သရဲအိမ်ထဲက ဖူးစာရှင် Chapter (131)- ငါ ဘာတွေလုပ်နေလဲဆိုတာ ငါသိတယ်
Doll-maker's Talent ကို အသုံးပြုပြီး ဖန်တီးထားသောအရုပ်များသည်အလွန်အမင်းကြောက်စရာကောင်းလှသည်။ အရုပ်၂၄ ရုပ်ကို ချိပ်ပိတ်ထားသောစာသင်ခန်းထဲတွင် ထိုင်လျက်အနေထား ပြင်ဆင်ပေးပြီးနောက် ချန်ကောပင် ဒီအခန်းထဲ ကြာကြာမနေဝံ့တော့ပေ။
မုယန် အထက်တန်းကျောင်းရဲ့ ဆက်တင်ကို အများပြည်သူထံသို့ အလွယ်တကူ မထုတ်ပြန် နိုင်သေးပေ။ ဒီအရုပ်တွေထဲက လေလွင့်နေသည့် ဝိဉာဉ် ၂၄ ခုက ထိန်းချုပ်မှုလွတ်သွားရင် ဒီထဲကို ဝင်လာသည့် ဧည့်သည်ကို လန့်သေအောင်လုပ်နိုင်သည်။
ချန်ကောသည် သူကိုယ်တိုင် ဖန်တီးခဲ့သော အရုပ်များကို ချိပ်ပိတ်ထားသော စာသင်ခန်းထဲက ကျောင်းဝတ်စုံ ၂၄ ခု ဝတ်ပေးပြီးသောအခါ အရုပ်တွေရဲ့ အရိပ်အငွေ့က လုံးဝပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ အရုပ်တွေထဲကို ဝိဉာဉ်တွေအသီးသီးဝင်သွားပြီး အရုပ်အားလုံးက သက်ရှိလူတွေလို အကြည့်တွေက ပိုအသက်ဝင်လာခဲ့သည်။
ဘတ်ဂျက်နှင့်အလုပ်သမားများ ဦးရေအကန့်အသတ်ရှိခြင်းကြောင့် သရဲခြောက်သည့်အိမ်သည် သရုပ်ဆောင် ၁၀ ဦး ထက်မကကို တူညီသော ဆက်တင်ထဲမှာပဲ ဝင်ခွင့်ပြုနိုင်ခဲ့သည်။ ဥပမာ ရွှီဝမ်က ဝိဉာဉ်သူတို့သမီးအဖြစ် သရုပ်ဆောင်ရင် လာသည့် ဧည့်သည်တွေကို ထိုဆက်တင်ထဲမှာပဲ ဝင်ခွင့်ပြုရသည်။
အခုတော့ ဝိဉာဉ် ၂၄ ခု ဝင်နေသည့် အရုပ်တွေရှိနေလို့ သူ့သရဲအိမ်ကို ဆက်တင်တွေပိုဖွင့်လှစ်နိုင်တော့မည်။ ဒါက စိတ်လှုပ်ရှားစရာပဲ။
ငါတောင်မှ ဒီအကြောင်းတွေးပြီး စိတ်လှုပ်ရှားမိတယ်။ ဤကြယ်နှစ်လုံးအဆင့် မုယန် အထက်တန်းကျောင်းက ငါ့သရဲအိမ်ကို နာမည်ပိုကြီးလာစေတော့မယ်။
ချိပ်ပိတ်ထားသော စာသင်ခန်းထဲ အရုပ်များကို စီစဉ်နေရာချပြီးသောအခါ ချန်ကောသည် ကျောင်းသားများ၏အမည်ကို နေရာချလိုက်သည်။
မူယန်အထက်တန်းကျောင်းတွင် ထွက်ပေါက်မရှိ၊ ဝင်ပေါက်တစ်ခု သာ ရှိသည်။ ထွက်ပေါက်ရှာဖွေခြင်း ဆိုတဲ့ မူလအစီအစဉ်ကို ဒီမှာ အသုံးမပြုတော့ပဲ ဂိမ်းအသစ်တစ်ခုကို စည်းမျဉ်းပြန်သတ်မှတ် ရတော့မည်။ မုယန်အထက်တန်းကျောင်းဆက်တင်ကို လှည့်ပတ်ကြည့်ကာ ချန်ကော အကြံရလာသည်။
နေရာအသီးသီးမှာ ကျောင်းသားတွေရဲ့နာမည်ကဒ် ၂၄ ခုကို ဖုံးကွယ်ထားနိုင်သည်။ ဂိမ်းကို အနိုင်ရအောင် ကစားနိုင်ဖို့ ဧည့်သည်တွေက မိနစ် ၂၀အတွင်း နာမည်ကဒ်၂၄ ခုလုံးကိုရှာဖွေဖို့လိုသည်။ အနိုင်ရသူများကို ဆုငွေပေးခြင်းဖြင့် ဆွဲဆောင်ရင် ဧည့်သည်တွေက ဒီဆက်တင်ကို ဝင်ဖို့ ပိုတက်ကြွလိမ့်မယ်။
အခုဆိုရင် သရဲအိမ်က ပိုနာမည်ကြီးလာလို့ ဧည့်သည်တွေကို နည်းမျိုးစုံနဲ့ဆွဲဆောင်နိုင်ဖို့ ချန်ကော စဉ်းစား၇တော့သည်။
ငါ အနာဂတ်မှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကို ထည့်သွင်းရန်လိုအပ်ပါလိမ့်မယ်။ ရည်ရွယ်ချက်မှာကြောက်မက်ဖွယ်ကောင်းသော သရဲခြောက်သည့်အိမ်တစ်လုံးကို ဖန်တီးရန်ဖြစ်သည်။
ချန်ကောသည် ကျောင်းသားအမည်ကဒ် ၂၄ ခုကို လိုက်လံဝှက်ထားစဉ် မုယန်အထက်တန်းကျောင်း ဆက်တင်ဘေးတွင် နောက်ထပ် ပိုမိုကြီးထွား လာသည်ကို သူ သဘောပေါက်ခဲ့သည်။ စင်္ကြံအဆုံးမှာ လမ်းဆုံ အသစ်တစ်ခုရှိလာခဲ့သည်။ နောက်ထပ် တိုက်ခန်းအဟောင်း သုံးခန်းက ကပ်လျက်တည်ရှိနေပြီး အခန်းနံပါတ်တွေက ၃၀၂၊ ၃၀၃၊ ၃၀၄ ဆိုပြီး တံခါးများချိတ်ဆွဲထားသည်။
ကြယ်သုံးပွင့်စမ်းသပ်မှုမစ်ရှင်အခန်းက မူယန် အထက်တန်း ကျောင်းဘေးတွင် အခန်းသုံးခန်း ဖွင့်လှစ်ပေး ခဲ့သည်။ သူတို့က အတူတကွပူးပေါင်း ခဲ့ကြပေမယ့် စင်္ကြံက အများကြီး ပိုမို ကျဉ်းမြောင်း လာပုံရသည်။
ကြောက်စရာကောင်းတဲ့ ဆက်တင်တွေအားလုံးဟာ တစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ် တည်ရှိကာ သူ့သရဲအိမ်က ပိုမို ကျယ်ပြန့်လာပါလိမ့်မယ်။ နောက်ဆုံးတော့ မြေအောက် ကားပါကင်တစ်ခုလုံးက ငါ့ သရဲအိမ်ဆက်တင်တွေနဲ့ပြည့်နေပြီး ကြောက်စရာကောင်းတဲ့ ဝင်္ကပါလိုဖြစ်လာလိမ့်မယ်။
ချန်ကောသည် နာမည်ကဒ်အားလုံးဝှက်ပြီး အပေါ်ထပ်တက်ကာ အဝတ်စားလဲပြီး သရဲအိမ်အပြင်ကို ထွက်လာသည်။ အပြင်မှာ နေရောင်က နွေးထွေးနေပြီး စိတ်ကြည်နူးဖို့ကောင်းနေသည်။
ရွှီဝမ်က မနက် ၉ နာရီခန့်တွင် သရဲအိမ်သို့ရောက် ရှိလာခဲ့သည်။ ချန်ကောက သူမကို ဝိဉာဉ်သတို့သမီးလို သွားပြင်ဆင်ခိုင်းခဲ့သည်။ သရဲအိမ်က အခု ပိုနာမည်ကြီးလာပြီး New Century Park တွင် တစ်ခုတည်းသောဆွဲဆောင်မှု တစ်ခုဖြစ်လာခဲ့သည်။ လုပ်ငန်းစဉ်ကိုချောချောမွေ့မွေ့ဖြစ်စေရန် ချန်ကောက လက်မှတ်အရောင်းသမားတစ်ယောက်ကို ဌားဖို့ ဦးလေးရွှီကို ပြောခဲ့ပေမယ့် လူရှားလို့ ဦးလေးရွှီကိုယ်တိုင် ကူပေးရန်ရောက်လာခဲ့သည်။
" ဒီပတ် ၀ န်းကျင်မှာ အချိန်ပိုင်း လုပ်သားသိပ်မရှိဘူး၊ ငါက အားနေလို့ အကူအညီပေးဖို့လာတယ်။ လက်မှတ်ရောင်းဖို့ ဒီလက်မှတ်ကောင်တာထဲကိုဝင်ဖို့ လိုအပ် လား"
"မလိုပါဘူး၊ ဦးလေးအဆင်ပြေသလို ရောင်းလို့ရတယ် "
ဦးလေးရွှီက လက်မှတ်ရောင်းဖို့ပြင်နေစဉ် ချန်ကောက ဝန်ထမ်းနားနေခန်းထဲဝင်ကာ သစ်သားပြားပေါ်တွင် သွေးအတုကို သုံးပြီး မုယန်အထက်တန်းကျောင်း အတွက် ကြေငြာရေးလိုက်သည်။
ထိုသစ်သားဘုတ်နဲ့သူ ထွက်လာတော့ အပြင်ဘက် လူအုပ်ကြားမှာ ဆူညံသံတွေကြားနေရတယ်။
"တွေ့ကြုံခံစားဖို့ကြောက်စရာဆက်တင်အသစ်လား "
"ဒီမိတ်ဆက်စကားက သေချာ ကြောက်စရာကြီးပဲ "
"ကျောင်းတစ်ခုမှ ထိတ်လန့်စရာပုံပြင်... ဒါကို ငါကြိုက်တယ်။ "
ချန်ကောရဲ့ ကြော်ငြာက လူအုပ်၏အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။ လက်မှတ်ဈေးနှုန်း အတူတူပင်ဖြစ်သဖြင့်ရှေ့တန်း၌ရပ်နေသော လူနည်းစုသည် ဇာတ်လမ်းအသစ်ကို တွေ့ကြုံခံစားရန်တောင်းဆိုနေခဲ့သည်။
"လူတိုင်း ခဏနားထောင်ပေးပါဦး.။ ဒီဇာတ်လမ်းသစ်က အရမ်းကြောက်စရာကောင်းတယ်။ အတွင်းမှာ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေ၊ နိုင်ငံရဲ့ထိပ်တန်းပစ္စည်းတွေနဲ့ ပြင်ဆင်ထားတာ ရှိတယ်။ ဒီဇာတ်လမ်းကို ကျွန်တော် ကြေငြာလိုက်တဲ့အခါ ကြောက်စရာ အကြောင်းအရာကို တင်ဆက်တဲ့ နာမည်ကြီး စတူဒီယိုတစ်ခုက အလုပ်သမားတွေက ဒီစိန်ခေါ်မှုကို လက်ခံခဲ့တယ်။သူတို့က အထဲကို စမ်းသပ်ဝင်ရောက်တဲ့အချိန် လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးခဲ့လို့ သူတို့ မတော်တဆ မယုံနိုင် လောက်အောင်ကြောက်စရာကောင်းတာ တစ်ခုခုကို ရိုက်ကူးနိုင်ခဲ့တယ်။ ဒါကိုကြုံခဲ့တဲ့ လူနှစ်ယောက်က အခုထိ ဆေးရုံပေါ်က မဆင်းနိုင်သေးဘူး "
ဘေးဘက်ရပ်နေတဲ့ ဦး လေးရွှီ ကတော့ ချန်ကောဟာ ဒီ နာမည်ပျက်အကြောင်းရာကို ဘာကြောင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောပြမိတ်ဆက်နေသလဲဆိုတာ နားမလည်တော့ပေ။
လူတွေကို သေခြင်းတရားနဲ့ပတ်သက်ပြီး ကြောက်လန့်တာနဲ့ပတ်သက်ပြီး ဘာကြောင့် ဂုဏ်ယူရမယ်ဆိုတာကို သူ နားမလည်နိုင်ဘူး။
"သူတို့ရိုက်ကူးခဲ့တာတွေကိုပြောပြပါ ဦး "
သရဲအိမ်ကိုလာလည်တဲ့သူတွေက ဒီလူတွေကို ဆေးရုံပို့လိုက်ရတယ်ကို မယုံကြပေ။
"သူဌေး၊ မင်းရဲ့အချန်ကိုမဖြုန်းတီးပါနဲ့တော့။ ကျွန်တော်တို့ ဒီဆက်တင်ထဲကို ဝင်ချင်တယ် "
"ဒီနေ့ ဒီဆက်တင်ထဲ ငါ မဝင်ဖြစ်ဘူးဆိုရင် ငါဟာ လူမဟုတ်ဘူး။ "
ဧည့်သည်များ၏စကားသံကိုကြားတော့ ချန်ကောက ပြောလိုက်သည်။
"မင်းတို့ကို ကြေငြာချင်တာရှိတယ်။ ဒီဆက်တင်ကို လူတိုင်းဝင်လို့မရဘူး။ ဝိဉာဉ်သတို့သမီးဆက်တင်နဲ့ သန်းခေါင်ယံည လူသတ်သမား ဆက်တင်ကို ဝင်ပြီးမှသာ ဒီမုယန်အထက်တန်းကျောင်းကို ဝင်လို့ရမယ် "
"ဒီဟာနေ့ခင်းဘက် ဓါးပြတိုက်တာပဲ!"
ချန်ကော၏ ကြေငြာချက်အသစ်ကိုကြားတော့ ဧည့်သည်တွေက တပြိုင်နက်ဆန္ဒပြသံ ထွက်ပေါ် လာသည်။
"ဆက်တင်တိုင်းကို ဝင်ဖို့ ငါတို့က လက်မှတ်တစ်စောင်စီဝင်ဖို့လိုတယ်..."
"ဒါက အတင်းအကျပ် ရောင်းချတာ မဟုတ်ရင် ဘာလဲ"
"မင်းရဲ့ခေါင်း ချောင်သွားပြီလား "
"အွန်လိုင်းပေါ်က review ကောင်းလို့ ငါတို့က လာလေ့လာတာ။ မင်းက ခုလို လုပ်တာ မယုံနိုင်လောက်အောင်အကျင့်ပျက်နေတယ်။ "
"သရဲခြောက်တဲ့အိမ်ကို လာလည်ဖို့ စည်းမျဉ်းတွေ အများကြီးပဲလိုက်နာနေရမှာလား။ ဒါဆို ငါ မဝင်တော့ဘူး "
ချန်ကောသည် ဒီကြေငြာမှုကြောင့် ပရိတ်သတ်က ဆူပွက်မည်ကို ကြိုတွေးပြီးဖြစ်သည်။
" ငါ့ကိုယုံပါ၊ မင်းရဲ့ငွေကို လိမ်ပြီးယူဖို့ ငါ မရည်ရွယ်ဘူး။ လက်မှတ် တစ်စောင်ကို ယွမ်၂၀ က အကောင်းဆုံးသက်သေပဲ။ ငါ့ရဲ့ ရိုးသားမှုကို သက်သေပြဖို့ ငါတို့လောင်းကြေး ထပ်ကြမယ်.. ဘယ်လိုလဲ ?
ချန်ကောက မရေးရသေးသည့် သစ်သားပြားပေါ်တွင် ဆုငွေ ယွမ် 20000 ကိုချရေးလိုက်သည်။
"ဒီနေရာမှာငွေသား ၂၀၀၀၀ ဆုကြေး ရှိတယ်။ မုယန် အထက်တန်းကျောင်းထဲမှာ ကျောင်းသား ၂၄ ယောက်ရဲ့ နာမည်ကဒ်တွေကို ငါ ဝှက်ထားတယ်။ မင်းတို့ ဘယ်သူဖြစ်ဖြစ် နှစ်ဆယ်လေးခုလုံးကို မိနစ် ၂၀ အတွင်း ရှာနိုင်ရင် ဒီ ဆုကြေးငွေ ၂၀၀၀၀ က မင်းတို့ဟာပဲ"
"လက်မှတ်ဈေးနှုန်းက ၂၀ ဒါပေမယ့် ဆုကြေးက ၂၀၀၀၀ လား။ ၁၀၀၀% တိုးလာတာပဲ!"
"အဲ့ဒီ ဆက်တင်ထဲမှာ နာမည်ကဒ် 24 ခုကော တကယ် သိမ်းထားတာ ဟုတ်ရဲ့လား။ 23 ခုပဲ ဝှက်ထားရင် ကျွန်တော်တို့က ဆုကြေးကို ဘယ်လိုရနိုင်မှာလဲ"
ဧည့်သည်တစ်ယောက်က ထောက်ပြပေမယ့် ချန်ကောက သူနှင့်ငြင်းခုံဖို့ ပျင်းနေသည်။
"မင်းတို့ထဲက တစ်ယောက်က ပုံမှန် ဆက်တင်ကနေ ထွက်လာနိုင်ရင် ငါပြောတာ ဟုတ်မဟုတ် ဆိုတာ သက်သေပြပြီးဖြစ်လိ့မ်မယ်။ "
အမည်ကဒ် ၂၄ ခုသည် အလွန်ဝေးကွာသော နေရာများတွင် ဝှက်ထားခြင်းခံရပြီး အချို့သည် လူတွေ မမျှော်လင့်သည့်နေရာများတွင် ဝှက်ထားခြင်းခံရသည်။
"ဒီဟာက ခပ်ပေါပေါလှည့်ကွက်ဆိုပေမယ့် ငါက ကြိုးကြည့်ပါလို့ မင်းတို့ကို တိုက်တွန်းချင်ပါတယ်။ "
ချန်ကောက အခြေနေကို လှုံ့ဆောင်ပြီး လူစိတ်ဝင်စားအောင် လုပ်နေသည်ကို ဦးလေးရွှီက ကြည့်နေသည်။ ပြီးတော့ ချန်ကောက ဦးလေးရွှီကို ငွေကောက်ဖို့ ပြောလိုက်သည်။
"ဒီနေ့ဟာ ဆက်တင်အသစ်ကို စတင်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့ဖြစ်လို့ စည်းမျဉ်းအသစ်ကို တရားဝင် ဖော်ပြရတာ ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းကို လူတွေ မသိကြသေးပါဘူး။ မင်းတို့က အခြားဆက်တင်ကို ဝင်စရာမလိုပဲ ချွင်းချက်အနေနဲ့ ဒီဆက်တင်ကို တန်းပြီး ဝင်လို့ရပါတယ်။ မင်းတို့ အရင်ဝင်ပြီး ဆုကြေးကို ယူဖို့ အခွင့်ရေးရှိနေတယ်။ ဒါပေမယ့် နာမည်ကဒ်ထားတဲ့ နေရာက နေ့တိုင်း နေရာတွေပြောင်းနေမယ်ဆိုတာ ကြိုပြောထားပါရစေ။ ဒီလောက်ကောင်းတဲ့ ဆုလာဒ် ၂၀၀၀၀ ကို ယူဖို့ ဘယ်သူတွေ စမ်းကြည့်ချင်မလဲ "
အစောပိုင်းက လူတိုင်းမယုံနိုင်လောက်အောင်ဆူညံနေ ခဲ့သော်လည်း ချန်ကောက တရားဝင်ပြောလိုက်ချိန်မှာ လူတွေက ငြိမ်ကျသွားပြီး ဘယ်သူမှ အရင်ထွက်မလာရဲတော့ပေ။ တစ် ဦး နှင့်တစ် ဦး အပြန်အလှန်ကြည့်ရှုကြသော်လည်း မည်သူမျှရှေ့သို့ မတက်ရဲတော့ပါ။ ချန်ကောသည်
လူစုလူဝေးကိုစစ်ဆေးပြီး နောက်ဆုံး ဆွေးနွေးပြီးဟန်ဖြင့် လူ 5 ယောက်အုပ်စုက သူ့နားကို တိုးကပ်လာသည်။
"သူဌေးက, ငါတို့ဂိမ်းကို စိန်မခေါ်ချင်ကြဘူး။ ဆက်တင်ကိုပဲ သွားကြည့်ပြီးလေ့လာချင်တယ်။ ဒါကြောင့် ငါတို့ ငါးယောက် တစ်ချိန်တည်း ဝင်နိုင်မလား"
ခေါင်းဆောင်ဖြစ်သူက ချန်ကောကို မေးခဲ့သည်။
သူတို့ ငါး ဦး သည် ဇာတ်လမ်းအသစ်ကို ဝင်လေ့လာပြီး အချက်လက်ကို ရှာဖွေမှတ်သားချင်ကြသည်။ ပြီးမှ သူတို့လူတစ်ယောက်ကို လိုအပ်သောသတင်းအချက် အလက်အားလုံးကို ပေးပြီး ထိုလူက နာမည်ကဒ်အကုန်ကို ရှာပြီး ဆုငွေကို ထုတ်ယူဖို့ကြံထားသည်။
ချန်ကောက သူတို့ဘာတွေလုပ်ဖို့ကြံနေတယ် ဆိုတာသိပေမယ့် သူက ဂရုမစိုက်ပေ။
"သေချာတာပေါ့၊ မင်းတို့ ငါးယောက်စလုံး အတူတူဝင်လို့ရနိုင်ပေမယ့် ငါ သတိပေးထားမယ်။ သရဲအိမ် ထဲမှာဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မရိုက်ဖို့၊ ဖုန်းကို အသုံးမပြုပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ သူငယ်ချင်းတွေကို ကြောက်လှန့်သွားစေနိုင်တတယ်"
" ငါတို့ ငါးယောက်စာ လက်မှတ်ခ ဒီမှာ ယွမ် ၁၀၀ "
လူငယ်လေးကပြုံးပြီးပြောတယ်။ သူသည် ချန်ကောပေးသည့် အကြံဉာဏ်ကို မည်သည့်အခါမျှ ဂရုမစိုက်ခဲ့ပါ။
ထိုငွေကိုလက်ခံပြီးနောက် ချန်ကောက ဧည့်သည်များကို ကျေးဇူးတင်စကားပြောပြီး သဘောတူညီကြောင်း စာရွက်မှာ လက်မှတ်ထိုးခိုင်သည်။ ထိုလူငယ်တွေက မကြည့်ပဲ တန်းကာလက်မှတ်ထိုးလိုက်ကြသည်။
သူတို့က ထိုအရာကိုအလွန်အမင်းမစဉ်းစားခဲ့ကြပေ။ သူတို့နောက်တွင် ဦး လေး ရွှီသည် တုန်လှုပ်ချောက်ချားခဲ့ပြီး အချို့သော အရာကို စဉ်းစားပြီးနောက် ချန်ကော နောက်ကို ကပ်လိုက်ကာ တီးတိုးပြောလိုက်သည်။
"ဒါတွေက သာမန် ဧည့်သည်တွေပါ။ သူတို့မှာ ငါတို့ သရဲအိမ်အကြောင်းကို မသိထားဘူး။ အရာအားလုံးလုံခြုံပြီးသေချာအောင်လုပ်ပါ။ "
"ဦး လေးရွှီ မပူပါနဲ့။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိပါတယ်။"
ဦးလေးရွှီက ခေါင်းသာ ယမ်းလိုက်မိသည်။
"ဒီကလေးတွေ ဘယ်လိုတွေ တွေးနေပါလိမ့်။ မင်း ခုနက သူတို့ကို ပြောပြထားပြီးသားလေ။ အစောပိုင်း မုယန်ကျောင်း ဆက်တင်ထဲ ဝင်သွားတဲ့ သနားစရာကောင်လေးနှစ်ယောက်က ဆေးရုံက မဆင်းရသေးဘူး။ အဲ့ထဲက တစ်ယောက်ဆိုရင် ညညတိုင်း လန့်အော်ပြီး နိုးနိုးလာတယ်တဲ့... သူ့ အနာဂါတ် ဇနီးလောင်းနာမည်က ဘယ်သူလဲဆိုပြီး ယောင်ယမ်းအော်နေတာ တဆေးရုံလုံးသိနေကြတယ်။ "
(ဘောပင်နတ်ကို အနာဂါတ်ဇနီးလောင်း နာမည်မေးတဲ့ တစ်ယောက်၊ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ ဝိဉာဉ်ကို မြင်လိုက်ရပြီး စိတ်ချောက်ခြားခဲ့သူ။ )
**
Chapter (132)- ဦးလေးရွှီမှာ အမှတ် တမှတ်ရှိတယ်
ဦး လေးရွှီက ချန်ကောကို စိတ်ပူနေခဲ့တယ်။
"ဧည့်သည်တွေကိုပျော်ရွှင်စွာ ၀ င်ခွင့်ပေးပြီး လုံခြုံစိတ်ချစွာ ပြန်လာနိုင်အောင် လုပ်လိုက်ရင် မကောင်းဘူးလား ?"
"အိုကေ၊ အဆင်ပြေပါတယ် ဦးလေး... စိတ်မပူပါနဲ့၊ အရာအားလုံးက ကျွန်တော့်ရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေတယ်။ "
ဦး လေးရွှီ ၏အကြိမ်ကြိမ်အကြံပေးမှုနှင့်အတူ ချန်ကောသည် ဧည့်သည် ၅ ဦး အားမြေအောက် ကားပါကင်နေရာသို့ ခေါ်ဆောင် လာခဲ့သည်။
သဘောတူညီစာရွှက်မှာ ဦးဆောင် လက်မှတ်ထိုးသူက
ဝမ်ဟိုင်းလုံဖြစ်ပြ့ီး သူသည်ခန့်မှန်းခြေအားဖြင့် ၁.၈၅ မီတာ ခန့်ရှိပြီး ချန်ကောနှင့်အရပ် အတူတူပင်ဖြစ်သည်။
"သူဌေး.. ကျွန်တော်တို့ နာမည်ကဒ် 24ခု ရှာတွေ့ရင် တကယ်ပဲ ကတိပေးထားတဲ့ ဆုကြေးကို ပေးမှာလား "
အခုပြောလိုက်သူက ဝမ်ဟိုင်းလုံ၏ နောက်ဘက်တွင် ရပ်နေသည့် အရပ်ပုပုလူငယ်ဖြစ်ပြီး မျက်နှာကျ ဆင်သည့် ဝမ်ဟိုင်းလုံ၏ညီငယ် ဝမ်ဝိန်းလုံဖြစ်သည်။ သူတို့၏ စရိုက်များက အတော်လေးကို ကွဲပြားနေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ ကတိတွေကို မလေးစားဘဲ ဘယ်နေမလဲ"
ချန်ကောကအပြုံးနဲ့ပြန်ဖြေတယ်။
"ဆုငွေက ၂၀,၀၀၀၊ နာမည်ကဒ်က ၂၄ ခုရှိသည်။ ကျွန်မတို့က လူငါးယောက်ရှိတယ်။ တကယ်လို့ နာမည်ကဒ်ကို ကျွန်မတို့ လူစုက ဝိုင်းရှာလို့တွေ့ရင် တစ်ယောက်ကို 4000 ဆီပေးမှာလား ။"
စကားပြောသူမှာ ဝမ်ဟိုင်းလုံ ၏ရည်းစားဖြစ်သည်။ သူမသည်ပါးလွှာသောရှပ်အင်္ကျီနှင့် ခပ်ဟော့ဟော့ ဘောင်းဘီကိုဝတ်ဆင်ထားကာ သူမ၏ရှပ်အင်္ကျီ၏ ကြယ်သီးတချို့ကို ဖြုတ်ထားသည်။သူမရဲ့ ညှပ်ရိုးပေါ်မှာ လိပ်ပြာပုံ တက်တူးထိုးထားပြီး သူမနာမည်က တုန့်မန့်လုဖြစ်သည်။ သူမက ခပ်လှလှ လမ်းသရဲမလေးနှင့်တူနေသည်။
"ဘာကြောင့် မရမှာဲ။ အဓိက ရည်ရွယ်ချက်က ပျော်ဖို့ပဲလေ။ မိနစ် ၂၀ အတွင်းမှာပဲ နာမည်ကဒ်အားလုံးကိုရှာနိုင်မယ်ဆိုရင် တစ်ယောက်ကို 4000 တပြားမှ မလျှော့ပဲပေးမယ်။ "
ချန်ကောက ပြုံးကာ ပြောလိုက်သည် ။
" ကောင်းပြီ။ နောက်တစ်ခါ ဒီကိုလာဖို့ ကျွန်တော်တို့ ညီအစ်ကိုတွေကို ပြောလိုက်မယ် "
ဝမ်ဟိုင်းလုံက ကတိပေးခဲ့တယ်
"ကြိုတင်ပြီး ကျေးဇူးတင်ထားပါတယ်ဗျာ "
"သဘောတူညီချက် လက်မှတ်ရေးထိုးပြီးပြီဆိုတော့ ကျေးဇူးပြု၍ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ ချိပ်ပိတ်ထားတဲ့ စာသင်ခန်းထဲ ကြာကြာမနေဖို့ အကြံပေးလိုက်ပါရစေ။ "
ချန်ကောသည် ထိုအုပ်စုကို ခေါ်ပြီး စင်္ကြံ၏အဆုံးသို့လျှောက်သွားကာ မြေအောက်ကားပါကင်ကို ဆင်းသည့် လှေကားထိပ်က ပျဉ်ပြားများကိုဆွဲဖယ်လိုက်သည်။
"စွန့်ပစ်ထားသောကျောင်းနှင့်ပတ်သက်တဲ့ ကောလာဟလ အများကြီးရှိတယ်။ မင်းတို့ ယုံယုံ၊ မယုံယုံ။ ကင်မရာနဲ့လုံးဝမှတ်တမ်းမတင်ပါနဲ့။ အဲ့လိုလုပ်ရင် ဖြစ်လာမယ့် အကျိုးဆက် အတွက် ကိုယ့်ဖာသာ တာဝန်ယူရမယ်"
"မြေအောက်လား?"
လူငါးယောက်သည် အောက်ကို ဆင်းသွားသည့် ဥမင်လိုဏ်ခေါင်းကိုကြည့်လိုက်သည်။
"F * ck, ဘာကြီးတုန်း"
စကားမပြောသော ခပ်ဝဝနှင့်လူငယ်က ရုတ်တရက်အော်ဟစ်လိုက်သည်။ သူ့မှာ ဘီယာဗိုက်နဲ့မျက်လုံး ပြူးပြူးတွေရှိနေပြီး သူက သတ္တိရှိပုံမပေါ်ပေ။
"ဖေ့ဟူ... ငါတို့တောင် မဝင်ရသေးဘူး ။မင်းက ကြောက်နေတာလား"
ဝမ်ဟိုင်းလုံက ဖေ့ဟူရဲ့ တုန်လှုပ်နေသောလက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ဒါဟာ အားလုံးအတုတွေချည်းပါပဲ။ မင်းကြောက်နေရင် မိန်လိရဲ့နောက်မှာပုန်းနေလိုက်လေ။ "
"ညည်းသံကို ရပ် လိုက်စမ်းပါ။ မင်းဝင်မလား၊ မ ၀ င်ဘူးလား"
ဒီတစ်ခါတော့ စကားပြောတဲ့သူက မိန်လိဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမ၏မျက်နှာပေါ်တွင် အစဉ်အမြဲမျက်မှောင်ကြုတ်ထားပြီး အရပ်ပုပုနှင့် တုန့်မန့်လုဘေးမှာရပ်နေသည်။ သူမပုံစံက လှပသော ပန်းပွင့်ဘေးက သစ်ရွက်လေးနှင့်တူနေသည်။
ချန်ကောက သဘောတူညီချက်မှာ လက်မှတ်ထိုးထားသည့် နာမည်ကို ကြည့်လိုက်တော့ သူမက ရှမိန်လိဆိုတာ သိလိုက်ရ့သည်။
" ဘာတွေ အလျင်လိုနေတာလဲ? ဘော့စ်..ကျွန်တော်တို့ အောက်ကို ရောက်မှ အချိန်စမှတ်မယ် မဟုတ်လား"
ဝမ်ဟိုင်းလုံက ချန်ကောကို မေးလိုက်သည်။
"သေချာတာပေါ့"
ချန်ကောသည်သူ၏ဖုန်းကိုထုတ်ယူခဲ့သည်။ ဧည့်သည်ငါး ဦး ဥမင်လိုဏ်ခေါင်းထဲသို့ဝင်ပြီးနောက် သူသည်ပျဉ်ပြားကို ပိတ်လိုက်ပြီးဖုန်းကို အချိန်စမှတ်လိုက်သည်။
တဖွဲ့လုံး အောက်ကိုဆင်းသွားပြီးတော့ ချန်ကောက ထိန်းချုပ်ခန်းသို့မသွားမီ Doctor Skull-cracker ဒေါက်တာအရိုးရဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး အရေပြား မျက်နှာဖုံးကိုဝတ်ဆင်ခဲ့သည်။ သူသည်နောက်ခံ တေးဂီတကို Black Friday မဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။
ဦး လေး ရွှီပြောတာ မှန်တယ် ။ ငါတို့က ဝန်ဆောင်မှုနယ်ပယ်မှာရှိတယ်။ ငါတို့ရဲ့ဖောက်သည်ကို ပထမ ဦး ဆုံး ပျော်အောင် ထားသင့်တယ်။ သူက အသံကို လျှော့ချပြီး မင်္ဂလာဝတ်စုံဆိုသည့် တီးလုံးကို ဖွင့်လိုက်သည်။
...
သူတို့၏ခေါင်းပေါ်မှပျဉ်ပြားများကိုပိတ်လိုက်ချိန်မှာ ဧည့်သည့် 5 ဦးက မှောင်နေသည့် စင်္ကြံ၌ရပ်လျက် တံခါးဖွင့်ထားသည့် စာသင်ခန်းတံခါးများ၏ တံခါး ရိုက်ခတ်သံက သူတို့နားထဲသို့တုန်ခါနေသည်။
"ဒီနေရာကကြီးမားလွန်းတယ် "
ဖေ့ဟူက မိန်လိရဲ့နောက်မှာ ဝင်ပုန်းရင်းပြောလိုက် သည်။
"ဒါက ဖြစ်သင့်တာပဲလေ။ မဟုတ်ရင် နာမည်ကဒ် 24 ခုကို သူ ဘယ်မှာ သွားဝှက်မှာလဲ။ ဘော့စ်က ငတုံးမဟုတ်ဘူး "
ထိုသူတို့တွင်ပါးနပ်သောလူဖြစ်သူ ဝမ်ဝိန်လုံက ပထမခြေလှမ်းကိုလှမ်းခဲ့သည်။
"လှုပ်ရှားကြစို့။ ငါတို့ထဲက ငါးယောက်ဟာ နာမည်ကဒ် ၂၄ ခုလုံးကိုရှာတွေ့သင့်တယ်။ ငါတို့အနိုင်ရပြီးနောက် ၄၀၀၀ ဆီရမယ်။ ဒါဆိုရင် ငါတို့ ဟော့ပေါ့သွားစားပြီး ကာရာအိုကေသွားဆိုကြမယ် "
"ငါတို့ ဒီမှာရှိနေပြီးကတည်းက ဒါကိုပြီးအောင် လုပ်ကြစို့။ ငါ့ညီလေးပြောတာ မှန်တာပဲ"
ဝမ်ဟိုင်းလောင်းသည်အပြင်းအထန်ကြိုးပမ်းခဲ့သည်။ ပထမ ဦး ဆုံး စာသင်ခန်းတံခါးကို သူဖြတ်သွားတဲ့အခါ သူ ရပ်လိုက်တယ်။ သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုက အခြားသူများကိုလှုပ်ရှားသွားစေသည်။
"ဟိုင်းလုံ..မင်း ဘာတွေ့လိုက်လို့လဲ"
တုန့်မန့်လုက တိုးတိုးပြောလိုက်သည်
"ကိုယ်ကိုကိုယ်ကြည့် ကြတော့။ "
သူကစာသင်ခန်းတံခါးကို ဖွင့်လိုက်ပြီး တံခါးပေါက်ပေါ်တွင် တင်ထားသောနာမည်ကဒ်ကို ယူလိုက်သည်။
"ဒါက လွယ်တယ်!"
သူသည် နာမည်ကဒ်မှာ ချန်ယာ့လင်ဆိုသည့် မိန်းကလေးတစ် ဦး ၏နာမည် ရေးထားတာကို တွေ့ခဲ့သည်။
"ဒီ နာမည်ကဒ်ကို ဒီလို ထင်သာမြင်သာမှာ ချထားတယ်ဆိုတာ နာမည်ကဒ်က ဘယ်လိုဆိုတာ သိအောင်လုပ်ထားတာပဲ။ နာမည်ကဒ်က အဖျားတွေမှာ ဝါနေပြီး ဟောင်းနေပုံရတယ်။ ဒါက အတုလုပ်ဖို့မလွယ်ဘူး။ ။ "
"ဒါနဲ့ ငါတို့ ဘာလုပ်ရမလဲ။ ဒီနေရာမှာ ၁၀ စက္ကန့်တောင် မပြည့်သေးဘူး၊ ငါတို့တွေ့ပြီ။ ငါတို့ ဘာမှ ကြောက်စရာမတွေ့ရသေးဘူး။ ကျန် ၂၃ ခုက လွယ်လွယ်ကူကူဖြစ်သင့်တယ်"
ဝမ်ဟိုင်းလုံသည် နာမည်ကဒ် ကိုပြန်ယူပြီး ဆက်လက်လှုပ်ရှားခဲ့သည်။ လွယ်ကူသောအောင်မြင်မှုသည် ကျန်အဖွဲ့ဝင်များကိုလည်း စိတ်သက်သာရာရစေခဲ့သည်။
မုယန်အထက်တန်းကျောင်းဆက်တင်ထဲတွင် စာရွက်များ ပြန့်ကျဲကာ ကြမ်းပြင်ပေါ် ကျနေသည်။ သူတို့အားလုံး ဖိနပ်စီးထားပေမယ့် စာရွက်ပေါ်မှာ ခြေရာတွေ ရေးရေးထင်နေသည်ကို လုံးဝသတိမပြုမိကြပေ။
သူတို့ ရောက်နေသည့် စင်္ကြန်၏ အပူချိန်က ကျဆင်းသွားပြီး အမှောင်ထု စင်္ကြန်ထဲ၌ ကလေးငယ်များခိုးကြောင်ခိုးဝှက် ကစားစပြုလာသလိုထင်ရပြီး ငိုသံ၊ ရယ်သံတွေကို ကြား လာရသည်။
လေထုသည်ထူးဆန်းလာပြီး စင်္ကြန် နှစ်ဖက်စလုံးရှိ စာသင်ခန်းအတွင်း၌ ပုန်းနေသည့်အရာ တစ်ခုရှိပုံရသည်။ သူတို့ကမှောင်မိုက်နေတဲ့ မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသလိုပင်။
"ဒီမှာ ဘာမှ ကြောက်စရာ မရှိပေမယ့် ထူးဆန်းတယ်လို့ ငါ ဘာကြောင့် ခံစားနေရတာလဲ"
သူတို့က နာမည်ကဒ်ကို မြန်မြန်ရှာဖို့ လူခွဲကာ အခန်းတွေထဲဝင်ရှာပေမယ့် ဘာမှမတွေ့ရပေ။
"ငါတော့ ဘော့စ်ကို တကယ်ချီးကျူးလာမိပြီ။ သူ တော်တော်ကို လိမ္မာပါးနပ်တယ်။ "
ဝမ်ဟိုင်းလုံက ရှေ့ကနေ သွားနေရင်း ချိပ်ပိတ်ထားတဲ့ စာသင်ခန်းရှေ့ ကိုရောက်တော့ ပြတင်းပေါက်နားက ထိုင်နေသည့် လူတစ်ယောက်က သူ့ကိုပြုံးပြလိုက်သည်ကို မြင်ပြီး တုန့်ခနဲရပ်သွားမိသည်။
"ဘာဖြစ်တာလဲ ဟိုင်းလုံ? နောက်ထပ်နာမည်ကဒ်ပြားကို တွေ့လို့လား "
ဖေ့ဟူက ဝမ်ဟိုင်းလုံကြည့်သည့်ဘက်ကို လိုက်ကြည့်ရင်းမေး လိုက်သည်။
သူကတစ်ချက်သာကြည့်ပြီး သူ့ခန္ဓာကိုယ်တစ်လျှောက်မှာ အေးခဲသွားသည်။ စာသင်ခန်းပြတင်းပေါက်နားမှာ ထိုင်နေတဲ့လူတစ်ယောက်က သူ့ကို ပြုံးပြနေပုံရတယ်။
သူရဲ့နောက်ကွယ်မှာစာသင်ခန်းထဲမှာ ထိုင်နေတဲ့နောက်ထပ် အရုပ် 20 ကျော်ရှိသေးတယ်။
သူတို့၏ခန္ဓာကိုယ်များ မလှုပ်ရှားခဲ့ကြသော်လည်း သူတို့၏လည်ပင်းများကို ထူးဆန်းသော အနေအထားဖြင့် လှည့်လာပြီး အရုပ်အားလုံးက ပြတင်းပေါက်အပြင်ဘက်က ဧည့်သည်များကိုပြုံးပြရန်လှည့် ကြည့်နေခဲ့ကြသည်။
**
သရဲအိမ္ထဲက ဖူးစာရွင္ Chapter (131)- ငါ ဘာေတြလုပ္ေနလဲဆိုတာ ငါသိတယ္
Doll-maker's Talent ကို အသုံးျပဳၿပီး ဖန္တီးထားေသာအ႐ုပ္မ်ားသည္အလြန္အမင္းေၾကာက္စရာေကာင္းလွသည္။ အ႐ုပ္၂၄ ႐ုပ္ကို ခ်ိပ္ပိတ္ထားေသာစာသင္ခန္းထဲတြင္ ထိုင္လ်က္အေနထား ျပင္ဆင္ေပးၿပီးေနာက္ ခ်န္ေကာပင္ ဒီအခန္းထဲ ၾကာၾကာမေနဝံ့ေတာ့ေပ။
မုယန္ အထက္တန္းေက်ာင္းရဲ႕ ဆက္တင္ကို အမ်ားျပည္သူထံသို႔ အလြယ္တကူ မထုတ္ျပန္ ႏိုင္ေသးေပ။ ဒီအ႐ုပ္ေတြထဲက ေလလြင့္ေနသည့္ ဝိဉာဥ္ ၂၄ ခုက ထိန္းခ်ဳပ္မႈလြတ္သြားရင္ ဒီထဲကို ဝင္လာသည့္ ဧည့္သည္ကို လန႔္ေသေအာင္လုပ္ႏိုင္သည္။
ခ်န္ေကာသည္ သူကိုယ္တိုင္ ဖန္တီးခဲ့ေသာ အ႐ုပ္မ်ားကို ခ်ိပ္ပိတ္ထားေသာ စာသင္ခန္းထဲက ေက်ာင္းဝတ္စုံ ၂၄ ခု ဝတ္ေပးၿပီးေသာအခါ အ႐ုပ္ေတြရဲ႕ အရိပ္အေငြ႕က လုံးဝေျပာင္းလဲသြားသလို ခံစားလိုက္ရသည္။ အ႐ုပ္ေတြထဲကို ဝိဉာဥ္ေတြအသီးသီးဝင္သြားၿပီး အ႐ုပ္အားလုံးက သက္ရွိလူေတြလို အၾကည့္ေတြက ပိုအသက္ဝင္လာခဲ့သည္။
ဘတ္ဂ်က္ႏွင့္အလုပ္သမားမ်ား ဦးေရအကန႔္အသတ္ရွိျခင္းေၾကာင့္ သရဲေျခာက္သည့္အိမ္သည္ သ႐ုပ္ေဆာင္ ၁၀ ဦး ထက္မကကို တူညီေသာ ဆက္တင္ထဲမွာပဲ ဝင္ခြင့္ျပဳႏိုင္ခဲ့သည္။ ဥပမာ ႐ႊီဝမ္က ဝိဉာဥ္သူတို႔သမီးအျဖစ္ သ႐ုပ္ေဆာင္ရင္ လာသည့္ ဧည့္သည္ေတြကို ထိုဆက္တင္ထဲမွာပဲ ဝင္ခြင့္ျပဳရသည္။
အခုေတာ့ ဝိဉာဥ္ ၂၄ ခု ဝင္ေနသည့္ အ႐ုပ္ေတြရွိေနလို႔ သူ႔သရဲအိမ္ကို ဆက္တင္ေတြပိုဖြင့္လွစ္ႏိုင္ေတာ့မည္။ ဒါက စိတ္လႈပ္ရွားစရာပဲ။
ငါေတာင္မွ ဒီအေၾကာင္းေတြးၿပီး စိတ္လႈပ္ရွားမိတယ္။ ဤၾကယ္ႏွစ္လုံးအဆင့္ မုယန္ အထက္တန္းေက်ာင္းက ငါ့သရဲအိမ္ကို နာမည္ပိုႀကီးလာေစေတာ့မယ္။
ခ်ိပ္ပိတ္ထားေသာ စာသင္ခန္းထဲ အ႐ုပ္မ်ားကို စီစဥ္ေနရာခ်ၿပီးေသာအခါ ခ်န္ေကာသည္ ေက်ာင္းသားမ်ား၏အမည္ကို ေနရာခ်လိုက္သည္။
မူယန္အထက္တန္းေက်ာင္းတြင္ ထြက္ေပါက္မရွိ၊ ဝင္ေပါက္တစ္ခု သာ ရွိသည္။ ထြက္ေပါက္ရွာေဖြျခင္း ဆိုတဲ့ မူလအစီအစဥ္ကို ဒီမွာ အသုံးမျပဳေတာ့ပဲ ဂိမ္းအသစ္တစ္ခုကို စည္းမ်ဥ္းျပန္သတ္မွတ္ ရေတာ့မည္။ မုယန္အထက္တန္းေက်ာင္းဆက္တင္ကို လွည့္ပတ္ၾကည့္ကာ ခ်န္ေကာ အႀကံရလာသည္။
ေနရာအသီးသီးမွာ ေက်ာင္းသားေတြရဲ႕နာမည္ကဒ္ ၂၄ ခုကို ဖုံးကြယ္ထားႏိုင္သည္။ ဂိမ္းကို အႏိုင္ရေအာင္ ကစားႏိုင္ဖို႔ ဧည့္သည္ေတြက မိနစ္ ၂၀အတြင္း နာမည္ကဒ္၂၄ ခုလုံးကိုရွာေဖြဖို႔လိုသည္။ အႏိုင္ရသူမ်ားကို ဆုေငြေပးျခင္းျဖင့္ ဆြဲေဆာင္ရင္ ဧည့္သည္ေတြက ဒီဆက္တင္ကို ဝင္ဖို႔ ပိုတက္ႂကြလိမ့္မယ္။
အခုဆိုရင္ သရဲအိမ္က ပိုနာမည္ႀကီးလာလို႔ ဧည့္သည္ေတြကို နည္းမ်ိဳးစုံနဲ႔ဆြဲေဆာင္ႏိုင္ဖို႔ ခ်န္ေကာ စဥ္းစား၇ေတာ့သည္။
ငါ အနာဂတ္မွာ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ အရာေတြကို ထည့္သြင္းရန္လိုအပ္ပါလိမ့္မယ္။ ရည္႐ြယ္ခ်က္မွာေၾကာက္မက္ဖြယ္ေကာင္းေသာ သရဲေျခာက္သည့္အိမ္တစ္လုံးကို ဖန္တီးရန္ျဖစ္သည္။
ခ်န္ေကာသည္ ေက်ာင္းသားအမည္ကဒ္ ၂၄ ခုကို လိုက္လံဝွက္ထားစဥ္ မုယန္အထက္တန္းေက်ာင္း ဆက္တင္ေဘးတြင္ ေနာက္ထပ္ ပိုမိုႀကီးထြား လာသည္ကို သူ သေဘာေပါက္ခဲ့သည္။ စႀကႍအဆုံးမွာ လမ္းဆုံ အသစ္တစ္ခုရွိလာခဲ့သည္။ ေနာက္ထပ္ တိုက္ခန္းအေဟာင္း သုံးခန္းက ကပ္လ်က္တည္ရွိေနၿပီး အခန္းနံပါတ္ေတြက ၃၀၂၊ ၃၀၃၊ ၃၀၄ ဆိုၿပီး တံခါးမ်ားခ်ိတ္ဆြဲထားသည္။
ၾကယ္သုံးပြင့္စမ္းသပ္မႈမစ္ရွင္အခန္းက မူယန္ အထက္တန္း ေက်ာင္းေဘးတြင္ အခန္းသုံးခန္း ဖြင့္လွစ္ေပး ခဲ့သည္။ သူတို႔က အတူတကြပူးေပါင္း ခဲ့ၾကေပမယ့္ စႀကႍက အမ်ားႀကီး ပိုမို က်ဥ္းေျမာင္း လာပုံရသည္။
ေၾကာက္စရာေကာင္းတဲ့ ဆက္တင္ေတြအားလုံးဟာ တစ္ခုနဲ႔တစ္ခုနီးနီးကပ္ကပ္ တည္ရွိကာ သူ႔သရဲအိမ္က ပိုမို က်ယ္ျပန႔္လာပါလိမ့္မယ္။ ေနာက္ဆုံးေတာ့ ေျမေအာက္ ကားပါကင္တစ္ခုလုံးက ငါ့ သရဲအိမ္ဆက္တင္ေတြနဲ႔ျပည့္ေနၿပီး ေၾကာက္စရာေကာင္းတဲ့ ဝကၤပါလိုျဖစ္လာလိမ့္မယ္။
ခ်န္ေကာသည္ နာမည္ကဒ္အားလုံးဝွက္ၿပီး အေပၚထပ္တက္ကာ အဝတ္စားလဲၿပီး သရဲအိမ္အျပင္ကို ထြက္လာသည္။ အျပင္မွာ ေနေရာင္က ေႏြးေထြးေနၿပီး စိတ္ၾကည္ႏူးဖို႔ေကာင္းေနသည္။
႐ႊီဝမ္က မနက္ ၉ နာရီခန႔္တြင္ သရဲအိမ္သို႔ေရာက္ ရွိလာခဲ့သည္။ ခ်န္ေကာက သူမကို ဝိဉာဥ္သတို႔သမီးလို သြားျပင္ဆင္ခိုင္းခဲ့သည္။ သရဲအိမ္က အခု ပိုနာမည္ႀကီးလာၿပီး New Century Park တြင္ တစ္ခုတည္းေသာဆြဲေဆာင္မႈ တစ္ခုျဖစ္လာခဲ့သည္။ လုပ္ငန္းစဥ္ကိုေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေစရန္ ခ်န္ေကာက လက္မွတ္အေရာင္းသမားတစ္ေယာက္ကို ဌားဖို႔ ဦးေလး႐ႊီကို ေျပာခဲ့ေပမယ့္ လူရွားလို႔ ဦးေလး႐ႊီကိုယ္တိုင္ ကူေပးရန္ေရာက္လာခဲ့သည္။
" ဒီပတ္ ၀ န္းက်င္မွာ အခ်ိန္ပိုင္း လုပ္သားသိပ္မရွိဘူး၊ ငါက အားေနလို႔ အကူအညီေပးဖို႔လာတယ္။ လက္မွတ္ေရာင္းဖို႔ ဒီလက္မွတ္ေကာင္တာထဲကိုဝင္ဖို႔ လိုအပ္ လား"
"မလိုပါဘူး၊ ဦးေလးအဆင္ေျပသလို ေရာင္းလို႔ရတယ္ "
ဦးေလး႐ႊီက လက္မွတ္ေရာင္းဖို႔ျပင္ေနစဥ္ ခ်န္ေကာက ဝန္ထမ္းနားေနခန္းထဲဝင္ကာ သစ္သားျပားေပၚတြင္ ေသြးအတုကို သုံးၿပီး မုယန္အထက္တန္းေက်ာင္း အတြက္ ေၾကျငာေရးလိုက္သည္။
ထိုသစ္သားဘုတ္နဲ႔သူ ထြက္လာေတာ့ အျပင္ဘက္ လူအုပ္ၾကားမွာ ဆူညံသံေတြၾကားေနရတယ္။
"ေတြ႕ႀကဳံခံစားဖို႔ေၾကာက္စရာဆက္တင္အသစ္လား "
"ဒီမိတ္ဆက္စကားက ေသခ်ာ ေၾကာက္စရာႀကီးပဲ "
"ေက်ာင္းတစ္ခုမွ ထိတ္လန႔္စရာပုံျပင္... ဒါကို ငါႀကိဳက္တယ္။ "
ခ်န္ေကာရဲ႕ ေၾကာ္ျငာက လူအုပ္၏အာ႐ုံကို ခ်က္ခ်င္းဆြဲေဆာင္ႏိုင္ခဲ့သည္။ လက္မွတ္ေဈးႏႈန္း အတူတူပင္ျဖစ္သျဖင့္ေရွ႕တန္း၌ရပ္ေနေသာ လူနည္းစုသည္ ဇာတ္လမ္းအသစ္ကို ေတြ႕ႀကဳံခံစားရန္ေတာင္းဆိုေနခဲ့သည္။
"လူတိုင္း ခဏနားေထာင္ေပးပါဦး.။ ဒီဇာတ္လမ္းသစ္က အရမ္းေၾကာက္စရာေကာင္းတယ္။ အတြင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္သ႐ုပ္ေဆာင္ေတြ၊ ႏိုင္ငံရဲ႕ထိပ္တန္းပစၥည္းေတြနဲ႔ ျပင္ဆင္ထားတာ ရွိတယ္။ ဒီဇာတ္လမ္းကို ကြၽန္ေတာ္ ေၾကျငာလိုက္တဲ့အခါ ေၾကာက္စရာ အေၾကာင္းအရာကို တင္ဆက္တဲ့ နာမည္ႀကီး စတူဒီယိုတစ္ခုက အလုပ္သမားေတြက ဒီစိန္ေခၚမႈကို လက္ခံခဲ့တယ္။သူတို႔က အထဲကို စမ္းသပ္ဝင္ေရာက္တဲ့အခ်ိန္ လွ်ိဳ႕ဝွက္ကင္မရာနဲ႔ ႐ိုက္ကူးခဲ့လို႔ သူတို႔ မေတာ္တဆ မယုံႏိုင္ ေလာက္ေအာင္ေၾကာက္စရာေကာင္းတာ တစ္ခုခုကို ႐ိုက္ကူးႏိုင္ခဲ့တယ္။ ဒါကိုႀကဳံခဲ့တဲ့ လူႏွစ္ေယာက္က အခုထိ ေဆး႐ုံေပၚက မဆင္းႏိုင္ေသးဘူး "
ေဘးဘက္ရပ္ေနတဲ့ ဦး ေလး႐ႊီ ကေတာ့ ခ်န္ေကာဟာ ဒီ နာမည္ပ်က္အေၾကာင္းရာကို ဘာေၾကာင့္ ဂုဏ္ယူဝံ့ႂကြားစြာ ေျပာျပမိတ္ဆက္ေနသလဲဆိုတာ နားမလည္ေတာ့ေပ။
လူေတြကို ေသျခင္းတရားနဲ႔ပတ္သက္ၿပီး ေၾကာက္လန႔္တာနဲ႔ပတ္သက္ၿပီး ဘာေၾကာင့္ ဂုဏ္ယူရမယ္ဆိုတာကို သူ နားမလည္ႏိုင္ဘူး။
"သူတို႔႐ိုက္ကူးခဲ့တာေတြကိုေျပာျပပါ ဦး "
သရဲအိမ္ကိုလာလည္တဲ့သူေတြက ဒီလူေတြကို ေဆး႐ုံပို႔လိုက္ရတယ္ကို မယုံၾကေပ။
"သူေဌး၊ မင္းရဲ႕အခ်န္ကိုမျဖဳန္းတီးပါနဲ႔ေတာ့။ ကြၽန္ေတာ္တို႔ ဒီဆက္တင္ထဲကို ဝင္ခ်င္တယ္ "
"ဒီေန႔ ဒီဆက္တင္ထဲ ငါ မဝင္ျဖစ္ဘူးဆိုရင္ ငါဟာ လူမဟုတ္ဘူး။ "
ဧည့္သည္မ်ား၏စကားသံကိုၾကားေတာ့ ခ်န္ေကာက ေျပာလိုက္သည္။
"မင္းတို႔ကို ေၾကျငာခ်င္တာရွိတယ္။ ဒီဆက္တင္ကို လူတိုင္းဝင္လို႔မရဘူး။ ဝိဉာဥ္သတို႔သမီးဆက္တင္နဲ႔ သန္းေခါင္ယံည လူသတ္သမား ဆက္တင္ကို ဝင္ၿပီးမွသာ ဒီမုယန္အထက္တန္းေက်ာင္းကို ဝင္လို႔ရမယ္ "
"ဒီဟာေန႔ခင္းဘက္ ဓါးျပတိုက္တာပဲ!"
ခ်န္ေကာ၏ ေၾကျငာခ်က္အသစ္ကိုၾကားေတာ့ ဧည့္သည္ေတြက တၿပိဳင္နက္ဆႏၵျပသံ ထြက္ေပၚ လာသည္။
"ဆက္တင္တိုင္းကို ဝင္ဖို႔ ငါတို႔က လက္မွတ္တစ္ေစာင္စီဝင္ဖို႔လိုတယ္..."
"ဒါက အတင္းအက်ပ္ ေရာင္းခ်တာ မဟုတ္ရင္ ဘာလဲ"
"မင္းရဲ႕ေခါင္း ေခ်ာင္သြားၿပီလား "
"အြန္လိုင္းေပၚက review ေကာင္းလို႔ ငါတို႔က လာေလ့လာတာ။ မင္းက ခုလို လုပ္တာ မယုံႏိုင္ေလာက္ေအာင္အက်င့္ပ်က္ေနတယ္။ "
"သရဲေျခာက္တဲ့အိမ္ကို လာလည္ဖို႔ စည္းမ်ဥ္းေတြ အမ်ားႀကီးပဲလိုက္နာေနရမွာလား။ ဒါဆို ငါ မဝင္ေတာ့ဘူး "
ခ်န္ေကာသည္ ဒီေၾကျငာမႈေၾကာင့္ ပရိတ္သတ္က ဆူပြက္မည္ကို ႀကိဳေတြးၿပီးျဖစ္သည္။
" ငါ့ကိုယုံပါ၊ မင္းရဲ႕ေငြကို လိမ္ၿပီးယူဖို႔ ငါ မရည္႐ြယ္ဘူး။ လက္မွတ္ တစ္ေစာင္ကို ယြမ္၂၀ က အေကာင္းဆုံးသက္ေသပဲ။ ငါ့ရဲ႕ ႐ိုးသားမႈကို သက္ေသျပဖို႔ ငါတို႔ေလာင္းေၾကး ထပ္ၾကမယ္.. ဘယ္လိုလဲ ?
ခ်န္ေကာက မေရးရေသးသည့္ သစ္သားျပားေပၚတြင္ ဆုေငြ ယြမ္ 20000 ကိုခ်ေရးလိုက္သည္။
"ဒီေနရာမွာေငြသား ၂၀၀၀၀ ဆုေၾကး ရွိတယ္။ မုယန္ အထက္တန္းေက်ာင္းထဲမွာ ေက်ာင္းသား ၂၄ ေယာက္ရဲ႕ နာမည္ကဒ္ေတြကို ငါ ဝွက္ထားတယ္။ မင္းတို႔ ဘယ္သူျဖစ္ျဖစ္ ႏွစ္ဆယ္ေလးခုလုံးကို မိနစ္ ၂၀ အတြင္း ရွာႏိုင္ရင္ ဒီ ဆုေၾကးေငြ ၂၀၀၀၀ က မင္းတို႔ဟာပဲ"
"လက္မွတ္ေဈးႏႈန္းက ၂၀ ဒါေပမယ့္ ဆုေၾကးက ၂၀၀၀၀ လား။ ၁၀၀၀% တိုးလာတာပဲ!"
"အဲ့ဒီ ဆက္တင္ထဲမွာ နာမည္ကဒ္ 24 ခုေကာ တကယ္ သိမ္းထားတာ ဟုတ္ရဲ႕လား။ 23 ခုပဲ ဝွက္ထားရင္ ကြၽန္ေတာ္တို႔က ဆုေၾကးကို ဘယ္လိုရႏိုင္မွာလဲ"
ဧည့္သည္တစ္ေယာက္က ေထာက္ျပေပမယ့္ ခ်န္ေကာက သူႏွင့္ျငင္းခုံဖို႔ ပ်င္းေနသည္။
"မင္းတို႔ထဲက တစ္ေယာက္က ပုံမွန္ ဆက္တင္ကေန ထြက္လာႏိုင္ရင္ ငါေျပာတာ ဟုတ္မဟုတ္ ဆိုတာ သက္ေသျပၿပီးျဖစ္လိ့မ္မယ္။ "
အမည္ကဒ္ ၂၄ ခုသည္ အလြန္ေဝးကြာေသာ ေနရာမ်ားတြင္ ဝွက္ထားျခင္းခံရၿပီး အခ်ိဳ႕သည္ လူေတြ မေမွ်ာ္လင့္သည့္ေနရာမ်ားတြင္ ဝွက္ထားျခင္းခံရသည္။
"ဒီဟာက ခပ္ေပါေပါလွည့္ကြက္ဆိုေပမယ့္ ငါက ႀကိဳးၾကည့္ပါလို႔ မင္းတို႔ကို တိုက္တြန္းခ်င္ပါတယ္။ "
ခ်န္ေကာက အေျခေနကို လႈံ႕ေဆာင္ၿပီး လူစိတ္ဝင္စားေအာင္ လုပ္ေနသည္ကို ဦးေလး႐ႊီက ၾကည့္ေနသည္။ ၿပီးေတာ့ ခ်န္ေကာက ဦးေလး႐ႊီကို ေငြေကာက္ဖို႔ ေျပာလိုက္သည္။
"ဒီေန႔ဟာ ဆက္တင္အသစ္ကို စတင္ဖြင့္လွစ္တဲ့ ပထမဆုံးေန႔ျဖစ္လို႔ စည္းမ်ဥ္းအသစ္ကို တရားဝင္ ေဖာ္ျပရတာ ျဖစ္ပါတယ္။ ဒီလို စည္းမ်ဥ္းကို လူေတြ မသိၾကေသးပါဘူး။ မင္းတို႔က အျခားဆက္တင္ကို ဝင္စရာမလိုပဲ ခြၽင္းခ်က္အေနနဲ႔ ဒီဆက္တင္ကို တန္းၿပီး ဝင္လို႔ရပါတယ္။ မင္းတို႔ အရင္ဝင္ၿပီး ဆုေၾကးကို ယူဖို႔ အခြင့္ေရးရွိေနတယ္။ ဒါေပမယ့္ နာမည္ကဒ္ထားတဲ့ ေနရာက ေန႔တိုင္း ေနရာေတြေျပာင္းေနမယ္ဆိုတာ ႀကိဳေျပာထားပါရေစ။ ဒီေလာက္ေကာင္းတဲ့ ဆုလာဒ္ ၂၀၀၀၀ ကို ယူဖို႔ ဘယ္သူေတြ စမ္းၾကည့္ခ်င္မလဲ "
အေစာပိုင္းက လူတိုင္းမယုံႏိုင္ေလာက္ေအာင္ဆူညံေန ခဲ့ေသာ္လည္း ခ်န္ေကာက တရားဝင္ေျပာလိုက္ခ်ိန္မွာ လူေတြက ၿငိမ္က်သြားၿပီး ဘယ္သူမွ အရင္ထြက္မလာရဲေတာ့ေပ။ တစ္ ဦး ႏွင့္တစ္ ဦး အျပန္အလွန္ၾကည့္ရႈၾကေသာ္လည္း မည္သူမွ်ေရွ႕သို႔ မတက္ရဲေတာ့ပါ။ ခ်န္ေကာသည္
လူစုလူေဝးကိုစစ္ေဆးၿပီး ေနာက္ဆုံး ေဆြးေႏြးၿပီးဟန္ျဖင့္ လူ 5 ေယာက္အုပ္စုက သူ႔နားကို တိုးကပ္လာသည္။
"သူေဌးက, ငါတို႔ဂိမ္းကို စိန္မေခၚခ်င္ၾကဘူး။ ဆက္တင္ကိုပဲ သြားၾကည့္ၿပီးေလ့လာခ်င္တယ္။ ဒါေၾကာင့္ ငါတို႔ ငါးေယာက္ တစ္ခ်ိန္တည္း ဝင္ႏိုင္မလား"
ေခါင္းေဆာင္ျဖစ္သူက ခ်န္ေကာကို ေမးခဲ့သည္။
သူတို႔ ငါး ဦး သည္ ဇာတ္လမ္းအသစ္ကို ဝင္ေလ့လာၿပီး အခ်က္လက္ကို ရွာေဖြမွတ္သားခ်င္ၾကသည္။ ၿပီးမွ သူတို႔လူတစ္ေယာက္ကို လိုအပ္ေသာသတင္းအခ်က္ အလက္အားလုံးကို ေပးၿပီး ထိုလူက နာမည္ကဒ္အကုန္ကို ရွာၿပီး ဆုေငြကို ထုတ္ယူဖို႔ႀကံထားသည္။
ခ်န္ေကာက သူတို႔ဘာေတြလုပ္ဖို႔ႀကံေနတယ္ ဆိုတာသိေပမယ့္ သူက ဂ႐ုမစိုက္ေပ။
"ေသခ်ာတာေပါ့၊ မင္းတို႔ ငါးေယာက္စလုံး အတူတူဝင္လို႔ရႏိုင္ေပမယ့္ ငါ သတိေပးထားမယ္။ သရဲအိမ္ ထဲမွာဓာတ္ပုံေတြ၊ ဗီဒီယိုေတြကို မ႐ိုက္ဖို႔၊ ဖုန္းကို အသုံးမျပဳပါနဲ႔၊ ဘာျဖစ္လို႔လဲဆိုေတာ့ မင္းတို႔ သူငယ္ခ်င္းေတြကို ေၾကာက္လွန႔္သြားေစႏိုင္တတယ္"
" ငါတို႔ ငါးေယာက္စာ လက္မွတ္ခ ဒီမွာ ယြမ္ ၁၀၀ "
လူငယ္ေလးကၿပဳံးၿပီးေျပာတယ္။ သူသည္ ခ်န္ေကာေပးသည့္ အႀကံဉာဏ္ကို မည္သည့္အခါမွ် ဂ႐ုမစိုက္ခဲ့ပါ။
ထိုေငြကိုလက္ခံၿပီးေနာက္ ခ်န္ေကာက ဧည့္သည္မ်ားကို ေက်းဇူးတင္စကားေျပာၿပီး သေဘာတူညီေၾကာင္း စာ႐ြက္မွာ လက္မွတ္ထိုးခိုင္သည္။ ထိုလူငယ္ေတြက မၾကည့္ပဲ တန္းကာလက္မွတ္ထိုးလိုက္ၾကသည္။
သူတို႔က ထိုအရာကိုအလြန္အမင္းမစဥ္းစားခဲ့ၾကေပ။ သူတို႔ေနာက္တြင္ ဦး ေလး ႐ႊီသည္ တုန္လႈပ္ေခ်ာက္ခ်ားခဲ့ၿပီး အခ်ိဳ႕ေသာ အရာကို စဥ္းစားၿပီးေနာက္ ခ်န္ေကာ ေနာက္ကို ကပ္လိုက္ကာ တီးတိုးေျပာလိုက္သည္။
"ဒါေတြက သာမန္ ဧည့္သည္ေတြပါ။ သူတို႔မွာ ငါတို႔ သရဲအိမ္အေၾကာင္းကို မသိထားဘူး။ အရာအားလုံးလုံၿခဳံၿပီးေသခ်ာေအာင္လုပ္ပါ။ "
"ဦး ေလး႐ႊီ မပူပါနဲ႔။ ကြၽန္ေတာ္ ဘာလုပ္ေနတယ္ဆိုတာ သိပါတယ္။"
ဦးေလး႐ႊီက ေခါင္းသာ ယမ္းလိုက္မိသည္။
"ဒီကေလးေတြ ဘယ္လိုေတြ ေတြးေနပါလိမ့္။ မင္း ခုနက သူတို႔ကို ေျပာျပထားၿပီးသားေလ။ အေစာပိုင္း မုယန္ေက်ာင္း ဆက္တင္ထဲ ဝင္သြားတဲ့ သနားစရာေကာင္ေလးႏွစ္ေယာက္က ေဆး႐ုံက မဆင္းရေသးဘူး။ အဲ့ထဲက တစ္ေယာက္ဆိုရင္ ညညတိုင္း လန႔္ေအာ္ၿပီး ႏိုးႏိုးလာတယ္တဲ့... သူ႔ အနာဂါတ္ ဇနီးေလာင္းနာမည္က ဘယ္သူလဲဆိုၿပီး ေယာင္ယမ္းေအာ္ေနတာ တေဆး႐ုံလုံးသိေနၾကတယ္။ "
(ေဘာပင္နတ္ကို အနာဂါတ္ဇနီးေလာင္း နာမည္ေမးတဲ့ တစ္ေယာက္၊ လည္ပင္းမွာ ႀကိဳးတန္းလန္းနဲ႔ ဝိဉာဥ္ကို ျမင္လိုက္ရၿပီး စိတ္ေခ်ာက္ျခားခဲ့သူ။ )
**
Chapter (132)- ဦးေလးရႊီက သတိေပးတယ္
ဦး ေလး႐ႊီက ခ်န္ေကာကို စိတ္ပူေနခဲ့တယ္။
"ဧည့္သည္ေတြကိုေပ်ာ္႐ႊင္စြာ ၀ င္ခြင့္ေပးၿပီး လုံၿခဳံစိတ္ခ်စြာ ျပန္လာႏိုင္ေအာင္ လုပ္လိုက္ရင္ မေကာင္းဘူးလား ?"
"အိုေက၊ အဆင္ေျပပါတယ္ ဦးေလး... စိတ္မပူပါနဲ႔၊ အရာအားလုံးက ကြၽန္ေတာ့္ရဲ႕ ထိန္းခ်ဳပ္မႈ ေအာက္မွာရွိေနတယ္။ "
ဦး ေလး႐ႊီ ၏အႀကိမ္ႀကိမ္အႀကံေပးမႈႏွင့္အတူ ခ်န္ေကာသည္ ဧည့္သည္ ၅ ဦး အားေျမေအာက္ ကားပါကင္ေနရာသို႔ ေခၚေဆာင္ လာခဲ့သည္။
သေဘာတူညီစာ႐ႊက္မွာ ဦးေဆာင္ လက္မွတ္ထိုးသူက
ဝမ္ဟိုင္းလုံျဖစ္ျပ့ီး သူသည္ခန႔္မွန္းေျခအားျဖင့္ ၁.၈၅ မီတာ ခန႔္ရွိၿပီး ခ်န္ေကာႏွင့္အရပ္ အတူတူပင္ျဖစ္သည္။
"သူေဌး.. ကြၽန္ေတာ္တို႔ နာမည္ကဒ္ 24ခု ရွာေတြ႕ရင္ တကယ္ပဲ ကတိေပးထားတဲ့ ဆုေၾကးကို ေပးမွာလား "
အခုေျပာလိုက္သူက ဝမ္ဟိုင္းလုံ၏ ေနာက္ဘက္တြင္ ရပ္ေနသည့္ အရပ္ပုပုလူငယ္ျဖစ္ၿပီး မ်က္ႏွာက် ဆင္သည့္ ဝမ္ဟိုင္းလုံ၏ညီငယ္ ဝမ္ဝိန္းလုံျဖစ္သည္။ သူတို႔၏ စ႐ိုက္မ်ားက အေတာ္ေလးကို ကြဲျပားေနသည္။
"ဟုတ္ပါတယ္၊ ကြၽန္ေတာ့္ရဲ႕ ကတိေတြကို မေလးစားဘဲ ဘယ္ေနမလဲ"
ခ်န္ေကာကအၿပဳံးနဲ႔ျပန္ေျဖတယ္။
"ဆုေငြက ၂၀,၀၀၀၊ နာမည္ကဒ္က ၂၄ ခုရွိသည္။ ကြၽန္မတို႔က လူငါးေယာက္ရွိတယ္။ တကယ္လို႔ နာမည္ကဒ္ကို ကြၽန္မတို႔ လူစုက ဝိုင္းရွာလို႔ေတြ႕ရင္ တစ္ေယာက္ကို 4000 ဆီေပးမွာလား ။"
စကားေျပာသူမွာ ဝမ္ဟိုင္းလုံ ၏ရည္းစားျဖစ္သည္။ သူမသည္ပါးလႊာေသာရွပ္အက်ႌႏွင့္ ခပ္ေဟာ့ေဟာ့ ေဘာင္းဘီကိုဝတ္ဆင္ထားကာ သူမ၏ရွပ္အက်ႌ၏ ၾကယ္သီးတခ်ိဳ႕ကို ျဖဳတ္ထားသည္။သူမရဲ႕ ညႇပ္႐ိုးေပၚမွာ လိပ္ျပာပုံ တက္တူးထိုးထားၿပီး သူမနာမည္က တုန႔္မန႔္လုျဖစ္သည္။ သူမက ခပ္လွလွ လမ္းသရဲမေလးႏွင့္တူေနသည္။
"ဘာေၾကာင့္ မရမွာဲ။ အဓိက ရည္႐ြယ္ခ်က္က ေပ်ာ္ဖို႔ပဲေလ။ မိနစ္ ၂၀ အတြင္းမွာပဲ နာမည္ကဒ္အားလုံးကိုရွာႏိုင္မယ္ဆိုရင္ တစ္ေယာက္ကို 4000 တျပားမွ မေလွ်ာ့ပဲေပးမယ္။ "
ခ်န္ေကာက ၿပဳံးကာ ေျပာလိုက္သည္ ။
" ေကာင္းၿပီ။ ေနာက္တစ္ခါ ဒီကိုလာဖို႔ ကြၽန္ေတာ္တို႔ ညီအစ္ကိုေတြကို ေျပာလိုက္မယ္ "
ဝမ္ဟိုင္းလုံက ကတိေပးခဲ့တယ္
"ႀကိဳတင္ၿပီး ေက်းဇူးတင္ထားပါတယ္ဗ်ာ "
"သေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီးၿပီဆိုေတာ့ ေက်းဇူးျပဳ၍ ကြၽန္ေတာ့္ေနာက္ကို လိုက္ခဲ့ပါ။ ခင္ဗ်ားတို႔ ခ်ိပ္ပိတ္ထားတဲ့ စာသင္ခန္းထဲ ၾကာၾကာမေနဖို႔ အႀကံေပးလိုက္ပါရေစ။ "
ခ်န္ေကာသည္ ထိုအုပ္စုကို ေခၚၿပီး စႀကႍ၏အဆုံးသို႔ေလွ်ာက္သြားကာ ေျမေအာက္ကားပါကင္ကို ဆင္းသည့္ ေလွကားထိပ္က ပ်ဥ္ျပားမ်ားကိုဆြဲဖယ္လိုက္သည္။
"စြန႔္ပစ္ထားေသာေက်ာင္းႏွင့္ပတ္သက္တဲ့ ေကာလာဟလ အမ်ားႀကီးရွိတယ္။ မင္းတို႔ ယုံယုံ၊ မယုံယုံ။ ကင္မရာနဲ႔လုံးဝမွတ္တမ္းမတင္ပါနဲ႔။ အဲ့လိုလုပ္ရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ အတြက္ ကိုယ့္ဖာသာ တာဝန္ယူရမယ္"
"ေျမေအာက္လား?"
လူငါးေယာက္သည္ ေအာက္ကို ဆင္းသြားသည့္ ဥမင္လိုဏ္ေခါင္းကိုၾကည့္လိုက္သည္။
"F * ck, ဘာႀကီးတုန္း"
စကားမေျပာေသာ ခပ္ဝဝႏွင့္လူငယ္က ႐ုတ္တရက္ေအာ္ဟစ္လိုက္သည္။ သူ႔မွာ ဘီယာဗိုက္နဲ႔မ်က္လုံး ျပဴးျပဴးေတြရွိေနၿပီး သူက သတၱိရွိပုံမေပၚေပ။
"ေဖ့ဟူ... ငါတို႔ေတာင္ မဝင္ရေသးဘူး ။မင္းက ေၾကာက္ေနတာလား"
ဝမ္ဟိုင္းလုံက ေဖ့ဟူရဲ႕ တုန္လႈပ္ေနေသာလက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။
"ဒါဟာ အားလုံးအတုေတြခ်ည္းပါပဲ။ မင္းေၾကာက္ေနရင္ မိန္လိရဲ႕ေနာက္မွာပုန္းေနလိုက္ေလ။ "
"ညည္းသံကို ရပ္ လိုက္စမ္းပါ။ မင္းဝင္မလား၊ မ ၀ င္ဘူးလား"
ဒီတစ္ခါေတာ့ စကားေျပာတဲ့သူက မိန္လိဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ။ သူမ၏မ်က္ႏွာေပၚတြင္ အစဥ္အၿမဲမ်က္ေမွာင္ၾကဳတ္ထားၿပီး အရပ္ပုပုႏွင့္ တုန႔္မန႔္လုေဘးမွာရပ္ေနသည္။ သူမပုံစံက လွပေသာ ပန္းပြင့္ေဘးက သစ္႐ြက္ေလးႏွင့္တူေနသည္။
ခ်န္ေကာက သေဘာတူညီခ်က္မွာ လက္မွတ္ထိုးထားသည့္ နာမည္ကို ၾကည့္လိုက္ေတာ့ သူမက ရွမိန္လိဆိုတာ သိလိုက္ရ႕သည္။
" ဘာေတြ အလ်င္လိုေနတာလဲ? ေဘာ့စ္..ကြၽန္ေတာ္တို႔ ေအာက္ကို ေရာက္မွ အခ်ိန္စမွတ္မယ္ မဟုတ္လား"
ဝမ္ဟိုင္းလုံက ခ်န္ေကာကို ေမးလိုက္သည္။
"ေသခ်ာတာေပါ့"
ခ်န္ေကာသည္သူ၏ဖုန္းကိုထုတ္ယူခဲ့သည္။ ဧည့္သည္ငါး ဦး ဥမင္လိုဏ္ေခါင္းထဲသို႔ဝင္ၿပီးေနာက္ သူသည္ပ်ဥ္ျပားကို ပိတ္လိုက္ၿပီးဖုန္းကို အခ်ိန္စမွတ္လိုက္သည္။
တဖြဲ႕လုံး ေအာက္ကိုဆင္းသြားၿပီးေတာ့ ခ်န္ေကာက ထိန္းခ်ဳပ္ခန္းသို႔မသြားမီ Doctor Skull-cracker ေဒါက္တာအ႐ိုးရဲ႕ ဝတ္စုံကို ဝတ္ဆင္ၿပီး အေရျပား မ်က္ႏွာဖုံးကိုဝတ္ဆင္ခဲ့သည္။ သူသည္ေနာက္ခံ ေတးဂီတကို Black Friday မဖြင့္ရန္ ဆုံးျဖတ္ခဲ့သည္။
ဦး ေလး ႐ႊီေျပာတာ မွန္တယ္ ။ ငါတို႔က ဝန္ေဆာင္မႈနယ္ပယ္မွာရွိတယ္။ ငါတို႔ရဲ႕ေဖာက္သည္ကို ပထမ ဦး ဆုံး ေပ်ာ္ေအာင္ ထားသင့္တယ္။ သူက အသံကို ေလွ်ာ့ခ်ၿပီး မဂၤလာဝတ္စုံဆိုသည့္ တီးလုံးကို ဖြင့္လိုက္သည္။
...
သူတို႔၏ေခါင္းေပၚမွပ်ဥ္ျပားမ်ားကိုပိတ္လိုက္ခ်ိန္မွာ ဧည့္သည့္ 5 ဦးက ေမွာင္ေနသည့္ စႀကႍ၌ရပ္လ်က္ တံခါးဖြင့္ထားသည့္ စာသင္ခန္းတံခါးမ်ား၏ တံခါး ႐ိုက္ခတ္သံက သူတို႔နားထဲသို႔တုန္ခါေနသည္။
"ဒီေနရာကႀကီးမားလြန္းတယ္ "
ေဖ့ဟူက မိန္လိရဲ႕ေနာက္မွာ ဝင္ပုန္းရင္းေျပာလိုက္ သည္။
"ဒါက ျဖစ္သင့္တာပဲေလ။ မဟုတ္ရင္ နာမည္ကဒ္ 24 ခုကို သူ ဘယ္မွာ သြားဝွက္မွာလဲ။ ေဘာ့စ္က ငတုံးမဟုတ္ဘူး "
ထိုသူတို႔တြင္ပါးနပ္ေသာလူျဖစ္သူ ဝမ္ဝိန္လုံက ပထမေျခလွမ္းကိုလွမ္းခဲ့သည္။
"လႈပ္ရွားၾကစို႔။ ငါတို႔ထဲက ငါးေယာက္ဟာ နာမည္ကဒ္ ၂၄ ခုလုံးကိုရွာေတြ႕သင့္တယ္။ ငါတို႔အႏိုင္ရၿပီးေနာက္ ၄၀၀၀ ဆီရမယ္။ ဒါဆိုရင္ ငါတို႔ ေဟာ့ေပါ့သြားစားၿပီး ကာရာအိုေကသြားဆိုၾကမယ္ "
"ငါတို႔ ဒီမွာရွိေနၿပီးကတည္းက ဒါကိုၿပီးေအာင္ လုပ္ၾကစို႔။ ငါ့ညီေလးေျပာတာ မွန္တာပဲ"
ဝမ္ဟိုင္းေလာင္းသည္အျပင္းအထန္ႀကိဳးပမ္းခဲ့သည္။ ပထမ ဦး ဆုံး စာသင္ခန္းတံခါးကို သူျဖတ္သြားတဲ့အခါ သူ ရပ္လိုက္တယ္။ သူ႔ရဲ႕ ႐ုတ္တရက္လႈပ္ရွားမႈက အျခားသူမ်ားကိုလႈပ္ရွားသြားေစသည္။
"ဟိုင္းလုံ..မင္း ဘာေတြ႕လိုက္လို႔လဲ"
တုန႔္မန႔္လုက တိုးတိုးေျပာလိုက္သည္
"ကိုယ္ကိုကိုယ္ၾကည့္ ၾကေတာ့။ "
သူကစာသင္ခန္းတံခါးကို ဖြင့္လိုက္ၿပီး တံခါးေပါက္ေပၚတြင္ တင္ထားေသာနာမည္ကဒ္ကို ယူလိုက္သည္။
"ဒါက လြယ္တယ္!"
သူသည္ နာမည္ကဒ္မွာ ခ်န္ယာ့လင္ဆိုသည့္ မိန္းကေလးတစ္ ဦး ၏နာမည္ ေရးထားတာကို ေတြ႕ခဲ့သည္။
"ဒီ နာမည္ကဒ္ကို ဒီလို ထင္သာျမင္သာမွာ ခ်ထားတယ္ဆိုတာ နာမည္ကဒ္က ဘယ္လိုဆိုတာ သိေအာင္လုပ္ထားတာပဲ။ နာမည္ကဒ္က အဖ်ားေတြမွာ ဝါေနၿပီး ေဟာင္းေနပုံရတယ္။ ဒါက အတုလုပ္ဖို႔မလြယ္ဘူး။ ။ "
"ဒါနဲ႔ ငါတို႔ ဘာလုပ္ရမလဲ။ ဒီေနရာမွာ ၁၀ စကၠန႔္ေတာင္ မျပည့္ေသးဘူး၊ ငါတို႔ေတြ႕ၿပီ။ ငါတို႔ ဘာမွ ေၾကာက္စရာမေတြ႕ရေသးဘူး။ က်န္ ၂၃ ခုက လြယ္လြယ္ကူကူျဖစ္သင့္တယ္"
ဝမ္ဟိုင္းလုံသည္ နာမည္ကဒ္ ကိုျပန္ယူၿပီး ဆက္လက္လႈပ္ရွားခဲ့သည္။ လြယ္ကူေသာေအာင္ျမင္မႈသည္ က်န္အဖြဲ႕ဝင္မ်ားကိုလည္း စိတ္သက္သာရာရေစခဲ့သည္။
မုယန္အထက္တန္းေက်ာင္းဆက္တင္ထဲတြင္ စာ႐ြက္မ်ား ျပန႔္က်ဲကာ ၾကမ္းျပင္ေပၚ က်ေနသည္။ သူတို႔အားလုံး ဖိနပ္စီးထားေပမယ့္ စာ႐ြက္ေပၚမွာ ေျခရာေတြ ေရးေရးထင္ေနသည္ကို လုံးဝသတိမျပဳမိၾကေပ။
သူတို႔ ေရာက္ေနသည့္ စၾကၤန္၏ အပူခ်ိန္က က်ဆင္းသြားၿပီး အေမွာင္ထု စၾကၤန္ထဲ၌ ကေလးငယ္မ်ားခိုးေၾကာင္ခိုးဝွက္ ကစားစျပဳလာသလိုထင္ရၿပီး ငိုသံ၊ ရယ္သံေတြကို ၾကား လာရသည္။
ေလထုသည္ထူးဆန္းလာၿပီး စၾကၤန္ ႏွစ္ဖက္စလုံးရွိ စာသင္ခန္းအတြင္း၌ ပုန္းေနသည့္အရာ တစ္ခုရွိပုံရသည္။ သူတို႔ကေမွာင္မိုက္ေနတဲ့ မ်က္လုံးတစ္စုံျဖင့္ စိုက္ၾကည့္ေနသလိုပင္။
"ဒီမွာ ဘာမွ ေၾကာက္စရာ မရွိေပမယ့္ ထူးဆန္းတယ္လို႔ ငါ ဘာေၾကာင့္ ခံစားေနရတာလဲ"
သူတို႔က နာမည္ကဒ္ကို ျမန္ျမန္ရွာဖို႔ လူခြဲကာ အခန္းေတြထဲဝင္ရွာေပမယ့္ ဘာမွမေတြ႕ရေပ။
"ငါေတာ့ ေဘာ့စ္ကို တကယ္ခ်ီးက်ဴးလာမိၿပီ။ သူ ေတာ္ေတာ္ကို လိမၼာပါးနပ္တယ္။ "
ဝမ္ဟိုင္းလုံက ေရွ႕ကေန သြားေနရင္း ခ်ိပ္ပိတ္ထားတဲ့ စာသင္ခန္းေရွ႕ ကိုေရာက္ေတာ့ ျပတင္းေပါက္နားက ထိုင္ေနသည့္ လူတစ္ေယာက္က သူ႔ကိုၿပဳံးျပလိုက္သည္ကို ျမင္ၿပီး တုန႔္ခနဲရပ္သြားမိသည္။
"ဘာျဖစ္တာလဲ ဟိုင္းလုံ? ေနာက္ထပ္နာမည္ကဒ္ျပားကို ေတြ႕လို႔လား "
ေဖ့ဟူက ဝမ္ဟိုင္းလုံၾကည့္သည့္ဘက္ကို လိုက္ၾကည့္ရင္းေမး လိုက္သည္။
သူကတစ္ခ်က္သာၾကည့္ၿပီး သူ႔ခႏၶာကိုယ္တစ္ေလွ်ာက္မွာ ေအးခဲသြားသည္။ စာသင္ခန္းျပတင္းေပါက္နားမွာ ထိုင္ေနတဲ့လူတစ္ေယာက္က သူ႔ကို ၿပဳံးျပေနပုံရတယ္။
သူရဲ႕ေနာက္ကြယ္မွာစာသင္ခန္းထဲမွာ ထိုင္ေနတဲ့ေနာက္ထပ္ အ႐ုပ္ 20 ေက်ာ္ရွိေသးတယ္။
သူတို႔၏ခႏၶာကိုယ္မ်ား မလႈပ္ရွားခဲ့ၾကေသာ္လည္း သူတို႔၏လည္ပင္းမ်ားကို ထူးဆန္းေသာ အေနအထားျဖင့္ လွည့္လာၿပီး အ႐ုပ္အားလုံးက ျပတင္းေပါက္အျပင္ဘက္က ဧည့္သည္မ်ားကိုၿပဳံးျပရန္လွည့္ ၾကည့္ေနခဲ့ၾကသည္။
**