Mary Sue แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€žแ€ญแ€ฏแ€ทแ€€แ€ฐ...

Oleh hooniemochi

1.3M 40.3K 788

ใ€Š ๐–ฒ๐—๐–บ๐—๐—Ž๐—Œ: ๐–ข๐—ˆ๐—†๐—‰๐—…๐–พ๐—๐–พ๐–ฝ // ๐–พ๐–ฝ๐—‚๐—๐–พ๐–ฝ ๐—๐–พ๐—‹๐—Œ๐—‚๐—ˆ๐—‡ใ€‹ ๐–ฌ๐—’๐–บ๐—‡๐—†๐–บ๐—‹ ๐–ณ๐—‹๐–บ๐—‡๐—Œ๐—…๐–บ๐—๐—‚๐—ˆ๐—‡ ๐—ˆ๐–ฟ... Lebih Banyak

๐–ณ/๐–ญ
Description
CHAPTER 1.1
CHAPTER 1.2
CHAPTER 1.3
CHAPTER 2.1
CHAPTER 2.2
CHAPTER 2.3
CHAPTER 3.1
CHAPTER 3.2
CHAPTER 4.1
CHAPTER 4.2
CHAPTER 4.3
CHAPTER 5.1
CHAPTER 5.2
CHAPTER 6.1
CHAPTER 7.1
CHAPTER 7.2
CHAPTER 7.3
CHAPTER 8.1
CHAPTER 8.2
CHAPTER 9.1
CHAPTER 9.2
CHAPTER 9.3
CHAPTER 10

CHAPTER 6.2

11.7K 1.5K 11
Oleh hooniemochi

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ကျင့်စစ်းဟန့် စကားပြောပြီးနောက် သူ့အနောက်ကနေ အော်သံတစ်ချို့ကိုကြားလိုက်ရသည်။

“ရှောင်းကော  အစ်ကို့ ဒဏ်ရာက သွေးတွေထွက်နေတယ်!”

နန်ရှောင်းက “အမ်း”ဆိုပြီးပဲ ပြောလိုက်ပြီး ဘာမှဆက်မပြောဘဲ ရှီးနဥ်ကိုတော့ လှမ်းကြည့်လိုက်တယ်။

ရှီးချန်လည်း ထိုစကားကို ကြားပြီးနောက် သူ့ဒဏ်ရာကို အာရုံစိုက်နေတဲ့ ရှီးနဥ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“နန်ရှောင်း ဒဏ်ရာရနေတယ်တဲ့”

ရှီးနဥ် သူမရဲ့ခေါင်းကို လှည့်လိုက်ကာ ဖြတ်ခနဲကြည့်လိုက်ပြီး သူမရဲ့အကြည့်ကို ခပ်မြန်မြန်ပဲ လွှဲလိုက်သည်။

“သူအခုအကောင်းကြီးအတိုင်း ရပ်နိုင်သေးတာပဲ  အဆင်ပြေလောက်မှာပါ ကိုကိုရယ်”

သူမရဲ့အသံက နည်းနည်း ကျယ်တာကြောင့် နန်ရှောင်း ထိုစကားကို ရှင်းရှင်းလင်းလင်းကိုကြားလိုက်ရသည်။

သူက မြေပေါ်ကို သွေးတွေ အန်ချလုနီးပါးပင်။

သူ့ဆက်ဆံပုံ က ဘယ်လိုတောင် ကွာခြားနေမှုကြီးလဲ? ဘယ်လိုပဲဖြစ်ဖြစ် နန်ရှောင်းကလည်း သူ့ကို ကယ်တင်ပေးခဲ့တာပဲလေ။

အဲ့ဒီ အမှိုက်လိုကောင်တွေက သူ့ကို ရိုက်နှက်နေတဲ့အချိန်တုန်းမှာဆို ရှီးနဥ်က သူ့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲနဲ့ ထွက်သွားတယ်။ ရှီးချန်ကော ရောက်လာတော့  သူ တုတ်နဲ့အရိုက်ခံရမှာဆိုးလို့ သူ့အရှေ့ကနေ ချက်ချင်း အစားဝင်ခံပေးလိုက်သေးတယ်။

သူ့ကျတော့ တစ်ချက်ကလေးမှကို မကြည့်ဘူး!!

ရှီးချန်ကတော့ အတော်လေး ထူးဆန်းတယ်လို့ခံစားရတယ်။ သူက နန်ရှောင်းကလွဲပြီးတော့ ကျန်တဲ့လူ‌တွေကို ဂရုမစိုက်ခဲ့တာမဟုတ်ဘူးလား??

“မင်း သူ့ကိုသွားမကြည့်တော့ဘူးလား?”

ရှီးနဉ်က သူမခေါင်းကို ခါပြလိုက်သည်။

“မသွားတော့ဘူး အိမ်ပဲပြန်ကြရအောင်”

ထူးဆန်းတယ်လို့ ခံစားနေရသော်လည်း ရှီးချန်က ဘာမှတော့ ဆက်မပြော‌လိုက်ပေ။

သူက ရှီးနဥ်ရဲ့ခေါင်းပေါ်ကို helmet ဆောင်းပေးလိုက်ပြီး  မေးသိုင်းကြိုးပါ တပ်ပေးလိုက်သည်။

“သွားကြစို့”

သူက အင်ဂျင်စက် စနှိုးလိုက်ပြီး ဆိုင်ကယ်ကို မောင်းနှင်လိုက်သည်။

နန်ရှောင်းက ထွက်သွားတဲ့ မောင်နှမနှစ်ယောက်ရဲ့ အနောက်ဘက်ကို ကြည့်နေပြီး သူ့ကိုယ်သူ ဘယ်လိုခံစားနေရမှန်းကိုမပြောနိုင်တော့ဘူး။

ရှီးနဉ် ရဲ့နောက်လိုက်ဖြစ်တဲ့ကောင်မလေးတွေက စုရပ်နေပြီး အသံတိုးတိုးလေးနဲ့စပြောလိုက်သည်။

“ကျယ်ကျဲက သူ့အစ်ကိုကို မနှစ်မြို့ဘူး မဟုတ်လား?”

“ဟုတ်တယ်‌လေ ဒါမဲ့ အခု နန်ရှောင်းကောဆို   သူ့ထက် ပိုပြီးတော့ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရနေပေမဲ့ ကျဲက သူ့ကို တစ်ချက်ကလေးမှကိုမကြည့်ဘူး”

“ကြည့်ရတာ ငါတို့ကလပ်က တကယ်ပျက်သွားပြီထင်ပါတယ်ဟယ်”

ကျင့်စစ်းဟန့်က သူ့ပခုံးကို ပုတ်လိုက်ပြီး

“ရှောင်းကောရေ  ရှီးနဉ် က တကယ်ကို ပြောင်းလဲသွားတာကို ကျွန်တော်တွေ့မိတယ် အခု ကော တော့လွတ်လပ်သွားပြီပဲ ငါတို့အထိမ်းအမှတ်အနေနဲ့ သွားကျင်းပကြမလား?”

နန်ရှောင်း သူ့ကိုလှည့်ကြည့်လိုက်ပြီး အသံခပ်မာမာနဲ့ပြောလိုက်သည်။

“လစ်စမ်း”

ရှီးနဉ်က ရှီးချန်ရဲ့ဆိုင်ကယ်အနောက်မှာထိုင်လိုက်ပြီး သူမရဲ့လက်နှစ်ဘက်က သူ့ရဲ့ရှပ်အင်္ကျီ တစ်ဘက်တစ်ချပ်စီကို ဆွဲထားသည်။

ရှီးချန်ရဲ့ဆိုင်ကယ်က အတော်လေးကို မိုက်တာမို့ လမ်းတစ်လျှောက်လုံး အရှိန်နဲ့အရမ်းကြီး သွားနေတယ်လို့ ခံစားရသည်။

ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးတဲ့ ရှီးချန်လိုလူ‌အတွက်ကတော့ ဒီဆိုင်ကယ်မောင်းနေတဲ့အရှိန်က ရှီးနဉ် တွေးနေတာထက်ကို အတော်လေး နှေးသေးသည်။

ဒါပေမဲ့ ရှီးနဉ်ကတော့ တော်တော်မြန်တယ်လို့ခံစားနေရတုန်းပဲ။

“နည်းနည်းလောက်အရှိန်လျှော့ပေးလို့မရဘူးလားဟင်?”

ရှီးချန် ရယ်ကာပြောလိုက်သည်။

“ငါ့အထင်တော့ မင်းက သေရမှာ မကြောက်တဲ့သူ မလား အခုကျမှ မင်းက ဘာလို့ အရမ်းကြီးကြောက်နေရတာတုန်း?”

ရှီးနဉ် သက်ပြင်းချလိုက်သည်။

“တစ်ခုခုဖြစ်မှာဆိုးလို့လေ ညီမလေးက ကိုကို့ ကို မထိခိုက်စေချင်ရုံပါပဲ”

သူမအတိတ်ဘဝတုန်းက သူမမိသားစုက သူမကိုတစ်ယောက်တည်း ချန်ပြီး စောစောစီးစီး ခွဲခွာသွားကြတယ်။ သူမကပဲ နောင်တတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ပဲ ကျန်ခဲ့တာ။

ဒီဘဝမှာတော့ သူမက မိသားစုရဲ့အချစ်တွေအားလုံးကို ရက်အနည်းငယ်လောက်ကတည်းက ရရှိခဲ့တယ်လို့ ခံစားရတယ်။ သူမရဲ့အစ်ကိုက ကြောက်စရာကောင်းပြီး ‌အေးစက်စက်စက်နိုင်လွန်းတာတောင် သူက သူမကို ချစ်တယ်ဆိုတာကို ရှီးနဉ် သိတယ်။

မူလရှီးနဉ်က သူ့ကို အများကြီး နာကျင်စေခဲ့ပြီးပြီ။ အခုတော့ သူ့အတွက် သူမပြန်ပြင်ဆင်ရမဲ့အချိန်ပဲဖြစ်သည်။

သူမရဲ့လက်တွေနဲ့  ရှီးချန်ရဲ့ခါးကိုဖက်လိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။

“ကိုကြီး ဖြည်းဖြည်းလေး မောင်းပေးပါနော် ”

သူမ သူ့ခါးကိုဖက်လိုက်တဲ့အချိန်ကဆို ရှီးချန်ရဲ့ခန္ဓာကိုယ် တောင့်တင်းသွားတာကို ခံစားမိသည်။

ဒီအစ်ကိုနဲ့ညီမနှစ်ယောက်သားဟာ ရန်သူလိုနေ့တိုင်းပဲ ရန်သတ်နေကြသည်။ နီးနီးကပ်ကပ်မရှိကြဘူး။ အခုတလော ရှီးနဉ်ရဲ့အပြုအမူတွေကြောင့် သူ့ကို အကြိမ်ပေါင်းများစွာ အံ့ဩ‌စေသည်။

အဲ့ခံစားချက်ကို ဖော်ပြရမယ်ဆိုရင် အလွန်ဆင်းရဲလွန်းတဲ့လူကြီးတစ်ယောက်က ရုတ်တရက်ဆိုသလို 5 millionရမဲ့ ထီလက်မှတ် ပေါက်သွားသလိုခံစားချက်မျိုးပင်ဖြစ်သည်။ အလုံးစုံကို မယုံနိုင်ဖြစ်နေတုန်းပဲဖြစ်သည်။

ဒါပေမဲ့ သူ ဘာမှတော့မပြောလိုက်ပေမဲ့ ဆိုင်ကယ်ရဲ့ အရှိန်ကို အများကြီးကို လျှော့ပေးလိုက်သည်။

နှစ်ယောက်သား အိမ်ပြန်ရောက်ပြီးနောက် ရှီနင်ရော ရှီးချန်ရော တံခါးမကြီးကနေဝင်လာကြတာကို အန်တီကျန့် ကမြင်တော့ သူတို့ကို ထွက်ကြိုနှုတ်ဆက်တော့တယ်။

“သခင်လေးနဲ့သခင်မလေး‌တို့ ပြန်လာပြီ သခင်ကြီးနဲ့သခင်မတို့ စိတ်ပူနေကြတာ ရူးမတက်ပဲ”

“အထူးသဖြင့် သခင်ကြီးပဲ သူက သခင်မလေးနောက်တခါ စိတ်လက်မာန်ပါ ထပ်လုပ်သွားမှာကို စိုးရိမ်နေတာ အိမ်ထဲ မြန်မြန်ဝင်ခဲ့ကြတော့”ဆိုပြီး အန်တီကျန့်ကပြောလေသည်။

ရှီးနဉ်ကခေါင်းညိတ်ပြလိုက်ပြီးပြောလေသည် “သမီးသိပြီ အန်တီကျန့်”

သူတို့အတူတူဝင်လိုက်ကြပြီး ဧည့်ခန်းမှာထိုင်နေတဲ့ ရှီးကျန့်ဖျင်ကို တွေ့လိုက်ရသည်။ လင်မော့ရွှယ် ကတော့ ဆရာမကိုလှမ်းဖုန်းဆက်နေတဲ့ပုံပဲ ဖုန်းပြောနေတုန်းတစ်ဝက်မှာ ကလေးတွေပြန်လာတာကိုတွေ့ရတော့ သူမရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ ကင်းရှင်းသွားသည့်အလား စိတ်အေးသွားကာ ပြောလိုက်သည်။

“ဆရာမရေ စိတ်မပူနဲ့တော့ သူတို့တွေ ပြန်လာပြီ”

ထိုသို့ပြောပြီးနောက်  လင်မော့ရွှယ် က ဖုန်းခေါ်ထားတာကိုချလိုက်ပြီး သူတို့ဆီကို သွားလိုက်သည်။

“သမီး ပြန်လာတာ နောက်ကျလိုက်တာ ဘာတွေလုပ်နေလို့ ဒီလောက်တောင် နောက်ကျနေတာလဲ? ညရှစ်နာရီတောင်ရှိနေပြီ သမီးရဲ့အဖေနဲ့ အမေ့ကို  စိုးရိမ်လွန်ပြီး သေအောင်လုပ်နေတာလား”

“သမီးတို့ နောက်ကျသွားတယ် အခု မစိုးရိမ်ပါနဲ့ မေမေ”

ရှီးနဉ်က  သူမအမေကိုစိတ်သက်သာသွားအောင် လက်ကို ဆွဲယူ ပုတ်ပေးလိုက်သည်။

“ရှောင်ချန် ဘာတွေဖြစ်ခဲ့တာလဲကွယ်?”

မော့ရွှယ်ဟာ  ရှီးချန်ရဲ့ဒဏ်ရာကို သတိထားမိသွားပြီး မေးလိုက်သည်။

ရှီးချန်က မဖြေတဲ့အပြင် မျက်နှာသေနဲ့ပဲ ခပ်တည်တည်ရပ်နေသည်။

လင်မော့ရွှယ်ဟာ  သူ သူမကို  မနှစ်သက်တာ သိတာမလို့ ဘာမှဆက်မပြောဘဲ နေလိုက်သည်။ ထို့နောက် သူမက သူတို့ကို ကိုယ်လက်သန့်စင်ပြီး ထမင်းစားဖို့ တိုက်တွန်းလိုက်သည်။

ညစာစားပွဲမှာ ရှီးကျန့်ဖျင်ဟာ  ရှီးနဉ် ရဲ့ပန်းကန်ထဲကို အသီးအရွက်တွေ ထည့်ပေးနေသည်။

လင်မော့ရွှယ်ကအဲ့တာကိုမြင်တော့ ရှီးကျန့်ဖျင်နား ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“နဉ်နဉ့်ကိုပဲ မျက်နှာလိုက်ပြီးထည့်မပေးနဲ့လေ ရှောင်ချန်ရဲ့ပန်းကန်ထဲကိုလဲ ထည့်ပေးသင့်တယ် ”

လင်မော့ရွှယ်ဟာ  သူ့အမျိုးသားကို အကြည့်စူးစူး စိုက်ကြည့်လိုက်ပြီးနောက် ရှီးချန်ဆီကို အသားယူပြီး ထည့်ပေးဖို့ ပြင်လိုက်သည်။

“ရော့  ရှောင်ချန် များများထည့်စား”

ရှီးချန်ကတော့ ထိုအသားကို ကိုယ့်ဘာသာကို တိုက်ရိုက် ယူလိုက်ပြီး မထေ့ပြုံးပြုံးကာ ပြောလိုက်သည်

“ခင်ဗျား သဘောကောင်းချင်ယောင် ဆောင်ပြစရာမလိုပါဘူး”

မော့ရွှယ်ဟာ  စကားပြောနေတာကိုရပ်လိုက်ကာ သက်ပြင်းချလိုက်ပြီး တိတ်တဆိတ်ပဲဆက်စားလိုက်သည်။

ရှီးကျန့်ဖျင်ဟာ သူ့မိန်းမကို အပြစ်ပြုလိုက်တာကိုတွေ့လိုက်ရတော့ သူ့မျက်နှာက စိမ်းဖန့်ဖန့်ဖြစ်သွားသည်။

“မင်း ကိုယ့်အမေကို ဘယ်လိုစကားပြောလိုက်တာလဲ? တောင်းပန်လိုက်”

ရှီးချန်က ဂရုမစိုက်စွာနဲ့ကြည့်လိုက်သည်။
“ကျွန်တော့်အမေက ဘယ်မှာလဲ?”

သူဘာသာ အသားတုံးကုန်းစားနေတဲ့ ရှီးနဉ်ဟာ  အတော်လေး လန့်သွားသည်။ ရှီးချန်နဲ့ ရှီးကျန့်ဖျင် တို့က ပေါက်ကွဲတော့မဲ့ မီးတောင်သေးသေးလေးနဲ့ မီးတောင်အကြီးစားလိုမျိုးပဲ။ ဒီမီးတောင်နှစ်ခုက မကြာမီအချိန်မှာ စတင်ပေါက်ကွဲကြတော့မယ်လို့ ခံစားမိနေသည်။

ချွမ်–

ရှီးကျန့်ဖျင် က သူစားနေတဲ့တူကို ခပ်ပြင်းပြင်းချလိုက်ပြီး အော်တော့တယ်။

“ငါနှစ်တွေ အများကြီး ကျွေးမွေးလာခဲ့တာက တိရစ္ဆာန်ကောင် ဖြစ်နေတာပဲ ဒီလိုဆို ငါဘယ်လို ဆိုဆုံးမလို့ ရနိုင်တော့ပါ့မလဲ? ဒီမိသားစုမှာ သခင်မနေရာရော အမေနေရာမှာရော တစ်ယောက်တည်းပဲရှိပြီး အဲ့ဒီသူကလည်း မော့ရွှယ် ပဲ မင်းအမေကချောင်ရှုလို့ပဲ သတ်မှတ်နေမယ်ဆိုရင်တော့ အိမ်ကနေထွက်သွားပြီး ရှာလေ”

“ကျွန်တော်ကလည်း ထွက်သွားမှာပါ ဘယ်သူကရော ဒီလိုငရဲလို နေရာကြီးမှာ နေချင်နေလို့လဲ”

ရှီးချန် အသံဆုံးသွားပြီးနောက်  ရှီးကျန့်ဖျင် က သူ့ရဲ့ အဝတ်အစားမှာ အနည်းငယ်ပေါက်ပြဲနေတာနဲ့ ဒဏ်ရာတွေကို တွေ့လိုက်ရသည်။ သူ မူလက ညစာစားတဲ့အထိ စောင့်ပြီးမှ ပြောမယ်လို့ စဉ်းစားခဲ့ပေမဲ့ အခု ထိန်းမထားနိုင်တော့ချေ။

သူ မတ်တပ်ထရပ်လိုက်ပြီး ရှီးချန်ကို လက်ညှိုးငေါက်ငေါက် ထိုးကာပြောလေသည်။

“အခု မင်းကိုယ်မင်းပြန်ကြည့်လိုက်စမ်း မင်းအထက်တန်းစာမေးပွဲဖြေရတော့မယ် ဒါပေမဲ့ မင်းကတော့ နေ့တိုင်း အပြင်ထွက်ပြီး
အရူးအလုပ်တွေလုပ်နေတာပဲ ဒီနေ့ရော ဘယ်သူတွေနဲ့ ရန်ဖြစ်လာတာလဲ? ဘာဖြစ်လို့ စာကိုကောင်းကောင်း မကြိုးစားချင်ရတာတုန်း?နဉ်နဉ်ရဲ့ အကျင့်ဆိုးတွေက မင်းဆီကကူးလာတာပဲဖြစ်မယ်လို့တောင်ငါသံသယဝင်မိတယ်”

“ရှင်ကလည်း ဆူမနေပါနဲ့‌တော့” လင်မော့ရွှယ် က ဝင်တားလိုက်သည်။

ရှီးကျန့်ဖျင်ဟာ ဒေါသကြီးလွန်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဘယ်သူကမှ သူ့ဒေါသကို ရပ်တန့်သွားအောင် မလုပ်နိုင်လောက်ဘူး။

သူက သူ့သားဖြစ်သူကို ဘယ်လောက်တောင် မနှစ်မြို့ချင်စရာ ကောင်းနေမိလဲဆိုတာကို တွေးနေမိသည်။

“မင်းလိုမျိုးမိုက်တဲ့သားမျိုး ငါဘယ်လိုတောင်မွေးထားမိမှန်းမသိဘူး??”

ထိုစကားက ရှီးချန်ကို ဒေါသထွက်စေသည်။ သူကမချိပြုံးပြုံးကာ

“ခင်ဗျားကိုရော ကျွန်တော်က ကျွန်တော့်ကိုမွေးဖွားပေးဖို့ တောင်းဆိုခဲ့မိလို့လား? မကျေနပ်ရင် ခင်ဗျားမှာ သားမရှိဘူးလို့ သတ်မှတ်လို့ရတယ် ကျွန်တော်ကတော့ မွေးဖွားလာတာ ရွေးချယ်ခွင့်မရခဲ့ဘူးလေ”

ရှီးကျန့်ဖျင်ဟာ သူ့ကြောင့်တုန်လှုပ်သွားသည်။ သူက သူ့သားကို ညွှန်ပြလိုက်ပြီး သူ့မိန်းမကိုပြောလိုက်သည်။

“မင်း  သူ့စကားတွေကိုကြားလား?”

“စကားသံကို လျှော့ပြောပါအုံးရှင်” သူမလည်း ကူကယ်ရာမဲ့နေသည်။

ခလွမ်း

ပန်းကန်ကျကွဲသံကြောင့် သားဖနှစ်ယောက် စကားများနေတာက ရပ်သွားသည်။

ရှီးနဉ် ရဲ့ကြွေပန်းကန်လေးက အောက်ကိုပြုတ်ကျနေသည်။ သူမက အဲ့တာကို ကုန်းကောက်လိုက်ပေမဲ့ ပန်းကန်ကွဲ‌စတွေကြောင့် သူမလက်ချောင်းကို ရှကာ ထိခိုက်မိသွားသည်။

“ဘာလို့ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ”

သူ့သမီး ဒဏ်ရာရသွားတာကိုမြင်လိုက်ရတော့ ရှီးချန်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးနောက် အငြင်းပွားနေတာကို ရပ်လိုက်သည်။

ရှီးချန်က မထေမျက်မြင်ပုံစံနဲ့ စပြောလေသည်။
“ဒီအိမ်မှာ ခင်‌ဗျားတို့သုံးယောက်ထဲကသာ မိသားစုတစ်ခုတည်းဖြစ်နေတာ”

သူက ပြောပြီးတာနဲ့ တံခါးဆီ ထထွက်သွားမလို့ ပြင်ပေမဲ့ ရှီးနဉ်က  သူ့ကို သူမလက်ချောင်းတွေနဲ့ လှမ်းဆွဲလိုက်သည်။

“မသွားပါနဲ့”

ရှီးချန်က ခဏတန့်သွားပေမဲ့  ထွက်သွား၏။

ရှီးနဉ်က လက်မခံသည့်သဘောနဲ့ သူ့အဖေဘက်ကိုလှည့်လိုက်ကာပြောလေသည်။

“ဖေဖေ သမီးအစ်ကို နောက်ကျမှ ပြန်ရောက်တာကလည်း သမီးကြောင့်မလို့ သူ့ဒဏ်ရာတွေကလည်း သမီးကြောင့်မို့လို့ပဲ အဲ့တာမို့လို့ ဖေဖေ သူ့ကိုဆူပူတာရပ်ပေးလို့ရမလား?”

သူမက သူ့အဖေကို ဒီကနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောပြလိုက်သည်။

ရှီးကျန့်ဖျင်ဟာ  သူ့သားကို နားလည်မှုလွဲနေခဲ့တယ်ဆိုတာကို သဘောပေါက်သွားသည်။ ဒါပေမဲ့ သူ့မာနကြောင့် သူ့အမှားကိုသူ ဘယ်တော့မှဝန်ခံလိမ့်မည်တော့ မဟုတ်။

“ဒါဆို ခုနတုန်းက ဘာလို့ငါ့ကိုမပြောရတာတုန်း?”

ရှီးနဉ်: “ဖေဖေကဖြင့် စကားကောင်းကောင်းပြောလို့မရအောင်ကို စိတ်ကကြီးနေတာကို”

သူ့သမီးရဲ့စကားက သူ့ကို စကားနင်သွားစေသည်။

ရှီးကျန့်ဖျင်ဟာ  သံသယအပြည့်ဖြစ်သွားသည်။ ဘာလို့ သူ့သမီးက သူ့အစ်ကိုပေါ်မှာထားတဲ့သဘောထား ပြောင်းလဲသွားတာလဲ?

အိမ်က အစေခံတစ်ယောက်ကနေ ကျကွဲသွားတဲ့‌ဟာကို သန့်ရှင်းရေးလုပ်လိုက်သည်။ ရှီးကျန့်ဖျင်ဟာ  သူ့သမီးရဲ့လက်ကို ကြည့်လိုက်ပြီး  တစ်ခုခုများဖြစ်သွားသေးလားဆိုပြီး မေးလာသည်။

ရှီးနဉ်: “ဖေဖေ ကိုကိုက သမီးထက်တောင် ဒဏ်ရာပိုရခဲ့တာ ဘာလို့လဲဆိုတော့ သူကသမီးကို လာကယ်ရလို့လဲ ဘာလို့ သူ့ကို
တစ်ခုခု ဖြစ်သွားသေးလားလို့ မမေးရတာလဲ?"

ရှီးကျန့်ဖျင်က  မဲ့ရွဲ့ကာပြောလာသည်။
“နဉ်နဉ် ခါတိုင်းဆို သမီးအစ်ကိုက သမီးကို အမြဲအနိုင်ကျင့်တယ်လို့တိုင်ခဲ့တာလေ အခုကျတော့သူ့အတွက် ဘာလို့ ဒီလိုမျိုး ပြောပေးနိုင်ရတာလဲ?”

……..

ရှီးချန်က ရှီးနဉ် ကို နှိပ်စက်တယ် ဟုတ်လား?? ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ရှီးနဉ်ကသာ ရှီးချန်ကို အမြဲ အနိုင်ကျင့်နေခဲ့တာပဲဖြစ်တယ်။ မူလ ရှီးနဉ် ကတော့ သူ့မိဘတွေရှေ့မှာ ဗရမ်းပတာ လုပ်ခဲ့တယ်။ သူမက သူ့အဖေဟာ သူ့အကိုပေါ်  မကြည်တာကို အခွင့်ကောင်းယူပြီး သားဖနှစ်ယောက်ကြား ကုန်းတိုက်ကာ သူ့အစ်ကိုကို အနိုင်ကျင့်နှိပ်စက်ခဲ့လေသည်။

ထိုအပြုအမူတွေကြောင့် မူလရှီးနဉ်က ကိုယ်စိုက်ခဲ့တဲ့ အဆိပ်သီး ကိုယ်ပြန်စားရတာပဲဖြစ်၏။

နောက်ဆုံးတော့  ရှီးချန်က ရှီးနဉ် နဲ့ မိသားစုဆက်ဆံရေး ဖျက်လိုက်ပြီး သူ့အဖေနှင့်ဆက်ဆံရေးပျက်စီးသွားအောင် သူ့အမေကိုကူညီပေးခဲ့တာမဆန်းကြယ်ပေ။

“အရင်ကအကြောင်းတွေ သမီးဘာမှမမှတ်မိတော့ပေမဲ့ အမှန်တကယ်ကတော့ သမီးအစ်ကိုက သမီးကို ဘယ်တုန်းကမှအနိုင်မကျင့်ခဲ့ပါဘူးနော် သမီးကသာ သူကိုနှိပ်စက်ခဲ့တဲ့သူ။ 

“ဟမ်?”

ရှီကျန့်ဖျင် အတော်လေးရှုပ်ထွေးသွားသည်။

ရှီနဉ်က ဆက်ပြောလိုက်တယ်။
“ဖေဖေ နောင်မှာ နောင်တမရချင်ဘူးဆိုရင် ကိုကို့ကို  ကောင်းကောင်းဆက်ဆံပေးပါ တကယ်တော့ ကိုကိုက သမီးထက် ပိုပြီး မိဘမေတ္တာ လိုအပ်နေတာ”

ရှီးကျန့်ဖျင်ဟာ  အံ့အားသင့်သွားပြီး စိတ်သက်သာစွာနဲ့ ရှီနဉ် ကိုကြည့်လိုက်သည်။

“သမီး ဒီတစ်ခေါက် သတိပြန်လည်လာပြီးတဲ့နောက်မှာ အများကြီးကို ပြောင်းလဲသွားတယ် ငါ့သမီးကြီးလာပြီပဲ ဒါမဲ့  သူက သမီးအစ်ကိုပဲဖြစ်နေပါစေဦးတော့ သူ့ကို အဖေ ပြန်အဆက်အဆံမလုပ်နိုင်ဘူး သမီးလည်းသိပါတယ် သူက အဖေနဲ့ သမီးအမေကို ဘယ်လောက်တောင် မုန်းနေလဲဆိုတာကို”

“အချိန်က စကားပြောသွားပါလိမ့်မယ် ဖေဖေသာ   ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့ပဲ လိုတာ ကျန်တာကို သမီးတာဝန်သာ ထားလိုက်”

ရှီးကျန့်ဖျင်ဟာ  သူ့သမီးက သူတို့သားဖကြားကို ဝင်စေ့စပ်ပေးနိုင်လိမ့်မယ်လို့  တွေးနေတယ်ဆိုတာကို  သတိထားမိသည်။

ဒါမဲ့ သူ့သားနှင့်သူ့ရဲ့ဆက်ဆံရေးက သူ့စီးပွားရေးပြိုင်ဘက်နဲ့ဆက်ဆံရေးထက်ပိုပြီးဆိုး‌နေလောက်တယ်။

“ဖေဖေလည်း ဒီလိုမျိုးမဖြစ်ချင်ပါဘူး ဒီကိစ္စကိုဖေဖေ နောက်ကျ အာရုံစိုက်ပေးပါ့မယ်” 

ရှီးနဉ်က  ခေါင်းညိမ့်ပြလိုက်သည်။ ရှီးချန် ဒဏ်ရာရခဲ့တာကို စဉ်းစားမိတော့ အပေါ်ထပ်ကို ဆေးသေတ္တာလေးကိုယူကာ တက်သွားလိုက်သည်။

သူမက တံခါးနားရပ်လိုက်ပြီး အထဲကိုဝင်သွားဖို့ပြင်လိုက်ပြီး စကားပြောမလို့ရှိသေး၊ ရှီးချန်က သူမကိုကျောပေးပြီး ဖုန်းပြောနေတာကို သတိထားမိလိုက်သည်။

“ကျွန်တော်သိပါတယ် အမေ”

ဒါပေါ့ သူပြောတဲ့အမေက သူမရဲ့အမေ တော့မဟုတ်ဘူး။ ချောင်ရှုပဲဖြစ်လိမ့်မယ်။

ရှီးနဉ်ဟာ  သားအမိနှစ်ယောက်သား စကားပြောတာကို ခိုးနားမထောင်သင့်ဘူးလို့ ခံစားမိ၏။ဒါ့ကြောင့်  သူမက အပြင်ကိုထွက်ကာ  သူ့ဒဏ်ရာကိုဆေးထည့်ပေးဖို့မလုပ်ခင် သူမရဲ့အစ်ကို ဖုန်းပြောပြီးတဲ့အထိ စောင့်နေဖို့ ပြင်လိုက်သညါ။

“ချူယောင်ပြန်လာပြီ?”

ရှီးချန် ရုတ်တရက် ပြောလိုက်တဲ့ စကားတစ်ခွန်းကို သူမ အမှတ်တမဲ့ကြားလိုက်ရသည်။

ထိုနာမည်ကြားလိုက်ရပြီးနောက် ရှီးနဉ်ဟာ သူမရဲ့ဆေးသေတ္တာကို သူ့လက်က မြဲမြဲမကိုင်နိုင်တော့ဘဲ အောက်သို့ပြုတ်ကျသွားလေသည်။

ယွီချူယောင်။

သူမ နောက်ဆုံးတော့ ပြန်ရောက်လာပြီ။

မူရင်းဝတ္ထုထဲမှာ ရှီးနဉ်က  အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်လေးသာသာပင်။ သူမက ဇာတ်လိုက်တွေကို ဆန့်ကျင်မိပြီးနောက် ချက်ချင်းဆိုသလို အမြောက်စာ ဇာတ်ကောင်လေး ဖြစ်သွားခဲ့သည်။

‘ယွီချူယောင်’ကသာ ဒီဝတ္ထုထဲက တကယ့်ဗီလိန်မ ဖြစ်၏။

Thanks for Reading 💟

*******

【𝖹𝖠𝖶𝖦𝖸𝖨】

က်င့္စစ္းဟန႔္ စကားေျပာၿပီးေနာက္ သူ႔အေနာက္ကေန ေအာ္သံတစ္ခ်ိဳ႕ကိုၾကားလိုက္ရသည္။

“ေရွာင္းေကာ  အစ္ကို႔ ဒဏ္ရာက ေသြးေတြထြက္ေနတယ္!”

နန္ေရွာင္းက “အမ္း”ဆိုၿပီးပဲ ေျပာလိုက္ၿပီး ဘာမွဆက္မေျပာဘဲ ရွီးနဥ္ကိုေတာ့ လွမ္းၾကည့္လိုက္တယ္။

ရွီးခ်န္လည္း ထိုစကားကို ၾကားၿပီးေနာက္ သူ႔ဒဏ္ရာကို အာ႐ုံစိုက္ေနတဲ့ ရွီးနဥ္ကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“နန္ေရွာင္း ဒဏ္ရာရေနတယ္တဲ့”

ရွီးနဥ္ သူမရဲ႕ေခါင္းကို လွည့္လိုက္ကာ ျဖတ္ခနဲၾကည့္လိုက္ၿပီး သူမရဲ႕အၾကည့္ကို ခပ္ျမန္ျမန္ပဲ လႊဲလိုက္သည္။

“သူအခုအေကာင္းႀကီးအတိုင္း ရပ္ႏိုင္ေသးတာပဲ  အဆင္ေျပေလာက္မွာပါ ကိုကိုရယ္”

သူမရဲ႕အသံက နည္းနည္း က်ယ္တာေၾကာင့္ နန္ေရွာင္း ထိုစကားကို ရွင္းရွင္းလင္းလင္းကိုၾကားလိုက္ရသည္။

သူက ေျမေပၚကို ေသြးေတြ အန္ခ်လုနီးပါးပင္။

သူ႔ဆက္ဆံပုံ က ဘယ္လိုေတာင္ ကြာျခားေနမႈႀကီးလဲ? ဘယ္လိုပဲျဖစ္ျဖစ္ နန္ေရွာင္းကလည္း သူ႔ကို ကယ္တင္ေပးခဲ့တာပဲေလ။

အဲ့ဒီ အမႈိက္လိုေကာင္ေတြက သူ႔ကို ႐ိုက္ႏွက္ေနတဲ့အခ်ိန္တုန္းမွာဆို ရွီးနဥ္က သူ႔ကို တစ္ခ်က္ကေလးမွ လွည့္မၾကည့္ဘဲနဲ႔ ထြက္သြားတယ္။ ရွီးခ်န္ေကာ ေရာက္လာေတာ့  သူ တုတ္နဲ႔အ႐ိုက္ခံရမွာဆိုးလို႔ သူ႔အေရွ႕ကေန ခ်က္ခ်င္း အစားဝင္ခံေပးလိုက္ေသးတယ္။

သူ႔က်ေတာ့ တစ္ခ်က္ကေလးမွကို မၾကည့္ဘူး!!

ရွီးခ်န္ကေတာ့ အေတာ္ေလး ထူးဆန္းတယ္လို႔ခံစားရတယ္။ သူက နန္ေရွာင္းကလြဲၿပီးေတာ့ က်န္တဲ့လူ‌ေတြကို ဂ႐ုမစိုက္ခဲ့တာမဟုတ္ဘူးလား??

“မင္း သူ႔ကိုသြားမၾကည့္ေတာ့ဘူးလား?”

ရွီးနဥ္က သူမေခါင္းကို ခါျပလိုက္သည္။

“မသြားေတာ့ဘူး အိမ္ပဲျပန္ၾကရေအာင္”

ထူးဆန္းတယ္လို႔ ခံစားေနရေသာ္လည္း ရွီးခ်န္က ဘာမွေတာ့ ဆက္မေျပာ‌လိုက္ေပ။

သူက ရွီးနဥ္ရဲ႕ေခါင္းေပၚကို helmet ေဆာင္းေပးလိုက္ၿပီး  ေမးသိုင္းႀကိဳးပါ တပ္ေပးလိုက္သည္။

“သြားၾကစို႔”

သူက အင္ဂ်င္စက္ စႏႈိးလိုက္ၿပီး ဆိုင္ကယ္ကို ေမာင္းႏွင္လိုက္သည္။

နန္ေရွာင္းက ထြက္သြားတဲ့ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ အေနာက္ဘက္ကို ၾကည့္ေနၿပီး သူ႔ကိုယ္သူ ဘယ္လိုခံစားေနရမွန္းကိုမေျပာႏိုင္ေတာ့ဘူး။

ရွီးနဥ္ ရဲ႕ေနာက္လိုက္ျဖစ္တဲ့ေကာင္မေလးေတြက စုရပ္ေနၿပီး အသံတိုးတိုးေလးနဲ႔စေျပာလိုက္သည္။

“က်ယ္က်ဲက သူ႔အစ္ကိုကို မႏွစ္ၿမိဳ႕ဘူး မဟုတ္လား?”

“ဟုတ္တယ္‌ေလ ဒါမဲ့ အခု နန္ေရွာင္းေကာဆို   သူ႔ထက္ ပိုၿပီးေတာ့ ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ရေနေပမဲ့ က်ဲက သူ႔ကို တစ္ခ်က္ကေလးမွကိုမၾကည့္ဘူး”

“ၾကည့္ရတာ ငါတို႔ကလပ္က တကယ္ပ်က္သြားၿပီထင္ပါတယ္ဟယ္”

က်င့္စစ္းဟန႔္က သူ႔ပခုံးကို ပုတ္လိုက္ၿပီး

“ေရွာင္းေကာေရ  ရွီးနဥ္ က တကယ္ကို ေျပာင္းလဲသြားတာကို ကြၽန္ေတာ္ေတြ႕မိတယ္ အခု ေကာ ေတာ့လြတ္လပ္သြားၿပီပဲ ငါတို႔အထိမ္းအမွတ္အေနနဲ႔ သြားက်င္းပၾကမလား?”

နန္ေရွာင္း သူ႔ကိုလွည့္ၾကည့္လိုက္ၿပီး အသံခပ္မာမာနဲ႔ေျပာလိုက္သည္။

“လစ္စမ္း”

ရွီးနဥ္က ရွီးခ်န္ရဲ႕ဆိုင္ကယ္အေနာက္မွာထိုင္လိုက္ၿပီး သူမရဲ႕လက္ႏွစ္ဘက္က သူ႔ရဲ႕ရွပ္အက်ႌ တစ္ဘက္တစ္ခ်ပ္စီကို ဆြဲထားသည္။

ရွီးခ်န္ရဲ႕ဆိုင္ကယ္က အေတာ္ေလးကို မိုက္တာမို႔ လမ္းတစ္ေလွ်ာက္လုံး အရွိန္နဲ႔အရမ္းႀကီး သြားေနတယ္လို႔ ခံစားရသည္။

ဆိုင္ကယ္ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ဖူးတဲ့ ရွီးခ်န္လိုလူ‌အတြက္ကေတာ့ ဒီဆိုင္ကယ္ေမာင္းေနတဲ့အရွိန္က ရွီးနဥ္ ေတြးေနတာထက္ကို အေတာ္ေလး ေႏွးေသးသည္။

ဒါေပမဲ့ ရွီးနဥ္ကေတာ့ ေတာ္ေတာ္ျမန္တယ္လို႔ခံစားေနရတုန္းပဲ။

“နည္းနည္းေလာက္အရွိန္ေလွ်ာ့ေပးလို႔မရဘူးလားဟင္?”

ရွီးခ်န္ ရယ္ကာေျပာလိုက္သည္။

“ငါ့အထင္ေတာ့ မင္းက ေသရမွာ မေၾကာက္တဲ့သူ မလား အခုက်မွ မင္းက ဘာလို႔ အရမ္းႀကီးေၾကာက္ေနရတာတုန္း?”

ရွီးနဥ္ သက္ျပင္းခ်လိုက္သည္။

“တစ္ခုခုျဖစ္မွာဆိုးလို႔ေလ ညီမေလးက ကိုကို႔ ကို မထိခိုက္ေစခ်င္႐ုံပါပဲ”

သူမအတိတ္ဘဝတုန္းက သူမမိသားစုက သူမကိုတစ္ေယာက္တည္း ခ်န္ၿပီး ေစာေစာစီးစီး ခြဲခြာသြားၾကတယ္။ သူမကပဲ ေနာင္တေတြတစ္ေပြ႕တစ္ပိုက္ႀကီးနဲ႔ပဲ က်န္ခဲ့တာ။

ဒီဘဝမွာေတာ့ သူမက မိသားစုရဲ႕အခ်စ္ေတြအားလုံးကို ရက္အနည္းငယ္ေလာက္ကတည္းက ရရွိခဲ့တယ္လို႔ ခံစားရတယ္။ သူမရဲ႕အစ္ကိုက ေၾကာက္စရာေကာင္းၿပီး ‌ေအးစက္စက္စက္ႏိုင္လြန္းတာေတာင္ သူက သူမကို ခ်စ္တယ္ဆိုတာကို ရွီးနဥ္ သိတယ္။

မူလရွီးနဥ္က သူ႔ကို အမ်ားႀကီး နာက်င္ေစခဲ့ၿပီးၿပီ။ အခုေတာ့ သူ႔အတြက္ သူမျပန္ျပင္ဆင္ရမဲ့အခ်ိန္ပဲျဖစ္သည္။

သူမရဲ႕လက္ေတြနဲ႔  ရွီးခ်န္ရဲ႕ခါးကိုဖက္လိုက္ၿပီး တိုးတိုးေလးကပ္ေျပာလိုက္သည္။

“ကိုႀကီး ျဖည္းျဖည္းေလး ေမာင္းေပးပါေနာ္ ”

သူမ သူ႔ခါးကိုဖက္လိုက္တဲ့အခ်ိန္ကဆို ရွီးခ်န္ရဲ႕ခႏၶာကိုယ္ ေတာင့္တင္းသြားတာကို ခံစားမိသည္။

ဒီအစ္ကိုနဲ႔ညီမႏွစ္ေယာက္သားဟာ ရန္သူလိုေန႔တိုင္းပဲ ရန္သတ္ေနၾကသည္။ နီးနီးကပ္ကပ္မရွိၾကဘူး။ အခုတေလာ ရွီးနဥ္ရဲ႕အျပဳအမူေတြေၾကာင့္ သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ အံ့ဩ‌ေစသည္။

အဲ့ခံစားခ်က္ကို ေဖာ္ျပရမယ္ဆိုရင္ အလြန္ဆင္းရဲလြန္းတဲ့လူႀကီးတစ္ေယာက္က ႐ုတ္တရက္ဆိုသလို 5 millionရမဲ့ ထီလက္မွတ္ ေပါက္သြားသလိုခံစားခ်က္မ်ိဳးပင္ျဖစ္သည္။ အလုံးစုံကို မယုံႏိုင္ျဖစ္ေနတုန္းပဲျဖစ္သည္။

ဒါေပမဲ့ သူ ဘာမွေတာ့မေျပာလိုက္ေပမဲ့ ဆိုင္ကယ္ရဲ႕ အရွိန္ကို အမ်ားႀကီးကို ေလွ်ာ့ေပးလိုက္သည္။

ႏွစ္ေယာက္သား အိမ္ျပန္ေရာက္ၿပီးေနာက္ ရွီနင္ေရာ ရွီးခ်န္ေရာ တံခါးမႀကီးကေနဝင္လာၾကတာကို အန္တီက်န႔္ ကျမင္ေတာ့ သူတို႔ကို ထြက္ႀကိဳႏႈတ္ဆက္ေတာ့တယ္။

“သခင္ေလးနဲ႔သခင္မေလး‌တို႔ ျပန္လာၿပီ သခင္ႀကီးနဲ႔သခင္မတို႔ စိတ္ပူေနၾကတာ ႐ူးမတက္ပဲ”

“အထူးသျဖင့္ သခင္ႀကီးပဲ သူက သခင္မေလးေနာက္တခါ စိတ္လက္မာန္ပါ ထပ္လုပ္သြားမွာကို စိုးရိမ္ေနတာ အိမ္ထဲ ျမန္ျမန္ဝင္ခဲ့ၾကေတာ့”ဆိုၿပီး အန္တီက်န႔္ကေျပာေလသည္။

ရွီးနဥ္ကေခါင္းညိတ္ျပလိုက္ၿပီးေျပာေလသည္ “သမီးသိၿပီ အန္တီက်န႔္”

သူတို႔အတူတူဝင္လိုက္ၾကၿပီး ဧည့္ခန္းမွာထိုင္ေနတဲ့ ရွီးက်န႔္ဖ်င္ကို ေတြ႕လိုက္ရသည္။ လင္ေမာ့႐ႊယ္ ကေတာ့ ဆရာမကိုလွမ္းဖုန္းဆက္ေနတဲ့ပုံပဲ ဖုန္းေျပာေနတုန္းတစ္ဝက္မွာ ကေလးေတြျပန္လာတာကိုေတြ႕ရေတာ့ သူမရဲ႕မ်က္ႏွာမွာ စိုးရိမ္မႈေတြ ကင္းရွင္းသြားသည့္အလား စိတ္ေအးသြားကာ ေျပာလိုက္သည္။

“ဆရာမေရ စိတ္မပူနဲ႔ေတာ့ သူတို႔ေတြ ျပန္လာၿပီ”

ထိုသို႔ေျပာၿပီးေနာက္  လင္ေမာ့႐ႊယ္ က ဖုန္းေခၚထားတာကိုခ်လိုက္ၿပီး သူတို႔ဆီကို သြားလိုက္သည္။

“သမီး ျပန္လာတာ ေနာက္က်လိုက္တာ ဘာေတြလုပ္ေနလို႔ ဒီေလာက္ေတာင္ ေနာက္က်ေနတာလဲ? ညရွစ္နာရီေတာင္ရွိေနၿပီ သမီးရဲ႕အေဖနဲ႔ အေမ့ကို  စိုးရိမ္လြန္ၿပီး ေသေအာင္လုပ္ေနတာလား”

“သမီးတို႔ ေနာက္က်သြားတယ္ အခု မစိုးရိမ္ပါနဲ႔ ေမေမ”

ရွီးနဥ္က  သူမအေမကိုစိတ္သက္သာသြားေအာင္ လက္ကို ဆြဲယူ ပုတ္ေပးလိုက္သည္။

“ေရွာင္ခ်န္ ဘာေတြျဖစ္ခဲ့တာလဲကြယ္?”

ေမာ့႐ႊယ္ဟာ  ရွီးခ်န္ရဲ႕ဒဏ္ရာကို သတိထားမိသြားၿပီး ေမးလိုက္သည္။

ရွီးခ်န္က မေျဖတဲ့အျပင္ မ်က္ႏွာေသနဲ႔ပဲ ခပ္တည္တည္ရပ္ေနသည္။

လင္ေမာ့႐ႊယ္ဟာ  သူ သူမကို  မႏွစ္သက္တာ သိတာမလို႔ ဘာမွဆက္မေျပာဘဲ ေနလိုက္သည္။ ထို႔ေနာက္ သူမက သူတို႔ကို ကိုယ္လက္သန႔္စင္ၿပီး ထမင္းစားဖို႔ တိုက္တြန္းလိုက္သည္။

ညစာစားပြဲမွာ ရွီးက်န႔္ဖ်င္ဟာ  ရွီးနဥ္ ရဲ႕ပန္းကန္ထဲကို အသီးအ႐ြက္ေတြ ထည့္ေပးေနသည္။

လင္ေမာ့႐ႊယ္ကအဲ့တာကိုျမင္ေတာ့ ရွီးက်န္႔ဖ်င္နား ကပ္ကာ တိုးတိုးေလးေျပာလိုက္သည္။

“နဥ္နဥ့္ကိုပဲ မ်က္ႏွာလိုက္ၿပီးထည့္မေပးနဲ႔ေလ ေရွာင္ခ်န္ရဲ႕ပန္းကန္ထဲကိုလဲ ထည့္ေပးသင့္တယ္ ”

လင္ေမာ့႐ႊယ္ဟာ  သူ႔အမ်ိဳးသားကို အၾကည့္စူးစူး စိုက္ၾကည့္လိုက္ၿပီးေနာက္ ရွီးခ်န္ဆီကို အသားယူၿပီး ထည့္ေပးဖို႔ ျပင္လိုက္သည္။

“ေရာ့  ေရွာင္ခ်န္ မ်ားမ်ားထည့္စား”

ရွီးခ်န္ကေတာ့ ထိုအသားကို ကိုယ့္ဘာသာကို တိုက္႐ိုက္ ယူလိုက္ၿပီး မေထ့ၿပဳံးၿပဳံးကာ ေျပာလိုက္သည္

“ခင္ဗ်ား သေဘာေကာင္းခ်င္ေယာင္ ေဆာင္ျပစရာမလိုပါဘူး”

ေမာ့႐ႊယ္ဟာ  စကားေျပာေနတာကိုရပ္လိုက္ကာ သက္ျပင္းခ်လိုက္ၿပီး တိတ္တဆိတ္ပဲဆက္စားလိုက္သည္။

ရွီးက်န႔္ဖ်င္ဟာ သူ႔မိန္းမကို အျပစ္ျပဳလိုက္တာကိုေတြ႕လိုက္ရေတာ့ သူ႔မ်က္ႏွာက စိမ္းဖန႔္ဖန႔္ျဖစ္သြားသည္။

“မင္း ကိုယ့္အေမကို ဘယ္လိုစကားေျပာလိုက္တာလဲ? ေတာင္းပန္လိုက္”

ရွီးခ်န္က ဂ႐ုမစိုက္စြာနဲ႔ၾကည့္လိုက္သည္။
“ကြၽန္ေတာ့္အေမက ဘယ္မွာလဲ?”

သူဘာသာ အသားတုံးကုန္းစားေနတဲ့ ရွီးနဥ္ဟာ  အေတာ္ေလး လန႔္သြားသည္။ ရွီးခ်န္နဲ႔ ရွီးက်န႔္ဖ်င္ တို႔က ေပါက္ကြဲေတာ့မဲ့ မီးေတာင္ေသးေသးေလးနဲ႔ မီးေတာင္အႀကီးစားလိုမ်ိဳးပဲ။ ဒီမီးေတာင္ႏွစ္ခုက မၾကာမီအခ်ိန္မွာ စတင္ေပါက္ကြဲၾကေတာ့မယ္လို႔ ခံစားမိေနသည္။

ခြၽမ္–

ရွီးက်န႔္ဖ်င္ က သူစားေနတဲ့တူကို ခပ္ျပင္းျပင္းခ်လိုက္ၿပီး ေအာ္ေတာ့တယ္။

“ငါႏွစ္ေတြ အမ်ားႀကီး ေကြၽးေမြးလာခဲ့တာက တိရစာၦန္ေကာင္ ျဖစ္ေနတာပဲ ဒီလိုဆို ငါဘယ္လို ဆိုဆုံးမလို႔ ရႏိုင္ေတာ့ပါ့မလဲ? ဒီမိသားစုမွာ သခင္မေနရာေရာ အေမေနရာမွာေရာ တစ္ေယာက္တည္းပဲရွိၿပီး အဲ့ဒီသူကလည္း ေမာ့႐ႊယ္ ပဲ မင္းအေမကေခ်ာင္ရႈလို႔ပဲ သတ္မွတ္ေနမယ္ဆိုရင္ေတာ့ အိမ္ကေနထြက္သြားၿပီး ရွာေလ”

“ကြၽန္ေတာ္ကလည္း ထြက္သြားမွာပါ ဘယ္သူကေရာ ဒီလိုငရဲလို ေနရာႀကီးမွာ ေနခ်င္ေနလို႔လဲ”

ရွီးခ်န္ အသံဆုံးသြားၿပီးေနာက္  ရွီးက်န႔္ဖ်င္ က သူ႔ရဲ႕ အဝတ္အစားမွာ အနည္းငယ္ေပါက္ၿပဲေနတာနဲ႔ ဒဏ္ရာေတြကို ေတြ႕လိုက္ရသည္။ သူ မူလက ညစာစားတဲ့အထိ ေစာင့္ၿပီးမွ ေျပာမယ္လို႔ စဥ္းစားခဲ့ေပမဲ့ အခု ထိန္းမထားႏိုင္ေတာ့ေခ်။

သူ မတ္တပ္ထရပ္လိုက္ၿပီး ရွီးခ်န္ကို လက္ညႇိဳးေငါက္ေငါက္ ထိုးကာေျပာေလသည္။

“အခု မင္းကိုယ္မင္းျပန္ၾကည့္လိုက္စမ္း မင္းအထက္တန္းစာေမးပြဲေျဖရေတာ့မယ္ ဒါေပမဲ့ မင္းကေတာ့ ေန႔တိုင္း အျပင္ထြက္ၿပီး
အ႐ူးအလုပ္ေတြလုပ္ေနတာပဲ ဒီေန႔ေရာ ဘယ္သူေတြနဲ႔ ရန္ျဖစ္လာတာလဲ? ဘာျဖစ္လို႔ စာကိုေကာင္းေကာင္း မႀကိဳးစားခ်င္ရတာတုန္း?နဥ္နဥ္ရဲ႕ အက်င့္ဆိုးေတြက မင္းဆီကကူးလာတာပဲျဖစ္မယ္လို႔ေတာင္ငါသံသယဝင္မိတယ္”

“ရွင္ကလည္း ဆူမေနပါနဲ႔‌ေတာ့” လင္ေမာ့႐ႊယ္ က ဝင္တားလိုက္သည္။

ရွီးက်န႔္ဖ်င္ဟာ ေဒါသႀကီးလြန္းတဲ့ လူတစ္ေယာက္ျဖစ္တယ္။ ဘယ္သူကမွ သူ႔ေဒါသကို ရပ္တန႔္သြားေအာင္ မလုပ္ႏိုင္ေလာက္ဘူး။

သူက သူ႔သားျဖစ္သူကို ဘယ္ေလာက္ေတာင္ မႏွစ္ၿမိဳ႕ခ်င္စရာ ေကာင္းေနမိလဲဆိုတာကို ေတြးေနမိသည္။

“မင္းလိုမ်ိဳးမိုက္တဲ့သားမ်ိဳး ငါဘယ္လိုေတာင္ေမြးထားမိမွန္းမသိဘူး??”

ထိုစကားက ရွီးခ်န္ကို ေဒါသထြက္ေစသည္။ သူကမခ်ိၿပဳံးၿပဳံးကာ

“ခင္ဗ်ားကိုေရာ ကြၽန္ေတာ္က ကြၽန္ေတာ့္ကိုေမြးဖြားေပးဖို႔ ေတာင္းဆိုခဲ့မိလို႔လား? မေက်နပ္ရင္ ခင္ဗ်ားမွာ သားမရွိဘူးလို႔ သတ္မွတ္လို႔ရတယ္ ကြၽန္ေတာ္ကေတာ့ ေမြးဖြားလာတာ ေ႐ြးခ်ယ္ခြင့္မရခဲ့ဘူးေလ”

ရွီးက်န႔္ဖ်င္ဟာ သူ႔ေၾကာင့္တုန္လႈပ္သြားသည္။ သူက သူ႔သားကို ၫႊန္ျပလိုက္ၿပီး သူ႔မိန္းမကိုေျပာလိုက္သည္။

“မင္း  သူ႔စကားေတြကိုၾကားလား?”

“စကားသံကို ေလွ်ာ့ေျပာပါအုံးရွင္” သူမလည္း ကူကယ္ရာမဲ့ေနသည္။

ခလြမ္း

ပန္းကန္က်ကြဲသံေၾကာင့္ သားဖႏွစ္ေယာက္ စကားမ်ားေနတာက ရပ္သြားသည္။

ရွီးနဥ္ ရဲ႕ေႂကြပန္းကန္ေလးက ေအာက္ကိုျပဳတ္က်ေနသည္။ သူမက အဲ့တာကို ကုန္းေကာက္လိုက္ေပမဲ့ ပန္းကန္ကြဲ‌စေတြေၾကာင့္ သူမလက္ေခ်ာင္းကို ရွကာ ထိခိုက္မိသြားသည္။

“ဘာလို႔ဒီေလာက္ေတာင္ နေမာ္နမဲ့ႏိုင္ရတာလဲ”

သူ႔သမီး ဒဏ္ရာရသြားတာကိုျမင္လိုက္ရေတာ့ ရွီးခ်န္ကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္ၿပီးေနာက္ အျငင္းပြားေနတာကို ရပ္လိုက္သည္။

ရွီးခ်န္က မေထမ်က္ျမင္ပုံစံနဲ႔ စေျပာေလသည္။
“ဒီအိမ္မွာ ခင္‌ဗ်ားတို႔သုံးေယာက္ထဲကသာ မိသားစုတစ္ခုတည္းျဖစ္ေနတာ”

သူက ေျပာၿပီးတာနဲ႔ တံခါးဆီ ထထြက္သြားမလို႔ ျပင္ေပမဲ့ ရွီးနဥ္က  သူ႔ကို သူမလက္ေခ်ာင္းေတြနဲ႔ လွမ္းဆြဲလိုက္သည္။

“မသြားပါနဲ႔”

ရွီးခ်န္က ခဏတန႔္သြားေပမဲ့  ထြက္သြား၏။

ရွီးနဥ္က လက္မခံသည့္သေဘာနဲ႔ သူ႔အေဖဘက္ကိုလွည့္လိုက္ကာေျပာေလသည္။

“ေဖေဖ သမီးအစ္ကို ေနာက္က်မွ ျပန္ေရာက္တာကလည္း သမီးေၾကာင့္မလို႔ သူ႔ဒဏ္ရာေတြကလည္း သမီးေၾကာင့္မို႔လို႔ပဲ အဲ့တာမို႔လို႔ ေဖေဖ သူ႔ကိုဆူပူတာရပ္ေပးလို႔ရမလား?”

သူမက သူ႔အေဖကို ဒီကေန႔ဘာေတြျဖစ္ခဲ့လဲဆိုတာကိုေျပာျပလိုက္သည္။

ရွီးက်န႔္ဖ်င္ဟာ  သူ႔သားကို နားလည္မႈလြဲေနခဲ့တယ္ဆိုတာကို သေဘာေပါက္သြားသည္။ ဒါေပမဲ့ သူ႔မာနေၾကာင့္ သူ႔အမွားကိုသူ ဘယ္ေတာ့မွဝန္ခံလိမ့္မည္ေတာ့ မဟုတ္။

“ဒါဆို ခုနတုန္းက ဘာလို႔ငါ့ကိုမေျပာရတာတုန္း?”

ရွီးနဥ္: “ေဖေဖကျဖင့္ စကားေကာင္းေကာင္းေျပာလို႔မရေအာင္ကို စိတ္ကႀကီးေနတာကို”

သူ႔သမီးရဲ႕စကားက သူ႔ကို စကားနင္သြားေစသည္။

ရွီးက်န႔္ဖ်င္ဟာ  သံသယအျပည့္ျဖစ္သြားသည္။ ဘာလို႔ သူ႔သမီးက သူ႔အစ္ကိုေပၚမွာထားတဲ့သေဘာထား ေျပာင္းလဲသြားတာလဲ?

အိမ္က အေစခံတစ္ေယာက္ကေန က်ကြဲသြားတဲ့‌ဟာကို သန႔္ရွင္းေရးလုပ္လိုက္သည္။ ရွီးက်န႔္ဖ်င္ဟာ  သူ႔သမီးရဲ႕လက္ကို ၾကည့္လိုက္ၿပီး  တစ္ခုခုမ်ားျဖစ္သြားေသးလားဆိုၿပီး ေမးလာသည္။

ရွီးနဥ္: “ေဖေဖ ကိုကိုက သမီးထက္ေတာင္ ဒဏ္ရာပိုရခဲ့တာ ဘာလို႔လဲဆိုေတာ့ သူကသမီးကို လာကယ္ရလို႔လဲ ဘာလို႔ သူ႔ကို
တစ္ခုခု ျဖစ္သြားေသးလားလို႔ မေမးရတာလဲ?"

ရွီးက်န႔္ဖ်င္က  မဲ့႐ြဲ႕ကာေျပာလာသည္။
“နဥ္နဥ္ ခါတိုင္းဆို သမီးအစ္ကိုက သမီးကို အၿမဲအႏိုင္က်င့္တယ္လို႔တိုင္ခဲ့တာေလ အခုက်ေတာ့သူ႔အတြက္ ဘာလို႔ ဒီလိုမ်ိဳး ေျပာေပးႏိုင္ရတာလဲ?”

……..

ရွီးခ်န္က ရွီးနဥ္ ကို ႏွိပ္စက္တယ္ ဟုတ္လား?? ဒါကဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?

ရွီးနဥ္ကသာ ရွီးခ်န္ကို အၿမဲ အႏိုင္က်င့္ေနခဲ့တာပဲျဖစ္တယ္။ မူလ ရွီးနဥ္ ကေတာ့ သူ႔မိဘေတြေရွ႕မွာ ဗရမ္းပတာ လုပ္ခဲ့တယ္။ သူမက သူ႔အေဖဟာ သူ႔အကိုေပၚ  မၾကည္တာကို အခြင့္ေကာင္းယူၿပီး သားဖႏွစ္ေယာက္ၾကား ကုန္းတိုက္ကာ သူ႔အစ္ကိုကို အႏိုင္က်င့္ႏွိပ္စက္ခဲ့ေလသည္။

ထိုအျပဳအမူေတြေၾကာင့္ မူလရွီးနဥ္က ကိုယ္စိုက္ခဲ့တဲ့ အဆိပ္သီး ကိုယ္ျပန္စားရတာပဲျဖစ္၏။

ေနာက္ဆုံးေတာ့  ရွီးခ်န္က ရွီးနဥ္ နဲ႔ မိသားစုဆက္ဆံေရး ဖ်က္လိုက္ၿပီး သူ႔အေဖႏွင့္ဆက္ဆံေရးပ်က္စီးသြားေအာင္ သူ႔အေမကိုကူညီေပးခဲ့တာမဆန္းၾကယ္ေပ။

“အရင္ကအေၾကာင္းေတြ သမီးဘာမွမမွတ္မိေတာ့ေပမဲ့ အမွန္တကယ္ကေတာ့ သမီးအစ္ကိုက သမီးကို ဘယ္တုန္းကမွအႏိုင္မက်င့္ခဲ့ပါဘူးေနာ္ သမီးကသာ သူကိုႏွိပ္စက္ခဲ့တဲ့သူ။ 

“ဟမ္?”

ရွီက်န႔္ဖ်င္ အေတာ္ေလးရႈပ္ေထြးသြားသည္။

ရွီနဥ္က ဆက္ေျပာလိုက္တယ္။
“ေဖေဖ ေနာင္မွာ ေနာင္တမရခ်င္ဘူးဆိုရင္ ကိုကို႔ကို  ေကာင္းေကာင္းဆက္ဆံေပးပါ တကယ္ေတာ့ ကိုကိုက သမီးထက္ ပိုၿပီး မိဘေမတၱာ လိုအပ္ေနတာ”

ရွီးက်န႔္ဖ်င္ဟာ  အံ့အားသင့္သြားၿပီး စိတ္သက္သာစြာနဲ႔ ရွီနဥ္ ကိုၾကည့္လိုက္သည္။

“သမီး ဒီတစ္ေခါက္ သတိျပန္လည္လာၿပီးတဲ့ေနာက္မွာ အမ်ားႀကီးကို ေျပာင္းလဲသြားတယ္ ငါ့သမီးႀကီးလာၿပီပဲ ဒါမဲ့  သူက သမီးအစ္ကိုပဲျဖစ္ေနပါေစဦးေတာ့ သူ႔ကို အေဖ ျပန္အဆက္အဆံမလုပ္ႏိုင္ဘူး သမီးလည္းသိပါတယ္ သူက အေဖနဲ႔ သမီးအေမကို ဘယ္ေလာက္ေတာင္ မုန္းေနလဲဆိုတာကို”

“အခ်ိန္က စကားေျပာသြားပါလိမ့္မယ္ ေဖေဖသာ   ကိုယ့္ေဒါသကို ကိုယ္ထိန္းဖို႔ပဲ လိုတာ က်န္တာကို သမီးတာဝန္သာ ထားလိုက္”

ရွီးက်န႔္ဖ်င္ဟာ  သူ႔သမီးက သူတို႔သားဖၾကားကို ဝင္ေစ့စပ္ေပးႏိုင္လိမ့္မယ္လို႔  ေတြးေနတယ္ဆိုတာကို  သတိထားမိသည္။

ဒါမဲ့ သူ႔သားႏွင့္သူ႔ရဲ႕ဆက္ဆံေရးက သူ႔စီးပြားေရးၿပိဳင္ဘက္နဲ႔ဆက္ဆံေရးထက္ပိုၿပီးဆိုး‌ေနေလာက္တယ္။

“ေဖေဖလည္း ဒီလိုမ်ိဳးမျဖစ္ခ်င္ပါဘူး ဒီကိစၥကိုေဖေဖ ေနာက္က် အာ႐ုံစိုက္ေပးပါ့မယ္” 

ရွီးနဥ္က  ေခါင္းညိမ့္ျပလိုက္သည္။ ရွီးခ်န္ ဒဏ္ရာရခဲ့တာကို စဥ္းစားမိေတာ့ အေပၚထပ္ကို ေဆးေသတၱာေလးကိုယူကာ တက္သြားလိုက္သည္။

သူမက တံခါးနားရပ္လိုက္ၿပီး အထဲကိုဝင္သြားဖို႔ျပင္လိုက္ၿပီး စကားေျပာမလို႔ရွိေသး၊ ရွီးခ်န္က သူမကိုေက်ာေပးၿပီး ဖုန္းေျပာေနတာကို သတိထားမိလိုက္သည္။

“ကြၽန္ေတာ္သိပါတယ္ အေမ”

ဒါေပါ့ သူေျပာတဲ့အေမက သူမရဲ႕အေမ ေတာ့မဟုတ္ဘူး။ ေခ်ာင္ရႈပဲျဖစ္လိမ့္မယ္။

ရွီးနဥ္ဟာ  သားအမိႏွစ္ေယာက္သား စကားေျပာတာကို ခိုးနားမေထာင္သင့္ဘူးလို႔ ခံစားမိ၏။ဒါ့ေၾကာင့္  သူမက အျပင္ကိုထြက္ကာ  သူ႔ဒဏ္ရာကိုေဆးထည့္ေပးဖို႔မလုပ္ခင္ သူမရဲ႕အစ္ကို ဖုန္းေျပာၿပီးတဲ့အထိ ေစာင့္ေနဖို႔ ျပင္လိုက္သညါ။

“ခ်ဴေယာင္ျပန္လာၿပီ?”

ရွီးခ်န္ ႐ုတ္တရက္ ေျပာလိုက္တဲ့ စကားတစ္ခြန္းကို သူမ အမွတ္တမဲ့ၾကားလိုက္ရသည္။

ထိုနာမည္ၾကားလိုက္ရၿပီးေနာက္ ရွီးနဥ္ဟာ သူမရဲ႕ေဆးေသတၱာကို သူ႔လက္က ၿမဲၿမဲမကိုင္ႏိုင္ေတာ့ဘဲ ေအာက္သို႔ျပဳတ္က်သြားေလသည္။

ယြီခ်ဴေယာင္။

သူမ ေနာက္ဆုံးေတာ့ ျပန္ေရာက္လာၿပီ။

မူရင္းဝတၳဳထဲမွာ ရွီးနဥ္က  အမ်ိဳးသမီးဇာတ္ပို႔ဇာတ္ေကာင္ေလးသာသာပင္။ သူမက ဇာတ္လိုက္ေတြကို ဆန႔္က်င္မိၿပီးေနာက္ ခ်က္ခ်င္းဆိုသလို အေျမာက္စာ ဇာတ္ေကာင္ေလး ျဖစ္သြားခဲ့သည္။

‘ယြီခ်ဴေယာင္’ကသာ ဒီဝတၳဳထဲက တကယ့္ဗီလိန္မ ျဖစ္၏။

Thanks for Reading 💟

*******

Lanjutkan Membaca

Kamu Akan Menyukai Ini

11.4K 349 20
These oneshots are just some fanfictions based on the story of Ponniyin Selvan characters. Includes all the ships. #( ALL RIGHTS RESERVED) # โˆ† Reque...
22.1K 1.2K 19
แ€™แ€ฏแ€”แ€บแ€ธแ€แ€šแ€บ. . . แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€žแ€ฑโ€Œแ€œแ€ฑแ€ฌแ€€แ€บแ€กแ€ฑแ€ฌแ€„แ€บ แ€™แ€ฏแ€”แ€บแ€ธแ€แ€šแ€บ. . . . ...
585K 52.1K 34
๐™๐™ช๐™ฃ๐™š ๐™ ๐™ฎ๐™– ๐™ ๐™–๐™ง ๐™™๐™–๐™ก๐™– , ๐™ˆ๐™–๐™ง ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ข๐™ž๐™ฉ ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ƒ๐™ค ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž...... โ™ก ๐™๐™€๐™๐™„ ๐˜ฟ๐™€๐™€๐™’๐˜ผ๐™‰๐™„ โ™ก Shashwat Rajva...
110M 3.4M 115
The Bad Boy and The Tomboy is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon p...