Chapter - 48
|| Zawgyi ||
ည၇နာရီေလာက္မွ လင္းယဲ့တို႔အိမ္ျပန္ေရာက္သည္။ လ်ွိေဟာ့ကိုသူ႔မိဘအိမ္ျပန္ပို႔ေပးခဲ့တယ္။ ၾကားရသေလာက္ကေတာ့ လ်ွိေဟာ့ေလးက႐ွန္ဟိုင္းမွာ စိတ္ညစ္စရာႀကီးႀကီးမားမား ၾကံဳလာရသည္။
လင္းယဲ့နဲ႔ေဟာက္ရန္ ညဝတ္အိပ္ဝတ္စံုလဲၿပီးေနာက္ ကုတင္ေပၚမွာလွဲရင္း ေစာင္တစ္ထည္ကိုအတူတူျခံဳလိုက္သည္။ ေဟာက္ရန္ကအေမးထုတ္လာတယ္။
" အဲ့ဒီေကာင္ေလးနဲ႔ ဘယ္အခ်ိန္ကသိတာလဲ "
" ငယ္ငယ္ကတည္းကသိတာေလ။ သူကအိမ္နီးခ်င္းပဲ့ ကြၽန္ေတာ္၊ေဖးအာနဲ႔ေဟာ့ေလးက အတူတူႀကီးလာတာ။ ကြၽန္ေတာ္ေရာ ေဖးအာေရာကမိသားစုအေျခအေနေၾကာင့္ ေက်ာင္းၿပီးေအာင္မတတ္ရဘူး။ ေဟာ့ေလးတစ္ေယာက္ထဲ ေက်ာင္းၿပီးတာ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က ႐ွန္ဟိုင္းကုမၸဏီတစ္ခုမွာ အလုပ္ရသြားတာမို႔ က်န္းနန္ၿမိဳ႕ကေနေျပာင္းသြားတာ "
ေဟာက္ရန္ကထပ္ေမးတယ္။ လင္းယဲ့ကလည္းစိတ္႐ွည္႐ွည္ျပန္ေျဖေပးသည္။ ဘာလို႔ဆိုေဟာ့ေလးနဲ႔ ေတြ႔တုန္းေဟာက္ရန္ဘာမွမေမးခဲ့ဘဲ နားေထာင္ေပးခဲ့တယ္ေလ။
" ဘာလို႔ က်န္းနန္ကိုျပန္လာတာနဲ႔ တျခားသူေတြကိုအရင္မဆက္သြယ္ပဲ လင္းယဲ့မင္းေလးကိုအရင္ ဆက္သြယ္ရတာလဲ သူ႔မိဘေတြကိုေတာင္ အရင္မဆက္သြယ္ဘူး "
" အိုး...သူ႔မိဘေတြကိုမေျပာခ်င္လို႔ေပါ့ အခုသူျဖစ္လာတာက သူ႔ခ်စ္သူနဲ႔ျပႆနာတတ္တာေလ "
" အဲ့ဒါကတစ္မ်ိဳးေလကြာ ကိုယ္ေျပာတာက ဒီလို ဒီလိုမ်ိဳး..."
လင္းယဲ့ေနာက္ဆံုး ေဟာက္ရန္ေျပာခ်င္တဲ့ အဓိပၸါယ္ကိုသိလိုက္ရေတာ့ ရယ္ရမလား၊ငိုရမလားပင္။
" အကို ေဟာ့ေလးနဲ့က ညီအစ္ကိုဆက္ဆံေရးပါေနာ္ ေဟာ့ေလးမွာလဲလက္တြဲေဖာ္နဲ႔ေလ ဘာေတြသဝန္တိုေနတာလဲ "
ေဟာက္ရန္ ကုိယ္ကိုနည္းနည္းမတ္လိုက္ၿပီး ေခါင္းအံုးေပၚတေဒါင္ေထာက္လိုက္ကာ အေပၚစီးကေနလင္းယဲ့ကို ငံုၾကည့္လိုက္သည္။
" ဟုတ္တယ္...သဝန္တိုတယ္ေလ ဒီေတာ့ဘာေျပာခ်င္လဲ"
နည္းနည္းလြဲေနသလိုပဲ့ ဒီအေျခအေနက ငါကပဲတမင္မဟုတ္တာေျပာေနသလိုမ်ိဳး လာၾကည့္ေနတယ္။ ဒီမယ္အဲ့ဒီစကားေတြအမ်ားႀကီးကို ငါကသာေျပာရမွာပါေနာ္။ လင္းယဲ့ေလး ရင္ထဲကေနေမးခ်င္ေနတာ ၾကာေနၿပီျဖစ္တဲ့ အေမးစကားေလးကို ေမးဖို႔ဆံုးျဖတ္လိုက္သည္။
" ေဟာက္ရန္ အကို႔ကိုတစ္ခုေလာက္ေမးခ်င္တယ္ "
ေဟာက္ရန္ လင္းယဲ့ေခၚတဲ့အကိုဆိုတာေလးကို သေဘာက်တယ္။ ပိုတယ္၊လိုတယ္ လည္းမခံစားရဘူး။ တျခားသူေတြေခၚတဲ့အခ်ိန္နဲ႔ ခံစားခ်က္ျခင္းကြာလွတယ္။
" ဘာေမးမလို႔လဲ "
" အင္း.......ကြၽန္ေတာ့ကို~~~~~ဟို~~"
ေမးခ်င္တယ္။ ဘယ္အခ်ိန္တည္းကခ်စ္တာလဲလို႔ သိပ္မၾကာေသးဘူးဆိုတာသိေပမဲ့လည္းေပါ့။ ဒါမဲ့ ေမးရမွာလည္း႐ွက္စရာေကာင္းသလိုလို ခံစားခ်က္ႀကီးရေနတယ္။
မေမးဘဲ စကားေတြဆြဲဆန္႔ေနတာကို ေဟာက္ရန္ စိတ္မ႐ွည္ျဖစ္လာသည္။ အျမန္ေမးေစခ်င္လွၿပီ။ ဘာေမးမယ္မွန္းမသိေပမဲ့ လင္းယဲ့ေလးရဲ႕႐ွက္ေနတဲ့ေလသံနဲ႔ ဆံုေအာင္မၾကည့္ရဲတဲ့ မွန္ေဂၚလီမ်က္လံုးေလးေတြေၾကာင့္ သိခ်င္လွၿပီ။
" ဘာလဲ ေျပာေလကြာကိုယ္ၾကားခ်င္လွၿပီ "
" ေအာ္.........အကိုကြၽန္ေတာ့ကို ဘယ္တည္းကသေဘာက်...မဟုတ္ေသးဘူး....ခ်စ္ ခ်စ္တာလဲဟင္ "
လင္းယဲ့ေမးၿပီးတာနဲ႔ တဖက္ကိုလွည့္သြားေတာ့သည္။
ေမးခြန္းကိုၾကားခ်င္ေပမဲ့ ၾကားလိုက္ရေတာ့ ဘယ္လိုျပန္ေျဖရမယ္မသိေတာ့ဘူး။ အဲ့ဒီေမးခြန္းကအရမ္းကို နက္နဲလြန္းေနတာလားကြာ။
ေဟာက္ရန္ ေတြးေနတုန္းလင္းယဲ့ေလးရဲ႕ အသံပိစိေလးထြက္လာတယ္။
" မေျဖခ်င္လည္း ရပါတယ္ေနာ္...! "
" ကိုယ္ကတံုးလြန္းလို႔....ေျပာရရင္ကိုယ္ကတျခားေနရာေတြသာ ဥာဏ္ေကာင္းတာ ဒီလိုအခ်စ္ေရးေတြမွာဆို စဥ္းစားဥာဏ္မရိွေတာ့လို႔ မင္းေလးကိုလ်စ္လ်ဳ႐ွုမိတာ။ ကိုယ္မင္းကိုဘယ္အခ်ိန္က ခ်စ္မိတယ္ဆိုတာမသိဘူး။ စေတြ႔ကတည္းကမ်ားလား။ လြန္ခဲ့တဲ့ တစ္လေလာက္ကမ်ားလား။ "
အခန္းထဲကတိတ္ဆိတ္ေနခဲ့သည္။ ျပတင္းေပါက္ၾကားက လျခမ္းေကြးေလးရဲ႕ အလင္းေရာင္တစ္ခ်ိဳ႕ျဖတ္ဝင္ေနသည္။ ေကာင္းကင္ေပၚမွာၾကယ္ေလးေတြကလည္း မွိတ္တုတ္မွိတ္တုတ္နဲ႔ လင္းလက္ေနၾကတယ္။ သစ္ပင္ေတြကလည္း ေလေအးေလးေတြအတိုင္း လႈပ္႐ွားေနၾကသည္။ အခန္းတြင္းရဲ႕တိတ္ဆိတ္မႈေၾကာင့္ ထိုအေၾကာင္းရာေသးေသးေလးေတြကိုေတာင္ လိုက္အာရံုစိုက္ေနမိသည္။
လင္းယဲ့ေလးရဲ႕ ႏွလံုးသားေလးဟာ ဗံုသံတစ္ခုအလား စီးခ်က္ညီညီခုန္ေနသည္။ သူကႏွလံုးခုန္ေနတဲ့ အေသေကာင္လိုမ်ိဳး မလႈပ္မရပ္ နားစြင့္ေနမိ္တယ္။ ေဟာက္ရန္ကေခတၱမ်ွဆိတ္ေနၿပီးေနာက္ ထပ္ေျပာသည္။
" စေတြကတည္းက မင္းေလးရဲ႕ပံု၊အျပဳအမူ၊စကားသံေတြကို ကိုယ္မွတ္မိတယ္။ ကိုယ့္ႏွလံုးသားထဲ တံဆိပ္ခတ္ထားတယ္ဆို ပိုမွန္မယ္ထင္တယ္။ ကိုယ္မင္းကိုအနားကေနထြက္မသြားေစခ်င္ဘူး။ ဒါမဲ့ကိုယ့္အသိုင္းအဝိုင္းနဲ႔ ကိုယ့္စိတ္အရင္းခံေၾကာင့္ မင္းကိုလ်စ္လ်ဴ႐ွုမိတယ္။ တစ္ခ်ိဳ႕အရာေတြနဲ႔ ႏႈိင္းယွဥ္မိတယ္။ မင္းေလးကိုအမ်ိဳးမ်ိဳးစိတ္ညစ္ေစခဲ့မိတယ္။"
" လြန္ခဲ႔တဲ႔ တစ္လ မင္းေလးအိမ္က ထြက္သြားတဲ့အခ်ိန္ကိုယ္စိတ္ေတြမၿငိမ္ခဲ့ဘူး။ ကိုယ္အိမ္ျပန္လာတိုင္း မင္းေလးကိုမေတြရေတာ့ မေနတတ္ဘူး။ တစ္ခ်ိန္လံုးလိုက္ၾကည့္ေနခဲ့တာ "
လင္းယဲ့ၿငိမ္ခ်က္သားေကာင္းေနရာမွ ဇက္ခနဲေဟာက္ရန္ဘက္လွည့္လိုက္သည္။
" ဘာ !! ဘာဘာ တစ္ခ်ိန္လံုးလိုက္ၾကည့္ေနတာလား? "
💜💜💜💜💜💜💜💜💜💜
24.Apr. 21
Saung's
==================================================
ကျောချမ်းနေတာ ဒါ့ကြောင့်ကို...လဒရေလိုက်ကြည့်ရတာပျော်လား?
Chapter - 48
|| Zawgyi ||
ည၇နာရီလောက်မှ လင်းယဲ့တို့အိမ်ပြန်ရောက်သည်။ လျှိဟော့ကိုသူ့မိဘအိမ်ပြန်ပို့ပေးခဲ့တယ်။ ကြားရသလောက်ကတော့ လျှိဟော့လေးကရှန်ဟိုင်းမှာ စိတ်ညစ်စရာကြီးကြီးမားမား ကြုံလာရသည်။
လင်းယဲ့နဲ့ဟောက်ရန် ညဝတ်အိပ်ဝတ်စုံလဲပြီးနောက် ကုတင်ပေါ်မှာလှဲရင်း စောင်တစ်ထည်ကိုအတူတူခြုံလိုက်သည်။ ဟောက်ရန်ကအမေးထုတ်လာတယ်။
" အဲ့ဒီကောင်လေးနဲ့ ဘယ်အချိန်ကသိတာလဲ "
" ငယ်ငယ်ကတည်းကသိတာလေ။ သူကအိမ်နီးချင်းပဲ့ ကျွန်တော်၊ဖေးအာနဲ့ဟော့လေးက အတူတူကြီးလာတာ။ ကျွန်တော်ရော ဖေးအာရောကမိသားစုအခြေအနေကြောင့် ကျောင်းပြီးအောင်မတတ်ရဘူး။ ဟော့လေးတစ်ယောက်ထဲ ကျောင်းပြီးတာ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ရှန်ဟိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားတာမို့ ကျန်းနန်မြို့ကနေပြောင်းသွားတာ "
ဟောက်ရန်ကထပ်မေးတယ်။ လင်းယဲ့ကလည်းစိတ်ရှည်ရှည်ပြန်ဖြေပေးသည်။ ဘာလို့ဆိုဟော့လေးနဲ့ တွေ့တုန်းဟောက်ရန်ဘာမှမမေးခဲ့ဘဲ နားထောင်ပေးခဲ့တယ်လေ။
" ဘာလို့ ကျန်းနန်ကိုပြန်လာတာနဲ့ တခြားသူတွေကိုအရင်မဆက်သွယ်ပဲ လင်းယဲ့မင်းလေးကိုအရင် ဆက်သွယ်ရတာလဲ သူ့မိဘတွေကိုတောင် အရင်မဆက်သွယ်ဘူး "
" အိုး...သူ့မိဘတွေကိုမပြောချင်လို့ပေါ့ အခုသူဖြစ်လာတာက သူ့ချစ်သူနဲ့ပြဿနာတတ်တာလေ "
" အဲ့ဒါကတစ်မျိုးလေကွာ ကိုယ်ပြောတာက ဒီလို ဒီလိုမျိုး..."
လင်းယဲ့နောက်ဆုံး ဟောက်ရန်ပြောချင်တဲ့ အဓိပ္ပါယ်ကိုသိလိုက်ရတော့ ရယ်ရမလား၊ငိုရမလားပင်။
" အကို ဟော့လေးနဲ့က ညီအစ်ကိုဆက်ဆံရေးပါနော် ဟော့လေးမှာလဲလက်တွဲဖော်နဲ့လေ ဘာတွေသဝန်တိုနေတာလဲ "
ဟောက်ရန် ကိုယ်ကိုနည်းနည်းမတ်လိုက်ပြီး ခေါင်းအုံးပေါ်တဒေါင်ထောက်လိုက်ကာ အပေါ်စီးကနေလင်းယဲ့ကို ငုံကြည့်လိုက်သည်။
" ဟုတ်တယ်...သဝန်တိုတယ်လေ ဒီတော့ဘာပြောချင်လဲ"
နည်းနည်းလွဲနေသလိုပဲ့ ဒီအခြေအနေက ငါကပဲတမင်မဟုတ်တာပြောနေသလိုမျိုး လာကြည့်နေတယ်။ ဒီမယ်အဲ့ဒီစကားတွေအများကြီးကို ငါကသာပြောရမှာပါနော်။ လင်းယဲ့လေး ရင်ထဲကနေမေးချင်နေတာ ကြာနေပြီဖြစ်တဲ့ အမေးစကားလေးကို မေးဖို့ဆုံးဖြတ်လိုက်သည်။
" ဟောက်ရန် အကို့ကိုတစ်ခုလောက်မေးချင်တယ် "
ဟောက်ရန် လင်းယဲ့ခေါ်တဲ့အကိုဆိုတာလေးကို သဘောကျတယ်။ ပိုတယ်၊လိုတယ် လည်းမခံစားရဘူး။ တခြားသူတွေခေါ်တဲ့အချိန်နဲ့ ခံစားချက်ခြင်းကွာလှတယ်။
" ဘာမေးမလို့လဲ "
" အင်း.......ကျွန်တော့ကို~~~~~ဟို~~"
မေးချင်တယ်။ ဘယ်အချိန်တည်းကချစ်တာလဲလို့ သိပ်မကြာသေးဘူးဆိုတာသိပေမဲ့လည်းပေါ့။ ဒါမဲ့ မေးရမှာလည်းရှက်စရာကောင်းသလိုလို ခံစားချက်ကြီးရနေတယ်။
မေမးဘဲ စကားတွေဆွဲဆန့်နေတာကို ဟောက်ရန် စိတ်မရှည်ဖြစ်လာသည်။ အမြန်မေးစေချင်လှပြီ။ ဘာမေးမယ်မှန်းမသိပေမဲ့ လင်းယဲ့လေးရဲ့ရှက်နေတဲ့လေသံနဲ့ ဆုံအောင်မကြည့်ရဲတဲ့ မှန်ဂေါ်လီမျက်လုံးလေးတွေကြောင့် သိချင်လှပြီ။
" ဘာလဲ ပြောလေကွာကိုယ်ကြားချင်လှပြီ "
" အော်.........အကိုကျွန်တော့ကို ဘယ်တည်းကသဘောကျ...မဟုတ်သေးဘူး....ချစ် ချစ်တာလဲဟင် "
လင်းယဲ့မေးပြီးတာနဲ့ တဖက်ကိုလှည့်သွားတော့သည်။
မေးခွန်းကိုကြားချင်ပေမဲ့ ကြားလိုက်ရတော့ ဘယ်လိုပြန်ဖြေရမယ်မသိတော့ဘူး။ အဲ့ဒီမေးခွန်းကအရမ်းကို နက်နဲလွန်းနေတာလားကွာ။
ဟောက်ရန် တွေးနေတုန်းလင်းယဲ့လေးရဲ့ အသံပိစိလေးထွက်လာတယ်။
" မဖြေချင်လည်း ရပါတယ်နော်...! "
" ကိုယ်ကတုံးလွန်းလို့....ပြောရရင်ကိုယ်ကတခြားနေရာတွေသာ ဉာဏ်ကောင်းတာ ဒီလိုအချစ်ရေးတွေမှာဆို စဉ်းစားဉာဏ်မရှိတော့လို့ မင်းလေးကိုလျစ်လျုရှုမိတာ။ ကိုယ်မင်းကိုဘယ်အချိန်က ခ်စ္မိတယ္ဆိုတာမသိဘူး။ စတွေ့ကတည်းကများလား။ လွန်ခဲ့တဲ့ တစ္လေလာက္ကမ်ားလား။ "
အခန်းထဲကတိတ်ဆိတ်နေခဲ့သည်။ ပြတင်းပေါက်ကြားက လခြမ်းကွေးလေးရဲ့ အလင်းရောင်တစ်ချို့ဖြတ်ဝင်နေသည်။ ကောင်းကင်ပေါ်မှာကြယ်လေးတွေကလည်း မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလက်နေကြတယ်။ သစ်ပင်တွေကလည်း လေအေးလေးတွေအတိုင်း လှုပ်ရှားနေကြသည်။ အခန်းတွင်းရဲ့တိတ်ဆိတ်မှုကြောင့် ထိုအကြောင်းရာသေးသေးလေးတွေကိုတောင် လိုက်အာရုံစိုက်နေမိသည်။
လင်းယဲ့လေးရဲ့ နှလုံးသားလေးဟာ ဗုံသံတစ်ခုအလား စီးချက်ညီညီခုန်နေသည်။ သူကနှလုံးခုန်နေတဲ့ အသေကောင်လိုမျိုး မလှုပ်မရပ် နားစွင့်နေမိ်တယ်။ ဟောက်ရန်ကခေတ္တမျှဆိတ်နေပြီးနောက် ထပ်ပြောသည်။
" စတွေကတည်းက မင်းလေးရဲ့ပုံ၊အပြုအမူ၊စကားသံတွေကို ကိုယ်မှတ်မိတယ်။ ကိုယ့်နှလုံးသားထဲ တံဆိပ္ခတ္ထားတယ္ဆို ပိုမှန်မယ်ထင်တယ်။ ကိုယ်မင်းကိုအနားကနေထွက်မသွားစေချင်ဘူး။ ဒါမဲ့ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့်စိတ်အရင်းခံကြောင့် မင်းကိုလျစ်လျူရှုမိတယ်။ တစ်ချို့အရာတွေနဲ့ နှိုင်းယှဉ်မိတယ်။ မင်းလေးကိုအမျိုးမျိုးစိတ်ညစ်စေခဲ့မိတယ်။"
" လွန်ခဲ့တဲ့ တစ္လ မင်းလေးအိမ်က ထွက်သွားတဲ့အချိန်ကိုယ်စိတ်တွေမငြိမ်ခဲ့ဘူး။ ကိုယ်အိမ်ပြန်လာတိုင်း မင်းလေးကိုမတွေရတော့ မေနတတ္ဘူး။ တစ်ချိန်လုံးလိုက်ကြည့်နေခဲ့တာ "
လင်းယဲ့ငြိမ်ချက်သားကောင်းနေရာမှ ဇက်ခနဲဟောက်ရန်ဘက်လှည့်လိုက်သည်။
" ဘာ !! ဘာဘာ တစ်ချိန်လုံးလိုက်ကြည့်နေတာလား? "
💜💜💜💜💜💜💜💜💜
24.Apr. 21
Saung's
==================================================