The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 286 (ဒီတစ်ခါအတည်)

8.6K 1.3K 116
By Sailor_Moon_94


(လြမ္းေနၾကတဲ့အေၾကာင္းခ်စ္စရာေကာမန္႔ေတြအမ်ားႀကီးေတြ႔လိုက္ရလို႔ ေစာေစာက အူေတြယားၿပီးျပန္စလိုက္မိတာပါ ဟီးဟီး ♥)







Zawgyi ver..








ေနာက္ကြယ္မွ ခံစားခ်က္အစစ္အမွန္မ်ားအား ယူေ႐ွာင္မိုတစ္ေယာက္ နားလည္သေဘာေပါက္သြားျခင္း














ခ်ိဳင္က်န္းႏွင့္ ခ်င္ခ်ိဳးတို႔အား စစ္ေဆးျပီးေနာက္ပိုင္းတြင္ မည္သည့္ၿပိဳင္ပြဲဝင္ကမွ ၎တို႔၏ ႀကိဳးစားအားထုတ္မႈ မည္မ်ွခက္ခဲေျပာင္ေျမာက္ေနပါေစ
ပြဲၾကည့္ပရိတ္သတ္အား အံ့ျသတုန္လႈပ္ျခင္းငွါ မစြမ္းႏိုင္ၾကေတာ့ေပ ။

စင္ေအာက္႐ွိ ပရိတ္သတ္မ်ားသည္ ၿပိဳင္ပြဲ၏အလားအလာအား စိတ္အားထက္သန္စြာ ေဆြးေႏြးျငင္းခုန္ေနၾကၿပီး ယခုလက္႐ွိ ဗိုလ္စြဲေနေသာ သံုးေယာက္တြင္ မည္သူက ပထမေနရာ အရယူႏိုင္မည္အား အႀကိတ္အနယ္ ခန္႔မွန္းေနၾကသည္၊ ေနာက္ႏွစ္ဆင့္ က်န္ေနေသးသျဖင့္ ငါးမွတ္ရ႐ွိထားေသာ လက္႐ွိဒုတိယ ထ်န္းဇီ႐ွင္းမွလည္း ၎တို႔အား ေက်ာ္တက္ေကာင္း ေက်ာ္တက္ကာ ပထမေနရာအား ရ႐ွိသြားႏိုင္ေသးသျဖင့္ အေျခအေနအားလည္း ပံုေသတြက္၍မရေသးေပ ။




ယူေ႐ွာင္မို မ်က္ႏွာမေကာင္းသည္ကို ျမင္ေသာအခါ ပိုင္လီေ႐ွာင္ယြီ စိတ္ပူေနေလသည္ ။

" ငါၾကားတာ ခ်ိဳင္က်န္းက မင္းကိုအႏိုင္ယူဖို႔ ေတာ္ေတာ္ေလး ျကိဳးစားထားတာတဲ့ ေ႐ွာင္မို.. အဲ့ဒါေၾကာင့္ မနက္ျဖန္ၿပိဳင္ပြဲက် မင္းပိုသတိထားတာ ေကာင္းလိမ့္မယ္ "


အမွန္ေတာ့ ယူေ႐ွာင္မို ခ်ိဳင္က်န္းအား သိပ္အာရံုမထားပါေပ၊ ယူေ႐ွာင္မိုႏွင့္ယွဥ္လ်ွင္ ၎ပိုသာသည့္ေနရာမွာ အသက္သာ႐ွိေပလိမ့္မည္၊ ထိုအစား သူ႔ထံ ေဆးဝယ္ရန္ဟုအေျကာင္းျပကာ မၾကာခဏေရာက္လာေလ့႐ွိသည့္ ခ်င္ခ်ိဳးကိုသာ ပို၍သံသယဝင္မိသည္ ။



" ခ်င္ခ်ိဳးမွာ ဘယ္လိုေနာက္ခံေတြ႐ွိေနတာလဲ "



" အဲ့ဒါက.. သူ႔ဆရာက အႀကီးအကဲရင္းေမာ့တဲ့ မင္းဆရာနဲ႔မယွဥ္ႏိုင္ရင္ေတာင္ ဒုတိယေနရာေလာက္မွာ႐ွိမယ့္ အဆင့္ျမင့္ေမွာ္ဆရာႀကီးတစ္ေယာက္ပဲ.. ခ်င္ခ်ိဳးက အႀကီးအကဲရင္းေမာ့ရဲ႕ သေဘာအက်ဆံုးတပည့္ေလ.. အဲ့ဒီေတာ့ အဆင့္တက္ဖို႔အေထာက္အကူျပဳမယ့္ အသံုးဝင္တဲ့ ပစၥည္းေကာင္းေတြအကုန္လံုး သူ႔ဆီပဲေရာက္တာေပါ့ "




ရင္းေမာ့..

ယူေ႐ွာင္မို ထိုအမည္နာမအား ဆရာမနင္က်င္းေပးေသာ ေက်ာက္စိမ္းစာလိပ္ထဲ၌ ေတြ႔ခဲ့ဖူးသည္၊ ၎နာမည္သည္ စာလိပ္ထဲ၌ ထိပ္ဆံုးက ပါဝင္၏၊ ခ်င္ခ်ိဳးတစ္ေယာက္ ဤအသက္အရြယ္တြင္ ဤမ်ွထူးခြၽန္စြာ စြမ္းေဆာင္ႏိုင္သည္မွာ မဆန္းေတာ့ေပ၊ ဆရာေကာင္းတစ္ေယာက္ ပိုင္ဆိုင္ရျခင္းသည္ ေသခ်ာေပါက္ ေကာင္းက်ိဳးမ်ားစြာ ရ႐ွိေပသည္ ။

ယူေ႐ွာင္မို သူ႔ပခံုးႏွစ္ဖက္ေပၚ႐ွိ ဖိအားမ်ား ပိုမိုမ်ားျပားလာသည္ဟု ခံစားလိုက္ရသည္၊ အစက ယံုၾကည္မႈအနည္းငယ္ ႐ွိေနခဲ့ေသးေသာ ယူေ႐ွာင္မိုသည္ ယခု ထိပ္ဆံုးသံုးေယာက္ထဲ တစ္ေနရာဝင္ရန္ ဟူေသာတာဝန္အား အလြန္အႏၲရာယ္မ်ားေသာ အလုပ္ျကီးတစ္ခုဟု ခံစားေနရသည္ ။

အေ႐ွ႕တြင္ ခ်ိဳင္က်န္းႏွင့္ခ်င္ခ်ိဳး အေနာက္တြင္ ထ်န္းဇီ႐ွင္း ယူေ႐ွာင္မိုတစ္ေယာက္ ပန္းပဲတူႏွင့္ တြင္ခံုအၾကား ညႇပ္မိေနသည္၊ သူသာ ေသခ်ာအားစိုက္မထုတ္ပါက ပထမေနရာႏွင့္ ေဝးကြာသြားမည္ျဖစ္ၿပီး အေနာက္မွလူမွလည္း သူ႔အား ေက်ာ္တက္သြားလိမ့္မည္ ျဖစ္သည္ ။

ထို႔ေၾကာင့္ ယူေ႐ွာင္မို အံႀကိတ္ကာသာ ေရရြတ္လိုက္မိသည္ ။

" ဒင္းငါ့ကို သက္သက္ဖိအားလာေပးေနတာ! "

သက္ၾကားအိုအစုတ္အျပတ္! ေစာက္အဖိုးႀကီး ဟမ္ ငါဒီလိုေတြ ၾကံဳရမယ္မွန္းသိလို႔ ႀကိဳေျပာခဲ့တာမလား?!



ယူေ႐ွာင္မို ထိုသက္ၾကားအိုအား သံသယမဝင္ခ်င္ေပ၊ သို႔ေသာ္ ဤတိုက္ဆိုင္မႈသည္ အလြန္ မသကာၤစရာ ေကာင္းေနသည္ ။




ထိုအခ်ိန္ က်န္းေ႐ွာင္ဖုန္းမွ အူတူတူႏွင့္ ဝင္ေမးလာသည္ ။

" မင္းကို ဘာဖိအားေပးတာလဲဟင္ .. "


ယူေ႐ွာင္မို ျပန္ေျဖလိုက္သည္ ။

" ငါ့ရဲ႕ အဆံုးစြန္ေသာစြမ္းအားေတြကို ထုတ္သံုးရေအာင္ ဖိအားေပးေနတာ..! "




ထိုအခ်ိန္ လင္းေ႐ွာင္မွ ..

" မင္းမွာ အဆံုးစြန္စြမ္းအားေတြ ႐ွိတယ္လား? "



" ... အာ "




" ထေတာ့.. အေဆာင္ျပန္ရေအာင္ ၿပိဳင္ပြဲကၿပီးေနၿပီ "



ခ်ိဳင္က်န္းႏွင့္ ခ်င္ခ်ိဳးတို႔အား စစ္ေဆးၿပီးေသာအခါ ၿပိဳင္ပြဲ၌ အျခား စိတ္ဝင္စားစရာ မ႐ွိေတာ့ေပ၊ မၾကာမီတြင္ အႀကီးအကဲသုန္းလင္မွလည္း ၿပိဳင္ပြဲပထမအဆင့္ ၿပီးဆံုးေၾကာင္း ေၾကညာကာ မနက္ျဖန္မနက္မွ ၿပိဳင္ပြဲျပန္စမည္ျဖစ္ေၾကာင္း ေျပာျကားလာသည္ ။

လင္းေ႐ွာင္မွ ယူေ႐ွာင္မိုအား ေျပာစရာ တစ္စံုတစ္ခု႐ွိေနေသာ္လည္း အေဆာင္မေရာက္မခ်င္း ယူေ႐ွာင္မို႔အနားသာ တဂ်ီဂ်ီကပ္ေနၾကေသာ ပိုင္လီေ႐ွာင္ယြီတို႔ေၾကာင့္ ေျပာခြင့္မသာခဲ့၊ ထို႔ေၾကာင့္..








" ခင္ဗ်ားဆိုလိုတာ ကြၽန္ေတာ့္ေမွာ္အိတ္ကို ခိုးသြားတာ ထ်န္းဇီ႐ွင္းေပါ့.. မျဖစ္ႏိုင္တာ! "

" ဘာလို႔မျဖစ္ႏိုင္ရမွာလဲ ေတာက္႐ွင္းအကယ္ဒမီမွာ ျသဇာအာဏာ႐ွိၿပီး မင္းနဲ႔မတည့္တာ မင္းအိတ္ကိုခိုးဖို႔သတၱိ႐ွိတာ ႏွစ္ေယာက္ပဲ႐ွိမယ္.. အဲ့ဒါ ထ်န္းဇီ႐ွင္းနဲ႔ ခ်ိဳင္က်န္းပဲ "

" ဒါမယ့္.. က်ေနာ့္အိတ္ကို ခိုးသြားတာေယာက္်ားႀကီးေလ.. သူ႔အစား ခ်ိဳင္က်န္းကို သံသယဝင္သင့္တာ မဟုတ္ဘူးလား "

" ထ်န္းဇီ႐ွင္းက ဒီလိုအလုပ္ေတြ ကိုယ္တိုင္လုပ္လိမ့္မယ္လို႔ မင္းထင္ေနတာလား.. သူ႔လက္႐ွိအင္အားနဲ႔ အလယ္အလတ္အဆင့္ေဆးလံုးကို ရဲရဲဝံ့ဝံ့ ေဖာ္စပ္ရဲဖို႔ဆို ခိုင္လံုတဲ့ အေၾကာင္းျပခ်က္တစ္ခုေတာ့ ေသခ်ာေပါက္ ႐ွိရမွာပဲေလ မဟုတ္ရင္ လမ္းတစ္ဝက္မွာ ႐ႈံးနိမ့္ၿပီး အကုန္လံုး ပ်က္ဆီးကုန္မွာကို အခုလိုမ်ိဳး စိတ္မပူပဲေနနိုင္မွာမဟုတ္ဘူး "


လင္းေ႐ွာင္မွ ထိုသို႔ေျပာေသာအခါ အနည္းငယ္ ျဖစ္ႏိုင္ေခ်႐ွိသလို ခံစားလိုက္ရသည္၊ ယူေ႐ွာင္မို ထိုေန႔က သူမျပဳမူသြားခဲ့ေသာ ထူးဆန္းသည့္အျပဳအမူမ်ားကိုလည္း ႐ုတ္တရက္ ျပန္သတိရလိုက္သည္၊ သူမ ထိုအခ်ိန္ကတည္းက သူ႔အိတ္အား ခိုးယူရန္ စီစဥ္ထားခဲ့ပံုရသည္၊ သို႔ေသာ္ အဘယ္ေၾကာင့္ ဤသို႔ စြန္႔စား၍ သူ႔အိတ္အားခိုးရန္ စီစဥ္ရပါသနည္း ။


ကံမေကာင္းစြာပင္ သက္ေသအေထာက္အထား ခိုင္ခိုင္လံုလံု ႐ွိမေနခဲ့သျဖင့္ ယူေ႐ွာင္မို မခန္႔မွန္းႏိုင္ေတာ့ေပ၊ သို႔ေသာ္ လင္းေ႐ွာင္ေျပာေသာစကားျဖစ္သျဖင့္ မမွားႏိုင္ေပ၊ ထို႔ေၾကာင့္ ထိုကိစၥေနာက္ကြယ္႐ွိ လက္သည္တရားခံသည္ ထ်န္းဇီ႐ွင္းပင္ ျဖစ္ရမည္ ။

" အဲ့ဒါဆို က်ေနာ္တို႔ ဒီတိုင္း ေဖာ္ထုတ္လိုက္ရင္ေကာင္းမလား "

" မင္းမွာ သက္ေသ႐ွိလို႔လား "

" မ မ႐ွိ ဘူး... "

ယူေ႐ွာင္မို႔ ေမွာ္အိတ္အတြင္း႐ွိ အဖိုးအတန္ဆံုးပစၥည္းမွာ ထိုစိတ္စြမ္းအင္အရည္ပုလင္းသာ ျဖစ္သည္၊ ထ်န္းဇီ႐ွင္းသည္လည္း ၎အိတ္အတြင္း႐ွိ အျခားပစၥည္းမ်ားအား တပ္မက္ေနလိမ့္မည္မဟုတ္၊ ထို႔ေၾကာင့္ အိတ္အား မီး႐ႈိ့ပစ္လိုက္ၿပီးေလာက္ၿပီ ျဖစ္သျဖင့္ သက္ေသရရန္မွာ မျဖစ္ႏိုင္ေတာ့ေပ၊ ထို႔ျပင္ ထိုစိတ္စြမ္းရည္ ပုလင္းအား သူ႔ဟာပါဟု သက္ေသျပရန္လည္း မျဖစ္ႏိုင္၊ ထို႔ေၾကာင့္ သူမအား သြားစြပ္စြဲပါက အထိနာမည့္သူမွာ ကိုယ္တိုင္ပင္ ျဖစ္သည္ ။

" အဲ့ဒါဆို ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရမွာလဲ.. ထ်န္းဇီ႐ွင္းကို ဒီအတိုင္း လႊတ္ေပးလိုက္ရမယ္လို႔ေတာ့ မေျပာနဲ႔ေနာ္ "

သူမသည္ ေဆးေဖာ္ေနစဥ္အတြင္း ေဆးလံုးအား အဆင့္နိမ့္မွ အလယ္အလတ္အဆင့္သို႔ ျမႇင့္တင္ရန္ ေဆးရည္ငါးစက္ခန္႔ ထည့္သြင္းခဲ့သည္၊ ထိုပမာဏသည္ မ်ားသည္ဟု မဆိုသာေသာ္လည္း သူ႔ေဆးရည္မ်ားအား အသံုးျပဳ၍ အမွတ္ငါးမွတ္ ရယူခဲ့သည္အား ေတြးမိလ်ွင္ ယူေ႐ွာင္မိုတစ္ေယာက္ အျမတ္ထုတ္ခံလိုက္ရသကဲ့သို႔ ခံစားရကာ မည္သို႔မ်ွ အခဲမေက်ႏိုင္ပါေပ ။



" ကိုယ္အရင္ကမေျပာခဲ့ဘူးလား သူ႔ကိုသြားသတ္ေပးပါ႔မယ္လို႔ေလ .. ဒါမယ့္အဲ့တုန္းက ကိုယ့္ကို တားခဲ့တာဘယ္သူတဲ့တုန္း တစ္ခုခုေျဖျကည့္ပါဦး.. "






လင္းေ႐ွာင္မွ ထို႔သို႔ရန္စေသာအခါ ယူေ႐ွာင္မိုတစ္ေယာက္ မ်က္ႏွာျကီး႐ႈံ့မဲ့လာကာ စကားလမ္းေၾကာင္း လႊဲေလေတာ့သည္ ။



" ဒါေတာက္႐ွင္းအကယ္ဒမီေနာ္ ခင္ဗ်ား ခဏခဏလူသတ္မယ္လို႔ ေျပာေနတာေတြ ေတာ္သင့္ေနၿပီ! အဲ့ကိစၥကို ထားလိုက္ေတာ့ အသံုးခ်မယ္ဆိုလဲခ်ပါေစ အေထြအထူးမွမဟုတ္တာပဲ ကြၽန္ေတာ္ မနက္ျဖန္ၿပိဳင္ပြဲက် ပိုႀကိဳးစားမယ္ တျခားသူေတြကိုမႏိုင္ရင္ေတာင္ သူ႔ကိုေတာ့ႏိုင္ေအာင္လုပ္ပီး နင္းေျခပစ္မယ္! ျပီးရင္ ကြၽန္ေတာ့္ေဆးရည္ေတြက သူခိုးသံုးခ်င္တိုင္း သံုးလို႔မရဘူးဆိုတာ သိသြားေအာင္ ဆံုးမပစ္မယ္! "





လင္းေ႐ွာင္မွ ျပံဳးစစျဖင့္ျကည့္ေနရာမွ ေထာက္ခံေပးသည္ ။

" မင္းသေဘာ မင္းသေဘာ စိတ္တိုင္းက်သာလုပ္ "











ထိုစဥ္ ဖီခ်ိဳႏွင့္ေၾကာင္ေဘာလံုးတို႔ ၎တို႔အနား ေရာက္လာကာ ယူေ႐ွာင္မိုအား ပတ္လည္ဝိုင္း၍ လွည့္ပတ္ခုန္ေပါက္ၾကေလသည္ ။

ယူေ႐ွာင္မို ၎တို႔မည္သည့္အရာလိုခ်င္ေနသည္အား မစဥ္းစားပဲႏွင့္ တန္းသိလိုက္သည္၊ ထို႔ေၾကာင့္ ၎တို႔ႏွစ္ေကာင္အား မ်က္လံုးဝင့္ကာ တစ္ခ်က္ၾကည့္လိုက္သည္ ။




" မင္းတို႔ႏွစ္ေကာင္ မေန႔ကပဲစားထားတယ္ေလ အခုထပ္စားခ်င္ေနျပန္ပီလား.. မရဘူး! "


ယူေ႐ွာင္မို ၎တို႔ႏွစ္ေကာင္အား အျပတ္ျငင္းၿပီး တစ္ခ်က္မွပင္ လွည့္မၾကည့္ပဲ အေပၚထပ္သို႔ တက္သြားေလ၏ ထိုအခါ ဖီခ်ိဳႏွင့္ ေၾကာင္ေဘာလံုးတို႔လည္း ၾကမ္းျပင္ေပၚသို႔ စိတ္ပ်က္လက္ပ်က္ျဖင့္ ၿပိဳင္တူ ထိုင္ခ်လိုက္ၾကသည္၊ ဖီခ်ိဳသည္ အေပၚတက္သြားေသာ သူ႔သခင္၏ ေနာက္ေက်ာဘက္အား ဝမ္းနည္းစြာၾကည့္လ်က္ ေၾကာင္ေဘာလံုးအား လွမ္းနႇစ္သိမ့္ေလလည္ ။

" ကေလးေလး.. ငါတို႔ေနာက္တစ္ခါ သခင္ေလးစိတ္ၾကည္တဲ့အခ်ိန္မွ ထပ္ႀကိဳးစားၾကည့္မယ္ေလ "

" ေျမႇာင္~ "

(ဟုတ္ကဲ့ပါ..)






ထိုစဥ္ ေအးစက္စက္ႏိုင္လွေသာ ေ႐ွာင္ေဟးမွ ေရရြတ္လိုက္သည္ ။


" အ႐ူးႏွစ္ေကာင္! "


... .........




ေနာက္တစ္ေန႔တြင္ ယူေ႐ွာင္မို အရည္အခ်င္းစစ္ၿပိဳင္ပြဲ ဒုတိယအဆင့္အား ဝင္ၿပိဳင္ရန္အသြား စိတ္ထဲ၌ စိုးရိမ္ေၾကာင့္ၾကမႈမ်ား အနည္းငယ္ ခံစားေနသည္ ။



ဒုတိယအဆင့္ ၿပိဳင္ပြဲပံုစံသည္ ယူေ႐ွာင္မို ယခင္က ယွဥ္ၿပိဳင္ခဲ့ဖူးေသာ ေက်ာင္းဝင္ခြင့္စာေမးပြဲ စစ္ေဆးပံုႏွင့္မတူေပ၊ ၎သည္ ေဆးလံုးေဖာ္စပ္ျခင္း ေဆးပင္အညစ္အေၾကး သန္႔စင္ျခင္းတို႔ႏွင့္ မသက္ဆိုင္ပဲ ေမွာ္ဆရာကိုယ္တိုင္၏ ဝိဥာဥ္ႏွင့္သာ သက္ဆိုင္သည္ ။






ေမွာ္ဆရာတစ္ဦးအတြက္ ဝိဥာဥ္စြမ္းအားမွာ အေျခခံအက်ဆံုးအရာျဖစ္ေၾကာင္း လူတိုင္းသိထားၾကသည္၊ ဝိဥာဥ္စြမ္းအား သန္မာေလ ထိန္းခ်ဳပ္ႏိုင္စြမ္းႏွင့္ ထိုးထြင္းသိျမင္ႏိုင္စြမ္းတို႔ အားေကာင္းေလေလျဖစ္သည္၊ အားေကာင္းေသာ ဝိဥာဥ္စြမ္းအား အရင္းအျမစ္႐ွိျခင္းသည္ ၎ေမွာ္ဆရာ၏ က်င့္ၾကံျခင္းလမ္းစဥ္အား ပိုမိုေျဖာင့္ျဖဴးေစရန္ အေထာက္အကူျပဳႏိုင္သည္ ။

ထို႔ေၾကာင့္ ယခုၿပိဳင္ပြဲ၏ အဓိကရည္ရြယ္ခ်က္သည္ ေမွာ္ဆရာမ်ား၏ ကိုယ္ပိုင္ဝိဥာဥ္စြမ္းအားအား စစ္ေဆးရန္ျဖစ္သည္ ။



ၿပိဳင္ပြဲ၏ ဒုတိယအဆင့္အား ေက်ာင္း႐ွိ အႀကီးဆံုးခန္းမတစ္ခု၌ က်င္းပေလသည္၊ ယူေ႐ွာင္မို ထိုခန္းမအတြင္းသို႔ ဝင္လိုက္ၿပီးေနာက္ ထ်န္းဇီ႐ွင္းႏွင့္ ခ်ိဳင္က်န္းတို႔လည္း အသီးသီး ေယာက္႐ွိလာၾကသည္ ။







" အတန္းေဖာ္ေလး ဒီေန႔အေကာင္းဆံုးႀကိဳးစားရမယ္ေနာ္.. ဘာလို႔ဆို ငါကမင္းကိုလံုးဝ အေလ်ွာ့ေပးမွာမဟုတ္လို႔.. "


ေစာင့္ၾကည့္ေနေသာ မ်က္လံုးေပါင္းမ်ားစြာေအာက္တြင္ပင္ ခ်င္ခ်ိဳးမွ သူ႔ဆီတည့္တည့္ေလ်ွာက္လာကာ နႈတ္ဆက္၏၊ သို႔ေသာ္ သူမ၏ေလသံထဲတြင္ ယူေ႐ွာင္မိုအား ရန္လိုသည့္အရိပ္အေယာင္ စိုးစိမ်ွ မပါဝင္ေပ ။




ယူေ႐ွာင္မို လင္းေ႐ွာင္႐ွိရာဘက္သို႔ လွမ္းလွည့္ၾကည့္လိုက္သည္၊ ၎ထံ၌ မည္သည့္အမူအယာမ်ွ မေတြ႔ရေသာအခါမွသာ ခ်င္ခ်ိဳးထံသို႔ စကားျပန္ရသည္ ။

" ကြၽန္ေတာ္ အေကာင္းဆံုးျကဳိးစားမွာပါ "




အျခားသူကပဲ ငါ့ကိုအေလ်ာ့ေပးရဦးမယ္တဲ့.. ငါ့ပံုစံကဦးစားေပးဖို႔လိုအပ္ေနတဲ့ အားႏြဲ႔တဲ့သူေတြနဲ႔မ်ား တူေနလို႔လား ဟြန္႔!





သူ၏လက္႐ွိအဆင့္မွာ ခ်ိဳင္က်န္းႏွင့္ ခ်င္ခ်ိဳးတို႔ေလာက္ မျမင့္ေသးသည္ မွန္ေသာ္လည္း ၿပိဳင္ပြဲရလဒ္ မည္သို႔ထြက္လာမည္ကိုေတာ့ ပိုင္ေသတြက္ခ်က္၍ မရႏိုင္ေသးေပ၊ ခ်င္ခ်ိဳးမွ ယူေ႐ွာင္မိုတစ္ေယာက္ စကားေျပာရန္စိတ္မပါသည္ကို ျမင္ေသာအခါ အျခားအလာပသလာပစကား အနည္းငယ္ေျပာၿပီးေနာက္ ျပန္ထြက္သြား၏ ။




ယူေ႐ွာင္မို ထိုမွသာ သက္ျပင္းခ်ႏိုင္ေတာ့သည္၊ အဘယ္ေၾကာင့္ဆို လင္းေ႐ွာင္မွ တစ္ခ်ိန္လံုး သူမအားအလိုမ႐ွိေၾကာင္း အမ်ိဳးမ်ိဳး ဆႏၵျပေနသည္ ။








ေဘးတြင္႐ွိေသာ ပိုင္လီေ႐ွာင္ယြီသည္ ယခုျဖစ္ပ်က္သြားေသာ ကိစၥအား လံုးဝနားမလည္ပါေခ်၊ ထို႔ေၾကာင့္ အူေၾကာင္ေၾကာင္ျဖင့္ ေမးလာ၏ ။


" ေ႐ွာင္မို သူဘာလို႔မင္းကိုစကားလာေျပာတာလဲ! မင္းတို႔ႏွစ္ေယာက္က အရင္တည္းက အခ်င္းခ်င္းသိေနၾကတာလား? "


ယူေ႐ွာင္မိုမွ စိတ္မသက္မသာျဖစ္ေနဟန္ျဖင့္ ျပန္ေျဖသည္ ။

" သူငါ့ဆီကေဆးလံုးနည္းနည္းဝယ္ဖူးရံုပါ ငါတို႔အဲ့ေလာက္ မရင္းႏွီးၾကဘူး "



က်န္းေ႐ွာင္ဖုန္းမွ ဆက္ေမးသည္ ။

" ဒါမယ့္ သူစကားေျပာသြားတဲ့ေလသံက မင္းနဲ႔အရမ္းရင္းႏွီးတဲ့ ပံုမ်ိဳးပဲေနာ္ "

ပိုင္လီေ႐ွာင္ယြီ ၎အား ခ်က္ခ်င္းပင္ လက္မေထာင္ျပလိုက္သည္၊ အမွန္ပင္၊ သူလည္း ထိုကဲ့သို႔ ခံစားခဲ့ရသည္ေလ ။





ယူေ႐ွာင္မိုကိုယ္တိုင္လည္း ထိုကိစၥႏွင့္ပတ္သက္၍ သိပ္နားမလည္ေပ ။

" အဲ့ဒါဆိုလည္း သူ႔ကိုပဲကိုယ္တိုင္ သြားေမးၾကည့္ၾကကြာ.. ငါကေတာ့သူနဲ႔လံုးဝမရင္းႏွီးဘူး သူဘာလို႔ငါနဲ႔စကားလာေျပာတိုင္း အရမ္းရင္းႏွီးတဲ့ပံုလုပ္ေနလဲဆိုတာလည္း ငါနားမလည္ဘူး အမွန္အတိုင္းေျပာရရင္ သူနဲ႔ငါ ေတြ႕ဖူးတဲ့အႀကိမ္အေရအတြက္ကလည္း လက္တစ္ဖက္စာေတာင္မျပည့္ဘူး "



ထိုအခါ က်န္းေ႐ွာင္ဖုန္းမွ တစ္စံုတစ္ခုအား ေတြးမိသြားဟန္ရၿပီး သူ၏အေတြးအား ထုတ္ေမးလာသည္ ။

" ျဖစ္ႏိုင္တာကသူ.. သူမင္းကို ႀကိဳက္ေနတာထင္တယ္! "






" လာေနာက္ေနတာလား ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ!!? "

ယူေ႐ွာင္မို ထိပ္ထိပ္ျပာျပာျဖင့္ ေအာ္ထုတ္လိုက္ကာ လင္းေ႐ွာင္ကိုလည္း ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ လွမ္းၾကည့္လိုက္မိသည္၊ ၎၏ နဂိုမူလ လူတိုင္းအား ဂ႐ုမစိုက္ဟန္ အမူအယာမွ အနည္းငယ္ ေျပာင္းလဲသြားသည္ကို ျမင္ေသာအခါ ပို၍ပင္ ေၾကာက္ရြံ႕လာရသည္၊ ယူေ႐ွာင္မို၏ ေအာ္သံသည္ နံေဘး႐ွိ ေစာင့္ၾကည့္ေနသူအေပါင္း၏အာရံုအား ဖမ္းစားလိုက္သလို ျဖစ္သြားသည္ ။




ယူေ႐ွာင္မို၏ ျဖစ္ပ်က္ေနပံုအားၾကည့္ရင္း က်န္းေ႐ွာင္ဖုန္းတစ္ေယာက္ ေၾကာက္လန္႔ကာ ေနရာမွ ထြက္ေျပးခ်င္စိတ္ပင္ေပါက္လာသည္ ။

" ငါ .. .. ငါက ဒီအတိုင္း ခန္႔မွန္းလိုက္ရံုပါ.. "







အတန္ၾကာမွ ယူေ႐ွာင္မို နဖူးေပၚ႐ွိ ေခြၽးသီးေခြၽးေပါက္မ်ား ဖယ္သုတ္ရင္း ျပန္ေျဖသည္ ။

" ေနာက္တစ္ခါ ငါ့ကိုအဲ့လို ထိတ္လန္႔စရာေတြ လာမေျပာနဲ႔! "





က်န္းေ႐ွာင္ဖုန္းႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔ တစ္ေယာက္ကိုတစ္ေယာက္ နားမလည္ႏိုင္ေသာ အမူအယာမ်ိဳးျဖင့္ ၾကည့္လိုက္မိၾကသည္၊ ခ်င္ခ်ိဳးကဲ့သို႔ မိန္းမလွေလးတစ္ဦးမွ သေဘာက်ေကာင္း က်ႏိုင္ေလာက္သည္ဟု ေျပာလိုက္မိသည္အား အဘယ္ေၾကာင့္ ဤမ်ွအထိ ျဖစ္ပ်က္သြားရပါသနည္း၊ သူမသည္ ယူေ႐ွာင္မိုတို႔ထက္ အနည္းငယ္ အသက္ႀကီးသည္မွန္ေသာ္လည္း လွပသိမ္ေမြ႔ကာ အရည္အခ်င္း ႐ွိသည္၊ သို႔ေသာ္ ယူေ႐ွာင္မိုမွ မျဖစ္ႏိုင္ဟု ေျပာသျဖင့္ ၎တို႔ႏွစ္ေယာက္မွ ယူေ႐ွာင္မို႔စကားကိုသာ ယံုၾကည္ျကရေတာ့မည္ ျဖစ္သည္ ။



ယူေ႐ွာင္မိုတစ္ေယာက္ အေၾကာက္အကန္ျငင္းလႊတ္လိုက္ေသာ္လည္း စိတ္ထဲတြင္ေတာ့ က်န္းေ႐ွာင္ဖုန္း၏ စကားမ်ားအား ျပန္စဥ္းစားေနမိသည္ ။

ယခင္က ခ်င္ခ်ိဳး၏ ထူးဆန္းေသာ အျပဳအမူမ်ားအား ျပန္စဥ္းစားၾကည့္လ်ွင္ ၎တို႔ႏွစ္ေယာက္မွာ လံုးဝ မရင္းႏွီးေသာ္လည္း ခ်င္ခ်ိဳးမွ သူႏွင့္ေတြ႔သည့္အခါတိုင္း အလြန္ရင္းႏွီးသည့္ ေလသံမ်ိဳးသံုးကာ ၎တို႔ႏွစ္ေယာက္အၾကား အလြန္ခင္မင္ရင္းႏွီးသည့္ မိတ္ရင္းေဆြရင္းသဖြယ္ အေနအထားတစ္ခုအား ဇြတ္အတင္း ဖန္တီးေလ့႐ွိသည္၊ တစ္ခါတစ္ရံ သူ႔အား အီစီကလီလုပ္ေနသကဲ့သို႔ ခံစားခ်က္မ်ိဳးကိုပင္ ခံစားရေစေသးသည္ ။





ထို႔ေနာက္ ယူေ႐ွာင္မို လင္းေ႐ွာင္အား လွည့္ေမးလိုက္သည္ ။

" ခင္ဗ်ားေရာ ဒီကိစၥကို အေစာႀကီးကတည္းက သိေနတာလား.. "



လင္းေ႐ွာင္မွ အျပံဳးမမည္ေသာ အျပံဳးတစ္ခုအား ဆင္းျမန္းလ်က္ သူ၏နားနားသို႔ ငံု့ကိုင္းလာသည္ ။

" ကိုယ္သိထားတယ္ဆိုရင္ေရာ..? "






"အင္း.. ဘာ.. ဘာမွ မဟုတ္ေတာ့ဘူး.. "


လင္းေ႐ွာင္သိထားတယ္ဆိုရင္ေရာ.. ငါကဘာလုပ္လို႔ရမွာတဲ့တုန္း?!




အဟင္း.. အနည္းဆံုးေတာ့ လင္းေ႐ွာင္ႀကီး သဝန္တိုေနတဲ့အေၾကာင္း ေလွာင္လို႔ရတယ္ေလ.... အင္း.. စိတ္ထဲမွာေပါ့..







ခ်င္ခ်ိဳးမွ သူ႔အားႀကိဳက္ေနသည္ဟု သိလိုက္ရသျဖင့္ အနည္းငယ္ အံ့ျသသြားေသာ္လည္း လင္းေ႐ွာင္မွ သူ႔အား သဝန္တိုေနသည့္အေၾကာင္း ေတြးမိေသာအခါ ယူေ႐ွာင္မို စိတ္ထဲ၌ ႀကိတ္၍ဝမ္းသာေနမိသည္ ။









ထို႔ေနာက္ အခ်ိန္ဆယ္မိနစ္ခန္႔ၾကာၿပီးေနာက္တြင္ တန္းခြဲႏွစ္ အရည္အခ်င္းစစ္ၿပိဳင္ပြဲ ဒုတိယအဆင့္အား စတင္ရန္ အႀကီးအကဲငါးမွ စင္ေပၚသို႔ စိတ္လႈပ္႐ွား ေပ်ာ္ရႊင္စြာျဖင့္ တတ္လာေလသည္ ။






















#15.4.2021

Long time no see ♥

________________











(လွမ်းနေကြတဲ့အကြောင်းချစ်စရာကောမန့်တွေအများကြီးတွေ့လိုက်ရလို့ စောစောက အူတွေယားပြီးပြန်စလိုက်မိတာပါ ဟီးဟီး ♥)


Unicode ver..





နောက်ကွယ်မှ ခံစားချက်အစစ်အမှန်များအား ယူရှောင်မိုတစ်ယောက် နားလည်သဘောပေါက်သွားခြင်း










ချိုင်ကျန်းနှင့် ချင်ချိုးတို့အား စစ်ဆေးပြီးနောက်ပိုင်းတွင် မည်သည့်ပြိုင်ပွဲဝင်ကမှ ၎င်းတို့၏ ကြိုးစားအားထုတ်မှု မည်မျှခက်ခဲပြောင်မြောက်နေပါစေ
ပွဲကြည့်ပရိတ်သတ်အား အံ့သြတုန်လှုပ်ခြင်းငှါ မစွမ်းနိုင်ကြတော့ပေ ။

စင်အောက်ရှိ ပရိတ်သတ်များသည် ပြိုင်ပွဲ၏အလားအလာအား စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုန်နေကြပြီး ယခုလက်ရှိ ဗိုလ်စွဲနေသော သုံးယောက်တွင် မည်သူက ပထမနေရာ အရယူနိုင်မည်အား အကြိတ်အနယ် ခန့်မှန်းနေကြသည်၊ နောက်နှစ်ဆင့် ကျန်နေသေးသဖြင့် ငါးမှတ်ရရှိထားသော လက်ရှိဒုတိယ ထျန်းဇီရှင်းမှလည်း ၎င်းတို့အား ကျော်တက်ကောင်း ကျော်တက်ကာ ပထမနေရာအား ရရှိသွားနိုင်သေးသဖြင့် အခြေအနေအားလည်း ပုံသေတွက်၍မရသေးပေ ။




ယူရှောင်မို မျက်နှာမကောင်းသည်ကို မြင်သောအခါ ပိုင်လီရှောင်ယွီ စိတ်ပူနေလေသည် ။

" ငါကြားတာ ချိုင်ကျန်းက မင်းကိုအနိုင်ယူဖို့ တော်တော်လေး ကြိုးစားထားတာတဲ့ ရှောင်မို.. အဲ့ဒါကြောင့် မနက်ဖြန်ပြိုင်ပွဲကျ မင်းပိုသတိထားတာ ကောင်းလိမ့်မယ် "


အမှန်တော့ ယူရှောင်မို ချိုင်ကျန်းအား သိပ်အာရုံမထားပါပေ၊ ယူရှောင်မိုနှင့်ယှဉ်လျှင် ၎င်းပိုသာသည့်နေရာမှာ အသက်သာရှိပေလိမ့်မည်၊ ထိုအစား သူ့ထံ ဆေးဝယ်ရန်ဟုအကြောင်းပြကာ မကြာခဏရောက်လာလေ့ရှိသည့် ချင်ချိုးကိုသာ ပို၍သံသယဝင်မိသည် ။



" ချင်ချိုးမှာ ဘယ်လိုနောက်ခံတွေရှိနေတာလဲ "



" အဲ့ဒါက.. သူ့ဆရာက အကြီးအကဲရင်းမော့တဲ့ မင်းဆရာနဲ့မယှဉ်နိုင်ရင်တောင် ဒုတိယနေရာလောက်မှာရှိမယ့် အဆင့်မြင့်မှော်ဆရာကြီးတစ်ယောက်ပဲ.. ချင်ချိုးက အကြီးအကဲရင်းမော့ရဲ့ သဘောအကျဆုံးတပည့်လေ.. အဲ့ဒီတော့ အဆင့်တက်ဖို့အထောက်အကူပြုမယ့် အသုံးဝင်တဲ့ ပစ္စည်းကောင်းတွေအကုန်လုံး သူ့ဆီပဲရောက်တာပေါ့ "




ရင်းမော့..

ယူရှောင်မို ထိုအမည်နာမအား ဆရာမနင်ကျင်းပေးသော ကျောက်စိမ်းစာလိပ်ထဲ၌ တွေ့ခဲ့ဖူးသည်၊ ၎င်းနာမည်သည် စာလိပ်ထဲ၌ ထိပ်ဆုံးက ပါဝင်၏၊ ချင်ချိုးတစ်ယောက် ဤအသက်အရွယ်တွင် ဤမျှထူးချွန်စွာ စွမ်းဆောင်နိုင်သည်မှာ မဆန်းတော့ပေ၊ ဆရာကောင်းတစ်ယောက် ပိုင်ဆိုင်ရခြင်းသည် သေချာပေါက် ကောင်းကျိုးများစွာ ရရှိပေသည် ။

ယူရှောင်မို သူ့ပခုံးနှစ်ဖက်ပေါ်ရှိ ဖိအားများ ပိုမိုများပြားလာသည်ဟု ခံစားလိုက်ရသည်၊ အစက ယုံကြည်မှုအနည်းငယ် ရှိနေခဲ့သေးသော ယူရှောင်မိုသည် ယခု ထိပ်ဆုံးသုံးယောက်ထဲ တစ်နေရာဝင်ရန် ဟူသောတာဝန်အား အလွန်အန္တရာယ်များသော အလုပ်ကြီးတစ်ခုဟု ခံစားနေရသည် ။

အရှေ့တွင် ချိုင်ကျန်းနှင့်ချင်ချိုး အနောက်တွင် ထျန်းဇီရှင်း ယူရှောင်မိုတစ်ယောက် ပန်းပဲတူနှင့် တွင်ခုံအကြား ညှပ်မိနေသည်၊ သူသာ သေချာအားစိုက်မထုတ်ပါက ပထမနေရာနှင့် ဝေးကွာသွားမည်ဖြစ်ပြီး အနောက်မှလူမှလည်း သူ့အား ကျော်တက်သွားလိမ့်မည် ဖြစ်သည် ။

ထို့ကြောင့် ယူရှောင်မို အံကြိတ်ကာသာ ရေရွတ်လိုက်မိသည် ။

" ဒင်းငါ့ကို သက်သက်ဖိအားလာပေးနေတာ! "

သက်ကြားအိုအစုတ်အပြတ်! စောက်အဖိုးကြီး ဟမ် ငါဒီလိုတွေ ကြုံရမယ်မှန်းသိလို့ ကြိုပြောခဲ့တာမလား?!



ယူရှောင်မို ထိုသက်ကြားအိုအား သံသယမဝင်ချင်ပေ၊ သို့သော် ဤတိုက်ဆိုင်မှုသည် အလွန် မသကာၤစရာ ကောင်းနေသည် ။




ထိုအချိန် ကျန်းရှောင်ဖုန်းမှ အူတူတူနှင့် ဝင်မေးလာသည် ။

" မင်းကို ဘာဖိအားပေးတာလဲဟင် .. "


ယူရှောင်မို ပြန်ဖြေလိုက်သည် ။

" ငါ့ရဲ့ အဆုံးစွန်သောစွမ်းအားတွေကို ထုတ်သုံးရအောင် ဖိအားပေးနေတာ..! "




ထိုအချိန် လင်းရှောင်မှ ..

" မင်းမှာ အဆုံးစွန်စွမ်းအားတွေ ရှိတယ်လား? "



" ... အာ "




" ထတော့.. အဆောင်ပြန်ရအောင် ပြိုင်ပွဲကပြီးနေပြီ "



ချိုင်ကျန်းနှင့် ချင်ချိုးတို့အား စစ်ဆေးပြီးသောအခါ ပြိုင်ပွဲ၌ အခြား စိတ်ဝင်စားစရာ မရှိတော့ပေ၊ မကြာမီတွင် အကြီးအကဲသုန်းလင်မှလည်း ပြိုင်ပွဲပထမအဆင့် ပြီးဆုံးကြောင်း ကြေညာကာ မနက်ဖြန်မနက်မှ ပြိုင်ပွဲပြန်စမည်ဖြစ်ကြောင်း ပြောကြားလာသည် ။

လင်းရှောင်မှ ယူရှောင်မိုအား ပြောစရာ တစ်စုံတစ်ခုရှိနေသော်လည်း အဆောင်မရောက်မချင်း ယူရှောင်မို့အနားသာ တဂျီဂျီကပ်နေကြသော ပိုင်လီရှောင်ယွီတို့ကြောင့် ပြောခွင့်မသာခဲ့၊ ထို့ကြောင့်..








" ခင်ဗျားဆိုလိုတာ ကျွန်တော့်မှော်အိတ်ကို ခိုးသွားတာ ထျန်းဇီရှင်းပေါ့.. မဖြစ်နိုင်တာ! "

" ဘာလို့မဖြစ်နိုင်ရမှာလဲ တောက်ရှင်းအကယ်ဒမီမှာ သြဇာအာဏာရှိပြီး မင်းနဲ့မတည့်တာ မင်းအိတ်ကိုခိုးဖို့သတ္တိရှိတာ နှစ်ယောက်ပဲရှိမယ်.. အဲ့ဒါ ထျန်းဇီရှင်းနဲ့ ချိုင်ကျန်းပဲ "

" ဒါမယ့်.. ကျနော့်အိတ်ကို ခိုးသွားတာယောက်ျားကြီးလေ.. သူ့အစား ချိုင်ကျန်းကို သံသယဝင်သင့်တာ မဟုတ်ဘူးလား "

" ထျန်းဇီရှင်းက ဒီလိုအလုပ်တွေ ကိုယ်တိုင်လုပ်လိမ့်မယ်လို့ မင်းထင်နေတာလား.. သူ့လက်ရှိအင်အားနဲ့ အလယ်အလတ်အဆင့်ဆေးလုံးကို ရဲရဲဝံ့ဝံ့ ဖော်စပ်ရဲဖို့ဆို ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့ သေချာပေါက် ရှိရမှာပဲလေ မဟုတ်ရင် လမ်းတစ်ဝက်မှာ ရှုံးနိမ့်ပြီး အကုန်လုံး ပျက်ဆီးကုန်မှာကို အခုလိုမျိုး စိတ်မပူပဲနေနိုင်မှာမဟုတ်ဘူး "


လင်းရှောင်မှ ထိုသို့ပြောသောအခါ အနည်းငယ် ဖြစ်နိုင်ချေရှိသလို ခံစားလိုက်ရသည်၊ ယူရှောင်မို ထိုနေ့က သူမပြုမူသွားခဲ့သော ထူးဆန်းသည့်အပြုအမူများကိုလည်း ရုတ်တရက် ပြန်သတိရလိုက်သည်၊ သူမ ထိုအချိန်ကတည်းက သူ့အိတ်အား ခိုးယူရန် စီစဉ်ထားခဲ့ပုံရသည်၊ သို့သော် အဘယ်ကြောင့် ဤသို့ စွန့်စား၍ သူ့အိတ်အားခိုးရန် စီစဉ်ရပါသနည်း ။


ကံမကောင်းစွာပင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိမနေခဲ့သဖြင့် ယူရှောင်မို မခန့်မှန်းနိုင်တော့ပေ၊ သို့သော် လင်းရှောင်ပြောသောစကားဖြစ်သဖြင့် မမှားနိုင်ပေ၊ ထို့ကြောင့် ထိုကိစ္စနောက်ကွယ်ရှိ လက်သည်တရားခံသည် ထျန်းဇီရှင်းပင် ဖြစ်ရမည် ။

" အဲ့ဒါဆို ကျနော်တို့ ဒီတိုင်း ဖော်ထုတ်လိုက်ရင်ကောင်းမလား "

" မင်းမှာ သက်သေရှိလို့လား "

" မ မရှိ ဘူး... "

ယူရှောင်မို့ မှော်အိတ်အတွင်းရှိ အဖိုးအတန်ဆုံးပစ္စည်းမှာ ထိုစိတ်စွမ်းအင်အရည်ပုလင်းသာ ဖြစ်သည်၊ ထျန်းဇီရှင်းသည်လည်း ၎င်းအိတ်အတွင်းရှိ အခြားပစ္စည်းများအား တပ်မက်နေလိမ့်မည်မဟုတ်၊ ထို့ကြောင့် အိတ်အား မီးရှို့ပစ်လိုက်ပြီးလောက်ပြီ ဖြစ်သဖြင့် သက်သေရရန်မှာ မဖြစ်နိုင်တော့ပေ၊ ထို့ပြင် ထိုစိတ်စွမ်းရည် ပုလင်းအား သူ့ဟာပါဟု သက်သေပြရန်လည်း မဖြစ်နိုင်၊ ထို့ကြောင့် သူမအား သွားစွပ်စွဲပါက အထိနာမည့်သူမှာ ကိုယ်တိုင်ပင် ဖြစ်သည် ။

" အဲ့ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ.. ထျန်းဇီရှင်းကို ဒီအတိုင်း လွှတ်ပေးလိုက်ရမယ်လို့တော့ မပြောနဲ့နော် "

သူမသည် ဆေးဖော်နေစဉ်အတွင်း ဆေးလုံးအား အဆင့်နိမ့်မှ အလယ်အလတ်အဆင့်သို့ မြှင့်တင်ရန် ဆေးရည်ငါးစက်ခန့် ထည့်သွင်းခဲ့သည်၊ ထိုပမာဏသည် များသည်ဟု မဆိုသာသော်လည်း သူ့ဆေးရည်များအား အသုံးပြု၍ အမှတ်ငါးမှတ် ရယူခဲ့သည်အား တွေးမိလျှင် ယူရှောင်မိုတစ်ယောက် အမြတ်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားရကာ မည်သို့မျှ အခဲမကျေနိုင်ပါပေ ။



" ကိုယ်အရင်ကမပြောခဲ့ဘူးလား သူ့ကိုသွားသတ်ပေးပါ့မယ်လို့လေ .. ဒါမယ့်အဲ့တုန်းက ကိုယ့်ကို တားခဲ့တာဘယ်သူတဲ့တုန်း တစ်ခုခုဖြေကြည့်ပါဦး.. "






လင်းရှောင်မှ ထို့သို့ရန်စသောအခါ ယူရှောင်မိုတစ်ယောက် မျက်နှာကြီးရှုံ့မဲ့လာကာ စကားလမ်းကြောင်း လွှဲလေတော့သည် ။



" ဒါတောက်ရှင်းအကယ်ဒမီနော် ခင်ဗျား ခဏခဏလူသတ်မယ်လို့ ပြောနေတာတွေ တော်သင့်နေပြီ! အဲ့ကိစ္စကို ထားလိုက်တော့ အသုံးချမယ်ဆိုလဲချပါစေ အထွေအထူးမှမဟုတ်တာပဲ ကျွန်တော် မနက်ဖြန်ပြိုင်ပွဲကျ ပိုကြိုးစားမယ် တခြားသူတွေကိုမနိုင်ရင်တောင် သူ့ကိုတော့နိုင်အောင်လုပ်ပီး နင်းခြေပစ်မယ်! ပြီးရင် ကျွန်တော့်ဆေးရည်တွေက သူခိုးသုံးချင်တိုင်း သုံးလို့မရဘူးဆိုတာ သိသွားအောင် ဆုံးမပစ်မယ်! "





လင်းရှောင်မှ ပြုံးစစဖြင့်ကြည့်နေရာမှ ထောက်ခံပေးသည် ။

" မင်းသဘော မင်းသဘော စိတ်တိုင်းကျသာလုပ် "











ထိုစဉ် ဖီချိုနှင့်ကြောင်ဘောလုံးတို့ ၎င်းတို့အနား ရောက်လာကာ ယူရှောင်မိုအား ပတ်လည်ဝိုင်း၍ လှည့်ပတ်ခုန်ပေါက်ကြလေသည် ။

ယူရှောင်မို ၎င်းတို့မည်သည့်အရာလိုချင်နေသည်အား မစဉ်းစားပဲနှင့် တန်းသိလိုက်သည်၊ ထို့ကြောင့် ၎င်းတို့နှစ်ကောင်အား မျက်လုံးဝင့်ကာ တစ်ချက်ကြည့်လိုက်သည် ။




" မင်းတို့နှစ်ကောင် မနေ့ကပဲစားထားတယ်လေ အခုထပ်စားချင်နေပြန်ပီလား.. မရဘူး! "


ယူရှောင်မို ၎င်းတို့နှစ်ကောင်အား အပြတ်ငြင်းပြီး တစ်ချက်မှပင် လှည့်မကြည့်ပဲ အပေါ်ထပ်သို့ တက်သွားလေ၏ ထိုအခါ ဖီချိုနှင့် ကြောင်ဘောလုံးတို့လည်း ကြမ်းပြင်ပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပြိုင်တူ ထိုင်ချလိုက်ကြသည်၊ ဖီချိုသည် အပေါ်တက်သွားသော သူ့သခင်၏ နောက်ကျောဘက်အား ဝမ်းနည်းစွာကြည့်လျက် ကြောင်ဘောလုံးအား လှမ်းနှစ်သိမ့်လေလည် ။

" ကလေးလေး.. ငါတို့နောက်တစ်ခါ သခင်လေးစိတ်ကြည်တဲ့အချိန်မှ ထပ်ကြိုးစားကြည့်မယ်လေ "

" မြှောင်~ "

(ဟုတ်ကဲ့ပါ..)






ထိုစဉ် အေးစက်စက်နိုင်လှသော ရှောင်ဟေးမှ ရေရွတ်လိုက်သည် ။


" အရူးနှစ်ကောင်! "


... .........




နောက်တစ်နေ့တွင် ယူရှောင်မို အရည်အချင်းစစ်ပြိုင်ပွဲ ဒုတိယအဆင့်အား ဝင်ပြိုင်ရန်အသွား စိတ်ထဲ၌ စိုးရိမ်ကြောင့်ကြမှုများ အနည်းငယ် ခံစားနေသည် ။



ဒုတိယအဆင့် ပြိုင်ပွဲပုံစံသည် ယူရှောင်မို ယခင်က ယှဉ်ပြိုင်ခဲ့ဖူးသော ကျောင်းဝင်ခွင့်စာမေးပွဲ စစ်ဆေးပုံနှင့်မတူပေ၊ ၎င်းသည် ဆေးလုံးဖော်စပ်ခြင်း ဆေးပင်အညစ်အကြေး သန့်စင်ခြင်းတို့နှင့် မသက်ဆိုင်ပဲ မှော်ဆရာကိုယ်တိုင်၏ ဝိဉာဉ်နှင့်သာ သက်ဆိုင်သည် ။






မှော်ဆရာတစ်ဦးအတွက် ဝိဉာဉ်စွမ်းအားမှာ အခြေခံအကျဆုံးအရာဖြစ်ကြောင်း လူတိုင်းသိထားကြသည်၊ ဝိဉာဉ်စွမ်းအား သန်မာလေ ထိန်းချုပ်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းတို့ အားကောင်းလေလေဖြစ်သည်၊ အားကောင်းသော ဝိဉာဉ်စွမ်းအား အရင်းအမြစ်ရှိခြင်းသည် ၎င်းမှော်ဆရာ၏ ကျင့်ကြံခြင်းလမ်းစဉ်အား ပိုမိုဖြောင့်ဖြူးစေရန် အထောက်အကူပြုနိုင်သည် ။

ထို့ကြောင့် ယခုပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်သည် မှော်ဆရာများ၏ ကိုယ်ပိုင်ဝိဉာဉ်စွမ်းအားအား စစ်ဆေးရန်ဖြစ်သည် ။



ပြိုင်ပွဲ၏ ဒုတိယအဆင့်အား ကျောင်းရှိ အကြီးဆုံးခန်းမတစ်ခု၌ ကျင်းပလေသည်၊ ယူရှောင်မို ထိုခန်းမအတွင်းသို့ ဝင်လိုက်ပြီးနောက် ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့လည်း အသီးသီး ယောက်ရှိလာကြသည် ။







" အတန်းဖော်လေး ဒီနေ့အကောင်းဆုံးကြိုးစားရမယ်နော်.. ဘာလို့ဆို ငါကမင်းကိုလုံးဝ အလျှော့ပေးမှာမဟုတ်လို့.. "


စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာအောက်တွင်ပင် ချင်ချိုးမှ သူ့ဆီတည့်တည့်လျှောက်လာကာ နှုတ်ဆက်၏၊ သို့သော် သူမ၏လေသံထဲတွင် ယူရှောင်မိုအား ရန်လိုသည့်အရိပ်အယောင် စိုးစိမျှ မပါဝင်ပေ ။




ယူရှောင်မို လင်းရှောင်ရှိရာဘက်သို့ လှမ်းလှည့်ကြည့်လိုက်သည်၊ ၎င်းထံ၌ မည်သည့်အမူအယာမျှ မတွေ့ရသောအခါမှသာ ချင်ချိုးထံသို့ စကားပြန်ရသည် ။

" ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ "




အခြားသူကပဲ ငါ့ကိုအလျော့ပေးရဦးမယ်တဲ့.. ငါ့ပုံစံကဦးစားပေးဖို့လိုအပ်နေတဲ့ အားနွဲ့တဲ့သူတွေနဲ့များ တူနေလို့လား ဟွန့်!





သူ၏လက်ရှိအဆင့်မှာ ချိုင်ကျန်းနှင့် ချင်ချိုးတို့လောက် မမြင့်သေးသည် မှန်သော်လည်း ပြိုင်ပွဲရလဒ် မည်သို့ထွက်လာမည်ကိုတော့ ပိုင်သေတွက်ချက်၍ မရနိုင်သေးပေ၊ ချင်ချိုးမှ ယူရှောင်မိုတစ်ယောက် စကားပြောရန်စိတ်မပါသည်ကို မြင်သောအခါ အခြားအလာပသလာပစကား အနည်းငယ်ပြောပြီးနောက် ပြန်ထွက်သွား၏ ။




ယူရှောင်မို ထိုမှသာ သက်ပြင်းချနိုင်တော့သည်၊ အဘယ်ကြောင့်ဆို လင်းရှောင်မှ တစ်ချိန်လုံး သူမအားအလိုမရှိကြောင်း အမျိုးမျိုး ဆန္ဒပြနေသည် ။








ဘေးတွင်ရှိသော ပိုင်လီရှောင်ယွီသည် ယခုဖြစ်ပျက်သွားသော ကိစ္စအား လုံးဝနားမလည်ပါချေ၊ ထို့ကြောင့် အူကြောင်ကြောင်ဖြင့် မေးလာ၏ ။


" ရှောင်မို သူဘာလို့မင်းကိုစကားလာပြောတာလဲ! မင်းတို့နှစ်ယောက်က အရင်တည်းက အချင်းချင်းသိနေကြတာလား? "


ယူရှောင်မိုမှ စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြန်ဖြေသည် ။

" သူငါ့ဆီကဆေးလုံးနည်းနည်းဝယ်ဖူးရုံပါ ငါတို့အဲ့လောက် မရင်းနှီးကြဘူး "



ကျန်းရှောင်ဖုန်းမှ ဆက်မေးသည် ။

" ဒါမယ့် သူစကားပြောသွားတဲ့လေသံက မင်းနဲ့အရမ်းရင်းနှီးတဲ့ ပုံမျိုးပဲနော် "

ပိုင်လီရှောင်ယွီ ၎င်းအား ချက်ချင်းပင် လက်မထောင်ပြလိုက်သည်၊ အမှန်ပင်၊ သူလည်း ထိုကဲ့သို့ ခံစားခဲ့ရသည်လေ ။





ယူရှောင်မိုကိုယ်တိုင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သိပ်နားမလည်ပေ ။

" အဲ့ဒါဆိုလည်း သူ့ကိုပဲကိုယ်တိုင် သွားမေးကြည့်ကြကွာ.. ငါကတော့သူနဲ့လုံးဝမရင်းနှီးဘူး သူဘာလို့ငါနဲ့စကားလာပြောတိုင်း အရမ်းရင်းနှီးတဲ့ပုံလုပ်နေလဲဆိုတာလည်း ငါနားမလည်ဘူး အမှန်အတိုင်းပြောရရင် သူနဲ့ငါ တွေ့ဖူးတဲ့အကြိမ်အရေအတွက်ကလည်း လက်တစ်ဖက်စာတောင်မပြည့်ဘူး "



ထိုအခါ ကျန်းရှောင်ဖုန်းမှ တစ်စုံတစ်ခုအား တွေးမိသွားဟန်ရပြီး သူ၏အတွေးအား ထုတ်မေးလာသည် ။

" ဖြစ်နိုင်တာကသူ.. သူမင်းကို ကြိုက်နေတာထင်တယ်! "






" လာနောက်နေတာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!? "

ယူရှောင်မို ထိပ်ထိပ်ပြာပြာဖြင့် အော်ထုတ်လိုက်ကာ လင်းရှောင်ကိုလည်း ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းကြည့်လိုက်မိသည်၊ ၎င်း၏ နဂိုမူလ လူတိုင်းအား ဂရုမစိုက်ဟန် အမူအယာမှ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ပို၍ပင် ကြောက်ရွံ့လာရသည်၊ ယူရှောင်မို၏ အော်သံသည် နံဘေးရှိ စောင့်ကြည့်နေသူအပေါင်း၏အာရုံအား ဖမ်းစားလိုက်သလို ဖြစ်သွားသည် ။




ယူရှောင်မို၏ ဖြစ်ပျက်နေပုံအားကြည့်ရင်း ကျန်းရှောင်ဖုန်းတစ်ယောက် ကြောက်လန့်ကာ နေရာမှ ထွက်ပြေးချင်စိတ်ပင်ပေါက်လာသည် ။

" ငါ .. .. ငါက ဒီအတိုင်း ခန့်မှန်းလိုက်ရုံပါ.. "







အတန်ကြာမှ ယူရှောင်မို နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များ ဖယ်သုတ်ရင်း ပြန်ဖြေသည် ။

" နောက်တစ်ခါ ငါ့ကိုအဲ့လို ထိတ်လန့်စရာတွေ လာမပြောနဲ့! "





ကျန်းရှောင်ဖုန်းနှင့် ပိုင်လီရှောင်ယွီတို့ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သော အမူအယာမျိုးဖြင့် ကြည့်လိုက်မိကြသည်၊ ချင်ချိုးကဲ့သို့ မိန်းမလှလေးတစ်ဦးမှ သဘောကျကောင်း ကျနိုင်လောက်သည်ဟု ပြောလိုက်မိသည်အား အဘယ်ကြောင့် ဤမျှအထိ ဖြစ်ပျက်သွားရပါသနည်း၊ သူမသည် ယူရှောင်မိုတို့ထက် အနည်းငယ် အသက်ကြီးသည်မှန်သော်လည်း လှပသိမ်မွေ့ကာ အရည်အချင်း ရှိသည်၊ သို့သော် ယူရှောင်မိုမှ မဖြစ်နိုင်ဟု ပြောသဖြင့် ၎င်းတို့နှစ်ယောက်မှ ယူရှောင်မို့စကားကိုသာ ယုံကြည်ကြရတော့မည် ဖြစ်သည် ။



ယူရှောင်မိုတစ်ယောက် အကြောက်အကန်ငြင်းလွှတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ ကျန်းရှောင်ဖုန်း၏ စကားများအား ပြန်စဉ်းစားနေမိသည် ။

ယခင်က ချင်ချိုး၏ ထူးဆန်းသော အပြုအမူများအား ပြန်စဉ်းစားကြည့်လျှင် ၎င်းတို့နှစ်ယောက်မှာ လုံးဝ မရင်းနှီးသော်လည်း ချင်ချိုးမှ သူနှင့်တွေ့သည့်အခါတိုင်း အလွန်ရင်းနှီးသည့် လေသံမျိုးသုံးကာ ၎င်းတို့နှစ်ယောက်အကြား အလွန်ခင်မင်ရင်းနှီးသည့် မိတ်ရင်းဆွေရင်းသဖွယ် အနေအထားတစ်ခုအား ဇွတ်အတင်း ဖန်တီးလေ့ရှိသည်၊ တစ်ခါတစ်ရံ သူ့အား အီစီကလီလုပ်နေသကဲ့သို့ ခံစားချက်မျိုးကိုပင် ခံစားရစေသေးသည် ။





ထို့နောက် ယူရှောင်မို လင်းရှောင်အား လှည့်မေးလိုက်သည် ။

" ခင်ဗျားရော ဒီကိစ္စကို အစောကြီးကတည်းက သိနေတာလား.. "



လင်းရှောင်မှ အပြုံးမမည်သော အပြုံးတစ်ခုအား ဆင်းမြန်းလျက် သူ၏နားနားသို့ ငုံ့ကိုင်းလာသည် ။

" ကိုယ်သိထားတယ်ဆိုရင်ရော..? "






"အင်း.. ဘာ.. ဘာမှ မဟုတ်တော့ဘူး.. "


လင်းရှောင်သိထားတယ်ဆိုရင်ရော.. ငါကဘာလုပ်လို့ရမှာတဲ့တုန်း?!




အဟင်း.. အနည်းဆုံးတော့ လင်းရှောင်ကြီး သဝန်တိုနေတဲ့အကြောင်း လှောင်လို့ရတယ်လေ.... အင်း.. စိတ်ထဲမှာပေါ့..







ချင်ချိုးမှ သူ့အားကြိုက်နေသည်ဟု သိလိုက်ရသဖြင့် အနည်းငယ် အံ့သြသွားသော်လည်း လင်းရှောင်မှ သူ့အား သဝန်တိုနေသည့်အကြောင်း တွေးမိသောအခါ ယူရှောင်မို စိတ်ထဲ၌ ကြိတ်၍ဝမ်းသာနေမိသည် ။









ထို့နောက် အချိန်ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် တန်းခွဲနှစ် အရည်အချင်းစစ်ပြိုင်ပွဲ ဒုတိယအဆင့်အား စတင်ရန် အကြီးအကဲငါးမှ စင်ပေါ်သို့ စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် တတ်လာလေသည် ။










#15.4.2021

Long time no see ♥

Continue Reading

You'll Also Like

222K 25.9K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
11.7K 374 29
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
402K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...