Side Story 2❣️ Harry x Kirito❣️Part1

3.2K 133 2
                                    

Unicode
ကျွန်တော်ကလေးဘ၀တည်းက မိဘမဲ့ဂေဟာမှာနေခဲ့ရတယ်။မိဘမဲ့ဂေဟာမှာ ကျွန်တော့်လိုပဲ မိဘမရှိတယ့်ကလေးတွေအများကြီးပဲ။သူတို့နဲ့ အဆင်ပြေအောင်ပေါင်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကိုသူတို့ အမြဲအနိုင်ကျင့်တယ် ဘယ်လိုပဲ သူတို့နဲ့အဆင်ပြေအောင်အောက်ကျခံပြီးပဲ ပေါင်းပေါင်း အဆင်မပြေခဲ့ဘူး။အမြဲ ကျွန်တော် တစ်ယောက်တည်းပဲ အထီးကျန်နေခဲ့တယ်။ဂေဟာမှာ ကျွန်တော့်ကို အရမ်းချစ်တယ့် ကြီးမေ တစ်ယောက်ရှိတယ်။သူက ကျွန်တော်အနိုင်ကျင့်ခံရတိုင်း ကျွန်တော့်ကိုကာကွယ်ပေးတယ်ဒဏ်ရာတွေ ရလာရင်လည်းဆေးထည့်ပေးတယ်။သူအမြဲပြောနေကြစကားရှိတယ်

"ဒီမှာသား သူတို့မှာ ယုတ်မာတိုင်း သူတို့ကို ပြန်မယုတ်မာနဲ့။ သားရဲ့ဖြူစင်တယ့် နှလုံးသားကိုအရောင်ဆိုးမခံပါနဲ့။သားသည်းခံနိုင်ရင် တစ်နေ့မှာ သားရဲ့နှလုံးသားကိုချစ်တယ့် သူကိုတွေ့ရလိမ့်မယ်"

ကြီးမေပြောတာတွေကို အပြောသက်သက်လိုပဲ ထင်ခဲ့တာ သူရောက်မလာခင်အထိပေါ့။ကျွန် တော့်အသက် ၅နှစ်မှာမိဘမဲ့ ဂေဟာကို လာလှူတယ့်မိသားစု။အဲ့မိသားစုမှာ ကျွန်တော့်ထက်ကြီးတယ့် အကိုတစ်ယောက်ပါလာတယ်။သူက ၁၀နှစ် ၁၁နှစ်လောက်တော့ရှိလောက်ပြီ။ကျွန်တော်သူ့ကိုကြည့်နေတုန်းမှာ သူက ကျွန်တော့်ကိုမြင်ပြီး အလှဆုံးပြုံးပြခဲ့တယ်။ကျွန်အရမ်း‌ ပျော်ပြီးကျွန်တော့်ရင်ထဲမှာ နွေးထွေးနေခဲ့တယ်။ဒီဂေဟာမှာ ကြီးမေက လွဲရင် တခြားသူတွေကျွန်တော့်ပြုံးပြတာမမြင်ဖူးဘူး။ကျွန်တော်အရမ်းပျော်ပြီးရင်တွေခုန်နေတာကြောင့် ကျွန်တော့် သူ့နောက်ကိုလိုက်ချောင်းခဲ့တယ်။အထဲမှာ သူ့မိဘတွေစကားပြောနေတာကို သူကဘေးကကြည့်နေတယ်။ခဏအကြာကျွန်တော့်ဘက်ကိုကြည့်လာလို့ ကျွန်တော်အမြန်ပုန်းလိုက်တယ်။

(ဟူးးး မြင်သွားပြီလားမသိဘူး)

ပြန်ချောင်းဖို့လုပ်တော့ သူက ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ပြီး

"ဟေ့ကောင်လေး ဘာတွေလာချောင်းနေတာတုန်း"

"ကျွန်တော် အကို့ကိုချောင်းတာ မဟုတ်ပါဘူး"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now