A Forgotten Love[Completed]

By Lily_Han02

1M 61.7K 5.9K

❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... More

A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-5
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-8
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-39
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-43
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
A Forgotten Love-50[Final Part]
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်

A Forgotten Love- 18

16.8K 1.2K 110
By Lily_Han02

Unicode

//ကိုးကွယ်လိုက်မိတဲ့အချစ်က
ကိုယ့်ကိုပြန်ပြီး အဆိပ်သင့်စေခဲ့ရတာမျိုး//

"ငါ..မင်းကိုမုန်းတယ်။ငါမင်းကို မုန်းချင်
တယ် ပိုင်!"

​တကယ်တမ်းတော့ မုန်းနိုင်တာလည်းမဟုတ်
ခဲ့ပါ။ဒီတစ်ခါလောက်တော့ ပြောပစ်လိုက်ရမှ
စိတ်ထဲပေါ့သွားမယ်လို့ထင်တာပါပဲ။
အရှုံးသမားတစ်ယောက်ရဲ့ ခံစားချက်တွေ
နဲ့ပြေးထွက်လာမိတဲ့ ခြေထောက်တွေမှာ
သွေးစတွေနဲ့။ဖန်ကွဲစတွေ စိုက်ထားတဲ့
ဒဏ်ရာတွေဆီကနေ ထွက်လာတာပဲဖြစ်မယ်။
အဲဒီသွေးတွေကို မြင်နိုင်ပေမဲ့ ပိုင်စိုးကြောင့် ဟက်တက်ကွဲရတဲ့ ရင်ဘတ်ကိုတော့ ဘယ်မြင်
နိုင်ပါ့မလဲ။

"မမုန်းရဘူး ဟန်နီ..မင်းငါ့ကို မုန်းလို့မဖြစ်ဘူး"

မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းမှာ ခွေကျ
သွားတဲ့ခြေထောက်ပိုင်ရှင်က မင်းပိုင်စိုးသူ။
ထင်မှတ်မထားမိခဲ့တဲ့ စကားတစ်ခွန်းပဲ။

ဟယ်ရီက တစ်ခွန်းထဲနဲ့၊သူက ဘာမှန်းမသိ
ဖြစ်ခဲ့ရတာမျိုးပေါ့။သူ တကယ်ကို ဒီခံစား
ချက်က ဘာဆိုတာမှန်းမသိပါ။
ထွက်သွားတဲ့ ဟယ်ရီ့ကိုလည်း လိုက်မဆွဲ
မိခဲ့။အချိန်တန်ပြန်လာမှာပေါ့ဆိုတဲ့အတွေးက လက်တွေ့မှာလည်း မှန်နေခဲ့တာကြီးပါပဲ။
အဲ့ဒီနေ့ညကတော့ ဟယ်ရီတကယ်ပဲ ပြန်မလာ
ခဲ့လို့ ပိုင်စိုးလိုက်ရှာခဲ့ပေမဲ့လည်း မတွေ့ခဲ့။
စိုးစံဆီရောက်နေလားလို့ဆက်မေးဖြစ်တော့
လဲ မတွေ့ဖြစ်ကြတာတစ်ပတ်ရှိပြီတဲ့။

ဒါ မုသားစကားမှန်း ပိုင်စိုးမသိခဲ့တာလေး
တစ်ခုပဲ။ဒီလိုနဲ့ ဟယ်ရီ ပြန်မလာခဲ့တဲ့ အဲ့ဒီ
ညမှာ သူက အရူးမီးဝိုင်းဖြစ်ခဲ့ရပုံပေါ်သည်။

ဘယ်အချိန်ထိ ငါဖမ်းဆုပ်ထားနိုင်ဦးမှာလဲ။
တကယ်တော့ ငါလည်းမသိဘူး။

"မင်းကတော့ ချစ်တတ်သူကြီး..အချစ်ဦးကို
နှစ်တွေအများကြီးအထိ မေတ္တာရှိနေခဲ့တာ
တဲ့လေ။ငါကျတော့ အပေါက်အပြဲအနာတရ
တွေနဲ့ စုတ်ပြတ်သတ်ပြီး အမြဲတမ်း အကျနာ
ရသူပဲ"

မနက်အစောကြီး ပြန်ရောက်နေခဲ့တဲ့
ဟယ်ရီက အိပ်နေဆဲဖြစ်တဲ့ ပိုင်စိုးကိုထိုင်
ကြည့်ပြီး ပြောနေခဲ့တာပင်။ဒူးနှစ်ဖက်ပေါ်
မေးတင်ထားပြီး ဒူးကိုပိုက်ထိုင်ထားသည့်
ဟယ်ရီ့ရဲ့အကြည့်တို့က ပိုင်စိုးဆီ၌သာ။
လူးလွန့်ပြီး နိုးလာခဲ့တဲ့ ပိုင်စိုးက မျက်လုံး
ဖွင့်ဖွင့်ချင်းမှာပဲ မြင်လိုက်ရတဲ့ဟယ်ရီ့ပုံစံ
ကြောင့် လန့် သွားပုံရသည်။မျက်နှာသေနှင့်
ဟယ်ရီ့မျက်လုံးတွေက သွေးအေးနေခဲ့တဲ့
ကျားရိုင်းတစ်ကောင်လိုပဲ။

"ညက ဘယ်မှာသွားအိပ်နေတာလဲ"

"တစ်ယောက်ယောက်ဆီမှာလေ..
ဘယ်သူကအစလိုက်ပြောပြနေရဦးမှာလား"

"မင်း!.."

ပိုင်စိုး စိတ်ကိုလျှော့ချလိုက်ပြီး ဆက်ပြော
မလာတော့ချေ။ဘာပဲဖြစ်ဖြစ် ဟယ်ရီ့ကို
တစ်ညလုံး စိတ်ပူနေခဲ့မိတာ..ဒါအမှန်ပဲ။
မနက်မိုးလင်းတော့ ဘာမှမဖြစ်ဘဲ ကောင်း
ကောင်းမွန်မွန် အိမ်ပြန်လာတာကိုပဲ ပိုင်စိုးက
ကျေနပ်နေပုံပေါ်သည်။မျက်နှာသစ်ဖို့
ခြေလှမ်းတွေကို ရေချိုးခန်းဘက်သို့ ဦးတည်
သွားဖြစ်တော့ အနောက်မှ ထွက်လာခဲ့သည့်
ရေဒီယိုမှာလာနေဆဲ သီချင်းတစ်ပုဒ်။
ဒါကို ဟယ်ရီဖွင့်လိုက်တာပဲဖြစ်မည်။

🎵ပုံပြင်လေး တစ်ပုဒ်..ဆင်စွယ်လက်တစ်စုံ။
     ငါဟာ လွှတ်ချတတ်ဖို့..တဖွဖွပြောခဲ့ဖူး..။
     သူကလည်း ငို..ကိုယ်ကလဲပြို အခု၊
     ချစ်တတ်လွန်းသူ မင်းနဲ့..မချစ်ရက်တော့သူ
     တစ်ဦး။
     ကော်ရစ်ဒါမှာ ဝင်တိုက်တဲ့အခန်းရိုက်ကူး..🎵
(Accident-Kyar Pauk & Mary)

"ဘယ်လိုတောင် တိုက်တိုက်ဆိုင်ဆိုင်..။
လွှတ်ချတတ်ဖို့ ကိုယ့်ကိုယ်ကို ပြောတယ်။
ဒါပေမဲ့ မလုပ်ရက်ဘူး"

"မနိုင်တော့ရင် လွှတ်ချပစ်တတ်ရမှာပေါ့
ဟယ်ရီရ..မင်းလည်း အတော်လေးညံ့တာပဲ။
မနိုင်တော့ရင် လွှတ်ချကွ ဟား ဟား"

ဟယ်ရီ့အသံအေးစက်စက်က သီချင်းသံ
တွေကို ပိတ်ချပစ်လိုက်ပြီးတဲ့နောက်မှာ
ထွက်ပေါ်လာသည်။ပိုင်စိုးကို ပြောနေခဲ့တာ
မဟုတ်ဘဲ၊သူ့ကိုယ်သူ ပြန်ပြောဖြစ်ခဲ့တဲ့
စကားတို့ပင်ဖြစ်မည်။ရပ်တန့်နေဆဲဖြစ်တဲ့
ပိုင်စိုး​၏ခြေလှမ်းတွေနှင့် ဆန့်ကျင်ဘက်
အရပ်သို့ ဟယ်ရီထွက်သွားပြန်သည်။
ရယ်မောရင်းနဲ့ ပိုင့်ကိုလည်း လှည့်မကြည့်ဖြစ်ပါ။

အသည်းနာအောင်အထိ ဒီကောင်လေးက
ပြုစားတတ်တယ်။

___________//////////____________

​နှစ်ယောက်သား အေးစက်လာခဲ့ကြတဲ့
ဖြစ်ရပ်တွေ။ညဘက်ပြန်မလာဖြစ်ခဲ့တဲ့
အဲဒီညရဲ့နောက်ပိုင်း၊မနက်ခင်း အိမ်ကိုပြန်
ရောက်လာတဲ့ ဟယ်ရီက အတော်လေးကို
တိတ်ဆိတ်လာသည်။ပိုင်စိုးဘက်မှ စကား
မစဖြစ်တော့သလို၊ဟယ်ရီဘက်မှလည်း
လျစ်လျူရှုနေတာမျိုးမဟုတ်ဘဲ စကားပြော
မလာခဲ့ရုံပါလေ။ဟယ်ရီ့ပုံစံက အေးစက်နေ
ခဲ့တဲ့ ကော်ဖီတစ်ခွက်လိုပဲ။ပိုင်စိုးကို ဟာတာ
တာ ဖြစ်စေခဲ့တယ်နဲ့တူပါရဲ့။

"ဘယ်အချိန်ထိ ဒီတိုင်းနေနေဦးမှာလဲဟယ်ရီ"

"နေချင်တဲ့အချိန်ထိ နေမယ်။
ငါမင်းကို လွှတ်ချခဲ့နိုင်ဖို့အထိ ကြိုးစား
နေတယ်။မကြာခင် ငါ မင်းကိုထားသွားတော့
မှာပါ။အလွန်ဆုံးကြာ တစ်လပေါ့"

"မင်းစောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း!
ဘာစကားတွေပြောနေတာလဲ။
မင်းငါ့ကို ထားပစ်ရဲ ထားခဲ့ကြည့်။
ငါ့ဆီကနေ ဘယ်တော့မှလွတ်မြောက်ခွင့်
မပေးဘူး..တောက်!"

'ဒုန်း!"

စားပွဲကို ရိုက်ချလိုက်သည့်ပိုင်စိုးက ဟယ်ရီ့
ဆံပင်တို့ကို အနောက်မှ ဆွဲကိုင်လာပြီး
ခေါင်းကိုမော့စေသည်။မျက်နှာကြက်ပေါ်မှ
မီးလုံးကြောင့် ဟယ်ရီ့ မျက်စိတွေ ကျိန်းစပ်
လာသည်။ကျန်လက်တစ်ဖက်ဖြင့်ပိုင်စိုးက
ဟယ်ရီ့ မေးသို့ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်။
သို့သော် ဟယ်ရီဘက်မှ အေးစက်စက်ပြုနေ
တုန်းပင်ဖြစ်သည်။ပိုင်စိုးဖြစ်စေချင်တာ
ဒီလို အေးစက်စက်အခြေမျိုးကို မဟုတ်။
ဆဲဆိုပြီး၊ထထိုးပစ်လာမဲ့ ခပ်စွာစွာဟယ်ရီ့ကို
တွေ့ချင်တာပင်ဖြစ်သည်။

စားပွဲပေါ်မှ အသီးလှီးသည့် ဓားကိုလှမ်းကိုင်
ယူပြီး ဟယ်ရီပေးလာသည်။
ပိုင်စိုးကို အကြည့်မလွှဲစေခဲ့ဘဲ မျက်လုံးအစုံ
ကို စေ့စေ့စိုက်ကြည့်ကာပင် ပြော​၏။

စကားလုံးတွေက ပုံဖမ်းကားချပ်တွေ မဟုတ်ခဲ့
ပေမဲ့ ပြတ်ရှစေခဲ့တဲ့ ဓားသွားတွေလိုမျိုးပေါ့။

"ရော့ ဒီမှာဓား။ဒီဓားကိုယူပြီး ဒီရင်ဘတ်ကို
ထိုးချပစ်လိုက်စမ်းပါ။အပေါက်အပြဲတွေများ
လွန်းလို့ ချုပ်ပစ်မှ ရမယ်ထင်တယ်။

ဆေးရုံကို ဒီအတိုင်းသွားပြရင် အရူးဆိုပြီး
ပြောလွှတ်ပစ်လောက်တယ်လေ။ဒါကြောင့်
မင်းကကူညီတဲ့အနေနဲ့ ဓားနဲ့ထိုးပစ်ပေးစမ်းပါ"

"မင်း ဘာတွေဖြစ်နေတာလဲ ဟယ်ရီ။
ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြော"

"ငါလား..ဖြစ်တာတော့ဖြစ်တယ်ကွ။
နေပါဦး မင်းကို ဘာလို့ပြောပြရမှာလဲ။
အရင်လိုပဲ ငါတစ်ယောက်ထဲ မျိုသိပ်ထား
ရမှာပေါ့..မဟုတ်ဘူးလား"

နှုတ်ခမ်းဖျားအစွန်းတို့က ကော့ညွန့်တက်
ခဲ့ပြီး ဟယ်ရီ့အပြုံးတွေမှာ တည်ဆောက်
ရာတို့မဲ့နေသည်။မူမှန်မနေခဲ့တဲ့ ဒီအပြုံးတွေ
ကပဲ ပိုင်စိုးရင်ကို တင်းကျပ်စေခဲ့သလား။
ရွဲ့တဲ့တဲ့ စကားလုံးလေးတွေနဲ့ ခနဲ့တဲ့တဲ့ရယ်
နေခဲ့တဲ့ကြားမှဟယ်ရီက ပိုင်စိုးကိုတွန်း
ထုတ်ပြီး ထထွက်သွားခဲ့ပြီ။

မင်းပိုင်စိုးသူမှာတော့ မရေရာခြင်းများစွာ
တွေနှင့်ပင်။မမသုနဲ့ သွားတွေ့ရမှာမို့ပဲပျော်
နေမိတာလား၊ဟယ်ရီ့ ပုံစံကြောင့် ထုံထိုင်း
နေခဲ့တာပဲလား၊ဒါမှမဟုတ်ဆိုတဲ့နောက်ဆွဲ
တွဲမှာ ဆက်ရန်တွေလည်းမရှိတော့ပါ။
ဟယ်ရီ ပြင်ပေးထားတဲ့မနက်စာကို ပစ်ထား
ခဲ့ပြီး တစ်စုံတစ်ယောက်ဆီကို အရောက်သွား
ဖြစ်ခဲ့တာပါပဲ။

"ပိုင်လေး အစ်မဒီမှာ.."

"မမသု ကျွန်တော်က သတိရနေခဲ့တာ။
ဘာလို့ အဆက်သွယ်မလုပ်ရတာလဲ"

ဂျင်းစကတ်အရှည်ကို အနက်ရောင်ဖဲသားရှပ်
အရှည်နှင့်ဝတ်ထားခဲ့တဲ့ သူ(မ)။ခါးလယ်အထိ
ရှိတဲ့ အနက်ရောင်ဆံပင်ရှည်တွေနဲ့ သူ(မ)က
ကြော့မော့သည်။ပြေသုအမရာကို မြင်မြင်ချင်း
ပဲ အလျင်စလိုပြေးဖက်ဖြစ်တဲ့ ပိုင်စိုးဘက်မှ
ဘယ်လောက်တောင်ပျော်နေခဲ့လဲဆိုတာကို
သိခွင့်မရပေမဲ့လို့ မြင်တွေ့နေခဲ့ရတဲ့ဟယ်ရီ့
ကိုတော့ အတော်လေး အကျနာစေခဲ့ပြီး၊
နာကျင်ရလည်းပဲ ငေးကြည့်စေနိုင်ခဲ့တာ
မျိုးပင်။နှုတ်ခမ်းသားတွေနှင့်မေးချွန်ချွန်
တို့က ခိုက်ခိုက်တုန်နေခဲ့ရပြီး ဟယ်ရီ
မျက်ရည်ကျဖို့အထိ လုံလောက်ခဲ့တာမျိုး
များလား။

သုံးနှစ်တာကာလရဲ့ နာကျင်ရမှုတွေက
လေးနှစ်တာကာလကို ကူးပြောင်းခါနီးအထိ
တပူးတတွဲထဲ လိုက်ပါလာနေတုန်း။

"တော်တော့ ဟယ်ရီ..ငါတို့ပြန်ကြရအောင်။
Jakeလည်း စောင့်နေလိမ့်မယ်"

"လာပါ သွားရအောင် ဟယ်ရီရယ်။
Jakeဆီသွားဖို့နောက်ကျနေလိမ့်မယ်။
မင်းအစ်ကို ပြန်လာတုန်းပဲတွေ့ရတာကွ..
လာပါကွာ"

စိုးစံ သွားဖို့ပြောလာပေမဲ့လည်းပဲ ဟယ်ရီ
ကတော့ ကြည့်နေဖြစ်တုန်း။လက်သီးဆုပ်
တွေက တင်းလွန်းနေခဲ့တော့ အင်္ကျီအနားစ
တို့မှာ တွန့်ကြေကုန်သည်။
စိုးစံ​၏ လက်ကောက်ဝတ်ကို ဟယ်ရီအားပြု
ရင်း လှမ်းကိုင်ထားရှာသည်။ပြုံးရွှင်နေခဲ့တဲ့
ပိုင်စိုးရဲ့ဒီပုံစံမျိုးကို ဟယ်ရီ တွေ့ရဖို့ဆိုတာ
ရှားပါးသတ္တဝါလိုမျိုးနှင့်တူသည်။ဒါက
ငါ့အတွက်မဟုတ်ဘူး၊သူ ချစ်တဲ့လူအတွက်
လို့ တွေးမိပြန်တော့ ငိုသံတွေလည်း ထွက်မိ
ကုန်သည်။

"သူအရမ်းပျော်နေပုံပဲနော် စိုးစံ။ငါ့အပေါ်
ဆက်ဆံပုံတွေနဲ့ တခြားဆီပဲ။မင်းကြည့်စမ်း
သူချစ်တဲ့သူက ငါမဟုတ်တဲ့ အဲဒီအခြား
တစ်ယောက်လေ။အထူးသဖြင့် အဲဒီ
မိန်းကလေး မင်းရည်းစားဟောင်းကိုမှ.."

ဆက်ကြည့်ရင် ဟက်တက်ကွဲနေခဲ့ရတဲ့
ဒီရင်ဘတ်က ရစရာမရှိအောင် ကွဲထွက်
ကုန်ရုံပဲရှိမယ်။ဒီလိုနဲ့ပဲ လှည့်ထွက်လာမိခဲ့
ရုံပေါ့။ခြေထောက်တွေက ထုံနေခဲ့လို့ လူက
နည်းနည်းတော့ လဲကျချင်နေခဲ့ပုံပင်။စိုးစံမှ
ဟယ်ရီ့ပခုံးကို ဖက်လာပေးရင်း ကူတွဲရှာသည်။
အနားမှာ နှစ်သိမ့်ပေးမဲ့သူတွေရှိလာတော့
ဟယ်ရီ တောင့်ခံထားဖို့ လုံလောက်သည်​။

ကိုးကွယ်လိုက်မိတဲ့ အချစ်က တကယ်တမ်း
တော့ ငါ့ကိုပြန်သတ်နိုင်တဲ့ အဆိပ်ပင်တွေ
ဖြစ်နေခဲ့တယ်။

Cafeဆိုင်ရဲ့ တံခါးပေါက်နားကို ပိုင်စိုး
လှမ်းကြည့်မိတော့ သူရင်းနှီးနေခဲ့တဲ့ အဲဒီ
လူရိပ်။သေချာတာကတော့ ဟယ်ရီမြတ်သာ
ဆိုတာကို ပိုင်သေချာသိနေခဲ့ပုံရသည်။
သိသိသာသာပျက်ယွင်းသွားတဲ့မျက်နှာက
ပြေသုအမရာကိုတောင် ပြုံးမပြနိုင်တော့သည့်
အဖြစ်။ဒါကိုလည်း ပြေသုက ရိပ်မိသည်။

"ဘာဖြစ်လို့လဲ ပိုင်လေး၊မျက်နှာလည်း
မကောင်းပါလား။ဘာလဲ ကောင်မလေးနဲ့
ရန်ဖြစ်ထားလို့လား"

"ကောင်မလေးမဟုတ်ဘူး ကောင်လေး..
မမသုမြင်ရင် သူ့ကိုသိပါတယ်၊
ဟယ်ရီမြတ်သာလေ.."

"ဟမ် ဟယ်ရီ.."

"အဲ့တာ ထားပါ..မမသု အဆင်ပြေရဲ့လား"

"ဘာကိုပြောချင်တာလဲ..စိုးစံတို့နဲ့ကိစ္စကိုလား။
အဲ့ကိစ္စအကြောင်း ပိုင်လေးကို အစ်မလည်း
ပြောချင်နေတာ။အစ်မအပြစ်တွေပါ..အစ်မ
မကောင်းခဲ့လို့.."

"တော်တော့ ဘာကိုအစ်မအပြစ်လဲ။
အဲ့တာသူတို့အပြစ်လေ..အဓိက,က စိုးစံ
မကောင်းခဲ့တာ။ဟယ်ရီ့ကိုဆို သူကိုက
သည်းသည်းလှုပ်ဖြစ်နေခဲ့တာလေ။
မမသုကို အဲ့ကောင်နဲ့ယှဉ်ရင် နေရာပေးဖူး
လို့လား။ဒီလောက် ခံစားခဲ့ရတာတောင်မှပဲ
ဘာလို့ မမသုအပြစ်လို့ပြောချင်နေရတာလဲ"

"မဟုတ်ဘူး..အစ်မပြောပြ...."

"တော်ပြီ ကျွန်တော်စိတ်မရှုပ်ချင်ဘူး..
နောက်မှပဲပြောကြရအောင်"

ပိုင်စိုးကြောင့် ပြေသုလည်း ဆက်ပြောဖို့
အခွင့်လည်း မသာတော့။ထပ်ပြီး ပြောပြဖို့
ကြိုးစားမိတာတောင် ပိုင်စိုးက တားနေခဲ့တာ
ပဲ မဟုတ်လား။မသိမသာ သက်ပြင်းခိုးချလိုက်
ရင်း ပြေသုလည်း ပြောပြရမဲ့အကြောင်းအရာ
တွေကို နောက်ဆုတ်ခဲ့ရတော့တာပါပဲ။
ခဏလောက် စကားလမ်းကြောင်းလွှဲပြီးပြော
ဖြစ်ကြတဲ့နောက်မှာ ပိုင်စိုးစိတ်တွေကြည်လင်
လာသည်ထင်ပါ့ ပြုံးလာခဲ့သည်။

"ဟယ်ရီ ဘာဖြစ်လာတာလဲ စိုးစံ။
ငါ့ဆီရောက်လာကတည်းက ငိုနေတာ
အခုထိ မတိတ်သေးဘူး။ငါ့ညီကို ဟိုကောင်
ဘာလုပ်လိုက်ပြန်ပြီလဲ"

"ပြေသုနဲ့ပိုင်စိုးကို သူမြင်ခဲ့ရလို့ Jake..။ငါလည်း
မင်းတို့ကို အားနာရပါတယ်ကွာ"

"ဒါမင်းအမှားမှမဟုတ်တာ..အားနာစရာ
မလိုဘူး စိုးစံ။မင်းပိုင်စိုးသူရဲ့အပြစ်ပဲ..
အားနာရမဲ့သူ၊တောင်းပန်ရမဲ့သူက အဲဒီ
ကောင်ပဲ ဖြစ်နေသင့်တာ"

Jakeက သောက်လက်စဆေးလိပ်ကို
ပြာခွက်ထဲသို့ ထိုးထည့်ဖိချေပြီး ဟယ်ရီ့
ခေါင်းသို့ ညင်ညင်သာသာ ပွတ်သပ်ပေး
လာသည်။စိုးစံနဲ့Jakeကချော့လေ ဟယ်ရီ
ပိုငိုလာလေမို့ ပါးစပ်သာပိတ်ထားရသည့်
အဖြစ်။ပြေသုအမရာပြန်ရောက်ပြီလို့
သတင်းကြားကတည်းက Jakeလည်းပြန်
လာဖြစ်ခဲ့တာ ဖြစ်သည်။ဒီမိန်းကလေးပြန်
ရောက်လာရင် ပိုင်စိုး ဂျိုမွှေတော့မယ်မှန်း Jakeခန့်မှန်းမိပြီးသား။

"အစ်ကို အဲဒီကောင်ကို သွားထိုးပေးရမလား
ဟယ်ရီ။မင်းက ငိုနေတော့ အစ်ကိုတို့ ဘယ်
စိတ်ကောင်းပါ့မလဲကွ"

"ပိုင်က..ပိုင်က အဲ့မိန်းမကို ဖက်ထားတယ်။
ဟယ်ရီ သူ့ကိုအများကြီးချစ်ပေးခဲ့တာကို
တောင် အမြဲလိုလို လျစ်လျူရှုခံရတာကြီးပဲ။
အမြဲတမ်း ပစ်ပယ်ခံရတာကြီးကတော့
တရားလွန်လွန်းတယ်မလား"

"နေဦး အစ်ကိုအဲ့ကောင်ကိုတွေ့မှ အသေ
ထိုးပစ်ပေးမယ်။ဟယ်ရီ အစ်ကိုပြောခဲ့ပြီး
သားနော်၊ပေးထားတဲ့ ကတိကိုတော့ မမေ့နဲ့။
ချစ်တာလည်းချစ်ပေါ့။ဒါပေမဲ့ လွှတ်ချနိုင်
ရမယ်။သံသရာလည်နေတဲ့ ဒီအခြေအနေ
တွေထဲကနေ ကိုယ်တိုင်ရုန်းထွက်လာခဲ့
ဟယ်ရီ။အစ်ကိုတို့ မင်းကိုစောင့်နေပေးမယ်​။
အားလုံးကို သိပြီးပြီပဲ သူ့ဆီကနေ ထွက်လာ
နိုင်ပါတော့ကွာ။အစ်ကို့ ညီလေးကို ဒီလိုပုံစံ
တွေနဲ့ မမြင်ချင်တော့ဘူး။အရမ်းပင်ပန်းနေ
ပြီမလား"

"နောက်ကျမှ ပြောပြခဲ့မိလို့ ငါ့ကိုလည်း
ခွင့်လွှတ်ဟယ်ရီ။ငါတို့တွေ ပြောပြချင်ခဲ့ပေမဲ့
မင်းက ပိုင်လေးအပေါ်မှာ အရမ်းလေးနက်ခဲ့လို့
မင်းကို မနာကျင်စေခဲ့ရုံပါ။ဒါပေမဲ့ အဲ့တာကပဲ
မင်းကိုပို နာကျင်စေခဲ့ရတယ်။ငါတို့အပြစ်ပါ.."

ဟယ်ရီ့ဆီမှ စကားသံတို့တိတ်ဆိတ်သော်ငြား
လည်း ငိုရှိုက်သံတို့​၏ တစ်စွန်းတစ်စကတော့
ဖြည်းဖြည်းချင်း ပဲ့ထွက်လာခဲ့သည်။
လွှတ်ချခဲ့လိုက်၊ထားပစ်ခဲ့လိုက်လို့ ပါးစပ်
ကသာ ပြောဖို့လွယ်ကူတာ၊တကယ်တမ်း
လက်တွေ့မှာတော့ အင်မတန်ခက်ခဲရတာ
မျိုးတွေပဲဖြစ်တယ်။ချော့လို့မရတော့တဲ့အဆုံး
ငိုနေတဲ့ဟယ်ရီ့ကို Jakeနဲ့စိုးစံတို့ မေးထောက်
ပြီး ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ဖုန်းမကိုင်တော့ဘူးလား ဟယ်ရီ"

"ဟင့်အင်း ပိုင်စိုးဆီကမို့လို့ မကိုင်ချင်ဘူး။
ဟယ်ရီ သူနဲ့ရန်မဖြစ်ချင်ဘူး Jake။
အချိန်တိုင်းနီးပါး မွန်းကြပ်နေရတာကြီးကို
ဟယ်ရီ မကြိုက်ဘူး။သူ့ကိုလည်း လျစ်လျူရှု
ထားကြည့်ချင်တယ်။ဒါမှ နေသားကျလာမှာပေါ့"

အိတ်ကပ်ထဲမှ ဟယ်ရီ့ဖုန်းသံ မြည်နေခဲ့
ပေမဲ့ အရေးစိုက် မခံခဲ့ရတာပါ။
ပြေသုအမရာနဲ့ပြန်ဆုံရလို့လည်း ပိုင်စိုးကို
အပြည့်အဝ မပျော်ရွှင်စေခဲ့ပုံလည်း မပေါ်။
တစ်စိတ်တစ်ပိုင်း စိတ်ပူရခြင်းတွေမှာ
ဟယ်ရီက နေရာယူထားခဲ့ပုံပါပဲ။
ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့နောက်ကျ
ကုန်လာပြီဖြစ်တဲ့ အခွင့်အရေးတွေကို ပိုင်
ကိုယ်တိုင် သေချာဖမ်းဆုပ်ထားနိုင်ပါဦးမလား။

//////////////////////////////////////
3.6.2021(Thursday)
-လီလီဟန်-

Zawgyi

//ကိုးကြယ္လိုက္မိတဲ့အခ်စ္က
ကိုယ့္ကိုျပန္ၿပီး အဆိပ္သင့္ေစခဲ့ရတာမ်ိဳး//

"ငါ..မင္းကိုမုန္းတယ္။ငါမင္းကို မုန္းခ်င္
တယ္ ပိုင္!"

​တကယ္တမ္းေတာ့ မုန္းနိုင္တာလည္းမဟုတ္
ခဲ့ပါ။ဒီတစ္ခါေလာက္ေတာ့ ေျပာပစ္လိုက္ရမွ
စိတ္ထဲေပါ့သြားမယ္လို႔ထင္တာပါပဲ။
အရွုံးသမားတစ္ေယာက္ရဲ့ ခံစားခ်က္ေတြ
နဲ႔ေျပးထြက္လာမိတဲ့ ေျခေထာက္ေတြမွာ
ေသြးစေတြနဲ႔။ဖန္ကြဲစေတြ စိုက္ထားတဲ့
ဒဏ္ရာေတြဆီကေန ထြက္လာတာပဲျဖစ္မယ္။
အဲဒီေသြးေတြကို ျမင္နိုင္ေပမဲ့ ပိုင္စိုးေၾကာင့္ ဟက္တက္ကြဲရတဲ့ ရင္ဘတ္ကိုေတာ့ ဘယ္ျမင္
နိုင္ပါ့မလဲ။

"မမုန္းရဘူး ဟန္နီ..မင္းငါ့ကို မုန္းလို႔မျဖစ္ဘူး"

မုန္းတယ္ဆိုတဲ့ စကားတစ္ခြန္းမွာ ေခြက်
သြားတဲ့ေျခေထာက္ပိုင္ရွင္က မင္းပိုင္စိုးသူ။
ထင္မွတ္မထားမိခဲ့တဲ့ စကားတစ္ခြန္းပဲ။

ဟယ္ရီက တစ္ခြန္းထဲနဲ႔၊သူက ဘာမွန္းမသိ
ျဖစ္ခဲ့ရတာမ်ိဳးေပါ့။သူ တကယ္ကို ဒီခံစား
ခ်က္က ဘာဆိုတာမွန္းမသိပါ။
ထြက္သြားတဲ့ ဟယ္ရီ့ကိုလည္း လိုက္မဆြဲ
မိခဲ့။အခ်ိန္တန္ျပန္လာမွာေပါ့ဆိုတဲ့အေတြးက လက္ေတြ႕မွာလည္း မွန္ေနခဲ့တာႀကီးပါပဲ။
အဲ့ဒီေန႔ညကေတာ့ ဟယ္ရီတကယ္ပဲ ျပန္မလာ
ခဲ့လို႔ ပိုင္စိုးလိုက္ရွာခဲ့ေပမဲ့လည္း မေတြ႕ခဲ့။
စိုးစံဆီေရာက္ေနလားလို႔ဆက္ေမးျဖစ္ေတာ့လဲ မေတြ႕ျဖစ္ၾကတာတစ္ပတ္ရွိၿပီတဲ့။

ဒါ မုသားစကားမွန္း ပိုင္စိုးမသိခဲ့တာေလး
တစ္ခုပဲ။ဒီလိုနဲ႔ ဟယ္ရီ ျပန္မလာခဲ့တဲ့ အဲ့ဒီ
ညမွာ သူက အ႐ူးမီးဝိုင္းျဖစ္ခဲ့ရပုံေပၚသည္။

ဘယ္အခ်ိန္ထိ ငါဖမ္းဆုပ္ထားနိုင္ဦးမွာလဲ။
တကယ္ေတာ့ ငါလည္းမသိဘူး။

"မင္းကေတာ့ ခ်စ္တတ္သူႀကီး..အခ်စ္ဦးကို
ႏွစ္ေတြအမ်ားႀကီးအထိ ေမတၱာရွိေနခဲ့တာ
တဲ့ေလ။ငါက်ေတာ့ အေပါက္အျပဲအနာတရ
ေတြနဲ႔ စုတ္ျပတ္သတ္ၿပီး အျမဲတမ္း အက်နာ
ရသူပဲ"

မနက္အေစာႀကီး ျပန္ေရာက္ေနခဲ့တဲ့
ဟယ္ရီက အိပ္ေနဆဲျဖစ္တဲ့ ပိုင္စိုးကိုထိုင္
ၾကည့္ၿပီး ေျပာေနခဲ့တာပင္။ဒူးႏွစ္ဖက္
​ေပၚ ​ေမးတင္ထားၿပီး ဒူးကိုပိုက္ထိုင္ထားသည့္
ဟယ္ရီ့ရဲ့အၾကည့္တို႔က ပိုင္စိုးဆီ၌သာ။
လူးလြန႔္ၿပီး နိုးလာခဲ့တဲ့ ပိုင္စိုးက မ်က္လုံး
ဖြင့္ဖြင့္ခ်င္းမွာပဲ ျမင္လိုက္ရတဲ့ဟယ္ရီ့ပုံစံ
ေၾကာင့္ လန႔္ သြားပုံရသည္။မ်က္ႏွာေသႏွင့္ဟယ္ရီ့မ်က္လုံးေတြက ေသြးေအးေနခဲ့တဲ့ က်ားရိုင္းတစ္ေကာင္လိုပဲ။

"ညက ဘယ္မွာသြားအိပ္ေနတာလဲ"

"တစ္ေယာက္ေယာက္ဆီမွာေလ..
ဘယ္သူကအစလိုက္ေျပာျပေနရဦးမွာလား"

"မင္း!.."

ပိုင္စိုး စိတ္ကိုေလၽွာ့ခ်လိုက္ၿပီး ဆက္ေျပာ
မလာေတာ့ေခ်။ဘာပဲျဖစ္ျဖစ္ ဟယ္ရီ့ကို
တစ္ညလုံး စိတ္ပူေနခဲ့မိတာ..ဒါအမွန္ပဲ။
မနက္မိုးလင္းေတာ့ ဘာမွမျဖစ္ဘဲ ေကာင္း
ေကာင္းမြန္မြန္ အိမ္ျပန္လာတာကိုပဲ ပိုင္စိုးက
ေက်နပ္ေနပုံေပၚသည္။မ်က္ႏွာသစ္ဖို႔
ေျခလွမ္းေတြကို ေရခ်ိဳးခန္းဘက္သို႔
ဦးတည္
သြားျဖစ္ေတာ့ အေနာက္မွ ထြက္လာခဲ့သည့္
ေရဒီယိုမွာလာေနဆဲ သီခ်င္းတစ္ပုဒ္။
ဒါကို ဟယ္ရီဖြင့္လိုက္တာပဲျဖစ္မည္။

🎵ပုံျပင္ေလး တစ္ပုဒ္..ဆင္စြယ္လက္တစ္စုံ။
     ငါဟာ လႊတ္ခ်တတ္ဖို႔..တဖြဖြေျပာခဲ့ဖူး..။
     သူကလည္း ငို..ကိုယ္ကလဲၿပိဳ အခု၊
     ခ်စ္တတ္လြန္းသူ မင္းနဲ႔..မခ်စ္ရက္ေတာ့သူ
     တစ္ဦး။
    ေကာ္ရစ္ဒါမွာ ဝင္တိုက္တဲ့အခန္းရိုက္ကူး..🎵
(Accident-Kyar Pauk & Mary)

"ဘယ္လိုေတာင္ တိုက္တိုက္ဆိုင္ဆိုင္..။
လႊတ္ခ်တတ္ဖို႔ ကိုယ့္ကိုယ္ကို ေျပာတယ္။
ဒါေပမဲ့ မလုပ္ရက္ဘူး"

"မနိုင္ေတာ့ရင္ လႊတ္ခ်ပစ္တတ္ရမွာေပါ့
ဟယ္ရီရ..မင္းလည္း အေတာ္ေလးညံ့တာပဲ။
မနိုင္ေတာ့ရင္ လႊတ္ခ်ကြ ဟား ဟား"

ဟယ္ရီ့အသံေအးစက္စက္က သီခ်င္းသံ
ေတြကို ပိတ္ခ်ပစ္လိုက္ၿပီးတဲ့ေနာက္မွာ
ထြက္ေပၚလာသည္။ပိုင္စိုးကို ေျပာေနခဲ့တာ
မဟုတ္ဘဲ၊သူ႔ကိုယ္သူ ျပန္ေျပာျဖစ္ခဲ့တဲ့
စကားတို႔ပင္ျဖစ္မည္။ရပ္တန႔္ေနဆဲျဖစ္တဲ့
ပိုင္စိုး​၏ေျခလွမ္းေတြႏွင့္ ဆန႔္က်င္ဘက္
အရပ္သို႔ ဟယ္ရီထြက္သြားျပန္သည္။
ရယ္ေမာရင္းနဲ႔ ပိုင့္ကိုလည္း လွည့္မၾကည့္ျဖစ္ပါ။

အသည္းနာေအာင္အထိ ဒီေကာင္ေလးက
ျပဳစားတတ္တယ္။

___________//////////____________

​ႏွစ္ေယာက္သား ေအးစက္လာခဲ့ၾကတဲ့
ျဖစ္ရပ္ေတြ။ညဘက္ျပန္မလာျဖစ္ခဲ့တဲ့
အဲဒီညရဲ့ေနာက္ပိုင္း၊မနက္ခင္း အိမ္ကိုျပန္
ေရာက္လာတဲ့ ဟယ္ရီက အေတာ္ေလးကို
တိတ္ဆိတ္လာသည္။ပိုင္စိုးဘက္မွ စကား
မစျဖစ္ေတာ့သလို၊ဟယ္ရီဘက္မွလည္း
လ်စ္လ်ဴရွုေနတာမ်ိဳးမဟုတ္ဘဲ စကားေျပာ
မလာခဲ့႐ုံပါေလ။ဟယ္ရီ့ပုံစံက ေအးစက္ေန
ခဲ့တဲ့ ေကာ္ဖီတစ္ခြက္လိုပဲ။ပိုင္စိုးကို ဟာတာ
တာ ျဖစ္ေစခဲ့တယ္နဲ႔တူပါရဲ့။

"ဘယ္အခ်ိန္ထိ ဒီတိုင္းေနေနဦးမွာလဲဟယ္ရီ"

"ေနခ်င္တဲ့အခ်ိန္ထိ ေနမယ္။
ငါမင္းကို လႊတ္ခ်ခဲ့နိုင္ဖို႔အထိ ႀကိဳးစား
ေနတယ္။မၾကာခင္ ငါ မင္းကိုထားသြားေတာ့မွာပါ။အလြန္ဆုံးၾကာ တစ္လေပါ့"

"မင္းေစာက္ပါးစပ္ကို ပိတ္ထားလိုက္စမ္း!
ဘာစကားေတြေျပာေနတာလဲ။
မင္းငါ့ကို ထားပစ္ရဲ ထားခဲ့ၾကည့္။
ငါ့ဆီကေန ဘယ္ေတာ့မွလြတ္ေျမာက္ခြင့္
မေပးဘူး..ေတာက္!"

'ဒုန္း!"

စားပြဲကို ရိုက္ခ်လိုက္သည့္ပိုင္စိုးက ဟယ္ရီ့
ဆံပင္တို႔ကို အေနာက္မွ ဆြဲကိုင္လာၿပီး
ေခါင္းကိုေမာ့ေစသည္။မ်က္ႏွာၾကက္
​ေပၚမွ မီးလုံးေၾကာင့္ ဟယ္ရီ့ မ်က္စိေတြ
က်ိန္းစပ္လာသည္။က်န္လက္တစ္ဖက္ျဖင့္ပိုင္စိုးက
ဟယ္ရီ့ ေမးသို႔ဖ်စ္ညႇစ္ဆုပ္ကိုင္ထားသည္။
သို႔ေသာ္ ဟယ္ရီဘက္မွ ေအးစက္စက္ျပဳေန
တုန္းပင္ျဖစ္သည္။ပိုင္စိုးျဖစ္ေစခ်င္တာ
ဒီလို ေအးစက္စက္အေျခမ်ိဳးကို မဟုတ္။
ဆဲဆိုၿပီး၊ထထိုးပစ္လာမဲ့ ခပ္စြာစြာဟယ္ရီ့ကို
ေတြ႕ခ်င္တာပင္ျဖစ္သည္။

စားပြဲေပၚမွ အသီးလွီးသည့္ ဓားကိုလွမ္းကိုင္
ယူၿပီး ဟယ္ရီေပးလာသည္။ပိုင္စိုးကို အၾကည့္ မလႊဲေစခဲ့ဘဲ မ်က္လုံးအစုံကို ေစ့ေစ့စိုက္ၾကည့္ကာပင္ ေျပာ​၏။

စကားလုံးေတြက ပုံဖမ္းကားခ်ပ္ေတြ မဟုတ္ခဲ့
ေပမဲ့ ျပတ္ရွေစခဲ့တဲ့ ဓားသြားေတြလိုမ်ိဳးေပါ့။

"ေရာ့ ဒီမွာဓား။ဒီဓားကိုယူၿပီး ဒီရင္ဘတ္ကို
ထိုးခ်ပစ္လိုက္စမ္းပါ။အေပါက္အျပဲေတြမ်ား
လြန္းလို႔ ခ်ဳပ္ပစ္မွ ရမယ္ထင္တယ္။

ေဆး႐ုံကို ဒီအတိုင္းသြားျပရင္ အ႐ူးဆိုၿပီး
ေျပာလႊတ္ပစ္ေလာက္တယ္ေလ။ဒါေၾကာင့္
မင္းကကူညီတဲ့အေနနဲ႔ ဓားနဲ႔ထိုးပစ္ေပးစမ္းပါ"

"မင္း ဘာေတြျဖစ္ေနတာလဲ ဟယ္ရီ။
ဘာေတြျဖစ္ေနတာလဲ ကိုယ့္ကိုေျပာ"

"ငါလား..ျဖစ္တာေတာ့ျဖစ္တယ္ကြ။
ေနပါဦး မင္းကို ဘာလို႔ေျပာျပရမွာလဲ။
အရင္လိုပဲ ငါတစ္ေယာက္ထဲ မ်ိဳသိပ္ထား
ရမွာေပါ့..မဟုတ္ဘူးလား"

ႏွုတ္ခမ္းဖ်ားအစြန္းတို႔က ေကာ့ညြန႔္တက္
ခဲ့ၿပီး ဟယ္ရီ့အျပဳံးေတြမွာ တည္ေဆာက္
ရာတို႔မဲ့ေနသည္။မူမွန္မေနခဲ့တဲ့ ဒီအျပဳံးေတြ
ကပဲ ပိုင္စိုးရင္ကို တင္းက်ပ္ေစခဲ့သလား။
ရြဲ႕တဲ့တဲ့ စကားလုံးေလးေတြနဲ႔ ခနဲ႔တဲ့တဲ့
ရယ္​ေနခဲ့တဲ့ၾကားမွဟယ္ရီက ပိုင္စိုးကိုတြန္း
ထုတ္ၿပီး ထထြက္သြားခဲ့ၿပီ။

မင္းပိုင္စိုးသူမွာေတာ့ မေရရာျခင္းမ်ားစြာ
ေတြႏွင့္ပင္။မမသုနဲ႔ သြားေတြ႕ရမွာမို႔ပဲေပ်ာ္​ေနမိတာလား၊ဟယ္ရီ့ ပုံစံေၾကာင့္ ထုံထိုင္း​ေနခဲ့တာပဲလား၊ဒါမွမဟုတ္ဆိုတဲ့ေနာက္ဆြဲ
တြဲမွာ ဆက္ရန္ေတြလည္းမရွိေတာ့ပါ။
ဟယ္ရီ ျပင္ေပးထားတဲ့မနက္စာကို ပစ္ထား
ခဲ့ၿပီး တစ္စုံတစ္ေယာက္ဆီကို အေရာက္သြား
ျဖစ္ခဲ့တာပါပဲ။

"ပိုင္ေလး အစ္မဒီမွာ.."

"မမသု ကၽြန္ေတာ္က သတိရေနခဲ့တာ။
ဘာလို႔ အဆက္သြယ္မလုပ္ရတာလဲ"

ဂ်င္းစကတ္အရွည္ကို အနက္ေရာင္ဖဲသားရွပ္
အရွည္ႏွင့္ဝတ္ထားခဲ့တဲ့ သူ(မ)။ခါးလယ္အထိ
ရွိတဲ့ အနက္ေရာင္ဆံပင္ရွည္ေတြနဲ႔ သူ(မ)က
ေၾကာ့ေမာ့သည္။ေျပသုအမရာကို ျမင္ျမင္ခ်င္းပဲ အလ်င္စလိုေျပးဖက္ျဖစ္တဲ့ ပိုင္စိုးဘက္မွ
ဘယ္ေလာက္ေတာင္ေပ်ာ္ေနခဲ့လဲဆိုတာကို
သိခြင့္မရေပမဲ့လို႔ ျမင္ေတြ႕ေနခဲ့ရတဲ့ဟယ္ရီ့
ကိုေတာ့ အေတာ္ေလး အက်နာေစခဲ့ၿပီး၊
နာက်င္ရလည္းပဲ ေငးၾကည့္ေစနိုင္ခဲ့တာ
မ်ိဳးပင္။ႏွုတ္ခမ္းသားေတြႏွင့္ေမးခၽြန္ခၽြန္တို႔က ခိုက္ခိုက္တုန္ေနခဲ့ရၿပီး ဟယ္ရီ
မ်က္ရည္က်ဖို႔အထိ လုံေလာက္ခဲ့တာမ်ိဳး
မ်ားလား။

သုံးႏွစ္တာကာလရဲ့ နာက်င္ရမွုေတြက
ေလးႏွစ္တာကာလကို ကူးေျပာင္းခါနီးအထိ
တပူးတတြဲထဲ လိုက္ပါလာေနတုန္း။

"ေတာ္ေတာ့ ဟယ္ရီ..ငါတို႔ျပန္ၾကရေအာင္။
Jakeလည္း ေစာင့္ေနလိမ့္မယ္"

"လာပါ သြားရေအာင္ ဟယ္ရီရယ္။
Jakeဆီသြားဖို႔ေနာက္က်ေနလိမ့္မယ္။
မင္းအစ္ကို ျပန္လာတုန္းပဲေတြ႕ရတာကြ..
လာပါကြာ"

စိုးစံ သြားဖို႔ေျပာလာေပမဲ့လည္းပဲ ဟယ္ရီ
ကေတာ့ ၾကည့္ေနျဖစ္တုန္း။လက္သီးဆုပ္
ေတြက တင္းလြန္းေနခဲ့ေတာ့ အကၤ်ီအနားစတို႔မွာ တြန႔္ေၾကကုန္သည္။
စိုးစံ​၏ လက္ေကာက္ဝတ္ကို ဟယ္ရီအားျပဳ
ရင္း လွမ္းကိုင္ထားရွာသည္။ျပဳံးရႊင္ေနခဲ့တဲ့
ပိုင္စိုးရဲ့ဒီပုံစံမ်ိဳးကို ဟယ္ရီ ေတြ႕ရဖို႔ဆိုတာ
ရွားပါးသတၱဝါလိုမ်ိဳးႏွင့္တူသည္။ဒါက
ငါ့အတြက္မဟုတ္ဘူး၊သူ ခ်စ္တဲ့လူအတြက္
လို႔ ေတြးမိျပန္ေတာ့ ငိုသံေတြလည္း ထြက္မိကုန္သည္။

"သူအရမ္းေပ်ာ္ေနပုံပဲေနာ္ စိုးစံ။ငါ့အေပၚ
ဆက္ဆံပုံေတြနဲ႔ တျခားဆီပဲ။မင္းၾကည့္စမ္း
သူခ်စ္တဲ့သူက ငါမဟုတ္တဲ့ အဲဒီအျခား
တစ္ေယာက္ေလ။အထူးသျဖင့္ အဲဒီ
မိန္းကေလး မင္းရည္းစားေဟာင္းကိုမွ.."

ဆက္ၾကည့္ရင္ ဟက္တက္ကြဲေနခဲ့ရတဲ့
ဒီရင္ဘတ္က ရစရာမရွိေအာင္ ကြဲထြက္
ကုန္႐ုံပဲရွိမယ္။ဒီလိုနဲ႔ပဲ လွည့္ထြက္လာမိခဲ့
႐ုံေပါ့။ေျခေထာက္ေတြက ထုံေနခဲ့လို႔ လူကနည္းနည္းေတာ့ လဲက်ခ်င္ေနခဲ့ပုံပင္။
စိုးစံမွဟယ္ရီ့ပခုံးကို ဖက္လာေပးရင္း ကူတြဲရွာ
သည္။အနားမွာ ႏွစ္သိမ့္ေပးမဲ့သူေတြရွိလာ
​ေတာ့ဟယ္ရီ ေတာင့္ခံထားဖို႔ လုံေလာက္သည္​။

ကိုးကြယ္လိုက္မိတဲ့ အခ်စ္က တကယ္တမ္း
ေတာ့ ငါ့ကိုျပန္သတ္နိုင္တဲ့ အဆိပ္ပင္ေတြ
ျဖစ္ေနခဲ့တယ္။

Cafeဆိုင္ရဲ့ တံခါးေပါက္နားကို ပိုင္စိုး
လွမ္းၾကည့္မိေတာ့ သူရင္းႏွီးေနခဲ့တဲ့
အဲဒီလူရိပ္။ေသခ်ာတာကေတာ့ ဟယ္ရီျမတ္သာ
ဆိုတာကို ပိုင္ေသခ်ာသိေနခဲ့ပုံရသည္။
သိသိသာသာပ်က္ယြင္းသြားတဲ့မ်က္ႏွာက
ေျပသုအမရာကိုေတာင္ ျပဳံးမျပနိုင္ေတာ့
သည့္အျဖစ္။ဒါကိုလည္း ေျပသုက ရိပ္မိသည္။

"ဘာျဖစ္လို႔လဲ ပိုင္ေလး၊မ်က္ႏွာလည္း
မေကာင္းပါလား။ဘာလဲ ေကာင္မေလးနဲ႔
ရန္ျဖစ္ထားလို႔လား"

"ေကာင္မေလးမဟုတ္ဘူး ေကာင္ေလး..
မမသုျမင္ရင္ သူ႔ကိုသိပါတယ္၊ဟယ္ရီျမတ္သာ
​ေလ.."

"ဟမ္ ဟယ္ရီ.."

"အဲ့တာ ထားပါ..မမသု အဆင္ေျပရဲ့လား"

"ဘာကိုေျပာခ်င္တာလဲ..စိုးစံတို႔နဲ႔ကိစၥကိုလား။
အဲ့ကိစၥအေၾကာင္း ပိုင္ေလးကို အစ္မလည္း
ေျပာခ်င္ေနတာ။အစ္မအျပစ္ေတြပါ..အစ္မ
မေကာင္းခဲ့လို႔.."

"ေတာ္ေတာ့ ဘာကိုအစ္မအျပစ္လဲ။
အဲ့တာသူတို႔အျပစ္ေလ..အဓိက,က စိုးစံ
မေကာင္းခဲ့တာ။ဟယ္ရီ့ကိုဆို သူကိုက
သည္းသည္းလွုပ္ျဖစ္ေနခဲ့တာေလ။
မမသုကို အဲ့ေကာင္နဲ႔ယွဥ္ရင္ ေနရာေပးဖူး
လို႔လား။ဒီေလာက္ ခံစားခဲ့ရတာေတာင္မွပဲ
ဘာလို႔ မမသုအျပစ္လို႔ေျပာခ်င္ေနရတာလဲ"

"မဟုတ္ဘူး..အစ္မေျပာျပ...."

"ေတာ္ၿပီ ကၽြန္ေတာ္စိတ္မရွုပ္ခ်င္ဘူး..
ေနာက္မွပဲေျပာၾကရေအာင္"

ပိုင္စိုးေၾကာင့္ ေျပသုလည္း ဆက္ေျပာဖို႔အခြင့္လည္း မသာေတာ့။ထပ္ၿပီး ေျပာျပဖို႔ႀကိဳးစားမိတာေတာင္ ပိုင္စိုးက တားေနခဲ့တာပဲ မဟုတ္လား။မသိမသာ သက္ျပင္းခိုးခ်လိုက္
ရင္း ေျပသုလည္း ေျပာျပရမဲ့အေၾကာင္းအရာ​ေတြကို ေနာက္ဆုတ္ခဲ့ရေတာ့တာပါပဲ။
ခဏေလာက္ စကားလမ္းေၾကာင္းလႊဲၿပီးေျပာ
ျဖစ္ၾကတဲ့ေနာက္မွာ ပိုင္စိုးစိတ္ေတြၾကည္လင္
လာသည္ထင္ပါ့ ျပဳံးလာခဲ့သည္။

"ဟယ္ရီ ဘာျဖစ္လာတာလဲ စိုးစံ။
ငါ့ဆီေရာက္လာကတည္းက ငိုေနတာ
အခုထိ မတိတ္ေသးဘူး။ငါ့ညီကို ဟိုေကာင္
ဘာလုပ္လိုက္ျပန္ၿပီလဲ"

"ေျပသုနဲ႔ပိုင္စိုးကို သူျမင္ခဲ့ရလို႔ Jake..။
ငါလည္းမင္းတို႔ကို အားနာရပါတယ္ကြာ"

"ဒါမင္းအမွားမွမဟုတ္တာ..အားနာစရာ
မလိုဘူး စိုးစံ။မင္းပိုင္စိုးသူရဲ့အျပစ္ပဲ..
အားနာရမဲ့သူ၊ေတာင္းပန္ရမဲ့သူက အဲဒီ
ေကာင္ပဲ ျဖစ္ေနသင့္တာ"

Jakeက ေသာက္လက္စေဆးလိပ္ကို
ျပာခြက္ထဲသို႔ ထိုးထည့္ဖိေခ်ၿပီး ဟယ္ရီ့
ေခါင္းသို႔ ညင္ညင္သာသာ ပြတ္သပ္ေပး
လာသည္။စိုးစံနဲ႔Jakeကေခ်ာ့ေလ ဟယ္ရီ
ပိုငိုလာေလမို႔ ပါးစပ္သာပိတ္ထားရသည့္
အျဖစ္။ေျပသုအမရာျပန္ေရာက္ၿပီလို႔
သတင္းၾကားကတည္းက Jakeလည္းျပန္
လာျဖစ္ခဲ့တာ ျဖစ္သည္။ဒီမိန္းကေလးျပန္
ေရာက္လာရင္ ပိုင္စိုး ဂ်ိဳေမႊေတာ့မယ္မွန္း Jakeခန႔္မွန္းမိၿပီးသား။

"အစ္ကို အဲဒီေကာင္ကို သြားထိုးေပးရမလား
ဟယ္ရီ။မင္းက ငိုေနေတာ့ အစ္ကိုတို႔ ဘယ္
စိတ္ေကာင္းပါ့မလဲကြ"

"ပိုင္က..ပိုင္က အဲ့မိန္းမကို ဖက္ထားတယ္။
ဟယ္ရီ သူ႔ကိုအမ်ားႀကီးခ်စ္ေပးခဲ့တာကို
ေတာင္ အျမဲလိုလို လ်စ္လ်ဴရွုခံရတာႀကီးပဲ။
အျမဲတမ္း ပစ္ပယ္ခံရတာႀကီးကေတာ့
တရားလြန္လြန္းတယ္မလား"

"ေနဦး အစ္ကိုအဲ့ေကာင္ကိုေတြ႕မွ အေသ
ထိုးပစ္ေပးမယ္။ဟယ္ရီ အစ္ကိုေျပာခဲ့ၿပီး
သားေနာ္၊ေပးထားတဲ့ ကတိကိုေတာ့ မေမ့နဲ႔။
ခ်စ္တာလည္းခ်စ္ေပါ့။ဒါေပမဲ့ လႊတ္ခ်နိုင္
ရမယ္။သံသရာလည္ေနတဲ့ ဒီအေျခအေန
ေတြထဲကေန ကိုယ္တိုင္႐ုန္းထြက္လာခဲ့
ဟယ္ရီ။အစ္ကိုတို႔ မင္းကိုေစာင့္ေနေပးမယ္​။
အားလုံးကို သိၿပီးၿပီပဲ သူ႔ဆီကေန ထြက္လာ
နိုင္ပါေတာ့ကြာ။အစ္ကို႔ ညီေလးကို ဒီလိုပုံစံ
ေတြနဲ႔ မျမင္ခ်င္ေတာ့ဘူး။အရမ္းပင္ပန္းေန
ၿပီမလား"

"ေနာက္က်မွ ေျပာျပခဲ့မိလို႔ ငါ့ကိုလည္း
ခြင့္လႊတ္ဟယ္ရီ။ငါတို႔ေတြ ေျပာျပခ်င္ခဲ့ေပမဲ့
မင္းက ပိုင္ေလးအေပၚမွာ အရမ္းေလးနက္ခဲ့လို႔ မင္းကို မနာက်င္ေစခဲ့႐ုံပါ။ဒါေပမဲ့ အဲ့တာကပဲ မင္းကိုပို နာက်င္ေစခဲ့ရတယ္။ငါတို႔အျပစ္ပါ.."

ဟယ္ရီ့ဆီမွ စကားသံတို႔တိတ္ဆိတ္ေသာ္ျငား
လည္း ငိုရွိုက္သံတို႔​၏ တစ္စြန္းတစ္စကေတာ့
ျဖည္းျဖည္းခ်င္း ပဲ့ထြက္လာခဲ့သည္။
လႊတ္ခ်ခဲ့လိုက္၊ထားပစ္ခဲ့လိုက္လို႔ ပါးစပ္
ကသာ ေျပာဖို႔လြယ္ကူတာ၊တကယ္တမ္း
လက္ေတြ႕မွာေတာ့ အင္မတန္ခက္ခဲရတာ
မ်ိဳးေတြပဲျဖစ္တယ္။ေခ်ာ့လို႔မရေတာ့တဲ့အဆုံး
ငိုေနတဲ့ဟယ္ရီ့ကို Jakeနဲ႔စိုးစံတို႔ ေမးေထာက္
ၿပီး ထိုင္ၾကည့္ေန႐ုံသာ တတ္နိုင္ေတာ့သည္။

"ဖုန္းမကိုင္ေတာ့ဘူးလား ဟယ္ရီ"

"ဟင့္အင္း ပိုင္စိုးဆီကမို႔လို႔ မကိုင္ခ်င္ဘူး။
ဟယ္ရီ သူနဲ႔ရန္မျဖစ္ခ်င္ဘူး Jake။
အခ်ိန္တိုင္းနီးပါး မြန္းၾကပ္ေနရတာႀကီးကို
ဟယ္ရီ မႀကိဳက္ဘူး။သူ႔ကိုလည္း လ်စ္လ်ဴရွု
ထားၾကည့္ခ်င္တယ္။ဒါမွ ေနသားက်လာမွာေပါ့"

အိတ္ကပ္ထဲမွ ဟယ္ရီ့ဖုန္းသံ ျမည္ေနခဲ့
ေပမဲ့ အေရးစိုက္ မခံခဲ့ရတာပါ။
ေျပသုအမရာနဲ႔ျပန္ဆုံရလို႔လည္း ပိုင္စိုးကို
အျပည့္အဝ မေပ်ာ္ရႊင္ေစခဲ့ပုံလည္း မေပၚ။
တစ္စိတ္တစ္ပိုင္း စိတ္ပူရျခင္းေတြမွာ
ဟယ္ရီက ေနရာယူထားခဲ့ပုံပါပဲ။
ဒါေပမဲ့လည္း တျဖည္းျဖည္းနဲ႔ေနာက္က်
ကုန္လာၿပီျဖစ္တဲ့ အခြင့္အေရးေတြကို ပိုင္
ကိုယ္တိုင္ ေသခ်ာဖမ္းဆုပ္ထားနိုင္ပါဦးမလား။

//////////////////////////////////////
3.6.2021(Thursday)
-လီလီဟန္-

Continue Reading

You'll Also Like

1.2M 65.3K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
83.5K 2.5K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...
210K 16.3K 33
fudanshiကလေး သွင်ယသော်နိုင်က သူ့အလုပ်ရှင် ဥက္ကဌ မြူမင်းလွင်ပြင်ကို ဘယ်လိုတွေ ယောက်ျားပေးစားရင်း ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ..... ကိုယ့်ကို ယောက်ျားပေးစားန...
495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."