The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 290 (Part 2)

6.8K 1.3K 54
By Sailor_Moon_94



Zawgyi ver..






ခ်ိဳင္က်န္းတစ္ေယာက္ ယူေ႐ွာင္မို သူ႔ထံဦးတည္လာေနသည္ကို ျမင္ေသာအခါ မ်က္လံုးထဲ၌ ေကာက္က်စ္စဥ္းလဲေသာ အရိပ္အေယာင္မ်ား ျဖတ္ေျပးသြားေတာ့သည္၊ ယူေ႐ွာင္မိုမွ သူ႔ေ႐ွ႕ေမွာက္ ကိုယ္တိုင္လာေရာက္သည္ျဖစ္သျဖင့္ တကူးတကသြား႐ွာေနစရာမလိုေတာ့ဟုေတြးကာ ခ်ိဳင္းက်န္းတစ္ေကာင္ အေက်နပ္ႀကီးေက်နပ္ေနေပသည္ ။

ခ်ိဳင္က်န္းသည္ သူ႔အနား ယူေ႐ွာင္မိုေရာက္လာရန္ပင္ မေစာင့္ေတာ့ပဲ လက္ကြက္စည္းတံဆိပ္တစ္ခု အျမန္ေဖာ္ေဆာင္လိုက္၏၊ စကၠန္႔ပိုင္းအတြင္းမွာပင္ ၎ခႏၶာကိုယ္မွ ဝိဥာဥ္စြမ္းအားမ်ား ထြက္ေပၚလာကာ အကာအရံ အထိန္းအကြပ္မဲ့ေသာဝိဥာဥ္စြမ္းအားတို႔ ပ်ံႏွ႔ံထြက္ေပၚလာၿပီးေနာက္ အလြန္ႀကီးမားေသာ မာန္ဖီေနသည့္က်ားတစ္ေကာင္အျဖစ္သို႔ ေပါင္းစပ္ဖြဲ႔စည္းသြားကာ ယူေ႐ွာင္မို႐ွိရာတည့္တည့္သို႔ တစ္ဟုန္ထိုး ေျပးဝင္လာေတာ့သည္ ။



ခ်ိဳင္က်န္း၏ ဝိဥာဥ္စြမ္းအားမ်ား သူ႔ထံဦးတည္လာေနသည္ကို အာရံုခံမိေသာအခါ ယူေ႐ွာင္မို ေရြ႔လ်ားေနရာမွ ရပ္တန္႔လိုက္သည္၊ ထို႔ေနာက္ သူ၏မ်က္ခံုးႏွစ္ဖက္ၾကားမွ ဝိဥာဥ္စြမ္းအားအခ်ိဳ႕အား ဆင့္ေခၚလိုက္ၿပီး လ်င္လ်င္ျမန္ျမန္ပင္ လက္သီးဆုပ္ပံုအျဖစ္သို႔ ေပါင္းစပ္ ဖြဲ႔စည္းလိုက္၏၊ ထို႔ေနာက္ အားမာန္အျပည့္ျဖင့္ ေျပးလာေနေသာ ခ်ိဳင္က်န္းက်ား၏ ဦးေခါင္းဆီသို႔ တန္းတန္းမတ္မတ္ႀကီး ပစ္သြင္းလိုက္ေလသည္ ။




၎တို႔ႏွစ္ေယာက္၏ ဝိဥာဥ္စြမ္းအားမ်ား ထိပ္တိုက္ေတြ႔ၾကေသာအခါ ပတ္ဝန္းက်င္ေလထုအတြင္း လိႈင္းမ်ားျဖစ္ေပၚလာၿပီး အနီး႐ွိလူမ်ား ဟန္ခ်က္ပ်က္လုလုပင္ ျဖစ္ကုန္ၾကေတာ့သည္ ။


ထို႔ေနာက္တြင္မူ ယူေ႐ွာင္မို႔လက္သီးႏွင့္ ခ်ိဳင္က်န္း၏က်ားတို႔ ႏွစ္ခုစလံုး ေပ်ာက္ကြယ္သြားသျဖင့္ ၎တို႔၏ ပထမဆံုးတိုက္ကြက္အား သေရအျဖစ္ သတ္မွတ္ရေပေတာ့မည္ျဖစ္သည္၊ သို႔ေသာ္လည္း ထိုတိုက္ကြက္မွာ ၎တို႔၏ အင္အားအကုန္ မဟုတ္ေသးေၾကာင္း ကာယကံ႐ွင္ျဖစ္သူမ်ားကေတာ့ ခံစားမိၾကေလသည္ ။



ယူေ႐ွာင္မိုမွ သူ၏က်ားအား ဖ်က္ဆီးပစ္လိုက္သည္ကို ျမင္ေသာ္လည္း ခ်ိဳင္းက်န္းတစ္ေကာင္ အံ့ျသဟန္မျပ..၊ အေနာက္႐ွိ က်ံဳးက်င္း႐ွန္ဘက္သို႔သာလွည့္ကာ အေဖာ္စပ္လိုက္သည္ ။

" ငါတို႔အဲ့ေကာင္ကိုအတူတူတိုက္မယ္.. မင္းကခ်ဳပ္ထား ငါကတိုက္မယ္ "




က်ံဳးက်င္း႐ွန္လည္း ယူေ႐ွာင္မိုအား ရႊန္းရႊန္းစားစားၾကည့္ကာ ျပန္ေျဖလိုက္သည္ ။

" ေကာင္းၿပီေလ "





ထို႔ေနာက္ ၎တို႔ႏွစ္ေယာက္ လက္မ်ားအား စတင္အလုပ္ေပးၾကေတာ့သည္၊ ခ်ိဳင္းက်န္းသည္ က်ံဳးက်င္း႐ွန္အေနာက္သို႔ဝင္သြားၿပီး လူသိမခံႏိုင္ေသာ လ်ိႈ့ဝွက္တိုက္ကြက္မ်ား ေဖာ္ေဆာင္ေနဟန္တူသည္ ။




ယူေ႐ွာင္မို က်ံဳးက်င္း႐ွန္အား အကဲခတ္လိုက္သည္၊ ထိုလူအား မွတ္မိသလိုလို႐ွိေသာ္လည္း ယခင္ႏွစ္ဆင့္တြင္ အျခားသူမ်ားကိုသာ အာရံုစိုက္ေနမိခဲ့သျဖင့္ ၎အား မ်ားမ်ားစားစား မမွတ္မိေပ ။


လက္ကြက္စည္းတံဆိပ္တစ္ခု ေဖာ္ေဆာင္ၿပီးေသာအခါ က်ံဳးက်င္း႐ွန္မွ ေလွာင္ေျပာင္ရယ္ေမာရင္း ယူေ႐ွာင္မိုအား လွမ္းေအာ္ေလ၏ ။

" ယူေ႐ွာင္မို.. ငါ့တိုက္ကြက္ကို ခံစားၾကည့္လိုက္စမ္းပါ "


ထိုသို႔ေျပာၿပီးေနာက္ ၎၏လက္မွ အားေကာင္းေသာ ဝိဥာဥ္စြမ္းအားလိႈင္းမ်ား ထြက္ေပၚလာကာ လူသတ္အေငြ႔အသက္မ်ား လႊမ္းျခံဳေနသည့္ စပါးအံုးေႁမြႀကီးတစ္ေကာင္ပံုရိပ္ ထြက္ေပၚလာသည္၊ ထိုေႁမြႀကီးသည္ ေဒါသတႀကီးျဖင့္ မာန္ဖီကာ ယူေ႐ွာင္မို႔ထံသို႔ ေျပးဝင္လာေလ၏ ။

ယူေ႐ွာင္မို မ်က္ခံုးပင့္လိုက္ကာ သူ၏လက္မ်ားအား ခ်ိပ္စည္းတစ္ခုေဖာ္ေဆာင္ရန္ တစ္ခ်က္ႏွစ္ခ်က္ ခပ္ျမန္ျမန္ လွည့္လိုက္သည္၊ ထိုအခါ ဝိဥာဥ္စြမ္းအားအခ်ိဳ႕ သူ၏လက္ညႇိဳးထိပ္၌ စုေဝးလာၿပီး အလင္းစက္ကေလးအျဖစ္မွ တစ္ျဖည္းျဖည္း ပိုမိုေတာက္ပလာ၏၊ စပါးအံုးေျမြမွ သူ႔အား ေပါက္လုနီးနီးတြင္ ထိုလက္ညႇိဳးထိပ္ကေလးအား ၎ထံသို႔ခ်ိန္၍ ေလဆာေသနတ္အသြင္ ပစ္ခ်လိုက္ရာ စပါးအံုးေႁမြ၏ ဟေနေသာ ပါးစပ္အတြင္းမွ အာေခါင္တည့္တည့္သို႔ ထိမွန္သြားေလေတာ့သည္ ။


" ဘန္း! "





ထိုတစ္ခ်က္ျဖင့္ပင္ စပါးအံုးေႁမြတစ္ေကာင္လံုး ေျမျပင္ေပၚသို႔ ပံုလ်က္သား လဲက်ကာ ေပ်ာက္ကြယ္သြားေတာ့သည္ ။






ယူေ႐ွာင္မို၏ ထိုတိုက္ကြက္ေလးသည္ပင္ က်ံဳးက်င္း႐ွန္အား အေနာက္သို႔ ေျခလွမ္းအနည္းငယ္ခန္႔ ဆုတ္သြားေစရန္ စြမ္းေဆာင္လိုက္ႏိုင္၏၊ က်ံဳးက်င္း႐ွန္၏မ်က္ႏွာသည္ ႐ုတ္တရက္ ျဖဴေဖ်ာ့လာၿပီး မ်က္လံုးထဲ႐ွိ ေအးစက္စက္ အရိပ္အေယာင္တို႔သည္လည္း ေၾကာက္ရြံ႔ထိပ္လန္႔မႈသို႔ ေျပာင္းလဲသြားေတာ့၏၊  သူသည္ ယူေ႐ွာင္မိုႏွင့္ တစ္ခ်ီခန္႔ယွဥ္တိုက္ရန္ပင္ မစြမ္းႏိုင္ေပ၊ သူ၏အ႐ွံုးမွာလည္း အလြန္အမင္းကို သိသာလြန္းေပ၏၊ ပြဲၾကည့္ပရိတ္သတ္မ်ားသည္ပင္ ဤကဲ့သို႔ေသာ ျမင္ကြင္းမ်ိဳးအား ႀကိဳတင္တြက္ဆခဲ့မိဟန္မတူေပ ။


ထို႔ေနာက္ ပရိတ္သတ္အေပါင္းထံမွ ေအာ္ဟစ္အားေပးသံမ်ား ဆူညံစြာထြက္ေပၚလာေတာ့သည္၊ အခ်ိဳ႕ဆိုလ်ွင္ ယူေ႐ွာင္မိုအား တုန္လႈပ္ေျခာက္ျခားစြာ ေငးၾကည့္ေနမိၾက၏၊ ခ်ိဳင္က်န္းႏွင့္ က်ံဳးက်င္း႐ွန္တို႔အား အားေပးျကသူတို႔လည္း အခ်င္းခ်င္း စိတ္ပ်က္အားေလ်ာ့စြာၾကည့္ကာ ေခါင္းကိုသာ တြင္တြင္ခါရမ္းေနၾကေတာ့သည္ ။

ခ်ိဳင္က်န္းမွာ သူ၏စြမ္းရည္အားျပသရန္ျပင္ဆင္ေနခိုက္ ထိုျမင္ကြင္းအား ျမင္ေတြ႔လိုက္ရသျဖင့္ မ်က္လံုးအစံု ျပဴးက်ယ္ထြက္လာေတာ့သည္၊ သူသည္ က်ံဳးက်င္႐ွန္မွ ယူေ႐ွာင္မိုအား အနည္းဆံုး တစ္ခ်ီခန္႔ေတာ့ ျပန္ခံခ်ႏိုင္လိမ့္မည္ဟု တြက္ထားခဲ့ေသာ္လည္း ယခုကဲ့သို႔ မ႐ႈမလွ ႐ွံုးနိမ့္သြားရလိမ့္မည္ဟုေတာ့ တစ္ခါမွ မေတြးခဲ့ဖူးေပ၊ မည္သို႔ပင္ဆိုေစကာမူ ေဖာ္လက္စတန္းလန္းျဖစ္ေနေသာ သူ၏လက္ခ်ိပ္စည္းအား အၿပီးသတ္ႏိုင္ရန္အတြက္ ေနာက္ထပ္အခ်ိန္အနည္းငယ္ ထပ္ရရန္ လိုအပ္ေနေပေသးသည္ ။





ယူေ႐ွာင္မို ခ်ိဳင္က်န္းအား အံႀကိတ္၍ၾကည့္ကာ ၎ထံသို႔ ဦးတည္လိုက္ေလသည္ ။

ေျမဆြဲအားအခန္းထဲမွာ ႏွစ္ဆယ့္ငါးမိနစ္ေတာင္ မခံခဲ့တဲ့ေကာင္က ငါယူေ႐ွာင္မိုကို တစ္ေယာက္တည္းအားနဲ႔ လာတားရဲေသးတယ္ေပါ့! ဟမ့္ ဒါမ်ိဳးကိုမွအ႐ူးလို႔မေခၚရင္ ဘယ္ဟာကိုသြားေခၚရပါေတာ့မလဲ?!




တကယ္တန္းတြင္ေတာ့ ခ်ိဳင္က်န္းသည္ ယူေ႐ွာင္မိုႏွင့္ ထိပ္တိုက္ရင္မဆိုင္လိုေပ၊ အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့သည့္ တစ္ႏွစ္ေက်ာ္ခန္႔က ထ်န္းဇီ႐ွင္း သူ႔ကိုေျပာခဲ့ဖူးေသာအခ်က္အား အမွတ္ရေနေသးသည္၊ ယူေ႐ွာင္မိုမွ အေကာင္းစားအဆင့္ျမင့္ စြမ္းရည္ေလ့က်င့္ေရးစာအုပ္ရရန္ သူ၏အမွတ္မ်ားျဖင့္ လဲလွယ္သြားခဲ့သည္တဲ့..၊ ယူေ႐ွာင္မို ၎စာအုပ္အား ေလ့က်င့္ၿပီးမၿပီးကို မသိရေသးေသာ္လည္း အစစအရာရာ သတိထားသည္က သူ႔အတြက္ ပိုေကာင္းမည္ဟု ခ်ိဳင္က်န္း ခန္႔မွန္းမိေလသည္ ။




ယူေ႐ွာင္မို က်ယ္ေလာင္စြာ ရယ္ေမာပစ္လိုက္သည္ ။

" ေဟ့ေကာင္ ခ်ိဳင္က်န္း မင္းဘယ္လိုျဖစ္တာလဲ.. အေဆာင္ကေနထြက္လာေတာ့ သတၱိေတြသယ္လာဖို႔မ်ား ေမ့ခဲ့တာလား "






ထိုစကားအားၾကားေသာအခါ ခ်ိဳင္က်န္းတစ္ေယာက္ ေဒါသထြက္လြန္းသျဖင့္ မ်က္ႏွာႀကီး ခ်က္ခ်င္းနီရဲတက္လာေတာ့သည္၊ သို႔ေသာ္လည္း အျဖဴေရာင္အရိပ္တစ္ခုက ၎တို႔ႏွစ္ေယာက္ၾကားထဲ ႐ုတ္တရက္ထြက္ေပၚလာေလသည္ ။


ယူေ႐ွာင္မို ထိုကိစၥအား ႀကိဳမတြက္ထားမိခဲ့သျဖင့္ ႐ုတ္တရက္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္သြားရသည္၊ ေသေသခ်ာခ်ာၾကည့္လိုက္ေသာအခါမွသာ ၎ပံုရိပ္မွာ ထ်န္းဇီ႐ွင္းျဖစ္ေနေၾကာင္း သိရ၏၊ ထံုယြယ္ရႊီ႐ွိရာဘက္သို႔ အျမန္လွမ္းၾကည့္လိုက္ေသာအခါ ၎အား ေယာက္်ားတစ္ဦးႏွင့္ မိန္းမတစ္ဦးမွ ဝိုင္းဝန္းတိုက္ခိုက္ေနသည္ကို ေတြ့လိုက္ရေလသည္၊ ထိုေယာက္်ားအား မသိေသာ္လည္း က်န္တစ္ေယာက္မွာေတာ့ ထ်န္းဇီ႐ွင္း၏သူငယ္ခ်င္းဆိုသူ ဟိုင္လန္ျဖစ္သည္ ။



၎တို႔၏ ႏွစ္ေယာက္ေပါင္းစြမ္းအားမွာ ထံုယြယ္ရႊီထက္နိမ့္က်ေသာ္လည္း ႏွစ္ေယာက္တစ္ေယာက္ တိုက္ေနရျခင္းျဖစ္သျဖင့္ ၎တို႔ထံမွ ခ်က္ခ်င္းေဖာက္ထြက္ရန္ေတာ့ မျဖစ္ႏိုင္ေပ၊ ၾကည့္ရသည္မွာ ထ်န္းဇီ႐ွင္းထံ၌ ႀကိဳတင္အကြက္ခ်ထားေသာ အစီအစဥ္မ်ား ႐ွိေနပံုရေပသည္ ။









# 15.5.2021

စာလံုးေပါင္း အမွားေတြ႔ရင္ ေထာက္ျပေပးၾကပါဦးေနာ္ ♥

____________________












Unicode ver..






ချိုင်ကျန်းတစ်ယောက် ယူရှောင်မို သူ့ထံဦးတည်လာနေသည်ကို မြင်သောအခါ မျက်လုံးထဲ၌ ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်၊ ယူရှောင်မိုမှ သူ့ရှေ့မှောက် ကိုယ်တိုင်လာရောက်သည်ဖြစ်သဖြင့် တကူးတကသွားရှာနေစရာမလိုတော့ဟုတွေးကာ ချိုင်းကျန်းတစ်ကောင် အကျေနပ်ကြီးကျေနပ်နေပေသည် ။

ချိုင်ကျန်းသည် သူ့အနား ယူရှောင်မိုရောက်လာရန်ပင် မစောင့်တော့ပဲ လက်ကွက်စည်းတံဆိပ်တစ်ခု အမြန်ဖော်ဆောင်လိုက်၏၊ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာကာ အကာအရံ အထိန်းအကွပ်မဲ့သောဝိဉာဉ်စွမ်းအားတို့ ပျံန့ှံထွက်ပေါ်လာပြီးနောက် အလွန်ကြီးမားသော မာန်ဖီနေသည့်ကျားတစ်ကောင်အဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းသွားကာ ယူရှောင်မိုရှိရာတည့်တည့်သို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည် ။



ချိုင်ကျန်း၏ ဝိဉာဉ်စွမ်းအားများ သူ့ထံဦးတည်လာနေသည်ကို အာရုံခံမိသောအခါ ယူရှောင်မို ရွေ့လျားနေရာမှ ရပ်တန့်လိုက်သည်၊ ထို့နောက် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ဝိဉာဉ်စွမ်းအားအချို့အား ဆင့်ခေါ်လိုက်ပြီး လျင်လျင်မြန်မြန်ပင် လက်သီးဆုပ်ပုံအဖြစ်သို့ ပေါင်းစပ် ဖွဲ့စည်းလိုက်၏၊ ထို့နောက် အားမာန်အပြည့်ဖြင့် ပြေးလာနေသော ချိုင်ကျန်းကျား၏ ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ်ကြီး ပစ်သွင်းလိုက်လေသည် ။




၎င်းတို့နှစ်ယောက်၏ ဝိဉာဉ်စွမ်းအားများ ထိပ်တိုက်တွေ့ကြသောအခါ ပတ်ဝန်းကျင်လေထုအတွင်း လှိုင်းများဖြစ်ပေါ်လာပြီး အနီးရှိလူများ ဟန်ချက်ပျက်လုလုပင် ဖြစ်ကုန်ကြတော့သည် ။


ထို့နောက်တွင်မူ ယူရှောင်မို့လက်သီးနှင့် ချိုင်ကျန်း၏ကျားတို့ နှစ်ခုစလုံး ပျောက်ကွယ်သွားသဖြင့် ၎င်းတို့၏ ပထမဆုံးတိုက်ကွက်အား သရေအဖြစ် သတ်မှတ်ရပေတော့မည်ဖြစ်သည်၊ သို့သော်လည်း ထိုတိုက်ကွက်မှာ ၎င်းတို့၏ အင်အားအကုန် မဟုတ်သေးကြောင်း ကာယကံရှင်ဖြစ်သူများကတော့ ခံစားမိကြလေသည် ။



ယူရှောင်မိုမှ သူ၏ကျားအား ဖျက်ဆီးပစ်လိုက်သည်ကို မြင်သော်လည်း ချိုင်းကျန်းတစ်ကောင် အံ့သြဟန်မပြ..၊ အနောက်ရှိ ကျုံးကျင်းရှန်ဘက်သို့သာလှည့်ကာ အဖော်စပ်လိုက်သည် ။

" ငါတို့အဲ့ကောင်ကိုအတူတူတိုက်မယ်.. မင်းကချုပ်ထား ငါကတိုက်မယ် "




ကျုံးကျင်းရှန်လည်း ယူရှောင်မိုအား ရွှန်းရွှန်းစားစားကြည့်ကာ ပြန်ဖြေလိုက်သည် ။

" ကောင်းပြီလေ "





ထို့နောက် ၎င်းတို့နှစ်ယောက် လက်များအား စတင်အလုပ်ပေးကြတော့သည်၊ ချိုင်းကျန်းသည် ကျုံးကျင်းရှန်အနောက်သို့ဝင်သွားပြီး လူသိမခံနိုင်သော လျှို့ဝှက်တိုက်ကွက်များ ဖော်ဆောင်နေဟန်တူသည် ။




ယူရှောင်မို ကျုံးကျင်းရှန်အား အကဲခတ်လိုက်သည်၊ ထိုလူအား မှတ်မိသလိုလိုရှိသော်လည်း ယခင်နှစ်ဆင့်တွင် အခြားသူများကိုသာ အာရုံစိုက်နေမိခဲ့သဖြင့် ၎င်းအား များများစားစား မမှတ်မိပေ ။


လက်ကွက်စည်းတံဆိပ်တစ်ခု ဖော်ဆောင်ပြီးသောအခါ ကျုံးကျင်းရှန်မှ လှောင်ပြောင်ရယ်မောရင်း ယူရှောင်မိုအား လှမ်းအော်လေ၏ ။

" ယူရှောင်မို.. ငါ့တိုက်ကွက်ကို ခံစားကြည့်လိုက်စမ်းပါ "


ထိုသို့ပြောပြီးနောက် ၎င်း၏လက်မှ အားကောင်းသော ဝိဉာဉ်စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ လူသတ်အငွေ့အသက်များ လွှမ်းခြုံနေသည့် စပါးအုံးမြွေကြီးတစ်ကောင်ပုံရိပ် ထွက်ပေါ်လာသည်၊ ထိုမြွေကြီးသည် ဒေါသတကြီးဖြင့် မာန်ဖီကာ ယူရှောင်မို့ထံသို့ ပြေးဝင်လာလေ၏ ။

ယူရှောင်မို မျက်ခုံးပင့်လိုက်ကာ သူ၏လက်များအား ချိပ်စည်းတစ်ခုဖော်ဆောင်ရန် တစ်ချက်နှစ်ချက် ခပ်မြန်မြန် လှည့်လိုက်သည်၊ ထိုအခါ ဝိဉာဉ်စွမ်းအားအချို့ သူ၏လက်ညှိုးထိပ်၌ စုဝေးလာပြီး အလင်းစက်ကလေးအဖြစ်မှ တစ်ဖြည်းဖြည်း ပိုမိုတောက်ပလာ၏၊ စပါးအုံးမြွေမှ သူ့အား ပေါက်လုနီးနီးတွင် ထိုလက်ညှိုးထိပ်ကလေးအား ၎င်းထံသို့ချိန်၍ လေဆာသေနတ်အသွင် ပစ်ချလိုက်ရာ စပါးအုံးမြွေ၏ ဟနေသော ပါးစပ်အတွင်းမှ အာခေါင်တည့်တည့်သို့ ထိမှန်သွားလေတော့သည် ။


" ဘန်း! "





ထိုတစ်ချက်ဖြင့်ပင် စပါးအုံးမြွေတစ်ကောင်လုံး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျကာ ပျောက်ကွယ်သွားတော့သည် ။






ယူရှောင်မို၏ ထိုတိုက်ကွက်လေးသည်ပင် ကျုံးကျင်းရှန်အား အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားစေရန် စွမ်းဆောင်လိုက်နိုင်၏၊ ကျုံးကျင်းရှန်၏မျက်နှာသည် ရုတ်တရက် ဖြူဖျော့လာပြီး မျက်လုံးထဲရှိ အေးစက်စက် အရိပ်အယောင်တို့သည်လည်း ကြောက်ရွံ့ထိပ်လန့်မှုသို့ ပြောင်းလဲသွားတော့၏၊  သူသည် ယူရှောင်မိုနှင့် တစ်ချီခန့်ယှဉ်တိုက်ရန်ပင် မစွမ်းနိုင်ပေ၊ သူ၏အရှုံးမှာလည်း အလွန်အမင်းကို သိသာလွန်းပေ၏၊ ပွဲကြည့်ပရိတ်သတ်များသည်ပင် ဤကဲ့သို့သော မြင်ကွင်းမျိုးအား ကြိုတင်တွက်ဆခဲ့မိဟန်မတူပေ ။


ထို့နောက် ပရိတ်သတ်အပေါင်းထံမှ အော်ဟစ်အားပေးသံများ ဆူညံစွာထွက်ပေါ်လာတော့သည်၊ အချို့ဆိုလျှင် ယူရှောင်မိုအား တုန်လှုပ်ခြောက်ခြားစွာ ငေးကြည့်နေမိကြ၏၊ ချိုင်ကျန်းနှင့် ကျုံးကျင်းရှန်တို့အား အားပေးကြသူတို့လည်း အချင်းချင်း စိတ်ပျက်အားလျော့စွာကြည့်ကာ ခေါင်းကိုသာ တွင်တွင်ခါရမ်းနေကြတော့သည် ။

ချိုင်ကျန်းမှာ သူ၏စွမ်းရည်အားပြသရန်ပြင်ဆင်နေခိုက် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသဖြင့် မျက်လုံးအစုံ ပြူးကျယ်ထွက်လာတော့သည်၊ သူသည် ကျုံးကျင်ရှန်မှ ယူရှောင်မိုအား အနည်းဆုံး တစ်ချီခန့်တော့ ပြန်ခံချနိုင်လိမ့်မည်ဟု တွက်ထားခဲ့သော်လည်း ယခုကဲ့သို့ မရှုမလှ ရှုံးနိမ့်သွားရလိမ့်မည်ဟုတော့ တစ်ခါမှ မတွေးခဲ့ဖူးပေ၊ မည်သို့ပင်ဆိုစေကာမူ ဖော်လက်စတန်းလန်းဖြစ်နေသော သူ၏လက်ချိပ်စည်းအား အပြီးသတ်နိုင်ရန်အတွက် နောက်ထပ်အချိန်အနည်းငယ် ထပ်ရရန် လိုအပ်နေပေသေးသည် ။





ယူရှောင်မို ချိုင်ကျန်းအား အံကြိတ်၍ကြည့်ကာ ၎င်းထံသို့ ဦးတည်လိုက်လေသည် ။

မြေဆွဲအားအခန်းထဲမှာ နှစ်ဆယ့်ငါးမိနစ်တောင် မခံခဲ့တဲ့ကောင်က ငါယူရှောင်မိုကို တစ်ယောက်တည်းအားနဲ့ လာတားရဲသေးတယ်ပေါ့! ဟမ့် ဒါမျိုးကိုမှအရူးလို့မခေါ်ရင် ဘယ်ဟာကိုသွားခေါ်ရပါတော့မလဲ?!




တကယ်တန်းတွင်တော့ ချိုင်ကျန်းသည် ယူရှောင်မိုနှင့် ထိပ်တိုက်ရင်မဆိုင်လိုပေ၊ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ထျန်းဇီရှင်း သူ့ကိုပြောခဲ့ဖူးသောအချက်အား အမှတ်ရနေသေးသည်၊ ယူရှောင်မိုမှ အကောင်းစားအဆင့်မြင့် စွမ်းရည်လေ့ကျင့်ရေးစာအုပ်ရရန် သူ၏အမှတ်များဖြင့် လဲလှယ်သွားခဲ့သည်တဲ့..၊ ယူရှောင်မို ၎င်းစာအုပ်အား လေ့ကျင့်ပြီးမပြီးကို မသိရသေးသော်လည်း အစစအရာရာ သတိထားသည်က သူ့အတွက် ပိုကောင်းမည်ဟု ချိုင်ကျန်း ခန့်မှန်းမိလေသည် ။




ယူရှောင်မို ကျယ်လောင်စွာ ရယ်မောပစ်လိုက်သည် ။

" ဟေ့ကောင် ချိုင်ကျန်း မင်းဘယ်လိုဖြစ်တာလဲ.. အဆောင်ကနေထွက်လာတော့ သတ္တိတွေသယ်လာဖို့များ မေ့ခဲ့တာလား "






ထိုစကားအားကြားသောအခါ ချိုင်ကျန်းတစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး ချက်ချင်းနီရဲတက်လာတော့သည်၊ သို့သော်လည်း အဖြူရောင်အရိပ်တစ်ခုက ၎င်းတို့နှစ်ယောက်ကြားထဲ ရုတ်တရက်ထွက်ပေါ်လာလေသည် ။


ယူရှောင်မို ထိုကိစ္စအား ကြိုမတွက်ထားမိခဲ့သဖြင့် ရုတ်တရက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားရသည်၊ သေသေချာချာကြည့်လိုက်သောအခါမှသာ ၎င်းပုံရိပ်မှာ ထျန်းဇီရှင်းဖြစ်နေကြောင်း သိရ၏၊ ထုံယွယ်ရွှီရှိရာဘက်သို့ အမြန်လှမ်းကြည့်လိုက်သောအခါ ၎င်းအား ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးမှ ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို တွေ့လိုက်ရလေသည်၊ ထိုယောက်ျားအား မသိသော်လည်း ကျန်တစ်ယောက်မှာတော့ ထျန်းဇီရှင်း၏သူငယ်ချင်းဆိုသူ ဟိုင်လန်ဖြစ်သည် ။



၎င်းတို့၏ နှစ်ယောက်ပေါင်းစွမ်းအားမှာ ထုံယွယ်ရွှီထက်နိမ့်ကျသော်လည်း နှစ်ယောက်တစ်ယောက် တိုက်နေရခြင်းဖြစ်သဖြင့် ၎င်းတို့ထံမှ ချက်ချင်းဖောက်ထွက်ရန်တော့ မဖြစ်နိုင်ပေ၊ ကြည့်ရသည်မှာ ထျန်းဇီရှင်းထံ၌ ကြိုတင်အကွက်ချထားသော အစီအစဉ်များ ရှိနေပုံရပေသည် ။









# 15.5.2021

စာလုံးပေါင်း အမှားတွေ့ရင် ထောက်ပြပေးကြပါဦးနော် ♥

Continue Reading

You'll Also Like

120K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...