The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 287

7.5K 1.3K 70
By Sailor_Moon_94




Zawgyi ver..



ကမ႓ာ့ ေျမဆြဲအားခန္းမ




အႀကီးအကဲငါးသည္ လူအုပ္အေ႐ွ႕သို႔ထြက္လာကာ ၿပိဳင္ပြဲဝင္မ်ားအားလံုးအေပၚ ေအးစက္ေသာအၾကည့္တစ္ခ်က္ျဖင့္ လႊမ္းျခံဳလိုက္ရင္း ေျပာေလသည္ ။

" လူစံုေနၿပီဆိုေတာ့ ကြၽန္ေတာ္ စည္းမ်ဥ္းေတြေျကညာပါေတာ့မယ္ ေသေသခ်ာခ်ာဂ႐ုစိုက္နားေထာင္ေပးၾကပါခင္ဗ်ာ "






ယခုႏွစ္ စစ္ေဆးမႈသည္ မႏွစ္ကႏွင့္မတူ ကြာျခားသည္၊ ေမွာ္ဆရာ၏ ဝိဥာဥ္အား စစ္ေဆးျခင္းပင္ျဖစ္ေသာ္လည္း တန္းခြဲတစ္ေက်ာင္းသားမ်ားကိုသာ ေလ့က်င့္ေပးေလ့႐ွိသည့္ နည္းလမ္းတစ္မ်ိဳးအား အသံုးျပဳမည္ျဖစ္သျဖင့္ တန္းခြဲႏွစ္ ေက်ာင္းသားမ်ားအားလံုးအတြက္ ပထမဆံုးအႀကိမ္ျဖစ္သည္ ။

ယခုဒုတိယအဆင့္အား ကမ႓ာ့ေျမဆြဲအားခန္းမဟု ေခၚသည့္ ေက်ာက္သား ဂူတစ္ဂူထဲတြင္ က်င္းပမည္ျဖစ္သည္၊ ၎ဂူအား သာမန္ေက်ာက္စိုင္ေက်ာက္သားမ်ားျဖင့္ ျပဳလုပ္ထားျခင္းမဟုတ္ပဲ အနက္ေရာင္ရွိေသာ ကမ႓ာေျမဆြဲအားကဲ့သို႔ ဖိအားတစ္မ်ိဳး  ထုတ္လႊတ္ေပးႏိုင္သည့္ ေက်ာက္သားတစ္မ်ိဳးျဖင့္ ျပဳလုပ္ထားသည္၊ ၎ဖိအားသည္ က်င့္ၾကံသူမ်ားကိုသာမက ေမွာ္ဆရာမ်ားကိုပါ သက္ေရာက္ေစၿပီး ထိုဂူအတြင္းသို႔ ဝင္ေရာက္သြားသည္ႏွင့္ ၎တို႔အေပၚ အလြန္ႀကီးမားေသာ ဖိအားတစ္မ်ိဳးက ဖိႏွိပ္ေနသကဲ့သို႔ ခံစားလာရမည္ ျဖစ္သည္ ။



အႏိုင္ရ႐ွိႏိုင္မည့္ တစ္ခုတည္းေသာနည္းလမ္းမွာ ထိုဂူအတြင္းတြင္ ၾကာႏိုင္သမ်ွ ၾကာၾကာေနရန္ပင္ ။



" ဒါဆိုရင္ အားလံုးပဲ ဒုတိယအဆင့္အေၾကာင္း နားလည္ေလာက္ၿပီလို႔ထင္ပါတယ္ ကြၽန္ေတာ့္အေနာက္မွာကေတာ့ ယခု ဒုတိယအဆင့္ကို ယွဥ္ၿပိဳင္ရမယ့္ ကမ႓ာ့ေျမဆြဲအားခန္းမ႐ွိပါတယ္ ခဏေနရင္ ၿပိဳင္ပြဲဝင္အားလံုးကို ေနရာေရႊ႔ေျပာင္းေရး ေက်ာက္တံုးေလးေတြ တစ္တံုးစီေဝေပးပါမယ္ အထဲမွာ႐ွိတဲ့ ဖိအားကိုမခံႏိုင္ေတာ့ဘူးလို႔ ခံစားရတဲ့အခ်ိန္ အဲ့ေက်ာက္တံုးကိုဖိေခ်လိုက္ရင္ သူက အျပင္ကိုျပန္ေရႊ႔ေပးပါလိမ့္မယ္ "




ထိုအခ်ိန္ ထ်န္းဇီ႐ွင္းမွ အေ႐ွ႕သို႔ထြက္လာကာ ေမးသည္ ။

" အႀကီးအကဲ.. ရမွတ္ေတြကို ဘယ္လိုတြက္ေပးမွာပါလဲသိပါရေစ "


အႀကီးအကဲငါးသည္ ေဘးေတြရပ္ေနေသာ အႀကီးအကဲယဲ့အား ၾကည့္လိုက္ရင္း အေနာက္သို႔ ဆုတ္သြားသည္ ။

" ခင္ဗ်ားပဲဆက္ ႐ွင္းျပလိုက္ပါဦး "



ထိုအခါ အႀကီးအကဲယဲ့မွာ ၎အား ဦးၫႊတ္ႏႈတ္ဆက္ၿပီး အေ႐ွ႕သို႔ ထြက္လာသည္ ။

" ရမွတ္ေတြကိုေတာ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ အထဲမွာ ဘယ္ေလာက္ၾကာၾကာ ေတာင့္ခံႏိုင္မလဲ ဆိုတဲ့ေပၚကိုမူတည္ၿပီး ငါးမွတ္အထိ ေပးမွာျဖစ္ပါတယ္ခင္ဗ်ာ "



သုညမွ ငါးမိနစ္အထိသာ ေနႏိုင္လ်ွင္ေတာ့ တစ္မွတ္မ်ွရ႐ွိမည္မဟုတ္ေပ၊ ငါးမိနစ္မွ ဆယ္မိနစ္အထိ ေနႏိုင္လ်ွင္ တစ္မွတ္၊ ဆယ္မိနစ္မွ ဆယ့္ငါးမိနစ္ဆိုလ်ွင္ ႏွစ္မွတ္ႏွင့္ အဆင့္ဆင့္ တိုးသြားမည္ျဖစ္ကာ ႏွစ္ဆယ့္ငါးမိနစ္မွ သံုးဆယ္မိနစ္ နာရီဝက္အထိဆိုလ်ွင္ ငါးမွတ္ ရ႐ွိမည္ ျဖစ္သည္ ။


နာရီဝက္ထက္ ပို၍ မသတ္မွတ္ထားရသည့္ အေၾကာင္းအရင္းမွာ မည္သည့္ေမွာ္ဆရာမ်ွ ၎တို႔၏ ပထမဆံုးအႀကိမ္တြင္ ထိုဂူထဲ၌ မိနစ္သံုးဆယ္ထက္ ပိုမေနႏိုင္ခဲ့ၾကဖူးေသာေၾကာင့္ ျဖစ္သည္ ။

" ဒီတစ္ဆင့္မွာ သံုးမွတ္ေအာက္ပဲ ရတဲ့ၿပိဳင္ပြဲဝင္ဟာ ၿပိဳင္ပြဲကေန ႐ွံုးနိမ့္မွာျဖစ္ၿပီး တတိယအဆင့္ကို တက္ေရာက္ႏိုင္လိမ့္မွာ မဟုတ္ပါဘူး "

အားလံုး၏ ဇေဝဇဝါျဖစ္ေနပံုရေသာ အမူအယာကိုၾကည့္ကာ အႀကီးအကဲယဲ့မွ ဆက္ေျပာသည္ ။

" ေက်ာင္းသားတို႔အထဲဝင္သြားရင္ အခန္းနံရံေပၚမွာ ယခင္ၿပိဳင္ပြဲဝင္ေတြရဲ႕ မွတ္တမ္းေတြကိုေတြ႔ၾကရပါလိမ့္မယ္ အဲ့ဒီမွာ ထိပ္ဆံုးၿပိဳင္ပြဲဝင္ အေယာက္တစ္ရာရဲ႕ရလဒ္ေတြကို မွတ္တမ္းတင္ထားၿပီး ပထမေနရာမွာ ႐ွိေနတဲ့သူကေတာ့ ႏွစ္ဆယ့္ကိုးမိနစ္ ႏွစ္ဆယ့္ကိုးစကၠန္႔နဲ႔ ထ်န္းဇီယဲ့ ပဲျဖစ္ပါတယ္ "

ထိုေနရာတြင္ အႀကီးအကဲယဲ့သည္ ထ်န္းဇီ႐ွင္းအား တစ္ခ်က္လွမ္းၾကည့္လိုက္သည္၊ ထ်န္းဇီယဲ့သည္ ထ်န္းဇီ႐ွင္း၏ အစ္ကိုတစ္ေယာက္ျဖစ္ၿပီး ထ်န္းဇီ႐ွင္းေလာက္ စြမ္းရည္ပါရမီ မေကာင္းခဲ့ေသာ္လည္း အလြန္ႀကိဳးစားေသာ ေက်ာင္းသားေကာင္းတစ္ေယာက္ ျဖစ္ခဲ့သည္ ။

လူအမ်ားသည္ အသက္ႏွစ္ဆယ့္တစ္ႏွစ္အရြယ္ ထ်န္းဇီယဲ့အား သူ၏ညီမကဲ့သို႔ပင္  အဆင့္ငါး အလယ္အလတ္အဆင့္သာ ႐ွိေသးသည္ဟု ထင္မွတ္ထားၾကသည္၊ တကယ္တမ္း ၎တို႔မသိၾကသည္မွာ လြန္ခဲ့သည့္ တစ္ႏွစ္ခြဲခန္႔က ေက်ာင္းေတာ္မွ ထ်န္းဇီယဲ့အား ခြၽင္းခ်က္အျဖစ္ထားကာ အဆင့္နိမ့္ အဆင့္ေျခာက္အေနျဖင့္ ေက်ာင္းခြဲတစ္သို႔ ေျပာင္းေရႊ႔ေပးခဲ့ၾကသည္၊ ယခုမူ သူသည္ အလယ္အလတ္ သို႔ အဆင့္ျမင့္အျဖစ္ တိုးတက္ေနေလာက္ၿပီ ျဖစ္သည္ ။

၎သည္ အရည္အခ်င္းစစ္ပြဲ၌လည္း ဝင္မၿပိဳင္ခဲ့ရေပ၊ ယူေ႐ွာင္မို ေက်ာင္းသို႔ ေရာက္ေရာက္ခ်င္းအခ်ိန္က ၎ထ်န္းဇီယဲ့သည္ တံခါးပိတ္ က်င့္ၾကံေနခ်ိန္ျဖစ္သျဖင့္ သူ၏သတင္းမ်ားအား မၾကားခဲ့ရေပ၊ ထို႔ေနာက္ ၎ထြက္လာသည္ႏွင့္ ေက်ာင္းခြဲတစ္သို႔ ခ်က္ခ်င္း ေရႊ႔ေျပာင္းသြားရသည္ ။

သို႔ေသာ္ ထ်န္းဇီယဲ့က အလြန္ႀကိဳးစားေသာ ေက်ာင္းသားတစ္ဦး ျဖစ္ခဲ့လ်ွင္ေတာင္မွ သူ႔ထက္ပိုပါရမီျမင့္ေသာ ထ်န္းဇီ႐ွင္း၏ လုပ္ေဆာင္မႈမ်ားအား အားလံုးက အလြန္အက်ဴး ေမ်ွာ္လင့္ေစာင့္စားေနခဲ့ၾကသည္၊ ယခုအေျခအေနသည္ ထ်န္းဇီ႐ွင္းမွ ေစာင္ၾကည့္ေနသူတို႔အား လံုေလာက္စြာ စိတ္ေက်နပ္မႈ ရ႐ွိေစျခင္းငွါ မစြမ္းႏိုင္ေပ ။


သူမ မ်က္ေမွာက္ၾကဳပ္ကာ ထပ္ေမးလိုက္သည္ ။

" အဲ့ဒါဆို ကြၽန္မတို႔ နာရီဝက္ထက္ပို ေနႏိုင္ခဲ့ၾကရရင္ေရာ.. အေျခအေနက ဘယ္လိုျဖစ္သြားမွာလဲ ငါးမွတ္ပဲလား "

သူမ၏ ယခုလက္႐ွိရမွတ္မွာ ငါးမွတ္ျဖစ္ၿပီး ယူေ႐ွာင္မိုႏွင့္ အျခားႏွစ္ေယာက္အား ေက်ာ္တက္လိုလ်ွင္ ယခုသတ္မွတ္ေပးေသာငါးမွတ္ျဖင့္ မလံုေလာက္ေပ ။

အႀကီးအကဲယဲ့လည္း အႀကီးအကဲငါးအား လွမ္းၾကည့္လိုက္သည္ ။

ထိုအခါ အႀကီးအကဲငါးမွ အေ႐ွ႕သို႔ ျပန္ထြက္လာကာ သူ၏မုတ္ဆိတ္မ်ားအား ကိုင္တြယ္ပြတ္သပ္လ်က္ ျပန္ေျဖ၏ ။

" နာရီဝက္ထက္ပိုေနႏိုင္တဲ့ ဘယ္သူ႔ကိုမဆို ရမွတ္ေျခာက္မွတ္အျဖစ္ သတ္မွတ္ေပးမွာျဖစ္ပါတယ္.. "


ထိုအေျဖစကားအား ၾကားေသာအခါ ထ်န္းဇီ႐ွင္း၏ မ်က္လံုးမ်ား အေရာင္လက္သြားေတာ့သည္၊ သူမအတြက္ ယခုအေျခအေနအား ေျပာင္းလဲပစ္ရန္ လမ္းစတစ္ခု ႐ွာေတြ႔ျပီျဖစ္သည္၊ သူမလိုခ်င္သည့္ အေျဖရ႐ွိၿပီးေသာအခါ တိတ္ဆိတ္စြာျဖင့္ အေနာက္သို႔ ျပန္ဆုတ္သြားေတာ့သည္ ။


" ကဲကဲ... ဘယ္သူမွ ေမးခြန္းေမးစရာမ႐ွိေတာ့ဘူးဆိုရင္ ၿပိဳင္ပြဲစတင္ပါေတာ့မယ္ အခန္းထဲမဝင္ခင္မွာ ေက်ာင္းသားတို႔ရဲ႕ကဒ္ေတြကို အခန္းဝမွာ႐ွိတဲ့ စစ္ေဆးတဲ့ေလာ့ကတ္မွာ တစ္ခ်က္ျပသြားေပးၾကဖို႔မေမ့ပါနဲ႔ေနာ္ အဲ့ဒါမွ ေက်ာင္းသားတို႔ရဲ႕ အခ်က္အလက္ေတြကို မွတ္တမ္းရယူႏိုင္မွာျဖစ္လို႔ပါ အခုတစ္ေယာက္ခ်င္းစီအခန္းစထဲဝင္လို႔ရပါၿပီ "



ယူေ႐ွာင္မိုလည္း အေနာက္သို႔လွည့္ကာ လင္းေ႐ွာင္ႏွင့္ အျခားသူမ်ားထံ လွမ္းမွာၾကားသည္ ။

" သြားၿပီေနာ္.. ငါ့ကိုေစာင့္ေနေပးၾကဦး "

လင္းေ႐ွာင္မွ လက္ပိုက္ထားကာ ေခါင္းတစ္ခ်က္ၿငိမ့္၍ တံု႔ျပန္သည္၊ က်န္းေ႐ွာင္ဖုန္းမွ စိတ္အားထက္သန္စြာျဖင့္ ေခါင္းၿငိမ့္ျပသည္၊ ပိုင္လီေ႐ွာင္ယြီက ထံုယြယ္ရႊီအား သြား႐ွာေန၍ မ႐ွိေပ၊ ထို႔ေနာက္ မနီးမေဝးတြင္ရွိေနေသာ ခ်င္ခ်ိဳးမွ ၎တို႔ထံသို႔ေလ်ွာက္လာသည္ကို ေတြ႔လိုက္ရ၏၊ သူမသည္ ယူေ႐ွာင္မိုႏွင့္အတူတူ ထိုအခန္းအတြင္းသို႔ ဝင္လိုပံုရသည္ ။



က်န္းေ႐ွာင္ဖုန္းတစ္ေယာက္ ႐ုတ္တရက္ အလြန္ေၾကာက္ဖို႔ေကာင္းေသာ ဖိအားတစ္ခုအား ခံစားလိုက္ရၿပီး သူပါးစပ္မွထုတ္ေျပာလုဆဲဆဲတြင္ ခ်က္ခ်င္းျပန္ေပ်ာက္ကြယ္သြား၏ ။

က်န္းေ႐ွာင္ဖုန္းလည္း သူ၏ေခါင္းအားျပန္ေမာ့ကာ ယူေ႐ွာင္မို႐ွိရာသို႔ လွမ္းၾကည့္လိုက္သည္၊ ထိုအခ်ိန္တြင္ ထံုယြယ္ရႊီမွ ယူေ႐ွာင္မို႔အနားကပ္ရပ္လိုက္သျဖင့္ ခ်င္ခ်ိဳး၏ လာရင္းရည္ရြယ္ခ်က္ မေအာင္ျမင္ေတာ့ေပ၊ သို႔ေသာ္ ထံုယြယ္ရႊီမ်က္ႏွာေပၚမွ ႏူးညံ့ညင္သာေသာအျပံဳးသည္ ျမင္ရသူတိုင္းအား  စိတ္ႏွလံုးခ်မ္းေျမ့ေစရန္ အျမဲစြမ္းေဆာင္ေပးႏိုင္၏ ။



ပိုင္လီေ႐ွာင္ယြီ က်န္းေရွာင္ဖုန္းအနားသို႔ ကပ္လာကာ ဂုဏ္ယူစြာျဖင့္ ေျပာေလသည္ ။

" အကိုယြယ္ရြီကိုသြား႐ွာၿပီး ယူေ႐ွာင္မို႔ကိုေစာင့္ေ႐ွာက္ေပးဖို႔ သြားအကူအညီေတာင္းလာခဲ့တာ ငါပဲကြ "

က်န္းေ႐ွာင္ဖုန္းမွ ၎အား လက္မေလးေထာင္ရင္း ျပန္ေထာက္ခံ႐ွာသည္ ။

" မင္းအရမ္းေတာ္တယ္ "



" မဆိုးဘူး.. "

လင္းေ႐ွာင္မွလည္း ႏႈတ္ခမ္းစြန္း ေကာ့တက္သြားရံုမ်ွျပံဳးကာ ေ႐ွာင္ယြီအား လွမ္းခ်ီးက်ဴး၏ ။



၎၏စကားေၾကာင့္ ေ႐ွာင္ယြီတစ္ေယာက္ ေၾကာင္အေနမိသည္၊ ေရႇာင္ယြီသည္ ယူေ႐ွာင္မိုႏွင့္ အလြန္ရင္းႏွီးေသာ္လည္း လင္းေ႐ွာင္မွ သူ႔အားစကားစေျပာသည္မွာ ယခုတစ္ႀကိမ္က ပထမဆံုးအႀကိမ္ ျဖစ္ႏိုင္သည္ ။






ထိုေနရာ၌ ကဒ္မ်ားအားစစ္ေဆးရန္ အေပါက္တစ္ခုသာ႐ွိသျဖင့္ ၿပိဳင္ပြဲဝင္မ်ား တစ္ဦးခ်င္းတန္းစီေနရသည္၊ ထိုသို႔တန္းစီေနခ်ိန္တြင္ အႀကီးအကဲယဲ့မွ ၎တို႔အား ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုး တစ္ေယာက္တစ္တံုးက်စီ လိုက္ေဝေပးသည္ ။

ယူေ႐ွာင္မို႔အလွည့္က်ေရာက္လာေသာအခါ သူသည္လည္း အႀကီးအကဲယဲ့ထံမွ ေက်ာက္တံုးတစ္တံုး ေတာင္းယူ၍ သူ၏အနီေရာင္ကဒ္ကေလးအား အိတ္အတြင္းမွထုတ္ယူလိုက္၏၊ အနည္းငယ္ ေမွာင္ေသာ အခန္းအလင္းေရာင္ေအာက္၌ ထိုကဒ္မွထြက္ေပၚလာေသာ အ႐ွိန္အဝါသည္ ေက်ာင္းသားအေပါင္း၏ အာရံုအား စကၠန္႔ပိုင္းအတြင္း ဖမ္းစားနိဳင္လိုက္သည္ ။

၎ကဒ္အား ျမင္ဖူးထားေသာ ထ်န္းဇီ႐ွင္းမွလြဲ၍ အျခားသူအားလံုး၏ မ်က္ဝန္းမ်ား ျပဴးက်ယ္လ်က္႐ွိၿပီး အႀကီးအက်ယ္ အံျသေနၾကသည္၊ ယူေ႐ွာင္မိုလည္း သူ၏ကဒ္အား ခပ္ျမန္ျမန္ဆြဲခ်လိုက္ကာ လူအမ်ား၏ အၾကည့္အား ေက်ာခိုင္းလ်က္ အခန္းတြင္းသို႔ ဝင္သြားေလ၏ ။



" ဒင္းအဲ့ကဒ္ကို ဘယ္ေခ်ာင္ကမ်ားေကာက္လာတာပါလိမ့္ "

ခ်ိဳင္က်န္းမွ တစ္ကိုယ္တည္းၾကားရံု မေက်မနပ္ေရရြတ္ေနသည္ ။



အနီေရာင္ကဒ္အား ေက်ာင္းခြဲႏွစ္အတြင္း၌ သိပ္မေတြ႔ရတတ္ေပ၊ အေၾကာင္းမွာ အနီေရာင္ကဒ္အား အသံုးျပဳသူမွသာ ဝင္ေရာက္ႏိုင္ေအာင္ ကန္႔သတ္ထားသည့္ေနရာမ်ားသည္ ေက်ာင္းခြဲတစ္အတြင္း၌သာ ႐ွိေသာေၾကာင့္ျဖစ္သည္၊ သို႔ေသာ္ ယူေ႐ွာင္မိုမွာ ေက်ာင္းခြဲတစ္ပင္ မဝင္ရေသးပဲ အနီကဒ္တစ္ကဒ္ ႐ွိႏွင့္ေနသည္ ။

ထ်န္းဇီ႐ွင္းသည္ မေက်မနပ္ျဖစ္ေနေသာ ခ်ိဳင္က်န္းအား တစ္ခ်က္သာၾကည့္ရင္း လွမ္းေျပာလိုက္သည္ ။

" ေမ့မေနနဲ႔  သူ႔ဆရာဆိုတဲ့လူက ငါ့ဆရာအဖိုးဆိုတာ "




သူမဆိုလိုသည္မွာ ယူေ႐ွာင္မိုသည္ ထိုကဒ္အား ကိုယ့္လုပ္အားႏွင့္ကိုယ္ ရလာျခင္း မဟုတ္ေၾကာင္း၊ သြမ့္ခ်ီထ်န္ဆီမွရလာျခင္း ျဖစ္ႏိုင္ေၾကာင္း ဆိုလိုသည္၊ သို႔ေသာ္ ထိုစကားသည္ ခ်ိဳင္က်န္းအား စိတ္သက္သာရာ မရေစႏိုင္ ။







အခန္းအတြင္းသို႔ ေလ်ွာက္ဝင္သြားသည္ႏွင့္ ခႏၶာကိုယ္တစ္ခုလံုးအေပၚ အႏွံ႔အျပားက်ေရာက္လာေသာ  ဖိအားတစ္ခုအား ယူေ႐ွာင္မို ခံစားလိုက္ရသည္၊ ၎ဖိအားသည္ သူ႔ခႏၶာကိုယ္အား ေျမျပင္ေပၚသို႔ အတင္းဖိခ်လ်က္႐ွိၿပီး သူ၏အတြင္းမွ ဝိဥာဥ္သည္ပင္ အတင္းဖ်စ္ညွစ္ခံေနရသကဲ့သို႔ ခံစားေနရသည္၊ ၎မွာ ကမ႓ာေျမဆြဲအားခန္းမ၏ အက်ိဳးသက္ေရာက္ပံု ျဖစ္ႏိုင္သည္၊ ဤအခန္းအတြင္း၌သာ ေန႔စဥ္လာက်င့္လ်ွင္ ဝိဥာဥ္စြမ္းအားသာမက ခႏၶာကိုယ္ၾကံခိုင္မႈပါ တိုးတက္လာႏိုင္ေပသည္ ။

က်င့္ၾကံသူမ်ားက ဤအခန္းအားအသံုးျပဳ၍ ၎တို႔၏ခႏၶာကိုယ္ ပိုမိုၾကံခိုင္လာေအာင္ ေလ့က်င့္ၾကသည္၊ သို႔ေသာ္ ေမွာ္ဆရာမ်ားကေတာ့ ၎တို႔၏ ဝိဥာဥ္စြမ္းအားအေပၚသာ မွီခိုၾကရသည္၊ ၎တို႔၏ ဝိဥာဥ္စြမ္းအားမ်ား ပိုမိုသန္မာပါက စိတ္ဝိဥာဥ္က်မ္းမ်ား က်င့္ၾကံရာတြင္ ပိုမို၍အက်ိဳးမ်ားရ႐ွိလာမည္ျဖစ္သည္ ။

ယူေ႐ွာင္မို အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဴလိုက္ၿပီးေနာက္ မိမိကိုယ္ကိုယ္ ထိုဖိအားႏွင့္ အသားက်ေအာင္ ညွိယူလိုက္ၿပီး အခန္း၏အတြင္းပိုင္းသို႔ တျဖည္းျဖည္းခ်င္း ေလ်ွာက္သြားလိုက္သည္ ။

မတိုင္မီက ဝင္လာခဲ့ၾကသူမ်ားသည္ ယူေ႐ွာင္မို ထိုမ်ွျမန္ျမန္ အသားက်ေအာင္ ညႇိယူႏိုင္မႈအား မယံုၾကည္ႏိုင္ေအာင္ ျဖစ္ေနၾကရသည္၊ ၎တို႔ဝင္လာခ်ိန္၌ ေျမျပင္ေပၚသို႔ လဲက်ေတာ့မလိုပင္ ျဖစ္ခဲ့ၾကရၿပီး မတ္တပ္ျပန္ရပ္ႏိုင္ရန္ မနည္းပင္ႀကိဳးစားခဲ့ၾကရသည္၊ ထို႔ျပင္ ယခုအခ်ိန္ထိ မည္သူမ်ွ လမ္းစမေလ်ွာက္ႏိုင္ၾကေသး၊ ထို႔ေၾကာင့္ ပရိတ္သတ္မ်ားမွ ၎အား အႏိုင္ရ႐ွိႏိုင္မည့္သူမ်ားထဲမွ တစ္ေယာက္အျဖစ္ ထည့္သြင္းခန္႔မွန္းၾကသည္မွာ အဆန္းမဟုတ္ေတာ့ပါေခ် ။

၎မွာ အမွန္ျဖစ္သည္မွန္ေသာ္လည္း ယူေကွာင္မိုကိုယ္တိုင္လည္း ေျခလွမ္းအနည္းငယ္ျဖင့္ပင္ ေခြၽးျပန္ခ်င္ေနၿပီျဖစ္သည္၊ ၎အေနာက္တြင္ေတာ့ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔ ဝင္ေရာက္လာၾကကာ သူဝင္လာကာစကအတိုင္း တစ္ထပ္တည္း ခံစားေနၾကရသျဖင့္ ေနရာတြင္ပင္ ေတာင့္ခဲေနၾကေလသည္ ။

မိနစ္အနည္းငယ္ခန္႔ အခ်ိန္ယူကာ ညႇိယူအၿပီးတြင္ ၎တို႔လည္း ေနသားက်လာကာ လမ္းေလ်ွာက္ရန္ အားယူၾကသည္၊ သို႔ေသာ္ ေျခလွမ္းတိုင္းသည္ အလြန္ေလးလံ ေႏွးေကြးလြန္းလွသည္ ။

ယူေ႐ွာင္မိုလည္း အေနာက္လွည့္ကာ ၎တို႔၏ လႈပ္႐ွားမႈမ်ားအား လွမ္းၾကည့္ေနမိသည္၊ ၎တို႔အားလံုး အခန္းအတြင္းသို႔ စတင္ေျခခ်လိုက္ၾကသည္ႏွင့္ အေႏွးျပကြက္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားၾကသည္မွာ တကယ္ေတာ့ အလြန္ရယ္စရာေကာင္းသည္၊ သို႔ေသာ္ ခႏၶာကိုယ္အေပၚ၌ ဖိအားအမ်ားအျပား ခံစားေနၾကရသျဖင့္ မည္သူမ်ွ စကားေျပာရန္ မတတ္ႏိုင္ၾကေပ ။

ယူေ႐ွာင္မို သူ၏ေခါင္းအား ျဖည္းညင္းစြာ ေမာ့လိုက္သည္၊ အႀကီးအကဲေျပာသလိုပင္ နံရံထက္၌ ယခင္ေလ့က်င့္ခဲ့ဖူးသူတို႔၏ ရလဒ္မွတ္တမ္းမ်ား ႐ွိေနၿပီး ပထမေနရာမွာ ထ်န္းဇီယဲ့ျဖစ္သည္၊ ဒုတိယေနရာသည္ ၎ႏွင့္ သံုးဆယ္စကၠန္႔ခန္႔ ျခားနားသျဖင့္ ထ်န္းဇီယဲ့မွာ အေတာ္သန္မာေၾကာင္း ခန့္မႇန္းႏိုင္ေပသည္ ။

အေယာက္တစ္ရာ စာရင္းထဲတြင္ ပထမေျခာက္ဆယ့္ေလးေယာက္သာ ႏွစ္ဆယ့္ငါးမိနစ္မွ သံုးဆယ္မိနစ္ၾကား ေနႏိုင္ၾကၿပီး အခ်ိန္မ်ားမွာလည္း သိပ္မကြာျခားၾကေပ၊ အခ်ိဳ႕ဆိုလ်ွင္ စကၠန္႔ပိုင္း တစ္စကၠန္႔ခန္႔မ်ွသာ ကြာျခားၾကသည္ ။

ယူေ႐ွာင္မို ျဖည္းညင္းစြာ မ်က္ေတာင္ခတ္လိုက္သည္၊ ဤကမ႓ာေျမဆြဲအားအခန္း တည္႐ွိခဲ့သည္မွာ ၾကာလွၿပီျဖစ္ေသာ္လည္း ေျခာက္ဆယ့္ေလးေယာက္သာ ႏွစ္ဆယ့္ငါးမိနစ္အထက္ ေတာင့္ခံႏိုင္ခဲ့ၾကသည္၊ ထို႔ေၾကာင့္ ထိုႏွစ္ဆယ့္ငါးမိနစ္ဆိုသည္မွာ သာမန္လူႏွင့္ ပါရမီ႐ွိသူတို႔အား ပိုင္းျခားထားသည့္ အလြန္ထင္႐ွားေသာ နယ္နိမိတ္စည္းမ်ဥ္းျဖစ္ဟန္တူသည္ ။

ယူေ႐ွာင္မို ေက်ာျပင္ႏွင့္အခန္းနံရံ ကပ္မိသည္အထိ အခန္းအတြင္းပိုင္းသို႔ ခ႐ုတစ္ေကာင္၏အ႐ွိန္ႏႈန္းျဖင့္ ထပ္မံေရႊ႔လ်ားလိုက္သည္၊ ကမ႓ာေျမဆြဲအားအခန္း၏ သက္ေရာက္မႈသည္ လူတိုင္းအေပၚတြင္ျဖစ္ေသာ္လည္း သူ၏ေနာက္ေက်ာကိုေတာ့ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔ဘက္သို႔ လွည့္မထားခ်င္ပါေပ ။

မၾကာမီပင္ ထံုယြယ္ရႊီလည္း သူ၏နံေဘးနားသို႔ ေရာက္႐ွိလာကာ သူ႔အား ႏူးညံစြာ ျပဳံးျပလာသည္၊ ကမ႓ာေျမဆြဲအားအခန္းအတြင္း၌ စကားေျပာျခင္းသည္ အင္အားမ်ားစြာ သံုးစြဲရမည္ျဖစ္သျဖင့္ ေသေရး႐ွင္ေရးမွမဟုတ္လ်ွင္ မည္သူမ်ွ အပိုစကားဆိုခ်င္ၾကမည္ မဟုတ္ေပ၊ ၿပိဳင္ပြဲဝင္တိုင္းသည္လည္း ထိုအေၾကာင္းအရာအား နားလည္ထားၾကသျဖင့္ စကားလံုးမ်ားအား ၿမိဳသိပ္ကာ တိတ္ဆိတ္စြာသာ ေနၾကသည္ ။

နံရံေပၚ႐ွိ နာရီမွ အခ်ိန္ ငါးမိနစ္ခန္႔ ကုန္လြန္လာၿပီးေသာအခါ ၿပိဳင္ပြဲဝင္အခ်ိဳ႕ မခံႏိုင္ၾကေတာ့ပဲ ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုးအား တစ္ေယာက္ၿပီးတစ္ေယာက္ ဆုပ္ေခ်လာျက၏၊ ခဏခ်င္းတြင္ပင္ ေလးပံုတစ္ပံုခန္႔႐ွိေသာ ၿပိဳင္ပြဲဝင္မ်ား အခန္းတြင္းမွ ေပ်ာက္ကြယ္သြားၾကေလသည္ ။

ယူေ႐ွာင္မို႔ ေခါင္းအတြင္း႐ွိ ေခြၽးစက္မ်ားလည္း ပိုမိုမ်ားျပားလာသည္၊ ထို႔အျပင္ သူ၏ၿပိဳင္ဘက္မ်ားအားလံုးလည္း ထိုနည္းလည္းေကာင္း ခံစားေနၾကရၿပီး ၎တို႔၏ မ်က္ႏွာမ်ားမွာလည္း ယခင္ထက္ပို၍ ျဖဴေလ်ာ္ေနၾကေလသည္ ။









#25.4.2021

ေစာင့္ေနေပးတဲ့အသဲေလးတို႔ကိုတကယ္အားနာရပါတယ္ ♥

_______________













Unicode ver..



ကမ်ဘာ့ မြေဆွဲအားခန်းမ




အကြီးအကဲငါးသည် လူအုပ်အရှေ့သို့ထွက်လာကာ ပြိုင်ပွဲဝင်များအားလုံးအပေါ် အေးစက်သောအကြည့်တစ်ချက်ဖြင့် လွှမ်းခြုံလိုက်ရင်း ပြောလေသည် ။

" လူစုံနေပြီဆိုတော့ ကျွန်တော် စည်းမျဉ်းတွေကြေညာပါတော့မယ် သေသေချာချာဂရုစိုက်နားထောင်ပေးကြပါခင်ဗျာ "






ယခုနှစ် စစ်ဆေးမှုသည် မနှစ်ကနှင့်မတူ ကွာခြားသည်၊ မှော်ဆရာ၏ ဝိဉာဉ်အား စစ်ဆေးခြင်းပင်ဖြစ်သော်လည်း တန်းခွဲတစ်ကျောင်းသားများကိုသာ လေ့ကျင့်ပေးလေ့ရှိသည့် နည်းလမ်းတစ်မျိုးအား အသုံးပြုမည်ဖြစ်သဖြင့် တန်းခွဲနှစ် ကျောင်းသားများအားလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်သည် ။

ယခုဒုတိယအဆင့်အား ကမ်ဘာ့မြေဆွဲအားခန်းမဟု ခေါ်သည့် ကျောက်သား ဂူတစ်ဂူထဲတွင် ကျင်းပမည်ဖြစ်သည်၊ ၎င်းဂူအား သာမန်ကျောက်စိုင်ကျောက်သားများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ အနက်ရောင်ရှိသော ကမ်ဘာမြေဆွဲအားကဲ့သို့ ဖိအားတစ်မျိုး  ထုတ်လွှတ်ပေးနိုင်သည့် ကျောက်သားတစ်မျိုးဖြင့် ပြုလုပ်ထားသည်၊ ၎င်းဖိအားသည် ကျင့်ကြံသူများကိုသာမက မှော်ဆရာများကိုပါ သက်ရောက်စေပြီး ထိုဂူအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ၎င်းတို့အပေါ် အလွန်ကြီးမားသော ဖိအားတစ်မျိုးက ဖိနှိပ်နေသကဲ့သို့ ခံစားလာရမည် ဖြစ်သည် ။



အနိုင်ရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုဂူအတွင်းတွင် ကြာနိုင်သမျှ ကြာကြာနေရန်ပင် ။



" ဒါဆိုရင် အားလုံးပဲ ဒုတိယအဆင့်အကြောင်း နားလည်လောက်ပြီလို့ထင်ပါတယ် ကျွန်တော့်အနောက်မှာကတော့ ယခု ဒုတိယအဆင့်ကို ယှဉ်ပြိုင်ရမယ့် ကမ်ဘာ့မြေဆွဲအားခန်းမရှိပါတယ် ခဏနေရင် ပြိုင်ပွဲဝင်အားလုံးကို နေရာရွှေ့ပြောင်းရေး ကျောက်တုံးလေးတွေ တစ်တုံးစီဝေပေးပါမယ် အထဲမှာရှိတဲ့ ဖိအားကိုမခံနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန် အဲ့ကျောက်တုံးကိုဖိချေလိုက်ရင် သူက အပြင်ကိုပြန်ရွှေ့ပေးပါလိမ့်မယ် "




ထိုအချိန် ထျန်းဇီရှင်းမှ အရှေ့သို့ထွက်လာကာ မေးသည် ။

" အကြီးအကဲ.. ရမှတ်တွေကို ဘယ်လိုတွက်ပေးမှာပါလဲသိပါရစေ "


အကြီးအကဲငါးသည် ဘေးတွေရပ်နေသော အကြီးအကဲယဲ့အား ကြည့်လိုက်ရင်း အနောက်သို့ ဆုတ်သွားသည် ။

" ခင်ဗျားပဲဆက် ရှင်းပြလိုက်ပါဦး "



ထိုအခါ အကြီးအကဲယဲ့မှာ ၎င်းအား ဦးညွှတ်နှုတ်ဆက်ပြီး အရှေ့သို့ ထွက်လာသည် ။

" ရမှတ်တွေကိုတော့ ပြိုင်ပွဲဝင်တစ်ယောက် အထဲမှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတဲ့ပေါ်ကိုမူတည်ပြီး ငါးမှတ်အထိ ပေးမှာဖြစ်ပါတယ်ခင်ဗျာ "



သုညမှ ငါးမိနစ်အထိသာ နေနိုင်လျှင်တော့ တစ်မှတ်မျှရရှိမည်မဟုတ်ပေ၊ ငါးမိနစ်မှ ဆယ်မိနစ်အထိ နေနိုင်လျှင် တစ်မှတ်၊ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ဆိုလျှင် နှစ်မှတ်နှင့် အဆင့်ဆင့် တိုးသွားမည်ဖြစ်ကာ နှစ်ဆယ့်ငါးမိနစ်မှ သုံးဆယ်မိနစ် နာရီဝက်အထိဆိုလျှင် ငါးမှတ် ရရှိမည် ဖြစ်သည် ။


နာရီဝက်ထက် ပို၍ မသတ်မှတ်ထားရသည့် အကြောင်းအရင်းမှာ မည်သည့်မှော်ဆရာမျှ ၎င်းတို့၏ ပထမဆုံးအကြိမ်တွင် ထိုဂူထဲ၌ မိနစ်သုံးဆယ်ထက် ပိုမနေနိုင်ခဲ့ကြဖူးသောကြောင့် ဖြစ်သည် ။

" ဒီတစ်ဆင့်မှာ သုံးမှတ်အောက်ပဲ ရတဲ့ပြိုင်ပွဲဝင်ဟာ ပြိုင်ပွဲကနေ ရှုံးနိမ့်မှာဖြစ်ပြီး တတိယအဆင့်ကို တက်ရောက်နိုင်လိမ့်မှာ မဟုတ်ပါဘူး "

အားလုံး၏ ဇဝေဇဝါဖြစ်နေပုံရသော အမူအယာကိုကြည့်ကာ အကြီးအကဲယဲ့မှ ဆက်ပြောသည် ။

" ကျောင်းသားတို့အထဲဝင်သွားရင် အခန်းနံရံပေါ်မှာ ယခင်ပြိုင်ပွဲဝင်တွေရဲ့ မှတ်တမ်းတွေကိုတွေ့ကြရပါလိမ့်မယ် အဲ့ဒီမှာ ထိပ်ဆုံးပြိုင်ပွဲဝင် အယောက်တစ်ရာရဲ့ရလဒ်တွေကို မှတ်တမ်းတင်ထားပြီး ပထမနေရာမှာ ရှိနေတဲ့သူကတော့ နှစ်ဆယ့်ကိုးမိနစ် နှစ်ဆယ့်ကိုးစက္ကန့်နဲ့ ထျန်းဇီယဲ့ ပဲဖြစ်ပါတယ် "

ထိုနေရာတွင် အကြီးအကဲယဲ့သည် ထျန်းဇီရှင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်၊ ထျန်းဇီယဲ့သည် ထျန်းဇီရှင်း၏ အစ်ကိုတစ်ယောက်ဖြစ်ပြီး ထျန်းဇီရှင်းလောက် စွမ်းရည်ပါရမီ မကောင်းခဲ့သော်လည်း အလွန်ကြိုးစားသော ကျောင်းသားကောင်းတစ်ယောက် ဖြစ်ခဲ့သည် ။

လူအများသည် အသက်နှစ်ဆယ့်တစ်နှစ်အရွယ် ထျန်းဇီယဲ့အား သူ၏ညီမကဲ့သို့ပင်  အဆင့်ငါး အလယ်အလတ်အဆင့်သာ ရှိသေးသည်ဟု ထင်မှတ်ထားကြသည်၊ တကယ်တမ်း ၎င်းတို့မသိကြသည်မှာ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ကျောင်းတော်မှ ထျန်းဇီယဲ့အား ချွင်းချက်အဖြစ်ထားကာ အဆင့်နိမ့် အဆင့်ခြောက်အနေဖြင့် ကျောင်းခွဲတစ်သို့ ပြောင်းရွှေ့ပေးခဲ့ကြသည်၊ ယခုမူ သူသည် အလယ်အလတ် သို့ အဆင့်မြင့်အဖြစ် တိုးတက်နေလောက်ပြီ ဖြစ်သည် ။

၎င်းသည် အရည်အချင်းစစ်ပွဲ၌လည်း ဝင်မပြိုင်ခဲ့ရပေ၊ ယူရှောင်မို ကျောင်းသို့ ရောက်ရောက်ချင်းအချိန်က ၎င်းထျန်းဇီယဲ့သည် တံခါးပိတ် ကျင့်ကြံနေချိန်ဖြစ်သဖြင့် သူ၏သတင်းများအား မကြားခဲ့ရပေ၊ ထို့နောက် ၎င်းထွက်လာသည်နှင့် ကျောင်းခွဲတစ်သို့ ချက်ချင်း ရွှေ့ပြောင်းသွားရသည် ။

သို့သော် ထျန်းဇီယဲ့က အလွန်ကြိုးစားသော ကျောင်းသားတစ်ဦး ဖြစ်ခဲ့လျှင်တောင်မှ သူ့ထက်ပိုပါရမီမြင့်သော ထျန်းဇီရှင်း၏ လုပ်ဆောင်မှုများအား အားလုံးက အလွန်အကျူး မျှော်လင့်စောင့်စားနေခဲ့ကြသည်၊ ယခုအခြေအနေသည် ထျန်းဇီရှင်းမှ စောင်ကြည့်နေသူတို့အား လုံလောက်စွာ စိတ်ကျေနပ်မှု ရရှိစေခြင်းငှါ မစွမ်းနိုင်ပေ ။


သူမ မျက်မှောက်ကြုပ်ကာ ထပ်မေးလိုက်သည် ။

" အဲ့ဒါဆို ကျွန်မတို့ နာရီဝက်ထက်ပို နေနိုင်ခဲ့ကြရရင်ရော.. အခြေအနေက ဘယ်လိုဖြစ်သွားမှာလဲ ငါးမှတ်ပဲလား "

သူမ၏ ယခုလက်ရှိရမှတ်မှာ ငါးမှတ်ဖြစ်ပြီး ယူရှောင်မိုနှင့် အခြားနှစ်ယောက်အား ကျော်တက်လိုလျှင် ယခုသတ်မှတ်ပေးသောငါးမှတ်ဖြင့် မလုံလောက်ပေ ။

အကြီးအကဲယဲ့လည်း အကြီးအကဲငါးအား လှမ်းကြည့်လိုက်သည် ။

ထိုအခါ အကြီးအကဲငါးမှ အရှေ့သို့ ပြန်ထွက်လာကာ သူ၏မုတ်ဆိတ်များအား ကိုင်တွယ်ပွတ်သပ်လျက် ပြန်ဖြေ၏ ။

" နာရီဝက်ထက်ပိုနေနိုင်တဲ့ ဘယ်သူ့ကိုမဆို ရမှတ်ခြောက်မှတ်အဖြစ် သတ်မှတ်ပေးမှာဖြစ်ပါတယ်.. "


ထိုအဖြေစကားအား ကြားသောအခါ ထျန်းဇီရှင်း၏ မျက်လုံးများ အရောင်လက်သွားတော့သည်၊ သူမအတွက် ယခုအခြေအနေအား ပြောင်းလဲပစ်ရန် လမ်းစတစ်ခု ရှာတွေ့ပြီဖြစ်သည်၊ သူမလိုချင်သည့် အဖြေရရှိပြီးသောအခါ တိတ်ဆိတ်စွာဖြင့် အနောက်သို့ ပြန်ဆုတ်သွားတော့သည် ။


" ကဲကဲ... ဘယ်သူမှ မေးခွန်းမေးစရာမရှိတော့ဘူးဆိုရင် ပြိုင်ပွဲစတင်ပါတော့မယ် အခန်းထဲမဝင်ခင်မှာ ကျောင်းသားတို့ရဲ့ကဒ်တွေကို အခန်းဝမှာရှိတဲ့ စစ်ဆေးတဲ့လော့ကတ်မှာ တစ်ချက်ပြသွားပေးကြဖို့မမေ့ပါနဲ့နော် အဲ့ဒါမှ ကျောင်းသားတို့ရဲ့ အချက်အလက်တွေကို မှတ်တမ်းရယူနိုင်မှာဖြစ်လို့ပါ အခုတစ်ယောက်ချင်းစီအခန်းစထဲဝင်လို့ရပါပြီ "



ယူရှောင်မိုလည်း အနောက်သို့လှည့်ကာ လင်းရှောင်နှင့် အခြားသူများထံ လှမ်းမှာကြားသည် ။

" သွားပြီနော်.. ငါ့ကိုစောင့်နေပေးကြဦး "

လင်းရှောင်မှ လက်ပိုက်ထားကာ ခေါင်းတစ်ချက်ငြိမ့်၍ တုံ့ပြန်သည်၊ ကျန်းရှောင်ဖုန်းမှ စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်ပြသည်၊ ပိုင်လီရှောင်ယွီက ထုံယွယ်ရွှီအား သွားရှာနေ၍ မရှိပေ၊ ထို့နောက် မနီးမဝေးတွင်ရှိနေသော ချင်ချိုးမှ ၎င်းတို့ထံသို့လျှောက်လာသည်ကို တွေ့လိုက်ရ၏၊ သူမသည် ယူရှောင်မိုနှင့်အတူတူ ထိုအခန်းအတွင်းသို့ ဝင်လိုပုံရသည် ။



ကျန်းရှောင်ဖုန်းတစ်ယောက် ရုတ်တရက် အလွန်ကြောက်ဖို့ကောင်းသော ဖိအားတစ်ခုအား ခံစားလိုက်ရပြီး သူပါးစပ်မှထုတ်ပြောလုဆဲဆဲတွင် ချက်ချင်းပြန်ပျောက်ကွယ်သွား၏ ။

ကျန်းရှောင်ဖုန်းလည်း သူ၏ခေါင်းအားပြန်မော့ကာ ယူရှောင်မိုရှိရာသို့ လှမ်းကြည့်လိုက်သည်၊ ထိုအချိန်တွင် ထုံယွယ်ရွှီမှ ယူရှောင်မို့အနားကပ်ရပ်လိုက်သဖြင့် ချင်ချိုး၏ လာရင်းရည်ရွယ်ချက် မအောင်မြင်တော့ပေ၊ သို့သော် ထုံယွယ်ရွှီမျက်နှာပေါ်မှ နူးညံ့ညင်သာသောအပြုံးသည် မြင်ရသူတိုင်းအား  စိတ်နှလုံးချမ်းမြေ့စေရန် အမြဲစွမ်းဆောင်ပေးနိုင်၏ ။



ပိုင်လီရှောင်ယွီ ကျန်းရှောင်ဖုန်းအနားသို့ ကပ်လာကာ ဂုဏ်ယူစွာဖြင့် ပြောလေသည် ။

" အကိုယွယ်ရွီကိုသွားရှာပြီး ယူရှောင်မို့ကိုစောင့်ရှောက်ပေးဖို့ သွားအကူအညီတောင်းလာခဲ့တာ ငါပဲကွ "

ကျန်းရှောင်ဖုန်းမှ ၎င်းအား လက်မလေးထောင်ရင်း ပြန်ထောက်ခံရှာသည် ။

" မင်းအရမ်းတော်တယ် "



" မဆိုးဘူး.. "

လင်းရှောင်မှလည်း နှုတ်ခမ်းစွန်း ကော့တက်သွားရုံမျှပြုံးကာ ရှောင်ယွီအား လှမ်းချီးကျူး၏ ။



၎င်း၏စကားကြောင့် ရှောင်ယွီတစ်ယောက် ကြောင်အနေမိသည်၊ ရှောင်ယွီသည် ယူရှောင်မိုနှင့် အလွန်ရင်းနှီးသော်လည်း လင်းရှောင်မှ သူ့အားစကားစပြောသည်မှာ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်နိုင်သည် ။






ထိုနေရာ၌ ကဒ်များအားစစ်ဆေးရန် အပေါက်တစ်ခုသာရှိသဖြင့် ပြိုင်ပွဲဝင်များ တစ်ဦးချင်းတန်းစီနေရသည်၊ ထိုသို့တန်းစီနေချိန်တွင် အကြီးအကဲယဲ့မှ ၎င်းတို့အား နေရာရွှေ့ပြောင်းရေးကျောက်တုံး တစ်ယောက်တစ်တုံးကျစီ လိုက်ဝေပေးသည် ။

ယူရှောင်မို့အလှည့်ကျရောက်လာသောအခါ သူသည်လည်း အကြီးအကဲယဲ့ထံမှ ကျောက်တုံးတစ်တုံး တောင်းယူ၍ သူ၏အနီရောင်ကဒ်ကလေးအား အိတ်အတွင်းမှထုတ်ယူလိုက်၏၊ အနည်းငယ် မှောင်သော အခန်းအလင်းရောင်အောက်၌ ထိုကဒ်မှထွက်ပေါ်လာသော အရှိန်အဝါသည် ကျောင်းသားအပေါင်း၏ အာရုံအား စက္ကန့်ပိုင်းအတွင်း ဖမ်းစားနိုင်လိုက်သည် ။

၎င်းကဒ်အား မြင်ဖူးထားသော ထျန်းဇီရှင်းမှလွဲ၍ အခြားသူအားလုံး၏ မျက်ဝန်းများ ပြူးကျယ်လျက်ရှိပြီး အကြီးအကျယ် အံသြနေကြသည်၊ ယူရှောင်မိုလည်း သူ၏ကဒ်အား ခပ်မြန်မြန်ဆွဲချလိုက်ကာ လူအများ၏ အကြည့်အား ကျောခိုင်းလျက် အခန်းတွင်းသို့ ဝင်သွားလေ၏ ။



" ဒင်းအဲ့ကဒ်ကို ဘယ်ချောင်ကများကောက်လာတာပါလိမ့် "

ချိုင်ကျန်းမှ တစ်ကိုယ်တည်းကြားရုံ မကျေမနပ်ရေရွတ်နေသည် ။



အနီရောင်ကဒ်အား ကျောင်းခွဲနှစ်အတွင်း၌ သိပ်မတွေ့ရတတ်ပေ၊ အကြောင်းမှာ အနီရောင်ကဒ်အား အသုံးပြုသူမှသာ ဝင်ရောက်နိုင်အောင် ကန့်သတ်ထားသည့်နေရာများသည် ကျောင်းခွဲတစ်အတွင်း၌သာ ရှိသောကြောင့်ဖြစ်သည်၊ သို့သော် ယူရှောင်မိုမှာ ကျောင်းခွဲတစ်ပင် မဝင်ရသေးပဲ အနီကဒ်တစ်ကဒ် ရှိနှင့်နေသည် ။

ထျန်းဇီရှင်းသည် မကျေမနပ်ဖြစ်နေသော ချိုင်ကျန်းအား တစ်ချက်သာကြည့်ရင်း လှမ်းပြောလိုက်သည် ။

" မေ့မနေနဲ့  သူ့ဆရာဆိုတဲ့လူက ငါ့ဆရာအဖိုးဆိုတာ "




သူမဆိုလိုသည်မှာ ယူရှောင်မိုသည် ထိုကဒ်အား ကိုယ့်လုပ်အားနှင့်ကိုယ် ရလာခြင်း မဟုတ်ကြောင်း၊ သွမ့်ချီထျန်ဆီမှရလာခြင်း ဖြစ်နိုင်ကြောင်း ဆိုလိုသည်၊ သို့သော် ထိုစကားသည် ချိုင်ကျန်းအား စိတ်သက်သာရာ မရစေနိုင် ။







အခန်းအတွင်းသို့ လျှောက်ဝင်သွားသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် အနှံ့အပြားကျရောက်လာသော  ဖိအားတစ်ခုအား ယူရှောင်မို ခံစားလိုက်ရသည်၊ ၎င်းဖိအားသည် သူ့ခန္ဓာကိုယ်အား မြေပြင်ပေါ်သို့ အတင်းဖိချလျက်ရှိပြီး သူ၏အတွင်းမှ ဝိဉာဉ်သည်ပင် အတင်းဖျစ်ညှစ်ခံနေရသကဲ့သို့ ခံစားနေရသည်၊ ၎င်းမှာ ကမ်ဘာမြေဆွဲအားခန်းမ၏ အကျိုးသက်ရောက်ပုံ ဖြစ်နိုင်သည်၊ ဤအခန်းအတွင်း၌သာ နေ့စဉ်လာကျင့်လျှင် ဝိဉာဉ်စွမ်းအားသာမက ခန္ဓာကိုယ်ကြံခိုင်မှုပါ တိုးတက်လာနိုင်ပေသည် ။

ကျင့်ကြံသူများက ဤအခန်းအားအသုံးပြု၍ ၎င်းတို့၏ခန္ဓာကိုယ် ပိုမိုကြံခိုင်လာအောင် လေ့ကျင့်ကြသည်၊ သို့သော် မှော်ဆရာများကတော့ ၎င်းတို့၏ ဝိဉာဉ်စွမ်းအားအပေါ်သာ မှီခိုကြရသည်၊ ၎င်းတို့၏ ဝိဉာဉ်စွမ်းအားများ ပိုမိုသန်မာပါက စိတ်ဝိဉာဉ်ကျမ်းများ ကျင့်ကြံရာတွင် ပိုမို၍အကျိုးများရရှိလာမည်ဖြစ်သည် ။

ယူရှောင်မို အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မိမိကိုယ်ကိုယ် ထိုဖိအားနှင့် အသားကျအောင် ညှိယူလိုက်ပြီး အခန်း၏အတွင်းပိုင်းသို့ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည် ။

မတိုင်မီက ဝင်လာခဲ့ကြသူများသည် ယူရှောင်မို ထိုမျှမြန်မြန် အသားကျအောင် ညှိယူနိုင်မှုအား မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်၊ ၎င်းတို့ဝင်လာချိန်၌ မြေပြင်ပေါ်သို့ လဲကျတော့မလိုပင် ဖြစ်ခဲ့ကြရပြီး မတ်တပ်ပြန်ရပ်နိုင်ရန် မနည်းပင်ကြိုးစားခဲ့ကြရသည်၊ ထို့ပြင် ယခုအချိန်ထိ မည်သူမျှ လမ်းစမလျှောက်နိုင်ကြသေး၊ ထို့ကြောင့် ပရိတ်သတ်များမှ ၎င်းအား အနိုင်ရရှိနိုင်မည့်သူများထဲမှ တစ်ယောက်အဖြစ် ထည့်သွင်းခန့်မှန်းကြသည်မှာ အဆန်းမဟုတ်တော့ပါချေ ။

၎င်းမှာ အမှန်ဖြစ်သည်မှန်သော်လည်း ယူကှောင်မိုကိုယ်တိုင်လည်း ခြေလှမ်းအနည်းငယ်ဖြင့်ပင် ချွေးပြန်ချင်နေပြီဖြစ်သည်၊ ၎င်းအနောက်တွင်တော့ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့ ဝင်ရောက်လာကြကာ သူဝင်လာကာစကအတိုင်း တစ်ထပ်တည်း ခံစားနေကြရသဖြင့် နေရာတွင်ပင် တောင့်ခဲနေကြလေသည် ။

မိနစ်အနည်းငယ်ခန့် အချိန်ယူကာ ညှိယူအပြီးတွင် ၎င်းတို့လည်း နေသားကျလာကာ လမ်းလျှောက်ရန် အားယူကြသည်၊ သို့သော် ခြေလှမ်းတိုင်းသည် အလွန်လေးလံ နှေးကွေးလွန်းလှသည် ။

ယူရှောင်မိုလည်း အနောက်လှည့်ကာ ၎င်းတို့၏ လှုပ်ရှားမှုများအား လှမ်းကြည့်နေမိသည်၊ ၎င်းတို့အားလုံး အခန်းအတွင်းသို့ စတင်ခြေချလိုက်ကြသည်နှင့် အနှေးပြကွက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်မှာ တကယ်တော့ အလွန်ရယ်စရာကောင်းသည်၊ သို့သော် ခန္ဓာကိုယ်အပေါ်၌ ဖိအားအများအပြား ခံစားနေကြရသဖြင့် မည်သူမျှ စကားပြောရန် မတတ်နိုင်ကြပေ ။

ယူရှောင်မို သူ၏ခေါင်းအား ဖြည်းညင်းစွာ မော့လိုက်သည်၊ အကြီးအကဲပြောသလိုပင် နံရံထက်၌ ယခင်လေ့ကျင့်ခဲ့ဖူးသူတို့၏ ရလဒ်မှတ်တမ်းများ ရှိနေပြီး ပထမနေရာမှာ ထျန်းဇီယဲ့ဖြစ်သည်၊ ဒုတိယနေရာသည် ၎င်းနှင့် သုံးဆယ်စက္ကန့်ခန့် ခြားနားသဖြင့် ထျန်းဇီယဲ့မှာ အတော်သန်မာကြောင်း ခန့်မှန်းနိုင်ပေသည် ။

အယောက်တစ်ရာ စာရင်းထဲတွင် ပထမခြောက်ဆယ့်လေးယောက်သာ နှစ်ဆယ့်ငါးမိနစ်မှ သုံးဆယ်မိနစ်ကြား နေနိုင်ကြပြီး အချိန်များမှာလည်း သိပ်မကွာခြားကြပေ၊ အချို့ဆိုလျှင် စက္ကန့်ပိုင်း တစ်စက္ကန့်ခန့်မျှသာ ကွာခြားကြသည် ။

ယူရှောင်မို ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်သည်၊ ဤကမ်ဘာမြေဆွဲအားအခန်း တည်ရှိခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း ခြောက်ဆယ့်လေးယောက်သာ နှစ်ဆယ့်ငါးမိနစ်အထက် တောင့်ခံနိုင်ခဲ့ကြသည်၊ ထို့ကြောင့် ထိုနှစ်ဆယ့်ငါးမိနစ်ဆိုသည်မှာ သာမန်လူနှင့် ပါရမီရှိသူတို့အား ပိုင်းခြားထားသည့် အလွန်ထင်ရှားသော နယ်နိမိတ်စည်းမျဉ်းဖြစ်ဟန်တူသည် ။

ယူရှောင်မို ကျောပြင်နှင့်အခန်းနံရံ ကပ်မိသည်အထိ အခန်းအတွင်းပိုင်းသို့ ခရုတစ်ကောင်၏အရှိန်နှုန်းဖြင့် ထပ်မံရွှေ့လျားလိုက်သည်၊ ကမ်ဘာမြေဆွဲအားအခန်း၏ သက်ရောက်မှုသည် လူတိုင်းအပေါ်တွင်ဖြစ်သော်လည်း သူ၏နောက်ကျောကိုတော့ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့ဘက်သို့ လှည့်မထားချင်ပါပေ ။

မကြာမီပင် ထုံယွယ်ရွှီလည်း သူ၏နံဘေးနားသို့ ရောက်ရှိလာကာ သူ့အား နူးညံစွာ ပြုံးပြလာသည်၊ ကမ်ဘာမြေဆွဲအားအခန်းအတွင်း၌ စကားပြောခြင်းသည် အင်အားများစွာ သုံးစွဲရမည်ဖြစ်သဖြင့် သေရေးရှင်ရေးမှမဟုတ်လျှင် မည်သူမျှ အပိုစကားဆိုချင်ကြမည် မဟုတ်ပေ၊ ပြိုင်ပွဲဝင်တိုင်းသည်လည်း ထိုအကြောင်းအရာအား နားလည်ထားကြသဖြင့် စကားလုံးများအား မြိုသိပ်ကာ တိတ်ဆိတ်စွာသာ နေကြသည် ။

နံရံပေါ်ရှိ နာရီမှ အချိန် ငါးမိနစ်ခန့် ကုန်လွန်လာပြီးသောအခါ ပြိုင်ပွဲဝင်အချို့ မခံနိုင်ကြတော့ပဲ နေရာရွှေ့ပြောင်းရေးကျောက်တုံးအား တစ်ယောက်ပြီးတစ်ယောက် ဆုပ်ချေလာကြ၏၊ ခဏချင်းတွင်ပင် လေးပုံတစ်ပုံခန့်ရှိသော ပြိုင်ပွဲဝင်များ အခန်းတွင်းမှ ပျောက်ကွယ်သွားကြလေသည် ။

ယူရှောင်မို့ ခေါင်းအတွင်းရှိ ချွေးစက်များလည်း ပိုမိုများပြားလာသည်၊ ထို့အပြင် သူ၏ပြိုင်ဘက်များအားလုံးလည်း ထိုနည်းလည်းကောင်း ခံစားနေကြရပြီး ၎င်းတို့၏ မျက်နှာများမှာလည်း ယခင်ထက်ပို၍ ဖြူလျော်နေကြလေသည် ။









#25.4.2021

စောင့်နေပေးတဲ့အသဲလေးတို့ကိုတကယ်အားနာရပါတယ် ♥

Continue Reading

You'll Also Like

2M 161K 36
No descriptions here
6.3K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
995K 59K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...