Emperor and the Knightness (Z...

Par CrystSnow

7.4K 671 32

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... Plus

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁

အခန်း ၃၀၈

43 7 0
Par CrystSnow

"ငါ ဒီလိုစဉ်းစားထားတာဟာ Donau. အရှင်နဲ့ ငါက Gerald ကို တရားဝင်သားဖြစ်အောင်လို့ လက်ထပ်တာဆိုတော့ နောက်ပြီးကျရင် ငါတို့ ကွာရှင်းပြီးတော့ ငါ့ဘာသာ Sitrin ကို တစ်ယောက်တည်း ပြန်လာမယ်. Geral ကိုတော့ Yapa ရဲတိုက်မှာပဲ ကြီးပြင်းပစေပေါ့"

ဒီဟာကို အကြံကောင်းလို့ Poliana က ထင်နေပေမဲ့ Donau ကတော့ မယုံကြည်နိုင်ဟန်နဲ့ ကြည့်လာသည်.

"အစ်မ ဒီလိုလုပ်လို့မရဘူး. Lady Stra က ကွာရှင်းခွင့်တောင်းဖို့ အကြောင်းပြချက်ကောင်းရှိတယ်. ဒါပေမဲ့ အစ်မကိစ္စကျတော့ မတူဘူးလေ. တကယ်လို့ အစ်မနဲ့ အရှင်နဲ့ကွာရှင်းလိုက်ရင် လူတွေ အတင်းတုပ်လို့ပြီးတော့မှာ မဟုတ်ဘူး. အစ်မတို့က ကလေးကြောင့် လက်ထပ်လိုက်တာလို့ ပြောကြမှာ"

"ဒါပေမဲ့.. ဒါက မှန်နေတာပဲလေ! ငါတို့သားကြောင့်သာ ငါတို့လက်ထပ်ရမှာလေ!"

"အစ်မ..."

"အားး!"

Poliana က သူမမျက်နှာကို အုပ်ကာ အော်လိုက်သည်. သူမမွေးစားမောင်ကို မပြောပြရသေးတာ တစ်ခုကျန်နေသေးသည်.

Lucius က သူမအပေါ်ထားရှိတဲ့ သူ့အချစ်တွေကို ဝန်ခံခဲ့တယ်ဆိုတဲ့အကြောင်း

သူက သူမကိုချစ်ခဲ့တယ်လို့ ပြောခဲ့တုန်းက ဧကရာဇ်က သူမကို သစ္စာဖောက်လိုက်သလိုမျိုး Poliana ခံစားခဲ့ရသည်. သူမက သူမဧကရာဇ်ကို နားလည်နေတာကြောင့် စိတ်ဆိုးစိတ်ပျက်ကာ ဝမ်းနည်းခဲ့ပြီး တခြားဘာခံစားချက်မှ မဖြစ်ခဲ့ပေ.

ဧကရာဇ်က Sitrin ကနေ ပြန်သွားပြီးတဲ့နောက်တော့ Poliana က ဒီအကြောင်းကို အများကြီးစဉ်းစားဖြစ်လိုက်သည်.

'အရှင်က ငါ့ကိုချစ်လာစရာအကြောင်းမှမရှိတာ. ငါ့ကို နှစ်သိမ့်ဖို့နဲ့ ငါ့ခံစားချက်တွေ ပိုကောင်းလာအောင်လို့ ပြောခဲ့တာပဲဖြစ်နိုင်တယ်'

ဒါက သူမ စဉ်းစားလို့ရသမျှ အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်. သူမကဆင်ခြေတစ်ခုပေးနေတာသာဖြစ်ပြီး သူမဘာတွေလုပ်နေလဲဆိုတာကို သတိမပြုမိပေ. ပထမတော့ သူမက ဧကရာဇ်ပြောခဲ့တဲ့စကားတွေကို သံသယဝင်ခဲ့သည်. Lucius က သူ့ရဲ့ထူးဆန်းတဲ့ဟာသတွေကလွဲရင် ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူ့လိုလူမျိုးတစ်ယောက်က သူမကို ဘာလို့ချစ်မိရမှာလဲ? သူမစဉ်းစားလေ ဒီအကြောင်းအရာက ဟန်ဆောင်မှုတစ်ခုဖြစ်နေတယ်ဆိုတာကို သူမက သေချာလာလေဖြစ်နေသည်.

Lucius က ကြင်နာပြီးတော့ သဘောထားကြီးမြတ်တဲ့ ဧကရာဇ်ဖြစ်သည်. သူက သိုက်တူးသမားလိမ်တာကို ခံခဲ့ရပြီး ကြောက်မက်ဖွယ်ရာလက်ထပ်မှုထဲ ကျရောက်လုနီးပါးဖြစ်ခဲ့တဲ့ Poliana ကို သနားသွားတာ ဖြစ်နိုင်သည်. နောက်တော့ သူမက သူ့သားကို မွေးပေးခဲ့သည်. သူမကို သနားနေတဲ့ဧကရာဇ်က သူမနာမည်နဲ့ ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်ကာ သူမခံစားချက်တွေကို ထောက်ရှုပြီးတော့ သူမကို ချစ်နေတယ်လို့ လိမ်ညာခဲ့တာဖြစ်နိုင်သည်.

ဧကရာဇ်ကို သိနေတဲ့ Poliana က ဒီအချက်က ဖြစ်နိုင်ချေရှိတယ်လို့ ထင်လိုက်သည်.

"ဟားဟားဟား!"

Poliana ရုတ်တရက် စိတ်သက်သာရာရသွားသည်. သူမက ကျယ်လောင်စွာနဲ့ ရယ်လိုက်တာကြောင့် Donau က အံ့ဩသွားကာ တွ့န်သွားသည်. သူ့မျက်ခုံးတွေက မြင့်တက်လာပြီး ဒီလိုကြောက်မက်ဖွယ်ရာကိစ္စကြောင့် နောက်ဆုံးတော့ သူ့အစ်မက စိတ်လွတ်သွားပြီလားဆိုတာကို သိချင်သွားသည်.

"အစ်မ.."

Donau က သူမကို နှစ်သိမ့်ဖို့ လက်ကမ်းလိုက်ပေမဲ့ Poliana က သူမလက်ကို မပေးပဲ စားပွဲခုံကို ရိုက်ကာ ဆက်ရယ်နေသည်.

"ဟားဟားဟား!အဲ့တာက အရမ်းရယ်ရတာပဲ! တကယ့်ကိုပဲ!"

"အစ်မ, အဆင်ပြေရဲ့လား? အစ်မ? Sir Pol? အစ်မရေထဲမှာ အရက်တွေ ဘာတွေများ ရောထားသေးလား?"

"Oh... gosh... Donau, ငါတကယ်ကြီး စိတ်လွတ်သွားတာဖြစ်နိုင်တယ်.. ငါ ရူးတော့မယ်ထင်တယ်"

"ဘာလို့လဲ? ဘာတွေဖြစ်ခဲ့လို့လဲ?"

"ရှက်ဖို့ကောင်းလိုက်တာ. ငါ သူ့ကို တကယ်ကြီးယုံခဲ့မိတာပဲ!. ငါပြောချင်တာက.. ငါ့ကို ကြည့်စမ်း! ငါက ဘာလို့ ဒီလောက်ထိ ရူးမိုက်ရတာလဲ?"

Poliana က အားပါးတရဆက်ရယ်နေတာကြောင့် Donau က ထိတ်လန့်လာသည်.

'သူမက အရက်မသောက်ပဲ ဆေးတွေစသုံးနေတာလား?'

Donau ရဲ့ ပူပင်မှုက ဖြစ်နိုင်သည်. အနားယူထားတဲ့ စစ်သည်တွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ သက်သာအောင်လို့ မူးယစ်ဆေးသုံးတာက ဖြစ်နေကြဖြစ်သည်. Poliana က အရူးတစ်ယောက်လို ဆက်ရယ်နေတာကြောင့် Donau ရဲ့ ပူပင်မှုတွေက ပိုဆိုးလာခဲ့သည်. သူက Poliana ရဲ့ခွက်ကို ယူကာ အနံ့ခံလိုက်သည်. သူက အနည်းငယ်ထူးဆန်းနေတယ်လို့ ထင်ရတာကြောင့် အရသာခံကြည့်လိုက်ပေမဲ့ အဲ့တာက ရေသီးသန့်ဖြစ်နေသည်.

'ခံစားချက်တွေ မတူတော့လောက်အောင် အများကြီးသောက်ခဲ့လို့ဖြစ်နိုင်တယ်...'

"အစ်မ ဘာတွေဖြစ်နေတာလဲ? ကျွန်တော့်ကို ပြောပြစမ်းပါ"

"ဟားဟားဟား.. ငါက အရူးပဲ"

"အစ်မ ဘာတွေပြောနေတာလဲ?"

Donau က ရေသောက်ရင်းနဲ့ မေးလိုက်သည်. Poliana က ပြန်ဖြေလိုက်သည်.

"အရှင်က ငါ့ကိုချစ်တယ်လို့ ဝန်ခံခဲ့တာ. ပြီးတော့ ငါလဲခဏလောက်တော့ ယုံသွားမိလိုက်သေးတယ်.. ဟားဟားဟား.. ဘယ်လောက်တောင် ရယ်ရလဲ"

Sir Donau က ရေသီးသွားကာ ချောင်းဆိုးလာပြီး Poliana ရဲ့မျက်နှာဆီ ရေတွေ ထွေးထုတ်မိသွားသည်. Poliana က တည်ငြိမ်စွာနဲ့ သူမမျက်နှာက ရေတွေကို သုတ်ကာ မေးလိုက်သည်.

"နင် အဆင်ပြေရဲ့လား?"

"အစ်မ. အခု ဘာပြောလိုက်တာ?"

"အရှင်က ငါ့ကိုချစ်တယ်လို့ ပြောခဲ့တာ"

အဟွတ်! အဟွတ်!

Sir Donau ရုတ်တရက် ထိန်းချုပ်လို့မရလောက်တော့အောင် ချောင်းဆိုးလာသည်. Poliana က သူ့ဆီကို လျှောက်သွားကာ သူ့ကျောပြင်ကို ရိုက်လိုက်သည်. သူ့ကို ကူညီဖို့ တစ်စိတ်တစ်ပိုင်း ပါဝင်သလို အစောပိုင်းတုန်းက သူမကို ရိုက်ထားတဲ့အတွက် ကလဲ့စားပြန်ချေတာလဲ တစ်စိတ်တစ်ပိုင်းပါဝင်နေသည်.

"ငါသိတယ်, ဟုတ်တယ်မလား? အဲ့တာက အရမ်းရူးမိုက်ပြီးတော့ ရယ်ရတာပဲ. ငါက အဲ့တာကို ယုံလိုက်မိသေးတယ်..!"

Poliana က သူမမျက်စိနားမှာရှိနေတဲ့ ဆံပင်တွေကို ဖယ်လိုက်သည်. သူမကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ဆံပင်မညှပ်ခဲ့တာကြောင့် အခုဆို သူမဆံပင်က တော်တော်လေးရှည်နေပြီ ဖြစ်သည်. ဆံပင်ရှည်လာတဲ့အတွက် သူမမျက်နှာရှင်းနေအောင်လို့ သူမဆံပင်တွေကို အနောက်ဘက်ကို အလွယ်တကူသိမ်းကာ စီးထားလို့ရကြောင်းကို Poliana သိခဲ့ရသည်.

Sir Donau က သူမရဲ့ စကားကြောင့် Gerald ကို ပထမဆုံး မြင်လိုက်တုန်းကထက် ပိုပြီး ထိတ်လန့်သွားပုံရသည်. သူမ ကြားခဲ့တာတွေက သေချာရဲ့လားဆိုတာကို သူက ထပ်ခါထပ်ခါ ပြန်မေးနေသည်. Poliana က သူ့ကို ဟုတ်မှန်ကြောင်း ပြန်ပြောခဲ့ကာ သူမထိုင်ခုံဆီကို ပြန်သွားလိုက်သည်. သက်ပြင်းချရင်းနဲ့ Poliana က ရှင်းပြလိုက်သည်.

"ငါလဲ အဲ့တုန်းက အရမ်းလန့်သွားတာ. အရှင်က တော်တော်လေးသရုပ်ဆောင်ကောင်းတာပဲ. ငါ တကယ်ကြီးယုံလိုက်မိသေးတယ်. ငါက တုံးအလာတာလား ဘာလား တစ်ခုခုပဲ"

"အမ်.. အစ်မ.. ကျွန်တော့်ကို အသေးစိတ်ပြောပြလို့ရမလား?... ကျွန်တော်... ကျွန်တော့်ဦးနှောက်တွေက နားလည်ဖို့ခက်နေတယ်.."

Poliana က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင်းပြလိုက်သည်. Lucius က သူမအပေါ်ထားရှိတဲ့ သူ့ရဲ့လေးနက်တဲ့ချစ်ခြင်းတွေကို ဝန်ခံကာ သူမကို လက်ထပ်ခွင့်တောင်းခဲ့သည်. သူတို့ဆီမှာ ကလေးရှိနေပြီ ဖြစ်တာကြောင့် သူတို့လက်ထပ်ဖို့ပဲ ရှိတော့တာက သိသာနေပေမဲ့ Sir Donau က "လက်ထပ်ခွင့်တောင်းတယ်" ဆိုတဲ့ စကားကိုမဟုတ်ပဲ "အချစ်"ဆိုတဲ့ စကားလုံးကိုသာ အာရုံစိုက်လိုက်မိသည်. ဧကရာဇ်က သူ့ရဲ့ခံစားချက်တွေကို သူမကို ဘယ်လိုဝန်ခံခဲ့တယ်ဆိုတဲ့အကြောင်းကို အသေးစိတ်ပြောပြဖို့ တောင်းဆိုလိုက်ပြီး Poliana က ပြန်ဖြေလိုက်သည်.

"အဲ့တာအများကြီးတော့ မဟုတ်ဘူး.. Gerald ရှိနေတာကို သိသွားတော့ အရှင်က ငါ့ကို ချစ်နေခဲ့တာကြာပြီလို့ ပြောခဲ့တာ. အဲ့တာပဲ. ငါက အဲ့စကားကိုယုံပြီးတော့ အရူးလိုမျိုး လုပ်ခဲ့သေးတယ်..."

Poliana က ရှက်လာတာကြောင့် သူမမျက်နှာကို လက်တွေနဲ့ကာလိုက်သည်. သူပြောခဲ့တာတွေက တကယ်ပြောနေတာဖြစ်နိုင်တယ်လို့ထင်ကာ သူမက သူ့အရှေ့မှာ ငိုခဲ့မိတာကို အမှတ်ရလိုက်သည်. အခု သူမ ဘာလုပ်ရတော့မလဲ?

Lucius က တကယ့်စိတ်ရင်းနဲ့ ပြောတာမဟုတ်ဘူးလို့ သူမဘာသာ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်. ဒါပေမဲ့ Sir Donau တော့ ငြင်းခုန်လာသည်.

"သူက လိမ်နေတာလို့ အစ်မက ဘာလို့ ထင်ရတာလဲ?"

"ဟမ်?"

Donau ရဲ့ တုန့်ပြန်ပုံကြောင့် Poliana က အံ့ဩသွားသည်. သူမမွေးစားမောင်က သူမနဲ့အတူ ရယ်မောကာ သူမကို စနောက်လာမယ်လို့ ထင်ခဲ့မိတာဖြစ်သည်. အဲ့အစား Sir Donau က မျက်မှောင်ကြုံ့ကာ သူမကို တိုးလျစွာနဲ့ ပြောလိုက်သည်.

"အစ်မက ဘာလို့ အဲ့လိုထင်ရတာလဲ?"

"ဘာလို့လဲ? နင်ဘာပြောချင်တာလဲ? အဲ့တာက အသိသာကြီးမဟုတ်ဘူးလား? အရှင်က ငါ့ကို ဘာလို့ချစ်နေရမှာလဲ?"

"သူက အစ်မကို ဘာလို့ချစ်လို့မရရမှာလဲ?"

"သူ မချစ်နိုင်တာတော့ မဟုတ်ပါဘူး. သူက ဧကရာဇ်ဆိုတော့ သူလုပ်ချင်တာ အားလုံးလုပ်နိုင်တယ်လေ.. ငါပြောချင်တာက သူက ဘာလို့ ငါ့ကို ချစ်ရမှာလဲ? ငါ့လို လူမျိုးကို အရှင်က ဘာလို့ ချစ်ရမှာလဲ?"

"အစ်မက ဘာဖြစ်နေလို့လဲ? 'ငါ့လိုလူ'လို့ အစ်မက ဘာလို့ ပြောနေရတာလဲ?"

Poliana က သူမကိုယ်သူမ လျော့တွက်ထားလို့တော့မဟုတ်ပေ. တကယ်တော့ သူမက အာဏာရှိပြီး ချမ်းသာကြွယ်ဝတာကြောင့် သူမကို လူကြိုက်များတယ်လို့ ယုံကြည်ထားပေမဲ့ ဒါက နိုင်ငံရေးကိစ္စမဟုတ်ပေ. ဒါက နှလုံးသားရေးရာကိစ္စဖြစ်နေသည်.

Poliana က ပြန်ဖြေလိုက်သည်.

"ငါက လိုအပ်ချက်တွေရှိနေတယ်လို့ ပြောတာတော့ မဟုတ်ဘူး. အဲ့တာက အဓိပ္ပါယ်မရှိဘူးလို့ ပြောနေတာ. နင်က ဘာလို့ ငါနဲ့ လာငြင်းနေရတာလဲ? နင်ပြောနေတာတွေကသာ အဓိပ္ပါယ်မရှိတာ"

"မဟုတ်ဘူး.. အစ်မပြောနေတာတွေကိုက အဓိပ္ပါယ်မရှိတာ. အစ်မ အခုလုပ်နေတာတွေကလဲ မှားနေတယ်. အစ်မက အရှင့်ရဲ့ ခံစားချက်တွေကို လစ်လျှူရှုပြီး ဖယ်ရှားနေတာ"

'ငါ့မောင်က တော်တော်လေး တုံးအနေတာပဲ'

Continuer la Lecture

Vous Aimerez Aussi

181K 36.5K 159
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy
321K 41.3K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
339K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
458K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."