❣️✨Part 26 End✨❣️

7K 247 12
                                    

Unicode

မဂ်လာဆောင်တယ့်နေ့

အနီရောင်ကော်ဇောခင်းထားတယ့် လျှောက်လမ်းကျယ်ကြီးမှာ ပန်းတွေနဲ့လက်တန်းလေးလုပ်ထားပြီး ခန်းမကြီးတခုလုံး အဖြူရောင်ပိတ်စပါးလေးတွေကို ပန်းတွေနဲ့အတူအလှဆင်ထားတယ်။မဂ်လာပွဲလာရောက်ချီးမြှင့်တယ့် လူကြီးလူကောင်းတွေကလည်း နေရာကိုယ်စီမှာထိုင်ပြီး စကားပြောနေကြတယ်။လျှောက်လမ်းလေးရဲ့အဆုံးမှာ ခုံမြင့်နဲ့ ဖာသာတစ်ယောက်ကမတ်တပ်ရပ်ပြီး စောင့်ကြိုနေတယ်။အ၀တ်အစားလဲခန်းထဲမှာတော့ အနက်ရောင်၀တ်စုံလေးတွေနဲ့ သတို့သားသုံးယောက်ဟာ သူတို့ရဲ့ချစ်ခင်ပွန်း‌လောင်းလေးတွေ ပြင်ဆင်နေတာကို မျက်တောင်မခတ်ထိုင်ကြည့်နေကြတယ်။ဒီလို သုံးတွဲ မဂ်လာဆောင်တာမျိုးက ပုံမှန်ဆိုရှိကြပေမယ့် လိင်တူသုံးတွဲကတော့ ရှားတယ်လေ။ဒါကြောင့်ပွဲလာပရိသတ်တွေအတွက်တော့ အထူးအဆန်းတွေနဲ့ အံ့ဩစကားတွေဆိုနေကြတယ်။

မကြာခင်ပွဲစတော့မှာမလို့ အနက်ရောင်၀တ်စုံနဲ့သတို့သားသုံးယောက်ဟာ သူတို့ခင်ပွန်းလောင်းလေးတွေလျှောက်လာကြမယ့် လျှောက်လမ်းရဲ့အဆုံးမှာ လက်နှစ်ဖက်ကို ယှက်ထားပြီး စိတ်လှုပ်ရှားစွာစောင့်ကြိုနေကြတယ်။အနီရောက်ကော်ဇောကြီးပေါ်ကို ခြေလှမ်းလာကြ‌တယ့်အဖြူ‌ရောင်သတို့သားလေး သုံးယောက်မျက်နှာမှာလည်း အပြုံးတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပန်းစည်းလေးတွေကိုယ်စီကိုင်ကာ ပြိုင်တူလျှောက်လှမ်းလာကြတယ်။ဒီမဂ်လာပွဲဟာ သတင်းစာထဲမှာ ပါလာတယ့်အထိကို ကြီးကျယ်ပြီးအထူးအဆန်းဖြစ်တယ့်ပွဲမလို့ ကာယကံရှင်တွေကိုယ်တိုင်လည်း အရမ်းကိုစိတ်လှုပ်ရှားနေကြတာပေါ့။လျှောက်လမ်းအဆုံးမှာတော့ သူတို့ကို မျှော်လင့်တကြီးစောင့်ကြိုနေကြတယ့် သူတို့ရဲ့ ခင်ပွန်းလောင်း‌ တွေရဲ့လက်တွေကို ကိုယ်စီကိုင်ကာ မျက်နှာချင်းဆိုင်ရပ်ပြီး ဖာသာတရားဟောတာကို နားထောင်နေကြတယ်။

ဖာသာ _ "ကိုယ်ချစ်တယ့် ကိုယ့်ခင်ပွန်း(ဇနီး)အပေါ် အသက်ထက်ဆုံးသစ္စာရှိစွာပေါင်းသင်းပါမည်လား"

Falcao/Harry/Dennis _ "ဟုတ်ကဲ့ ပေါင်းသင်းပါမယ်"

ဖာသာ _ "ဒီဘက်ကခင်‌ပွန်းလေး(ဇနီး)တွေကရော ကိုယ့်ခင်ပွန်းအပေါ် အသက်ထက်ဆုံးသစ္စာရှိစွာပေါင်းသင်းပါမည်လား"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now