💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 54
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅၄၊ အခန်း ၁။ ဘာအကျိုး ရမှာလဲ
အကြီးအကဲ ကျင်း က ခပ်တိုးတိုးလေး ရယ်သံပြုလာပြီး ရှင်းပြလာသည် ။
"ဟုတ်တာပေါ့ဗျာ၊ ဂိုဏ်းချုပ် ပိုင် မမှတ်မိဘဲ ဘယ်နေပါ့မလဲ ။ အရင်တုန်းက အဇူရာဂိုဏ်းကို ချေမှုန်းဖို့ ဦးဆောင်တိုက်ခဲ့တဲ့သူက ဂိုဏ်းချုပ် ပိုင် ပဲဟာ ၊ အဲ့ဒီတုန်းက ဂိုဏ်းချုပ် တော်တော်ကို ကြိုးစားထားခဲ့တယ်နော်"
ရီ၀မ်၀မ် တိတ်ဆိတ်သွားသည် ။
ဒီအဘိုးကြီး ပြောသွားတာ အမှန်တွေလား ။
"နတ်ဆိုးက သေရာကနေ ပြန်ရှင်လာပြီလို့ ပြောနေကြတာကို ဂိုဏ်းချုပ် ပိုင် လည်း သိနေလောက်မှာပါ ။ အရှင် နတ်ဆိုး ပြန်ရောက်လာပြီဆိုတဲ့ အသံတွေ ကြားနေရတယ် ။ နတ်ဆိုးရဲ့ အခု အားနည်းနေတဲ့အချိန် ကို အခွင့်ကောင်းယူပြီး ဂိုဏ်းချုပ် ပိုင် အပြတ်ရှင်းပစ်လိုက်ရင် မကောင်းဘူးလား" အကြီးအကဲ ကျင်း က ရီ၀မ်၀မ် ကို ပြောသည် ။
"အော်…အကြီးအကဲ ကျင်း ဒီနေ့ ကျွန်မတို့ဆီ ရောက်လာတာက သေနတ်ကိစ္စကြောင့် ဟုတ်ဟန်မတူဘူး ။ နတ်ဆိုးကြောင့် ရောက်လာတာနဲ့ တူတယ်၊ ကျွန်မ ပြောတာ မှန်လား"
ရီ၀မ်၀မ် ရင်ထဲတွင် မဲ့ရွဲ့နေမိပြီ ။
အကြီးအကဲ ကျင်း က ထိုသည်ကို မငြင်းဆိုပေ ။
"ပြောရမယ်ဆိုရင်ဗျာ…ဟိုတုန်းက နတ်ဆိုးရဲ့ အဇူရာဂိုဏ်းကို ဦးဆောင်ပြီးသွားရှင်းခဲ့တဲ့ သူက ဂိုဏ်းချုပ် ဆိုတာကို ဂိုဏ်းချုပ် သိနေသင့်တယ် ။ အခု အရှင် နတ်ဆိုး ပြန်ရောက်လာပြီ ၊ အဇူရာဂိုဏ်းလည်း သေနေရာကနေ ပြန်ရှင်လာကြတေ့ာမယ် ။
သူတို့ ခေါင်းပြန်ထောင်လာပြီဆိုတာနဲ့ သေချာတာတစ်ခုကတော့ ဂိုဏ်းချုပ် ပိုင် နဲ့ ဖိန့်ဖိန့်တုန် ဂိုဏ်းကို သူတို့ အလွတ်ပေးတော့မှာ မဟုတ်ဘူးဆိုတာပဲ ။ ဒီတော့ သူ မစခင် ကိုယ်ကအရင် ဦးအောင် ပြင်ထားသင့်တယ် မလား ဂိုဏ်းချုပ်"
အကြီးအကဲ ကျင်း က အကြံပေးဟန်ပြုကာ ပြောသည် ။
ရီ၀မ်၀မ်၏စိတ်ထဲတွင်မူ ထိုအကြီးအကဲ ကျင်း ကို နာမည်ပေးနေမိသည်ကား မြေခွေးအိုကြီး ဟု ။
သိုင်းပညာအစည်းအရုံးသည် လွတ်လပ်သောနယ်မြေ၏ တရား၀င် အဖွဲ့အစည်းကြီးတစ်ခု ။ ထိုနတ်ဆိုးသည်လည်း လွတ်လပ်သောနယ်မြေ ၏ စည်းမျဉ်းစည်းကမ်းတို့ကို ဘာမှ ကျော်ပြီး လုပ်ထားခြင်း မရှိ ။
သို့ဖြစ်လေရာ သိုင်းပညာအစည်းအရုံးတွင် နတ်ဆိုးကို ဖိနှိပ်ဖို့ရာ အခွင့်အလမ်း မရှိနေပေ ။
သို့သော် ၊ နတ်ဆိုး၏အင်အားသည် အလွန်တရာပင် ကြီးမားကျယ်ပြန့်လွန်းလှပြီး အရှင်နတ်ဆိုးသည် ထောင်လွှားသည်၊ အရိုင်းဆန်သည်၊ ခေါင်းမာသည် ။ သူသည် သိုင်းပညာအစည်းအရုံးကို မျက်စိထဲ လုံး၀မထည့်ထားခြင်းကြောင့် သိုင်းပညာအစည်းအရုံး၏ မာနနှင့်သိက္ခာတို့ ကျဆင်းရ၏ ။
သိုင်းပညာအစည်းအရုံးသည် သူတို့ကိုယ်တိုင်တော့ အဇူရာဂိုဏ်းကို မချေမှုန်းလိုကြပေ ။ ထို့ကြောင့် သူတို့အစား ကြားကနေ ချေမှုန်းပေးမည့် တခြားဂိုဏ်းများကို လိုက်ရှာနေကြခြင်း ဖြစ်ပေသည် ။
အဇူရာဂိုဏ်းနှင့် ဖိန့်ဖိန့်တုန်ဂိုဏ်းကြားက ရန်ငြှိုးရန်စကို
ရီ၀မ်၀မ် အကြမ်းဖျင်း နားလည်ထားပါ၏ ။
အဇူရာဂိုဏ်း၏ ဖိတ်ဖိတ်တောက် အောင်မြင်ကျော်ကြားနေချိန်တွင် လွတ်လပ်သောနယ်မြေ၏ ဂိုဏ်းတော်တော်များများသည်
လစဉ်လတိုင်း လက်ဆောင်ပဏ္ဍာ ဆက်သရလေသည် ။
ထိုသို့ ပေးရခြင်းမှာ ဖိန့်ဖိန့်တုန် ဂိုဏ်းလည်း ပါချေ၏ ။
သို့သော် ၊ ကိုကြီး ဗိုလ် သည် တစတစ ရင်ထဲ တနုံ့နုံ့ဖြစ်လာပြီး နောက်ပိုင်းတွင် ပဏ္ဍာလာတောင်းသည့် အဇူရာဂိုဏ်းအား သတ်ပစ်လိုက်လေသည် ။ သို့နှင့် ထိုနှစ်ဂိုဏ်းကြားတွင် မကျေမလည်မှုတို့ စဖြစ်တည်လာကြရသည် ။
ထိုသို့ ဖြစ်လာသည့်နောက်တွင် သိုင်းပညာအစည်းအရုံးသည်လည်း အဇူရာဂိုဏ်းကို အပြတ်ရှင်းဖို့ရာ အကြံအစည်ပြုနေသည် ဖြစ်လေရာ နောက်ဆုံးတွင် ဖိန့်ဖိန့်တုန် ဂိုဏ်းသည် နှစ်ခါမစဉ်းစားနေတော့ဘဲ ရှင်းဖို့ရာအတွက် သဘောတူလိုက်တော့သည် ။ ထိုနောက်ပိုင်းတွင် ဘာဆက်ဖြစ်သလဲကို ရီ၀မ်၀မ် မသိတော့ပါချေ ။
“ကျွန်မက ဘာလို့ သဘောတူရမှာလဲ ။ ကျွန်မ နဲ့ ဖိန့်ဖိန့်တုန် ဂိုဏ်းက ဒီလိုလုပ်ပြီး ဘာအကျိုးရနိုင်မှာလဲ”
ရီ၀မ်၀မ် ပြုံးစစမျက်နှာဖြင့် ပြန်ပြောလိုက်သည် ။
“သိုင်းပညာအစည်းအရုံးက ဂိုဏ်းချုပ် ပိုင် နဲ့ ဖိန့်ဖိန့်တုန် ဂိုဏ်းကို လူအင်အား ထောက်ပံ့ပေးနိုင်ပါတယ်”
အကြီးအကဲ ကျင်း က ပြန်ဆိုသည် ။
“ဒါပဲလား” ရီ၀မ်၀မ် မဲ့သွား၏ ။ “အဇူရာဂိုဏ်းကို ဖျက်ဆီးချင်နေတဲ့ သူက ရှင်တို့ သိုင်းပညာအစည်းအရုံး ။ ဒီတော့ ရှင်တို့ဘက်ကနေ ပိုက်ဆံ ၊ အင်အားနဲ့ လူတွေ ပို့ပေးကို ပို့ပေးရမှာပဲ ။ အဲ့ဒါ မပါလို့ မှ မဖြစ်တာ”
“ဂိုဏ်းချုပ်…ချီးထုပ်ကို ရန်စထားမိတယ် မဟုတ်လား”
အကြီးအကဲ ကျင်း က ရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းကာ တွေးဆဆဖြင့် ဆိုလာလေသည် ။
“ချီးထုပ် က ဘယ်လိုလူမျိုးလဲ ဆိုတာကို ဂိုဏ်းချုပ် ပိုင် သိပြီးသား ဖြစ်မှာပါ ။ ရှေးဟောင်းမျိုးနွယ်စုကြီးတွေတောင်မှ ချီးထုပ်ကို ကြောက်ကြရတာပဲဗျာ ။ ဒီတော့ ဖိန့်ဖိန့်တုန်ဂိုဏ်းဆိုတာက ချီးထုပ်ရဲ့ မျက်လုံးထဲမှာတော့ ဘာမှကို မဟုတ်ဘူး ။ ဂိုဏ်းချုပ် ပိုင် သာ အဇူရာကို ရှင်းပစ်ဖို့ သဘောတူလိုက်မယ်ဆိုရင် ကျွန်တော်တို့ သိုင်ပညာအစည်းအရုံးက ဂိုဏ်းချုပ်နဲ့ ချီးထုပ် ကြားကို ဘာပြသနာမှ မဖြစ်အောင် ၀င်ဖျန်ဖျေပေးလို့ ရပါတယ် ။ ဒါဆိုရင် ဂိုဏ်းချုပ် ပိုင် နဲ့
ဖိန့်ဖိန့်တုန် ဂိုဏ်းလည်း စိတ်အေးလက်အေး နေလို့ ရသွားတာပေါ့”
ရီ၀မ်၀မ် ဘာမှ မပြောရသေးခင် ခုနစ်စင်ကြယ်က မာန်မဲပြောဆိုသည် ။
“သောက်ပိုတွေ လျှောက်ပြောမနေနဲ့ ။ ခင်ဗျားတို့ အဲ့လောက်ထိ စွမ်းနေရင် ချီးထုပ်ကို သွားတိုက်ခိုင်းပါလား ။ လျှမ်းလျှမ်းတောက်နေတဲ့ အဇူရာ နတ်ဆိုးတောင်မှ ချီးထုပ်ကို ရန်မစရဲတဲ့ဟာ ။ ခင်ဗျားက ကျွန်တော်တို့ကို ဘာလို့ လာရှာနေသေးတာလဲ”
ချီးထုပ် သည်ကား သူတစ်ယောက်တည်းအားဖြင့် ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးကိုပင် အပြတ်ရှင်းပစ်နိုင်သူတည်း
ဖြစ်လေသည် ။ လွတ်လပ်သောနယ်မြေထဲတွင်
ချီးထုပ်သည် ပြိုင်ဘက်မရှိသူတစ်ယောက် ဟုပင် အများက သတ်မှတ်ထားကြသူတည်း ဖြစ်လေသည် ။
…………………………………………………………………………………
စာစဉ် ၅၄၊ အခန်း ၂။ အဆမတန်စျေးနှုန်း
ချီးထုပ်၏စွမ်းအားမှာ ဤလွတ်လပ်သောနယ်မြေတစ်ခုလုံးနှင့် ဆိုလျှင်ပင် မလောက်သေးပါချေ ။ ချီးထုပ်အကြောင်း တကယ်ပြောမည်ဆိုလျှင် သူ့ကို ယှဉ်နိုင်မည့်သူမှာ ဤကမ္ဘာပေါ်တွင်ပင် မရှိလောက်သေးပါချေ ။
သိုင်းပညာအစည်းအရုံးသည် လွတ်လပ်သောနယ်မြေ၏ တရား၀င် ဂိုဏ်းကြီး ဖြစ်ကောင်းဖြစ်လိမ့်မည် ။ သို့သော် ၊
ချီးထုပ်ကို ရေဆုံးမြေဆုံး လိုက်တိုက်မည်ဆိုလျှင် သူတို့သည်လည်း အထိအနာကြီး နာကြလိမ့်မည် သာ ။
"အဟက်…ဒါနဲ့ပတ်သက်ပြီးတော့တော့ ဂိုဏ်းချုပ် ပိုင် စိတ်ပူစရာ မလိုပါဘူး ။ ကျွန်တော်တို့ သိုင်းပညာအစည်းအရုံးကလည်း ကျွန်တော်တို့နည်း ကျွန်တော်တို့ ဟန် ရှိပြီးသားပါ"
အကြီးအကဲ ကျင်း က အပြုံးမပျက် ပြောဆိုသည် ။
“အကြီးအကဲ ကျင်း က တစ်ခုခုကို အထင်လွဲနေတာများလား ။ ကျွန်မတို့ ဖိန့်ဖိန့်တုန် ဂိုဏ်းက ချီးထုပ်ကော ဘာကော မသိဘူး၊ ဘယ်သူ့ကိုမှကို မကြောက်ဘူး ။ ဒီလွတ်လပ်သောနယ်မြေထဲမှာ ချီးထုပ်ရဲ့ နာမည်သတင်း ကျော်ဇောနေသလို ကျွန်မတို့ ဂိုဏ်းရဲ့ နာမည်သတင်းကိုလည်း အကြီးအကဲ ကျင်း သိနေပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်”
ရီ၀မ်၀မ်က စိတ်ပျက်မှုအတိုင်းသားဖြင့် ပြန်လည်ပြောဆိုသည် ။
ဖိန့်ဖိန့်တုန် ဂိုဏ်း၏ ဂိုဏ်းချုပ်ကသာ ချီးထုပ်ကို အမှန်တကယ် ကြောက်ရိုးမှန်ပါလျှင် အားလုံးသိနေသည့် ထိုချီးထုပ်ဆိုသော နာမည်ပြောင်ကို လူအများသိအောင်ပင် ထုတ်ခေါ်ရဲပါမည်လား ။ အခုဆိုလျှင် ဂိုဏ်းချုပ် ပိုင်၏ တစိုက်မတ်မတ် ခေါ်လာသည့် ထိုနာမည်ပြောင်ကြောင့် ချီးထုပ်၏ နာမည်အရင်း ပျောက်ကာ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးက သူ့ကို ချီးထုပ်ဟုသာ ခေါ်တွင်နေကြလေသည် မဟုတ်ပါလား ။
“အင်း…ဂိုဏ်းချုပ် ပိုင် က အပြင်လူတွေကို လက်ခံထားတယ်လို့ ကြားတယ် ။ အဲ့ဒီအကြောင်းကို သိုင်းပညာအစည်းအရုံးက မသိဘဲ နေမယ် ထင်နေလား ဂိုဏ်းချုပ်”
အကြီးအကဲ ကျင်း သည် အေးစက်စွာသော အပြုံးကို ဆောင်ကာ ဆိုလာပြန်သည် ။ “လွတ်လပ်သောနယ်မြေရဲ့ စည်းကမ်းတွေကို ကျွန်တော်တို့ သိုင်းပညာအစည်းအရုံးကြီတစ်ခု ထဲက ချမှတ်ထားတာ မဟုတ်ဘူး ။ မျိုးနွယ်စုကြီးလေးစုနဲ့ တခြားလျို့ဝှက်ဂိုဏ်းကြီး တချို့့လည်း ပါပါတယ် ။ ဂိုဏ်းချုပ် ပိုင် က ဒီစည်းကမ်းကို ဖောက်ဖျက်လို တယ်ဆိုရင် ကျွန်တော် စိုးမိတာက ဂိုဏ်းချုပ် ပိုင်ရဲ့ ညီနောင်တွေပါ ဒီထဲ ရောပါကုန်မှာ….”
အကြီးအကဲ တစ်ချက် ရယ်လိုက်သည် ။
“တကယ်လို့…ဂိုဏ်းချုပ် ပိုင် က သဘောတူမယ်ဆိုရင်တော့ ကျွန်တော်တို့ သိုင်းပညာအစည်းအရုံးက သြဇာသုံးပြီးတော့ ဂိုဏ်းချုပ်ရဲ့လူတွေကို လွတ်လပ်သောနယ်မြေ ၀င်ခွင့်ကတ် ပေးလို့ ရပါတယ် ။ ဒါဆို သူတို့လည်း လွတ်လပ်သောနယ်မြေသားတွေ ဖြစ်သွားတာပေါ့ ။ ဒီကိစ္စကို ဒီလိုမျိုး အဆံုံးသတ်လိုက်တာ မကောင်းဘူးလား ဂိုဏ်းချုပ်”
အကြီးအကဲ ကျင်း၏ စကားတို့ကို ကြားရသည်တွင်
ရီ၀မ်၀မ် မနာလို အကြီးကြီး ဖြစ်လာတော့သည် ။
ငါလေးလည်း လွတ်လပ်သောနယ်မြေ ၀င်ခွင့် လိုချင်တယ်…။
သူမတွင် ထို၀င်ခွင့်ကတ်သာ ရှိနေပါလျှင် ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် အဖြစ် ဟန်ဆောင်နေစရာ မလိုတော့ဘူး မဟုတ်ပါလား ။ အခုတော့ ထိုသို့ ဟန်ဆောင်နေရရင်း သူမလေးခမျာ စားကောင်းချင်းမစားနိုင်၊ အိပ်ကောင်းချင်း မအိပ်နိုင်ဖြင့် ၊ တစ်နေကုန်တစ်နေခမ်း ရင်ထဲ လေးလံ နေရသည် မဟုတ်ပါလား ။
“အဟက်…ကောင်းပြီလေ….အကြီးအကဲ ကျင်းရဲ့ တောင်းဆိုချက်ကို သဘောတူတယ် ။ ဒါပေမယ့် ဒီလိုသဘောတူလိုက်တာက အကြီးအကဲ ရဲ့ ခြိမ်းခြောက်မှု အောင်မြင်သွားတယ်လို့ မဆိုလိုဘူးနော် ။ ဒါက ကျွန်မတို့နဲ့ နတ်ဆိုးကြားမှာ ရန်ငြှိုးတွေ ရှိနေတာကြောင့် သဘောတူလိုက်တာ ။ ဒီလိုဆိုရင်ရော…အစောက ပြောခဲ့တဲ့ဟာတွေအပြင်ကို သိုင်းပညာအစည်းအရုံးက ကျွန်မတို့ကို ငွေအင်အားနဲ့ လူအင်အား သုံးဆ တိုးပေးရမယ် ၊ ကျွန်မတို့ လိုအပ်သမျှကို အစွမ်းကုန် အားဖြည့်ပေးရမယ် ။ မဟုတ်ရင်တော့ ဒီအပေးအယူ ဒီမှာတင် ပြီးပြီ”
ရီ၀မ်၀မ် စကားခေါ်လေပြီ ။
“ဘာ…လူအင်အားနဲ့ ငွေအင်အား သုံးဆ…ဟုတ်လား”
အကြီးအကဲ ကျင်း ၏ အနောက်တွင် ရပ်နေကြသည့် သိုင်းပညာအစည်းအရုံး၀င် တချို့မှာ ယောင်နနဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကုန်ကြသည် ။
ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ်က နဂိုဗီဇကကို လောဘကြီးကာ ရဲတင်းလွန်းတယ် ၊ ငွေပြတ်လာလျှင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ယူဖို့လည်း ၀န်မလေးဘူး ဟု အပြင်တွင် ကောလဟလတို့ ပြန့်နေကြလေသည် ။ အခုကြည့်ရသည်မှာ ထိုစကားတို့က အမှန်ပင် ဖြစ်ဟန် တူချေသည် ။
“ဂိုဏ်းချုပ် ပိုင် ပြောတဲ့ သုံးဆ ဆိုတာက တကယ့်ကို မနည်းတဲ့ ပမာဏ ပဲ”
အကြီးအကဲ ကျင်း က တွေးဆဆဖြင့် ရီ၀မ်၀မ်ကို ကြည့်လာသည် ။
သူသည် အဇူရာဂိုဏ်းကို ဖျက်ဆီးဖို့ရာအတွက် ဂိုဏ်းပေါင်းများစွာကို ခေါ်ထားပြီးချေပြီ ။ သို့သော် ဤဖိန့်ဖိန့်တုန် ဂိုဏ်း တစ်ဂိုဏ်းသာလျှင် ပြောရလက်ပေါက်အကတ်ဆုံး ၊ နာမည်အညစ်ညမ်းဆုံး နှင့် ကောက်ကျစ်ကာ ဥာဏ်နီဥာဏ်နက်အများဆုံး ဂိုဏ်း ဖြစ်နေလေသည် ။
သိုင်းပညာအစည်းအရုံးနှင့် အခုလိုမျိုး စကားခေါ်ရဲသည့် ဂိုဏ်းဆို၍ တစ်ဂိုဏ်းပင် မရှိဖူးပါချေ ။
“ကောင်းပြီ ၊ ဂိုဏ်းချုပ် တောင်းတဲ့ပမာဏကို ကျွန်တော် သဘောတူတယ် ။ လူအင်အားနဲ့ ငွေအင်အားကို သုံးဆပေးမယ်” နောက်ဆုံးတွင်တော့ အကြီးအကဲ ကျင်း သည် ခေါင်းညိတ်ပြီး သဘောတူလိုက်လေပြီ ။
“ကောင်းပြီ ၊ ဒါဆို မြန်မြန်လေး လုပ်တာပေါ့ ။ လူအင်အားကတော့ သိပ်အရေးမကြီးဘူး ။ ဒါပေမယ့် ငွေကို အရင်ဆုံး ပို့ပေးထားရမယ် ။ ပိုက်ဆံတစ်ပြားလောက် လျော့လိုက်တာနဲ့ အပေးအယူ ပျက်ပြီဆိုတာကို သတိရပါ” ရီ၀မ်၀မ် ပြောလိုက်သည် ။
“ဟားဟား” အကြီးအကဲ ကျင်း ခပ်တိုးတိုး ရယ်လိုက်သည် ။
“ဂိုဏ်းချုပ် ပိုင် စိတ်ချပါဗျာ ။ ဂိုဏ်းချုပ် တောင်းဆိုတာတွေကို ကျွန်တော်တို့ သဘောတူပြီးမှတော့ တစ်ပြားတချပ်မှ မလျော့စေရအောင် ကျွန်တော်တို့ သေချာလုပ်ပေးမှာပါ ။
အခုတော့ တရား၀င် အလုပ်ကိစ္စလည်း ပြီးပြီဆိုတော့ ကျွန်တော်တို့ကို ခွင့်ပြုပါဦး”
ထို့နောက်တွင် အကြီးအကဲ ကျင်း နှင့် သိုင်းပညာအစည်းအရုံး၀င်များ အစည်းအဝေးခန်းထဲကနေ ထွက်သွားကြသည် ။
ခုနစင်ကြယ်သည် အံ့အားတကြီးဖြင့် ရီ၀မ်၀မ်ဘက် လှည့်လာကာ..
“အစ်မ ဖန်း ပြန်ရောက်လာကတည်းကလေ
အစ်မ ပိုပြီးတော့ ထောင်လွှားလာသလိုပဲ ။ ဟိုအရင်တုန်းကဆို သိုင်းပညာအစည်းအရုံးက လာရင် အစ်မ နှစ်ဆပဲ တောင်းတာ ။ ဒီတစ်ခေါက်ကျတော့ အစ်မ သုံးဆကြီးများတောင် တောင်းပစ် တယ်လား”
ရီ၀မ်၀မ်က ခုနစ်စင်ကြယ်ကို ကြည့်လိုက်ကာ
“မင်း ဘာသိလို့လဲ ။ အဲ့ဒီအချိန်ကနေဆို အခု အချိန် ဘယ်လောက် ကြာပြီလဲ ။ စျေးတက်ရတော့မှာပေါ့ ။ ဒါတောင် ငါ တစ်ချိုးလောက် လေးပဲ ပိုတောင်းထားရသေးတာ”
…………………………………………………………………………………
စာစဉ် ၅၄၊ အခန်း ၃။ ဝါကြွားအလွန်သန်ခြင်း
ရီ၀မ်၀မ်၏ ပြန်လည်ဖြေရှင်းချက်ကြောင့် ခုနစ်စင်ကြယ်မှာ စကားတစ်သွားရ၏ ။
အစ်မ ပြောသွားတော့လည်း ဟုတ်တုတ်တုတ်လိုပါပဲလား ။
"အစ်မ ဖန်း ၊ ကျွန်တော်တို့တွေ တကယ်ကြီး နတ်ဆိုးကို ပြသနာ သွားရှာကြမလို့လား ။ အခု အရှင် နတ်ဆိုး ပြန်ရောက်လာပြီ ဆိုပေမယ့်လို့ အညွန့်တလူလူ ဖြစ်မနေသေးဘူးဆိုတော့… သိုင်းပညာအစည်းအရုံးကလည်း ကျွန်တော်တို့ကို ငွေနဲ့ လူ အင်အား ထောက်ပံ့ပေးထားတယ်ဆိုတော့…ကျွန်တော်တို့ သွားရှာရမှာပေါ့နော်" ခုနစ်စင်ကြယ်က ရီ၀မ်၀မ်ကို တိုးတိုးလေး ပြောဆိုသည် ။
ခုနစ်စင်ကြယ်၏ ထိုစကားကို ဖိန့်ဖိန့်တုန် အဖွဲ့သားများအားလုံး သဘောတူညီစွာ ခေါင်းညိတ်ပြလာကြသည် ။
"ပြသနာရှာမယ်…ဘာကို ပြသနာရှာရမှာလဲ ။ ပိုက်ဆံကို အရင်ယူထားလိုက်၊ နောက်ဟာကို နောက်မှ ကြည့်ရှင်းမယ်"
ရီ၀မ်၀မ်က သူတို့အကုန်လုံးကို ကြည့်ကာ ပြောလိုက်သည် ။
"အာ…အစ်မ ဖန်း ၊ အစ်မ ပိုက်ဆံတွေ ယူထားပြီး ဘာမှ မလုပ်ဘဲ နေမလို့တော့ မဟုတ်ပါဘူးနော် ။ ကျွန်တော်တို့ ဖိန့်ဖိန့်တုန် ဂိုဏ်းက နာမည်ဆိုးနဲ့ ကျော်ကြားရင်ကျော်ကြားမယ် ၊ ဒါပေမယ့် ပြောတဲ့အတိုင်း လုပ်တတ်သူတွေဆိုပြီးတော့ နာမည်ကြီးပါတယ် ။ ကျွန်တော်တို့ရဲ့ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ဆိုတာကိုပဲ ကြည့်…အဲ့ဒါကို ရတဲ့ ဘယ်ဂိုဏ်းမဆို ခုနစ်ရက်အတွင်း သေကို သေရတာပဲ ၊ ဘယ်နတ်ဘုရားမှ ဆင်းကယ်လို့တောင် မရဘူး ။ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကနေ ကျွန်တော်တို့တွေ ယုံကြည်စိတ်ချရမှုကို ယူထားတာလေ အစ်မ ။ ကျွန်တော်တို့ တကယ်လို့ ငွေကို ယူထားပြီး ကတိမတည်ဘဲ ပြောပြီးသား စကား ပြန်ရုတ်ပစ်မယ်ဆိုရင် ကျွန်တော်တုိ့ နာမည်ညစ်နွမ်းသွားမှာနော်
အစ်မ ဖန်း"
ခုနစ်စင်ကြယ်က ရီ၀မ်၀မ် ဘက် လှည့်ပြောသည် ။
ရီ၀မ်၀မ် အံ့အားသင့်မိသွား၏ ။
ယုံကြည်စိတ်ချရတယ်ဆိုတာက ဘာစကားကြီးတုန်း ။ သူများမျိုးနွယ်စုတွေကို လိုက်ဖျက်ဆီးတာနဲ့ ယုံကြည်စိတ်ချရမှုကို ရယူထားတယ်ဆိုတာက ဘယ်လိုသောက်ကျိုးနည်း ပတ်သက်နေတာတုန်း ။
"ငါတို့ ဖိန့်ဖိန့်တုန် ဂိုဏ်းက မယုံကြည် မစိတ်ချရဘူးလို့ ဘယ်သူပြောလဲ"
ရီ၀မ်၀မ် ခုနစ်စင်ကြယ်ကို ကြည့်လိုက်သည် ။
"မင်းရဲ့ ဘယ်နားက ငါ ဘာမှမလုပ်ဘူးလို့ ပြောတာကို ကြားလိုက်တာလဲ"
ခုနစ်စင်ကြယ်ခမျာ ယောင်ချာချာ ဖြစ်သွားသည် ။
“ဒါဆို…အစ်မ ဖန်း ပြောတာက….”
“ငါ သွားတိုက်မယ်လို့ပဲ သိုင်းပညာအစည်းအရုံးကို ကတိပေးထားတာလေ ။ ဘယ်အချိန် တိုက်ပါ့မယ်လို့ ပြောမိလို့လား “
ရီ၀မ်၀မ်က အေးစက်စွာ ပြောသည် ။
“မပြောမိသလိုပဲ” ခုနစ်စင်ကြယ်က ချက်ချင်း ခေါင်းယမ်းလာသည် ။
“ဘယ်အချိန် တိုက်ပါ့မယ်လို့ ငါ မပြောမိဘူးဆိုမှတော့ ဘာလောနေစရာ လိုလို့လဲ ။ ငါ စိတ်မကြည်နေဘူး ဆိုရင် ၁၀ နှစ် နှစ် ၂၀ လောက်ထိ သွားမတိုက်ဘဲ နေမှာပေါ့” ရီ၀မ်၀မ်က ပြောဆိုလိုက်သည် ။
“ဒါဆိုရင် အစ်မ ဖန်း…အစ်မ အခု စိတ်မကြည်ဘူးလား”
ခုနစ်စင်ကြယ် မေးကြည့်လိုက်သည် ။
“အင်း၊ မကြည်ဘူး” ရီ၀မ်၀မ် ခုနစ်စင်ကြယ်ကို မျက်စပစ်ပြလိုက်သည် ။
ထိုသည်ကို ကြားတော့မှ ခုနစ်စင်ကြယ် စိတ်အေးသွား၏ ။ “တော်သေးတာပေါ့…ဒါဆို အဇူရာဂိုဏ်းကို သွားတိုက်ဖို့
နှစ် ၂၀ လောက် စောင့်ရတော့မှာပေါ့…ဟီးဟီး”
ထိုသည်ကို ရီ၀မ်၀မ် ပြန်မဖြေ ။ မည်သို့ပင် ဖြစ်ပါစေ ၊
သူမသည် ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် မဟုတ်ပါချေ ။ ထို့ကြောင့်
အရင်ဆုံး သူမစိတ်တိုင်းကျ ထိုသိုင်းပညာအစည်းအရုံးထံကနေ ငွေညှစ်ယူထားမည် ။ နောက် သူတို့ လာရှာကြလျှင် ထိုအချိန် သူမ ရှိနေတော့မည် မဟုတ်ပေ ။ သူတို့၏ ငွေကို ညှစ်ယူထားသည့်သူမှာ ရီ၀မ်၀မ် ဆိုသည့် သူမ မဟုတ်ဘဲ ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် ဆိုသည့် ပိုင်ဖန်း ဖြစ်သည် မဟုတ်ပါလား ။
“အစည်းအဝေး ပြီးပြီ”
ရီ၀မ်၀မ် လက်ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားလိုက်သည် ။
တခနအကြာတွင် ရုံးခန်းဆီကို ရီ၀မ်၀မ် ပြန်ရောက်သွား၏ ။ ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးကို ရီ၀မ်၀မ် စောင့်ကြည့်ခိုင်းထားသည့် ထိုလူမှာ အခုထိ ထွက်မသွားသေးပါချေ ။ သူသည် ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးထံမှ တစ်မီတာပင် မျက်လုံးမခွာရဲဘဲ ဘေးနားတွင်သာ အသံတစ်သံ မထွက်ဘဲ တိတ်တိတ်လေး ရပ်နေလေသည် ။
“ဂိုဏ်းချုပ်…ဂိုဏ်းချုပ် ပြန်လာပြီ…ဂိုဏ်းချုပ်…ဂိုဏ်းချုပ်”
ထိုလူသည် ရီ၀မ်၀မ် ရုံးခန်းထဲ ၀င်လာသည်ကို မြင်လိုက်လျှင်မြင်လိုက်ချင်း ကာလကြာမြင့်အောင် ပျောက်ဆုံးကွဲကွာနေခဲ့ရသည့် မိဘကို တွေ့လိုက် ရသည့်နှယ် ချက်ချင်း ပြုံးပျော်ရွှင်လန်းသွားလေသည် ။
“ဗိုင်းရပ်စ်နဲ့ ဖြူကောင်ကြီး ရန်ဖြစ်သေးလား”
ရီ၀မ်၀မ် မေးလိုက်သည် ။
ထိုလူသည် ချက်ချင်းပင် ခေါင်းယမ်းပြလာသည် ။
“ဟင့်အင်း…ရန်မဖြစ်ပါဘူး ဂိုဏ်းချုပ် ။ ဂိုဏ်းချုပ် ပေးထားတဲ့တာ၀န်ကို ကျွန်တော် တစ်ခုလေးမှ မလွတ်ရအောင် သေသေချာချာ စေ့စေ့စပ်စပ် အကဲခတ်နေတာပါ ။ ဗိုင်းရပ်စ်နဲ့ ဖြူကောင်ကြီးက အရမ်းကြမ်းပြီး အစောက ရန်သတ်ဖို့ ခနခန ဟန်ပြင်တယ်ဆိုပေမယ့်လည်း သူတို့က ကျွန်တော့်ကိုတော့ ကြောက်တယ်ဗျ ။ ကျွန်တော် ရှိနေရင် သူတို့ ရန်မဖြစ်ရဲပါဘူး”
သို့သော် ၊ ထိုလူသည် ထိုသို့ ပြောလိုက်ပြီးသည့်အချိန် ၊ ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးသည် ထိုလူ၏စကားကို နားလည်သည့်အလားနှယ် ထူးထူးဆန်းဆန်း လှည့်ကြည့်လာကြလေသည် ။
“…”
ဖိန့်ဖိန့်တုန် ဂိုဏ်းသားတွေအားလုံးက အကြွားသန်လှချည်လား ။ ဘယ်သူ့ဆီကနေများ တတ်လာကြတာလဲ ။
“ဂိုဏ်းချုပ်…တစ်ခုခု…တစ်ခုခု မရှိတော့ဘူးဆိုရင် ကျွန်တော် သွားတော့မယ်နော်” ထိုလူသည် ရှက်ရွံ့ဟန် ပေါ်နေသည် ။
ရီ၀မ်၀မ်သည် လက်ကို ဝှေ့လိုက်ပြီး ထိုလူကို အသွားခိုင်းလိုက်၏ ။
………………………………………………………………………………….
စာစဉ် ၅၄၊ အခန်း ၄။ ပျော်ပွဲရွှင်ပွဲ
ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးနောက်တွင် ရီ၀မ်၀မ်သည် ပြုံးရွှင်ကာ ဖြူကောင်ကြီးကို ပွတ်သပ်ပေးနေလိုက်သည် ။
ဖြူကောင်ကြီမှာ ချက်ချင်းပင် ပျော်ရွှင်၀မ်းသာသွား၏ ။
ဖြူကောင်ကြီးခမျာ အလွန်တရာ ၀မ်းသာကြည်နူးနေဟန်ပင်၊
နေရာတွင် တိတ်တိတ်လေး လှဲနေလေသည် ။
သို့သော် ၊ ထိုအခိုက်အတန့်တွင် ဗိုင်းရပ်စ်သည် ရီ၀မ်၀မ်၏ကျောကို လက်နှင့် တွန်းပုတ်နေပြီး သူ၏ ဝုိင်းစက်သည့် အနက်ရောင်မျက်၀န်း ကြီးများဖြင့် သူမကို စူးစိုက်ကြည့်နေသည် ။
"နက်ကောင်လေးလည်း လိမ်မာတယ်"
ရီ၀မ်၀မ်သည် ၀မ်းသာပျော်ရွှင်စွာဖြင့် နက်ကောင်လေး၏ မေးစေ့လေးကို ပွတ်သပ်ပေးလိုက်သည် ။
တမုဟုတ်ချင်းပင် ဗိုင်းရပ်စ်၏ မျက်၀န်းတို့ မှေးစင်းလာပြီး ခေါင်းလေးကို မော့ကာမော့ကာဖြင့် ပျော်ရွှင်ကြည်နူးမှုကို ခံယူနေလေသည် ။
ဗိုင်းရပ်စ် နှင့် ဖြူကောင်ကြီးကို ပွတ်သပ်ပေးပြီးနောက်တွင်
ရီ၀မ်၀မ် သူတို့ကို လွှတ်ပေးလိုက်၏ ။ ချက်ချင်းပင် ဗိုင်းရပ်စ်က မတ်တပ်ထရပ်လာပြီး ဖြူကောင်ကြီးကတော့ မလှုပ်မယှက် ဆိတ်ဆိတ်သာ လှဲနေမြဲ ။ သို့သော် ဖြူကောင်ကြီး၏ မျက်၀န်းတို့သည်ကတော့ ဗိုင်းရပ်စ်ပေါ်ကနေ တစ်ဖဝါး မခွာပါချေ ။
ဗိုင်းရပ်စ်သည် ကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ဖြူကောင်ကြီးဆီ ကျော့ကျော့မော့မော့ လျှောက်သွားကာ ဖြူကောင်ကြီးရှေ့ လှဲချလိုက်လေသည် ။
လှဲသည် ဆိုသော်လည်း ဖြူကောင်ကြီးဘက်ကာ ဖင်လှည့်ကာ လှဲထားခြင်း ဖြစ်၏ ။
ထိုမြင်ကွင်းကြောင့် ရီ၀မ်၀မ် ဆွံ့အသွားရ၏ ။ ဗိုင်းရပ်စ်သည် ကျားဖြူကြီးကို သြဇာထုတ်ပြနေပြီး သူ့နေရာဖြစ်ပါကြောင်း စည်းခြားပြနေရင် ဒီနေရာတွင် သူသည် ဆရာကြီးဖြစ်ပါကြောင်း ပြောနေခြင်း ဖြစ်ပေသည် မဟုတ်ပါလား ။
ဖြူကောင်ကြီးသည်ကတော့ ထိုဗိုင်းရပ်စ်ကို အဖက်လုပ်လိုစိတ် တစိုးတစိလေးမျှပင် ရှိမနေပေ ။
ခေါင်းကို နံဘေးသို့ စောင်းငဲ့လိုက်ပြီးသာ နေနေလေသည် ။
မည်သို့ပင် ဖြစ်ပါစေ ။ ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးတို့ ထမသတ်သရွေ့ အဆင်ပြေချေပြီ ။ ဒီနေရာသည် ဟိုးအစကတည်းက ဗိုင်းရပ်စ်၏ အပိုင် ဖြစ်၏ ။ ထို့ကြောင့် သူ့စိတ်တော်အလိုကျ ဆရာကြီးဖြစ်ကြောင်း လုပ်ပြခွင့် ပြုပေးရမည်သာ ။
ရီ၀မ်၀မ်သည်လည်း ရုံးခန်းထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး တွေးတောနေမိသည် ။
သူမတွင် လုပ်စရာတို့ များစွာ ရှိနေ၏ ။ သို့သော် အခုထိတိုင်
ဖိန့်ဖိန့်တုန် ဂိုဏ်း၏ အဓိကဖြစ်သော အာဏာမဏ္ဍိုင်ကြီးကို
သူမ မရရှိနိုင်သေးပါချေ ။ ထို့ကြောင့် ဖိန့်ဖိန့်တုန်၏ အင်အားကို သုံးပြီး စီရီဟန်ကို လိုက်ရှာဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်သေးပေ ။ ထို့အပြင်
ဂျိ ဘုရင် နှင့် ကြယ်ခုနစ် ၏ သံသယ ၊ ဖိန့်ဖိန့်တုန် ဂိုဏ်းက သက်ကျားအိုကြီးများ၏ သံသယတို့သည် လည်း ဖြေရှင်းရန် ရှိနေပေသေးသည် ။
အကယ်၍ သူမသည် သူမတစ်ယောက်တည်းသာ ပိုင်ဆိုင်သည့် အင်အားကြီးတစ်ခုကို တည်ဆောက်နိုင်ပါလျှင်….
ထိုသည်မှာ အမှန်ပင် အကြံကောင်းတစ်ခု ဖြစ်ပါ၏ ။ သို့သော် လက်တွေ့ဖြစ်အောင် လုပ်ဖို့ကတော့ မလွယ်ကူပါချေ ။
ဖိန့်ဖိန့်တုန် ဂိုဏ်းထဲတွင် ပိုင်ဖန်းအယောင် ဆောင်ထားရသည်မှာ တစ်ချက်လောက် ပေါ့ဆမိလိုက်တာနဲ့ အသက်ရှင်ဖို့ လမ်းစမမြင်ဘဲ အသေဆိုးနှင့် သေရနိုင်သည်ကို ရီ၀မ်၀မ် ကောင်းကောင်း သိထားပါ၏ ။ ထို့အပြင် အခု သူမ၏အခြေအနေမှာ ဆုပ်လည်းစူး၊ စားလည်းရူး လိုနှယ် ။
နောက်ပြန်ဆုတ်လို့လည်း မရ ၊ ရှေ့ဆက်တိုးဖို့လည်း မလွယ်ပေ ။
ကနေ့တွင် သိုင်းပညာအစည်းအရုံးက ပြသနာလာရှာသွားသည် ။ နောက်တစ်နေ့တွင် ချီးထုပ်က ပြသနာလာရှာလိမ့်မည် ။
နောက်နေ့နောက်နေ့များတွင် မျိုးနွယ်စုကြီးလေးခုကပါ ပြသနာ လာရှာကြဦးမလားပင် ။ ထိုသို့သာ ဆက်ဖြစ်နေလျှင် သူမ မည်သို့ လုပ်ရမည်နည်း ။
သို့သော်လည်း လက်ရှိအခြေအနေတွင် သူမသည် သိုင်းပညာအစည်းအရုံး ကနေ ငွေညှစ်ယူထားပြီးလေပြီ ။ ဖိန့်ဖိန့်တုန် ဂိုဏ်းသည် အစကတည်းကပင် ချမ်းသာကြွယ်ဝြပီးသား ဖြစ်လေသည် ။ ထို့ကြောင့် ဖိန့်ဖိန့်တုန် ဂိုဏ်း၏ ဂိုဏ်းချုပ်ဟူသော အဆင့်ဖြင့် ရံပုံငွေတချို့ ရှာနိုင်ဖို့မှာ သူမအတွက်တော့ မခက်ခဲလှပါချေ ။
သူမသည် တခြားသူ၏ ပိုက်ဆံကို သုံးပြီး ကိုယ်ပိုင်အင်အားကို တည်ဆောက်မည် ဆိုလျှင်…
“အစ်မ ဖန်း”
ရီ၀မ်၀မ် ဆက်မတွေးတောရသေးခင် ခုနစ်စင်ကြယ်၏ အသံသည် တံခါးအပြင်ဘက်ကနေ တစာစာ ထွက်လာသည် ။
ရီ၀မ်၀မ်သည်လည်း အတွေးတို့ကို ဘေးပို့ပစ်လိုက်တော့ပြီး ရှုတည်တည်မျက်နှာ ပြန်ပြင်ထားလိုက်ကာ
“၀င်ခဲ့”
ခုနစ်စင်ကြယ်သည် တံခါးကို ဖွင့်ကာ ရီ၀မ်၀မ်ဆီ လျှောက်လာသည် ။
“အစ်မ ဖန်း ဒီည အားလား ။ ပါတီသွားနွှဲရအောင် ။ ကျွန်တော်တို့ ပါတီထားတာ ကြာနေပြီမလား”
ရီ၀မ်၀မ် ခုနစ်စင်ကြယ်ကို ကြည်ု့လိုက်သည်မှာ ဒိုင်းခနဲ ။
မင်းဘကြီးပဲ သွားပါတီလုပ် ။
“ဘယ်ကို သွားမှာလဲ” ရီ၀မ်၀မ် မေးကြည့်လိုက်သည် ။
“တလောက နေရာသစ်တစ်ခု ဖွင့်ထားတယ် ။ အဲ့မှာ အသစ်တွေ ရောက်နေတယ်လို့ ကြားတယ်”
ခုနစ်စင်ကြယ်က ရယ်ကာမောကာ ပြောဆိုလေသည် ။
“…”
နောက်ထပ် ထူးထူးဆန်းဆန်း စားသောက်ဆိုင်ကြီးတော့ မဟုတ်လောက်ပါဘူးနော် ။ သူတို့ ငါ့ကို ထပ်ပြီးတော့ ခါချဉ်ကြော် စားခိုင်းကြဦးမှာလား ။
“အဲ့ဒီကိစ္စကို မင်းနဲ့ ကြယ်ခုနစ်ဆီ လွှဲထားလိုက်မယ်”
ရီ၀မ်၀မ် ပြောလိုက်သည် ။
“စိတ်ချ” ခုနစ်စင်ကြယ် လှည့်ထွက်သွားသည်မှာ ချာကနဲ ။
“ခနလေးနေဦး”
ရီ၀မ်၀မ်က ခုနစ်စင်ကြယ်ကို တားလိုက်၏ ။
“ဒီမှာ ပန်းခြံအသေးလေး ဆောက်ရအောင်”
ခုနစင်ကြယ် ကြောင်အမ်းသွား၏ ။
“ပန်းခြံဆောက်မယ်…ဘာကို ပြောတာလဲ အစ်မ”
“ဖြူကောင်ကြီးနဲ့ ဗိုင်းရပ်စ် နေဖို့ နေရာ” ရီ၀မ်၀မ် ပြန်ဖြေသည် ။
ခုနစ်စင်ကြယ်မှာ အံ့အားသင့်သွား၏ ။
“အစ်မ ဖန်း…သားရဲနှစ်ကောင်အတွက် ပန်းခြံဆောက်ပေးတာက မကြမ်းလွန်းဘူးလား ။ ဟုတ်သားပဲ….ခုနစ်လွှာက ဆောက်လို့ အရမ်းကောင်းမယ့်ပုံပဲ ။ အဲ့မှာဆို နေရာကျယ်ကျယ်၀န်း၀န်း ရှိပြီးတော့ အလင်းရောင် ကောင်းကောင်းရတယ် ။
အဲ့မှာ အခန်းတွင်း ပန်းခြံဆောက်တာက လုံး၀ကို ကွက်တိပဲ”
ရီ၀မ်၀မ် ။ “…”
................................................................................
စာစဉ် ၅၄၊ အခန်း ၅။ မထင်မှတ်ထားသည့် ဖုန်းကောလ်တစ်ခု
ရီ၀မ်၀မ်က အပြင်ဘက်ပန်းခြံကို စဉ်းစားနေခြင်း ဖြစ်၏ ။
သို့သော် ခုနစ်စင်ကြယ်ကမူ ခုနစ်လွှာကို ပြန်လည်မွမ်းမံကာ ပန်းခြံလုပ်ဖို့ အကြံကောင်း ထွက်လာလေသည် ။
"ဒါပေမယ့်လေ…အစ်မ ဖန်း ၊ အဲ့ဒီ ခုနစ်လွှာက အကြီးအကဲတွေရဲ့ အပိုင် ဖြစ်နေတယ် အစ်မ ။ အစ်မ အတင်း ပန်းခြံလုပ်ပစ်မယ်ဆိုလည်း ရတယ် ဆိုပေမယ့် သေချာစဉ်းစားတာတော့ ကောင်းမယ်နော်"
ခုနစ်စင်ကြယ်က မချိုပြုံးပြုံးကာ လေသွေးဆော်လာသည် ။
ရီ၀မ်၀မ်၏ နှုတ်ခမ်းတို့ တွန့်ချိတ်သွားသည် ။
ငါက ဘာပြောရသေးလို့လဲ ။ ဒီတစ်ချိန်လုံး ခုနစ်လွှာကို ပန်းခြံလုပ်ပစ်မယ်ချည်း ပြောနေတာက ဘယ်သူလဲ ။
"ဘာမှမဖြစ်ဘူး" ရီ၀မ်၀မ် တည်ငြိမ်စွာ ဆိုလိုက်သည် ။
"ဖိန့်ဖိန့်တုန် တစ်ဂိုဏ်းလုံးက ငါ့ဟာပဲဟာ ။ ငါ့နေရာမှာ ငါ လုပ်ချင်တာလုပ်ရဖို့အရေးကို အကြီးအကဲတွေရဲ့ ခွင့်ပြုချက် သွားတောင်းနေရဦးမယ်လို့ မင်း ငါ့ကို ပြောနေတာလား ။ ဒီကိစ္စကို မင်းလက်ထဲ ငါ လွှဲထားလိုက်မယ် ။ ငါ့ကို ကူပြီးတော့ ခုနစ်လွှာကို ပန်းခြံဖြစ်အောင် လုပ်ပေး ။ အခုချက်ချင်း ဘဏ္ဍာရေးဌာနကို သွားပြီးတော့ ငွေသွားထုတ်ချည်"
ထိုသည်ကို ကြားလိုက်ပြီး ခုနစ်စင်ကြယ် မျက်နှာပျက်သွားသည် ။
ဒီအလုပ်ကို ငါ့လက်ထဲ လွှဲထားမယ်…ဒါ ငါ့ကို ဟိုသက်ကျားအိုကြီးတွေကို သွားရန်ပြုလို့ ပြောလိုက်တာနဲ့ မတူဘူးလား ။
သို့သော်လည်း ရီ၀မ်၀မ်သည် တစ်ချက်လွတ်ပြောပြီးနေလေပြီ ဖြစ်ရကား ခုနစ်စင်ကြယ်မှာ ငြင်းဆန်နေဖို့ အခွင့်မရှိတော့ပါချေ ။
ခုနစ်စင်ကြယ်ခမျာ ကိုယ့်ပါးစပ်ကိုပင် ဖြတ်ရိုက်ပစ်ချင်နေမိ၏ ။
ငါ ဘာလုိ့ ပါးစပ်သရမ်းရတာလဲ ။
"ဟုတ်ကဲ့ ၊ အစ်မ ဖန်း ။ တခြားဘာမှ မရှိတော့ဘူး ဆိုရင်
ကျွန်တော် အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"
ခုနစ်စင်ကြယ်သည် သက်ပြင်းချလိုက်ပြီး အသက်မပါသည့်ဟန် ဖျော့တော့စွာ ပြောဆိုလေသည် ။
"သွား…သွား…"
ရီ၀မ်၀မ် ခုနစ်စင်ကြယ်ကို လက်ဝှေ့ပြကာ သွားခိုင်းလိုက်၏ ။
ခုနစ်စင်ကြယ် ထွက်သွားပြီဆိုသည်နှင့် ရီ၀မ်၀မ်သည် ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးကို နောက်ထပ်တစ်ကြိမ် ပွတ်သပ်ချော့မြှူပေးနေပြန် သည် ။
သို့သော် ၊ တခနအကြာတွင် ရီ၀မ်၀မ်၏ဖုန်း ရုတ်တရက် ထမြည်လာ၏ ။
ဖုန်းခေါ်ဆိုလာသူကို မြင်လိုက်ပြီး ရီ၀မ်၀မ် အံ့သြမိသွားသည် ။
ခုနစ်စင်ကြယ်က ဖိန့်ဖိန့်တုန် ဂိုဏ်းထဲ သူမ ရောက်လာပြီ ဆိုကတည်းက သူမကို ထိုဖုန်းနှင့် ထိုနံပတ်ကို ပေးထားခြင်း ဖြစ်သည် ။ ခုနစ်စင်ကြယ် ၊ ကြယ်ခုနစ်နှင့် လူအနည်းငယ်သာလျှင် ထိုဖုန်းနံပတ်ကို သိကြခြင်း ဖြစ်ပေသည် ။
ရီ၀မ်၀မ်က ဖုန်းကိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် ။
"ပြောပါ"
"တံခါးဆရာလား" ထူးမခြားနား၊ ပျင်းတွဲနေသည့် အသံတစ်သံ တခြားတဖက်ကနေ ပေါ်ထွက်လာသည် ။
ဘယ်အရူးကများ ငါ့ကို တံခါးဆရာလားလို့ လာမေးနေတာလဲ ။
"တေလေဂျပိုး"
ရီ၀မ်၀မ် အေးစက်စွာဖြင့် မေးလိုက်သည် ။
"မင်း ဘယ်ဌာနကလဲ"
တဖက်တွင် တခနလောက် တိတ်ဆိတ်သွားသည် ။
"ဘာကို ပြောတာလဲ"
"ဘာကို ပြောရမှာလဲ"
ရီ၀မ်၀မ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားသည် ။
"မင်း ဘယ်သူလဲ"
"ရိရွှေ့ဟန်"
တစ်ဖက်က ထူးမခြားနားသောအသံတစ်သံ ပြန်ဖြေလာသည် ။
"ဘာ…ချီးထုပ် လား"
တဖက်လူ မည်သူမည်ဝါ ဖြစ်ကြောင်း သိလိုက်ပြီး
ရီ၀မ်၀မ် ရှေ့ာရသွားကာ မယုံကြည်နိုင်အတိ ဖြစ်သွား၏ ။
ပြန်စဉ်းစားကြည့်ရလျှင် ချီးထုပ်သည် သူမကို တံခါးဆရာ လားဟု မေးခဲ့ခြင်း ဖြစ်သည် ၊ ဂိုဏ်းချုပ် လားဟု မေးခဲ့ခြင်း မရှိပါချေ ။
“…”
"မ-မှားလို့ အရှင် ချီး…အဲ…သူရဲကောင်း ရိ…လား ။
သူရဲကောင်း ရိ ဒီနေ့ ဘယ်လိုလုပ်ပြီး အားသွားတာလဲ"
ရီ၀မ်၀မ်၏ အေးစက်စက်အပြုံးမှာ တမုဟုတ်ချင်းပင် တစမကျန်အောင် လွင့်ပြယ်သွားလေပြီ ။
ထိုညက ကာစီနိုထဲတွင် ချီးထုပ်နှင့် ဖုန်းနံပတ်ချင်း လဲခဲ့မိသည်ကို ရီ၀မ်၀မ် အခုမှ အမှတ်ရမိလိုက်၏ ။
သို့သော်…ချီးထုပ်ဘက်ကစပြီး သူမကို ဆက်သွယ်လာလိမ့်မည်ဟုတော့ သူမ တစ်ခါပင် မတွက်ဆခဲ့ဖူးပါချေ ။ ထိုဖုန်းနံပတ်ကိစ္စကိုပင် သူမ မေ့လုတဲတဲ ဖြစ်နေလေပြီ ။
"အလုပ်ကိစ္စ"
ချီးထုပ်က ခပ်တည်တည်ပင် ပေါ့ပေါ့လေး ပြန်ဖြေလာသည် ။
"သူရဲကောင်း ရိ ၊ ဘာအလုပ်ကိစ္စများလဲ"
ချီးထုပ်၏ စကားကို ကြားလိုက်ပြီး ရီ၀မ်၀မ် မဆိုစလောက် မျက်မှောင်ကြုတ်မိသွားသည် ။
ချီးထုပ်က ငါ့သရုပ်မှန်ကို သိသွားတာများလား ။
"ငါ မင်းကို လိပ်စာပေးမယ် ။ မင်း ရောက်လာတော့မှ ပြောကြတာပေါ့" ချီးထုပ်သည် ထိုသို့ ပြောပြီးပြီးချင်း ဂွက်ခနဲ ဖုန်းချပစ်လိုက်သည် ။
တစ်ဖက်က အလုပ်များနေသည့်လေသံကို နားလည်နေရရင်း
ရီ၀မ်၀မ် ပါးစပ်အဟောင်းသား ဖြစ်နေမိသည် ။
သူ ငါ့ကို လိပ်စာလည်း မပြောရသေးဘူးလေ ။
ရီ၀မ်၀မ် ကမန်းကတန်းပင် ချီးထုပ်ဆီ စာတစ်စောင် ပို့ပေးလိုက်သည် ။ သူ့လိပ်စာ မေးလိုက်ခြင်းသာ ဖြစ်၏။
ပြန်ပို့လာသည့် လိပ်စာကို ကြည့်ပြီး ရီ၀မ်၀မ် တိတ်ဆိတ်မိသွားသည် ။
လွတ်လပ်သောနယ်မြေရဲ့ တကယ့်ဆရာကြီးဆီကို ငါ တစ်ယောက်ထဲပဲ သွားရမလား ၊ အဖွဲ့ကြီးတစ်ဖွဲ့ကို ခေါ်ပြီး သွားလိုက်ရမလား ။
အချိန်အကြာကြီးကြာအောင် စဉ်းစားပြီးနောက်တွင် ရီ၀မ်၀မ်သည် သူမတစ်ယောက်တည်းသာ သွားဖို့ ဆုံးဖြတ်လိုက်၏ ။
………………………………………………………………………………
စာစဉ် ၅၄၊ အခန်း ၆။ ငါ့အိမ်ကို သွားရအောင်
ဟိုအရင်က ကိုကြီး ဗိုလ် သည် ချီးထုပ်ကို ကျော့ကွင်းထောင်ကာ ဖမ်းခဲ့ဖူးသည် ၊ သို့သော် သူမသည်သာ ထိုကျော့ကွင်းထဲ ပြန်ကျသွားခဲ့ ရလေသည် ။
ချီးထုပ်ကို အနိုင်ရနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏ ။
ထို့ကြောင့် ရီ၀မ်၀မ်လည်း ရွေးချယ်စရာ မရှိတော့ဘဲ
ချီးထုပ် ပို့ပေးလာသည့် လိပ်စာအတိုင်း တစ်ယောက်တည်း ကားမောင်းသွားဖို့သာ ဆုံးဖြတ်လိုက်သည် ။
ဒုက္ခအများဆုံးအရာတစ်ခုသည်ကား လွတ်လပ်သောနယ်မြေထဲတွင် မြေပုံမရှိနေခြင်းတည်း ဖြစ်၏ ။ ထို့ကြောင့် သူမ လမ်းမှား၀င်မိသည်မှာ ၊ အချိုးအကွေ့တို့ မှား၀င်မိသည်မှာ အကြိမ်ကြိမ်တည်း ဖြစ်၏ ။
နောက်ဆုံး ညနေနေ၀င်ရီတရောအချိန်မှပင် ရီ၀မ်၀မ် ထိုနေရာဆီ ရောက်သွားတော့သည် ။
ကားထဲကနေ ထွက်လိုက်ပြီး ပတ်၀န်းကျင်ကို အကဲခတ်လိုက်မိရာ ရီ၀မ်၀မ် စိတ်အရှုပ်ကြီး စိတ်ရှုပ်သွားရသည် ။
ဒီနေရာကို နည်းနည်းရင်းနှီးနေသလိုပဲ ။
ရီ၀မ်၀မ် ချက်ချင်းပင် မျက်နှာပျက်သွားသည် ။
ဒါ…ဒါက ငါ့ရဲ့သရဲအိမ်ကြီးနားမှာ မလား ။
"မိန်းကလေး ရီ"
သူမ၏အနောက်ဘက်ကနေ ချီးထုပ် အသံကို ကြားလိုက်ရသည် ။
ရီ၀မ်၀မ် ချက်ချင်းပင် လှည့်ကြည့်လိုက်မိရာ…
သူ၏ရှည်လျားသော ပိတုန်းရောင် ဆံကေသာသည် ခါးထိအောင် ဝဲကျနေပြီး သူ၏၀တ်စုံမှာ ပေါ့ပေါ့ပါးပါးနှင့် တလွင့်လွင့်ရှိနေသည် ။ သို့သော် ၊ သူ၏မျက်နှာနှင့် ပေါင်းစပ်လိုက်သော် လူတကာကို အလွန်အမင်း ဘ၀င်ခွေ့ သွားစေနိုင်သည် ။
အရမ်းချောလိုက်တာ…သောက်ရမ်းကို ချောလိုက်တာ ။ ယောကျာ်းတစ်ယောက်က ဘာလို့ ဒီလောက်တောင် ချောနေနိုင်ရတာလဲ ။
ချီးထုပ်သာ မိန်းမလို ၀တ်စားထားလိုက်ရင် ရင်ဘတ်ပြားနေတာကလွဲပြီး လုံး၀ကွက်တိပဲ…ဟဲဟဲ ။
“အရှင် ချီး”
ရီ၀မ်၀မ်သည် သူမထံသို့ ချီးထုပ် လျှောက်လာနေသည်ကို မြင်လိုက်ပြီး ကမန်းကတန်း ပြုံးပြလိုက်သည် ။
ရီ၀မ်၀မ် ခေါ်လိုက်သည့်နာမည်ကြောင့် ချီးထုပ် မျက်မှောင် မဆိုစလောက်လေး တွန့်သွားသည် ။
“အရှင် ချီး…ကျွန်မကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲ”
ရီ၀မ်၀မ် ပြုံးစိစိဖြင့် မေးလိုက်သည် ။
ချီးထုပ်က ရီ၀မ်၀မ်ကို ကြည့်လိုက်ကာ ခြောက်သွေ့စွာဖြင့်
ပြောလိုက်သည် ။
“သူစိမ်းဆန်နေစရာ မလိုပါဘူး ၊ မိန်းကလေး ၀မ်၀မ် ။
ကျွန်တော့်ကို ရိရွှေ့ဟန်လို့ပဲ ခေါ်လို့ရပါတယ်”
“…”
ထိုအရာကို သူမ အမှန်ပင် မေ့နေမိခြင်းပင် ။ ချီးထုပ်သည် ထိုနာမည်ပြောင်ကို အမှန်တကယ်ပင် မကြိုက်နှစ်သက်ပါချေ ။
ဒါပေမယ့် သူစိမ်းဆန်တယ်ဆိုတာက ဘာစကားကြီးလဲ ။
“ငါ့အိမ်ကို သွားရအောင်”
ချီးထုပ်က တိုးတိုးလေး ပြောသည် ။ “ရှင့်အိမ်ကိုလား”
ရီ၀မ်၀မ် အံ့အားသင့်သွားသည် ။
ချီးထုပ်နဲ့ ငါနဲ့က အိမ်နီးနားချင်းတွေလား ။ တကယ်ကြီး သောက်ကျိုးနည်း အိမ်နီးနားချင်းတွေလား ။
တခနအကြာတွင် သရဲအိမ်ကြီးအနားက အိမ်ကြီးတစ်အိမ်ဆီ ချီးထုပ်နောက်ကနေ ရီ၀မ်၀မ် လိုက်သွား၏ ။
သူတို့ ရီ၀မ်၀မ်၏သရဲအိမ်ကြီးကို ဖြတ်ကျော်လာစဉ်တွင် ချီးထုပ်သည် တုံ့ခနဲ ရပ်တန့်သွားကာ ထိုစံအိမ်ကြီးကို လက်ညှိုးထိုးပြလာပြီး…
“အဲ့ဒါက သရဲအိမ်ကြီးလေ…အဲ့မှာ အရင်တုန်းက လူတစ်ယောက် အပိုင်းပိုင်း ပြတ်ပြီး သေထားဖူးတယ် ။ အထဲမှာ သရဲလည်း ရှိလောက်တယ်”
“…”
ရှင် နည်းနည်းလောက် လူစကားလေး ပြောပေးလို့ မရဘူးလား ။
ကျွန်မက အဲ့ဒီမှာ နေတာလေ…ဟုတ်ပီလား ။
“အင်း…ကြောက်စရာကြီးနော်…ဒါပေမယ့် သရဲတွေဆိုတာက တကယ်တမ်း သိပ္ပံပညာမှာမှ မပြထားတာ ။ တကယ်မရှိလောက်ပါဘူး”
ရီ၀မ်၀မ်သည် အကြပ်ရိုက်စွာ အပြုံးဆောင်ရင်း ပြောလိုက်သည် ။
ချီးထုပ်က ရီ၀မ်၀မ်ကို ကြည့်လာသည် ။
“သိပ္ပံပညာနဲ့ လိုက်မမှီနိုင်တဲ့ အရာတွေမှ အများကြီးပဲ ။
အဲ့မှာ သရဲတစ်ကောင်ရှိတာကို ငါ့မျက်လုံးနှစ်လုံးနဲ့ကို မြင်ထားတာ”
“...”
ရှင်က ဒီလွတ်လပ်သောနယ်မြေထဲမှာ အကြမ်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးလေ ။ ဒီလောက်ထိ အားတက်သရောနဲ့ လိုက်ခြောက်နေတာ မဖြစ်သင့်ဘူးမဟုတ်လား ။
ဒီလောကထဲတွင် သရဲတွေ မရှိခြင်းကို သူမ သိနေသောကြောင့် ကြောက်စိတ်မ၀င်မိပါချေ ။ သို့သော် ၊ ချီးထုပ်၏ ရှုတည်တည်မျက်နှာဖြင့် သရဲရှိသည်ဟု အခိုင်အမာကြီး ပြောဆိုလာနေရာ…သူမ မည်သို့ ဆက်နေရ တော့မည်နည်း ။
“အရှင် ချီး…အလုပ်ကိစ္စ ပြောရအောင်လေ”
ရီ၀မ်၀မ် ကူကယ်ရာမဲ့စွာသာ ပြုံးပြလိုက်မိသည် ။
သူမသည် ထိုသရဲခြောက်သည့်အိမ်ကြီးအကြောင်း အမှန်ပင် ဆက်မပြော လိုတော့ပါချေ ။
တခနအကြာတွင် ချီးထုပ်၏ ဦးဆောင်မှုဖြင့် နှစ်ယောက်သား ထိုသရဲအိမ်ကြီးနားက အိမ်ကြီးတစ်အိမ်ဆီ ရောက်သွားကြသည် ။
အလွန်အမင်းပင် တိုက်ဆိုင်လွန်းလှပေစွ ။ ထိုအိမ်ကြီးမှာ သရဲအိမ်ကြီး၏ အနောက်ဘက်တွင် ရှိနေခြင်း ဖြစ်ပေသည် ။ ထိုအိမ်ကြီး၏ အပေါ်ဆုံး ထပ်တွင် ရပ်မိလျှင် ပြတင်းပေါက်ကနေ ဒီနေရာကို သူမ ကောင်းကောင်းကြီး လှမ်းမြင်နိုင်လေသည် ။
ရီ၀မ်၀မ် ဒီနေရာကို လေ့လာကြည့်ရှုကြည့်လိုက်ချိန်တွင်
တစ်ခုခု လွဲနေသည်ကို သတိပြုမိလိုက်၏ ။
ထိုသည်ကား….တံခါး မရှိနေခြင်း ။
……………………………………………………………………………......
စာစဉ် ၅၄၊ အခန်း ၇။ နေရာမှားလာခြင်း
"…"
ထိုတံခါးမဲ့နေသည့် အိမ်ကြီးကို ကြည့်နေရင်းမှ
ရုတ်တရက်ကြီး ချီးထုပ် သူမကို လှမ်းခေါ်ရသည့် အကြောင်းရင်းကို ရီ၀မ်၀မ် နားလည်သဘောပေါက်သွား၏ ။
"အစောနတုန်းက ငါ့ကို လာသတ်ဖို့ လုပ်ရင်းကနေ သူတို့ကြောင့် တံခါးပျက်သွားတာ" ချီးထုပ်က ရီ၀မ်၀မ်ကို ရှင်းပြလာသည် ။
"ရှင့်ကို သတ်ဖို့လုပ်တယ်…"
ရီ၀မ်၀မ် ဟားတိုက်ကာ ရယ်မောပစ်လိုက်ချင်၏ ။
ကြည့်ရသည်မှာ ထိုဒိတ်ဒိတ်ကြဲ ဘော့စ် ကြီးသည်လည်း လူသတ်သမားများ၏ ပစ်မှတ်အဖြစ်ခံရဟန် ရပေသည် ။
"ဒါပေမယ့် အဲ့လူသတ်သမားတွေက နေရာမှားပြီး ရောက်လာသလိုပဲ" အနား၀န်းကျင်က သရဲအိမ်ကြီးကို ချီးထုပ် တစ်ချက် စွေကြည့်လိုက်ကာ ။ "အဲ့ဒီ သရဲအိမ်ရဲ့ ပိုင်ရှင်ကို သတ်ဖို့ လာပြီးတော့ နေရာမှားပြီး ငါ့အိမ်ရောက်လာတာ ဖြစ်လောက်တယ်"
"…"
ချီးထုပ်၏စကားကြောင့် သေမတတ် ရယ်မောပစ်ချင်နေခဲ့သည့် ရီ၀မ်၀မ် ခမျာ ထိုနောက်ဆက်တွဲစကားကြောင့် အတွေးကြီးတွေးသွားရလေပြီ ။
ချီးထုပ် ပြောသည့် စကားသာ ဟုတ်ရိုးမှန်လျှင် ထိုသည်မှာ သူမကို တစ်ယောက်ယောက် သတ်ချင်နေသည်ဟု ဆိုလိုသည် မဟုတ်ပါလား ။
ဤလွတ်လပ်သောနယ်မြေထဲတွင် သူမ ရန်ပြုထားခဲ့သည့် သူမှာ တတိယအကြီးအကဲ လီစီ သာလျှင် ရှိသေးပေသည် ။
သူလွှတ်လိုက်သည့် သူများတော့ မဖြစ်နိုင် ။ ကြေးစားလူသတ်သမားများသည် သူတို့ သတ်ရမည့်လူ၏ လိပ်စာကို မှားဖို့ ဝေးစွ၊ ထိုကဲ့သို့ အမှားသေးသေးမျိုးမျိုးကို ကျူးလွန်မည့်သူများ မဟုတ်ကြ ။
"ဆိုတေ့ာ…အရှင် ချီး က ကျွန်မကို တံခါးပြန်ဆင်ပေးစေချင်တာလား" ရီ၀မ်၀မ် ချီးထုပ်ကို ဖြေးဖြေးချင်း မေးလိုက်သည် ။
"မင်းက တံခါးဆရာ မဟုတ်ဘူးလား ။ ကျွန်တော်က ဒီနေရာတစ်ဝုိက်နဲ့ သိပ်မရင်းနှီးလို့ တံခါးကြီးကြီး ၊ စိတ်ချရတာမျိုးကို ငါ့ကို ကူတပ်ပေးစမ်းပါ" ချီးထုပ်က သူမကို တောင်းဆိုလိုက်သည် ။
ရီ၀မ်၀မ်မှာ ပြောစရာစကားတို့ ပျောက်ရှသွားရ၏ ။
ငါလေးက တံခါးဆရာ ဟုတ်မှမဟုတ်တာ ။
စိတ်ချရတဲ့တံခါးတွေ အကြောင်း ဘယ်လိုလုပ် သိမှာလဲ ။
“ကောင်းပါပြီ ၊ အကောင်းဆုံး လုပ်ပေးပါမယ်”
ရီ၀မ်၀မ် ခေါင်းကို မရမက ညိတ်ယူပြီး သဘောတူလိုက်ရ၏ ။ ထိုသည်မှာ သူမသည် ကိုယ့်သေတွင်းကိုယ် တူးထားခဲ့မိသည် မဟုတ်ပါလား ။
“ငါ အမြန်ဆုံးလိုချင်တယ် ။ မင်းရဲ့ဆိုင်ကနေ လာရွေးလိုက်ရမလား” ချီးထုပ်က ဆိုသည် ။
“ရ…ရတယ်လို့ ကျွန်မ ပြောတယ်မလား ။ ကျွန်မတို့ဆီမှာ အိမ်အရောက်ပို့စနစ် ရှိတယ် ။ ကျွန်မ မနက်ဖြန်ရွေးပေးပြီးတာနဲ့ အလုပ်သမားတစ်ယောက်ကို လွှတ်ပြီးတော့ တပ်ခိုင်းလိုက်မယ်”
ရီ၀မ်၀မ်၏နှုတ်ခမ်းတို့ တွန့်ချိတ်နေမိသည် ။
ငါ့မှာ ဘာဆိုင် ရှိမှာမို့လို့လဲ ။
“ကောင်းပြီလေ” ချီးထုပ်က ခေါင်းညိတ်သည် ။
“မိန်းကလေး ရီ…အထဲ၀င်လာပြီး ထိုင်ပါဦးလား”
“ရတယ်…ရတယ်…အရှင် ချီး”
ရီ၀မ်၀မ် ခေါင်းကို သွက်သွက်ခါယမ်းပြလိုက်သည် ။
ငါ့မှာ ထိုင်ဖို့ အချိန်မရှိဘူး ။
ချီးထုပ်အတွက် သောက်တံခါးကို လိုက်ရှာပေးရဦးမယ် ။
“ဒါဖြင့်လည်း ထမင်းစားသွား”
ချီးထုပ်က တံခါးမဲ့နေသည့် အိမ်ထဲသို့ လှည့်၀င်သွားလေပြီ ။
ရီ၀မ်၀မ် အနည်းငယ် သက်ပြင်းချမိသွား၏ ။
သူမ ဘာမှ မတတ်နိုင်တော့ဘဲ ချီးထုပ်နောက်ကနေ
အိမ်ထဲ လိုက်၀င်သွားလိုက်ရသည် ။
ချီးထုပ်၏ နေအိမ်မှာ အင်မတန်ပင် ရိုးရှင်းလှ၏ ။ အခန်းကျယ်ကြီးထဲတွင် စားပွဲနှင့် ထိုင်ခုံအနည်းငယ်ကလွဲပြီး
ဘာမှ များများစားစား မရှိနေပါချေ ။
“ဟင်းသွားချက်လိုက်ဦးမယ် ။ ကိုယ့်အိမ်ကိုယ်ယာလို သဘောထားပြီး အေးအေးဆေးဆေး လျှောက်ပတ်ကြည့်နေပေါ့” ချီးထုပ်က ရီ၀မ်၀မ်ကို ပြောလာသည် ။
ထိုသည်ကို ကြားလိုက်ပြီး ရီ၀မ်၀မ် အံ့သြမိသွား၏ ။ ဒီအကျော်ဇေယျကြီးက ဟင်းချက်တတ်တယ်လား ။
၀ိုး…ယောကျာ်းပီသလိုက်တာ ။
“မိန်းကလေး ၀မ်၀မ်…အသားစားလား” ချီးထုပ်က မေးသည် ။
“စားတယ်”
ရီ၀မ်၀မ် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည် ။
“ဟော…ဒါပေမယ့် ကျွန်တော့်ဆီမှာ ဘာအသားမှ မရှိဘူး ။
ကျွန်တော် အခုတလော အသီးအရွက်ပဲ စားဖြစ်တာများတယ်”
ချီးထုပ်က ထိုသို့ ပြောပြီး မီးဖိုချောင်ထဲ လှည့်၀င်သွားလေသည် ။
“…”
ဒါဆိုလဲ…ဘာကိစ္စ သောက်ကျိုးနည်းအောင်လို့ အသားစားလား လာမေးနေသေးတာလဲ ။
မီးဖိုချောင်ထဲသို့ ချီးထုပ် ၀င်သွားပြီးနောက်တွင် ရီ၀မ်၀မ်သည်လည်း အိမ်ကို လှည့်ပတ်ကြည့်နေလိုက်သည် ။
ချီးထုပ်၏ နေအိမ်မှာ အလွန်အမင်း ကျယ်၀န်းပြီး နေဖို့ကောင်းသည် ဆိုသော်လည်း လှုပ်ရှားသက်၀င်မှုတို့ မရှိနေဘဲ အသက်မဲ့လှ၏ ။ အိမ်ကြီးသည် သန့်ရှင်းပြီး သပ်ရပ်သည် ဆိုသော်လည်း အဆင်တန်ဆာ အနည်းငယ်သာ ရှိထားခြင်းက ပိုတိုးလို့ ကြည့်ကောင်းစေသည် ။
အနားက နံရံကြီးပေါ်တွင် ဓာတ်ပုံတစ်ပုံ ချိတ်ထားလေသည် ။ ထိုဓာတ်ပုံထဲက သူမှာ ရီ၀မ်၀မ် နှင့် ရုပ်ရည်ချင်း ဆင်သယောင်ယောင် ။ အလွန်တရာ ထက်မြက်ဟန် ပေါ်နေ၏ ။
တခနလောက် လှည့်ပတ်ကြည့်ပြီးနောက်တွင် ရီ၀မ်၀မ် ကျိတ်ကာ သက်ပြင်းချလိုက်မိပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည် ။
ချီးထုပ် နှင့် သူမ သည် အိမ်နီးချင်းများ ဖြစ်ကြသည် ။ ထိုကဲ့သို့ အကျော်ဇေယျ ခေါင်ကြီးနှင့် အိမ်နီးနားချင်း လာဖြစ်နေသည်မှာ သူမအတွက်တော့ အတော်လေး စိတ်ဖိစီးစရာကောင်းသည့် အရာပင် ။
…………………………………………………………………………………
စာစဉ် ၅၄၊ အခန်း ၈။ တစ်ဆင့်ထဲ မဟုတ်ဘူး
နာရီ၀က်ခန့် ရှိသော်….
ချီးထုပ်သည် ထမင်းစားပွဲပေါ် စားဖွယ်ရာများ ချပေးလာသည် ။
ရီ၀မ်၀မ် ထိုသည်ကို ကြည့်လိုက်၏ ။
အကုန်လုံးမှာ သက်သက်လွတ်တွေချည်း ။
သို့သော် အလွန်အမင်းပင် စားချင့်စဖွယ် ကောင်းလှပေသည် ။
သူ့လို ဘော့စ်ကြီးသည် ထိုကဲ့သို့ ချက်တတ်လိမ့်မည်ဟု သူမ မထင်ထားမိဖူးပါချေ ။
"မိန်းကလေး ရီ…သုံးဆောင်ပါ"
ချီးထုပ်သည် စားပွဲတွင် ၀င်ထိုက်လိုက်ရင်း ရီ၀မ်၀မ်ကို ပြောလာသည် ။
ရီ၀မ်၀မ်လည်း အားနာမနေတော့ဘဲ စစားလိုက်၏ ။
သောက်ကျိုးနည်း ဟင်းချက်စကေးကြီးပါလား ။
အဲ့လိုမှန်းသိရင် ခါချဉ်ကြော်ပဲ သွားစားပစ်လိုက်ပါတယ် ။
ရီ၀မ်၀မ် ကျိတ်ကာ ကျိန်ဆဲနေမိသည် ။
ဟင်းပွဲများမှာ စားချင့်စဖွယ်ကောင်းနေသည်ကလွဲပြီး တစက်လေးမှ စားမကောင်းလှပါချေ ။ မျိုချဖို့ပင် မနည်းအနိုင်နိုင် ။
“အရှင် ချီး…သူက ရှင့်မိန်းမ လား”
ရီ၀မ်၀မ် အနားက ပုံတန်းတွေကို ကြည့်ပြီး မေးလိုက်သည် ။
ချီးထုပ်သည်လည်း ထိုပုံတွေကို လှည့်ကြည့်လိုက်ပြီး
ရှုတည်တည်ဖြင့် ပြန်ဖြေလာသည် ။
“ကျွန်တော့်အမေ”
“…”
“အမေ သေသွားတာ အကြာကြီး ရှိနေပြီ ။
မင်းရဲ့စရိုက်က ကျွန်တော့်အမေနဲ့ တော်တော်လေး ဆင်တယ်”
ချီးထုပ်သည် ရီ၀မ်၀မ်ကို အကဲခတ်လိုက်ရင်း ပြောလာသည် ။
ရီ၀မ်၀မ် အံ့အားသင့်သွား၏ ။
စရိုက်ချင်းဆင်တယ်…ကာစီနိုမှာတုန်းက ငါ သူ့ကို ကာကွယ်ပေးခဲ့တာကို ပြောနေတာလား ။
“အရှင် ချီး ရဲ့ စရိုက်နဲ့ဆို တော်တော်များများကို သိထားမှာပဲနော်”
ရီ၀မ်၀မ်က တွေးဆဆဖြင့် မေးလိုက်သည် ။
“ဘာကိုလဲ”
ချီးထုပ်သည် အလွန်တရာ စားရခက်လှသည့် ထမင်းဟင်းကို စားနေရင်းမှ မေးလာသည် ။
“အရှင် ချီး က ဖိန့်ဖိန့်တုန် ဂိုဏ်းနဲ့ တော်တော်လေး သိမှာပဲ ။ ကျွန်မ ကြားတာတော့ အရှင် ချီး ရဲ့ နာမည်ပြောင်ကို ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် က ပေးထားတာဆို”
ရီ၀မ်၀မ် အကဲစမ်းကာ မေးခွန်းအစ်ကြည့်လိုက်သည် ။
ထိုသည်ကို ကြားလိုက်ပြီး ချီးထုပ် အံ့သြသွား၏ ။
“ပိုင်ဖန်း လို့ ခေါ်တာမလား” ချီးထုပ် က ခေါင်းယမ်းပြကာ…
“သူနဲ့ မသိဘူး”
“…”
သေစမ်း…တော်တော်လေး ကောင်းချက် ။ “ငါ သူနဲ့ မသိဘူး” လို့ အေးအေးဆေးဆေးကို ပြောထွက်သွားတယ် ။ ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် မှာတော့ ချီးထုပ်ကို ရသမျှနည်း ရှာပြီး လိုက်ရန်လုပ်နေရင်းက ချီးထုပ်ရဲ့ အရိုက်တောင် ခံလိုက်ရတဲ့ဟာကို ။ အခုကျတော့ ချီးထုပ်က ကိုကြီး ဗိုလ် ကို မသိဘူးတဲ့လား ။ သူနဲ့ ပတ်သက်ပြီး ဘာမှ မမှတ်ထားဘူး ဆိုတော့ သူ့ကို ဘာမှကို အရေးမထားဘူးဆိုတဲ့ သဘောပေါ့ ။
“ဒါဆိုရင်…အဇူရာ ဂိုဏ်း ကိုရော အရှင် ချီး သိမလား”
ရီ၀မ်၀မ် ဆက်မေးကြည့်လိုက်သည် ။
“ကြားဖူးနားဝတော့ ရှိတယ်” ချီးထုပ်က ခေါင်းညိတ်ပြကာ
ရီ၀မ်၀မ်ကို ကြည့်လာသည် ။ “မင်းလို တံခါးရောင်းဆရာက လွတ်လပ်သောနယ်မြေရဲ့ ဂိုဏ်းတွေအကြောင်းကို ဘာလို့ အဲ့လောက်တောင် စိတ်၀င်စားနေတာလဲ”
ရီ၀မ်၀မ်က ပြုံးကာ ရှင်းပြလိုက်သည် ။
“မဟုတ်တာ အရှင် ချီး ကလည်း…ကျွန်မက အရောင်းအ၀ယ်သမား လေ ။ အရောင်းအ၀ယ် သမားဆိုမှတော့ လွတ်လပ်သောနယ်မြေ ရဲ့ ဂိုဏ်းတွေအကြောင်း ကျွန်မ သိနေတာ ဘာဆန်းလို့လဲ”
ချီးထုပ်က ခေါင်းညိတ်လာသည် ။
အင်း…အဓိပ္ပာယ်တော့ ရှိသားပဲ ။
“အဇူရာဂိုဏ်းက လွတ်လပ်သောနယ်မြေထဲမှာ ဒိတ်ဒိတ်ကြဲ ဂိုဏ်းကြီး တစ်ဂိုဏ်းလို့ ပြောလို့ ရတယ် ။ မဆိုးပါဘူး” ချီးထုပ်က ပြောသည် ။
သောက်ကျိုးနည်း ကွာခြားသွားပုံကြီးကို ကြည့်စမ်းပါဦး ။ ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ်ကို သိလား ဆိုတော့ လုံး၀ကို မသိဘူးလေး ဘာလေးနဲ့ ၊ ဟော…အဇူရာဂိုဏ်းအကြောင်းလည်း မေးလိုက်ရော ချက်ချင်းကို သိသွားတော့တာပဲ ။
“အရှင် ချီး က အရှင် နတ်ဆိုးအကြောင်းလည်း သိနေမှာပေါ့နော်”
ရီ၀မ်၀မ် လျင်လျင်မြန်မြန်ပင် မေးကြည့်လိုက်သည် ။
ဖိန့်ဖိန့်တုန် ဂိုဏ်းနှင့် အရှင် နတ်ဆိုးမှာ ကမ္ဘာမကျေ ရန်သူတော်ကြီး များ ဖြစ်ကြချေသည် ။ ထို့ကြောင့် အရှင် နတ်ဆိုး နှင့် ပတ်သက်သမျှ ကို ရီ၀မ်၀မ် အကုန် သိထားချင်မိ၏ ။
“သူ့အကြောင်း ကြားဖူးတယ်” ချီးထုပ်က ခေါင်းညိတ်လာသည် ။
“ဒါဆို…အရှင် နတ်ဆိုးက အရမ်းစွမ်းတာလား ။
ဖိန့်ဖိန့်တုန် ဂိုဏ်းနဲ့ကော သူ ယှဉ်နိုင်လား”
ရီ၀မ်၀မ် မေးကြည့်လိုက်သည် ။
“သူတို့က တန်းမတူလောက်ဘူး”
“ဟမ်…အရှင် နတ်ဆိုးက အရမ်း တော်လွန်းနေတာလား”
ရီ၀မ်၀မ် ထပ်မေးကြည့်လိုက်ပြန်သည် ။
“သူက မဆိုးပါဘူး ။ အရှင် နတ်ဆိုးအကြောင်းကို ကြားဖူးတာတော့ ရှိတယ်” ချီးထုပ်က ပြန်ဖြေသည် ။
ရီ၀မ်၀မ် ရင်ထဲကနေ ကျိတ်ကာ သက်ပြင်းချလိုက်မိသည် ။
ချီးထုပ်လို လူမျိုးကတောင်မှ အရှင်နတ်ဆိုးကို မဆိုးဘူးလို့ ပြောနေတယ် ဆိုတော့ အရှင် နတ်ဆိုးက တကယ်ကြီး ကြမ်းလွန်းနေတာပဲ ဖြစ်ရမယ် ။
သိုင်းပညာအစည်းအရုံးက ငါ့ကို နတ်ဆိုးကို သွားကိုင်တွယ်ခိုင်းတယ် ဆိုတော့ ငါ့ကို သေတွင်းထဲ ပို့လိုက်တာပဲ ။
“ဖိန့်ဖိန့်တုန် ဂိုဏ်းပဲ ဖြစ်ဖြစ် အဇူရာ ဂိုဏ်းပဲ ဖြစ်ဖြစ်…သူတို့အကြောင်းကို အများကြီး မမေးတာ အကောင်းဆုံးပဲ ။ မင်းရဲ့အရောင်းအ၀ယ်အလုပ် ကိုပဲ အာရုံစိုက်ထား ။ ဒီလိုဂိုဏ်းတွေထဲ အရမ်းကြီး ၀င်မပါနဲ့”
ချီးထုပ်က ရီ၀မ်၀မ်ကို ပြောလိုက်သည် ။
…………………………………………………………………………………
Hi, သာသာ ပြန်လာပါပြီ ။ အားလုံးပဲ ဖတ်ရတာ အဆင်ပြေရဲ့လား လိုတာရှိရင် ပွင့်ပွင့်လင်းလင်း ၀ေဖန်ထောက်ပြပေးလို့ ရပါတယ် ။ အခုကစပြီးတော့ ပေ့ချ်ကို မှီအောင် တင်ပေးသွားတော့မှာမို့ တစ်၀ကြီး ဖတ်ရဖို့ သာသာ့ wattpad acc လေးကို မမေ့လိုက်ကြနဲ့နော် ။
Love you guys
😘😘😘
.....
Zawgyi code
💖 ခ်ိဳၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 54
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၅၄၊ အခန္း ၁။ ဘာအက်ိဳး ရမွာလဲ
အႀကီးအကဲ က်င္း က ခပ္တိုးတိုးေလး ရယ္သံျပဳလာၿပီး ရွင္းျပလာသည္ ။
"ဟုတ္တာေပါ့ဗ်ာ၊ ဂိုဏ္းခ်ဳပ္ ပိုင္ မမွတ္မိဘဲ ဘယ္ေနပါ့မလဲ ။ အရင္တုန္းက အဇူရာဂိုဏ္းကို ေခ်မႈန္းဖို႔ ဦးေဆာင္တိုက္ခဲ့တဲ့သူက ဂိုဏ္းခ်ဳပ္ ပိုင္ ပဲဟာ ၊ အဲ့ဒီတုန္းက ဂိုဏ္းခ်ဳပ္ ေတာ္ေတာ္ကို ႀကိဳးစားထားခဲ့တယ္ေနာ္"
ရီ၀မ္၀မ္ တိတ္ဆိတ္သြားသည္ ။
ဒီအဘိုးႀကီး ေျပာသြားတာ အမွန္ေတြလား ။
"နတ္ဆိုးက ေသရာကေန ျပန္ရွင္လာၿပီလို႔ ေျပာေနၾကတာကို ဂိုဏ္းခ်ဳပ္ ပိုင္ လည္း သိေနေလာက္မွာပါ ။ အရွင္ နတ္ဆိုး ျပန္ေရာက္လာၿပီဆိုတဲ့ အသံေတြ ၾကားေနရတယ္ ။ နတ္ဆိုးရဲ႕ အခု အားနည္းေနတဲ့အခ်ိန္ ကို အခြင့္ေကာင္းယူၿပီး ဂိုဏ္းခ်ဳပ္ ပိုင္ အျပတ္ရွင္းပစ္လိုက္ရင္ မေကာင္းဘူးလား" အႀကီးအကဲ က်င္း က ရီ၀မ္၀မ္ ကို ေျပာသည္ ။
"ေအာ္…အႀကီးအကဲ က်င္း ဒီေန႔ ကြၽန္မတို႔ဆီ ေရာက္လာတာက ေသနတ္ကိစၥေၾကာင့္ ဟုတ္ဟန္မတူဘူး ။ နတ္ဆိုးေၾကာင့္ ေရာက္လာတာနဲ႔ တူတယ္၊ ကြၽန္မ ေျပာတာ မွန္လား"
ရီ၀မ္၀မ္ ရင္ထဲတြင္ မဲ့႐ြဲ႕ေနမိၿပီ ။
အႀကီးအကဲ က်င္း က ထိုသည္ကို မျငင္းဆိုေပ ။
"ေျပာရမယ္ဆိုရင္ဗ်ာ…ဟိုတုန္းက နတ္ဆိုးရဲ႕ အဇူရာဂိုဏ္းကို ဦးေဆာင္ၿပီးသြားရွင္းခဲ့တဲ့ သူက ဂိုဏ္းခ်ဳပ္ ဆိုတာကို ဂိုဏ္းခ်ဳပ္ သိေနသင့္တယ္ ။ အခု အရွင္ နတ္ဆိုး ျပန္ေရာက္လာၿပီ ၊ အဇူရာဂိုဏ္းလည္း ေသေနရာကေန ျပန္ရွင္လာၾကေတ့ာမယ္ ။
သူတို႔ ေခါင္းျပန္ေထာင္လာၿပီဆိုတာနဲ႔ ေသခ်ာတာတစ္ခုကေတာ့ ဂိုဏ္းခ်ဳပ္ ပိုင္ နဲ႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းကို သူတို႔ အလြတ္ေပးေတာ့မွာ မဟုတ္ဘူးဆိုတာပဲ ။ ဒီေတာ့ သူ မစခင္ ကိုယ္ကအရင္ ဦးေအာင္ ျပင္ထားသင့္တယ္ မလား ဂိုဏ္းခ်ဳပ္"
အႀကီးအကဲ က်င္း က အႀကံေပးဟန္ျပဳကာ ေျပာသည္ ။
ရီ၀မ္၀မ္၏စိတ္ထဲတြင္မူ ထိုအႀကီးအကဲ က်င္း ကို နာမည္ေပးေနမိသည္ကား ေျမေခြးအိုႀကီး ဟု ။
သိုင္းပညာအစည္းအ႐ုံးသည္ လြတ္လပ္ေသာနယ္ေျမ၏ တရား၀င္ အဖြဲ႕အစည္းႀကီးတစ္ခု ။ ထိုနတ္ဆိုးသည္လည္း လြတ္လပ္ေသာနယ္ေျမ ၏ စည္းမ်ဥ္းစည္းကမ္းတို႔ကို ဘာမွ ေက်ာ္ၿပီး လုပ္ထားျခင္း မရွိ ။
သို႔ျဖစ္ေလရာ သိုင္းပညာအစည္းအ႐ုံးတြင္ နတ္ဆိုးကို ဖိႏွိပ္ဖို႔ရာ အခြင့္အလမ္း မရွိေနေပ ။
သို႔ေသာ္ ၊ နတ္ဆိုး၏အင္အားသည္ အလြန္တရာပင္ ႀကီးမားက်ယ္ျပန္႔လြန္းလွၿပီး အရွင္နတ္ဆိုးသည္ ေထာင္လႊားသည္၊ အ႐ိုင္းဆန္သည္၊ ေခါင္းမာသည္ ။ သူသည္ သိုင္းပညာအစည္းအ႐ုံးကို မ်က္စိထဲ လုံး၀မထည့္ထားျခင္းေၾကာင့္ သိုင္းပညာအစည္းအ႐ုံး၏ မာနႏွင့္သိကၡာတို႔ က်ဆင္းရ၏ ။
သိုင္းပညာအစည္းအ႐ုံးသည္ သူတို႔ကိုယ္တိုင္ေတာ့ အဇူရာဂိုဏ္းကို မေခ်မႈန္းလိုၾကေပ ။ ထို႔ေၾကာင့္ သူတို႔အစား ၾကားကေန ေခ်မႈန္းေပးမည့္ တျခားဂိုဏ္းမ်ားကို လိုက္ရွာေနၾကျခင္း ျဖစ္ေပသည္ ။
အဇူရာဂိုဏ္းႏွင့္ ဖိန္႔ဖိန္႔တုန္ဂိုဏ္းၾကားက ရန္ျငႇိဳးရန္စကို
ရီ၀မ္၀မ္ အၾကမ္းဖ်င္း နားလည္ထားပါ၏ ။
အဇူရာဂိုဏ္း၏ ဖိတ္ဖိတ္ေတာက္ ေအာင္ျမင္ေက်ာ္ၾကားေနခ်ိန္တြင္ လြတ္လပ္ေသာနယ္ေျမ၏ ဂိုဏ္းေတာ္ေတာ္မ်ားမ်ားသည္
လစဥ္လတိုင္း လက္ေဆာင္ပ႑ာ ဆက္သရေလသည္ ။
ထိုသို႔ ေပးရျခင္းမွာ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းလည္း ပါေခ်၏ ။
သို႔ေသာ္ ၊ ကိုႀကီး ဗိုလ္ သည္ တစတစ ရင္ထဲ တႏုံ႔ႏုံ႔ျဖစ္လာၿပီး ေနာက္ပိုင္းတြင္ ပ႑ာလာေတာင္းသည့္ အဇူရာဂိုဏ္းအား သတ္ပစ္လိုက္ေလသည္ ။ သို႔ႏွင့္ ထိုႏွစ္ဂိုဏ္းၾကားတြင္ မေက်မလည္မႈတို႔ စျဖစ္တည္လာၾကရသည္ ။
ထိုသို႔ ျဖစ္လာသည့္ေနာက္တြင္ သိုင္းပညာအစည္းအ႐ုံးသည္လည္း အဇူရာဂိုဏ္းကို အျပတ္ရွင္းဖို႔ရာ အႀကံအစည္ျပဳေနသည္ ျဖစ္ေလရာ ေနာက္ဆုံးတြင္ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းသည္ ႏွစ္ခါမစဥ္းစားေနေတာ့ဘဲ ရွင္းဖို႔ရာအတြက္ သေဘာတူလိုက္ေတာ့သည္ ။ ထိုေနာက္ပိုင္းတြင္ ဘာဆက္ျဖစ္သလဲကို ရီ၀မ္၀မ္ မသိေတာ့ပါေခ် ။
“ကြၽန္မက ဘာလို႔ သေဘာတူရမွာလဲ ။ ကြၽန္မ နဲ႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းက ဒီလိုလုပ္ၿပီး ဘာအက်ိဳးရႏိုင္မွာလဲ”
ရီ၀မ္၀မ္ ၿပဳံးစစမ်က္ႏွာျဖင့္ ျပန္ေျပာလိုက္သည္ ။
“သိုင္းပညာအစည္းအ႐ုံးက ဂိုဏ္းခ်ဳပ္ ပိုင္ နဲ႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းကို လူအင္အား ေထာက္ပံ့ေပးႏိုင္ပါတယ္”
အႀကီးအကဲ က်င္း က ျပန္ဆိုသည္ ။
“ဒါပဲလား” ရီ၀မ္၀မ္ မဲ့သြား၏ ။ “အဇူရာဂိုဏ္းကို ဖ်က္ဆီးခ်င္ေနတဲ့ သူက ရွင္တို႔ သိုင္းပညာအစည္းအ႐ုံး ။ ဒီေတာ့ ရွင္တို႔ဘက္ကေန ပိုက္ဆံ ၊ အင္အားနဲ႔ လူေတြ ပို႔ေပးကို ပို႔ေပးရမွာပဲ ။ အဲ့ဒါ မပါလို႔ မွ မျဖစ္တာ”
“ဂိုဏ္းခ်ဳပ္…ခ်ီးထုပ္ကို ရန္စထားမိတယ္ မဟုတ္လား”
အႀကီးအကဲ က်င္း က ႐ုတ္တရက္ႀကီး စကားလမ္းေၾကာင္းေျပာင္းကာ ေတြးဆဆျဖင့္ ဆိုလာေလသည္ ။
“ခ်ီးထုပ္ က ဘယ္လိုလူမ်ိဳးလဲ ဆိုတာကို ဂိုဏ္းခ်ဳပ္ ပိုင္ သိၿပီးသား ျဖစ္မွာပါ ။ ေရွးေဟာင္းမ်ိဳးႏြယ္စုႀကီးေတြေတာင္မွ ခ်ီးထုပ္ကို ေၾကာက္ၾကရတာပဲဗ်ာ ။ ဒီေတာ့ ဖိန္႔ဖိန္႔တုန္ဂိုဏ္းဆိုတာက ခ်ီးထုပ္ရဲ႕ မ်က္လုံးထဲမွာေတာ့ ဘာမွကို မဟုတ္ဘူး ။ ဂိုဏ္းခ်ဳပ္ ပိုင္ သာ အဇူရာကို ရွင္းပစ္ဖို႔ သေဘာတူလိုက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ သိုင္ပညာအစည္းအ႐ုံးက ဂိုဏ္းခ်ဳပ္နဲ႔ ခ်ီးထုပ္ ၾကားကို ဘာျပသနာမွ မျဖစ္ေအာင္ ၀င္ဖ်န္ေဖ်ေပးလို႔ ရပါတယ္ ။ ဒါဆိုရင္ ဂိုဏ္းခ်ဳပ္ ပိုင္ နဲ႔
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းလည္း စိတ္ေအးလက္ေအး ေနလို႔ ရသြားတာေပါ့”
ရီ၀မ္၀မ္ ဘာမွ မေျပာရေသးခင္ ခုနစ္စင္ၾကယ္က မာန္မဲေျပာဆိုသည္ ။
“ေသာက္ပိုေတြ ေလွ်ာက္ေျပာမေနနဲ႔ ။ ခင္ဗ်ားတို႔ အဲ့ေလာက္ထိ စြမ္းေနရင္ ခ်ီးထုပ္ကို သြားတိုက္ခိုင္းပါလား ။ လွ်မ္းလွ်မ္းေတာက္ေနတဲ့ အဇူရာ နတ္ဆိုးေတာင္မွ ခ်ီးထုပ္ကို ရန္မစရဲတဲ့ဟာ ။ ခင္ဗ်ားက ကြၽန္ေတာ္တို႔ကို ဘာလို႔ လာရွာေနေသးတာလဲ”
ခ်ီးထုပ္ သည္ကား သူတစ္ေယာက္တည္းအားျဖင့္ ဂိုဏ္းႀကီးတစ္ဂိုဏ္းလုံးကိုပင္ အျပတ္ရွင္းပစ္ႏိုင္သူတည္း
ျဖစ္ေလသည္ ။ လြတ္လပ္ေသာနယ္ေျမထဲတြင္
ခ်ီးထုပ္သည္ ၿပိဳင္ဘက္မရွိသူတစ္ေယာက္ ဟုပင္ အမ်ားက သတ္မွတ္ထားၾကသူတည္း ျဖစ္ေလသည္ ။
…………………………………………………………………………………
စာစဥ္ ၅၄၊ အခန္း ၂။ အဆမတန္ေစ်းႏႈန္း
ခ်ီးထုပ္၏စြမ္းအားမွာ ဤလြတ္လပ္ေသာနယ္ေျမတစ္ခုလုံးႏွင့္ ဆိုလွ်င္ပင္ မေလာက္ေသးပါေခ် ။ ခ်ီးထုပ္အေၾကာင္း တကယ္ေျပာမည္ဆိုလွ်င္ သူ႔ကို ယွဥ္ႏိုင္မည့္သူမွာ ဤကမာၻေပၚတြင္ပင္ မရွိေလာက္ေသးပါေခ် ။
သိုင္းပညာအစည္းအ႐ုံးသည္ လြတ္လပ္ေသာနယ္ေျမ၏ တရား၀င္ ဂိုဏ္းႀကီး ျဖစ္ေကာင္းျဖစ္လိမ့္မည္ ။ သို႔ေသာ္ ၊
ခ်ီးထုပ္ကို ေရဆုံးေျမဆုံး လိုက္တိုက္မည္ဆိုလွ်င္ သူတို႔သည္လည္း အထိအနာႀကီး နာၾကလိမ့္မည္ သာ ။
"အဟက္…ဒါနဲ႔ပတ္သက္ၿပီးေတာ့ေတာ့ ဂိုဏ္းခ်ဳပ္ ပိုင္ စိတ္ပူစရာ မလိုပါဘူး ။ ကြၽန္ေတာ္တို႔ သိုင္းပညာအစည္းအ႐ုံးကလည္း ကြၽန္ေတာ္တို႔နည္း ကြၽန္ေတာ္တို႔ ဟန္ ရွိၿပီးသားပါ"
အႀကီးအကဲ က်င္း က အၿပဳံးမပ်က္ ေျပာဆိုသည္ ။
“အႀကီးအကဲ က်င္း က တစ္ခုခုကို အထင္လြဲေနတာမ်ားလား ။ ကြၽန္မတို႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းက ခ်ီးထုပ္ေကာ ဘာေကာ မသိဘူး၊ ဘယ္သူ႔ကိုမွကို မေၾကာက္ဘူး ။ ဒီလြတ္လပ္ေသာနယ္ေျမထဲမွာ ခ်ီးထုပ္ရဲ႕ နာမည္သတင္း ေက်ာ္ေဇာေနသလို ကြၽန္မတို႔ ဂိုဏ္းရဲ႕ နာမည္သတင္းကိုလည္း အႀကီးအကဲ က်င္း သိေနၿပီးသား ျဖစ္မယ္လို႔ ထင္ပါတယ္”
ရီ၀မ္၀မ္က စိတ္ပ်က္မႈအတိုင္းသားျဖင့္ ျပန္လည္ေျပာဆိုသည္ ။
ဖိန္႔ဖိန္႔တုန္ ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ကသာ ခ်ီးထုပ္ကို အမွန္တကယ္ ေၾကာက္႐ိုးမွန္ပါလွ်င္ အားလုံးသိေနသည့္ ထိုခ်ီးထုပ္ဆိုေသာ နာမည္ေျပာင္ကို လူအမ်ားသိေအာင္ပင္ ထုတ္ေခၚရဲပါမည္လား ။ အခုဆိုလွ်င္ ဂိုဏ္းခ်ဳပ္ ပိုင္၏ တစိုက္မတ္မတ္ ေခၚလာသည့္ ထိုနာမည္ေျပာင္ေၾကာင့္ ခ်ီးထုပ္၏ နာမည္အရင္း ေပ်ာက္ကာ လြတ္လပ္ေသာနယ္ေျမႀကီးတစ္ခုလုံးက သူ႔ကို ခ်ီးထုပ္ဟုသာ ေခၚတြင္ေနၾကေလသည္ မဟုတ္ပါလား ။
“အင္း…ဂိုဏ္းခ်ဳပ္ ပိုင္ က အျပင္လူေတြကို လက္ခံထားတယ္လို႔ ၾကားတယ္ ။ အဲ့ဒီအေၾကာင္းကို သိုင္းပညာအစည္းအ႐ုံးက မသိဘဲ ေနမယ္ ထင္ေနလား ဂိုဏ္းခ်ဳပ္”
အႀကီးအကဲ က်င္း သည္ ေအးစက္စြာေသာ အၿပဳံးကို ေဆာင္ကာ ဆိုလာျပန္သည္ ။ “လြတ္လပ္ေသာနယ္ေျမရဲ႕ စည္းကမ္းေတြကို ကြၽန္ေတာ္တို႔ သိုင္းပညာအစည္းအ႐ုံးႀကီတစ္ခု ထဲက ခ်မွတ္ထားတာ မဟုတ္ဘူး ။ မ်ိဳးႏြယ္စုႀကီးေလးစုနဲ႔ တျခားလ်ိဳ႕ဝွက္ဂိုဏ္းႀကီး တခ်ိဳ႕့လည္း ပါပါတယ္ ။ ဂိုဏ္းခ်ဳပ္ ပိုင္ က ဒီစည္းကမ္းကို ေဖာက္ဖ်က္လို တယ္ဆိုရင္ ကြၽန္ေတာ္ စိုးမိတာက ဂိုဏ္းခ်ဳပ္ ပိုင္ရဲ႕ ညီေနာင္ေတြပါ ဒီထဲ ေရာပါကုန္မွာ….”
အႀကီးအကဲ တစ္ခ်က္ ရယ္လိုက္သည္ ။
“တကယ္လို႔…ဂိုဏ္းခ်ဳပ္ ပိုင္ က သေဘာတူမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ သိုင္းပညာအစည္းအ႐ုံးက ၾသဇာသုံးၿပီးေတာ့ ဂိုဏ္းခ်ဳပ္ရဲ႕လူေတြကို လြတ္လပ္ေသာနယ္ေျမ ၀င္ခြင့္ကတ္ ေပးလို႔ ရပါတယ္ ။ ဒါဆို သူတို႔လည္း လြတ္လပ္ေသာနယ္ေျမသားေတြ ျဖစ္သြားတာေပါ့ ။ ဒီကိစၥကို ဒီလိုမ်ိဳး အဆံုံးသတ္လိုက္တာ မေကာင္းဘူးလား ဂိုဏ္းခ်ဳပ္”
အႀကီးအကဲ က်င္း၏ စကားတို႔ကို ၾကားရသည္တြင္
ရီ၀မ္၀မ္ မနာလို အႀကီးႀကီး ျဖစ္လာေတာ့သည္ ။
ငါေလးလည္း လြတ္လပ္ေသာနယ္ေျမ ၀င္ခြင့္ လိုခ်င္တယ္…။
သူမတြင္ ထို၀င္ခြင့္ကတ္သာ ရွိေနပါလွ်င္ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ အျဖစ္ ဟန္ေဆာင္ေနစရာ မလိုေတာ့ဘူး မဟုတ္ပါလား ။ အခုေတာ့ ထိုသို႔ ဟန္ေဆာင္ေနရရင္း သူမေလးခမ်ာ စားေကာင္းခ်င္းမစားႏိုင္၊ အိပ္ေကာင္းခ်င္း မအိပ္ႏိုင္ျဖင့္ ၊ တစ္ေနကုန္တစ္ေနခမ္း ရင္ထဲ ေလးလံ ေနရသည္ မဟုတ္ပါလား ။
“အဟက္…ေကာင္းၿပီေလ….အႀကီးအကဲ က်င္းရဲ႕ ေတာင္းဆိုခ်က္ကို သေဘာတူတယ္ ။ ဒါေပမယ့္ ဒီလိုသေဘာတူလိုက္တာက အႀကီးအကဲ ရဲ႕ ၿခိမ္းေျခာက္မႈ ေအာင္ျမင္သြားတယ္လို႔ မဆိုလိုဘူးေနာ္ ။ ဒါက ကြၽန္မတို႔နဲ႔ နတ္ဆိုးၾကားမွာ ရန္ျငႇိဳးေတြ ရွိေနတာေၾကာင့္ သေဘာတူလိုက္တာ ။ ဒီလိုဆိုရင္ေရာ…အေစာက ေျပာခဲ့တဲ့ဟာေတြအျပင္ကို သိုင္းပညာအစည္းအ႐ုံးက ကြၽန္မတို႔ကို ေငြအင္အားနဲ႔ လူအင္အား သုံးဆ တိုးေပးရမယ္ ၊ ကြၽန္မတို႔ လိုအပ္သမွ်ကို အစြမ္းကုန္ အားျဖည့္ေပးရမယ္ ။ မဟုတ္ရင္ေတာ့ ဒီအေပးအယူ ဒီမွာတင္ ၿပီးၿပီ”
ရီ၀မ္၀မ္ စကားေခၚေလၿပီ ။
“ဘာ…လူအင္အားနဲ႔ ေငြအင္အား သုံးဆ…ဟုတ္လား”
အႀကီးအကဲ က်င္း ၏ အေနာက္တြင္ ရပ္ေနၾကသည့္ သိုင္းပညာအစည္းအ႐ုံး၀င္ တခ်ိဳ႕မွာ ေယာင္နနျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မိကုန္ၾကသည္ ။
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္က နဂိုဗီဇကကို ေလာဘႀကီးကာ ရဲတင္းလြန္းတယ္ ၊ ေငြျပတ္လာလွ်င္ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္ယူဖို႔လည္း ၀န္မေလးဘူး ဟု အျပင္တြင္ ေကာလဟလတို႔ ျပန္႔ေနၾကေလသည္ ။ အခုၾကည့္ရသည္မွာ ထိုစကားတို႔က အမွန္ပင္ ျဖစ္ဟန္ တူေခ်သည္ ။
“ဂိုဏ္းခ်ဳပ္ ပိုင္ ေျပာတဲ့ သုံးဆ ဆိုတာက တကယ့္ကို မနည္းတဲ့ ပမာဏ ပဲ”
အႀကီးအကဲ က်င္း က ေတြးဆဆျဖင့္ ရီ၀မ္၀မ္ကို ၾကည့္လာသည္ ။
သူသည္ အဇူရာဂိုဏ္းကို ဖ်က္ဆီးဖို႔ရာအတြက္ ဂိုဏ္းေပါင္းမ်ားစြာကို ေခၚထားၿပီးေခ်ၿပီ ။ သို႔ေသာ္ ဤဖိန္႔ဖိန္႔တုန္ ဂိုဏ္း တစ္ဂိုဏ္းသာလွ်င္ ေျပာရလက္ေပါက္အကတ္ဆုံး ၊ နာမည္အညစ္ညမ္းဆုံး ႏွင့္ ေကာက္က်စ္ကာ ဥာဏ္နီဥာဏ္နက္အမ်ားဆုံး ဂိုဏ္း ျဖစ္ေနေလသည္ ။
သိုင္းပညာအစည္းအ႐ုံးႏွင့္ အခုလိုမ်ိဳး စကားေခၚရဲသည့္ ဂိုဏ္းဆို၍ တစ္ဂိုဏ္းပင္ မရွိဖူးပါေခ် ။
“ေကာင္းၿပီ ၊ ဂိုဏ္းခ်ဳပ္ ေတာင္းတဲ့ပမာဏကို ကြၽန္ေတာ္ သေဘာတူတယ္ ။ လူအင္အားနဲ႔ ေငြအင္အားကို သုံးဆေပးမယ္” ေနာက္ဆုံးတြင္ေတာ့ အႀကီးအကဲ က်င္း သည္ ေခါင္းညိတ္ၿပီး သေဘာတူလိုက္ေလၿပီ ။
“ေကာင္းၿပီ ၊ ဒါဆို ျမန္ျမန္ေလး လုပ္တာေပါ့ ။ လူအင္အားကေတာ့ သိပ္အေရးမႀကီးဘူး ။ ဒါေပမယ့္ ေငြကို အရင္ဆုံး ပို႔ေပးထားရမယ္ ။ ပိုက္ဆံတစ္ျပားေလာက္ ေလ်ာ့လိုက္တာနဲ႔ အေပးအယူ ပ်က္ၿပီဆိုတာကို သတိရပါ” ရီ၀မ္၀မ္ ေျပာလိုက္သည္ ။
“ဟားဟား” အႀကီးအကဲ က်င္း ခပ္တိုးတိုး ရယ္လိုက္သည္ ။
“ဂိုဏ္းခ်ဳပ္ ပိုင္ စိတ္ခ်ပါဗ်ာ ။ ဂိုဏ္းခ်ဳပ္ ေတာင္းဆိုတာေတြကို ကြၽန္ေတာ္တို႔ သေဘာတူၿပီးမွေတာ့ တစ္ျပားတခ်ပ္မွ မေလ်ာ့ေစရေအာင္ ကြၽန္ေတာ္တို႔ ေသခ်ာလုပ္ေပးမွာပါ ။
အခုေတာ့ တရား၀င္ အလုပ္ကိစၥလည္း ၿပီးၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး”
ထို႔ေနာက္တြင္ အႀကီးအကဲ က်င္း ႏွင့္ သိုင္းပညာအစည္းအ႐ုံး၀င္မ်ား အစည္းအေဝးခန္းထဲကေန ထြက္သြားၾကသည္ ။
ခုနစင္ၾကယ္သည္ အံ့အားတႀကီးျဖင့္ ရီ၀မ္၀မ္ဘက္ လွည့္လာကာ..
“အစ္မ ဖန္း ျပန္ေရာက္လာကတည္းကေလ
အစ္မ ပိုၿပီးေတာ့ ေထာင္လႊားလာသလိုပဲ ။ ဟိုအရင္တုန္းကဆို သိုင္းပညာအစည္းအ႐ုံးက လာရင္ အစ္မ ႏွစ္ဆပဲ ေတာင္းတာ ။ ဒီတစ္ေခါက္က်ေတာ့ အစ္မ သုံးဆႀကီးမ်ားေတာင္ ေတာင္းပစ္ တယ္လား”
ရီ၀မ္၀မ္က ခုနစ္စင္ၾကယ္ကို ၾကည့္လိုက္ကာ
“မင္း ဘာသိလို႔လဲ ။ အဲ့ဒီအခ်ိန္ကေနဆို အခု အခ်ိန္ ဘယ္ေလာက္ ၾကာၿပီလဲ ။ ေစ်းတက္ရေတာ့မွာေပါ့ ။ ဒါေတာင္ ငါ တစ္ခ်ိဳးေလာက္ ေလးပဲ ပိုေတာင္းထားရေသးတာ”
…………………………………………………………………………………
စာစဥ္ ၅၄၊ အခန္း ၃။ ဝါႂကြားအလြန္သန္ျခင္း
ရီ၀မ္၀မ္၏ ျပန္လည္ေျဖရွင္းခ်က္ေၾကာင့္ ခုနစ္စင္ၾကယ္မွာ စကားတစ္သြားရ၏ ။
အစ္မ ေျပာသြားေတာ့လည္း ဟုတ္တုတ္တုတ္လိုပါပဲလား ။
"အစ္မ ဖန္း ၊ ကြၽန္ေတာ္တို႔ေတြ တကယ္ႀကီး နတ္ဆိုးကို ျပသနာ သြားရွာၾကမလို႔လား ။ အခု အရွင္ နတ္ဆိုး ျပန္ေရာက္လာၿပီ ဆိုေပမယ့္လို႔ အၫြန္႔တလူလူ ျဖစ္မေနေသးဘူးဆိုေတာ့… သိုင္းပညာအစည္းအ႐ုံးကလည္း ကြၽန္ေတာ္တို႔ကို ေငြနဲ႔ လူ အင္အား ေထာက္ပံ့ေပးထားတယ္ဆိုေတာ့…ကြၽန္ေတာ္တို႔ သြားရွာရမွာေပါ့ေနာ္" ခုနစ္စင္ၾကယ္က ရီ၀မ္၀မ္ကို တိုးတိုးေလး ေျပာဆိုသည္ ။
ခုနစ္စင္ၾကယ္၏ ထိုစကားကို ဖိန္႔ဖိန္႔တုန္ အဖြဲ႕သားမ်ားအားလုံး သေဘာတူညီစြာ ေခါင္းညိတ္ျပလာၾကသည္ ။
"ျပသနာရွာမယ္…ဘာကို ျပသနာရွာရမွာလဲ ။ ပိုက္ဆံကို အရင္ယူထားလိုက္၊ ေနာက္ဟာကို ေနာက္မွ ၾကည့္ရွင္းမယ္"
ရီ၀မ္၀မ္က သူတို႔အကုန္လုံးကို ၾကည့္ကာ ေျပာလိုက္သည္ ။
"အာ…အစ္မ ဖန္း ၊ အစ္မ ပိုက္ဆံေတြ ယူထားၿပီး ဘာမွ မလုပ္ဘဲ ေနမလို႔ေတာ့ မဟုတ္ပါဘူးေနာ္ ။ ကြၽန္ေတာ္တို႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းက နာမည္ဆိုးနဲ႔ ေက်ာ္ၾကားရင္ေက်ာ္ၾကားမယ္ ၊ ဒါေပမယ့္ ေျပာတဲ့အတိုင္း လုပ္တတ္သူေတြဆိုၿပီးေတာ့ နာမည္ႀကီးပါတယ္ ။ ကြၽန္ေတာ္တို႔ရဲ႕ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန္႔ဆိုတာကိုပဲ ၾကည့္…အဲ့ဒါကို ရတဲ့ ဘယ္ဂိုဏ္းမဆို ခုနစ္ရက္အတြင္း ေသကို ေသရတာပဲ ၊ ဘယ္နတ္ဘုရားမွ ဆင္းကယ္လို႔ေတာင္ မရဘူး ။ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန္႔ကေန ကြၽန္ေတာ္တို႔ေတြ ယုံၾကည္စိတ္ခ်ရမႈကို ယူထားတာေလ အစ္မ ။ ကြၽန္ေတာ္တို႔ တကယ္လို႔ ေငြကို ယူထားၿပီး ကတိမတည္ဘဲ ေျပာၿပီးသား စကား ျပန္႐ုတ္ပစ္မယ္ဆိုရင္ ကြၽန္ေတာ္တုိ႔ နာမည္ညစ္ႏြမ္းသြားမွာေနာ္
အစ္မ ဖန္း"
ခုနစ္စင္ၾကယ္က ရီ၀မ္၀မ္ ဘက္ လွည့္ေျပာသည္ ။
ရီ၀မ္၀မ္ အံ့အားသင့္မိသြား၏ ။
ယုံၾကည္စိတ္ခ်ရတယ္ဆိုတာက ဘာစကားႀကီးတုန္း ။ သူမ်ားမ်ိဳးႏြယ္စုေတြကို လိုက္ဖ်က္ဆီးတာနဲ႔ ယုံၾကည္စိတ္ခ်ရမႈကို ရယူထားတယ္ဆိုတာက ဘယ္လိုေသာက္က်ိဳးနည္း ပတ္သက္ေနတာတုန္း ။
"ငါတို႔ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းက မယုံၾကည္ မစိတ္ခ်ရဘူးလို႔ ဘယ္သူေျပာလဲ"
ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကို ၾကည့္လိုက္သည္ ။
"မင္းရဲ႕ ဘယ္နားက ငါ ဘာမွမလုပ္ဘူးလို႔ ေျပာတာကို ၾကားလိုက္တာလဲ"
ခုနစ္စင္ၾကယ္ခမ်ာ ေယာင္ခ်ာခ်ာ ျဖစ္သြားသည္ ။
“ဒါဆို…အစ္မ ဖန္း ေျပာတာက….”
“ငါ သြားတိုက္မယ္လို႔ပဲ သိုင္းပညာအစည္းအ႐ုံးကို ကတိေပးထားတာေလ ။ ဘယ္အခ်ိန္ တိုက္ပါ့မယ္လို႔ ေျပာမိလို႔လား “
ရီ၀မ္၀မ္က ေအးစက္စြာ ေျပာသည္ ။
“မေျပာမိသလိုပဲ” ခုနစ္စင္ၾကယ္က ခ်က္ခ်င္း ေခါင္းယမ္းလာသည္ ။
“ဘယ္အခ်ိန္ တိုက္ပါ့မယ္လို႔ ငါ မေျပာမိဘူးဆိုမွေတာ့ ဘာေလာေနစရာ လိုလို႔လဲ ။ ငါ စိတ္မၾကည္ေနဘူး ဆိုရင္ ၁၀ ႏွစ္ ႏွစ္ ၂၀ ေလာက္ထိ သြားမတိုက္ဘဲ ေနမွာေပါ့” ရီ၀မ္၀မ္က ေျပာဆိုလိုက္သည္ ။
“ဒါဆိုရင္ အစ္မ ဖန္း…အစ္မ အခု စိတ္မၾကည္ဘူးလား”
ခုနစ္စင္ၾကယ္ ေမးၾကည့္လိုက္သည္ ။
“အင္း၊ မၾကည္ဘူး” ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကို မ်က္စပစ္ျပလိုက္သည္ ။
ထိုသည္ကို ၾကားေတာ့မွ ခုနစ္စင္ၾကယ္ စိတ္ေအးသြား၏ ။ “ေတာ္ေသးတာေပါ့…ဒါဆို အဇူရာဂိုဏ္းကို သြားတိုက္ဖို႔
ႏွစ္ ၂၀ ေလာက္ ေစာင့္ရေတာ့မွာေပါ့…ဟီးဟီး”
ထိုသည္ကို ရီ၀မ္၀မ္ ျပန္မေျဖ ။ မည္သို႔ပင္ ျဖစ္ပါေစ ၊
သူမသည္ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ မဟုတ္ပါေခ် ။ ထို႔ေၾကာင့္
အရင္ဆုံး သူမစိတ္တိုင္းက် ထိုသိုင္းပညာအစည္းအ႐ုံးထံကေန ေငြညႇစ္ယူထားမည္ ။ ေနာက္ သူတို႔ လာရွာၾကလွ်င္ ထိုအခ်ိန္ သူမ ရွိေနေတာ့မည္ မဟုတ္ေပ ။ သူတို႔၏ ေငြကို ညႇစ္ယူထားသည့္သူမွာ ရီ၀မ္၀မ္ ဆိုသည့္ သူမ မဟုတ္ဘဲ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ ဆိုသည့္ ပိုင္ဖန္း ျဖစ္သည္ မဟုတ္ပါလား ။
“အစည္းအေဝး ၿပီးၿပီ”
ရီ၀မ္၀မ္ လက္ေဝွ႔ယမ္းလိုက္ၿပီး လွည့္ထြက္သြားလိုက္သည္ ။
တခနအၾကာတြင္ ႐ုံးခန္းဆီကို ရီ၀မ္၀မ္ ျပန္ေရာက္သြား၏ ။ ဗိုင္းရပ္စ္ႏွင့္ ျဖဴေကာင္ႀကီးကို ရီ၀မ္၀မ္ ေစာင့္ၾကည့္ခိုင္းထားသည့္ ထိုလူမွာ အခုထိ ထြက္မသြားေသးပါေခ် ။ သူသည္ ဗိုင္းရပ္စ္ႏွင့္ ျဖဴေကာင္ႀကီးထံမွ တစ္မီတာပင္ မ်က္လုံးမခြာရဲဘဲ ေဘးနားတြင္သာ အသံတစ္သံ မထြက္ဘဲ တိတ္တိတ္ေလး ရပ္ေနေလသည္ ။
“ဂိုဏ္းခ်ဳပ္…ဂိုဏ္းခ်ဳပ္ ျပန္လာၿပီ…ဂိုဏ္းခ်ဳပ္…ဂိုဏ္းခ်ဳပ္”
ထိုလူသည္ ရီ၀မ္၀မ္ ႐ုံးခန္းထဲ ၀င္လာသည္ကို ျမင္လိုက္လွ်င္ျမင္လိုက္ခ်င္း ကာလၾကာျမင့္ေအာင္ ေပ်ာက္ဆုံးကြဲကြာေနခဲ့ရသည့္ မိဘကို ေတြ႕လိုက္ ရသည့္ႏွယ္ ခ်က္ခ်င္း ၿပဳံးေပ်ာ္႐ႊင္လန္းသြားေလသည္ ။
“ဗိုင္းရပ္စ္နဲ႔ ျဖဴေကာင္ႀကီး ရန္ျဖစ္ေသးလား”
ရီ၀မ္၀မ္ ေမးလိုက္သည္ ။
ထိုလူသည္ ခ်က္ခ်င္းပင္ ေခါင္းယမ္းျပလာသည္ ။
“ဟင့္အင္း…ရန္မျဖစ္ပါဘူး ဂိုဏ္းခ်ဳပ္ ။ ဂိုဏ္းခ်ဳပ္ ေပးထားတဲ့တာ၀န္ကို ကြၽန္ေတာ္ တစ္ခုေလးမွ မလြတ္ရေအာင္ ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ အကဲခတ္ေနတာပါ ။ ဗိုင္းရပ္စ္နဲ႔ ျဖဴေကာင္ႀကီးက အရမ္းၾကမ္းၿပီး အေစာက ရန္သတ္ဖို႔ ခနခန ဟန္ျပင္တယ္ဆိုေပမယ့္လည္း သူတို႔က ကြၽန္ေတာ့္ကိုေတာ့ ေၾကာက္တယ္ဗ် ။ ကြၽန္ေတာ္ ရွိေနရင္ သူတို႔ ရန္မျဖစ္ရဲပါဘူး”
သို႔ေသာ္ ၊ ထိုလူသည္ ထိုသို႔ ေျပာလိုက္ၿပီးသည့္အခ်ိန္ ၊ ဗိုင္းရပ္စ္ႏွင့္ ျဖဴေကာင္ႀကီးသည္ ထိုလူ၏စကားကို နားလည္သည့္အလားႏွယ္ ထူးထူးဆန္းဆန္း လွည့္ၾကည့္လာၾကေလသည္ ။
“…”
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းသားေတြအားလုံးက အႂကြားသန္လွခ်ည္လား ။ ဘယ္သူ႔ဆီကေနမ်ား တတ္လာၾကတာလဲ ။
“ဂိုဏ္းခ်ဳပ္…တစ္ခုခု…တစ္ခုခု မရွိေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္” ထိုလူသည္ ရွက္႐ြံ႕ဟန္ ေပၚေနသည္ ။
ရီ၀မ္၀မ္သည္ လက္ကို ေဝွ႔လိုက္ၿပီး ထိုလူကို အသြားခိုင္းလိုက္၏ ။
………………………………………………………………………………….
စာစဥ္ ၅၄၊ အခန္း ၄။ ေပ်ာ္ပြဲ႐ႊင္ပြဲ
႐ုံးခန္းတံခါးကို ပိတ္လိုက္ၿပီးေနာက္တြင္ ရီ၀မ္၀မ္သည္ ၿပဳံး႐ႊင္ကာ ျဖဴေကာင္ႀကီးကို ပြတ္သပ္ေပးေနလိုက္သည္ ။
ျဖဴေကာင္ႀကီမွာ ခ်က္ခ်င္းပင္ ေပ်ာ္႐ႊင္၀မ္းသာသြား၏ ။
ျဖဴေကာင္ႀကီးခမ်ာ အလြန္တရာ ၀မ္းသာၾကည္ႏူးေနဟန္ပင္၊
ေနရာတြင္ တိတ္တိတ္ေလး လွဲေနေလသည္ ။
သို႔ေသာ္ ၊ ထိုအခိုက္အတန္႔တြင္ ဗိုင္းရပ္စ္သည္ ရီ၀မ္၀မ္၏ေက်ာကို လက္ႏွင့္ တြန္းပုတ္ေနၿပီး သူ၏ ဝုိင္းစက္သည့္ အနက္ေရာင္မ်က္၀န္း ႀကီးမ်ားျဖင့္ သူမကို စူးစိုက္ၾကည့္ေနသည္ ။
"နက္ေကာင္ေလးလည္း လိမ္မာတယ္"
ရီ၀မ္၀မ္သည္ ၀မ္းသာေပ်ာ္႐ႊင္စြာျဖင့္ နက္ေကာင္ေလး၏ ေမးေစ့ေလးကို ပြတ္သပ္ေပးလိုက္သည္ ။
တမုဟုတ္ခ်င္းပင္ ဗိုင္းရပ္စ္၏ မ်က္၀န္းတို႔ ေမွးစင္းလာၿပီး ေခါင္းေလးကို ေမာ့ကာေမာ့ကာျဖင့္ ေပ်ာ္႐ႊင္ၾကည္ႏူးမႈကို ခံယူေနေလသည္ ။
ဗိုင္းရပ္စ္ ႏွင့္ ျဖဴေကာင္ႀကီးကို ပြတ္သပ္ေပးၿပီးေနာက္တြင္
ရီ၀မ္၀မ္ သူတို႔ကို လႊတ္ေပးလိုက္၏ ။ ခ်က္ခ်င္းပင္ ဗိုင္းရပ္စ္က မတ္တပ္ထရပ္လာၿပီး ျဖဴေကာင္ႀကီးကေတာ့ မလႈပ္မယွက္ ဆိတ္ဆိတ္သာ လွဲေနၿမဲ ။ သို႔ေသာ္ ျဖဴေကာင္ႀကီး၏ မ်က္၀န္းတို႔သည္ကေတာ့ ဗိုင္းရပ္စ္ေပၚကေန တစ္ဖဝါး မခြာပါေခ် ။
ဗိုင္းရပ္စ္သည္ ကိုယ္ကို ဆန္႔ထုတ္လိုက္ၿပီး ျဖဴေကာင္ႀကီးဆီ ေက်ာ့ေက်ာ့ေမာ့ေမာ့ ေလွ်ာက္သြားကာ ျဖဴေကာင္ႀကီးေရွ႕ လွဲခ်လိုက္ေလသည္ ။
လွဲသည္ ဆိုေသာ္လည္း ျဖဴေကာင္ႀကီးဘက္ကာ ဖင္လွည့္ကာ လွဲထားျခင္း ျဖစ္၏ ။
ထိုျမင္ကြင္းေၾကာင့္ ရီ၀မ္၀မ္ ဆြံ႕အသြားရ၏ ။ ဗိုင္းရပ္စ္သည္ က်ားျဖဴႀကီးကို ၾသဇာထုတ္ျပေနၿပီး သူ႔ေနရာျဖစ္ပါေၾကာင္း စည္းျခားျပေနရင္ ဒီေနရာတြင္ သူသည္ ဆရာႀကီးျဖစ္ပါေၾကာင္း ေျပာေနျခင္း ျဖစ္ေပသည္ မဟုတ္ပါလား ။
ျဖဴေကာင္ႀကီးသည္ကေတာ့ ထိုဗိုင္းရပ္စ္ကို အဖက္လုပ္လိုစိတ္ တစိုးတစိေလးမွ်ပင္ ရွိမေနေပ ။
ေခါင္းကို နံေဘးသို႔ ေစာင္းငဲ့လိုက္ၿပီးသာ ေနေနေလသည္ ။
မည္သို႔ပင္ ျဖစ္ပါေစ ။ ဗိုင္းရပ္စ္ႏွင့္ ျဖဴေကာင္ႀကီးတို႔ ထမသတ္သေ႐ြ႕ အဆင္ေျပေခ်ၿပီ ။ ဒီေနရာသည္ ဟိုးအစကတည္းက ဗိုင္းရပ္စ္၏ အပိုင္ ျဖစ္၏ ။ ထို႔ေၾကာင့္ သူ႔စိတ္ေတာ္အလိုက် ဆရာႀကီးျဖစ္ေၾကာင္း လုပ္ျပခြင့္ ျပဳေပးရမည္သာ ။
ရီ၀မ္၀မ္သည္လည္း ႐ုံးခန္းထိုင္ခုံေပၚ ထိုင္ခ်လိုက္ၿပီး ေတြးေတာေနမိသည္ ။
သူမတြင္ လုပ္စရာတို႔ မ်ားစြာ ရွိေန၏ ။ သို႔ေသာ္ အခုထိတိုင္
ဖိန္႔ဖိန္႔တုန္ ဂိုဏ္း၏ အဓိကျဖစ္ေသာ အာဏာမ႑ိဳင္ႀကီးကို
သူမ မရရွိႏိုင္ေသးပါေခ် ။ ထို႔ေၾကာင့္ ဖိန္႔ဖိန္႔တုန္၏ အင္အားကို သုံးၿပီး စီရီဟန္ကို လိုက္ရွာဖို႔ ဆိုသည္မွာလည္း မျဖစ္ႏိုင္ေသးေပ ။ ထို႔အျပင္
ဂ်ိ ဘုရင္ ႏွင့္ ၾကယ္ခုနစ္ ၏ သံသယ ၊ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းက သက္က်ားအိုႀကီးမ်ား၏ သံသယတို႔သည္ လည္း ေျဖရွင္းရန္ ရွိေနေပေသးသည္ ။
အကယ္၍ သူမသည္ သူမတစ္ေယာက္တည္းသာ ပိုင္ဆိုင္သည့္ အင္အားႀကီးတစ္ခုကို တည္ေဆာက္ႏိုင္ပါလွ်င္….
ထိုသည္မွာ အမွန္ပင္ အႀကံေကာင္းတစ္ခု ျဖစ္ပါ၏ ။ သို႔ေသာ္ လက္ေတြ႕ျဖစ္ေအာင္ လုပ္ဖို႔ကေတာ့ မလြယ္ကူပါေခ် ။
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းထဲတြင္ ပိုင္ဖန္းအေယာင္ ေဆာင္ထားရသည္မွာ တစ္ခ်က္ေလာက္ ေပါ့ဆမိလိုက္တာနဲ႔ အသက္ရွင္ဖို႔ လမ္းစမျမင္ဘဲ အေသဆိုးႏွင့္ ေသရႏိုင္သည္ကို ရီ၀မ္၀မ္ ေကာင္းေကာင္း သိထားပါ၏ ။ ထို႔အျပင္ အခု သူမ၏အေျခအေနမွာ ဆုပ္လည္းစူး၊ စားလည္း႐ူး လိုႏွယ္ ။
ေနာက္ျပန္ဆုတ္လို႔လည္း မရ ၊ ေရွ႕ဆက္တိုးဖို႔လည္း မလြယ္ေပ ။
ကေန႔တြင္ သိုင္းပညာအစည္းအ႐ုံးက ျပသနာလာရွာသြားသည္ ။ ေနာက္တစ္ေန႔တြင္ ခ်ီးထုပ္က ျပသနာလာရွာလိမ့္မည္ ။
ေနာက္ေန႔ေနာက္ေန႔မ်ားတြင္ မ်ိဳးႏြယ္စုႀကီးေလးခုကပါ ျပသနာ လာရွာၾကဦးမလားပင္ ။ ထိုသို႔သာ ဆက္ျဖစ္ေနလွ်င္ သူမ မည္သို႔ လုပ္ရမည္နည္း ။
သို႔ေသာ္လည္း လက္ရွိအေျခအေနတြင္ သူမသည္ သိုင္းပညာအစည္းအ႐ုံး ကေန ေငြညႇစ္ယူထားၿပီးေလၿပီ ။ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းသည္ အစကတည္းကပင္ ခ်မ္းသာႂကြယ္ျဝပီးသား ျဖစ္ေလသည္ ။ ထို႔ေၾကာင့္ ဖိန္႔ဖိန္႔တုန္ ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ဟူေသာ အဆင့္ျဖင့္ ရံပုံေငြတခ်ိဳ႕ ရွာႏိုင္ဖို႔မွာ သူမအတြက္ေတာ့ မခက္ခဲလွပါေခ် ။
သူမသည္ တျခားသူ၏ ပိုက္ဆံကို သုံးၿပီး ကိုယ္ပိုင္အင္အားကို တည္ေဆာက္မည္ ဆိုလွ်င္…
“အစ္မ ဖန္း”
ရီ၀မ္၀မ္ ဆက္မေတြးေတာရေသးခင္ ခုနစ္စင္ၾကယ္၏ အသံသည္ တံခါးအျပင္ဘက္ကေန တစာစာ ထြက္လာသည္ ။
ရီ၀မ္၀မ္သည္လည္း အေတြးတို႔ကို ေဘးပို႔ပစ္လိုက္ေတာ့ၿပီး ရႈတည္တည္မ်က္ႏွာ ျပန္ျပင္ထားလိုက္ကာ
“၀င္ခဲ့”
ခုနစ္စင္ၾကယ္သည္ တံခါးကို ဖြင့္ကာ ရီ၀မ္၀မ္ဆီ ေလွ်ာက္လာသည္ ။
“အစ္မ ဖန္း ဒီည အားလား ။ ပါတီသြားႏႊဲရေအာင္ ။ ကြၽန္ေတာ္တို႔ ပါတီထားတာ ၾကာေနၿပီမလား”
ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကို ၾကည္ု႔လိုက္သည္မွာ ဒိုင္းခနဲ ။
မင္းဘႀကီးပဲ သြားပါတီလုပ္ ။
“ဘယ္ကို သြားမွာလဲ” ရီ၀မ္၀မ္ ေမးၾကည့္လိုက္သည္ ။
“တေလာက ေနရာသစ္တစ္ခု ဖြင့္ထားတယ္ ။ အဲ့မွာ အသစ္ေတြ ေရာက္ေနတယ္လို႔ ၾကားတယ္”
ခုနစ္စင္ၾကယ္က ရယ္ကာေမာကာ ေျပာဆိုေလသည္ ။
“…”
ေနာက္ထပ္ ထူးထူးဆန္းဆန္း စားေသာက္ဆိုင္ႀကီးေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။ သူတို႔ ငါ့ကို ထပ္ၿပီးေတာ့ ခါခ်ဥ္ေၾကာ္ စားခိုင္းၾကဦးမွာလား ။
“အဲ့ဒီကိစၥကို မင္းနဲ႔ ၾကယ္ခုနစ္ဆီ လႊဲထားလိုက္မယ္”
ရီ၀မ္၀မ္ ေျပာလိုက္သည္ ။
“စိတ္ခ်” ခုနစ္စင္ၾကယ္ လွည့္ထြက္သြားသည္မွာ ခ်ာကနဲ ။
“ခနေလးေနဦး”
ရီ၀မ္၀မ္က ခုနစ္စင္ၾကယ္ကို တားလိုက္၏ ။
“ဒီမွာ ပန္းၿခံအေသးေလး ေဆာက္ရေအာင္”
ခုနစင္ၾကယ္ ေၾကာင္အမ္းသြား၏ ။
“ပန္းၿခံေဆာက္မယ္…ဘာကို ေျပာတာလဲ အစ္မ”
“ျဖဴေကာင္ႀကီးနဲ႔ ဗိုင္းရပ္စ္ ေနဖို႔ ေနရာ” ရီ၀မ္၀မ္ ျပန္ေျဖသည္ ။
ခုနစ္စင္ၾကယ္မွာ အံ့အားသင့္သြား၏ ။
“အစ္မ ဖန္း…သားရဲႏွစ္ေကာင္အတြက္ ပန္းၿခံေဆာက္ေပးတာက မၾကမ္းလြန္းဘူးလား ။ ဟုတ္သားပဲ….ခုနစ္လႊာက ေဆာက္လို႔ အရမ္းေကာင္းမယ့္ပုံပဲ ။ အဲ့မွာဆို ေနရာက်ယ္က်ယ္၀န္း၀န္း ရွိၿပီးေတာ့ အလင္းေရာင္ ေကာင္းေကာင္းရတယ္ ။
အဲ့မွာ အခန္းတြင္း ပန္းၿခံေဆာက္တာက လုံး၀ကို ကြက္တိပဲ”
ရီ၀မ္၀မ္ ။ “…”
................................................................................
စာစဥ္ ၅၄၊ အခန္း ၅။ မထင္မွတ္ထားသည့္ ဖုန္းေကာလ္တစ္ခု
ရီ၀မ္၀မ္က အျပင္ဘက္ပန္းၿခံကို စဥ္းစားေနျခင္း ျဖစ္၏ ။
သို႔ေသာ္ ခုနစ္စင္ၾကယ္ကမူ ခုနစ္လႊာကို ျပန္လည္မြမ္းမံကာ ပန္းၿခံလုပ္ဖို႔ အႀကံေကာင္း ထြက္လာေလသည္ ။
"ဒါေပမယ့္ေလ…အစ္မ ဖန္း ၊ အဲ့ဒီ ခုနစ္လႊာက အႀကီးအကဲေတြရဲ႕ အပိုင္ ျဖစ္ေနတယ္ အစ္မ ။ အစ္မ အတင္း ပန္းၿခံလုပ္ပစ္မယ္ဆိုလည္း ရတယ္ ဆိုေပမယ့္ ေသခ်ာစဥ္းစားတာေတာ့ ေကာင္းမယ္ေနာ္"
ခုနစ္စင္ၾကယ္က မခ်ိဳၿပဳံးၿပဳံးကာ ေလေသြးေဆာ္လာသည္ ။
ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတို႔ တြန္႔ခ်ိတ္သြားသည္ ။
ငါက ဘာေျပာရေသးလို႔လဲ ။ ဒီတစ္ခ်ိန္လုံး ခုနစ္လႊာကို ပန္းၿခံလုပ္ပစ္မယ္ခ်ည္း ေျပာေနတာက ဘယ္သူလဲ ။
"ဘာမွမျဖစ္ဘူး" ရီ၀မ္၀မ္ တည္ၿငိမ္စြာ ဆိုလိုက္သည္ ။
"ဖိန္႔ဖိန္႔တုန္ တစ္ဂိုဏ္းလုံးက ငါ့ဟာပဲဟာ ။ ငါ့ေနရာမွာ ငါ လုပ္ခ်င္တာလုပ္ရဖို႔အေရးကို အႀကီးအကဲေတြရဲ႕ ခြင့္ျပဳခ်က္ သြားေတာင္းေနရဦးမယ္လို႔ မင္း ငါ့ကို ေျပာေနတာလား ။ ဒီကိစၥကို မင္းလက္ထဲ ငါ လႊဲထားလိုက္မယ္ ။ ငါ့ကို ကူၿပီးေတာ့ ခုနစ္လႊာကို ပန္းၿခံျဖစ္ေအာင္ လုပ္ေပး ။ အခုခ်က္ခ်င္း ဘ႑ာေရးဌာနကို သြားၿပီးေတာ့ ေငြသြားထုတ္ခ်ည္"
ထိုသည္ကို ၾကားလိုက္ၿပီး ခုနစ္စင္ၾကယ္ မ်က္ႏွာပ်က္သြားသည္ ။
ဒီအလုပ္ကို ငါ့လက္ထဲ လႊဲထားမယ္…ဒါ ငါ့ကို ဟိုသက္က်ားအိုႀကီးေတြကို သြားရန္ျပဳလို႔ ေျပာလိုက္တာနဲ႔ မတူဘူးလား ။
သို႔ေသာ္လည္း ရီ၀မ္၀မ္သည္ တစ္ခ်က္လြတ္ေျပာၿပီးေနေလၿပီ ျဖစ္ရကား ခုနစ္စင္ၾကယ္မွာ ျငင္းဆန္ေနဖို႔ အခြင့္မရွိေတာ့ပါေခ် ။
ခုနစ္စင္ၾကယ္ခမ်ာ ကိုယ့္ပါးစပ္ကိုပင္ ျဖတ္႐ိုက္ပစ္ခ်င္ေနမိ၏ ။
ငါ ဘာလုိ႔ ပါးစပ္သရမ္းရတာလဲ ။
"ဟုတ္ကဲ့ ၊ အစ္မ ဖန္း ။ တျခားဘာမွ မရွိေတာ့ဘူး ဆိုရင္
ကြၽန္ေတာ္ အခုခ်က္ခ်င္း သြားလုပ္လိုက္ပါ့မယ္"
ခုနစ္စင္ၾကယ္သည္ သက္ျပင္းခ်လိုက္ၿပီး အသက္မပါသည့္ဟန္ ေဖ်ာ့ေတာ့စြာ ေျပာဆိုေလသည္ ။
"သြား…သြား…"
ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကို လက္ေဝွ႔ျပကာ သြားခိုင္းလိုက္၏ ။
ခုနစ္စင္ၾကယ္ ထြက္သြားၿပီဆိုသည္ႏွင့္ ရီ၀မ္၀မ္သည္ ဗိုင္းရပ္စ္ႏွင့္ ျဖဴေကာင္ႀကီးကို ေနာက္ထပ္တစ္ႀကိမ္ ပြတ္သပ္ေခ်ာ့ျမႇဴေပးေနျပန္ သည္ ။
သို႔ေသာ္ ၊ တခနအၾကာတြင္ ရီ၀မ္၀မ္၏ဖုန္း ႐ုတ္တရက္ ထျမည္လာ၏ ။
ဖုန္းေခၚဆိုလာသူကို ျမင္လိုက္ၿပီး ရီ၀မ္၀မ္ အံ့ၾသမိသြားသည္ ။
ခုနစ္စင္ၾကယ္က ဖိန္႔ဖိန္႔တုန္ ဂိုဏ္းထဲ သူမ ေရာက္လာၿပီ ဆိုကတည္းက သူမကို ထိုဖုန္းႏွင့္ ထိုနံပတ္ကို ေပးထားျခင္း ျဖစ္သည္ ။ ခုနစ္စင္ၾကယ္ ၊ ၾကယ္ခုနစ္ႏွင့္ လူအနည္းငယ္သာလွ်င္ ထိုဖုန္းနံပတ္ကို သိၾကျခင္း ျဖစ္ေပသည္ ။
ရီ၀မ္၀မ္က ဖုန္းကိုင္လိုက္ၿပီး ေအးစက္စြာ ေျပာလိုက္သည္ ။
"ေျပာပါ"
"တံခါးဆရာလား" ထူးမျခားနား၊ ပ်င္းတြဲေနသည့္ အသံတစ္သံ တျခားတဖက္ကေန ေပၚထြက္လာသည္ ။
ဘယ္အ႐ူးကမ်ား ငါ့ကို တံခါးဆရာလားလို႔ လာေမးေနတာလဲ ။
"ေတေလဂ်ပိုး"
ရီ၀မ္၀မ္ ေအးစက္စြာျဖင့္ ေမးလိုက္သည္ ။
"မင္း ဘယ္ဌာနကလဲ"
တဖက္တြင္ တခနေလာက္ တိတ္ဆိတ္သြားသည္ ။
"ဘာကို ေျပာတာလဲ"
"ဘာကို ေျပာရမွာလဲ"
ရီ၀မ္၀မ္၏ႏႈတ္ခမ္းတို႔ တြန္႔ခ်ိတ္သြားသည္ ။
"မင္း ဘယ္သူလဲ"
"ရိေ႐ႊ႕ဟန္"
တစ္ဖက္က ထူးမျခားနားေသာအသံတစ္သံ ျပန္ေျဖလာသည္ ။
"ဘာ…ခ်ီးထုပ္ လား"
တဖက္လူ မည္သူမည္ဝါ ျဖစ္ေၾကာင္း သိလိုက္ၿပီး
ရီ၀မ္၀မ္ ေရွ႕ာရသြားကာ မယုံၾကည္ႏိုင္အတိ ျဖစ္သြား၏ ။
ျပန္စဥ္းစားၾကည့္ရလွ်င္ ခ်ီးထုပ္သည္ သူမကို တံခါးဆရာ လားဟု ေမးခဲ့ျခင္း ျဖစ္သည္ ၊ ဂိုဏ္းခ်ဳပ္ လားဟု ေမးခဲ့ျခင္း မရွိပါေခ် ။
“…”
"မ-မွားလို႔ အရွင္ ခ်ီး…အဲ…သူရဲေကာင္း ရိ…လား ။
သူရဲေကာင္း ရိ ဒီေန႔ ဘယ္လိုလုပ္ၿပီး အားသြားတာလဲ"
ရီ၀မ္၀မ္၏ ေအးစက္စက္အၿပဳံးမွာ တမုဟုတ္ခ်င္းပင္ တစမက်န္ေအာင္ လြင့္ျပယ္သြားေလၿပီ ။
ထိုညက ကာစီႏိုထဲတြင္ ခ်ီးထုပ္ႏွင့္ ဖုန္းနံပတ္ခ်င္း လဲခဲ့မိသည္ကို ရီ၀မ္၀မ္ အခုမွ အမွတ္ရမိလိုက္၏ ။
သို႔ေသာ္…ခ်ီးထုပ္ဘက္ကစၿပီး သူမကို ဆက္သြယ္လာလိမ့္မည္ဟုေတာ့ သူမ တစ္ခါပင္ မတြက္ဆခဲ့ဖူးပါေခ် ။ ထိုဖုန္းနံပတ္ကိစၥကိုပင္ သူမ ေမ့လုတဲတဲ ျဖစ္ေနေလၿပီ ။
"အလုပ္ကိစၥ"
ခ်ီးထုပ္က ခပ္တည္တည္ပင္ ေပါ့ေပါ့ေလး ျပန္ေျဖလာသည္ ။
"သူရဲေကာင္း ရိ ၊ ဘာအလုပ္ကိစၥမ်ားလဲ"
ခ်ီးထုပ္၏ စကားကို ၾကားလိုက္ၿပီး ရီ၀မ္၀မ္ မဆိုစေလာက္ မ်က္ေမွာင္ၾကဳတ္မိသြားသည္ ။
ခ်ီးထုပ္က ငါ့သ႐ုပ္မွန္ကို သိသြားတာမ်ားလား ။
"ငါ မင္းကို လိပ္စာေပးမယ္ ။ မင္း ေရာက္လာေတာ့မွ ေျပာၾကတာေပါ့" ခ်ီးထုပ္သည္ ထိုသို႔ ေျပာၿပီးၿပီးခ်င္း ဂြက္ခနဲ ဖုန္းခ်ပစ္လိုက္သည္ ။
တစ္ဖက္က အလုပ္မ်ားေနသည့္ေလသံကို နားလည္ေနရရင္း
ရီ၀မ္၀မ္ ပါးစပ္အေဟာင္းသား ျဖစ္ေနမိသည္ ။
သူ ငါ့ကို လိပ္စာလည္း မေျပာရေသးဘူးေလ ။
ရီ၀မ္၀မ္ ကမန္းကတန္းပင္ ခ်ီးထုပ္ဆီ စာတစ္ေစာင္ ပို႔ေပးလိုက္သည္ ။ သူ႔လိပ္စာ ေမးလိုက္ျခင္းသာ ျဖစ္၏။
ျပန္ပို႔လာသည့္ လိပ္စာကို ၾကည့္ၿပီး ရီ၀မ္၀မ္ တိတ္ဆိတ္မိသြားသည္ ။
လြတ္လပ္ေသာနယ္ေျမရဲ႕ တကယ့္ဆရာႀကီးဆီကို ငါ တစ္ေယာက္ထဲပဲ သြားရမလား ၊ အဖြဲ႕ႀကီးတစ္ဖြဲ႕ကို ေခၚၿပီး သြားလိုက္ရမလား ။
အခ်ိန္အၾကာႀကီးၾကာေအာင္ စဥ္းစားၿပီးေနာက္တြင္ ရီ၀မ္၀မ္သည္ သူမတစ္ေယာက္တည္းသာ သြားဖို႔ ဆုံးျဖတ္လိုက္၏ ။
………………………………………………………………………………
စာစဥ္ ၅၄၊ အခန္း ၆။ ငါ့အိမ္ကို သြားရေအာင္
ဟိုအရင္က ကိုႀကီး ဗိုလ္ သည္ ခ်ီးထုပ္ကို ေက်ာ့ကြင္းေထာင္ကာ ဖမ္းခဲ့ဖူးသည္ ၊ သို႔ေသာ္ သူမသည္သာ ထိုေက်ာ့ကြင္းထဲ ျပန္က်သြားခဲ့ ရေလသည္ ။
ခ်ီးထုပ္ကို အႏိုင္ရႏိုင္ဖို႔ ဆိုသည္မွာ မျဖစ္ႏိုင္သေလာက္ပင္ ျဖစ္၏ ။
ထို႔ေၾကာင့္ ရီ၀မ္၀မ္လည္း ေ႐ြးခ်ယ္စရာ မရွိေတာ့ဘဲ
ခ်ီးထုပ္ ပို႔ေပးလာသည့္ လိပ္စာအတိုင္း တစ္ေယာက္တည္း ကားေမာင္းသြားဖို႔သာ ဆုံးျဖတ္လိုက္သည္ ။
ဒုကၡအမ်ားဆုံးအရာတစ္ခုသည္ကား လြတ္လပ္ေသာနယ္ေျမထဲတြင္ ေျမပုံမရွိေနျခင္းတည္း ျဖစ္၏ ။ ထို႔ေၾကာင့္ သူမ လမ္းမွား၀င္မိသည္မွာ ၊ အခ်ိဳးအေကြ႕တို႔ မွား၀င္မိသည္မွာ အႀကိမ္ႀကိမ္တည္း ျဖစ္၏ ။
ေနာက္ဆုံး ညေနေန၀င္ရီတေရာအခ်ိန္မွပင္ ရီ၀မ္၀မ္ ထိုေနရာဆီ ေရာက္သြားေတာ့သည္ ။
ကားထဲကေန ထြက္လိုက္ၿပီး ပတ္၀န္းက်င္ကို အကဲခတ္လိုက္မိရာ ရီ၀မ္၀မ္ စိတ္အရႈပ္ႀကီး စိတ္ရႈပ္သြားရသည္ ။
ဒီေနရာကို နည္းနည္းရင္းႏွီးေနသလိုပဲ ။
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ မ်က္ႏွာပ်က္သြားသည္ ။
ဒါ…ဒါက ငါ့ရဲ႕သရဲအိမ္ႀကီးနားမွာ မလား ။
"မိန္းကေလး ရီ"
သူမ၏အေနာက္ဘက္ကေန ခ်ီးထုပ္ အသံကို ၾကားလိုက္ရသည္ ။
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ လွည့္ၾကည့္လိုက္မိရာ…
သူ၏ရွည္လ်ားေသာ ပိတုန္းေရာင္ ဆံေကသာသည္ ခါးထိေအာင္ ဝဲက်ေနၿပီး သူ၏၀တ္စုံမွာ ေပါ့ေပါ့ပါးပါးႏွင့္ တလြင့္လြင့္ရွိေနသည္ ။ သို႔ေသာ္ ၊ သူ၏မ်က္ႏွာႏွင့္ ေပါင္းစပ္လိုက္ေသာ္ လူတကာကို အလြန္အမင္း ဘ၀င္ေခြ႕ သြားေစႏိုင္သည္ ။
အရမ္းေခ်ာလိုက္တာ…ေသာက္ရမ္းကို ေခ်ာလိုက္တာ ။ ေယာက်ာ္းတစ္ေယာက္က ဘာလို႔ ဒီေလာက္ေတာင္ ေခ်ာေနႏိုင္ရတာလဲ ။
ခ်ီးထုပ္သာ မိန္းမလို ၀တ္စားထားလိုက္ရင္ ရင္ဘတ္ျပားေနတာကလြဲၿပီး လုံး၀ကြက္တိပဲ…ဟဲဟဲ ။
“အရွင္ ခ်ီး”
ရီ၀မ္၀မ္သည္ သူမထံသို႔ ခ်ီးထုပ္ ေလွ်ာက္လာေနသည္ကို ျမင္လိုက္ၿပီး ကမန္းကတန္း ၿပဳံးျပလိုက္သည္ ။
ရီ၀မ္၀မ္ ေခၚလိုက္သည့္နာမည္ေၾကာင့္ ခ်ီးထုပ္ မ်က္ေမွာင္ မဆိုစေလာက္ေလး တြန္႔သြားသည္ ။
“အရွင္ ခ်ီး…ကြၽန္မကို ဘာလို႔ ဒီကို ေခၚလိုက္တာလဲ”
ရီ၀မ္၀မ္ ၿပဳံးစိစိျဖင့္ ေမးလိုက္သည္ ။
ခ်ီးထုပ္က ရီ၀မ္၀မ္ကို ၾကည့္လိုက္ကာ ေျခာက္ေသြ႕စြာျဖင့္
ေျပာလိုက္သည္ ။
“သူစိမ္းဆန္ေနစရာ မလိုပါဘူး ၊ မိန္းကေလး ၀မ္၀မ္ ။
ကြၽန္ေတာ့္ကို ရိေ႐ႊ႕ဟန္လို႔ပဲ ေခၚလို႔ရပါတယ္”
“…”
ထိုအရာကို သူမ အမွန္ပင္ ေမ့ေနမိျခင္းပင္ ။ ခ်ီးထုပ္သည္ ထိုနာမည္ေျပာင္ကို အမွန္တကယ္ပင္ မႀကိဳက္ႏွစ္သက္ပါေခ် ။
ဒါေပမယ့္ သူစိမ္းဆန္တယ္ဆိုတာက ဘာစကားႀကီးလဲ ။
“ငါ့အိမ္ကို သြားရေအာင္”
ခ်ီးထုပ္က တိုးတိုးေလး ေျပာသည္ ။ “ရွင့္အိမ္ကိုလား”
ရီ၀မ္၀မ္ အံ့အားသင့္သြားသည္ ။
ခ်ီးထုပ္နဲ႔ ငါနဲ႔က အိမ္နီးနားခ်င္းေတြလား ။ တကယ္ႀကီး ေသာက္က်ိဳးနည္း အိမ္နီးနားခ်င္းေတြလား ။
တခနအၾကာတြင္ သရဲအိမ္ႀကီးအနားက အိမ္ႀကီးတစ္အိမ္ဆီ ခ်ီးထုပ္ေနာက္ကေန ရီ၀မ္၀မ္ လိုက္သြား၏ ။
သူတို႔ ရီ၀မ္၀မ္၏သရဲအိမ္ႀကီးကို ျဖတ္ေက်ာ္လာစဥ္တြင္ ခ်ီးထုပ္သည္ တုံ႔ခနဲ ရပ္တန္႔သြားကာ ထိုစံအိမ္ႀကီးကို လက္ညႇိဳးထိုးျပလာၿပီး…
“အဲ့ဒါက သရဲအိမ္ႀကီးေလ…အဲ့မွာ အရင္တုန္းက လူတစ္ေယာက္ အပိုင္းပိုင္း ျပတ္ၿပီး ေသထားဖူးတယ္ ။ အထဲမွာ သရဲလည္း ရွိေလာက္တယ္”
“…”
ရွင္ နည္းနည္းေလာက္ လူစကားေလး ေျပာေပးလို႔ မရဘူးလား ။
ကြၽန္မက အဲ့ဒီမွာ ေနတာေလ…ဟုတ္ပီလား ။
“အင္း…ေၾကာက္စရာႀကီးေနာ္…ဒါေပမယ့္ သရဲေတြဆိုတာက တကယ္တမ္း သိပၸံပညာမွာမွ မျပထားတာ ။ တကယ္မရွိေလာက္ပါဘူး”
ရီ၀မ္၀မ္သည္ အၾကပ္႐ိုက္စြာ အၿပဳံးေဆာင္ရင္း ေျပာလိုက္သည္ ။
ခ်ီးထုပ္က ရီ၀မ္၀မ္ကို ၾကည့္လာသည္ ။
“သိပၸံပညာနဲ႔ လိုက္မမွီႏိုင္တဲ့ အရာေတြမွ အမ်ားႀကီးပဲ ။
အဲ့မွာ သရဲတစ္ေကာင္ရွိတာကို ငါ့မ်က္လုံးႏွစ္လုံးနဲ႔ကို ျမင္ထားတာ”
“...”
ရွင္က ဒီလြတ္လပ္ေသာနယ္ေျမထဲမွာ အၾကမ္းဆုံးနဲ႔ ေၾကာက္စရာ အေကာင္းဆုံးေလ ။ ဒီေလာက္ထိ အားတက္သေရာနဲ႔ လိုက္ေျခာက္ေနတာ မျဖစ္သင့္ဘူးမဟုတ္လား ။
ဒီေလာကထဲတြင္ သရဲေတြ မရွိျခင္းကို သူမ သိေနေသာေၾကာင့္ ေၾကာက္စိတ္မ၀င္မိပါေခ် ။ သို႔ေသာ္ ၊ ခ်ီးထုပ္၏ ရႈတည္တည္မ်က္ႏွာျဖင့္ သရဲရွိသည္ဟု အခိုင္အမာႀကီး ေျပာဆိုလာေနရာ…သူမ မည္သို႔ ဆက္ေနရ ေတာ့မည္နည္း ။
“အရွင္ ခ်ီး…အလုပ္ကိစၥ ေျပာရေအာင္ေလ”
ရီ၀မ္၀မ္ ကူကယ္ရာမဲ့စြာသာ ၿပဳံးျပလိုက္မိသည္ ။
သူမသည္ ထိုသရဲေျခာက္သည့္အိမ္ႀကီးအေၾကာင္း အမွန္ပင္ ဆက္မေျပာ လိုေတာ့ပါေခ် ။
တခနအၾကာတြင္ ခ်ီးထုပ္၏ ဦးေဆာင္မႈျဖင့္ ႏွစ္ေယာက္သား ထိုသရဲအိမ္ႀကီးနားက အိမ္ႀကီးတစ္အိမ္ဆီ ေရာက္သြားၾကသည္ ။
အလြန္အမင္းပင္ တိုက္ဆိုင္လြန္းလွေပစြ ။ ထိုအိမ္ႀကီးမွာ သရဲအိမ္ႀကီး၏ အေနာက္ဘက္တြင္ ရွိေနျခင္း ျဖစ္ေပသည္ ။ ထိုအိမ္ႀကီး၏ အေပၚဆုံး ထပ္တြင္ ရပ္မိလွ်င္ ျပတင္းေပါက္ကေန ဒီေနရာကို သူမ ေကာင္းေကာင္းႀကီး လွမ္းျမင္ႏိုင္ေလသည္ ။
ရီ၀မ္၀မ္ ဒီေနရာကို ေလ့လာၾကည့္ရႈၾကည့္လိုက္ခ်ိန္တြင္
တစ္ခုခု လြဲေနသည္ကို သတိျပဳမိလိုက္၏ ။
ထိုသည္ကား….တံခါး မရွိေနျခင္း ။
……………………………………………………………………………......
စာစဥ္ ၅၄၊ အခန္း ၇။ ေနရာမွားလာျခင္း
"…"
ထိုတံခါးမဲ့ေနသည့္ အိမ္ႀကီးကို ၾကည့္ေနရင္းမွ
႐ုတ္တရက္ႀကီး ခ်ီးထုပ္ သူမကို လွမ္းေခၚရသည့္ အေၾကာင္းရင္းကို ရီ၀မ္၀မ္ နားလည္သေဘာေပါက္သြား၏ ။
"အေစာနတုန္းက ငါ့ကို လာသတ္ဖို႔ လုပ္ရင္းကေန သူတို႔ေၾကာင့္ တံခါးပ်က္သြားတာ" ခ်ီးထုပ္က ရီ၀မ္၀မ္ကို ရွင္းျပလာသည္ ။
"ရွင့္ကို သတ္ဖို႔လုပ္တယ္…"
ရီ၀မ္၀မ္ ဟားတိုက္ကာ ရယ္ေမာပစ္လိုက္ခ်င္၏ ။
ၾကည့္ရသည္မွာ ထိုဒိတ္ဒိတ္ႀကဲ ေဘာ့စ္ ႀကီးသည္လည္း လူသတ္သမားမ်ား၏ ပစ္မွတ္အျဖစ္ခံရဟန္ ရေပသည္ ။
"ဒါေပမယ့္ အဲ့လူသတ္သမားေတြက ေနရာမွားၿပီး ေရာက္လာသလိုပဲ" အနား၀န္းက်င္က သရဲအိမ္ႀကီးကို ခ်ီးထုပ္ တစ္ခ်က္ ေစြၾကည့္လိုက္ကာ ။ "အဲ့ဒီ သရဲအိမ္ရဲ႕ ပိုင္ရွင္ကို သတ္ဖို႔ လာၿပီးေတာ့ ေနရာမွားၿပီး ငါ့အိမ္ေရာက္လာတာ ျဖစ္ေလာက္တယ္"
"…"
ခ်ီးထုပ္၏စကားေၾကာင့္ ေသမတတ္ ရယ္ေမာပစ္ခ်င္ေနခဲ့သည့္ ရီ၀မ္၀မ္ ခမ်ာ ထိုေနာက္ဆက္တြဲစကားေၾကာင့္ အေတြးႀကီးေတြးသြားရေလၿပီ ။
ခ်ီးထုပ္ ေျပာသည့္ စကားသာ ဟုတ္႐ိုးမွန္လွ်င္ ထိုသည္မွာ သူမကို တစ္ေယာက္ေယာက္ သတ္ခ်င္ေနသည္ဟု ဆိုလိုသည္ မဟုတ္ပါလား ။
ဤလြတ္လပ္ေသာနယ္ေျမထဲတြင္ သူမ ရန္ျပဳထားခဲ့သည့္ သူမွာ တတိယအႀကီးအကဲ လီစီ သာလွ်င္ ရွိေသးေပသည္ ။
သူလႊတ္လိုက္သည့္ သူမ်ားေတာ့ မျဖစ္ႏိုင္ ။ ေၾကးစားလူသတ္သမားမ်ားသည္ သူတို႔ သတ္ရမည့္လူ၏ လိပ္စာကို မွားဖို႔ ေဝးစြ၊ ထိုကဲ့သို႔ အမွားေသးေသးမ်ိဳးမ်ိဳးကို က်ဴးလြန္မည့္သူမ်ား မဟုတ္ၾက ။
"ဆိုေတ့ာ…အရွင္ ခ်ီး က ကြၽန္မကို တံခါးျပန္ဆင္ေပးေစခ်င္တာလား" ရီ၀မ္၀မ္ ခ်ီးထုပ္ကို ေျဖးေျဖးခ်င္း ေမးလိုက္သည္ ။
"မင္းက တံခါးဆရာ မဟုတ္ဘူးလား ။ ကြၽန္ေတာ္က ဒီေနရာတစ္ဝုိက္နဲ႔ သိပ္မရင္းႏွီးလို႔ တံခါးႀကီးႀကီး ၊ စိတ္ခ်ရတာမ်ိဳးကို ငါ့ကို ကူတပ္ေပးစမ္းပါ" ခ်ီးထုပ္က သူမကို ေတာင္းဆိုလိုက္သည္ ။
ရီ၀မ္၀မ္မွာ ေျပာစရာစကားတို႔ ေပ်ာက္ရွသြားရ၏ ။
ငါေလးက တံခါးဆရာ ဟုတ္မွမဟုတ္တာ ။
စိတ္ခ်ရတဲ့တံခါးေတြ အေၾကာင္း ဘယ္လိုလုပ္ သိမွာလဲ ။
“ေကာင္းပါၿပီ ၊ အေကာင္းဆုံး လုပ္ေပးပါမယ္”
ရီ၀မ္၀မ္ ေခါင္းကို မရမက ညိတ္ယူၿပီး သေဘာတူလိုက္ရ၏ ။ ထိုသည္မွာ သူမသည္ ကိုယ့္ေသတြင္းကိုယ္ တူးထားခဲ့မိသည္ မဟုတ္ပါလား ။
“ငါ အျမန္ဆုံးလိုခ်င္တယ္ ။ မင္းရဲ႕ဆိုင္ကေန လာေ႐ြးလိုက္ရမလား” ခ်ီးထုပ္က ဆိုသည္ ။
“ရ…ရတယ္လို႔ ကြၽန္မ ေျပာတယ္မလား ။ ကြၽန္မတို႔ဆီမွာ အိမ္အေရာက္ပို႔စနစ္ ရွိတယ္ ။ ကြၽန္မ မနက္ျဖန္ေ႐ြးေပးၿပီးတာနဲ႔ အလုပ္သမားတစ္ေယာက္ကို လႊတ္ၿပီးေတာ့ တပ္ခိုင္းလိုက္မယ္”
ရီ၀မ္၀မ္၏ႏႈတ္ခမ္းတို႔ တြန္႔ခ်ိတ္ေနမိသည္ ။
ငါ့မွာ ဘာဆိုင္ ရွိမွာမို႔လို႔လဲ ။
“ေကာင္းၿပီေလ” ခ်ီးထုပ္က ေခါင္းညိတ္သည္ ။
“မိန္းကေလး ရီ…အထဲ၀င္လာၿပီး ထိုင္ပါဦးလား”
“ရတယ္…ရတယ္…အရွင္ ခ်ီး”
ရီ၀မ္၀မ္ ေခါင္းကို သြက္သြက္ခါယမ္းျပလိုက္သည္ ။
ငါ့မွာ ထိုင္ဖို႔ အခ်ိန္မရွိဘူး ။
ခ်ီးထုပ္အတြက္ ေသာက္တံခါးကို လိုက္ရွာေပးရဦးမယ္ ။
“ဒါျဖင့္လည္း ထမင္းစားသြား”
ခ်ီးထုပ္က တံခါးမဲ့ေနသည့္ အိမ္ထဲသို႔ လွည့္၀င္သြားေလၿပီ ။
ရီ၀မ္၀မ္ အနည္းငယ္ သက္ျပင္းခ်မိသြား၏ ။
သူမ ဘာမွ မတတ္ႏိုင္ေတာ့ဘဲ ခ်ီးထုပ္ေနာက္ကေန
အိမ္ထဲ လိုက္၀င္သြားလိုက္ရသည္ ။
ခ်ီးထုပ္၏ ေနအိမ္မွာ အင္မတန္ပင္ ႐ိုးရွင္းလွ၏ ။ အခန္းက်ယ္ႀကီးထဲတြင္ စားပြဲႏွင့္ ထိုင္ခုံအနည္းငယ္ကလြဲၿပီး
ဘာမွ မ်ားမ်ားစားစား မရွိေနပါေခ် ။
“ဟင္းသြားခ်က္လိုက္ဦးမယ္ ။ ကိုယ့္အိမ္ကိုယ္ယာလို သေဘာထားၿပီး ေအးေအးေဆးေဆး ေလွ်ာက္ပတ္ၾကည့္ေနေပါ့” ခ်ီးထုပ္က ရီ၀မ္၀မ္ကို ေျပာလာသည္ ။
ထိုသည္ကို ၾကားလိုက္ၿပီး ရီ၀မ္၀မ္ အံ့ၾသမိသြား၏ ။ ဒီအေက်ာ္ေဇယ်ႀကီးက ဟင္းခ်က္တတ္တယ္လား ။
၀ိုး…ေယာက်ာ္းပီသလိုက္တာ ။
“မိန္းကေလး ၀မ္၀မ္…အသားစားလား” ခ်ီးထုပ္က ေမးသည္ ။
“စားတယ္”
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ ေခါင္းညိတ္ျပလိုက္သည္ ။
“ေဟာ…ဒါေပမယ့္ ကြၽန္ေတာ့္ဆီမွာ ဘာအသားမွ မရွိဘူး ။
ကြၽန္ေတာ္ အခုတေလာ အသီးအ႐ြက္ပဲ စားျဖစ္တာမ်ားတယ္”
ခ်ီးထုပ္က ထိုသို႔ ေျပာၿပီး မီးဖိုေခ်ာင္ထဲ လွည့္၀င္သြားေလသည္ ။
“…”
ဒါဆိုလဲ…ဘာကိစၥ ေသာက္က်ိဳးနည္းေအာင္လို႔ အသားစားလား လာေမးေနေသးတာလဲ ။
မီးဖိုေခ်ာင္ထဲသို႔ ခ်ီးထုပ္ ၀င္သြားၿပီးေနာက္တြင္ ရီ၀မ္၀မ္သည္လည္း အိမ္ကို လွည့္ပတ္ၾကည့္ေနလိုက္သည္ ။
ခ်ီးထုပ္၏ ေနအိမ္မွာ အလြန္အမင္း က်ယ္၀န္းၿပီး ေနဖို႔ေကာင္းသည္ ဆိုေသာ္လည္း လႈပ္ရွားသက္၀င္မႈတို႔ မရွိေနဘဲ အသက္မဲ့လွ၏ ။ အိမ္ႀကီးသည္ သန္႔ရွင္းၿပီး သပ္ရပ္သည္ ဆိုေသာ္လည္း အဆင္တန္ဆာ အနည္းငယ္သာ ရွိထားျခင္းက ပိုတိုးလို႔ ၾကည့္ေကာင္းေစသည္ ။
အနားက နံရံႀကီးေပၚတြင္ ဓာတ္ပုံတစ္ပုံ ခ်ိတ္ထားေလသည္ ။ ထိုဓာတ္ပုံထဲက သူမွာ ရီ၀မ္၀မ္ ႏွင့္ ႐ုပ္ရည္ခ်င္း ဆင္သေယာင္ေယာင္ ။ အလြန္တရာ ထက္ျမက္ဟန္ ေပၚေန၏ ။
တခနေလာက္ လွည့္ပတ္ၾကည့္ၿပီးေနာက္တြင္ ရီ၀မ္၀မ္ က်ိတ္ကာ သက္ျပင္းခ်လိုက္မိၿပီး ဆိုဖာေပၚ ထိုင္ခ်လိုက္သည္ ။
ခ်ီးထုပ္ ႏွင့္ သူမ သည္ အိမ္နီးခ်င္းမ်ား ျဖစ္ၾကသည္ ။ ထိုကဲ့သို႔ အေက်ာ္ေဇယ် ေခါင္ႀကီးႏွင့္ အိမ္နီးနားခ်င္း လာျဖစ္ေနသည္မွာ သူမအတြက္ေတာ့ အေတာ္ေလး စိတ္ဖိစီးစရာေကာင္းသည့္ အရာပင္ ။
…………………………………………………………………………………
စာစဥ္ ၅၄၊ အခန္း ၈။ တစ္ဆင့္ထဲ မဟုတ္ဘူး
နာရီ၀က္ခန္႔ ရွိေသာ္….
ခ်ီးထုပ္သည္ ထမင္းစားပြဲေပၚ စားဖြယ္ရာမ်ား ခ်ေပးလာသည္ ။
ရီ၀မ္၀မ္ ထိုသည္ကို ၾကည့္လိုက္၏ ။
အကုန္လုံးမွာ သက္သက္လြတ္ေတြခ်ည္း ။
သို႔ေသာ္ အလြန္အမင္းပင္ စားခ်င့္စဖြယ္ ေကာင္းလွေပသည္ ။
သူ႔လို ေဘာ့စ္ႀကီးသည္ ထိုကဲ့သို႔ ခ်က္တတ္လိမ့္မည္ဟု သူမ မထင္ထားမိဖူးပါေခ် ။
"မိန္းကေလး ရီ…သုံးေဆာင္ပါ"
ခ်ီးထုပ္သည္ စားပြဲတြင္ ၀င္ထိုက္လိုက္ရင္း ရီ၀မ္၀မ္ကို ေျပာလာသည္ ။
ရီ၀မ္၀မ္လည္း အားနာမေနေတာ့ဘဲ စစားလိုက္၏ ။
ေသာက္က်ိဳးနည္း ဟင္းခ်က္စေကးႀကီးပါလား ။
အဲ့လိုမွန္းသိရင္ ခါခ်ဥ္ေၾကာ္ပဲ သြားစားပစ္လိုက္ပါတယ္ ။
ရီ၀မ္၀မ္ က်ိတ္ကာ က်ိန္ဆဲေနမိသည္ ။
ဟင္းပြဲမ်ားမွာ စားခ်င့္စဖြယ္ေကာင္းေနသည္ကလြဲၿပီး တစက္ေလးမွ စားမေကာင္းလွပါေခ် ။ မ်ိဳခ်ဖို႔ပင္ မနည္းအႏိုင္ႏိုင္ ။
“အရွင္ ခ်ီး…သူက ရွင့္မိန္းမ လား”
ရီ၀မ္၀မ္ အနားက ပုံတန္းေတြကို ၾကည့္ၿပီး ေမးလိုက္သည္ ။
ခ်ီးထုပ္သည္လည္း ထိုပုံေတြကို လွည့္ၾကည့္လိုက္ၿပီး
ရႈတည္တည္ျဖင့္ ျပန္ေျဖလာသည္ ။
“ကြၽန္ေတာ့္အေမ”
“…”
“အေမ ေသသြားတာ အၾကာႀကီး ရွိေနၿပီ ။
မင္းရဲ႕စ႐ိုက္က ကြၽန္ေတာ့္အေမနဲ႔ ေတာ္ေတာ္ေလး ဆင္တယ္”
ခ်ီးထုပ္သည္ ရီ၀မ္၀မ္ကို အကဲခတ္လိုက္ရင္း ေျပာလာသည္ ။
ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။
စ႐ိုက္ခ်င္းဆင္တယ္…ကာစီႏိုမွာတုန္းက ငါ သူ႔ကို ကာကြယ္ေပးခဲ့တာကို ေျပာေနတာလား ။
“အရွင္ ခ်ီး ရဲ႕ စ႐ိုက္နဲ႔ဆို ေတာ္ေတာ္မ်ားမ်ားကို သိထားမွာပဲေနာ္”
ရီ၀မ္၀မ္က ေတြးဆဆျဖင့္ ေမးလိုက္သည္ ။
“ဘာကိုလဲ”
ခ်ီးထုပ္သည္ အလြန္တရာ စားရခက္လွသည့္ ထမင္းဟင္းကို စားေနရင္းမွ ေမးလာသည္ ။
“အရွင္ ခ်ီး က ဖိန္႔ဖိန္႔တုန္ ဂိုဏ္းနဲ႔ ေတာ္ေတာ္ေလး သိမွာပဲ ။ ကြၽန္မ ၾကားတာေတာ့ အရွင္ ခ်ီး ရဲ႕ နာမည္ေျပာင္ကို ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ က ေပးထားတာဆို”
ရီ၀မ္၀မ္ အကဲစမ္းကာ ေမးခြန္းအစ္ၾကည့္လိုက္သည္ ။
ထိုသည္ကို ၾကားလိုက္ၿပီး ခ်ီးထုပ္ အံ့ၾသသြား၏ ။
“ပိုင္ဖန္း လို႔ ေခၚတာမလား” ခ်ီးထုပ္ က ေခါင္းယမ္းျပကာ…
“သူနဲ႔ မသိဘူး”
“…”
ေသစမ္း…ေတာ္ေတာ္ေလး ေကာင္းခ်က္ ။ “ငါ သူနဲ႔ မသိဘူး” လို႔ ေအးေအးေဆးေဆးကို ေျပာထြက္သြားတယ္ ။ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ မွာေတာ့ ခ်ီးထုပ္ကို ရသမွ်နည္း ရွာၿပီး လိုက္ရန္လုပ္ေနရင္းက ခ်ီးထုပ္ရဲ႕ အ႐ိုက္ေတာင္ ခံလိုက္ရတဲ့ဟာကို ။ အခုက်ေတာ့ ခ်ီးထုပ္က ကိုႀကီး ဗိုလ္ ကို မသိဘူးတဲ့လား ။ သူနဲ႔ ပတ္သက္ၿပီး ဘာမွ မမွတ္ထားဘူး ဆိုေတာ့ သူ႔ကို ဘာမွကို အေရးမထားဘူးဆိုတဲ့ သေဘာေပါ့ ။
“ဒါဆိုရင္…အဇူရာ ဂိုဏ္း ကိုေရာ အရွင္ ခ်ီး သိမလား”
ရီ၀မ္၀မ္ ဆက္ေမးၾကည့္လိုက္သည္ ။
“ၾကားဖူးနားဝေတာ့ ရွိတယ္” ခ်ီးထုပ္က ေခါင္းညိတ္ျပကာ
ရီ၀မ္၀မ္ကို ၾကည့္လာသည္ ။ “မင္းလို တံခါးေရာင္းဆရာက လြတ္လပ္ေသာနယ္ေျမရဲ႕ ဂိုဏ္းေတြအေၾကာင္းကို ဘာလို႔ အဲ့ေလာက္ေတာင္ စိတ္၀င္စားေနတာလဲ”
ရီ၀မ္၀မ္က ၿပဳံးကာ ရွင္းျပလိုက္သည္ ။
“မဟုတ္တာ အရွင္ ခ်ီး ကလည္း…ကြၽန္မက အေရာင္းအ၀ယ္သမား ေလ ။ အေရာင္းအ၀ယ္ သမားဆိုမွေတာ့ လြတ္လပ္ေသာနယ္ေျမ ရဲ႕ ဂိုဏ္းေတြအေၾကာင္း ကြၽန္မ သိေနတာ ဘာဆန္းလို႔လဲ”
ခ်ီးထုပ္က ေခါင္းညိတ္လာသည္ ။
အင္း…အဓိပၸာယ္ေတာ့ ရွိသားပဲ ။
“အဇူရာဂိုဏ္းက လြတ္လပ္ေသာနယ္ေျမထဲမွာ ဒိတ္ဒိတ္ႀကဲ ဂိုဏ္းႀကီး တစ္ဂိုဏ္းလို႔ ေျပာလို႔ ရတယ္ ။ မဆိုးပါဘူး” ခ်ီးထုပ္က ေျပာသည္ ။
ေသာက္က်ိဳးနည္း ကြာျခားသြားပုံႀကီးကို ၾကည့္စမ္းပါဦး ။ ဖိန္႔ဖိန္႔တုန္ ဂိုဏ္းခ်ဳပ္ကို သိလား ဆိုေတာ့ လုံး၀ကို မသိဘူးေလး ဘာေလးနဲ႔ ၊ ေဟာ…အဇူရာဂိုဏ္းအေၾကာင္းလည္း ေမးလိုက္ေရာ ခ်က္ခ်င္းကို သိသြားေတာ့တာပဲ ။
“အရွင္ ခ်ီး က အရွင္ နတ္ဆိုးအေၾကာင္းလည္း သိေနမွာေပါ့ေနာ္”
ရီ၀မ္၀မ္ လ်င္လ်င္ျမန္ျမန္ပင္ ေမးၾကည့္လိုက္သည္ ။
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းႏွင့္ အရွင္ နတ္ဆိုးမွာ ကမာၻမေက် ရန္သူေတာ္ႀကီး မ်ား ျဖစ္ၾကေခ်သည္ ။ ထို႔ေၾကာင့္ အရွင္ နတ္ဆိုး ႏွင့္ ပတ္သက္သမွ် ကို ရီ၀မ္၀မ္ အကုန္ သိထားခ်င္မိ၏ ။
“သူ႔အေၾကာင္း ၾကားဖူးတယ္” ခ်ီးထုပ္က ေခါင္းညိတ္လာသည္ ။
“ဒါဆို…အရွင္ နတ္ဆိုးက အရမ္းစြမ္းတာလား ။
ဖိန္႔ဖိန္႔တုန္ ဂိုဏ္းနဲ႔ေကာ သူ ယွဥ္ႏိုင္လား”
ရီ၀မ္၀မ္ ေမးၾကည့္လိုက္သည္ ။
“သူတို႔က တန္းမတူေလာက္ဘူး”
“ဟမ္…အရွင္ နတ္ဆိုးက အရမ္း ေတာ္လြန္းေနတာလား”
ရီ၀မ္၀မ္ ထပ္ေမးၾကည့္လိုက္ျပန္သည္ ။
“သူက မဆိုးပါဘူး ။ အရွင္ နတ္ဆိုးအေၾကာင္းကို ၾကားဖူးတာေတာ့ ရွိတယ္” ခ်ီးထုပ္က ျပန္ေျဖသည္ ။
ရီ၀မ္၀မ္ ရင္ထဲကေန က်ိတ္ကာ သက္ျပင္းခ်လိုက္မိသည္ ။
ခ်ီးထုပ္လို လူမ်ိဳးကေတာင္မွ အရွင္နတ္ဆိုးကို မဆိုးဘူးလို႔ ေျပာေနတယ္ ဆိုေတာ့ အရွင္ နတ္ဆိုးက တကယ္ႀကီး ၾကမ္းလြန္းေနတာပဲ ျဖစ္ရမယ္ ။
သိုင္းပညာအစည္းအ႐ုံးက ငါ့ကို နတ္ဆိုးကို သြားကိုင္တြယ္ခိုင္းတယ္ ဆိုေတာ့ ငါ့ကို ေသတြင္းထဲ ပို႔လိုက္တာပဲ ။
“ဖိန္႔ဖိန္႔တုန္ ဂိုဏ္းပဲ ျဖစ္ျဖစ္ အဇူရာ ဂိုဏ္းပဲ ျဖစ္ျဖစ္…သူတို႔အေၾကာင္းကို အမ်ားႀကီး မေမးတာ အေကာင္းဆုံးပဲ ။ မင္းရဲ႕အေရာင္းအ၀ယ္အလုပ္ ကိုပဲ အာ႐ုံစိုက္ထား ။ ဒီလိုဂိုဏ္းေတြထဲ အရမ္းႀကီး ၀င္မပါနဲ႔”
ခ်ီးထုပ္က ရီ၀မ္၀မ္ကို ေျပာလိုက္သည္ ။
…………………………………………………………………………………
Hi, သာသာ ျပန္လာပါၿပီ ။ အားလုံးပဲ ဖတ္ရတာ အဆင္ေျပရဲ႕လား လိုတာရွိရင္ ပြင့္ပြင့္လင္းလင္း ၀ေဖန္ေထာက္ျပေပးလို႔ ရပါတယ္ ။ အခုကစၿပီးေတာ့ ေပ့ခ်္ကို မွီေအာင္ တင္ေပးသြားေတာ့မွာမို႔ တစ္၀ႀကီး ဖတ္ရဖို႔ သာသာ့ wattpad acc ေလးကို မေမ့လိုက္ၾကနဲ႔ေနာ္ ။
Love you guys
😘😘😘