Boss အဆိပ်မပြင်းလွန်းနဲ့...!

By Elysium_Gale

221K 29.5K 165

ဘာသာပြန်ပါ စာရေးသူ - Mo Ling System: Host, ကောင်းကင်ပေါ်က အဲ့ဒါကြီးက ဘာကြီးလဲ... Shi Sheng: စကြဝဠာကူး အာကာသယာ... More

မိတ်ဆက်
Synopsis
၁။ ရွှေပေါ်မြတင် (၁)
၂။ ရွှေပေါ်မြတင် (၂)
၃။ ရွှေပေါ်မြတင် (၃)
၄။ ရွှေပေါ်မြတင် (၄)
၅။ ရွှေပေါ်မြတင် (၅)
၆။ ရွှေပေါ်မြတင် (၆)
၇။ ရွှေပေါ်မြတင် (၇)
၈။ ရွှေပေါ်မြတင် (၈)
၉။ ရွှေပေါ်မြတင် (၉)
၁၀။ ရွှေပေါ်မြတင် (၁၀)
၁၁။ ရွှေပေါ်မြတင် (၁၁)
၁၂။ ရွှေပေါ်မြတင် (၁၂)
၁၃။ ရွှေပေါ်မြတင် (၁၃)
၁၄။ ရွှေပေါ်မြတင် (၁၄)
၁၅။ ရွှေပေါ်မြတင် (၁၅)
၁၆။ ရွှေပေါ်မြတင် (၁၆)
၁၇။ ရွှေပေါ်မြတင် (၁၇)
၁၉။ ရွှေပေါ်မြတင် (၁၉)
၂၀။ ရွှေပေါ်မြတင် (၂၀)/သိမ်း
၂၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁)
၂၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂)
၂၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)
၂၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)
၂၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)
၂၆။ ကြယ်တစ်ပွင့်၏ ကောက်ကြောင်း (၆)
၂၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၇)
၂၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၈)
၂၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၉)
၃၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
၃၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၁)
၃၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၂)
၃၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)
၃၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၄)
၃၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)
၃၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၆)
၃၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)
၃၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)
၃၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)
၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)
၄၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
၄၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)
၄၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၃)
၄၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၄)
၄၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၅)
၄၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၆)
၄၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၇)
၄၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၈)
၄၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၉)
၅၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃၀)
၅၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃၁)/ သိမ်း
၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)
၅၃။ ဇာမဏီ၏ ခွန်းသံသာ (၂)
၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)
၅၅။ ဇာမဏီ၏ ခွန်းသံသာ (၄)
၅၆။ ဇာမဏီ၏ ခွန်းသံသာ (၅)
၅၇။ ဇာမဏီ၏ ခွန်းသံသာ (၆)
၅၈။ ဇာမဏီ၏ ခွန်းသံသာ (၇)
၅၉။ ဇာမဏီ၏ ခွန်းသံသာ (၈)
၆၀။ ဇာမဏီ၏ ခွန်းသံသာ (၉)
၆၁။ ဇာမဏီ၏ ခွန်းသံသာ (၁၀)
၆၂။ ဇာမဏီ၏ ခွန်းသံသာ (၁၁)
၆၃။ ဇာမဏီ၏ ခွန်းသံသာ (၁၂)
၆၄။ ဇာမဏီ၏ ခွန်းသံသာ (၁၃)
၆၅။ ဇာမဏီ၏ ခွန်းသံသာ (၁၄)
၆၆။ ဇာမဏီ၏ ခွန်းသံသာ (၁၅)
၆၇။ ဇာမဏီ၏ ခွန်းသံသာ (၁၆)
၆၈။ ဇာမဏီ၏ ခွန်းသံသာ (၁၇)
၆၉။ ဇာမဏီ၏ ခွန်းသံသာ (၁၈)
၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)
၇၁။ ဇာမဏီ၏ ခွန်းသံသာ (၂၀)
၇၂။ ဇာမဏီ၏ ခွန်းသံသာ (၂၁)
၇၃။ ဇာမဏီ၏ ခွန်းသံသာ (၂၂)
၇၄။ ဇာမဏီ၏ ခွန်းသံသာ (၂၃)
၇၅။ ဇာမဏီ၏ ခွန်းသံသာ (၂၄)
၇၆။ ဇာမဏီ၏ ခွန်းသံသာ (၂၅)
၇၇။ ဇာမဏီ၏ ခွန်းသံသာ (၂၆)
၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)
၇၉။ ဇာမဏီ၏ ခွန်းသံသာ (၂၈)
၈၀။ ဇာမဏီ၏ ခွန်းသံသာ (၂၉)
၈၁။ ဇာမဏီ၏ ခွန်းသံသာ (၃၀)
၈၂။ ဇာမဏီ၏ ခွန်းသံသာ (၃၁)
၈၃။ ဇာမဏီ၏ ခွန်းသံသာ (၃၂)
၈၄။ ဇာမဏီ၏ ခွန်းသံသာ (၃၃)
၈၅။ ဇာမဏီ၏ ခွန်းသံသာ (၃၄)
၈၆။ ယုရှောင်း
၈၇။ ဧကရီ အနက်ရောင် (၁)
၈၈။ ဧကရီ အနက်ရောင် (၂)
၈၉။ ဧကရီ အနက်ရောင် (၃)
၉၀။ ဧကရီ အနက်ရောင် (၄)
၉၁။ ဧကရီ အနက်ရောင် (၅)
၉၂။ ဧကရီ အနက်ရောင် (၆)
၉၃။ ဧကရီ အနက်ရောင် (၇)
၉၄။ ဧကရီ အနက်ရောင် (၈)
၉၅။ ဧကရီ အနက်ရောင် (၉)
၉၆။ ဧကရီ အနက်ရောင် (၁၀)
၉၇။ ဧကရီ အနက်ရောင် (၁၁)
၉၈။ ဧကရီ အနက်ရောင် (၁၂)
၉၉။ ဧကရီ အနက်ရောင် (၁၃)
၁၀၀။ ဧကရီ အနက်ရောင် (၁၄)
၁၀၁။ ဧကရီ အနက်ရောင် (၁၅)
၁၀၂။ ဧကရီ အနက်ရောင် (၁၆)
၁၀၃။ ဧကရီ အနက်ရောင် (၁၇)
၁၀၄။ ဧကရီ အနက်ရောင် (၁၈)
၁၀၅။ ဧကရီ အနက်ရောင် (၁၉)
၁၀၆။ ဧကရီ အနက်ရောင် (၂၀)
၁၀၇။ ဧကရီ အနက်ရောင် (၂၁)
၁၀၈။ ဧကရီ အနက်ရောင် (၂၂)
၁၀၉။ ဧကရီ အနက်ရောင် (၂၃)
၁၁၀။ ဧကရီ အနက်ရောင် (၂၄)
၁၁၁။ ဧကရီ အနက်ရောင် (၂၅)
၁၁၂။ ဧကရီအနက်ရောင် (၂၆)
၁၁၃။ ဧကရီအနက်ရောင် (၂၇)
၁၁၄။ ဧကရီအနက်ရောင် (၂၈)
၁၁၅။ ဧကရီအနက်ရောင် (၂၉)
၁၁၆။ ဧကရီအနက်ရောင် (၃၀)
၁၁၇။ ဧကရီ အနက်ရောင် (၃၁)
၁၁၈။ ဧကရီ အနက်ရောင် (၃၂)
၁၁၉။ ဧကရီ အနက်ရောင် (၃၃)
၁၂၀။ ဆေးမှန်မှန်သောက် (၁)
၁၂၁။ ဆေးမှန်မှန်သောက် (၂)
၁၂၂ ။ ဆေးမှန်မှန်သောက် (၃)
၁၂၃ ။ဆေးမှန်မှန်သောက် (၄)
၁၂၄ ။ဆေးမှန်မှန်သောက် (၅)
၁၂၅ ။ ဆေးမှန်မှန်သောက် (၆)
၁၂၆ ။ ဆေးမှန်မှန်သောက် (၇)
၁၂၇ ။ ဆေးမှန်မှန်သောက် (၈)
၁၂၈ ။ ဆေးမှန်မှန်သောက် (၉)
၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

၁၈။ ရွှေပေါ်မြတင်​ (၁၈)

2.2K 271 0
By Elysium_Gale

ရွှေပေါ်မြတင်​ (၁၈)
~~~~~~~~~~~~~~

ထိုသူသည် ဖိုင်တွဲတစ်တွဲကို လက်ခံရရှိပြီးနောက်အလျင်အမြန် စစ်ကြည့်လိုက်သည်။ ဤအရာတွင် မည်သည့်ပြဿနာမျှ မရှိသည်ကို သေချာသွားပြီးနောက် သူသည် သူမကို ကြောက်ရွံတုန်လှုပ်နေသည့် အသံဖြင့် ပြောလိုက်သည်။

"မမလေးရွှီ စိတ်မပူပါနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူ့မှမသိစေရပါဘူး"

ရှီရှန်းခေါင်းညိတ်ပြလိုက်သည်​။

"ရှင်ထွက်သွားလို့ရပြီ"

ထိုလူသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည်ဟုခံစားလိုက်ရရုံသာမက ဤအခန်းထဲမှအမြန်မထွက်နိုင်၍ သူ့ကိုယ်သူ မုန်းနေမိသည်။ သူ တံခါးကိုဖွင့်လိုက်သောအခါ ရှီရှန်းဆီမှ အသံထွက်လာသည်။ "ရှင့်အသိစိတ်ကိုတော့ သစ္စာဖောက်မယ်မကြံနဲ့နော်"

သူ့တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားပြီး ကျောပြင်တစ်ခုလုံးချွေးစေးများဖြင့် ရွှဲစိုသွားတော့သည်။ သူ ရှီရှန်းဘက်သို့လှည့်၍ အရိုအသေပေးပြီးနောက် အခန်းပြင်သို့အလျင်အမြန်ထွက်ပြေးလာခဲ့သည်။

ထိုလူ အခန်းပြင်သို့ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှီရှန်းသည် ပျင်းတိပျင်းတွဲကြောင်ငယ်လေးအသွင်​သို့ ပြန်ပြောင်းသွားခဲ့သည်။ လင်းမိသားစုက မဟုတ်တာတွေ လုပ်ထားတာ အများကြီး။ သူမသာ အစပိုင်းလေးတွင် အနည်းငယ်ကြိုးပမ်းလိုက်လျှင်ပဲ လင်းမိသားစုကို ပျက်စီးစေချင်သောသူများအမြောက်အများရှိသောကြောင့် နောက်ပိုင်းကိစ္စများအား သူမဆက်လုပ်ဖို့ရန်မလိုချေ။

[Host သင့်ကို scanဖတ်ထားတဲ့အချက်အလက်တွေအရ မင်းမှာ အရင်တုန်းကရော၊ အခုဒီခန္ဓာကိုယ်မှာပါ hack တဲ့စွမ်းရည်ပိုင်ဆိုင်မထားဘူးလေ။ ဒါတွေကဘယ်ကရလာတာလဲဆိုတာရှင်းပြပေးနိုင်မလား] ထိုညစ်ပတ်သော ကိစ္စတွေအကုန် hack၍ရလာတာဖြစ်သည်။ System ထိုအကြောင်းအချင်းကိုတွေ့လိုက်သောအခါ အလွန်ပင်အံ့ဩသင့်သွားရသည်။ 'ငါ့ရဲ့contribution point* ဆိုင်ကလဲ ခုထိမဖွင့်သေးပါဘူး။ အဲ့တာဆို hostကဘယ်ကနေ hackနည်းတတ်သွားတာလဲ။ ဒီ hostကိုကြည့်ရတာပုံမှန်တော့မဟုတ်လောက်ဘူး'

"ငါ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး သွေးရိုးသားရိုးမဟုတ်ဖူးလို့ ဆုံးဖြတ်နေတာလား"

[အဲ့တာဆို ငါ့ကို ပေါက်ကွဲမှုမဖြစ်ခင်က အဖြစ်အပျက်ကို ရှင်းပြပေးနိုင်မလား]

"နင့်မေးခွန်းကို ဖြေဖို့ငြင်းတယ်"

ရှီရှန်း မကျေမနပ်အသံဖြင့်ပြောလိုက်သည်။ "စိတ်ကိုဖတ်နည်းမသိဘူးလား။ လုပ်လေ ငါ့စိတ်ကိုဖတ်လိုက်"

[....]'Hostက အရင်ကထက်ပိုပြီး အထိမခံရွှေပန်းကန်လေးဖြစ်လာတာဘဲ'

System ကို ပါးစပ်ပိတ်အောင်လုပ်သည့်ကိစ္စအား အောင်မြင်သွားပြီးနောက် ရှီရှန်းသည် သူမအဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ထိုအခန်းအပြင်သို့ထွက်လာသည်။ ဤနေရာမှာ ဟိုလူရွေးထားတာဖြစ်ပြီး ကြည့်ရသည်မှာ လုံခြုံရေးတွင် စိတ်ချရမည့်ပုံပင်။

ကော်ရစ်တာမှနေ၍ အထက်စီးမှ ကြည့်လျှင် စတုရန်းအကြီးထဲ၌ စတုရန်းအသေးလေးရှိနေသကဲ့သို့ဖြစ်နေသည်။ အခန်းဖွဲ့စည်းထားပုံမှာ ရှေးခေတ်အခါက အပျော်မယ်အိမ်[1]နှင့် တူသည်။ ထို့ကြောင့် အောက်ထပ်တွင်ဖြစ်ပျက်နေသမျှကို သူမအပေါ်ထပ်လျှောက်လမ်းမှ အခန့်သား မြင်နေရသည်။ လူကားသိပ်မများချေ။ လူများသည် အုပ်စုသေးသေးလေးများဖွဲ့၍ ထိုင်နေကြပြီး အသံကိုနိမ့်၍ ပြောနေကြသည်။

အလင်းမရောက်သည့် ထောင့်၌မူ မဖွယ်မရာ ဇာတ်လမ်းလေးတွေဖြစ်ပျက်နေကြသည်။

ရှီရှန်းတစ်ချက် ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ နွေဦးနန်းတော်[2]၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို သူမ စိတ်မဝင်စားချေ။

ရှီရှန်းသည် အောက်ထပ်သို့ ဆင်းသည့်လှေကားသို့ ရောက်သည်အထိ လျှောက်လမ်းတစ်လျှောက် လျှောက်လာသည်။ သူမတံခါးပေါက်တစ်ခုအရှေ့သို့ရောက်သောအခါ ထိုတံခါးသည် ရုတ်တရက်ပွင့်လာပြီး အရက်နံ့ ထောင်းထောင်းထနေသော အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း သဏ္ဍာန်တစ်ခု အရှိန်ဖြင့်ထွက်လာသည်။ ရှီရှန်း၏မသိစိတ်က ဘေးသို့အလိုလိုရှောင်မိသားပင်ဖြစ်သည်။ ထိုလူသည် လက်ရန်းကို တိုက်မိပြီး လဲကျသွားသည်။ ထိုလူလဲကျနေပုံမှာကား ရုပ်ပျက်ဆင်းပျက် သနားကမားပုံစံ ဖြစ်နေလေသည်။

"အစ်​ကိုလေးကျင်းကို ကျွန်မကူညီပေးပါရစေ" ဟု မိတ်ကပ်ထူပိန်းနေအောင်လိမ်းထားပြီး အရှက်လုံရုံသာ ဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦးက အခန်းထဲမှထွက်လာပြီးပြောလိုက်သည်။

"ထွက်သွား..." နန်ကုန်းကျင်း ထိုအမျိုးသမီးကိုတွန်းဖယ်လိုက်ကာ လက်ရန်းကို အားကိုး၍ မိမိဘာသာ ထရန် ကြိုးစားလေသည်။ သူ့မျက်နှာထားမှာလည်း စိမ်းပုပ်နေလေသည်။

သူ့၏ခြေနှစ်လှမ်းအကွာ၌ ရပ်နေသောအမျိုးသမီးထံ အကြည့် ရောက်သွားသည်။ မုန်တိုင်းထန်နေသော အကြည့်များ နန်ကုန်းကျင်းမျက်လုံးထဲမှ ထွက်ပေါ်လာပြီး သူမ၏နာမည်ကိုအံကြိတ်၍ခေါ်လိုက်သည်။

'ရွှီ.. ချန်း.. ယွဲ့!'

သူ့အား အခြားသူများနှင့်အတင်းအကြပ် အရက်သောက်ရန် တွန်းအားပေးခံနေရချိန်တွင် သူမအား ဝတ်ကောင်းစားလှနှင့် အပြင်တွင် တွေ့နေရလေသည်။ ဤသည်မှာ ဖြေရှင်းမရနိုင်သော အမုန်းတရားများ သူ့နှလုံးသားထဲမှ ထွက်ပေါ်လာစေသည်။

"ဟိတ်... အရင် ခင်ပွန်းလောင်း"

သူ့ကို အခုမှ မှတ်မိသလိုပုံစံမျိုး ရှီရှန်းဟန်ဆောင်လိုက်သည်။ "ဒီမှာတောင်လာတွေ့နေရတာဆိုတော့ ဘယ်လိုရေစက်မျိုးပါလိမ့်နော်"

ရင်းနှီးနေသော ထိုအပြုံးကို မြင်လိုက်ရသောအခါ နန်ကုန်းကျင်းရင်ထဲ၌ အမုန်းတရားများ ဗြောင်းဆန် နေလေသည်။ သူတွေးနေသည်​က 'သူ ငါ့ကိုမထီမဲ့မြင်လုပ်ရဲနေတယ်ပေါ့'

"မင်း ငါ့ရှေ့မှာ ရပ်နေရဲသေးတယ်နော်"

နန်ကုန်းကျင်း အံကြိတ်လိုက်သည်။ နောက်ဆုံးအကြိမ်တုန်းက သူမ ထွက်ပြေးလွတ်မြောက်သွားအောင် သူ အခွင့်ပေးလိုက်​မိသလို ဖြစ်​ခဲ့သည်။

"ငါက ဘာလို့မနေရဲရမှာလဲ၊ ငါက သူများကိုပြန်ပေးဆွဲခဲ့တာလဲ မဟုတ်​၊ ငါ ရဲ မတိုင်ခဲ့တာကပဲ သဘောထားကြီးလှပြီမှတ်၊ တကယ်တမ်း မျက်နှာမပြရဲရမှာငါ မဟုတ်​ဘူး နင်..."

သူအား သူမ ရဲ မတိုင်ရခြင်းအကြောင်းမှာလည်း ရိုးရှင်းသည်။ အကယ်၍ သူမ တိုင်ခဲ့လျှင်ပင် နန်ကုန်းကျင်းမိသားစု၏ အရှိန်အဝါဖြင့် ထိုကိစ္စအား အလွယ်လေးပင်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အရေးမပါသည့်ကိစ္စအား သူမ အဘယ့်ကြောင့်လုပ်နေတော့မည်နည်း။ ထိုမျှမက သူ့ကို ထောင်အပြင်မှာ နေခွင့်ပြုထားသောကြောင့် သူမ သူ့ကို စိတ်မပျော်မရွှင်မှု အမြောက်အများဖြစ်သွားအောင်လုပ်လို့ရသေးသည်။

နန်ကုန်းကျင်းသည် သူမ မျက်မှာပေါ်က အပြုံးလေးအား ရွံရှာနေသည်။ သူ သောက်ထားသော အရက်၏အရှိန်ကြောင့်လားမသိ၊ သူ လက်ကိုမြှောက်၍ သူမမျက်နှာအား ရွယ်​လိုက်တော့သည်။

ရှီရှန်းလည်း မသိစိတ်မှ အလိုအလျောက်နောက်သို့ ဆုတ်လိုက်သည်။ သို့သော် သူမ နွေးထွေးသောရင်ခွင်​တစ်ခုထဲကိုသာ ရောက်​မိသွားလေသည်။ သူမခေါင်းကိုကျော်၍ လက်တစ်ဖက်ရောက်လာသည်။ လှပရှည်သွယ်​သော လက်ချောင်းကလေးများက နန်ကုန်းကျင်း၏ လက်ကောက်ဝတ်ကိုဖမ်းကိုင်ထားသည်။

မိမိလက်ကောက်ဝတ်ကို ချုပ်ကိုင်ထားခြင်းခံလိုက်ရသောကြောင့် နန်ကုန်းကျင်း၏ မျက်နှာသွေးဆုတ်သွားသည်။ သူ့လက်ကိုချုပ်ကိုင်ထားသော ပုဂ္ဂိုလ်သည် ရွံရှာစွာဖြင့် နန်ကုန်းကျင်း၏လက်ကောက်ဝတ်ကိုလွှတ်လိုက်ပြီး သန့်ရှင်းသော လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူ့လက်ကိုသန့်အောင်သုတ်လိုက်သည်။

"နန်ကုန်းကျင်း မင်းက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေရလောက်အောင် အားနေတယ်ဆိုတာကို မြင်ရတော့ ကြည့်ရတာ မင်းရဲ့ အိမ်​တွင်းရေး ပြဿနာတွေကို ဖြေရှင်းပြီးသွားပြီထင်တယ်"

ချူထန်း၏ အသံက ပုံမှန်နှင့်မခြားသော်​လည်း နန်ကုန်းကျင်း၏နားထဲ၌ ကြားလိုက်ရသည်မှာ ကျောချမ်းစရာဖြစ်သွားသည်။

"ခင်ဗျား.. "

နန်ကုန်းကျင်းခေါင်းထဲတွင် မူးနောက်နေသော်လည်း သူ ဒီလူကို မှတ်မိသေးသည်။ 'ချူထန်း' စီးပွားရေးလောကထဲမှ ဒဏ္ဍာရီတွင်လောက်အောင်ထင်ရှားကျော်ကြားသူ။ 'သူနဲ့ ရွှီချန်းယွဲ့နဲ့က တစ်ယောက်နဲ့တစ်ယောက်သိနေကြတာဘဲ၊ ဒါဆို သူတို့နှစ်ယောက်က တစ်ကြိတ်ထဲတစ်ဉာဏ်ထဲတွေပေါ့၊ ဒါတောင် ဒီမိန်းမက ငါကပဲ ဆိုးရွားတဲ့အမှားတွေလုပ်ခဲ့မိသလို ဟန်ဆောင်နေလိုက်သေးတယ်​၊ ဒီမိန်းမ ဘယ်လိုဟန်ဆောင်ကောင်းရမလဲ သိနေတာ။ ငါ့ကိုတောင် အရူးလုပ်လိုက်သေးတယ်'

နန်ကုန်းကျင်း ရှီရှန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ့ဘေးနားက အမျိုးသမီးကို အခန်းထဲဝင်ဖို့ ကူတွဲခိုင်းလိုက်သည်။ သူတို့ကို ရန်စဖို့အင်အားမရှိသေးသ၍ သူ ငြိမ်နေသင့်တယ်မဟုတ်လား။ ရှီရှန်းက နန်ကုန်းကျင်းကို ဂရုစိုက်နေဖို့ရာ စိတ်ကူးမရှိချေ။ သူမ ချူထန်းနှင့် တစ်လှမ်းခွာရပ်လိုက်သည်။

"ကျွန်မ ဘာလို့ ရှင်နဲ့ အမြဲတမ်းနေရာတိုင်းမှာ တွေ့နေရတာလဲ"

'ဒီလူက မကျွတ်​မလွတ်​ လိုက်​ကပ်​နေတဲ့ ဝိညာန်​များလား...!'

"ဟမ်... မင်း ကိုယ့်ကို အမြဲတွေ့ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဖူးလား"

ချူထန်း ရှီရှန်းကို စောင်းငဲ့၍ ကြည့်လိုက်သည်။ မကြိုက်သောအစာကို ကျွေးခံလိုက်ရသည့် အိမ်မွေးတိရစ္ဆာန်လေးတစ်ဖွယ်ဖြစ်နေသည့် သူမ၏ မျက်နှာအမူအရာကို သူ စောင့်ကြည့်နေသည်။ သူမ မျက်နှာပေါ်တွင် 'ကျွန်မ ရှင့်ကိုတွေ့ရတာမပျော်ဘူး'ဆိုပြီး ထင်းထင်းကြီးပေါ်နေသည်။ 'အပန်းဖြေအိမ်မှာတုန်းက ငါ့ကို ပိုးပန်းနေတဲ့ မိန်းမကသူဟုတ်ပါတယ်'

". . ." 'အဲ... အဲ့သလို ပြောခဲ့မိတာ မေ့သွားတယ်​'

ရှီရှန်း စကားစပြောသည်နှင့်တစ်ပြိုင်တည်း သူမ၏မျက်နှာအမူအရာအားချက်ချင်းပြောင်းလိုက်တော့သည်။ "မစ္စတာချူနဲ့ ကျွန်မက အတူတူရှိနေရမဲ့ ကံကြမ္မာပါလာတယ်ထင်တယ်၊ ကျွန်မတို့ သွားတဲ့နေရာတိုင်းမှာ လာဆုံနေကြတာဘဲနော်။ ရှင် ကျွန်မကိုလက်ခံပေးဖို့ မစဉ်းစားသေးဘူးလား"

ချူထန်း ရယ်ချင်သွားသည်။ 'ငါ့ရဲ့ကျွမ်းကျင်တဲ့အရည်အချင်းတွေနဲ့ သူ ငါ့ကိုမကြိုက်ဖူးဆိုတာကို ပုံအောပြီးလောင်းလိုက်ချင်သေး။ ငါသိချင်တာက သူ ဘာလို့ငါ့ကိုကြိုက်ချင်ယောင် ဇွတ်ဆောင်နေတာလဲ။ ဒါစိတ်ဝင်စားစရာကောင်းနေပြီ'

"ဒါဆို မစ္စရွှီက ဒီထက်ပိုပြီး ပင်ကိုသဘောကို မပြသင့်ပေဘူးလား"

ချူထန်းမှာ မိမိကို ဆွဲဆောင်နေသော သူမက မိမိနှင်​့ စရိုက်​ချင်​းတူသည်​ဟု ခံစားလာရကတည်းက ဤသို့ပိုးပန်းခံနေရသည်ကို သာယာနေမိသည်။

ရှီရှန်းက သူ့ကိုသေသည့်တိုင်အောင် ရိုက်သတ်ပစ်ချင်နေသော်ငြားလည်း သူမကိုယ်သူမ အားတင်း၍ ပြုံးလိုက်သည်။

"ဘာလို့ မစ္စတာချူက ကျွန်မရဲ့ပင်ကိုသဘောကိုပြသင့်တယ်လို့ ထင်ရတာလဲ"

'သောက်ကျိုးနည်း ညစ်ပတ်လိုက်တာ။ ငါ့ကိုယ်ငါရက်ရက်ရောရောကြီး ပေးကမ်းထားပြီးနေပြီပဲ၊ ဘာကိုထပ်ပြီး ရိုးသားပြရအုံးမှာလဲ၊ နင် အဲ့မှာရပ်နေရင်း တန်းလန်း အထက်ဘုံကို ကြွသွားလိုက်​ပါတော့လား...!'

"ကိုယ် မစ္စရွှီကို အခွင့်အရေးတစ်ခုပေးမယ်။ သုံးနှစ်အတွင်း မင်းရဲ့ပိုင်ဆိုင်မှုကို ကိုယ့်ပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံ မီအောင်လုပ်နိုင်ခဲ့ရင် မင်းကိုလက်ခံပေးမယ်။ ဘယ်လိုလဲ"

"ဒါပဲလား"

ချူထန်း ပေါ့တန်တန်အပြုံးလေးသာပြုံးပြလိုက်ပြီး ဘာမှမပြောချေ။ သို့သော်လည်း သူ့ဘေးမှ အစောင့်များမှာမူ သူတို့ကိုယ်သူတို့ ပေါက်ကွဲထွက်တော့မလိုခံစားနေရသည်။ 'ကျွန်တော်တို့ အစ်​ကိုလေးချူရဲ့ ပိုင်ဆိုင်မှုတွေကိုသိလို့လား၊ သူ့ပိုင်ဆိုင်မှုရဲ့ဆယ်ပုံပုံတစ်ပုံက ဘယ်လောက်တောင်လဲသိလို့လား၊ ပြီးတော့ မင်းက အဲဒါကို သုံးနှစ်အတွင်း လုပ်ပြရဦးမယ်။ ရွှီမိသားစုတစ်ခုလုံးရဲ့ ပိုင်ဆိုင်သမျှကို ရောင်းလိုက်ရင်တောင် ဘယ်လိုလုပ် အဲ့လောက်ရအောင်လုပ်နိုင်မှာလဲ'

'မစ္စရွှီ ဒါပဲလားလို့မေးရလောက်အောင် ရှိနေတဲ့ယုံကြည်ချက်တွေက ဘယ်ကလာတာများလဲ'

"Ok သဘောတူတယ်" ချူထန်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး သူမ ခေါင်းထဲတွင်အမြန်ရှာလိုက်သည်။

"နောက်ထပ် အခြေအနေတစ်ခုရှိသေးတယ်"

'ဘာလဲဟ' ရှီရှန်းတစ်ယောက် အမြီှးတက်နင်းခံရသည့်ကြောင်နှင့် တူနေသည်။

"မင်း ကိုယ့်ကိုပိုးချင်လား မပိုးချင်ဖူးလား"

". . ." '_င်ခံလိုက်...!'

ရှီရှန်း သူမကိုယ်သူမ စိတ်လျှော့လိုက်သည်။

"ဆက်ပြောပါ"

"ဒီသုံးနှစ်အတွင်း မင်းသာမန်လူတစ်ယောက်လိုမျိုးကိုယ့်ကို ဆွဲဆောင်ရမယ်"

"...ကျွန်မ ဘာလို့လုပ်ရမှာလဲ"

'System ဒီလူက ဒီကိုလာတာ ငါ့ကိုဒုက္ခပေးဖို့လာတာ မဟုတ်တာရော သေချာရဲ့လား၊ သွားသေလိုက်၊ ဒီလိုညစ်ပတ်တဲ့ကောင်မျိုးကို ငါ သေတောင် နောက်ပိုးလိုက်မလုပ်ဖူး'

ကိုယ်​ရံတော်​နှစ်ယောက်လည်း ဆွံ့အသွားလေသည်။ သူတို့တွေ လူကုံတန်တွေရဲ့အတွေးတွေကိုလိုက်မီနိုင်ဖို့ ဆုတောင်းနေတော့လေသည်။

*********

Notes:

[1]ဒီပုံထဲကပုံစံနဲ့နည်းနည်းဆင်တယ် ဒါမဲ့ ဒီထဲမှာပါတာကကျ night club ပိုဆန်တယ်။

[2]ပုံမှန်အားဖြင့် လူတွေလိင်ဆက်ဆံနေတဲ့မြင်ကွင်းမျိုးကိုပြောချင်ရင်သုံးတယ်။ 春 ဒါမှမဟုတ် တရုတ်လို 'နွေဦး'ဆိုတဲ့စကားလုံးက sexနဲ့ပတ်သတ်တဲ့စကားလုံးတွေဖြစ်တယ်။

Continue Reading

You'll Also Like

842K 122K 141
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
2.5M 177K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်