Mary Sue แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€žแ€ญแ€ฏแ€ทแ€€แ€ฐ...

By hooniemochi

1.3M 40.3K 788

ใ€Š ๐–ฒ๐—๐–บ๐—๐—Ž๐—Œ: ๐–ข๐—ˆ๐—†๐—‰๐—…๐–พ๐—๐–พ๐–ฝ // ๐–พ๐–ฝ๐—‚๐—๐–พ๐–ฝ ๐—๐–พ๐—‹๐—Œ๐—‚๐—ˆ๐—‡ใ€‹ ๐–ฌ๐—’๐–บ๐—‡๐—†๐–บ๐—‹ ๐–ณ๐—‹๐–บ๐—‡๐—Œ๐—…๐–บ๐—๐—‚๐—ˆ๐—‡ ๐—ˆ๐–ฟ... More

๐–ณ/๐–ญ
Description
CHAPTER 1.1
CHAPTER 1.2
CHAPTER 1.3
CHAPTER 2.1
CHAPTER 2.2
CHAPTER 2.3
CHAPTER 3.1
CHAPTER 3.2
CHAPTER 4.1
CHAPTER 4.2
CHAPTER 4.3
CHAPTER 5.1
CHAPTER 5.2
CHAPTER 6.1
CHAPTER 6.2
CHAPTER 7.1
CHAPTER 7.2
CHAPTER 7.3
CHAPTER 8.1
CHAPTER 8.2
CHAPTER 9.1
CHAPTER 9.2
CHAPTER 10

CHAPTER 9.3

11K 1.5K 43
By hooniemochi

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ထုန်လု ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလေသည်။

သူမ ပြောလို့ဆုံးခါနီးလောက်မှာ  နှာရည်တရှုံ့ရှုံ့ဖြင့် “ငါလည်းပဲ ခေါင်းရှုပ်သွားခဲ့သေးတယ် နင်ကအရင်တုန်းက ဒီလိုမှ မဟုတ်တာ......”

အရင်ကဆို  ရှီးနဉ်ကပဲ သူမကို  စာသင်ခန်းထဲ အရင်ပိတ်ထားကာ အလွှတ်မပေးခဲ့တဲ့သူလေ။   အခုကျ သူက  သူမကို ကယ်ပေးတဲ့အပြင် အပြင်ထွက်လို့ ရအောင်တောင် ကူညီပေးခဲ့တော့  ထုန်လုလည်းပဲ ရှုပ်ထွေးသွားခဲ့‌သေးသည်။ 

ရှီးနဉ်က  သူမရဲ့ လက်ကို ရုတ်တရက်မြှောက်လိုက်ကာ ကျိန်ဆိုလာသည်။
“စိတ်မပူပါနဲ့ ငါကျိန်ပြောရဲတယ်  အဲ့တာ အတိတ်တုန်းက ငါ့ရဲ့အမှားတွေပါ အကြင်နာမဲ့လွန်းတဲ့ လုပ်ရပ်တွေကို  လုပ်လို့လုပ်မှန်းမသိအောင်ကို အမှောင်ဖုံးနေခဲ့မိတာ  နောက်နောင်  ငါ ဘယ်တော့မှ  နင့်ကိုအနိုင်ကျင့်တော့မှာမဟုတ်တော့ဘူး တကယ်လို့ တစ်ယောက်ယောက်က နင့်ကို အနိုင်လာကျင့်မယ်ဆိုရင် ငါနင့်အစား လူကူရိုက်ပေးမယ်”

ဘယ်လိုပဲဖြစ်ဖြစ် သူက ဇာတ်လိုက်မလေ။ နောက်နောင်ကျရင် သူရဲ့ဘဝကြီးက ထိပ်ဆုံး‌ရောက်ပြီးအောင်မြင်နေတော့မှာကို ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျ  သူနဲ့  သွားပြီး ထိပ်တိုက်မတွေ့ရအောင် အတတ်နိုင်ဆုံး အခုကတည်းက ရှောင်ထားရမယ်။ ပြီးတော့   အရင် မူလရှီးနဉ် ကြောင့် သူ ခံစားခဲ့ရတာတွေကို  အဆုံးအထိ တာဝန်ယူပေးရမဲ့အသိစိတ်တော့ သူမမှာ  ရှိနေသေးသည်။

ရှီးနဉ်  သူမရှိနေသမျှကာလပတ်လုံးတော့ ထုန်လုတစ်ယောက် အရင်ပုံစံလိုဖြူဖြူစင်စင်နဲ့ ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပဲရှိနေသေးစေချင်တယ်။ သူ့ကို  အနိုင်ကျင့်ခံ၊ဒုက္ခရောက် ရတဲ့လမ်းကို နောက်တစ်ခေါက် ထပ်မလျှောက်စေချင်တော့ဘူး။

“ဘော့စ်က အရမ်းကို သဘောကောင်းတာပဲ‌နော်”

“ငါတို့ရဲ့ နန်ရှောင်းဟို့ယွမ်ဟွေ့ ကတော့ လုံးဝကိုသွားပါပြီဟာ” ကောင်မလေးတွေက ငိုကုန်ကြတယ်။

ထုန်လုဟာ သူမအပေါ်  ရှီးနဉ်ရဲ့ ကြင်နာမှုလေးကို မြင်လိုက်ရတော့ ရှင်းပြဖို့ကြိုးစားလေသည်။

“အာ စကားမစပ် ပြောရဦးမယ် ငါနဲ့ နန်ရှောင်းနဲ့ ကြားမှဘာပတ်သတ်မှုမှမရှိဘူးရယ် ငါတို့က ဒီအတိုင်း...”

သူမ ပြောလို့မဆုံးသေးခင်မှာပဲ ရှီးနဉ်က  ဂရုမစိုက်စွာနဲ့ လက်ကို ဝှေ့ယမ်းကာ ပြောလာသည်။

“အဲ့တာက နင့်ရဲ့ကိစ္စပါ ငါနဲ့ ဘာမှမဆိုင်ဘူး နင်တို့တွေ တော်တော်လေးလိုက်ဖက်တယ်လို့ ငါလည်း ထင်မိပါတယ် နင်တို့တွေ အမြန်ဆုံး ရလဒ်ကောင်းကောင်း ကို ပိုင်ဆိုင်ပါစေလို့ ငါဆုတောင်းပေးတယ်နော်”

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လိုက်မနဲ့ဇာတ်လိုက်က အနှေးနဲ့အမြန် ပေါင်းစည်းသွားကြမှာပဲလေ။

နန်ရှောင်းရဲ့မျက်နှာက အေးစက်စက်ဖြစ်နေ၏။  သူ ရှီးနဉ် ရဲ့ အမြင်မှန်ရပြီး ရွှင်ပျပျဖြစ်နေတဲ့ရုပ်ကိုမြင်လိုက်ရတော့ သူ မပျော်တော့သလိုဖြစ်ပြီး ဒေါသတွေတောင် အချောင်းလိုက်ထွက်လာသလိုခံစားနေရတယ်။

“ဒီလိုဆို အဆင်ပြေသား နန်ရှောင်း နင်ငါတို့နဉ်နဉ်လေးကို ဇွတ်အပြစ်တင်မနေပါနဲ့နော် သူဘယ်လောက်တောင်ကြင်နာလိုက်သလဲ အခုနင်မြင်ပြီမလား”

ယွီချူယောင်က ထွက်လာကာ ပြောလေသည်။

သူမအနေနဲ့လည်း  ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။ သူမဟာ  ရှီးနဉ် ထုန်လုကို အနိုင်ကျင့်နေလိမ့်မယ်လို့ စိတ်ကူးထားတာ။  ဘယ်လိုလုပ် လုံးဝကို ပြောင်းပြန်ကြီးဖြစ်နေရတာတုန်း??

အဲ့အချိန်မှာပဲ ရှီးနဉ်က  နန်ရှောင်းကို စကားစပြောလိုက်သည်။

“ဒီတစ်ကြိမ်ရော သူ နင့်ကို လှမ်းခေါ်လိုက်တာမလား”

သူ့ဘက်ကနေ  နောက်ဆုံးတော့ သူ့ကို စကားအရင်စပြောလာပြီပေါ့လေ?

နန်ရှောင်း သူ့ရဲ့နှလုံးသားထဲကနေ ရေးရေးလေးပျော်ရွှင်လာသလို ဖြစ်‌နေတာကို သတိမထားမိခဲ့ဘူး။

“မင်းဘယ်လိုလုပ်သိတာလဲ?”

မျက်နှာပေါ်မှာတော့ သူက အေးအေးစက်စက်နဲ့ အရင်အတိုင်း မပြောင်းလဲတဲ့ပုံ ဆက်လုပ်နေဆဲ။

ရှီးနဉ်:  “သိတာပေါ့ ..”

သူမ  အခုထိ ကြိုးတုပ်ခံထားရတဲ့ ကောင်းမင်ကို လက်ညှိုးထိုးကာ ‌လှမ်းမေးလိုက်၏။

“ဒီနေ့ နင် ထုန်လုကို ဘာဖြစ်လို့ ဒုက္ခပေးချင်နေတာလဲဆိုတာ ငါ့ကိုပြောစမ်း”

ကောင်းမင်က အမှန်တိုင်း ပြောလာသည်။

“ဘာလို့လဲဆိုတော့ ချူယောင်ကျဲက ငါတို့ဆီလာပြီး ဘော့စ် အခြေအနေကို  လာမေးတယ်လေ ပြီးတော့လည်း သူက ငါတို့ကိုပြောသေးတယ် နင်အခုလိုမူမမှန်ဖြစ်နေတာတွေ အားလုံးက ထုန်လုကြောင့်မို့လို့တဲ့ အဲ့တာကြောင့် ငါတို့က နင့်ဒေါသတွေဖြေလျှော့ပေးဖို့ ငါတို့က ကူညီပေးချင်တာ—”

ကောင်းမင်က ဒီလိုပြောလာတော့ ယွီချူယောင်ရဲ့မျက်နှာက  တဖြည်းဖြည်း မည်းပျက်လာတော့သည်။

သူမဟာ အလောတကြီး ရှင်းပြလာသည်။

“နင်ဘာလို့ဒီလိုမျိုးကြီးပြောရတာလဲ ငါက ငါမရှိတုန်း ငါ့ညီမ‌အကြောင်းကို သိချင်ရုံပဲလေ နင့်ဘာသာမကောင်းတာတွေ လုပ်ပြီးမှ ငါ့ကို လွှဲမချနဲ့လေ”

“ငါ ထုန်လုကို အနိုင်ကျင့်ဖို့ နင့်ကိုပြောခဲ့လို့လား”

ကောင်းမင်က  ခဏစဉ်းစားကာ “အဲ့လိုတော့ မဟုတ်ခဲ့ပါဘူး”

ယွီချူယောင်ရဲ့ သာလွန်ရတဲ့ အကြောင်းက ရှေ့မှာတော့ ဘာမှမလုပ်သလို ပုံစံနဲ့ မကောင်းတဲ့အရာတွေအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူမျိုးပဲဖြစ်တယ်။

ရှီးနဉ်  ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သွားပြီးနောက် ပြောလိုက်သည်။

“နင်က သူတို့ကိုကျ  ဒီလိုမျိုး ပြောတယ် ထုန်လုကို အနိုင့်ကျင့်ဖို့အတွက် သူတို့ကိုမပြောခဲ့ဘူးဆိုပြီးတော့လေ ဒါမဲ့   နန်ရှောင်ကိုကျတော့ ငါတို့ကအနိုင်ကျင့်နေပါတယ်ဆိုပြီး သွားပြောတယ်ပေါ့ ?ဒါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်သွားတဲ့ အစီအစဉ်ပဲနော် ..”

ယွီချူယောင်ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ပြောင်းသွားပြီး မျက်ရည်တွေဝဲလာတော့သည်။

“ငါက နင်အရင်ကလိုမျိုး  အန္တရာယ်ရှိတာ တစ်ခုခု လျှောက်လုပ်ပစ်မှာ စိုးရိမ်လို့ နန်ရှောင်းကို တစ်ချက်လောက် လာကြည့်ပေးဖို့ ခေါ်လိုက်တာပါ နဉ်နဉ်  နင်ဘာလို့ ငါ့ကို ဒီလိုမျိုးကြီး တွေးပစ်ရက်ရတာလဲ? ဒီနှစ်တွေမှာ ငါ နင့်အပေါ်  ဘယ်လောက်တောင် ကောင်းခဲ့လဲဆိုတာကို နင်သိတယ်မဟုတ်လား”

ရှီးနဉ်ဟာ  ဒီလောက် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြထားပေမဲ့ ထူးခြားအံ့ဩဖွယ်ရာ မြင်ကွင်းကြီး တစ်ခုလို ကြည့်နေတဲ့ အဲ့ငတုံးကောင် နန်ရှောင်းကိုပဲ စိုက်ကြည့်လိုက်တော့သည်။

သူမအနေနဲ့  သူ့ကို ထပ်ရှင်းပြနေရမှာ အရမ်းကိုပျင်းလွန်းနေတာကြောင့် ကောင်းမင်နဲ့ တခြားသူတွေကို  လှမ်းပြောလိုက်၏။

“ထုန်လုကို အနိုင်ကျင့်တာက ငါ့ကိုအနိုင်ကျင့်တာနဲ့အတူတူပဲ နင်တို့ရဲ့နန်ရှောင်း ဘာစကွက်ဆိုလား အဲ့စကွက်ကို ထုန်လုရဲ့ နာမည်ပြောင်းလိုက်သင့်တယ်လို့ ငါအကြံပေးချင်တယ်”

ဒီငတုံးကောင်ကို ဘာကိစ္စနဲ့  အားပေးထောက်ပံ့နေရမှာလဲ? ဖြူစင်သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ မိန်းမလှလေးကိုကာကွယ်ပေးတာကမှ ပိုဖြစ်သင့်တာမဟုတ်ဘူးလား?

“အမ်?” ကောင်းမင် နဲ့တခြားကောင်မလေးတွေက သရဲကို မြင်လိုက်ရသလို လန့်ဖျန့်နေတဲ့ ရုပ်မျိုးတွေ ဖြစ်နေသည်။

ထုန်လု သူမလက်ကို ထပ်ခါထပ်ခါယမ်းပြကာ ကြောက်ကြောက်လန့်လန့်ပြောလေသည်။ “မ...လုပ်..မလုပ်..မလုပ်ပါနဲ့”

ရှီးနဉ်ကတော့  စကားပြောလို့ပြီးသွားပြီးနောက်မှာ ယွီချူယောင်ရဲ့ သူ‌တော်ကောင်းယောင်ဆောင်တဲ့ရုပ်ကြီးလည်း မကြည့်ချင်တော့တာကြောင့် သူမရဲ့စာအုပ်တွေကို ပိုက်ကာ အခန်းထဲကနေ ထွက်သွားလိုက်တော့သည်။ ရှီးနဉ် ထွက်သွားပြီးနောက် နန်ရှောင်းလည်း ထွက်သွားချင်နေပြီဖြစ်‌ပေမဲ့ ယွီချူယောင်က သူ့ရဲ့လက်တွေကို ဆွဲဖမ်းထား၏။

“နင် နဉ်နဉ်  ပြောတာတွေကို မယုံဘူး မဟုတ်လား?သူ အခုတလော မူမမှန်ဘူးဖြစ်နေတာလေ သူက ဒီတိုင်း ပေါက်ကရတွေချည်းပဲ ပြောသွားတာ”

နန်ရှောင်း– “အင်း သူ အခုနောက်ပိုင်း အတော်လေး မူမမှန်ဘူးဖြစ်နေတာ”

ယွီချူယောင်ရဲ့ မျက်လုံးထဲ ပျော်ရွှင်မှု အရိပ်အယောင်လေး အနည်းငယ် ဖြတ်ပြေးသွားလေသည်။

သူမသိသားပဲ နန်ရှောင်းက ရှီးနဉ်ကို အတော်လေးမုန်းနေတာမလို့  သူ့စကားတွေကို ယုံမှာမဟုတ်လောက်ဘူး။

သို့သော် နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ နန်ရှောင်းက သူမရဲ့လက်တွေကို တွန်းထုတ်ပစ်ကာ “ဒါပေမဲ့ အခုပြောသွားတာတွေက အမှန်တွေပဲလို့ ငါထင်တယ်”

“ကိုယ့်ကိုယ်ကို သုံးသပ်လိုက်ဦး”

ထိုသို့ပြောပြီးနောက် နန်ရှောင်းလည်း ထွက်သွားလိုက်၏။

ယွီချူယောင်ဟာ  သူမရဲ့လက်သည်းရှည်ရှည်တွေ အသားထဲစိုက်ဝင်တဲ့အထိ လက်သီးတင်းတင်းဆုပ်ကာ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် မတ်တပ်ရပ်နေဆဲပင်ဖြစ်သည်။

Thanks for Reading 💟

*******

【𝖹𝖠𝖶𝖦𝖸𝖨】

ထုန္လု ျဖစ္ပ်က္ခဲ့သမွ်ကို ျပန္ေျပာျပေလသည္။

သူမ ေျပာလို႔ဆုံးခါနီးေလာက္မွာ  ႏွာရည္တရႈံ႕ရႈံ႕ျဖင့္ “ငါလည္းပဲ ေခါင္းရႈပ္သြားခဲ့ေသးတယ္ နင္ကအရင္တုန္းက ဒီလိုမွ မဟုတ္တာ......”

အရင္ကဆို  ရွီးနဥ္ကပဲ သူမကို  စာသင္ခန္းထဲ အရင္ပိတ္ထားကာ အလႊတ္မေပးခဲ့တဲ့သူေလ။   အခုက် သူက  သူမကို ကယ္ေပးတဲ့အျပင္ အျပင္ထြက္လို႔ ရေအာင္ေတာင္ ကူညီေပးခဲ့ေတာ့  ထုန္လုလည္းပဲ ရႈပ္ေထြးသြားခဲ့‌ေသးသည္။ 

ရွီးနဥ္က  သူမရဲ႕ လက္ကို ႐ုတ္တရက္ေျမႇာက္လိုက္ကာ က်ိန္ဆိုလာသည္။
“စိတ္မပူပါနဲ႔ ငါက်ိန္ေျပာရဲတယ္  အဲ့တာ အတိတ္တုန္းက ငါ့ရဲ႕အမွားေတြပါ အၾကင္နာမဲ့လြန္းတဲ့ လုပ္ရပ္ေတြကို  လုပ္လို႔လုပ္မွန္းမသိေအာင္ကို အေမွာင္ဖုံးေနခဲ့မိတာ  ေနာက္ေနာင္  ငါ ဘယ္ေတာ့မွ  နင့္ကိုအႏိုင္က်င့္ေတာ့မွာမဟုတ္ေတာ့ဘူး တကယ္လို႔ တစ္ေယာက္ေယာက္က နင့္ကို အႏိုင္လာက်င့္မယ္ဆိုရင္ ငါနင့္အစား လူကူ႐ိုက္ေပးမယ္”

ဘယ္လိုပဲျဖစ္ျဖစ္ သူက ဇာတ္လိုက္မေလ။ ေနာက္ေနာင္က်ရင္ သူရဲ႕ဘဝႀကီးက ထိပ္ဆုံး‌ေရာက္ၿပီးေအာင္ျမင္ေနေတာ့မွာကို ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္က်  သူနဲ႔  သြားၿပီး ထိပ္တိုက္မေတြ႕ရေအာင္ အတတ္ႏိုင္ဆုံး အခုကတည္းက ေရွာင္ထားရမယ္။ ၿပီးေတာ့   အရင္ မူလရွီးနဥ္ ေၾကာင့္ သူ ခံစားခဲ့ရတာေတြကို  အဆုံးအထိ တာဝန္ယူေပးရမဲ့အသိစိတ္ေတာ့ သူမမွာ  ရွိေနေသးသည္။

ရွီးနဥ္  သူမရွိေနသမွ်ကာလပတ္လုံးေတာ့ ထုန္လုတစ္ေယာက္ အရင္ပုံစံလိုျဖဴျဖဴစင္စင္နဲ႔ ၾကင္နာတတ္တဲ့ ေကာင္မေလးတစ္ေယာက္အျဖစ္နဲ႔ပဲရွိေနေသးေစခ်င္တယ္။ သူ႔ကို  အႏိုင္က်င့္ခံ၊ဒုကၡေရာက္ ရတဲ့လမ္းကို ေနာက္တစ္ေခါက္ ထပ္မေလွ်ာက္ေစခ်င္ေတာ့ဘူး။

“ေဘာ့စ္က အရမ္းကို သေဘာေကာင္းတာပဲ‌ေနာ္”

“ငါတို႔ရဲ႕ နန္ေရွာင္းဟို႔ယြမ္ေဟြ႕ ကေတာ့ လုံးဝကိုသြားပါၿပီဟာ” ေကာင္မေလးေတြက ငိုကုန္ၾကတယ္။

ထုန္လုဟာ သူမအေပၚ  ရွီးနဥ္ရဲ႕ ၾကင္နာမႈေလးကို ျမင္လိုက္ရေတာ့ ရွင္းျပဖို႔ႀကိဳးစားေလသည္။

“အာ စကားမစပ္ ေျပာရဦးမယ္ ငါနဲ႔ နန္ေရွာင္းနဲ႔ ၾကားမွဘာပတ္သတ္မႈမွမရွိဘူးရယ္ ငါတို႔က ဒီအတိုင္း...”

သူမ ေျပာလို႔မဆုံးေသးခင္မွာပဲ ရွီးနဥ္က  ဂ႐ုမစိုက္စြာနဲ႔ လက္ကို ေဝွ႔ယမ္းကာ ေျပာလာသည္။

“အဲ့တာက နင့္ရဲ႕ကိစၥပါ ငါနဲ႔ ဘာမွမဆိုင္ဘူး နင္တို႔ေတြ ေတာ္ေတာ္ေလးလိုက္ဖက္တယ္လို႔ ငါလည္း ထင္မိပါတယ္ နင္တို႔ေတြ အျမန္ဆုံး ရလဒ္ေကာင္းေကာင္း ကို ပိုင္ဆိုင္ပါေစလို႔ ငါဆုေတာင္းေပးတယ္ေနာ္”

ဘယ္လိုပဲျဖစ္ျဖစ္ ဇာတ္လိုက္မနဲ႔ဇာတ္လိုက္က အေႏွးနဲ႔အျမန္ ေပါင္းစည္းသြားၾကမွာပဲေလ။

နန္ေရွာင္းရဲ႕မ်က္ႏွာက ေအးစက္စက္ျဖစ္ေန၏။  သူ ရွီးနဥ္ ရဲ႕ အျမင္မွန္ရၿပီး ႐ႊင္ပ်ပ်ျဖစ္ေနတဲ့႐ုပ္ကိုျမင္လိုက္ရေတာ့ သူ မေပ်ာ္ေတာ့သလိုျဖစ္ၿပီး ေဒါသေတြေတာင္ အေခ်ာင္းလိုက္ထြက္လာသလိုခံစားေနရတယ္။

“ဒီလိုဆို အဆင္ေျပသား နန္ေရွာင္း နင္ငါတို႔နဥ္နဥ္ေလးကို ဇြတ္အျပစ္တင္မေနပါနဲ႔ေနာ္ သူဘယ္ေလာက္ေတာင္ၾကင္နာလိုက္သလဲ အခုနင္ျမင္ၿပီမလား”

ယြီခ်ဴေယာင္က ထြက္လာကာ ေျပာေလသည္။

သူမအေနနဲ႔လည္း  ဒီလိုျမင္ကြင္းမ်ိဳး ျမင္ရလိမ့္မယ္လို႔ မထင္ထားမိဘူး။ သူမဟာ  ရွီးနဥ္ ထုန္လုကို အႏိုင္က်င့္ေနလိမ့္မယ္လို႔ စိတ္ကူးထားတာ။  ဘယ္လိုလုပ္ လုံးဝကို ေျပာင္းျပန္ႀကီးျဖစ္ေနရတာတုန္း??

အဲ့အခ်ိန္မွာပဲ ရွီးနဥ္က  နန္ေရွာင္းကို စကားစေျပာလိုက္သည္။

“ဒီတစ္ႀကိမ္ေရာ သူ နင့္ကို လွမ္းေခၚလိုက္တာမလား”

သူ႔ဘက္ကေန  ေနာက္ဆုံးေတာ့ သူ႔ကို စကားအရင္စေျပာလာၿပီေပါ့ေလ?

နန္ေရွာင္း သူ႔ရဲ႕ႏွလုံးသားထဲကေန ေရးေရးေလးေပ်ာ္႐ႊင္လာသလို ျဖစ္‌ေနတာကို သတိမထားမိခဲ့ဘူး။

“မင္းဘယ္လိုလုပ္သိတာလဲ?”

မ်က္ႏွာေပၚမွာေတာ့ သူက ေအးေအးစက္စက္နဲ႔ အရင္အတိုင္း မေျပာင္းလဲတဲ့ပုံ ဆက္လုပ္ေနဆဲ။

ရွီးနဥ္:  “သိတာေပါ့ ..”

သူမ  အခုထိ ႀကိဳးတုပ္ခံထားရတဲ့ ေကာင္းမင္ကို လက္ညႇိဳးထိုးကာ ‌လွမ္းေမးလိုက္၏။

“ဒီေန႔ နင္ ထုန္လုကို ဘာျဖစ္လို႔ ဒုကၡေပးခ်င္ေနတာလဲဆိုတာ ငါ့ကိုေျပာစမ္း”

ေကာင္းမင္က အမွန္တိုင္း ေျပာလာသည္။

“ဘာလို႔လဲဆိုေတာ့ ခ်ဴေယာင္က်ဲက ငါတို႔ဆီလာၿပီး ေဘာ့စ္ အေျခအေနကို  လာေမးတယ္ေလ ၿပီးေတာ့လည္း သူက ငါတို႔ကိုေျပာေသးတယ္ နင္အခုလိုမူမမွန္ျဖစ္ေနတာေတြ အားလုံးက ထုန္လုေၾကာင့္မို႔လို႔တဲ့ အဲ့တာေၾကာင့္ ငါတို႔က နင့္ေဒါသေတြေျဖေလွ်ာ့ေပးဖို႔ ငါတို႔က ကူညီေပးခ်င္တာ—”

ေကာင္းမင္က ဒီလိုေျပာလာေတာ့ ယြီခ်ဴေယာင္ရဲ႕မ်က္ႏွာက  တျဖည္းျဖည္း မည္းပ်က္လာေတာ့သည္။

သူမဟာ အေလာတႀကီး ရွင္းျပလာသည္။

“နင္ဘာလို႔ဒီလိုမ်ိဳးႀကီးေျပာရတာလဲ ငါက ငါမရွိတုန္း ငါ့ညီမ‌အေၾကာင္းကို သိခ်င္႐ုံပဲေလ နင့္ဘာသာမေကာင္းတာေတြ လုပ္ၿပီးမွ ငါ့ကို လႊဲမခ်နဲ႔ေလ”

“ငါ ထုန္လုကို အႏိုင္က်င့္ဖို႔ နင့္ကိုေျပာခဲ့လို႔လား”

ေကာင္းမင္က  ခဏစဥ္းစားကာ “အဲ့လိုေတာ့ မဟုတ္ခဲ့ပါဘူး”

ယြီခ်ဴေယာင္ရဲ႕ သာလြန္ရတဲ့ အေၾကာင္းက ေရွ႕မွာေတာ့ ဘာမွမလုပ္သလို ပုံစံနဲ႔ မေကာင္းတဲ့အရာေတြအားလုံးကို ေနာက္ကြယ္ကေန ႀကိဳးကိုင္တဲ့သူမ်ိဳးပဲျဖစ္တယ္။

ရွီးနဥ္  ရွင္းရွင္းလင္းလင္းႀကီး သေဘာေပါက္သြားၿပီးေနာက္ ေျပာလိုက္သည္။

“နင္က သူတို႔ကိုက်  ဒီလိုမ်ိဳး ေျပာတယ္ ထုန္လုကို အႏိုင့္က်င့္ဖို႔အတြက္ သူတို႔ကိုမေျပာခဲ့ဘူးဆိုၿပီးေတာ့ေလ ဒါမဲ့   နန္ေရွာင္ကိုက်ေတာ့ ငါတို႔ကအႏိုင္က်င့္ေနပါတယ္ဆိုၿပီး သြားေျပာတယ္ေပါ့ ?ဒါ ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ကိုပစ္သြားတဲ့ အစီအစဥ္ပဲေနာ္ ..”

ယြီခ်ဴေယာင္ရဲ႕မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ေျပာင္းသြားၿပီး မ်က္ရည္ေတြဝဲလာေတာ့သည္။

“ငါက နင္အရင္ကလိုမ်ိဳး  အႏၲရာယ္ရွိတာ တစ္ခုခု ေလွ်ာက္လုပ္ပစ္မွာ စိုးရိမ္လို႔ နန္ေရွာင္းကို တစ္ခ်က္ေလာက္ လာၾကည့္ေပးဖို႔ ေခၚလိုက္တာပါ နဥ္နဥ္  နင္ဘာလို႔ ငါ့ကို ဒီလိုမ်ိဳးႀကီး ေတြးပစ္ရက္ရတာလဲ? ဒီႏွစ္ေတြမွာ ငါ နင့္အေပၚ  ဘယ္ေလာက္ေတာင္ ေကာင္းခဲ့လဲဆိုတာကို နင္သိတယ္မဟုတ္လား”

ရွီးနဥ္ဟာ  ဒီေလာက္ ကြက္ကြက္ကြင္းကြင္း ျမင္သာေအာင္ ျပထားေပမဲ့ ထူးျခားအံ့ဩဖြယ္ရာ ျမင္ကြင္းႀကီး တစ္ခုလို ၾကည့္ေနတဲ့ အဲ့ငတုံးေကာင္ နန္ေရွာင္းကိုပဲ စိုက္ၾကည့္လိုက္ေတာ့သည္။

သူမအေနနဲ႔  သူ႔ကို ထပ္ရွင္းျပေနရမွာ အရမ္းကိုပ်င္းလြန္းေနတာေၾကာင့္ ေကာင္းမင္နဲ႔ တျခားသူေတြကို  လွမ္းေျပာလိုက္၏။

“ထုန္လုကို အႏိုင္က်င့္တာက ငါ့ကိုအႏိုင္က်င့္တာနဲ႔အတူတူပဲ နင္တို႔ရဲ႕နန္ေရွာင္း ဘာစကြက္ဆိုလား အဲ့စကြက္ကို ထုန္လုရဲ႕ နာမည္ေျပာင္းလိုက္သင့္တယ္လို႔ ငါအႀကံေပးခ်င္တယ္”

ဒီငတုံးေကာင္ကို ဘာကိစၥနဲ႔  အားေပးေထာက္ပံ့ေနရမွာလဲ? ျဖဴစင္သန႔္ရွင္းၿပီး ခ်စ္စရာေကာင္းတဲ့ မိန္းမလွေလးကိုကာကြယ္ေပးတာကမွ ပိုျဖစ္သင့္တာမဟုတ္ဘူးလား?

“အမ္?” ေကာင္းမင္ နဲ႔တျခားေကာင္မေလးေတြက သရဲကို ျမင္လိုက္ရသလို လန႔္ဖ်န႔္ေနတဲ့ ႐ုပ္မ်ိဳးေတြ ျဖစ္ေနသည္။

ထုန္လု သူမလက္ကို ထပ္ခါထပ္ခါယမ္းျပကာ ေၾကာက္ေၾကာက္လန႔္လန႔္ေျပာေလသည္။ “မ...လုပ္..မလုပ္..မလုပ္ပါနဲ႔”

ရွီးနဥ္ကေတာ့  စကားေျပာလို႔ၿပီးသြားၿပီးေနာက္မွာ ယြီခ်ဴေယာင္ရဲ႕ သူ‌ေတာ္ေကာင္းေယာင္ေဆာင္တဲ့႐ုပ္ႀကီးလည္း မၾကည့္ခ်င္ေတာ့တာေၾကာင့္ သူမရဲ႕စာအုပ္ေတြကို ပိုက္ကာ အခန္းထဲကေန ထြက္သြားလိုက္ေတာ့သည္။ ရွီးနဥ္ ထြက္သြားၿပီးေနာက္ နန္ေရွာင္းလည္း ထြက္သြားခ်င္ေနၿပီျဖစ္‌ေပမဲ့ ယြီခ်ဴေယာင္က သူ႔ရဲ႕လက္ေတြကို ဆြဲဖမ္းထား၏။

“နင္ နဥ္နဥ္  ေျပာတာေတြကို မယုံဘူး မဟုတ္လား?သူ အခုတေလာ မူမမွန္ဘူးျဖစ္ေနတာေလ သူက ဒီတိုင္း ေပါက္ကရေတြခ်ည္းပဲ ေျပာသြားတာ”

နန္ေရွာင္း– “အင္း သူ အခုေနာက္ပိုင္း အေတာ္ေလး မူမမွန္ဘူးျဖစ္ေနတာ”

ယြီခ်ဴေယာင္ရဲ႕ မ်က္လုံးထဲ ေပ်ာ္႐ႊင္မႈ အရိပ္အေယာင္ေလး အနည္းငယ္ ျဖတ္ေျပးသြားေလသည္။

သူမသိသားပဲ နန္ေရွာင္းက ရွီးနဥ္ကို အေတာ္ေလးမုန္းေနတာမလို႔  သူ႔စကားေတြကို ယုံမွာမဟုတ္ေလာက္ဘူး။

သို႔ေသာ္ ေနာက္စကၠန႔္ပိုင္းအတြင္းမွာပဲ နန္ေရွာင္းက သူမရဲ႕လက္ေတြကို တြန္းထုတ္ပစ္ကာ “ဒါေပမဲ့ အခုေျပာသြားတာေတြက အမွန္ေတြပဲလို႔ ငါထင္တယ္”

“ကိုယ့္ကိုယ္ကို သုံးသပ္လိုက္ဦး”

ထိုသို႔ေျပာၿပီးေနာက္ နန္ေရွာင္းလည္း ထြက္သြားလိုက္၏။

ယြီခ်ဴေယာင္ဟာ  သူမရဲ႕လက္သည္းရွည္ရွည္ေတြ အသားထဲစိုက္ဝင္တဲ့အထိ လက္သီးတင္းတင္းဆုပ္ကာ မ်က္ႏွာ ျဖဴဖပ္ျဖဴေရာ္ႏွင့္ မတ္တပ္ရပ္ေနဆဲပင္ျဖစ္သည္။

Thanks for Reading 💟

*******

Continue Reading

You'll Also Like

110M 3.4M 115
The Bad Boy and The Tomboy is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon p...
93.8K 8.8K 90
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€กแ€€แ€ปแ€‰แ€บแ€ธ แ€กแ€แ€ผแ€ฌแ€ธ แ€†แ€ฑแ€ธแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€™แ€ปแ€ฌแ€ธแ€€แ€ฒแ€ทแ€žแ€ญแ€ฏแ€ท แ€œแ€ฎแ€šแ€ฏแ€ถแ€žแ€Šแ€บ แ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€•แ€™แ€บแ€ธแ€…แ€ฌแ€ธแ€”แ€พแ€„แ€บแ€ท แ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€แ€…แ€บแ€›แ€ฏแ€ถแŒ แ€กแ€œแ€ฏแ€•แ€บแ€žแ€„แ€บ แ€†แ€›แ€ฌแ€แ€”แ€บ แ€กแ€–แ€ผแ€…แ€บ แ€กแ€œแ€ฏแ€•แ€บแ€›แ€แ€ฒแ€ทแ€žแ€ฑแ€ฌแ€บแ€œแ€Šแ€บแ€ธ แ€•แ€ญแ€ฏแ€€แ€บแ€†แ€ถ แ€•แ€ผแ€แ€บแ€œแ€•แ€บแ€”แ€ฑแ€žแ€ฑ...
1.5K 115 8
Y/n is the younger sister of none other than the strong sorcerer Gojo Satoru. He loves and cherishes her and spoils her rotten . Their parents weren'...
680K 72.5K 146
แ€…แ€ฏแ€”แ€บแ€ทแ€šแ€ฑแ€ฌแ€„แ€บแ€ธแ€šแ€ฑแ€ฌแ€„แ€บ แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€แ€ฒแ€ทแ€•แ€ผแ€ฎแ‹ แ€žแ€ฐแ€™แ€˜แ€แ€€ แ€žแ€ฐแ€™แแ€แ€…แ€บแ€†แ€šแ€บแ€ทแ€€แ€ญแ€ฏแ€ธแ€”แ€พแ€…แ€บแ€™แ€ผแ€ฑแ€ฌแ€€แ€บแ€™แ€ฝแ€ฑแ€ธแ€”แ€ฑแ€ทแ€แ€ฝแ€„แ€บ แ€กแ€†แ€ฏแ€ถแ€ธแ€žแ€แ€บแ€แ€ฒแ€ทแ€žแ€Šแ€บแ‹ แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€„แ€บแ€ธแ€€ แ€”แ€พแ€œแ€ฏแ€ถแ€ธแ€›แ€•แ€บแแ‹ แ€žแ€ญแ€ฏแ€ทแ€•แ€ฑแ€žแ€ฑแ€ฌแ€บแ€„แ€ผแ€ฌแ€ธ แ€šแ€แ€ฏแ€ก...