The Legendary Master's Wife (...

נכתב על ידי Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... עוד

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 293

7.5K 1.4K 96
נכתב על ידי Sailor_Moon_94



Zawgyi ver..





ပုန္းလ်ိႈးကြယ္လ်ိႈး၍လည္း အႏၲရာယ္ျပဳတတ္ေသးေသာ ယူေ႐ွာင္မို









အရည္အခ်င္းစစ္ျပိဳင္ပြဲ၏ တတိယအဆင့္သည္လည္း အမွတ္မ်ားအားအေျခခံ၍ အဆင့္သတ္မွတ္ျခင္း ျပဳလုပ္မည္ျဖစ္သည္ ။

ထို႔ေၾကာင့္ ယူေ႐ွာင္မိုအပါအဝင္ က်န္ေလးေယာက္သည္ စင္ျမင့္ေပၚ၌ ေနာက္ဆံုး ႐ွင္က်န္ေနခဲ့သူမ်ားျဖစ္ေသာ္လည္း ပထမ ဒုတိယ စသည္ျဖင့္ အဆင့္မ်ား သတ္မွတ္ရဦးမည္ျဖစ္သည္ ။

ထို႔ေၾကာင့္ ပြဲျကည့္ပရိတ္သတ္တို႔လည္း စင္ျမင့္ထက္သို႔ စိတ္လႈပ္႐ွားစြာ ေစာင့္ၾကည့္ေနျကသည္၊ မ်ားေသာအားျဖင့္ဆိုလ်ွင္ ဤသို႔ေသာအေျခအေနမ်ိဳး၌ ခ်စ္ျကည္ေရးမဟာမိတ္မ်ားအျဖစ္မွ ကမ႓ာမေၾကရန္သူမ်ားအျဖစ္သို႔ ေျပာင္းလဲသြားၿပီး သူေသကိုယ္ေသတိုက္ခိုက္ၾကသည့္ တစ္ပိုင္းတည္းအၿပီးဇာတ္ကားမ်ိဳး ၾကည့္႐ႈၾကရေလ့႐ွိသည္  မဟုတ္ပါလား ။





ဖန္ခ်ီယြင္းမွ စကားစဆိုလိုက္သည္ ။

" တိုက္ပြဲမွာ ကြၽန္ေတာ္တို႔သံုးေယာက္ပါဝင္ခဲ့တဲ့က႑က နည္းနည္းေလးပါ.. အဲ့ဒါေၾကာင့္ အမွတ္ကိုဘယ္လိုခြဲေပးေပးကိစၥမ႐ွိပါဘူး အစ္ကိုတို႔သေဘာပါပဲ.. "

သူ၏သူငယ္ခ်င္းႏွစ္ေယာက္မွလည္း ၎အဆိုကို ေခါင္းၿငိမ့္ေထာက္ခံၾကသည္၊ ယူေ႐ွာင္မိုႏွင့္ ထံုယြယ္ရႊီတို႔ႏွစ္ေယာက္မွ ေလးမွတ္ငါးမွတ္ ရ႐ွိမည့္ေနရာေကာင္းမ်ားအား အပိုင္ဦးဦးမည္ဆိုလ်ွင္ေတာင္မွ ၎တို႔အေနျဖင့္ကန္႔ကြက္စရာမ႐ွိပါေခ်၊ သို႔ေသာ္ ထံုယြယ္ရႊီသည္လည္း ယူေ႐ွာင္မိုအား လွမ္းၾကည့္ကာ သူ႔အတြက္လည္း ကိစၥမ႐ွိေၾကာင္း အသိေပးလာေလသည္၊ ထုိ႔ေၾကာင့္ ယူေ႐ွာင္မိုမွ ဆံုးျဖတ္ခ်က္တစ္ခု ခ်လိုက္ေတာ့သည္ ။

" အားလံုးက ကြၽန္ေတာ့္ဆံုးျဖတ္ခ်က္အတိုင္း လိုက္နာၾကမယ္ဆိုမွေတာ့လည္း ကြၽန္ေတာ္စဥ္းစားမိထားတဲ့ေရြးခ်ယ္ရမယ့္နည္းလမ္းႏွစ္ခုကို အရင္ေျပာျပပါ့မယ္ ၿပီးမွဘယ္နည္းလမ္းကပိုအဆင္ေျပမလဲ ေရြးၾကည့္ၾကတာေပါ့ "


" ပထမနည္းလမ္းက ဖန္ခ်ီယြင္းငါးမွတ္ ထံုယြယ္ရႊီေလးမွတ္ ကြၽန္ေတာ္ႏွစ္မွတ္နဲ႔ က်န္တဲ့သူငယ္ခ်င္းႏွစ္ေယာက္အတြက္သံုးမွတ္နဲ႔တစ္မွတ္စီေပါ့၊ အဲ့ဒါဆိုရင္ သူငယ္ခ်င္းႏွစ္ေယာက္ထဲကတစ္ေယာက္က ထိပ္ဆံုးအဆင့္ဆယ္ေယာက္ထဲဝင္ႏိုင္သြားပါလိမ့္မယ္ "

" ဒုတိယနည္းလမ္းကေတာ့ ထံုယြယ္ရႊီငါးမွတ္ ဖန္ခ်ီယြင္းေလးမွတ္နဲ႔ ကြၽန္ေတာ္ကသံုးမွတ္ယူလိုက္ပါ့မယ္၊ အဲ့ဒါဆိုရင္ေတာ့ က်န္တဲ့သူငယ္ခ်င္းႏွစ္ေယာက္လံုး ထိပ္ဆံုးဆယ္ေယာက္ထဲမဝင္ႏိုင္ေတာ့ဘူးေပါ့ "

ထိုႏွစ္ေယာက္မွာ ယခင္ႏွစ္ဆင့္လည္း၌ ရမွတ္မ်ား သိပ္မေကာင္းခဲ့သျဖင့္ ေနာက္ထပ္ တစ္မွတ္ႏွစ္မွတ္ထပ္ေပါင္းရံုျဖင့္ေတာ့ ထိပ္ဆံုးဆယ္ေယာက္စာရင္းထဲ မဝင္ႏိုင္ေတာ့ေပ ။



ထံုယြယ္ရႊီ ယူေ႐ွာင္မို၏ တကယ့္ရည္ရြယ္ခ်က္အား ခန္႔မွန္းမိသြားေသာအခါ ရယ္ရခက္ ငိုရခက္ျဖစ္သြားရေတာ့သည္၊ အဘယ္ေၾကာင့္ဆိုေသာ္ ၎အၾကံျပဳသည့္ နည္းလမ္းမ်ားမွာ မည္သည့္နည္းလမ္းကိုေရြးေရြး ခ်င္ခ်ိဳးႏွင့္ ခ်ိဳင္က်န္းအား ထိပ္ဆံုးသံုးေယာက္အတြင္း မဝင္ႏိုင္ေအာင္ တားဆီးထားသည္ခ်ည္းသာျဖစ္သည္၊ ယူေ႐ွာင္မို၏ စိတ္အတြင္း၌ ၎တို႔ႏွစ္ေယာက္အား ထိပ္ဆံုးသံုးေယာက္အတြင္း လံုးဝမဝင္ေစလိုသည္မွာ သိသာလွေပသည္ ။

ယူေ႐ွာင္မိုအတြက္ ထိုသို႔ေသာအၾကံမ်ိဳးထုတ္ႏိုင္ရန္အေတာ္အားစိုက္ခဲ့ရပံု ေပၚသည္၊ မည္သို႔ပင္ျဖစ္ေစကာမူ သူကိုယ္တိုင္လည္း ယူေ႐ွာင္မို၏အၾကံအား သေဘာက်ေပ၏၊ ထို႔ေၾကာင့္ အထြန္႔မတက္ေတာ့ပဲ ခ်က္ခ်င္း ေထာက္ခံလိုက္သည္ ။

" ကိုယ့္အတြက္က ဘယ္နည္းလမ္းျဖစ္ျဖစ္အဆင္ေျပပါတယ္.. "



ဖန္ခ်ီယြင္းႏွင့္ သူငယ္ခ်င္းႏွစ္ေယာက္မွာေတာ့ ယူေရွာင္မို႔စကားမ်ားအား ေသခ်ာနားေထာင္အၿပီး ကိုယ့္နားကိုယ္ပင္မယံုႏိုင္ေအာင္ အံ့ျသမွင္တက္ေနၾကရသည္၊ ထိုသူ၏ေခါင္းအား မည္သည့္အရာမ်ားျဖင့္ ျပဳလုပ္ဖြဲ႔စည္းထားပါသနည္း..၊ မည္သည့္နည္းလမ္းကိုမဆို ေရြးခ်ယ္ေစကာမူ အဆံုး၌ အက်ိဳးအျမတ္မ်ားမ်ား ရ႐ွိမည့္သူမွာ ၎တို႔သံုးေယာက္သာျဖစ္သည္၊ ထို႔အျပင္ ခ်င္ခ်ိဳးႏွင့္ ခ်ိဳင္က်န္းတို႔သာ ထိုနည္းလမ္းမ်ားအား ၾကားပါမူ ေသြးအန္၍ပင္ ေသသြားႏိုင္ေလာက္ေသး၏ ။

ဖန္ခ်ီယြင္းတစ္ေယာက္ ယူေ႐ွာင္မို၏တကယ့္ရည္ရြယ္ခ်က္ကို ခန္႔မွန္းမိသလို႐ွိေသာ္လည္း အနည္းငယ္ ခ်ီတံုခ်တံု ျဖစ္ေနမိေသးေပသည္ ။

" ဒီလိုသာဆို အက်ိဳးအျမတ္အမ်ားဆံုးရမယ့္သူေတြက ငါတို႔ေတြပဲေပါ့.. ဟုတ္တယ္မလား "


ယူေ႐ွာင္မိုမွ ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္သည္ ။

" နည္းလမ္းႏွစ္ခုစလံုးက အရမ္းေကာင္းတယ္ေနာ္ ဘာမွစဥ္းစားမေနပဲတစ္ခုေရြးလိုက္ေတာ့.. ငါကေတာ့ မင္းတို႔ကိုပထမတစ္ခုေရြးေစခ်င္တယ္ အဲ့ဒါဆို မင္းသူငယ္ခ်င္းႏွစ္ေယာက္ထဲကတစ္ေယာက္လဲ ထိပ္ဆံုးဆယ္ေယာက္ထဲ ဝင္ႏိုင္မယ္ေလ "


ဖန္ခ်ီယြင္း သူ၏သူငယ္ခ်င္းႏွစ္ေယာက္အား လွည့္ျကည့္လိုက္မိသည္၊ ႏွစ္ေယာက္စလံုးသည္ သူ၏ေသြးေသာက္ညီအစ္ကိုမ်ားျဖစ္သျဖင့္ ထိပ္ဆံုးဆယ္ေယာက္ထဲဝင္နိုင္မည့္တစ္ေယာက္အား ေရြးရခက္ေန၏၊ ထိုစဥ္ ၎ညီအစ္ကိုႏွစ္ေယာက္မွ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ျပီး ေခါင္းညိတ္ျပလိုက္ေလသည္ ။

" ကြၽန္ေတာ္တို႔နွစ္ေယာက္ကေတာ့ ဒုတိယနည္းလမ္းကိုပဲေရြးဖို႔ အၾကံေပးခ်င္ပါတယ္.. ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုး ေကာင္းေကာင္းမသန္မာၾကေသးတဲ့အတြက္ ေက်ာင္းခြဲတစ္ကိုသာေျပာင္းေရႊ႔ရရင္ ဟိုမွာအဆင္မေျပျဖစ္မွာစိုးပါတယ္၊ အဲ့ဒါအျပင္ အျခားၿပိဳင္ပြဲဝင္ေတြအေပၚလည္း မတရားရာက်မွာစိုးရိမ္မိပါတယ္ "



ယူေ႐ွာင္မို ၎တို႔ေျပာသည္မွာ အက်ိဳးအေၾကာင္း ဆီေလ်ာ္သျဖင့္ ဆက္ဖိအားေပးမနေတာ့ပဲ လက္ခံရန္ ဆံုးျဖတ္လိုက္သည္ ။

" ဒုတိယနည္းလမ္းကို ေရြးခ်င္တာ တကယ္ေသခ်ာပါတယ္ေနာ္.. "



ထိုႏွစ္ေယာက္ ၿပိဳင္တူပင္ ေခါင္းညိတ္ေထာက္ခံၾကသည္၊ ၎တို႔၏ ဆံုးျဖတ္ခ်က္အား လံုးဝေနာင္တရမည္ မဟုတ္ပါေပ ။

အဘယ္ေၾကာင့္ဆိုေသာ္ အျခားၿပိဳင္ပြဲဝင္မ်ားအတြက္ မတရားသည္ကို ေနာက္ထား၊ အဓိကအခ်က္မွာ ၎တို႔ႏွစ္ေယာက္အနက္ မည္သူကေက်ာင္းခြဲတစ္သို႔ ေရာက္သြားပါေစ က်န္ခဲ့မည့္တစ္ေယာက္အတြက္ မလံုမလဲခံစားၾကရမည္ျဖစ္ေသာေၾကာင့္ပင္၊ ထိုသို႔ျဖစ္ရမည့္အစား ႏွစ္ေယာက္စလံုး ေက်ာင္းခြဲႏွစ္တြင္သာက်န္ေနခဲ့ၿပီး ေက်ာင္းခြဲတစ္သို႔ဝင္ႏိုင္ရန္ ေနာက္မွ အတူတကြထပ္ႀကိဳးစားရန္ကိုသာ ေရြးခ်ယ္လိုက္ၾကျခင္းျဖစ္သည္ ။




ယူေ႐ွာင္မိုမွ စကားဆက္သည္ ။

" အဲ့ဒါဆိုလည္း..  ေကာင္းပါၿပီ ကြၽန္ေတာ္တို႔ ဒုတိယနည္းလမ္းကိုပဲ ေရြးခ်ယ္လိုက္ပါ့မယ္.. "





ထို႔ေနာက္ ၿပိဳင္ပြဲစင္ျမင့္ေပၚမွ  စီစဥ္ထားသည့္အတိုင္း တစ္ေယာက္ၿပီးတစ္ေယာက္ ဆင္းသြားလိုက္ၾကကာ အရည္အခ်င္းစစ္ၿပိဳင္ပြဲ တတိယအဆင့္အား အဆံုးသတ္ေစခဲ့ေလသည္ ။





ပြဲျကည့္ေနေသာ ပရိတ္သတ္မ်ားအားလံုးသည္ ၎တို႔အေ႐ွ႕႐ွိ ျမင္ေနရေသာျမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္ကုန္ၾကသည္၊ ၎တို႔သည္ အေတာ္ဆံုးေက်ာင္းသားတို႔၏ အလြန္ျပင္းထန္ေသာတိုက္ပြဲအား ျမင္ေတြ႔ရေတာ့မည္ဟူ၍ အားခဲထားၾကေလရာ ယခုကဲ့သို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ၿပီးဆံုးသြားသျဖင့္ အလြန္ အံျသထူးဆန္းလ်က္ ႐ွိေနၾကေပသည္ ။

ထို႔ေနာက္ အႀကီးအကဲငါးမွ အရည္အခ်င္းစစ္ၿပိဳင္ပြဲ၏ အဆံုးသတ္ရလဒ္မ်ားအား ေၾကညာေပးေလသည္၊ ထိပ္ဆံုးဆယ္ေယာက္စာရင္းအား သိ႐ွိလိုက္ရခ်ိန္တြင္ ပထမ၊ ဒုတိယႏွင့္ တတိယေနရာတို႔တြင္ ႐ွိေနျကသူမ်ားေၾကာင့္ ပရိတ္သတ္မ်ား ထပ္မံအံ့ျသၾကရေသးသည္ ။

ခ်ိဳင္က်န္းႏွင့္ ခ်င္ခ်ိဳးတို႔သည္ ထိုသံုးေယာက္အတြင္းမွ လံုးဝထုတ္ပယ္ခံလိုက္ရၿပီး ၎တို႔အစား ထံုယြယ္ရႊီႏွင့္ ဖန္ခ်ီယြင္းတို႔က ေနရာယူထားၾကသည္၊ ထို႔ေၾကာင့္ ပြဲျကည့္ပရိတ္သတ္မ်ားသည္ ၎တို႔ယခုကဲ့သို႔ ဆံုးျဖတ္ရသည့္အေၾကာင္းအရင္းအား နားလည္သေဘာေပါက္သြားၾကေတာ့သည္၊ ထို႔အျပင္ ယူေ႐ွာင္မိုမွ ခ်ိဳင္က်န္းႏွင့္ ခ်င္ခ်ိဳးတို႔အား ဤနည္းျဖင့္ အႏိုင္ပိုင္းလိုက္ေၾကာင္းကိုလည္း သတိထားမိသြားၾကသည္၊ ထ်န္းဇီ႐ွင္းမွာမူကား မူလ စတုတၳေနရာမွ ဆ႒မေနရာသို႔ပင္ က်ဆင္းသြားရေလသည္၊ ၎အျပင္ တန္းခြဲတစ္ေရာ တန္းခြဲႏွစ္ျပိဳင္ပြဲ၌ပါ ခ်ိဳင္မိသားစုႏွင့္ ထ်န္းမိသားစုတို႔၏ ရလဒ္မ်ားသည္ လံုးဝ အားရဖြယ္ရာမ႐ွိပါေခ် ။




.......... ......





ယူေ႐ွာင္မို လင္းေ႐ွာင္႐ွိရာသို႔ ေထာ့နင္းေထာ့နင္းျဖင့္ သြားေနရသည္၊ သူ၏ဒဏ္ရာမွ အနည္းငယ္ နာက်င္ေနေသးေသာ္လည္း ခ်ိဳင္က်န္းႏွင့္ အေပါင္းအပါတစ္သိုက္တို႔၏ မ်က္ႏွာေပၚမွ ႀကိတ္မႏိုင္ခဲမရ အမူအယာမ်ားအား ေတြ႔ေသာအခါ အနာတစ္ဝက္သက္သာသြားသလိုပင္ ခံစားလိုက္ရေလသည္ ။



ငါေလးက မင္းတို႔ကိုပူးေပါင္းခြင့္လည္းေပးခဲ့တယ္ အစီအစဥ္ခ်ၿပီးတိုက္ခြင့္လည္းေပးခဲ့ေသးတယ္.. ဒါေတာင္ ေဟာဒီမင္းတို႔အေဖကို လြယ္လြယ္နဲ႔အႏိုင္မယူႏိုင္ၾကဘူးမလား!

ယူေ႐ွာင္မို ထိုသို႔ေတြးမိသျဖင့္ ခါးေထာက္ကာ အားရပါးရရယ္ေမာလိုက္မိေသးသည္ ။







" ကြၽန္ေတာ္ၿပိဳင္သြားတာဘယ္လိုေနလဲ.. "

ပိုင္လီေ႐ွာင္ယြီႏွင့္ က်န္းေ႐ွာင္ဖုန္းတို႔မွ အလ်င္အျမန္ လက္မေထာင္၍ ျပန္ေျဖသည္ ။

" အရမ္းမိုက္တယ္! "


ထိုစကားေၾကာင့္ ယူေ႐ွာင္မို ဂုဏ္ယူစြာျပံဳးလိုက္မိသည္၊ ထို႔ေနာက္  လင္းေ႐ွာင္ထံသို႔ ေမ်ွာ္လင့္ခ်က္မ်ားျပည့္ႏွက္ေနေသာ မ်က္လံုးမ်ားျဖင့္ လွမ္းၾကည့္လိုက္၏၊ အျခားသူမ်ားထက္ လင္းေ႐ွာင္ထံမွ ခ်ီးက်ဴးစကားအား ပိုမိုၾကားခ်င္ေနမိသည္ေလ ။


လင္းေ႐ွာင္ မ်က္ဝန္းမ်ားေမွးက်ဥ္းကာ ယူေ႐ွာင္မိုအား စိုက္ၾကည့္လိုက္သည္ ။

" ေကာင္းေကာင္းလုပ္ခဲ့သားပဲ.. ဒါေပမယ့္ မင္းသာဒဏ္ရာရမလာခဲ့ရင္ ပိုေတာင္ေကာင္းသြားဦးမွာပဲ "





ထိုစကားအား ၾကားေသာအခါ ယူေ႐ွာင္မို ႐ုတ္တရက္ ေနာင္တရသလို ခံစားလိုက္ရသည္၊ သူသိသည္၊ ဤကိစၥသည္ လင္းေ႐ွာင္အား အႀကီးအက်ယ္ စိတ္ဆင္းရဲေနေစေပလိမ့္မည္ပင္..၊ ထို႔ေၾကာင့္ အရိပ္အကဲၾကည့္၍ လင္းေ႐ွာင္နားသို႔ကပ္သြားလိုက္ကာ ၎၏ရင္ဘတ္အား အသာအယာထု႐ိုက္လ်က္ စိတ္သက္သာရာရေစရန္ ႀကိဳးပမ္းေလေတာ့သည္ ။



" ခင္ဗ်ားကလည္း.. ၿပိဳင္ပြဲဆိုတာမ်ိဳးက မေမ်ွာ္လင့္ထားတဲ့အရာေတြ ျဖစ္လာတတ္တာပဲေလ.. ၿပီးေတာ့ အဲ့ကိစၥအတြက္လည္း ကြၽန္ေတာ္ လက္စားျပန္ေခ်ခဲ့ၿပီးပါၿပီ.. တျခားတစ္ဖက္ကေတြးရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးက တန္းခြဲတစ္ေရာႏွစ္မွာပါ အဆင့္တစ္နဲ႔ေအာင္ခဲ့တာပဲမလား.. အဲ့ဒါေၾကာင့္ ဒီအခ်ိန္မွာနည္းနည္းေလာက္ျဖစ္ျဖစ္ ေအာင္ပြဲခံလို႔မရဘူးလားဟင္ ဟင္ "




ယူေ႐ွာင္မို စကားေျပာၿပီးခ်ိန္တြင္ ပိုင္လီေ႐ွာင္ယြီႏွင့္ က်န္းေ႐ွာင္ဖုန္းတို႔မွ လင္းေ႐ွာင္ရင္ဘတ္အား ထုရိုက္ေနသည့္ သူ၏လက္သီးဆုပ္အား ျပဴးၾကည့္ေနၾကသည္ကို ေတြ႔လိုက္ရေလသည္ ။


ထိုအခါ ယူေ႐ွာင္မို မလံုမလဲျဖင့္ ထေအာ္ေလေတာ့သည္ ။

" မင္းတို႔ကဘာလာၾကည့္ေနၾကတာလဲ! "



ပိုင္လီေ႐ွာင္ယြီႏွင့္ က်န္ေ႐ွာင္ဖုန္း ႐ုတ္တရက္ ဘာလုပ္ရမွန္းမသိသျဖင့္  ေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္ အၾကည့္မ်ားဂဏာမၿငိမ္ျဖစ္ကုန္ၾကကာ..


" ငါတို႔ ဘာ.. ဘာမွမၾကည့္ပါဘူး "


ယူေ႐ွာင္မို ၎တို႔အားမယံုေပ၊ ၎တို႔၏ မ်က္လံုးမ်ားက ၎တို႔ တစ္ခုခုသေဘာေပါက္သြားေၾကာင္း သက္ေသခံေနေပသည္၊ ထို႔ေနာက္၎တို႔ႏွစ္ေယာက္လည္း အေၾကာင္း႐ွာကာ ထြက္ေျပးသြားျကေတာ့သည္၊ ယူေ႐ွာင္မို သူ့အားမေစာင့္ပဲထြက္ေျပးသြားေသာ ထိုႏွစ္ေကာင္အား လိုက္ဖမ္းခ်င္ေသာ္လည္း လင္းေ႐ွာင္မွ သူ႔ခါးအား ဆြဲဖက္ထားသျဖင့္ မလိုက္ႏိုင္ေတာ့ပဲ ရပ္၍သာျကည့္ေနလိုက္ရေလသည္ ။



ထို႔ေနာက္တြင္ လင္းေ႐ွာင္မွ ယူေ႐ွာင္မို႔ပါးအား လိမ္ဆြဲျဖစ္ညႇစ္ကာေျပာလာ၏ ။

" မင္းေျပာတာမွန္တယ္.. ကိုယ္တို႔နည္းနည္းေလာက္ ေအာင္ပြဲခံသင့္တယ္ထင္တယ္ "


ထို႔ေနာက္ ယူေ႐ွာင္မိုခမ်ာ ထံုယြယ္ရႊီႏွင့္ အျခားသူမ်ားအား ႏႈတ္ဆက္ခ်ိန္ပင္မရလိုက္ပဲ အေဆာင္သို႔ အတင္းအၾကပ္ ဆြဲေခၚလာခံရေတာ့သည္ ။










........... .......


၎တို႔ထြက္သြားၿပီးေနာက္ ေထာင့္ကြယ္မွ လူတစ္ေယာက္ ထြက္ေပၚလာေလ၏၊ ၎မွာ ခ်ိဳရန္ျဖစ္သည္၊ သူသည္ ယူေ႐ွာင္မိုတို႔ႏွစ္ေယာက္ထြက္သြားေသာဘက္သို႔ အဓိပၸါယ္မေဖာ္ႏိုင္ေသာ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ေနခဲ့ၿပီး အခ်ိန္အနည္းငယ္ၾကာမွ လႇည့္ျပန္သြားေလသည္ ။




အေဆာင္တြင္းသို႔ ျပန္ေရာက္ေသာအခါ ယူေ႐ွာင္မို တစ္စံုတစ္ခုအားသတိရလိုက္မိသည္ ။

" ေနဦး ေနဦး.. ကြၽန္ေတာ္တို႔ ဆုေတြသြားယူရဦးမယ္ေလ.. "


လင္းေ႐ွာင္ အသံထြက္၍ပင္  ရယ္ေမာလိုက္မိသည္ ။

" ဒီေန႔သြားယူလဲဒီဆုပဲရမွာ မနက္ျဖန္မွသြားယူလဲဒီဆုပဲရမွာ သိရဲ႕လား.. "




ထိုအခါယူေ႐ွာင္မို ႐ုတ္တရက္ သူ၏ေျခေထာက္မ်ားအား ၫြတ္ေကြးခ်လိုက္သည္ ။




" အိုင္းယိုး... ကြၽန္ေတာ့္ပခံုးက အရမ္းနာေနတာပဲ.. "


လင္းေ႐ွာင္မွ ၎အား အထူးအဆန္းသဖြယ္ၾကည့္ေန၍ ေမးလာသည္ ။

" ပခံုးနာတယ္ဆိုၿပီး ဘာလို႔ေျခေထာက္က ေကြးေနရတာလဲ.. "




" ... ... ေျခ.. ေျခ က်ြန္ေတာ့္ေျခေထာက္ကလည္း နာေနတယ္ "



" ကိုယ္အခုမွသတိရတယ္.. ၿပိဳင္ပြဲၾကည့္ရင္း ကိုယ္ခံစားမိတာ မင္းရဲ႕တံု႔ျပန္ႏိုင္စြမ္းနဲ႔ ႀကံဳလာရမယ့္အႏၲရာယ္ေတြကို ရင္ဆိုင္ႏိုင္စြမ္းေတြကို  ျမႇင့္တင္ေပးဖို႔ အေတာ္ေလးလိုအပ္ေနတယ္ "

" ... ဟင္.. အဲ့ဒါေတြကို ဘယ္လိုျမႇင့္တင္ရမွာလဲ "






လင္းေ႐ွာင္ အညင္သာဆံုး ျပံဳးျပလိုက္သည္ ။

" မင္းနဲ႔ကိုယ္နဲ႔ လက္ရည္ခ်င္းယွဥ္ၾကည့္မွာေပါ့.. "




လင္းေ႐ွာင္ႏွင့္သူ လက္ရည္ခ်င္းယွဥ္ရန္မွာ ယူေ႐ွာင္မို႔အတြက္ေတာ့ စိတ္ကူးထဲတြင္ပင္ မလုပ္ရဲေသာကိစၥျဖစ္သည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုခ်က္ခ်င္း လင္းေ႐ွာင္လက္ေမာင္းအားသြားဆြဲကာ ရလိုရျငား ေလသံေပ်ာ့ေလးျဖင့္ အသနားခံေလေတာ့သည္ ။

" တျခား ေျပာင္းေပးလို႔မရေတာ့ဘူးလားဟင္... "



" ရတယ္ေလ "

ယူေ႐ွာင္မို႔မ်က္လံုးေလးမ်ား အေရာင္လက္သြားၾကသည္ ။




လင္းေ႐ွာင္မွ ဆက္ေျပာသည္ ။

" ကိုယ္မင္းကိုတိုက္မယ္ မင္းကခုခံၾကည့္ေပါ့ "







ယူေ႐ွာင္မို ႐ုတ္တရက္ဆြံ႔အသြားသည္၊ သူေျပာသည့္ ေျပာင္းရန္ႏွင့္ ယခုေျပာင္းလိုက္ျခင္းတို႔အၾကား မည္သို႔ကြာျခားပါသနည္း..၊ ေသခ်ာတာ တစ္ခုေတာ့႐ွိသည္၊ ယခုအတိုင္းသာဆိုလ်ွင္ အခ်ိန္တိုင္း လင္းေ႐ွာင္ထံမွယူေ႐ွာင္မို မေသရံုတမယ္ အ႐ိုက္ခံရေတာ့မည္ျဖစ္သည္ ။



သာမန္ကာလ်ွံကာ ေဆြးေႏြးလိုက္ျခင္းသာျဖစ္ေသာ္လည္း လင္းေ႐ွာင္မွ သူ႔အား ျမန္ႏိုင္သမ်ွျမန္ျမန္ ေလ့က်င့္ေပးရမည္ဟုဆိုကာ ေလ့က်င့္ရန္အခ်ိန္မ်ားကိုပါ တစ္ခါတည္း သတ္မွတ္ေပးလိုက္ေလေတာ့သည္၊ ယူေ႐ွာင္မို ေန႔တိုင္း မနက္အိပ္ယာႏိုးျပီးခ်ိန္မွစ၍ တစ္နာရီခန္႔ ေလ့က်င့္ရမည္ျဖစ္သည္၊ သူ႔ထံ၌ မည္သို႔မ်ွ ျငင္းဆန္ပိုင္ခြင့္ မ႐ွိ ။






ထိုေန႔ညေနတြင္ ယူေ႐ွာင္မို သူ၏နယ္ေျမမွ ေမွာ္ေရကန္အတြင္း ေရစိမ္ခ်ိဳးလိုက္ရာ ပခံုးႏွင့္ဒူးေခါင္းတို႔မွ ဒဏ္ရာမ်ား ယူပစ္သလို ေပ်ာက္သြားသျဖင့္ ေဆးထပ္ေသာက္ရန္ပင္ မလိုအပ္ေတာ့ပါေခ်၊ ထို႔ေၾကာင့္ ေနာက္တစ္ေန႔မနက္တြင္ အိပ္ယာေစာေစာထကာ ေက်ာင္းေတာ္မွေပးအပ္ခ်ီးျမႇင့္မည့္ ပထမဆုအား လက္ခံရယူရန္ ထြက္လာခဲ့ေလသည္ ။

တန္းခြဲႏွစ္၏ ဆုမ်ားသည္ တန္းခြဲတစ္ထက္ ပိုမိုေကာင္းမြန္ေလသည္၊ ပထမဆုအတြက္ အမွတ္ႏွစ္ေထာင္ျဖစ္ၿပီး ထိုအမွတ္မ်ားအား မလိုခ်င္ပါက အရည္အေသြးနိမ့္ အဆင့္ျမင့္စြမ္းရည္ေလ့က်င့္ေရးက်မ္းတစ္အုပ္ သို႔မဟုတ္ အရည္အေသြးနိမ့္ အဆင့္ကိုးေဆးပင္တစ္ပင္ႏွင့္ လွဲလွယ္၍ ရေပသည္ ။

ထိုအဆင့္ကိုးေဆးပင္သည္ အထြတ္အျမတ္ေဆးလံုး ေဖာ္စပ္ရာတြင္ လိုအပ္ေသာ ေဆးတစ္မည္ျဖစ္သည္၊ ထိုေဆးလံုး၏ေဆးၫႊန္းအား ၎တို႔ထ်န္႐ွင္းဂိုဏ္းမွ ထြက္လာခ်ိန္က လင္းေ႐ွာင္ ခိုးယူလာခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္အထိ ထိုေဆးၫႊန္းထဲပါဝင္ေသာေဆးပင္မ်ားအနက္ အင္ပါယာေသြးျမက္ပင္ တစ္မ်ိဳးကိုသာ ႐ွာေဖြစုေဆာင္းမိေသးသည္ ။

မည္သို႔ပင္ဆိုေစကာမူ အရြယ္ေရာက္ၿပီးသား ေဆးပင္တစ္ပင္ထက္စာလ်ွင္ အျပည့္အဝမဖြံ႔ၿဖိဳးေသးေသာ ေဆးပင္ကိုသာ ယူေ႐ွာင္မို ပိုမိုႏွစ္သက္သည္၊ အေစ့မ်ားျဖစ္လ်ွင္ ပိုေတာင္ေကာင္းေသး၏၊ သို႔ေသာ္ ဤကိစၥမ်ိဳးသည္ အက်ယ္အက်ယ္ ထုတ္ေျပာ၍ေကာင္းေသာကိစၥမ်ိဳး မဟုတ္ပါေပ ။

ေတာက္႐ွင္းအကယ္ဒမီ၏ ေမွာ္ေဆးပင္မ်ားအား ေမွာ္ေဆးပင္ျခံဝန္းအတြင္း တစ္စုတစ္စည္းတည္း စိုက္ပ်ိဳးထားသည္ဟု သိရသည္၊ ေကာလာဟလမ်ားအရ ထိုျခံဝန္းအတြင္း၌ ရတနာမ်ားသဖြယ္ အလြန္အဖိုးထိုက္တန္ေသာ ႐ွားပါးေဆးပင္မ်ားပါ႐ွိေနၿပီး ၾကည့္မိသူတိုင္းက ေလာဘမသတ္ႏိုင္ၾကဟု ဆိုစမွတ္ျပဳထားျကသည္၊ ထိုအနီးပတ္ဝန္းက်င္တစ္ဝိုက္အား လံုျခံဳေရးတင္းၾကပ္ထားသျဖင့္ မသကာၤစရာ အျပဳအမူတစ္စံုတစ္ရာ ေတြ႔႐ွိရပါက ခ်က္ခ်င္း အေရးယူခံရမည္သာျဖစ္သည္ ။

ယူေ႐ွာင္မို ထိုျခံဝန္းသို႔ ခ်က္ခ်င္းသြားၾကည့္ခ်င္မိေသာ္လည္း ၎ျခံမွာ ေက်ာင္းခြဲႏွစ္၌ မ႐ွိေပ၊ ေမွာ္ေဆးပင္မ်ားအားလံုးလိုလိုသည္ အဆင့္ျမင့္ေဆးပင္မ်ားျဖစ္သျဖင့္ ၎ျခံအား ေက်ာင္းခြဲတစ္တြင္သာ ထား႐ွိသည္ဟု ဆိုသည္၊ ထို႔ေၾကာင့္ သူ၏ဆုအားရယူလိုပါက ေက်ာင္းခြဲတစ္သို႔ အရင္ ေရႊ႔ေျပာင္းရမည္ျဖစ္သည္ ။



ထို႔ေနာက္ မၾကာမီ ယူေ႐ွာင္မို႔ထံသို႔ သတင္းတစ္ခု ေရာက္႐ွိလာသည္ ။

တန္းခြဲႏွစ္႐ွိ ထိပ္ဆံုးေက်ာင္းသားဆယ္ဦးႏွင့္ အဆင့္ေျခာက္အား ထိုးေဖာက္ေအာင္ျမင္ထားေသာ အျခားေက်ာင္းသားမ်ားကို တန္းခြဲတစ္မွေက်ာင္းသားမ်ားႏွင့္အတူ ေနာင္ႏွစ္ရက္အျကာတြင္ ေက်ာင္းခြဲတစ္သို႔ ပို႔ေဆာင္မည္ဟူ၍ပင္ ။





#30.5.2021

အမွားပါရင္ ေထာက္ျပေပးၾကပါဦးေနာ္❤

_______________________









Unicode  ver..





ပုန်းလျှိုးကွယ်လျှိုး၍လည်း အန္တရာယ်ပြုတတ်သေးသော ယူရှောင်မို









အရည်အချင်းစစ်ပြိုင်ပွဲ၏ တတိယအဆင့်သည်လည်း အမှတ်များအားအခြေခံ၍ အဆင့်သတ်မှတ်ခြင်း ပြုလုပ်မည်ဖြစ်သည် ။

ထို့ကြောင့် ယူရှောင်မိုအပါအဝင် ကျန်လေးယောက်သည် စင်မြင့်ပေါ်၌ နောက်ဆုံး ရှင်ကျန်နေခဲ့သူများဖြစ်သော်လည်း ပထမ ဒုတိယ စသည်ဖြင့် အဆင့်များ သတ်မှတ်ရဦးမည်ဖြစ်သည် ။

ထို့ကြောင့် ပွဲကြည့်ပရိတ်သတ်တို့လည်း စင်မြင့်ထက်သို့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်၊ များသောအားဖြင့်ဆိုလျှင် ဤသို့သောအခြေအနေမျိုး၌ ချစ်ကြည်ရေးမဟာမိတ်များအဖြစ်မှ ကမ်ဘာမကြေရန်သူများအဖြစ်သို့ ပြောင်းလဲသွားပြီး သူသေကိုယ်သေတိုက်ခိုက်ကြသည့် တစ်ပိုင်းတည်းအပြီးဇာတ်ကားမျိုး ကြည့်ရှုကြရလေ့ရှိသည်  မဟုတ်ပါလား ။





ဖန်ချီယွင်းမှ စကားစဆိုလိုက်သည် ။

" တိုက်ပွဲမှာ ကျွန်တော်တို့သုံးယောက်ပါဝင်ခဲ့တဲ့ကဏ္႑က နည်းနည်းလေးပါ.. အဲ့ဒါကြောင့် အမှတ်ကိုဘယ်လိုခွဲပေးပေးကိစ္စမရှိပါဘူး အစ်ကိုတို့သဘောပါပဲ.. "

သူ၏သူငယ်ချင်းနှစ်ယောက်မှလည်း ၎င်းအဆိုကို ခေါင်းငြိမ့်ထောက်ခံကြသည်၊ ယူရှောင်မိုနှင့် ထုံယွယ်ရွှီတို့နှစ်ယောက်မှ လေးမှတ်ငါးမှတ် ရရှိမည့်နေရာကောင်းများအား အပိုင်ဦးဦးမည်ဆိုလျှင်တောင်မှ ၎င်းတို့အနေဖြင့်ကန့်ကွက်စရာမရှိပါချေ၊ သို့သော် ထုံယွယ်ရွှီသည်လည်း ယူရှောင်မိုအား လှမ်းကြည့်ကာ သူ့အတွက်လည်း ကိစ္စမရှိကြောင်း အသိပေးလာလေသည်၊ ထို့ကြောင့် ယူရှောင်မိုမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည် ။

" အားလုံးက ကျွန်တော့်ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြမယ်ဆိုမှတော့လည်း ကျွန်တော်စဉ်းစားမိထားတဲ့ရွေးချယ်ရမယ့်နည်းလမ်းနှစ်ခုကို အရင်ပြောပြပါ့မယ် ပြီးမှဘယ်နည်းလမ်းကပိုအဆင်ပြေမလဲ ရွေးကြည့်ကြတာပေါ့ "


" ပထမနည်းလမ်းက ဖန်ချီယွင်းငါးမှတ် ထုံယွယ်ရွှီလေးမှတ် ကျွန်တော်နှစ်မှတ်နဲ့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်အတွက်သုံးမှတ်နဲ့တစ်မှတ်စီပေါ့၊ အဲ့ဒါဆိုရင် သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်က ထိပ်ဆုံးအဆင့်ဆယ်ယောက်ထဲဝင်နိုင်သွားပါလိမ့်မယ် "

" ဒုတိယနည်းလမ်းကတော့ ထုံယွယ်ရွှီငါးမှတ် ဖန်ချီယွင်းလေးမှတ်နဲ့ ကျွန်တော်ကသုံးမှတ်ယူလိုက်ပါ့မယ်၊ အဲ့ဒါဆိုရင်တော့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်လုံး ထိပ်ဆုံးဆယ်ယောက်ထဲမဝင်နိုင်တော့ဘူးပေါ့ "

ထိုနှစ်ယောက်မှာ ယခင်နှစ်ဆင့်လည်း၌ ရမှတ်များ သိပ်မကောင်းခဲ့သဖြင့် နောက်ထပ် တစ်မှတ်နှစ်မှတ်ထပ်ပေါင်းရုံဖြင့်တော့ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲ မဝင်နိုင်တော့ပေ ။



ထုံယွယ်ရွှီ ယူရှောင်မို၏ တကယ့်ရည်ရွယ်ချက်အား ခန့်မှန်းမိသွားသောအခါ ရယ်ရခက် ငိုရခက်ဖြစ်သွားရတော့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းအကြံပြုသည့် နည်းလမ်းများမှာ မည်သည့်နည်းလမ်းကိုရွေးရွေး ချင်ချိုးနှင့် ချိုင်ကျန်းအား ထိပ်ဆုံးသုံးယောက်အတွင်း မဝင်နိုင်အောင် တားဆီးထားသည်ချည်းသာဖြစ်သည်၊ ယူရှောင်မို၏ စိတ်အတွင်း၌ ၎င်းတို့နှစ်ယောက်အား ထိပ်ဆုံးသုံးယောက်အတွင်း လုံးဝမဝင်စေလိုသည်မှာ သိသာလှပေသည် ။

ယူရှောင်မိုအတွက် ထိုသို့သောအကြံမျိုးထုတ်နိုင်ရန်အတော်အားစိုက်ခဲ့ရပုံ ပေါ်သည်၊ မည်သို့ပင်ဖြစ်စေကာမူ သူကိုယ်တိုင်လည်း ယူရှောင်မို၏အကြံအား သဘောကျပေ၏၊ ထို့ကြောင့် အထွန့်မတက်တော့ပဲ ချက်ချင်း ထောက်ခံလိုက်သည် ။

" ကိုယ့်အတွက်က ဘယ်နည်းလမ်းဖြစ်ဖြစ်အဆင်ပြေပါတယ်.. "



ဖန်ချီယွင်းနှင့် သူငယ်ချင်းနှစ်ယောက်မှာတော့ ယူရှောင်မို့စကားများအား သေချာနားထောင်အပြီး ကိုယ့်နားကိုယ်ပင်မယုံနိုင်အောင် အံ့သြမှင်တက်နေကြရသည်၊ ထိုသူ၏ခေါင်းအား မည်သည့်အရာများဖြင့် ပြုလုပ်ဖွဲ့စည်းထားပါသနည်း..၊ မည်သည့်နည်းလမ်းကိုမဆို ရွေးချယ်စေကာမူ အဆုံး၌ အကျိုးအမြတ်များများ ရရှိမည့်သူမှာ ၎င်းတို့သုံးယောက်သာဖြစ်သည်၊ ထို့အပြင် ချင်ချိုးနှင့် ချိုင်ကျန်းတို့သာ ထိုနည်းလမ်းများအား ကြားပါမူ သွေးအန်၍ပင် သေသွားနိုင်လောက်သေး၏ ။

ဖန်ချီယွင်းတစ်ယောက် ယူရှောင်မို၏တကယ့်ရည်ရွယ်ချက်ကို ခန့်မှန်းမိသလိုရှိသော်လည်း အနည်းငယ် ချီတုံချတုံ ဖြစ်နေမိသေးပေသည် ။

" ဒီလိုသာဆို အကျိုးအမြတ်အများဆုံးရမယ့်သူတွေက ငါတို့တွေပဲပေါ့.. ဟုတ်တယ်မလား "


ယူရှောင်မိုမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည် ။

" နည်းလမ်းနှစ်ခုစလုံးက အရမ်းကောင်းတယ်နော် ဘာမှစဉ်းစားမနေပဲတစ်ခုရွေးလိုက်တော့.. ငါကတော့ မင်းတို့ကိုပထမတစ်ခုရွေးစေချင်တယ် အဲ့ဒါဆို မင်းသူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်လဲ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နိုင်မယ်လေ "


ဖန်ချီယွင်း သူ၏သူငယ်ချင်းနှစ်ယောက်အား လှည့်ကြည့်လိုက်မိသည်၊ နှစ်ယောက်စလုံးသည် သူ၏သွေးသောက်ညီအစ်ကိုများဖြစ်သဖြင့် ထိပ်ဆုံးဆယ်ယောက်ထဲဝင်နိုင်မည့်တစ်ယောက်အား ရွေးရခက်နေ၏၊ ထိုစဉ် ၎င်းညီအစ်ကိုနှစ်ယောက်မှ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည် ။

" ကျွန်တော်တို့နှစ်ယောက်ကတော့ ဒုတိယနည်းလမ်းကိုပဲရွေးဖို့ အကြံပေးချင်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်လုံး ကောင်းကောင်းမသန်မာကြသေးတဲ့အတွက် ကျောင်းခွဲတစ်ကိုသာပြောင်းရွှေ့ရရင် ဟိုမှာအဆင်မပြေဖြစ်မှာစိုးပါတယ်၊ အဲ့ဒါအပြင် အခြားပြိုင်ပွဲဝင်တွေအပေါ်လည်း မတရားရာကျမှာစိုးရိမ်မိပါတယ် "



ယူရှောင်မို ၎င်းတို့ပြောသည်မှာ အကျိုးအကြောင်း ဆီလျော်သဖြင့် ဆက်ဖိအားပေးမနတော့ပဲ လက်ခံရန် ဆုံးဖြတ်လိုက်သည် ။

" ဒုတိယနည်းလမ်းကို ရွေးချင်တာ တကယ်သေချာပါတယ်နော်.. "



ထိုနှစ်ယောက် ပြိုင်တူပင် ခေါင်းညိတ်ထောက်ခံကြသည်၊ ၎င်းတို့၏ ဆုံးဖြတ်ချက်အား လုံးဝနောင်တရမည် မဟုတ်ပါပေ ။

အဘယ်ကြောင့်ဆိုသော် အခြားပြိုင်ပွဲဝင်များအတွက် မတရားသည်ကို နောက်ထား၊ အဓိကအချက်မှာ ၎င်းတို့နှစ်ယောက်အနက် မည်သူကကျောင်းခွဲတစ်သို့ ရောက်သွားပါစေ ကျန်ခဲ့မည့်တစ်ယောက်အတွက် မလုံမလဲခံစားကြရမည်ဖြစ်သောကြောင့်ပင်၊ ထိုသို့ဖြစ်ရမည့်အစား နှစ်ယောက်စလုံး ကျောင်းခွဲနှစ်တွင်သာကျန်နေခဲ့ပြီး ကျောင်းခွဲတစ်သို့ဝင်နိုင်ရန် နောက်မှ အတူတကွထပ်ကြိုးစားရန်ကိုသာ ရွေးချယ်လိုက်ကြခြင်းဖြစ်သည် ။




ယူရှောင်မိုမှ စကားဆက်သည် ။

" အဲ့ဒါဆိုလည်း..  ကောင်းပါပြီ ကျွန်တော်တို့ ဒုတိယနည်းလမ်းကိုပဲ ရွေးချယ်လိုက်ပါ့မယ်.. "





ထို့နောက် ပြိုင်ပွဲစင်မြင့်ပေါ်မှ  စီစဉ်ထားသည့်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားလိုက်ကြကာ အရည်အချင်းစစ်ပြိုင်ပွဲ တတိယအဆင့်အား အဆုံးသတ်စေခဲ့လေသည် ။





ပွဲကြည့်နေသော ပရိတ်သတ်များအားလုံးသည် ၎င်းတို့အရှေ့ရှိ မြင်နေရသောမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်၊ ၎င်းတို့သည် အတော်ဆုံးကျောင်းသားတို့၏ အလွန်ပြင်းထန်သောတိုက်ပွဲအား မြင်တွေ့ရတော့မည်ဟူ၍ အားခဲထားကြလေရာ ယခုကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားသဖြင့် အလွန် အံသြထူးဆန်းလျက် ရှိနေကြပေသည် ။

ထို့နောက် အကြီးအကဲငါးမှ အရည်အချင်းစစ်ပြိုင်ပွဲ၏ အဆုံးသတ်ရလဒ်များအား ကြေညာပေးလေသည်၊ ထိပ်ဆုံးဆယ်ယောက်စာရင်းအား သိရှိလိုက်ရချိန်တွင် ပထမ၊ ဒုတိယနှင့် တတိယနေရာတို့တွင် ရှိနေကြသူများကြောင့် ပရိတ်သတ်များ ထပ်မံအံ့သြကြရသေးသည် ။

ချိုင်ကျန်းနှင့် ချင်ချိုးတို့သည် ထိုသုံးယောက်အတွင်းမှ လုံးဝထုတ်ပယ်ခံလိုက်ရပြီး ၎င်းတို့အစား ထုံယွယ်ရွှီနှင့် ဖန်ချီယွင်းတို့က နေရာယူထားကြသည်၊ ထို့ကြောင့် ပွဲကြည့်ပရိတ်သတ်များသည် ၎င်းတို့ယခုကဲ့သို့ ဆုံးဖြတ်ရသည့်အကြောင်းအရင်းအား နားလည်သဘောပေါက်သွားကြတော့သည်၊ ထို့အပြင် ယူရှောင်မိုမှ ချိုင်ကျန်းနှင့် ချင်ချိုးတို့အား ဤနည်းဖြင့် အနိုင်ပိုင်းလိုက်ကြောင်းကိုလည်း သတိထားမိသွားကြသည်၊ ထျန်းဇီရှင်းမှာမူကား မူလ စတုတၳနေရာမှ ဆဋ္ဌမနေရာသို့ပင် ကျဆင်းသွားရလေသည်၊ ၎င်းအပြင် တန်းခွဲတစ်ရော တန်းခွဲနှစ်ပြိုင်ပွဲ၌ပါ ချိုင်မိသားစုနှင့် ထျန်းမိသားစုတို့၏ ရလဒ်များသည် လုံးဝ အားရဖွယ်ရာမရှိပါချေ ။




.......... ......





ယူရှောင်မို လင်းရှောင်ရှိရာသို့ ထော့နင်းထော့နင်းဖြင့် သွားနေရသည်၊ သူ၏ဒဏ်ရာမှ အနည်းငယ် နာကျင်နေသေးသော်လည်း ချိုင်ကျန်းနှင့် အပေါင်းအပါတစ်သိုက်တို့၏ မျက်နှာပေါ်မှ ကြိတ်မနိုင်ခဲမရ အမူအယာများအား တွေ့သောအခါ အနာတစ်ဝက်သက်သာသွားသလိုပင် ခံစားလိုက်ရလေသည် ။



ငါလေးက မင်းတို့ကိုပူးပေါင်းခွင့်လည်းပေးခဲ့တယ် အစီအစဉ်ချပြီးတိုက်ခွင့်လည်းပေးခဲ့သေးတယ်.. ဒါတောင် ဟောဒီမင်းတို့အဖေကို လွယ်လွယ်နဲ့အနိုင်မယူနိုင်ကြဘူးမလား!

ယူရှောင်မို ထိုသို့တွေးမိသဖြင့် ခါးထောက်ကာ အားရပါးရရယ်မောလိုက်မိသေးသည် ။







" ကျွန်တော်ပြိုင်သွားတာဘယ်လိုနေလဲ.. "

ပိုင်လီရှောင်ယွီနှင့် ကျန်းရှောင်ဖုန်းတို့မှ အလျင်အမြန် လက်မထောင်၍ ပြန်ဖြေသည် ။

" အရမ်းမိုက်တယ်! "


ထိုစကားကြောင့် ယူရှောင်မို ဂုဏ်ယူစွာပြုံးလိုက်မိသည်၊ ထို့နောက်  လင်းရှောင်ထံသို့ မျှော်လင့်ချက်များပြည့်နှက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏၊ အခြားသူများထက် လင်းရှောင်ထံမှ ချီးကျူးစကားအား ပိုမိုကြားချင်နေမိသည်လေ ။


လင်းရှောင် မျက်ဝန်းများမှေးကျဉ်းကာ ယူရှောင်မိုအား စိုက်ကြည့်လိုက်သည် ။

" ကောင်းကောင်းလုပ်ခဲ့သားပဲ.. ဒါပေမယ့် မင်းသာဒဏ်ရာရမလာခဲ့ရင် ပိုတောင်ကောင်းသွားဦးမှာပဲ "





ထိုစကားအား ကြားသောအခါ ယူရှောင်မို ရုတ်တရက် နောင်တရသလို ခံစားလိုက်ရသည်၊ သူသိသည်၊ ဤကိစ္စသည် လင်းရှောင်အား အကြီးအကျယ် စိတ်ဆင်းရဲနေစေပေလိမ့်မည်ပင်..၊ ထို့ကြောင့် အရိပ်အကဲကြည့်၍ လင်းရှောင်နားသို့ကပ်သွားလိုက်ကာ ၎င်း၏ရင်ဘတ်အား အသာအယာထုရိုက်လျက် စိတ်သက်သာရာရစေရန် ကြိုးပမ်းလေတော့သည် ။



" ခင်ဗျားကလည်း.. ပြိုင်ပွဲဆိုတာမျိုးက မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်လာတတ်တာပဲလေ.. ပြီးတော့ အဲ့ကိစ္စအတွက်လည်း ကျွန်တော် လက်စားပြန်ချေခဲ့ပြီးပါပြီ.. တခြားတစ်ဖက်ကတွေးရင် ကျွန်တော်တို့နှစ်ယောက်လုံးက တန်းခွဲတစ်ရောနှစ်မှာပါ အဆင့်တစ်နဲ့အောင်ခဲ့တာပဲမလား.. အဲ့ဒါကြောင့် ဒီအချိန်မှာနည်းနည်းလောက်ဖြစ်ဖြစ် အောင်ပွဲခံလို့မရဘူးလားဟင် ဟင် "




ယူရှောင်မို စကားပြောပြီးချိန်တွင် ပိုင်လီရှောင်ယွီနှင့် ကျန်းရှောင်ဖုန်းတို့မှ လင်းရှောင်ရင်ဘတ်အား ထုရိုက်နေသည့် သူ၏လက်သီးဆုပ်အား ပြူးကြည့်နေကြသည်ကို တွေ့လိုက်ရလေသည် ။


ထိုအခါ ယူရှောင်မို မလုံမလဲဖြင့် ထအော်လေတော့သည် ။

" မင်းတို့ကဘာလာကြည့်နေကြတာလဲ! "



ပိုင်လီရှောင်ယွီနှင့် ကျန်ရှောင်ဖုန်း ရုတ်တရက် ဘာလုပ်ရမှန်းမသိသဖြင့်  တောင်ကြည့်မြောက်ကြည့်ဖြင့် အကြည့်များဂဏာမငြိမ်ဖြစ်ကုန်ကြကာ..


" ငါတို့ ဘာ.. ဘာမှမကြည့်ပါဘူး "


ယူရှောင်မို ၎င်းတို့အားမယုံပေ၊ ၎င်းတို့၏ မျက်လုံးများက ၎င်းတို့ တစ်ခုခုသဘောပေါက်သွားကြောင်း သက်သေခံနေပေသည်၊ ထို့နောက်၎င်းတို့နှစ်ယောက်လည်း အကြောင်းရှာကာ ထွက်ပြေးသွားကြတော့သည်၊ ယူရှောင်မို သူ့အားမစောင့်ပဲထွက်ပြေးသွားသော ထိုနှစ်ကောင်အား လိုက်ဖမ်းချင်သော်လည်း လင်းရှောင်မှ သူ့ခါးအား ဆွဲဖက်ထားသဖြင့် မလိုက်နိုင်တော့ပဲ ရပ်၍သာကြည့်နေလိုက်ရလေသည် ။



ထို့နောက်တွင် လင်းရှောင်မှ ယူရှောင်မို့ပါးအား လိမ်ဆွဲဖြစ်ညှစ်ကာပြောလာ၏ ။

" မင်းပြောတာမှန်တယ်.. ကိုယ်တို့နည်းနည်းလောက် အောင်ပွဲခံသင့်တယ်ထင်တယ် "


ထို့နောက် ယူရှောင်မိုခမျာ ထုံယွယ်ရွှီနှင့် အခြားသူများအား နှုတ်ဆက်ချိန်ပင်မရလိုက်ပဲ အဆောင်သို့ အတင်းအကြပ် ဆွဲခေါ်လာခံရတော့သည် ။










........... .......


၎င်းတို့ထွက်သွားပြီးနောက် ထောင့်ကွယ်မှ လူတစ်ယောက် ထွက်ပေါ်လာလေ၏၊ ၎င်းမှာ ချိုရန်ဖြစ်သည်၊ သူသည် ယူရှောင်မိုတို့နှစ်ယောက်ထွက်သွားသောဘက်သို့ အဓိပ္ပါယ်မဖော်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ပြီး အချိန်အနည်းငယ်ကြာမှ လှည့်ပြန်သွားလေသည် ။




အဆောင်တွင်းသို့ ပြန်ရောက်သောအခါ ယူရှောင်မို တစ်စုံတစ်ခုအားသတိရလိုက်မိသည် ။

" နေဦး နေဦး.. ကျွန်တော်တို့ ဆုတွေသွားယူရဦးမယ်လေ.. "


လင်းရှောင် အသံထွက်၍ပင်  ရယ်မောလိုက်မိသည် ။

" ဒီနေ့သွားယူလဲဒီဆုပဲရမှာ မနက်ဖြန်မှသွားယူလဲဒီဆုပဲရမှာ သိရဲ့လား.. "




ထိုအခါယူရှောင်မို ရုတ်တရက် သူ၏ခြေထောက်များအား ညွတ်ကွေးချလိုက်သည် ။




" အိုင်းယိုး... ကျွန်တော့်ပခုံးက အရမ်းနာနေတာပဲ.. "


လင်းရှောင်မှ ၎င်းအား အထူးအဆန်းသဖွယ်ကြည့်နေ၍ မေးလာသည် ။

" ပခုံးနာတယ်ဆိုပြီး ဘာလို့ခြေထောက်က ကွေးနေရတာလဲ.. "




" ... ... ခြေ.. ခြေ ကျွန်တော့်ခြေထောက်ကလည်း နာနေတယ် "



" ကိုယ်အခုမှသတိရတယ်.. ပြိုင်ပွဲကြည့်ရင်း ကိုယ်ခံစားမိတာ မင်းရဲ့တုံ့ပြန်နိုင်စွမ်းနဲ့ ကြုံလာရမယ့်အန္တရာယ်တွေကို ရင်ဆိုင်နိုင်စွမ်းတွေကို  မြှင့်တင်ပေးဖို့ အတော်လေးလိုအပ်နေတယ် "

" ... ဟင်.. အဲ့ဒါတွေကို ဘယ်လိုမြှင့်တင်ရမှာလဲ "






လင်းရှောင် အညင်သာဆုံး ပြုံးပြလိုက်သည် ။

" မင်းနဲ့ကိုယ်နဲ့ လက်ရည်ချင်းယှဉ်ကြည့်မှာပေါ့.. "




လင်းရှောင်နှင့်သူ လက်ရည်ချင်းယှဉ်ရန်မှာ ယူရှောင်မို့အတွက်တော့ စိတ်ကူးထဲတွင်ပင် မလုပ်ရဲသောကိစ္စဖြစ်သည်၊ ထို့ကြောင့် ယူရှောင်မိုချက်ချင်း လင်းရှောင်လက်မောင်းအားသွားဆွဲကာ ရလိုရငြား လေသံပျော့လေးဖြင့် အသနားခံလေတော့သည် ။

" တခြား ပြောင်းပေးလို့မရတော့ဘူးလားဟင်... "



" ရတယ်လေ "

ယူရှောင်မို့မျက်လုံးလေးများ အရောင်လက်သွားကြသည် ။




လင်းရှောင်မှ ဆက်ပြောသည် ။

" ကိုယ်မင်းကိုတိုက်မယ် မင်းကခုခံကြည့်ပေါ့ "







ယူရှောင်မို ရုတ်တရက်ဆွံ့အသွားသည်၊ သူပြောသည့် ပြောင်းရန်နှင့် ယခုပြောင်းလိုက်ခြင်းတို့အကြား မည်သို့ကွာခြားပါသနည်း..၊ သေချာတာ တစ်ခုတော့ရှိသည်၊ ယခုအတိုင်းသာဆိုလျှင် အချိန်တိုင်း လင်းရှောင်ထံမှယူရှောင်မို မသေရုံတမယ် အရိုက်ခံရတော့မည်ဖြစ်သည် ။



သာမန်ကာလျှံကာ ဆွေးနွေးလိုက်ခြင်းသာဖြစ်သော်လည်း လင်းရှောင်မှ သူ့အား မြန်နိုင်သမျှမြန်မြန် လေ့ကျင့်ပေးရမည်ဟုဆိုကာ လေ့ကျင့်ရန်အချိန်များကိုပါ တစ်ခါတည်း သတ်မှတ်ပေးလိုက်လေတော့သည်၊ ယူရှောင်မို နေ့တိုင်း မနက်အိပ်ယာနိုးပြီးချိန်မှစ၍ တစ်နာရီခန့် လေ့ကျင့်ရမည်ဖြစ်သည်၊ သူ့ထံ၌ မည်သို့မျှ ငြင်းဆန်ပိုင်ခွင့် မရှိ ။






ထိုနေ့ညနေတွင် ယူရှောင်မို သူ၏နယ်မြေမှ မှော်ရေကန်အတွင်း ရေစိမ်ချိုးလိုက်ရာ ပခုံးနှင့်ဒူးခေါင်းတို့မှ ဒဏ်ရာများ ယူပစ်သလို ပျောက်သွားသဖြင့် ဆေးထပ်သောက်ရန်ပင် မလိုအပ်တော့ပါချေ၊ ထို့ကြောင့် နောက်တစ်နေ့မနက်တွင် အိပ်ယာစောစောထကာ ကျောင်းတော်မှပေးအပ်ချီးမြှင့်မည့် ပထမဆုအား လက်ခံရယူရန် ထွက်လာခဲ့လေသည် ။

တန်းခွဲနှစ်၏ ဆုများသည် တန်းခွဲတစ်ထက် ပိုမိုကောင်းမွန်လေသည်၊ ပထမဆုအတွက် အမှတ်နှစ်ထောင်ဖြစ်ပြီး ထိုအမှတ်များအား မလိုချင်ပါက အရည်အသွေးနိမ့် အဆင့်မြင့်စွမ်းရည်လေ့ကျင့်ရေးကျမ်းတစ်အုပ် သို့မဟုတ် အရည်အသွေးနိမ့် အဆင့်ကိုးဆေးပင်တစ်ပင်နှင့် လှဲလှယ်၍ ရပေသည် ။

ထိုအဆင့်ကိုးဆေးပင်သည် အထွတ်အမြတ်ဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သော ဆေးတစ်မည်ဖြစ်သည်၊ ထိုဆေးလုံး၏ဆေးညွှန်းအား ၎င်းတို့ထျန်ရှင်းဂိုဏ်းမှ ထွက်လာချိန်က လင်းရှောင် ခိုးယူလာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ထိုဆေးညွှန်းထဲပါဝင်သောဆေးပင်များအနက် အင်ပါယာသွေးမြက်ပင် တစ်မျိုးကိုသာ ရှာဖွေစုဆောင်းမိသေးသည် ။

မည်သို့ပင်ဆိုစေကာမူ အရွယ်ရောက်ပြီးသား ဆေးပင်တစ်ပင်ထက်စာလျှင် အပြည့်အဝမဖွံ့ဖြိုးသေးသော ဆေးပင်ကိုသာ ယူရှောင်မို ပိုမိုနှစ်သက်သည်၊ အစေ့များဖြစ်လျှင် ပိုတောင်ကောင်းသေး၏၊ သို့သော် ဤကိစ္စမျိုးသည် အကျယ်အကျယ် ထုတ်ပြော၍ကောင်းသောကိစ္စမျိုး မဟုတ်ပါပေ ။

တောက်ရှင်းအကယ်ဒမီ၏ မှော်ဆေးပင်များအား မှော်ဆေးပင်ခြံဝန်းအတွင်း တစ်စုတစ်စည်းတည်း စိုက်ပျိုးထားသည်ဟု သိရသည်၊ ကောလာဟလများအရ ထိုခြံဝန်းအတွင်း၌ ရတနာများသဖွယ် အလွန်အဖိုးထိုက်တန်သော ရှားပါးဆေးပင်များပါရှိနေပြီး ကြည့်မိသူတိုင်းက လောဘမသတ်နိုင်ကြဟု ဆိုစမှတ်ပြုထားကြသည်၊ ထိုအနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတင်းကြပ်ထားသဖြင့် မသကာၤစရာ အပြုအမူတစ်စုံတစ်ရာ တွေ့ရှိရပါက ချက်ချင်း အရေးယူခံရမည်သာဖြစ်သည် ။

ယူရှောင်မို ထိုခြံဝန်းသို့ ချက်ချင်းသွားကြည့်ချင်မိသော်လည်း ၎င်းခြံမှာ ကျောင်းခွဲနှစ်၌ မရှိပေ၊ မှော်ဆေးပင်များအားလုံးလိုလိုသည် အဆင့်မြင့်ဆေးပင်များဖြစ်သဖြင့် ၎င်းခြံအား ကျောင်းခွဲတစ်တွင်သာ ထားရှိသည်ဟု ဆိုသည်၊ ထို့ကြောင့် သူ၏ဆုအားရယူလိုပါက ကျောင်းခွဲတစ်သို့ အရင် ရွှေ့ပြောင်းရမည်ဖြစ်သည် ။



ထို့နောက် မကြာမီ ယူရှောင်မို့ထံသို့ သတင်းတစ်ခု ရောက်ရှိလာသည် ။

တန်းခွဲနှစ်ရှိ ထိပ်ဆုံးကျောင်းသားဆယ်ဦးနှင့် အဆင့်ခြောက်အား ထိုးဖောက်အောင်မြင်ထားသော အခြားကျောင်းသားများကို တန်းခွဲတစ်မှကျောင်းသားများနှင့်အတူ နောင်နှစ်ရက်အကြာတွင် ကျောင်းခွဲတစ်သို့ ပို့ဆောင်မည်ဟူ၍ပင် ။





#30.5.2021

အမှားပါရင် ထောက်ပြပေးကြပါဦးနော်❤

_______________________

















המשך קריאה

You'll Also Like

1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
6.3K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...