A Forgotten Love[Completed]

By Lily_Han02

1.1M 63.5K 6K

❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... More

A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-5
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 18
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-39
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-43
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
A Forgotten Love-50[Final Part]
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်

A Forgotten Love-8

20.9K 1.4K 114
By Lily_Han02

Unicode

//မတည်မြဲနိုင်တဲ့ ကတိတွေ//

Hawaiian Shirt,Navy blueကို ဂျင်းအဖြူ
ဖြင့်တွဲဝတ်ထားသည့် ဟယ်ရီ့ပုံစံက အတော်
လေးပင် ဆွဲဆောင်ဟန်ရှိလှသည်။
သပ်ရပ်ကြော့မော့သည့် ရိုးရှင်းပုံကြောင့်
ဟယ်ရီ့နှင့် လိုက်ဖက်ညီနေသည်။ကိုယ်လုံးပေါ်
မှန်ရှေ့၌ ဟယ်ရီရပ်ကြည့်နေဖြစ်ပြီး အနောက်
မှ ငေးကြည့်နေသည့် ပိုင်စိုးကိုလည်း လှမ်းမြင်
နေရသေးသည်။

"ဟန်နီ ဘာတွေရှိလို့ အဲ့လောက်ထိပြင်ဆင်နေ
ရတာလဲ..ထူးထူးဆန်းဆန်းတွေ"

"အဲဒီ့ထူးထူးဆန်းဆန်းက မင်းလေ၊ငါက အမြဲ
တမ်း ဒီလိုပဲကို"

ဟယ်ရီက ရေမွှေးကို ဖျန်းဆွတ်နေ​၏။
သဘာဝဆန်လှသည့် အနံ့တွေက အီစူးစူးအနံ့လည်း မဟုတ်သလို၊စိတ်ကိုလည်း ပေါ့ပါးလန်းဆန်းသွားသလိုနှယ် ခံစား​ရစေသည်။ပိုင်စိုး မနေနိုင်တော့ဘဲ ကုတင်ပေါ်မှဆင်းလာခဲ့သည်။ဖတ်လက်စ စာအုပ် ကိုလည်း ပစ်ချထားမိခဲ့သေးသည်။

"ငါ..မင်းကိုနမ်းချင်တယ် ဟယ်ရီ"

"အင်း..ခဏပဲရမယ်နော်"

ဟယ်ရီ့ဆီမှ ခွင့်ပြုလာပြီဆိုသည်နှင့် ပိုင်စိုးက
ဟယ်ရီ့နှုတ်ခမ်းသားတို့ကို တပ်မက်စွာ နမ်း
စပြုလာ​၏။လျှာဖျားဖြင့် နှုတ်ခမ်းသားတို့ကိုပင်
ထိတွေ့ရင်း အနည်းငယ်ပွင့်ဟလာသည့် ဟယ်ရီ့
နှုတ်ခမ်းဖျား​၏အတွင်းဘက်သို့ကျူးကျော်လာ
ပြန်သည်။ပိုင်စိုးက နိုင်နင်းစွာ၊ကျွမ်းကျင်စွာပင် ဟယ်ရီ့အား ချီမလိုက်သည်။အနမ်းတွေကို ရပ်ပစ် လိုက်ပြီး ဟယ်ရီ့မျက်ဝန်းတွေဆီသို့ ရီဝေစွာ
ငေးစိုက်ကြည့်နေပြန်တော့သည်။

"မင်း နှုတ်ခမ်းတွေက အမြဲတမ်း ချိုမြနေတာ
Honeyလိုပဲ။ကိုယ်တော့ တကယ်ကြိုက်တယ်"

"ဒါဆိုလည်း အောက်ကိုချပေးတော့၊အလုပ်
နောက်ကျလိမ့်မယ်"

"ခဏလေးပါ ဟန်နီရာ..မင်းကို ဒီလိုလေး
ပွေ့ချီပြီးဖက်ထားချင်လို့။ဒီနေ့ အိမ်မှာပဲ
အလုပ်လုပ်မှာဆိုတော့ နေ့လယ်ကျရင် ဖုန်းဆက်"

"အင်းပါ၊လွှတ်ပေးတော့ အင်္ကျီတွေတွန့်ကြေ
ကုန်တော့မယ်"

ပိုင်စိုးက ဟယ်ရီ့ပါးကို အားပါးတရနမ်းပြီးမှ
လွှတ်ပေးသည်။ဟယ်ရီ့အလုပ်အိတ်ကို ကိုင်
ထားပေးပြီး အိပ်ခန်းထဲမှ ထွက်လာဖြစ်ကြ​၏။ထမင်းစားခန်းထဲကိုသွားပြီး ဟယ်ရီကဖျော်ထား
သည့် Lemon Teaကို ရေခဲသေတ္တာထဲမှ ထုတ်သောက်နေသည်။ပိုင်စိုးကမူ ဟယ်ရီ့အနောက်မှ
တကောက်ကောက် လိုက်နေသည်။ဖုန်းကိုပင် စားပွဲပေါ်သို့တင်ကာ အလျင်စလို ပြန်ထွက်သွားမည်လည်းပြုပြန်​၏။

"ဘာဖြစ်လို့လဲ ပိုင်စိုး"

"အပေါ့သွားချင်လာလို့ ဟယ်ရီရေ.."

ပိုင်စိုး​၏လှမ်းဖြေသည့် အဖြေကြောင့် ဟယ်ရီ
က ရယ်မိလိုက်သည်။မကြာပါ ဟယ်ရီ့ပျော်ရွှင်မှု
တွေက ပျက်ပြယ်နေရစမြဲပင်ဖြစ်သည်။
စားပွဲပေါ်မှ ပိုင်စိုး​၏ဖုန်းသို့Messageတို့ဝင်လာ
သည်။ဟယ်ရီ မကြည့်ဖြစ်ဘဲ ထားခဲ့ပေမဲ့ ဆက်တိုက်ဝင်လာနေသည့် စာတို့ကြောင့် အအေးခွက်ကို
ကိုင်ထားလျက်ပင် ဖုန်းအနားသို့သွားနေမိသည်။စိတ်ထဲမှာ လေးပင်လာပြီး ဒါက သူထင်နေသလို မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းရသေးသည်။

မြင်တွေ့လိုက်ရတဲ့ စာကြောင်းတွေက
ငါ့လက်ထဲက အအေးခွက်လေး လွတ်ကျသွား
ဖို့အတွက် လုံလောက်စေခဲ့ပါတယ်။

ခွမ်း!ခနဲကျကွဲသွားတဲ့ ဟယ်ရီ့လက်ထဲက
အအေးခွက်။ပိုင်စိုးရဲ့ဖုန်းကို ကြည့်ပြီး ဟယ်ရီ ကြောင်အနေမိတာပဲ။လိမ်ညာခံရခြင်းက အတော်လေးပင် ဟယ်ရီ့ကို ခံရခက်စေဟန်
ပေါ်သည်။

"ဘာဖြစ်တာလဲ ဟယ်ရီ..ထိမိသွားသေးလား"

ပိုင်စိုးမှ စိုးရိမ်တကြီးပြေးဝင်လာပြီး ဟယ်ရီ့
ကိုမေးသည်။ပြန်ဖြေမလာသည့် ဟယ်ရီက
ဖုန်းကိုလည်း ကိုင်ထားသေးတော့ ပိုင်စိုးဘက်မှ မျက်နှာပျက်တော့​၏။

"Sorry ပိုင်စိုး..ငါယူပြီး မကြည့်လိုက်သင့်ဘူး။
Messageတွေက ဆက်တိုက်ဝင်နေတော့ ငါ..ငါ..
ကျစ်!"

ဟယ်ရီ ဆက်မပြောနိုင်တော့ဘဲ ပိုင်စိုးလက်ထဲ
သို့ ဖုန်းကို ထည့်ပေးလိုက်ပြီး ထမင်းစားခန်းထဲ
မှ ထွက်လာဖြစ်ခဲ့သည်။အိမ်ရှေ့ခန်းက ခုံမှာထိုင်
နေရပြီးစိတ်ကိုငြိမ်အောင် ထားနေရသည်။

ပိုင်စိုးက ရည်းစားတွေမထားတော့ဘူးလို့ ကတိ
တွေပေးပြီး သူ့ကို လှလှပပကြီးကို လိမ်ညာနေခဲ့တာ။ဒါဘယ်လိုတောင် အညာခံနေရမှုကြီးပါလဲ။

"ဟယ်ရီ..ကိုယ်ရှင်းပြပါ့မယ်။တကယ်တော့
မင်းကို မခံစားစေချင်ဘူး။ကတိပေးလိုက်ရင်
မင်းစိတ်တွေ သက်သာသွားရအောင်ပါ။
ငါလည်း မထားတော့ဘူး လို့ဆုံးဖြတ်ထားပေမဲ့ ဒါက ချက်ချင်းပြောင်းလဲပစ်လိုက်ဖို့ဆိုတာ
မလွယ်ဘူးလေ။ဟယ်ရီ နားလည် ပေးမယ်မလား"

"မင်းပျော်တယ်မလား ဆက်လုပ်။ဒါပေမဲ့
မတည်နိုင်တဲ့ ကတိတွေကိုတော့ မင်း..မပေးခဲ့
သင့်ဘူးလို့ ငါထင်တယ်။မင်းအတွက် စောက်
ရေးမပါတဲ့ ကတိတွေဖြစ်နေပေမဲ့ ငါ့အတွက်
ကတော့ အရေးပါတယ်ကွ..အရေးပါတယ် ပိုင်ရ။

ငါက ဘယ်တော့မှ အမှတ်သည်းခြေမရှိဘူး။
ဒီအချက်၊ဒီလိုတွေက မင်းအတွက် ကောင်းကောင်းကြီး အသုံးချပစ်လိုက်ဖို့ လွယ်ကူနေပုံပဲ"

ဟယ်ရီက တည်ငြိမ်စွာပင် မပျော့မမာသော
လေသံဖြင့် ပြောလာခဲ့သည်။သူ, ပိုင်စိုးကို
မကြည့်ဖြစ်ခဲ့ဘဲ နံရံပေါ်မှ ပန်းချီကားတစ်ချပ်
ကိုသာ ငေးကြည့်နေဖြစ်သည်။မင်းပိုင်စိုးသူ
ကိုကြည့်နေမိရင် ပိုပြီးမွန်းကြပ်လာရတာပဲ။

ပိုင်စိုး ဖုန်းထဲက စာတွေကို ဟယ်ရီမြင်ခဲ့ရ
တာက ရင်ထဲမှာ အစိုင်အခဲတွေနဲ့ ပြည့်ကျပ်
လာသည်ဟုပင် ခံစားရစေသည်။ငိုလည်း မငို
နိုင်တော့သလို၊အားအင်တွေကိုလည်း စုပ်ယူခံ
လိုက်ရသလိုပင်။ဟယ်ရီ့ဆီမှာ ခံနိုင်ရည်
ခွန်အားတွေက တဖြည်းဖြည်းလျော့နည်းလာ
နေပြီ။

ဖောက်ပြန်ခံရတဲ့ ခံစားချက်၊လိမ်ညာခံရတဲ့
ခံစားချက်၊ချစ်ခြင်းမေတ္တာတွေကို လျစ်လျူရှုခံထားရတဲ့ အဲ့ဒီ့ခံစားချက် စတာတွေက တစ်စုတစ်
စည်းထဲစုပေါင်းနေခဲ့တာမို့ ခံစားနေရတာတွေကို လွယ်လွယ်နဲ့ဖော်ပြနိုင်ဖို့ ခက်ခဲလွန်းနေခဲ့ပြီပင်ဖြစ်
​၏။

"ငါ ခံစားရမှာကို မငဲ့ညှာနဲ့ ပိုင်စိုး။အခုမှ ငဲ့ညှာ
ပေးနေရင်လည်း မင်းအတွက် ခက်ခဲနေရရုံပဲရှိမယ်။ရိပ်သစ်ပြောခဲ့သလိုပဲ ငါက အရေထူနေ
ပြီ၊ငါ့ခံစားချက်တွေကို ထည့်မထွက်ပါနဲ့။
မင်းကို ပျော်ရွှင်စေနိုင်မယ်လို့ထင်ရင် လုပ်ချင်
တာကိုသာ ဆက်လုပ်နေလိုက်ပါ။
ဥပမာ-ငါ့ကွယ်ရာမှာ ဖောက်ပြန်နေသလိုမျိုး
ပေါ့။တွဲချင်တဲ့လူနဲ့သာ ဆက်တွဲနေလိုက်။
အကျင့်ဆိုတာ ပြင်ဖို့ခက်ခဲမှန်း ငါသိတယ်။
တစ်ခါ လိမ်ညာဖူးတဲ့လူက နောက်ထပ်လိမ်ညာ
ဖို့ကို ဘယ်ဝန်လေးနေတော့မှာလဲ"

ဟယ်ရီက ပိုင်စိုး​၏မျက်နှာသို့ စိုက်ကြည့်လာ​၏။ခံစားချက်မဲ့နေခဲ့တဲ့ လူတစ်ယောက်နဲ့တူပြီး၊အရင်လိုမျိုး မဟုတ်တော့ဘဲ..ဟယ်ရီ့မျက်ဝန်း
တွေထဲမှ မျက်ရည်စတို့ကလည်း ပုန်းလျှိုးကွယ် လျှိုး ပျောက်ကွယ်နေခဲ့ပုံပါပဲ။
ပိုင်စိုး၌ ပြန်ပြောစရာ စကားလုံးတို့မရှိပေ။
သူရှာနေသော်ငြား၊စဉ်းစားနေသော်ငြာလည်း
ဘာမှမမြင်ရတဲ့ အမှောင်ထုတွေထဲမှာ လမ်း
ပျောက်နေဆဲ။စကားလုံးတွေက ဆက်လက်
ပျောက်ရှနေမြဲပင်ဖြစ်သည်။

"ငါ့ကို လိမ်ညာရတာ ကောင်းတယ်မဟုတ်လား
ပိုင်စိုး။ဒါပေမဲ့ အဲ့ဒီ့ခံစားချက်တွေကို မင်းသိ
လား။အားလုံးစုပေါင်းသွားတဲ့အချိန်မှာ အဲ့တာ
တွေက အစိုင်အခဲတွေလိုပဲ။ရင်ထဲမှာ တဖြည်း
ဖြည်းနဲ့ပြည့်နှက်လာမယ်။အရင်လိုမျိုး မျက်ရည် တွေက ကျမလာတော့ဘဲနဲ့ အဲ့ဒီခံစားချက်တွေက ဦးတည် ရာတွေမဲ့ကုန်လာတယ်လို့ ခံစားလာရမယ်"

"နောက်ပြီး ကြာလာတဲ့အခါမှာ ခံစားချက်တွေက
ဘယ်လိုမျိုးပါဆိုတာကို ပြောပြဖို့၊အဓိပ္ပာယ်
ဖော်ပြဖို့လည်း ခက်ခဲလာတတ်တယ်။
အဆုံးသတ် မှာ အဲ့ဒီလူက ဘာတွေလုပ်ပစ်လိုက်
နိုင်လဲဆိုတာကို ခန့်မှန်းလို့မရတော့ဘူး"

ဟယ်ရီက အလုပ်အိတ်ကိုယူလိုက်ပြီး ထလိုက်
သည်။ငူငူငိုင်ငိုင်နဲ့ ထိုင်နေခဲ့တဲ့ ပိုင်စိုးက ခေါင်း
ကိုလည်း ငုံ့ထားသေးသည်။ဟယ်ရီ တစ်ချက်
ရယ်လိုက်မိသည်။အတွေးတွေထဲမှာ အရာအား
လုံးဟာ ဗလာနတ္ထိပင်။ပိုင်စိုးကို ကျောခိုင်းလိုက်
ပြီး ဒီအိမ်ထဲက ထွက်သွားဖို့ကို ကြိုးစားရသည်။သူအလုပ်ကို သွားရဦးမည်။သူ ပိုက်ဆံတွေရှာ
ရဦးမည်။သူဆက်ပြီး ချစ်နေရဦးမည်။
သူဆက်လက်ပြီး ရှင်သန်နေရဦးမည်။

"ဟယ်ရီ..ကိုယ့်ကို စိတ်မဆိုးပါနဲ့"

"စိတ်ဆိုးတာမဟုတ်ဘူး..ငါ မင်းကို ခွင့်လွှတ်
ပေးနေတယ်လေ။ငါတောင်းဆိုချင်တာက
မတည်နိုင်တဲ့ ကတိတွေကို ထပ်မပေးဖို့ပဲ။
ဒါပဲလေ ရှင်းတယ်မဟုတ်လား"

ပိုင်စိုးက အခုချိန်ထိ ဟယ်ရီ့စိတ်ကိုနားမလည် သေးပုံပင်။ဒီကိစ္စအတွက် ဟယ်ရီက သူ့ကို
စိတ်ဆိုးသွားတာလို့သာ သူထင်မှတ်ပစ်သည်။
သူ ချော့လိုက်ရင် ဟယ်ရီက စိတ်ဆိုးပြေသွား
လိမ့်မယ်ဆိုတဲ့ အဲ့ဒီ့အတွေးက ဟယ်ရီ့ကို
ဒေါသဖြစ်စေသည်။အနောက်မှ သိုင်းဖက်ထား
သည့် ပိုင်းစိုး​၏လက်တို့ကို ဖြုတ်ချပစ်လိုက်ပြီး ထွက်လာခဲ့မိသည်။ဘယ်လိုပုံစံမျိုးတွေနဲ့ ပိုင်စိုး ကျန်နေခဲ့မလဲဆိုတာကိုလည်း ဟယ်ရီမသိချင် တော့ပါ။အနည်းဆုံးတော့ ဒါက စိတ်သက်သာ
ရာရစေသည်။

..
ကတိတွေပေးပြီး မျှော်လင့်ချက်တွေကို
ရိုက်ချိုးပစ်ခံလိုက်ရတဲ့ အခိုက်အတန့်တစ်ခု။
ငါက ဘယ်လိုတောင် တုံးအ,လိုက်သလဲ။
အမှတ်မရှိဘဲ ထပ်ခါထပ်ခါ ယုံကြည်ပေးမိ၊
ခွင့်လွှတ်ပေးမိနဲ့၊ဒီတစ်ခါလည်း ငါက မနာတတ်
ဘဲ ခွင့်လွှတ်ပေးမိပြန်တာပဲ။ဒါက ငါ့ရဲ့အားနား
ချက်ဆိုတာကို သူကောင်းကောင်းကြီး သူပုံရတယ်။

အနုအယွ ကစားခံရတဲ့ အိမ်မွေးခွေးတစ်ကောင်
ကတောင် ငါထက်သာရင် သာနေဦးမှာ။
ငါကတော့ အမြဲတမ်း လိမ်ညာခံရခြင်းတွေနဲ့
တဖြည်းဖြည်း အသားကျလာခဲ့တယ်။
ခံစားချက် တွေကို ဖော်ပြလိုက်မိရင် အားနည်း
ချက်ကို ထပ်ပြီးဆုပ်ကိုင်ခံရဦးမှာပဲ။
..

"အစ်ကို.."

ဟယ်ရီ ရုံးကို အစောကြီးရောက်သွားခဲ့ပုံရ
သည်။ဘယ်သူမှ မရောက်သေးလို့ သူရုံးခန်းထဲ
က ဆိုဖာခုံပေါ်မှာ လှဲနေလိုက်ပြီးတော့ မျက်လုံး
တွေကိုမှိတ်ထားပစ်သည်။ရင်ဘတ်ကို လက်သီး
ဆုပ်ဖြင့် အသာထုရိုက်နေမိရင်းနှင့်ပင်။မကြာပါ
အစ်ကိုဟု ခေါ်သံက အကြားအာရုံထဲသို့ တိုး
ပေါက်လာသည်။မျက်လုံးတွေကို ဆတ်ခနဲဖွင့်
ကြည့်မိတော့ သူ့Teamထဲက လက်ထောက်
ကောင်လေးပင်ဖြစ်သည်။
"ဇွဲလွန်းပြည့်"ဟယ်ရီ တီးတိုးဆိုလိုက်မိသည်​။

"မင်းလည်း အစောကြီးရောက်တာပဲလား"

"ဟုတ်တယ် ကျွန်တော်လည်း ရုံးကို အစောကြီး
ရောက်တတ်တယ်။ဒါနဲ့ ကော်ဖီသောက်ပါဦး..
အစ်ကို့အတွက် Mocha"

ဇွဲလွန်းပြည့်က ဟယ်ရီ့အကြိုက်ကို သိသကဲ့သို့
ပင် ကော်ဖီခွက်ကို ဟယ်ရီ့လက်ထဲသို့ ထည့်ပေးလာသည်။ဟယ်ရီ ထထိုင်လိုက်ပြီး ကော်ဖီကို
အရင်သောက်သည်။ဒီအရသာ ဟယ်ရီကြိုက်
တဲ့ အရသာ။ကော်ဖီအနံ့ မွှေးမွှေးကြောင့် ထုံမှိုင်း
နေသည့် စိတ်ခံစားချက်တို့ကို အနည်းငယ်မျှတော့ လန်းဆန်းသွားစေသည်။

"ကျေးဇူးပဲ ဇွဲလွန်း..အစ်ကိုလည်း နောက်တစ်ခါ
ပြန်ဝယ်တိုက်ပါရစေ။အသစ်ဖွင့်ထားတဲ့ Cafe
ဆိုင် ကောင်းကောင်းတစ်ဆိုင်ကို အစ်ကိုသိတယ်"

ဟယ်ရီက ပြုံးရင်းနှင့်ပင် ဇွဲလွန်းပြည့်ကို ပြော
သည်။ဟယ်ရီ့ကို ကြည့်နေရင်းမှ ဇွဲလွန်းပြည့်
ကလည်း ခေါင်းညိတ်ကာ ပြုံးပြလာသည်။

"ဒါဆိုရင် အဲ့ဒီ့ဆိုင်မှာ ကျွန်တော့်ကို ကော်ဖီဝယ်
တိုက်"

"မနက်ဖြန် မင်းနဲ့စက်ရုံကိုသွားရမှာ မလား။
အဲ့က အပြန်ဝယ်တိုက်မယ်"

ဟယ်ရီတို့ နှစ်ယောက်သား အလုပ်ကိစ္စဘက်
ကို အာရုံရပြီး ဆွေးနွေးဖြစ်ခဲ့ကြသေးသည်။
ပိုင်စိုးကိုရော၊ပြီးတော့ ပိုင်စိုးကြောင့် ဖြစ်တည်
လာတဲ့ ခံစားရစရာတွေကိုပါ အလုပ်ထဲသို့ စိတ်
နှစ်လိုက်ရင်း မေ့ထားပစ်လိုက်သည်။
ဒါကလည်း သက်သာရာ ရစေခဲ့တာပဲလေ။

ခပ်နွမ်းနွမ်းအပြုံးတစ်ပွင့်က မိုးရေတွေကြား
မှာ တည်ရှိနေတဲ့ နှင်းဆီပန်းနီရဲရဲလေးတစ်ပွင့်
ကဲ့သို့နှယ်။

___________///////////___________

"သူ့ကိုသိလို့လား ဟယ်ရီ"

"အသိတစ်ယောက်နဲ့တူလို့ပါ..လာလေ အထဲ
သွားကြရအောင်"

ရုံးက လူတွေနဲ့အတူနေ့လယ်စာစားဖို့ ဟယ်ရီ
လိုက်လာဖြစ်ခဲ့သည်။သူ့ထက် ရာထူးကြီးတဲ့ မခင်ထူးမွန်က ဟယ်ရီလှမ်းကြည့်နေသည့်
နေရာသို့ လိုက်ကြည့်ရင်း မေးလာခဲ့ခြင်းပင်
ဖြစ်သည်။ပိုင်စိုးက ဆိုင်ထဲမှာ ကောင်လေး
တစ်ယောက်နဲ့ အတူတူရှိနေခဲ့တာပဲ။
နေ့လယ်ကို  ပိုင်စိုးဖုန်းဆက်ခိုင်းထားပေမဲ့
လည်း ဟယ်ရီ မဆက်ဖြစ်တော့ပါ။

"ဟယ်ရီ ကိုယ်နဲ့ခဏလိုက်နဲ့"

ပိုင်စိုး အသံကိုကြားလိုက်ရတာမို့ ဟယ်ရီ
လန့်ပြီး ဆတ်ခနဲ ပခုံးပင်တွန့်သွားသည်။
ဇွဲလွန်းပြည့်နဲ့ခင်ထူးမွန်အပါအဝင် ပါလာတဲ့
ရုံးကလူတွေ ကလည်း ဟယ်ရီ့ကိုကြည့်လာ
နေပြီ။ဟယ်ရီ ထိုင်နေရာကနေ မထသေးဘဲ
ပိုင်စိုးကို မော့ကြည့်ဖြစ်သည်။ပိုင်စိုးက အတော်လေးမျက်နှာပျက်နေပြီး ဟယ်ရီနဲ့
စကားပြောချင်နေပုံလည်းပေါ်​၏။

"ဟယ်ရီ ကိုယ်နဲ့ခဏလိုက်ခဲ့ပါ"

ဟယ်ရီ့လက်ကိုဆွဲခေါ်သွားသည့် ပိုင်စိုးကို
ဟယ်ရီလည်း မတားမိလိုက်။ပိုင်စိုး ခေါ်ရာကို
လိုက်သွားမိပြီး ရုံးကလူတွေကိုလည်း ဘာမှပင်
မပြောခဲ့မိ။ဘယ်လိုလုပ်ပြီး ပိုင်စိုးကားပေါ်ကို
ရောက်လာခဲ့မိမှန်းလည်း ဟယ်ရီမသိတော့။
ရည်းစားအသစ်နဲ့ ပို့ထားတဲ့စာတွေရယ်၊
ခုနလေးတင်ကမှ မြင်ခဲ့ရတဲ့ ကောင်လေး
တစ်ယောက်နဲ့ ပိုင်စိုးကို တစ်ခုခြင်းစီ အနှေး
ကွက်ပြနေခဲ့သလို ဟယ်ရီ မြင်ယောင်လာရ
ပြန်သည်။

"ဟယ်ရီ"

"ဟယ်ရီ ကိုယ်တောင်းပန်ပါတယ်..ကိုယ့်ကို
ခွင့်လွှတ်ပါ။ခုနက တစ်ယောက်နဲ့ အတူတူတွေ့
နေရတယ်ဆိုတာကလေ အဲ့တာ..အဲ့တာ သူ့ကို
အဆက်ဖြတ်ဖို့ ပြောမလို့ပါ"

"ဟယ်ရီ.."

အသံတိတ်နေတဲ့ ဟယ်ရီ့ကို ပိုင်စိုးက နောက်
တစ်ကြိမ် ထပ်ခေါ်လာပြန်သည်။မျက်နှာသေ
နှင့်လှည့်ကြည့်လာသည့် ဟယ်ရီ့အကြည့်
ကြောင့် ပိုင်စိုးကို ပျာယာခတ်စေရကုန်သည်။
ပိုင်စိုးက ဟယ်ရီ့ ပခုံးနှစ်ဖက်ကိုကိုင်လာပြီး
စကားတွေပြောနေပေမဲ့လည်း ဟယ်ရီမကြားရတော့ပါချေ။နားတွေ အူတက်လာသည်။
မျက်လုံးတွေ ပြာရီလာသည်။ပိုင်စိုး အနား
ကနေ ဟယ်ရီ့ကိုထွက်ပြေးချင်စိတ်ပင် ဖြစ်လာ
ရစေသည်။

"တော်ပါတော့!.."

ပိုင်စိုးကို တွန်းထုတ်လိုက်ပြီး ဟယ်ရီအော်ပစ်
လိုက်သည်။မျက်လုံးတွေကို မှိတ်ချပစ်ရသည်။
ပိုင်စိုးပြောလာမည့် စကားသံတို့ကို မကြားချင်
တော့ပါလေ။နားနှစ်ဖက်ကို လက်ဖြင့်ဖိပိတ်
ထားမိလိုက်​၏။ဟယ်ရီ့ ပုံစံကြောင့် ပိုင်စိုး
အတော်လေး လန့်သွားရသလို၊ကြောင်အသွား
သည်။ပိုင်စိုးအား စိုးရိမ်စ ပြုလာစေခဲ့သည်။
အထိတ်တလန့်ဖြင့် ဘာကိုစိတ်ပူနေမှန်းမသိ
စိတ်ပူလာရသည်။

"ဟယ်ရီ.."

"တော်တော့ ပိုင်စိုး..ဆက်မပြောလို့ရမလား။
မဟုတ်ရင် မင်းကိုထိုးမိတော့မယ်။ငါ မင်းကို မနက်ကပြောခဲ့ပြီးသား။မင်း လုပ်ချင်တာကို
သာလုပ်။မင်းပျော်တယ်မလား ဒါဆိုရင်
ပြီးနေပြီပဲလေ။ငါ့ကို စိတ်သက်သာရာရအောင် ဘာမှ ရှင်းပြပေးနေစရာမလိုဘူး။ငါ ခွင့်လွှတ်
ပေးနေတာပဲ။မင်းကို စိတ်ရှုပ်စရာတွေ မဖြစ်
ရအောင်လို့ ငါ..နေပေးနေတာပဲ မဟုတ်လား"

"မဟုတ်ဘူး ဟယ်ရီ..ငါ စိတ်တွေအရမ်းရှုပ်နေ
တယ်၊မင်း ငါနဲ့ပြန်လိုက်ခဲ့"

"ရုံးက လူတွေနဲ့ နေ့လယ်စာ လာစားတာ။ပြီးရင်
အလုပ်ပြန်ဝင်ရမှာ မင်းနဲ့ပြန်မလိုက်နိုင်ဘူး"

ပြောပြီးတာနှင့် ကားပေါ်ကနေ ဟယ်ရီချက်
ချင်း ဆင်းလာမိသည်။ပိုင်စိုးက အော်နေပေမဲ့
လည်း ဟယ်ရီလှည့်မကြည့်ဖြစ်ပေ။
ဒီလောက်လေးတော့ ဥပေက္ခာပြုလို့ ရမယ်
မလား။ခဏလောက်လေးပဲ ဖြစ်ဖြစ်။နွေခေါင်
ခေါင်မှာ သေခါနီးအပင်တစ်ပင်ကို ပြန်ရှင်သန်
အောင် လုပ်လို့ရတယ်။တစ်ခါသေဆုံးပြီးသွား
တဲ့ ယုံကြည်မှုတွေကိုတော့ ပြန်ရှင်သန်လာ
အောင် လုပ်နိုင်ဖို့က ခက်ခဲလွန်းတဲ့ ကိစ္စပဲ။

ပန်းတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေက ကြွေကျ
နေတယ်။လှပတဲ့ ပန်းပွင့်တစ်ပွင့်ဆိုတာ
ဖြစ်လာနိုင်ပါဦးမလား။မတည်နိုင်တဲ့ကတိ
တွေက ကြွေကျနေတဲ့ အဲ့ဒီပွင့်ဖတ်တွေနဲ့
အလားသဏ္ဌာန်တူလာခဲ့တယ်။
..
ပိုင်စိုး ကားပေါ်မှာပဲ ထိုင်နေခဲ့မိတာက ဟယ်ရီ
တို့စားသောက်ဆိုင်ထဲကနေ ပြန်ထွက်လာကြတဲ့
အချိန်ထိပင်ဖြစ်သည်။ဟယ်ရီ့ဘေးမှ ဟယ်ရီနဲ့
ရွယ်တူမိန်းကလေးကြောင့် ပိုင်စိုး မျက်မှောင်
ကြုတ်သွားသည်။ဟယ်ရီ့ကို ပြုံးရွှင်ပြီး စကားပြောနေတဲ့ ခင်ထူးမွန်ကြောင့်ရော၊ဟယ်ရီ့ကို ကြည့်နေတဲ့ ဟယ်ရီ့ ညာဘက်ခြမ်းမှ ဇွဲလွန်း
ပြည့်ကြောင့်ပါ ပိုင်စိုးကို ဒေါသထွက်လာစေခဲ့
ပုံရ​၏။

"ဟယ်ရီ..မင်းရဲ့အနားမှာ မရိုးသားတဲ့လူတွေနဲ့"

ပိုင်စိုးက တောက်ခတ်ကာ အံကြိတ်ထားလိုက်မိ
သည်။ဒီမြင်ကွင်းက သူ့ကိုသဝန်တိုစေခဲ့ပုံပေါ် သည်။ပိုင်စိုးရဲ့ စိတ်တွေကို မီးမြှိုက်စေခဲ့တဲ့
မီးစာတစ်ခုလိုပဲ။ပိုဆိုင်ရလိုခြင်းဆိုတဲ့ အတ္တ
တွေက တရစ်ရစ်နှင့်တိုးမြှင့်လာရစေ​၏။
ဟယ်ရီက သူ့ရဲ့အမြဲတမ်း လိမ္မာတဲ့ခွေးလိမ္မာ
လေးပဲ ဖြစ်နေရမှာလို့ သူပြောနေခဲ့လည်း
ဟယ်ရီတော့ ကြားနိုင်လိမ့်မည်မဟုတ်။
သဝန်တိုခြင်းရဲ့အစမှာ ပျာယာခတ်ခြင်းပေါင်း
များစွာနဲ့ ပိုင်စိုးကို ဖြစ်စေခဲ့ပုံပါပဲ။
ဒါကို တန်ပြန်ပူလောင်ရခြင်းလို့ပဲ ခေါ်ရမလား။

//////////////////////////////////////
18.5.2021(Tuesday)
-လီလီဟန်-

Note-အိပ်ချင်မူးတူးနဲ့စာပြန်စစ်ထားလို့ အမှား
ပါသွားရင် ဗွေမယူကြပါနဲ့နော်။

Zawgyi

//မတည္ျမဲနိုင္တဲ့ ကတိေတြ//

Hawaiian Shirt,Navy blueကို ဂ်င္းအျဖဴ
ျဖင့္တြဲဝတ္ထားသည့္ ဟယ္ရီ့ပုံစံက အေတာ္
ေလးပင္ ဆြဲေဆာင္ဟန္ရွိလွသည္။
သပ္ရပ္ေၾကာ့ေမာ့သည့္ ရိုးရွင္းပုံေၾကာင့္ ဟယ္ရီ့ႏွင့္ လိုက္ဖက္ညီေနသည္။ကိုယ္လုံးေပၚ
မွန္ေရွ႕၌ ဟယ္ရီရပ္ၾကည့္ေနျဖစ္ၿပီး အေနာက္
မွ ေငးၾကည့္ေနသည့္ ပိုင္စိုးကိုလည္း လွမ္းျမင္​ေနရေသးသည္။

"ဟန္နီ ဘာေတြရွိလို႔ အဲ့ေလာက္ထိျပင္ဆင္ေန
ရတာလဲ..ထူးထူးဆန္းဆန္းေတြ"

"အဲဒီ့ထူးထူးဆန္းဆန္းက မင္းေလ၊ငါက အျမဲတမ္း ဒီလိုပဲကို"

ဟယ္ရီက ေရေမႊးကို ဖ်န္းဆြတ္ေန​၏။
သဘာဝဆန္လွသည့္ အနံ႔ေတြက အီစူးစူးအနံ႔လည္း မဟုတ္သလို၊စိတ္ကိုလည္း ေပါ့ပါး
လန္းဆန္းသြားသလိုႏွယ္ ခံစား​ရေစသည္။ပိုင္စိုး မေနနိုင္ေတာ့ဘဲ ကုတင္ေပၚမွဆင္းလာခဲ့သည္။ဖတ္လက္စ စာအုပ္ ကိုလည္း ပစ္ခ်ထားမိခဲ့ေသးသည္။

"ငါ..မင္းကိုနမ္းခ်င္တယ္ ဟယ္ရီ"

"အင္း..ခဏပဲရမယ္ေနာ္"

ဟယ္ရီ့ဆီမွ ခြင့္ျပဳလာၿပီဆိုသည္ႏွင့္ ပိုင္စိုးက
ဟယ္ရီ့ႏွုတ္ခမ္းသားတို႔ကို တပ္မက္စြာ နမ္း
စျပဳလာ​၏။လၽွာဖ်ားျဖင့္ ႏွုတ္ခမ္းသားတို႔ကိုပင္ထိေတြ႕ရင္း အနည္းငယ္ပြင့္ဟလာသည့္ ဟယ္ရီ့
ႏွုတ္ခမ္းဖ်ား​၏အတြင္းဘက္သို႔က်ဴးေက်ာ္လာ
ျပန္သည္။ပိုင္စိုးက နိုင္နင္းစြာ၊ကၽြမ္းက်င္စြာပင္ ဟယ္ရီ့အား ခ်ီမလိုက္သည္။အနမ္းေတြကို ရပ္ပစ္ လိုက္ၿပီး ဟယ္ရီ့မ်က္ဝန္းေတြဆီသို႔ ရီေဝစြာ
ေငးစိုက္ၾကည့္ေနျပန္ေတာ့သည္။

"မင္း ႏွုတ္ခမ္းေတြက အျမဲတမ္း ခ်ိဳျမေနတာHoneyလိုပဲ။ကိုယ္ေတာ့ တကယ္ႀကိဳက္တယ္"

"ဒါဆိုလည္း ေအာက္ကိုခ်ေပးေတာ့၊အလုပ္
ေနာက္က်လိမ့္မယ္"

"ခဏေလးပါ ဟန္နီရာ..မင္းကို ဒီလိုေလး
ေပြ႕ခ်ီၿပီးဖက္ထားခ်င္လို႔။ဒီေန႔ အိမ္မွာပဲ
အလုပ္လုပ္မွာဆိုေတာ့ ေန႔လယ္က်ရင္ ဖုန္းဆက္"

"အင္းပါ၊လႊတ္ေပးေတာ့ အကၤ်ီေတြတြန႔္ေၾကကုန္ေတာ့မယ္"

ပိုင္စိုးက ဟယ္ရီ့ပါးကို အားပါးတရနမ္းၿပီးမွ
လႊတ္ေပးသည္။ဟယ္ရီ့အလုပ္အိတ္ကို ကိုင္
ထားေပးၿပီး အိပ္ခန္းထဲမွ ထြက္လာျဖစ္ၾက​၏။ထမင္းစားခန္းထဲကိုသြားၿပီး ဟယ္ရီကေဖ်ာ္ထားသည့္ Lemon Teaကို ေရခဲေသတၱာထဲမွ ထုတ္ေသာက္ေနသည္။ပိုင္စိုးကမူ ဟယ္ရီ့အေနာက္မွတေကာက္ေကာက္ လိုက္ေနသည္။ဖုန္းကိုပင္ စားပြဲေပၚသို႔တင္ကာ အလ်င္စလို ျပန္ထြက္သြားမည္
လည္းျပဳျပန္​၏။

"ဘာျဖစ္လို႔လဲ ပိုင္စိုး"

"အေပါ့သြားခ်င္လာလို႔ ဟယ္ရီေရ.."

ပိုင္စိုး​၏လွမ္းေျဖသည့္ အေျဖေၾကာင့္ ဟယ္ရီက ရယ္မိလိုက္သည္။မၾကာပါ ဟယ္ရီ့ေပ်ာ္ရႊင္မွု​ေတြက ပ်က္ျပယ္ေနရစျမဲပင္ျဖစ္သည္။
စားပြဲေပၚမွ ပိုင္စိုး​၏ဖုန္းသို႔Messageတို႔ဝင္လာ
သည္။ဟယ္ရီ မၾကည့္ျဖစ္ဘဲ ထားခဲ့ေပမဲ့ ဆက္တိုက္ဝင္လာေနသည့္ စာတို႔ေၾကာင့္ အေအးခြက္ကို ကိုင္ထားလ်က္ပင္ ဖုန္းအနားသို႔သြားေနမိ
သည္။စိတ္ထဲမွာ ေလးပင္လာၿပီး ဒါက သူထင္ေနသလို မျဖစ္ပါေစနဲ႔လို႔လည္း ဆုေတာင္းရေသးသည္။

ျမင္ေတြ႕လိုက္ရတဲ့ စာေၾကာင္းေတြက
ငါ့လက္ထဲက အေအးခြက္ေလး လြတ္က်သြား
ဖို႔အတြက္ လုံေလာက္ေစခဲ့ပါတယ္။

ခြမ္း!ခနဲက်ကြဲသြားတဲ့ ဟယ္ရီ့လက္ထဲက
အေအးခြက္။ပိုင္စိုးရဲ့ဖုန္းကို ၾကည့္ၿပီး ဟယ္ရီ ေၾကာင္အေနမိတာပဲ။လိမ္ညာခံရျခင္းက အေတာ္ေလးပင္ ဟယ္ရီ့ကို ခံရခက္ေစဟန္
ေပၚသည္။

"ဘာျဖစ္တာလဲ ဟယ္ရီ..ထိမိသြားေသးလား"

ပိုင္စိုးမွ စိုးရိမ္တႀကီးေျပးဝင္လာၿပီး ဟယ္ရီ့
ကိုေမးသည္။ျပန္ေျဖမလာသည့္ ဟယ္ရီက
ဖုန္းကိုလည္း ကိုင္ထားေသးေတာ့ ပိုင္စိုးဘက္မွ မ်က္ႏွာပ်က္ေတာ့​၏။

"Sorry ပိုင္စိုး..ငါယူၿပီး မၾကည့္လိုက္သင့္ဘူး။
Messageေတြက ဆက္တိုက္ဝင္ေနေတာ့ ငါ..ငါ..
က်စ္!"

ဟယ္ရီ ဆက္မေျပာနိုင္ေတာ့ဘဲ ပိုင္စိုးလက္ထဲ
သို႔ ဖုန္းကို ထည့္ေပးလိုက္ၿပီး ထမင္းစား
ခန္းထဲမွ ထြက္လာျဖစ္ခဲ့သည္။အိမ္ေရွ႕ခန္းက ခုံမွာထိုင္​ေနရၿပီးစိတ္ကိုၿငိမ္ေအာင္ ထားေနရသည္။

ပိုင္စိုးက ရည္းစားေတြမထားေတာ့ဘူးလို႔ ကတိ​ေတြေပးၿပီး သူ႔ကို လွလွပပႀကီးကို လိမ္ညာေနခဲ့တာ။ဒါဘယ္လိုေတာင္ အညာခံေနရမွုႀကီးပါလဲ။

"ဟယ္ရီ..ကိုယ္ရွင္းျပပါ့မယ္။တကယ္ေတာ့
မင္းကို မခံစားေစခ်င္ဘူး။ကတိေပးလိုက္ရင္
မင္းစိတ္ေတြ သက္သာသြားရေအာင္ပါ။
ငါလည္း မထားေတာ့ဘူး လို႔ဆုံးျဖတ္ထားေပမဲ့ ဒါက ခ်က္ခ်င္းေျပာင္းလဲပစ္လိုက္ဖို႔ဆိုတာ
မလြယ္ဘူးေလ။ဟယ္ရီ နားလည္ ေပးမယ္မလား"

"မင္းေပ်ာ္တယ္မလား ဆက္လုပ္။ဒါေပမဲ့
မတည္နိုင္တဲ့ ကတိေတြကိုေတာ့ မင္း..မေပးခဲ့
သင့္ဘူးလို႔ ငါထင္တယ္။မင္းအတြက္ ေစာက္
ေရးမပါတဲ့ ကတိေတြျဖစ္ေနေပမဲ့ ငါ့အတြက္
ကေတာ့ အေရးပါတယ္ကြ..အေရးပါတယ္ ပိုင္ရ။

ငါက ဘယ္ေတာ့မွ အမွတ္သည္းေျခမရွိဘူး။
ဒီအခ်က္၊ဒီလိုေတြက မင္းအတြက္ ေကာင္းေကာင္းႀကီး အသုံးခ်ပစ္လိုက္ဖို႔ လြယ္ကူေနပုံပဲ"

ဟယ္ရီက တည္ၿငိမ္စြာပင္ မေပ်ာ့မမာေသာ
ေလသံျဖင့္ ေျပာလာခဲ့သည္။သူ, ပိုင္စိုးကို
မၾကည့္ျဖစ္ခဲ့ဘဲ နံရံေပၚမွ ပန္းခ်ီကားတစ္ခ်ပ္
ကိုသာ ေငးၾကည့္ေနျဖစ္သည္။မင္းပိုင္စိုးသူ
ကိုၾကည့္ေနမိရင္ ပိုၿပီးမြန္းၾကပ္လာရတာပဲ။

ပိုင္စိုး ဖုန္းထဲက စာေတြကို ဟယ္ရီျမင္ခဲ့ရ
တာက ရင္ထဲမွာ အစိုင္အခဲေတြနဲ႔ ျပည့္က်ပ္
လာသည္ဟုပင္ ခံစားရေစသည္။ငိုလည္း မငို
နိုင္ေတာ့သလို၊အားအင္ေတြကိုလည္း စုပ္ယူခံ
လိုက္ရသလိုပင္။ဟယ္ရီ့ဆီမွာ ခံနိုင္ရည္
ခြန္အားေတြက တျဖည္းျဖည္းေလ်ာ့နည္းလာ​ေနၿပီ။

ေဖာက္ျပန္ခံရတဲ့ ခံစားခ်က္၊လိမ္ညာခံရတဲ့
ခံစားခ်က္၊ခ်စ္ျခင္းေမတၱာေတြကို လ်စ္လ်ဴရွုခံထားရတဲ့ အဲ့ဒီ့ခံစားခ်က္ စတာေတြက တစ္စုတစ္
စည္းထဲစုေပါင္းေနခဲ့တာမို႔ ခံစားေနရတာေတြကို လြယ္လြယ္နဲ႔ေဖာ္ျပနိုင္ဖို႔ ခက္ခဲလြန္းေနခဲ့ၿပီပင္ျဖစ္​၏။

"ငါ ခံစားရမွာကို မငဲ့ညႇာနဲ႔ ပိုင္စိုး။အခုမွ ငဲ့ညႇာ
ေပးေနရင္လည္း မင္းအတြက္ ခက္ခဲေနရ႐ုံပဲရွိမယ္။ရိပ္သစ္ေျပာခဲ့သလိုပဲ ငါက အေရထူေန
ၿပီ၊ငါ့ခံစားခ်က္ေတြကို ထည့္မထြက္ပါနဲ႔။
မင္းကို ေပ်ာ္ရႊင္ေစနိုင္မယ္လို႔ထင္ရင္ လုပ္ခ်င္
တာကိုသာ ဆက္လုပ္ေနလိုက္ပါ။
ဥပမာ-ငါ့ကြယ္ရာမွာ ေဖာက္ျပန္ေနသလိုမ်ိဳး
ေပါ့။တြဲခ်င္တဲ့လူနဲ႔သာ ဆက္တြဲေနလိုက္။
အက်င့္ဆိုတာ ျပင္ဖို႔ခက္ခဲမွန္း ငါသိတယ္။
တစ္ခါ လိမ္ညာဖူးတဲ့လူက ေနာက္ထပ္လိမ္ညာ
ဖို႔ကို ဘယ္ဝန္ေလးေနေတာ့မွာလဲ"

ဟယ္ရီက ပိုင္စိုး​၏မ်က္ႏွာသို႔ စိုက္ၾကည့္လာ​၏။ခံစားခ်က္မဲ့ေနခဲ့တဲ့ လူတစ္ေယာက္နဲ႔တူၿပီး၊အရင္လိုမ်ိဳး မဟုတ္ေတာ့ဘဲ..ဟယ္ရီ့မ်က္ဝန္း
ေတြထဲမွ မ်က္ရည္စတို႔ကလည္း ပုန္းလၽွိုးကြယ္ လၽွိုး ေပ်ာက္ကြယ္ေနခဲ့ပုံပါပဲ။
ပိုင္စိုး၌ ျပန္ေျပာစရာ စကားလုံးတို႔မရွိေပ။
သူရွာေနေသာ္ျငား၊စဥ္းစားေနေသာ္ျငာလည္း ဘာမွမျမင္ရတဲ့ အေမွာင္ထုေတြထဲမွာ လမ္း​ေပ်ာက္ေနဆဲ။စကားလုံးေတြက ဆက္လက္​ေပ်ာက္ရွေနျမဲပင္ျဖစ္သည္။

"ငါ့ကို လိမ္ညာရတာ ေကာင္းတယ္မဟုတ္လား
ပိုင္စိုး။ဒါေပမဲ့ အဲ့ဒီ့ခံစားခ်က္ေတြကို မင္းသိ
လား။အားလုံးစုေပါင္းသြားတဲ့အခ်ိန္မွာ အဲ့တာ
ေတြက အစိုင္အခဲေတြလိုပဲ။ရင္ထဲမွာ တျဖည္း
ျဖည္းနဲ႔ျပည့္ႏွက္လာမယ္။အရင္လိုမ်ိဳး မ်က္ရည္ ေတြက က်မလာေတာ့ဘဲနဲ႔ အဲ့ဒီခံစားခ်က္ေတြက ဦးတည္ ရာေတြမဲ့ကုန္လာတယ္လို႔ ခံစားလာရမယ္"

"ေနာက္ၿပီး ၾကာလာတဲ့အခါမွာ ခံစားခ်က္ေတြကဘယ္လိုမ်ိဳးပါဆိုတာကို ေျပာျပဖို႔၊အဓိပၸာယ္​ေဖာ္ျပဖို႔လည္း ခက္ခဲလာတတ္တယ္။
အဆုံးသတ္ မွာ အဲ့ဒီလူက ဘာေတြလုပ္ပစ္လိုက္
နိုင္လဲဆိုတာကို ခန႔္မွန္းလို႔မရေတာ့ဘူး"

ဟယ္ရီက အလုပ္အိတ္ကိုယူလိုက္ၿပီး ထလိုက္
သည္။ငူငူငိုင္ငိုင္နဲ႔ ထိုင္ေနခဲ့တဲ့ ပိုင္စိုးက ေခါင္း
ကိုလည္း ငုံ႔ထားေသးသည္။ဟယ္ရီ တစ္ခ်က္
ရယ္လိုက္မိသည္။အေတြးေတြထဲမွာ အရာအား
လုံးဟာ ဗလာနတၳိပင္။ပိုင္စိုးကို ေက်ာခိုင္းလိုက္
ၿပီး ဒီအိမ္ထဲက ထြက္သြားဖို႔ကို ႀကိဳးစားရသည္။သူအလုပ္ကို သြားရဦးမည္။သူ ပိုက္ဆံေတြရွာ
ရဦးမည္။သူဆက္ၿပီး ခ်စ္ေနရဦးမည္။
သူဆက္လက္ၿပီး ရွင္သန္ေနရဦးမည္။

"ဟယ္ရီ..ကိုယ့္ကို စိတ္မဆိုးပါနဲ႔"

"စိတ္ဆိုးတာမဟုတ္ဘူး..ငါ မင္းကို ခြင့္လႊတ္
ေပးေနတယ္ေလ။ငါေတာင္းဆိုခ်င္တာက
မတည္နိုင္တဲ့ ကတိေတြကို ထပ္မေပးဖို႔ပဲ။
ဒါပဲေလ ရွင္းတယ္မဟုတ္လား"

ပိုင္စိုးက အခုခ်ိန္ထိ ဟယ္ရီ့စိတ္ကိုနားမလည္ ေသးပုံပင္။ဒီကိစၥအတြက္ ဟယ္ရီက သူ႔ကို
စိတ္ဆိုးသြားတာလို႔သာ သူထင္မွတ္ပစ္သည္။
သူ ေခ်ာ့လိုက္ရင္ ဟယ္ရီက စိတ္ဆိုးေျပသြား
လိမ့္မယ္ဆိုတဲ့ အဲ့ဒီ့အေတြးက ဟယ္ရီ့ကို
ေဒါသျဖစ္ေစသည္။အေနာက္မွ သိုင္းဖက္ထား
သည့္ ပိုင္းစိုး​၏လက္တို႔ကို ျဖဳတ္ခ်ပစ္လိုက္ၿပီး ထြက္လာခဲ့မိသည္။ဘယ္လိုပုံစံမ်ိဳးေတြနဲ႔ ပိုင္စိုး က်န္ေနခဲ့မလဲဆိုတာကိုလည္း ဟယ္ရီမသိခ်င္ ေတာ့ပါ။အနည္းဆုံးေတာ့ ဒါက စိတ္သက္သာ
ရာရေစသည္။

..
ကတိေတြေပးၿပီး ေမၽွာ္လင့္ခ်က္ေတြကို
ရိုက္ခ်ိဳးပစ္ခံလိုက္ရတဲ့ အခိုက္အတန႔္တစ္ခု။
ငါက ဘယ္လိုေတာင္ တုံးအ,လိုက္သလဲ။
အမွတ္မရွိဘဲ ထပ္ခါထပ္ခါ ယုံၾကည္ေပးမိ၊
ခြင့္လႊတ္ေပးမိနဲ႔၊ဒီတစ္ခါလည္း ငါက မနာ
တတ္ဘဲ ခြင့္လႊတ္ေပးမိျပန္တာပဲ။ဒါက ငါ့ရဲ့အားနားခ်က္ဆိုတာကို သူေကာင္းေကာင္းႀကီး သူပုံရတယ္။

အႏုအယြ ကစားခံရတဲ့ အိမ္ေမြးေခြးတစ္
​ေကာင္ကေတာင္ ငါထက္သာရင္ သာေနဦးမွာ။
ငါကေတာ့ အျမဲတမ္း လိမ္ညာခံရျခင္းေတြနဲ႔
တျဖည္းျဖည္း အသားက်လာခဲ့တယ္။
ခံစားခ်က္ ေတြကို ေဖာ္ျပလိုက္မိရင္ အားနည္းခ်က္ကို ထပ္ၿပီးဆုပ္ကိုင္ခံရဦးမွာပဲ။
..

"အစ္ကို.."

ဟယ္ရီ ႐ုံးကို အေစာႀကီးေရာက္သြားခဲ့ပုံရ
သည္။ဘယ္သူမွ မေရာက္ေသးလို႔ သူ႐ုံးခန္းထဲ
က ဆိုဖာခုံေပၚမွာ လွဲေနလိုက္ၿပီးေတာ့ မ်က္လုံး
ေတြကိုမွိတ္ထားပစ္သည္။ရင္ဘတ္ကို လက္သီး
ဆုပ္ျဖင့္ အသာထုရိုက္ေနမိရင္းႏွင့္ပင္။မၾကာပါ အစ္ကိုဟု ေခၚသံက အၾကားအာ႐ုံထဲသို႔ တိုး​ေပါက္လာသည္။မ်က္လုံးေတြကို ဆတ္ခနဲဖြင့္ၾကည့္မိေတာ့ သူ႔Teamထဲက လက္ေထာက္​ေကာင္ေလးပင္ျဖစ္သည္။
"ဇြဲလြန္းျပည့္"ဟယ္ရီ တီးတိုးဆိုလိုက္မိသည္​။

"မင္းလည္း အေစာႀကီးေရာက္တာပဲလား"

"ဟုတ္တယ္ ကၽြန္ေတာ္လည္း ႐ုံးကို အေစာႀကီး​ေရာက္တတ္တယ္။ဒါနဲ႔ ေကာ္ဖီေသာက္ပါဦး..
အစ္ကို႔အတြက္ Mocha"

ဇြဲလြန္းျပည့္က ဟယ္ရီ့အႀကိဳက္ကို သိသကဲ့သို႔ပင္ ေကာ္ဖီခြက္ကို ဟယ္ရီ့လက္ထဲသို႔ ထည့္ေပးလာသည္။ဟယ္ရီ ထထိုင္လိုက္ၿပီး ေကာ္ဖီကို အရင္ေသာက္သည္။ဒီအရသာ ဟယ္ရီႀကိဳက္တဲ့ အရသာ။ေကာ္ဖီအနံ႔ ေမႊးေမႊးေၾကာင့္ ထုံမွိုင္း​ေနသည့္ စိတ္ခံစားခ်က္တို႔ကို အနည္းငယ္မၽွေတာ့ လန္းဆန္းသြားေစသည္။

"ေက်းဇူးပဲ ဇြဲလြန္း..အစ္ကိုလည္း ေနာက္တစ္ခါ
ျပန္ဝယ္တိုက္ပါရေစ။အသစ္ဖြင့္ထားတဲ့ Cafe
ဆိုင္ ေကာင္းေကာင္းတစ္ဆိုင္ကို အစ္ကိုသိတယ္"

ဟယ္ရီက ျပဳံးရင္းႏွင့္ပင္ ဇြဲလြန္းျပည့္ကို ေျပာသည္။ဟယ္ရီ့ကို ၾကည့္ေနရင္းမွ ဇြဲလြန္းျပည့္ကလည္း ေခါင္းညိတ္ကာ ျပဳံးျပလာသည္။

"ဒါဆိုရင္ အဲ့ဒီ့ဆိုင္မွာ ကၽြန္ေတာ့္ကို ေကာ္ဖီ
ဝယ္တိုက္"

"မနက္ျဖန္ မင္းနဲ႔စက္႐ုံကိုသြားရမွာ မလား။
အဲ့က အျပန္ဝယ္တိုက္မယ္"

ဟယ္ရီတို႔ ႏွစ္ေယာက္သား အလုပ္ကိစၥဘက္
ကို အာ႐ုံရၿပီး ေဆြးေႏြးျဖစ္ခဲ့ၾကေသး
သည္။ပိုင္စိုးကိုေရာ၊ၿပီးေတာ့ ပိုင္စိုးေၾကာင့္ ျဖစ္တည္လာတဲ့ ခံစားရစရာေတြကိုပါ အလုပ္ထဲသို႔ စိတ္
ႏွစ္လိုက္ရင္း ေမ့ထားပစ္လိုက္သည္။
ဒါကလည္း သက္သာရာ ရေစခဲ့တာပဲေလ။

ခပ္ႏြမ္းႏြမ္းအျပဳံးတစ္ပြင့္က မိုးေရေတြၾကားမွာ တည္ရွိေနတဲ့ ႏွင္းဆီပန္းနီရဲရဲေလးတစ္ပြင့္ကဲ့သို႔ႏွယ္။

___________///////////___________

"သူ႔ကိုသိလို႔လား ဟယ္ရီ"

"အသိတစ္ေယာက္နဲ႔တူလို႔ပါ..လာေလ အထဲ
သြားၾကရေအာင္"

႐ုံးက လူေတြနဲ႔အတူေန႔လယ္စာစားဖို႔ ဟယ္ရီ
လိုက္လာျဖစ္ခဲ့သည္။သူ႔ထက္ ရာထူးႀကီးတဲ့ မခင္ထူးမြန္က ဟယ္ရီလွမ္းၾကည့္ေနသည့္
ေနရာသို႔ လိုက္ၾကည့္ရင္း ေမးလာခဲ့ျခင္းပင္
ျဖစ္သည္။ပိုင္စိုးက ဆိုင္ထဲမွာ ေကာင္ေလး
တစ္ေယာက္နဲ႔ အတူတူရွိေနခဲ့တာပဲ။
ေန႔လယ္ကို  ပိုင္စိုးဖုန္းဆက္ခိုင္းထားေပမဲ့
လည္း ဟယ္ရီ မဆက္ျဖစ္ေတာ့ပါ။

"ဟယ္ရီ ကိုယ္နဲ႔ခဏလိုက္နဲ႔"

ပိုင္စိုး အသံကိုၾကားလိုက္ရတာမို႔ ဟယ္ရီ
လန႔္ၿပီး ဆတ္ခနဲ ပခုံးပင္တြန႔္သြားသည္။
ဇြဲလြန္းျပည့္နဲ႔ခင္ထူးမြန္အပါအဝင္ ပါလာတဲ့
႐ုံးကလူေတြ ကလည္း ဟယ္ရီ့ကိုၾကည့္လာ
ေနၿပီ။ဟယ္ရီ ထိုင္ေနရာကေန မထေသးဘဲ
ပိုင္စိုးကို ေမာ့ၾကည့္ျဖစ္သည္။ပိုင္စိုးက အေတာ္ေလးမ်က္ႏွာပ်က္ေနၿပီး ဟယ္ရီနဲ႔
စကားေျပာခ်င္ေနပုံလည္းေပၚ​၏။

"ဟယ္ရီ ကိုယ္နဲ႔ခဏလိုက္ခဲ့ပါ"

ဟယ္ရီ့လက္ကိုဆြဲေခၚသြားသည့္ ပိုင္စိုးကို
ဟယ္ရီလည္း မတားမိလိုက္။ပိုင္စိုး ေခၚရာကို
လိုက္သြားမိၿပီး ႐ုံးကလူေတြကိုလည္း ဘာမွပင္
မေျပာခဲ့မိ။ဘယ္လိုလုပ္ၿပီး ပိုင္စိုးကားေပၚကို
ေရာက္လာခဲ့မိမွန္းလည္း ဟယ္ရီမသိေတာ့။
ရည္းစားအသစ္နဲ႔ ပို႔ထားတဲ့စာေတြရယ္၊
ခုနေလးတင္ကမွ ျမင္ခဲ့ရတဲ့ ေကာင္ေလး
တစ္ေယာက္နဲ႔ ပိုင္စိုးကို တစ္ခုျခင္းစီ အေႏွး
ကြက္ျပေနခဲ့သလို ဟယ္ရီ ျမင္ေယာင္လာရ
ျပန္သည္။

"ဟယ္ရီ"

"ဟယ္ရီ ကိုယ္ေတာင္းပန္ပါတယ္..ကိုယ့္ကို
ခြင့္လႊတ္ပါ။ခုနက တစ္ေယာက္နဲ႔ အတူတူေတြ႕
ေနရတယ္ဆိုတာကေလ အဲ့တာ..အဲ့တာ သူ႔ကို
အဆက္ျဖတ္ဖို႔ ေျပာမလို႔ပါ"

"ဟယ္ရီ.."

အသံတိတ္ေနတဲ့ ဟယ္ရီ့ကို ပိုင္စိုးက ေနာက္
တစ္ႀကိမ္ ထပ္ေခၚလာျပန္သည္။မ်က္ႏွာေသ
ႏွင့္လွည့္ၾကည့္လာသည့္ ဟယ္ရီ့အၾကည့္ေၾကာင့္ ပိုင္စိုးကို ပ်ာယာခတ္ေစရကုန္
သည္။ပိုင္စိုးက ဟယ္ရီ့ ပခုံးႏွစ္ဖက္ကိုကိုင္လာၿပီး
စကားေတြေျပာေနေပမဲ့လည္း ဟယ္ရီမၾကားရေတာ့ပါေခ်။နားေတြ အူတက္လာသည္။
မ်က္လုံးေတြ ျပာရီလာသည္။ပိုင္စိုး အနား
ကေန ဟယ္ရီ့ကိုထြက္ေျပးခ်င္စိတ္ပင္ ျဖစ္လာ
ရေစသည္။

"ေတာ္ပါေတာ့!.."

ပိုင္စိုးကို တြန္းထုတ္လိုက္ၿပီး ဟယ္ရီေအာ္ပစ္
လိုက္သည္။မ်က္လုံးေတြကို မွိတ္ခ်ပစ္ရသည္။
ပိုင္စိုးေျပာလာမည့္ စကားသံတို႔ကို မၾကားခ်င္​ေတာ့ပါေလ။နားႏွစ္ဖက္ကို လက္ျဖင့္ဖိပိတ္
ထားမိလိုက္​၏။ဟယ္ရီ့ ပုံစံေၾကာင့္ ပိုင္စိုး
အေတာ္ေလး လန႔္သြားရသလို၊ေၾကာင္အသြား
သည္။ပိုင္စိုးအား စိုးရိမ္စ ျပဳလာေစခဲ့သည္။
အထိတ္တလန႔္ျဖင့္ ဘာကိုစိတ္ပူေနမွန္းမသိ
စိတ္ပူလာရသည္။

"ဟယ္ရီ.."

"ေတာ္ေတာ့ ပိုင္စိုး..ဆက္မေျပာလို႔ရမလား။
မဟုတ္ရင္ မင္းကိုထိုးမိေတာ့မယ္။ငါ မင္းကို မနက္ကေျပာခဲ့ၿပီးသား။မင္း လုပ္ခ်င္တာကို
သာလုပ္။မင္းေပ်ာ္တယ္မလား ဒါဆိုရင္
ၿပီးေနၿပီပဲေလ။ငါ့ကို စိတ္သက္သာရာရေအာင္ ဘာမွ ရွင္းျပေပးေနစရာမလိုဘူး။ငါ ခြင့္လႊတ္​ေပးေနတာပဲ။မင္းကို စိတ္ရွုပ္စရာေတြ မျဖစ္
ရေအာင္လို႔ ငါ..ေနေပးေနတာပဲ မဟုတ္လား"

"မဟုတ္ဘူး ဟယ္ရီ..ငါ စိတ္ေတြအရမ္းရွုပ္ေန
တယ္၊မင္း ငါနဲ႔ျပန္လိုက္ခဲ့"

"႐ုံးက လူေတြနဲ႔ ေန႔လယ္စာ လာစားတာ။ၿပီးရင္ အလုပ္ျပန္ဝင္ရမွာ မင္းနဲ႔ျပန္မလိုက္နိုင္ဘူး"

ေျပာၿပီးတာႏွင့္ ကားေပၚကေန ဟယ္ရီခ်က္
ခ်င္း ဆင္းလာမိသည္။ပိုင္စိုးက ေအာ္ေနေပမဲ့
လည္း ဟယ္ရီလွည့္မၾကည့္ျဖစ္ေပ။
ဒီေလာက္ေလးေတာ့ ဥေပကၡာျပဳလို႔ ရမယ္
မလား။ခဏေလာက္ေလးပဲ ျဖစ္ျဖစ္။ေႏြေခါင္​ေခါင္မွာ ေသခါနီးအပင္တစ္ပင္ကို ျပန္ရွင္သန္
ေအာင္ လုပ္လို႔ရတယ္။တစ္ခါေသဆုံးၿပီးသြား
တဲ့ ယုံၾကည္မွုေတြကိုေတာ့ ျပန္ရွင္သန္လာ
ေအာင္ လုပ္နိုင္ဖို႔က ခက္ခဲလြန္းတဲ့ ကိစၥပဲ။

ပန္းတစ္ပြင့္ရဲ့ ပြင့္ဖတ္ေတြက ေႂကြက်
ေနတယ္။လွပတဲ့ ပန္းပြင့္တစ္ပြင့္ဆိုတာ
ျဖစ္လာနိုင္ပါဦးမလား။မတည္နိုင္တဲ့ကတိ
ေတြက ေႂကြက်ေနတဲ့ အဲ့ဒီပြင့္ဖတ္ေတြနဲ႔
အလားသဏၭာန္တူလာခဲ့တယ္။
..
ပိုင္စိုး ကားေပၚမွာပဲ ထိုင္ေနခဲ့မိတာက ဟယ္ရီ
တို႔စားေသာက္ဆိုင္ထဲကေန ျပန္ထြက္လာၾကတဲ့
အခ်ိန္ထိပင္ျဖစ္သည္။ဟယ္ရီ့ေဘးမွ ဟယ္ရီနဲ႔
ရြယ္တူမိန္းကေလးေၾကာင့္ ပိုင္စိုး မ်က္ေမွာင္
ၾကဳတ္သြားသည္။ဟယ္ရီ့ကို ျပဳံးရႊင္ၿပီး စကားေျပာေနတဲ့ ခင္ထူးမြန္ေၾကာင့္ေရာ၊ဟယ္ရီ့ကို ၾကည့္ေနတဲ့ ဟယ္ရီ့ ညာဘက္ျခမ္းမွ ဇြဲလြန္း
ျပည့္ေၾကာင့္ပါ ပိုင္စိုးကို ေဒါသထြက္လာေစခဲ့ပုံရ​၏။

"ဟယ္ရီ..မင္းရဲ့အနားမွာ မရိုးသားတဲ့လူေတြနဲ႔"

ပိုင္စိုးက ေတာက္ခတ္ကာ အံႀကိတ္ထားလိုက္မိ
သည္။ဒီျမင္ကြင္းက သူ႔ကိုသဝန္တိုေစခဲ့ပုံေပၚ သည္။ပိုင္စိုးရဲ့ စိတ္ေတြကို မီးျမႇိုက္ေစခဲ့တဲ့
မီးစာတစ္ခုလိုပဲ။ပိုဆိုင္ရလိုျခင္းဆိုတဲ့ အတၱ
ေတြက တရစ္ရစ္ႏွင့္တိုးျမႇင့္လာရေစ​၏။
ဟယ္ရီက သူ႔ရဲ့အျမဲတမ္း လိမၼာတဲ့ေခြးလိမၼာ​ေလးပဲ ျဖစ္ေနရမွာလို႔ သူေျပာေနခဲ့လည္း ဟယ္ရီေတာ့ ၾကားနိုင္လိမ့္မည္မဟုတ္။
သဝန္တိုျခင္းရဲ့အစမွာ ပ်ာယာခတ္ျခင္းေပါင္းမ်ားစြာနဲ႔ ပိုင္စိုးကို ျဖစ္ေစခဲ့ပုံပါပဲ။
ဒါကို တန္ျပန္ပူေလာင္ရျခင္းလို႔ပဲ ေခၚရမလား။

//////////////////////////////////////
18.5.2021(Tuesday)
-လီလီဟန္-

Note-အိပ္ခ်င္မူးတူးနဲ႔စာျပန္စစ္ထားလို႔ အမွား
ပါသြားရင္ ေဗြမယူၾကပါနဲ႔ေနာ္။

Continue Reading

You'll Also Like

568K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
542K 48.5K 144
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
310K 26.7K 36
#Yizhan fiction #okipuy 9th December , 2020 ~ 1st May , 2021
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...