Part 4

16.8K 529 19
                                    

(Unicode)

" ဪ ဒါနဲ့ Fin ဘယ်နေ့ဘွဲ့ယူရမှာလဲ"

" အင်🤔 အခုတပတ် တနင်္ဂနွေလေ ကိုကို ဘာလို့လဲ "

" ဘာကို ဘာလို့ရမှာလဲ ကိုကိုက မင်းရဲ့ တစ်ဦးတည်းသောမိသားစု၀င်လေ မင်းဘွဲ့ယူတာကို ကိုကို က လာရမှာပေါ့😒"

" ဪ ဟုတ်သား မေ့သွားလို့ ဟီး ဟီး😁 "

"ဟုတ်ပါပြီ အတိတ်မေ့လေးရယ် ဇနီးလောင်းလို့ပြောလိုက်တာနဲ့ ပျော်ပြီး ဒီက အကိုလို အုပ်ထိန်းသူကြီးကို မေ့သွားပြီပေါ့"

"ဟာ ကိုကို အဲ့လိုကြီး မပြောပါနဲ့ဆိုနေ"

"ဟုတ်ပါပြီ အဆိုးလေးရယ် ထတော့ ကိုကို ကုမ္ပဏီမှာ နေ့လည် Meeting ရှိသေးတယ် လာသွားကြမယ်"

" ဟုတ် ဟုတ် ရေခဲမုန့်စားဦးမယ်😁"

ကိုကိုက Meeting သွားနေတော့ Fin က ကိုကို့ ရုံးခန်းထဲမှာ တစ်ယောက်တည်းပျင်းနေရော။အဲ့တာနဲ့ Fin လည်း ကိုကို့ ကို မပြောဘဲ ကုမ္ပဏီရှေ့က ကုန်စုံဆိုင်မှာ မုန့်သွား၀ယ်ခဲ့တယ်။မုန့်တွေ၀ယ်ပြီးပြန်လာတော့ ကိုကိုက အသည်းအသန်စိုးရိမ်တကြီးနဲ့ Fin ကိုလိုက်‌ရှာနေတယ့်ပုံပေါ်တယ်။
ကိုကို့ ကို အဲ့လိုမြင်ရတော့ ပျော်တယ် သိလား။အဲ့ဒါနဲ့ ကိုကို့ ကို စ မလို့ရှေ့ကို တိုးသွားတယ့် အချိန်မှာ မြင်လိုက်ရတယ့် မြင်ကွင်းက Fin ကို ၀မ်းနည်းစေရုံတင်မကဘူး ဒေါသပါထွက်လာ‌စေတယ် မျက်ရည်တွေပါ ဝဲလာပြီး Taxi ငှားပြီး ကိုယ့်ဘာသာ အိမ်ပြန်လာခဲ့တယ်။

ဘာလို့လဲဆိုတော့ Fin မြင်လိုက်ရတာက ကိုကို့ အတွင်းရေးမှူး အကိုJimmy က ကိုကို့ ကိုဖက်ထားတယ် Fin ရဲ့ ရင်ဘတ်တခုလုံးကွဲကြေသွားသလိုကို ခံစားရတယ် အဲ့တာကြောင့် Fin မှာ အိမ်ကို ပြန်လာပြီး အခန်းတံခါးပိတ်ပြီး ငိုနေခဲ့တယ်။

အကိုJimmy ဆိုတာက ငယ်ငယ်တည်းက Fin တို့နဲ့ က‌စားဖော် ကစားဖက်ပါ သူက ငယ်ငယ်တည်းက Fin ထက် ကိုကို့ ကို ပိုခင်ခဲ့တာ တချိန်လုံးကိုကို့ ဘေးမှာရှိနေခဲ့တာ ကျောင်းမှာလည်း အတန်းတူ အိမ်မှာ က‌စားလည်းအတူတူ အခုချိန်ထိလည်း အလုပ်လုပ်နေတာတောင် ကိုကို့ ဘေးမှာပဲ အတွင်းရေးမှူးအဖြစ်အလုပ်လုပ်ရတယ်။ အမှန်တကယ်တော့ Fin ငယ်ငယ်တည်းက အကို Jimmy ကိုမနာလိုအမြင်ကတ်ခဲ့တယ် ဘာလို့လဲဆိုတော့ သူက တချိန်လုံး ကိုကို့ဘေးက မခွာဘူး။

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now