My Brother Or Husband🔞(U+Z)(...
By Okamura66
481K 12.9K 689
ဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့ More
Warning ⚠️⚠️
Part 1⚠️🔞🔞
Part 2 🔞🔞
Part 3
Part 5
Part 6🔞🔞
Part 7
Part 8 🔞🔞
Part 9
Sorry For Reader 🥺
Part 10
Part 11
Part 12
Part 13🔞🔞
Part 14
Part 15
Part 16🔞🔞
Part17
Part 18
Part 19
Part20
Part 21
Part 22
Part 23⚠️
Part 24🔞🔞
Part 25 🔞🔞
❣️✨Part 26 End✨❣️
For Readers❣️
Side Story 1 ❣️Dennis x Jimmy❣️ Part1
🔞🔞Side Story 2 ❣️ Dennis x Jimmy ❣️ Part2 End🔞🔞
Side Story 2❣️ Harry x Kirito❣️Part1
Side Story 2❣️ Harry x Kirito❣️Part 2 End
Extra 1⚠️
Extr 2
Extra 3
Extra 4
Extra 5
Extra 6 End
ကျေးဇူးတင်လွှာ
Author Warning
Part 4
16.9K 530 19
By Okamura66
(Unicode)
" ဪ ဒါနဲ့ Fin ဘယ်နေ့ဘွဲ့ယူရမှာလဲ"
" အင်🤔 အခုတပတ် တနင်္ဂနွေလေ ကိုကို ဘာလို့လဲ "
" ဘာကို ဘာလို့ရမှာလဲ ကိုကိုက မင်းရဲ့ တစ်ဦးတည်းသောမိသားစု၀င်လေ မင်းဘွဲ့ယူတာကို ကိုကို က လာရမှာပေါ့😒"
" ဪ ဟုတ်သား မေ့သွားလို့ ဟီး ဟီး😁 "
"ဟုတ်ပါပြီ အတိတ်မေ့လေးရယ် ဇနီးလောင်းလို့ပြောလိုက်တာနဲ့ ပျော်ပြီး ဒီက အကိုလို အုပ်ထိန်းသူကြီးကို မေ့သွားပြီပေါ့"
"ဟာ ကိုကို အဲ့လိုကြီး မပြောပါနဲ့ဆိုနေ"
"ဟုတ်ပါပြီ အဆိုးလေးရယ် ထတော့ ကိုကို ကုမ္ပဏီမှာ နေ့လည် Meeting ရှိသေးတယ် လာသွားကြမယ်"
" ဟုတ် ဟုတ် ရေခဲမုန့်စားဦးမယ်😁"
ကိုကိုက Meeting သွားနေတော့ Fin က ကိုကို့ ရုံးခန်းထဲမှာ တစ်ယောက်တည်းပျင်းနေရော။အဲ့တာနဲ့ Fin လည်း ကိုကို့ ကို မပြောဘဲ ကုမ္ပဏီရှေ့က ကုန်စုံဆိုင်မှာ မုန့်သွား၀ယ်ခဲ့တယ်။မုန့်တွေ၀ယ်ပြီးပြန်လာတော့ ကိုကိုက အသည်းအသန်စိုးရိမ်တကြီးနဲ့ Fin ကိုလိုက်‌ရှာနေတယ့်ပုံပေါ်တယ်။
ကိုကို့ ကို အဲ့လိုမြင်ရတော့ ပျော်တယ် သိလား။အဲ့ဒါနဲ့ ကိုကို့ ကို စ မလို့ရှေ့ကို တိုးသွားတယ့် အချိန်မှာ မြင်လိုက်ရတယ့် မြင်ကွင်းက Fin ကို ၀မ်းနည်းစေရုံတင်မကဘူး ဒေါသပါထွက်လာ‌စေတယ် မျက်ရည်တွေပါ ဝဲလာပြီး Taxi ငှားပြီး ကိုယ့်ဘာသာ အိမ်ပြန်လာခဲ့တယ်။
ဘာလို့လဲဆိုတော့ Fin မြင်လိုက်ရတာက ကိုကို့ အတွင်းရေးမှူး အကိုJimmy က ကိုကို့ ကိုဖက်ထားတယ် Fin ရဲ့ ရင်ဘတ်တခုလုံးကွဲကြေသွားသလိုကို ခံစားရတယ် အဲ့တာကြောင့် Fin မှာ အိမ်ကို ပြန်လာပြီး အခန်းတံခါးပိတ်ပြီး ငိုနေခဲ့တယ်။
အကိုJimmy ဆိုတာက ငယ်ငယ်တည်းက Fin တို့နဲ့ က‌စားဖော် ကစားဖက်ပါ သူက ငယ်ငယ်တည်းက Fin ထက် ကိုကို့ ကို ပိုခင်ခဲ့တာ တချိန်လုံးကိုကို့ ဘေးမှာရှိနေခဲ့တာ ကျောင်းမှာလည်း အတန်းတူ အိမ်မှာ က‌စားလည်းအတူတူ အခုချိန်ထိလည်း အလုပ်လုပ်နေတာတောင် ကိုကို့ ဘေးမှာပဲ အတွင်းရေးမှူးအဖြစ်အလုပ်လုပ်ရတယ်။ အမှန်တကယ်တော့ Fin ငယ်ငယ်တည်းက အကို Jimmy ကိုမနာလိုအမြင်ကတ်ခဲ့တယ် ဘာလို့လဲဆိုတော့ သူက တချိန်လုံး ကိုကို့ဘေးက မခွာဘူး။
Fin ငိုရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တယ် ညနေရောက်တော့ နိုးလာမှ ဖုန်းကိုကြည့်တော့ ကိုကို ခေါ်ထားတယ့် Misscall တွေ အများကြီးပဲ အဲ့တာနဲ့ ကိုကို စိတ်ပူမှာစိုးလို့ ဖုန်းခေါ်မယ်လုပ်တော့ တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး စိုးရိမ်တကြီးပြေး၀င်လာတယ့် ကိုကို။
" Fin ဘာလို့ ကိုကို့ကို မပြောဘဲ ပြန်သွားတာလဲ ကိုကိုတို့ ညစာကို အပြင်မှာ တူတူစားပြီးမှပြန်မယ်လို့ပြောထားတာလေ "
"စားချင်စိတ်မရှိလို့ ပြန်လာတာ"
" စားချင်စိတ်မရှိလို့ ပြန်လာတာ ဆိုတာကိုထားလိုက် အနည်းဆုံးတော့ ကိုကို့ ကိုပြောသွားသင့်တယ်လေ ဖုန်းခေါ်တော့လည်းမကိုင်ဘူး ကိုကို စိတ်ပူနေမှာကို မတွေးမိဘူးလား"
"ဖုန်းကို silent ထားပြီးအိပ်ပျော်သွားလို့"
"Fin ဘာဖြစ်နေတာလဲ ဘာလို့ စကားကို ကောင်းကောင်းမပြောဘဲ ခပ်ပြတ်ပြတ်ပြောနေရတာလဲ"
" အိပ်ချင်ယောင်ဆောင်တယ့်သူက နှိုးရခက်တယ် ဆိုတယ့် အတိုင်းပါပဲ လား အဲ့တာဆို တည့်ပဲ ပြောတော့မယ် ကိုကိုနဲ့ အကို Jimmy နဲ့က ဘာလဲ"
"သူနဲ့ ကိုကိုက အလုပ်မှာဆို သူဌေးနဲ့ အတွင်းရေးမှူး အပြင်မှာဆိုရင် ငယ်သူငယ်ချင်းလေ Finရဲ့ Finနဲ့လည်း ညီအစ်ကိုလိုပဲ မဟုတ်ဘူးလား"
"အဲ့တာဆို သူက ဘာလို့ ကိုကို့ ကို ဖက်နေတာလဲ "
" အာ အဲ့တာက ကိုကိုတို့ Fin ကိုလိုက်ရှာနေကြတာ အဲ့မှာသူက ကော်ဇောကို ခလုတ်တိုက်ပြီး လဲသွားလို့ ကိုကိုက ပြန်ထူပေးနေတာ"
"သေချာလို့လား"
" ဒါပေါ့ Finရဲ့ လာပါ Fin ‌လည်း ဗိုက်ဆာနေရောပေါ့ ကိုကိုတို့ ညစာ ထွက်စားကြမယ်လေ သွား ရေမိုးချိုးလိုက်ဦး ဘာလဲကိုကို ချိုးပေးရမှာလား"
" ဟာ ရတယ် ကိုကိုကလည်း ကိုယ့်ဘာသာ ချိုးပါ့မယ် "
" မြန်မြန်ချိုးနော် ပြီးရင်ကိုကို ချိုးရဦးမှာ"
"ဟုတ်"
...............................................
Fin ရေချိုးဖို့ ထွက်သွားတော့ ကျွန်တော် Fin ကိုလိမ်လိုက်ရတယ့်အတွက်စိတ်ထဲမကောင်းဘူး။အမှန်တော့ Jimmy က ကျွန်တော့ကို သူကျွန်တော့အပေါ် မှာထားတယ့်ခံစားချက်တွေကို ဖွင့်ပြောရင်းဖက်ပြီးငိုနေတာပါ။
ကျွန်တော်တို့ စတွေ့ အချိန်တည်းက သူကျွန်တော့ကိုချစ်ခဲ့တာ ဆိုတော့ 19 နှစ်တောင်ကြာပြီပေါ့။ကျွန်တော်က ဒီအတိုင်း သူငယ်ချင်းလိုပဲ ချစ်တယ်ထင်ခဲ့တာ။Fin ကို မပြောဘူးဆိုတာကလည်း သူတို့နှစ်ယောက်ဆက်ဆံရေးကို မပြတ်စေချင်လို့ပါ။ဒါပေမယ့် ကျွန်တော် Jimmyကို ငြင်းခဲ့ပါတယ် သူက အရမ်းငိုနေတယ့်အတွက် သူ့ကိုနှစ်သိမ့်ပေးခဲ့တယ်။ဘာလို့လဲဆိုတော့ ကျွန်တော်လိုအပ်တိုင်းဘေးမှာ အမြဲရှိနေပေးတယ့် အတွက် ကျွန်တော်အားနာမိတယ် သူ့အပေါ် သူငယ်ချင်း ညီအကိုလိုကလွဲပြီး ခံစားလို့မရလို့ပါ။
Fin ရော ကျွန်တော်ရော ရေချိုးပြီးတော့ ညစာ သွားစားကြတယ်။ပြီးတော့ အိမ်ပြန်ပြီး ရုပ်ရှင်ကြည့်ရင်းမုန့်စားနေကြတာ။
"ဪ ဒါနဲ့ Fin မင်း‌နောက်တပတ် တနလ်ာနေ့က စပြီး အလုပ်ဆင်းရမှာနော် "
" အမ်.... ဘွဲ့ယူပြီး နောက်နေ့ပေါ့ ခနလေးတောင်နားလို့မရတော့ဘူးလား "
"တနလ်ာနေ့က မင်းကို အလုပ်အကြောင်းနည်းနည်းပဲ သင်တာပြောတာလုပ်မှာဆိုတော့ ခနလောက်ပါပဲ ပြီးရင် Fin သူငယ်ချင်းတွေနဲ့ သွားလို့ရတယ်လေ ညဘက်မှ Fin ကို သေချာပြန်ပြောပြပေးမယ်လေ "
" ဟုတ် ကိုကို 😁 အယ် .....သန်းခေါင်တောင်ကျော်နေပြီ ‌နက်ဖြန် ဘွဲ့ဓာတ်ပုံရိုက်ရမှာ သွားအိပ်တော့မယ်နော် Good night ကိုကို မွ 😚"
" ဟုတ်ပါပြီ အိပ်တော့နော် ကိုကိုလည်း မနက်ကျ စောစော ထရမှာ Fin မနက်စာကို အမှီလုပ်ဖို့"
" ရပါတယ် ကိုကို ရဲ့ Fin အပြင်မှာပဲ စားလိုက်မယ် သူငယ်ချင်းက တူတူစားမယ်တယ့်"
"ဟုတ်ပါပြီ ဗျာ တခါလောက်တော့ လိုက်လျောပေးပါ့မယ် အမြဲတမ်းတော့ မရဘူးနော်😏 "
"ဟုတ်ကဲ့ပါ ကိုကိုရယ် အဲ့တာကြောင့် ကိုကို့ ကို ချစ်နေရတာ သွားအိပ်ပြီနော်"
"အွန်း ကလေးလေး ကိုကို စာရင်းတွေပြန်စစ်ပြီးရင် လာခဲ့မယ်‌ အိပ်နှင့်နော်"
28.4.2021
to be continued
အတွင်းရေးမှူးလေး အကိုJimmy🤤🤤
(Zawgyi)
"သေချာလို့လား"
"ဟုတ်"
...............................................
28.4.2021
to be continued
Continue Reading
You'll Also Like
1.2M 63.6K 50
9.4K 1.2K 32
အဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ...
290K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...