေကိုပြန်ကြား​ယောင်မိတယ်
အလုပ်​တွေရှုပ်​နေတဲ့ Li က Jennieကိုပစ်ထားလို့
စိတ်ဆိုးပြီး အပြင်မှာတစ်​နေကုန်​​နေရင်း အရွဲ့တိုက်ကာ
ပရိ​ဘောဂဆိုင်​တွေ ​စျေးဝယ်စင်တာ​တွေ​လျှောက်သွားခဲ့တယ်
​​နောက်တစ်​နေ့မနက်မိုးလင်းတာနဲ့
ပစ္စည်းအသစ်​တွေ အိမ်ကို​ရောက်လာတာသတိထားမိ​ပေမယ့်
အရင်က ​သေချာမကြည့်မိခဲ့သလို စိတ်မဝင်စားခဲ့ဘူး
အခု​တော့ မျက်စိ​ရှေ့မှာမြင်​နေရတဲ့အရာ​တွေက
Jennieသ​ဘောကျလို့ ဝင်ကြည့်ဖြစ်ခဲ့တဲ့ပစ္စည်း​တွေချည်းပဲ ~
တစ်ခါတစ်​နေ့ ဧည့်ခန်းက စားပွဲနဲ့ဆိုဖာ တစ်ခုလုံး
အသစ်ဖြစ်​နေတာ​တောင် ဘာဆိုဘားမှ စိတ်မဝင်စားမိခဲ့ဘူး
Li က Jennie ကို အရမ်းချစ်ခဲ့တာပဲ
သူ မအား​ပေမယ့်
အမြဲတမ်းအနားမှာရှိ​နေသလိုမျိုး
အစစအရာရာ ​သေချာဂရုစိုက်​ပေးခဲ့တာပါ
ဒါ​ပေမယ့် Jennie မသိခဲ့ဘူး
ဘယ်အရာ​တွေက ဒီ​လောက်မှားယွင်းခဲ့တာလဲ ?
တစ်​လောကလုံးမှာမှ
Jennie ရဲ့မျက်နှာတစ်ခုတည်းကိုပဲ
အမြဲဂရုတစိုက် ကြည့်​နေတတ်တဲ့သူ ~
" တို့ ဦး​လေး Park ကို​ပေးခဲ့တဲ့
ကတိ​တွေ​တောင် မတည်ဖြစ်နိုင်ခဲ့ဘူး Li ! "
" Lisa က သမီး Jennie ကိုသိပ်ချစ်ရှာတာ "
" သူ့​ဘေးမှာ​နေပြီး သူ့ကို​သေချာပြုပြင်​ပေးရင်း
သမီးJennieကသာ Lisaကိုချစ်​ပေးမယ်ဆိုရင်
အရမ်းကို ပြည့်စုံသွားမှာပဲလို့ ထင်မိတယ် "
" ဦး​လေးကိုကတိ​ပေးနိုင်မလား သမီး ? "
" ဟင့်အင်း ~ သမီး ကတိမတည်နိုင်ခဲ့ဘူး "
နားထဲမှာ စကားသံ​တွေကိုပြန်ကြား​ယောင်မိ​တော့
Jennie မျက်ရည်များစွာနဲ့ ​အော်ဟစ်ပြီးငို​ကြွေးမိသည်
သူမ ​သေဆုံးသွားတာကို လက်မခံနိုင်​သေးဘဲ
ဘယ်​လောက်​တောင် ထိန်းခဲ့ရတဲ့ မျက်ရည်​တွေလဲ ~
အခု​တော့အတိတ်ရဲ့ အဖြစ်အပျက်​တွေက
ဒါဏ်ရာ​အ​ဟောင်း​ရော အသစ်ကိုပါ ပြန်နှိုးဆွတူးဖော်ခဲ့တယ်
" တို့အပြစ်​တွေပါ Li !
အားလုံးက တို့​ကြောင့်ပါပဲ "
Baek က ​​ငို​သံ​ကြောင့်
အ​ပေါ်ထပ်ကိုတက်လာ​တော့
သူ​ဌေးဖြစ်သူရဲ့ အခန်းတံခါးဝမှာ
ငုတ်တုပ်ထိုင်ပြီးငို​နေတဲ့ Jennieကို​တွေ့တယ်
အနားကိုသွားပြီး ကူထိန်း​ပေးဖို့ဆန္ဒရှိ​ပေမယ့်
နားထဲက အသံစက်မှာကြားလိုက်ရတဲ့ အမိန့်ကြောင့်
အ​ဝေးက​နေပဲ Jennie ကို ​စောင့်ကြည့်​နေခဲ့သည်
" မမ​လေး Lily နဲ့ နည်းနည်း​လေး
စကား​​ပြောရင်း က​တောက်ကဆဖြစ်​တယ် သူ​ဌေး ! "
အသံစက်ကိုဖိပြီး​ပြောလိုက်​တော့ တစ်ဖက်က
" သူတို့ အခု​​လေယာဥ်​ပေါ်မှာ​နေလိမ့်မယ်
​နောက် 1 နာရီ​လောက်ဆို ဒီကို​ရောက်ပါပြီး
ငါ Lily ကို သတိ​ပေးလိုက်မှာမို့ အဲ့ကိစ္စစိတ်မပူနဲ့
Jennie ကို​တော့ ​သေချာ​စောင့်​ရှောက်​ပေးပါ "
" Mrs.Greyကို တွေ့ပြီလား သူ​ဌေး ?
ကျွန်​တော်တို့ ဘယ်​​လောက်ပဲကြိုစားရှာပါ​​စေ
သူ့ရဲ့ သဲလွန်စ​လေးတစ်ခု​တောင်မရဘူး "
" သူ​ပေါ်လာမယ့် တစ်ချိန်​တော့ရှိမှာပါ
​သေချာတာတစ်ခုက​ သူ လူသတ်လို့မရဘူး "
" သူ​ဌေး ဘာကိုဆိုလိုတာ...
" သမီး Chaeng နိုးလာလို့
​နောက်မှပဲ စကား​ပြော​တော့မယ် Baek !
​နောက်နာရီဝက်​လောက်​နေလို့မှ အဲ့​နေရာက​နေ
သူမထ​သေးရင် ဝင်ထိန်းပြီး အခန်းထဲပို့​ပေးလိုက်ပါ "
ပြန်​ဖြေချိန်​တောင်မရ​တော့ဘဲ
အသံစက်က ဆက်သွယ်မှုပျက်သွားတာနဲ့
နံရံမှာမှီရင်း Jennie ကို ပြန်ကြည့်​နေလိုက်တယ်
အချိန်အ​တော်ကြာတဲ့အထိ Jennie ငို​နေခဲ့တယ်
နာရီဝက်ထက်​ကျော်​နေပြီမို့
အနားကိုသွားဖို့ပြင်လိုက်​ပေမယ့်
ရုတ်တရက် သူမက မတ်တပ်ရပ်လာပြီး
သူ​ဌေးဖြစ်သူရဲ့အခန်းထဲကိုဝင်သွားတာမို့
Baek ​အောက်ထပ်ကိုပဲ ပြန်ဆင်းလာခဲ့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Liရဲ့အခန်းထဲကို Jennie ဝင်လာခဲ့တယ်
အခန်းက မသုံးဖြစ်တာကြာ​ပေမယ့်
သန့်ရှင်း​ရေး​သေချာလုပ်ထား​ပြီး​တော့
ပြူတင်း​ပေါက်​နဲ့ ဝရံတာတံခါး​တွေကို ပိတ်ထားသည်
Jennie အခန်းထဲဝင်ဝင်ချင်း မီးခလုတ်ဖွင့်ပြီး
ပြူတင်းပေါက်တံခါး​တွေကို တစ်ခုချင်းစီဖွင့်လိုက်တယ်
ဝရံတာတံခါးကိုဖွင့်ဖို့အလာ ရုတ်တရက်
​လေအ​တော်​လေး ခပ်ပြင်းပြင်းတိုက်ခတ်ပြီး
အ​​စောကဖွင့်ထားတဲ့ ပြူတင်း​ပေါက်တံခါး​တွေက
အားပြင်းပြင်းနဲ့ ဖွင့်ချည်ပိတ်ချည်ရိုက်ခတ်​လာတယ်
တစ်ခန်းလုံးက လိုက်ကာစ​တွေဟာလည်း
​လေ​ကြောင့်လှုပ်ခတ်​ရွေ့လျား​နေပြီး ဖုန်​တွေနဲ့
သစ်ရွက်​ခြောက်အမှိုက်​တွေကပါ အခန်းထဲဝင်လာခဲ့တယ်
ဝရံတာ တံခါးဟာမှန်တံခါးဖြစ်တယ်
တွန်းပြီး​တော့ ပိတ်ရဖွင့်ရတာမျိုး​ပေမယ့်
ထူး​ဆန်းစွာနဲ့ သူ့အလိုလိုပွင့်လာတာကို
Jennie ​အံ့သြပြီး ကြည့်​နေမိသည်
​လေက ငြိမ်သွား​ခဲ့တယ်
ဒါ​ပေမယ့် တံခါး​တွေကို ပြန်ပိတ်ဖို့သာပြင်လိုက်သည်
" မိုး​​တော့ မရွာ​​လောက်ပါဘူး​နော် ? "
ပါးစပ်က ရွတ်ဆိုရင်း
ဝရံတာတံခါးကိုပိတ်ဖို့ ​​လက်နှစ်ဖက်နဲ့အားပြုပြီး
ဆွဲလိုက်​ပေမယ့် ကြပ်​နေတာ​ကြောင့် အရှိန်မထိန်းနိုင်ဘဲ ​
ဖင်ထိုက်လျက်သား ကြမ်းပြင်​ပေါ်လဲကျသွားခဲ့တယ်
" Li ! "
​ကြောက်ရွံ့ချိန်တိုင်း အထိတ်တလန့်ဖြစ်တဲ့
အချိန်တိုင်းမှာ ​ယောင်ပြီး​ခေါ်မိတဲ့ နာမ်စားတစ်ခု ~
သတိရစိတ်ပြင်းထန်တဲ့အချိန်မှာ ပိုဝမ်းနည်းရပြန်တယ်
ကြမ်းပြင်​ပေါ်က သစ်ရွက်အမှိုက်​တွေကို
လက်နဲ့​ထောက်မိပြီး သတိဝင်လာ​တော့မှ
Jennie အမြန်လဲကျ​နေရာက​နေ ထလိုက်တယ်
" အရင်​ဆုံး ဒီအမှိုက်​တွေရှင်းရမယ် "
အ​ပြောနဲ့အတူ ​အနောက်ဖက်ကိုအလှည့်
Jennie ရဲ့​ခြေလှမ်း​တွေက ရုတ်တရက်ရပ်တန့်သွားတယ်
ကုတင်​ပေါ်ကို မျက်လုံးက​ရောက်​နေခဲ့ပြီး
လှုပ်ရှားမှုတစ်ခုချင်းစီကို ​သေချာစူးစိုက်ကြည့်မိ​တော့
မျက်ရည်​တွေက အလိုလိုကျလာခဲ့တယ်
Li အိပ်​နေတယ်လို့ မြင်​နေရတယ် ~
ဒါက စိတ်စွဲလန်းမှု​ကြောင့်ဆို​ပေမယ့်
Jennie လွမ်း​နေခဲ့ရတဲ့ဒီမျက်နှာ​​​လေးကို
အပြင်မှာတစ်ကယ်လိုမျိုးမြင်​တွေ့မိချိန်မှာ
ဝမ်းနည်းဝမ်းသာဖြစ်မိတယ်
ထူးဆန်းတာတစ်ခုက အဲ့ပုံရိပ်ဟာ
Jennie ကို အံ့ဩပြီး​ကြည့်​နေသလိုမျိုး ~
ကုတင်နားကို သံသယစိတ်နဲ့အတူ
တစ်လှမ်းချင်းတိုးသွားတဲ့အချိန်မှာပဲ
ပုံရိပ်ကလှုပ်ရှားပြီး ထွက်​ပေါ်လာတဲ့စကားတစ်ခွန်း ~
" Ni ? "
ဒါဟာ ပုံရိပ်မဟုတ်ဘူး
သူမက Jennie ကို Ni လို့ ​ခေါ်လာခဲ့တယ်
မျက်ရည်​တွေနဲ့ သူမကို​
ပွေ့ဖက်လိုက်ချိန်မှာ ပြန်ရလာတဲ့နွေး​ထွေးမှုက
Li မ​သေခဲ့ဘူးလား ?
" Li ! "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
​ကုတင်​ပေါ်မှာမှီပြီးထိုင်​နေတဲ့ Lisa ရင်ခွင်ထဲ
အရင်အ​ကြောင်း​တွေကိုပြန်​ပြောရင်း က​လေးလိုချွဲ​နေတဲ့
Jennieကို ဘားမှပြန်မ​ပြောနိုင်ဘဲ ဒီအတိုင်းကြည့်​နေမိတယ်
" Li ကို အဲ့​နောက်ပိုင်း ဂါဝန်ဝတ်တာမ​တွေ့ဖူးဘူး​နော် ?
ဒါဆိုရင် ဂါဝန်ဝတ်တဲ့ Li ကို ပထမဆုံး​တွေ့ဖူးတာ တို့ပဲ "
လွန်ခဲ့တဲ့ 10နှစ်​ကျော်ကအ​ကြောင်းကို​ပြောပြီး သူမက
သ​ဘောတကျနဲ့ မျက်လုံး​တွေ​မှိတ်လုနီးပါးအထိပြုံး​ရယ်တယ်
လွန်ခဲ့တဲ့ နာရီပိုင်း​လောက်ကအထိ
Chaeyoungရဲ့အိမ်မှာ ရှိ​နေတဲ့Lisaက
အခု​တော့ ဒီအိမ်ကိုဘယ်​လိုရောက်မှန်းမသိ​ရောက်​နေခဲ့တယ်
​တွေးကြည့်​လေ စိတ်ရှုတ်​လေမို့ သက်ပြင်းရှည်ချမိ​တော့
ရင်ခွင်ထဲက သူမက မျက်နှာငယ်​လေးနဲ့​မော့ကြည့်လာသည်
" Li ဘာဖြစ်လို့လဲဟင် ?
တို့နဲ့အတူရှိ​နေတာ မ​ပျော်ဘူးလား ? "
Jennieကို Lisaရဲ့ရင်ခွင်ထဲက​​နေထုတ်ပြီး
သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်
" ကိုယ် Ni နဲ့အတူရှိ​နေတာ အရမ်း​ပျော်လား ? "
" အင်း ​ပျော်တယ်
တို့ Li ကို အရမ်းလွမ်း​နေခဲ့ရတာ "
" ကိုယ်က ​သေသွားပြီမဟုတ်လား ? "
Jennie ရဲ့မျက်နှာက
သိသိသာသာပျက်ယွင်းသွားတာ​ကြောင့်
သူမ Lisa ​သေသွားတယ်လို့
သိထားခဲ့တယ်ဆိုတာ ​သေချာသွားတယ်
အတတ်နိုင်ဆုံး Lisa မျက်နှာတည်ရင်း ~
" Ni ရဲ့ စိတ်​တွေ
အရမ်းပင်ပန်း​နေတယ်ထင်တယ်
ခဏ​လောက်နားလိုက်ပါလားဟင် ? "
" တို့ Baek ကို လှမ်း​ပြောလိုက်ဦးမယ်
Li လာတယ်ဆိုရင် သူအရမ်း​ပျော်မှာ "
မျက်ရည်မကျ​အောင်ထိန်း​နေ​ပေမယ့်
သူမ ငိုလုစဲစဲဆိုတာ Lisa ကြည့်ရုံနဲ့သိသည်
အခုလည်း က​ယောင်ကတမ်း​​တွေပြောပြီး
ကုတင်​ပေါ်ကဆင်းဖို့လုပ်​နေတဲ့ Jennie ကို
လက်က​နေဆွဲပြီး ပြန်ထိုင်ခိုင်း​စေလိုက်တယ်
သူမရဲ့ လက်​မောင်းနှစ်ဖက်ကို
တင်းကျပ်​နေ​အောင်ဆုပ်ကိုင်ထားမိတယ်
" ကိုယ်က ​သေသွားပြီ​လေ "
" မဟုတ်ဘူး
Li အဲ့လိုထပ်​ပြောမယ်ဆိုရင်
တို့ တကယ်သတ်ပစ်မိလိမ့်မယ်
ဆက်ပြီး​တော့ မ​ပြောပါနဲ့​တော့ "
" လုပ်လိုက် Ni ! "
မျက်ရည်​တွေနဲ့သူမကို
Lisa လျစ်လျူရှုရင်း အဝတ်ဗီရိုထဲမှာ
အဆင်သင့်ထားတတ်တဲ့ ​သေနတ်ကိုယူပြီး
သူမရဲ့လက်ထဲမှာ ထည့်​ပေးလိုက်တယ်
" ​ပစ်လိုက်​လေ Ni ! "
​သေနတ်ကို​မောင်းတင်ပြီး
Lisa ရဲ့နှဖူးတည့်တည့်မှာချိန်ထားလိုက်တယ်
နှစ်ယောက်ထဲက တစ်​ယောက်​သေရမယ်ဆိုရင်
စ​တေးရမယ့်သူဟာ Lily လုံးဝဖြစ်လို့ မဖြစ်ဘူး
Jennie လက်နဲ့​သေရမယ့် ကံကြမ္မာဆိုရင်
အခုကတည်းက Lisa ​သေလိုက်ဖို့သာ ရည်ရွယ်တယ်
" တို့မှားခဲ့တာ​တွေအတွက်​ တောင်းပန်ပါတယ်
ဒါ​ပေမယ့် ​ကျေးဇူးပြုပြီး ခုလိုမလုပ်ပါနဲ့ Li ! "
" ကိုယ့်ကိုပစ်လိုက်​တော့ "
" ထွက်သွားပါ​တော့
အခုလိုမျိုးမလုပ်ပါနဲ့ တို့အရမ်းနာကျင်ရလို့ပါ
​တောင်းပန်ပါတယ် ထွက်သွားပါ​တော့ "
Jennie က ​သေနတ်ကိုလက်နဲ့ရိုက်ချလိုက်တယ်
ကြမ်းပြင်​ပေါ်ပြုတ်ကျသွားတဲ့ ​သေနတ်ကိုကြည့်ပြီး
​ခေါင်းငုံ့ရင်း ကိုယ့်ရင်ဘက်ကိုယ်ထုရိုက်ကာ ငိုမိတယ်
ဘာ​ကြောင့် Li နာကျင်ဖို့အတွက်
Jennie ကို ဖိအား​တွေ​ပေးရတာလဲ ?
အခု Liကိုယ်တိုင်က သူ့ကိုသတ်ခဲ့တဲ့သူကို
ထပ်သတ်​ပေးပါလို့​ တောင်းဆိုလာတဲ့အထိ ~
ရင်ဘက်ထဲမှာ နင်ကျင်မှု​က အပြည့်
" ဟုတ်တယ် Liက ​သေသွားပြီ
ငါ့လက်နဲ့သတ်ခဲ့လို့ သူ​သေသွားခဲ့တာ "
ရုတ်တရက် Jennie က အငိုရပ်သွားတယ်
သူမရဲ့ လက်နှစ်ဖက်ကိုကြည့်ပြီး ရယ်ရင်း​ပြောလာတဲ့
Jennieကို Lisa အ​တော်​လေး စိုးရိမ်လာမိတာအမှန်ပဲ
" Ni ! "
" ထွက်သွားလိုက်ပါ​တော့ "
Lisa သူမကိုဖက်ဖို့ လက်လှမ်းလိုက်​ပေမယ့်
ရုတ်တရက်​ခေါင်းထဲ စူးစူးဝါးဝါးထိုးကိုက်လာတယ်
​မိုက်ခနဲဖြစ်သွားပြီး အမြင်အာရုံက​
ဝေဝါးသွားတာ​ကြောင့် မျက်လုံးတစ်ချက်မှိတ်ကာ
ပြန်ပြီးဖွင့်လိုက်​​ချိန်မှာ​တော့ ပတ်ဝန်းကျင်က
တ​ဖြေး​ဖြေး ကြည်လင်လာခဲ့တယ်
ဒါ​ပေမယ့် မြင်ကွင်းထဲမှာ သူမ​ မရှိ​​တော့ဘူး
" ဒါ ဘယ်လိုလုပ် ...
အခန်းထဲက​နေ အမြန်​ပြေးထွက်ပြီး
Lisa ​အောက်ထပ်ကိုဆင်းလာ​တော့
ဧည့်ခန်းထဲမှာထိုင်​နေကြတဲ့ Lily နဲ့ Chaeကို​တွေ့တယ်
သူတို့က Lisa ကို တအံ့တသြကြည့်ပြီး ~
" နင် ဘယ်​ရောက်​နေတာလဲ Lisa ?
အ​စောက ညစာစားဖို့လာခေါ်​သေးတယ်
အခန်းထဲမှာ နင်မရှိတာနဲ့ ...
" ငါ Jennie နဲ့​တွေ့ခဲ့တယ် Chaeyoung ! "
" နင်ဘာ​ပြောလိုက်တာလဲ ? "
" ငါ​​ပြောတာ ထူးဆန်း​နေလိမ့်မယ်
ဒါ​ပေမယ့် ငါတကယ်​ပြောတာ Caheyoung !
​နေ့လည်က ငါအိပ်​နေတုန်း
ရုတ်တရက်​ လေ​တွေအရမ်းတိုက်ပြီး
မျက်စိဖွင့်လိုက်​တော့ အရင်အိမ်ကို​ရောက်သွားတာ
ငါ Jennieနဲ့ အဲ့မှာ​တွေ့ခဲ့ရတယ် "
" အိပ်မက်​နေပါလိမ့်မယ်
စိတ်​တွေအရမ်းပင်ပန်း​​​နေတယ် ထင်တယ်
နင် စိတ်ငြိမ်​ဆေး​သောက်ပြီး ...
" ငါ့စိတ်က ဘားမှမဖြစ်ဘူး Lily ! "
Lisa ​အော်လိုက်​တော့မှ
သူတို့ကလန့်ပြီး စကားစရပ်သွားကြတယ်
ဧည့်ခန်းထဲက ဆိုဖာမှာဝင်ထိုင်လိုက်ပြီး
Lily သုံး​နေတဲ့ Laptopကိုလှမ်းယူကာ
CCTV ချိတ်ထားတဲ့ထဲကို ဝင်လိုက်သည်
ဒီ​နေ့ ​နေ့လည်​လောက်ကအချိန်ကိုဖွင့်ပြီး
" Korea က အိမ်ရဲ့ CCTV မှတ်တမ်း ! "
Lisa ပြတဲ့ မှတ်တမ်းကိုကြည့်​တော့
သူမ​ပြော​နေတာ အမှန်ပဲဆိုတာ Chaeတို့သိလိုက်တယ်
တစ်​ယောက်မျက်နှာ တစ်​ယောက်ကြည့်ရင်း
" ​လော​လောဆယ် ငါ​သေပြီလို့ပဲ
Jennieထင်​အောင် လုပ်ခဲ့လိုက်တယ်
ဒါ​ပေမယ့် အခန့်မသင့်လို့ ဒီလိုပဲဆက်ဖြစ်​နေရင်
ငါ အသက်ရှင်​နေတာ သူသိသွားတဲ့အခါ
ကိစ္စ​တွေအားလုံးမလွယ်​တော့ဘူး Chaeyoung ! "
" သူသိသွားခဲ့ရင် ဘာဖြစ်မှာလဲ ? "
Chaeyoung ကို Lisa
မျက်လုံးချင်းစုံပြီးကြည့်လိုက်တယ်
" သူ့မှာ အကန့်အသတ်မဲ့ အစွမ်းမျိုးမဟုတ်​ပေမယ့်
ငါနဲ့ချိတ်ဆက်လို့ရတဲ့ တစ်ခုခု​တော့ရှိ​နေပြီ ထင်တယ်
အကယ်၍ သူနဲ့ငါ့ရဲ့ ဖြစ်တည်မှုကိုသာ သူသိသွားခဲ့ရင်
တစ်စုံတစ်​ယောက်ကိုသတ်ရမယ့် သူ့ကံကြမ္မာကိုသိလိမ့်မယ်
အဲ့လိုမျိုးဆိုရင် သူ Lily ကို​ရွေးချယ်မှာငါ​ကြောက်တယ်
ငါ့အတွက် Lily လုံးဝအ​စ​တေးခံလို့မဖြစ်ဘူး "
Lisa ရဲ့ စကားအဆုံးမှာ Lilyက
​ဒေါသတကြီးနဲ့ Laptop ကိုပိတ်ချလိုက်တယ်
မတ်တပ်ရပ်ကာ Lisaကို စူးစိုက်ကြည့်ရင်း
" နင် ဘာ​တွေ​ပြော​နေတာလဲ အမ ?
unnie Chae နဲ့ဘာ​တွေ တိုင်ပင်ထားတာလဲ ?
ငါအ​စ​တေးခံလို့မဖြစ်ဘူးဆိုတာက ~
ဧကန္တ Jennie Kimက ...
" ကံကြမ္မာက စီစဥ်ထားပြီးသား Lily !
Jennie က အမကို သတ်ကိုသတ်ရမှာ "
" ငါလုံးဝ အဲ့လိုဖြစ်ခွင့်မ​ပေးနိုင်ဘူး "
" နင် ငါ့ကိုတားပိုင်ခွင့်မရှိဘူး Lily ! "
Lisa ​အော်ပြီး​ပြောလိုက်တယ်
ခုချိန်မှာ ငြင်းခုန်​နေရမှာမဟုတ်ဘူး
" ငါ မနက်ဖြန် Lily အဖြစ်နဲ့
Korea ကို ပြန်မယ် Chaeyoung !
ဒါမှ ​ဒီ​နေ့ကလိုထပ်ဖြစ်လာရင် ထိန်းချုပ်နိုင်မှာ "
" နင်က ဘာလို့ ငါအဖြစ်လဲ ? "
Lily ရဲ့အ​မေးကို Lisa ပြုံးပြရင်း
" Jennieက Lilyကို ချစ်လာဖို့ "
~~~~~~~~~~~~~~~~~~~~~~~~~~~
Egypt (အီဂျစ်) နိုင်ငံ Giza မှာရှိတဲ့
" Khufa " ပိရမစ် ထိပ်စွန်း​ပေါ်မှာရပ်​နေတဲ့
​အမျိုးသမီးဟာ ​​ခေါင်းမှာပဝါစကိုခြုံထားတယ်
​​ခဏအကြာမှာ ​လေတစ်ချက်တိုက်တာ​ကြောင့်
​ခေါင်းမှာခြုံထားတဲ့ပဝါစက အ​ဝေးကိုလွင့်သွားခဲ့သည်
မျက်နှာ​ပေါ်က ခဲ​ရောင်ဆံပင်စ​တွေကို
သပ်တင်ရင်း သူမကမဲ့ပြုံးတစ်ချက်ပြုံးမိတယ်
လက်ထဲမှာ ​ဟောင်းနွမ်း​နေတဲ့
စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း
" Hello Lice,I'm back ! "
သူမကိုင်ထားတဲ့ စာအုပ်မှာ
ပျက်ရာ​တစ်ချို့တစ်ကွက်​ပေမယ့်
ထင်ထင်ရှားရှား​ပေါ်လာခဲ့တဲ့ စကားလုံးတစ်ချို ~
" Lice,O##s##u#'s son and Circe ! "
To be continued........
◾◾◾◾◾◾◾◾◾◾◾◾◾
Zawgyi
________
ပရိ​ဘောဂဆိုင်​တွေ ​ဈေးဝယ်စင်တာ​တွေ​လျှောက်သွားခဲ့တယ်
သူ မအား​ပေမယ့်
တစ်​လောကလုံးမှာမှ
" တို့အပြစ်​တွေပါ Li !
Baek က ​​ငို​သံ​ကြောင့်
" သူ​ဌေး ဘာကိုဆိုလိုတာ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေက ငြိမ်သွား​ခဲ့တယ်
ပါးစပ်က ရွတ်ဆိုရင်း
" Li ! "
" Ni ? "
ဒါဟာ ပုံရိပ်မဟုတ်ဘူး
မျက်ရည်​တွေနဲ့ သူမကို
Li မ​သေခဲ့ဘူးလား ?
" Li ! "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" Li ဘာဖြစ်လို့လဲဟင် ?
" အင်း ​ပျော်တယ်
Jennie ရဲ့မျက်နှာက
" Ni ရဲ့ စိတ်​တွေ
" ကိုယ်က ​သေသွားပြီ​လေ "
" မဟုတ်ဘူး
" လုပ်လိုက် Ni ! "
မျက်ရည်​တွေနဲ့သူမကို
" ​ပစ်လိုက်​လေ Ni ! "
" ထွက်သွားပါ​တော့
" ဟုတ်တယ် Liက ​သေသွားပြီ
" Ni ! "
" ထွက်သွားလိုက်ပါ​တော့ "
" ဒါ ဘယ်လိုလုပ် ...
" နင်ဘာ​ပြောလိုက်တာလဲ ? "
" အိပ်မက်​နေပါလိမ့်မယ်
Lisa ​အော်လိုက်​တော့မှ
Chaeyoung ကို Lisa
ဧကန္တ Jennie Kimက ...
" နင်က ဘာလို့ ငါအဖြစ်လဲ ? "
~~~~~~~~~~~~~~~~~~~~~~~~~~~
" Hello Lice,I'm back ! "
" Lice,O##s##u#'s son and Circe ! "
To be continued........
Continue Reading
You'll Also Like
22.9K 1.3K 33
အရမ်းလှတဲ့နတ်ဘုရားမတွေအများအပြားထဲမှာမှ မင်းဆိုတဲ့နတ်ဘုရားမလေးကိုပဲချစ်မိနေတာမျိုး [Jenlisa] [bbangsaz]
1.3M 32.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
19.4K 1K 25
" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBeck...
52.1K 5.9K 57