Chapter -49
|| Zawgyi ||
လင်းယဲ့လေးက ရုတ်တရက်ကြီး ဥာဏ်အလင်းရသွားသလို ဟောက်ရန်ကိုစူးစူးဝါးဝါး ကြည့်လိုက်သည်။
" !!!!!! "
" ဟုတ်တယ်မလား ဒါကြောင့်ကျွန်တော်ငှါးထားတဲ့ အိမ်ကိုသိနေတာမလား နေအုံး !! ဒါဆိုကျွန်တော် အကိုယွမ်ကျိုးဆိုင်မှာ အလုပ်လုပ်တာလဲ သိမှာပေါ့...ဖြေလေ ကျွန်တော်အလုပ်ပြုတ်တာ အကို့ကြောင့်လို့တော့မပြောနဲ့နော် "
" အာ? "
ဘုန်း....
" ပြစမ်း ဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ဘူး။ ဖယ် အိပ်တော့မယ် "
" ဘာလို့ ဘာလို့ငိုတာလဲ "
" ကိုယ့်ပေါင်ပေါ်အိပ် "
အိပ်နေရင်း ခေါင်းခါလိုက်ပြီး ဟောက်ရန်အကျီ င်္မှာမျက်ရည်တွေကို သုတ်လိုက်တယ်။
" မသုတ်ပါဘူး။ ညစ်ပတ်တယ်ဆို ဖယ်လေကျွန်တော်အောက်ဆင်း အိပ်မယ်။ "
" ကိုယ်တောင်းပန်ပါတယ်။ "
💜💜💜💜💜💜💜💜💜💜💜💜
25.Apr.21
Saung's
==================================================
ကျွန်တော်ရဲ့ချစ်သူနဲ့....နွေးထွေးတဲ့ဆက်ဆံရေး
Chapter -49
|| Zawgyi ||
" လိုက်ကြည့်နေတယ်ဆိုလည်း မဟုတ်ပါဘူး...ကိုယ်......လင်းယဲ့မင်းလေးကို တစ်ယောက်ထဲထားရမှာ စိတ်မချလို့ !! ဆိုလည်းမဟုတ်သေးဘူး။ "
ဟောက်ရန် စကားကိုဘယ်လိုဆက်ရမှန်း တွေးမရဖြစ်နေသည်။ လင်းယဲ့ကမျက်ခုံးတစ်ဖက်ကို ပင့်တင်ထားပြီး မပြောမချင်းကြည့်နေမယ်ဆိုတဲ့ ပုံပေါ်နေတာမို့ ...
" ဟုတ်ပြီ....ကိုယ်ဘာလို့အလုပ်ထွက်ခိုင်းတာလဲ ဆိုတာအဲ့ဒီ ချူးစစ်ရှန်းဆိုတဲ့ကောင်ကြောင့်လေ။ သူ့ကိုကြည့်မရဘူး။ အဲ့ကောင်နဲ့ဆို စိတ်မချရဘူး....ကိုယ်အမြဲတမ်း လိုက်ချောင်းနေတာလဲ မဟုတ်ပါဘူးကွာ "
လင်းယဲ့ အကြည့်တွေကြောင့် ဟောက်ရန် သူခိုးလူမိသလိုဖြစ်လာရသည်။ သူကဘာကိုရှင်းပြလို့ ပြရမှန်းမသိဘဲ စကားတွေထင့်နေတော့တယ်။
လင်းယဲ့လေးက ရုတ်တရက်ကြီး ဉာဏ်အလင်းရသွားသလို ဟောက်ရန်ကိုစူးစူးဝါးဝါး ကြည့်လိုက်သည်။
" ဟို....အမေတို့ရောက်တဲ့နေ့က ကျွန်တော့နောက်လိုက်လာတာလား "
" !!!!!! "
" ဟုတ္တယ္မလား ဒါကြောင့်ကျွန်တော်ငှါးထားတဲ့ အိမ်ကိုသိနေတာမလား နေအုံး !! ဒါဆိုကျွန်တော် အကိုယွမ်ကျိုးဆိုင်မှာ အလုပ္လုပ္တာလဲ သိမှာပေါ့...ဖြေလေ ကျွန်တော်အလုပ်ပြုတ်တာ အကို့ကြောင့်လို့တော့မပြောနဲ့နော် "
" အာ? "
ဘုန်း....
လင်းယဲ့ သူမေးနေတာကိုမဖြေပဲ ကြောင်ကြည့်နေတာမို့ ခေါင်းအုံးကြီးနဲ့ ဟောက်ရန်ကိုထုလိုက်သည်။ ဟောက်ရန်က လင်းယဲ့လက်ကခေါင်းအုံးကိုဆွဲယူလိုက်ပြီး
" အင်းအင်း ကိုယ်မှားပါတယ်။ ကိုယ်လိုက်ကြည့်တာက မင်းလေးအိမ်ပြန်တဲ့အချိန်က အရမ်းနောက်ကျနေပြီလေ တော်ကြာတစ်ခုခု ဖြစ်မှာစိုးလို့.....ယွမ်ကျိုးအကြောင်းကိုယ်အသိဆုံးဘဲ့ အဲ့ကောင်ကမကောင်းတဲ့ကောင် "
ယွမ်ကျိုး မကောင်းတဲ့အကာင်လုပ်လိုက်ပါအုံးကွာ။
လင်းယဲ့အတော်ကြာတဲ့အထိ စိုက်ကြည့်နေမိတယ်။ လက်ထဲကခေါင်းအုံးကို နေရာတကျပြန်ထားလိုက်သည်။ ထို့နောက်ဟောက်ရန်ကို ကျောပေးအိပ်လိုက်တယ်။
ချီးပေကောင် အခုမွစိတ္ပူရလား။ မုန်းစရာကောင်းလိုက်တာ ... အရင်တစ်ချိန်လုံး ငါ့ကိုရှိတယ်လို့တောင် မထင်ခဲ့တာ။ အခုမှစိတ်ပူတယ်တဲ့လား။
" လင်းယဲ့.... ဘာဖြစ်သွားတာလဲ ကိုယ့်ကိုကြည့်ပါအုံး "
တုန့်ပြန်သံမကြားရ ဒါမဲ့လင်းယဲ့မအိပ်သေးဘူးဆိုတာ သိတယ်။ ဒါကြောင့်ဟောက်ရန် မတ်မတ်ထိုင်လိုက်ပြီး တစ်ဖက်ကိုလှည့်အိပ်နေတဲ့ ကောင်လေးကိုပွေ့လိုက်သည်။
" ပြစမ်း ဘာဖြစ်တာလဲ "
" ဘာမွမျဖစ္ဘူး။ ဖယ် အိပ်တော့မယ် "
လင််းယဲ့ ဟောက်ရန်ကိုယ်ပေါ်က ဆင်းဖို့ပြင်သည်။ ဟောက်ရန်က လင်းယဲ့ကိုပြန်ဆွဲပြီး သူ့ပေါင်ပေါ် ခေါင်းအုံးအိပ်စေသည်။
" ဘာလို့ ဘာလို့ငိုတာလဲ "
" မငိုဘူး။ ကျွန်တော်အိပ်ချင်နေပြီ "
" ကိုယ့်ပေါင်ပေါ်အိပ် "
ဟောက်ရန်က ခေါင်းမာတဲ့သူ သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်မှကျေနပ်သည်။ လင်းယဲ့မတတ်နိုင်ပဲ ဟောက်ရန်ပေါင်ပေါ်မှာ အိပ်လိုက်တယ်။ ထိုဝမ်းနည်းနေတုန်း ဖြတ် ခနဲတင်ပါးလုံးလုံးလေး အရိုက်ခံလိုက်ရသည်။ ဟောက်ရန်က တကယ့်ဖွဖွလေးသာရိုက်လိုက်တာဖြစ်တယ်။ လင်းယဲ့အိပ်ရင်းအော်လိုက်သည်။
" ဟောက်ရန် ဘာလို့လာရိုက်တာလဲ "
" အိုး...ကိုယ်မရိုက်ပါဘူး "
" ဗြောင်လိမ်နေတယ် ဟွန်း "
အိပ်နေရင်း ခေါင်းခါလိုက်ပြီး ဟောက်ရန်အကျီ ၤမှာမျက်ရည်တွေကို သုတ်လိုက်တယ်။
" ညစ်ပတ်လေး နှပ်ချီးတွေလာသုတ်တာမလား "
" မသုတ်ပါဘူး။ ညစ္ပတ္တယ္ဆို ဖယ်လေကျွန်တော်အောက်ဆင်း အိပ်မယ်။ "
" ကိုယ်တစ်ညလုံး ဒီတိုင်းနေနိုင်ပါတယ် "
လင်းယဲ့ ဒီတိုင်းလေးအိပ်နေလိုက်တယ်။ ဟောက်ရန်ကခေါင်းကဆံပင်တွေကို ပွတ်သက်ပေးနေခဲ့တယ်။ ဒီအချိန်လေးကိုတန်ဖိုးရှိရှိနေရမယ်လေ။ ဒါကြောင့်ထပ်ပြီး မတွန်းထုတ်တော့ဘဲ လက်ကဟောက်ရန်ခါးဘက်ကို လျှိသွင်းပြီးဖက်ထားလိုက်သည်။ ထိုသို့ဖက်ရမှာကိုတောင် ကြောက်နေမိသေးသည်။ ဟောက်ရန်နဲ့တစ်ခါမှ အခုလိုဆက်ဆံရေးမျိုးမရှိခဲ့တာကြောင့်ပင်။
လင်းယဲ့ နွေးနွေးထွေးထွေးလေးနဲ့ အိပ်ပျော်သွားသည်။
လင်းယဲ့ဆီကနေအသက်ရှူသံ မှန်မှန်လေးထွက်လာတော့ ဟောက်ရန်သက်ပြင်းချလိုက်တယ်။ အောက်ဘက်ရောက်နေတဲ့ စောင်ကိုဆွဲလိုက်ပြီး လင်းယဲ့ကိုခြုံပေးလိုက်သည်။ အိပ်ပျော်နေတဲ့ လင်းယဲ့လေးဆံပင်ပါးပါးလေးတွေကို ဆက်တိုက်ပွတ်ပေးနေခဲ့သည်။
" ကိုယ်တောင်းပန်ပါတယ်။ "
💜💜💜💜💜💜💜💜💜💜
25.Apr.21
Saung's
=================================================