The Legendary Master's Wife (...

Por Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... Más

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 290 (Part1)

7.2K 1.3K 25
Por Sailor_Moon_94





Zawgyi ver..





မဟာမိတ္မ်ားအျဖစ္ ပူးေပါင္းေဆာင္ရြက္ျခင္း





အေျခအေနတင္းမာလ်က္႐ွိေသာ စင္ျမင့္ေပၚ႐ွိေလထုသည္ အ႐ွိန္ျပင္းျပင္း ထုတ္လႊတ္ေနသည့္ ဝိဥာဥ္စြမ္းအားမ်ားေၾကာင့္ ျပင္းထန္စြာ လႈပ္ရႇားလ်က္႐ွိေနသည္ ။

ခမ္းနားကာ အားျပင္းလွေသာဝိဥာဥ္စြမ္းအားမ်ား၏ ဖိအားမ်ားေအာက္တြင္ပင္ လူအမ်ား၏ အာရံုအား ဖမ္းစားထားႏိုင္သည့္ ျပဳိင္ပြဲဝင္အခ်ိဳ႕႐ွိေပေသးသည္၊ ၎တို႔မွာ ထ်န္းဇီ႐ွင္း ခ်ိဳင္က်န္း ခ်င္ခ်ိဳးႏွင့္ အေတာ္ေလးသန္မာသည့္ မထင္မ႐ွားေက်ာင္းသားတစ္ဦးတို႔ ျဖစ္သည္ ။

ထ်န္းဇီ႐ွင္း၏အဆင့္မွာ အျခားသူမ်ားထက္နိမ့္ေသာ္လည္း သူမသည္ အဆင့္ျမင့္ဝိဥာဥ္ႏွင့္စြမ္းရည္ ေလ့က်င့္ေရးက်မ္းအား က်င့္ၾကံခဲ့ဖူးသည္၊ ဤအခ်က္ျဖင့္ပင္ သူမ အျခားသူမ်ားႏွင့္ ပခံုးခ်င္း ယွဥ္ရပ္ေနႏိုင္ေပသည္ ။

မၾကာမီပင္ စင္ျမင့္ေပၚ႐ွိ ၿငိမ္သက္ေနေသာ အေနအထားအား ၿပိဳင္ပြဲဝင္တစ္ဦးမွ စတင္ၿဖိဳခြဲလိုက္သည္ ။

ပထမဆံုး စတင္လႈပ္႐ွားလိုက္သည့္သူမွာ အမ်ိဳးသမီး ေမွာ္ဆရာတစ္ဦးျဖစ္ၿပီး သူမပတ္ဝန္းက်င္႐ွိၿပိဳင္ပြဲဝင္မ်ားအား စတင္တိုက္ခိုက္ေလသည္၊ သူမေၾကာင့္ ေဘး႐ွိလူမ်ားလည္း လႈပ္လႈပ္႐ွား႐ွား ျဖစ္ကုန္ၾကကာ မိမိတို႔၏ ဝိဥာဥ္စြမ္းအားမ်ားအား အလန္႔တၾကားျဖင့္ ထုတ္လႊတ္ၾကေတာ့သည္၊ ထိုအနီးတစ္ဝိုက္႐ွိ အေျခအေနမွာ လံုးဝ ပရမ္းပတာျဖစ္ၿပီး အခ်ိဳ႕လူမ်ားလည္း စင္ျမင့္ေပၚမွ ျပဳတ္က်ကုန္ၾကေလေတာ့သည္ ။

ထ်န္းဇီ႐ွင္းႏွင့္ သူမ၏အဖြဲ႔သည္လည္း ၿငိမ္မေနၾကပါေပ၊ သူမတို႔သည္လည္း ျပင္းထန္ေသာ ဝိဥာဥ္စြမ္းအားမ်ားအား ထုတ္လႊတ္ကာ အျခားၿပိဳင္ပြဲဝင္မ်ားအား ဝင္ေရာက္တိုက္ခိုက္ၾကသည္၊ ခဏတြင္းပင္ ၿပိဳင္ပြဲဝင္အုပ္စုတစ္စု စင္ျမင့္ေပၚမွ ျပဳတ္က်ကာ ၿပိဳင္ပြဲမွ ထြက္ခြာသြားရေလသည္ ။

ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔သည္ အျခားၿပိဳင္ပြဲဝင္မ်ားအား တိုက္ခိုက္ေနရင္း သူ႔ဘက္သို႔လည္း ျဖည္းျဖည္းခ်င္းစီ တိုးကပ္လာေနၾကေၾကာင္း ယူေ႐ွာင္မို သတိျပဳလိုက္မိသည္၊ သူ႔အားမတိုက္ခိုက္မီ အျခားသူမ်ားအား အရင္႐ွင္းလင္းေနေၾကာင္း သိသာလွေပသည္ ။

ထံုယြယ္ရႊီသည္လည္း ထိုအျခင္းအရာအား သတိျပဳမိလိုက္ေသာေၾကာင့္ ယူေ႐ွာင္မိုအား စိုးရိမ္တႀကီး လွမ္းၾကည့္လာသည္ ။

" သူတို႔မင္းကိုျဖဳတ္ခ်ဖို႔ အခ်င္းခ်င္းပူးေပါင္းေနၾကၿပီ မင္းမွာအစီအစဥ္႐ွိလား "

ယူေ႐ွာင္မို ခ်က္ခ်င္းျပန္ေျဖလိုက္သည္ ။

" ေလာေလာဆယ္ေတာ့ မ႐ွိဘူး "


ထိုစကားေျကာင့္ ထံုယြယ္ရႊီ အနည္းငယ္ တိတ္ဆိတ္သြားၿပီးမွ ျပန္ေျဖလာသည္ ။

" ... ငါတို႔အရင္ဝင္တိုက္ၿပီး လက္ဦးမႈယူလိုက္ရင္ေကာင္းမယ္ထင္တယ္ "

ယူေ႐ွာင္မို အံအားသင့္သြားသည္ ။

" အသာစီးရေအာင္ အရင္စတိုက္ရမွာလား "

" ထ်န္းဇီ႐ွင္းက အဆင့္ျမင့္က်မ္းေတြ ေလ့က်င့္ထားတယ္ဆိုေပမယ့္ မင္းတို႔ထဲမွာသူ့အဆင့္ကအနိမ့္ဆံုးပဲေလ အဲ့ဒါေၾကာင့္သူ႔ကိုစၿပီးတိုက္ရင္ရႏိုင္တယ္ "

ယူေ႐ွာင္မို မ်က္လံုးမ်ား ပင့္တက္သြားသည္ ။

" အစ္ကိုေျပာတာ ေခ်ာင္းတိုက္ဖို႔လား "

" မွန္တယ္.. သူကအခု အျခားသူေတြကိုတိုက္ခိုက္ေနတာဆိုေတာ့ ဝိဥာဥ္စြမ္းအားတခ်ိဳ႕ အသံုးျပဳထားၿပီးေလာက္ၿပီ.. ငါတို႔ေခ်ာင္းတိုက္ရင္ ေအာင္ျမင္ႏိုင္ေျခ ႐ွစ္ဆယ္ရာခိုင္ႏႈန္း ႐ွိတယ္ "

႐ုတ္တရက္ ယူေ႐ွာင္မို ေခါင္းယမ္းလိုက္သည္ ။

" မျဖစ္ေသးဘူး ထ်န္းဇီ႐ွင္းမွာသူ႔ဝိဥာဥ္စြမ္းအားကိုျပန္ျဖည့္ဖို႔ ပစၥည္းတစ္ခုခု႐ွိေနေလာက္တယ္ "

ထံုယြယ္ရႊီ အနည္းငယ္တံု႔ဆိုင္းသြားသည္၊ သို႔ေသာ္ ယူေ႐ွာင္မို ထိုကိစၥအား မည္သို႔သိသည္ကိုေတာ့ ျပန္မေမးပါေခ်၊ ေခတၱမ်ွ ေတြးေတာေနၿပီးေနာက္..

" ခ်ိဳင္က်န္းနားမွာ က်ံဳးက်င္း႐ွန္နဲ႔ တျခားကူညီမယ့္သူေတြ႐ွိေနေတာ့ သူ႔ကိုေခ်ာင္းတိုက္မယ္ဆိုရင္ ေအာင္ျမင္ႏိုင္ေခ်နည္းမွာပဲ ဒီလိုသာဆို ငါတို႔တျခားသူေတြနဲ႔ မဟာမိတ္ဖြဲ႔ဖို႔ မရရေအာင္ ႀကိဳးစားရေတာ့မယ္ "


ထံုအိမ္ေတာ္သည္ ယန္ၿမိဳ႕ေတာ္႐ွိ အိမ္ေတာ္ႀကီးေလးခုမွ တစ္ခုအပါအဝင္ျဖစ္ေသာ္လည္း ၎တို႔၏စည္းမ်ဥ္းမ်ားသည္ ထ်န္းအိမ္ေတာ္ ခ်ိဳင္အိမ္ေတာ္တို႔ႏွင့္ ကြာျခားေပသည္၊ ထံုအိမ္ေတာ္သည္ ၎တို႔၏ ေနာင္မ်ိဳးဆက္မ်ားအေပၚ တင္းၾကပ္ေသာ စည္းမ်ဥ္းမ်ားအား ခ်မွတ္ထားသည္၊ ထံုအိမ္ေတာ္သည္ ေက်ာင္းေတာ္အတြင္း၌ အာဏာလႊမ္းမိုးမႈ႐ွိသည္မွန္ေသာ္လည္း ၎တို႔အိမ္ေတာ္မွ မ်ိဳးဆက္မ်ားအား အမွီအခိုကင္းလြတ္စြာ ေနထိုင္တတ္ေစရန္ ဆံုးမသြန္သင္ထားသည္၊ ေက်ာင္းတြင္း၌သာမက အျခားေနရာမ်ားတြင္လည္း ထိုနည္းလည္းေကာင္းျဖစ္သည္၊ ထို႔ေၾကာင့္ ထံုယြယ္ရႊီသည္ ေက်ာင္းသားဘဝတြင္ပင္ မိမိကိုယ္ကိုယ္သာ အားကိုးတတ္သူျဖစ္ၿပီး အလြန္တည္ၿငိမ္ရင့္က်က္သူ ျဖစ္ေနရျခင္းျဖစ္သည္ ။



ယူေ႐ွာင္မို ေမးလိုက္သည္ ။

" ထ်န္းဇီ႐ွင္းနဲ႔ တျခားသူေတြကိုႏိုင္သြားရင္ေတာင္ ေနာက္ဆံုးမွာ ကြၽန္ေတာ္တို႔မဟာမိတ္ေတြကို ကန္ခ်ရဦးမွာပဲမလား "

" ... ေနာက္ဆံုးမွာ ငါးေယာက္က်န္ရင္ျဖစ္တယ္ "

" အဲ့ဒါဆို ကြၽန္ေတာ္တို႔ မဟာမိတ္သံုးေယာက္ထပ္ဖြဲ႔လို႔ရတာေပါ့ "

" အဲ့ကိစၥနဲ႔ပတ္သက္ၿပီး အရမ္းႀကီးစိတ္မပူပါနဲ႔.. ငါတို႔ အဲ့ဒီလူနဲ႔ သူ႔အေပါင္းအပါေတြကို မိတ္ဖြဲ႔လိုက္ရင္ျဖစ္တယ္ "

ယူေ႐ွာင္မို ၎ၫႊန္ျပရာေနရာသို႔ လွမ္းၾကည့္လိုက္သည္၊ ၎မွာ အေတာ္အသင့္သန္မာသည္ဟု သတ္မွတ္ထားခဲ့ေသာ ေမွာ္ဆရာေကာင္ေလးျဖစ္ၿပီး ထ်န္းဇီ႐ွင္းတို႔အဖြဲ႔ႏွင့္ပင္ သူတစ္ျပန္ကိုယ္တစ္ျပန္ ျပန္ခ်ေနနိဳင္ေလသည္ ။

ယူေ႐ွာင္မိုသည္ အျခားသူမ်ားႏွင့္ ညႇိႏႈိုင္းရာတြင္ ပါရမီမပါသျဖင့္ မဟာမိတ္ဖြဲ႔ရန္ ထံုယြယ္ရႊီကသာ တာဝန္ယူလိုက္ရသည္၊ တစ္ဖက္လူသည္ အနည္းငယ္ခန္႔သာ ေတြးေတာၿပီး လက္ခံလိုက္ေလသည္၊ ၎သည္လည္း လက္႐ွိအေျခအေနအား သေဘာေပါက္ပံုရသည္၊ သူသာမဟာမိတ္မ႐ွာႏိုင္ပါက မၾကာမီအခ်ိန္အတြင္း ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔အဖြဲ႔မွ သူ႔အား စင္ေပၚမွကန္ခ်ေတာ့မည္ျဖစ္သည္၊ ထို႔အျပင္ သူ႔ထံ၌ ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးရမည့္ သူငယ္ခ်င္းႏွစ္ဦးလည္း အတူပါလာေသးသည္ ။

" ငါကဖန္ခ်ီယြင္း မင္းတို႔သူတို႔နဲ႔ဘယ္လိုရင္ဆိုင္မယ္လို႔ စဥ္းစားထားလဲ  ငါၾကားတာ ခ်င္ခ်ိဳးနဲ႔ ခ်ိဳင္က်န္းက နည္းနည္းရင္းႏွီးတယ္တဲ့ သူတို႔သံုးေယာက္သာ ေပါင္းသြားမယ္ဆို ငါတို႔အတြက္ ေတာ္ေတာ္ဆိုးဆိုးေတြျဖစ္လာမွာပဲ "

တစ္ဖက္လူမွ လိုရင္းတို႐ွင္း ဆိုလာသည္ ။

ထိုသူ၏ ပြင့္လင္းေသာစတိုင္သည္ ယူေ႐ွာင္မိုအား ထိုလူ႔အေပၚ ေစ့ေစ့စပ္စပ္ၾကည့္လိုက္မိေစရန္ ဆြဲေဆာင္သြားေလသည္၊ ၎၏ကိုယ္ဟန္အမူအယာမ်ားသည္ ၎မွာအေတာ္အသင့္ ထူးခြၽန္ေသာ ေက်ာင္းသားတစ္ဦးျဖစ္ရမည္ဟု ေဖာ္ျပေနေသာ္ျငား ဤမ်ွအထိ လူမသိသူမသိ ႏွိမ့္ခ်စြာေနထိုင္ႏိုင္လိမ့္မည္ဟုေတာ့ မထင္မွတ္ခဲ့မိေပ ။

" ေလာေလာဆယ္ေတာ့ ဟိုဘက္ကလူေတြက ငါတို႔ကိုအရမ္းႀကီး ဖိအားမေပးလာေသးဘူး အဲ့ဒါေၾကာင့္ ငါတို႔အဆံုးထိေစာင့္ၾကည့္သင့္တယ္လို႔ထင္တယ္ အဲ့အခ်ိန္က် သူတို႔မွာလူေတာ္ေတာ္မ်ားမ်ားေလ်ာ့သြားေလာက္ၿပီေလ.. အဲ့ဒါဆို ငါတို႔လႈပ္႐ွားဖို႔ အခြင့္အေရးရလာလိမ့္မယ္ "

ဖန္ခ်ီယြင္းသည္ ေခါင္းၿငိမ့္ရင္း ေထာက္ခံေၾကာင္းျပသည္ ။

" ကြၽန္ေတာ္သေဘာတူပါတယ္ ဒါေပမယ့္သူတို႔ဘက္မွာက သံုးေယာက္ေတာင္ ၿပီးေတာ့သံုးေယာက္လံုးကလည္း သန္မာၾကတယ္ ကြၽန္ေတာ္တို႔သူတို႔ကိုဘယ္လိုတိုက္ရမလဲ "


ယူေ႐ွာင္မို လက္တစ္ဖက္အား ေျမႇာက္ရင္းေျဖသည္ ။

" ကြၽန္ေတာ္ခ်ိဳင္က်န္းကို တာဝန္ယူေပးႏိုင္ပါတယ္ "



ထိုစကားေၾကာင့္ က်န္ႏွစ္ေယာက္ မအံျသသြားေပ၊ ယူေ႐ွာင္မို၏အင္အားသည္သာ ၎တို႔မဟာမိတ္၏ တကယ့္အဆံုးအျဖတ္ျဖစ္ေနသည္၊ ယူေ႐ွာင္မိုသည္ ခ်ိဳင္က်န္းထက္ အဆင့္နိမ့္ေသးေသာ္လည္း တကယ္တမ္း ၎၏တိုက္ခိုက္စြမ္းရည္မွာ အလြန္အားေကာင္း၏၊ ခ်ိဳင္က်န္းတစ္ေယာက္ အဆင့္ေျခာက္အဆင့္ျမင့္မကလို႔ ဘာႀကီးပဲျဖစ္ေနပါေစ ယူေ႐ွာင္မိုႏွင့္ယွဥ္လ်ွင္ မည္သို႔မ်ွ အႏိုင္ရလိမ့္မည္ မဟုတ္ေပ ။

ဖန္ခ်ီယြင္းမွ ဆက္ေျပာသည္ ။

" အဲ့ဒါဆို ခ်င္ခ်ိဳးကိုကြၽန္ေတာ့္တာဝန္ထား "

ထိုအခါ ေနာက္ဆံုးက်န္ေနေသာ ထံုယြယ္ရႊီသည္ သူ၏လက္ႏွစ္ဖက္အား ေ႐ွ႕ထုတ္ကာ ထိုႏွစ္ေယာက္ထံသို႔ ေက်းဇူးတင္ေသာ အမူအယာမ်ိဳးျဖင့္ ျပံဳးရင္းဆိုလိုက္သည္ ။

" ႏွစ္ေယာက္လံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ "





" မင္းတို႔ေကာင္ေတြ ေျပာလို႔ၿပီးၾကၿပီလား! "

ဖန္ခ်ီယြင္း၏ သူငယ္ခ်င္းႏွစ္ေယာက္သည္ အျခားသူမ်ား၏ တိုက္ခိုက္မႈအား တားဆီးေပးထားၾကၿပီး ၎တို႔စကားေျပာႏိုင္ရန္ အခ်ိန္ဆြဲေပးထားျခင္းျဖစ္သည္၊ သို႔ေသာ္ ၾကာၾကာဆက္မထိန္းထားႏိုင္ေတာ့သည့္ဟန္ပင္ ။

ထို႔ေၾကာင့္ ဖန္ခ်ီယြင္း ထိုေနရာသို႔ အေျပးသြားလိုက္သည္၊ ထို႔ေနာက္ ဘာအပိုစကားမွ ေျပာမေနပဲ တစ္ဖက္လူအား စတင္ တိုက္ခိုက္လိုက္၏၊ ႐ုတ္တရက္ျဖစ္သျဖင့္ ထိုလူလည္း သတိလက္လႊတ္ျဖစ္သြားကာ ဖန္ခ်ီယြင္း၏တိုက္ကြက္ ထိမွန္သြားၿပီး စင္ျမင့္ေပၚမွ ျပဳတ္က်သြားေလေတာ့သည္ ။



ထိုျဖစ္ရပ္အားျမင္လိုက္ရေသာအခါ ယူေ႐ွာင္မို ဖန္ခ်ီယြင္း၏စြမ္းရည္အား အံ့အားသင့္သြားမိသည္၊ ေတြးထားသလိုပင္ ၎၌ ဖံုးကြယ္ထားေသာ အရည္အခ်င္းမ်ား ႐ွိေနသည္ ။

ထံုယြယ္ရႊီႏွင့္ ယူေ႐ွာင္မိုတို႔လည္း တိုက္ပြဲအတြင္းသို႔ ျပန္လည္ဝင္ေရာက္လာကာ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔ထံ အသီးသီး ဦးတည္လိုက္ၾကသည္၊ တိုက္ပြဲမွာ အဆံုးသတ္အပိုင္းသို႔ နီးကပ္လာၿပီျဖစ္ၿပီး စင္ျမင့္ေပၚ၌လည္း မူလၿပိဳင္ပြဲဝင္အေရအတြက္၏ တစ္ဝက္ပင္ မက်န္ေတာ့ေပ၊ ယခုအခ်ိန္သည္ အႏိုင္အ႐ွံုးအား စတင္ဆံုးျဖတ္ရန္ အေကာင္းဆံုး အခ်ိန္ျဖစ္ေပသည္ ။




# 9.5.2021♥

MPTကစိတ္ေကာင္းဝင္ေနတုန္း အျမန္စစ္ၿပီးတင္လိုက္တာ တန္းလန္းႀကီးျဖစ္ေနေတာ့မယ္ထင္တယ္ အဟိ.. ..

__________________





Unicode ver..





မဟာမိတ်များအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း





အခြေအနေတင်းမာလျက်ရှိသော စင်မြင့်ပေါ်ရှိလေထုသည် အရှိန်ပြင်းပြင်း ထုတ်လွှတ်နေသည့် ဝိဉာဉ်စွမ်းအားများကြောင့် ပြင်းထန်စွာ လှုပ်ရှားလျက်ရှိနေသည် ။

ခမ်းနားကာ အားပြင်းလှသောဝိဉာဉ်စွမ်းအားများ၏ ဖိအားများအောက်တွင်ပင် လူအများ၏ အာရုံအား ဖမ်းစားထားနိုင်သည့် ပြိုင်ပွဲဝင်အချို့ရှိပေသေးသည်၊ ၎င်းတို့မှာ ထျန်းဇီရှင်း ချိုင်ကျန်း ချင်ချိုးနှင့် အတော်လေးသန်မာသည့် မထင်မရှားကျောင်းသားတစ်ဦးတို့ ဖြစ်သည် ။

ထျန်းဇီရှင်း၏အဆင့်မှာ အခြားသူများထက်နိမ့်သော်လည်း သူမသည် အဆင့်မြင့်ဝိဉာဉ်နှင့်စွမ်းရည် လေ့ကျင့်ရေးကျမ်းအား ကျင့်ကြံခဲ့ဖူးသည်၊ ဤအချက်ဖြင့်ပင် သူမ အခြားသူများနှင့် ပခုံးချင်း ယှဉ်ရပ်နေနိုင်ပေသည် ။

မကြာမီပင် စင်မြင့်ပေါ်ရှိ ငြိမ်သက်နေသော အနေအထားအား ပြိုင်ပွဲဝင်တစ်ဦးမှ စတင်ဖြိုခွဲလိုက်သည် ။

ပထမဆုံး စတင်လှုပ်ရှားလိုက်သည့်သူမှာ အမျိုးသမီး မှော်ဆရာတစ်ဦးဖြစ်ပြီး သူမပတ်ဝန်းကျင်ရှိပြိုင်ပွဲဝင်များအား စတင်တိုက်ခိုက်လေသည်၊ သူမကြောင့် ဘေးရှိလူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြကာ မိမိတို့၏ ဝိဉာဉ်စွမ်းအားများအား အလန့်တကြားဖြင့် ထုတ်လွှတ်ကြတော့သည်၊ ထိုအနီးတစ်ဝိုက်ရှိ အခြေအနေမှာ လုံးဝ ပရမ်းပတာဖြစ်ပြီး အချို့လူများလည်း စင်မြင့်ပေါ်မှ ပြုတ်ကျကုန်ကြလေတော့သည် ။

ထျန်းဇီရှင်းနှင့် သူမ၏အဖွဲ့သည်လည်း ငြိမ်မနေကြပါပေ၊ သူမတို့သည်လည်း ပြင်းထန်သော ဝိဉာဉ်စွမ်းအားများအား ထုတ်လွှတ်ကာ အခြားပြိုင်ပွဲဝင်များအား ဝင်ရောက်တိုက်ခိုက်ကြသည်၊ ခဏတွင်းပင် ပြိုင်ပွဲဝင်အုပ်စုတစ်စု စင်မြင့်ပေါ်မှ ပြုတ်ကျကာ ပြိုင်ပွဲမှ ထွက်ခွာသွားရလေသည် ။

ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့သည် အခြားပြိုင်ပွဲဝင်များအား တိုက်ခိုက်နေရင်း သူ့ဘက်သို့လည်း ဖြည်းဖြည်းချင်းစီ တိုးကပ်လာနေကြကြောင်း ယူရှောင်မို သတိပြုလိုက်မိသည်၊ သူ့အားမတိုက်ခိုက်မီ အခြားသူများအား အရင်ရှင်းလင်းနေကြောင်း သိသာလှပေသည် ။

ထုံယွယ်ရွှီသည်လည်း ထိုအခြင်းအရာအား သတိပြုမိလိုက်သောကြောင့် ယူရှောင်မိုအား စိုးရိမ်တကြီး လှမ်းကြည့်လာသည် ။

" သူတို့မင်းကိုဖြုတ်ချဖို့ အချင်းချင်းပူးပေါင်းနေကြပြီ မင်းမှာအစီအစဉ်ရှိလား "

ယူရှောင်မို ချက်ချင်းပြန်ဖြေလိုက်သည် ။

" လောလောဆယ်တော့ မရှိဘူး "


ထိုစကားကြောင့် ထုံယွယ်ရွှီ အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည် ။

" ... ငါတို့အရင်ဝင်တိုက်ပြီး လက်ဦးမှုယူလိုက်ရင်ကောင်းမယ်ထင်တယ် "

ယူရှောင်မို အံအားသင့်သွားသည် ။

" အသာစီးရအောင် အရင်စတိုက်ရမှာလား "

" ထျန်းဇီရှင်းက အဆင့်မြင့်ကျမ်းတွေ လေ့ကျင့်ထားတယ်ဆိုပေမယ့် မင်းတို့ထဲမှာသူ့အဆင့်ကအနိမ့်ဆုံးပဲလေ အဲ့ဒါကြောင့်သူ့ကိုစပြီးတိုက်ရင်ရနိုင်တယ် "

ယူရှောင်မို မျက်လုံးများ ပင့်တက်သွားသည် ။

" အစ်ကိုပြောတာ ချောင်းတိုက်ဖို့လား "

" မှန်တယ်.. သူကအခု အခြားသူတွေကိုတိုက်ခိုက်နေတာဆိုတော့ ဝိဉာဉ်စွမ်းအားတချို့ အသုံးပြုထားပြီးလောက်ပြီ.. ငါတို့ချောင်းတိုက်ရင် အောင်မြင်နိုင်ခြေ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ် "

ရုတ်တရက် ယူရှောင်မို ခေါင်းယမ်းလိုက်သည် ။

" မဖြစ်သေးဘူး ထျန်းဇီရှင်းမှာသူ့ဝိဉာဉ်စွမ်းအားကိုပြန်ဖြည့်ဖို့ ပစ္စည်းတစ်ခုခုရှိနေလောက်တယ် "

ထုံယွယ်ရွှီ အနည်းငယ်တုံ့ဆိုင်းသွားသည်၊ သို့သော် ယူရှောင်မို ထိုကိစ္စအား မည်သို့သိသည်ကိုတော့ ပြန်မမေးပါချေ၊ ခေတ္တမျှ တွေးတောနေပြီးနောက်..

" ချိုင်ကျန်းနားမှာ ကျုံးကျင်းရှန်နဲ့ တခြားကူညီမယ့်သူတွေရှိနေတော့ သူ့ကိုချောင်းတိုက်မယ်ဆိုရင် အောင်မြင်နိုင်ချေနည်းမှာပဲ ဒီလိုသာဆို ငါတို့တခြားသူတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ မရရအောင် ကြိုးစားရတော့မယ် "


ထုံအိမ်တော်သည် ယန်မြို့တော်ရှိ အိမ်တော်ကြီးလေးခုမှ တစ်ခုအပါအဝင်ဖြစ်သော်လည်း ၎င်းတို့၏စည်းမျဉ်းများသည် ထျန်းအိမ်တော် ချိုင်အိမ်တော်တို့နှင့် ကွာခြားပေသည်၊ ထုံအိမ်တော်သည် ၎င်းတို့၏ နောင်မျိုးဆက်များအပေါ် တင်းကြပ်သော စည်းမျဉ်းများအား ချမှတ်ထားသည်၊ ထုံအိမ်တော်သည် ကျောင်းတော်အတွင်း၌ အာဏာလွှမ်းမိုးမှုရှိသည်မှန်သော်လည်း ၎င်းတို့အိမ်တော်မှ မျိုးဆက်များအား အမှီအခိုကင်းလွတ်စွာ နေထိုင်တတ်စေရန် ဆုံးမသွန်သင်ထားသည်၊ ကျောင်းတွင်း၌သာမက အခြားနေရာများတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်၊ ထို့ကြောင့် ထုံယွယ်ရွှီသည် ကျောင်းသားဘဝတွင်ပင် မိမိကိုယ်ကိုယ်သာ အားကိုးတတ်သူဖြစ်ပြီး အလွန်တည်ငြိမ်ရင့်ကျက်သူ ဖြစ်နေရခြင်းဖြစ်သည် ။



ယူရှောင်မို မေးလိုက်သည် ။

" ထျန်းဇီရှင်းနဲ့ တခြားသူတွေကိုနိုင်သွားရင်တောင် နောက်ဆုံးမှာ ကျွန်တော်တို့မဟာမိတ်တွေကို ကန်ချရဦးမှာပဲမလား "

" ... နောက်ဆုံးမှာ ငါးယောက်ကျန်ရင်ဖြစ်တယ် "

" အဲ့ဒါဆို ကျွန်တော်တို့ မဟာမိတ်သုံးယောက်ထပ်ဖွဲ့လို့ရတာပေါ့ "

" အဲ့ကိစ္စနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်မပူပါနဲ့.. ငါတို့ အဲ့ဒီလူနဲ့ သူ့အပေါင်းအပါတွေကို မိတ်ဖွဲ့လိုက်ရင်ဖြစ်တယ် "

ယူရှောင်မို ၎င်းညွှန်ပြရာနေရာသို့ လှမ်းကြည့်လိုက်သည်၊ ၎င်းမှာ အတော်အသင့်သန်မာသည်ဟု သတ်မှတ်ထားခဲ့သော မှော်ဆရာကောင်လေးဖြစ်ပြီး ထျန်းဇီရှင်းတို့အဖွဲ့နှင့်ပင် သူတစ်ပြန်ကိုယ်တစ်ပြန် ပြန်ချနေနိုင်လေသည် ။

ယူရှောင်မိုသည် အခြားသူများနှင့် ညှိနှိုင်းရာတွင် ပါရမီမပါသဖြင့် မဟာမိတ်ဖွဲ့ရန် ထုံယွယ်ရွှီကသာ တာဝန်ယူလိုက်ရသည်၊ တစ်ဖက်လူသည် အနည်းငယ်ခန့်သာ တွေးတောပြီး လက်ခံလိုက်လေသည်၊ ၎င်းသည်လည်း လက်ရှိအခြေအနေအား သဘောပေါက်ပုံရသည်၊ သူသာမဟာမိတ်မရှာနိုင်ပါက မကြာမီအချိန်အတွင်း ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့အဖွဲ့မှ သူ့အား စင်ပေါ်မှကန်ချတော့မည်ဖြစ်သည်၊ ထို့အပြင် သူ့ထံ၌ ကြည့်ရှုစောင့်ရှောက်ပေးရမည့် သူငယ်ချင်းနှစ်ဦးလည်း အတူပါလာသေးသည် ။

" ငါကဖန်ချီယွင်း မင်းတို့သူတို့နဲ့ဘယ်လိုရင်ဆိုင်မယ်လို့ စဉ်းစားထားလဲ  ငါကြားတာ ချင်ချိုးနဲ့ ချိုင်ကျန်းက နည်းနည်းရင်းနှီးတယ်တဲ့ သူတို့သုံးယောက်သာ ပေါင်းသွားမယ်ဆို ငါတို့အတွက် တော်တော်ဆိုးဆိုးတွေဖြစ်လာမှာပဲ "

တစ်ဖက်လူမှ လိုရင်းတိုရှင်း ဆိုလာသည် ။

ထိုသူ၏ ပွင့်လင်းသောစတိုင်သည် ယူရှောင်မိုအား ထိုလူ့အပေါ် စေ့စေ့စပ်စပ်ကြည့်လိုက်မိစေရန် ဆွဲဆောင်သွားလေသည်၊ ၎င်း၏ကိုယ်ဟန်အမူအယာများသည် ၎င်းမှာအတော်အသင့် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ရမည်ဟု ဖော်ပြနေသော်ငြား ဤမျှအထိ လူမသိသူမသိ နှိမ့်ချစွာနေထိုင်နိုင်လိမ့်မည်ဟုတော့ မထင်မှတ်ခဲ့မိပေ ။

" လောလောဆယ်တော့ ဟိုဘက်ကလူတွေက ငါတို့ကိုအရမ်းကြီး ဖိအားမပေးလာသေးဘူး အဲ့ဒါကြောင့် ငါတို့အဆုံးထိစောင့်ကြည့်သင့်တယ်လို့ထင်တယ် အဲ့အချိန်ကျ သူတို့မှာလူတော်တော်များများလျော့သွားလောက်ပြီလေ.. အဲ့ဒါဆို ငါတို့လှုပ်ရှားဖို့ အခွင့်အရေးရလာလိမ့်မယ် "

ဖန်ချီယွင်းသည် ခေါင်းငြိမ့်ရင်း ထောက်ခံကြောင်းပြသည် ။

" ကျွန်တော်သဘောတူပါတယ် ဒါပေမယ့်သူတို့ဘက်မှာက သုံးယောက်တောင် ပြီးတော့သုံးယောက်လုံးကလည်း သန်မာကြတယ် ကျွန်တော်တို့သူတို့ကိုဘယ်လိုတိုက်ရမလဲ "


ယူရှောင်မို လက်တစ်ဖက်အား မြှောက်ရင်းဖြေသည် ။

" ကျွန်တော်ချိုင်ကျန်းကို တာဝန်ယူပေးနိုင်ပါတယ် "



ထိုစကားကြောင့် ကျန်နှစ်ယောက် မအံသြသွားပေ၊ ယူရှောင်မို၏အင်အားသည်သာ ၎င်းတို့မဟာမိတ်၏ တကယ့်အဆုံးအဖြတ်ဖြစ်နေသည်၊ ယူရှောင်မိုသည် ချိုင်ကျန်းထက် အဆင့်နိမ့်သေးသော်လည်း တကယ်တမ်း ၎င်း၏တိုက်ခိုက်စွမ်းရည်မှာ အလွန်အားကောင်း၏၊ ချိုင်ကျန်းတစ်ယောက် အဆင့်ခြောက်အဆင့်မြင့်မကလို့ ဘာကြီးပဲဖြစ်နေပါစေ ယူရှောင်မိုနှင့်ယှဉ်လျှင် မည်သို့မျှ အနိုင်ရလိမ့်မည် မဟုတ်ပေ ။

ဖန်ချီယွင်းမှ ဆက်ပြောသည် ။

" အဲ့ဒါဆို ချင်ချိုးကိုကျွန်တော့်တာဝန်ထား "

ထိုအခါ နောက်ဆုံးကျန်နေသော ထုံယွယ်ရွှီသည် သူ၏လက်နှစ်ဖက်အား ရှေ့ထုတ်ကာ ထိုနှစ်ယောက်ထံသို့ ကျေးဇူးတင်သော အမူအယာမျိုးဖြင့် ပြုံးရင်းဆိုလိုက်သည် ။

" နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ် "





" မင်းတို့ကောင်တွေ ပြောလို့ပြီးကြပြီလား! "

ဖန်ချီယွင်း၏ သူငယ်ချင်းနှစ်ယောက်သည် အခြားသူများ၏ တိုက်ခိုက်မှုအား တားဆီးပေးထားကြပြီး ၎င်းတို့စကားပြောနိုင်ရန် အချိန်ဆွဲပေးထားခြင်းဖြစ်သည်၊ သို့သော် ကြာကြာဆက်မထိန်းထားနိုင်တော့သည့်ဟန်ပင် ။

ထို့ကြောင့် ဖန်ချီယွင်း ထိုနေရာသို့ အပြေးသွားလိုက်သည်၊ ထို့နောက် ဘာအပိုစကားမှ ပြောမနေပဲ တစ်ဖက်လူအား စတင် တိုက်ခိုက်လိုက်၏၊ ရုတ်တရက်ဖြစ်သဖြင့် ထိုလူလည်း သတိလက်လွှတ်ဖြစ်သွားကာ ဖန်ချီယွင်း၏တိုက်ကွက် ထိမှန်သွားပြီး စင်မြင့်ပေါ်မှ ပြုတ်ကျသွားလေတော့သည် ။



ထိုဖြစ်ရပ်အားမြင်လိုက်ရသောအခါ ယူရှောင်မို ဖန်ချီယွင်း၏စွမ်းရည်အား အံ့အားသင့်သွားမိသည်၊ တွေးထားသလိုပင် ၎င်း၌ ဖုံးကွယ်ထားသော အရည်အချင်းများ ရှိနေသည် ။

ထုံယွယ်ရွှီနှင့် ယူရှောင်မိုတို့လည်း တိုက်ပွဲအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့ထံ အသီးသီး ဦးတည်လိုက်ကြသည်၊ တိုက်ပွဲမှာ အဆုံးသတ်အပိုင်းသို့ နီးကပ်လာပြီဖြစ်ပြီး စင်မြင့်ပေါ်၌လည်း မူလပြိုင်ပွဲဝင်အရေအတွက်၏ တစ်ဝက်ပင် မကျန်တော့ပေ၊ ယခုအချိန်သည် အနိုင်အရှုံးအား စတင်ဆုံးဖြတ်ရန် အကောင်းဆုံး အချိန်ဖြစ်ပေသည် ။




# 9.5.2021♥

MPTကစိတ်ကောင်းဝင်နေတုန်း အမြန်စစ်ပြီးတင်လိုက်တာ တန်းလန်းကြီးဖြစ်နေတော့မယ်ထင်တယ် အဟိ.. ..











Seguir leyendo

También te gustarán

230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
481K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
124K 14.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...