Copper Coins《铜钱龛世》

By OSH-love

214K 38.2K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]

2.5K 597 49
By OSH-love

Unicode

"ဘာအနံ့ကြီးလဲ?"

လုနျယ်ချီသည် ကြောက်လွန်း၍ အသက်မရူရဲတော့။ စကားပြောလို၍ပါးစပ်ဟပြီးနောက် သတိရကာ အလျင်အမြန်ပြန်ပိတ်လိုက်သည်။ ထူးဆန်းသောဝိညာဥ်တစ်စုံတစ်ရာမှ ခန္ဓာကိုယ်အား သိမ်းယူသွားလေမလား စိုးရိမ်နေပုံနှင့်။

ကျန်းရှီနင်၏သတိပေးမှုနှင့်အတူ အကြားအမြင်မှာ သာမန်လူသားများ (ရွှမ်းမင်အပါအဝင်) ထက်သာသောသူဖြစ်တာမို့ စတင်ပြီး အနံ့ကိုအာရုံခံမိသွားသည်။

"ပေါက်ပင်"

ထိုရနံ့...တစ်စုံတစ်ယောက်မှ အပင်တစ်ပင်ကိုနုတ်ယူပြီး မြေပေါ်တင်ထားရာမှ ထွက်ပေါ်လာသော သစ်စေးရနံ့။ အနံ့ကောင်းသည်၍လည်းမဟုတ် ဆိုးသည်လည်းမဟုတ်။ အလုံပိတ်မှောင်မိုက်နေသော လှိုဏ်ဂူအတွင်းမှာတော့ အနှီရနံ့သည် လွန်စွာထူးဆန်းနေပေလိမ့်မည်။

ဆေးခန်း၌ကြီးပြင်းခဲ့သူ ကျန်းရှီနင်အဖို့ ငယ်စဥ်ကတည်းက ဆေးပင်ဆေးမြစ်ရနံ့များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ဆေးပညာနှင့်ပတ်သတ်ပြီး မိဘများလောက်တော့ အသိမနီးပေမယ့် အခြေခံမျှတော့ နားလည်ထားသည်။ ဆေးပင်ရနံ့များအား ခွဲခြားသိရှိနိုင်သူဖြစ်တာကြောင့် ထိုအနံံ့အား သတိပြုမိခြင်းသည် အတော်အသင့်မျှတော့ အရေးပါလှ၏။

"နှာခေါင်းကောပါးစပ်ကောပိတ်ထားစရာမလိုဘူး"

ရွှဲရှန်စကားကြောင့် သတ္တိမွေးပြီးလျက်သားဖြစ်သွားသော ကျန်းရှီနင်သည် ရွှမ်းမင်အိတ်အတွင်းမှ ခေါင်းပြူထွက်လာရာ မျက်သလဲဆန်ပြာဖြစ်နေသော လုနျယ်ချီနှင့် တိုးတော့သည်။ စက္ကူလက်ကို ခပ်ပေါ့ပေါ့ယမ်းခါကာ

"မင်းကဒီအနံ့နဲ့ရင်းနှီးမှာတော့မဟုတ်ဘူး..အမှန်တိုင်းပြောရရင်ငါတောင်အဲ့လောက်အနံ့ရခဲ့ဖူးတာမဟုတ်ဘူး..ဒီဟာကြောင့်သေသွားတဲ့သူတွေကသေပုံထူးဆန်းတာမလို့မှတ်မိနေတာ..'ခုနှစ်မြင့်၊ရှစ်နိမ့်၊ကိုးသေ'ဆိုတဲ့အဆိပ်အကြောင်းကြားဖူးလား?ဆိုလိုတာကအဆိပ်မိပြီဆိုရင်အမြင့်တက်နေချိန်မှာအများဆုံးခုနှစ်လှမ်း..အနိမ့်ဆင်းချိန်မှာအများဆုံးရှစ်လှမ်း..ကိုးလှမ်းလှမ်းမယ့်အချိန်မတိုင်ခင်မှာသေမယ်တဲ့"

"အဲ့တာလည်ပင်းသွေးချိတ်ပိတ်အပင်မလား?ငါကြားဖူးတယ်"

ရွှဲရှန်ပြောလာသည်။

"အင်း..အမှန်ပဲ..မင်းကတောင်ဘက်ပိုင်းကလာတာပဲ..ဒီအပင်ကပုံမှန်အားဖြင့်သမပိုင်းမှာပေါက်လေ့ရှိတယ်..ဒီကိုယူလာရင်ကြာကြာမရှင်ဘူး..ဆေးအဖြစ်အသုံးပြုချင်တယ်ဆိုရင်နွေသို့မဟုတ်ဆောင်းဦးကိုစောင့်ပြီးတောင်ပိုင်းဆေးရောင်းသူဆီကဝယ်သိမ်းထားရတယ်"

ကျန်းရှီနင်သည် ပါးစပ်ဖွင့်လိုက်တိုင်း စကားပြောလိုက်တိုင်း ဆေးအကြောင်းနှင့်သာ အဆုံးသတ်၏။

“နှစ်ကူးမရောက်ခင်ဆိုလိုရင်းကောရောက်ဦးမှာလား?"

ရွှဲရှန်အသံအေးစက်စက်ကထွက်ပေါ်လာသည်။ အရှက်ကြီးသောကျန်းရှီနင်လည်း ပြောလက်စကိုရပ်ကာ

"ဘာတစ်ခုကိုမှမထိနဲ့..နံရံကောကြမ်းပြင်ကောအမိုးပါအဆိပ်တွေသုတ်လိမ်းထားတယ်လို့သံသယဝင်စရာပဲ..ငါတို့အဝိုင်းခံထားရပြီ..ထိမိလိုက်တာနဲ့ခြေလှမ်းအနည်းငယ်လှမ်းပြီးရင်အကြောသေကုန်လိမ့်မယ်"

ပြောရာတစ်လျှောက်၌ အသံသည် တိုးဝင်သွားသလို ယုံကြည်ချက်များမှာလည်း မှေးမှိန်ကုန်သည်။ အဘယ်ကြောင့်ဆိုသော် စကားပြောနေခိုက် လုရွှီကျိုသည် မမြင်ရသောမျက်ဝန်းများဖြင့် လှည့်ကြည့်လာသလို အဘိုးအိုလျိုသည်လည်း အကြည့်မလွှဲပဲ စူးစိုက်ကြည့်လာသည်။ ရွှမ်းမင်တောင်မှ ငုံ့ကြည့်လာ၏။

"အမ်း—"

ပလုံးပထွေးနှင့် လမ်းချောင်းရှင်းပြီးနောက် ကသိကအောက်နှင့် အိတ်အတွင်းပြန်ဝင်ရန်ပြင်တော့သည်။

"ကျွန်တော့်ကိုမကြည့်ကြပါနဲ့..အိတ်ထဲပြန်ဝင်တော့မယ်..အားလုံးပဲဂရုစိုက်ကြပါ"

ရွှမ်းမင်သည် လုရွှီကျိုနှင့်အဘိုးအိုလျိုကို တစ်ချက်ကြည့်ကာ လုနျယ်ချီထံသို့ ပြန်ကြည့်၏။

တံခါးမှဖြတ်လျှောက်ခဲ့စဥ်ကတည်းက တန်းစီပုံသည် ပြောင်းလဲသွားပုံရ၏။ ယခင်ကတော့ လုရွှီကျိုနှင့်အဘိုးအိုလျိုသည် ဦးဆောင်လျက် ငြိမ်သက်သောရွှမ်းမင်နောက်မှ ကျန်းရှီနင်နှင့်လုနျယ်ချီက အမြီးကုပ်ကာ လိုက်ပါလာသည်။ အလယ်မှာဖြစ်နေသောရွှဲရှန့်အဖို့ အကာအကွယ်ရှိနေသလိုပင်။

သို့ပေမယ့် ယခုမှာတော့ ကွဲပြားသွားသည်။ လုရွှီကျိုနှင့်အဘိုးအိုလျိုသည် အရှေ့ကလျှောက်ဆဲဖြစ်ပေမယ့် နောက်ကလိုက်သူသည် လုနျယ်ချီဖြစ်ပြီး ရွှမ်းမင်ကတော့ ကြားထဲမှာ အဟန်ု့အတားတစ်ခုအနေနှင့် ရှိမနေတော့။ နောက်ဆုံးကနေသာ အန္တရာယ်တစ်စုံတစ်ရာရှိလာလေမလား သတိပြုလျက်ရှိသည်။

လုနျယ်ချီသည်လည်း နှာခေါင်းအုပ်ကိုင်ထားသောလက်ကို ဖယ်ပြီးနှင့်ပြီ။ ကျန်းရှီနင်ရှင်းပြနေစဥ်ကတည်းက ရွှမ်းမင်ကိုကျောပေးကာ မျက်မမြင်အစ်ကိုဖြစ်သူကို စူးစိုက်ကြည့်မိနေသည်။

လုရွှီကျိုကတော့ သတိမပြုမိ။

ဟောပြောချက်များဆုံးပြီးနောက် ကျန်းရှီနင်သည် အိတ်ထဲပြန်ဝင်သွား၏။

ရွှမ်းမင်လက်အတွင်းရှိ မီးတောက်သည် သိမ်မွေ့စွာလှုပ်ယမ်းနေသလို လိမ္မော်ရောင်မီးရောင်သည် လုရွှီကျို၏ခြေထောက်၌တည်၏။ လုရွှီကျို၏ အရှေ့ဘက်ခြမ်းသည် ပိန်းပိန်းမှောင်နေသော်ငြားလည်း အနောက်ဘက်ခြမ်းသည် မီးရောင်ဖျော့ဖျော့အလင်းဟပ်နေရာ ခြေလှမ်းလိုက်တိုင်း အလင်းနှင့်အမှောင်ကြား ကူးလူးသွားလာနေသလိုပင်။

လည်ထောင်၏အနောက်ဘက်ခြမ်းသည် ဆိုးဆိုးရွားရွားဆုတ်ပြဲနေပြီး ရှုပ်ထွေးနေသောဆံပင်များက ဖြူလျော်သောလည်ဂုတ်ထက်ကျနေရာ အရိပ်မည်းသဏ္ဍာန်ဖြစ်နေ၏။ လှိုဏ်ဂူအတွင်းရှိ မိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် သာမန်သူဆိုလျှင်ဖြင့် သတိပြုမိမည်မဟုတ်။

အရပ်ပုလွန်းသောလုနျယ်ချီသည် အစ်ကိုဖြစ်သူနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေသည်ဖြစ်ရာ လုရွှီကျိုပုခုံးထက် အသားကွက်ကို မြင်နိုင်မည်မဟုတ်။

ကျန်းရှီနင်ကြိုတင်မှန်းဆခဲ့သည့်အတိုင်း လှိုဏ်ဂူ၏မျက်နှာပြင်တစ်ပြင်လုံးအား လည်ပင်းသွေးချိတ်ပိတ်အပင်သစ်စေးများနှင့် သုတ်လိမ်းထားပုံရ၏။ အပြင်ရောက်ဖို့နီးစပ်လာလေလေ အနံ့သည် ပိုပြင်းထန်လာလေလေပေ။

"ရောက်ပြီ"

လုရွှီကျိုသည် လှေကားထိပ်၌ရပ်ကာ နောက်ပါများအား

“ဒီဆောင်ကူးလမ်းကလမ်းအဆုံးပဲ..ငါဘယ်တုန်းကမှအဆုံးထိမရောက်ခဲ့ဘူး..ဒါပေမဲ့ဒီတံခါးကိုဖွင့်လိုက်တာနဲ့မင်းတို့လွတ်လောက်ပြီထင်ပါတယ်"

ငါဘယ်တုန်းကမှအဆုံးထိမရောက်ခဲ့ဘူး.....

အစကတော့ ထိုစကားနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာမှားယွင်းနေပုံမရပေမယ့် တွေးတောစဥ်းစားကြည့်လျှင်ဖြင့် ထူးဆန်းတာကတော့ အမှန်ပင်။ ဒီအထိရောက်ခဲ့ပြီးသည့်အပြင် မျက်မှောက်ရှေ့မှာ တံခါးရှိနေပါလျက်နှင့် ဘာကြောင့်များ ရိုးရိုးရှင်းရှင်းထွက်မသွားနိုင်ရတာလဲ?

အဘိုးအိုလျိုသည် လုရွှီကျိူဘေးတွင် ရပ်လျက်ရှိ၏။ ရွှမ်းမင်အမြင်မှာတော့ ထိုသူသည် ခန္ဓာကိုယ်မှ ဝိညာဥ်ထွက်ခွာသွားသည့်နှယ် အဝေးတစ်နေရာကို ငေးမောလျက် မတုန်မလှုပ်ရပ်နေဆဲ။

လုရွှီကျိုသည် ခြေလှမ်းဆက်လှမ်းခြင်းမရှိတော့ပဲ အနောက်တွင်ရပ်နေသော လုနျယ်ချီအား လှည့်ကြည့်လာသည်။

"ဘာလို့ကြည့်နေတာလဲ?ငါ့မျက်နှာကိုမမြင်နိုင်ပဲနဲ့..ချီဓာတ်ကိုပဲမြင်ရပြီးတော့များ"

လုနျယ်ချီ၏ခြေလှမ်းများသည် ယိုင်ထိုးထိုးနှင့် ရပ်တန့်သွား၏။ အသံဝင်နေတာကြောင့် တိုးတစ်ဝက်ကျယ်တစ်ဝက်ဖြင့် ထွက်လာသည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့်လည်း ကြောက်စိတ်မွှန်သောကပွားနေသူတစ်ဦးနှယ် အသံကမသိမသာတုန်ယင်လျက်ရှိသည်။

"ကြည့်မနေနဲ့..သွားလေ!ဘာလို့ရပ်နေတာလဲ?ပြောစရာရှိလည်းအပြင်ရောက်မှပြော..မင်းပေါက်ကရပြောတာကိုငါအခုနားမထောင်နိုင်သေးဘူး"

"ငါမြင်ရပါတယ်..သေချာတော့မဟုတ်ပေမဲ့"

လုနျယ်ချီမကျေမနပ်ပြောလာသည်များ၏ တစ်ဝက်ကိုတော့ လှစ်လျူရှုထားပုံရသည်။ အိတ်ကပ်ထဲမှ သုံးနေကျတုတ်ချောင်းများကို နှိုက်ထုတ်လိုက်သည်။ တွဲချယ်ထားသောအနီရောင်ကြိုးသည် ဘယ်နှစ်ရာသီဘယ်နှစ်ကာလတည်းကဆိုသည်အား မှန်းမရနိုင်သည်အထိ ဆွေးမြေ့မှေးမှိန်လျက်။

“ယူထားလိုက်တော့"

အပြောနှင့်အတူ လုနျယ်ချီထံသို့ ကမ်းပေးလာ၏။

လုနျယ်ချီသည် မျက်မှောင်ကျုတ်လျက် ခေါင်းငုံ့သွား၏။

"မလိုချင်ပါဘူး..ကိုယ့်ဘာသာကိုယ်ကိုင်ပါလား!မင်းပစ္စည်းတွေကိုဘယ်လို့သယ်ပေးရမှာလဲ..စကားမပြောနဲ့တော့..ရှေ့မှာပိတ်မနေနဲ့..လျှောက်လေ!ဘာကိုစောင့်နေတာလဲ?"

လုရွှီကျိုသည် အပြုံးနှင့်အတူ ခပ်ဟဟရယ်လျက်

"ငါမသွားတော့ဘူး"

ဖခင်ဖြစ်သူသေဆုံးသွားချိန်မှစ၍ အတူရှိခဲ့သောအချိန်များထဲတွင် လုရွှီကျိုပြုံးခဲ့သည်မှာ လက်အစုံတောင်မပြည့်ခဲ့။ သို့ပေမဲ့ ခေါင်းငုံ့နေဆဲဖြစ်သော လုနျယ်ချီမှာ မမြင်လိုက်ရ။ ခေါင်းစင်းစင်းငုံ့လျက် မျက်မှောင်ကျုတ်ကာ လုရွှီကျိုနှင့် မျက်နှာချင်းဆိုင်ဖို့ရာ ငြင်းဆန်နေသည်။

"ဘာပြောတာလဲမသွားဘူးဆိုတာ..အဓိပ္ပာယ်မရှိတာတွေ....."

ခေါင်းမော့လာချိန်တွင် မျက်လုံးများမှာ ရဲရဲနီလျက်။ လုရွှီကျိုထံသို့ လက်လှမ်းကာ ရှိသမျှအားနှင့် တွန်းထုတ်တော့သည်။

"ဘာလို့လဲ...သွား!"

ရွှမ်းမင်လက်တွင်းမှ မီးတောက်ရောင်သည် လုရွှီကျိုမျက်နှာကို ထင်ဟပ်လျက်။ တစ်စုံတစ်ရာသည် အကြီးအကျယ် ရွေ့ပြောင်းနေ၏။ နဖူးထက် အမာရွတ်ငယ်များနှယ်၊ မှဲ့ခြောက်များပေါက်လာလေသလား။ လုနျယ်ချီနဖူးထက် ယခင်ကရှိခဲ့သော မှဲ့ခြောက်များနှင့် တထေရာတည်းတူသောအကွက်များက သက်တမ်းနှင့်ဆိုင်သည့်နေရာ၌ တစ်ထပ်တည်း ကူးပြောင်းလာကြတော့သည်။

"ငါထိလို့ရနေတာပဲ..မင်းကဒီမှာရှိနေတာပဲလေ..ဘာလို့မသွားနိုင်ရတာလဲ?"

လည်ပင်းကျောများထောင်ပြီး မျက်လုံးများနီရဲကာ အစ်ကိုဖြစ်သူကိုမော့ကြည့်လျက် ပြောလာသော လုနျယ်ချီ၏စကားသံများက မျက်ရည်များနှင့် ပလုံးပထွေး။ ကိုယ့်ကိုယ်ကိုလက်ခံနိုင်လာအောင် အနှီစကားကိုပဲ ထပ်ခါထပ်ခါဆိုနေဆဲ။

"ကြည့်ပါလား..မင်းလက်ကိုကိုင်လို့တယ်..မင်းနဲ့အခြားသူတွေနဲ့ဘာမှကွာခြားသွားတာမရှိဘူး..ပြော..ပြောကြတယ်မလား..သရဲဆိုရင်ထိလို့မရဘူးလို့"

ခေါင်းမာလျက် လုရွှီကျိုကို စိုက်ကြည့်နေတုန်း မျက်ဝန်းများက တဖြည်းဖြည်းဝေဝါးလာတော့သည်။ အစ်ကိုဖြစ်သူကို သေချာပင်မမြင်ရတော့။ နှာရှုံ့ကာ မျက်ရည်များသုတ်ပစ်သော်ငြားလည်း မမြင်နိုင်သေး။

"ဖိပွတ်မနေနဲ့တော့"

လုရွှီကျိုသည် သက်ပြင်းဖျော့ဖျော့ချကာ တုတ်ချောင်းများကို လုနျယ်ချီလက်ထဲ ထည့်ပေးလိုက်၏။ လုနျယ်ချီလက်ကိုဆုပ်ကိုင်ပြီး ညီဖြစ်သူကို အားနှင့်တွန်းတင်လေ၏။

မပွတ်နဲ့ပြောလေလေ ကလေးငယ်သည် မျက်လုံးကိုဖိပွတ်လေလေသာ။ လက်ဖဝါးနှင့် မျက်လုံးကိုအုပ်ကာပြီး အစ်ကိုဖြစ်သူလက်မှ ရုန်းတော့သည်။

အဘိုးအိုလျိုသည် ရှေ့တိုးသွားကာ နံရံအနီး၌ ဒူးထောက်ထိုင်ချလိုက်၏။ မကြာခင်မှာ နောက်ပြန်ဆုတ်လာပြီး လုနျယ်ချီလက်ထဲ တစ်စုံတစ်ရာကို ထည့်ပေးလိုက်သည်။

"ဒါဦးလေးလျိုရဲ့ပိုက်ဆံအိတ်..ဒီထဲမှာလှေလှော်ရာမှရထားတဲ့အသပြာတွေရှိတယ်..ပြီးတော့ဒီကျွန်းပေါ်ကဆေးပင်အချို့ကောပဲ..ဒေါ်လေးလျိုဆီပြန်ယူသွားပေးလိုက်ပါ..ဆေးပင်တွေကသူခေါင်းကိုက်တာကိုသက်သာစေလိမ့်မယ်"

အဘိုးအိုလျိုကိုယ်စား လုရွှီကျိုမှပဲ ရှင်းပြလာ၏။ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်

"မင်းကိုပေးစရာတော့များများစားစားမရှိဘူး..."

လုနျယ်ချီ၏ခေါင်းကိုပုတ်ကာ

"အဖေ့ကိုသွားရှာတော့မယ်..ချင်းမင်ပွဲတော်ကျရင်ငါတို့နှစ်ယောက်အတွက်ငွေစက္ကူမီးရှို့ပေးဖို့မမေ့နဲ့ဦး..သားအလျှံအပယ်မြေးအလျှံအပယ်နဲ့သက်တမ်းကြာကြာပျော်ပျော်ရွှင်ရွှင်နေရမယ်နော်"

ခေါင်းခပ်ဖွဖွပုတ်ပြီးနောက် လက်ပြန်ရုတ်သွားသည်။

လုနျယ်ချီခံစားရသည်မှာ ခေါင်းထက်ရောက်ရှိလာသော အေးစက်စက်အရာတစ်ခု။ ပျောက်ကွယ်သွားချိန်မှာတော့ ရင်တွင်းနင့်လျက်။ မျက်လုံးများကို အပြင်းအထန်ဖိပွတ်ပြီး ဘေးဘီဝဲယာကြည့်ပေမယ့်လည်း မြင်ကွင်းများကဝေဝါးနေဆဲ။

ခြေလှမ်းများရှေ့တိုးသွားကာ ထူထဲသောမြူများအကြားတွင် ကြည့်ရှုနေခိုက် ဘေးတွင်ရပ်နေသော လုရွှီကျိုနှင့်အဘိုးအိုလျိုသည် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားလေတော့သည်။ မျက်လုံးများကို ထပ်ပွတ်ကြည့်သောအခါ နောက်ဆုံးမှာမှ နှစ်ကျန့်အကွာအဝေးတွင်ရှိနေသော အရိပ်တစ်ခုကို သွားတွေ့တော့၏။

ရွှမ်းမင်သည် မီးတောက်အား အနားတိုးကြည့်ရာ စင်္ကြန်လမ်းနံရံကိုမှီလျက် လှဲလှောင်းနေသော ခန္ဓာကိုယ်နှစ်ခုဖြစ်နေ၏။

နံရံ၌သုတ်လိမ်းထားသော သစ်စေးရနံ့က နှာခေါင်းတွင်းသို့ တိုးဝင်လာသည်။ နံရံနှင့်နီးလာလေလေ အနံ့စူးလာလေလေပင်။ နံရံတွင်စီးကျနေသောသွေးများကို ထောက်ဆပြီးနောက် ရွှမ်းမင်နားလည်သွားတော့သည်။ နောက်ကျော၊ လည်ဂုတ်စသောနေရာများတွင် ဒဏ်ရာကွက်များရှိနေခြင်းသည် နံရံနှင့်ထိမိရာမှ အဆိပ်မိသွားခြင်းသာ။

လုရွှီကျိုလဲကျသွားချိန်တွင် သွေးကိုအသုံးပြုကာ ကြမ်းပြင်ထက် စက်ဝိုင်းဆွဲချိန်ရသွားလိုက်သေးသည်။ ရှုပ်ထွေးလှသောအင်းကွက်သည် ဆန်းပြားလှပြီး တွေဝေစရာပင်။

လုနျယ်ချီသည် ရေရေရာရာမမြင်ရသေး။ လုရွှီကျိုကိုထူပေးရန် တိုးကပ်သွားရာ သတိမထားမိပဲ စက်ဝိုင်းအတွင်းသို့ ခြေတစ်လှမ်းချမိသွားတော့သည်။

သွေးခြောက်များနှင့် ညိုညစ်နေသောအင်းကွက်သည် ရုတ်ချင်းဆိုသလို အနီရဲရဲတောက်လျက် အသက်ဝင်လာ၏။ တစ်ချိန်တည်းမှာပဲ လုနျယ်ချီ၏နဖူးနှင့် လက်ဖဝါးရှိ ဟက်တက်ကွဲဒဏ်ရာသည် အနီရောင်လင်းလက်လာပြီးနောက် ပြန်လည်မှိန်ကျသွားပြန်သည်။

အေးစက်တောင့်တင်းနေပြီဖြစ်သော လုရွှီကျိုအလောင်းထံမှ ထွက်လာသည့် မမြင်ရနိုင်လောက်သည်အထိ မှေးမှိန်သောအငွေ့တန်းသည် လုနျယ်ချီကို သုံးကြိမ်သုံးခါရစ်ပတ်လာ၏။ ကာလရှည်ကြာစွာ စောင့်စားခဲ့ရသော အစီအရင်တစ်ခု ပြီးဆုံးသွားသည့်နှယ်။ ရွှမ်းမင်ရှိရာသို့ ဦးတည်လျက် ဦးခိုက်လာသည်။ နောက်ဆုံးဆန္ဒမှာလည်း ပြီးမြောက်ခဲ့ပြီ။

လုယွမ်ကြောင့်သာမဟုတ်လျှင် သူသည်လည်း လွန်ခဲ့သောဆယ့်သုံးနှစ်ကတည်းက ကျောင်းဆောင်၌ သေဆုံးသွားလောက်ပြီ။ ယနေ့တွင်လည်း အသက်နှင့်အသက်ကို ထပ်လောင်းလဲခဲ့ပြန်ပြီ။ လုရွှီကျိုအတွက်တော့ ထိုက်တန်သည်၊ မျှတသည်၊ ဖြစ်ချင်သောဆန္ဒလည်း ပြီးမြောက်ခဲ့သည်။

ယခုမှစပြီး သူ့အတွက် မီးအိမ်အပိုချိတ်ပေးရန် လုနျယ်ချီကို မှာရပေဦးမည်။ ညီငယ်ဖြစ်သူ ငိုကြွေးလာလိမ့်မည်ဟု ထင်မထားခဲ့သည်မှာ....။

သက်တမ်းလဲလှယ်သောအစီအရင် ပြီးမြောက်သွားချိန်တွင် အငွေ့တန်းသည်လည်း ပျောက်ကွယ်သွားသည်။ စင်္ကြန်လမ်းသည် ရုတ်ချင်းပင် အမှောင်ကျသွား၏။

အသက်တစ်သက်အတွက် တစ်ပါးသူ၏သက်တမ်းကို ပေးဆပ်ခဲ့ခြင်းသည် ယင်နှင့်ယန်ကို အခြေမမျှစေပဲ ဂူသင်္ချိုင်းအတွင်း အိပ်စက်နေသော သုံးရာသောဝိညာဥ်များကို နိုးထစေပုံရ၏။ ရုတ်တရက်ဆိုသလို နောက်ကျောမှနေ လေထုက ဝှီးကနဲတိုးဝင်လာတော့သည်။ ကျောက်တုံးချင်းခတ်နေသောအသံနှင့်အတူ ကျိုးပဲ့ပျက်စီးသံများပါ အတူတကွလိုက်ပါလာကြသည်။

လုနျယ်ချီ၏ပုခုံးကိုပုတ်ကာ သွားကြရန် ဆော်သြလိုက်ချိန်တွင် ရွှမ်းမင်၏နောက်ကျောကို တစ်စုံတစ်ရာမှ လာတိုက်သည်အား ခံစားမိလိုက်ရသည်။ တရှိန်ထိုးတိုးဝင်လာသောလေပြင်း၌ အသက်ရူကျပ်မတက် ပုပ်အဲ့အဲ့အနံ့အသက်များပါ လိုက်ပါလာကြသည်။

သုံးရာသောဝိညာဥ်များသည် ပုံမှန်ဆိုလျှင် မြန်ဆန်စွာလှုပ်ရှားနိုင်ကြမည် မဟုတ်သော်လည်း ဂူသင်္ချိုင်းအတွင်း နှစ်ကာလများစွာ အချုပ်ခံထားရသည်ဖြစ်၍ လွန်စွာလျှင်မြန်ပြီး ရန်လိုသောစိတ်များက ပြင်းထန်နေကြသည်။ မျက်တောင်တစ်ခတ်ကာလမှာတင် လှေကားအောက်ခြေ၌ လူအများစုပြုံလာတော့သည်။ တစ်ယောက်လည်းမဟုတ်၊ နှစ်ယောက်လည်းမက၊ ရာချီသောအလောင်းကောင်များက တရှိန်ထိုးဦးတည်ပြေးလာကြရာ ရွှမ်းမင်ခမျာ ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်နေတော့သည်။

လက်နှစ်ဖက်အသာထား၊ လက်ရှစ်ဖက်ရှိလျှင်တောင် အနှီလူစုလူဝေးလက်မှ လွတ်မြောက်မည်မဟုတ်။

စင်္ကြန်လမ်းမှာလည်း ရှေ့ပိတ်နောက်ပိတ်ဖြစ်နေသည့်အပြင် ပြေးပုန်းစရာနေရာလည်းမရှိဖြစ်နေရာ ခေါင်းတလားထဲ ရောက်သွားသလိုပင်။

ခါးထက်ရှိ ကြေးပြားတွဲကြိုးကို ဆုပ်ကိုင်ထားပေမယ့် စိတ်မပါလှသလို တွန့်ဆုတ်နေသလို မျက်မှောင်ကျုတ်ထားပြန်သည်။ မသုံးချင်၍များလား၊ သုံး၍အဆင်မပြေလို့ပဲလား၊ ဘာကြောင့်မှန်းရယ်တော့မသိ။

အလောင်းကောင်များ၏ပမာဏက ပိုမိုထူထပ်လာပြီး စင်္ကြန်လမ်းနံရံတစ်လျှောက်သည် ခွဲခြား၍ပင်မရသော ခန္ဓာကိုယ်များနှင့် ပြည့်နှံ့လာကာ ရပ်နေဆဲအဖွဲ့အား ဝန်းရံလာတော့သည်။

ခေတ္တမျှထူးဆန်းစွာငြိမ်သက်သွားသော အလောင်းကောင်များသည် အတူတကွ ပူးကပ်သွားပြီးနောက် အဟုန်ပြင်းပြင်းဖြင့် ရွှမ်းမင်ထံသို့ လှိုင်းနက်ကြီးနှယ် လိမ့်တက်လာတော့သည်။

"ကတုံး?!"

ရွှမ်းမင်အိတ်ကပ်အတွင်း ဘယ်လွှဲညာလွှဲနှင့် မူးဝေနေသော ရွှဲရှန်သည် ပတ်လည်ဝိုင်းနေသော သွေးညီနံ့များကို အနံ့ခံမိသွား၏။ သွေးညီနံ့များအကြား ပုန်းခိုနေသောရနံ့သည် မှိန်ဖျဖျဆေးရနံ့။ ရွှမ်းမင်ခါးထက်ရှိ တစ်စုံတစ်ရာသည် ပြင်းပြင်းထန်ထန် လှုပ်ခါလာပုံရ၏။ တမဟုတ်ချင်းဆိုသလို ပူနွေးလာသည်မှာ ချစ်ချစ်တောက်လျက်။

ဆူပွတ်လာလေသလား? ရင်ဘက်၌ဒိန်းကနဲဖြစ်သွားကာ လေဟာနယ်ထဲပြုတ်ကျသွားသည့်နှယ် ဗလာကျင်းသွားတော့သည်။

သွေးနံ့မှာလည်း ပြင်းထန်လာ၏။

မဖြစ်ဘူး၊မဖြစ်ဘူး၊ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား?

ရွှဲရှန်သည် စိုးရိမ်ထိတ်လန့်နေသော်ငြားလည်း အမှန်တကယ်တမ်းမှာ ရွှေလုံးတစ်လုံးသာဖြစ်တာကြောင့် သေဆုံးသွားမှာလည်းမဟုတ်။ ပျက်ဆီးသွားလျှင်တောင် သက်တမ်းအဆုံးမရှိသော နဂါးတစ်ကောင်ဖြစ်တာမို့ နည်းလမ်းထပ်ရှာလို့ရနိုင်သည်။

ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား ဆိုသောစကားသည် ရွှဲရှန်ထံမှထွက်လာသည်ဖြစ်၍ အဓိပ္ပာယ်ပင်မရှိ။ သေလူကျန်းရှီနင်ထံမှ ထွက်လာလျှင်လည်း ရယ်ဖွယ်ရာသာ။ နှစ်ဦးသားကတော့ ရှင်ကျန်မှာသေချာသည်။

လုနျယ်ချီနှင့်........ကတုံး။

အစကဆိုလျှင်ဖြင့် ရွှဲရှန်အရေးအရာလုပ်မည်မဟုတ်။ နောက်ပိုင်းတွင်...နှစ်ဦးကြားဆက်ဆံရေးဆိုသည်မှာလည်း လက်တစ်ဆုပ်စာမျှ တိုက်ဆိုင်မှုတွေရှိနေခြင်းသာ။ အရှုပ်အထွေးတစ်ရပ်။ ဤအတွက်ကြောင့်ပဲ ဘာကြောင့်များ သူ့ထံတွင် စိုးရိမ်ပူပန်မှုများ တွဲခိုလာသည်ကို ရွှဲရှန်နားမလည်နိုင်တော့။

အမှန်သာ၊ အတော်ပင်ပူပင်ကြောင့်ကြနေမိသည်။ ရွှမ်းမင်အိတ်ကပ်အတွင်းမှ ခုန်ထွက်နိုင်ရန် တွန်းတင်ပေးမည့် ကျန်းရှီနင်လည်းရှိနေရာ ရွှဲရှန်လေထဲသို့ မြောက်တက်သွားသည်။ ရွှမ်းမင်ခါးဆီမှ ရရှိလိုက်သော နွေးထွေးမှုက ကပ်ပါနေဆဲ။ မဖော်မပြနိုင်သော ခံစားချက်မှာ ရွံ့မြေအတွင်းမှ စုပ်ယူခဲ့သောအရာ ကျေညက်သွားသောကြောင့်လည်းဖြစ်နိုင်သည်။

ဒေါင်—! ရွှေလုံးသည် အပေါ်ကိုမျက်နှာမူလျက် ကြမ်းပြင်ထက်ကျ၏။

ရွှမ်းမင်၏နှင်းတမျှဖြူသောဝတ်ရုံသည် သွေးများရွှဲစိုနေ၏။ လက်ထဲ၌ မီးတောက်သည် တောက်လောင်ဆဲဖြစ်ပေမဲ့ သံကြိုးခတ်ခြင်းခံထားရသော သားရဲတစ်ကောင်နှယ် အပြင်းအထန်ရုန်းကန်နေ၏။ အလောင်းကောင်အုတ်လိုက်ကျင်းလိုက်မှာလည်း ထောင့်တိုင်းဆီမှ ဝင်လိုက်ထွက်လိုက်နှင့် ကိုက်ခဲဆုတ်ဖြဲနေကြသည်။ ရွှမ်းမင်၏တည်ငြိမ်လှသောမျက်နှာထားသည် အခြားသူများ၏အသက်အတွက်လည်းမဟုတ် ကိုယ်ကိုယ်တိုင်အတွက်ပင်မကျန် မည်သူမဆိုအား ဂရုမထားဆိုသော အမူအရာအပြည့်။

ရွှဲရှန်ကြမ်းပြင်ထက်သို့ ပြုတ်ကျချိန်တွင် ရွှမ်းမင်သတိမပြုမိလိုက်ပေမဲ့ လက်တွင်းမှမီးတောက်ကတော့ လှုပ်ခါသွားသည်။

ကြမ်းပြင်ထက်တွင် ရွှေလုံးသည် ခေါင်းပြတ်နေသောယင်ကောင်နှယ် သို့မဟုတ် အကြံရှိနေသူတစ်ဦးနှယ် တဟုန်ထိုးလိမ့်ဆင်းသွားတော့၏။ အလောင်းကောင်ခြေထောက်များကြား ရှောင်ကွင်းလျက် ကျောက်သားနံရံကို တိုက်မိသွား၏။

ဟုန်—

အလွန့်အလွန်ကြီးမားသော အလေးချိန်နှင့် တွန်းတိုက်ခံလိုက်ရသည့်နှယ် ဂူသင်္ချိုင်းတစ်ခုလုံး တုန်ခါမြည်ဟီးလာတော့သည်။

ရွှဲရှန်မှာကြက်သေသေသွားတော့သည်။ ငါကြောင့်လား?!

ရွှေလုံးထံတွင် စွမ်းရည်စွမ်းပကားရှိသော်ငြားလည်း အထင်ကြီးလောက်စရာမှာ အလုံးတစ်လုံး၏ လုပ်နိုင်စွမ်းပင်။ အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် နံရံကိုထိမိချိန်တွင် အားစိုက်မိလိုက်သည်မဟုတ်။ အကြိမ်အနည်းငယ်ခန့်ခေါက်ပြီးနောက်တဖြည်းဖြည်းအားယူရန်သာ ကြံရွယ်ထားခဲ့သည်။ အားအင်အပြည့်ကိုသာ ထုတ်သုံးလိုက်ပါက အနှီဂူသင်္ချိုင်းအသာထား တစ်ချက်တည်းနှင့် ဆယ်ဂူမက ဖျက်ဆီးပစ်လိုက်နိုင်သည်။

သို့ပေမဲ့လည်း သူမဟုတ်ရင် ဘယ်သူများဖြစ်မလဲ?

ရွှဲရှန်ဆက်မတွေးတော့ပဲ နံရံကို ဒုတိယအကြိမ် ဝင်တိုးလိုက်သည်။

ဟုန်—

နောက်တစ်ကြိမ် ကြီးမားလှသော မြည်ဟီးသံ။ မျက်နှာကျက်မှ ကျောက်စရစ်ခဲများ လိမ့်ကျလာရာ ရွှဲရှန်လည်း ဖုန်များဖုံးကာသွားတော့သည်။

ပါးစပ်ဆိုပြီး ဟုတ်တိပတ်တိမရှိသော်ငြားလည်း "ဖွီး"ဟူပြီး မသိလိုက်ပါပဲ ဖုန်များအား ထွေးထုတ်မိလိုက်သေး။ ထို့နောက် ပြန်လှိမ့်ကာ ရွှမ်းမင်ကိုကြည့်လိုက်သည်။ နံရံကိုအားဖြင့် တွန်းတိုက်နေသောသူသည် ရွှဲရှန်မဟုတ်လျှင် ကတုံးတစ်ဦးသာရှိတော့သည်။

အလောင်းကောင်များ၏ လက်သည်းများကြားမှကျော်လျက် ရွှဲရှန့်မြင်နေရသောမြင်ကွင်းမှာ ရွှမ်းမင်သည် သွေးစိုနေသောလက်နှင့် ကြေးပြားတွဲချည်ထားသောကြိုးကို ဆုပ်ကိုင်ထားပြီး ကြေးပြား၌ သွေးစိမ်းရှင်ရှင်ဖုံးလွမ်းသွားသည်။

အဘယ်နည်းလမ်းနည်းစဥ်များမှန်းတော့ ရွှဲရှန်မသိပေမယ့် ရွှမ်းမင်၏ညိုညစ်ကြေးထပ်နေသော ကြေးနီပြားများသည် သွေးစက်ကြောင့် နိုးထလာသည့်နှယ် တောက်ပြောင်လာသည်အား ရွှဲရှန်မြင်လိုက်မိသလိုပင်။

သွေးများစီးကျနေသောလက်ချောင်းနှင့် ကြေးပြားတစ်ပြားကို ဖိကိုင်ရာ သွေးများပန်းထွက်လာပြီး ကြေးပြားတွဲကြိုးမှာ သွေးလွှမ်းသွားပြန်သည်။

ဟုန်—

ဤတစ်ကြိမ်မှာတော့ ငလျင်လှုပ်သည့်နှယ် စင်္ကြန်တစ်လျှောက် တုန်ခါသွားသည်။ တုန်ခါယမ်းနေသောကြမ်းပြင်ကြောင့် ရွှဲရှန်လည်း ရှေ့နောက်ယမ်းနေတော့သည်။ အန်မိတော့မလိုပင် ခံစားလာသ၏။

လက်တစ်ဖက်မှာ ကြေးပြားတွဲကြိုးကိုကိုင်ထားပြီး အခြားတစ်ဖက်ရှိ မီးတောက်တောင်လောင်နေဆဲလက်ကို ရင်ဘတ်နားတိုးကပ်၍ သွေးများအကြားမှ ဦးညွတ်ဟန်ပြုသည်။ မျက်ခွံများတင်းတင်းပိတ်လျက် နှုတ်ခမ်းမှ အသံမထွက်ပဲ ရေရွတ်လာသည်။

ရုတ်တရက်ဆိုသလို အံ့မခန်းအသံသည် စင်္ကြန်လမ်းတစ်လျှောက် ဟိန်း၍ထွက်လာသလို ကျောက်ကွဲစများ လေပေါ်ပျံသွားပြီးနောက် ခြေဖဝါးအောက်ကြမ်းပြင်မှာလည်း ကျဆင်းသွားတော့သည်။

နောက်စဥ်မှာ အက်ကြောင်းထပ်သွားသော ကျောက်သားများအကြားမှ စီးဝင်လာသောရေအေးများဖြစ်ပြီး အလောင်းကောင်များလည်း အလျင်အမြန်ပင် နစ်မြုပ်သွားကြတော့သည်။

ရေသည် အေးစက်မည်းမှောင်နေသော်ငြားလည်း ယခင်ကအောက်ခြေသို့ ဆွဲချခဲ့သော ရေညစ်များနဲ့တော့ ကွာခြားလှသည်။ သည်ဆောင်းဟေမန်မြောက်လေပြန်သည့်နှယ် လန်းဆန်းချမ်းစိမ့်စေသော လေအေးများပါ လိုက်ပါလာသည်။

မြစ်ဆီမှရေများသာ။

ရေထဲသို့ ရွှဲရှန်လိုက်ပါသွားချိန်တွင် တွေးမိသည်မှာ: 'ကတုံးကတော့ငါ့အကြံကိုခိုးသွားပြီ!တစ်နေရာလုံးကိုတကယ်ပဲဖျက်ဆီးပစ်လိုက်....

မကျေမနပ်ပြောစကား မဆုံးသေးခင်မှာ ရွှဲရှန်သဘောပေါက်သွားသည်က ရွှမ်းမင်ကြောင့် ဂူသင်္ချိုင်းတစ်ခုလုံးသာမက သင်္ချိုင်းတောင်ပူစာကျွန်းတစ်ကျွန်းလုံးပါ ရေထဲကျဆင်းလာကြောင်းသာ။

ကျောက်တုံးများ ရေတံခွန်သဖွယ် လိမ့်ဆင်းလာသလို သစ်ပင်များပါမကျန် ကျဆင်းသွားရာ တဟီဟီမြည်ကျွေးနေကြသော အလောင်းကောင်များလည်း လိုက်ပါနေကြသည်။ မြစ်တစ်ပြင်သည် ဆူညံသံများနှင့် လွှမ်းခြုံသွားတော့၏။

အောက်ခြေမှမြစ်ရေသည် စတင်အပြင်းအထန် လှုပ်ရှားထကြွလာသည်ကို ရွှဲရှန်ခံစားလိုက်ရသည်။

ဂူသင်္ချိုင်းပြိုကျခြင်းနှင့် ရာချီသောအလောင်းကောင်များ၏ လှုပ်ရှားမှုက မြစ်ရေကို လှိုင်းထန်စေပြီး အားပြင်းသောဝဲဒလက်စတင်လာတော့သည်။ သေးငယ်သောဝဲဂယက်ငယ်များမှာလည်း အရပ်ရှစ်မျက်နှာမှ ဦးတည်လာကြတော့သည်။

ကျွန်းပေါ်မှ အပျက်အစီးများနှင့် ရာချီသောအလောင်းကောင်များ၏ ဆွဲခေါ်မှုကြောင့် ဘေးဘီဝဲယာရှိ ညှာတာခြင်းကင်းသော ဝဲဂယက်များအလယ်တွင် ရောက်နေတော့သည်။

မြုပ်လိုက်ပေါ်လိုက်ဖြစ်နေသော ရွှဲရှန်သည် စတင်ဒေါသပုန်ထလာတော့၏။ ရွံ့ရေထဲမှ စုပ်ယူခဲ့သောအရာမှာ ရွှေလုံးနှင့် တစ်သားတည်းဖြစ်နေပြီဖြစ်သလို ရွှမ်းမင်ခါးဆီမှရရှိထားသော အပူဓာတ်လည်းရှိနေရာ ရုတ်ချင်းဆိုသလို ရွှေလုံးကို ထွက်ခွာလိုသောစိတ်က ချဥ်းနင်းဝင်ရောက်လာတော့သည်။ ရွှေလုံး၌ နေရာအကြားအလပ်တစ်ခုပါမကျန် တွန်းတိုက်နေသောအားသည် သူ့ရင်ကိုခွဲ၍ အူအသည်းနှုတ်ချင်နေသည့်နှယ်။

တမဟုတ်ချင်းမှာပဲ တိမ်မည်းများသည် မြစ်ကောင်းကင်ယံထက် စုစည်းလာကြတော့၏။ တောက်ပသောလျပ်စီးကြောင်းနောက် လိုက်ပါသည်က သောင်းချီသောမြင်းများ တိမ်ယံခွင်း၍ မြစ်ယံသောင်းပြောင်းဒုန်းစိုင်းပြေးလာသောအသံထက် ကျယ်လောင်လှသော မိုးချိမ်းသံပင်။

မိုးရေစက်များ ကျဆင်းလာသောအခါ မြစ်ယံ၌ ဖုံးလွှမ်းထားသောမြူခိုးများသည် ပို၍ပင် သိပ်သည်းလာရာ တစ်ဦးတစ်ယောက်ကိုမှ မြင်နိုင်စွမ်းမရှိတော့။

နောက်ထပ်ထွက်ပေါ်လာသည်မှာ ရေအောက်ခြေမှလာသည့် ဝှီကနဲကျယ်လောင်စွာမြည်တွန်သံဖြစ်သည်။ အလွန်ကြီးမားသောအရိပ်သည် မြူခိုးထူထပ်နေသည်အတွင်းသို့ တိုးဝင်သွားတော့၏။

ရှည်လျားသော အရိပ်ခုံးတက်လာပြီးနောက် ဝဲဒလက်သည်လည်း ကျိုးနွံစွာဖြင့် ရေအောက်ကြမ်းပြင်သို့ ကျဆင်းသွား၏။ မရေမတွက်နိုင်သော အလောင်းကောင်များနှင့် အပျက်အစီးများကိုပါ ဝဲဒလက်အတွင်းဆွဲခေါ်သွားလေသည်။

ခန္ဓာကိုယ်တစ်ခုအတွက် ခြောက်ပေသာလိုအပ်ပေမယ့် သုံးရာသော စိတ်မချမ်းမြေ့ဖွယ်ရာ အလောင်းများအတွက်ကိုတော့ ကျန့်ခြောက်ဆယ်တောင် လုံလောက်ပါ့မလား?

မြစ်ဆိပ်တစ်နေရာ ခြံဝန်းအတွင်း၌ ကလေးငယ်သည် ဆီးပင်ကိုင်းကို ဖက်တွယ်ရင်း မုန်တိုင်းခိုရန် ငြင်းဆန်နေလေ၏။ ကောင်းကင်ယံထက်ကို မမှိတ်မသုန်မော့ကြည့်ပြီး မိဘများကို ပြောလာသည်က

"နဂါးကြီး—"

မိဘများလည်း ကလေးငယ်ညွှန်ပြသောနေရာအား သာမန်ကာလျှံကာမျှသာသောသဘောဖြင့် လိုက်ကြည့်ရာ ထူထဲသောမြူခိုးများအတွင်း ရှည်မျောမျော မြွေသဏ္ဍာန်အရိပ်ကို တွေ့တော့သည်။ ကောင်းကင်ယံသို့ လှေကားထစ်များနှယ် တွန့်ကွေးတက်သွားပြီး မာန်ထနေသောမြစ်ရေပြင်သို့ တဖန်ပြန်လည်ဆင်းသက်သွားလေသည်။

"ဘုရား..ဘုရား..တကယ်ပဲနဂါးပါလား"

•••••

Zawgyi

"ဘာအနံ႔ႀကီးလဲ?"

လုႏ်ယ္ခ်ီသည္ ေၾကာက္လြန္း၍ အသက္မရူရဲေတာ့။ စကားေျပာလို၍ပါးစပ္ဟၿပီးေနာက္ သတိရကာ အလ်င္အျမန္ျပန္ပိတ္လိုက္သည္။ ထူးဆန္းေသာဝိညာဥ္တစ္စံုတစ္ရာမွ ခႏၶာကိုယ္အား သိမ္းယူသြားေလမလား စိုးရိမ္ေနပံုႏွင့္။

က်န္းရွီနင္၏သတိေပးမႈႏွင့္အတူ အၾကားအျမင္မွာ သာမန္လူသားမ်ား (ရႊမ္းမင္အပါအဝင္) ထက္သာေသာသူျဖစ္တာမို႔ စတင္ၿပီး အနံ႔ကိုအာရံုခံမိသြားသည္။

"ေပါက္ပင္"

ထိုရနံ႔...တစ္စံုတစ္ေယာက္မွ အပင္တစ္ပင္ကိုႏုတ္ယူၿပီး ေျမေပၚတင္ထားရာမွ ထြက္ေပၚလာေသာ သစ္ေစးရနံ႔။ အနံ႔ေကာင္းသည္၍လည္းမဟုတ္ ဆိုးသည္လည္းမဟုတ္။ အလံုပိတ္ေမွာင္မိုက္ေနေသာ လိႈဏ္ဂူအတြင္းမွာေတာ့ အႏွီရနံ႔သည္ လြန္စြာထူးဆန္းေနေပလိမ့္မည္။

ေဆးခန္း၌ႀကီးျပင္းခဲ့သူ က်န္းရွီနင္အဖို႔ ငယ္စဥ္ကတည္းက ေဆးပင္ေဆးျမစ္ရနံ႔မ်ားႏွင့္ ရင္းႏွီးကၽြမ္းဝင္ခဲ့သည္။ ေဆးပညာႏွင့္ပတ္သတ္ၿပီး မိဘမ်ားေလာက္ေတာ့ အသိမနီးေပမယ့္ အေျခခံမ်ွေတာ့ နားလည္ထားသည္။ ေဆးပင္ရနံ႔မ်ားအား ခဲြျခားသိရိွႏိုင္သူျဖစ္တာေၾကာင့္ ထိုအနံ့အား သတိျပဳမိျခင္းသည္ အေတာ္အသင့္မ်ွေတာ့ အေရးပါလွ၏။

"ႏွာေခါင္းေကာပါးစပ္ေကာပိတ္ထားစရာမလိုဘူး"

ရႊဲရွန္စကားေၾကာင့္ သတၲိေမြးၿပီးလ်က္သားျဖစ္သြားေသာ က်န္းရွီနင္သည္ ရႊမ္းမင္အိတ္အတြင္းမွ ေခါင္းျပဴထြက္လာရာ မ်က္သလဲဆန္ျပာျဖစ္ေနေသာ လုႏ်ယ္ခ်ီႏွင့္ တိုးေတာ့သည္။ စကၠူလက္ကို ခပ္ေပါ့ေပါ့ယမ္းခါကာ

"မင္းကဒီအနံ႔နဲ႔ရင္းႏွီးမွာေတာ့မဟုတ္ဘူး..အမွန္တိုင္းေျပာရရင္ငါေတာင္အဲ့ေလာက္အနံ႔ရခဲ့ဖူးတာမဟုတ္ဘူး..ဒီဟာေၾကာင့္ေသသြားတဲ့သူေတြကေသပံုထူးဆန္းတာမလို႔မွတ္မိေနတာ..'ခုႏွစ္ျမင့္၊ရွစ္နိမ့္၊ကိုးေသ'ဆိုတဲ့အဆိပ္အေၾကာင္းၾကားဖူးလား?ဆိုလိုတာကအဆိပ္မိၿပီဆိုရင္အျမင့္တက္ေနခ်ိန္မွာအမ်ားဆံုးခုႏွစ္လွမ္း..အနိမ့္ဆင္းခ်ိန္မွာအမ်ားဆံုးရွစ္လွမ္း..ကိုးလွမ္းလွမ္းမယ့္အခ်ိန္မတိုင္ခင္မွာေသမယ္တဲ့"

"အဲ့တာလည္ပင္းေသြးခ်ိတ္ပိတ္အပင္မလား?ငါၾကားဖူးတယ္"

ရႊဲရွန္ေျပာလာသည္။

"အင္း..အမွန္ပဲ..မင္းကေတာင္ဘက္ပိုင္းကလာတာပဲ..ဒီအပင္ကပံုမွန္အားျဖင့္သမပိုင္းမွာေပါက္ေလ့ရိွတယ္..ဒီကိုယူလာရင္ၾကာၾကာမရွင္ဘူး..ေဆးအျဖစ္အသံုးျပဳခ်င္တယ္ဆိုရင္ေနြသို႔မဟုတ္ေဆာင္းၪီးကိုေစာင့္ၿပီးေတာင္ပိုင္းေဆးေရာင္းသူဆီကဝယ္သိမ္းထားရတယ္"

က်န္းရွီနင္သည္ ပါးစပ္ဖြင့္လိုက္တိုင္း စကားေျပာလိုက္တိုင္း ေဆးအေၾကာင္းႏွင့္သာ အဆံုးသတ္၏။

“ႏွစ္ကူးမေရာက္ခင္ဆိုလိုရင္းေကာေရာက္ၪီးမွာလား?"

ရႊဲရွန္အသံေအးစက္စက္ကထြက္ေပၚလာသည္။ အရွက္ႀကီးေသာက်န္းရွီနင္လည္း ေျပာလက္စကိုရပ္ကာ

"ဘာတစ္ခုကိုမွမထိနဲ႔..နံရံေကာၾကမ္းျပင္ေကာအမိုးပါအဆိပ္ေတြသုတ္လိမ္းထားတယ္လို႔သံသယဝင္စရာပဲ..ငါတို႔အဝိုင္းခံထားရၿပီ..ထိမိလိုက္တာနဲ႔ေျခလွမ္းအနည္းငယ္လွမ္းၿပီးရင္အေၾကာေသကုန္လိမ့္မယ္"

ေျပာရာတစ္ေလ်ွာက္၌ အသံသည္ တိုးဝင္သြားသလို ယံုၾကည္ခ်က္မ်ားမွာလည္း ေမွးမိွန္ကုန္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ စကားေျပာေနခိုက္ လုရႊီက်ိဳသည္ မျမင္ရေသာမ်က္ဝန္းမ်ားျဖင့္ လွၫ့္ၾကၫ့္လာသလို အဘိုးအိုလ်ိဳသည္လည္း အၾကၫ့္မလႊဲပဲ စူးစိုက္ၾကၫ့္လာသည္။ ရႊမ္းမင္ေတာင္မွ ငံု႔ၾကၫ့္လာ၏။

"အမ္း—"

ပလံုးပေထြးႏွင့္ လမ္းေခ်ာင္းရွင္းၿပီးေနာက္ ကသိကေအာက္ႏွင့္ အိတ္အတြင္းျပန္ဝင္ရန္ျပင္ေတာ့သည္။

"ကၽြန္ေတာ့္ကိုမၾကၫ့္ၾကပါနဲ႔..အိတ္ထဲျပန္ဝင္ေတာ့မယ္..အားလံုးပဲဂရုစိုက္ၾကပါ"

ရႊမ္းမင္သည္ လုရႊီက်ိဳႏွင့္အဘိုးအိုလ်ိဳကို တစ္ခ်က္ၾကၫ့္ကာ လုႏ်ယ္ခ်ီထံသို႔ ျပန္ၾကၫ့္၏။

တံခါးမျွဖတ္ေလ်ွာက္ခဲ့စဥ္ကတည္းက တန္းစီပံုသည္ ေျပာင္းလဲသြားပံုရ၏။ ယခင္ကေတာ့ လုရႊီက်ိဳႏွင့္အဘိုးအိုလ်ိဳသည္ ၪီးေဆာင္လ်က္ ၿငိမ္သက္ေသာရႊမ္းမင္ေနာက္မွ က်န္းရွီနင္ႏွင့္လုႏ်ယ္ခ်ီက အၿမီးကုပ္ကာ လိုက္ပါလာသည္။ အလယ္မွာျဖစ္ေနေသာရႊဲရွန႔္အဖို႔ အကာအကြယ္ရိွေနသလိုပင္။

သို႔ေပမယ့္ ယခုမွာေတာ့ ကဲြျပားသြားသည္။ လုရႊီက်ိဳႏွင့္အဘိုးအိုလ်ိဳသည္ အေရ႔ွကေလ်ွာက္ဆဲျဖစ္ေပမယ့္ ေနာက္ကလိုက္သူသည္ လုႏ်ယ္ခ်ီျဖစ္ၿပီး ရႊမ္းမင္ကေတာ့ ၾကားထဲမွာ အဟႏ္ု႔အတားတစ္ခုအေနႏွင့္ ရိွမေနေတာ့။ ေနာက္ဆံုးကေနသာ အႏၲရာယ္တစ္စံုတစ္ရာရိွလာေလမလား သတိျပဳလ်က္ရိွသည္။

လုႏ်ယ္ခ်ီသည္လည္း ႏွာေခါင္းအုပ္ကိုင္ထားေသာလက္ကို ဖယ္ၿပီးႏွင့္ၿပီ။ က်န္းရွီနင္ရွင္းျပေနစဥ္ကတည္းက ရႊမ္းမင္ကိုေက်ာေပးကာ မ်က္မျမင္အစ္ကိုျဖစ္သူကို စူးစိုက္ၾကၫ့္မိေနသည္။

လုရႊီက်ိဳကေတာ့ သတိမျပဳမိ။

ေဟာေျပာခ်က္မ်ားဆံုးၿပီးေနာက္ က်န္းရွီနင္သည္ အိတ္ထဲျပန္ဝင္သြား၏။

ရႊမ္းမင္လက္အတြင္းရိွ မီးေတာက္သည္ သိမ္ေမြ့စြာလႈပ္ယမ္းေနသလို လိမၼော္ေရာင္မီးေရာင္သည္ လုရႊီက်ိဳ၏ေျခေထာက္၌တည္၏။ လုရႊီက်ိဳ၏ အေရ႔ွဘက္ျခမ္းသည္ ပိန္းပိန္းေမွာင္ေနေသာ္ျငားလည္း အေနာက္ဘက္ျခမ္းသည္ မီးေရာင္ေဖ်ာ့ေဖ်ာ့အလင္းဟပ္ေနရာ ေျခလွမ္းလိုက္တိုင္း အလင္းႏွင့္အေမွာင္ၾကား ကူးလူးသြားလာေနသလိုပင္။

လည္ေထာင္၏အေနာက္ဘက္ျခမ္းသည္ ဆိုးဆိုးရြားရြားဆုတ္ၿပဲေနၿပီး ရႈပ္ေထြးေနေသာဆံပင္မ်ားက ျဖဴေလ်ာ္ေသာလည္ဂုတ္ထက္က်ေနရာ အရိပ္မည္းသ႑ာန္ျဖစ္ေန၏။ လိႈဏ္ဂူအတြင္းရိွ မိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ေအာက္တြင္ သာမန္သူဆိုလ်ွင္ျဖင့္ သတိျပဳမိမည္မဟုတ္။

အရပ္ပုလြန္းေသာလုႏ်ယ္ခ်ီသည္ အစ္ကိုျဖစ္သူႏွင့္ ေျခလွမ္းအနည္းငယ္အကြာတြင္ ရပ္ေနသည္ျဖစ္ရာ လုရႊီက်ိဳပုခံုးထက္ အသားကြက္ကို ျမင္ႏိုင္မည္မဟုတ္။

က်န္းရွီနင္ႀကိဳတင္မွန္းဆခဲ့သၫ့္အတိုင္း လိႈဏ္ဂူ၏မ်က္ႏွာျပင္တစ္ျပင္လံုးအား လည္ပင္းေသြးခ်ိတ္ပိတ္အပင္သစ္ေစးမ်ားႏွင့္ သုတ္လိမ္းထားပံုရ၏။ အျပင္ေရာက္ဖို႔နီးစပ္လာေလေလ အနံ႔သည္ ပိုျပင္းထန္လာေလေလေပ။

"ေရာက္ၿပီ"

လုရႊီက်ိဳသည္ ေလွကားထိပ္၌ရပ္ကာ ေနာက္ပါမ်ားအား

“ဒီေဆာင္ကူးလမ္းကလမ္းအဆံုးပဲ..ငါဘယ္တုန္းကမွအဆံုးထိမေရာက္ခဲ့ဘူး..ဒါေပမဲ့ဒီတံခါးကိုဖြင့္လိုက္တာနဲ႔မင္းတို႔လြတ္ေလာက္ၿပီထင္ပါတယ္"

ငါဘယ္တုန္းကမွအဆံုးထိမေရာက္ခဲ့ဘူး.....

အစကေတာ့ ထိုစကားႏွင့္ပတ္သတ္ၿပီး တစ္စံုတစ္ရာမွားယြင္းေနပံုမရေပမယ့္ ေတြးေတာစဥ္းစားၾကၫ့္လ်ွင္ျဖင့္ ထူးဆန္းတာကေတာ့ အမွန္ပင္။ ဒီအထိေရာက္ခဲ့ၿပီးသၫ့္အျပင္ မ်က္ေမွာက္ေရ႔ွမွာ တံခါးရိွေနပါလ်က္ႏွင့္ ဘာေၾကာင့္မ်ား ရိုးရိုးရွင္းရွင္းထြက္မသြားႏိုင္ရတာလဲ?

အဘိုးအိုလ်ိဳသည္ လုရႊီက်ိူေဘးတြင္ ရပ္လ်က္ရိွ၏။ ရႊမ္းမင္အျမင္မွာေတာ့ ထိုသူသည္ ခႏၶာကိုယ္မွ ဝိညာဥ္ထြက္ခြာသြားသၫ့္ႏွယ္ အေဝးတစ္ေနရာကို ေငးေမာလ်က္ မတုန္မလႈပ္ရပ္ေနဆဲ။

လုရႊီက်ိဳသည္ ေျခလွမ္းဆက္လွမ္းျခင္းမရိွေတာ့ပဲ အေနာက္တြင္ရပ္ေနေသာ လုႏ်ယ္ခ်ီအား လွၫ့္ၾကၫ့္လာသည္။

"ဘာလို႔ၾကၫ့္ေနတာလဲ?ငါ့မ်က္ႏွာကိုမျမင္ႏိုင္ပဲနဲ႔..ခ်ီဓာတ္ကိုပဲျမင္ရၿပီးေတာ့မ်ား"

လုႏ်ယ္ခ်ီ၏ေျခလွမ္းမ်ားသည္ ယိုင္ထိုးထိုးႏွင့္ ရပ္တန႔္သြား၏။ အသံဝင္ေနတာေၾကာင့္ တိုးတစ္ဝက္က်ယ္တစ္ဝက္ျဖင့္ ထြက္လာသည္။ တစ္စံုတစ္ရာေသာ အေၾကာင္းျပခ်က္ေၾကာင့္လည္း ေၾကာက္စိတ္မႊန္ေသာကပြားေနသူတစ္ၪီးႏွယ္ အသံကမသိမသာတုန္ယင္လ်က္ရိွသည္။

"ၾကၫ့္မေနနဲ႔..သြားေလ!ဘာလို႔ရပ္ေနတာလဲ?ေျပာစရာရိွလည္းအျပင္ေရာက္မွေျပာ..မင္းေပါက္ကရေျပာတာကိုငါအခုနားမေထာင္ႏိုင္ေသးဘူး"

"ငါျမင္ရပါတယ္..ေသခ်ာေတာ့မဟုတ္ေပမဲ့"

လုႏ်ယ္ခ်ီမေက်မနပ္ေျပာလာသည္မ်ား၏ တစ္ဝက္ကိုေတာ့ လွစ္လ်ူရႈထားပံုရသည္။ အိတ္ကပ္ထဲမွ သံုးေနက်တုတ္ေခ်ာင္းမ်ားကို ႏိႈက္ထုတ္လိုက္သည္။ တဲြခ်ယ္ထားေသာအနီေရာင္ႀကိဳးသည္ ဘယ္ႏွစ္ရာသီဘယ္ႏွစ္ကာလတည္းကဆိုသည္အား မွန္းမရႏိုင္သည္အထိ ေဆြးေႁမ့ေမွးမိွန္လ်က္။

“ယူထားလိုက္ေတာ့"

အေျပာႏွင့္အတူ လုႏ်ယ္ခ်ီထံသို႔ ကမ္းေပးလာ၏။

လုႏ်ယ္ခ်ီသည္ မ်က္ေမွာင္က်ဳတ္လ်က္ ေခါင္းငံု႔သြား၏။

"မလိုခ်င္ပါဘူး..ကိုယ့္ဘာသာကိုယ္ကိုင္ပါလား!မင္းပစၥည္းေတြကိုဘယ္လို႔သယ္ေပးရမွာလဲ..စကားမေျပာနဲ႔ေတာ့..ေရ႔ွမွာပိတ္မေနနဲ႔..ေလ်ွာက္ေလ!ဘာကိုေစာင့္ေနတာလဲ?"

လုရႊီက်ိဳသည္ အႃပံုးႏွင့္အတူ ခပ္ဟဟရယ္လ်က္

"ငါမသြားေတာ့ဘူး"

ဖခင္ျဖစ္သူေသဆံုးသြားခ်ိန္မွစ၍ အတူရိွခဲ့ေသာအခ်ိန္မ်ားထဲတြင္ လုရႊီက်ိဳႃပံုးခဲ့သည္မွာ လက္အစံုေတာင္မျပၫ့္ခဲ့။ သို႔ေပမဲ့ ေခါင္းငံု႔ေနဆဲျဖစ္ေသာ လုႏ်ယ္ခ်ီမွာ မျမင္လိုက္ရ။ ေခါင္းစင္းစင္းငံု႔လ်က္ မ်က္ေမွာင္က်ဳတ္ကာ လုရႊီက်ိဳႏွင့္ မ်က္ႏွာခ်င္းဆိုင္ဖို႔ရာ ျငင္းဆန္ေနသည္။

"ဘာေျပာတာလဲမသြားဘူးဆိုတာ..အဓိပၸာယ္မရိွတာေတြ....."

ေခါင္းေမာ့လာခ်ိန္တြင္ မ်က္လံုးမ်ားမွာ ရဲရဲနီလ်က္။ လုရႊီက်ိဳထံသို႔ လက္လွမ္းကာ ရိွသမ်ွအားႏွင့္ တြန္းထုတ္ေတာ့သည္။

"ဘာလို႔လဲ...သြား!"

ရႊမ္းမင္လက္တြင္းမွ မီးေတာက္ေရာင္သည္ လုရႊီက်ိဳမ်က္ႏွာကို ထင္ဟပ္လ်က္။ တစ္စံုတစ္ရာသည္ အႀကီးအက်ယ္ ေရြ့ေျပာင္းေန၏။ နဖူးထက္ အမာရြတ္ငယ္မ်ားႏွယ္၊ မွဲ႔ေျခာက္မ်ားေပါက္လာေလသလား။ လုႏ်ယ္ခ်ီနဖူးထက္ ယခင္ကရိွခဲ့ေသာ မွဲ႔ေျခာက္မ်ားႏွင့္ တေထရာတည္းတူေသာအကြက္မ်ားက သက္တမ္းႏွင့္ဆိုင္သၫ့္ေနရာ၌ တစ္ထပ္တည္း ကူးေျပာင္းလာၾကေတာ့သည္။

"ငါထိလို႔ရေနတာပဲ..မင္းကဒီမွာရိွေနတာပဲေလ..ဘာလို႔မသြားႏိုင္ရတာလဲ?"

လည္ပင္းေက်ာမ်ားေထာင္ၿပီး မ်က္လံုးမ်ားနီရဲကာ အစ္ကိုျဖစ္သူကိုေမာ့ၾကၫ့္လ်က္ ေျပာလာေသာ လုႏ်ယ္ခ်ီ၏စကားသံမ်ားက မ်က္ရည္မ်ားႏွင့္ ပလံုးပေထြး။ ကိုယ့္ကိုယ္ကိုလက္ခံႏိုင္လာေအာင္ အႏွီစကားကိုပဲ ထပ္ခါထပ္ခါဆိုေနဆဲ။

"ၾကၫ့္ပါလား..မင္းလက္ကိုကိုင္လို႔တယ္..မင္းနဲ႔အျခားသူေတြနဲ႔ဘာမွကြာျခားသြားတာမရိွဘူး..ေျပာ..ေျပာၾကတယ္မလား..သရဲဆိုရင္ထိလို႔မရဘူးလို႔"

ေခါင္းမာလ်က္ လုရႊီက်ိဳကို စိုက္ၾကၫ့္ေနတုန္း မ်က္ဝန္းမ်ားက တျဖည္းျဖည္းေဝဝါးလာေတာ့သည္။ အစ္ကိုျဖစ္သူကို ေသခ်ာပင္မျမင္ရေတာ့။ ႏွာရႈံ႔ကာ မ်က္ရည္မ်ားသုတ္ပစ္ေသာ္ျငားလည္း မျမင္ႏိုင္ေသး။

"ဖိပြတ္မေနနဲ႔ေတာ့"

လုရႊီက်ိဳသည္ သက္ျပင္းေဖ်ာ့ေဖ်ာ့ခ်ကာ တုတ္ေခ်ာင္းမ်ားကို လုႏ်ယ္ခ်ီလက္ထဲ ထၫ့္ေပးလိုက္၏။ လုႏ်ယ္ခ်ီလက္ကိုဆုပ္ကိုင္ၿပီး ညီျဖစ္သူကို အားႏွင့္တြန္းတင္ေလ၏။

မပြတ္နဲ႔ေျပာေလေလ ကေလးငယ္သည္ မ်က္လံုးကိုဖိပြတ္ေလေလသာ။ လက္ဖဝါးႏွင့္ မ်က္လံုးကိုအုပ္ကာၿပီး အစ္ကိုျဖစ္သူလက္မွ ရုန္းေတာ့သည္။

အဘိုးအိုလ်ိဳသည္ ေရ႔ွတိုးသြားကာ နံရံအနီး၌ ဒူးေထာက္ထိုင္ခ်လိုက္၏။ မၾကာခင္မွာ ေနာက္ျပန္ဆုတ္လာၿပီး လုႏ်ယ္ခ်ီလက္ထဲ တစ္စံုတစ္ရာကို ထၫ့္ေပးလိုက္သည္။

"ဒါၪီးေလးလ်ိဳရဲ့ပိုက္ဆံအိတ္..ဒီထဲမွာေလွေလွာ္ရာမွရထားတဲ့အသျပာေတြရိွတယ္..ၿပီးေတာ့ဒီကၽြန္းေပၚကေဆးပင္အခ်ိဳ႕ေကာပဲ..ေဒၚေလးလ်ိဳဆီျပန္ယူသြားေပးလိုက္ပါ..ေဆးပင္ေတြကသူေခါင္းကိုက္တာကိုသက္သာေစလိမ့္မယ္"

အဘိုးအိုလ်ိဳကိုယ္စား လုရႊီက်ိဳမွပဲ ရွင္းျပလာ၏။ ေခတၲမ်ွ ၿငိမ္သက္သြားၿပီးေနာက္

"မင္းကိုေပးစရာေတာ့မ်ားမ်ားစားစားမရိွဘူး..."

လုႏ်ယ္ခ်ီ၏ေခါင္းကိုပုတ္ကာ

"အေဖ့ကိုသြားရွာေတာ့မယ္..ခ်င္းမင္ပဲြေတာ္က်ရင္ငါတို႔ႏွစ္ေယာက္အတြက္ေငြစကၠူမီးရိႈ႔ေပးဖို႔မေမ့နဲ႔ၪီး..သားအလ်ွံအပယ္ေျမးအလ်ွံအပယ္နဲ႔သက္တမ္းၾကာၾကာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရမယ္ေနာ္"

ေခါင္းခပ္ဖြဖြပုတ္ၿပီးေနာက္ လက္ျပန္ရုတ္သြားသည္။

လုႏ်ယ္ခ်ီခံစားရသည္မွာ ေခါင္းထက္ေရာက္ရိွလာေသာ ေအးစက္စက္အရာတစ္ခု။ ေပ်ာက္ကြယ္သြားခ်ိန္မွာေတာ့ ရင္တြင္းနင့္လ်က္။ မ်က္လံုးမ်ားကို အျပင္းအထန္ဖိပြတ္ၿပီး ေဘးဘီဝဲယာၾကၫ့္ေပမယ့္လည္း ျမင္ကြင္းမ်ားကေဝဝါးေနဆဲ။

ေျခလွမ္းမ်ားေရ႔ွတိုးသြားကာ ထူထဲေသာျမဴမ်ားအၾကားတြင္ ၾကၫ့္ရႈေနခိုက္ ေဘးတြင္ရပ္ေနေသာ လုရႊီက်ိဳႏွင့္အဘိုးအိုလ်ိဳသည္ ေပ်ာက္ျခင္းမလွ ေပ်ာက္ဆံုးသြားေလေတာ့သည္။ မ်က္လံုးမ်ားကို ထပ္ပြတ္ၾကၫ့္ေသာအခါ ေနာက္ဆံုးမွာမွ ႏွစ္က်န႔္အကြာအေဝးတြင္ရိွေနေသာ အရိပ္တစ္ခုကို သြားေတြ့ေတာ့၏။

ရႊမ္းမင္သည္ မီးေတာက္အား အနားတိုးၾကၫ့္ရာ စႀကၤန္လမ္းနံရံကိုမွီလ်က္ လွဲေလွာင္းေနေသာ ခႏၶာကိုယ္ႏွစ္ခုျဖစ္ေန၏။

နံရံ၌သုတ္လိမ္းထားေသာ သစ္ေစးရနံ႔က ႏွာေခါင္းတြင္းသို႔ တိုးဝင္လာသည္။ နံရံႏွင့္နီးလာေလေလ အနံ႔စူးလာေလေလပင္။ နံရံတြင္စီးက်ေနေသာေသြးမ်ားကို ေထာက္ဆၿပီးေနာက္ ရႊမ္းမင္နားလည္သြားေတာ့သည္။ ေနာက္ေက်ာ၊ လည္ဂုတ္စေသာေနရာမ်ားတြင္ ဒဏ္ရာကြက္မ်ားရိွေနျခင္းသည္ နံရံႏွင့္ထိမိရာမွ အဆိပ္မိသြားျခင္းသာ။

လုရႊီက်ိဳလဲက်သြားခ်ိန္တြင္ ေသြးကိုအသံုးျပဳကာ ၾကမ္းျပင္ထက္ စက္ဝိုင္းဆဲြခ်ိန္ရသြားလိုက္ေသးသည္။ ရႈပ္ေထြးလွေသာအင္းကြက္သည္ ဆန္းျပားလွၿပီး ေတြေဝစရာပင္။

လုႏ်ယ္ခ်ီသည္ ေရေရရာရာမျမင္ရေသး။ လုရႊီက်ိဳကိုထူေပးရန္ တိုးကပ္သြားရာ သတိမထားမိပဲ စက္ဝိုင္းအတြင္းသို႔ ေျခတစ္လွမ္းခ်မိသြားေတာ့သည္။

ေသြးေျခာက္မ်ားႏွင့္ ညိုညစ္ေနေသာအင္းကြက္သည္ ရုတ္ခ်င္းဆိုသလို အနီရဲရဲေတာက္လ်က္ အသက္ဝင္လာ၏။ တစ္ခ်ိန္တည္းမွာပဲ လုႏ်ယ္ခ်ီ၏နဖူးႏွင့္ လက္ဖဝါးရိွ ဟက္တက္ကဲြဒဏ္ရာသည္ အနီေရာင္လင္းလက္လာၿပီးေနာက္ ျပန္လည္မိွန္က်သြားျပန္သည္။

ေအးစက္ေတာင့္တင္းေနၿပီျဖစ္ေသာ လုရႊီက်ိဳအေလာင္းထံမွ ထြက္လာသၫ့္ မျမင္ရႏိုင္ေလာက္သည္အထိ ေမွးမိွန္ေသာအေငြ့တန္းသည္ လုႏ်ယ္ခ်ီကို သံုးႀကိမ္သံုးခါရစ္ပတ္လာ၏။ ကာလရွည္ၾကာစြာ ေစာင့္စားခဲ့ရေသာ အစီအရင္တစ္ခု ၿပီးဆံုးသြားသၫ့္ႏွယ္။ ရႊမ္းမင္ရိွရာသို႔ ၪီးတည္လ်က္ ၪီးခိုက္လာသည္။ ေနာက္ဆံုးဆႏၵမွာလည္း ၿပီးေျမာက္ခဲ့ၿပီ။

လုယြမ္ေၾကာင့္သာမဟုတ္လ်ွင္ သူသည္လည္း လြန္ခဲ့ေသာဆယ့္သံုးႏွစ္ကတည္းက ေက်ာင္းေဆာင္၌ ေသဆံုးသြားေလာက္ၿပီ။ ယေန့တြင္လည္း အသက္ႏွင့္အသက္ကို ထပ္ေလာင္းလဲခဲ့ျပန္ၿပီ။ လုရႊီက်ိဳအတြက္ေတာ့ ထိုက္တန္သည္၊ မ်ွတသည္၊ ျဖစ္ခ်င္ေသာဆႏၵလည္း ၿပီးေျမာက္ခဲ့သည္။

ယခုမွစၿပီး သူ႔အတြက္ မီးအိမ္အပိုခ်ိတ္ေပးရန္ လုႏ်ယ္ခ်ီကို မွာရေပၪီးမည္။ ညီငယ္ျဖစ္သူ ငိုႂကြေးလာလိမ့္မည္ဟု ထင္မထားခဲ့သည္မွာ....။

သက္တမ္းလဲလွယ္ေသာအစီအရင္ ၿပီးေျမာက္သြားခ်ိန္တြင္ အေငြ့တန္းသည္လည္း ေပ်ာက္ကြယ္သြားသည္။ စႀကၤန္လမ္းသည္ ရုတ္ခ်င္းပင္ အေမွာင္က်သြား၏။

အသက္တစ္သက္အတြက္ တစ္ပါးသူ၏သက္တမ္းကို ေပးဆပ္ခဲ့ျခင္းသည္ ယင္ႏွင့္ယန္ကို အေျခမမ်ွေစပဲ ဂူသခ်ၤိဳင္းအတြင္း အိပ္စက္ေနေသာ သံုးရာေသာဝိညာဥ္မ်ားကို ႏိုးထေစပံုရ၏။ ရုတ္တရက္ဆိုသလို ေနာက္ေက်ာမွေန ေလထုက ဝွီးကနဲတိုးဝင္လာေတာ့သည္။ ေက်ာက္တံုးခ်င္းခတ္ေနေသာအသံႏွင့္အတူ က်ိဳးပဲ့ပ်က္စီးသံမ်ားပါ အတူတကြလိုက္ပါလာၾကသည္။

လုႏ်ယ္ခ်ီ၏ပုခံုးကိုပုတ္ကာ သြားၾကရန္ ေဆာ္ၾသလိုက္ခ်ိန္တြင္ ရႊမ္းမင္၏ေနာက္ေက်ာကို တစ္စံုတစ္ရာမွ လာတိုက္သည္အား ခံစားမိလိုက္ရသည္။ တရိွန္ထိုးတိုးဝင္လာေသာေလျပင္း၌ အသက္ရူက်ပ္မတက္ ပုပ္အဲ့အဲ့အနံ႔အသက္မ်ားပါ လိုက္ပါလာၾကသည္။

သံုးရာေသာဝိညာဥ္မ်ားသည္ ပံုမွန္ဆိုလ်ွင္ ျမန္ဆန္စြာလႈပ္ရွားႏိုင္ၾကမည္ မဟုတ္ေသာ္လည္း ဂူသခ်ၤိဳင္းအတြင္း ႏွစ္ကာလမ်ားစြာ အခ်ဳပ္ခံထားရသည္ျဖစ္၍ လြန္စြာလ်ွင္ျမန္ၿပီး ရန္လိုေသာစိတ္မ်ားက ျပင္းထန္ေနၾကသည္။ မ်က္ေတာင္တစ္ခတ္ကာလမွာတင္ ေလွကားေအာက္ေျခ၌ လူအမ်ားစုႃပံုလာေတာ့သည္။ တစ္ေယာက္လည္းမဟုတ္၊ ႏွစ္ေယာက္လည္းမက၊ ရာခ်ီေသာအေလာင္းေကာင္မ်ားက တရိွန္ထိုးၪီးတည္ေျပးလာၾကရာ ရႊမ္းမင္ခမ်ာ ေဘးက်ပ္နံက်ပ္အေျခအေနသို႔ က်ေရာက္ေနေတာ့သည္။

လက္ႏွစ္ဖက္အသာထား၊ လက္ရွစ္ဖက္ရိွလ်ွင္ေတာင္ အႏွီလူစုလူေဝးလက္မွ လြတ္ေျမာက္မည္မဟုတ္။

စႀကၤန္လမ္းမွာလည္း ေရ႔ွပိတ္ေနာက္ပိတ္ျဖစ္ေနသၫ့္အျပင္ ေျပးပုန္းစရာေနရာလည္းမရိျွဖစ္ေနရာ ေခါင္းတလားထဲ ေရာက္သြားသလိုပင္။

ခါးထက္ရိွ ေၾကးျပားတဲြႀကိဳးကို ဆုပ္ကိုင္ထားေပမယ့္ စိတ္မပါလွသလို တြန႔္ဆုတ္ေနသလို မ်က္ေမွာင္က်ဳတ္ထားျပန္သည္။ မသံုးခ်င္၍မ်ားလား၊ သံုး၍အဆင္မေျပလို႔ပဲလား၊ ဘာေၾကာင့္မွန္းရယ္ေတာ့မသိ။

အေလာင္းေကာင္မ်ား၏ပမာဏက ပိုမိုထူထပ္လာၿပီး စႀကၤန္လမ္းနံရံတစ္ေလ်ွာက္သည္ ခဲြျခား၍ပင္မရေသာ ခႏၶာကိုယ္မ်ားႏွင့္ ျပၫ့္ႏွံ႔လာကာ ရပ္ေနဆဲအဖဲြ႔အား ဝန္းရံလာေတာ့သည္။

ေခတၲမ်ွထူးဆန္းစြာၿငိမ္သက္သြားေသာ အေလာင္းေကာင္မ်ားသည္ အတူတကြ ပူးကပ္သြားၿပီးေနာက္ အဟုန္ျပင္းျပင္းျဖင့္ ရႊမ္းမင္ထံသို႔ လိႈင္းနက္ႀကီးႏွယ္ လိမ့္တက္လာေတာ့သည္။

"ကတံုး?!"

ရႊမ္းမင္အိတ္ကပ္အတြင္း ဘယ္လႊဲညာလႊဲႏွင့္ မူးေဝေနေသာ ရႊဲရွန္သည္ ပတ္လည္ဝိုင္းေနေသာ ေသြးညီနံ႔မ်ားကို အနံ႔ခံမိသြား၏။ ေသြးညီနံ႔မ်ားအၾကား ပုန္းခိုေနေသာရနံ႔သည္ မိွန္ဖ်ဖ်ေဆးရနံ႔။ ရႊမ္းမင္ခါးထက္ရိွ တစ္စံုတစ္ရာသည္ ျပင္းျပင္းထန္ထန္ လႈပ္ခါလာပံုရ၏။ တမဟုတ္ခ်င္းဆိုသလို ပူေနြးလာသည္မွာ ခ်စ္ခ်စ္ေတာက္လ်က္။

ဆူပြတ္လာေလသလား? ရင္ဘက္၌ဒိန္းကနဲျဖစ္သြားကာ ေလဟာနယ္ထဲျပဳတ္က်သြားသည့္ႏွယ္ ဗလာက်င္းသြားေတာ့သည္။

ေသြးနံ႔မွာလည္း ျပင္းထန္လာ၏။

မျဖစ္ဘူး၊မျဖစ္ဘူး၊ရွင္ရက္လြတ္ေျမာက္ႏိုင္ပါ့မလား?

ရႊဲရွန္သည္ စိုးရိမ္ထိတ္လန႔္ေနေသာ္ျငားလည္း အမွန္တကယ္တမ္းမွာ ေရႊလံုးတစ္လံုးသာျဖစ္တာေၾကာင့္ ေသဆံုးသြားမွာလည္းမဟုတ္။ ပ်က္ဆီးသြားလ်ွင္ေတာင္ သက္တမ္းအဆံုးမရိွေသာ နဂါးတစ္ေကာင္ျဖစ္တာမို႔ နည္းလမ္းထပ္ရွာလို႔ရႏိုင္သည္။

ရွင္ရက္လြတ္ေျမာက္ႏိုင္ပါ့မလား ဆိုေသာစကားသည္ ရႊဲရွန္ထံမွထြက္လာသည္ျဖစ္၍ အဓိပၸာယ္ပင္မရိွ။ ေသလူက်န္းရွီနင္ထံမွ ထြက္လာလ်ွင္လည္း ရယ္ဖြယ္ရာသာ။ ႏွစ္ၪီးသားကေတာ့ ရွင္က်န္မွာေသခ်ာသည္။

လုႏ်ယ္ခ်ီႏွင့္........ကတံုး။

အစကဆိုလ်ွင္ျဖင့္ ရႊဲရွန္အေရးအရာလုပ္မည္မဟုတ္။ ေနာက္ပိုင္းတြင္...ႏွစ္ၪီးၾကားဆက္ဆံေရးဆိုသည္မွာလည္း လက္တစ္ဆုပ္စာမ်ွ တိုက္ဆိုင္မႈေတြရိွေနျခင္းသာ။ အရႈပ္အေထြးတစ္ရပ္။ ဤအတြက္ေၾကာင့္ပဲ ဘာေၾကာင့္မ်ား သူ႔ထံတြင္ စိုးရိမ္ပူပန္မႈမ်ား တဲြခိုလာသည္ကို ရႊဲရွန္နားမလည္ႏိုင္ေတာ့။

အမွန္သာ၊ အေတာ္ပင္ပူပင္ေၾကာင့္ၾကေနမိသည္။ ရႊမ္းမင္အိတ္ကပ္အတြင္းမွ ခုန္ထြက္ႏိုင္ရန္ တြန္းတင္ေပးမၫ့္ က်န္းရွီနင္လည္းရိွေနရာ ရႊဲရွန္ေလထဲသို႔ ေျမာက္တက္သြားသည္။ ရႊမ္းမင္ခါးဆီမွ ရရိွလိုက္ေသာ ေနြးေထြးမႈက ကပ္ပါေနဆဲ။ မေဖာ္မျပႏိုင္ေသာ ခံစားခ်က္မွာ ရြံ႔ေျမအတြင္းမွ စုပ္ယူခဲ့ေသာအရာ ေက်ညက္သြားေသာေၾကာင့္လည္းျဖစ္ႏိုင္သည္။

ေဒါင္—! ေရႊလံုးသည္ အေပၚကိုမ်က္ႏွာမူလ်က္ ၾကမ္းျပင္ထက္က်၏။

ရႊမ္းမင္၏ႏွင္းတမ်ျွဖဴေသာဝတ္ရံုသည္ ေသြးမ်ားရႊဲစိုေန၏။ လက္ထဲ၌ မီးေတာက္သည္ ေတာက္ေလာင္ဆဲျဖစ္ေပမဲ့ သံႀကိဳးခတ္ျခင္းခံထားရေသာ သားရဲတစ္ေကာင္ႏွယ္ အျပင္းအထန္ရုန္းကန္ေန၏။ အေလာင္းေကာင္အုတ္လိုက္က်င္းလိုက္မွာလည္း ေထာင့္တိုင္းဆီမွ ဝင္လိုက္ထြက္လိုက္ႏွင့္ ကိုက္ခဲဆုတ္ၿဖဲေနၾကသည္။ ရႊမ္းမင္၏တည္ၿငိမ္လွေသာမ်က္ႏွာထားသည္ အျခားသူမ်ား၏အသက္အတြက္လည္းမဟုတ္ ကိုယ္ကိုယ္တိုင္အတြက္ပင္မက်န္ မည္သူမဆိုအား ဂရုမထားဆိုေသာ အမူအရာအျပၫ့္။

ရႊဲရွန္ၾကမ္းျပင္ထက္သို႔ ျပဳတ္က်ခ်ိန္တြင္ ရႊမ္းမင္သတိမျပဳမိလိုက္ေပမဲ့ လက္တြင္းမွမီးေတာက္ကေတာ့ လႈပ္ခါသြားသည္။

ၾကမ္းျပင္ထက္တြင္ ေရႊလံုးသည္ ေခါင္းျပတ္ေနေသာယင္ေကာင္ႏွယ္ သို႔မဟုတ္ အႀကံရိွေနသူတစ္ၪီးႏွယ္ တဟုန္ထိုးလိမ့္ဆင္းသြားေတာ့၏။ အေလာင္းေကာင္ေျခေထာက္မ်ားၾကား ေရွာင္ကြင္းလ်က္ ေက်ာက္သားနံရံကို တိုက္မိသြား၏။

ဟုန္—

အလြန႔္အလြန္ႀကီးမားေသာ အေလးခ်ိန္ႏွင့္ တြန္းတိုက္ခံလိုက္ရသၫ့္ႏွယ္ ဂူသခ်ၤိဳင္းတစ္ခုလံုး တုန္ခါျမည္ဟီးလာေတာ့သည္။

ရႊဲရွန္မွာၾကက္ေသေသသြားေတာ့သည္။ ငါေၾကာင့္လား?!

ေရႊလံုးထံတြင္ စြမ္းရည္စြမ္းပကားရိွေသာ္ျငားလည္း အထင္ႀကီးေလာက္စရာမွာ အလံုးတစ္လံုး၏ လုပ္ႏိုင္စြမ္းပင္။ အေကြ့အေကာက္မ်ားစြာကို ျဖတ္ေက်ာ္ၿပီးေနာက္ နံရံကိုထိမိခ်ိန္တြင္ အားစိုက္မိလိုက္သည္မဟုတ္။ အႀကိမ္အနည္းငယ္ခန႔္ေခါက္ၿပီးေနာက္တျဖည္းျဖည္းအားယူရန္သာ ႀကံရြယ္ထားခဲ့သည္။ အားအင္အျပၫ့္ကိုသာ ထုတ္သံုးလိုက္ပါက အႏွီဂူသခ်ၤိဳင္းအသာထား တစ္ခ်က္တည္းႏွင့္ ဆယ္ဂူမက ဖ်က္ဆီးပစ္လိုက္ႏိုင္သည္။

သို႔ေပမဲ့လည္း သူမဟုတ္ရင္ ဘယ္သူမ်ားျဖစ္မလဲ?

ရႊဲရွန္ဆက္မေတြးေတာ့ပဲ နံရံကို ဒုတိယအႀကိမ္ ဝင္တိုးလိုက္သည္။

ဟုန္—

ေနာက္တစ္ႀကိမ္ ႀကီးမားလွေသာ ျမည္ဟီးသံ။ မ်က္ႏွာက်က္မွ ေက်ာက္စရစ္ခဲမ်ား လိမ့္က်လာရာ ရႊဲရွန္လည္း ဖုန္မ်ားဖံုးကာသြားေတာ့သည္။

ပါးစပ္ဆိုၿပီး ဟုတ္တိပတ္တိမရိွေသာ္ျငားလည္း "ဖီြး"ဟူၿပီး မသိလိုက္ပါပဲ ဖုန္မ်ားအား ေထြးထုတ္မိလိုက္ေသး။ ထို႔ေနာက္ ျပန္လိွမ့္ကာ ရႊမ္းမင္ကိုၾကၫ့္လိုက္သည္။ နံရံကိုအားျဖင့္ တြန္းတိုက္ေနေသာသူသည္ ရႊဲရွန္မဟုတ္လ်ွင္ ကတံုးတစ္ၪီးသာရိွေတာ့သည္။

အေလာင္းေကာင္မ်ား၏ လက္သည္းမ်ားၾကားမွေက်ာ္လ်က္ ရႊဲရွန႔္ျမင္ေနရေသာျမင္ကြင္းမွာ ရႊမ္းမင္သည္ ေသြးစိုေနေသာလက္ႏွင့္ ေၾကးျပားတဲြခ်ည္ထားေသာႀကိဳးကို ဆုပ္ကိုင္ထားၿပီး ေၾကးျပား၌ ေသြးစိမ္းရွင္ရွင္ဖံုးလြမ္းသြားသည္။

အဘယ္နည္းလမ္းနည္းစဥ္မ်ားမွန္းေတာ့ ရႊဲရွန္မသိေပမယ့္ ရႊမ္းမင္၏ညိုညစ္ေၾကးထပ္ေနေသာ ေၾကးနီျပားမ်ားသည္ ေသြးစက္ေၾကာင့္ ႏိုးထလာသၫ့္ႏွယ္ ေတာက္ေျပာင္လာသည္အား ရႊဲရွန္ျမင္လိုက္မိသလိုပင္။

ေသြးမ်ားစီးက်ေနေသာလက္ေခ်ာင္းႏွင့္ ေၾကးျပားတစ္ျပားကို ဖိကိုင္ရာ ေသြးမ်ားပန္းထြက္လာၿပီး ေၾကးျပားတဲြႀကိဳးမွာ ေသြးလႊမ္းသြားျပန္သည္။

ဟုန္—

ဤတစ္ႀကိမ္မွာေတာ့ ငလ်င္လႈပ္သၫ့္ႏွယ္ စႀကၤန္တစ္ေလ်ွာက္ တုန္ခါသြားသည္။ တုန္ခါယမ္းေနေသာၾကမ္းျပင္ေၾကာင့္ ရႊဲရွန္လည္း ေရ႔ွေနာက္ယမ္းေနေတာ့သည္။ အန္မိေတာ့မလိုပင္ ခံစားလာသ၏။

လက္တစ္ဖက္မွာ ေၾကးျပားတဲြႀကိဳးကိုကိုင္ထားၿပီး အျခားတစ္ဖက္ရိွ မီးေတာက္ေတာင္ေလာင္ေနဆဲလက္ကို ရင္ဘတ္နားတိုးကပ္၍ ေသြးမ်ားအၾကားမွ ၪီးၫြတ္ဟန္ျပဳသည္။ မ်က္ခြံမ်ားတင္းတင္းပိတ္လ်က္ ႏႈတ္ခမ္းမွ အသံမထြက္ပဲ ေရရြတ္လာသည္။

ရုတ္တရက္ဆိုသလို အံ့မခန္းအသံသည္ စႀကၤန္လမ္းတစ္ေလ်ွာက္ ဟိန္း၍ထြက္လာသလို ေက်ာက္ကဲြစမ်ား ေလေပၚပ်ံသြားၿပီးေနာက္ ေျခဖဝါးေအာက္ၾကမ္းျပင္မွာလည္း က်ဆင္းသြားေတာ့သည္။

ေနာက္စဥ္မွာ အက္ေၾကာင္းထပ္သြားေသာ ေက်ာက္သားမ်ားအၾကားမွ စီးဝင္လာေသာေရေအးမ်ားျဖစ္ၿပီး အေလာင္းေကာင္မ်ားလည္း အလ်င္အျမန္ပင္ နစ္ျမဳပ္သြားၾကေတာ့သည္။

ေရသည္ ေအးစက္မည္းေမွာင္ေနေသာ္ျငားလည္း ယခင္ကေအာက္ေျခသို႔ ဆဲြခ်ခဲ့ေသာ ေရညစ္မ်ားနဲ႔ေတာ့ ကြာျခားလွသည္။ သည္ေဆာင္းေဟမန္ေျမာက္ေလျပန္သၫ့္ႏွယ္ လန္းဆန္းခ်မ္းစိမ့္ေစေသာ ေလေအးမ်ားပါ လိုက္ပါလာသည္။

ျမစ္ဆီမွေရမ်ားသာ။

ေရထဲသို႔ ရႊဲရွန္လိုက္ပါသြားခ်ိန္တြင္ ေတြးမိသည္မွာ: 'ကတံုးကေတာ့ငါ့အႀကံကိုခိုးသြားၿပီ!တစ္ေနရာလံုးကိုတကယ္ပဲဖ်က္ဆီးပစ္လိုက္....

မေက်မနပ္ေျပာစကား မဆံုးေသးခင္မွာ ရႊဲရွန္သေဘာေပါက္သြားသည္က ရႊမ္းမင္ေၾကာင့္ ဂူသခ်ၤိဳင္းတစ္ခုလံုးသာမက သခ်ၤိဳင္းေတာင္ပူစာကၽြန္းတစ္ကၽြန္းလံုးပါ ေရထဲက်ဆင္းလာေၾကာင္းသာ။

ေက်ာက္တံုးမ်ား ေရတံခြန္သဖြယ္ လိမ့္ဆင္းလာသလို သစ္ပင္မ်ားပါမက်န္ က်ဆင္းသြားရာ တဟီဟီျမည္ကၽြေးေနၾကေသာ အေလာင္းေကာင္မ်ားလည္း လိုက္ပါေနၾကသည္။ ျမစ္တစ္ျပင္သည္ ဆူညံသံမ်ားႏွင့္ လႊမ္းႃခံုသြားေတာ့၏။

ေအာက္ေျခမျွမစ္ေရသည္ စတင္အျပင္းအထန္ လႈပ္ရွားထႂကြလာသည္ကို ရႊဲရွန္ခံစားလိုက္ရသည္။

ဂူသခ်ၤိဳင္းၿပိဳက်ျခင္းႏွင့္ ရာခ်ီေသာအေလာင္းေကာင္မ်ား၏ လႈပ္ရွားမႈက ျမစ္ေရကို လိႈင္းထန္ေစၿပီး အားျပင္းေသာဝဲဒလက္စတင္လာေတာ့သည္။ ေသးငယ္ေသာဝဲဂယက္ငယ္မ်ားမွာလည္း အရပ္ရွစ္မ်က္ႏွာမွ ၪီးတည္လာၾကေတာ့သည္။

ကၽြန္းေပၚမွ အပ်က္အစီးမ်ားႏွင့္ ရာခ်ီေသာအေလာင္းေကာင္မ်ား၏ ဆဲြေခၚမႈေၾကာင့္ ေဘးဘီဝဲယာရိွ ၫွာတာျခင္းကင္းေသာ ဝဲဂယက္မ်ားအလယ္တြင္ ေရာက္ေနေတာ့သည္။

ျမဳပ္လိုက္ေပၚလိုက္ျဖစ္ေနေသာ ရႊဲရွန္သည္ စတင္ေဒါသပုန္ထလာေတာ့၏။ ရြံ႔ေရထဲမွ စုပ္ယူခဲ့ေသာအရာမွာ ေရႊလံုးႏွင့္ တစ္သားတည္းျဖစ္ေနၿပီျဖစ္သလို ရႊမ္းမင္ခါးဆီမွရရိွထားေသာ အပူဓာတ္လည္းရိွေနရာ ရုတ္ခ်င္းဆိုသလို ေရႊလံုးကို ထြက္ခြာလိုေသာစိတ္က ခ်ဥ္းနင္းဝင္ေရာက္လာေတာ့သည္။ ေရႊလံုး၌ ေနရာအၾကားအလပ္တစ္ခုပါမက်န္ တြန္းတိုက္ေနေသာအားသည္ သူ႔ရင္ကိုခဲြ၍ အူအသည္းႏႈတ္ခ်င္ေနသၫ့္ႏွယ္။

တမဟုတ္ခ်င္းမွာပဲ တိမ္မည္းမ်ားသည္ ျမစ္ေကာင္းကင္ယံထက္ စုစည္းလာၾကေတာ့၏။ ေတာက္ပေသာလ်ပ္စီးေၾကာင္းေနာက္ လိုက္ပါသည္က ေသာင္းခ်ီေသာျမင္းမ်ား တိမ္ယံခြင္း၍ ျမစ္ယံေသာင္းေျပာင္းဒုန္းစိုင္းေျပးလာေသာအသံထက္ က်ယ္ေလာင္လွေသာ မိုးခ်ိမ္းသံပင္။

မိုးေရစက္မ်ား က်ဆင္းလာေသာအခါ ျမစ္ယံ၌ ဖံုးလႊမ္းထားေသာျမဴခိုးမ်ားသည္ ပို၍ပင္ သိပ္သည္းလာရာ တစ္ၪီးတစ္ေယာက္ကိုမွ ျမင္ႏိုင္စြမ္းမရိွေတာ့။

ေနာက္ထပ္ထြက္ေပၚလာသည္မွာ ေရေအာက္ေျခမွလာသၫ့္ ဝွီကနဲက်ယ္ေလာင္စြာျမည္တြန္သံျဖစ္သည္။ အလြန္ႀကီးမားေသာအရိပ္သည္ ျမဴခိုးထူထပ္ေနသည္အတြင္းသို႔ တိုးဝင္သြားေတာ့၏။

ရွည္လ်ားေသာ အရိပ္ခံုးတက္လာၿပီးေနာက္ ဝဲဒလက္သည္လည္း က်ိဳးႏြံစြာျဖင့္ ေရေအာက္ၾကမ္းျပင္သို႔ က်ဆင္းသြား၏။ မေရမတြက္ႏိုင္ေသာ အေလာင္းေကာင္မ်ားႏွင့္ အပ်က္အစီးမ်ားကိုပါ ဝဲဒလက္အတြင္းဆဲြေခၚသြားေလသည္။

ခႏၶာကိုယ္တစ္ခုအတြက္ ေျခာက္ေပသာလိုအပ္ေပမယ့္ သံုးရာေသာ စိတ္မခ်မ္းေႁမ့ဖြယ္ရာ အေလာင္းမ်ားအတြက္ကိုေတာ့ က်န႔္ေျခာက္ဆယ္ေတာင္ လံုေလာက္ပါ့မလား?

ျမစ္ဆိပ္တစ္ေနရာ ၿခံဝန္းအတြင္း၌ ကေလးငယ္သည္ ဆီးပင္ကိုင္းကို ဖက္တြယ္ရင္း မုန္တိုင္းခိုရန္ ျငင္းဆန္ေနေလ၏။ ေကာင္းကင္ယံထက္ကို မမိွတ္မသုန္ေမာ့ၾကၫ့္ၿပီး မိဘမ်ားကို ေျပာလာသည္က

"နဂါးႀကီး—"

မိဘမ်ားလည္း ကေလးငယ္ၫႊန္ျပေသာေနရာအား သာမန္ကာလ်ွံကာမ်ွသာေသာသေဘာျဖင့္ လိုက္ၾကၫ့္ရာ ထူထဲေသာျမဴခိုးမ်ားအတြင္း ရွည္ေမ်ာေမ်ာ ႁမြေသ႑ာန္အရိပ္ကို ေတြ့ေတာ့သည္။ ေကာင္းကင္ယံသို႔ ေလွကားထစ္မ်ားႏွယ္ တြန႔္ေကြးတက္သြားၿပီး မာန္ထေနေသာျမစ္ေရျပင္သို႔ တဖန္ျပန္လည္ဆင္းသက္သြားေလသည္။

"ဘုရား..ဘုရား..တကယ္ပဲနဂါးပါလား"

•••••

Continue Reading

You'll Also Like

46.5K 5.4K 82
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
1.2M 77.9K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
1.6M 199K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
168K 18.8K 97
ဘာသာပြန်သူ - စွဲညို့အသင်း