A Forgotten Love[Completed]
By Lily_Han02
1M 61.7K 5.9K
❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... More
A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-8
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 18
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-39
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-43
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
A Forgotten Love-50[Final Part]
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်
A Forgotten Love-5
24.5K 1.7K 68
By Lily_Han02
Unicode
//ဆက်ပြီးတော့ လွဲမှားနေတာတွေကိုပဲ
လုပ်နေမိပါလိမ့်မယ်//
​ရိပ်သစ်​၏ချိန်းဆိုခြင်းကြောင့် ပိုင်စိုးမှာမူ
ရိပ်သစ်နှင့် ဟိုတယ်သို့ရောက်လာခဲ့ကြရသည်။
အအေးတစ်ခွက်အား ခပ်မြန်မြန်မော့သောက်ချ
လိုက်ပြီးပါမှ ပိုင်စိုးက စိတ်မရှည်ဟန်ဖြင့်
ရိပ်သစ်ကို မေး​၏။
"ချိန်းတွေ့တာက ဟိုတယ်ခန်းထဲအထိလိုလို့လား"
ဘာကြောင့်မို့ ဟိုတယ်ထိချိန်းရသလဲဆိုတာ
မင်းပိုင်စိုးသူက မရိပ်မိလောက်သည်အထိ သူက
တုံးအနေသူမဟုတ်ပေ။
"ဒီနေရာကို လာမှာတော့ ဘာအတွက်လဲသိရဲ့
သားနဲ့ ကိုကိုရာ"
ရိပ်သစ်ကပြောနေရင်း လက်တွေမှာ ပိုင်စိုး​၏
အောက်ပိုင်းဆီသို့ ထိတွေ့ပွတ်သပ်လာသည်။ရိပ်သစ်က အင်္ကျီကြယ်သီးကိုအနည်းငယ်ဖြုတ် ကာ ပခုံးသားကို လစ်ဟာပြရင်း အင်္ကျီက
တခြမ်းလျှောချသွားသည်။ပိုင်စိုး အကြည့်များ
ကို လွှဲလိုက်ပေမင့် ရိပ်သစ်ရဲ့ ပွတ်သပ်မှုများ
ကြောင့် အသွေးအသားက ပူလောင်လာရသလို
ပင်။ဟယ်ရီ့​၏ ဖရိုဖရဲပုံစံကလေးများအား
သူက ပြန်မြင်ယောင်မိလာသလိုနှယ်။
"တော်တော့ ရိပ်သစ်..ငါ မင်းနဲ့မအိပ်ဘူး။
မင်းချိန်းတဲ့နေရာကိုလာတာက မင်းနဲ့မပတ်သက်
ချင်တော့ကြောင်းကိုပြောဖို့ ရောက်လာတာပဲ"
"ကိုကို လိုချင်နေတယ်မဟုတ်လား..ဒါကိုလုပ်ဖို့
ကိုကို့အတွက် ခက်ခဲနေတယ်ဆိုရင်လည်း စိတ်ပျော်ဖို့အတွက်ပဲလို့ တွေးထားလိုက်စမ်းပါ"
ရိပ်သစ်က ပိုင်စိုး​၏အင်္ကျီသို့ ချွတ်ပေးလာပြီး
နောက် ပိုင်စိုးလည်းမငြင်းဆန်မိတော့။
ခန္ဓာကိုယ်က တစ်ခုခုကိုတောင်းတ၊လိုလားလာ
သကဲ့သို့ပင်။ဟယ်ရီ့ကိုပေးထားခဲ့တဲ့ ဂတိကို
တော့ ဆေးအရှိန်နှင့် မေ့​နေ၏။
ရိပ်သစ်​၏ဖရိုဖရဲဖြစ်နေသောပုံစံအစား ဟယ်ရီ
လို့သာထင်မြင်နေမိကာ၊လိုအပ်လာသော
ဆန္ဒသည်ကား ဆေးခတ်ခံထားရမှုကြောင့်သာ
ဖြစ်​၏။ပိုင်စိုးလည်း မည်သို့မျှ မတွေဝေနိုင်တော့
စွာ ဘောင်းဘီဇစ်ကိုပင် ဖြုတ်ပစ်မိလိုက်သည်။
"မင်း ဒါကို လုပ်ပေးနိုင်တယ်မလား။ငါအခု လိုအပ်နေတယ် မင်းလုပ်ပေး"
ရိပ်သစ်က ပြန်ပြောမလာပေမင့် လက်တွေက
တော့ ပိုင်စိုး​၏ဘောင်းဘီအား အနည်းငယ်
လျှော့ချလိုက်ရင်း ခြေထောက်ကြားတွင်ဝင်ထိုင် လာသည်။ပြီးနောက် ခေါင်းကို ငုံ့ကိုင်းရင်း ပိုင်စိုး
ရဲ့အရာကို ငုံထွေးထား​ပြီး စတင်လှုပ်ရှားစေ​၏။
"အား f*ck!..ဟုတ်ပြီ ဟန်နီ မြန်မြန်လေးလုပ်စမ်းပါ"
ပိုင်စိုးက ရိပ်သစ်ရဲ့ခေါင်းကိုဖိကိုင်လိုက်ရင်း
ခပ်မြန်မြန်လှုပ်ရှားစေသည်။အသံပေါင်းစုံထွက်
နေပြီး ရိပ်သစ်​၏ အင်္ကျီတွေကိုပင် အကြမ်းပတမ်း
ဆွဲချွတ်ပစ်သေး​၏။
ပိုင်စိုး​၏လိုအင်ဆန္ဒအရ ယခုအခြေက ပိုင်စိုးကို
စိတ်ကျေနပ်မှုပေးနေသည်။သို့သော်ငြားလည်း စိတ်ထဲ၌ ဟယ်ရီ့ကိုသာ သူတွေးနေမိခဲ့​၏။
ထို့ကြောင့် ဟန်နီဟုခေါ်မိခြင်းငြာ ဟယ်ရီ့အား
မြင်ယောင်နေမိခြင်းကြောင့်ပင်ဖြစ်နိုင်သည်။
တကယ်တမ်း ရိပ်သစ်ကြောင့် စိတ်ကြွနေခြင်း
မဟုတ်။ဒါဟာ ဆေးအရှိန်ကြောင့်နဲ့ဟန်နီ့ကြောင့်
သာ။
"ခဏ..ခဏလေးကိုကို၊ပါးချောင်တွေ ညောင်း
နေလို့"
"မင်းအရမ်းကို ပြုစုပေးချင်နေတယ်မလား.."
'ဟက်..ဆေးအစွမ်းက တော်တော်ထိရောက်တာပဲ'
ပိုင်စိုး,မကြားနိုင်အောင် ရိပ်သစ်ရေရွတ်မိလိုက်
သည်။ဟုတ်သည် ဆေးခတ်ခံထားရတာကြောင့်
မို့ပင် ပိုင်စိုး​၏စိတ်များက သိသိသာသာထကြွ
နေကာ၊ဟယ်ရီဟု အထင်မှားနေသည့် ပုံပင်။
သို့ပေမင့်လည်း ရိပ်သစ်နှင့်ဆိုသည်ကိုတော့
ပိုင်စိုးက သတိရတစ်ချက်၊မရတစ်ချက်ဖြစ်နေ​၏။စိတ်ကိုတော့ သူထိန်းထားနိုင်နေပါသေးသည်။
"ဟန်နီ.."
ရိပ်သစ်အား အိပ်ရာပေါ်သို့ ဆွဲလှဲလိုက်ရင်း
အဝတ်တို့ကို ကင်းမဲ့စေ​၏။
သို့သော်ငြား ပိုင်စိုး​၏လိုချင်စိတ်များက
တစ်ခဏလေးအတွင်းမှာပင် ပျောက်ရှကုန်သည်။ယခု ခုတင်ပေါ်ရှိလူက ဟန်နီမဟုတ်သော အခြား
တစ်ယောက်။
ပိုင်စိုး​၏ဦးခေါင်းထဲ၌ ထုံထိုင်းနေပြီး ကိုယ့်ကိုယ်
ကိုလည်း ရွံသလိုဖြစ်လာသည်။ခုတင်ပေါ်မှ
ဆင်းလိုက်ရင်း အဝတ်စားတို့ကိုပြန်ဝတ်ရ​၏။
ပြီးသည်နှင့် ကုတင်ပေါ်၌ လှဲရပ်သားဖြစ်နေသည့် ရိပ်သစ်ကိုကြည့်ကာ-
"Sorryပဲ ရိပ်သစ်..ငါလုပ်ချင်တာ မင်းကိုမဟုတ်ဘူး။မင်းနဲ့ငါ ဇာတ်လမ်းပြီးပြီ။မင်းက မြှူဆွယ်
တတ်လွန်းတော့ ငါ့စိတ်အဆန္ဒတွေက မင်းကိုလို
ချင်နေတယ်လို့ပဲ ထင်မိသွားတာ။တကယ်တော့ တစ်ချိန်လုံး ငါတွေးနေမိတာ၊မြင်နေမိတာက ဟယ်ရီ့ကိုပဲ။အခုလို စိတ်ပါမိမလိုဖြစ်သွားတာ
လည်း မင်းယုတ်မာထားတဲ့ ဆေးကြောင့်ဖြစ်တာ။
မင်းကိုလည်းရွံတယ်၊ငါ့ကိုယ်ငါလည်း ရွံတယ်"
ရိပ်သစ်ပြောလာမည့် စကားတို့ကိုလည်း
ပိုင်စိုး မကြားချင်တော့။အခန်းထဲမှ အလျင်ပြေး
ထွက်လာဖြစ်တော့​​၏။
___________////////////___________
တိုက်ခန်းအောက်ဘက်ရှိ ကား,ထားနေကျ
နေရာသို့ ပိုင်စိုးရောက်လာခဲ့ပေမဲ့ ကားပေါ်ကနေ မဆင်းဖြစ်သေးပေ။လက်သီးကို ဆုပ်ထားရင်းမှ ဆံပင်တွေထဲသို့ ထိုးဖွဆုပ်ကိုင်ထားမိတော့သည်။
"ရွံဖို့ကောင်းလိုက်တာ..ရွံဖို့ကောင်းလိုက်တာကွာ!"
ပိုင်စိုးက သူ့ပါးသူပြန်ရိုက်ရင်း ရိပ်သစ်နှင့်
အတူတူနေဖြစ်မိတော့မည့်ဆဲဆဲ အခြေအနေ
တွေကြောင့် စိတ်ကိုငြိမ်အောင် ပြင်ယူနေရ​၏။
ဟယ်ရီ့ကို သူ ကတိပေးနိုင်ပါတယ်လို့ ပြောထား
မိတဲ့ကိစ္စကို သူဖောက်ဖျက်မိဖို့ တဲတဲလေးအလို
မှာ သူတကယ် လိုချင်တာက ရိပ်သစ်မဟုတ်မှန်း
သိခဲ့ပေလို့သာပေါ့။ရိပ်သစ်​၏ ဖယိုဖရဲပုံစံကြောင့် စိတ်ကြွလာသည်ဟု ထင်ရပေမင့် တကယ်တော့
အဲ့တာက မှားယွင်းချက်တစ်ခုသာ။
"ငါကွာ! တောက်!"
ပိုင်စိုးက သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားနေရ
သည်။ဟယ်ရီသာ သိသွားခဲ့ရင်ဆိုသည့် အတွေး
များနဲ့တင် ပိုင်စိုး ရင်မှာ စိုးထိတ်နေရ​၏။
ဟယ်ရီ့ထံ ရိပ်သစ်နှင့်ဖြစ်ခဲ့သမျှကိုပင်ဝန်ခံဖို့
ရာ ပိုင်စိုးဆုံးဖြတ်ဖြစ်ပါသည်။ဒါကိုသာ ထိမ်ချန်
ထားလိုက်ပါက ဟယ်ရီ သိသွားသည့်တစ်နေ့တော့ ဟယ်ရီ့စိတ်နှင့် လွယ်မည်မဟုတ်မှန်း ပိုင်စိုးသိ
သည်။
အမှားတွေကို ထပ်ခါထပ်ခါ လုပ်ခဲ့တယ်။
ဒီဖြစ်ရပ်က အကြီးမားဆုံးအမှားတွေထဲက
တစ်ခုပဲ။ဒါက ကိုယ့်နှလုံးသားကို စိုးထိတ်ရ
စေတယ်။
"ပြန်လာတာ နောက်ကျတယ်နော်"
"ကိစ္စလေး နည်းနည်းရှိလို့..ကိုယ် ပြီးရင်ပြောပြမယ်"
"အင်း..ရေချိုးတော့လေ၊နောက်ကျရင် အအေးမိပြီး ဖျားလိမ့်မယ်"
ပိုင်စိုး အခန်းထဲကို ဝင်လာတော့ ဟယ်ရီက
ရေချိုးပြီး ထွက်လာချိန်ဖြစ်သည်။ချပ်ချပ်ရပ်
ရပ်ရှိနေတဲ့ခန္ဓာကိုယ်၊တောင့်တောင့်တင်းတင်းရှိ
နေတဲ့လက်မောင်းနဲ့ဝမ်းဗိုက်သားတွေ၊ဒါကမှ
ပိုင်စိုးကို ဆွဲဆောင်နိုင်ခဲ့တဲ့ အစစ်အမှန်ပင်ဖြစ်မည်။ဟယ်ရီက ရင်ဘတ်နှင့်နောက်ကျောကို တဘက်ဖြင့် ရေသုတ်နေရင်းမှ ခုတင်ပေါ်တွင်
ဝင်ထိုင်​၏။
အောက်ပိုင်းအား တဘက်ဖြင့်သာ ပတ်ထား
၍ ဟယ်ရီ့ခြေသလုံးသားဖွေးဖွေး၊ခပ်ပါးပါး
အမွေးအမှင်တို့မှာ ထင်သာနေသည်။
ခပ်ထင်းထင်းပေါ်နေသော ညာဘက်ပေါင်သား
တို့ကြောင့် ပိုင်စိုး​၏ခန္ဓာကိုယ်မှာ တစ်ဖန်ပူလောင် လာသလိုနှယ်။
"ကိုယ်နဲ့လိုက်ခဲ့ ဟယ်ရီ"
"ဟမ်..ငါက ရေထပ်ချိုးရဦးမှာလား"
"အဲ့ထက်ပိုတယ်။ကိုယ်..ကိုယ် ဆေးမိထားတာ
လားမသိဘူး"
ဟယ်ရီ့လက်ကို ဆွဲရင်း ရေချိုးခန်းထဲသို့
အတူတူဝင်ရ​၏။အတူတူရေချိုးဖြစ်ကြရင်းမှ
သာယာမှုတို့ကို ဖန်တီးဖြစ်ခဲ့ကြသည်။သာယာမှု
မတိုင်ခင်၌ ပိုင်စိုးက သူ့တစ်ကိုယ်လုံးထံ ရေချိုး
ဆပ်ပြာဖြင့်သေချာ ရေစပ်ချိုးပစ်လိုက်သေး
သည်။ရိပ်သစ်နှင့်ထိတွေ့လာခဲ့မိတာဖြစ်၍
ဟယ်ရီမထိတွေ့ခင် သန့်စင်ပစ်လိုက်တာပင်။
"ဟယ်ရီ..ကိုယ်လေ မင်းစိတ်ဆိုးစေမဲ့ ကိစ္စတစ်ခု
ကို လုပ်မိခဲ့တယ်"
ပိုင်စိုးက ဟယ်ရီ့ပါးကို နမ်းကာ ပြောတော့​၏။
ဟယ်ရီ့ရင်ဘတ်ပေါ်သို့ လက်ချောင်းများကား
ပြေးလွှားနေကာ ပိုင်စိုးမှာ ဟယ်ရီ့စကားသံကိုပင်
စောင့်စားနေပုံပေါ်​၏။
"ဘာလဲ တစ်ယောက်ယောက်နဲ့ အိပ်ခဲ့လို့လား"
"မအိပ်ခဲ့ဘူး..ဒါပေမဲ့ လိုချင်ခဲ့မိတာ။အဲ့တာက
မင်းကြောင့်ပဲ ဟယ်ရီ..မင်းကိုတွေးမိ၊မြင်ယောင်
မိလိုက်တာနဲ့ စိတ်မထိန်းနိုင်ခဲ့ဘူး။ပြီးတော့
ဆေးအရှိန်ကြောင့်လဲ ပါမယ်ထင်တယ်"
ထိုတဒင်္ဂက ဟယ်ရီက မျက်နှာလွှဲချသွားသည်။ထထိုင်လိုက်ရင်း ပိုင်စိုးကိုလည်း ကျောပေးကာ
ထိုင်​၏။
မျက်လုံးများကို မှိတ်ချလိုက်ကာ လှိုက်တက်
လာသော ဝမ်းနည်းမှုတို့ကိုပင် ချုပ်တည်းထား
ရပုံပေါ်ပါသည်။
မအိပ်ခဲ့ပါဟုဆိုသော်ငြား ထိုအခြေအနေအား
ဦးတည်နေခဲ့တာတော့ သေချာ​၏။ဒါကိုလည်း ဟယ်ရီခွင့်လွှတ်ပေးနိုင်ပေမင့် ဟိုတယ်ထဲသို့ ဝင်သွားသော ပိုင်စိုးအား သူကိုယ်တိုင် သူ့မျက်လုံး
နှင့်မြင်ခဲ့ရတာဖြစ်သည်။
ဘယ်လောက်တောင် ခံရခက်လိုက်စေသလဲ။
ပုံရိပ်တစ်ခုက မီးပွားလို့ထင်ရပေမဲ့ တကယ်တမ်းတော့ လဲပြိုစေခဲ့တဲ့မီးတောက်တစ်ခုပဲ။
"ငါမြင်ခဲ့တယ် ပိုင်စိုး။မင်း..ဟိုတယ်ထဲ ဝင်သွား
တာကို ငါ့မျက်လုံးတွေနဲ့ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရတာ"
ဟယ်ရီ့ပခုံးစွန်းများကတုန်တက်လာပြီး
ရှိုက်သံတို့လည်း ထွက်ချလာ​၏။ပိုင်စိုးမှာမူ
အလျဉ်းသင့်စွာပင် ဟယ်ရီ့ကိုပွေ့ဖက်မိတော့ သည်။သူပြန်ပြောနိုင်သော စကားလုံးများအား
ရှာဖွေစဉ်းစားနေခဲ့ပါသော်လည်း တောင်းပန်
ဖို့ကိုသာ သူကရှာတွေ့​သည်။
ပိုင်စိုးပြန်မရောက်ခင်က ဟယ်ရီ့မှာ ဘာလုပ်
ပစ်ရမည်မှန်းပင် မသိခဲ့​။ပိုင်စိုးကို ဖုန်းဆက်
လိုက်ချင်ပေမင့် သူ,မကြားချင်သော အသံများ
ကြားရမည်ကိုပင် ဟယ်ရီကြောက်နေခဲ့မိသည်။
ပြီးတော့..ပိုင်စိုးပြန်မလာတော့မှာကိုလည်းဘယ်လောက်တောင်များ ရင်တထိတ်ထိတ်ဖြစ်ခဲ့
ရသည်လဲဆိုတာကိုပင် ပိုင်စိုးတော့သိလိမ့်မည်
မထင်ပါ။
"တောင်းပန်ပါတယ်..ကိုယ် တကယ်တောင်းပန်
ပါတယ်ဟယ်ရီ။ကိုယ်မှားသွားပါတယ်..သူနဲ့
မနေဖြစ်ခဲ့တာတော့ တကယ်ပါကွာ။အဲ့ဒီနေရာ
ကိုလည်းသူပဲချိန်းတာ..ကိုယ် မလာဘူးလို့ငြင်း
ပေမဲ့ သူကအိမ်ကို ထပ်လာမယ်ဆိုလို့ ကိုယ်သွား
လိုက်တာပါ။သူ..သူက ထိတွေ့လာတော့ ဆေး
အရှိန်ကြောင့်နဲ့ စိတ်ပါသွားမိတယ်။ဒါပေမဲ့
တစ်ချိန်လုံး အတွေးတွေထဲမှာ မင်းပဲရှိနေတာ ဟယ်ရီ.. တကယ်ပြောတာပါ။
ကိုယ့်ကို ခွင့်လွှတ်ပါ..နော်"
"အင်း ငါ..မင်းကို ခွင့်လွှတ်ပါတယ်။ဒါပေမဲ့
ငါ့မှာတော့ တစ်ယောက်ထဲတွေးပြီး ကြောက်နေခဲ့
ရတာ။မင်းက တခြားတစ်ယောက်ဆီမှာ သာယာသွားရင်ဆိုတဲ့ အဲဒီ့အတွေးတွေက ငါ့ကိုအတော် လေး မွန်းကြပ်စေတယ်။
မင်းကို စုတ်ပြတ်သတ်သွားအောင် ထိုးပစ်လိုက်
ဖို့ စောင့်နေတာ၊ဒါပေမဲ့ ငါ လက်သီးဆုပ်ဖို့တောင် အားမရှိဘူး"
တုန်ယင်နေသော သူ့လက်ကလေးအားပြလာခိုက်
ပိုင်စိုးဘက်သို့ပင် လှည့်လာရင်း ဖက်ငိုရှာ​၏။
လှိုင်းခတ်သွားသကဲ့သို့ သူ့ရင်မှာလည်း မငြိမ်
သက်နိုင်တော့ချေ။ရင်မှာပူထူလာ​​၏။
"ဟယ်ရီ..ကိုယ် ကတိတစ်ခုပါထပ်ပေးမယ်၊
ကိုယ် ရည်းစားတွေထပ်မထားတော့ဘူး။
ဒါက မင်းကို အရမ်းနာကျင်စေရတယ်မဟုတ်
လား။ကိုယ်မသိခဲ့ဘူး..ဟယ်ရီ့ကို သဝန်တိုစေ
ချင်တာပဲ ကိုယ်သိခဲ့တာ။မင်း သဝန်တိုနေရင် အရမ်းပျော်တယ်၊စိတ်ကျေနပ်စေတယ်"
"မင်းကို မယုံရဲဘူ။ငါ အရမ်းပင်ပန်းတယ်..
ဒါပေမဲ့ ငါ့ဆီမှာ မင်းရှိနေသေးလို့ ငါတောင့်ခံထား
နိုင်ပါသေးတယ်။မင်း ငါ့ကိုချစ်မလာသေးလည်း
ရတယ်။ငါတို့နှစ်ယောက်ရဲ့ သုံးနှစ်ကြာတဲ့
ပတ်သက်မှုတွေကိုတော့ အမြဲတမ်းအလေးထားပေးပါ။မင်း တစ်ခြားတစ်ယောက်နဲ့ အတူတူအိပ်
ခဲ့ရင်တောင်မှ အချိန်တန်ရင် ငါ့ဆီပြန်လာဖို့ပဲလို
တယ်။ငါ မင်းကို ခွင့်လွှတ်ပေးနိုင်တယ်"
"လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် ငါ့ကိုဆန်း
ဆန်းတင့်ဖြစ်ပြီး၊ခံစားနေရတယ်လို့ မထင်စေ
ချင်ဘူး။ငါအခုလိုဖြစ်နေရတာတွေ မင်းကြောင့်ပဲ။မင်းကိုချစ်လို့၊ဒီလို ခံစားရမှုမျိုးတွေက ပေါ်ပေါက် လာတာ"
ဟယ်ရီ့နဲ့အတူ ရှိနေခဲ့တာက ပိုင်စိုးအတွက် ဘယ်တော့မှ နောင်တမရစေမဲ့ အမှန်တရားတစ်ခု။သူ့အပေါ်မှာ ဘယ်လောက်တောင်ကောင်းပေးပြီး၊နားလည်ပေးခဲ့သလဲဆိုတာ ပိုင်စိုးကောင်းကောင်းကြီးသိသည်။
ဟယ်ရီ့ပါးပေါ်က မျက်ရည်စတွေကို သုတ်ပေး
ရင်း ဟယ်ရီ့နဖူးသို့ ဦးစွာနမ်းမိ​၏။ပြီးနောက်
နွေးထွေးခြင်းအစား အေးစက်တုန်ယင်နေသော
ဟန်နီ့နှုတ်ခမ်းလွှာပေါ်ထံ ပုံနမ်းမိတော့​၏။
"ဒီည ကိုယ်နဲ့အတူတူ အချိန်ကုန်ပေးမယ်မလား ဟယ်ရီ"
"အင်း။ငါ မင်းကိုချစ်တယ်..မင်း ချစ်မလာသေး
လည်း ငါ့အတွက်အဆင်ပြေပါတယ်။မင်းထွက်
မသွားဖို့ပဲလိုတယ် ပိုင်။စွန့်ပစ်ရင်တောင် ငါကပဲ
မင်းကို မင်းကိုစွန့်လွှတ်ခဲ့မှာ၊လွှတ်ချခဲ့မှာ"
ဒီလိုနဲ့ ရှေ့ဆက်ဖြစ်ခဲ့ကြတဲ့ အချိန်တွေ။
ညတာဟာ ရှည်လျားနေခဲ့ပါတယ်။
"ပိုင်..ပိုင် နည်းနည်းလောက်လျှော့ပါဦး"
"အဲဒီ့ 'ပိုင်'ဆိုတာကို ဘာလို့ ဒီလိုအချိန်မျိုးတွေ
မှာပဲ ခေါ်တာလဲ။ပုံမှန်အချိန်တွေမှာတော့ ပိုင်ဆို
တာထက်၊ပိုင်စိုးဆိုတာကြီးကိုပဲ ခေါ်တယ်"
"ဒါ..ဒါက ပိုင်စိုးလို့ခေါ်တာက ပိုင်..မင်း ငါ့စကား
ကိုနားမထောင်ဘူး"
"တကယ်တော့ မင်းသဝန်တိုအောင်လို့ သူတို့ကို
လှတယ်..ဘာညာဆိုပြီး မင်းကိုတမင်ပြောပစ်
လိုက်တာကွ။
ဟန်နီ..ကိုယ့်တော့ ရူးလောက်အောင်ကိုပဲ မင်းကို သဘောကျတယ်"
"မင်းပိုင်စိုးသူ!"
ရင်ဘတ်ပေါ်မှ ပိုင်စိုး​၏လက်ကို ဖျတ်ရိုက်ပစ်
လိုက်သည်။ပြီးမှသာ ပိုင်စိုးလို့ခေါ်ရတာက ခေါ်
ချင်လို့ခေါ်တာဟုပင် ခပ်တိုတိုပြန်ဖြေလာ​၏။
ပိုင်ဟုတစ်လုံးထဲခေါ်ချိန်က ဟယ်ရီဘက်မှ ရံဖန်
ရံခါ ခေါ်လေ့ရှိတာပင်။
ပိုင်စိုးက သူ့ကိုသဘောကျတယ်လို့ပြောတိုင်း ဟယ်ရီရင်တွေခုန်ပါသည်။ခြေဖျား၊လက်ဖျားတို့ လည်း အေးစက်စပြုလာသည်။
သဘောကျတယ်ဆိုတဲ့ စကားတစ်ခွန်းကို
တစ်သက်စာလုံး အနားမှာရှိနေပေးပါ့မယ်လို့ မှတ်ယူပစ်ခဲ့မိတာမျိုး။ဘယ်လိုတောင် ရူးသွပ်ခဲ့
ရမှုကြီးပါလဲ။
///////////////////////////////////////
10.5.2021(Monday )
-လီလီဟန်-
Note-ဒီမှာပြောစရာရှိတာကတော့ မင်းပိုင်စိုးသူ
က ဟန်နီလို့ခေါ်တာ ဟယ်ရီတစ်ယောက်ထဲကိုပါ။
ဆေးအရှိန်နဲ့ ဖြစ်နေပြီးတော့ တစ်ချက်တစ်ချက်
ရိပ်သစ်ဆိုတာကို မေ့သွားပြီး ဟယ်ရီလို့ထင်နေ
တဲ့သဘောပါ။သတိရတစ်ချက်၊မရတစ်ချက်လိုမျိုးပေါ့။ပိုင်စိုးက ဟယ်ရီ့ကိုပဲတွေးမိပြီး၊
ထင်ယောင်ထင်မှား ဖြစ်သွားတာ။နောက်ဆုံး
တော့လည်း ရိပ်သစ်နဲ့ဆိုတာကို သတိထားနိုင်ပြီးတော့သူထိန်းသိမ်းနိုင်ခဲ့ပါတယ်။
Zawgyi
လုပ်နေမိပါလိမ့်မယ်//
ရိပ်သစ်ကို မေး​၏။
တုံးအနေသူမဟုတ်ပေ။
သားနဲ့ ကိုကိုရာ"