High Boss's Husband (Complete...

By Rei-Han

3.4M 285K 23.6K

[Unicode+Zawgyi] More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39 [Unicode]
Chapter 39 [Zawgyi]
Chapter 40 [Unicode]
Chapter 40 [Zawgyi]
Chapter 41
Chapter 42 [Unicode]
Chapter 42 [Zawgyi]
Chapter 43
Chapter 44 [Unicode]
Chapter 44 [Zawgyi]
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Happy National Couple's Day
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58 (Final)
Rei's
Eternal story - 1
Eternal story - 2
Eternal story - 3
Eternal Story - 4
Eternal Story - 5
Eternal Story - 6
Thadingyut GIFT
Eternal Story - 7
Eternal Story - 8
Eternal Story - 9
Eternal Story - 10
Eternal Story - 11
Eternal Story - 12
Eternal Story - 13
Eternal Story - 14
Eternal Story - 15
Eternal Story - 16
Eternal Story - 17
Eternal Story - 18
Eternal Story - 19
Eternal Story - 20
Eternal Story - 21
Eternal Story - 22
Eternal Story - Final
I wanna grow old with you

Chapter 14

44.7K 4.2K 77
By Rei-Han

[ Unicode ]

   
ဒီနေ့ဝင်မည့် အတန်းချိန်တွေအတွက် စာအုပ်သုံးလေးငါးအုပ်ကို ကျောလွယ်အိတ်ထဲပစ်ထည့်၊ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ အားသွင်းထားသော power bank ကိုပါ ဖြုတ်လိုက်သည်။ မျက်ကပ်မှန်ကို မမေ့မလျော့တပ်ပြီး အင်္ကျီလက်ခေါက်ကို ပင့်တင်ရင်း လှေကားပေါ်ကဆင်း၍ လူတစ်ယောက်မှမရှိသည့် အိမ်တံခါးကိုသော့ခတ်လိုက်သည်။

ကားပေါ်မတက်ခင် နှစ်ထိပ်တိုက်အိမ်ကြီးကို မော့လျက် ဝေ့ကြည့်မိသေးသည်။ စျေးအကြီးဆုံးသော ကြွေပြားတွေ၊ တော်ဝင်နန်းတော်တွေမှာ တပ်သလိုမျိုး မီးဆိုင်းတွေ ထည်ဝါအောင်သုံးထားသော်ငြား နွေးထွေးမှုအရိပ်အယောင်မရသည့် ဤတိုက်ကြီးအား လွန်း မနှစ်ခြိုက်ပါ။

တစ်ချိန်က မိသားစုသုံးယောက်စုံလင်ခဲ့ဖူးသည့် နေရာအရပ်က ယခုတော့ဖြင့် တိတ်ဆိတ်ခြောက်ကပ်ကာ သုသာန်နှင့်ပင် တူနေသေး၏ဟု မတွေးအပ်တာတွေတွေးမိသည့်အခါ....

တစ်ဝက်ဖွင့်လုဆဲဆဲကားတံခါးကို ပြန်ပိတ်၍ အိမ်ရှေ့ဉယျာဉ်ငယ်လေးဆီကို ခြေလှမ်းမိသည်။

ဖူးငုံစိုရဲနေတတ်သည့် နှင်းဆီပန်းနီရဲရဲလေးတွေ ခြောက်သွေ့နေခြင်းသည် ပြုစုယုယမည့် ဉယျာဉ်မှူးမရှိတော့သည်ကြောင့်ဖြစ်သည်။ မေမေရှိစဉ်ကတော့ ပန်းပွင့်ဖူးလေးများသည် ရေစက်ရေသီးတို့ဖြင့် အစဉ်လတ်ဆတ်နေတတ်၏။

လွန်း ရှစ်တန်းအရွယ်ကမေမေတခုတ်တရပြောဖူးတဲ့ စကားအား အမှတ်ရမိတော့ ရင်ထဲမှာဆစ်ခနဲမျက်ရသည်။

'အထီးကျန်မှုတွေကို ပန်းလေးတွေနဲ့စကားပြောရင်း ​ဖြေသိမ့်ရတယ် လွန်းရဲ့၊ ပန်းလေးတွေက လူစကားနားလည်တယ်'

အပြင်လောကနှင့်ထိတွေ့မှုရှားသည့်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး၏ ဇနီးဖြစ်သည့်မေမေက သူ့ရင်ထဲကအထီးကျန်မှုတွေကို ပန်းလေးတွေကိုကြည့်ရင်း ဖြေသိမ့်ခဲ့ရရှာမလား.....

မိသားစုထက် သူ့ကုမ္ပဏီ၊စီးပွားရေးကို ပိုချစ်၊ပိုသံယောဇဉ်ဖြစ်သည့် လွန်းဒယ်ဒီက လုပ်ငန်းရှင်သူဌေးကြီးပီပီ တရားဝင်ဇနီးသည်အပြင် တခြားအငယ်အနှောင်းအပျော်အပါးတွေနဲ့ မကင်းခဲ့ပါဟုဆိုလျှင် အများတကာက 'ဒါဖြစ်တတ်တာပဲလေ၊သူက ပိုက်ဆံရှိတာကိုး'ဟု ဆိုကြသည်။

ထိုစကားတွေအားပြန်ပြောမိတိုင်း အပြုံးလေးဖြင့်နှစ်သိမ့်တတ်သူ မေမေ့ကြောင့် စိတ်အေးချမ်းရသည်....

မှတ်မိသလောက်တော့ အတိတ်တချိန်က လွန်းစေတမာန်သည် ဂျစ်တစ်တစ်၊ဆိုးတေတေကောင်လေးမျိုးမဟုတ်....

လွန်း ကိုးတန်းတက်စအရွယ်မှာ နှလုံးအမောဖောက်၍ မေမေဆုံးပြီးမှသာ စိတ်ရင်းမဟုတ်သည့် ထိုအကျင့်တွေပေါ်ပေါက်ခဲ့ခြင်းပင်....

လေးဆယ်ဆိုသော အသက်အရွယ်က မိန်းမသားတစ်ယောက် ဘဝကူးဖို့အတွက် သိပ်ကိုငယ်လွန်းနေသေးတယ်မလား.....

Ring!!!!

နှင်းဆီရိုးတံကိုကိုင်ကြည့်နေမိချိန် ရုတ်ချည်းထမြည်လာတဲ့ဖုန်းသံကြောင့် လက်က တွန့်ခနဲဖြစ်သွားသည်နှင့် လက်ညှိုးထိပ်မှာ စူးခနဲ...

မကြည်တော့တဲ့စိတ်ကို ဖုန်းခေါ်ဆိုသူက ပိုတောက်လောက်အောင် အားဖြည့်၏။ ဆွေးရိပ်သန်းနေသော လွန်းမျက်နှာက တည်တံ့သွားပြီးတဲ့နောက်...

"ဘာပြောစရာရှိလို့လဲ၊ ကျွန်တော်ကျောင်းသွားရဉီးမှာ"

ဒယ်ဒီဟူသောဝေါဟာရအား contact တစ်ခုအဖြစ်သာ ရှိပါစေ....တစ်ခါတရံ ထုတ်ဖော်ငြီးမိသော နာမ်စားတစ်ခုအဖြစ်သာရှိပါစေ...လွန်းချစ်ခဲ့သည့် ဒယ်ဒီသည် ဟိုးအတိတ်က လွန်းဒယ်ဒီသာ...

"ဒယ်ဒီ သြဇီကိုတစ်လလောက်ခရီးသွားရမှာ၊ မသွားခင် မင်းကိုတွေ့ခဲ့ချင်လို့"

"ကျွန်တော့်ဘဏ်accountသိနေတာပဲ၊ လူချင်းတွေ့စရာလိုလို့လား"

"လွန်းစေတမာန်! ငါက မင်းအဖေနော်! ငါလာတွေ့ဆိုတွေ့လိုက်! မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး"

မောဟတွေပါနေသည့် စကားသံကြောင့် လွန်းက ဟက်ခနဲရယ်ချလိုက်သည်။ ဒီတစ်ခါပေါ်လာသော အစွန်းထောင့်ရှိ သွားတက်လေးကတော့ အသက်မဝင်လှ။

"တွေ့ရမယ့်လိပ်စာကို ကျွန်တော် message ပို့လိုက်မယ်၊ ဒီတစ်ခါတော့ ကျွန်တော့်ဘက်ကပဲ နေရာရွေးပါရစေ.."

ဤမျှလောက်သေးငယ်သည့်တောင်းဆိုချက်ကိုပင် စဉ်းစားနေသလိုမျိုး အနည်းငယ်ငြိမ်သက်သွားပြီးမှ

"ဟုတ်ပြီလေ၊ message ပို့ထားလိုက်၊ အချိန်တော့ သိပ်မနှောင်းစေနဲ့၊ ဒယ်ဒီ လေယာဉ်ချိန်နောက်ကျမှာစိုးလို့"

"ပြောစရာဒါပဲမလား၊ ကျွန်တော်ဖုန်းချလိုက်တော့မယ်"

ဖုန်းကိုနားနဲ့ခွာ၍ ခလုတ်ပိတ်ဖို့ကြံစဉ်

"သား"

လှိုက်ဖိုသံပါသောခေါ်သံက လွန်းအကျင့်နဲ့ဆန့်ကျင်စွာ ဖုန်းအားကိုင်ထားရင်း ငေးငိုင်စေသည်။ တိတ်ဆိတ်စွာ ရပ်နေမိလျှင်

"ကျောင်းသွားရင် ထီးယူသွား သား၊ ဒီနေ့မိုးရွာမယ်ထင်တယ်"

စိုးရိမ်တာလား....စိတ်ပူတာလား....

ဒယ်ဒီနဲ့မလိုက်ဖက်တဲ့အပြုအမူတွေကို ဘာလို့လုပ်နေတာလဲ ဒယ်ဒီရယ်....

ကျွန်တော်တို့သားအမိကို ဒယ်ဒီဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ....

"မိုးရွာရင်လည်း ရွာပါစေ ဒယ်ဒီ၊ မိုးဘယ်လောက်သည်းစမ်းပါစေ ကျွန်တော်ကျခဲ့တဲ့မျက်ရည်တွေကိုတော့ မှီနိုင်မှာမှမဟုတ်တာ"

နှစ်ပေါင်းများစွာကြာမှ ပြန်ထုတ်ပြောမိခဲ့သော အမည်နာမတွင် တစ်ဖက်ကလူသည် မည်သို့ခံစားသွားရမည်နည်း သူဆက်မတွေးမိတော့...

ရစ်သီလာသောငွေရည်ဉတို့ကိုထိန်းသိမ်းရန် မျက်တောင်ဖျားကို အားယူပင့်ကာ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်....

ဟုတ်ပါရဲ့...
မိုးတွေအုံ့နေလိုက်တာလေ...

>>>>><<<<<<

"ထည်ယံ မိုးကျတော့မယ်ထင်တယ်ဟ"

မှိုင်းအုံ့နေသော တိမ်စတွေကိုတစ်ချက်မော့ကြည့်ရင်း သွင်စုသွယ်က ခပ်တိုးတိုးဆိုသည်။ ပင်နီရောင်ဘေးလွယ်အိတ်ကြီးအပြင် ဖိုင်တွဲအထပ်လိုက်ကြီးကိုလည်း လက်မှာပိုက်ထားသေးသည်။ ကျောင်းဆောင်ကော်ရစ်ဒါအောက်ဝယ် ဇာမ်က ဝင်ရပ်လိုက်ရင်း

"ငါ့မှာကားပါတယ်၊ နင်ယူသွားလိုက်"

စုသွယ်အိမ်က ကျောင်းနဲ့တော်တော်လေးလှမ်းသေးတာမို့ Taxi စီးပြီးပြန်ရင် မိုးမိမှာအသေအချာ။

"နင်က ဘာနဲ့ပြန်မှာလဲ"

ဇာမ်က သူ့လက်ထဲက မိုးကာစထီးအဝါလေးကိုမြှောက်ပြရင်း 'ငါပိုင်ပါတယ်ဟ'ဟူသော သဘောဖြင့် စုသွယ်ကိုမေးငေါ့ပြ၏။

"ဒီနေ့ ကားတိုးစီးပြီးပြန်ချင်လို့လေ"

"အမယ် နင်လိုဘောစိက ကားတိုးစီးမလို့ပေါ့၊ ကျော်မကောင်းကြားမကောင်း ထည်ယံရယ်၊ အတူတူပြန်မယ်လေ၊ ငါ့ကိုပို့ပြီးမှ နင့်ဘာသာပြန်ပေါ့"

ငတိမဟာ သဘောမတူတာလည်းမဟုတ်ဘဲ လေကိုအင်မတန်ရှည်လွန်းသည်။ နဖူးပြောင်ပြောင်ကို ဒေါက်ခနဲခေါက်ချလိုက်ကာ

"ငါ့ဘာသာဘာစီးစီး လျှာမရှည်စမ်းနဲ့ စုသွယ်ရာ၊ ကိုယ့်ဘာသာသာအေးဆေးပြန်၊ ငါက ယောကျာ်းလေး၊နင်က မိန်းကလေး၊ တစ်ခုခုဆို မိုးထဲရေထဲ မပြေးနိုင်မလွှားနိုင်"

"အားး တော်ပြီတော်ပြီ၊ ပေးပေး ကားသော့သာပေး"

လက်ထဲက ကားသော့ကိုယူ၍ ဒိုးခနဲဒေါက်ခနဲ ကော့တော့ကော့တော့ထွက်သွားပြီးမှ ဇာမ့်ဘက် တစ်ဖန်ပြန်လှည့်ကြည့်လာသည်။ သမင်လည်ပြန်အကြည့်မျိုးလို့တော့ မဆိုသာ။ ဝက်ပေါက်လည်ပြန်အကြည့်မျိုး။

ဘာလဲဟု မျက်ခုံးလှုပ်ပြလိုက်တော့

"ကားက ဘယ်နားထိုးခဲ့တာတုန်း၊ တမာပင်အောက်လား"

"မဟုတ်ဘူး၊ နင့်ချစ်ချစ် ကိုဇီးပြားရဲ့ ကားဘေးမှာ"

ခပ်ကျယ်ကျယ်အော်ပြောလိုက်တော့ 'သေနာကျကောင်'ဟု ပါးစပ်လှုပ်ရုံရေရွတ်ကာ ကားထားရာနေရာဆီတန်းနေအောင်ပြေးသွားသည့် စုသွယ်ကိုကြည့်ရင်း ရယ်မိ၏။ သူ့crush ကြီးရဲ့ ကားထားတဲ့နေရာဆိုတော့ နှစ်ခါကိုအတည်မပြုရတာ။

တစတစညိုမဲလာသည့် တိမ်တွေကိုကြည့်ရင်း ထီးကိုကိုင်ကာ ဇာမ်လည်း မှတ်တိုင်ဆီ သွားရတော့သည်။ မိုးရွာတဲ့အခါ ရေစိုလို့ အဝတ်မလဲရတဲ့ စိုထိုင်းထိုင်းခံစားချက်ကြီးကိုဇာမ်မကြိုက်။ ခန္ဓာကိုယ်ပေါ် ဖွားဖွားကျနေတဲ့ ရေစက်ကိုတောင်မခုံမင်။ ကလေးဘဝကတည်းက မိုးရွာတာကိုဇာမ် သိပ်မုန်းခဲ့ပါ၏။

ခပ်သွက်သွက်လျှောက်နေသည့်တိုင် ကားဆီမရောက်ခင် တဖျောက်ဖျောက်ကျလာပြီဖြစ်သည့် မိုးစက်တို့ကြောင့် ထိီးကိုဖွင့်လိုက်ရင်း စိတ်ပျက်လက်ပျက်ရေရွတ်မိသည်။

"အချိန်အခါမဟုတ်ကြီးကိုကွာ"

>>>>><<<<<<

"ကျွန်တော်သဘောမတူဘူး"

"ဒါပေမယ့် မင်းတစ်သက်လုံး ဒီတိုင်းနေသွားလို့မရဘူးလေ"

"ကျွန်တော်မှမချစ်တာ၊ ကျွန်တော်မချစ်တဲ့သူကိုယူပြီးဘာလုပ်ရမှာလဲ၊ မေမေ့လိုမျိုး အထီးကျန်ပြီးသေသွားရမှာလား"

နာကျင်မှုစွန်းနေသည့် ခပ်လှောင်လှောင်စကားအဆုံးတွင် လွန်းက အေးဆေးသက်သာစွာဖြင့် ကော်ဖီကို မော့ကာသောက်သည်။ ဉီးမာန်နိုင်က နောင်တဟုမဖော်ပြအပ်သော မျက်နှာနှင့် လွန်းအားငေးကြည့်နေ၏။

နူးညံ့ပြီးချစ်စရာကောင်းသော ကောင်လေးသည် ယခုတော့ အေးစက်သောအသွင်အပြင်နဲ့ သူ့ရှေ့မှာထိုင်လို့နေသည်။ မိခင်သေဆုံးခြင်းအတွက် ဉီးမာန်နိုင်ကို စိတ်နာနေမှန်းသိသော်ငြား တောင်းပန်ဖို့အတွက် စကားလုံးတို့က အစရှာမရ။

တစ်ကိုယ်တည်းကျန်ခဲ့သည့် သားအား ခြံဝင်းကျယ်ကြီးမှာတစ်ယောက်တည်းထားရစ်ကာ လိုသမျှပစ္စည်းဝယ်နိုင်ဖို့၊ ငွေကိုရေလိုသုံးနိုင်ဖို့ ရှာဖွေပေးနေနိုင်တာကိုပင် ဖခင်ဝတ္တရားကျေပြီဟု မှတ်ယူထားသူတစ်ယောက်အတွက် နောင်တတရားနဲ့ တောင်းပန်ခြင်းသည် အလှမ်းဝေးလွန်းပေသည်။

"ဒယ်ဒီပြောတဲ့သူကိုမချစ်ဘူးဆိုရင် မင်းချစ်တဲ့သူကို ဒယ်ဒီ့ရှေ့ခေါ်လာခဲ့"

"ကျွန်တော့်မှာ ချစ်ရတဲ့သူမရှိဘူးဆိုရင်ရော"

လွန်းစကားကြောင့် ဉီးမာန်နိုင်က နှုတ်ခမ်းလှုပ်ရုံပြုံးသည်။ ခေါင်းမာသည့်ပုံစံက သူနဲ့တထေရာတည်း တူလွန်းသည်။ ကော်ဖီခွက်ကို တစ်ငုံယူမော့ပြီးမှ

"ချစ်ရတဲ့သူမရှိဘူးဆိုရင်တော့ ဒယ်ဒီပြောတဲ့သူကိုပဲ မင်းလက်ခံရုံပေါ့"

"အသက်နှစ်ဆယ်ပြည့်ပြီးသားလူတစ်ယောက်ကို အတင်းအကြပ်လုပ်လို့ရမယ်လို့များ ခင်ဗျားထင်နေသလား"

"အိုး အတင်းအကြပ်လုပ်မယ်လို့ ဒယ်ဒီမပြောဘူးနော်၊ ဒါပေမယ့် လုပ်သင့်ရင်တော့လည်း..."

"ကျွန်တော်က မကြောက်တတ်ဘူးဆိုတာတော့ သိတယ်မလား"

"သိတယ်လေ၊ မင်းက ကြောက်တော့မကြောက်တတ်ပေမယ့် ခင်ရတဲ့လူကိုထိရင်တော့ စိုးရိမ်တတ်တယ်မလား"

"ဉီးမာန်နိုင်!"

ညစ်ကျယ်ကျယ်ထိုစကားကြောင့် အရင်ဆုံးပြေးမြင်မိသည်က စိုင်းနောင်။ ချစ်သူခင်သူမရှိတဲ့ လွန်းဘဝမှာ အတွယ်တာရဆုံးသည် တစ်ဉီးတည်းသောသူငယ်ချင်း စိုင်းနောင်။ ဖြစ်ချင်တာဖြစ်ဖို့အတွက် မကောင်းတဲ့လမ်းကိုလျှောက်ရမည်ဆိုရင်လည်း လျှောက်မည့်သူကို ကိုယ့်အဖေပါလို့တောင် မသတ်မှတ်ချင်တဲ့အထိ စက်ဆုပ်မိသည်။

သွေးသားသံယောဇဉ်မရှိသည့် ဤလူ၏ "သား"ဟူသော ခေါ်သံအောက် ယိုင်နဲ့ချင်ခဲ့မိသည့် မိမိကိုယ်ကို နောင်တရလို့မဆုံး။

"တောက်!"

လွန်းရဲ့တောက်ခေါက်သံပြင်းပြင်းနဲ့အတူ ပတ်ဝန်းကျင်က အခြေအနေတွေက ပိုပြီးအေးစက်လာသည်။ မှန်ပြင်တစ်ချပ်သာကာထားသော ကော်ဖီဆိုင်အပြင်က သည်းကြီးမည်းကြီးရွာနေသော မိုးတွေနဲ့အတူ သားအဖနှစ်ယောက်စကားဝိုင်းက ပိုပြီးစိမ်းသက်လာသည်။

ဉီးမာန်နိုင်က တုန်လှုပ်နေသော်ငြား လက်သီးကိုတင်းတင်းဆုပ်ကာ ငြိမ်သက်ဟန်ဆောင်နေသည့်လွန်းကိုကြည့်ရင်း အောင်နိုင်သူအပြုံးပြုံးကာ မတ်တပ်ထရပ်လျက်

"ဒယ်ဒီ့ကိုခွင့်ပြုဉီး သား၊ အချိန်တွေရှိပါသေးတယ်၊ သားချစ်တဲ့မိန်းကလေးကို အေးဆေးရှာပေါ့၊ အဆင်မပြေရင်လည်း ပြော၊ ဒယ်ဒီ့မှာ ငွေအားရောပစ္စည်းအားရောရှိတယ်"

ချစ်ခြင်းတရားသည် ဘာအဖိုးကြီးပစ္စည်းနဲ့မှ ဝယ်လို့မရကြောင်း ပြောပြရန်မတတ်စွမ်းနိုင်စိမ့်သောအခါ....

"မလိုဘူး...မလိုတာမလို့ ခင်ဗျား ကျွန်တော့်ရှေ့က အမြန်သွားပါတော့"

"အိုခေ see you my son!"

ကုတ်အင်္ကျီကို နေရာကျအောင်ပြန်ဆွဲချရင်း လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါးထွက်သွားသော ဉီးမာန်နိုင်က ပြုံးညွှတ်နေသည်မှာ ဘာအကြောင်းအရာမှမဖြစ်ခဲ့သလိုပင်။ ကော်ဖီဆိုင်အပြင်ကနေ၍ သက်တော်စောင့်တစ်ယောက်က ထီးဖြင့် ဆီးကြို၏။ ထို့နောက်တော့ ကားအနက်ရောင်နှစ်စီးသည် ကော်ဖီဆိုင်လေးနဲ့ ဆန့်ကျင်ရာအရပ် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့ ခရီးနှင်သွားတော့သည်။

ကျန်ရစ်ခဲ့သော ကောင်လေးမှာတော့ မှိုင်းညှို့ညှို့ တိမ်တိုက်တွေကို ငေးကြည့်၍သာ....

>>>>><<<<<<

"နေလို့ထိုင်လို့ရော အဆင်ပြေရဲ့မလား အဖွား"

"ပြေပါတယ်ကွယ်၊ အခုဆို မြေးကြီးက မနက်ခင်းကိုပါ ပန်းရောင်းတယ်လေ၊ သူ့လုပ်အားခလေးလည်း ရနေတော့ မြေးဖွားသုံးယောက် တစ်နပ်စာလောက်တော့ရတာပေါ့"

လေးချောင်းထောက်ကပ်အိမ်လေးပေါ်ဝယ် သင်ဖျူးဖျာစုတ်လေးထက် တင်ပလ္လင်ခွေထိုင်ရင်း အဖွားပြောသမျှကို ခေါင်းတညိတ်ညိတ်နားထောင်ရသည်။

သမီးရော၊သမက်ရော ကားတိုက်မှုဖြင့် ပွဲချင်းပြီးဆုံးကာ လူမမယ်မြေးနှစ်ယောက်နှင့်ကျန်ရစ်ခဲ့သော အသက်ခြောက်ဆယ်ကျော်အရွယ် အဖွားအို၏ဒုက္ခက မသေးလှ။

ဆိုရလျှင် ကျူးကျော်လမ်းကြားလေးထဲရှိ ဤရပ်ကွက်လေးကသူတွေအားလုံးသည် ဒုက္ခမျိုးစုံနှင့်ဖြစ်သည်။ ဆင်းရဲတွင်းနက်ကြသူတွေ စုမိ၍ အစုအဝေးတစ်ခုဖြစ်သွားလေသလား၊ တူရာစု၍နေကြလေသလားတော့ ဇာမ်လည်း မပြောတတ်ပေ။

ဇာမ်က မီးပွိုင့်တစ်ခုမှာ မီးနီမိရင်း တောင်ဝှေးတစ်ဖက်ထောက်ကာ လက်တစ်ဖက်က ပန်းကုံးလေးတွေကိုကိုင်၍ တုန်ချိချိစျေးရောင်းနေသည့် အဖွားကိုစတွေ့မိခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ပန်းကုံးတွေအပြတ်ဝယ်ရင်း မကျန်းမာသော အဖွားကိုအိမ်လိုက်ပို့ကာ မပြေလည်သောဘဝတွေအကြောင်းပိုသိလာရသည်။

ထိုမှစကာ ဇာမ်က တစ်လတစ်ခါ အဖွားဆီမှန်မှန်လာကာ ကုသိုလ်ပြုခဲ့သည်။ ဆိုင်ကယ်တစ်စီးဝင်ရန်ပင်ခက်ခဲသောလမ်းကြားလေးသည် ကားဝင်ဖို့ပင်အနိုင်နိုင်။ ယခုလို မိုးရွာလျှင်တော့ ဗွက်အိုင်၊နွံအိုင်များဖြင့် ပြည့်နှက်နေတော့သည်။

" ဖွားကိုကန်တော့တာပါ"

စာအိတ်လေးကို တရိုတသေရှေ့ထိုးပေးရင်း ဉီးသုံးကြိမ်ချတော့ မျက်ရည်ဝဲနေသည့်အဖွားက ဆုပေးလို့မဆုံးတော့...

ကြည်နူးစိတ်သည် နှလုံးသားမှာ ဘုရားတည်၏။

"ဒါဆို ကျွန်တော်ပြန်တော့မယ် အဖွား၊ ကျန်းမာရေးလည်း ဂရုစိုက်ဉီး"

"အေးအေး မိုးတွေရွာနေတာ၊ထီးရောပါရဲ့လားကွယ်"

လှေကားရင်းက ရာဘာဖိနပ်ကိုစီးရင်းမှ အလာတုန်းက လက်ရင်းမှာချိတ်ထားခဲ့သည့် ထီးကိုဖွင့်ကာ

"ထီးပါပါတယ်အဖွားရဲ့၊ ကျွန်တော်သွားပြီနော်"

"ဂရုစိုက်ဉီး မြေး၊ ကျန်းမာပါစေ ချမ်းသာပါစေကွယ်၊ ငါ့သားကြီး လိုအင်ဆန္ဒတွေအလုံးစုံပြည့်ဝပါစေ"

ကပ်အိမ်လေးနဲ့ဝေးတဲ့အထိ ကြားနေရသော ဆုတောင်းစကားတွေအား မေတ္တာဖြင့်ခံယူ၍ ပြုံးမိသည်။

လိုအင်ဆန္ဒပြည့်ဝပါစေဟူသောဆုအား
ပေးတဲ့ဆုနှင့်ပြည့်ပါရစေဟု
ဘယ်သောအခါမှ ပြန်မပြောတတ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့
ချစ်သောသူနဲ့နီး​ရပါလို၏ဟု
လောဘတက်ခဲ့မိခြင်းအတွက်
တစ်စုံတစ်ရာသောအပြစ် မရှိတန်ရာ။

သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးရေစက်တို့က ဇာမ့်ဆုတောင်းကို လေရူးနဲ့အတူ သယ်ဆောင်လာမယ်မှန်း မမျှော်လင့်ခဲ့ပေမယ့်.....

"လွန်း..."

>>>>High Boss's Husband<<<<

တစ်ကြိမ်တစ်ခါတွေ့သော်
မတော်တဆမည်လျှင်
နှစ်ကြိမ်မြောက်တွေ့ဆုံခြင်းအား
ကံကြမ္မာဖန်သည်ဟု ဆိုပေမည်လား။
ဒီလိုဆိုရင်တော့
ခင်ဗျားနဲ့ကျွန်တော်
သံသရာမကူးခင် ဒီဘဝမှာပဲ ရေစက်ဆုံချင်သေးရဲ့။

>>>>High Boss's Husband<<<<
heehee3love u♥

[ Zawgyi]

ဒီေန႔ဝင္မည့္ အတန္းခ်ိန္ေတြအတြက္ စာအုပ္သုံးေလးငါးအုပ္ကို ေက်ာလြယ္အိတ္ထဲပစ္ထည့္၊ ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထိုးထည့္ကာ အားသြင္းထားေသာ power bank ကိုပါ ျဖဳတ္လိုက္သည္။ မ်က္ကပ္မွန္ကို မေမ့မေလ်ာ့တပ္ၿပီး အက်ႌလက္ေခါက္ကို ပင့္တင္ရင္း ေလွကားေပၚကဆင္း၍ လူတစ္ေယာက္မွမရွိသည့္ အိမ္တံခါးကိုေသာ့ခတ္လိုက္သည္။

ကားေပၚမတက္ခင္ ႏွစ္ထိပ္တိုက္အိမ္ႀကီးကို ေမာ့လ်က္ ေဝ့ၾကည့္မိေသးသည္။ ေစ်းအႀကီးဆုံးေသာ ေႂကြျပားေတြ၊ ေတာ္ဝင္နန္းေတာ္ေတြမွာ တပ္သလိုမ်ိဳး မီးဆိုင္းေတြ ထည္ဝါေအာင္သုံးထားေသာ္ျငား ေႏြးေထြးမႈအရိပ္အေယာင္မရသည့္ ဤတိုက္ႀကီးအား လြန္း မႏွစ္ၿခိဳက္ပါ။

တစ္ခ်ိန္က မိသားစုသုံးေယာက္စုံလင္ခဲ့ဖူးသည့္ ေနရာအရပ္က ယခုေတာ့ျဖင့္ တိတ္ဆိတ္ေျခာက္ကပ္ကာ သုသာန္ႏွင့္ပင္ တူေနေသး၏ဟု မေတြးအပ္တာေတြေတြးမိသည့္အခါ....

တစ္ဝက္ဖြင့္လုဆဲဆဲကားတံခါးကို ျပန္ပိတ္၍ အိမ္ေရွ႕ဉယ်ာဥ္ငယ္ေလးဆီကို ေျခလွမ္းမိသည္။

ဖူးငုံစိုရဲေနတတ္သည့္ ႏွင္းဆီပန္းနီရဲရဲေလးေတြ ေျခာက္ေသြ႕ေနျခင္းသည္ ျပဳစုယုယမည့္ ဉယ်ာဥ္မႉးမရွိေတာ့သည္ေၾကာင့္ျဖစ္သည္။ ေမေမရွိစဥ္ကေတာ့ ပန္းပြင့္ဖူးေလးမ်ားသည္ ေရစက္ေရသီးတို႔ျဖင့္ အစဥ္လတ္ဆတ္ေနတတ္၏။

လြန္း ရွစ္တန္းအ႐ြယ္ကေမေမတခုတ္တရေျပာဖူးတဲ့ စကားအား အမွတ္ရမိေတာ့ ရင္ထဲမွာဆစ္ခနဲမ်က္ရသည္။

'အထီးက်န္မႈေတြကို ပန္းေလးေတြနဲ႔စကားေျပာရင္း ​ေျဖသိမ့္ရတယ္ လြန္းရဲ႕၊ ပန္းေလးေတြက လူစကားနားလည္တယ္'

အျပင္ေလာကႏွင့္ထိေတြ႕မႈရွားသည့္၊ စီးပြားေရးလုပ္ငန္းရွင္ႀကီး၏ ဇနီးျဖစ္သည့္ေမေမက သူ႔ရင္ထဲကအထီးက်န္မႈေတြကို ပန္းေလးေတြကိုၾကည့္ရင္း ေျဖသိမ့္ခဲ့ရရွာမလား.....

မိသားစုထက္ သူ႔ကုမၸဏီ၊စီးပြားေရးကို ပိုခ်စ္၊ပိုသံေယာဇဥ္ျဖစ္သည့္ လြန္းဒယ္ဒီက လုပ္ငန္းရွင္သူေဌးႀကီးပီပီ တရားဝင္ဇနီးသည္အျပင္ တျခားအငယ္အေႏွာင္းအေပ်ာ္အပါးေတြနဲ႔ မကင္းခဲ့ပါဟုဆိုလွ်င္ အမ်ားတကာက 'ဒါျဖစ္တတ္တာပဲေလ၊သူက ပိုက္ဆံရွိတာကိုး'ဟု ဆိုၾကသည္။

ထိုစကားေတြအားျပန္ေျပာမိတိုင္း အၿပဳံးေလးျဖင့္ႏွစ္သိမ့္တတ္သူ ေမေမ့ေၾကာင့္ စိတ္ေအးခ်မ္းရသည္....

မွတ္မိသေလာက္ေတာ့ အတိတ္တခ်ိန္က လြန္းေစတမာန္သည္ ဂ်စ္တစ္တစ္၊ဆိုးေတေတေကာင္ေလးမ်ိဳးမဟုတ္....

လြန္း ကိုးတန္းတက္စအ႐ြယ္မွာ ႏွလုံးအေမာေဖာက္၍ ေမေမဆုံးၿပီးမွသာ စိတ္ရင္းမဟုတ္သည့္ ထိုအက်င့္ေတြေပၚေပါက္ခဲ့ျခင္းပင္....

ေလးဆယ္ဆိုေသာ အသက္အ႐ြယ္က မိန္းမသားတစ္ေယာက္ ဘဝကူးဖို႔အတြက္ သိပ္ကိုငယ္လြန္းေနေသးတယ္မလား.....

Ring!!!!

ႏွင္းဆီ႐ိုးတံကိုကိုင္ၾကည့္ေနမိခ်ိန္ ႐ုတ္ခ်ည္းထျမည္လာတဲ့ဖုန္းသံေၾကာင့္ လက္က တြန္႔ခနဲျဖစ္သြားသည္ႏွင့္ လက္ညႇိဳးထိပ္မွာ စူးခနဲ...

မၾကည္ေတာ့တဲ့စိတ္ကို ဖုန္းေခၚဆိုသူက ပိုေတာက္ေလာက္ေအာင္ အားျဖည့္၏။ ေဆြးရိပ္သန္းေနေသာ လြန္းမ်က္ႏွာက တည္တံ့သြားၿပီးတဲ့ေနာက္...

"ဘာေျပာစရာရွိလို႔လဲ၊ ကြၽန္ေတာ္ေက်ာင္းသြားရဉီးမွာ"

ဒယ္ဒီဟူေသာေဝါဟာရအား contact တစ္ခုအျဖစ္သာ ရွိပါေစ....တစ္ခါတရံ ထုတ္ေဖာ္ၿငီးမိေသာ နာမ္စားတစ္ခုအျဖစ္သာရွိပါေစ...လြန္းခ်စ္ခဲ့သည့္ ဒယ္ဒီသည္ ဟိုးအတိတ္က လြန္းဒယ္ဒီသာ...

"ဒယ္ဒီ ၾသဇီကိုတစ္လေလာက္ခရီးသြားရမွာ၊ မသြားခင္ မင္းကိုေတြ႕ခဲ့ခ်င္လို႔"

"ကြၽန္ေတာ့္ဘဏ္accountသိေနတာပဲ၊ လူခ်င္းေတြ႕စရာလိုလို႔လား"

"လြန္းေစတမာန္! ငါက မင္းအေဖေနာ္! ငါလာေတြ႕ဆိုေတြ႕လိုက္! မင္းမွာ ျငင္းပိုင္ခြင့္မရွိဘူး"

ေမာဟေတြပါေနသည့္ စကားသံေၾကာင့္ လြန္းက ဟက္ခနဲရယ္ခ်လိုက္သည္။ ဒီတစ္ခါေပၚလာေသာ အစြန္းေထာင့္ရွိ သြားတက္ေလးကေတာ့ အသက္မဝင္လွ။

"ေတြ႕ရမယ့္လိပ္စာကို ကြၽန္ေတာ္ message ပို႔လိုက္မယ္၊ ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ဘက္ကပဲ ေနရာေ႐ြးပါရေစ.."

ဤမွ်ေလာက္ေသးငယ္သည့္ေတာင္းဆိုခ်က္ကိုပင္ စဥ္းစားေနသလိုမ်ိဳး အနည္းငယ္ၿငိမ္သက္သြားၿပီးမွ

"ဟုတ္ၿပီေလ၊ message ပို႔ထားလိုက္၊ အခ်ိန္ေတာ့ သိပ္မေႏွာင္းေစနဲ႔၊ ဒယ္ဒီ ေလယာဥ္ခ်ိန္ေနာက္က်မွာစိုးလို႔"

"ေျပာစရာဒါပဲမလား၊ ကြၽန္ေတာ္ဖုန္းခ်လိုက္ေတာ့မယ္"

ဖုန္းကိုနားနဲ႔ခြာ၍ ခလုတ္ပိတ္ဖို႔ႀကံစဥ္

"သား"

လႈိက္ဖိုသံပါေသာေခၚသံက လြန္းအက်င့္နဲ႔ဆန္႔က်င္စြာ ဖုန္းအားကိုင္ထားရင္း ေငးငိုင္ေစသည္။ တိတ္ဆိတ္စြာ ရပ္ေနမိလွ်င္

"ေက်ာင္းသြားရင္ ထီးယူသြား သား၊ ဒီေန႔မိုး႐ြာမယ္ထင္တယ္"

စိုးရိမ္တာလား....စိတ္ပူတာလား....

ဒယ္ဒီနဲ႔မလိုက္ဖက္တဲ့အျပဳအမူေတြကို ဘာလို႔လုပ္ေနတာလဲ ဒယ္ဒီရယ္....

ကြၽန္ေတာ္တို႔သားအမိကို ဒယ္ဒီဘယ္တုန္းက ဂ႐ုစိုက္ဖူးလို႔လဲ....

"မိုး႐ြာရင္လည္း ႐ြာပါေစ ဒယ္ဒီ၊ မိုးဘယ္ေလာက္သည္းစမ္းပါေစ ကြၽန္ေတာ္က်ခဲ့တဲ့မ်က္ရည္ေတြကိုေတာ့ မွီႏိုင္မွာမွမဟုတ္တာ"

ႏွစ္ေပါင္းမ်ားစြာၾကာမွ ျပန္ထုတ္ေျပာမိခဲ့ေသာ အမည္နာမတြင္ တစ္ဖက္ကလူသည္ မည္သို႔ခံစားသြားရမည္နည္း သူဆက္မေတြးမိေတာ့...

ရစ္သီလာေသာေငြရည္ဉတို႔ကိုထိန္းသိမ္းရန္ မ်က္ေတာင္ဖ်ားကို အားယူပင့္ကာ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္သည္....

ဟုတ္ပါရဲ႕...
မိုးေတြအုံ႔ေနလိုက္တာေလ...

>>>>><<<<<<

"ထည္ယံ မိုးက်ေတာ့မယ္ထင္တယ္ဟ"

မႈိင္းအုံ႔ေနေသာ တိမ္စေတြကိုတစ္ခ်က္ေမာ့ၾကည့္ရင္း သြင္စုသြယ္က ခပ္တိုးတိုးဆိုသည္။ ပင္နီေရာင္ေဘးလြယ္အိတ္ႀကီးအျပင္ ဖိုင္တြဲအထပ္လိုက္ႀကီးကိုလည္း လက္မွာပိုက္ထားေသးသည္။ ေက်ာင္းေဆာင္ေကာ္ရစ္ဒါေအာက္ဝယ္ ဇာမ္က ဝင္ရပ္လိုက္ရင္း

"ငါ့မွာကားပါတယ္၊ နင္ယူသြားလိုက္"

စုသြယ္အိမ္က ေက်ာင္းနဲ႔ေတာ္ေတာ္ေလးလွမ္းေသးတာမို႔ Taxi တိုးစီးၿပီးျပန္ရင္ မိုးမိမွာအေသအခ်ာ။

"နင္က ဘာနဲ႔ျပန္မွာလဲ"

ဇာမ္က သူ႔လက္ထဲက မိုးကာစထီးအဝါေလးကိုေျမႇာက္ျပရင္း 'ငါပိုင္ပါတယ္ဟ'ဟူေသာ သေဘာျဖင့္ စုသြယ္ကိုေမးေငါ့ျပ၏။

"ဒီေန႔ ကားတိုးစီးၿပီးျပန္ခ်င္လို႔ေလ"

"အမယ္ နင္လိုေဘာစိက ကားတိုးစီးမလို႔ေပါ့၊ ေက်ာ္မေကာင္းၾကားမေကာင္း ထည္ယံရယ္၊ အတူတူျပန္မယ္ေလ၊ ငါ့ကိုပို႔ၿပီးမွ နင့္ဘာသာျပန္ေပါ့"

ငတိမဟာ သေဘာမတူတာလည္းမဟုတ္ဘဲ ေလကိုအင္မတန္ရွည္လြန္းသည္။ နဖူးေျပာင္ေျပာင္ကို ေဒါက္ခနဲေခါက္ခ်လိုက္ကာ

"ငါ့ဘာသာဘာစီးစီး လွ်ာမရွည္စမ္းနဲ႔ စုသြယ္ရာ၊ ကိုယ့္ဘာသာသာေအးေဆးျပန္၊ ငါက ေယာက်ာ္းေလး၊နင္က မိန္းကေလး၊ တစ္ခုခုဆို မိုးထဲေရထဲ မေျပးႏိုင္မလႊားႏိုင္"

"အားး ေတာ္ၿပီေတာ္ၿပီ၊ ေပးေပး ကားေသာ့သာေပး"

လက္ထဲက ကားေသာ့ကိုယူ၍ ဒိုးခနဲေဒါက္ခနဲ ေကာ့ေတာ့ေကာ့ေတာ့ထြက္သြားၿပီးမွ ဇာမ့္ဘက္ တစ္ဖန္ျပန္လွည့္ၾကည့္လာသည္။ သမင္လည္ျပန္အၾကည့္မ်ိဳးလို႔ေတာ့ မဆိုသာ။ ဝက္ေပါက္လည္ျပန္အၾကည့္မ်ိဳး။

ဘာလဲဟု မ်က္ခုံးလႈပ္ျပလိုက္ေတာ့

"ကားက ဘယ္နားထိုးခဲ့တာတုန္း၊ တမာပင္ေအာက္လား"

"မဟုတ္ဘူး၊ နင့္ခ်စ္ခ်စ္ ကိုဇီးျပားရဲ႕ ကားေဘးမွာ"

ခပ္က်ယ္က်ယ္ေအာ္ေျပာလိုက္ေတာ့ 'ေသနာက်ေကာင္'ဟု ပါးစပ္လႈပ္႐ုံေရ႐ြတ္ကာ ကားထားရာေနရာဆီတန္းေနေအာင္ေျပးသြားသည့္ စုသြယ္ကိုၾကည့္ရင္း ရယ္မိ၏။ သူ႔crush ႀကီးရဲ႕ ကားထားတဲ့ေနရာဆိုေတာ့ ႏွစ္ခါကိုအတည္မျပဳရတာ။

တစတစညိဳမဲလာသည့္ တိမ္ေတြကိုၾကည့္ရင္း ထီးကိုကိုင္ကာ ဇာမ္လည္း မွတ္တိုင္ဆီ သြားရေတာ့သည္။ မိုး႐ြာတဲ့အခါ ေရစိုလို႔ အဝတ္မလဲရတဲ့ စိုထိုင္းထိုင္းခံစားခ်က္ႀကီးကိုဇာမ္မႀကိဳက္။ ခႏၶာကိုယ္ေပၚ ဖြားဖြားက်ေနတဲ့ ေရစက္ကိုေတာင္မခုံမင္။ ကေလးဘဝကတည္းက မိုး႐ြာတာကိုဇာမ္ သိပ္မုန္းခဲ့ပါ၏။

ခပ္သြက္သြက္ေလွ်ာက္ေနသည့္တိုင္ ကားဆီမေရာက္ခင္ တေဖ်ာက္ေဖ်ာက္က်လာၿပီျဖစ္သည့္ မိုးစက္တို႔ေၾကာင့္ ထိီးကိုဖြင့္လိုက္ရင္း စိတ္ပ်က္လက္ပ်က္ေရ႐ြတ္မိသည္။

"အခ်ိန္အခါမဟုတ္ႀကီးကိုကြာ"

>>>>><<<<<<

"ကြၽန္ေတာ္သေဘာမတူဘူး"

"ဒါေပမယ့္ မင္းတစ္သက္လုံး ဒီတိုင္းေနသြားလို႔မရဘူးေလ"

"ကြၽန္ေတာ္မွမခ်စ္တာ၊ ကြၽန္ေတာ္မခ်စ္တဲ့သူကိုယူၿပီးဘာလုပ္ရမွာလဲ၊ ေမေမ့လိုမ်ိဳး အထီးက်န္ၿပီးေသသြားရမွာလား"

နာက်င္မႈစြန္းေနသည့္ ခပ္ေလွာင္ေလွာင္စကားအဆုံးတြင္ လြန္းက ေအးေဆးသက္သာစြာျဖင့္ ေကာ္ဖီကို ေမာ့ကာေသာက္သည္။ ဉီးမာန္ႏိုင္က ေနာင္တဟုမေဖာ္ျပအပ္ေသာ မ်က္ႏွာႏွင့္ လြန္းအားေငးၾကည့္ေန၏။

ႏူးညံ့ၿပီးခ်စ္စရာေကာင္းေသာ ေကာင္ေလးသည္ ယခုေတာ့ ေအးစက္ေသာအသြင္အျပင္နဲ႔ သူ႔ေရွ႕မွာထိုင္လို႔ေနသည္။ မိခင္ေသဆုံးျခင္းအတြက္ ဉီးမာန္ႏိုင္ကို စိတ္နာေနမွန္းသိေသာ္ျငား ေတာင္းပန္ဖို႔အတြက္ စကားလုံးတို႔က အစရွာမရ။

တစ္ကိုယ္တည္းက်န္ခဲ့သည့္ သားအား ၿခံဝင္းက်ယ္ႀကီးမွာတစ္ေယာက္တည္းထားရစ္ကာ လိုသမွ်ပစၥည္းဝယ္ႏိုင္ဖို႔၊ ေငြကိုေရလိုသုံးႏိုင္ဖို႔ ရွာေဖြေပးေနႏိုင္တာကိုပင္ ဖခင္ဝတၱရားေက်ၿပီဟု မွတ္ယူထားသူတစ္ေယာက္အတြက္ ေနာင္တတရားနဲ႔ ေတာင္းပန္ျခင္းသည္ အလွမ္းေဝးလြန္းေပသည္။

"ဒယ္ဒီေျပာတဲ့သူကိုမခ်စ္ဘူးဆိုရင္ မင္းခ်စ္တဲ့သူကို ဒယ္ဒီ့ေရွ႕ေခၚလာခဲ့"

"ကြၽန္ေတာ့္မွာ ခ်စ္ရတဲ့သူမရွိဘူးဆိုရင္ေရာ"

လြန္းစကားေၾကာင့္ ဉီးမာန္ႏိုင္က ႏႈတ္ခမ္းလႈပ္႐ုံၿပဳံးသည္။ ေခါင္းမာသည့္ပုံစံက သူနဲ႔တေထရာတည္း တူလြန္းသည္။ ေကာ္ဖီခြက္ကို တစ္ငုံယူေမာ့ၿပီးမွ

"ခ်စ္ရတဲ့သူမရွိဘူးဆိုရင္ေတာ့ ဒယ္ဒီေျပာတဲ့သူကိုပဲ မင္းလက္ခံ႐ုံေပါ့"

"အသက္ႏွစ္ဆယ္ျပည့္ၿပီးသားလူတစ္ေယာက္ကို အတင္းအၾကပ္လုပ္လို႔ရမယ္လို႔မ်ား ခင္ဗ်ားထင္ေနသလား"

"အိုး အတင္းအၾကပ္လုပ္မယ္လို႔ ဒယ္ဒီမေျပာဘူးေနာ္၊ ဒါေပမယ့္ လုပ္သင့္ရင္ေတာ့လည္း..."

"ကြၽန္ေတာ္က မေၾကာက္တတ္ဘူးဆိုတာေတာ့ သိတယ္မလား"

"သိတယ္ေလ၊ မင္းက ေၾကာက္ေတာ့မေၾကာက္တတ္ေပမယ့္ ခင္ရတဲ့လူကိုထိရင္ေတာ့ စိုးရိမ္တတ္တယ္မလား"

"ဉီးမာန္ႏိုင္!"

ညစ္က်ယ္က်ယ္ထိုစကားေၾကာင့္ အရင္ဆုံးေျပးျမင္မိသည္က စိုင္းေနာင္။ ခ်စ္သူခင္သူမရွိတဲ့ လြန္းဘဝမွာ အတြယ္တာရဆုံးသည္ တစ္ဉီးတည္းေသာသူငယ္ခ်င္း စိုင္းေနာင္။ ျဖစ္ခ်င္တာျဖစ္ဖို႔အတြက္ မေကာင္းတဲ့လမ္းကိုေလွ်ာက္ရမည္ဆိုရင္လည္း ေလွ်ာက္မည့္သူကို ကိုယ့္အေဖပါလို႔ေတာင္ မသတ္မွတ္ခ်င္တဲ့အထိ စက္ဆုပ္မိသည္။

ေသြးသားသံေယာဇဥ္မရွိသည့္ ဤလူ၏ "သား"ဟူေသာ ေခၚသံေအာက္ ယိုင္နဲ႔ခ်င္ခဲ့မိသည့္ မိမိကိုယ္ကို ေနာင္တရလို႔မဆုံး။

"ေတာက္!"

လြန္းရဲ႕ေတာက္ေခါက္သံျပင္းျပင္းနဲ႔အတူ ပတ္ဝန္းက်င္က အေျခအေနေတြက ပိုၿပီးေအးစက္လာသည္။ မွန္ျပင္တစ္ခ်ပ္သာကာထားေသာ ေကာ္ဖီဆိုင္အျပင္က သည္းႀကီးမည္းႀကီး႐ြာေနေသာ မိုးေတြနဲ႔အတူ သားအဖႏွစ္ေယာက္စကားဝိုင္းက ပိုၿပီးစိမ္းသက္လာသည္။

ဉီးမာန္ႏိုင္က တုန္လႈပ္ေနေသာ္ျငား လက္သီးကိုတင္းတင္းဆုပ္ကာ ၿငိမ္သက္ဟန္ေဆာင္ေနသည့္လြန္းကိုၾကည့္ရင္း ေအာင္ႏိုင္သူအၿပဳံးၿပဳံးကာ မတ္တပ္ထရပ္လ်က္

"ဒယ္ဒီ့ကိုခြင့္ျပဳဉီး သား၊ အခ်ိန္ေတြရွိပါေသးတယ္၊ သားခ်စ္တဲ့မိန္းကေလးကို ေအးေဆးရွာေပါ့၊ အဆင္မေျပရင္လည္း ေျပာ၊ ဒယ္ဒီ့မွာ ေငြအားေရာပစၥည္းအားေရာရွိတယ္"

ခ်စ္ျခင္းတရားသည္ ဘာအဖိုးႀကီးပစၥည္းနဲ႔မွ ဝယ္လို႔မရေၾကာင္း ေျပာျပရန္မတတ္စြမ္းႏိုင္စိမ့္ေသာအခါ....

"မလိုဘူး...မလိုတာမလို႔ ခင္ဗ်ား ကြၽန္ေတာ့္ေရွ႕က အျမန္သြားပါေတာ့"

"အိုေခ see you my son!"

ကုတ္အက်ႌကို ေနရာက်ေအာင္ျပန္ဆြဲခ်ရင္း လူငယ္တစ္ေယာက္လို ေပါ့ေပါ့ပါးပါးထြက္သြားေသာ ဉီးမာန္ႏိုင္က ၿပဳံးၫႊတ္ေနသည္မွာ ဘာအေၾကာင္းအရာမွမျဖစ္ခဲ့သလိုပင္။ ေကာ္ဖီဆိုင္အျပင္ကေန၍ သက္ေတာ္ေစာင့္တစ္ေယာက္က ထီးျဖင့္ ဆီးႀကိဳ၏။ ထို႔ေနာက္ေတာ့ ကားအနက္ေရာင္ႏွစ္စီးသည္ ေကာ္ဖီဆိုင္ေလးနဲ႔ ဆန္႔က်င္ရာအရပ္ အျပည္ျပည္ဆိုင္ရာေလဆိပ္ဆီသို႔ ခရီးႏွင္သြားေတာ့သည္။

က်န္ရစ္ခဲ့ေသာ ေကာင္ေလးမွာေတာ့ မႈိင္းညႇိဳ႕ညႇိဳ႕ တိမ္တိုက္ေတြကို ေငးၾကည့္၍သာ....

>>>>><<<<<<

"ေနလို႔ထိုင္လို႔ေရာ အဆင္ေျပရဲ႕မလား အဖြား"

"ေျပပါတယ္ကြယ္၊ အခုဆို ေျမးႀကီးက မနက္ခင္းကိုပါ ပန္းေရာင္းတယ္ေလ၊ သူ႔လုပ္အားခေလးလည္း ရေနေတာ့ ေျမးဖြားသုံးေယာက္ တစ္နပ္စာေလာက္ေတာ့ရတာေပါ့"

ေလးေခ်ာင္းေထာက္ကပ္အိမ္ေလးေပၚဝယ္ သင္ဖ်ဴးဖ်ာစုတ္ေလးထက္ တင္ပလႅင္ေခြထိုင္ရင္း အဖြားေျပာသမွ်ကို ေခါင္းတညိတ္ညိတ္နားေထာင္ရသည္။

သမီးေရာ၊သမက္ေရာ ကားတိုက္မႈျဖင့္ ပြဲခ်င္းၿပီးဆုံးကာ လူမမယ္ေျမးႏွစ္ေယာက္ႏွင့္က်န္ရစ္ခဲ့ေသာ အသက္ေျခာက္ဆယ္ေက်ာ္အ႐ြယ္ အဖြားအို၏ဒုကၡက မေသးလွ။

ဆိုရလွ်င္ က်ဴးေက်ာ္လမ္းၾကားေလးထဲရွိ ဤရပ္ကြက္ေလးကသူေတြအားလုံးသည္ ဒုကၡမ်ိဳးစုံႏွင့္ျဖစ္သည္။ ဆင္းရဲတြင္းနက္ၾကသူေတြ စုမိ၍ အစုအေဝးတစ္ခုျဖစ္သြားေလသလား၊ တူရာစု၍ေနၾကေလသလားေတာ့ ဇာမ္လည္း မေျပာတတ္ေပ။

ဇာမ္က မီးပြိဳင့္တစ္ခုမွာ မီးနီမိရင္း ေတာင္ေဝွးတစ္ဖက္ေထာက္ကာ လက္တစ္ဖက္က ပန္းကုံးေလးေတြကိုကိုင္၍ တုန္ခ်ိခ်ိေစ်းေရာင္းေနသည့္ အဖြားကိုစေတြ႕မိျခင္းျဖစ္သည္။ ထိုမွတစ္ဆင့္ ပန္းကုံးေတြအျပတ္ဝယ္ရင္း မက်န္းမာေသာ အဖြားကိုအိမ္လိုက္ပို႔ကာ မေျပလည္ေသာဘဝေတြအေၾကာင္းပိုသိလာရသည္။

ထိုမွစကာ ဇာမ္က တစ္လတစ္ခါ အဖြားဆီမွန္မွန္လာကာ ကုသိုလ္ျပဳခဲ့သည္။ ဆိုင္ကယ္တစ္စီးဝင္ရန္ပင္ခက္ခဲေသာလမ္းၾကားေလးသည္ ကားဝင္ဖို႔ပင္အႏိုင္ႏိုင္။ ယခုလို မိုး႐ြာလွ်င္ေတာ့ ဗြက္အိုင္၊ႏြံအိုင္မ်ားျဖင့္ ျပည့္ႏွက္ေနေတာ့သည္။

" ဖြားကိုကန္ေတာ့တာပါ"

စာအိတ္ေလးကို တ႐ိုတေသေရွ႕ထိုးေပးရင္း ဉီးသုံးႀကိမ္ခ်ေတာ့ မ်က္ရည္ဝဲေနသည့္အဖြားက ဆုေပးလို႔မဆုံးေတာ့...

ၾကည္ႏူးစိတ္သည္ ႏွလုံးသားမွာ ဘုရားတည္၏။

"ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ အဖြား၊ က်န္းမာေရးလည္း ဂ႐ုစိုက္ဉီး"

"ေအးေအး မိုးေတြ႐ြာေနတာ၊ထီးေရာပါရဲ႕လားကြယ္"

ေလွကားရင္းက ရာဘာဖိနပ္ကိုစီးရင္းမွ အလာတုန္းက လက္ရင္းမွာခ်ိတ္ထားခဲ့သည့္ ထီးကိုဖြင့္ကာ

"ထီးပါပါတယ္အဖြားရဲ႕၊ ကြၽန္ေတာ္သြားၿပီေနာ္"

"ဂ႐ုစိုက္ဉီး ေျမး၊ က်န္းမာပါေစ ခ်မ္းသာပါေစကြယ္၊ ငါ့သားႀကီး လိုအင္ဆႏၵေတြအလုံးစုံျပည့္ဝပါေစ"

ကပ္အိမ္ေလးနဲ႔ေဝးတဲ့အထိ ၾကားေနရေသာ ဆုေတာင္းစကားေတြအား ေမတၱာျဖင့္ခံယူ၍ ၿပဳံးမိသည္။

လိုအင္ဆႏၵျပည့္ဝပါေစဟူေသာဆုအား
ေပးတဲ့ဆုႏွင့္ျပည့္ပါရေစဟု
ဘယ္ေသာအခါမွ ျပန္မေျပာတတ္ခဲ့ေသာ္လည္း ဤတစ္ႀကိမ္တြင္ေတာ့
ခ်စ္ေသာသူနဲ႔နီး​ရပါလို၏ဟု
ေလာဘတက္ခဲ့မိျခင္းအတြက္
တစ္စုံတစ္ရာေသာအျပစ္ မရွိတန္ရာ။

သည္းႀကီးမည္းႀကီး႐ြာသြန္းေနေသာမိုးေရစက္တို႔က ဇာမ့္ဆုေတာင္းကို ေလ႐ူးနဲ႔အတူ သယ္ေဆာင္လာမယ္မွန္း မေမွ်ာ္လင့္ခဲ့ေပမယ့္.....

"လြန္း..."

>>>>High Boss's Husband<<<<

တစ္ႀကိမ္တစ္ခါေတြ႕ေသာ္
မေတာ္တဆမည္လွ်င္
ႏွစ္ႀကိမ္ေျမာက္ေတြ႕ဆုံျခင္းအား
ကံၾကမၼာဖန္သည္ဟု ဆိုေပမည္လား။
ဒီလိုဆိုရင္ေတာ့
ခင္ဗ်ားနဲ႔ကြၽန္ေတာ္
သံသရာမကူးခင္ ဒီဘဝမွာပဲ ေရစက္ဆုံခ်င္ေသးရဲ႕။

>>>>High Boss's Husband<<<<

heehee3love u♥

Continue Reading

You'll Also Like

89.1K 5.6K 34
ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးေလးနဲ႕ယဥ္ယဥ္ေလးသာ ေရးဖြဲ႕ထားေသာ ေကာင္ေ...
343K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
237K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest