Part 14

7.4K 285 27
                                    

(Unicode)

"ကိုကြီး ကိုကြီးတို့အဒေါ်က ကျွန်တော်နဲ့ Kirito ကိုသဘောတူပါ့မလား ကိုကြီးတို့အဒေါ်ကရောဘယ်လိုမျိုးလဲ"

"အင် ကိုကြီး လည်းကိုကြီးအဒေါ်အကြောင်းသိပ်မသိဘူး ဘာလို့လဲဆိုတော့ သူ့ကို Fin မိဘတွေဆုံးပြီးမှ ပထမဆုံးတွေ့ဖူးတာ။ပြီးရင်သူကတော့ ကိုကြီးအဒေါ်လို့ပြောတာပဲ။ဒါပေမယ့် သူက Fin နဲ့ပိုရင်းနှီးတယ် "

"ဟင် ဘယ်လိုကြီးလည်း ကိုကြီးရာ ရှုပ်လိုက်တာ။ကိုကြီးတခုခုကို ပြန်စုံစမ်းသင့်တယ်မထင်ဘူးလား"

"အင်း မင်းပြောခါမှ ငါလည်းသေချာစဉ်းစားမိတယ်။ဒါက နည်းနည်းတော့စဉ်းစားစရာပဲ။သူဘာလို့ ကလေးမယူဘဲ Kirito ကိုမွေးစားလိုက်တာလဲ။နည်းနည်းတော့ထူးဆန်းတယ်"

"ဟုတ်တယ်ကိုကြီး Kirito ကိုရော Fin ကိုရောမပြောဘဲ ကျွန်တော်တို့ချည်းပဲ စုံစမ်းကြည့်ရင်ရော"

"အင်းကောင်းသားပဲ။ အဲ့တာဆို မင်းလည်းအိပ်တော့လေ ကိုကြီးလည်းအိပ်တော့မယ်"

"ဟုတ်ကိုကြီး Good nightနော်"

"အေး ညီလေး Good night"
.............................................
မနက်ရောက်တော့ .....

"Finရေ ထတော့ကွာ အောက်မှာ အငယ်နှစ်ယောက်က မနက်စာတောင်ပြင်ပြီးနေပြီ"

"ဟုတ်ထပြီ😴"

"ထပြီဆိုတယ့် သူကလည်း မျက်လုံးတောင်မဖွင့်ဘူး"

"ထပြီ ထပြီ တကယ်ထပြီ ကိုကို"

"ကိုကြီးတို့ရေ မနက်ရပြီနော်"

"လာခဲ့မယ် Kiritoရေ ဒီမှာ မင်းရဲ့ ကိုငယ်က အိပ်ပုပ်ကြီးနေလို့"

"ဟုတ် ကိုကြီး"

"Finရေ ရေချိုးခန်းထဲကို စောင်ကြီးခြုံသွားပြီး ဘာလုပ်မလို့တုန်း"

"ချမ်းတယ်ကိုကို"

"ဟင် ဖျားနေတာလား။ လာဦး ကိုကိုဆီကို။ဟင်း ကိုယ်တော့မပူပါဘူး ဒီနေ့နည်းနည်းအေးတာကြောင့်နေမှာပါ။ရော့ ဒီအနွေးထည်လေး၀တ်ပြီး သွား သွားတိုက်‌။"

"ဟုတ်ကိုကို။ ကိုကိုအောက်ဆင်းရင်‌ဆင်းနှင့်လေ Fin ရေချိုးပြီးဆင်းလာခဲ့မယ်"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now