The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 288

7.1K 1.4K 52
By Sailor_Moon_94




Zawgyi ver..





မူလစံခ်ိန္အားခ်ိဳးေဖာက္ေက်ာ္တက္၍ အံ့ျသေလာက္စရာစံခ်ိန္သစ္တင္ျခင္း











ယူေ႐ွာင္မို နံရံေပၚ႐ွိနာရီအား လွမ္းၾကည့္လိုက္မိ၏၊ အခ်ိန္ႏွစ္ဆယ့္ငါးမိနစ္(၂၅:၀၀) ေက်ာ္လြန္လာခဲ့ၿပီးျဖစ္သည္ ။

ကမ႓ာေျမဆြဲအားအခန္းတြင္း၌လည္း လူငါးေယာက္သာ က်န္႐ွိေနေတာ့သည္၊ သို႔ေသာ္ ႏွစ္ဆယ့္ငါးမိနစ္ႏွင့္ သံုးစကၠန္႔(၂၅:၀၃)သို႔ ေရာက္ေသာအခါ ထံုယြယ္ရႊီမွ အ႐ွံုးေပးလိုက္ေတာ့သည္၊ သူ၏လက္႐ွိ အေျခအေနအရ ဆက္လက္ေတာင့္ခံရန္ အဆင္ေျပေနေသးေသာ္လည္း ထံုယြယ္ရႊီဆိုသည္မွာ အျခားသူမ်ားႏွင့္ ေရကုန္ေရခမ္းအႀကိတ္အနယ္ ယွဥ္ၿပိဳင္ရန္ ဝါသနာပါတတ္သည္႕ လူစားမ်ိဳး မဟုတ္သည့္အတြက္ စိတ္ေက်နပ္ေလာက္မည့္ ရမွတ္မ်ိဳးရ႐ွိျပီးသြားလ်ွင္ပင္ သူ႔အတြက္ လံုေလာက္ၿပီျဖစ္သည္ ။




" ယူေ႐ွာင္မို.. အေကာင္းဆံုးလုပ္ခဲ့ေနာ္ "

အျပင္သို႔ ေရႊ႔ေျပာင္းမခံရခင္ ထံုယြယ္ရႊီမွ ယူေ႐ွာင္မိုအား အားေပးစကားမ်ား ေျပာသြားေသးသည္၊ ထို႔ေနာက္ သူ၏မ်က္ဝန္းမ်ားသည္ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္း႐ွိရာဘက္သို႔ ေရြ႔လ်ားသြားသည္၊ တစ္စံုတစ္ခုအား ေျပာသြားခ်င္ပံုရ၏၊ သို႔ေသာ္ ၎၏ စကားမဆံုးေသးမီပင္ ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုးမွ သူ႔အား အျပင္သို႔ ပို႔ေဆာင္လိုက္ေလသည္ ။

ယူေ႐ွာင္မိုသည္ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔၏ 'အ႐ွံုးေပးရန္ အတင္းအျကပ္ျငင္းဆန္ေနေသာ' မ်က္လံုးမ်ားအား လွမ္းၾကည့္လိုက္သည္၊ ထံုယြယ္ရႊီလည္း ထြက္သြားၿပီျဖစ္သျဖင့္ အခန္းအတြင္း၌ က်န္ရစ္ခဲ့သူမ်ားမွာ သူ၊ ခ်င္ခ်ိဳး၊ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔သာ ျဖစ္သည္၊ ၎တို႔အားလံုးသည္ အခန္းေထာင့္ တစ္ေထာင့္ခ်င္းစီတိုင္းအား အပိုင္စီးထားၾကၿပီး အခ်င္းခ်င္း မ်က္စိေဒါက္ေထာက္ ၾကည့္လ်က္႐ွိေနၾကသည္ ။






နံရံေပၚ႐ွိ နာရီသည္ ႏွစ္ဆယ့္ေျခာက္မိနစ္ ေလးဆယ္စကၠန္႔(၂၆:၄၀)သို႔ ေရာက္႐ွိလာၿပီျဖစ္သည္ ။



မည္သို႔ပင္ဆိုေစကာမူ ခ်င္ခ်ိဳးသည္ အားႏြဲ႔သည့္ မိန္းကေလးတစ္ေယာက္ျဖစ္သည့္အတြက္ နံရံေပၚ႐ွိနာရီမွအခ်ိန္ ေလးဆယ္႔တစ္စကၠန္႔ (၂၆:၄၁)သို႔ က်ေရာက္လာေသာအခါ အ႐ွံုးေပးရန္ ဆံုးျဖတ္လိုက္ေတာ့သည္၊ သူမထံ၌ အျခားေရြးခ်ယ္စရာလည္း မ႐ွိေပ၊ သူမ၏မ်က္ႏွာသည္ တေစၧသရဲကဲ့သို႔ ျဖဴဆုတ္ေနၿပီး ဒူးႏွစ္ဖက္သည္လည္း အနည္းငယ္ ေကြးေနေပၿပီ၊ သူမသာ အခ်ိန္အနည္းငယ္ခန္႔ ဆက္ေနပါက သူမခႏၶာကိုယ္တစ္ခုလံုး ဤအခန္း၏ ဖိအားေအာက္တြင္ ၿပိဳလဲက်ေတာ့မည္ျဖစ္သည္၊ ထို႔အျပင္ သူမ၏ ယခုအေျခအေနႏွင့္ဆိုလ်ွင္လည္း  မိနစ္သံုးဆယ္အထိ ဆက္ေတာင့္ခံႏိုင္လိမ့္မည္ မဟုတ္ ။

ခ်င္ခ်ိဳးသည္ ယူေ႐ွာင္မိုအား ပူေဆြးဝမ္းနည္းစြာ ၾကည့္ရင္း သူမလက္အတြင္း႐ွိ ေနရာေရႊ႔ေျပာင္းေရး ေက်ာက္တံုးအား ဖိေခ်လိုက္ေတာ့သည္ ။


ယူေ႐ွာင္မိုသည္ သူမ၏ ပူေဆြးဝမ္းနည္းေနေသာ အၾကည့္ေနာက္ကြယ္႐ွိ ဆိုလိုရင္း အဓိပၸါယ္တို႔အား စိတ္မဝင္စားပါေခ်၊ သူေတြးေနသည္မွာ ၿပိဳလဲက်လုနီးနီး တုန္လႈပ္ေနသည့္ သူ၏ခႏၶာကိုယ္ကိုသာ ျဖစ္သည္၊ သူ၏ဒူးႏွစ္ဖက္သည္ နည္းနည္းခ်င္းစီ စတင္တုန္လႈပ္လာေနၿပီး မၾကာမီအခ်ိန္အတြင္း အေႏွးႏွင့္အျမန္ပင္ ေျမျပင္ေပၚသို႔ ၿပိဳလဲက်ေတာ့မည္ျဖစ္သည္ ။

အကယ္၍ ဤအတိုင္းသာဆက္သြားလ်ွင္ ႏွစ္ဆယ့္႐ွစ္မိနစ္ကိုပင္ မေက်ာ္ႏိုင္ေတာ့မည္ကို စိုးရိမ္ေနမိသည္ ။



ယူေ႐ွာင္မို အံတင္းတင္းႀကိတ္လိုက္သည္၊ သူ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔အား မ႐ွံုးလိုေပ၊ ၎တို႔အားလံုး ဒီအေျခအေနအထိေရာက္လာရသည္မွာ ျပင္းျပေသာ စိတ္အင္အားေၾကာင့္သာျဖစ္ၿပီး  ၎စိတ္သာမ႐ွိပါမူ မည္သူမ်ွ ေတာင့္ခံေနႏိုင္လိမ့္မည္မဟုတ္ေပ၊ ယူေ႐ွာင္မို ၎တို႔ႏွစ္ေယာက္အားၾကည့္လိုက္ေသာအခါ ႏွစ္ေယာက္လံုး အံႀကိတ္ထားၾကသည္ကို ေတြ႔လိုက္ရသည္၊ သို႔ေသာ္ ၎တို႔ႏွစ္ေယာက္လံုး ေနာက္ထပ္အခ်ိန္အနည္းငယ္ ထပ္ ေတာင့္ခံႏိုင္ၾကေသးပံုေပၚသည္၊ ထို႔ေၾကာင့္ယူေ႐ွာင္မို အနည္းငယ္ ဇေဝဇဝါျဖစ္သြားရသည္ ။

ယူေ႐ွာင္မိုသည္ သူ၏ခႏၶာကိုယ္ၾကံခိုင္မႈမွာ ထ်န္းဇီ႐ွင္းထက္ေတာ့သာမွန္း လံုးဝေသခ်ာသည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မို ဆက္မေတာင့္ခံႏိုင္ေတာ့ခ်ိန္တြင္ သူမသည္လည္း ေတာင့္ခံႏိုင္စရာမေၾကာင္းမ႐ွိ၊ ထို႔အျပင္ သူသည္ ေယာက္်ားတစ္ေယာက္ျဖစ္သည္၊ ထို႔ေၾကာင့္ သူသာ သူမအား ႐ွံုးနိမ့္သြားပါက အလြန္႔အလြန္ပင္ အ႐ွက္ရဖြယ္ ျဖစ္ေပလိမ့္မည္ ။

သူဤေက်ာင္းေရာက္လာသည္မွာ တစ္ႏွစ္ပင္မျပည့္ေသးေသာ္ျငား ေက်ာင္းေတာ္မွ ၿပိဳင္ပြဲအတြင္း ျပင္ပအကူအညီသံုး၍ ယွဥ္ၿပိဳင္ျခင္းအား ခြင့္ျပဳမည္မဟုတ္မွန္းေတာ့ နားလည္သည္ ။

ထို႔အျပင္ ကမ႓ာေျမဆြဲအားအခန္းသည္ ေက်ာင္းသားမ်ား ေလ့က်င့္ရန္ႏွင္ ၎တို႔၏ၾကံခိုင္မႈႏွင့္ စြမ္းရည္တို႔အား စစ္ေဆးရန္ ဖန္တီးတည္ေဆာက္ထားျခင္းျဖစ္သည္၊ အကယ္၍ မ႐ိုးမသားျပဳလုပ္သည္အား ႐ွာေဖြေတြ႔႐ွိပါက အထူးသျဖင့္ ယခုကဲ့သို႔ ၿပိဳင္ပြဲက်င္းပေနစဥ္အတြင္း ျဖစ္ပါက ထိုေက်ာင္းသားသည္ ၿပိဳင္ပြဲမွ ထုတ္ပယ္ခံရရရံုမ်ွမကပဲ ေက်ာင္းေတာ္မွ သတ္မွတ္ေသာ အျပစ္ဒဏ္ကိုပါ ခံယူရလိမ့္မည္ျဖစ္သည္ ။

ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔လည္း ထိုအေၾကာင္းအား နားလည္ၿပီး ၿပိဳင္ပြဲစည္းကမ္းအား ခ်ိဳးေဖာက္ရဲလိမ့္မည္မဟုတ္ဟု ယူေ႐ွာင္မို ယံုၾကည္သည္၊ ဆိုလ်ွင္ ဤအရာသည္ မိမိတို႔ကိုယ္အတြင္း႐ွိ ဝိဥာဥ္စြမ္းအားႏွင့္ တစ္နည္းနည္း ပတ္သတ္မႈေတာ့ ႐ွိေပလိမ့္မည္ ။

ထိုသို႔ စဥ္းစားမိၿပီးေနာက္ ယူေ႐ွာင္မို ဝိဥာဥ္စြမ္းအား အနည္းငယ္ ထုတ္လႊတ္ကာ သူ၏လက္ေခ်ာင္းမ်ားအား ဖံုးလႊမ္းေစျကည့္လိုက္သည္၊ ထိုအခါ သူ၏လက္ေခ်ာင္းမ်ား ယခင္ကထက္ ပိုမိုေပါ့ပါးလာေၾကာင္း ေတြ႔႐ွိလာရသည္၊ သူ၏မ်က္လံုးမ်ား အေရာင္ေတာက္လာကာ အလြန္စိတ္ေက်နပ္သြားေလသည္၊ ဤနည္းလမ္းမွာ အမွန္ပင္ အလုပ္ျဖစ္သည္ ။

ထ်န္းဇီ႐ွင္းတစ္ေယာက္ ေမွာ္ဆရာျဖစ္ေသာ္ျငား က်င့္ၾကံသူမ်ားထက္ ပိုမိုေတာင့္ခံႏိုင္ျခင္းမွာ ဝိဥာဥ္စြမ္းအားေၾကာင့္ျဖစ္ေၾကာင္း ယူေ႐ွာင္မို ေနာက္ဆံုးေတာ့ နားလည္သေဘာေပါက္သြားခဲ့သည္၊ က်င့္ၾကံသူမ်ားသည္ သန္မာေသာ္ျငား ဝိဥာဥ္စြမ္းအားမ႐ွိေသာေၾကာင့္ ၎တို႔၏ခႏၶာကိုယ္ၾကံခိုင္မႈကိုသာ အားထားၾကရသည္၊ ေမွာ္ဆရာမ်ားမွာမူ ဝိဥာဥ္စြမ္းအား အကူအညီျဖင့္ ပိုမိုေတာင့္ခံႏိုင္ၾကေသာ္လည္း ၎တို႔၏မူလခႏၶာကိုယ္မွာ အားနည္းၾကသျဖင့္ သိပ္ၾကာၾကာေတာ့ မေတာင့္ခံထားႏိုင္ေပ ။

ယူေ႐ွာင္မို တံု႔ဆိုင္းမေနေတာ့ပဲ ဝိဥာဥ္စြမ္းအားမ်ားအား သူ႔တစ္ကိုယ္လံုးသို႔ ျဖန္႔က်က္လိုက္သည္၊ ဤနည္းလမ္းသည္ ဝိဥာဥ္စြမ္းအားမ်ားအား အနည္းငယ္ျဖဳန္းတီးရာက်ေသာ္လည္း သူ႔ခႏၶာကိုယ္ေပၚက်ေရာက္ေနေသာ ဖိအားမ်ားအား အမွန္တကယ္ ေပါ့ပါးသြားေစ၏ ။

ယူေ႐ွာင္မို စိတ္သက္သာရာရသြားသျဖင့္ သက္ျပင္းခ်လိုက္မိသည္၊ ယခု သူ႔ထံ၌မိနစ္အနည္းငယ္ ထပ္၍ေတာင့္ခံႏိုင္ရန္ ယံုၾကည္မႈမ်ား ႐ွိလာၿပီျဖစ္သည္၊ ထို႔အျပင္ ဟိုႏွစ္ေယာက္ႏွင့္လည္း မည္သူ႔ထံ၌ ဝိဥာဥ္စြမ္းအား ပိုမ်ားမ်ား႐ွိေၾကာင္း ယႇဥ္ျကည့္ခ်င္လာသည္ ။

အျခားတစ္ဖက္တြင္မူ ယူေ႐ွာင္မို႔မ်က္ႏွာထက္၌ စိတ္ေအးလက္ေအး ႐ွိေနေၾကာင္းအမူအယာအား ျမင္လိုက္ၾကရသည့္အခါ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔ ႐ွံု႔မဲ့သြားၾက၏၊ ဝိဥာဥ္စြမ္းအား အသံုးျပဳမႈသည္ ဖံုးကြယ္ထား၍ မရႏိုင္ပါေပ ။

မည္သို႔ပင္ဆိုေစကာမူ ခႏၶာကိုယ္တစ္ခုလံုးအား ဖံုးအုပ္ထားမည္ဆိုလ်ွင္ေတာ့ ဝိဥာဥ္စြမ္းအားပမာဏ အေျမာက္အမ်ား လိုအပ္ေပမည္၊ ပံုမွန္အားျဖင့္ဆိုလ်ွင္ ၎တို႔ထံ၌ ဝိဥာဥ္စြမ္းအား အေျမာက္အျမား႐ွိေသာ္လည္း ယခုမွာမူ ကမ႓ာေျမဆြဲအားအခန္းထဲ၌ ျဖစ္ေသာေၾကာင့္ ဤအေျခအေနအတိုင္း မိနစ္အနည္းငယ္ခန္႔ ဆက္ထိန္းထားရန္ေတာင္မွ အလြန္ႀကိဳးစား႐ုန္းကန္ရဦးမည္ ျဖစ္သည္ ။

အခ်ိန္သည္ ႏွစ္ဆယ့္႐ွစ္မိနစ္ႏွင့္ ႏွစ္ဆယ့္ေျခာက္စကၠန္႔(၂၈:၂၆)သို႔ ျဖည္းညင္းစြာ ထိကပ္လာေနသည္၊ ထိုအခ်ိန္တြင္ ခ်ိဳင္က်န္းထံမွ နာက်င္စြာေအာ္ဟစ္သံတစ္ခု ထြက္ေပၚလာၿပီး သူ၏ဒူးတစ္ဖက္သည္လည္း ေျမျပင္သို႔ ၫႊတ္က်သြားသည္၊ ပခံုးမ်ားမွာလည္း ငိုက္စိုက္ေနၿပီး မ်က္ႏွာမွာလည္း အလြန္အမင္း ျဖဴေလ်ာ္ေနသည္၊ ထိုပံုအတိုင္း ေနာက္ငါးစကၠန္႔ခန္႔ ေပကပ္ေတာင့္ခံၿပီးခ်ိန္တြင္ ေျမျပင္ေပၚသို႔ တစ္ကိုယ္လံုး ျပားကပ္က်သြားကာ ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုးအား မေမ်ာ္လင့္ပဲ ဖိေခ်မိသလို ျဖစ္သြားရသည္၊ ထို႔ေနာက္ ၎ေဘးပတ္လည္႐ွိ ေလထုမွ အနည္းငယ္ လႈပ္႐ွားလာၿပီး ခ်ိဳင္က်န္းအား အျပင္သို႔ သယ္ေဆာင္သြားေလေတာ့သည္ ။




ခ်ိဳင္က်န္း၏ စံခ်ိန္သည္ ထ်န္းဇီယဲ့ထက္ တစ္မိနစ္ခန္႔ ေနာက္က်သည္ ။

ယခင္က ယူေ႐ွာင္မိုေတြးေနခဲ့သည္မွာ ခ်ိဳင္က်န္းအား ႏွစ္ဆယ့္ကိုးမိနစ္ေလာက္အထိေတာ့ ေတာင့္ခံႏိုင္လိမ့္မည္ဟူ၍၊ ယခုကဲ့သို႔ ႏွစ္ဆယ့္႐ွစ္မိနစ္သံုးဆယ္စကၠန္႔ (၂၈:၃၀) မွာတင္ အ႐ွံုးေပးသြားရန္ မေမ်ာ္လင့္ခဲ့ေပ၊ ယခင္က ယူေ႐ွာင္မို အလြန္ စိတ္သေဘာထားက်ဥ္းေျမာင္းခဲ့ၿပီး ယခုမွသာ ထ်န္းဇီယဲ့ဆိုသူမွာ အနည္းငယ္ ျဖံဳေလာက္စရာ ျဖစ္ေၾကာင္း ခံစားမိလာရေတာ့သည္ ။

ယူေ႐ွာင္မို သူ႔ခႏၶာကိုယ္တစ္ေလ်ွာက္ လည္ပတ္စီးဆင္းေနေသာ ဝိဥာဥ္ဟြမ္းအားတို႔အား အာရံုခံၾကည့္လိုက္သည္၊ ဤေနရာ၌ ဝိဥာဥ္စြမ္းအားမ်ား ျမန္ျမန္ကုန္ဆံုးႏိုင္သည္ကို ခန္႔မွန္းမိထားေသာ္လည္း ထက္ဝက္နီးနီး ကုန္ဆံုးသြားၿပီျဖစ္သျဖင့္ အံ့ျသသြားရသည္၊ ထို႔ေနာက္ သိပ္ၾကာၾကာ မေတာင့္ခံႏိုင္ေတာ့ပံုရေသာ ထ်န္းဇီ႐ွင္းအား တစ္ခ်က္လွမ္းၾကည့္လိုက္သည္ ။

သူမ၏ အၾကည့္မ်ားသည္ ယူေ႐ွာင္မို႔ထံတြင္သာ ျမဲျမံလ်က္႐ွိသည္၊ သူမ၏ ရည္ရြယ္ခ်က္မွာ ယူေ႐ွာင္မိုအား ႏွိပ္ကြပ္ရန္တင္မကပဲ သူမအစ္ကို၏ စံခ်ိန္ကိုပါ ေက်ာ္တတ္ရန္ျဖစ္သည္၊ ထိုဖိအားႏွစ္ခုသည္ သူမယခုအခ်ိန္အထိ ေတာင့္ခံႏိုင္လာရသည့္ ခြန္အားမ်ားပင္ ျဖစ္သည္ ။

သူမ၏ ဝိဥာဥ္စြမ္းအားမ်ား ဆက္လက္ကုန္ဆံုးလ်က္႐ွိေသာေၾကာင့္ သူမ၏ မ်က္ႏွာသည္လည္း ဆက္လက္ျဖဴဆုတ္လာလ်က္ ႐ွိသည္၊ သူမသည္ အဆင့္ေျခာက္ေမွာ္ဆရာျဖစ္သည္ မွန္ေသာ္ျငား သူမ၏ ဝိဥာဥ္စြမ္းအားအား ေကာင္းစြာ မထိန္းခ်ဳပ္ႏိုင္ေသးေပ၊ ထို႔အျပင္ ခႏၶာကိုယ္တစ္ခုလံုးအား ဝိဥာဥ္စြမ္းအားျဖင့္ ဖံုးအုပ္ျခင္းသည္ သူမလုပ္ေလ့လုပ္ထ႐ွိသည့္အရာတစ္ခု မဟုတ္သျဖင့္ သူမ၏လႈပ္႐ွားမႈမ်ားမွာ ကေမာက္ကမျဖစ္လ်က္႐ွိၿပီး ဝိဥာဥ္စြမ္းအားမ်ား လိုသည္ထက္ပိုကာ ကုန္ဆံုးလ်က္႐ွိေပသည္ ။

ဤသည္မွာ သူ႔ထက္အဆင့္ပိုျမင့္ေသာ ခ်င္ခ်ိဳးႏွင့္ ခ်ိဳင္က်န္းတို႔ ယူေ႐ွယင္မိုထက္ပို၍ ေစာေစာထြက္သြားရသည့္ အေၾကာင္းအရင္းလည္း ျဖစ္ေပသည္ ။





......... ......












ယူေ႐ွာင္မို ထ်န္းဇီ႐ွင္းအားလ်စ္လ်ဴ႐ွုကာ နံရံေပၚ႐ွိနာရီသို႔သာ အၾကည့္မ်ားပို႔ထားလိုက္သည္၊ ယခုဆိုလ်ွင္ ႏွစ္ဆယ့္ကိုးမိနစ္ဆယ့္ခုနစ္စကၠန္႔ (၂၉:၁၇) ႐ွိေနၿပီျဖစ္ၿပီး သူသာ အနည္းငယ္ထပ္ ေတာင့္ခံထားႏိုင္ပါက  ထ်န္းဇီယဲ့၏စံခ်ိန္အား  ေက်ာ္ျဖတ္နိုင္ေတာ့မည္ျဖစ္သည္၊ မည္သို႔ပင္ျဖစ္ေစ ၎မွာသူ႔အတြက္ အေရးမႀကီး၊ သူ၏ပန္းတိုင္မွာ ထ်န္းဇီယဲ့အား ေက်ာ္တက္ရန္ထက္ ပိုေပသည္ ။

ယူေ႐ွာင္မို သူ႔အေတြးႏွင့္သူနစ္ေမ်ာေနစဥ္ တစ္ဖက္ထ်န္းဇီ႐ွင္းမွ လုွပ္လႈပ္႐ွား႐ွား ျဖစ္လာ၏ ။

သူမ၏တံု႔ျပန္မႈမွာ ခ်ိဳင္က်န္းႏွင့္ ခပ္ဆင္ဆင္ျဖစ္သည္၊ ဒူးတစ္ဖက္ ေျမျပင္ထက္သို႔ ေထာက္လ်က္က်သြားေသာ္လည္း သူမ စကၠန္႔အနည္းငယ္ခန္႔ ထပ္ေတာင့္ခံႏိုင္ခဲ့ေသးသည္ ။

ႏွစ္ဆယ့္ကိုးမိနစ္ႏွစ္ဆယ္စကၠန္႔..

ႏွစ္ဆယ့္တစ္စကၠန္႔..

ႏွစ္ဆယ့္ႏွစ္စကၠန္႔...


ေျမျပင္ေပၚ၌ ဒူးတစ္ဖက္ေထာက္လ်က္႐ွိေသာ ထ်န္းဇီ႐ွင္း၏ လက္ေခ်ာင္းမ်ား လႈပ္႐ွားလာသည္၊ ပတ္ဝန္းက်င္မွအလင္းတန္းမ်ား ထြက္ေပၚလာ၍ သူမအား မသယ္ေဆာင္သြားမီတြင္ မယံုၾကည္ႏိုင္ေသာ မ်က္ဝန္းအစံုျဖင့္ ယူေ႐ွာင္မိုအား စူးစိုက္ၾကည့္သြားေသး၏ ။

ယူေ႐ွာင္မို ဒီအခ်ိန္ထိ ဘယ္လိုေတာင့္ခံေနႏိုင္တာလဲ?

သူမ မေတြးတတ္ေတာ့ေပ ။







ထ်န္းဇီ႐ွင္းမသိသည္မွာ ယူေ႐ွာင္မို သင္ယူထားခဲ့သည့္အရာမ်ားသည္ သူမသိသည့္အရာမ်ားထက္ ပိုသည္ကိုပင္၊ ႐ွင္း႐ွင္းေျပာရလ်ွင္ အဖိုးအိုသင္ေပးခဲ့သည့္ မိမိဝိဥာဥ္စြမ္းအားကိုသာ မွီခို၍ လက္မသံုးပဲ ေဆးေဖာ္သည့္နည္းသည္ အဆင့္ခုနစ္႐ွိေသာ ေမွာ္ဆရာမ်ားသာ ျပဳလုပ္ႏိုင္သည့္ အရာမ်ိဳးျဖစ္သည္ ။

ထို႔အျပင္ ၎မွာ သူ အဖိုးအိုထံမွ သင္ယူခဲ့ရသည့္ တစ္ခုတည္းေသာအရာမဟုတ္ပါေခ်၊ ယူေ႐ွာင္မိုသည္ ေမွာ္ေဆးလံုးအေျမာက္အမ်ားအား တစ္ၿပိဳင္နက္တည္း မည္သို႔ ေဖာ္စပ္ရမည္ကိုလည္း သင္ယူခဲ့ရေသးသည္၊ ၎မွာ မိမိဝိဥာဥ္စြမ္းအားအား ကြၽမ္းက်င္စြာ ထိန္းခ်ဳပ္တတ္ရန္ အထူးလိုအပ္သည္၊ ထို႔ေၾကာင့္ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔သည္  ေဆးေဖာ္ရာတြင္ ဝိဥာဥ္စြမ္းအား၏ အသံုးျပဳပံုအား သင္ၾကားခဲ့ရလ်ွင္ေတာင္မွ ယူေ႐ွာင္မိုက ၎တို႔ထက္ ပို၍သာသည္၊ ဝိဥာဥ္စြမ္းအားကိုလည္း ပို၍ေကာင္းေကာင္း ကိုင္တြယ္ထိန္းခ်ဳပ္ႏိုင္သည္ ။




ယူေ႐ွာင္မိုကေတာ့ ေဆးေဖာ္ရာ၌ ဝိဥာဥ္စြမ္းအား အသံုးျပဳျခင္းသည္ ေမွာ္ဆရာမ်ားအၾကား သာမာန္ကိစၥတစ္ခုသာျဖစ္သည္ဟု ေတြးထင္သျဖင့္ ထိုအေၾကာင္းအရင္းမ်ားအား မသိလိုက္ေခ် ။







အခန္းတြင္း႐ွိ ၿပိဳင္ပြဲဝင္မ်ားအတြက္ တစ္ကၠန္႔တိုင္းစီက အလြန္ၾကာျမင့္ေသာ္လည္း ျပင္ပ႐ွိ ပြဲၾကည့္ပရိတ္သတ္မ်ားအတြက္ေတာ့ အခ်ိန္နာရီဝက္မွာ မ်က္စိတစ္မွိတ္အတြင္း ကုန္ဆံုးသြားခဲ့သည္၊ ၎တို႔သည္ မိနစ္တိုင္း မိနစ္တိုင္း တံခါးဝ၌ ၿပိဳင္ပြဲဝင္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ေပၚလာသည္ကို လွမ္းျမင္ေနျကရသည္၊ ထို႔ေနာက္တြင္ ရင္းႏွီးေနေသာပံုရိပ္မ်ား စတင္ျမင္ေတြ႔လာရၿပီး ၿပိဳင္ပြဲ၏ အ႐ွိန္အျမင့္ဆံုးအပိုင္းသို႔ ေရာက္႐ွိလာၿပီျဖစ္သျဖင့္ အားလံုးက စိတ္လႈပ္႐ွားစြာ ေစာင့္ၾကည့္ေနၾကေလသည္ ။


နံရံထက္ရွိနာရီမွ ႏွစ္ဆယ့္ငါးမိနစ္ အမွတ္အသားသို႔ မေရာက္မီ ထြက္ေပၚလာသူ တစ္ဦး႐ွိသည္၊ ၎မွာ က်ံဳးက်င္း႐ွန္ ျဖစ္သည္ ။


က်ံဳးက်င္း႐ွန္အား မသိသူမ်ား ႐ွိေကာင္း႐ွိႏိုင္ေသာ္လည္း ယခင္က ယူေ႐ွာင္မိုႏွင့္ ခ်ိဳင္ကြၽင္းတို႔အၾကား ျဖစ္ပြားခဲ့သည့္ စိန္ေခၚပြဲအား ျပန္လည္ေတြးေတာၾကည့္ပါက ၎တို႔ႏွစ္ေယာက္အား ၿပိဳင္ပြဲစင္ေပၚ အေရာက္ပို႔ခဲ့သူမွာ ၎က်ံဳးက်င္း႐ွန္ျဖစ္ေၾကာင္း ခပ္ေရးေရး ေပၚလာလိမ့္မည္ ျဖစ္သည္ ။




၎ထြက္လာၿပီး သိပ္မၾကာမီ ထံုယြယ္ရႊီ ထြက္ေပၚလာသည္ ။


သို႔ေသာ္ လူအမ်ားအား အံျသသြားေစသည့္အခ်က္မွာ ခ်င္ခ်ိဳးႏွင့္ ခ်ိဳင္က်န္းတို႔ ယူေ႐ွာင္မိုႏွင့္ ထ်န္းဇီ႐ွင္းတို႔ထက္ အရင္ထြက္ေပၚလာျခင္းျဖစ္သည္၊ ၎တို႔၏အဆင့္မွာ ပိုျမင့္ေသာ္လည္း ယူေ႐ွာင္မိုႏွင့္ ထ်န္းဇီ႐ွင္းတို႔အား ႐ွံုးနိမ့္သြားျကသည္ ။

၎တို႔၏ၿပိဳင္ဆိုင္မႈမွာ အလြန္ျပင္းထန္ၿပီး ခ်ိဳင္က်န္းဆိုလ်ွင္ ထြက္လာသည့္အခ်ိန္မွစ၍ တစ္ခ်ိန္လံုး မစင္စားထားမိသကဲ့သို႔ မသက္မသာျဖစ္လို႔ေနသည္ ။

မည္သို႔ပင္ဆိုေစကာမူ မၾကာမီပင္ အားလံုး၏ အာရံုသည္ အခန္းတြင္းသို႔သာ ျပန္လည္က်ေရာက္သြားၾကသည္၊ ေနာက္ဆံုးက်န္ေနသည့္ႏွစ္ေယာက္မွာ ေက်ာင္းဝင္သည့္ေနမွစ၍ ယေန႔အထိ မရပ္မနား ယွဥ္ၿပိဳင္လာခဲ့ၾကေသာ ယူေ႐ွာင္မိုႏွင့္ ထ်န္းဇီ႐ွင္းတို႔ုျဖစ္သည္ေလ ။

အခ်ိဳ႕က ထ်န္းဇီ႐ွင္းက ပို၍အားသာသည္ဟုဆိုသည္၊ အခ်ိဳ႕က ယူေ႐ွာင္မိုက ႏွာတစ္ဖ်ားပိုသာသည္ဟု ေျပာၾကသည္..၊ ကြဲလြဲခ်က္ ေထာင္ေပါက္းမ်ားစြာ႐ွိေနၿပီးယေန႔အထိ မည္သည့္္ဘက္ကမ်ွ ႐ွင္း႐ွင္းလင္းလင္း.အႏိုင္မရၾကေသး၊ ယခုသည္ ထိုကိစၥအား႐ွင္းလင္းရန္ အေကာင္းဆံုးအခ်ိန္ျဖစ္သည္၊ ထို႔ေၾကာင့္ လူအမ်ားသည္ အခန္းအေပါက္ဝမွ အၾကည့္မ်ား မခြာၾကေတာ့ေပ ။





တစ္မိနစ္ခန္႔ ၾကာၿပီးေနာက္တြင္ အခန္းေ႐ွ႕၌ အျဖဴေရာင္အလင္းတန္းမ်ား ေပၚေပါက္လာသည္ ။


ထြက္ေပၚလာေသာပံုရိပ္အား ျမင္ေသာအခါ ပရိတ္သတ္မ်ားသည္ ႐ုတ္တရက္ တိတ္ဆိတ္သြားၾကသည္၊ ၎တို႔သည္ မခ်ိမဆန္႔ ခံစားေနရေသာ အမူအယာျဖင့္ အသက္လု႐ွဴေနရေသာ ထ်န္းဇီ႐ွင္းအား တိတ္ဆိတ္စြာ ေငးၾကည့္ေနၾကေလသည္ ။




ထ်န္းဇီ႐ွင္း ယူေ႐ွာင္မို႔ကို ႐ွံုးသြားၿပီ..

အဲ့ဒါတင္မကေသး ထ်န္းဇီယဲ့ စံခ်ိန္ကိုေတာင္ မေက်ာ္ႏိုင္ခဲ့ဘူး..

ႏွစ္ဆယ့္ကိုးမိနစ္ ႏွစ္ဆယ့္ေျခာက္စကၠန္႔ (၂၉:၂၆) ...











" ယူေ႐ွာင္မိုဘယ္မွာလဲ? သူဘာလို႔ ထြက္မလာေသးတာလဲ?! "

အံျသမႈမ်ား ေပ်ာက္ကြယ္သြားၿပီးေနာက္ ေခတၱၾကာေသာ္ လူအေပါင္းမွာ ထ်န္းဇီယဲ့၏ စံခ်ိန္အား ေက်ာ္လြန္သြားေၾကာင္း သတိျပဳမိသြားၾကၿပီး အဘယ္ေၾကာင့္ ယူေ႐ွာင္မို ထြက္မလာေသးသည္အား စတင္ေမးျမန္းလာၾကေလသည္ ။

ထိုသို႔ ေမးျမန္းေနၾကရင္း ယူေ႐ွာင္မို ထ်န္းဇီယဲ့၏စံခ်ိန္အား ခ်ိဳးဖ်က္သြားၿပီျဖစ္ေၾကာင္းကိုလည္း သတိျပဳမိသြားၾကသည္၊ ထို႔အျပင္ ေရြ႔လ်ားေနသည့္အခ်ိန္သည္ ၎တို႔ေဆြးေႏြးျငင္းခံုေနသည့္အခ်ိန္၌ ရပ္တန္႔ေနလိမ့္မည္မဟုတ္၊ တေရြ႔ေရြ႔ႏွင့္ ေနာက္ဆံုးတြင္ မိနစ္သံုးဆယ္ အမွတ္အသားသို႔ ေရာက္႐ွိသြားေလေတာ့သည္ ။






လူအေပါင္း၏ မ်က္လံုးမ်ား ျပဴးက်ယ္ကုန္ေတာ့သည္၊ ယူေ႐ွာင္မိုမွ ေနာက္ထပ္ စံခ်ိန္တစ္ခုအား ထပ္မံခ်ိဳးဖ်က္သြားၿပီ ျဖစ္သည္ ။











# 1.5.2021

စာလံုးေပါင္းအမွားေလးေတြေထာက္ျပေပးၾကပါဦး ♥

ၿပီးေတာ့တစ္ခုေျပာခ်င္တာက အခုလိုပံုမွန္ျပန္တင္ေပးေနတာ ေတာ္လွန္ေရးမွာေသြးေအးသြားလို႔ လံုးဝလံုးဝမဟုတ္ရပါဘူးေနာ္ စစ္အာဏာ႐ွင္ေတြအျမစ္မျပဳတ္သ၍ အဆံုးထိ ဆက္လက္ေတာ္လွန္သြားမွာပါ။
အခုကိုယ္က wifiကိုညပိုင္းမွသံုးရတာရယ္ twitterမွာတင္ဖို႔ကိုလည္း အဆင္သင့္လုပ္ေပးတဲ့ telegram channelေတြ႐ွိတာရယ္ေၾကာင့္ အရင္ေလာက္အခ်ိန္မေပးရေတာ့လို႔ စာေရးဖို႔အခ်ိန္ပိုထြက္လာတာပါ အဲ့ဒါေၾကာင့္ အရင္လိုပဲ အပ္ပဒိတ္ပံုမွန္ ျပန္လာေပးပါ့မယ္ေနာ္ ♥


_________________








Unicode ver..





မူလစံချိန်အားချိုးဖောက်ကျော်တက်၍ အံ့သြလောက်စရာစံချိန်သစ်တင်ခြင်း











ယူရှောင်မို နံရံပေါ်ရှိနာရီအား လှမ်းကြည့်လိုက်မိ၏၊ အချိန်နှစ်ဆယ့်ငါးမိနစ်(၂၅:၀၀) ကျော်လွန်လာခဲ့ပြီးဖြစ်သည် ။

ကမ်ဘာမြေဆွဲအားအခန်းတွင်း၌လည်း လူငါးယောက်သာ ကျန်ရှိနေတော့သည်၊ သို့သော် နှစ်ဆယ့်ငါးမိနစ်နှင့် သုံးစက္ကန့်(၂၅:၀၃)သို့ ရောက်သောအခါ ထုံယွယ်ရွှီမှ အရှုံးပေးလိုက်တော့သည်၊ သူ၏လက်ရှိ အခြေအနေအရ ဆက်လက်တောင့်ခံရန် အဆင်ပြေနေသေးသော်လည်း ထုံယွယ်ရွှီဆိုသည်မှာ အခြားသူများနှင့် ရေကုန်ရေခမ်းအကြိတ်အနယ် ယှဉ်ပြိုင်ရန် ဝါသနာပါတတ်သည့် လူစားမျိုး မဟုတ်သည့်အတွက် စိတ်ကျေနပ်လောက်မည့် ရမှတ်မျိုးရရှိပြီးသွားလျှင်ပင် သူ့အတွက် လုံလောက်ပြီဖြစ်သည် ။




" ယူရှောင်မို.. အကောင်းဆုံးလုပ်ခဲ့နော် "

အပြင်သို့ ရွှေ့ပြောင်းမခံရခင် ထုံယွယ်ရွှီမှ ယူရှောင်မိုအား အားပေးစကားများ ပြောသွားသေးသည်၊ ထို့နောက် သူ၏မျက်ဝန်းများသည် ထျန်းဇီရှင်းနှင့် ချိုင်ကျန်းရှိရာဘက်သို့ ရွေ့လျားသွားသည်၊ တစ်စုံတစ်ခုအား ပြောသွားချင်ပုံရ၏၊ သို့သော် ၎င်း၏ စကားမဆုံးသေးမီပင် နေရာရွှေ့ပြောင်းရေးကျောက်တုံးမှ သူ့အား အပြင်သို့ ပို့ဆောင်လိုက်လေသည် ။

ယူရှောင်မိုသည် ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့၏ 'အရှုံးပေးရန် အတင်းအကြပ်ငြင်းဆန်နေသော' မျက်လုံးများအား လှမ်းကြည့်လိုက်သည်၊ ထုံယွယ်ရွှီလည်း ထွက်သွားပြီဖြစ်သဖြင့် အခန်းအတွင်း၌ ကျန်ရစ်ခဲ့သူများမှာ သူ၊ ချင်ချိုး၊ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့သာ ဖြစ်သည်၊ ၎င်းတို့အားလုံးသည် အခန်းထောင့် တစ်ထောင့်ချင်းစီတိုင်းအား အပိုင်စီးထားကြပြီး အချင်းချင်း မျက်စိဒေါက်ထောက် ကြည့်လျက်ရှိနေကြသည် ။






နံရံပေါ်ရှိ နာရီသည် နှစ်ဆယ့်ခြောက်မိနစ် လေးဆယ်စက္ကန့်(၂၆:၄၀)သို့ ရောက်ရှိလာပြီဖြစ်သည် ။



မည်သို့ပင်ဆိုစေကာမူ ချင်ချိုးသည် အားနွဲ့သည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် နံရံပေါ်ရှိနာရီမှအချိန် လေးဆယ့်တစ်စက္ကန့် (၂၆:၄၁)သို့ ကျရောက်လာသောအခါ အရှုံးပေးရန် ဆုံးဖြတ်လိုက်တော့သည်၊ သူမထံ၌ အခြားရွေးချယ်စရာလည်း မရှိပေ၊ သူမ၏မျက်နှာသည် တစေၧသရဲကဲ့သို့ ဖြူဆုတ်နေပြီး ဒူးနှစ်ဖက်သည်လည်း အနည်းငယ် ကွေးနေပေပြီ၊ သူမသာ အချိန်အနည်းငယ်ခန့် ဆက်နေပါက သူမခန္ဓာကိုယ်တစ်ခုလုံး ဤအခန်း၏ ဖိအားအောက်တွင် ပြိုလဲကျတော့မည်ဖြစ်သည်၊ ထို့အပြင် သူမ၏ ယခုအခြေအနေနှင့်ဆိုလျှင်လည်း  မိနစ်သုံးဆယ်အထိ ဆက်တောင့်ခံနိုင်လိမ့်မည် မဟုတ် ။

ချင်ချိုးသည် ယူရှောင်မိုအား ပူဆွေးဝမ်းနည်းစွာ ကြည့်ရင်း သူမလက်အတွင်းရှိ နေရာရွှေ့ပြောင်းရေး ကျောက်တုံးအား ဖိချေလိုက်တော့သည် ။


ယူရှောင်မိုသည် သူမ၏ ပူဆွေးဝမ်းနည်းနေသော အကြည့်နောက်ကွယ်ရှိ ဆိုလိုရင်း အဓိပ္ပါယ်တို့အား စိတ်မဝင်စားပါချေ၊ သူတွေးနေသည်မှာ ပြိုလဲကျလုနီးနီး တုန်လှုပ်နေသည့် သူ၏ခန္ဓာကိုယ်ကိုသာ ဖြစ်သည်၊ သူ၏ဒူးနှစ်ဖက်သည် နည်းနည်းချင်းစီ စတင်တုန်လှုပ်လာနေပြီး မကြာမီအချိန်အတွင်း အနှေးနှင့်အမြန်ပင် မြေပြင်ပေါ်သို့ ပြိုလဲကျတော့မည်ဖြစ်သည် ။

အကယ်၍ ဤအတိုင်းသာဆက်သွားလျှင် နှစ်ဆယ့်ရှစ်မိနစ်ကိုပင် မကျော်နိုင်တော့မည်ကို စိုးရိမ်နေမိသည် ။



ယူရှောင်မို အံတင်းတင်းကြိတ်လိုက်သည်၊ သူ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့အား မရှုံးလိုပေ၊ ၎င်းတို့အားလုံး ဒီအခြေအနေအထိရောက်လာရသည်မှာ ပြင်းပြသော စိတ်အင်အားကြောင့်သာဖြစ်ပြီး  ၎င်းစိတ်သာမရှိပါမူ မည်သူမျှ တောင့်ခံနေနိုင်လိမ့်မည်မဟုတ်ပေ၊ ယူရှောင်မို ၎င်းတို့နှစ်ယောက်အားကြည့်လိုက်သောအခါ နှစ်ယောက်လုံး အံကြိတ်ထားကြသည်ကို တွေ့လိုက်ရသည်၊ သို့သော် ၎င်းတို့နှစ်ယောက်လုံး နောက်ထပ်အချိန်အနည်းငယ် ထပ် တောင့်ခံနိုင်ကြသေးပုံပေါ်သည်၊ ထို့ကြောင့်ယူရှောင်မို အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည် ။

ယူရှောင်မိုသည် သူ၏ခန္ဓာကိုယ်ကြံခိုင်မှုမှာ ထျန်းဇီရှင်းထက်တော့သာမှန်း လုံးဝသေချာသည်၊ ထို့ကြောင့် ယူရှောင်မို ဆက်မတောင့်ခံနိုင်တော့ချိန်တွင် သူမသည်လည်း တောင့်ခံနိုင်စရာမကြောင်းမရှိ၊ ထို့အပြင် သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်၊ ထို့ကြောင့် သူသာ သူမအား ရှုံးနိမ့်သွားပါက အလွန့်အလွန်ပင် အရှက်ရဖွယ် ဖြစ်ပေလိမ့်မည် ။

သူဤကျောင်းရောက်လာသည်မှာ တစ်နှစ်ပင်မပြည့်သေးသော်ငြား ကျောင်းတော်မှ ပြိုင်ပွဲအတွင်း ပြင်ပအကူအညီသုံး၍ ယှဉ်ပြိုင်ခြင်းအား ခွင့်ပြုမည်မဟုတ်မှန်းတော့ နားလည်သည် ။

ထို့အပြင် ကမ်ဘာမြေဆွဲအားအခန်းသည် ကျောင်းသားများ လေ့ကျင့်ရန်နှင် ၎င်းတို့၏ကြံခိုင်မှုနှင့် စွမ်းရည်တို့အား စစ်ဆေးရန် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်၊ အကယ်၍ မရိုးမသားပြုလုပ်သည်အား ရှာဖွေတွေ့ရှိပါက အထူးသဖြင့် ယခုကဲ့သို့ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဖြစ်ပါက ထိုကျောင်းသားသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရရရုံမျှမကပဲ ကျောင်းတော်မှ သတ်မှတ်သော အပြစ်ဒဏ်ကိုပါ ခံယူရလိမ့်မည်ဖြစ်သည် ။

ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့လည်း ထိုအကြောင်းအား နားလည်ပြီး ပြိုင်ပွဲစည်းကမ်းအား ချိုးဖောက်ရဲလိမ့်မည်မဟုတ်ဟု ယူရှောင်မို ယုံကြည်သည်၊ ဆိုလျှင် ဤအရာသည် မိမိတို့ကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအားနှင့် တစ်နည်းနည်း ပတ်သတ်မှုတော့ ရှိပေလိမ့်မည် ။

ထိုသို့ စဉ်းစားမိပြီးနောက် ယူရှောင်မို ဝိဉာဉ်စွမ်းအား အနည်းငယ် ထုတ်လွှတ်ကာ သူ၏လက်ချောင်းများအား ဖုံးလွှမ်းစေကြည့်လိုက်သည်၊ ထိုအခါ သူ၏လက်ချောင်းများ ယခင်ကထက် ပိုမိုပေါ့ပါးလာကြောင်း တွေ့ရှိလာရသည်၊ သူ၏မျက်လုံးများ အရောင်တောက်လာကာ အလွန်စိတ်ကျေနပ်သွားလေသည်၊ ဤနည်းလမ်းမှာ အမှန်ပင် အလုပ်ဖြစ်သည် ။

ထျန်းဇီရှင်းတစ်ယောက် မှော်ဆရာဖြစ်သော်ငြား ကျင့်ကြံသူများထက် ပိုမိုတောင့်ခံနိုင်ခြင်းမှာ ဝိဉာဉ်စွမ်းအားကြောင့်ဖြစ်ကြောင်း ယူရှောင်မို နောက်ဆုံးတော့ နားလည်သဘောပေါက်သွားခဲ့သည်၊ ကျင့်ကြံသူများသည် သန်မာသော်ငြား ဝိဉာဉ်စွမ်းအားမရှိသောကြောင့် ၎င်းတို့၏ခန္ဓာကိုယ်ကြံခိုင်မှုကိုသာ အားထားကြရသည်၊ မှော်ဆရာများမှာမူ ဝိဉာဉ်စွမ်းအား အကူအညီဖြင့် ပိုမိုတောင့်ခံနိုင်ကြသော်လည်း ၎င်းတို့၏မူလခန္ဓာကိုယ်မှာ အားနည်းကြသဖြင့် သိပ်ကြာကြာတော့ မတောင့်ခံထားနိုင်ပေ ။

ယူရှောင်မို တုံ့ဆိုင်းမနေတော့ပဲ ဝိဉာဉ်စွမ်းအားများအား သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လိုက်သည်၊ ဤနည်းလမ်းသည် ဝိဉာဉ်စွမ်းအားများအား အနည်းငယ်ဖြုန်းတီးရာကျသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ကျရောက်နေသော ဖိအားများအား အမှန်တကယ် ပေါ့ပါးသွားစေ၏ ။

ယူရှောင်မို စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်မိသည်၊ ယခု သူ့ထံ၌မိနစ်အနည်းငယ် ထပ်၍တောင့်ခံနိုင်ရန် ယုံကြည်မှုများ ရှိလာပြီဖြစ်သည်၊ ထို့အပြင် ဟိုနှစ်ယောက်နှင့်လည်း မည်သူ့ထံ၌ ဝိဉာဉ်စွမ်းအား ပိုများများရှိကြောင်း ယှဉ်ကြည့်ချင်လာသည် ။

အခြားတစ်ဖက်တွင်မူ ယူရှောင်မို့မျက်နှာထက်၌ စိတ်အေးလက်အေး ရှိနေကြောင်းအမူအယာအား မြင်လိုက်ကြရသည့်အခါ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့ ရှုံ့မဲ့သွားကြ၏၊ ဝိဉာဉ်စွမ်းအား အသုံးပြုမှုသည် ဖုံးကွယ်ထား၍ မရနိုင်ပါပေ ။

မည်သို့ပင်ဆိုစေကာမူ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ထားမည်ဆိုလျှင်တော့ ဝိဉာဉ်စွမ်းအားပမာဏ အမြောက်အများ လိုအပ်ပေမည်၊ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းတို့ထံ၌ ဝိဉာဉ်စွမ်းအား အမြောက်အမြားရှိသော်လည်း ယခုမှာမူ ကမ်ဘာမြေဆွဲအားအခန်းထဲ၌ ဖြစ်သောကြောင့် ဤအခြေအနေအတိုင်း မိနစ်အနည်းငယ်ခန့် ဆက်ထိန်းထားရန်တောင်မှ အလွန်ကြိုးစားရုန်းကန်ရဦးမည် ဖြစ်သည် ။

အချိန်သည် နှစ်ဆယ့်ရှစ်မိနစ်နှင့် နှစ်ဆယ့်ခြောက်စက္ကန့်(၂၈:၂၆)သို့ ဖြည်းညင်းစွာ ထိကပ်လာနေသည်၊ ထိုအချိန်တွင် ချိုင်ကျန်းထံမှ နာကျင်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သူ၏ဒူးတစ်ဖက်သည်လည်း မြေပြင်သို့ ညွှတ်ကျသွားသည်၊ ပခုံးများမှာလည်း ငိုက်စိုက်နေပြီး မျက်နှာမှာလည်း အလွန်အမင်း ဖြူလျော်နေသည်၊ ထိုပုံအတိုင်း နောက်ငါးစက္ကန့်ခန့် ပေကပ်တောင့်ခံပြီးချိန်တွင် မြေပြင်ပေါ်သို့ တစ်ကိုယ်လုံး ပြားကပ်ကျသွားကာ နေရာရွှေ့ပြောင်းရေးကျောက်တုံးအား မမျော်လင့်ပဲ ဖိချေမိသလို ဖြစ်သွားရသည်၊ ထို့နောက် ၎င်းဘေးပတ်လည်ရှိ လေထုမှ အနည်းငယ် လှုပ်ရှားလာပြီး ချိုင်ကျန်းအား အပြင်သို့ သယ်ဆောင်သွားလေတော့သည် ။




ချိုင်ကျန်း၏ စံချိန်သည် ထျန်းဇီယဲ့ထက် တစ်မိနစ်ခန့် နောက်ကျသည် ။

ယခင်က ယူရှောင်မိုတွေးနေခဲ့သည်မှာ ချိုင်ကျန်းအား နှစ်ဆယ့်ကိုးမိနစ်လောက်အထိတော့ တောင့်ခံနိုင်လိမ့်မည်ဟူ၍၊ ယခုကဲ့သို့ နှစ်ဆယ့်ရှစ်မိနစ်သုံးဆယ်စက္ကန့် (၂၈:၃၀) မှာတင် အရှုံးပေးသွားရန် မမျော်လင့်ခဲ့ပေ၊ ယခင်က ယူရှောင်မို အလွန် စိတ်သဘောထားကျဉ်းမြောင်းခဲ့ပြီး ယခုမှသာ ထျန်းဇီယဲ့ဆိုသူမှာ အနည်းငယ် ဖြုံလောက်စရာ ဖြစ်ကြောင်း ခံစားမိလာရတော့သည် ။

ယူရှောင်မို သူ့ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်စီးဆင်းနေသော ဝိဉာဉ်ဟွမ်းအားတို့အား အာရုံခံကြည့်လိုက်သည်၊ ဤနေရာ၌ ဝိဉာဉ်စွမ်းအားများ မြန်မြန်ကုန်ဆုံးနိုင်သည်ကို ခန့်မှန်းမိထားသော်လည်း ထက်ဝက်နီးနီး ကုန်ဆုံးသွားပြီဖြစ်သဖြင့် အံ့သြသွားရသည်၊ ထို့နောက် သိပ်ကြာကြာ မတောင့်ခံနိုင်တော့ပုံရသော ထျန်းဇီရှင်းအား တစ်ချက်လှမ်းကြည့်လိုက်သည် ။

သူမ၏ အကြည့်များသည် ယူရှောင်မို့ထံတွင်သာ မြဲမြံလျက်ရှိသည်၊ သူမ၏ ရည်ရွယ်ချက်မှာ ယူရှောင်မိုအား နှိပ်ကွပ်ရန်တင်မကပဲ သူမအစ်ကို၏ စံချိန်ကိုပါ ကျော်တတ်ရန်ဖြစ်သည်၊ ထိုဖိအားနှစ်ခုသည် သူမယခုအချိန်အထိ တောင့်ခံနိုင်လာရသည့် ခွန်အားများပင် ဖြစ်သည် ။

သူမ၏ ဝိဉာဉ်စွမ်းအားများ ဆက်လက်ကုန်ဆုံးလျက်ရှိသောကြောင့် သူမ၏ မျက်နှာသည်လည်း ဆက်လက်ဖြူဆုတ်လာလျက် ရှိသည်၊ သူမသည် အဆင့်ခြောက်မှော်ဆရာဖြစ်သည် မှန်သော်ငြား သူမ၏ ဝိဉာဉ်စွမ်းအားအား ကောင်းစွာ မထိန်းချုပ်နိုင်သေးပေ၊ ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအား ဝိဉာဉ်စွမ်းအားဖြင့် ဖုံးအုပ်ခြင်းသည် သူမလုပ်လေ့လုပ်ထရှိသည့်အရာတစ်ခု မဟုတ်သဖြင့် သူမ၏လှုပ်ရှားမှုများမှာ ကမောက်ကမဖြစ်လျက်ရှိပြီး ဝိဉာဉ်စွမ်းအားများ လိုသည်ထက်ပိုကာ ကုန်ဆုံးလျက်ရှိပေသည် ။

ဤသည်မှာ သူ့ထက်အဆင့်ပိုမြင့်သော ချင်ချိုးနှင့် ချိုင်ကျန်းတို့ ယူရှေယင်မိုထက်ပို၍ စောစောထွက်သွားရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည် ။





......... ......












ယူရှောင်မို ထျန်းဇီရှင်းအားလျစ်လျူရှုကာ နံရံပေါ်ရှိနာရီသို့သာ အကြည့်များပို့ထားလိုက်သည်၊ ယခုဆိုလျှင် နှစ်ဆယ့်ကိုးမိနစ်ဆယ့်ခုနစ်စက္ကန့် (၂၉:၁၇) ရှိနေပြီဖြစ်ပြီး သူသာ အနည်းငယ်ထပ် တောင့်ခံထားနိုင်ပါက  ထျန်းဇီယဲ့၏စံချိန်အား  ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်၊ မည်သို့ပင်ဖြစ်စေ ၎င်းမှာသူ့အတွက် အရေးမကြီး၊ သူ၏ပန်းတိုင်မှာ ထျန်းဇီယဲ့အား ကျော်တက်ရန်ထက် ပိုပေသည် ။

ယူရှောင်မို သူ့အတွေးနှင့်သူနစ်မျောနေစဉ် တစ်ဖက်ထျန်းဇီရှင်းမှ လုှပ်လှုပ်ရှားရှား ဖြစ်လာ၏ ။

သူမ၏တုံ့ပြန်မှုမှာ ချိုင်ကျန်းနှင့် ခပ်ဆင်ဆင်ဖြစ်သည်၊ ဒူးတစ်ဖက် မြေပြင်ထက်သို့ ထောက်လျက်ကျသွားသော်လည်း သူမ စက္ကန့်အနည်းငယ်ခန့် ထပ်တောင့်ခံနိုင်ခဲ့သေးသည် ။

နှစ်ဆယ့်ကိုးမိနစ်နှစ်ဆယ်စက္ကန့်..

နှစ်ဆယ့်တစ်စက္ကန့်..

နှစ်ဆယ့်နှစ်စက္ကန့်...


မြေပြင်ပေါ်၌ ဒူးတစ်ဖက်ထောက်လျက်ရှိသော ထျန်းဇီရှင်း၏ လက်ချောင်းများ လှုပ်ရှားလာသည်၊ ပတ်ဝန်းကျင်မှအလင်းတန်းများ ထွက်ပေါ်လာ၍ သူမအား မသယ်ဆောင်သွားမီတွင် မယုံကြည်နိုင်သော မျက်ဝန်းအစုံဖြင့် ယူရှောင်မိုအား စူးစိုက်ကြည့်သွားသေး၏ ။

ယူရှောင်မို ဒီအချိန်ထိ ဘယ်လိုတောင့်ခံနေနိုင်တာလဲ?

သူမ မတွေးတတ်တော့ပေ ။







ထျန်းဇီရှင်းမသိသည်မှာ ယူရှောင်မို သင်ယူထားခဲ့သည့်အရာများသည် သူမသိသည့်အရာများထက် ပိုသည်ကိုပင်၊ ရှင်းရှင်းပြောရလျှင် အဖိုးအိုသင်ပေးခဲ့သည့် မိမိဝိဉာဉ်စွမ်းအားကိုသာ မှီခို၍ လက်မသုံးပဲ ဆေးဖော်သည့်နည်းသည် အဆင့်ခုနစ်ရှိသော မှော်ဆရာများသာ ပြုလုပ်နိုင်သည့် အရာမျိုးဖြစ်သည် ။

ထို့အပြင် ၎င်းမှာ သူ အဖိုးအိုထံမှ သင်ယူခဲ့ရသည့် တစ်ခုတည်းသောအရာမဟုတ်ပါချေ၊ ယူရှောင်မိုသည် မှော်ဆေးလုံးအမြောက်အများအား တစ်ပြိုင်နက်တည်း မည်သို့ ဖော်စပ်ရမည်ကိုလည်း သင်ယူခဲ့ရသေးသည်၊ ၎င်းမှာ မိမိဝိဉာဉ်စွမ်းအားအား ကျွမ်းကျင်စွာ ထိန်းချုပ်တတ်ရန် အထူးလိုအပ်သည်၊ ထို့ကြောင့် ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့သည်  ဆေးဖော်ရာတွင် ဝိဉာဉ်စွမ်းအား၏ အသုံးပြုပုံအား သင်ကြားခဲ့ရလျှင်တောင်မှ ယူရှောင်မိုက ၎င်းတို့ထက် ပို၍သာသည်၊ ဝိဉာဉ်စွမ်းအားကိုလည်း ပို၍ကောင်းကောင်း ကိုင်တွယ်ထိန်းချုပ်နိုင်သည် ။




ယူရှောင်မိုကတော့ ဆေးဖော်ရာ၌ ဝိဉာဉ်စွမ်းအား အသုံးပြုခြင်းသည် မှော်ဆရာများအကြား သာမာန်ကိစ္စတစ်ခုသာဖြစ်သည်ဟု တွေးထင်သဖြင့် ထိုအကြောင်းအရင်းများအား မသိလိုက်ချေ ။







အခန်းတွင်းရှိ ပြိုင်ပွဲဝင်များအတွက် တစ်က္ကန့်တိုင်းစီက အလွန်ကြာမြင့်သော်လည်း ပြင်ပရှိ ပွဲကြည့်ပရိတ်သတ်များအတွက်တော့ အချိန်နာရီဝက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်၊ ၎င်းတို့သည် မိနစ်တိုင်း မိနစ်တိုင်း တံခါးဝ၌ ပြိုင်ပွဲဝင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်ကို လှမ်းမြင်နေကြရသည်၊ ထို့နောက်တွင် ရင်းနှီးနေသောပုံရိပ်များ စတင်မြင်တွေ့လာရပြီး ပြိုင်ပွဲ၏ အရှိန်အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အားလုံးက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြလေသည် ။


နံရံထက်ရှိနာရီမှ နှစ်ဆယ့်ငါးမိနစ် အမှတ်အသားသို့ မရောက်မီ ထွက်ပေါ်လာသူ တစ်ဦးရှိသည်၊ ၎င်းမှာ ကျုံးကျင်းရှန် ဖြစ်သည် ။


ကျုံးကျင်းရှန်အား မသိသူများ ရှိကောင်းရှိနိုင်သော်လည်း ယခင်က ယူရှောင်မိုနှင့် ချိုင်ကျွင်းတို့အကြား ဖြစ်ပွားခဲ့သည့် စိန်ခေါ်ပွဲအား ပြန်လည်တွေးတောကြည့်ပါက ၎င်းတို့နှစ်ယောက်အား ပြိုင်ပွဲစင်ပေါ် အရောက်ပို့ခဲ့သူမှာ ၎င်းကျုံးကျင်းရှန်ဖြစ်ကြောင်း ခပ်ရေးရေး ပေါ်လာလိမ့်မည် ဖြစ်သည် ။




၎င်းထွက်လာပြီး သိပ်မကြာမီ ထုံယွယ်ရွှီ ထွက်ပေါ်လာသည် ။


သို့သော် လူအများအား အံသြသွားစေသည့်အချက်မှာ ချင်ချိုးနှင့် ချိုင်ကျန်းတို့ ယူရှောင်မိုနှင့် ထျန်းဇီရှင်းတို့ထက် အရင်ထွက်ပေါ်လာခြင်းဖြစ်သည်၊ ၎င်းတို့၏အဆင့်မှာ ပိုမြင့်သော်လည်း ယူရှောင်မိုနှင့် ထျန်းဇီရှင်းတို့အား ရှုံးနိမ့်သွားကြသည် ။

၎င်းတို့၏ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်ပြီး ချိုင်ကျန်းဆိုလျှင် ထွက်လာသည့်အချိန်မှစ၍ တစ်ချိန်လုံး မစင်စားထားမိသကဲ့သို့ မသက်မသာဖြစ်လို့နေသည် ။

မည်သို့ပင်ဆိုစေကာမူ မကြာမီပင် အားလုံး၏ အာရုံသည် အခန်းတွင်းသို့သာ ပြန်လည်ကျရောက်သွားကြသည်၊ နောက်ဆုံးကျန်နေသည့်နှစ်ယောက်မှာ ကျောင်းဝင်သည့်နေမှစ၍ ယနေ့အထိ မရပ်မနား ယှဉ်ပြိုင်လာခဲ့ကြသော ယူရှောင်မိုနှင့် ထျန်းဇီရှင်းတို့ဖြစ်သည်လေ ။

အချို့က ထျန်းဇီရှင်းက ပို၍အားသာသည်ဟုဆိုသည်၊ အချို့က ယူရှောင်မိုက နှာတစ်ဖျားပိုသာသည်ဟု ပြောကြသည်..၊ ကွဲလွဲချက် ထောင်ပေါက်းများစွာရှိနေပြီးယနေ့အထိ မည်သည့််ဘက်ကမျှ ရှင်းရှင်းလင်းလင်း.အနိုင်မရကြသေး၊ ယခုသည် ထိုကိစ္စအားရှင်းလင်းရန် အကောင်းဆုံးအချိန်ဖြစ်သည်၊ ထို့ကြောင့် လူအများသည် အခန်းအပေါက်ဝမှ အကြည့်များ မခွာကြတော့ပေ ။





တစ်မိနစ်ခန့် ကြာပြီးနောက်တွင် အခန်းရှေ့၌ အဖြူရောင်အလင်းတန်းများ ပေါ်ပေါက်လာသည် ။


ထွက်ပေါ်လာသောပုံရိပ်အား မြင်သောအခါ ပရိတ်သတ်များသည် ရုတ်တရက် တိတ်ဆိတ်သွားကြသည်၊ ၎င်းတို့သည် မချိမဆန့် ခံစားနေရသော အမူအယာဖြင့် အသက်လုရှူနေရသော ထျန်းဇီရှင်းအား တိတ်ဆိတ်စွာ ငေးကြည့်နေကြလေသည် ။




ထျန်းဇီရှင်း ယူရှောင်မို့ကို ရှုံးသွားပြီ..

အဲ့ဒါတင်မကသေး ထျန်းဇီယဲ့ စံချိန်ကိုတောင် မကျော်နိုင်ခဲ့ဘူး..

နှစ်ဆယ့်ကိုးမိနစ် နှစ်ဆယ့်ခြောက်စက္ကန့် (၂၉:၂၆) ...











" ယူရှောင်မိုဘယ်မှာလဲ? သူဘာလို့ ထွက်မလာသေးတာလဲ?! "

အံသြမှုများ ပျောက်ကွယ်သွားပြီးနောက် ခေတ္တကြာသော် လူအပေါင်းမှာ ထျန်းဇီယဲ့၏ စံချိန်အား ကျော်လွန်သွားကြောင်း သတိပြုမိသွားကြပြီး အဘယ်ကြောင့် ယူရှောင်မို ထွက်မလာသေးသည်အား စတင်မေးမြန်းလာကြလေသည် ။

ထိုသို့ မေးမြန်းနေကြရင်း ယူရှောင်မို ထျန်းဇီယဲ့၏စံချိန်အား ချိုးဖျက်သွားပြီဖြစ်ကြောင်းကိုလည်း သတိပြုမိသွားကြသည်၊ ထို့အပြင် ရွေ့လျားနေသည့်အချိန်သည် ၎င်းတို့ဆွေးနွေးငြင်းခုံနေသည့်အချိန်၌ ရပ်တန့်နေလိမ့်မည်မဟုတ်၊ တရွေ့ရွေ့နှင့် နောက်ဆုံးတွင် မိနစ်သုံးဆယ် အမှတ်အသားသို့ ရောက်ရှိသွားလေတော့သည် ။






လူအပေါင်း၏ မျက်လုံးများ ပြူးကျယ်ကုန်တော့သည်၊ ယူရှောင်မိုမှ နောက်ထပ် စံချိန်တစ်ခုအား ထပ်မံချိုးဖျက်သွားပြီ ဖြစ်သည် ။











# 1.5.2021

စာလုံးပေါင်းအမှားလေးတွေထောက်ပြပေးကြပါဦး ♥

ပြီးတော့တစ်ခုပြောချင်တာက အခုလိုပုံမှန်ပြန်တင်ပေးနေတာ တော်လှန်ရေးမှာသွေးအေးသွားလို့ လုံးဝလုံးဝမဟုတ်ရပါဘူးနော် စစ်အာဏာရှင်တွေအမြစ်မပြုတ်သ၍ အဆုံးထိ ဆက်လက်တော်လှန်သွားမှာပါ။
အခုကိုယ်က wifiကိုညပိုင်းမှသုံးရတာရယ် twitterမှာတင်ဖို့ကိုလည်း အဆင်သင့်လုပ်ပေးတဲ့ telegram channelတွေရှိတာရယ်ကြောင့် အရင်လောက်အချိန်မပေးရတော့လို့ စာရေးဖို့အချိန်ပိုထွက်လာတာပါ အဲ့ဒါကြောင့် အရင်လိုပဲ အပ်ပဒိတ်ပုံမှန် ပြန်လာပေးပါ့မယ်နော် ♥














Continue Reading

You'll Also Like

408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.