Zawgyi
ဒီေရ ဒီေျမက အံ႕ျသစရာေတြနဲ႕ ထူးဆန္းတာေတြျပည့္ နက္ေနပါတယ္။ ျမစ္ကမ္းေဘးကရြာ ျပီးေတာ့ ေနာက္တစ္ရြာဟာ ေတာင္ေပၚရြာ ျဖစ္ပါတယ္။
Leader Wang ေျပာျပခ်က္အရ ျမစ္ငယ္ေလးဟာ ေတာင္နွစ္ခုျကားခ်ိဳင့္ဝွမ္းမွာ စီးဆင္းေနတာျဖစ္ျပီးေတာ့ လူေတြဟာ ေရရွိရာမွာ ရြာတည္ျကတာျဖစ္တယ္။
နွစ္ ေပါင္းမ်ားစြာ ရြာတည္ျပီးအေျခက်လာလို႕ မသိသာ ေပ မယ့္အခုမွေရာက္ဖူး Xiao Zhan အဖို႕ေတာ့ ရြာေတြ ရဲ႕ တည္ေနရာကို သံုးသပ္ျကည့္တဲ႕အခါ ေသာက္သံုးေရ ရတဲ႕ေနရာမွာသာရြာတည္ျကတာ ေတြ႕ရပါတယ္။
ေျမ ဘယ္ေလာက္ေကာင္းေကာင္း ေပါေနေန ေရရရွိဖို႕မ လြယ္ တဲ႕ေနရာမွာ ရြာမတည္ျကပါဘူး။ ဒါေျကာင့္လဲ ေရမရနိုင္တဲ႕ ေတာေတြဟာ လူမေနပဲ ေတာအတိုင္း က်န္ခဲ႕တာမ်ားပါတယ္။
အိမ္ထဲကအိမ္ျပင္မထြက္ျဖစ္တဲ႕ Xiao Zhan လို game ဂ်ိဳးေလးအတြက္ အရာရာဟာထူးဆန္းေနေတာ့တယ္။ မေန႕မွ ျမစ္ကမ္းေဘးကေန ေနာက္တစ္ရြာအတြက္ ေတာင္တက္ရျပန္ပါတယ္။
Leader Wang နဲ႕ ေတာင္ေပၚတစ္ေနရာ အေရာက္မွာ ဆိုင္ကယ္ရပ္ရင္း တစ္ေမ်ွာ္တစ္ေခၚ ရွဴေမ်ွာ္ခင္းေတြ ျကည့္ေနမိတယ္။
မေန႕မွ အနားမွာ ျဖတ္လာတဲ႕ျမစ္ဟာ ခုေတာ့ သူတို႕ေအာက္ပ်ပ်ေလးသာ ျမင္ရေတာ့တယ္။ မနက္ေစာေစာထြက္လာတာမို႕ ေတာင္နားမွာ ျမဴခိုးေတြက ေဝေနေတာ့တယ္။
'ထူးဆန္းလိုက္တာ'
'ဘာလို႕လဲ'
'မေန႕မွ ျမစ္ကမ္းေဘးရြာေလ ခုေတာ့ ေတာင္တက္ရမယ္တဲ႕လား ပန္းခ်ီထဲမွာပဲ ျမင္ဖူးတာ'
သူ႕အေျပာကို Leader Wang ကရီပါတယ္။
'ဒီေဒသက တကယ္ကို ဂမၻီရဆန္တယ္။ ျမစ္ဟာ ေတာင္နွစ္လံုးျကားမွာ စီးဆင္းေနတာ။ ျမစ္ကမ္းေဘးက ရြာေတြက ေသာက္သံုးေရအတြက္ အဝီစိတြင္းတူးရင္ တိမ္ရင္ေရျကည္မရဘူး နက္နက္တူးရင္ေတာ့ရနိုင္တယ္။ ေရျမင္ျပီး ေရျကည္မရတဲ႕ေဒသေပါ့'
'ေတာင္ေပၚကေရာ ေရရပါ့မလား'
''ဒီေဒသတစ္ခုလံုးေအာက္မွာ ေက်ာက္ဖ်ာခံေနတာ။
အဲ႕ေတာ့ ပထဝီဝင္အရ ေက်ာက္ဖ်ာေပၚမွာ ရွိတဲ႕ေရေတြဟာ ေတာင္သားကေန ေျမျပင္ျဖစ္ သြားတဲ႕ေနရာမွာ စမ္းေရအျဖစ္ စိမ့္ထြက္လာတယ္။
ေက်ာက္ျကိဳေက်ာက္ျကားေတြကေန စိမ့္ထြက္လာတာ။ အဲ႕လိုေရမ်ိဳးကိုပဲ အဓိကထားေသာက္သံုးျကတယ္။ အဝီစိတြင္းမရွိဘူး စမ္းေရပဲေသာက္ျကရတယ္။
ေရွးတုန္းက လူေတြက အမ်ားစု အဲ႕လိုစမ္းရွိတဲ႕ ေနရာနားကို ဗဟိုျပဳျပီးရြာတည္ျကတယ္။
ေရရွိရာ ေတာင္ေတြေဘးလွည့္ပါတ္ေနထိုင္ျကေတာ့ လမ္းပန္း ဆက္သြယ္ေရးခက္ခဲတာေပါ့။
ေရျကီးတဲ႕ အခ်ိန္ဆို ေတာင္ေဘးကရြာအခ်င္းခ်င္း ေလွနဲ႕ဆက္သြယ္ျကျပီး ေရက်သြားမွ ေတာင္ကိုျဖတ္ျပီး တစ္ရြာနဲ႕ တစ္ရြာ သြားလာျကတယ္။
ေျပာရမယ္ဆို စမ္းေရက ဒီေဒသက လူေတြအတြက္အေရးျကီးဆံုး အခရာ ပဲ''
'စမ္းေရဆိုတာ ေရတံခြန္လို ဟာမ်ိဳးလား Leader'
'မတူဘူး ေရတံခြန္အမ်ားစုက ေျမေပၚမွာ ေခ်ာင္းလိုစီးေနရာကေန ရုတ္တရက္ ေခ်ာက္ျဖစ္သြားလို႕ တစ္ေဝါေဝါက်တာ
စမ္းက်ေတာ့ ေျမသားထဲကေရျကည္ ေျမသားထဲမွာ ေရေတြကို သိုေလွာင္ထားရကေန ရုတ္တရက္ သိုစရာေျမက နိမ့္က်သြားတဲ႕အခါ ေရေျကာျပတ္ျပီး အဲ႕ေနရာကေန စိမ့္ထြက္တာ။ ညက ကိုယ္တို႕ ေရခ်ိဳးတဲ႕စမ္းအိုင္လိုမ်ိဳးေလ'
'……'
ညတုန္းက အေျကာင္းကို Leader က စကားအေနနဲ႕ ထည့္ေျပာေပမယ့္ Xiao Zhan ကေတာ့ စိတ္မလံုလို႕ ထူပူလာရတယ္။ ညက ေျကာက္လြန္းလို႕ Leader Wang ကိုအရမ္းကို ဖက္ထားမိတာ။ ေတြးရင္းနဲ႕ သူ႕မွာ ရွက္လာရတယ္။ Leader Wang ကို အေမးအျမန္းေတြ မလုပ္ေတာ့ပဲ ဟိုဟိုဒီဒီလိုက္ျကည့္ေနလိုက္တယ္။
ျမဴေတြျကားကေန ေရာင္နီသန္းလာတာကို ျမင္ရျပီျဖစ္တယ္။ မိုးကုပ္စက္ဝိုင္း တစ္ဖက္စြန္းထိ ျမင္ေနရတာမို႕ ေနမင္းက တကယ္ပဲ အဲ႕ဒီအစြန္းစြန္ဆံုး ေနရာကေန ထြက္ေပၚလာတယ္။
'ဒီနားက ရွဴေမ်ွာ္ခင္းက လွလိုက္တာ'
Xiao Zhan တစ္ကိုယ္တည္း ေရရြတ္မိတယ္။
'ျမင္ေနရတဲ႕ မိုးကုပ္စက္ဝိုင္း တစ္ဖက္စြန္းထိ သြားခ်င္လား'
'ဟင္'
'မင္းသာ အလိုရွိရင္ ခရီးလမ္းအဆံုးထိ အတူတူ လိုက္ခဲ႕ေပးခ်င္ပါတယ္'
Xiao Zhan က ရုတ္တရက္ေျပာလာတဲ႕ Leader ရဲ႕စကားကို နားမလည္လို႕ ထံုေပေပရပ္ေနတဲ႕အခါ Leader က သူ႕ကို မျမင္ဖူးသလို တစ္ေမ့တစ္ေမာ ေငးေမာပါတယ္။
ေတာင္ေပၚ ေလအေဝ႕မွာ Xiao Zhan ဆံပင္အုပ္အုပ္ေလးက ဟိုဟိုဒီဒီလြင့္ေနေတာ့တယ္။
'လွလိုက္တာ'
သူ႕ကို တည့္တည့္ျကည့္ျပီးေရ႐ြတ္လိုက္တာမို႕ မေနတတ္ျဖစ္သြားရတယ္။
Wang Yibo တစ္ကယ္ပဲ အျကည့္မလြဲနိုင္ျဖစ္ရပါတယ္။ ရွပ္အျဖဴေလးကို jean အျပာနုေလးနဲ႕ ရိုးရိုးေလး တြဲဖက္ဝတ္ဆင္ထားေပမယ့္ ေနေရာင္ေနာက္ခံ အလွတရားနဲ႕ ေပါင္းစပ္လိုက္တဲ႕အခါ သိပ္လွတဲ႕ပန္းခ်ီလိုပါပဲ။
shoe ဖိနပ္ျဖဴျဖဴ ရပ္ေနတဲ႔ ျမက္ခင္းျပင္ကအစ တစ္ျခားတစ္ေနရာက ျမက္ခင္းထက္ပိုလွပါတယ္။ ဆံႏြယ္ တိုတိုအုပ္အုပ္ေလး လွုပ္ခတ္ရံုတိုက္ခတ္ေနတဲ႕ ေလေျပဟာ တျခားေနရာက ေလထုထက္ ပိုလတ္ဆတ္ပါတယ္။
မ်က္ဝန္းျကည္ျကည္ေလးေတြ နွုတ္ခမ္းပါးပါးေလးေတြ အရာအားလံုးဟာ သူ႕ကို မလွုပ္နိုင္ေအာင္ တုပ္ခ်ည္လို႕ေနပါတယ္။ ဒီေကာင္ေလး အေပၚဘယ္ေလာက္ထိနစ္ဝင္ေနျပီလဲ မသိေပမယ့္ ဒီေကာင္ေလးမပါတဲ႕ေန႔ရက္ေတြကို ေက်ာ္ျဖတ္ဖို႕ သူတကယ္ပဲ မေတြးရဲေတာ့ဘူး။
အခ်စ္လား ျမတ္နိုးတာလား သူမသိပါဘူး။ တစ္ဖက္သတ္အေနနဲ႕ေတာ့ အရာအားလံုးကိုေမ့ထားျပီး သူခ်စ္တဲ႕ သဘာဝတရားရယ္ ဒီေကာင္ေလးရယ္ မိုးကုပ္စက္ဝိုင္းဆံုးထိ အတူတူသြားခ်င္ပါတယ္။
'ဓါတ္ပံု တစ္ပံုေလာက္ရိုက္ခြင့္ျပဳပါ ဒီေနရာမွာ ရွိတဲ႕ မင္းရဲ႕ အလွတရားကို မွတ္တမ္းတင္ပါေစ'
Xiao Zhan က မတုန္မလွုပ္ရပ္ေနတာေတာင္ Leader Wang က ပံုေတြအမ်ားျကီးရိုက္ယူေနပါတယ္။
camera က မီးတစ္ခ်က္လက္တိုင္း သူ႕ရင္ေတြတစ္ခ်က္ခုန္ရပါတယ္။ တစ္ျဖတ္ျဖတ္လက္ေနတဲ႕ မီးေရာင္ျကားမွာ ကိုယ့္ရင္ခုန္သံ တစ္ဒုန္းဒုန္းကို အတိုင္းသားျကားေနရပါေတာ့တယ္။
################
Uni
ဒီရေ ဒီမြေက အံ့သြစရာတွေနဲ့ ထူးဆန်းတာတွေပြည့် နက်နေပါတယ်။ မြစ်ကမ်းဘေးကရွာ ပြီးတော့ နောက်တစ်ရွာဟာ တောင်ပေါ်ရွာ ဖြစ်ပါတယ်။
Leader Wang ပြောပြချက်အရ မြစ်ငယ်လေးဟာ တောင်နှစ်ခုကြားချိုင့်ဝှမ်းမှာ စီးဆင်းနေတာဖြစ်ပြီးတော့ လူတွေဟာ ရေရှိရာမှာ ရွာတည်ကြတာဖြစ်တယ်။
နှစ် ပေါင်းများစွာ ရွာတည်ပြီးအခြေကျလာလို့ မသိသာ ပေ မယ့်အခုမှရောက်ဖူး Xiao Zhan အဖို့တော့ ရွာတွေ ရဲ့ တည်နေရာကို သုံးသပ်ကြည့်တဲ့အခါ သောက်သုံးရေ ရတဲ့နေရာမှာသာရွာတည်ကြတာ တွေ့ရပါတယ်။
မြေ ဘယ်လောက်ကောင်းကောင်း ပေါနေနေ ရေရရှိဖို့မ လွယ် တဲ့နေရာမှာ ရွာမတည်ကြပါဘူး။ ဒါကြောင့်လဲ ရေမရနိုင်တဲ့ တောတွေဟာ လူမနေပဲ တောအတိုင်း ကျန်ခဲ့တာများပါတယ်။
အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်တဲ့ Xiao Zhan လို game ဂျိုးလေးအတွက် အရာရာဟာထူးဆန်းနေတော့တယ်။ မနေ့မှ မြစ်ကမ်းဘေးကနေ နောက်တစ်ရွာအတွက် တောင်တက်ရပြန်ပါတယ်။
Leader Wang နဲ့ တောင်ပေါ်တစ်နေရာ အရောက်မှာ ဆိုင်ကယ်ရပ်ရင်း တစ်မျှော်တစ်ခေါ် ရှူမျှော်ခင်းတွေ ကြည့်နေမိတယ်။
မနေ့မှ အနားမှာ ဖြတ်လာတဲ့မြစ်ဟာ ခုတော့ သူတို့အောက်ပျပျလေးသာ မြင်ရတော့တယ်။ မနက်စောစောထွက်လာတာမို့ တောင်နားမှာ မြူခိုးတွေက ဝေနေတော့တယ်။
'ထူးဆန်းလိုက်တာ'
'ဘာလို့လဲ'
'မနေ့မှ မြစ်ကမ်းဘေးရွာလေ ခုတော့ တောင်တက်ရမယ်တဲ့လား ပန်းချီထဲမှာပဲ မြင်ဖူးတာ'
သူ့အပြောကို Leader Wang ကရီပါတယ်။
'ဒီဒေသက တကယ်ကို ဂမ္ဘီရဆန်တယ်။ မြစ်ဟာ တောင်နှစ်လုံးကြားမှာ စီးဆင်းနေတာ။ မြစ်ကမ်းဘေးက ရွာတွေက သောက်သုံးရေအတွက် အဝီစိတွင်းတူးရင် တိမ်ရင်ရေကြည်မရဘူး နက်နက်တူးရင်တော့ရနိုင်တယ်။ ရေမြင်ပြီး ရေကြည်မရတဲ့ဒေသပေါ့'
'တောင်ပေါ်ကရော ရေရပါ့မလား'
''ဒီဒေသတစ်ခုလုံးအောက်မှာ ကျောက်ဖျာခံနေတာ။
အဲ့တော့ ပထဝီဝင်အရ ကျောက်ဖျာပေါ်မှာ ရှိတဲ့ရေတွေဟာ တောင်သားကနေ မြေပြင်ဖြစ် သွားတဲ့နေရာမှာ စမ်းရေအဖြစ် စိမ့်ထွက်လာတယ်။
ကျောက်ကြိုကျောက်ကြားတွေကနေ စိမ့်ထွက်လာတာ။ အဲ့လိုရေမျိုးကိုပဲ အဓိကထားသောက်သုံးကြတယ်။ အဝီစိတွင်းမရှိဘူး စမ်းရေပဲသောက်ကြရတယ်။
ရှေးတုန်းက လူတွေက အများစု အဲ့လိုစမ်းရှိတဲ့ နေရာနားကို ဗဟိုပြုပြီးရွာတည်ကြတယ်။
ရေရှိရာ တောင်တွေဘေးလှည့်ပါတ်နေထိုင်ကြတော့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာပေါ့။
ရေကြီးတဲ့ အချိန်ဆို တောင်ဘေးကရွာအချင်းချင်း လှေနဲ့ဆက်သွယ်ကြပြီး ရေကျသွားမှ တောင်ကိုဖြတ်ပြီး တစ်ရွာနဲ့ တစ်ရွာ သွားလာကြတယ်။
ပြောရမယ်ဆို စမ်းရေက ဒီဒေသက လူတွေအတွက်အရေးကြီးဆုံး အခရာ ပဲ''
'စမ်းရေဆိုတာ ရေတံခွန်လို ဟာမျိုးလား Leader'
'မတူဘူး ရေတံခွန်အများစုက မြေပေါ်မှာ ချောင်းလိုစီးနေရာကနေ ရုတ်တရက် ချောက်ဖြစ်သွားလို့ တစ်ဝေါဝေါကျတာ
စမ်းကျတော့ မြေသားထဲကရေကြည် မြေသားထဲမှာ ရေတွေကို သိုလှောင်ထားရကနေ ရုတ်တရက် သိုစရာမြေက နိမ့်ကျသွားတဲ့အခါ ရေကြောပြတ်ပြီး အဲ့နေရာကနေ စိမ့်ထွက်တာ။ ညက ကိုယ်တို့ ရေချိုးတဲ့စမ်းအိုင်လိုမျိုးလေ'
'……'
ညတုန်းက အကြောင်းကို Leader က စကားအနေနဲ့ ထည့်ပြောပေမယ့် Xiao Zhan ကတော့ စိတ်မလုံလို့ ထူပူလာရတယ်။ ညက ကြောက်လွန်းလို့ Leader Wang ကိုအရမ်းကို ဖက်ထားမိတာ။ တွေးရင်းနဲ့ သူ့မှာ ရှက်လာရတယ်။ Leader Wang ကို အမေးအမြန်းတွေ မလုပ်တော့ပဲ ဟိုဟိုဒီဒီလိုက်ကြည့်နေလိုက်တယ်။
မြူတွေကြားကနေ ရောင်နီသန်းလာတာကို မြင်ရပြီဖြစ်တယ်။ မိုးကုပ်စက်ဝိုင်း တစ်ဖက်စွန်းထိ မြင်နေရတာမို့ နေမင်းက တကယ်ပဲ အဲ့ဒီအစွန်းစွန်ဆုံး နေရာကနေ ထွက်ပေါ်လာတယ်။
'ဒီနားက ရှူမျှော်ခင်းက လှလိုက်တာ'
Xiao Zhan တစ်ကိုယ်တည်း ရေရွတ်မိတယ်။
'မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်း တစ်ဖက်စွန်းထိ သွားချင်လား'
'ဟင်'
'မင်းသာ အလိုရှိရင် ခရီးလမ်းအဆုံးထိ အတူတူ လိုက်ခဲ့ပေးချင်ပါတယ်'
Xiao Zhan က ရုတ်တရက်ပြောလာတဲ့ Leader ရဲ့စကားကို နားမလည်လို့ ထုံပေပေရပ်နေတဲ့အခါ Leader က သူ့ကို မမြင်ဖူးသလို တစ်မေ့တစ်မော ငေးမောပါတယ်။
တောင်ပေါ် လေအဝေ့မှာ Xiao Zhan ဆံပင်အုပ်အုပ်လေးက ဟိုဟိုဒီဒီလွင့်နေတော့တယ်။
'လှလိုက်တာ'
သူ့ကို တည့်တည့်ကြည့်ပြီးရေရွတ်လိုက်တာမို့ မနေတတ်ဖြစ်သွားရတယ်။
Wang Yibo တစ်ကယ်ပဲ အကြည့်မလွဲနိုင်ဖြစ်ရပါတယ်။ ရှပ်အဖြူလေးကို jean အပြာနုလေးနဲ့ ရိုးရိုးလေး တွဲဖက်ဝတ်ဆင်ထားပေမယ့် နေရောင်နောက်ခံ အလှတရားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သိပ်လှတဲ့ပန်းချီလိုပါပဲ။
shoe ဖိနပ်ဖြူဖြူ ရပ်နေတဲ့ မြက်ခင်းပြင်ကအစ တစ်ခြားတစ်နေရာက မြက်ခင်းထက်ပိုလှပါတယ်။ ဆံနွယ် တိုတိုအုပ်အုပ်လေး လှုပ်ခတ်ရုံတိုက်ခတ်နေတဲ့ လေပြေဟာ တခြားနေရာက လေထုထက် ပိုလတ်ဆတ်ပါတယ်။
မျက်ဝန်းကြည်ကြည်လေးတွေ နှုတ်ခမ်းပါးပါးလေးတွေ အရာအားလုံးဟာ သူ့ကို မလှုပ်နိုင်အောင် တုပ်ချည်လို့နေပါတယ်။ ဒီကောင်လေး အပေါ်ဘယ်လောက်ထိနစ်ဝင်နေပြီလဲ မသိပေမယ့် ဒီကောင်လေးမပါတဲ့နေ့ရက်တွေကို ကျော်ဖြတ်ဖို့ သူတကယ်ပဲ မတွေးရဲတော့ဘူး။
အချစ်လား မြတ်နိုးတာလား သူမသိပါဘူး။ တစ်ဖက်သတ်အနေနဲ့တော့ အရာအားလုံးကိုမေ့ထားပြီး သူချစ်တဲ့ သဘာဝတရားရယ် ဒီကောင်လေးရယ် မိုးကုပ်စက်ဝိုင်းဆုံးထိ အတူတူသွားချင်ပါတယ်။
'ဓါတ်ပုံ တစ်ပုံလောက်ရိုက်ခွင့်ပြုပါ ဒီနေရာမှာ ရှိတဲ့ မင်းရဲ့ အလှတရားကို မှတ်တမ်းတင်ပါစေ'
Xiao Zhan က မတုန်မလှုပ်ရပ်နေတာတောင် Leader Wang က ပုံတွေအများကြီးရိုက်ယူနေပါတယ်။
camera က မီးတစ်ချက်လက်တိုင်း သူ့ရင်တွေတစ်ချက်ခုန်ရပါတယ်။ တစ်ဖြတ်ဖြတ်လက်နေတဲ့ မီးရောင်ကြားမှာ ကိုယ့်ရင်ခုန်သံ တစ်ဒုန်းဒုန်းကို အတိုင်းသားကြားနေရပါတော့တယ်။
################