Zawgyi
'ဟယ်လို Leader'
''''' အိပ်ပျော်နေတာလား ''''''
'ဟုတ်'
'Leader ဘာပြောမလို့လဲ'
'……'
'……'
'စိတ်ကစားရုံတဲ့လား
'……'
ကိုယ် မင်းကို ချစ်တယ်
'Leader!'
'……'
#################
Uni
မနက်သုံးနာရီလောက်ကြီး ဖုန်းသံတွေဆူညံနေလို့ ကျန်းချန် မနိုးခင် အမြန်ကိုင်လိုက်ရတယ်။ ကျန်းချန်က အိပ်ပျော်နေပေမယ့် သူက မအိပ်ရသေးတာဖြစ်တယ်။ မအိပ်ရသေးတာ ဆိုတာထက် အိပ်မပျော်တာ။ ရုံးကနေ hard disk သွားယူလာပြီးကတည်းက အလုပ်ထဲလည်း အာရုံမစိုက်နိုင် အိပ်လည်းမပျော်နိုင်ဖြစ်နေတာ။
ဖုန်း screen ပေါ်မှာ ပေါ်နေတာက 'Leader Wang' number. လက်က အလျင်အမြန် answer ခလုတ်ကို နှိပ်လိုက်ပြီး ဝရန်တာကို ဖြည်းဖြည်းလေး ထွက်လာခဲ့ရတယ်။
'ဟယ်လို Leader'
''''' အိပ်ပျော်နေတာလား ''''''
'ဟုတ်'
'"" ခနလောက် ဆင်းလာခဲ့ပါလား ကိုယ်ခြံပြင်မှာ """
Xiao Zhan ငုံ့ကြည့်တော့ တစ်ကယ်ပဲ Leader က ခြံရှေ့ရောက်နေပါတယ်။ Xiao Zhan ကိုလည်း မော့ကာကြည့်နေတယ်။
'ဟိုလေ ဘာကိစ္စ ရှိလို့လဲ Leader မနက်မှ…'
'"'''""မင်းမလာမချင်းစောင့်နေမယ်"""
သူ့စကားကို ဖြတ်ပြောပြီး ဖုန်းချသွားတာဖြစ်တယ်။ Xiao Zhan လည်း ခနလောက်တွေးပြီးမှ ထွက်တွေ့ဖို့ပဲတွေးလိုက်တယ်။
ညဝတ်အင်္ကျီလက်တိုလေး နဲ့ ဘောင်းဘီတိုလေး ဝတ်ထားမိလို့ အပေါ်ထပ် sweater အပါးလေး တစ်ထည်ထပ်ဝတ်ကာ ခြံပြင်ထွက်ဖို့ လုပ်ရပါတယ်။
ခြံတံခါးက စထွက်ကတည်း Leader က သူ့ခြေလှမ်း တိုင်းကိုလိုက်ကြည့်နေတာမို့ ခြေလှမ်းတွေတောင် မဝံ့မရဲဖြစ်ရပါတယ်။
လမ်းမီးတိုင်တွေရှိပေမယ့် တစ်တိုင်နဲ့ တစ်တိုင်ဝေးတော့ သူတို့ရပ်နေတဲ့နေရာက အနည်းငယ်မှောင်ပါတယ်။ ဒါပေမယ့် ဖြာကျနေတဲ့လရောင်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲမြင်နေရတယ်။
Xiao Zhan ရောက်လို့ သွားပြီး အချိန်အတော်ကြာတဲ့ အထိ Leader က စကားမဆိုသေးပဲ သူ့မျက်နှာကိုပဲ ငေးမောနေတယ်။
'Leader ဘာပြောမလို့လဲ'
Xiao Zhan ဘက်ကပဲ စကား စလိုက်ပါတယ်။ ဒီအတိုင်းရပ်နေရတာ တော်တော်ကြာနေပြီ။
သူမေးလိုက်တော့ Leader က ခေါင်းအနည်းငယ် ငုံ့သွားပြီး နှုတ်ခမ်းတွေကို ဖိပိတ်ကာ သက်ပြင်းချတယ်။
'ကိုယ့်ကို……… မေးစရာ မရှိဘူးလား'
မေးစရာ? ရှိတာပေါ့ ခုန မိန်းကလေးက ဘယ်သူလဲ ကလေးဆိုတာကရော။ နောက်ပြီး သူနဲ့ပါတ်သတ်မှု!
ဒါပေမယ့် သူမမေးချင်ဘူး မေးရင်ဖြေလာမယ့် အကြောင်းပြချက်ဟာ ဘာတွေပဲ ဖြစ်နေနေ ကလေးရှိတယ် အမျိုးသမီးရှိတယ် ဆိုတာတွေက ပြောင်းလဲသွားမှာမှမဟုတ်တာ။
'မရှိပါဘူး Leader ဖြစ်နိုင်ရင် ရှေ့ trip တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်လိုက်စေချင်ပါတယ်။'
'……'
Xiao Zhan ကွေ့ဝိုက်မနေတော့ပဲ အပြီးဖြတ်ဖို့ စဉ်းစားလိုက်တယ်။ သူ့နှလုံးသားက နာကျင်နေပေမယ့် သူနှလုံးသားထက် သူ့ကိုယ်သူ ပိုပြီးတန်ဖိုးထား ချင်မိပါတယ်။
'အဲ့ဒီနေရာမှာ ဖြစ်ခဲ့ကြတဲ့အရာ ဒီတိုင်း… ကြုံကြိုက်လို့ ဖြစ်လာခဲ့တာလို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော့်အတွက်လည်း စိတ်ကစားရုံ သက်သက် ဖြစ်ခဲ့တာ'
'……'
Xiao Zhan အပြောကို Leader က ပြန်မဖြေပဲ ပြုံးပါတယ်။ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ နာနာကျင်ကျင်ပြုံးပြီး ခေါင်းတစ်ဆတ်ဆတ်ညိတ်ပါတယ်။
'စိတ်ကစားရုံတဲ့လား
ကိုယ်…… မင်းဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်
ဒါပေမယ့် တစ်ခုတော့ သိစေချင်တယ်။
ကြုံကြိုက်လို့ မင်းကို နမ်းခဲ့တာမဟုတ်ပါဘူး
အကြိမ်တစ်သောင်းလောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ပြီးမှ
မတတ်နိုင်တော့လို့ ချဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ'
ကိုယ် မင်းရဲ့ နှုတ်ခမ်းကို ရူးမတတ် နမ်းချင်လွန်လို့ မတွေဝေတော့ပဲ နမ်းရှိုက်ခဲ့မိတာ
မင်းအတွက် မလေးနက်ပေမယ့် ကိုယ့်အတွက် အဓိပ္ပါယ်အများကြီးရှိတယ်'
'……'
'မင်းမသိချင်ပေမယ့် ပြောပြချင်တယ်
ကိုယ် မင်းကို ချစ်တယ်
မင်းကို ချစ်လို့ နမ်းရှိုက်ခဲ့တာ'
'Leader!'
Xiao Zhan စကားအမြန် ပိတ်ချလိုက်ရတယ်။ ဒီစကားက ဘယ်ထိသွားလဲ Leader တစ်ကယ်ပဲ နားမလည်ဘူးလား။
'မရတော့ဘူး ဒီခံစားချက်တွေ ပြန်နှုတ်ယူလို့ မရတော့ဘူး'
Leader က သူ့ရှေ့မှာ ငိုးကြွေးတဲ့ အခါ Xiao Zhan ကိုယ်တိုင်လည်း နာကျင်ရတယ်။ သူ့မျက်ဝန်းမှာ ဝေ့သီလာတဲ့ မျက်ရည်တွေကို အနိုင်နိုင် ပုတ်ခတ်နေရတယ်။
'မင်းကို ပြန်ချစ်ပေးဖို့ မတောင်းဆိုပါဘူး။ တစ်ခုပဲ ကိုယ့်ကိုဒီထက်ပိုပြီး ရှောင်ဖယ်မနေပါနဲ့လား။
မင်းကို မထိတွေ့မိအောင် နေမှာမို့ ကိုယ့်ကို ရွံမသွားပါနဲ့ မမုန်းပါနဲ့ တောင်းပန်ပါတယ်။
မင်းကို လက်ဖျားနဲ့တောင် ထိတော့မှာ မဟုတ်လို့ စောင့်ရှောက်ခွင့်လောက်တော့ပေးပါ'
Leader Wang က အသံတွေပါ တုန်ယင်ကာ ခခယယ တောင်းဆိုလာတာဖြစ်တယ်။ သူ့စိတ်တွေလည်း ရှုပ်ထွေးပြီး နောက်ကျိလာတယ်။ Leader ရဲ့မျက်ရည်တွေကို မမြင်ချင်ဘူး။
'တော်ပါတော့ဗျာ မငိုပါနဲ့'
Xiao Zhan လက်က သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ သူ့ရှေ့က အူလှိုက်သဲလှိုက် ငိုကြွေးနေတဲ့သူရဲ့ ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးမိတယ်။
သူ့လက်က ပါးကို အထိမှာ ငိုနေတဲ့ကလေး လိုချင်တာ ရသလို ချက်ချင်း အငိုရပ်သွားပြီး သူ့မျက်နှာကို တစ်ချက်မလွတ်လိုက်ကြည့်နေတယ်။
Leader က သူ့ပါးပေါ်က လက်ကို ဖွဖွလေး ဆွဲယူပြီး
'ကိုယ် အချိန်တွေ အကြာကြီး စောင့်ဆိုင်းနိုင်ပါတယ်။ အကြောင်းပြချက်ကို သိချင်လာတဲ့နေ့ ကိုယ့်ကို ရှင်းပြခွင့်ပေးပါ။ မင်းကိုချစ်တယ် မင်းတစ်ယောက် တည်းကိုပဲ ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ချစ်ခဲ့မိတာပါ။ ကိုယ့်စိတ်ရင်းကို အချိန်တွေနဲ့ရင်းပြီး မင်းနားလည် အောင် ပြသပါ့မယ်။
ရှေ့ရက်တွေတုန်းကလို ကိုယ့်ကိုရှောင်ဖယ်မနေပါနဲ့။ ကိုယ် ရူးမတတ်နာကျင်ရလို့ပါ။ မင်းကိုဘယ်လို အခွင့်အရေးမျိုးမှ မယူမိအောင် ထိန်းသိမ်းမှာမို့ ကိုယ်မင်းကို ဂရုစိုက် စောင့်ရှောက်ခွင့် လေးရှိပါရစေ'
'……'
Xiao Zhan ခေါင်းညိတ်ပြတော့ Leader က သူ့လက်ကိုလွှတ်ပေးပြီး ပြုံးပါတယ်။
'ကျေးဇူးတင်ပါတယ် အားကျန့်။ အထဲဝင်တော့နော် ကိုယ်သွားတော့မယ် မင်းကိုချစ်တယ်'
Leader Wang Yiboဟာ Xiao Zhan အိမ်ထဲဝင်သွားတဲ့ထိ နောက်ကျောကို ငေးကြည့် နေပါတယ်။
#################