ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)
ရှီရှန်းသည် ကင်မရာမန်းကို အောင်အောင်မြင်မြင်နှင့် မောင်းထုတ်လိုက်နိုင်သည်နှင့် တောင်တက်လမ်းအတိုင်းစိတ်အေးလက်အေး တက်လေသည်။ ဘာပဲဖြစ်ဖြစ် ဗွီဒီယိုက တည်းဖြတ်ရမည် ဖြစ်သည်။
အစပိုင်းက ရိုက်မိထားသည့် အပိုင်းနှင့်တင် လုံလောက်သည်။ တောင်ထိပ်ရောက်သည့်အခါမှ
နည်းနည်း ထပ်ရိုက်ကူးလိုက်လျှင် အဆင်ပြေသွားမည်။
"လုချင်းယွင်၊ စောင့်ဦး၊ ငါ့ကို စောင့်ဦး။ မင်း စောနက စကားလျှော့ပြောလို့ မရဘူးလား။ အဲဒါက စီနီယာကွ... ဟေ့၊ ဟေ့...ဖြည်းဖြည်းကွ။ ငါ ဒီနေ့ မင်းအတွက် ဘယ်လောက်ထိ လုပ်ခဲ့ရလဲ သိရဲ့လား...
မစ္စကျန်း"
ဆုယီရှို့၏ ညည်းညူသံကနေ အံ့ဩသွာသည့် အော်သံသို့ ပြောင်းသွား၏။
"မစ္စကျန်း၊ မစ္စကျန်း၊ ဒီမှာ"
ရှီရှန်း အော်သံလားရာကို လှမ်းကြည့်လေသည်။ အခြားတောင်လမ်းလေး၌ ဆုယီရှို့က suit ဝတ်ထားကာ သူမကို စိတ်လှုပ်ရှားစွာဖြင့် လက်ပြလေသည်။ ယခု သူ့ပုံစံက ရယ်စရာဖြစ်နေ၏။
ထို့အပြင် သူက ယခုလက်ရှိ သူမ မေ့လျော့နေသည့် mission ၏ ပစ်မှတ် လုချင်းယွင်နှင့်
ရင်းနှီးလေသည်။
'အို၊ ငါလေး အဲဒါကိုလည်း မေ့တော့မလို့' ရှီရှန်း တောင်စောင်းကနေ ပြုတ်ကျသွားတာကြောင့် ဆုယီရှို့သူ့မေးရိုး ကြမ်းနှင့် ရိုက်လုနီးပါး လန့်ဖြန့်သွား၏။
''ဒီကောင်မလေးရဲ့ ကျန်းမာကြံံ့ခိုင်တဲ့ ဆဲလ်တွေက ကောင်းတယ်။ အယ်၊ လုချင်းယွင်နှင့် လုံးဝ
လိုက်ဖက်မှာ။ ကျန်းမာသန်စွမ်းတဲ့ အရူးနဲ့ ကျန်းမာသန်စွမ်းတဲ့ ဉာဏ်ကြီးရှင်၊ သူတို့ အပြန်အလှန်
တစ်ယောက် လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ပေးနိုင်တယ်။ လုံးဝ ပြည့်စုံတယ်'
ကျန်းဝမ်ကို ကြည့်သည့် ဆုယီရှို့၏အကြည့်က သူ့ချွေးမကို ကြည့်သည့်အတိုင်း ဖြစ်နေ၏။ ရှီရှန်းလို
မျက်နှာပြောင်သည့်သူတောင် အဲအကြည့်ကြောင့် နည်းနည်း အနေခက်သွား၏။
"မစ္စတာဆု၊မစ္စတာဆု... မတွေ့တာကြာပြီနော်"
"ဟားဟားဟား၊ အဲလိုတော့ မဟုတ်ဘူးဗျ။ ကျွန်တော် မင်းကိုတော့ နေ့တိုင်း တီဗွီမှာ တွေ့နေကြဗျ"
ဆုယီရှို့ လုချင်းယွင်ကို လွှတ်ပေးချင်သော်လည်း သူ ပြေးသွားမှာစိုးတာကြောင့် လုချင်းယွင်ကို
ရှီရှန်းရှေ့သို့ တွန်းလိုက်လေသည်။
"မစ္စကျန်း ဒီမှာ ဘာလုပ်နေတာလဲ"
လုချင်းယွင် ရှီရှန်းကို အထက်အောက် ဝေ့ကြည့်လိုက်သည်။ သူက ပြုံးနေသည်ဟု ထင်ရသော်ငြား မဟုတ်ချေ။ ဦးခေါင်းထက်ကနေ သစ်ရွက်ကို ဖောက်ပြီး ဖြာကျလာသည့် နေရောင်က
သူ့ဘေးနားတစ်ဝိုက်ကို မီးမောင်းထိုးနေတာကြောင့် သူ့ကြည့်ရတာ ပို၍ ထူးဆန်းနေ၏။
'သေစမ်း၊ ဒီကောင်စုတ်က နောက်ဆုံး တစ်ခေါက်တွေ့ခဲ့တုန်းကထက်တောင် ပိုနှာဘူးကျနေသေးတယ်'
"အစီအစဉ် တစ်ခု ရိုက်နေတာပါ"
ရှီရှန်း ပေကလက် ပေကလက် လုပ်လိုက်သည်။
"ထူးကဲကမ္ဘာ ဟုတ်တယ်မလား။ ကျွန်တော် ဒါကိုမေ့တော့မလို့၊ ဒီနေ့ ထူးကဲကမ္ဘာကိုဒီမှာ ရိုက်မှာပဲ၊ ဟုတ်သားပဲ။ လုချင်းယွင် မင်းကြောင့်ပေါ့၊ မဟုတ်ရင် ငါ မစ္စကျန်းကို တောင်ခြေမှာ ဆင်းကြိုလို့ရလိုက်မှာ။ မင်း ငါ့ကို စိတ်ပူအောင် လုပ်တာ နည်းနည်းလောက်လျှော့ပေးလို့ မရဘူးလား။ ငါ့မှာ မင်းကို
ကြည့်ရှုစောင့်ရှောက်နေရတာ ပစိပစပ်များတဲ့ အဘိုးအိုကို စောင့်ရှောက်နေရသလိုပဲ *ဆက်လက် ညည်းညူလျက်*..."
ရှီရှန်း "..."
သူမ ဆုယီရှို့ကို တွေ့လိုက်တိုင်း လေထုက သဟဇာတဖြစ်သွားတတ်သည်။ ထို့ပြင် သူ့စကားတို့မှာ
တကယ် အရမ်း ထူးဆန်း၏။
'ငါ ဒါကို စောက်ရမ်း ကျင့်သားမရဘူး ဖြစ်နေတယ်'
ဆုယီရှို့ လုချင်းယွင်ကို ဆိုဆုံးမပြီးချိန်၌ သူ လုချင်းယွင်ကို ရှီရှန်းနား တွန်းပို့ကာ
ပြင်းပြင်းထန်ထန် သတိပေးလေသည်။
"လုချင်းယွင်၊ ငါ့အစား မစ္စကျန်းကို တောင်ထိပ်ထိ ပို့ပေးလိုက်၊ တကယ်လို့ လမ်းတစ်ဝက်ကနေ ထွက်ပြေးရဲ ထွက်ပြေးကြည့်၊ မင်း နောင်တရသွားစေရမယ်"
လုချင်းယွင် ငြင်းဆိုရန် ပါးစပ်ဟလိုက်သော်ငြား ခဏအကြာ၌ သူ ပါးစပ်ကို ပြန်စေ့လိုက်သည်။
သူ့မျက်လုံးတို့ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ပြီး ရွှန်းလက်တောက်ပသည့် အပြုံးနှင့် ခေါင်းညိတ်လိုက်လေသည်။ ရှီရှန်း တစ်ကိုယ်လုံး ကြက်သီးထသွား၏။
'လုချင်းယွင် တစ်ယောက်တစ်ခုခုတော့ မှားနေပြီ'
ဆုယီရှို့ ထွက်သွားသော် လုချင်းယွင် ရှီရှန်းကို ပြုံးပြုံးကြီး ကြည့်နေကာ ထိုနေရာ၌သာ
မလှုပ်မယှက်ဖြင့် ရပ်နေသည်။ အားနည်းချက် တစ်စုံတစ်ရာကိုတောင် မပြချင်သဖြင့် ရှီရှန်းလည်း ပြန်စိုက်ကြည့်နေလိုက်သည်။
တစ်မိနစ်ကြာသော် လုချင်းယွင် အကြည့်လွှဲလိုက်ပြီး တောင်ထိပ်ကို စတက်ရန် လှည့်ထွက်သွားလေသည်။
ရှီရှန်း သူ့နောက်သို့ မလိုက်သွားခင် မျက်လုံးအရောင်တောက် သွားသည်။
"မစ္စတာလု၊ ကျွန်မတောင်းဆိုချက်ကို တကယ်ပဲ မစဉ်းစားပေးတော့ဘူးလား"
'နောက်တစ်ခါ system က ငါ့ကို ဒီလို စောက် quest မျိုး ပေးလာရင် ငါတော့ သတ်...'
"မစ္စကျန်း၊ ဘာဖြစ်လို့ ကျွန်တော် ဖြစ်နေရတာလဲ"
လုချင်းယွင် တုံ့ဆိုင်းသွားပြီးနောက် သူ ရှီရှန်း စိတ် အနက်ရှိုင်းဆုံးထဲထိ မြင်ချင်သကဲ့သို့ သူမကို ရယ်ချင်သည့် အကြည့်ဖြင့် ကြည့်လေသည်။
သူမကိုယ် သူမ ရောင်းရန် ကြေညာတုန်းက ဒီအတိုင်း ပြောလိုက်သည့် စကားသပ်သပ်
မဟုတ်ပေ။ သူမ ရန်ပုံငွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ဖြင့် တည်နိုင်လေပြီး သူမကုမ္ပဏီက သူမကိုယ်တိုင် အုပ်ချုပ်နေတာ မဟုတ်သော်လည်း သူမက အကဲခတ်တော်သည့်သူပဲ ဖြစ်လေသည်။ သူ့ဘာသာ အောင်မြင်နေသည့် ဒီလိုလူတစ်ယောက်က ဘာလို့ အထိန်းသိမ်းခံချင်နေရတာလဲ။
သူမ သူ့ကို ကြိုက်နေရင်လည်း နားလည်နိုင်ဦးမည် ဖြစ်သည်။ သို့သော် သူမ သူ့ကို ကြိုက်နေတာ
မဟုတ်ချေ။ တစ်ခါတစ်လေ သူမဆီက မလိုမုန်းထားမှု၊ သတ်ချင်ဖြတ်ချင်နေသည့်အငွေ့အသက်တို့ ခံစားမိလေသည်။ ဟုတ်ပါသည်၊ တစ်ခါတစ်လေ သူမ သူ့ကို သတ်ချင်နေတာသေချာ၏။
'ဒီလိုလူကို လက်ခံဖို့ဆို ငါရူးနေမှပဲဖြစ်မယ် ဟုတ်တယ်မလား'
"ဘာလို့လဲဆိုတော့ ရှင်က အရမ်းမိုက်တယ်လေ"
ရှီရှန်း 'ကြည်ညိုလေးစားသော' မျက်နှာဖြင့် ပေကလက် ပေကလက် လုပ်ကာ
" မစ္စတာလုက ချောလည်း ချောတယ်၊ ချမ်းလည်း ချမ်းသာတယ်၊ပိုက်ဆံလည်း ရှိသလို အာဏာလည်း ရှိတယ်။ ဘာလို့ ရှင့်ကို မရွေးရမှာလဲ"
"ဒီကမ္ဘာမှာ ပိုက်ဆံချမ်းသာပြီး အာဏာရှိတဲ့သူတွေ အများကြီးပဲ ရှိတယ်..."
လုချင်းယွင် အနားသို့ ကပ်သွားကာ သူမကို အကြည့်ဖြင့် ဖိအားပေးလိုက်သည်။
"အဲဒါတောင် ဘာလို့ ငါ့ကို ရွေးရတာလဲ၊ မစ္စကျန်း"
'ငါ သဘောတူမယ်များ ထင်နေလား။ အဆင်ပြေချင်ယောင်ဆောင်ရမယ်ပေါ့။တစ်စုံတစ်ယောက် ကို အခြားသူတွေနဲ့ ပရော်ပရည်လုပ်ဖို့ အသက်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းတဲ့ခံစားချက်ကို မင်းသိလား'
ရှီရှန်' ရုတ်တရက် စိတ်မဝင်စားတော့ပေ။
' သူ့ကို ဒီအတိုင်း သတ်လိုက်ပြီး ဖြေရှင်းလိုက်ရင်ရော...'
လုချင်းယွင် ခြေတစ်လှမ်း မဆုတ်ခင် မျက်လုံးကို မှေးပြီး ကြည့်လိုက်သည်။
'သူမဆီကနေ ထပ်ပြီး လူသတ်ချင်တဲ့ အငွေ့အသက်တွေ ရနေပြန်ပြီ'
"မစ္စတာလု၊ ရှင် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ နေရာမှာ မတော်ဘူးဆို"
ရှီရှန်း ပီပီသသပြောလိုက်သည်။ သူမ လူသတ်ချင်နေသည့် အကြည့်ကို မလွှဲလိုက်ဘဲ လုချင်းယွင်၏
သံသယအကြည့်ကို စိုက်ကြည့်ရန် နည်းနည်းမော့လိုက်သည်။
လုချင်းယွင် သူ့နောက်ကျောသို့ လက်ကို ပို့လိုက်သည်။ ရှီရှန်း မျက်လုံးတို့ လခြမ်းပုံသို့ ကွေးသွားကာ သူမကိုယ်က ရှေ့သို့ တိုးသွားပြီး လုချင်းယွင်၏လက်ကို ဆုပ်ကိုင်လိုက်သည်၊ သူ့
နောက်ကျောကို သွားလိုက်ပြီး ခါးမှ အမဲရောင် ပစ္စည်းကို ထုတ်လိုက်သည်။ လုချင်းယွင်
ရှင်းရှင်းလင်းလင်း မြင်သွားရန် ရှီရှန်း လျင်လျင်မြန်မြန် လှုပ်ရှားလိုက်သည်။
"ရှင်တကယ်ပဲ ဒီလို အန္တရာယ်များတဲ့ ပစ္စည်းတွေ ယူလာတာပဲ။ မစ္စတာလု၊ ဒီလိုနဲ့ပဲ ရှင် ကျွန်မကိုလန့်အောင် ခြောက်မိတော့မှာပဲ"
သူမ ထိုသို့ ပြောလိုက်သော်လည်း သူမလက်က သေနတ်ကိုလျင်လျင်မြန်မြန် တစ်စစီဖြုတ်လိုက်ကာ မြေကြီးသို့ ပစ်ချလိုက်သည်။
လုချင်းယွင် "..."
'ဒါဆိုလည်း အနည်းဆုံးတော့ ကြောက်ချင်ယောင်ဆောင်ပါဦးလား'
သူ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်သည်။
"မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
သူ ငယ်ငယ်ကတည်းက သူ အန္တရာယ်မျိုးစုံကို တွေ့ခဲ့ဖူးသည်။ အချို့သောလူတို့က သူ့အပေါ်
ပေါ်တင် လှုပ်ရှားတာမျိုးရှိသလို အချို့ကျ သူ့ကို မြူဆွယ်ရန် ကြိုးစာကြလေသည်။
သို့ပေမဲ့ သူတို့ကို အကြည့်တစ်ချက်နှင့်တင် သူ အမြဲ ထိုးဖောက် မြင်ရသည်။ ဒီအမျိုးသမီးကိုသာသူ လုံးဝ ထိုးဖောက် မမြင်နိုင်ပေ။
"ကျွန်မ ရှင့်ကို ဖြစ်စေချင်တာက ရှင်ကျွန်မကို ခေါ်ထားပြီး ကျွန်မ သုံးဖို့ ပိုက်ဆံပေးရုံပဲ။ ကျေးဇူးပြုပြီး အရမ်းကြီးလည်း စိတ်ကူးယဉ်မနေပါနဲ့"
'"ကျွန်မ ယူဆက်စ် ဒေါ်လာ ၁၀သန်းလိုချင်တယ်၊ ကျွန်မကို ပေးနိုင်မလား" ငါသာ အဲလို သွားပြောရင် သူငါ့ကို သတ်မှာပဲ ဟုတ်တယ်မလား'
"ဒီလောက် ရိုးရှင်းတယ်လား"
"ကျွန်မက အခြား ဘာလိုချင်ရမှာလဲ" ရှီရှန်း အမေးနှင့် ပြန်ဖြေလေသည်။ သူမ ခဏတိတ်သွားပြီး ကောက်ကျစ်စွာ ရယ်လျက်
" မစ္စတာလု၊ ရှင်ကျွန်မကို တစ်ယောက်ယောက်က လွှတ်
လိုက်တာလို့ ရှင် ထင်နေတာမလား"
'ရှင့်မှာ သူများအပေါ် သံသယလွန်ကဲမှု ရောဂါရှိတာလား'
System ကတော့ သူမကို ' လူတစ်ယောက်ကို ဒီလို ပရောပရည်လုပ်တာ မမြင်ဖူးဘူးလား။ သူ့ကို ဒီလိုသာ ဆွဲဆောင်နေရင်တော့ ငါတော့ ငါ ကီးဘုတ်စားပြတာကို live လွှင့်ပြလိုက်
မယ်'
လုချင်းယွင်၏ မျက်တောင်တို့ အောက်ငိုက်လိုက်တာကြောင့် သူ့အမြင်ကို လာကွယ်နေလေ၏။အချိန်အတော် ကြာသော် သူ့ခေါင်းကို သူ ထပ်မော့လိုက်၏။
"မစ္စကျန်းက အတင်း တောင်းဆိုနေတော့လည်း လိုက်လျောပေးပါမယ်လေ"
"အမ်" ရှီရှန်း လုချင်းယွင်ကို အံံ့ဩမှင်တက်စွာ ကြည့်လိုက်၏။
"ဘာလိုလုပ် ချက်ချင်း သဘောတူလိုက်တာလဲ။ ရှင်ပဲ သေခြင်းတရားနဲ့ ခြိမ်းခြောက်ရင်တောင် တောင့်ခံနေမယ်ဆို"
'ပြီးတော့ ငါတို့တွေ သေစေနိုင်လောက်အောင် ညှင်းပန်းတာမျိုး ဆော့ကြမယ်လေဟာ၊
နင်က ငါလေးကို အခွင့်အရေးတောင် မပေးတာ၊ ငါလေးလည်း review ကောင်းကောင်း မပေးတော့ဘူး'
လုချင်းယွင် အနည်းငယ် ပြုံးလိုက်သည်။
" ဒါဆိုလည်း ငါ့စကားကို ငါ ရုတ်သိမ်းတယ်"
"မရဘူး၊ မလုပ်နဲ့" သူ ခုမှ နောက်ဆုံးတော့ သဘောတူလိုက်တာကို၊ သူ ပြန်ရုပ်သိမ်းသွားရန် သူမဘယ် ခွင့်ပြုနိုင်ပါ့မလဲ။
"မစ္စတာလု၊ ကျေးဇူးပြုပြီး ဒါကို သေချာသိမ်းထားဦး၊ ရှင် မတော်တဆ မနှိပ်မိလိုက်အောင်သေချာ
သတိထားဦး။ ရှင်ကျွန်မကို ခြောက်လိုက်မိရင်တော့ ဒါကကောင်းမှာ မဟုတ်ဘူး။ ရှင်သိတဲ့ အတိုင်း
မိန်းကလေးတွေက အသည်းငယ်တတ်တယ်"
'မင်းကိုယ်မင်း မိန်းကလေးမှန်းသိသေးတယ်ပေါ့။ ဘယ်လိုမိန်းကလေးက သူမလို သေနတ်ကို
အလွယ်တကူ ဖြုတ်နိုင်မှာတဲ့လဲ'
လုချင်းယွင် တစ်ချက် ရယ်လိုက်ကာ သေနတ် အစိတ်အပိုင်းတို့ကို ပြန်ယူလိုက်လေသည်။ သူ
ပြန်တပ်ဆင်လိုက်ပြီး ခါးထဲ ပြန်ထည့်လိုက်လေသည်။
"ငါ့ကောင်မလေးအနေနဲ့ ငါနဲ့ အတူအိပ်ပေးဖို့က တာဝန်တစ်ရပ်ပဲနော်။ မစ္စကျန်း ငါတို့ အခု လုပ်ကြမလား"
လုချင်းယွင် မျက်လုံး၌ အပြုံးတို့ အပြည့်ဖြင့် ရှီရှန်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး တောင်ထိပ်သို့ ဆွဲခေါ်သွားလေသည်။
"ဘာ"
'အိပ်ကြမယ်။ ဖာ့ခ်၊ ဘယ်သူက ရှင်နဲ့အတူ အိပ်ချင်လို့လဲ'
"ဟေ့၊ နေဦး၊ တစ်စက္ကန့်လောက်၊ လုချင်းယွင်၊ ငါတို့ ခံစားချက်တွေ ဖြစ်လာအောင် အရင် ပျိုးသင့်တယ်လေ"
"အိပ်ရာပေါ်မှာဆို ပိုမြန်လိမ့်မယ်"
"လုံးဝကို အဓိပ္ပာယ်မရှိတာ။ အချစ်မပါတဲ့ sex က အကျင့်ပျက်တဲ့ လုပ်ရပ်နော်။ သေစမ်း၊
လုချင်းယွင် ရှင် ခဏစောင့်ဦး..."
'ငါ မင်း လုံးဝ မကြောက်တတ်ဘူး ထင်နေတာ။ အရမ်း ကောင်းတယ်၊ မင်းကြောက်တတ်တာ ရှိသေးတယ်'