[Unicode]
(အပိုင်း-၈)
"Shit!"
လူပြတ်သည့် နေရာရောက်မှ ကားက ထိုးရပ်သွားသည်ကြောင့် ရတုလွှမ်းခ ဆဲရေးလိုက်မိသည်။ ကားပျက်တာတော့မဟုတ်၊ ဆီကုန်သွားခြင်းပင်။ အချိန်ကိုကြည့်တော့ ညဆယ်နာရီတိတိ။ ဆီဆိုင်ကြီးတွေက ဤနေရာတဝိုက်မှာ မရှိ။ တစ်နေကုန်မောင်းနေပြီး ဆီမဖြည့်မိတဲ့ မိမိအပြစ်ပင်။
အဖေ့ကို ဖုန်းဆက်ရင် ရသော်ငြား တစ်ပတ်မှာ လေးရက်လောက်က အပြင်မှာသာ ကျင်လည်ကျက်စားသည်မို့ အိမ်ပြန်မလာ၍ ဆူမှာကျိန်းသေ။ နားပူတာတော့ မခံနိုင်။ ကိုယ့်ဒုက္ခကိုယ် ဖြေရှင်းရုံသာ။
"ဝုတ် ဝုတ်"
ဘေးထိုင်ခုံပေါ်မှာ ခြေနှစ်ချောင်းတုပ်ကာ အကျအနထိုင်နေသည့် ရတု သားလေးက ဘာမြင်သည်မသိ။ ရှေ့တူရှု လမ်းမကို ကြည့်ရင်း ထိုးဟောင်တာကြောင့် ပုခုံးကျုံ့မိသည်။ ကိုယ့်ထက်ကြီးကြီးငယ်ငယ် ဘယ်လူကိုမှ မကြောက်တတ်ပေမဲ့ သရဲ၊တစ္ဆေကိုဖြင့် ရတု သေအောင်ကြောက်ပါ၏။
"တိုးတိုးနေ ငစိုင်းရ၊ ဒီနားမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲရှိတာ၊ သရဲမတွေရောက်လာပြီး ဂုတ်ချိုးသတ်ရင် နှစ်ယောက်လုံး ဂိမှာ"
"ဝုတ်"
ရတုပြောတာနားလည်၍ထင်သည်။ အသံတစ်ချက်ထွက်ကာ ကုတ်ကုတ်လေးငြိမ်ကျသွားတော့သည်။ အသံစူးသည့် ငစိုင်းက အကောင်ကြီးကြီးခွေးမျိုးတော့မဟုတ်ပါ။ ခွေးဘီလူးကဲ့သို့ လုံးလုံးသေးသေးလေးဖြစ်သည်။ တမြန်နေ့က mini-mart တစ်ခုကို ရတု ဆေးလိပ်ဝင်ဝယ်ရင်း ဆိုင်ရှေ့မှာ ခွေခွေလေးလဲကျနေတာမို့ သနားကာ ကားပေါ်တင်ခေါ်လာခြင်းပင်။
ဘယ်သွားသွား ရတုတစ်ယောက်တည်းသွားရတာထက်စာရင် သက်ရှိတစ်ကောင်ပါ အပိုပါတော့ အဖော်ရပါ၏။ "Jony" ဆိုသည့် နာမည်ထွင်းထားသည့် ကဒ်ပြားလေးကို လည်ပင်းမှာတွေ့ပေမဲ့ ဘိုဆန်လွန်းတာကြောင့် ရတုမကြိုက်။
ခေါ်လို့ကောင်းမည့်နာမည်ကို စဉ်းစားရင်း ဉီးနှောက်ထဲ ညစ်ကျယ်ကျယ်ဝင်လာတဲ့ တစ်စုံတစ်ယောက်ကို ဖျတ်ခနဲအတွေး...။ "ဖေ့သားကြီး နာမည် ငစိုင်း"ဖြစ်သွားရတော့သည်။ မဆိုးပါဘူး။ ခေါ်လို့လည်း ကောင်းသား။
"ကဲ ဆင်းကြည့်ရအောင်ကွာ"
ငစိုင်းကိုပွေ့လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ကားပေါ်ကဆင်းရင်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တော့ ကတ္တရာလမ်းမထက်မှာ ဘေးဘက်ဆီက ဓာတ်မီးတိုင်တွေကြောင့် ပိန်းပိတ်အောင်မှောင်နေတာမျိုးမဟုတ်တာမို့ ကံကောင်းသည်ဆိုရမည်။ မီးရောင်အားကိုးနှင့် တည်းခိုခန်းလား၊ စားသောက်ဆိုင်လားမသိသည့် ခပ်လှမ်းလှမ်းက အဆောက်အဉီးတစ်ခုကိုတော့ လှမ်းမြင်နေရသည်။
စားသောက်ဆိုင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူရှိရင် အကူအညီတောင်းလို့ရနိုင်သည်။ တည်းခိုခန်းဆိုရင်လည်း ညအိပ်လိုက်ရုံပေါ့။ မနက်မှ မ, ကို လှမ်းခေါ်လို့ ရနေသည်ပဲ။ သူငယ်ချင်းမရှိခြင်း၏ အကျိုးဆက်များက ဒီလိုအချိန်မျိုးမှာ ထင်ရှားသည်။ သို့ပေမဲ့ ရတု မတွေးချင်။ သူငယ်ချင်းမထားခဲ့ခြင်းအတွက် နောင်တလည်းမရ။အပေါ်ယံဟန်ဆောင်ပေါင်းတဲ့သူတွေနဲ့ နေရမှာထက် ရတု တစ်ယောက်တည်းနေရသည်က ပိုကောင်းပါသည်။ဩ..အခုတော့ တစ်ယောက်တည်းမဟုတ်။ ငစိုင်းလည်းရှိသည်ပဲ။
"ချီးပဲ!"
ကားထဲမှာ ကျန်ခဲ့သည့် ပိုက်ဆံအိတ်ကို ယူဖို့ ကားတံခါးကို ဖွင့်လိုက်စဉ် lock ကျနေသော တံခါးကြောင့် ထပ်မံဆဲရေးမိပြန်သည်။ အထဲကို လှမ်းကြည့်လိုက်တော့ ကားသော့က တန်းလန်း။ အဆိုးဆုံးတစ်ခုက ဖုန်းကို အိတ်ကပ်ထဲထည့်မထားဘဲ Dashboard ပေါ်မှာ တင်ထားမိခြင်းဖြစ်သည်။ ဒီနေ့ဟာ ရတုလွှမ်းခအတွက် ပြဿဒါးနေ့ထင်သည်။ တစ်ခုမှကို အဆင်ပြေတာမရှိသေး။
ပိုက်ဆံမပါဘူးဆိုတာကမှ ကားထဲဝင်အိပ်နေလို့ရသေးသည်။ ယခုက ကတ္တရာလမ်းပေါ်အိပ်ရုံကလွဲပြီး ကြံစရာမရှိ။ လမ်းမပေါ်မှာ သောင်းကျန်းတတ်သည့် သရဲ၊တစ္ဆေတွေအကြောင်း ကြားဖူးတာမို့ ဤအကြံကိုတော့ ပယ်သည်။ မတတ်နိုင်။ မြင်နေရတဲ့ ထိုမီးဝင်းဝင်းအဆောက်အအုံဆီ သွားအကူအညီတောင်းရုံသာရှိတော့သည်။
"ငစိုင်းရေ၊ အောက်ဆင်းလျှောက်တော့၊ ငါ့ခြေထောက်ငါတောင် မနိုင်တော့ဘူး"
ခါးကိုမတ်ရင်း ပွေ့ထားသည့် ငစိုင်းကို အောက်ချပေးလိုက်သည်။ ဒါတောင် ဒီကောင်က တအီအီအော်ချင်နေသေး၏။ ထို့နောက်တော့ ဓာတ်မီးတိုင်အောက် ကတ္တရာစေးလမ်းမထက်ဝယ် သားတစ်ယောက်နှင့်အတူ..... ။
>>>>High Boss's Husband<<<<
"အွန်း...ငြိမ်ငြိမ်အိပ်စမ်းပါ"
ညာဘက်ကိုလှည့်ပြီး ဘေးတစောင်းအိပ်နေစဉ် နောက်ကနေ သိုင်းဖက်လာသည့်လက်တွေကြောင့် စိတ်တိုလာရသည်။ တိမ်လွှာ့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့သွားရွေးလာ၍ ဒီနေ့တစ်နေကုန်လုံး နေပူကြီးထဲတတောက်တောက်လျှောက်သွားပြီး လွန်းပင်ပန်းလှပြီ။
"မောင် အိပ်မပျော်ဘူး... "
"အိပ်မပျော်လည်း ပါးစပ်ပိတ်ထားပေး၊ ငါအိပ်ချင်နေပြီ"
လူတစ်ကိုယ်လုံးကို ဖက်လုံးဖက်သလို ဖျစ်ညှစ်လာတာမို့ ရင်ဘတ်ကို တံတောင်နဲ့ တွန်းပစ်လိုက်သည်။ သူ့ဘာသာ အိပ်မပျော်တဲ့ကိစ္စ၊ အိပ်နေတဲ့လူကို ဘောက်မဲ့ကြောင့် လာနှောင့်ယှက်နေတာတုန်း!!
"မောင်မှ အိပ်လို့မရသေးတာ၊ လွန်းလည်း မအိပ်သေးနဲ့ဉီးလေ နော်.."
"မောင်! ငါ အိပ်ချင်နေပါပြီဆို"
ရှိတဲ့အားနဲ့ ရုန်းသာရုန်းနေရသည်။ သူ့ဗလထဲက ထွက်ဖို့သည် မလွယ်ကူသောအရာတစ်ခု။ ဒီလိုအချိန်မျိုးဆို GYM ဆော့ရမှာပျင်းခြင်းကို နောင်တကြီးစွာရမိသည်။ အဲလိုဆို အသာလေး ချုပ်ထားလိုက်ရုံပင်! ဒါမှမဟုတ်လည်း လက်ရည်အတူတူဆိုရင် သူတစ်ပြန်ကိုယ်တစ်ပြန် ခံသာသေးတာပေါ့! အခုက သူပြုသမျှ နုခံနေရသည့်အဖြစ်။
"အိပ်လေ အိပ်ပါ့လား"
ပြန်ပြောလာသည့် ရွဲ့တဲ့တဲ့စကားက လူအတိုင်းပဲ တစ်စက်မှအချိုးမပြေ။ ပြောလေဆိုးလေ၊ မန်းလေပြဲလေက ညှောင်စိစိလေသံနဲ့ တညှော်ညှော်လုပ်နေသည်လေ။ လွန်းက ဘယ်လိုလုပ်အိပ်ရပါတော့မလဲ။
ရိုးရိုးတန်းတန်းပြောလို့မရသည်မို့ အချိုနည်းနဲ့သပ်ဖို့ ကြံရသည်။ မဟုတ်ရင် ဒီညအဖို့ အေးအေးဆေးဆေးအိပ်ရတော့မည်မထင်။ ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်ဖြစ်စေရန် လှည့်လိုက်ကာ
"လွန်း တကယ်ပင်ပန်းနေပြီ၊ တစ်နေ့လုံး ပရိဘောဂဆိုင်တွေပတ်သွားထားရတာလေ၊ မောင်က အလိုက်တသိလေး နေပေးလေ နော်"
"ပင်ပန်းတယ်လား၊ ကားမောင်းရတာက မောင်လေ၊ လွန်းက ထိုင်လိုက်တဲ့သူမဟုတ်ဘူးလား"
"ဒါပေမဲ့ ဆိုင်ထဲမှာ ခြေတိုအောင်လျှောက်သွားထားရတာလေ၊ အပေါ်ထပ်သွားလိုက်၊ အောက်ဆင်းလိုက်နဲ့"
"နောက်ဆို လွန်း လမ်းဆင်းမလျှောက်နဲ့၊ မောင် ချီပေးမယ်"
"အင်းအင်း အခုတော့ အိပ်တော့မယ်၊ တိုးတိုးနေပေးနော်"
"ဟင် အစောကြီးရှိသေးတာ"
တရုတ်မူလီတောင် သူ့လောက်အရစ်ရှည်မည်မထင်။ တော်တော်လေးအိပ်ချင်နေတာမို့ မှိတ်စဉ်းသွားတဲ့မျက်တောင်တွေကို အားယူပြန်ပင့်တင်နေရသည်။ စိတ်ကိုမနည်းကြီးဆွဲဆန့်ထားရင်း ရစ်နေသူစကားကို အာရုံထဲ ကြားတချက်မကြားတချက်ပင်။
"လွန်း..!"
"ဟင်..! အင်း..ဘာပြောလိုက်တာလဲ"
သူပြောတာကို မကြားမိလို့ ပြန်မေးတော့ မျက်မှောင်ကျုတ်ကြည့်သည်။
"ပင်ပန်းတယ်ဆို ဆေးသောက်မလားလို့၊ မောင်သွားယူပေးမယ်"
အား!!! အိပ်ချင်နေတာကို သိရက်နဲ့ သက်သက်လာညစ်နေသည်။ ဒေါသတွေအလိပ်လိပ်ထွက်ရတာနဲ့တင် အိပ်ချင်စိတ်တွေဟာလည်း ကြက်ပျောက်ငှက်ပျောက်။ တောက်တစ်ချက်ခေါက်ကာ ငုတ်တုတ်ထထိုင်လိုက်တော့ အင်နိုးစန့်လိုမျက်နှာထားနဲ့ မော့ကြည့်လာသည်။ သားသား ဘာလုပ်လိုက်လို့လဲပေါ့!
"ဘာဖြစ်တာလဲ လွန်း၊ နေမကောင်းဘူးလား မှန်း!"
"ဖယ်စမ်းပါ!"
အဖျားစမ်းပုံစမ်းနည်းက သာမန်မဟုတ်ဘဲ လွန်းနဖူးကို သူ့နဖူးနဲ့ လာထိနေတာကြောင့် ထိုနဖူးကို တွန်းလွှတ်လိုက်သည်။ စိတ်တွေလည်း တိုလှပါပြီ။ ဆံပင်ကို လက်ချောင်းတွေနဲ့ထိုးဖွပြီး မျက်လုံးလည်း ပြူးကြောင်သွားပြီမို့ ကုတင်ပေါ်မှာပဲ ငုတ်တုတ်ထိုင်နေလိုက်သည်။ ခေါင်းအုံးပေါ် လက်တစ်ဖက်ထောက်ကာ ထိုလက်ပေါ်ခေါင်းတင်ပြီး လွန်းပုံစံကို ပြုံးစိစိကြည့်နေရင်းကနေ Air-con remote လှမ်းယူ၍ အအေးလျှော့လိုက်တာကို မြင်တော့
"အအေးက တင်ထားလေ လွန်းရဲ့၊ ဘာလို့လဲ၊ ချမ်းလို့လား၊ စောင်ယူပေးရမလား"
"F**k!"
အဆဲသံနှင့်အချိန်တပြေးညီ လွန်း ခြေထောက်က တစောင်းလှဲနေသူ၏ အဓိကနေရာအားကန်ချပြီးလိုက်ပြီးဖြစ်သည်။
"အား နာတယ် နာတယ်၊ မောင်တော့ မျိုးကန်းပြီလားမသိပါဘူး"
စောက်ပိုတွေလုပ်တာ တော်ရုံပဲကောင်း၏။ ကန်လိုက်တာက တစ်နေရာ၊ လက်ဖဝါးကို အုပ်အုပ်ပြီး နာတယ်အော်နေတာက ဘယ်ဘက်ရင်ဘတ်။ ထိုနေရာကိုပါ ကန်ထည့်လိုက်ရင် မကောင်းရှိတော့မည်။
"လဲသေလိုက်! ဖယ်! ငါ ကူးကူးနဲ့ သွားအိပ်တော့မယ်"
မေတ္တာကောင်းကောင်းပို့ရင်း မွေ့ယာထိပ်က လွန်းခေါင်းအုံးကိုလှမ်းယူလိုက်သည်။
"ပေး ငါ့ခေါင်းအုံး"
"မ ပေး ဘူး"
လွန်းခေါင်းအုံးကို အတင်းကုပ်ဖဲ့ပြီးကိုင်ပိုက်ထားတာက ခေါင်းအုံးထဲက မှို့တွေထွက်လုမတတ်။ သူ့ခေါင်းအုံးကို ဆွဲယူဖို့ကြံသော်လည်း ထိုခေါင်းအုံးကိုပါ ကျောပြင်နဲ့တက်ဖိထား၏။ ခန္ဓာကိုယ်ကြီးမှ အားမနာ။ ချွဲရစ်နေသည်က အမေနဲ့အိပ်ချင်လို့ ပူဆာဂျီကျနေသည့် ကလေးနှင့်ပင်တူ၏။ သို့သော် ဤကလေးကတော့ စေတနာထားလို့မရ။
ရတယ်လေ! ခေါင်းအုံးမရှိလည်း ဘာအရေးလဲ!
"အေး အဲ့ခေါင်းအုံးနဲ့ပဲ နှစ်ပါးသွားလိုက်တော့၊ ငါကတော့ ဆောတီးပါ"
"လွန်းရေ..အာ...!! ခေါင်းအုံးကြီးနဲ့ ဘယ်လိုနှစ်ပါးသွားရမှာတုန်း...!! လွန်း...!!"
"တာ့တာ ကောင်းကောင်းလေး၊ ဂွတ်နိုက်နော်"
"လွန်း!"
နောက်ပါးဆီက အော်ခေါ်သံကိုလျစ်လျူရှုပြီး ထိုအသံပိုင်ရှင် ကုတင်ပေါ်ကပြေးဆင်းမလာခင် မျက်နှာချင်းဆိုင်က သားအခန်းကို လှစ်ခနဲပြေးဝင်ပြီး lock ပါ ချထားလိုက်သည်။
ငါးနှစ်ပြည့်ခါနီးလေ၊ ပိုအအိပ်ကြမ်းလာလေဖြစ်တဲ့ သားကို ဟိုတစ်ခေါက် အအိပ်လွန်ပြီး ကုတင်ပေါ်က ပြုတ်ကျကတည်းက အောက်မှာပဲ မွေ့ယာအပါးချကာ သိပ်ထားရသည်။
ဗီဒိုထဲက နောက်ထပ်မွေ့ယာအပိုကို ထုတ်၍ သားဘေးမှာ ချခင်းလိုက်၏။ ဒီမွေ့ယာက ဘာရယ်မဟုတ်၊ တစ်ခုတည်းခင်းရင် size သေးမယ်ထင်တာကြောင့် နှစ်ခုဆက်ခင်းဖို့ဝယ်လာပြီးမှ ထင်ထားသလောက်မသေးလို့ ဗီဒိုထဲ ပြန်သိမ်းထားခြင်းပင်။ အခုတော့ အဆင်ပြေတာပေါ့။
နောက်ဆို အဆီတဖြိုးဖြိုးကြောင်ကြီးဆီက ထွက်ပြေးချင်တိုင်း ဒီမှာလာအိပ်ရင် အေးဆေး ကလေးမွေးပဲ!
အုံးစရာခေါင်းအုံးမရှိတာကြောင့် သားအရုပ်တွေထဲက အမွှေးပွ Pooh ရုပ်ကို ယူကာ ခေါင်းအောက်ထားလိုက်သည်။ ခေါင်းအုံးလောက် အဆင်မပြေပေမဲ့ ဗိုက်ဖောင်းဖောင်းထဲက ဂွမ်းတွေကြောင့် ထောက်တော့ထောက်မနေ။
ကြောင်ကြီးဆီက လွတ်ပြီဟေ့ဆိုပြီး တွေးတပြုံးပြုံးဖြစ်နေသည့် လွန်း၊ သတိမရမိတာက ထိုကြောင်ကြီးသည် သာမာန်ညောင်ညကြောင်မဟုတ်ဘဲ စုန်းကြောင်မဲကြီးဖြစ်ကြောင်း....
ဂျလောက်...!
အခန်းတံခါးဖွင့်သံနှင့်အတူ ဖွဖွဝင်လာတဲ့ ခြေနင်းသံ။ လက်ခနဲ သတိရသွားသည်က တစ်ခုခုဖြစ်ရင်ဟုစိုးရိမ်ပိုကာ ပွားခဲ့သည့် သားအခန်းသော့ပိုသည် လွန်း တို့ အခန်းဝက တိုင်ထိပ်မှာပင်ချိတ်ထားခြင်းဖြစ်သည်။ ဒါကြောင့် လွန်း သွားတုန်းက အသည်းအသန်မတားခဲ့တာကိုး။
သုံးပြားလိုသွားတဲ့ ကိုယ့်ခေါင်းကိုယ် နာနာခေါက်ရင်း စောင်ကို ခေါင်းမြုပ်အောင် ဆွဲခြုံကာ တစ်ကိုယ်လုံးကို လုံအောင်ပတ်ပစ်လိုက်သည်။ မျက်လုံးမှိတ်ထားသည့်အခိုက် ဘေးနားမှာဝင်လှဲတဲ့ သူက စောင်နဲ့ပတ်ထားသည့် တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်၍ ကားယားပင် ခွလာသည်ကြောင့်
"လွှတ်ဉီး! အသက်ရှူကြပ်သေတော့မှာ!"
"ဟာ..စိတ်လောသွားလို့၊ ဆောတီး ဆောတီး၊ ထွက် ထွက် ခေါင်းလေးထွက်လိုက်ဉီး"
သားနိုးမည်စိုး၍ ခပ်အုပ်အုပ်အသံနှင့်ပြောနေကြသော်ငြား လှစ်ဟာနေသည့် သူ့ဗိုက်ဖောင်းဖောင်းလေးကိုပွတ်ရင်း ပါးစပ်ဟောင်းလောင်းလေး အိပ်ပျော်နေသည့်သားက ဤအခန်းထဲမှာ ကမ္ဘာစစ်ဖြစ်ရင်တောင် နိုးမည့်အခြေအနေမှာမရှိ။
လိပ်ထားတဲ့ အထက်စောင်စတွေကို ဆွဲချလိုက်မှ လွန်း ခေါင်းက အပြင်ရောက်ကာ အသက်ဝဝရှူရတော့သည်။ အခွင့်အရေးသမားက Pooh ရုပ်ကို ခြေရင်းဆီ ဆွဲပစ်ရင်း သူ့လက်မောင်းကို ခေါင်းအုံးဖို့ ထိုးပေးကာ အားကြီးနဲ့လာဖက်ပြန်သည်။ တံတောင်နဲ့တွတ်ရင်း လွန်း ရုန်းတော့
"ဖက်ပဲထားမှာ၊ ဘာမှမလုပ်ဘူး၊ စိတ်ချလက်ချအိပ်"
အော်ဟော်! သိပ်ကိုယုံရတာဆိုတော့! အားလည်းမမျှတာမလို့ မလွတ်မယ့်အတူတူ ငြိမ်သာနေလိုက်၏။ သူပြောသလို ဖက်ရုံပဲဆိုရင်တော့ ဘာပြသနာမှမရှိပါ။
"ဘယ်သူခိုးကတော့ သူခိုးတယ်ပြောပါ့မလဲ"
မကျေနပ်ရွတ်မိလျှင်
"မောင်က သူခိုးမှမဟုတ်တာ"
"ဟုတ်တယ် ကြောင်ပါးကြီးလေ၊ ငါးကြော်စားဖို့ အမြဲချောင်းနေတဲ့ ကြောင်ပါးကြီး"
"ဒါဆို လွန်းက ငါးကြော်ပေါ့၊ အား အခုချက်ချင်းတောင် ကိုက်စားချင်လာပြီ၊ ဗိုက်ဆာနေတာနဲ့ အတော်-အ့ မပြောတော့ဘူး မပြောတော့ဘူး"
ဓားစာခံဖြစ်နေကျ ဇာမ့် ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်သည်က စူးခနဲ။ စောင်ပုံနဲ့လုံးနေတဲ့ ကိုယ်သေးသေးလေးကို ရင်ခွင်ထဲ စုန်းစုန်းမြုပ်အောင် ပွေ့ဖက်ရင်း အလွတ်ရနေသည့် ကိုယ်သင်းနံ့ကို ဇာမ် တမော့တမော လိုက်ရှာမိ၏။
"ဘာလို့ ဟိုဘက်အခန်းမှာမအိပ်တာလဲ"
"ချမ်းလို့"
တစောင်းလှည့်နေသည့် ဇာမ့်လက်မောင်းပေါ်က ခေါင်းလေးက ဇာမ့်စကားကြောင့် မျက်လုံးလေးကျုတ်ရင်း ငဲ့ကြည့်လာသည်။ ပြီးတော့ ရှေ့ကို ပြန်လှည့်သွား၏။
"Air-con လျှော့လိုက်ပြီးနေတာကို"
"Air-con လျှော့ရင်လည်းအလကားပဲ၊ မောင့်အနွေးဓာတ်လေးက ဒီမှာဥစ္စာ"
"ပလီပလာတွေ"
"အိပ်တော့"
"ငါအိပ်နေတာကြာပြီ၊ အဖျက်ပိုးတစ်ကောင် လိုက်နှောက်နေလို့"
ခပ်ဟဟရယ်ရင်း နဖူးပြင် ဆံစထက်ကို ဖွဖွနမ်းလိုက်သည်။ မျက်တောင်ရှည်တွေကတော့ ကော့ညွှတ်ကျလျက် မှိတ်စင်းနေလေပြီ။
"ကောင်းသောညပါ လွန်း"
"ချစ်တယ်.."
မျက်လုံးမဖွင့်ဘဲ ဝူးတူးဝါးတားပြောလာပေမဲ့ ဤစကားသည် ဇာမ်အလိုလိုနားလည်ရပါတဲ့ ဘာသာစကား။
"အင်း သိတယ်"
လွန်းချစ်ကြောင်းလည်း မောင်သိသလို မောင်ချစ်ကြောင်းလည်း လွန်းသိပါစေ။ ချစ်တယ်ဆိုတဲ့ စကားနှစ်လုံးသည် ထပ်တူညီ နှလုံးသားတို့အား ဖောက်ထွင်းနိုင်ရန် အင်အားမရှိ။ ပူးကပ်ထားသည့် ခန္ဓာကိုယ်နှစ်စုံက အိပ်မက်ဆိုးတွေတိုက်ဖျက်ပေးတဲ့ လက်နက်တစ်ခုလို.....
တချို့က ပြောတယ်
ချစ်သူနဲ့ခွဲရတဲ့ ညတွေကိုမုန်းလိုက်တာတဲ့
မောင့်အတွက်တော့
နေ့လည်း လွန်း ညလည်း လွန်း မလို့
ညကိုမမုန်းသလို နေ့ကိုလည်း မမုန်းခဲ့။
လွန်းကသာ မောင့်ရဲ့
ဥတုရာသီ အချိန်နာရီငယ်....
လွန်း တစ်ယောက်သာ.....
>>>High Boss's Husband<<<
[Zawgyi]
(အပိုင္း-၈)
"Shit!"
လူျပတ္သည့္ ေနရာေရာက္မွ ကားက ထိုးရပ္သြားသည္ေၾကာင့္ ရတုလႊမ္းခ ဆဲေရးလိုက္မိသည္။ ကားပ်က္တာေတာ့မဟုတ္၊ ဆီကုန္သြားျခင္းပင္။ အခ်ိန္ကိုၾကည့္ေတာ့ ညဆယ္နာရီတိတိ။ ဆီဆိုင္ႀကီးေတြက ဤေနရာတဝိုက္မွာ မရွိ။ တစ္ေနကုန္ေမာင္းေနၿပီး ဆီမျဖည့္မိတဲ့ မိမိအျပစ္ပင္။
အေဖ့ကို ဖုန္းဆက္ရင္ ရေသာ္ျငား တစ္ပတ္မွာ ေလးရက္ေလာက္က အျပင္မွာသာ က်င္လည္က်က္စားသည္မို႔ အိမ္ျပန္မလာ၍ ဆူမွာက်ိန္းေသ။ နားပူတာေတာ့ မခံႏိုင္။ ကိုယ့္ဒုကၡကိုယ္ ေျဖရွင္း႐ုံသာ။
"ဝုတ္ ဝုတ္"
ေဘးထိုင္ခုံေပၚမွာ ေျခႏွစ္ေခ်ာင္းတုပ္ကာ အက်အနထိုင္ေနသည့္ ရတု သားေလးက ဘာျမင္သည္မသိ။ ေရွ႕တူရႈ လမ္းမကို ၾကည့္ရင္း ထိုးေဟာင္တာေၾကာင့္ ပုခုံးက်ဳံ႕မိသည္။ ကိုယ့္ထက္ႀကီးႀကီးငယ္ငယ္ ဘယ္လူကိုမွ မေၾကာက္တတ္ေပမဲ့ သရဲ၊တေစၦကိုျဖင့္ ရတု ေသေအာင္ေၾကာက္ပါ၏။
"တိုးတိုးေန ငစိုင္းရ၊ ဒီနားမွာ မင္းနဲ႔ငါနဲ႔ ႏွစ္ေယာက္ပဲရွိတာ၊ သရဲမေတြေရာက္လာၿပီး ဂုတ္ခ်ိဳးသတ္ရင္ ႏွစ္ေယာက္လုံး ဂိမွာ"
"ဝုတ္"
ရတုေျပာတာနားလည္၍ထင္သည္။ အသံတစ္ခ်က္ထြက္ကာ ကုတ္ကုတ္ေလးၿငိမ္က်သြားေတာ့သည္။ အသံစူးသည့္ ငစိုင္းက အေကာင္ႀကီးႀကီးေခြးမ်ိဳးေတာ့မဟုတ္ပါ။ ေခြးဘီလူးကဲ့သို႔ လုံးလုံးေသးေသးေလးျဖစ္သည္။ တျမန္ေန႔က mini-mart တစ္ခုကို ရတု ေဆးလိပ္ဝင္ဝယ္ရင္း ဆိုင္ေရွ႕မွာ ေခြေခြေလးလဲက်ေနတာမို႔ သနားကာ ကားေပၚတင္ေခၚလာျခင္းပင္။
ဘယ္သြားသြား ရတုတစ္ေယာက္တည္းသြားရတာထက္စာရင္ သက္ရွိတစ္ေကာင္ပါ အပိုပါေတာ့ အေဖာ္ရပါ၏။ "Jony" ဆိုသည့္ နာမည္ထြင္းထားသည့္ ကဒ္ျပားေလးကို လည္ပင္းမွာေတြ႕ေပမဲ့ ဘိုဆန္လြန္းတာေၾကာင့္ ရတုမႀကိဳက္။
ေခၚလို႔ေကာင္းမည့္နာမည္ကို စဥ္းစားရင္း ဉီးေႏွာက္ထဲ ညစ္က်ယ္က်ယ္ဝင္လာတဲ့ တစ္စုံတစ္ေယာက္ကို ဖ်တ္ခနဲအေတြး...။ "ေဖ့သားႀကီး နာမည္ ငစိုင္း"ျဖစ္သြားရေတာ့သည္။ မဆိုးပါဘူး။ ေခၚလို႔လည္း ေကာင္းသား။
"ကဲ ဆင္းၾကည့္ရေအာင္ကြာ"
ငစိုင္းကိုေပြ႕လိုက္ၿပီး စိတ္ပ်က္လက္ပ်က္ႏွင့္ ကားေပၚကဆင္းရင္း ပတ္ဝန္းက်င္ကို ေဝ့ဝိုက္ၾကည့္ေတာ့ ကတၱရာလမ္းမထက္မွာ ေဘးဘက္ဆီက ဓာတ္မီးတိုင္ေတြေၾကာင့္ ပိန္းပိတ္ေအာင္ေမွာင္ေနတာမ်ိဳးမဟုတ္တာမို႔ ကံေကာင္းသည္ဆိုရမည္။ မီးေရာင္အားကိုးႏွင့္ တည္းခိုခန္းလား၊ စားေသာက္ဆိုင္လားမသိသည့္ ခပ္လွမ္းလွမ္းက အေဆာက္အဉီးတစ္ခုကိုေတာ့ လွမ္းျမင္ေနရသည္။
စားေသာက္ဆိုင္ျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ လူရွိရင္ အကူအညီေတာင္းလို႔ရႏိုင္သည္။ တည္းခိုခန္းဆိုရင္လည္း ညအိပ္လိုက္႐ုံေပါ့။ မနက္မွ မ, ကို လွမ္းေခၚလို႔ ရေနသည္ပဲ။ သူငယ္ခ်င္းမရွိျခင္း၏ အက်ိဳးဆက္မ်ားက ဒီလိုအခ်ိန္မ်ိဳးမွာ ထင္ရွားသည္။ သို႔ေပမဲ့ ရတု မေတြးခ်င္။ သူငယ္ခ်င္းမထားခဲ့ျခင္းအတြက္ ေနာင္တလည္းမရ။အေပၚယံဟန္ေဆာင္ေပါင္းတဲ့သူေတြနဲ႔ ေနရမွာထက္ ရတု တစ္ေယာက္တည္းေနရသည္က ပိုေကာင္းပါသည္။ဩ..အခုေတာ့ တစ္ေယာက္တည္းမဟုတ္။ ငစိုင္းလည္းရွိသည္ပဲ။
"ခ်ီးပဲ!"
ကားထဲမွာ က်န္ခဲ့သည့္ ပိုက္ဆံအိတ္ကို ယူဖို႔ ကားတံခါးကို ဖြင့္လိုက္စဥ္ lock က်ေနေသာ တံခါးေၾကာင့္ ထပ္မံဆဲေရးမိျပန္သည္။ အထဲကို လွမ္းၾကည့္လိုက္ေတာ့ ကားေသာ့က တန္းလန္း။ အဆိုးဆုံးတစ္ခုက ဖုန္းကို အိတ္ကပ္ထဲထည့္မထားဘဲ Dashboard ေပၚမွာ တင္ထားမိျခင္းျဖစ္သည္။ ဒီေန႔ဟာ ရတုလႊမ္းခအတြက္ ျပႆဒါးေန႔ထင္သည္။ တစ္ခုမွကို အဆင္ေျပတာမရွိေသး။
ပိုက္ဆံမပါဘူးဆိုတာကမွ ကားထဲဝင္အိပ္ေနလို႔ရေသးသည္။ ယခုက ကတၱရာလမ္းေပၚအိပ္႐ုံကလြဲၿပီး ႀကံစရာမရွိ။ လမ္းမေပၚမွာ ေသာင္းက်န္းတတ္သည့္ သရဲ၊တေစၦေတြအေၾကာင္း ၾကားဖူးတာမို႔ ဤအႀကံကိုေတာ့ ပယ္သည္။ မတတ္ႏိုင္။ ျမင္ေနရတဲ့ ထိုမီးဝင္းဝင္းအေဆာက္အအုံဆီ သြားအကူအညီေတာင္း႐ုံသာရွိေတာ့သည္။
"ငစိုင္းေရ၊ ေအာက္ဆင္းေလွ်ာက္ေတာ့၊ ငါ့ေျခေထာက္ငါေတာင္ မႏိုင္ေတာ့ဘူး"
ခါးကိုမတ္ရင္း ေပြ႕ထားသည့္ ငစိုင္းကို ေအာက္ခ်ေပးလိုက္သည္။ ဒါေတာင္ ဒီေကာင္က တအီအီေအာ္ခ်င္ေနေသး၏။ ထို႔ေနာက္ေတာ့ ဓာတ္မီးတိုင္ေအာက္ ကတၱရာေစးလမ္းမထက္ဝယ္ သားတစ္ေယာက္ႏွင့္အတူ..... ။
>>>>High Boss's Husband<<<<
"အြန္း...ၿငိမ္ၿငိမ္အိပ္စမ္းပါ"
ညာဘက္ကိုလွည့္ၿပီး ေဘးတေစာင္းအိပ္ေနစဥ္ ေနာက္ကေန သိုင္းဖက္လာသည့္လက္ေတြေၾကာင့္ စိတ္တိုလာရသည္။ တိမ္လႊာ့ မဂၤလာေဆာင္အတြက္ လက္ဖြဲ႕သြားေ႐ြးလာ၍ ဒီေန႔တစ္ေနကုန္လုံး ေနပူႀကီးထဲတေတာက္ေတာက္ေလွ်ာက္သြားၿပီး လြန္းပင္ပန္းလွၿပီ။
"ေမာင္ အိပ္မေပ်ာ္ဘူး... "
"အိပ္မေပ်ာ္လည္း ပါးစပ္ပိတ္ထားေပး၊ ငါအိပ္ခ်င္ေနၿပီ"
လူတစ္ကိုယ္လုံးကို ဖက္လုံးဖက္သလို ဖ်စ္ညႇစ္လာတာမို႔ ရင္ဘတ္ကို တံေတာင္နဲ႔ တြန္းပစ္လိုက္သည္။ သူ႔ဘာသာ အိပ္မေပ်ာ္တဲ့ကိစၥ၊ အိပ္ေနတဲ့လူကို ေဘာက္မဲ့ေၾကာင့္ လာေႏွာင့္ယွက္ေနတာတုန္း!!
"ေမာင္မွ အိပ္လို႔မရေသးတာ၊ လြန္းလည္း မအိပ္ေသးနဲ႔ဉီးေလ ေနာ္.."
"ေမာင္! ငါ အိပ္ခ်င္ေနပါၿပီဆို"
ရွိတဲ့အားနဲ႔ ႐ုန္းသာ႐ုန္းေနရသည္။ သူ႔ဗလထဲက ထြက္ဖို႔သည္ မလြယ္ကူေသာအရာတစ္ခု။ ဒီလိုအခ်ိန္မ်ိဳးဆို GYM ေဆာ့ရမွာပ်င္းျခင္းကို ေနာင္တႀကီးစြာရမိသည္။ အဲလိုဆို အသာေလး ခ်ဳပ္ထားလိုက္႐ုံပင္! ဒါမွမဟုတ္လည္း လက္ရည္အတူတူဆိုရင္ သူတစ္ျပန္ကိုယ္တစ္ျပန္ ခံသာေသးတာေပါ့! အခုက သူျပဳသမွ် ႏုခံေနရသည့္အျဖစ္။
"အိပ္ေလ အိပ္ပါ့လား"
ျပန္ေျပာလာသည့္ ႐ြဲ႕တဲ့တဲ့စကားက လူအတိုင္းပဲ တစ္စက္မွအခ်ိဳးမေျပ။ ေျပာေလဆိုးေလ၊ မန္းေလၿပဲေလက ေညႇာင္စိစိေလသံနဲ႔ တေညႇာ္ေညႇာ္လုပ္ေနသည္ေလ။ လြန္းက ဘယ္လိုလုပ္အိပ္ရပါေတာ့မလဲ။
႐ိုး႐ိုးတန္းတန္းေျပာလို႔မရသည္မို႔ အခ်ိဳနည္းနဲ႔သပ္ဖို႔ ႀကံရသည္။ မဟုတ္ရင္ ဒီညအဖို႔ ေအးေအးေဆးေဆးအိပ္ရေတာ့မည္မထင္။ ေက်ာေပးထားရာကေန မ်က္ႏွာခ်င္းဆိုင္ျဖစ္ေစရန္ လွည့္လိုက္ကာ
"လြန္း တကယ္ပင္ပန္းေနၿပီ၊ တစ္ေန႔လုံး ပရိေဘာဂဆိုင္ေတြပတ္သြားထားရတာေလ၊ ေမာင္က အလိုက္တသိေလး ေနေပးေလ ေနာ္"
"ပင္ပန္းတယ္လား၊ ကားေမာင္းရတာက ေမာင္ေလ၊ လြန္းက ထိုင္လိုက္တဲ့သူမဟုတ္ဘူးလား"
"ဒါေပမဲ့ ဆိုင္ထဲမွာ ေျခတိုေအာင္ေလွ်ာက္သြားထားရတာေလ၊ အေပၚထပ္သြားလိုက္၊ ေအာက္ဆင္းလိုက္နဲ႔"
"ေနာက္ဆို လြန္း လမ္းဆင္းမေလွ်ာက္နဲ႔၊ ေမာင္ ခ်ီေပးမယ္"
"အင္းအင္း အခုေတာ့ အိပ္ေတာ့မယ္၊ တိုးတိုးေနေပးေနာ္"
"ဟင္ အေစာႀကီးရွိေသးတာ"
တ႐ုတ္မူလီေတာင္ သူ႔ေလာက္အရစ္ရွည္မည္မထင္။ ေတာ္ေတာ္ေလးအိပ္ခ်င္ေနတာမို႔ မွိတ္စဥ္းသြားတဲ့မ်က္ေတာင္ေတြကို အားယူျပန္ပင့္တင္ေနရသည္။ စိတ္ကိုမနည္းႀကီးဆြဲဆန္႔ထားရင္း ရစ္ေနသူစကားကို အာ႐ုံထဲ ၾကားတခ်က္မၾကားတခ်က္ပင္။
"လြန္း..!"
"ဟင္..! အင္း..ဘာေျပာလိုက္တာလဲ"
သူေျပာတာကို မၾကားမိလို႔ ျပန္ေမးေတာ့ မ်က္ေမွာင္က်ဳတ္ၾကည့္သည္။
"ပင္ပန္းတယ္ဆို ေဆးေသာက္မလားလို႔၊ ေမာင္သြားယူေပးမယ္"
အား!!! အိပ္ခ်င္ေနတာကို သိရက္နဲ႔ သက္သက္လာညစ္ေနသည္။ ေဒါသေတြအလိပ္လိပ္ထြက္ရတာနဲ႔တင္ အိပ္ခ်င္စိတ္ေတြဟာလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္။ ေတာက္တစ္ခ်က္ေခါက္ကာ ငုတ္တုတ္ထထိုင္လိုက္ေတာ့ အင္ႏိုးစန္႔လိုမ်က္ႏွာထားနဲ႔ ေမာ့ၾကည့္လာသည္။ သားသား ဘာလုပ္လိုက္လို႔လဲေပါ့!
"ဘာျဖစ္တာလဲ လြန္း၊ ေနမေကာင္းဘူးလား မွန္း!"
"ဖယ္စမ္းပါ!"
အဖ်ားစမ္းပုံစမ္းနည္းက သာမန္မဟုတ္ဘဲ လြန္းနဖူးကို သူ႔နဖူးနဲ႔ လာထိေနတာေၾကာင့္ ထိုနဖူးကို တြန္းလႊတ္လိုက္သည္။ စိတ္ေတြလည္း တိုလွပါၿပီ။ ဆံပင္ကို လက္ေခ်ာင္းေတြနဲ႔ထိုးဖြၿပီး မ်က္လုံးလည္း ျပဴးေၾကာင္သြားၿပီမို႔ ကုတင္ေပၚမွာပဲ ငုတ္တုတ္ထိုင္ေနလိုက္သည္။ ေခါင္းအုံးေပၚ လက္တစ္ဖက္ေထာက္ကာ ထိုလက္ေပၚေခါင္းတင္ၿပီး လြန္းပုံစံကို ၿပဳံးစိစိၾကည့္ေနရင္းကေန Air-con remote လွမ္းယူ၍ အေအးေလွ်ာ့လိုက္တာကို ျမင္ေတာ့
"အေအးက တင္ထားေလ လြန္းရဲ႕၊ ဘာလို႔လဲ၊ ခ်မ္းလို႔လား၊ ေစာင္ယူေပးရမလား"
"F**k!"
အဆဲသံႏွင့္အခ်ိန္တေျပးညီ လြန္း ေျခေထာက္က တေစာင္းလွဲေနသူ၏ အဓိကေနရာအားကန္ခ်ၿပီးလိုက္ၿပီးျဖစ္သည္။
"အား နာတယ္ နာတယ္၊ ေမာင္ေတာ့ မ်ိဳးကန္းၿပီလားမသိပါဘူး"
ေစာက္ပိုေတြလုပ္တာ ေတာ္႐ုံပဲေကာင္း၏။ ကန္လိုက္တာက တစ္ေနရာ၊ လက္ဖဝါးကို အုပ္အုပ္ၿပီး နာတယ္ေအာ္ေနတာက ဘယ္ဘက္ရင္ဘတ္။ ထိုေနရာကိုပါ ကန္ထည့္လိုက္ရင္ မေကာင္းရွိေတာ့မည္။
"လဲေသလိုက္! ဖယ္! ငါ ကူးကူးနဲ႔ သြားအိပ္ေတာ့မယ္"
ေမတၱာေကာင္းေကာင္းပို႔ရင္း ေမြ႕ယာထိပ္က လြန္းေခါင္းအုံးကိုလွမ္းယူလိုက္သည္။
"ေပး ငါ့ေခါင္းအုံး"
"မ ေပး ဘူး"
လြန္းေခါင္းအုံးကို အတင္းကုပ္ဖဲ့ၿပီးကိုင္ပိုက္ထားတာက ေခါင္းအုံးထဲက မႈိ႕ေတြထြက္လုမတတ္။ သူ႔ေခါင္းအုံးကို ဆြဲယူဖို႔ႀကံေသာ္လည္း ထိုေခါင္းအုံးကိုပါ ေက်ာျပင္နဲ႔တက္ဖိထား၏။ ခႏၶာကိုယ္ႀကီးမွ အားမနာ။ ခြၽဲရစ္ေနသည္က အေမနဲ႔အိပ္ခ်င္လို႔ ပူဆာဂ်ီက်ေနသည့္ ကေလးႏွင့္ပင္တူ၏။ သို႔ေသာ္ ဤကေလးကေတာ့ ေစတနာထားလို႔မရ။
ရတယ္ေလ! ေခါင္းအုံးမရွိလည္း ဘာအေရးလဲ!
"ေအး အဲ့ေခါင္းအုံးနဲ႔ပဲ ႏွစ္ပါးသြားလိုက္ေတာ့၊ ငါကေတာ့ ေဆာတီးပါ"
"လြန္းေရ..အာ...!! ေခါင္းအုံးႀကီးနဲ႔ ဘယ္လိုႏွစ္ပါးသြားရမွာတုန္း...!! လြန္း...!!"
"တာ့တာ ေကာင္းေကာင္းေလး၊ ဂြတ္ႏိုက္ေနာ္"
"လြန္း!"
ေနာက္ပါးဆီက ေအာ္ေခၚသံကိုလ်စ္လ်ဴရႈၿပီး ထိုအသံပိုင္ရွင္ ကုတင္ေပၚကေျပးဆင္းမလာခင္ မ်က္ႏွာခ်င္းဆိုင္က သားအခန္းကို လွစ္ခနဲေျပးဝင္ၿပီး lock ပါ ခ်ထားလိုက္သည္။
ငါးႏွစ္ျပည့္ခါနီးေလ၊ ပိုအအိပ္ၾကမ္းလာေလျဖစ္တဲ့ သားကို ဟိုတစ္ေခါက္ အအိပ္လြန္ၿပီး ကုတင္ေပၚက ျပဳတ္က်ကတည္းက ေအာက္မွာပဲ ေမြ႕ယာအပါးခ်ကာ သိပ္ထားရသည္။
ဗီဒိုထဲက ေနာက္ထပ္ေမြ႕ယာအပိုကို ထုတ္၍ သားေဘးမွာ ခ်ခင္းလိုက္၏။ ဒီေမြ႕ယာက ဘာရယ္မဟုတ္၊ တစ္ခုတည္းခင္းရင္ size ေသးမယ္ထင္တာေၾကာင့္ ႏွစ္ခုဆက္ခင္းဖို႔ဝယ္လာၿပီးမွ ထင္ထားသေလာက္မေသးလို႔ ဗီဒိုထဲ ျပန္သိမ္းထားျခင္းပင္။ အခုေတာ့ အဆင္ေျပတာေပါ့။
ေနာက္ဆို အဆီတၿဖိဳးၿဖိဳးေၾကာင္ႀကီးဆီက ထြက္ေျပးခ်င္တိုင္း ဒီမွာလာအိပ္ရင္ ေအးေဆး ကေလးေမြးပဲ!
အုံးစရာေခါင္းအုံးမရွိတာေၾကာင့္ သားအ႐ုပ္ေတြထဲက အေမႊးပြ Pooh ႐ုပ္ကို ယူကာ ေခါင္းေအာက္ထားလိုက္သည္။ ေခါင္းအုံးေလာက္ အဆင္မေျပေပမဲ့ ဗိုက္ေဖာင္းေဖာင္းထဲက ဂြမ္းေတြေၾကာင့္ ေထာက္ေတာ့ေထာက္မေန။
ေၾကာင္ႀကီးဆီက လြတ္ၿပီေဟ့ဆိုၿပီး ေတြးတၿပဳံးၿပဳံးျဖစ္ေနသည့္ လြန္း၊ သတိမရမိတာက ထိုေၾကာင္ႀကီးသည္ သာမာန္ေညာင္ညေၾကာင္မဟုတ္ဘဲ စုန္းေၾကာင္မဲႀကီးျဖစ္ေၾကာင္း....
ဂ်ေလာက္...!
အခန္းတံခါးဖြင့္သံႏွင့္အတူ ဖြဖြဝင္လာတဲ့ ေျခနင္းသံ။ လက္ခနဲ သတိရသြားသည္က တစ္ခုခုျဖစ္ရင္ဟုစိုးရိမ္ပိုကာ ပြားခဲ့သည့္ သားအခန္းေသာ့ပိုသည္ လြန္း တို႔ အခန္းဝက တိုင္ထိပ္မွာပင္ခ်ိတ္ထားျခင္းျဖစ္သည္။ ဒါေၾကာင့္ လြန္း သြားတုန္းက အသည္းအသန္မတားခဲ့တာကိုး။
သုံးျပားလိုသြားတဲ့ ကိုယ့္ေခါင္းကိုယ္ နာနာေခါက္ရင္း ေစာင္ကို ေခါင္းျမဳပ္ေအာင္ ဆြဲၿခဳံကာ တစ္ကိုယ္လုံးကို လုံေအာင္ပတ္ပစ္လိုက္သည္။ မ်က္လုံးမွိတ္ထားသည့္အခိုက္ ေဘးနားမွာဝင္လွဲတဲ့ သူက ေစာင္နဲ႔ပတ္ထားသည့္ တစ္ကိုယ္လုံးကို သိမ္းႀကဳံးဖက္၍ ကားယားပင္ ခြလာသည္ေၾကာင့္
"လႊတ္ဉီး! အသက္ရႉၾကပ္ေသေတာ့မွာ!"
"ဟာ..စိတ္ေလာသြားလို႔၊ ေဆာတီး ေဆာတီး၊ ထြက္ ထြက္ ေခါင္းေလးထြက္လိုက္ဉီး"
သားႏိုးမည္စိုး၍ ခပ္အုပ္အုပ္အသံႏွင့္ေျပာေနၾကေသာ္ျငား လွစ္ဟာေနသည့္ သူ႔ဗိုက္ေဖာင္းေဖာင္းေလးကိုပြတ္ရင္း ပါးစပ္ေဟာင္းေလာင္းေလး အိပ္ေပ်ာ္ေနသည့္သားက ဤအခန္းထဲမွာ ကမာၻစစ္ျဖစ္ရင္ေတာင္ ႏိုးမည့္အေျခအေနမွာမရွိ။
လိပ္ထားတဲ့ အထက္ေစာင္စေတြကို ဆြဲခ်လိုက္မွ လြန္း ေခါင္းက အျပင္ေရာက္ကာ အသက္ဝဝရႉရေတာ့သည္။ အခြင့္အေရးသမားက Pooh ႐ုပ္ကို ေျခရင္းဆီ ဆြဲပစ္ရင္း သူ႔လက္ေမာင္းကို ေခါင္းအုံးဖို႔ ထိုးေပးကာ အားႀကီးနဲ႔လာဖက္ျပန္သည္။ တံေတာင္နဲ႔တြတ္ရင္း လြန္း ႐ုန္းေတာ့
"ဖက္ပဲထားမွာ၊ ဘာမွမလုပ္ဘူး၊ စိတ္ခ်လက္ခ်အိပ္"
ေအာ္ေဟာ္! သိပ္ကိုယုံရတာဆိုေတာ့! အားလည္းမမွ်တာမလို႔ မလြတ္မယ့္အတူတူ ၿငိမ္သာေနလိုက္၏။ သူေျပာသလို ဖက္႐ုံပဲဆိုရင္ေတာ့ ဘာျပသနာမွမရွိပါ။
"ဘယ္သူခိုးကေတာ့ သူခိုးတယ္ေျပာပါ့မလဲ"
မေက်နပ္႐ြတ္မိလွ်င္
"ေမာင္က သူခိုးမွမဟုတ္တာ"
"ဟုတ္တယ္ ေၾကာင္ပါးႀကီးေလ၊ ငါးေၾကာ္စားဖို႔ အၿမဲေခ်ာင္းေနတဲ့ ေၾကာင္ပါးႀကီး"
"ဒါဆို လြန္းက ငါးေၾကာ္ေပါ့၊ အား အခုခ်က္ခ်င္းေတာင္ ကိုက္စားခ်င္လာၿပီ၊ ဗိုက္ဆာေနတာနဲ႔ အေတာ္-အ့ မေျပာေတာ့ဘူး မေျပာေတာ့ဘူး"
ဓားစာခံျဖစ္ေနက် ဇာမ့္ ဗိုက္ေခါက္ကို လိမ္ဆြဲလိုက္သည္က စူးခနဲ။ ေစာင္ပုံနဲ႔လုံးေနတဲ့ ကိုယ္ေသးေသးေလးကို ရင္ခြင္ထဲ စုန္းစုန္းျမဳပ္ေအာင္ ေပြ႕ဖက္ရင္း အလြတ္ရေနသည့္ ကိုယ္သင္းနံ႔ကို ဇာမ္ တေမာ့တေမာ လိုက္ရွာမိ၏။
"ဘာလို႔ ဟိုဘက္အခန္းမွာမအိပ္တာလဲ"
"ခ်မ္းလို႔"
တေစာင္းလွည့္ေနသည့္ ဇာမ့္လက္ေမာင္းေပၚက ေခါင္းေလးက ဇာမ့္စကားေၾကာင့္ မ်က္လုံးေလးက်ဳတ္ရင္း ငဲ့ၾကည့္လာသည္။ ၿပီးေတာ့ ေရွ႕ကို ျပန္လွည့္သြား၏။
"Air-con ေလွ်ာ့လိုက္ၿပီးေနတာကို"
"Air-con ေလွ်ာ့ရင္လည္းအလကားပဲ၊ ေမာင့္အေႏြးဓာတ္ေလးက ဒီမွာဥစၥာ"
"ပလီပလာေတြ"
"အိပ္ေတာ့"
"ငါအိပ္ေနတာၾကာၿပီ၊ အဖ်က္ပိုးတစ္ေကာင္ လိုက္ေႏွာက္ေနလို႔"
ခပ္ဟဟရယ္ရင္း နဖူးျပင္ ဆံစထက္ကို ဖြဖြနမ္းလိုက္သည္။ မ်က္ေတာင္ရွည္ေတြကေတာ့ ေကာ့ၫႊတ္က်လ်က္ မွိတ္စင္းေနေလၿပီ။
"ေကာင္းေသာညပါ လြန္း"
"ခ်စ္တယ္.."
မ်က္လုံးမဖြင့္ဘဲ ဝူးတူးဝါးတားေျပာလာေပမဲ့ ဤစကားသည္ ဇာမ္အလိုလိုနားလည္ရပါတဲ့ ဘာသာစကား။
"အင္း သိတယ္"
လြန္းခ်စ္ေၾကာင္းလည္း ေမာင္သိသလို ေမာင္ခ်စ္ေၾကာင္းလည္း လြန္းသိပါေစ။ ခ်စ္တယ္ဆိုတဲ့ စကားႏွစ္လုံးသည္ ထပ္တူညီ ႏွလုံးသားတို႔အား ေဖာက္ထြင္းႏိုင္ရန္ အင္အားမရွိ။ ပူးကပ္ထားသည့္ ခႏၶာကိုယ္ႏွစ္စုံက အိပ္မက္ဆိုးေတြတိုက္ဖ်က္ေပးတဲ့ လက္နက္တစ္ခုလို.....
တခ်ိဳ႕က ေျပာတယ္
ခ်စ္သူနဲ႔ခြဲရတဲ့ ညေတြကိုမုန္းလိုက္တာတဲ့
ေမာင့္အတြက္ေတာ့
ေန႔လည္း လြန္း ညလည္း လြန္း မလို႔
ညကိုမမုန္းသလို ေန႔ကိုလည္း မမုန္းခဲ့။
လြန္းကသာ ေမာင့္ရဲ႕
ဥတုရာသီ အခ်ိန္နာရီငယ္....
လြန္း တစ္ေယာက္သာ.....
>>>High Boss's Husband<<<