Till The End

By Aster_Glory

94.6K 10.9K 141

Yizhan I do not own every single photo in this fiction. If there is something wrong, please forgive me Final... More

1 (*-.*)
2 (*-.*)
:):)
3 (^-.^)
4 (*-.*)
5 (•*-.*•) <3
6 (^-.^)
8 /)/).
9 (•^_^•)
10 (\/).
11 (*-.*)
12 (^-.^)
13 (•-.•)
14 ~•-.•~
15 ~^-.^~
16 /)/).
17 (\_/).
18 ~*-.*~
19 ~•-.•~
20 o-0
21 (•-.•)
22 (*-.*) <33333333
Message

7 (*-.*)

3.2K 391 0
By Aster_Glory

Zawgyi

ခန္႔မွန္းခဲ႕တဲ႕အတိုင္းပဲေတာင္ေပၚရြာေတြရဲ႕ လိုအပ္ခ်က္ဟာ ေရ ရရွိေရးျဖစ္ပါတယ္။

ရြာသူရြာသားေတြဟာ တစ္ညီတစ္ညြတ္တည္း အဝီစိတြင္းတူးဖို႕ အစည္းအေဝးမွာ ေတာင္းဆိုလာျကတယ္။

'နည္းပညာအရ အဆင္ေျပနိုင္လား'

အစည္းအေဝးမွာ Leader Wang က ရြာသားေတြရဲ႕ ေတာင္းဆိုခ်က္ကို အေကာင္အထည္ေဖာ္ဖို႕ ျဖစ္နိုင္လားဆိုတာ Xiao Zhan ကိုတိုးတိုးေလး ကပ္ျပီးေမးလာတာျဖစ္တယ္။

Xiao Zhan ေခါင္းခါလိုက္တယ္။ အစည္းအေဝးကို ကိုင္တြယ္ဖို႕ Xiao Zhan တာဝန္ျဖစ္လာပါတယ္။

'ဦးတို႕ ေဒၚေဒၚတို႕ လိုခ်င္တဲ႕ အဝီစိတြင္း တူးေဖာ္ဖို႕ မျဖစ္နိုင္ပါဘူး'

'ဟာ!!!!!'

ရြာသူရြာသားေတြမ်က္နွာမွာ စိတ္ပ်က္မွုေတြ ျဖစ္ကုန္တယ္။ Xiao Zhan ကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ရတယ္။ နွစ္ေပါင္းမ်ားစြာ လိုအပ္လာတဲ႕ လိုအပ္ခ်က္ကို သူ႕အေနနဲ႕ ျဖည့္စည္းေပးခ်င္ပါတယ္။

'ပထဝီဝင္အေနအထားအရ ဒီေဒသတစ္ခုလံုးက ေက်ာက္ဖ်ာခံေနပါတယ္။ technical report (နည္းပညာဆိုင္ရာ တင္ျပခ်က္ေတြ) အရ ေက်ာက္ဖ်ာရဲ႕အထူက ေပ 400 ကေန 1000 ျကားရွိေနနိုင္ပါတယ္။ အဲ႕ေလာက္ထိ နက္နက္တူးနိုင္ဖို႕ က ပိုက္ဆံလည္းကုန္ မေသခ်ာတဲ႕ ကိစၥမို႕ပါ'

'က်ဳပ္တို႕ရြာေလးကေအ စမ္းကေရကို အလွည့္က်တန္းစီခပ္ဖို႕ မိသားစုဝင္တစ္ေယာက္က တစ္ေနကုန္ေစာင္႔ရတာ။ ကူညီမယ့္သူလာလို႕ ဒီဒုကၡက က်ြတ္ျပီမွတ္တာ'

ဟုတ္ပါတယ္။ မိသားစုဝင္ထဲက ေရခပ္နိုင္တဲ႕ အငယ္ဆံုးကေလးေတြဟာ ေရ ရရွိဖို႕ အလွည့္က်စနစ္နဲ႕တန္းစီေနရတာပါ။ က်န္တဲ႕မိသားစုဝင္ေတြက အလုပ္လုပ္ျပီး ေရခပ္တဲ႕သူကေတာ့ အလုပ္မလုပ္နိုင္ပဲ တစ္ေနကုန္ေစာင့္ရတာပါ။

'စိတ္မပ်က္ပါနဲ႕ ေနာက္ထပ္နည္းလမ္းရွိပါေသးတယ္'

'ဘာလဲ ဘာမ်ားလဲ'

'စမ္းရွိတဲ႕ ေနရာမွာပဲ ေျမသားကန္ ေဆာက္လုပ္ျပီး ရြာထဲထိ mortor နဲ႕ စုပ္ယူျပီး အမ်ားသံုး ေရကန္ လုပ္လို႕ရပါေသးတယ္'

'ေဟးးးးးး တစ္ကယ္လား ဆရာေလး'

'တစ္ကယ္ေပါ့ ကန္ကိုေသခ်ာေဆာက္လုပ္ရင္ ေရလည္းအလံုအေလာက္ရသလို ရြာထဲမွာပဲ ေရထြက္ပိုက္ေခါင္းအမ်ားျကီးနဲ႕ ခပ္ရမွာဆိုေတာ့ အခ်ိန္ကုန္လည္း သက္သာမယ္'

'ဒါဆို ေျမသားကန္မလုပ္ပဲ ကြန္ကရစ္ကန္ပဲလုပ္မယ္ တာရွည္ခံေအာင္'

'အယ္…… အဲ႕လိုေတာ့မရပါဘူး။ ကြန္ကရစ္ဆိုရင္ ေတာင္နံရံက ေရဟာ ေရေက်ာပိတ္သလိုျဖစ္ျပီး စိမ့္ မထြက္နိုင္ေတာ့ပါဘူး။ ဒါေျကာင့္ ေရကန္ထဲ ေရအျမဲစီးဝင္ေအာင္ ေျမသားကန္ဟာ အေကာင္းဆံုးပါပဲ'

'နင္တို့ကလဲ လ်ွာရွည္လိုက္တာ ဆရာေလးေကာင္းသလို စီမံေပး'

'အင္း က်ြန္ေတာ့္ကို အားကိုးေပးလို႕ ေက်းဇူးတင္ေပမယ့္ အဲ႕လိုအားကိုးတာကို မျကိဳက္ပါဘူး ခင္မ်ာ။

စီမံကိန္းရဲ႕ ရည္ရြယ္ခ်က္ကိုက ဦးတို႕ ေဒၚေဒၚတို႕ဟာ လုပ္ငန္းတစ္ခုကို နည္းစနစ္တက် အေကာင္အထည္ေဖာ္နိုင္ဖို႕ ပါ

က်ြန္ေတာ္တို႕က လမ္းျပေပးရံုပါေနာ္။ ကိုယ့္အား ကိုယ္ကိုးရမွာပါ လိုအပ္တာ မွန္သမ်ွကူညီဖို႕ အဆင္သင့္ရွိပါတယ္'

'ဟုတ္ကဲ႕ပါ ဆရာေလး'

အားလံုး အဆင္ေျပသြားတဲ႕အခါ စမ္းေရထြက္တဲ႕ေနရာကို သြားျကည့္ဖို႕ လိုလာပါတယ္။

လူဦးေရအရ ေျမသား တမံကို ဘယ္ေလာက္ထိေဆာက္သင့္လဲ။ ေျမေနရာ အက်ယ္အဝန္း ေတြတိုင္းတာဖို႕ ျဖစ္တယ္။

ရြာထဲက ေရေပးေဝရာ အခ်က္အျခာ ေနရာေရြးခ်ယ္ျပီး ေရထြက္ရာ ပင္မရင္းျမစ္နဲ႕ အကြာအေဝးတိုင္းတာဖို႕ လိုလာပါတယ္။ အကြာအေဝးကိုလည္း အတိုဆံုးလမ္းေျကာင္းေရြးခ်ယ္ သတ္မွတ္ရပါတယ္။   ဒါမွသာ လိုအပ္တဲ႕ ပိုက္နဲ႕ ပိုက္ဆက္ပစၥည္းေတြ ျကိဳဝယ္နိုင္မွာပါ။

အိတ္ထဲကပါလာတဲ႕ 100ေပ ေပဘူးရယ္ ခဲတံရယ္ note book ရယ္ထုတ္ျပီး ရြာလူျကီးနဲ႕ ရြာသူရြာသားေတြ အကူအညီနဲ႕ တိုင္းတာရပါေတာ့တယ္။

Leader ကေတာ့ သူေဘးနားေတာက္ေလ်ွာက္ လိုအပ္တာကူညီလုပ္ကိုင္ေပးပါတယ္။

စမ္းကိုေရာက္တဲ႕အခ်ိန္မွာေတာ့ ညေနေစာင္းေနျပီ ျဖစ္ပါတယ္။ ေဆာ္ေဆာ္ျသျသ နဲ႕ တက္ညီလက္ညီ ေျမေနရာတိုင္းေတာ့ ေနမဝင္ခင္ အားလံုးအမွီျပီးသြားပါေတာ့တယ္။

#################






Uni

ခန့်မှန်းခဲ့တဲ့အတိုင်းပဲတောင်ပေါ်ရွာတွေရဲ့ လိုအပ်ချက်ဟာ ရေ ရရှိရေးဖြစ်ပါတယ်။

ရွာသူရွာသားတွေဟာ တစ်ညီတစ်ညွတ်တည်း အဝီစိတွင်းတူးဖို့ အစည်းအဝေးမှာ တောင်းဆိုလာကြတယ်။

'နည်းပညာအရ အဆင်ပြေနိုင်လား'

အစည်းအဝေးမှာ Leader Wang က ရွာသားတွေရဲ့ တောင်းဆိုချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်လားဆိုတာ Xiao Zhan ကိုတိုးတိုးလေး ကပ်ပြီးမေးလာတာဖြစ်တယ်။

Xiao Zhan ခေါင်းခါလိုက်တယ်။ အစည်းအဝေးကို ကိုင်တွယ်ဖို့ Xiao Zhan တာဝန်ဖြစ်လာပါတယ်။

'ဦးတို့ ဒေါ်ဒေါ်တို့ လိုချင်တဲ့ အဝီစိတွင်း တူးဖော်ဖို့ မဖြစ်နိုင်ပါဘူး'

'ဟာ!!!!!'

ရွာသူရွာသားတွေမျက်နှာမှာ စိတ်ပျက်မှုတွေ ဖြစ်ကုန်တယ်။ Xiao Zhan ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရတယ်။ နှစ်ပေါင်းများစွာ လိုအပ်လာတဲ့ လိုအပ်ချက်ကို သူ့အနေနဲ့ ဖြည့်စည်းပေးချင်ပါတယ်။

'ပထဝီဝင်အနေအထားအရ ဒီဒေသတစ်ခုလုံးက ကျောက်ဖျာခံနေပါတယ်။ technical report (နည်းပညာဆိုင်ရာ တင်ပြချက်တွေ) အရ ကျောက်ဖျာရဲ့အထူက ပေ 400 ကနေ 1000 ကြားရှိနေနိုင်ပါတယ်။ အဲ့လောက်ထိ နက်နက်တူးနိုင်ဖို့ က ပိုက်ဆံလည်းကုန် မသေချာတဲ့ ကိစ္စမို့ပါ'

'ကျုပ်တို့ရွာလေးကအေ စမ်းကရေကို အလှည့်ကျတန်းစီခပ်ဖို့ မိသားစုဝင်တစ်ယောက်က တစ်နေကုန်စောင့်ရတာ။ ကူညီမယ့်သူလာလို့ ဒီဒုက္ခက ကျွတ်ပြီမှတ်တာ'

ဟုတ်ပါတယ်။ မိသားစုဝင်ထဲက ရေခပ်နိုင်တဲ့ အငယ်ဆုံးကလေးတွေဟာ ရေ ရရှိဖို့ အလှည့်ကျစနစ်နဲ့တန်းစီနေရတာပါ။ ကျန်တဲ့မိသားစုဝင်တွေက အလုပ်လုပ်ပြီး ရေခပ်တဲ့သူကတော့ အလုပ်မလုပ်နိုင်ပဲ တစ်နေကုန်စောင့်ရတာပါ။

'စိတ်မပျက်ပါနဲ့ နောက်ထပ်နည်းလမ်းရှိပါသေးတယ်'

'ဘာလဲ ဘာများလဲ'

'စမ်းရှိတဲ့ နေရာမှာပဲ မြေသားကန် ဆောက်လုပ်ပြီး ရွာထဲထိ mortor နဲ့ စုပ်ယူပြီး အများသုံး ရေကန် လုပ်လို့ရပါသေးတယ်'

'ဟေးးးးးး တစ်ကယ်လား ဆရာလေး'

'တစ်ကယ်ပေါ့ ကန်ကိုသေချာဆောက်လုပ်ရင် ရေလည်းအလုံအလောက်ရသလို ရွာထဲမှာပဲ ရေထွက်ပိုက်ခေါင်းအများကြီးနဲ့ ခပ်ရမှာဆိုတော့ အချိန်ကုန်လည်း သက်သာမယ်'

'ဒါဆို မြေသားကန်မလုပ်ပဲ ကွန်ကရစ်ကန်ပဲလုပ်မယ် တာရှည်ခံအောင်'

'အယ်…… အဲ့လိုတော့မရပါဘူး။ ကွန်ကရစ်ဆိုရင် တောင်နံရံက ရေဟာ ရေကျောပိတ်သလိုဖြစ်ပြီး စိမ့် မထွက်နိုင်တော့ပါဘူး။ ဒါကြောင့် ရေကန်ထဲ ရေအမြဲစီးဝင်အောင် မြေသားကန်ဟာ အကောင်းဆုံးပါပဲ'

'နင်တို့ကလဲ လျှာရှည်လိုက်တာ ဆရာလေးကောင်းသလို စီမံပေး'

'အင်း ကျွန်တော့်ကို အားကိုးပေးလို့ ကျေးဇူးတင်ပေမယ့် အဲ့လိုအားကိုးတာကို မကြိုက်ပါဘူး ခင်မျာ။

စီမံကိန်းရဲ့ ရည်ရွယ်ချက်ကိုက ဦးတို့ ဒေါ်ဒေါ်တို့ဟာ လုပ်ငန်းတစ်ခုကို နည်းစနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့ ပါ

ကျွန်တော်တို့က လမ်းပြပေးရုံပါနော်။ ကိုယ့်အား ကိုယ်ကိုးရမှာပါ လိုအပ်တာ မှန်သမျှကူညီဖို့ အဆင်သင့်ရှိပါတယ်'

'ဟုတ်ကဲ့ပါ ဆရာလေး'

အားလုံး အဆင်ပြေသွားတဲ့အခါ စမ်းရေထွက်တဲ့နေရာကို သွားကြည့်ဖို့ လိုလာပါတယ်။

လူဦးရေအရ မြေသား တမံကို ဘယ်လောက်ထိဆောက်သင့်လဲ။ မြေနေရာ အကျယ်အဝန်း တွေတိုင်းတာဖို့ ဖြစ်တယ်။

ရွာထဲက ရေပေးဝေရာ အချက်အခြာ နေရာရွေးချယ်ပြီး ရေထွက်ရာ ပင်မရင်းမြစ်နဲ့ အကွာအဝေးတိုင်းတာဖို့ လိုလာပါတယ်။ အကွာအဝေးကိုလည်း အတိုဆုံးလမ်းကြောင်းရွေးချယ် သတ်မှတ်ရပါတယ်။   ဒါမှသာ လိုအပ်တဲ့ ပိုက်နဲ့ ပိုက်ဆက်ပစ္စည်းတွေ ကြိုဝယ်နိုင်မှာပါ။

အိတ်ထဲကပါလာတဲ့ 100ပေ ပေဘူးရယ် ခဲတံရယ် note book ရယ်ထုတ်ပြီး ရွာလူကြီးနဲ့ ရွာသူရွာသားတွေ အကူအညီနဲ့ တိုင်းတာရပါတော့တယ်။

Leader ကတော့ သူဘေးနားတောက်လျှောက် လိုအပ်တာကူညီလုပ်ကိုင်ပေးပါတယ်။

စမ်းကိုရောက်တဲ့အချိန်မှာတော့ ညနေစောင်းနေပြီ ဖြစ်ပါတယ်။ ဆော်ဆော်သြသြ နဲ့ တက်ညီလက်ညီ မြေနေရာတိုင်းတော့ နေမဝင်ခင် အားလုံးအမှီပြီးသွားပါတော့တယ်။

#################

Continue Reading

You'll Also Like

6.8K 708 38
When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12 Apr 2024 ( Fri ) Status - Completed Chap...
14.8K 345 36
A real-life situation over a boy I am best friends with, but he does no Long Distance Relationships anymore. I met him online.
1.1M 44.5K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
56.2K 6.1K 26
စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္ေစာင္မွာ ေရးေပးလိုက္တဲ့သူရဲ့ ႏွလုံးသားတစ...