Clover your'e my clover[Compl...

By Johnmyat

2.6M 253K 16.9K

What is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
moti..🍀
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
🍀🍀
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Blah Blah 🤧
Part-53
Part-54
Part-55
Part-57(အသားယူခံလိုက်ရသော အိကျိအိကျိလေးနှစ်ခု)
Part-58(ဒီရေလှိုင်းကိုယောက်ဖတော်ချင် နေသော ကိုကြီးလင်းနေ)
Part-59 (Sob* ကျွန်တော်ကြောက်တယ်ဖက်ထားပေးပါ)
Part-60(လိုချင်တာသာပြောလိုက် ကိုကို ဖန်ဆင်းပေးမယ်)
Part- 61(ကိုကို့အား အူးမွပြစ်လိုက်သည့်ရွက်စိမ်းပေါက်စ❤)
Part- 62(ကိုကို့ကို လက်ထပ်ပြီးရွက်စိမ်းလေးအပိုင်လုပ်ပြစ်မယ်)🍉
Part- 63(သုံးနှစ်ကတိုတယ် သင်ပေးစရာတွေကအများကြီး..!)
Part-64(သဝန်တိုလူကြီးမင်း သစ်မိုးအိမ်)🖤
Part-65(သဝန်တိုလူကြီးမင်း သစ်မိုးအိမ် ၂)
Part-66(သုံးခါနမ်း ချစ်တယ်သုံးခါပြော..!!..)
Part-67(ဝံပုလွေလေးရယ်..အစ်ကိုကြီးရယ်..အသားယူလွန်းသော ကိုကိုရယ်)❤💙🖤
Part-68(ကျောင်းလူမိုက်ပေါက်စလေးရာထူးရသွားခြင်း)
Part-69(ရွက်စိမ်းလေး ဆိုးရင်ကိုကိုကမချစ်ဘူးလား..?..)
Part-70(High Boss daddy နှင့်ကိုကိုကို ပိုင်ဆိုင်သောရွက်စိမ်းလေး)
Part-71(သဘောကောင်းတ့ဲ ice-cream ကိုကြီးနှင့်တွေ့ဆုံခြင်း)🍦🍨🍧
Part-72(ကိုကိုကဆိုးတယ် ရွက်စိမ်းလေးကိုကို့ညီလေးမလုပ်ချင်တော့ဘူး..)
Part-73(ညီလေးကို Level မြှင့်လိုက်ရင်ဘာဖြစ်သွားလဲသိချင်လား..)
Patrt-74(သူ၏အစီအစဉ်များ စတင်လေပြီ)
Part-75(ကိုယ်သဝန်တိုမိလိမ့်မယ်)
Part-76(ဒီကိုအနမ်းပေး မဟုတ်ရင် ကိုကိုဝမ်းနည်းရလိမ့်မယ် clover)
Part-77(ရွက်စိမ်းလေးနေမကောင်းဖြစ်နေတယ်)
Part-78(ချိုမြိန်သော ချစ်ခြင်းအားစတင်ထိတွေ့မိခြင်း)
Part-79(ပန်းဖျော့ရောင်နေ့စွဲများ..)
Part-80(သက်သေပြုကာတိုင်တည်ပါသည်)
Part-81(ချစ်ခြင်း၏ရှိန်းမြမြသံစဉ်..)
Part-82(အလွှားပါး၏နောက်ကွယ်မှ..)
Part-83(မသေချင်ရင် ထွက်သွားစမ်း!!)
Part-84(ကောင်လေးစာမပြန်သောကြောင့် ကြေကွဲနေသောအစ်ကိုကြီး)
Part-85(cloverက ခွင့်ပြုမယ်မလားဟင်)
Part-86(မြတ်နိုးရာလေး)
Part-87(အတန်ကြာငြိမ်သက်နေခ့ဲသော ဧကရာဇ်ကိုနန်းအမှုထမ်းတွေကမေ့လျော့လာတ့ဲအခါ)
Part-88 (စတင်ခ့ဲလေသော)
Part-89(ဒူးထောက်လိုက်သော အစ်ကိုကြီး)
Part-90(အတိတ်သို့ တစ်ကျော့)
Part-91(ကောင်လေးကိုသင်တန်းကြိုခွင့်ရသွားတ့ဲ အစ်ကိုကြီး)
Part-92(Blind Date ခဏခဏသွားသော အစ်ကိုကြီး)
Part-93(အဆိပ်ပြင်းသော သူမ)
Part-94(သူ..Mr.X)
Part-95(ချိုမြိန်သော အခိုက်အတန့်များ)
Part-96(အဟွန်း! အဆိုးလေးကိုဖမ်းမိပြီ)
Part-97(Happy 18th Birthday my clover)
Part-98(clover..smile~!)
Part-99(၁၃နှစ်တာယုံကြည်မှု)
Part-100 (Final)
Final(1)
Final(2)
[Conclusion]🍉
Serect things

Part-56

20.9K 2.2K 205
By Johnmyat

(Zawgyi)🍀🍀🍀🍀

Part-56
(ကိုယ္..ခ်စ္ေသာ clover..!!..)

"သခင္ႀကီး ေရာက္ပါၿပီ.."

ဒရိုင္ဘာ၏စကားဆုံး မိုင္း..ေမွးမွိတ္ထားေသာ
မ်က္လုံးမ်ားကိုဖြင့္လိုက္သည္။ မိုင္း.. ကားေပၚ
မွဆင္းလိုက္ကာ တစ္ထပ္တိုက္အိမ္ငယ္ေလး
ကိုၾကည့္ၿပီးၿပဳံးလိုက္မိသည္။

မိုင္း ဒဏ္ရာကသက္သာစျပဳလာသည္ႏွင့္....
ဒီေနရာေလးကိုခ်က္ခ်င္းျပန္လာျခင္းျဖစ္သည္။
အခုမိုင္းက ထူထဲေသာကုတ္အက်ႌရွည္တစ္ထည္
ကိုဝတ္ထားၿပီး မ်က္ႏွာအေရာင္မွာအနည္းငယ္
ေဖ်ာ့ေတာ့ေနေသးေသာ္လည္း စိတ္သက္သာရ
ေသာအၿပဳံးတစ္ခုကိုခ်ိတ္ဆြဲထားသည္။

မိုင္း..ေဘးတြင္ရပ္ေနေသာ ဒရိုင္ဘာကိုေျပာ
လိုက္သည္။

"သြားလို႔ရၿပီ.."

"ဟုတ္ကဲ့ သခင္ႀကီး"

ထိုသူသည္မိုင္းကို အရိုအေသျပဳကာ ကားကို
ေမာင္းထြက္သြားၿပီးေသာအခါမွ မိုင္း ၿခံဝန္း
တံခါးေလးကိုတြန္းဖြင့္ကာဝင္လာလိုက္သည္။

အိမ္တံခါးမႀကီး၏ တံခါးလက္ကိုင္ကိုဆြဲကာ..
ဖြင့္လိုက္ေတာ့ အလြယ္တကူဘဲပြင့္သြားေသာ
တံခါးေၾကာင့္ မိုင္းမ်က္ေမွာင္ၾကဳတ္လိုက္မိ
သည္။ အႏၲရာယ္ၾကားတြင္ေနရေသာ မိုင္းက
တံခါးတိုင္းကိုေလာ့ခ်ကာ သတိႏွင့္ေနတတ္သည္။
နိုင္းကေတာ့ဆန႔္က်င္ဘက္ျဖစ္ကာ တစ္ခါတစ္ေလ
ညအိပ္ခ်ိန္အိမ္တံခါးပိတ္ဖို႔ပင္ေမ့ေနတတ္သည္။

အခုဝင္လာေသာသူသည္ မိုင္းမဟုတ္ဘဲ..
သူခိုးတစ္ေယာက္သာဆိုပါက ခ်စ္လွစြာေသာ
နိုင္းေတာ့ ခြက္ကေလးတစ္လုံးျဖင့္ႏွစ္ပါးသြား
ေနရေလာက္ၿပီျဖစ္သည္။

"နိုင္း တစ္ေယာက္ကေတာ့ေလ"

မိုင္း..တီးတိုးေရ႐ြတ္ရင္း အိမ္ထဲသို႔ဝင္လာလိုက္
သည္။ အိမ္ထဲတြင္တိတ္ဆိတ္ေနပုံအရ နိုင္းတစ္
ေယာက္ ပန္းခ်ီခန္းထဲေရာက္ေနပုံရသည္။ မိုင္း
ကုတ္အက်ႌကိုခြၽတ္ကာ သစ္သားေထာက္တိုင္စင္
တြင္ခ်ိတ္လိုက္သည္။

မိုင္း၏ပထမဆုံး ဦးတည္ရာကမီးဖိုေခ်ာင္သို႔ပင္။
ေရခဲေသတၱာထဲတြင္ ေရဗူးအနည္းငယ္မွလြဲ၍
ဗလာျဖစ္ေနသည္။ မိုင္း ေခါင္းသာခါမိသည္..။

"ဒီေကာင္ေလး အက်င့္ပ်က္ေနလိုက္တာ.."

မိုင္း..ဖုန္းကိုထုတ္ကာ လိုအပ္ေသာပစၥည္း
တစ္ခ်ိဳ႕လာပို႔ေပးရန္ေျပာလိုက္သည္။ မိနစ္
အနည္းငယ္ၾကာၿပီးေသာအခါ မိုင္းမွာထားေသာ
ပစၥည္းမ်ားကိုလာပို႔ေပးေသာသူေရာက္လာသည္။

ထိုသူက မိုင္းမွာေသာ ပစၥည္းမ်ားႏွင့္အတူ
ေဆးမ်ားထည့္ထားေသာ ေငြၾကည္ေရာင္
အိတ္ေလးတစ္လုံးကိုပါေပးလာသည္။ မိုင္း
ထိုသူကိုအၾကည့္လိုက္ေတာ့ ထိုသူက
ျပန္ေျဖလာသည္။

"သခင္ႀကီး ေသာက္ရမယ့္ေဆးေတြပါ
ေသာက္ရမယ့္အခ်ိန္အတိအက်ကိဳ ေဆးထုတ္
ေတြေပၚမွာေရးေပးထားပါတယ္။ ဒီေဆးကတစ္ပတ္
စာပါ။ တစ္ပတ္ျပည့္တာနဲ႕ ကြၽန္ေတာ္ေဆးအသစ္
လာပို႔ေပးမွာပါ"

မိုင္း ေဆးထုတ္မ်ားေပၚမွ ရင္းႏွီးေနသည့္
လက္ေရးေစာင္းေစာင္းမ်ားကို တစ္ခ်က္ၾကည့္
ကာ ေဆးထုတ္ကိုလွမ္းယူလိုက္သည္။

"ငါသိၿပီ"

မိုင္း၏ ျပန္ေျဖသံကိုၾကားေသာအခါ ထိုသူ၏
မ်က္ႏွာေပၚတြင္ သူ႕တာဝန္ၿပီးသြားေသာေၾကာင့္
စိတ္သက္သာရာရသြားေသာ အမူအရာက..
ျဖတ္ခနဲေပၚလာကာ ျပန္ေပ်ာက္သြားသည္။
ထိုသူသည္ မိုင္းကိုအရိုအေသျပဳကာ ျပန္သြား
ေသာအခါ မိုင္းအထုတ္မ်ားႏွင့္အတူ အိမ္ထဲဝင္
လာလိုက္သည္။

မိုင္း အိမ္ထဲျပန္ဝင္လာေတာ့ ေရေသာက္ရန္
ပန္းခ်ီခန္းထဲမွထြက္လာပုံရေသာ နိုင္းႏွင့္တန္းတိုး
သည္။ တအံ့တဩျဖစ္ေနေသာ နိုင္းေၾကာင့္
လက္ထဲမွအထုတ္မ်ားကိုျမႇောက္ျပလိုက္ရင္း
ေျပာလိုက္သည္။

"ဗိုက္ဆာေနၿပီလား ခဏေလးဘဲေစာင့္ ငါျမန္ျမန္
ေလးခ်က္လိုက္မယ္.."

မိုင္း ငါးဟင္းႏွင့္အသီးအ႐ြက္ေၾကာ္တစ္ခ်ိဳ႕ကို
အျမန္လုပ္လိုက္သည္။ ဟင္းရည္ကိုပန္းကန္ထဲ
ထည့္ေနရင္း အေတာ္တိတ္ဆိတ္ေနေသာ နိုင္း
ေၾကာင့္ စကားစလိုက္သည္။

"နိုင္း ငါ့ကိုစကားမေျပာေတာ့ဘူးလား"

"မင္းနဲ႕ငါနဲ႕ သိလို႔လား"

ခပ္ေအးေအးေနတတ္ေသာ နိုင္း၏ အသံအေန
ထားက အေျခအေနေတာ့သိပ္မဟန္ေခ်။
ညီအစ္ကိုခ်င္း ဖုံးကြယ္ထားစရာမလိုဟု ယူဆေသာ
နိုင္းက သူ႕ကိုမခြၽင္းမခ်န္ေျပာျပတတ္သလို သူ႕ကို
လည္း ထိုသို႔သာျဖစ္ေစခ်င္ေၾကာင္း မိုင္းသိသည္။

နိုင္း၏ သေဘာထားကိုသူအျပည့္အဝနားလည္
ေသာ္လည္း သူကဘာကိုဖြင့္ဟရမည္နည္း..။

သူျဖတ္သန္းခဲ့ရသည့္ ငယ္ဘဝသည္ ေျပာျပခ်င္
စရာမေကာင္းသလို လူေပါင္းမ်ားစြာသတ္ဖူးေသာ
ေသြးစြန္းလက္မ်ားအေၾကာင္းလည္းေျပာျပ၍မရေခ်။
သူအခုလုပ္ေနေသာ အစီအစဥ္မ်ားႏွင့္ပတ္သတ္၍
လည္း ဝန္ခံရန္ခက္ခဲေနသည္။

သူ႕အစီအစဥ္က နိုင္းႏွင့္ႏွစ္ေပါင္းမ်ားစြာ
အတူေနခဲ့ၿပီး နိုင္းကိုယ္တိုင္တိုင္က မိသားစုဟု
သတ္မွတ္ထားေသာ အသိုက္အၿမဳံကိုဖ်က္စီး
ရန္ျဖစ္သည္။ ၿပီးေတာ့ နိုင္း တန္ဖိုးထားရတဲ့..
သူ႕တူေလး..။

နိုင္းမ်က္ႏွာကိုသုံးကာ လွည္းစားထားေသာ
အေၾကာင္းမ်ားကိုသာသိသြားပါက နိုင္း..မိုင္းကို
မုန္းကာနာက်ဥ္းသြားမည္မွာေသခ်ာသည္..။

မိုင္း..အမုန္းတရားမ်ားကိုစြန႔္လႊတ္ရန္အႀကိမ္
ေပါင္းမ်ားစြာႀကိဳးစားဖူးသည္။ အႀကိမ္တိုင္း
ဆုံးပါးသြားေသာမိဘႏွစ္ပါး၏မ်က္ႏွာကိုျမင္
ေယာင္ၿပီး အႀကိမ္အႀကိမ္က်ရႈံးခဲ့သည္။

မိုင္း..သစ္မိုးအိမ္ကိုမသတ္ရျခင္း၏အေၾကာင္းရင္း
မ်ားထဲတြင္ နိုင္းေၾကာင့္လည္းပါသည္။ နိုင္းကသူ႕
အေၾကာင္းကိုသိခ်င္ေသာ္လည္းေျပာျပရန္မွာ...
မျဖစ္နိုင္ေသာေၾကာင့္ နိုင္းအတြက္ပုံျပင္ေလးတစ္ခု
ဖန္တီးေပးရန္လုပ္လိုက္သည္။

အနည္းဆုံးေတာ့ ထိုပုံျပင္ေလးက စက္ဆုပ္ဖြယ္
ေကာင္းေနမည္မဟုတ္ေပ။ မိုင္းႏႈတ္ခမ္းထက္တြင္
အၿပဳံးတစ္ခုကိုခ်ိတ္ဆြဲလိုက္ရင္းပုံျပင္ေလးတစ္ပုဒ္ကို
ေျပာရန္အစျပဳလိုက္သည္။

သူကနည္းနည္းေတာ့ ႐ြံစရာေကာင္းတယ္
ထင္တယ္။နိုင္းက သူ႕ကိုအၿမဲတမ္းစိတ္ရင္းနဲ႕
ဆက္ဆံခဲ့ေပမယ့္..သူကေတာ့ နိုင္းကိုျပန္ေပး
နိုင္တာ အတုအေယာင္ပုံျပင္ေတြဘဲရွိတယ္။
ဒါေပမယ့္သူေနာင္တမရပါဘူး။အ႐ူးတစ္ေယာက္
ျဖစ္တဲ့သူက ပုံျပင္ေျပာရတာ သိပ္ႀကိဳက္တယ္ေလ။

"ငါက ရတနာပစၥည္းေတြအေရာင္းအဝယ္လုပ္တာ။
ေတာင္ပိုင္းမွာ ေက်ာက္တြင္းတစ္ခ်ိဳ႕ဝယ္ထားတယ္။
ငါခရီးခဏခဏထြက္ေနတာက ေက်ာက္တြင္းကို
သြားစစ္ေဆးတာေလ။ ဒီတစ္ေခါက္က စီးပြားၿပိဳင္
ဘက္တစ္ခ်ိဳ႕နဲ႕ ျပသနာနည္းနည္းျဖစ္သြားလို႔ပါ.."

"ဒါဆို ဟိုညကမင္းကိုလာေခၚသြားတဲ့သူကေရာ"

"သူ႕နာမည္က ယဇ္။ ငါ့ညာလက္႐ုံးလို႔လဲေျပာလို႔
ရတယ္။ ငါ့အလုပ္ေတာ္ေတာ္မ်ားကို သူဘဲဦးစီး
ေပးေနတာ။ ၿပီးေတာ့ သူကအစိုးရိမ္လြန္တတ္
လို႔ပါ။ " တစ္ခါလိမ္တုန္းက ခက္ခဲခဲ့ေသာ္လည္း
အႀကိမ္ေရမ်ားလာေသာအခါ ဟန္မပ်က္လြယ္ကူ
လာသည္။

"မင္းတို႔အလုပ္က ေသနတ္ကိုင္ရတဲ့အထိ
အႏၲရာယ္မ်ားတာလား မိုင္း..။ ငါမင္းကိုေသြးေတြ
နဲ႕ျမင္ရတာ ငါ့ကိုအေတာ္ထိတ္လန႔္ေစတယ္..  "
နိုင္း စိုးရိမ္စြာေျပာမိေတာ့သည္။

"မဟုတ္ပါဘူး နိုင္းရာ။ ေသနတ္ကလည္း
လိုင္စင္နဲ႕ေလ လိုရမယ္ရေဆာင္ထားတဲ့သေဘာပါ။
ဒီတစ္ေခါက္က နည္းနည္းသတိလြတ္သြားလို႔ျဖစ္
သြားတာ။ ငါကတိေပးပါတယ္ ပိုသတိထားပါ့မယ္။
အခုေတာ့ ထမင္းစားရေအာင္ ဟင္းရည္ကေအး
သြားရင္ စားလို႔မေကာင္းေတာ့ဘူး"

မိုင္း ငါးဟင္းႏွင့္အ႐ြက္ေၾကာ္တစ္ခ်ိဳ႕ကို နိုင္း
ပန္းကန္ထဲထည့္ေပးလိုက္ရင္းေျပာလိုက္သည္။
သို႔ေသာ္ နိုင္းကေတာ့ အစားအစာဆီစိတ္မေရာက္
နိုင္ေသး။

ေမးခြန္းေပါင္းမ်ားစြာ ဆီကိုသာ
စိတ္ေရာက္ေနမိသည္။ဘာကိုစိုးရိမ္ေနမိမွန္း..
နိုင္း..ကိုယ့္ကိုယ္ကိုယ္ပင္နားမလည္နိုင္ေတာ့..။

နိုင္း ဇြန္းခရင္းကိုေကာက္ကိုင္လိုက္ေသာ္လည္း
စားေသာက္ျခင္းေတာ့ မျပဳေသးဘဲ မိုင္းကိုၾကည့္ကာ
ထပ္ေမးလိုက္သည္။

"သူေျပာတာက မင္းဒဏ္ရာရတဲ့အေၾကာင္း
သိခ်င္ရင္ တူေလးသစ္မိုးကိုသြားေမးတဲ့..။
မင္းဒဏ္ရာက တူေလးသစ္မိုးနဲ႕ပတ္သတ္ေန
တာလား မိုင္း..။ တကယ္ဘဲ တူေလးသစ္မိုး
က မင္းကိုဒဏ္ရာရေစတဲ့သူလား..."

ယဇ္ဆိုေသာ မိုင္း၏ညာလက္႐ုံးေျပာေသာ
စကားကို နိုင္းစိတ္ထဲအေတာ္ၾကာစိုးမိုးေနျခင္း
ျဖစ္ၿပီး။ စိတ္ထဲမတင္မက်ျဖစ္ကာ အေတာ္ပင္
ကသိကေအာက္နိုင္လွသည္။

နိုင္း၏အေမးေၾကာင့္ မိုင္းအမူအရာမွာတစ္ခဏ
ရပ္တန႔္သြားေသာ္လည္း ခ်က္ခ်င္းပင္မူလအတိုင္း
ျပန္ျဖစ္သြားသည္။ နိုင္း၏ ေရခြက္ကိုေရျဖည့္ေပး
ရင္း ခပ္ေအးေအးပင္ျပန္ေျဖလာသည္။

"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ငါတို႔ကတစ္ခါမွ
မဆုံဖူးဘူးေလ.."

"ဒါေပမယ့္ မင္းညာလက္လက္႐ုံးက.."

"မင္းအေတြးလြန္ေနၿပီ"

မိုင္း ပုံမွန္အတိုင္းပင္ေျပာလိုက္ရင္း ငါးဟင္းကို
ၾကည့္ကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"ဒီငါးကအရိုးရွင္းတယ္ အရသာျမည္းၾကည့္လိုက္
သူကပုံမွန္ငါးေတြထက္ခ်ိဳၿပီး အသားကပိုႏူးညံ့
တယ္။ ဒါ Kနိုင္ငံကမွာထားတာ"

ငါးစားရသည္ကိုႀကိဳက္ေသာ နိုင္းေၾကာင့္ Kနိုင္ငံ
မွတကူးတကမွာထားေပးျခင္းျဖစ္သည္။ ပင္လယ္ငါး
ျဖစ္ေသာ္လည္း ေရခ်ိဳငါးမ်ားထက္ပင္ခ်ိဳသည္က
ထိုငါး၏ထူးျခားခ်က္လည္းျဖစ္သည္။

နိုင္းက ရိုးရွင္းကာအယုံလြယ္ေသာသူျဖစ္ေသာ
ေၾကာင့္ သူ႕အာ႐ုံတစ္ခုလုံးသည္ ငါးဟင္းဆီသို႔
ေျပာင္းသြားေတာ့သည္။ သူရွင္းျပမႈမ်ားကို နိုင္း
ကလုံေလာက္ၿပီဟု ယူဆသြားတာလည္းျဖစ္နိုင္
သည္။

နိုင္း ငါးအရသာကိုျမည္းၾကည့္ေတာ့ မိုင္းေျပာ
သည့္အတိုင္းပင္ အေတာ္ပင္ေကာင္းမြန္လွသည္။

"စားေကာင္းတယ္.." နိုင္း ငါးဟင္းထပ္ဖဲ့ကာ..
စားလိုက္ရင္း မိုင္းကိုေျပာလိုက္သည္။

"ငါေတြးမိတာ မင္းတူေလးသစ္မိုးနဲ႕တစ္ခါမွ
မဆုံဖူးဘူးမလား။ ငါတို႔တစ္ရက္ေလာက္ ညစာ
တူတူစားၾကရင္ မေကာင္းဘူးလား။ မင္းက
ငါ့မိသားစုဝင္ျဖစ္သလို တူေလးသစ္မိုးကလည္း
မိသားစုဝင္ဘဲေလ။ ငါမင္းတို႔ကို ရင္းႏွီးေစခ်င္
တယ္"

နိုင္းက ေသခ်ာေတြးေတာၿပီး ထပ္မံျဖည့္စြက္လိုက္
သည္။

"ၿပီးေတာ့ ငါ့မွာအမႊာအစ္ကိုရွိတယ္လို႔
တူေလးသစ္မိုး ကိုမေျပာျပရေသးဘူး။ တူေလး
သစ္မိုးေတာ့ အံ့ဩသြားမွာ က်ိန္းေသတယ္။
မင္းေရာ ဘယ္လိုထင္လဲ မိုင္း.."

တက္ႂကြစြာေျပာေနေသာ နိုင္းက ထမင္းဆက္
စားေနရင္း မိုင္းအေျဖကိုေစာင့္ေနသည္။

"အင္း.. သိပ္အံ့ဩသြားေလာက္တယ္" မိုင္း
အသံကညင္သာသည္။ ႏႈတ္ခမ္းတြင္ အၿပဳံး
တစ္ခုကိုခ်ိတ္ဆြဲထားေသာ္လည္း မ်က္လုံးမ်ား
တြင္ေတာ့ဘာမွန္းမသိေသာ အရိပ္ေယာင္တစ္ခ်ိဳ႕
ကေရာယွက္ေနသည္။

ၾကည့္ရတာ ဒီတစ္ခါေတာ့ေရွာင္လႊဲလို႔မရေတာ့ဘူး
ထင္ပါရဲ႕။ ေကာင္းၿပီေလ.. တစ္ခါေလာက္မ်က္ႏွာ
ခ်င္းဆိုင္ၿပီး ဆုံၾကေသးတာေပါ့....။

........

ဦးထက္ေနာင္ အလုပ္မွျပန္လာခ်ိန္တြင္ေတြ႕လိုက္
ရေသာ ႐ြက္စိမ္း၏ပုံစံေၾကာင့္မ်က္ခုံးပင့္သြားရသည္။
ကတုံးျဖဴျဖဴေလးျဖင့္႐ြက္စိမ္းက ဦးထက္ေနာင္
ေခၚေနက် ေဘာလုံးေလးႏွင့္ပိုတူေနသည္။

႐ြက္စိမ္းေဆး႐ုံမဆင္းခင္ထဲက တစ္အိမ္လုံးမွ
မွန္မ်ားႏွင့္႐ြက္စိမ္းေန႕စဥ္အခါတစ္ေသာင္းေလာက္
ၾကည့္တတ္ေသာ သူ႕အိပ္ခန္းအတြင္းမွမွန္ႀကီးကိုပါ..ဦးေကာင္းႏွင့္ေပါင္းကာ တက္ညီလက္ညီ
လက္စေဖ်ာက္ထားျခင္းျဖစ္သည္။

အခုေတာ့ ပါးႏွစ္ဖက္တြင္ပါးခ်ိဳင့္မ်ားထင္းေအာင္
ၿပဳံးကာ ေခါင္းေျပာင္ေျပာင္ေလးႏွင့္အိမ္တြင္း
ေလွ်ာက္ေျပးေနပုံအရ ျပသနာအရင္းျမစ္ကို
သားႀကီးတစ္ေယာက္ ကိုင္တြယ္ေျဖရွင္းၿပီးပုံပင္။

ဦးထက္ေနာင္ စိတ္သက္သာရာရစြာ သက္ျပင္းခ်
လိဳက္မိသည္။ သူသာဆိုေျခမကိုင္မိလက္မကိုင္မိ
ျဖစ္မွာက်ိန္းေသသည္ေလ။

ဦးထက္ေနာင္ ႐ြက္စိမ္း၏ပါးေလးႏွစ္ဖက္ကိုအနည္း
ငယ္ဆြဲဖ်စ္လိုက္သည္။ ဦးထက္ေနာင္ ပါးဆြဲရာေနာက္
ကိုမ်က္ႏွာေလးေမာ့ကာ အလိုက္သင့္ေလးလိုက္လာ
ေသာ ႐ြက္စိမ္း၏မ်က္လုံးဝိုင္းမ်ားကေတာ့
ဦးထက္ေနာင္လက္ထဲက မုန႔္ထုတ္ဆီတြင္သာရွိ
သည္။

ဦးထက္ေနာင္သည္ ထိုအရာကိုသိေသာ္လည္း
သူ၏ေဘာလုံးေလး၏ပါးကို အားရေအာင္ဖ်စ္ညစ္
ၿပီးေသာအခါမွသာ ဝယ္လာေသာ မုန႔္မ်ားကိုေပး
လိုက္သည္။ မုန႔္မ်က္ႏွာေၾကာင့္ထင္ သူ႕ပါးေလး
ကိုလက္ေလးႏွင့္ပြတ္ေနေသာ္လည္း ဘာမွေတာ့
မေျပာေခ်..။

"သားႀကီးကိုမေတြ႕ပါလား.. ပုံမွန္ဆိုသူ႕ညီေလး
အနားကပ္မွာခြာမရေအာင္ကပ္ေနက်မဟုတ္ဘူး
လား။ ဦးေကာင္း.. သားႀကီးေရာ.."ဦးထက္ေနာင္
ဦးေကာင္းကိုေမးလိုက္သည္။

ဦးထက္ေနာင္..ေမးလည္းေမးခ်င္စရာပင္။
ဦးထက္ေနာင္၏ ကပ္လြန္းေသာ သားႏွစ္ေယာက္က အီၾကာေကြးလိုပင္။ တစ္ခါတစ္ေလ သူကိုယ္တိုင္ပင္ အျမင္ကတ္ရသည္အထိပင္။

ထိုႏွစ္ေယာက္ အီၾကာေကြးလိုပူးကပ္ေနခ်ိန္တိုင္း
ဦးထက္ေနာင္ကိုယ့္ကိုယ္ကိုယ္ အထီးက်န္ေန
​ေသာမီးဖိုထဲမွ အေဖာ္မဲ့နံျပားခ်ပ္ႀကီးလိုခံစားရၿမဲ
ျဖစ္သည္။

ဒီေန႕ေတာ့ သားႀကီးကိုမေတြ႕ေသာေၾကာင့္
အထူးအဆန္းပင္။ သူ႕အေမးကို ဦးေကာင္းျပန္
​ေျဖမလာခင္မွာပင္ ႐ြက္စိမ္းကျပန္ေျဖလာသည္။

"ကိုကိုက starland ကိုသြားတာ Daddy"

"Starland?.." ေခါင္းၿငိမ့္ျပလာေသာ႐ြက္စိမ္း
ေၾကာင့္ သူအံ့ဩရျပန္သည္။ သားႀကီးက Starland
ကိုသြားသည္တဲ့လား။ Starland က သူတို႔Yၿမိဳ႕ေတာ္၏ နာမည္ႀကီးေသာ
beauty spa တစ္ခုျဖစ္သည္။

"ဆံပင္ညွပ္ဖို႔မ်ားလား..?.."

ဦးထက္ေနာင္ ေျပာလိုက္ေတာ့ပုံျပင္ထဲက..
ယုန္ပညာရွိလိုေခါင္းခါျပလာေသာ ႐ြက္စိမ္း..။
ဦးထက္ေနာင္ ဝယ္လာေသာမုန႔္မ်ားကိုမ်က္လုံး႐ြဲ
ႀကီးျဖင့္ၾကည့္ေနျခင္းအားရပ္ကာေျပာလာသည္။

"ကိုကိုကေလ ဒီေနရာမွာအမဲေရာင္ေတြျဖစ္ေန
လို႔..အဲ့တာေတြေပ်ာက္သြားေအာင္သြားလုပ္တာ
Daddy.."

သူ၏မ်က္လုံးဝိုင္းႀကီးမ်ား၏ေအာက္ဘက္ကို
လက္ညိုးေလးျဖင့္တို႔ထိကာ ၫႊန္ျပလာရင္းေျပာ
လာသည္။ နို႔ေအးတစ္ဗူးကိုေဖာက္ကာ ပိုက္တပ္ၿပီး
စုပ္ေသာက္ေနသည္မွာ အသက္ပင္ရႉရဲ႕လားပင္မသိ
..။ ၿပီးမွဆက္ေျပာလာသည္။

"Daddy အဲ့ဒီကိုကို႔မ်က္လုံးေအာက္နားက
အမဲေရာင္ေတြကေလ ဘာျဖစ္တာလဲဟင္"

ထို႔ေနာက္ ဦးထက္ေနာင္မ်က္ႏွာနားကပ္ကာ
ၾကည့္ရင္းထပ္ေျပာလာသည္။

"အယ္..Daddy ဆီမွာလည္းရွိတယ္ေရာ..
ေလးေလးမိုးေဝ ၾကည့္ၾကည့္.."

ေဘးကမိုးေဝကို အေဖာ္စပ္ကာလွမ္းေျပာလိုက္
ေသးသည္။ မိုးေဝကလည္း သူ႕ေ႐ႊကိုင္းမ်က္မွန္
ကို ပင့္တင္ကာ ဦးထက္ေနာင္မ်က္ႏွာကို ၾကည့္
လာသည္။ တစ္ေယာက္၏မ်က္လုံးအႀကီးႀကီးမ်ား
က ဦးထက္ေနာင္မ်က္ႏွာကိုေျပးကပ္မတတ္ျဖစ္
ၿပီး က်န္တစ္ေယာက္က အလင္းျပန္ေနေသာ..
ေ႐ႊကိုင္းမ်က္မွန္ေအာက္ကမ်က္လုံးမ်ားကို ေမွး
က်ဥ္းကာ Scan ဖတ္သလိုၾကည့္ေနသည္။

ကာယကံရွင္ ဦးထက္ေနာင္ပင္ လန႔္ျဖန႔္ကာ..
ေနာက္ကိုေျခတစ္လွမ္းဆုတ္၍ မ်က္ႏွာကိုပင္
ေယာင္ယမ္းကာျပန္စမ္းလိုက္မိသည္။

မိုးေဝက သူ႕ေ႐ႊကိုင္းမ်က္မွန္ကို ထပ္ကာပင့္တင္
လိုက္ၿပီး ႐ြက္စိမ္းကိုေျပာလာသည္။

"လူေတြအသက္ႀကီးလာတဲ့အခါ အေရျပားဆဲလ္
ေတြက အသက္အ႐ြယ္နဲ႕အတူပ်က္စီးလာၾကတယ္။
ေျပာရရင္ အိုမင္းျခင္းရဲ႕လကၡဏာပါ..။ Boss ရဲ႕
အသက္အ႐ြယ္အရဆိုရင္ ဒါပုံမွန္ပါဘဲ..
႐ြက္စိမ္းေလး"

"ဒါဆို ကိုကိုကေရာ.."

"သခင္ေလးသစ္မိုးအိမ္က အလုပ္ပင္ပန္းၿပီး
အိပ္ခ်ိန္နည္းလို႔ျဖစ္တာပါ..။ လုံေလာက္ေအာင္ အနားယူလိုက္ရင္..
အဆင္ေျပသြားပါလိမ့္မယ္.."

မိုးေဝ၏မွန္ေသာစကားသည္ ဦးထက္ေနာင္၏
ႏွလုံးသားတစ္စုံကို အရွိန္ျပင္းစြာထိမွန္သြားေသာ
ေၾကာင့္ ဦးထက္ေနာင္ မ်က္ႏွာႀကီးမည္းသြားရ
သည္။ မွန္တာေျပာရင္ ႐ြာျပင္ထြက္ရတာ
ဒင္းမသိေလေလ်ာ့သလား..!!.။

ေအာက္ေလ်ာမက်တဲ့ ေသာက္မ်က္မွန္ကိုပင့္တင္
လိုက္ကတည္းက ေသာက္က်ိဳးနည္းစကားေတြ
ေျပာေတာ့မယ္ ဆိုတာအာ႐ုံရၿပီးသားကြ ဟုတ္ၿပီ လား !!..

အသက္အ႐ြယ္အရ..?..ပုံ..ပုံမွန္ !!..။
မင္းေဖေဖႀကီးဘဲ အသက္ႀကီးလိုက္..မင္းတို႔
တစ္မ်ိဳးလုံးဘဲ အသက္ႀကီးလိုက္..ငါကအခုမွ
​ေခ်ာတုန္း ခန႔္တုန္းကြ...!!..။

ဦးထက္ေနာင္၏ ရင္တြင္းစကားမ်ားသည္ျမစ္
​ေရမ်ားအရွိန္ျပင္းစြာစီးဆင္းေနသလိုပင္ျဖစ္သည္။

ဦးထက္ေနာင္ ခံစားခ်က္အျပည့္ပါေသာအၾကည့္
မ်ားျဖင့္ မိုးေဝကိုၾကည့္လိုက္သည္။ သို႔ေသာ္..
ေ႐ႊကိုင္းမ်က္မွန္ကို တစ္ခ်က္ပင့္တင္ကာ ျပန္ၾကည့္
လာေသာ မိုးေဝ..။ အၾကည့္မ်ားတြင္ေတာ့ "အမွန္
တရားကို ခ်စ္ျမတ္နိုးသည့္ငနဲ" ဟူေသာ စာတန္းက
အထင္းသားျဖစ္သည္။

ဦးထက္ေနာင္ တိတ္တဆိတ္ႏွာေခါင္းရႈံ႕ကာ..
မ်က္ႏွာလႊဲလိုက္သည္။ ဦးထက္ေနာင္ အသက္
အ႐ြယ္အပိုင္းအျခားမ်ားအေၾကာင္းကို ရည္႐ြယ္ခ်က္ရွိရွိ..
မၾကားသလိုျပဳကာ အဓိကအေၾကာင္းကို အာ႐ုံစိုက္
လိုက္သည္။

"ေနာက္ဆုံးေတာ့ သားႀကီးလည္းသူ႕အသြင္အျပင္
ကိုစိတ္ဝင္စားလာၿပီဘဲ.."

က်ိန္းေသသည္။ သူသေဘာက်ေနတဲ့သူေတြ႕ေနျခင္း
ျဖစ္မည္။ သားႀကီးလိုေရခဲတုံးတြင္လည္းဒီလိုေန႕မ်ိဳး
ရွိလာမည္ဟုဦးထက္ေနာင္ထင္မထားခဲ့မိေပ..။

"သူ႕ေကာင္မေလးေရွ႕မွာ ၾကည့္ေကာင္းခ်င္ေနတာ
ဘဲျဖစ္ရမယ္..."

ေရ႐ြတ္သလိုမွတ္ခ်က္ျပဳလိုက္ျခင္းျဖစ္ေသာေၾကာင့္
ပူတင္ဗူးကိုဖြင့္ေနေသာ ႐ြက္စိမ္းကမၾကားလိုက္ေပ။

သားႀကီးအတြက္ စိတ္ေအးရေပၿပီ။ သားငယ္
​ေဘာလုံး ေလးကိုလည္း သားႀကီးလိုစိတ္ေအး
ခ်င္သည္။ တစ္ခ်ိန္ေတာ့ သားႀကီးႏွင့္တိုင္ပင္ကာ
ေဘာလုံး႐ြက္စိမ္းအတြက္ သင့္ေတာ္ေသာ
တစ္ဘဝစာအေဖာ္မြန္ကိုရွာေပးဦးမည္ဟု
ေတးမွတ္ထားလိုက္သည္။

"လာပါဦး daddy ေဘာလုံးေလးကိုခ်ီပါရေစဦး"

ဦးထက္ေနာင္ ႐ြက္စိမ္းကိုခ်ီလိုက္သည္။ ႐ြက္စိမ္း
က ၁၃ႏွစ္ေက်ာ္ၿပီး ၁၄ႏွစ္ထဲဝင္လာၿပီျဖစ္ေသာ္
လည္း ဦးထက္ေနာင္ကေတာ့ ခ်ီပိုးရသည္ကို
သေဘာက်ေနတုန္းပင္ျဖစ္သည္။

"သခင္ႀကီး ကြၽန္ေတာ္..ခ်ိဳးေရျပင္ေပးရမလား"

"ရတယ္ ဦးေကာင္း ကြၽန္ေတာ့္ဘာသာဘဲလုပ္
လိုက္မယ္" ဦးထက္ေနာင္ ေနာက္တြင္ရပ္ေနေသာ
မိုးေဝကိုလွည့္ကာေျပာလိုက္သည္။

"မိုးေဝ ထမင္းစားၿပီးမွျပန္" ေန႕လည္ခင္းထဲက
ေစာေစာျပန္ခိုင္းေသာ္လည္း အလုပ္ကိစၥတစ္ခု
ေပၚလာေသာေၾကာင့္ မိုးေဝကအိမ္မျပန္လိုက္ရ
ေပ။ တစ္ဆက္ထဲတြင္ဘဲ ဦးေကာင္းကိုေျပာလိုက္
သည္။

"ဦးေကာင္း ထမင္းပြဲျပင္ထားေပးပါ။ ကြၽန္ေတာ္
ေရခ်ိဳးၿပီးတာနဲ႕ ျပန္ဆင္းလာခဲ့မယ္..။ Daddy
ေဘာလုံးေလးေရာ ေရခ်ိဳးၿပီးၿပီလား"

"ခ်ိဳးရေသးဘူး ဟီးဟီး..။ ကိုကိုကျပန္လာမွ
တူတူခ်ိဳးမယ္ေျပာလို႔.."

"မရပါဘူး ဒီေန႕ေတာ့ Daddy နဲ႕တူတူခ်ိဳးၾက
မယ္..သားႀကီးကိုေတာ့ တစ္ေယာက္ထဲခ်ိဳးခိုင္း
လိုက္ ...ဟုတ္ၿပီလား.."

"ဟုတ္ကဲ့ Daddy...ဟီးဟီး.."

သားအဖအႀကီးအေသးတစ္စုံသည္ ပုံစံတူညီစြာပင္
ရီလိုက္ၾကသည္။ ဦးထက္ေနာင္ ႐ြက္စိမ္းကိုေပြ႕ခ်ီ
ထားရင္းပင္ အေပၚထပ္သို႔တက္လာလိုက္သည္။
ရီေမာက်ီဆယ္ကာအေပၚတက္သြားေသာ သားအဖ
ႏွစ္ေယာက္ေၾကာင့္ ဦးေကာင္းေရာမိုးေဝပါ ၿပဳံးလိုက္
မိသည္။ ဦးေကာင္းေျပာလိုက္သည္။

"ေမာင္မိုးေဝ ဧည့္ခန္းမွာ နားေနပါ။ ကြၽန္ေတာ္
အေအးစီစဥ္ေပးပါ့မယ္"

"ရတယ္ ဦးေကာင္း ထမင္းျပင္မွာမလား..
ကြၽန္ေတာ္ဝိုင္းကူေပးမယ္.." မိုးေဝႏွင့္က လူရင္း
မ်ားျဖစ္ေသာေၾကာင့္ ဦးေကာင္းျငင္းမေနေတာ့ဘဲ
ေခါင္းၿငိမ့္ကာ လက္ခံလိုက္သည္။

.........

သစ္မိုးအိမ္ မွန္ထဲတြင္ေပၚေနေသာ ကိုယ္တိုင္၏
ပုံရိပ္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ သစ္မိုးအိမ္၏
မ်က္ႏွာအသားအေရာင္မွာ ပိုကာေတာက္ေျပာင္ေန
ၿပီး လက္တေလာအလုပ္မ်ားေသာဒဏ္ေၾကာင့္ရ
ေသာ..မ်က္လုံးေအာက္မွအနက္ေရာင္ စက္ဝန္းမ်ား
လည္း မရွိေတာ့ေပ..။

တစ္လက္စတည္း အနက္ေရာင္ဆံပင္မ်ားကို...
မီးခိုးေဖ်ာ့ေရာင္သို႔ေျပာင္းလိုက္သည္။ သစ္မိုးအိမ္
၏ ပုံစံသစ္က သူ၏ခက္ထန္ေသာအမူအရာကိုေ
လ်ာ့က်ေစၿပီး ပုံျပင္ထဲကႏူးညံ့ေသာမင္းသားေလး
ျဖစ္သြားေစသည္။

အနက္ေရာင္ဆံပင္မ်ားျဖင့္သစ္မိုးအိမ္က ရင့္က်က္
တည္ၿငိမ္ေသာ.ပုံစံရွိသလို အခုလိုဆံပင္အေရာင္
​ေျပာင္းလိုက္ေသာအခါတြင္ သစ္မိုးအိမ္က ႏုပ်ိဳ
လတ္ဆတ္ေသာခံစားခ်က္ကိုေပးစြမ္းေနျပန္သည္။

က်ယ္ျပန႔္ေသာပုခုံး..ခါးရွည္ရွည္ႏွင့္ 190cm
ခန႔္ရွိေသာ အရပ္ရွိသည့္ သစ္မိုးအိမ္က ..
​ေကာင္မေလးမ်ား၏ စိတ္ကူးယဥ္ခ်စ္သူေကာင္ေလး
ပုံစံျဖစ္သည္။

သို႔ေသာ္ ေဘးတြင္ထြက္ေနေသာ အရွိန္အဝါ
မ်ားေၾကာင့္ ထိုသူသည္အျခားသူမ်ားႏွင့္စည္းျခား
ထားေသာ သူအျဖစ္ရွိေနတုန္းပင္ျဖစ္သည္။

ဆိုင္အတြင္းမွ ေကာင္မေလးတစ္ခ်ိဳ႕သည္ နီျမန္း
ေသာမ်က္ႏွာေလးမ်ားျဖင့္သစ္မိုးအိမ္ကို ၾကည့္ေန
ၾကသည္။ သို႔ေသာ္ ကာယကံရွင္ကေတာ့
starland ပိုင္ရွင္ျဖစ္ေသာ အလွဖန္တီးရွင္
အမ်ိဳးသမီးအႀကံျပဳေပးသည့္ ညလိမ္းခရင္မ်ား
အေၾကာင္းကိုသာ ေသခ်ာနားေထာင္ေနသည္။

ေလးေလးနက္နက္အာ႐ုံစိုက္ထားေသာ သစ္မိုးအိမ္
၏ ပုံစံမွာဆြဲေဆာင္နိုင္လြန္းေသာေၾကာင့္ နာမည္ႀကီး
အႏုပညာရွင္မ်ားစြာကိုျပင္ဆင္ေပးခဲ့ေသာေၾကာင့္...
အေတြ႕ႀကဳံရွိသည့္ အလွဖန္တီးရွင္အမ်ိဳးသမီးသည္
ပင္ သူမႏွလုံးသားေလးတင္းၾကပ္သြားရသည္။ သူမ
သည္ စိတ္ခံစားခ်က္မ်ားကိုေကာင္းစြာ ထိန္းခ်ဳပ္နိုင္
သူျဖစ္ေသာေၾကာင့္ မ်က္ႏွာတြင္ေတာ့မည္သည့္..
အမူအရာမွမေပၚေပ..။

"ေက်ဇဴးတင္ပါတယ္.."

"ရပါတယ္ရွင္.."

နံပါတ္၅အိမ္ေတာ္၏ နာမည္ေက်ာ္ၾကားေသာ
သခင္ေလး၏ ေက်ဇဴးတင္စကားေၾကာင့္..
အလ်င္အျမန္ပင္ တုန႔္ျပန္စကားျပန္ေျပာလိုက္
သည္။

သစ္မိုးအိမ္၏ ၾကည့္ေကာင္းေသာ နဖူးျပင္
​ေျပေျပေပၚသို႔..မီးခိုးေဖ်ာ့ေရာင္ဆံပင္တစ္ခ်ိဳ႕
က်ဆင္းေနပုံက ရွိုးပြဲတစ္ခုကိုေလွ်ာက္ခါနီး
ေမာ္ဒယ္ေကာင္ေလးလိုပင္။ မဟုတ္ဘူး..
သူက ဝါရင့္ေမာ္ဒယ္ႀကီးေတြလို ၿပီးျပည့္စုံလြန္း
တာျဖစ္သည္။ သူမတစ္သက္တာတြင္ နာမည္ႀကီး
အႏုပညာရွင္မ်ားစြာကို ျပင္ဆင္ေပးခဲ့ရေသာ္လည္း
သူမမ်က္စိေရွ႕မွ ထိုသူေလာက္ေတာ့ ညို႔အားျပင္း
မေနၾက..။

ဒါကလည္းအထူးအဆန္းေတာ့ မဟုတ္ေပ။
ဒီအမ်ိဳးသားေဘးမွအရွိန္အဝါမ်ားက သာမန္မွ
မဟုတ္ေသာေၾကာင့္ ႏူးညံ့လွပေသာ အႏုပညာ
ရွင္ေလးမ်ားႏွင့္ေတာ့ ပုံစံမတူသည္မွာပုံမွန္ပင္။

"ဒီပုံစံက သခင္ေလးနဲ႕အရမ္းလိုက္ဖက္တာဘဲ..
တကယ္ကိုအျမင္ရွိတယ္.." သူမမေနနိုင္ဘဲ
ခ်ီးက်ဴးမိေတာ့သည္။သူသာေဖ်ာ္ေျဖေရးေလာက
သို႔ဝင္လိုက္ပါက အလြန္ေအာင္ျမင္မွာေသခ်ာၿပီး
အလွတရားကိုရႈစားရသည္ကိုသေဘာက်ေသာ
လူတန္းစားတစ္ရပ္အတြက္ေတာ့နိဗၺာန္ပင္ျဖစ္
လိမ့္မည္။

သို႔ေသာ္သခင္ေလးကေတာ့ ထိုသိုမလုပ္မည္မွာ
​ေသခ်ာသည္။ ဆိုင္ရွင္အမ်ိဳးသမီးသည္ သူမ
ကိုယ္တိုင္ပါဝင္ေသာအလွအပကိုသေဘာက်
သည့္လူတန္းစားတစ္ရပ္၏နစ္နာမႈအတြက္
အလြန္ေၾကကြဲသြားရသည္။

သို႔ေသာ္က်ိန္းေသေပါက္ပင္ သခင္ေလးကေတာ့
ထိုသို႔လုပ္မည္မဟုတ္ေပ..။ ဒါကအလွအပကို
ရႈစားရသည္ကိုႀကိဳက္ေသာလူတန္းစာတစ္ရပ္
အတြက္ေတာ့ နစ္နာမႈႀကီးပင္ျဖစ္သည္။

"အင္း..သူကအျမင္ရွိတယ္.."

သစ္မိုးအိမ္က ျပန္ေျဖလိုက္သည္။ သူမသည္
သခင္ေလး၏အျပဳအမူကိုျမင္သည္ႏွင့္ ခ်က္ခ်င္း
ပင္ေျပာလိုက္သည္။

"သခင္ေလးရဲ႕ ခ်စ္သူကအရမ္းေတာ္တာဘဲ.."

"ေက်းဇူးတင္ပါတယ္.."

သူမခန႔္မွန္းထားေသာအတိုင္းပင္ သခင္ေလးက
ၿပဳံးသြားသည္။ ထို႔ျပင္ သူမကိုပင္ေကာင္းမြန္စြာ
ေက်းဇူးတင္စကားေျပာသြားေသးသည္။ သူမ
တကယ္ပင္အံ့ဩသြားရသည္။ ဒီနာမည္ႀကီး
သခင္ေလး၏ ႏွလုံးသားကို ပိုင္စိုးနိုင္သူရွိသည္
ဘဲ။ထိုအမည္မသိေသာ သခင္ေလး၏ႏွလုံးသား
ကို ပိုင္စိုးနိုင္သူကိုတကယ္ပင္အားက်မိသည္။

နံပါတ္ငါးအိမ္ေတာ္၏ ပထမသခင္ေလးထြက္သြား
သည္အထိ ဆိုင္ရွင္အမ်ိဳးသမီး၏စိတ္ထဲ သူ၏..
ပုံရိပ္မွာတဝဲဝဲတလည္လည္ျဖစ္ေနေတာ့သည္။

သစ္မိုးအိမ္ ကားေနာက္ခန္းတြင္ဝင္ထိုင္လိုက္သည္
ႏွင့္ ေရွ႕ခန္းမွကားေမာင္းသူေကာင္ေလးကေမးလာ
သည္။

"သခင္ေလး အိမ္ျပန္ေတာ့မလားခင္ဗ်ာ.."

"မျပန္ေသးဘူး။ Jcity ကိုအရင္သြားမယ္"

"ဟုတ္ကဲ့ သခင္ေလး.."

ကားေမာင္းသူသည္ ဂ႐ုတစိုက္ျပန္ေျဖၿပီးသည္ႏွင့္
အနက္ေရာင္ကားေလးသည္ Jcity သို႔လ်င္ျမန္
ေသာအရွိန္ျဖင့္ ေမာင္းႏွင္ေနေလသည္။

သစ္မိုးအိမ္ Jcity မွအိမ္ေတာ္ျပန္ေရာက္ခ်ိန္တြင္
ညေနေစာင္းေနၿပီျဖစ္သည္။ အိမ္ေတာ္၏စင္ဝင္
ေအာက္တြင္ သစ္မိုးအိမ္ကားရပ္လိုက္သည္ႏွင့္..
ဦးေကာင္းကထြက္ကာ လာႀကိဳသည္။ သစ္မိုးအိမ္
သူဝယ္လာေသာ သစ္သီးမ်ားကို ဦးေကာင္းကို
ေပးလိုက္ရင္း မ်က္လုံးမ်ားကေတာ့ သူ၏ကေလး
ငယ္ကိုလိုက္ရွာေနေလသည္။ ဒါကိုသိေသာ
ဦးေကာင္းကေျပာလာသည္။

"႐ြက္စိမ္းေလးက သခင္ႀကီးအခန္းထဲမွာပါ..
သခင္ေလး။ ဂိမ္းတူတူကစားေနရင္းနဲ႕ အိပ္ခ်င္
တယ္ဆိုၿပီး ႏွစ္ေယာက္လုံးအေပၚတက္သြား
တာ ျပန္ဆင္းမလာေသးတာပါ။ ကြၽန္ေတာ့္..
အထင္အိပ္ေပ်ာ္ေနၾကၿပီထင္တယ္"

"ကြၽန္ေတာ္ သိၿပီ.. ဦးေကာင္းသစ္ေတာ္သီး
ကိုအရင္ခြဲၿပီး ေရခဲေသတၱာထဲထည့္ထားေပးပါ။
Clover က သစ္ေတာ္သီးစားခ်င္တယ္ေျပာထားလို႔.."

"ဟုတ္ကဲ့ သခင္ေလး.."

သစ္မိုးအိမ္အေပၚထပ္ကိုတက္လာလိုက္သည္။
သို႔ေသာ္ Daddy ဦးထက္ေနာင္၏အခန္းသို႔
ဦးတည္ေနျခင္းျဖစ္သည္။ သစ္မိုးအိမ္ အခန္းထဲ
ေရာက္ေတာ့ သားအဖအႀကီးအေသးတစ္စုံက..
ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသည္။

ပါးတစ္ဖက္ေအာက္တြင္ လက္ကေလးကို
ခုကာအိပ္ေနသည္အထိ တစ္ပုံစံတည္း..
အိပ္ေနေသာ သားအဖႏွစ္ေယာက္ေၾကာင့္
သစ္မိုးအိမ္ႏႈတ္ခမ္းတြင္အၿပဳံးတစ္ခုျဖစ္လာ
ရသည္။

႐ြက္စိမ္းအိပ္ေနေသာ ကုတင္တစ္ဖက္သို႔သြား
ကာ ဒူးတစ္ဖက္ေထာက္ေသာပုံစံျဖင့္ထိုင္လိုက္
ၿပီး ျမင္သာေနေသာပါးအိအိေလးတစ္ဖက္ကို
အသာငုံ႕နမ္းကာႏွာေခါင္းႏွစ္ျပစ္လိုက္သည္။

ၿပီးမွ Daddy ထက္ေနာင္ႏွင့္အတူၿခဳံထားေသာ
ၿခဳံေစာင္ေအာက္မွ႐ြက္စိမ္းကိုဆြဲထုတ္ကာ မနိုး
ရေအာင္ဂ႐ုတစိုက္ေပြ႕ယူလိုက္သည္။ သစ္မိုးအိမ္
ထြက္သြားေသာအခါ အခန္းထဲတြင္ေတာ့ သူ႕
ေဘာလုံးေလးဟုထင္ကာ သစ္မိုးအိမ္ အစားထိုး
ထားခဲ့ေသာ ဖက္လုံးတစ္လုံးကိုခပ္ဖြဖြပုတ္သိပ္
ေနေသာ Daddy ထက္ေနာင္သာက်န္ခဲ့ေတာ့
သည္။

"ကြၽတ္..ကြၽတ္..လိမၼာတယ္ Daddy
ေဘာလုံးေလး အိပ္အိပ္..~"

...........

(A/N-မတင္ေပးရင္ သရဲေျခာက္မယ္ဆိုလို႔..
တင္ေပးလိုက္ျပီေရာ သရဲေျခာက္ရဝူးေနာ္...
☹🙁..)

JM(210426)
Next>>>>

(Unicode)🍀🍀🍀🍀

Part-56
(ကိုယ်..ချစ်သော clover..!!..)

"သခင်ကြီး ရောက်ပါပြီ.."

ဒရိုင်ဘာ၏စကားဆုံး မိုင်း..မှေးမှိတ်ထားသော
မျက်လုံးများကိုဖွင့်လိုက်သည်။ မိုင်း.. ကားပေါ်
မှဆင်းလိုက်ကာ တစ်ထပ်တိုက်အိမ်ငယ်လေး
ကိုကြည့်ပြီးပြုံးလိုက်မိသည်။

မိုင်း ဒဏ်ရာကသက်သာစပြုလာသည်နှင့်....
ဒီနေရာလေးကိုချက်ချင်းပြန်လာခြင်းဖြစ်သည်။
အခုမိုင်းက ထူထဲသောကုတ်အကျႌရှည်တစ်ထည်
ကိုဝတ်ထားပြီး မျက်နှာအရောင်မှာအနည်းငယ်
ဖျော့တော့နေသေးသော်လည်း စိတ်သက်သာရ
သောအပြုံးတစ်ခုကိုချိတ်ဆွဲထားသည်။

မိုင်း..ဘေးတွင်ရပ်နေသော ဒရိုင်ဘာကိုပြော
လိုက်သည်။

"သွားလို့ရပြီ.."

"ဟုတ်ကဲ့ သခင်ကြီး"

ထိုသူသည်မိုင်းကို အရိုအသေပြုကာ ကားကို
မောင်းထွက်သွားပြီးသောအခါမှ မိုင်း ခြံဝန်း
တံခါးလေးကိုတွန်းဖွင့်ကာဝင်လာလိုက်သည်။

အိမ်တံခါးမကြီး၏ တံခါးလက်ကိုင်ကိုဆွဲကာ..
ဖွင့်လိုက်တော့ အလွယ်တကူဘဲပွင့်သွားသော
တံခါးကြောင့် မိုင်းမျက်မှောင်ကြုတ်လိုက်မိ
သည်။ အန္တရာယ်ကြားတွင်နေရသော မိုင်းက
တံခါးတိုင်းကိုလော့ချကာ သတိနှင့်နေတတ်သည်။
နိုင်းကတော့ဆန့်ကျင်ဘက်ဖြစ်ကာ တစ်ခါတစ်လေ
ညအိပ်ချိန်အိမ်တံခါးပိတ်ဖို့ပင်မေ့နေတတ်သည်။

အခုဝင်လာသောသူသည် မိုင်းမဟုတ်ဘဲ..
သူခိုးတစ်ယောက်သာဆိုပါက ချစ်လှစွာသော
နိုင်းတော့ ခွက်ကလေးတစ်လုံးဖြင့်နှစ်ပါးသွား
နေရလောက်ပြီဖြစ်သည်။

"နိုင်း တစ်ယောက်ကတော့လေ"

မိုင်း..တီးတိုးရေရွတ်ရင်း အိမ်ထဲသို့ဝင်လာလိုက်
သည်။ အိမ်ထဲတွင်တိတ်ဆိတ်နေပုံအရ နိုင်းတစ်
ယောက် ပန်းချီခန်းထဲရောက်နေပုံရသည်။ မိုင်း
ကုတ်အကျႌကိုချွတ်ကာ သစ်သားထောက်တိုင်စင်
တွင်ချိတ်လိုက်သည်။

မိုင်း၏ပထမဆုံး ဦးတည်ရာကမီးဖိုချောင်သို့ပင်။
ရေခဲသေတ္တာထဲတွင် ရေဗူးအနည်းငယ်မှလွဲ၍
ဗလာဖြစ်နေသည်။ မိုင်း ခေါင်းသာခါမိသည်..။

"ဒီကောင်လေး အကျင့်ပျက်နေလိုက်တာ.."

မိုင်း..ဖုန်းကိုထုတ်ကာ လိုအပ်သောပစ္စည်း
တစ်ချို့လာပို့ပေးရန်ပြောလိုက်သည်။ မိနစ်
အနည်းငယ်ကြာပြီးသောအခါ မိုင်းမှာထားသော
ပစ္စည်းများကိုလာပို့ပေးသောသူရောက်လာသည်။

ထိုသူက မိုင်းမှာသော ပစ္စည်းများနှင့်အတူ
ဆေးများထည့်ထားသော ငွေကြည်ရောင်
အိတ်လေးတစ်လုံးကိုပါပေးလာသည်။ မိုင်း
ထိုသူကိုအကြည့်လိုက်တော့ ထိုသူက
ပြန်ဖြေလာသည်။

"သခင်ကြီး သောက်ရမယ့်ဆေးတွေပါ
သောက်ရမယ့်အချိန်အတိအကျကို ဆေးထုတ်
တွေပေါ်မှာရေးပေးထားပါတယ်။ ဒီဆေးကတစ်ပတ်
စာပါ။ တစ်ပတ်ပြည့်တာနဲ့ ကျွန်တော်ဆေးအသစ်
လာပို့ပေးမှာပါ"

မိုင်း ဆေးထုတ်များပေါ်မှ ရင်းနှီးနေသည့်
လက်ရေးစောင်းစောင်းများကို တစ်ချက်ကြည့်
ကာ ဆေးထုတ်ကိုလှမ်းယူလိုက်သည်။

"ငါသိပြီ"

မိုင်း၏ ပြန်ဖြေသံကိုကြားသောအခါ ထိုသူ၏
မျက်နှာပေါ်တွင် သူ့တာဝန်ပြီးသွားသောကြောင့်
စိတ်သက်သာရာရသွားသော အမူအရာက..
ဖြတ်ခနဲပေါ်လာကာ ပြန်ပျောက်သွားသည်။
ထိုသူသည် မိုင်းကိုအရိုအသေပြုကာ ပြန်သွား
သောအခါ မိုင်းအထုတ်များနှင့်အတူ အိမ်ထဲဝင်
လာလိုက်သည်။

မိုင်း အိမ်ထဲပြန်ဝင်လာတော့ ရေသောက်ရန်
ပန်းချီခန်းထဲမှထွက်လာပုံရသော နိုင်းနှင့်တန်းတိုး
သည်။ တအံ့တဩဖြစ်နေသော နိုင်းကြောင့်
လက်ထဲမှအထုတ်များကိုမြှောက်ပြလိုက်ရင်း
ပြောလိုက်သည်။

"ဗိုက်ဆာနေပြီလား ခဏလေးဘဲစောင့် ငါမြန်မြန်
လေးချက်လိုက်မယ်.."

မိုင်း ငါးဟင်းနှင့်အသီးအရွက်ကြော်တစ်ချို့ကို
အမြန်လုပ်လိုက်သည်။ ဟင်းရည်ကိုပန်းကန်ထဲ
ထည့်နေရင်း အတော်တိတ်ဆိတ်နေသော နိုင်း
ကြောင့် စကားစလိုက်သည်။

"နိုင်း ငါ့ကိုစကားမပြောတော့ဘူးလား"

"မင်းနဲ့ငါနဲ့ သိလို့လား"

ခပ်အေးအေးနေတတ်သော နိုင်း၏ အသံအနေ
ထားက အခြေအနေတော့သိပ်မဟန်ချေ။
ညီအစ်ကိုချင်း ဖုံးကွယ်ထားစရာမလိုဟု ယူဆသော
နိုင်းက သူ့ကိုမချွင်းမချန်ပြောပြတတ်သလို သူ့ကို
လည်း ထိုသို့သာဖြစ်စေချင်ကြောင်း မိုင်းသိသည်။

နိုင်း၏ သဘောထားကိုသူအပြည့်အဝနားလည်
သော်လည်း သူကဘာကိုဖွင့်ဟရမည်နည်း..။

သူဖြတ်သန်းခဲ့ရသည့် ငယ်ဘဝသည် ပြောပြချင်
စရာမကောင်းသလို လူပေါင်းများစွာသတ်ဖူးသော
သွေးစွန်းလက်များအကြောင်းလည်းပြောပြ၍မရချေ။
သူအခုလုပ်နေသော အစီအစဉ်များနှင့်ပတ်သတ်၍
လည်း ဝန်ခံရန်ခက်ခဲနေသည်။

သူ့အစီအစဉ်က နိုင်းနှင့်နှစ်ပေါင်းများစွာ
အတူနေခဲ့ပြီး နိုင်းကိုယ်တိုင်တိုင်က မိသားစုဟု
သတ်မှတ်ထားသော အသိုက်အမြုံကိုဖျက်စီး
ရန်ဖြစ်သည်။ ပြီးတော့ နိုင်း တန်ဖိုးထားရတဲ့..
သူ့တူလေး..။

နိုင်းမျက်နှာကိုသုံးကာ လှည်းစားထားသော
အကြောင်းများကိုသာသိသွားပါက နိုင်း..မိုင်းကို
မုန်းကာနာကျဉ်းသွားမည်မှာသေချာသည်..။

မိုင်း..အမုန်းတရားများကိုစွန့်လွှတ်ရန်အကြိမ်
ပေါင်းများစွာကြိုးစားဖူးသည်။ အကြိမ်တိုင်း
ဆုံးပါးသွားသောမိဘနှစ်ပါး၏မျက်နှာကိုမြင်
ယောင်ပြီး အကြိမ်အကြိမ်ကျရှုံးခဲ့သည်။

မိုင်း..သစ်မိုးအိမ်ကိုမသတ်ရခြင်း၏အကြောင်းရင်း
များထဲတွင် နိုင်းကြောင့်လည်းပါသည်။ နိုင်းကသူ့
အကြောင်းကိုသိချင်သော်လည်းပြောပြရန်မှာ...
မဖြစ်နိုင်သောကြောင့် နိုင်းအတွက်ပုံပြင်လေးတစ်ခု
ဖန်တီးပေးရန်လုပ်လိုက်သည်။

အနည်းဆုံးတော့ ထိုပုံပြင်လေးက စက်ဆုပ်ဖွယ်
ကောင်းနေမည်မဟုတ်ပေ။ မိုင်းနှုတ်ခမ်းထက်တွင်
အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်ရင်းပုံပြင်လေးတစ်ပုဒ်ကို
ပြောရန်အစပြုလိုက်သည်။

သူကနည်းနည်းတော့ ရွံစရာကောင်းတယ်
ထင်တယ်။နိုင်းက သူ့ကိုအမြဲတမ်းစိတ်ရင်းနဲ့
ဆက်ဆံခဲ့ပေမယ့်..သူကတော့ နိုင်းကိုပြန်ပေး
နိုင်တာ အတုအယောင်ပုံပြင်တွေဘဲရှိတယ်။
ဒါပေမယ့်သူနောင်တမရပါဘူး။အရူးတစ်ယောက်
ဖြစ်တဲ့သူက ပုံပြင်ပြောရတာ သိပ်ကြိုက်တယ်လေ။

"ငါက ရတနာပစ္စည်းတွေအရောင်းအဝယ်လုပ်တာ။
တောင်ပိုင်းမှာ ကျောက်တွင်းတစ်ချို့ဝယ်ထားတယ်။
ငါခရီးခဏခဏထွက်နေတာက ကျောက်တွင်းကို
သွားစစ်ဆေးတာလေ။ ဒီတစ်ခေါက်က စီးပွားပြိုင်
ဘက်တစ်ချို့နဲ့ ပြသနာနည်းနည်းဖြစ်သွားလို့ပါ.."

"ဒါဆို ဟိုညကမင်းကိုလာခေါ်သွားတဲ့သူကရော"

"သူ့နာမည်က ယဇ်။ ငါ့ညာလက်ရုံးလို့လဲပြောလို့
ရတယ်။ ငါ့အလုပ်တော်တော်များကို သူဘဲဦးစီး
ပေးနေတာ။ ပြီးတော့ သူကအစိုးရိမ်လွန်တတ်
လို့ပါ။ " တစ်ခါလိမ်တုန်းက ခက်ခဲခဲ့သော်လည်း
အကြိမ်ရေများလာသောအခါ ဟန်မပျက်လွယ်ကူ
လာသည်။

"မင်းတို့အလုပ်က သေနတ်ကိုင်ရတဲ့အထိ
အန္တရာယ်များတာလား မိုင်း..။ ငါမင်းကိုသွေးတွေ
နဲ့မြင်ရတာ ငါ့ကိုအတော်ထိတ်လန့်စေတယ်..  "
နိုင်း စိုးရိမ်စွာပြောမိတော့သည်။

"မဟုတ်ပါဘူး နိုင်းရာ။ သေနတ်ကလည်း
လိုင်စင်နဲ့လေ လိုရမယ်ရဆောင်ထားတဲ့သဘောပါ။
ဒီတစ်ခေါက်က နည်းနည်းသတိလွတ်သွားလို့ဖြစ်
သွားတာ။ ငါကတိပေးပါတယ် ပိုသတိထားပါ့မယ်။
အခုတော့ ထမင်းစားရအောင် ဟင်းရည်ကအေး
သွားရင် စားလို့မကောင်းတော့ဘူး"

မိုင်း ငါးဟင်းနှင့်အရွက်ကြော်တစ်ချို့ကို နိုင်း
ပန်းကန်ထဲထည့်ပေးလိုက်ရင်းပြောလိုက်သည်။
သို့သော် နိုင်းကတော့ အစားအစာဆီစိတ်မရောက်
နိုင်သေး။

မေးခွန်းပေါင်းများစွာ ဆီကိုသာ
စိတ်ရောက်နေမိသည်။ဘာကိုစိုးရိမ်နေမိမှန်း..
နိုင်း..ကိုယ့်ကိုယ်ကိုယ်ပင်နားမလည်နိုင်တော့..။

နိုင်း ဇွန်းခရင်းကိုကောက်ကိုင်လိုက်သော်လည်း
စားသောက်ခြင်းတော့ မပြုသေးဘဲ မိုင်းကိုကြည့်ကာ
ထပ်မေးလိုက်သည်။

"သူပြောတာက မင်းဒဏ်ရာရတဲ့အကြောင်း
သိချင်ရင် တူလေးသစ်မိုးကိုသွားမေးတဲ့..။
မင်းဒဏ်ရာက တူလေးသစ်မိုးနဲ့ပတ်သတ်နေ
တာလား မိုင်း..။ တကယ်ဘဲ တူလေးသစ်မိုး
က မင်းကိုဒဏ်ရာရစေတဲ့သူလား..."

ယဇ်ဆိုသော မိုင်း၏ညာလက်ရုံးပြောသော
စကားကို နိုင်းစိတ်ထဲအတော်ကြာစိုးမိုးနေခြင်း
ဖြစ်ပြီး။ စိတ်ထဲမတင်မကျဖြစ်ကာ အတော်ပင်
ကသိကအောက်နိုင်လှသည်။

နိုင်း၏အမေးကြောင့် မိုင်းအမူအရာမှာတစ်ခဏ
ရပ်တန့်သွားသော်လည်း ချက်ချင်းပင်မူလအတိုင်း
ပြန်ဖြစ်သွားသည်။ နိုင်း၏ ရေခွက်ကိုရေဖြည့်ပေး
ရင်း ခပ်အေးအေးပင်ပြန်ဖြေလာသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါတို့ကတစ်ခါမှ
မဆုံဖူးဘူးလေ.."

"ဒါပေမယ့် မင်းညာလက်လက်ရုံးက.."

"မင်းအတွေးလွန်နေပြီ"

မိုင်း ပုံမှန်အတိုင်းပင်ပြောလိုက်ရင်း ငါးဟင်းကို
ကြည့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဒီငါးကအရိုးရှင်းတယ် အရသာမြည်းကြည့်လိုက်
သူကပုံမှန်ငါးတွေထက်ချိုပြီး အသားကပိုနူးညံ့
တယ်။ ဒါ Kနိုင်ငံကမှာထားတာ"

ငါးစားရသည်ကိုကြိုက်သော နိုင်းကြောင့် Kနိုင်ငံ
မှတကူးတကမှာထားပေးခြင်းဖြစ်သည်။ ပင်လယ်ငါး
ဖြစ်သော်လည်း ရေချိုငါးများထက်ပင်ချိုသည်က
ထိုငါး၏ထူးခြားချက်လည်းဖြစ်သည်။

နိုင်းက ရိုးရှင်းကာအယုံလွယ်သောသူဖြစ်သော
ကြောင့် သူ့အာရုံတစ်ခုလုံးသည် ငါးဟင်းဆီသို့
ပြောင်းသွားတော့သည်။ သူရှင်းပြမှုများကို နိုင်း
ကလုံလောက်ပြီဟု ယူဆသွားတာလည်းဖြစ်နိုင်
သည်။

နိုင်း ငါးအရသာကိုမြည်းကြည့်တော့ မိုင်းပြော
သည့်အတိုင်းပင် အတော်ပင်ကောင်းမွန်လှသည်။

"စားကောင်းတယ်.." နိုင်း ငါးဟင်းထပ်ဖဲ့ကာ..
စားလိုက်ရင်း မိုင်းကိုပြောလိုက်သည်။

"ငါတွေးမိတာ မင်းတူလေးသစ်မိုးနဲ့တစ်ခါမှ
မဆုံဖူးဘူးမလား။ ငါတို့တစ်ရက်လောက် ညစာ
တူတူစားကြရင် မကောင်းဘူးလား။ မင်းက
ငါ့မိသားစုဝင်ဖြစ်သလို တူလေးသစ်မိုးကလည်း
မိသားစုဝင်ဘဲလေ။ ငါမင်းတို့ကို ရင်းနှီးစေချင်
တယ်"

နိုင်းက သေချာတွေးတောပြီး ထပ်မံဖြည့်စွက်လိုက်
သည်။

"ပြီးတော့ ငါ့မှာအမွှာအစ်ကိုရှိတယ်လို့
တူလေးသစ်မိုး ကိုမပြောပြရသေးဘူး။ တူလေး
သစ်မိုးတော့ အံ့ဩသွားမှာ ကျိန်းသေတယ်။
မင်းရော ဘယ်လိုထင်လဲ မိုင်း.."

တက်ကြွစွာပြောနေသော နိုင်းက ထမင်းဆက်
စားနေရင်း မိုင်းအဖြေကိုစောင့်နေသည်။

"အင်း.. သိပ်အံ့ဩသွားလောက်တယ်" မိုင်း
အသံကညင်သာသည်။ နှုတ်ခမ်းတွင် အပြုံး
တစ်ခုကိုချိတ်ဆွဲထားသော်လည်း မျက်လုံးများ
တွင်တော့ဘာမှန်းမသိသော အရိပ်ယောင်တစ်ချို့
ကရောယှက်နေသည်။

ကြည့်ရတာ ဒီတစ်ခါတော့ရှောင်လွှဲလို့မရတော့ဘူး
ထင်ပါရဲ့။ ကောင်းပြီလေ.. တစ်ခါလောက်မျက်နှာ
ချင်းဆိုင်ပြီး ဆုံကြသေးတာပေါ့....။

........

ဦးထက်နောင် အလုပ်မှပြန်လာချိန်တွင်တွေ့လိုက်
ရသော ရွက်စိမ်း၏ပုံစံကြောင့်မျက်ခုံးပင့်သွားရသည်။
ကတုံးဖြူဖြူလေးဖြင့်ရွက်စိမ်းက ဦးထက်နောင်
ခေါ်နေကျ ဘောလုံးလေးနှင့်ပိုတူနေသည်။

ရွက်စိမ်းဆေးရုံမဆင်းခင်ထဲက တစ်အိမ်လုံးမှ
မှန်များနှင့်ရွက်စိမ်းနေ့စဉ်အခါတစ်သောင်းလောက်
ကြည့်တတ်သော သူ့အိပ်ခန်းအတွင်းမှမှန်ကြီးကိုပါ..ဦးကောင်းနှင့်ပေါင်းကာ တက်ညီလက်ညီ
လက်စဖျောက်ထားခြင်းဖြစ်သည်။

အခုတော့ ပါးနှစ်ဖက်တွင်ပါးချိုင့်များထင်းအောင်
ပြုံးကာ ခေါင်းပြောင်ပြောင်လေးနှင့်အိမ်တွင်း
လျှောက်ပြေးနေပုံအရ ပြသနာအရင်းမြစ်ကို
သားကြီးတစ်ယောက် ကိုင်တွယ်ဖြေရှင်းပြီးပုံပင်။

ဦးထက်နောင် စိတ်သက်သာရာရစွာ သက်ပြင်းချ
လိုက်မိသည်။ သူသာဆိုခြေမကိုင်မိလက်မကိုင်မိ
ဖြစ်မှာကျိန်းသေသည်လေ။

ဦးထက်နောင် ရွက်စိမ်း၏ပါးလေးနှစ်ဖက်ကိုအနည်း
ငယ်ဆွဲဖျစ်လိုက်သည်။ ဦးထက်နောင် ပါးဆွဲရာနောက်
ကိုမျက်နှာလေးမော့ကာ အလိုက်သင့်လေးလိုက်လာ
သော ရွက်စိမ်း၏မျက်လုံးဝိုင်းများကတော့
ဦးထက်နောင်လက်ထဲက မုန့်ထုတ်ဆီတွင်သာရှိ
သည်။

ဦးထက်နောင်သည် ထိုအရာကိုသိသော်လည်း
သူ၏ဘောလုံးလေး၏ပါးကို အားရအောင်ဖျစ်ညစ်
ပြီးသောအခါမှသာ ဝယ်လာသော မုန့်များကိုပေး
လိုက်သည်။ မုန့်မျက်နှာကြောင့်ထင် သူ့ပါးလေး
ကိုလက်လေးနှင့်ပွတ်နေသော်လည်း ဘာမှတော့
မပြောချေ..။

"သားကြီးကိုမတွေ့ပါလား.. ပုံမှန်ဆိုသူ့ညီလေး
အနားကပ်မှာခွာမရအောင်ကပ်နေကျမဟုတ်ဘူး
လား။ ဦးကောင်း.. သားကြီးရော.."ဦးထက်နောင်
ဦးကောင်းကိုမေးလိုက်သည်။

ဦးထက်နောင်..မေးလည်းမေးချင်စရာပင်။
ဦးထက်နောင်၏ ကပ်လွန်းသော သားနှစ်ယောက်က အီကြာကွေးလိုပင်။ တစ်ခါတစ်လေ သူကိုယ်တိုင်ပင် အမြင်ကတ်ရသည်အထိပင်။

ထိုနှစ်ယောက် အီကြာကွေးလိုပူးကပ်နေချိန်တိုင်း
ဦးထက်နောင်ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေ
သောမီးဖိုထဲမှ အဖော်မဲ့နံပြားချပ်ကြီးလိုခံစားရမြဲ
ဖြစ်သည်။

ဒီနေ့တော့ သားကြီးကိုမတွေ့သောကြောင့်
အထူးအဆန်းပင်။ သူ့အမေးကို ဦးကောင်းပြန်
ဖြေမလာခင်မှာပင် ရွက်စိမ်းကပြန်ဖြေလာသည်။

"ကိုကိုက starland ကိုသွားတာ Daddy"

"Starland?.." ခေါင်းငြိမ့်ပြလာသောရွက်စိမ်း
ကြောင့် သူအံ့ဩရပြန်သည်။ သားကြီးက Starland
ကိုသွားသည်တဲ့လား။ Starland က သူတို့Yမြို့တော်၏ နာမည်ကြီးသော
beauty spa တစ်ခုဖြစ်သည်။

"ဆံပင်ညှပ်ဖို့များလား..?.."

ဦးထက်နောင် ပြောလိုက်တော့ပုံပြင်ထဲက..
ယုန်ပညာရှိလိုခေါင်းခါပြလာသော ရွက်စိမ်း..။
ဦးထက်နောင် ဝယ်လာသောမုန့်များကိုမျက်လုံးရွဲ
ကြီးဖြင့်ကြည့်နေခြင်းအားရပ်ကာပြောလာသည်။

"ကိုကိုကလေ ဒီနေရာမှာအမဲရောင်တွေဖြစ်နေ
လို့..အဲ့တာတွေပျောက်သွားအောင်သွားလုပ်တာ
Daddy.."

သူ၏မျက်လုံးဝိုင်းကြီးများ၏အောက်ဘက်ကို
လက်ညိုးလေးဖြင့်တို့ထိကာ ညွှန်ပြလာရင်းပြော
လာသည်။ နို့အေးတစ်ဗူးကိုဖောက်ကာ ပိုက်တပ်ပြီး
စုပ်သောက်နေသည်မှာ အသက်ပင်ရှူရဲ့လားပင်မသိ
..။ ပြီးမှဆက်ပြောလာသည်။

"Daddy အဲ့ဒီကိုကို့မျက်လုံးအောက်နားက
အမဲရောင်တွေကလေ ဘာဖြစ်တာလဲဟင်"

ထို့နောက် ဦးထက်နောင်မျက်နှာနားကပ်ကာ
ကြည့်ရင်းထပ်ပြောလာသည်။

"အယ်..Daddy ဆီမှာလည်းရှိတယ်ရော..
လေးလေးမိုးဝေ ကြည့်ကြည့်.."

ဘေးကမိုးဝေကို အဖော်စပ်ကာလှမ်းပြောလိုက်
သေးသည်။ မိုးဝေကလည်း သူ့ရွှေကိုင်းမျက်မှန်
ကို ပင့်တင်ကာ ဦးထက်နောင်မျက်နှာကို ကြည့်
လာသည်။ တစ်ယောက်၏မျက်လုံးအကြီးကြီးများ
က ဦးထက်နောင်မျက်နှာကိုပြေးကပ်မတတ်ဖြစ်
ပြီး ကျန်တစ်ယောက်က အလင်းပြန်နေသော..
ရွှေကိုင်းမျက်မှန်အောက်ကမျက်လုံးများကို မှေး
ကျဉ်းကာ Scan ဖတ်သလိုကြည့်နေသည်။

ကာယကံရှင် ဦးထက်နောင်ပင် လန့်ဖြန့်ကာ..
နောက်ကိုခြေတစ်လှမ်းဆုတ်၍ မျက်နှာကိုပင်
ယောင်ယမ်းကာပြန်စမ်းလိုက်မိသည်။

မိုးဝေက သူ့ရွှေကိုင်းမျက်မှန်ကို ထပ်ကာပင့်တင်
လိုက်ပြီး ရွက်စိမ်းကိုပြောလာသည်။

"လူတွေအသက်ကြီးလာတဲ့အခါ အရေပြားဆဲလ်
တွေက အသက်အရွယ်နဲ့အတူပျက်စီးလာကြတယ်။
ပြောရရင် အိုမင်းခြင်းရဲ့လက္ခဏာပါ..။ Boss ရဲ့
အသက်အရွယ်အရဆိုရင် ဒါပုံမှန်ပါဘဲ..
ရွက်စိမ်းလေး"

"ဒါဆို ကိုကိုကရော.."

"သခင်လေးသစ်မိုးအိမ်က အလုပ်ပင်ပန်းပြီး
အိပ်ချိန်နည်းလို့ဖြစ်တာပါ..။ လုံလောက်အောင် အနားယူလိုက်ရင်..
အဆင်ပြေသွားပါလိမ့်မယ်.."

မိုးဝေ၏မှန်သောစကားသည် ဦးထက်နောင်၏
နှလုံးသားတစ်စုံကို အရှိန်ပြင်းစွာထိမှန်သွားသော
ကြောင့် ဦးထက်နောင် မျက်နှာကြီးမည်းသွားရ
သည်။ မှန်တာပြောရင် ရွာပြင်ထွက်ရတာ
ဒင်းမသိလေလျော့သလား..!!.။

အောက်လျောမကျတဲ့ သောက်မျက်မှန်ကိုပင့်တင်
လိုက်ကတည်းက သောက်ကျိုးနည်းစကားတွေ
ပြောတော့မယ် ဆိုတာအာရုံရပြီးသားကွ ဟုတ်ပြီ လား !!..

အသက်အရွယ်အရ..?..ပုံ..ပုံမှန် !!..။
မင်းဖေဖေကြီးဘဲ အသက်ကြီးလိုက်..မင်းတို့
တစ်မျိုးလုံးဘဲ အသက်ကြီးလိုက်..ငါကအခုမှ
ချောတုန်း ခန့်တုန်းကွ...!!..။

ဦးထက်နောင်၏ ရင်တွင်းစကားများသည်မြစ်
ရေများအရှိန်ပြင်းစွာစီးဆင်းနေသလိုပင်ဖြစ်သည်။

ဦးထက်နောင် ခံစားချက်အပြည့်ပါသောအကြည့်
များဖြင့် မိုးဝေကိုကြည့်လိုက်သည်။ သို့သော်..
ရွှေကိုင်းမျက်မှန်ကို တစ်ချက်ပင့်တင်ကာ ပြန်ကြည့်
လာသော မိုးဝေ..။ အကြည့်များတွင်တော့ "အမှန်
တရားကို ချစ်မြတ်နိုးသည့်ငနဲ" ဟူသော စာတန်းက
အထင်းသားဖြစ်သည်။

ဦးထက်နောင် တိတ်တဆိတ်နှာခေါင်းရှုံ့ကာ..
မျက်နှာလွှဲလိုက်သည်။ ဦးထက်နောင် အသက်
အရွယ်အပိုင်းအခြားများအကြောင်းကို ရည်ရွယ်ချက်ရှိရှိ..
မကြားသလိုပြုကာ အဓိကအကြောင်းကို အာရုံစိုက်
လိုက်သည်။

"နောက်ဆုံးတော့ သားကြီးလည်းသူ့အသွင်အပြင်
ကိုစိတ်ဝင်စားလာပြီဘဲ.."

ကျိန်းသေသည်။ သူသဘောကျနေတဲ့သူတွေ့နေခြင်း
ဖြစ်မည်။ သားကြီးလိုရေခဲတုံးတွင်လည်းဒီလိုနေ့မျိုး
ရှိလာမည်ဟုဦးထက်နောင်ထင်မထားခဲ့မိပေ..။

"သူ့ကောင်မလေးရှေ့မှာ ကြည့်ကောင်းချင်နေတာ
ဘဲဖြစ်ရမယ်..."

ရေရွတ်သလိုမှတ်ချက်ပြုလိုက်ခြင်းဖြစ်သောကြောင့်
ပူတင်ဗူးကိုဖွင့်နေသော ရွက်စိမ်းကမကြားလိုက်ပေ။

သားကြီးအတွက် စိတ်အေးရပေပြီ။ သားငယ်
ဘောလုံး လေးကိုလည်း သားကြီးလိုစိတ်အေး
ချင်သည်။ တစ်ချိန်တော့ သားကြီးနှင့်တိုင်ပင်ကာ
ဘောလုံးရွက်စိမ်းအတွက် သင့်တော်သော
တစ်ဘဝစာအဖော်မွန်ကိုရှာပေးဦးမည်ဟု
တေးမှတ်ထားလိုက်သည်။

"လာပါဦး daddy ဘောလုံးလေးကိုချီပါရစေဦး"

ဦးထက်နောင် ရွက်စိမ်းကိုချီလိုက်သည်။ ရွက်စိမ်း
က ၁၃နှစ်ကျော်ပြီး ၁၄နှစ်ထဲဝင်လာပြီဖြစ်သော်
လည်း ဦးထက်နောင်ကတော့ ချီပိုးရသည်ကို
သဘောကျနေတုန်းပင်ဖြစ်သည်။

"သခင်ကြီး ကျွန်တော်..ချိုးရေပြင်ပေးရမလား"

"ရတယ် ဦးကောင်း ကျွန်တော့်ဘာသာဘဲလုပ်
လိုက်မယ်" ဦးထက်နောင် နောက်တွင်ရပ်နေသော
မိုးဝေကိုလှည့်ကာပြောလိုက်သည်။

"မိုးဝေ ထမင်းစားပြီးမှပြန်" နေ့လည်ခင်းထဲက
စောစောပြန်ခိုင်းသော်လည်း အလုပ်ကိစ္စတစ်ခု
ပေါ်လာသောကြောင့် မိုးဝေကအိမ်မပြန်လိုက်ရ
ပေ။ တစ်ဆက်ထဲတွင်ဘဲ ဦးကောင်းကိုပြောလိုက်
သည်။

"ဦးကောင်း ထမင်းပွဲပြင်ထားပေးပါ။ ကျွန်တော်
ရေချိုးပြီးတာနဲ့ ပြန်ဆင်းလာခဲ့မယ်..။ Daddy
ဘောလုံးလေးရော ရေချိုးပြီးပြီလား"

"ချိုးရသေးဘူး ဟီးဟီး..။ ကိုကိုကပြန်လာမှ
တူတူချိုးမယ်ပြောလို့.."

"မရပါဘူး ဒီနေ့တော့ Daddy နဲ့တူတူချိုးကြ
မယ်..သားကြီးကိုတော့ တစ်ယောက်ထဲချိုးခိုင်း
လိုက် ...ဟုတ်ပြီလား.."

"ဟုတ်ကဲ့ Daddy...ဟီးဟီး.."

သားအဖအကြီးအသေးတစ်စုံသည် ပုံစံတူညီစွာပင်
ရီလိုက်ကြသည်။ ဦးထက်နောင် ရွက်စိမ်းကိုပွေ့ချီ
ထားရင်းပင် အပေါ်ထပ်သို့တက်လာလိုက်သည်။
ရီမောကျီဆယ်ကာအပေါ်တက်သွားသော သားအဖ
နှစ်ယောက်ကြောင့် ဦးကောင်းရောမိုးဝေပါ ပြုံးလိုက်
မိသည်။ ဦးကောင်းပြောလိုက်သည်။

"မောင်မိုးဝေ ဧည့်ခန်းမှာ နားနေပါ။ ကျွန်တော်
အအေးစီစဉ်ပေးပါ့မယ်"

"ရတယ် ဦးကောင်း ထမင်းပြင်မှာမလား..
ကျွန်တော်ဝိုင်းကူပေးမယ်.." မိုးဝေနှင့်က လူရင်း
များဖြစ်သောကြောင့် ဦးကောင်းငြင်းမနေတော့ဘဲ
ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။

.........

သစ်မိုးအိမ် မှန်ထဲတွင်ပေါ်နေသော ကိုယ်တိုင်၏
ပုံရိပ်ကိုတစ်ချက်ကြည့်လိုက်သည်။ သစ်မိုးအိမ်၏
မျက်နှာအသားအရောင်မှာ ပိုကာတောက်ပြောင်နေ
ပြီး လက်တလောအလုပ်များသောဒဏ်ကြောင့်ရ
သော..မျက်လုံးအောက်မှအနက်ရောင် စက်ဝန်းများ
လည်း မရှိတော့ပေ..။

တစ်လက်စတည်း အနက်ရောင်ဆံပင်များကို...
မီးခိုးဖျော့ရောင်သို့ပြောင်းလိုက်သည်။ သစ်မိုးအိမ်
၏ ပုံစံသစ်က သူ၏ခက်ထန်သောအမူအရာကိုေ
လျာ့ကျစေပြီး ပုံပြင်ထဲကနူးညံ့သောမင်းသားလေး
ဖြစ်သွားစေသည်။

အနက်ရောင်ဆံပင်များဖြင့်သစ်မိုးအိမ်က ရင့်ကျက်
တည်ငြိမ်သော.ပုံစံရှိသလို အခုလိုဆံပင်အရောင်
ပြောင်းလိုက်သောအခါတွင် သစ်မိုးအိမ်က နုပျို
လတ်ဆတ်သောခံစားချက်ကိုပေးစွမ်းနေပြန်သည်။

ကျယ်ပြန့်သောပုခုံး..ခါးရှည်ရှည်နှင့် 190cm
ခန့်ရှိသော အရပ်ရှိသည့် သစ်မိုးအိမ်က ..
ကောင်မလေးများ၏ စိတ်ကူးယဉ်ချစ်သူကောင်လေး
ပုံစံဖြစ်သည်။

သို့သော် ဘေးတွင်ထွက်နေသော အရှိန်အဝါ
များကြောင့် ထိုသူသည်အခြားသူများနှင့်စည်းခြား
ထားသော သူအဖြစ်ရှိနေတုန်းပင်ဖြစ်သည်။

ဆိုင်အတွင်းမှ ကောင်မလေးတစ်ချို့သည် နီမြန်း
သောမျက်နှာလေးများဖြင့်သစ်မိုးအိမ်ကို ကြည့်နေ
ကြသည်။ သို့သော် ကာယကံရှင်ကတော့
starland ပိုင်ရှင်ဖြစ်သော အလှဖန်တီးရှင်
အမျိုးသမီးအကြံပြုပေးသည့် ညလိမ်းခရင်များ
အကြောင်းကိုသာ သေချာနားထောင်နေသည်။

လေးလေးနက်နက်အာရုံစိုက်ထားသော သစ်မိုးအိမ်
၏ ပုံစံမှာဆွဲဆောင်နိုင်လွန်းသောကြောင့် နာမည်ကြီး
အနုပညာရှင်များစွာကိုပြင်ဆင်ပေးခဲ့သောကြောင့်...
အတွေ့ကြုံရှိသည့် အလှဖန်တီးရှင်အမျိုးသမီးသည်
ပင် သူမနှလုံးသားလေးတင်းကြပ်သွားရသည်။ သူမ
သည် စိတ်ခံစားချက်များကိုကောင်းစွာ ထိန်းချုပ်နိုင်
သူဖြစ်သောကြောင့် မျက်နှာတွင်တော့မည်သည့်..
အမူအရာမှမပေါ်ပေ..။

"ကျေဇူးတင်ပါတယ်.."

"ရပါတယ်ရှင်.."

နံပါတ်၅အိမ်တော်၏ နာမည်ကျော်ကြားသော
သခင်လေး၏ ကျေဇူးတင်စကားကြောင့်..
အလျင်အမြန်ပင် တုန့်ပြန်စကားပြန်ပြောလိုက်
သည်။

သစ်မိုးအိမ်၏ ကြည့်ကောင်းသော နဖူးပြင်
ပြေပြေပေါ်သို့..မီးခိုးဖျော့ရောင်ဆံပင်တစ်ချို့
ကျဆင်းနေပုံက ရှိုးပွဲတစ်ခုကိုလျှောက်ခါနီး
မော်ဒယ်ကောင်လေးလိုပင်။ မဟုတ်ဘူး..
သူက ဝါရင့်မော်ဒယ်ကြီးတွေလို ပြီးပြည့်စုံလွန်း
တာဖြစ်သည်။ သူမတစ်သက်တာတွင် နာမည်ကြီး
အနုပညာရှင်များစွာကို ပြင်ဆင်ပေးခဲ့ရသော်လည်း
သူမမျက်စိရှေ့မှ ထိုသူလောက်တော့ ညို့အားပြင်း
မနေကြ..။

ဒါကလည်းအထူးအဆန်းတော့ မဟုတ်ပေ။
ဒီအမျိုးသားဘေးမှအရှိန်အဝါများက သာမန်မှ
မဟုတ်သောကြောင့် နူးညံ့လှပသော အနုပညာ
ရှင်လေးများနှင့်တော့ ပုံစံမတူသည်မှာပုံမှန်ပင်။

"ဒီပုံစံက သခင်လေးနဲ့အရမ်းလိုက်ဖက်တာဘဲ..
တကယ်ကိုအမြင်ရှိတယ်.." သူမမနေနိုင်ဘဲ
ချီးကျူးမိတော့သည်။သူသာဖျော်ဖြေရေးလောက
သို့ဝင်လိုက်ပါက အလွန်အောင်မြင်မှာသေချာပြီး
အလှတရားကိုရှုစားရသည်ကိုသဘောကျသော
လူတန်းစားတစ်ရပ်အတွက်တော့နိဗ္ဗာန်ပင်ဖြစ်
လိမ့်မည်။

သို့သော်သခင်လေးကတော့ ထိုသိုမလုပ်မည်မှာ
သေချာသည်။ ဆိုင်ရှင်အမျိုးသမီးသည် သူမ
ကိုယ်တိုင်ပါဝင်သောအလှအပကိုသဘောကျ
သည့်လူတန်းစားတစ်ရပ်၏နစ်နာမှုအတွက်
အလွန်ကြေကွဲသွားရသည်။

သို့သော်ကျိန်းသေပေါက်ပင် သခင်လေးကတော့
ထိုသို့လုပ်မည်မဟုတ်ပေ..။ ဒါကအလှအပကို
ရှုစားရသည်ကိုကြိုက်သောလူတန်းစာတစ်ရပ်
အတွက်တော့ နစ်နာမှုကြီးပင်ဖြစ်သည်။

"အင်း..သူကအမြင်ရှိတယ်.."

သစ်မိုးအိမ်က ပြန်ဖြေလိုက်သည်။ သူမသည်
သခင်လေး၏အပြုအမူကိုမြင်သည်နှင့် ချက်ချင်း
ပင်ပြောလိုက်သည်။

"သခင်လေးရဲ့ ချစ်သူကအရမ်းတော်တာဘဲ.."

"ကျေးဇူးတင်ပါတယ်.."

သူမခန့်မှန်းထားသောအတိုင်းပင် သခင်လေးက
ပြုံးသွားသည်။ ထို့ပြင် သူမကိုပင်ကောင်းမွန်စွာ
ကျေးဇူးတင်စကားပြောသွားသေးသည်။ သူမ
တကယ်ပင်အံ့ဩသွားရသည်။ ဒီနာမည်ကြီး
သခင်လေး၏ နှလုံးသားကို ပိုင်စိုးနိုင်သူရှိသည်
ဘဲ။ထိုအမည်မသိသော သခင်လေး၏နှလုံးသား
ကို ပိုင်စိုးနိုင်သူကိုတကယ်ပင်အားကျမိသည်။

နံပါတ်ငါးအိမ်တော်၏ ပထမသခင်လေးထွက်သွား
သည်အထိ ဆိုင်ရှင်အမျိုးသမီး၏စိတ်ထဲ သူ၏..
ပုံရိပ်မှာတဝဲဝဲတလည်လည်ဖြစ်နေတော့သည်။

သစ်မိုးအိမ် ကားနောက်ခန်းတွင်ဝင်ထိုင်လိုက်သည်
နှင့် ရှေ့ခန်းမှကားမောင်းသူကောင်လေးကမေးလာ
သည်။

"သခင်လေး အိမ်ပြန်တော့မလားခင်ဗျာ.."

"မပြန်သေးဘူး။ Jcity ကိုအရင်သွားမယ်"

"ဟုတ်ကဲ့ သခင်လေး.."

ကားမောင်းသူသည် ဂရုတစိုက်ပြန်ဖြေပြီးသည်နှင့်
အနက်ရောင်ကားလေးသည် Jcity သို့လျင်မြန်
သောအရှိန်ဖြင့် မောင်းနှင်နေလေသည်။

သစ်မိုးအိမ် Jcity မှအိမ်တော်ပြန်ရောက်ချိန်တွင်
ညနေစောင်းနေပြီဖြစ်သည်။ အိမ်တော်၏စင်ဝင်
အောက်တွင် သစ်မိုးအိမ်ကားရပ်လိုက်သည်နှင့်..
ဦးကောင်းကထွက်ကာ လာကြိုသည်။ သစ်မိုးအိမ်
သူဝယ်လာသော သစ်သီးများကို ဦးကောင်းကို
ပေးလိုက်ရင်း မျက်လုံးများကတော့ သူ၏ကလေး
ငယ်ကိုလိုက်ရှာနေလေသည်။ ဒါကိုသိသော
ဦးကောင်းကပြောလာသည်။

"ရွက်စိမ်းလေးက သခင်ကြီးအခန်းထဲမှာပါ..
သခင်လေး။ ဂိမ်းတူတူကစားနေရင်းနဲ့ အိပ်ချင်
တယ်ဆိုပြီး နှစ်ယောက်လုံးအပေါ်တက်သွား
တာ ပြန်ဆင်းမလာသေးတာပါ။ ကျွန်တော့်..
အထင်အိပ်ပျော်နေကြပြီထင်တယ်"

"ကျွန်တော် သိပြီ.. ဦးကောင်းသစ်တော်သီး
ကိုအရင်ခွဲပြီး ရေခဲသေတ္တာထဲထည့်ထားပေးပါ။
Clover က သစ်တော်သီးစားချင်တယ်ပြောထားလို့.."

"ဟုတ်ကဲ့ သခင်လေး.."

သစ်မိုးအိမ်အပေါ်ထပ်ကိုတက်လာလိုက်သည်။
သို့သော် Daddy ဦးထက်နောင်၏အခန်းသို့
ဦးတည်နေခြင်းဖြစ်သည်။ သစ်မိုးအိမ် အခန်းထဲ
ရောက်တော့ သားအဖအကြီးအသေးတစ်စုံက..
နှစ်ခြိုက်စွာအိပ်မောကျနေသည်။

ပါးတစ်ဖက်အောက်တွင် လက်ကလေးကို
ခုကာအိပ်နေသည်အထိ တစ်ပုံစံတည်း..
အိပ်နေသော သားအဖနှစ်ယောက်ကြောင့်
သစ်မိုးအိမ်နှုတ်ခမ်းတွင်အပြုံးတစ်ခုဖြစ်လာ
ရသည်။

ရွက်စိမ်းအိပ်နေသော ကုတင်တစ်ဖက်သို့သွား
ကာ ဒူးတစ်ဖက်ထောက်သောပုံစံဖြင့်ထိုင်လိုက်
ပြီး မြင်သာနေသောပါးအိအိလေးတစ်ဖက်ကို
အသာငုံ့နမ်းကာနှာခေါင်းနှစ်ပြစ်လိုက်သည်။

ပြီးမှ Daddy ထက်နောင်နှင့်အတူခြုံထားသော
ခြုံစောင်အောက်မှရွက်စိမ်းကိုဆွဲထုတ်ကာ မနိုး
ရအောင်ဂရုတစိုက်ပွေ့ယူလိုက်သည်။ သစ်မိုးအိမ်
ထွက်သွားသောအခါ အခန်းထဲတွင်တော့ သူ့
ဘောလုံးလေးဟုထင်ကာ သစ်မိုးအိမ် အစားထိုး
ထားခဲ့သော ဖက်လုံးတစ်လုံးကိုခပ်ဖွဖွပုတ်သိပ်
နေသော Daddy ထက်နောင်သာကျန်ခဲ့တော့
သည်။

"ကျွတ်..ကျွတ်..လိမ္မာတယ် Daddy
ဘောလုံးလေး အိပ်အိပ်..~"

...........

(A/N-မတင်ပေးရင် သရဲခြောက်မယ်ဆိုလို့..
တင်ပေးလိုက်ပြီရော သရဲခြောက်ရဝူးနော်...
☹🙁..)

JM(210426)
Next>>>>

Continue Reading

You'll Also Like

638K 38.1K 35
၀န်ခံပါတယ် ကျွန်တော် သူ့ကိုမြင်မြင်ချင်းချစ်မိခဲ့တယ် #ဈာန်ဘုန်းမာန် မချစ်ပါနဲ့ ကလေး ကိုယ်ကမင်းဖေဖေရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ #ဘုန်းသစ်နိုင် (Yaoi)
17.5K 504 27
မောင့်ရဲ့သျှား (intro) အရာရာမှာသိတတ်လိမ်မာလွန်းပြီးစာလည်းပြောစရာမလိုအောင်အလွန်တော် သားအမိနှစ်ယောက်သာရှိ၍အမေတစ်ခုသားတစ်ခုဖြစ်နေရသူ အထက်တန်းကျောင်းသားလ...
566K 35.6K 35
ထင္မွတ္မထားေသာကိစၥရပ္ေတြနဲ႔ အမွန္တကယ္ ၾကံဳေတြ႔ရေသာအခါ... Written by ShinnNge * Own Creation * Start Date - 22.2.2018 End Date - 12.6.2018
173K 21.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ