My Master Can't Be This Yande...

By Dancing_Breeze

161K 25.5K 658

Name(s) Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) Hen Shi J... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61

Chapter - 6

3.5K 464 4
By Dancing_Breeze

Unicode

၉၄၂။ ခုခံတာ မှားသွားလား?
__________

"ညီမတို့သိသားပဲ! ဘယ်သူမှ အစ်မလက်ကမလွတ်မြောက်နိုင်ဘူး။ ညီမတို့ကို အစ်မရဲ့ပညာလေးနည်းနည်းလောက်သင်ပေးပါဦး!"

မိန်းကလေးနှစ်ယောက်က 'အစ်မဝေ'လို့ သူတို့ခေါ်တဲ့မိန်းကလေးကို လေးစားမှုတို့ဖြင့်ကြည့်နေကြသည်။

အစ်မဝေက အရေးမထားသလိုလက်ယမ်းကာ ဆို၏။

"ယောက်ျားတွေအားလုံးက မိန်းမတွေ သူတို့ကို နှစ်နှစ်ကာကာချစ်တာကို သဘောကျကြတယ်။ ယောက်ျားတွေဆိုတာ မိန်းမတစ်ယောက်က သူတို့ကိုအရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အခါကျ ဒါကို အသိအမှတ်ပြုမပေးနိုင်တဲ့ အဆင့်နိမ့်သတ္တဝါတွေပဲ။ ရိုးရိုး‌လေးပါ၊ ဖမ်းဆီးနိုင်ဖို့ လွှတ်ပေးရမယ်။ နင် သရုပ်ဆောင်နိုင်ပြီဆိုတာနဲ့ တစ်ဖက်လူက နင် သူ့ကို တကယ်ချစ်တယ်လို့ တွေးလာလိမ့်မယ်။"

"ယောက်ျားတွေလိုဟာမျိုးတွေကို စိတ်ထဲထားစရာမလိုဘူး။ သူတို့ကို ကွက်လပ်ဖြစ်နေတာကို ဖြည့်ဖို့ပဲသုံးနိုင်တာ။ ကမ္ဘာတိုင်းမှာ သူတို့ကို ထည်လဲတွဲလိုက်စမ်းပါ။ လောကကြီးမှာ ယောက်ျားတွေများလွန်းလို့မှ။ ဘာလို့ ယောက်ျားတွေက  မြင်းသိုးတွေလိုလုပ်ခွင့်ရပြီး မိန်းမတွေကျ လွတ်လွတ်လပ်လပ်နေလို့မရတာလဲ? မိန်းမတွေလည်း လွတ်လွတ်လပ်လပ်နေနိုင်တာပဲ။"

အစ်မဝေက သိမ်မွေ့စွာဆိုသည်။

နဉ်ရှုက သူမရဲ့စွပ်ပြုတ်ကို အပြီးသတ်ကာ ထွက်သွားဖို့ ထရပ်လိုက်သည်။ ဆိုင်ထဲကထွက်လာပြီးနောက် သူမက သက်ပြင်းခပ်လေးလေးချကာ မြို့ရဲ့တည်ဆောက်ပုံတွေကို ပိုနားလည်နိုင်အောင် မြို့ထဲလျှောက်ပတ်သွားနေတော့သည်။

စိတ်အခြေအနေသိပ်မကောင်းတာမို့ သူမ 2333ကိုပြောလိုက်သည်။

"ပြန်ရအောင်။"

"ကောင်းပြီ။"

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ system spaceဆီပြန်ရောက်လာသည်။ သူမမှာ မေးခွန်းတွေအများကြီးရှိနေတာမို့ သူမက 2333ကို မေးတော့သည်။

"ငါ ကုန်းလော်ကို ဇာတ်ကြောင်းရဲ့ထိန်းချုပ်မှုကနေလွတ်အောင် ကူညီပေးခဲ့ပြီးပြီပဲ၊ ဒါကို ဘာလို့ သူက အန်းနွမ်ရဲ့ကိုယ်ကိုသုံးပြီး ဇာတ်ကြောင်းကို သူ့မူလလမ်းကြောင်းပေါ်ပြန်တင်လိုက်ရတာလဲ?"

ဒါ့အပြင် ကုန်းလော်က စုန့်နဉ်နဲ့ ကောင်းမွန်တဲ့အဆုံးသတ်ရှိနေပြီကို အဲ့အစ်မဝေက သူ့ရဲ့ကိုယ်ရေးကိုယ်တာရှုံးနိမ့်မှုကြောင့် သူ့သိက္ခာကို အတင်းပြန်ဆယ်ဖို့လုပ်ပြီး ကုန်းလော်ကို ဝန်းရံဖို့ပြန်သွားလိုက်သေးတယ်။

သူက လက်ထပ်ပြီးသွားပြီဖြစ်တဲ့အန်းနွမ်ရဲ့ကိုယ်ကိုသုံးပြီးလုပ်ခဲ့တာဆိုတော့ ကုန်းလော်က တစ်ခြားတစ်ယောက်ရဲ့မိန်းမကို အတင်းအကြပ်လုယူတဲ့အဖြစ်နဲ့အဆုံးသတ်သွားရော။ အနည်းဆုံးတော့ မူလဇာတ်ကြောင်းမှာ ကုန်းလော်က အန်းနွမ်ရဲ့ဖြူစင်မှုကို ရခဲ့သေးတယ်။

ကုန်းလော်ရဲ့လက်ရှိအခြေအနေက မူလဇာတ်ကြောင်းမှာထက်တောင်ပိုဆိုးနေသေး။

ဒီတော့ အဲ့တုန်းက အစ်မဝေကို ခုခံတာက မှားသွားလား?

ဘုရားရေ၊ ရှုပ်လိုက်တာ!

သူတို့မှာ ပျော်စရာဇာတ်သိမ်းလေးရတော့မယ့်ဟာကို သူက ဘာလို့ ဇွတ်အတင်းဝင်ပါပြီး ကုန်းလော်နဲ့အန်းနွမ်တို့ အတူတူရှိအောင်ဖိအားပေးရတာလဲ?

"တာဝန်ထမ်းဆောင်သူတစ်ယောက်ချင်းစီမှာ သူတို့တာဝန်တွေကိုထမ်းဆောင်ဖို့ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်ဆိုတာ ငါ မင်းကိုပြောပြထားပြီးပြီ။ အဲ့ကမ္ဘာရဲ့ဥပဒေသက အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်တို့ အတူတူရှိနေစေဖို့ပဲ။ မင်း ကုန်းလော်အတွက်ပြန်တိုက်ခိုက်ပေးတာ မမှားသလို သူ အန်းနွမ်အတွက်ပြန်တိုက်ခိုက်ပေးပြီး ဇာတ်ကြောင်းကို မူလလမ်းကြောင်းပေါ်ပြန်တင်လိုက်တာကလည်း မမှားဘူးလေ။ မင်းစိတ်ထဲရှိတဲ့အတိုင်းသာလုပ်စမ်းပါ။"

"အဲ့ကမ္ဘာမှာ ကုန်းလော်က အန်းနွမ်နဲ့အတူပြန်ရှိသွားရင်တောင် ဒါက မင်းနဲ့သိပ်မဆိုင်ဘူး။ ကုန်းလော်က သူ့ရဲ့စိတ်ဆန္ဒကို မထိန်းချုပ်နိုင်လို့ပဲ။ မင်းက သူ့ကို ပြန်တိုက်ခိုက်ဖို့ တစ်ခါကူညီခဲ့တယ်၊ ဒါပေမယ့် ဒုတိယအကြိမ်မှာ သူက သူကိုယ်တိုင်ပဲ တာဝန်ထမ်းဆောင်သူရဲ့ဆွဲဆောင်မှုထဲကျရှုံးသွားခဲ့တာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။"

2333ကပြောသည်။

နဉ်ရှု သူမမျက်နှာကိုပွတ်လိုက်သည်။ မိန်းမတစ်ယောက်ဖြစ်တဲ့သူမတောင် အဲ့ဆွဲဆောင်မှုကို တွန်းလှန်ဖို့ခက်ခဲခဲ့တာကို ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်တွန်းလှန်နိုင်မှာတဲ့လဲ?

သည်တော့မှသာ အလှအပနဲ့ဆွဲဆောင်မှုကလည်း လက်နက်တွေပဲဆိုတာကို သူမ နားလည်သွားခဲ့ရတာပင်။ အဲ့ဒါက လူတွေကို နှစ်လိုဖွယ်ကောင်းတဲ့ခံစားချက်နဲ့ ညှို့ငင်နိုင်တဲ့လက်နက်ပဲ။

ဒါကြောင့်မို့ပဲ သူမရဲ့ဝိဉာဉ် အပြင်ကဆွဲဆောင်မှုတွေကို ခံနိုင်ရည်ရှိအောင်လို့ နှလုံးကြည်လင်စေတဲ့ဂါထာကို ပိုပြီးရွတ်ဖတ်ဖို့ဆုံးဖြတ်လိုက်တာ။

ဒီတစ်ခေါက်က မိန်းမတစ်ယောက်ဖြစ်ပေမယ့် နောက်တစ်ခေါက်မှာ ယောက်ျားတစ်ယောက်ဖြစ်နေရင်ရော။ ဆွဲဆောင်မှုအမြင့်ဆုံးနဲ့ခံ့ညားတဲ့ယောက်ျားတစ်ယောက်သာ သူမကို အီစီကလီလာလုပ်လို့ကတော့ သူမ ခုခံနိုင်မှာမဟုတ်ဘူး။

သို့သော်လည်း အစ်မဝေက ကိစ္စတွေကို တစ်ကိုယ်ကောင်းဆန်ဆန်လုပ်ခဲ့တာပဲလို့ နဉ်ရှုခံစားနေရဆဲဖြစ်သည်။ သူက သူ့ရဲ့ဆွဲဆောင်မှုကိုသက်သေပြဖို့ ချစ်သူနှစ်ယောက်ကို အတင်းအကြပ်ခွဲခဲ့တယ်။

ဒီလိုကိစ္စလေးတွေကို စိတ်ထဲအရမ်းထားနေရင် ဒါက သူ့စိတ်ကိုပဲ အားနည်းလာစေလိမ့်မယ်။

နဉ်ရှုကတော့ လက်ရှိသူမကိုယ်သူမ အတော်လေးကျေနပ်သည်။ တစ်နေ့တော့ သူမ လှနိုင်လာလောက်တယ်ဆိုပေမယ့် အခုလောလောဆယ် အသက်ရှင်ဖို့တောင်ခက်ခဲနေချိန်မှာ အသေးအမွှားကိစ္စလေးတွေကို အာရုံစိုက်နေစရာအကြောင်းကိုမရှိတာ။

ကုန်းလော်က ဉာဏ်ထက်တဲ့ယောက်ျားတစ်ယောက်ပဲလို့ နဉ်ရှု‌တွေးလိုက်မိသည်။ တာဝန်ထမ်းဆောင်သူထွက်သွားတာနဲ့ ညှို့ငင်နိုင်တဲ့ရောင်ဝါကလည်း အလုပ်အပ်နှံသူရဲ့ကိုယ်ကနေ ပျောက်ကွယ်သွားမှာ။ အဲ့ရောင်ဝါက အလုပ်အပ်နှံသူပိုင်တာမဟုတ်ဘဲ တာဝန်ထမ်းဆောင်သူပိုင်တာလေ။

ပြီးတော့ လူတိုင်းမှာ မတူညီတဲ့အကျင့်စရိုက်တွေရှိတယ်။ ကုန်းလော်တစ်ယောက် ကိစ္စတွေကို ပုံဖော်နိုင်မယ်လို့ သူမမျှော်လင့်တာပဲ။ ကုန်းလော်က တကယ်ချစ်မိသွားရင်တောင် အဲ့လူက အန်းနွမ်မဟုတ်ဘဲ အန်းနွမ်ကိုယ်ထဲကတာဝန်ထမ်းဆောင်သူကိုချစ်မိတာ။ သူ့ရဲ့နှလုံးသားအစစ်က တာဝန်ထမ်းဆောင်သူဆီကိုရောက်သွားပြီ။
...

Zawgyi

၉၄၂။ ခုခံတာ မွားသြားလား?
__________

"ညီမတို႔သိသားပဲ! ဘယ္သူမွ အစ္မလက္ကမလြတ္ေျမာက္ႏိုင္ဘူး။ ညီမတို႔ကို အစ္မရဲ့ပညာေလးနည္းနည္းေလာက္သင္ေပးပါဦး!"

မိန္းကေလးႏွစ္ေယာက္က 'အစ္မေဝ'လို႔ သူတို႔ေခၚတဲ့မိန္းကေလးကို ေလးစားမႈတို႔ျဖင့္ၾကၫ့္ေနၾကသည္။

အစ္မေဝက အေရးမထားသလိုလက္ယမ္းကာ ဆို၏။

"ေယာက္်ားေတြအားလံုးက မိန္းမေတြ သူတို႔ကို ႏွစ္ႏွစ္ကာကာခ်စ္တာကို သေဘာက်ၾကတယ္။ ေယာက္်ားေတြဆိုတာ မိန္းမတစ္ေယာက္က သူတို႔ကိုအရမ္းေကာင္းေကာင္းမြန္မြန္ဆက္ဆံတဲ့အခါက် ဒါကို အသိအမွတ္ျပဳမေပးႏိုင္တဲ့ အဆင့္နိမ့္သတၲဝါေတြပဲ။ ရိုးရိုး‌ေလးပါ၊ ဖမ္းဆီးႏိုင္ဖို႔ လႊတ္ေပးရမယ္။ နင္ သရုပ္ေဆာင္ႏိုင္ၿပီဆိုတာနဲ႔ တစ္ဖက္လူက နင္ သူ႔ကို တကယ္ခ်စ္တယ္လို႔ ေတြးလာလိမ့္မယ္။"

"ေယာက္်ားေတြလိုဟာမ်ိဳးေတြကို စိတ္ထဲထားစရာမလိုဘူး။ သူတို႔ကို ကြက္လပ္ျဖစ္ေနတာကို ျဖၫ့္ဖို႔ပဲသံုးႏိုင္တာ။ ကမ႓ာတိုင္းမွာ သူတို႔ကို ထည္လဲတြဲလိုက္စမ္းပါ။ ေလာကႀကီးမွာ ေယာက္်ားေတြမ်ားလြန္းလို႔မွ။ ဘာလို႔ ေယာက္်ားေတြက  ျမင္းသိုးေတြလိုလုပ္ခြင့္ရၿပီး မိန္းမေတြက် လြတ္လြတ္လပ္လပ္ေနလို႔မရတာလဲ? မိန္းမေတြလည္း လြတ္လြတ္လပ္လပ္ေနႏိုင္တာပဲ။"

အစ္မေဝက သိမ္ေမြ့စြာဆိုသည္။

နဉ္ရႈက သူမရဲ့စြပ္ျပဳတ္ကို အၿပီးသတ္ကာ ထြက္သြားဖို႔ ထရပ္လိုက္သည္။ ဆိုင္ထဲကထြက္လာၿပီးေနာက္ သူမက သက္ျပင္းခပ္ေလးေလးခ်ကာ ၿမိဳ႔ရဲ့တည္ေဆာက္ပံုေတြကို ပိုနားလည္ႏိုင္ေအာင္ ၿမိဳ႔ထဲေလ်ွာက္ပတ္သြားေနေတာ့သည္။

စိတ္အေျခအေနသိပ္မေကာင္းတာမို႔ သူမ 2333ကိုေျပာလိုက္သည္။

"ျပန္ရေအာင္။"

"ေကာင္းၿပီ။"

မ်က္စိတစ္မိွတ္အတြင္းမွာပင္ သူမ system spaceဆီျပန္ေရာက္လာသည္။ သူမမွာ ေမးခြန္းေတြအမ်ားႀကီးရိွေနတာမို႔ သူမက 2333ကို ေမးေတာ့သည္။

"ငါ ကုန္းေလာ္ကို ဇာတ္ေၾကာင္းရဲ့ထိန္းခ်ဳပ္မႈကေနလြတ္ေအာင္ ကူညီေပးခဲ့ၿပီးၿပီပဲ၊ ဒါကို ဘာလို႔ သူက အန္းႏြမ္ရဲ့ကိုယ္ကိုသံုးၿပီး ဇာတ္ေၾကာင္းကို သူ႔မူလလမ္းေၾကာင္းေပၚျပန္တင္လိုက္ရတာလဲ?"

ဒါ့အျပင္ ကုန္းေလာ္က စုန႔္နဉ္နဲ႔ ေကာင္းမြန္တဲ့အဆံုးသတ္ရိွေနၿပီကို အဲ့အစ္မေဝက သူ႔ရဲ့ကိုယ္ေရးကိုယ္တာရႈံးနိမ့္မႈေၾကာင့္ သူ႔သိကၡာကို အတင္းျပန္ဆယ္ဖို႔လုပ္ၿပီး ကုန္းေလာ္ကို ဝန္းရံဖို႔ျပန္သြားလိုက္ေသးတယ္။

သူက လက္ထပ္ၿပီးသြားၿပီျဖစ္တဲ့အန္းႏြမ္ရဲ့ကိုယ္ကိုသံုးၿပီးလုပ္ခဲ့တာဆိုေတာ့ ကုန္းေလာ္က တစ္ျခားတစ္ေယာက္ရဲ့မိန္းမကို အတင္းအၾကပ္လုယူတဲ့အျဖစ္နဲ႔အဆံုးသတ္သြားေရာ။ အနည္းဆံုးေတာ့ မူလဇာတ္ေၾကာင္းမွာ ကုန္းေလာ္က အန္းႏြမ္ရဲ့ျဖဴစင္မႈကို ရခဲ့ေသးတယ္။

ကုန္းေလာ္ရဲ့လက္ရိွအေျခအေနက မူလဇာတ္ေၾကာင္းမွာထက္ေတာင္ပိုဆိုးေနေသး။

ဒီေတာ့ အဲ့တုန္းက အစ္မေဝကို ခုခံတာက မွားသြားလား?

ဘုရားေရ၊ ရႈပ္လိုက္တာ!

သူတို႔မွာ ေပ်ာ္စရာဇာတ္သိမ္းေလးရေတာ့မယ့္ဟာကို သူက ဘာလို႔ ဇြတ္အတင္းဝင္ပါၿပီး ကုန္းေလာ္နဲ႔အန္းႏြမ္တို႔ အတူတူရိွေအာင္ဖိအားေပးရတာလဲ?

"တာဝန္ထမ္းေဆာင္သူတစ္ေယာက္ခ်င္းစီမွာ သူတို႔တာဝန္ေတြကိုထမ္းေဆာင္ဖို႔ သူတို႔ရဲ့ကိုယ္ပိုင္နည္းလမ္းေတြရိွတယ္ဆိုတာ ငါ မင္းကိုေျပာျပထားၿပီးၿပီ။ အဲ့ကမ႓ာရဲ့ဥပေဒသက အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္တို႔ အတူတူရိွေနေစဖို႔ပဲ။ မင္း ကုန္းေလာ္အတြက္ျပန္တိုက္ခိုက္ေပးတာ မမွားသလို သူ အန္းႏြမ္အတြက္ျပန္တိုက္ခိုက္ေပးၿပီး ဇာတ္ေၾကာင္းကို မူလလမ္းေၾကာင္းေပၚျပန္တင္လိုက္တာကလည္း မမွားဘူးေလ။ မင္းစိတ္ထဲရိွတဲ့အတိုင္းသာလုပ္စမ္းပါ။"

"အဲ့ကမ႓ာမွာ ကုန္းေလာ္က အန္းႏြမ္နဲ႔အတူျပန္ရိွသြားရင္ေတာင္ ဒါက မင္းနဲ႔သိပ္မဆိုင္ဘူး။ ကုန္းေလာ္က သူ႔ရဲ့စိတ္ဆႏၵကို မထိန္းခ်ဳပ္ႏိုင္လို႔ပဲ။ မင္းက သူ႔ကို ျပန္တိုက္ခိုက္ဖို႔ တစ္ခါကူညီခဲ့တယ္၊ ဒါေပမယ့္ ဒုတိယအႀကိမ္မွာ သူက သူကိုယ္တိုင္ပဲ တာဝန္ထမ္းေဆာင္သူရဲ့ဆြဲေဆာင္မႈထဲက်ရႈံးသြားခဲ့တာ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္သူမွ ဘာမွမလုပ္ႏိုင္ဘူး။"

2333ကေျပာသည္။

နဉ္ရႈ သူမမ်က္ႏွာကိုပြတ္လိုက္သည္။ မိန္းမတစ္ေယာက္ျဖစ္တဲ့သူမေတာင္ အဲ့ဆြဲေဆာင္မႈကို တြန္းလွန္ဖို႔ခက္ခဲခဲ့တာကို ေယာက္်ားတစ္ေယာက္က ဘယ္လိုလုပ္တြန္းလွန္ႏိုင္မွာတဲ့လဲ?

သည္ေတာ့မွသာ အလွအပနဲ႔ဆြဲေဆာင္မႈကလည္း လက္နက္ေတြပဲဆိုတာကို သူမ နားလည္သြားခဲ့ရတာပင္။ အဲ့ဒါက လူေတြကို ႏွစ္လိုဖြယ္ေကာင္းတဲ့ခံစားခ်က္နဲ႔ ၫွို႔ငင္ႏိုင္တဲ့လက္နက္ပဲ။

ဒါေၾကာင့္မို႔ပဲ သူမရဲ့ဝိဉာဉ္ အျပင္ကဆြဲေဆာင္မႈေတြကို ခံႏိုင္ရည္ရိွေအာင္လို႔ ႏွလံုးၾကည္လင္ေစတဲ့ဂါထာကို ပိုၿပီးရြတ္ဖတ္ဖို႔ဆံုးျဖတ္လိုက္တာ။

ဒီတစ္ေခါက္က မိန္းမတစ္ေယာက္ျဖစ္ေပမယ့္ ေနာက္တစ္ေခါက္မွာ ေယာက္်ားတစ္ေယာက္ျဖစ္ေနရင္ေရာ။ ဆြဲေဆာင္မႈအျမင့္ဆံုးနဲ႔ခံ့ညားတဲ့ေယာက္်ားတစ္ေယာက္သာ သူမကို အီစီကလီလာလုပ္လို႔ကေတာ့ သူမ ခုခံႏိုင္မွာမဟုတ္ဘူး။

သို႔ေသာ္လည္း အစ္မေဝက ကိစၥေတြကို တစ္ကိုယ္ေကာင္းဆန္ဆန္လုပ္ခဲ့တာပဲလို႔ နဉ္ရႈခံစားေနရဆဲျဖစ္သည္။ သူက သူ႔ရဲ့ဆြဲေဆာင္မႈကိုသက္ေသျပဖို႔ ခ်စ္သူႏွစ္ေယာက္ကို အတင္းအၾကပ္ခြဲခဲ့တယ္။

ဒီလိုကိစၥေလးေတြကို စိတ္ထဲအရမ္းထားေနရင္ ဒါက သူ႔စိတ္ကိုပဲ အားနည္းလာေစလိမ့္မယ္။

နဉ္ရႈကေတာ့ လက္ရိွသူမကိုယ္သူမ အေတာ္ေလးေက်နပ္သည္။ တစ္ေန့ေတာ့ သူမ လွႏိုင္လာေလာက္တယ္ဆိုေပမယ့္ အခုေလာေလာဆယ္ အသက္ရွင္ဖို႔ေတာင္ခက္ခဲေနခ်ိန္မွာ အေသးအမႊားကိစၥေလးေတြကို အာရံုစိုက္ေနစရာအေၾကာင္းကိုမရိွတာ။

ကုန္းေလာ္က ဉာဏ္ထက္တဲ့ေယာက္်ားတစ္ေယာက္ပဲလို႔ နဉ္ရႈ‌ေတြးလိုက္မိသည္။ တာဝန္ထမ္းေဆာင္သူထြက္သြားတာနဲ႔ ၫွို႔ငင္ႏိုင္တဲ့ေရာင္ဝါကလည္း အလုပ္အပ္ႏွံသူရဲ့ကိုယ္ကေန ေပ်ာက္ကြယ္သြားမွာ။ အဲ့ေရာင္ဝါက အလုပ္အပ္ႏွံသူပိုင္တာမဟုတ္ဘဲ တာဝန္ထမ္းေဆာင္သူပိုင္တာေလ။

ၿပီးေတာ့ လူတိုင္းမွာ မတူညီတဲ့အက်င့္စရိုက္ေတြရိွတယ္။ ကုန္းေလာ္တစ္ေယာက္ ကိစၥေတြကို ပံုေဖာ္ႏိုင္မယ္လို႔ သူမေမ်ွာ္လင့္တာပဲ။ ကုန္းေလာ္က တကယ္ခ်စ္မိသြားရင္ေတာင္ အဲ့လူက အန္းႏြမ္မဟုတ္ဘဲ အန္းႏြမ္ကိုယ္ထဲကတာဝန္ထမ္းေဆာင္သူကိုခ်စ္မိတာ။ သူ႔ရဲ့ႏွလံုးသားအစစ္က တာဝန္ထမ္းေဆာင္သူဆီကိုေရာက္သြားၿပီ။
...

Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
132K 15.5K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
67.2K 6.9K 97
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
49.1K 5.3K 22
အရင်တစ်ခုက လုံးဝဝင်မရတော့လို့ ခွဲလိုက်တာပါ အရင္တစ္ခုက လုံးဝဝင္မရေတာ့လို႔ ခြဲလိုက္တာပါ