【𝖴𝖭𝖨𝖢𝖮𝖣𝖤】
ယွီချူယောင် ကျောင်းကို ရောက်ပြီးနောက် တော်တော်လေးကိုရေပန်းစားလာခဲ့သည်။ တခြားအတန်းများမှ ကောင်လေးတွေတောင်မှ သူမကိုတွေ့ရဖို့အတွက် သူတို့အတန်းကို အပြေးလာခဲ့ရတာဖြစ်သည်။ သူတို့က ပြတင်းပေါက်ကနေ လည်ပင်းတွေ တိုးဝင်ကာကြည့်ကြရသည်။
“ အဲ့တစ်ယောက်က ယွီချူယောင်ပဲ တကယ်ကို လှရက်လိုက်တာ”
“သူက တယောလဲထိုးတတ်သလို အရည်အချင်းလည်း အရမ်းရှိတယ် ”
“အာ သူက စာလဲ တော်တယ် ငါတို့တွေ ဒီလိုလူမျိုးမှ လေးစားသင့်တာ”
“အိုး ဘုရားရေ အပြင်ကိုထွက်လာပြီ”
လူတိုင်းက ယွီချူယောင် ခုံမှထကာ အခန်းပြင်ထွက်လာလာတာကို ကြည့်နေရင်း အရမ်းစိတ်လှုပ်ရှားနေသည် ။အဲ့အချိန်မှာပဲ လူအုပ်ထဲက ကောင်လေးတစ်ယောက်က ရှေ့ကို ထွက်လာပြီး ယွီချူယောင်ရဲ့အရှေ့မှာပိတ်ရပ်လိုက်သည်။
“နတ်ဘုရားမလေး ငါမင်းကို အလယ်တန်းကျောင်းသားဘဝကတည်းက စိတ်ဝင်စားလာခဲ့တာ ဒီဟာက ငါကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်သေးသေးလေးတွေပါ ကျေးဇူးပြုပြီး စမ်းစားကြည့်ပေးပါ” မျက်မှန်လေးနဲ့ ကောင်လေးတစ်ယောက်ကနေ ယွီချူယောင်ကို ဘီစကစ်တစ်ထုတ်ပေးလေသည်။
“အာ ကျေးဇူးပါ”
ယွီချူယောင်က ဘီစကစ်ကိုယူကာ ထိုကောင်လေးကို ချိုချိုသာသာ အပြုံးလေးတစ်ပွင့်နဲ့အတူပြောလာ၏။
“မင်းက အရမ်းသဘောကောင်းတာပဲ ငါမင်းကို အမြဲ အားပေးနေတယ်”
ကောင်လေးက မျက်နှာလေးနီရဲရင်း ထိုသို့ ပြောကာ ခပ်မြန်မြန် ထွက်ပြေးသွားလေသည်။
နောက်အတန်းချိန်ကတော့ ကာယအချိန်ပဲဖြစ်သည်။ ကျောင်းသားများက သူတို့ရဲ့ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် အတန်းဖြုတ်ကာ လွတ်လွတ်လပ်လပ်ဖြစ်သွားတော့သည်။
ရှီးနဉ်ကတော့ သစ်ပင်အုပ်လေးထဲက တိတ်ဆိတ်တဲ့ နေရာလေး တစ်ခုကို ရှာတွေ့ခဲ့ပြီး ပုစ္ဆာများဖြေရှင်းတဲ့နည်းလမ်းတွေ ထိုင်ကာ ဖတ်နေလိုက်သည်။
အထက်တန်းကျောင်းအားကစားတွေ ဆိုတာကလဲ သူမရဲ့ခန္ဓာကိုယ်ကို အံဝင်ခွင်ကျ ထိန်းထားပေးရုံနိုင်ပဲရှိတာလေ။ မည်မည်ရရ လေ့ကျင့်ခန်းတစ်ခုနှစ်ခုလောက် လုပ်ပြီးပြီဆိုရင်တော်ရောပေါ့။ စာလေ့လာတဲ့နေရာမှာပဲ အချိန်တွေ ပိုပြီး သုံးသင့်သည်။ သူတို့ရဲ့အတန်းက အထက်တန်းပထမနှစ်ဖြစ်တာမလို့ ဒီအဆင့်မှာ စိတ်အေးလက်အေးနေလို့ရတဲ့ အတန်းဖြစ်သော်ငြားလည်း သူမအတွက်တော့ (foundation)အုတ်မြစ်ချဖို့လိုအပ်တဲ့ အချိန်ကာလတစ်ခုပင်။
သူမ အခြေခံကျတဲ့ သင်ရိုးကို အရှိန်မြင့်ပြီး လုပ်ချင်တာ။ အဲ့တာမှ သူမ ခက်ခဲတဲ့ပုစ္ဆာတွေကိုဖြေရှင်းလာနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ရှီးနဉ် တစ်ယောက်တည်း စာလုပ်နေခဲ့သည်။ ခဏလောက်ကြာတော့ ခြေသံကိုကြားလိုက်သည်။
သူမ မော့ကာ လှမ်းကြည့်လိုက်ပြီး မြင်လိုက်ရတာကတော့ ယွီချူယောင်ပဲဖြစ်တယ်။
သူမနဲ့ ဘာလို့ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေရတာလဲ?
ရှီးနဉ်မှာ ခေါင်းကိုက်ချင်သလိုလိုတောင်ဖြစ်လာသည်။
ယွီချူယောင်ဟာ အဖော်မပါဘဲတစ်ယောက်တည်း ရောက်လာတာဖြစ်သည်။ သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီး ဘေးပတ်ပတ်လည်ကို လှမ်းကြည့်လိုက်၏။
ရှီးနဉ်ရဲ့ရှေ့မှာ သစ်ပင်အကြီးကြီးတစ်ပင်ရှိနေတာကြောင့် ယွီချူယောင်ဘက်က အမြင်ကနေဆို ကွယ်နေကာ ရှီးနဉ်တစ်ဖက်တည်းကသာ မြင်နေရ၏ ။ ထို့ကြောင့် သူက သူမ အား မြင်တဲ့ပုံ မပေါက်ပေ။
ဘေးအနားမှာတစ်ယောက်မှမရှိတာကို သူတွေ့ပြီး သူ့ အိတ်ကပ်ထဲက ရှိနေတဲ့ အရာကိုထုတ်လိုက်ပြီး အမှိုက်ပုံးထဲကို ပစ်ချလိုက်သည်။
“ဒီလိုပစ္စည်းမျိုးကို ငါက ဘာလို့ယူထားရမှာလဲ?”
သူဟာ လှည့်ထွက်မသွားခင် မတူမတန်တဲ့ပုံစံနဲ့ပြောလိုက်သေးသည်။
အဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ ရှီးနဉ်ဟာ နေ့လည်က သူ့ကို မုန့်ပေးနေတဲ့ကောင်လေးအတွက် သနားစိတ်တောင် ဝင်သွားမိ၏။ သူမ ခန့်မှန်းတာ မမှားလောက်ဘူးဆိုရင် အဲ့တာက ယွီချူယောင် ရခဲ့တဲ့ ဘီစကစ်အထုတ်ပဲဖြစ်ရမယ်။ သူ မထွက်ခွာမီအချိန်ထိ ရှီးနဉ် သူ့ကို လိုက်ကြည့်နေမိသည်။
ကောင်းမင်က သူမကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူမက ကစားကွင်းနားရောက်နေပြီဖြစ်သည်။
“ဘော့စ်ကဒီမှာပဲ ငါ ဘော့စ် ကို လိုက်ရှာနေတာကြာနေလှပြီ”
ရှီးနဉ်: “ဟေး ငါ့ကိုဘော့စ် လို့မခေါ်စမ်းပါနဲ့ အဲ့လိုခေါ်တာ အနေခက်တယ် ငါ့ကို ရှီးနဉ်လို့ပဲခေါ်”
ကောင်းမင်:“ငါကတော့ ဘော့စ်ကို ဘော့စ်လို့ပဲ ခေါ်တတ်တာဟာကို”
“ဒါဆိုလဲ ဘာကိစ္စလဲသာပြောတော့”
“ဘော့စ် ငါတို့ မင်းအတွက် စပရိုက်အကြီးစားတစ်ခုရှိတယ်”
“ဘာကိုစပရိုက်လဲ?”
ရှီးနဉ်ဟာ ဒီနတ်ဆိုးတစ်ပိုင်းဖြစ်တဲ့ ကောင်မလေးရဲ့ပါးစပ်ကနေ စပရိုက် လို့ခေါ်တဲ့ဟာက ကောင်းတဲ့အရာ မဖြစ်လောက်ဘူးလို့ပဲ စိတ်ထဲကနေ အလိုလိုခံစားနေရတယ်။ရှီးနဉ် သူ့နောက်ကို လိုက်လာခဲ့ရာ ကျောင်းအဆောက်အဦးရဲ့ ဒုတိယထပ်က စာမသင်တော့ဘဲ လွတ်နေတဲ့ စာသင်ခန်းတစ်ခန်းဆီကို ရောက်သွားသည်။ သူမ ဝင်လိုက်ပြီးနောက် အနောက်ကနေပါလာတဲ့ ကောင်းမင်က တံခါးကို ပိတ်လိုက်သည်။
ရှီးနဉ်ဟာ ကောင်မလေး လေး၊ငါးယောက်လောက်က အရောင်ခြယ်ဆေးရောင်စုံများပါတဲ့ ရေပုံးတစ်ပုံးကိုယ်စီ ကိုင်ကာ စုစည်းနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့သည်။ သူတို့ရဲ့ဘေးက စားပွဲခုံပေါ်မှာ ကိတ်မုန့်အကြီးကြီးတစ်လုံးရှိပြီး ထိုင်ခုံပေါ်မှာတော့ ကြိုးနဲ့အတုပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်လည်းရှိသေးသည်။
“ဒီနေ့ နင့်ရဲ့မွေးနေ့လို့ ငါကြားမိတယ် ငါတို့တတွေ နင့်ရဲ့မွေးနေ့ကိုကျင်းပဖို့အတွက် ကူညီပေးဖို့ ဒီမှာရှိနေတာ နင်အရမ်းပျော်သွားတယ်မလား?”
သူတို့ ကြိုးနဲ့တုပ်ထားတဲ့ကောင်မလေးက တုန်တုန်ရီရီနဲ့ သူမရဲ့ခေါင်းကို ခါလိုက်ကာ တိုးတိုးလေးပြောလေသည်။
“ဒီနေ့ ငါ့မွေးနေ့မဟုတ်ဘူး...”
“ငါတို့က ‘ဒီနေ့က နင့်မွေးနေ့’ လို့ပြောတယ်ဆိုရင် ‘ဒီနေ့က နင့်မွေးနေ့ပဲ’လို့မှတ် နင့်အတန်းဖော်တွေက နင့်ကို မွေးနေ့ပွဲ ကျင်းပဖို့ ကူညီပေးတာကိုနင်မပျော်ဘူးလား?”
“ငါတစ်ယောက်တည်းနေချင်တယ် ”
ကောင်မလေးက ကြောက်စိတ်နဲ့ငိုကြွေးလာသည်။
အနှီကောင်မလေးလေး၊ငါးယောက်ဟာ သူ ခုခံတာကို လုံးဝလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လက်ခုပ်တီးလိုက်သေး၏။
“နင့်ရဲ့မွေးနေ့ကို ဘယ်လိုကျင်းပကြမလဲ?နင့်မျက်နှာကို ဘာလို့အရင်မသစ်ရတာလဲ” လို့ ဆိုကာ သူ့ရဲ့မျက်နှာရှေ့ကိုပုံးကို ကန်ပစ်လိုက်သည်။
နောက်ကောင်မလေးတစ်ယောက်ကလဲ စုတ်တံနဲ့ သူ့မျက်နှာကို ဆေးခြယ်ဖို့ ပြင်နေ၏။
Thanks for Reading 💟
*******
【𝖹𝖠𝖶𝖦𝖸𝖨】
ယြီခ်ဴေယာင္ ေက်ာင္းကို ေရာက္ၿပီးေနာက္ ေတာ္ေတာ္ေလးကိုေရပန္းစားလာခဲ့သည္။ တျခားအတန္းမ်ားမွ ေကာင္ေလးေတြေတာင္မွ သူမကိုေတြ႕ရဖို႔အတြက္ သူတို႔အတန္းကို အေျပးလာခဲ့ရတာျဖစ္သည္။ သူတို႔က ျပတင္းေပါက္ကေန လည္ပင္းေတြ တိုးဝင္ကာၾကည့္ၾကရသည္။
“ အဲ့တစ္ေယာက္က ယြီခ်ဴေယာင္ပဲ တကယ္ကို လွရက္လိုက္တာ”
“သူက တေယာလဲထိုးတတ္သလို အရည္အခ်င္းလည္း အရမ္းရွိတယ္ ”
“အာ သူက စာလဲ ေတာ္တယ္ ငါတို႔ေတြ ဒီလိုလူမ်ိဳးမွ ေလးစားသင့္တာ”
“အိုး ဘုရားေရ အျပင္ကိုထြက္လာၿပီ”
လူတိုင္းက ယြီခ်ဴေယာင္ ခုံမွထကာ အခန္းျပင္ထြက္လာလာတာကို ၾကည့္ေနရင္း အရမ္းစိတ္လႈပ္ရွားေနသည္ ။အဲ့အခ်ိန္မွာပဲ လူအုပ္ထဲက ေကာင္ေလးတစ္ေယာက္က ေရွ႕ကို ထြက္လာၿပီး ယြီခ်ဴေယာင္ရဲ႕အေရွ႕မွာပိတ္ရပ္လိုက္သည္။
“နတ္ဘုရားမေလး ငါမင္းကို အလယ္တန္းေက်ာင္းသားဘဝကတည္းက စိတ္ဝင္စားလာခဲ့တာ ဒီဟာက ငါကိုယ္တိုင္ လုပ္ထားတဲ့ ဘီစကစ္ေသးေသးေလးေတြပါ ေက်းဇူးျပဳၿပီး စမ္းစားၾကည့္ေပးပါ” မ်က္မွန္ေလးနဲ႔ ေကာင္ေလးတစ္ေယာက္ကေန ယြီခ်ဴေယာင္ကို ဘီစကစ္တစ္ထုတ္ေပးေလသည္။
“အာ ေက်းဇူးပါ”
ယြီခ်ဴေယာင္က ဘီစကစ္ကိုယူကာ ထိုေကာင္ေလးကို ခ်ိဳခ်ိဳသာသာ အၿပဳံးေလးတစ္ပြင့္နဲ႔အတူေျပာလာ၏။
“မင္းက အရမ္းသေဘာေကာင္းတာပဲ ငါမင္းကို အၿမဲ အားေပးေနတယ္”
ေကာင္ေလးက မ်က္ႏွာေလးနီရဲရင္း ထိုသို႔ ေျပာကာ ခပ္ျမန္ျမန္ ထြက္ေျပးသြားေလသည္။
ေနာက္အတန္းခ်ိန္ကေတာ့ ကာယအခ်ိန္ပဲျဖစ္သည္။ ေက်ာင္းသားမ်ားက သူတို႔ရဲ႕ကာယေလ့က်င့္ခန္းလုပ္ၿပီးေနာက္ အတန္းျဖဳတ္ကာ လြတ္လြတ္လပ္လပ္ျဖစ္သြားေတာ့သည္။
ရွီးနဥ္ကေတာ့ သစ္ပင္အုပ္ေလးထဲက တိတ္ဆိတ္တဲ့ ေနရာေလး တစ္ခုကို ရွာေတြ႕ခဲ့ၿပီး ပုစာၦမ်ားေျဖရွင္းတဲ့နည္းလမ္းေတြ ထိုင္ကာ ဖတ္ေနလိုက္သည္။
အထက္တန္းေက်ာင္းအားကစားေတြ ဆိုတာကလဲ သူမရဲ႕ခႏၶာကိုယ္ကို အံဝင္ခြင္က် ထိန္းထားေပး႐ုံႏိုင္ပဲရွိတာေလ။ မည္မည္ရရ ေလ့က်င့္ခန္းတစ္ခုႏွစ္ခုေလာက္ လုပ္ၿပီးၿပီဆိုရင္ေတာ္ေရာေပါ့။ စာေလ့လာတဲ့ေနရာမွာပဲ အခ်ိန္ေတြ ပိုၿပီး သုံးသင့္သည္။ သူတို႔ရဲ႕အတန္းက အထက္တန္းပထမႏွစ္ျဖစ္တာမလို႔ ဒီအဆင့္မွာ စိတ္ေအးလက္ေအးေနလို႔ရတဲ့ အတန္းျဖစ္ေသာ္ျငားလည္း သူမအတြက္ေတာ့ (foundation)အုတ္ျမစ္ခ်ဖို႔လိုအပ္တဲ့ အခ်ိန္ကာလတစ္ခုပင္။
သူမ အေျခခံက်တဲ့ သင္႐ိုးကို အရွိန္ျမင့္ၿပီး လုပ္ခ်င္တာ။ အဲ့တာမွ သူမ ခက္ခဲတဲ့ပုစာၦေတြကိုေျဖရွင္းလာႏိုင္လိမ့္မည္ျဖစ္သည္။ ထို႔ေၾကာင့္ ရွီးနဥ္ တစ္ေယာက္တည္း စာလုပ္ေနခဲ့သည္။ ခဏေလာက္ၾကာေတာ့ ေျခသံကိုၾကားလိုက္သည္။
သူမ ေမာ့ကာ လွမ္းၾကည့္လိုက္ၿပီး ျမင္လိုက္ရတာကေတာ့ ယြီခ်ဴေယာင္ပဲျဖစ္တယ္။
သူမနဲ႔ ဘာလို႔ဒီေနရာမွာ တိုက္တိုက္ဆိုင္ဆိုင္ လာဆုံေနရတာလဲ?
ရွီးနဥ္မွာ ေခါင္းကိုက္ခ်င္သလိုလိုေတာင္ျဖစ္လာသည္။
ယြီခ်ဴေယာင္ဟာ အေဖာ္မပါဘဲတစ္ေယာက္တည္း ေရာက္လာတာျဖစ္သည္။ သူမ ေျခလွမ္းအနည္းငယ္လွမ္းၿပီး ေဘးပတ္ပတ္လည္ကို လွမ္းၾကည့္လိုက္၏။
ရွီးနဥ္ရဲ႕ေရွ႕မွာ သစ္ပင္အႀကီးႀကီးတစ္ပင္ရွိေနတာေၾကာင့္ ယြီခ်ဴေယာင္ဘက္က အျမင္ကေနဆို ကြယ္ေနကာ ရွီးနဥ္တစ္ဖက္တည္းကသာ ျမင္ေနရ၏ ။ ထို႔ေၾကာင့္ သူက သူမ အား ျမင္တဲ့ပုံ မေပါက္ေပ။
ေဘးအနားမွာတစ္ေယာက္မွမရွိတာကို သူေတြ႕ၿပီး သူ႔ အိတ္ကပ္ထဲက ရွိေနတဲ့ အရာကိုထုတ္လိုက္ၿပီး အမႈိက္ပုံးထဲကို ပစ္ခ်လိုက္သည္။
“ဒီလိုပစၥည္းမ်ိဳးကို ငါက ဘာလို႔ယူထားရမွာလဲ?”
သူဟာ လွည့္ထြက္မသြားခင္ မတူမတန္တဲ့ပုံစံနဲ႔ေျပာလိုက္ေသးသည္။
အဲ့ျမင္ကြင္းကိုျမင္လိုက္ရေတာ့ ရွီးနဥ္ဟာ ေန႔လည္က သူ႔ကို မုန႔္ေပးေနတဲ့ေကာင္ေလးအတြက္ သနားစိတ္ေတာင္ ဝင္သြားမိ၏။ သူမ ခန႔္မွန္းတာ မမွားေလာက္ဘူးဆိုရင္ အဲ့တာက ယြီခ်ဴေယာင္ ရခဲ့တဲ့ ဘီစကစ္အထုတ္ပဲျဖစ္ရမယ္။ သူ မထြက္ခြာမီအခ်ိန္ထိ ရွီးနဥ္ သူ႔ကို လိုက္ၾကည့္ေနမိသည္။
ေကာင္းမင္က သူမကိုေတြ႕လိုက္တဲ့အခ်ိန္မွာေတာ့ သူမက ကစားကြင္းနားေရာက္ေနၿပီျဖစ္သည္။
“ေဘာ့စ္ကဒီမွာပဲ ငါ ေဘာ့စ္ ကို လိုက္ရွာေနတာၾကာေနလွၿပီ”
ရွီးနဥ္: “ေဟး ငါ့ကိုေဘာ့စ္ လို႔မေခၚစမ္းပါနဲ႔ အဲ့လိုေခၚတာ အေနခက္တယ္ ငါ့ကို ရွီးနဥ္လို႔ပဲေခၚ”
ေကာင္းမင္:“ငါကေတာ့ ေဘာ့စ္ကို ေဘာ့စ္လို႔ပဲ ေခၚတတ္တာဟာကို”
“ဒါဆိုလဲ ဘာကိစၥလဲသာေျပာေတာ့”
“ေဘာ့စ္ ငါတို႔ မင္းအတြက္ စပ႐ိုက္အႀကီးစားတစ္ခုရွိတယ္”
“ဘာကိုစပ႐ိုက္လဲ?”
ရွီးနဥ္ဟာ ဒီနတ္ဆိုးတစ္ပိုင္းျဖစ္တဲ့ ေကာင္မေလးရဲ႕ပါးစပ္ကေန စပ႐ိုက္ လို႔ေခၚတဲ့ဟာက ေကာင္းတဲ့အရာ မျဖစ္ေလာက္ဘူးလို႔ပဲ စိတ္ထဲကေန အလိုလိုခံစားေနရတယ္။ရွီးနဥ္ သူ႔ေနာက္ကို လိုက္လာခဲ့ရာ ေက်ာင္းအေဆာက္အဦးရဲ႕ ဒုတိယထပ္က စာမသင္ေတာ့ဘဲ လြတ္ေနတဲ့ စာသင္ခန္းတစ္ခန္းဆီကို ေရာက္သြားသည္။ သူမ ဝင္လိုက္ၿပီးေနာက္ အေနာက္ကေနပါလာတဲ့ ေကာင္းမင္က တံခါးကို ပိတ္လိုက္သည္။
ရွီးနဥ္ဟာ ေကာင္မေလး ေလး၊ငါးေယာက္ေလာက္က အေရာင္ျခယ္ေဆးေရာင္စုံမ်ားပါတဲ့ ေရပုံးတစ္ပုံးကိုယ္စီ ကိုင္ကာ စုစည္းေနတဲ့ ျမင္ကြင္းကို ျမင္လိုက္ရေတာ့သည္။ သူတို႔ရဲ႕ေဘးက စားပြဲခုံေပၚမွာ ကိတ္မုန႔္အႀကီးႀကီးတစ္လုံးရွိၿပီး ထိုင္ခုံေပၚမွာေတာ့ ႀကိဳးနဲ႔အတုပ္ခံထားရတဲ့ ေကာင္မေလးတစ္ေယာက္လည္းရွိေသးသည္။
“ဒီေန႔ နင့္ရဲ႕ေမြးေန႔လို႔ ငါၾကားမိတယ္ ငါတို႔တေတြ နင့္ရဲ႕ေမြးေန႔ကိုက်င္းပဖို႔အတြက္ ကူညီေပးဖို႔ ဒီမွာရွိေနတာ နင္အရမ္းေပ်ာ္သြားတယ္မလား?”
သူတို႔ ႀကိဳးနဲ႔တုပ္ထားတဲ့ေကာင္မေလးက တုန္တုန္ရီရီနဲ႔ သူမရဲ႕ေခါင္းကို ခါလိုက္ကာ တိုးတိုးေလးေျပာေလသည္။
“ဒီေန႔ ငါ့ေမြးေန႔မဟုတ္ဘူး...”
“ငါတို႔က ‘ဒီေန႔က နင့္ေမြးေန႔’ လို႔ေျပာတယ္ဆိုရင္ ‘ဒီေန႔က နင့္ေမြးေန႔ပဲ’လို႔မွတ္ နင့္အတန္းေဖာ္ေတြက နင့္ကို ေမြးေန႔ပြဲ က်င္းပဖို႔ ကူညီေပးတာကိုနင္မေပ်ာ္ဘူးလား?”
“ငါတစ္ေယာက္တည္းေနခ်င္တယ္ ”
ေကာင္မေလးက ေၾကာက္စိတ္နဲ႔ငိုေႂကြးလာသည္။
အႏွီေကာင္မေလးေလး၊ငါးေယာက္ဟာ သူ ခုခံတာကို လုံးဝလ်စ္လ်ဴရႈၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔လက္ခုပ္တီးလိုက္ေသး၏။
“နင့္ရဲ႕ေမြးေန႔ကို ဘယ္လိုက်င္းပၾကမလဲ?နင့္မ်က္ႏွာကို ဘာလို႔အရင္မသစ္ရတာလဲ” လို႔ ဆိုကာ သူ႔ရဲ႕မ်က္ႏွာေရွ႕ကိုပုံးကို ကန္ပစ္လိုက္သည္။
ေနာက္ေကာင္မေလးတစ္ေယာက္ကလဲ စုတ္တံနဲ႔ သူ႔မ်က္ႏွာကို ေဆးျခယ္ဖို႔ ျပင္ေန၏။
Thanks for Reading 💟
*******