Unicode
//သစ္စာရှိတဲ့ ခွေးလိမ္မာလေးက ဟယ်ရီမြတ်သာ//
ယမန်နေ့ညက ပိုင်စိုးတို့ စကားများခဲ့ရသည်။
ထို့ထက်ဆိုးသည်က အတူတူနေကြရန် ပိုင်စိုး
က တောင်းဆို၏။ဟယ်ရီမြတ်သာမှ သူ့ကိုစိတ်
ဆိုး၊ဒေါသမဖြစ်လျှင် အဘယ်သူ ဖြစ်နိုင်ပါဦး
မည်နည်း။
အထိုးခံရ၊အဆဲခံခဲ့ရပါလည်း မင်းပိုင်စိုးသူက
တော့ ဂရုစိုက်ပုံပင်မရချေ။
ဟယ်ရီ ဆဲတာ၊အော်တာကိုလည်း စိတ်မဆိုးမိ
ပေမင့် သူနမ်းတာကို ငြင်းပယ်ပစ်လို့တော့ ပိုင်စိုး
စိတ်ဆိုးမိခဲ့ရသည်။ဒါက သူ့မာနကိုထိခိုက်စေခဲ့
တယ်လို့ သူထင်နေပုံရ၏။မတရားမှုဆိုသည်ကို
ပင် သူတွေးမိပါသည်။သို့ပေမင့် သည်ခံစားချက်
အမှန်မှာ မည်သည်ဆိုတာမှန်း သူ,မသိချေ။
ရက်သတ္တပတ်အနည်းငယ်မျှ ကြာပြီးသည်အထိ ဟယ်ရီက ပိုင်စိုးကိုလည်း စကားမပြောခဲ့ပါ။
သည်လောက်တော့ လုပ်ပစ်သင့်ပါသည်။
မဟုတ်..ထို့ထက်ပိုပြီး လုပ်ပစ်ခဲ့သင့်ပါသည်။
"ဟယ်ရီ..ကိုယ်တို့ dateလုပ်ကြမလား။မင်းက အချိုကြိုက်တယ်မဟုတ်လား၊ငါ..ဆိုင်တစ်ဆိုင် တွေ့ထားတယ်"
သူ့ရည်းစားများနှင့် သွားခဲ့ဖူးသည့် ဆိုင်ဆိုတာ
ကိုတော့ ပိုင်စိုးက တကူးတကမပြောပြဖြစ်တော့
ပါ။ဟယ်ရီက အစပိုင်းတော့ပြုံးလာပေမင့်
နှုတ်ခမ်းမှာမဲ့ကျလာကာ ခနော်ခနဲ့လေးပင်
ရယ်ချလာတော့၏။
သုံးနှစ်..ဒီသုံးနှစ်အတွင်းမှာ ဟယ်ရီအချိုမစား
နိုင်တာကို ပိုင်စိုးက သိပင်မသိ။ချိုအီနေတာကို ဟယ်ရီမကြိုက်သလို စားလည်းမစားနိုင်ပါ။
သူကြိုက်တာက ခါးသက်တဲ့အရသာတွေ။
ဥပမာ-Black Coffeeတစ်ခွက်။ထပ်ပြီး ဥပမာ
ပေးရလျှင် ပိုင်စိုး၏ ခါးသက်သက်ဥပေက္ခာတွေ။
"ငါ့အကြိုက်တွေကို မင်းသိရောသိရဲ့လား ပိုင်စိုး။ဒါမှမဟုတ် ရမ်းသန်းပြီးများပြောလိုက်သလား.."
ဟယ်ရီက ခနဲ့တဲ့တဲ့ပြန်မေးလာခဲ့ပေမင့် ပိုင်စိုး၏
စိတ်ထဲ၌တော့ ပျော်မိသွားသည်။ဟယ်ရီကသူ့ကိုစကား ပြန်ပြောလိုက်တာ။ဟုတ်တယ် ဟယ်ရီ စကားပြန်ပြောလာတာ။
"မင်း ဘာကြိုက်တယ်..မကြိုက်ဘူးဆိုတာကို
ငါမမှတ်မိလဲ ဘာဖြစ်လဲ။မင်း ဘာသာကြိုက်တာ
ကို ရွေးစားလို့ရတာပဲလေ။တကူးတကကြီး ငါက
ဂရုစိုက်ပေးနေရမှာလား..အလကားတွေပါကွာ"
ဒီအချက်က မင်းပိုင်စိုးသူအတွက် ပေါ့ရော့မိခဲ့
တဲ့ ဒီအချက်။
ဟယ်ရီ့ရဲ့ ခံစားချက်တွေကို သူမြင်အောင်မှ
မကြည့်နိုင်ခဲ့တာ။သူသိတာက ဟယ်ရီစကား
ပြန်ပြောလို့ ပျော်တယ်ဆိုတာပဲ။
ဟယ်ရီ့အကြိုက် တွေကို သူမသိသလို၊မမှတ်
ထားပေမဲ့ ဒါကအလကားပါဆိုပြီး သူကသတ်မှတ် ပစ်လိုက်တာမျိုးပါ။အနည်းငယ် လိမ်ညာမှုလေး
တော့ပါပါလိမ့်မယ်။
"အင်း ဟုတ်တယ်၊အလကားတွေ မင်းတစ်ယောက် ထဲ အတွက်ပေါ့"
ဟယ်ရီ နှုတ်ခမ်းလှုပ်ရုံမျှသာ တီးတိုးဆိုချေသည်။
ဒါကိုလည်း ပိုင်စိုးက ဂရုမစိုက်တော့ဘဲ သူ့ဖုန်းကို
သာ အာရုံစိုက်နေပြန်၏။လက်မနှစ်ဖက်စလုံး
ကိုသုံးပြီး စာရိုက်နေသည်။သေချာတာတစ်ခုက
သူ့ရဲ့ရည်စားအသစ်ဆီကို ပို့နေတာပင်ဖြစ်နိုင် သည်။ပိုင်စိုး၏ အာရုံစိုက်မှုတွေကို ဟယ်ရီပြန်
လိုချင်ပါသည်။ဘယ်လိုမျိုးလုပ်ရပါ့မလဲဟု
ကြံရွယ်မိလျှင် စားပွဲပေါ်၌ရှိနေသည့် ပန်းသီးနှင့် ဓားတစ်ချောင်းအား ဟယ်ရီတွေ့ရှိသွားသည်။
"ပိုင်စိုး ပန်းသီးစားချင်လား၊ငါလှီးပေးမယ်"
"အင်း အခွံပါခွာနော်..ငါဒီမှာ မနူးမနပ်လေးနဲ့
စာပို့တိုင်း ကစားနေလို့"
"မင်းဖြစ်နေလို့နော် ပိုင်..မဟုတ်ရင် ရိုက်သတ်
ပစ်လိုက်ပြီ"
ဟယ်ရီ သူ့လက်တွေကို ခုံစောင်းမှာ ဖိကိုင်ထား
မိလိုက်သည်။ဒီစကားက သူ့အရှေ့မှာပြောပြနေ
စရာမှ မလိုတာ။ဟယ်ရီ နှုတ်ခမ်းကိုကိုက်လိုက်
ရင်း ပိုင်စိုးကိုစိုက်ကြည့်နေ၏။နှုတ်ခမ်းအစွန်း
များက ကော့ညွန့်တက်လာသည်အထိ ဟယ်ရီက
မဲ့တဲ့တဲ့ကလေးရယ်ပြုံးလိုက်သည်။
ထို့နောက် ပန်းသီးနှင့်အတူ ဓားကိုလှမ်းယူလိုက်
ကာ အခွံကို စတင်ခွာရတော့သည်။ပိုင်စိုး၏
အကြိုက်က ပန်းသီးဆိုလျှင် အခွံပါ ခွာထားပေး
မှ ကြိုက်တာဖြစ်သည်။
"အာ့! ပိုင်..ပိုင်စိုး လုပ်ပါဦး၊ငါ ဓားထိသွားပြီ"
"ပြစမ်း!..ပြစမ်း ဟယ်ရီ။ဟာ သွေးတွေအများ
ကြီးထွက်နေတာပဲ။လာလာ ရေနဲ့အရင် သွားဆေး
ရအောင်"
စိုးရိမ်တကြီးဖြစ်လာတဲ့ မင်းပိုင်စိုးသူ ကြောင့်
ဟယ်ရီ မသိမသာလေး ခိုးရယ်ပစ်လိုက်ရ၏။
ဒါက ဟယ်ရီဖန်တီးလိုက်တဲ့ ပိုင်စိုးရဲ့အာရုံတွေ
ကို ပြန်ယူနည်းပဲ။
ပိုင်စိုးက ဟယ်ရီ့ကိုဆို နည်းနည်းလေးမှ
အထိအခိုက်မခံတတ်သူပင်။ဒါကလည်း သူစိတ် ကောင်းဝင်နေချိန်မှသာရယ်။အားထည့်ပြီး လက်ညှိုးကို ဓားဖြင့်ထိုးခြစ်ပစ်လိုက်တာကြောင့်
မို့ ဒဏ်ရာကတော့ နက်သွားပုံပေါ်၏။
"ဟင့် နာတယ်"
"အရမ်းနာနေလား၊ခဏလေးနော် ကိုယ်ဆေး
ထည့်ပေးမယ်။sorry ဟယ်ရီ..ကိုယ် ပန်းသီးလှီး
ခိုင်းလိုက်မိလို့ ဟယ်ရီ့လက်ကို ဓားထိသွားရတာ.. sorry ပါကွာ"
ဟယ်ရီက ခပ်ချွဲချွဲလေး ပြောလိုက်တော့ ပိုင်စိုး
မျက်နှာက တော်တော်ပျက်သွားရှာသည်။ဟယ်ရီ
နေမကောင်းရင်ပဲဖြစ်စေ၊ယခုလို ထိခိုက်မိရင်ပဲ
ဖြစ်စေ ပိုင်စိုးက အပူတပြင်းစိုးရိမ်နေတတ်သည်။
ဒါကလည်း ရံဖန်ရံခါမျှသာ။
ယခုလည်း ဟယ်ရီ့ကိုပွေ့ချီမတက် စိတ်မကောင်း
ဖြစ်နေသည်။ဟယ်ရီ့ပခုံးကိုဖက်လာပြီး အိမ်ရှေ့
ခန်းသို့ သွားစေ၏။ဒဏ်ရာရသွားသည့် လက်ကို
လည်း ပိုင်စိုးက အိမ်ရှေ့ခန်းသို့ရောက်သည်အထိ ကိုင်ထားသေးတုန်းပင်။
"ဟယ်ရီ့လက်က အရမ်းစပ်နေတယ်"
"ခဏလေးပါပဲ ဟယ်ရီရဲ့..ဆေးထည့်လိုက်တော့
စပ်တာပါ၊မစပ်တော့အောင် လေမှုတ်ပေးနေမယ်"
ပိုင်စိုးဖုန်းထဲကို စာတွေတောက်လျှောက်ဝင်နေ
ပေမင့် ပိုင်စိုးက ယူမကြည့်ခဲ့သလို၊မျက်လုံးနှင့်
တစ်ချက်ကလေးမျှပင် လှမ်းမကြည့်ဖြစ်ခဲ့ပါ။Notiတွေ အရမ်းတက်လာတော့ ဖုန်းကိုယူပြီး
ပိုင်စိုးက စိတ်ရှုပ်ဟန်ဖြင့်လွှင့်ပစ်လိုက်သည်။
နံရံနှင့်အရှိန်ပြင်းပြင်း ထိမိလိုက်တဲ့ ပိုင်စိုးဖုန်း
ကတော့ ကွဲအက်ကာ စက်ပင်ပိတ်သွားချေပြီ။ဟယ်ရီက ထပ်ပြီး ပိုင်စိုး,မသိအောင် ခိုးရယ်
လိုက်၏။
"စောက်ရူးကောင် တစ်ခါတည်းရူးသွားအေးရော"
ပိုင်စိုးမသိအောင် ဟယ်ရီက တီးတိုးဆိုသည်။
ကြိတ်ပြီးလည်း ရယ်ပစ်လိုက်သည်။
တစ်ခါတစ်ခါဆို မင်းပိုင်ဆိုးသူက တုံးအသည်။ဟယ်ရီ ဟန်ဆောင်တိုင်း အတည်လို့ထင်တတ်သူလည်းဖြစ်နေပြန်သည်။
"ဘာလို့ ဖုန်းကိုလွှင့်ပစ်လိုက်တာလဲ။မင်းရဲ့ မနူး
မနပ်လေးနဲ့ စာပို့တိုင်း မကစားတော့ဘူးလား။
ငါ့ကြောင့်နဲ့ အဲ့တာကို အလွတ်မခံသင့်ဘူး။
ငါ ဓားထိမိသွားတာက မင်းရဲ့အချိန်တွေကို
ကုန်စေတာပဲ"
"သူတို့က မင်းထက်ဘာမှအရေးမကြီးဘူး။အလကား အပေါစားတွေကြီးပဲ"
စကားတစ်ခွန်းတည်းနဲ့တင် ဟယ်ရီ့အတွက်
လုံလောက်စေခဲ့ရ၏။ယခုလိုအခြေအနေမျိုးပဲ
နေ့တိုင်းဖြစ်နေဖို့ကို ဟယ်ရီ သူ့ကိုယ်သူဒဏ်ရာ
များရအောင်လို့ လုပ်ပစ်နေရမလိုပင်။
အနာခံလိုက်ရတာက ဟယ်ရီ့အတွက်အမြတ်
အပြင် ပိုင်စိုး၏ဂရုစိုက်မှုတွေကိုလည်း ခံရသလို၊အပြင်ကိုလည်း အတူတူသွားလည်ခွင့်ရခဲ့သည်။နည်းနည်းလောက် ချွဲတဲတဲလေးလုပ်ပြလိုက်ပါကထိုအရူးကောင်က ပျာယာခတ်ကုန်ရ၏။
ပိုင့်စိတ်ထဲမှာ ငါရှိနေသေးတာပဲ။
ပိုင်က ငါ့ကိုစိုးရိမ်နေတယ်။သေလောက်စေမဲ့
ဒဏ်ရာရခဲ့ရင်တောင် ငါပျော်ပျော်ကြီးကို
တောင်းတပစ်လိုက်မှာပါ။
___________//////////___________
"Hi ဟယ်ရီ..မတွေ့ရတာတောင်ကြာပြီကွာ"
"မင်းဘယ်တုန်းက ဒီကိုပြန်ရောက်တာလဲ Rocky။
ငါ့ကိုတောင် ဖုန်းမဆက်ဘူး"
"စိတ်မဆိုးစမ်းပါနဲ့ ဟယ်ရီလေးရာ..မနေ့ကမှ ပြန်ရောက်တာပါကွ"
ဖိလစ်ပိုင်နှင့်မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေသည့် Rockyက ဟယ်ရီ၏သူငယ်ချင်းပင်။
ဟယ်ရီ့ကဲ့သို့ Rockyက ဗမာ၊ဖိလစ်ပိုင် သွေးနှော ကပြားတစ်ယောက်ဖြစ်သည်။တစ်ခါတစ်ခါ Rockyက ဟယ်ရီ့ကို "ဟယ်ရီလေး"ဟု ခေါ်ခေါ်
နေတတ်၍ ပိုင်စိုး၏မျက်နှာရိပ်မှာ အလိုမကျဖြစ်
နေချေတော့သည်။
"မင်းရဲ့ဟိုတစ်ယောက်မျက်ခုံးတွေက
Engry Bird လိုမျိုးဖြစ်နေပြီ ဟယ်ရီရေ"
"ဟမ် ဟုတ်လား"
"ဟေး ဟယ်ရီ..ငါတို့နောက်မှ သီးသန့်တွေ့ကြတာပေါ့။အခုတော့ မင်းဟာလေးဆီကို ပြန်သွားလိုက် တော့။တော်ကြာ သူ့မျက်ခုံးတွေက ငါ့ဆီ လာမှန်
နေဦးမယ်"
Rockyက အကင်းပါးစွာပင် ဟယ်ရီ့ကို ကပ်ပြော
လာသည်။ပိုင်စိုးကတော့ နားစွင့်နေသော်ငြား
ဘာအသံမှ မကြားရချေ။ထို့ကြောင့်ဖြင့်လည်း
သူ အလိုမကျထပ်ဖြစ်နေပြန်၏။ဟယ်ရီလည်း Rockyကိုနှုတ်ဆက်ကာ ပိုင်စိုးဆီသို့ ပြန်သွား
လိုက်ရသည်။
"အဲ့ကောင်က မင်းနဲ့ဘာတွေလဲ။
ကိုယ့်ရဲ့သစ္စာရှိတဲ့ ခွေးလိမ္မာလေးက မင်းဖြစ်နေဖို့လိုအပ်တယ် ဟယ်ရီ"
မင်းပိုင်စိုးသူ တစ်ယောက်ထဲကို ချစ်ရမယ်၊
စွဲလမ်းရမယ်။ချစ်သူဆိုလို့ သူတစ်ယောက်ထဲ
ပဲရှိရမယ်။ဒါက ပိုင်စိုးရဲ့ ဘာမှန်းမသိတဲ့ အတ္တ
တွေပါပဲ။ဪ..တစ်ကိုယ်ကောင်းဆန်တာပဲပေါ့။
"Rockyက သူငယ်ချင်းပါ။ငါဗိုက်ဆာနေပြီ
မှာထားတာတွေ ရောက်မလာသေးဘူးလား။
အဆာလွန်ပြီး ဗိုက်အောင့်တော့မယ်"
"အင်း ငါပြောထားတယ်၊ခဏနေရင် ရပါပြီတဲ့။
လက်က နာနေသေးလား"
"အင်း နာနေတုန်းပဲ။အရမ်းနက်သွားလို့ထင်တယ်
လက်ပါ ကိုက်လာတယ်"
ဟယ်ရီ မှန်ရာကို ဆိုလိုက်ခြင်းပါ။
ဒဏ်ရာက အရှိန်ဖြင့် တစ်ဆစ်ဆစ်ကိုက်ခဲနေ
သည်။ထိုလက်ညှိုးကပင် အနည်းငယ်ရောင်ကိုင်း
တက်လာ၏။ပိုင်စိုးက ဟယ်ရီ့ဘေးသို့ပြောင်းထိုင်
လာရင်း စိတ်မကောင်းဟန်ဖြင့် ဟယ်ရီ့လက်
တွေထံ ကိုင်တွယ်ထိတွေ့လာတော့သည်။
သို့နှင့်မက ဟယ်ရီ့ခေါင်းကိုထိန်းကိုင်လာပြီး
နောက် သူ့ပခုံးပေါ်သို့ မှီစေပြန်၏။
"သက်သာသွားမှာပါ ကိုယ်ရှိတယ်နော်။
ပြန်ရင် ဆေးခန်းဝင်ပြပေးမယ်။ဒဏ်ရာက
အရမ်းနက်နေတော့ ချုပ်ရမလားတောင် မသိဘူး"
ဟယ်ရီကတော့ မကြောက်ပေ။
ချုပ်ပါ ချုပ်လိုက်ရမည်ဆိုပါစို့ ပိုင်စိုး၏
ပြုစုယုယမှုများကိုပင် ဆက်လက်ခံယူနိုင်သေး
သည်။
မှာထားသည့် အစားအသောက်များက ရောက်လာတော့ ပိုင်စိုးက သူကိုယ်တိုင် ခွံ့ကျွေးလာတော့၏။ဘေးပတ်ဝန်းကျင်က မသိမသာ အကဲခတ်ကြည့် နေကြပေမင့် ပိုင်စိုး,ဂရုမစိုက်ပါချေ။ထိုနည်းတူ ဟယ်ရီကပင် နေသားကျနေပြီလည်းဖြစ်သည်။
ဟယ်ရီသိတာက မင်းပိုင်စိုးသူရဲ့ မျက်နှာချော
ချောကို အခွင့်သာတိုင်း ငေးကြည့်နေပစ်လိုက်မှာ။
ဒါက ဟယ်ရီ့အတွက်တော့ ကောင်းခြင်းတစ်မျိုးပဲ။အဲ့လောက်အထိ သူ့ကို ရူးသွပ်လာခဲ့ရတာ
ပါ။
"မင်းရဲ့ ရည်စားအသစ်တွေဆီကို မသွားသေး
ဘဲ..ငါ့နားမှာပဲ နေပေးလို့ရမလား။
ငါ..ငါတစ်ယောက်ထဲလို့ ခံစားနေရလို့။
ဒီခံစားချက်က ငါ့ကို အရမ်းပင်ပန်းစေတယ်"
"အင်း ငါမသွားပါဘူး..မင်းအနားမှာပဲ နေပေးမယ်"
ဟယ်ရီ ပြုံးပြနေရင်းမှ ပင်ပန်းလာသလို ခံစားရ
သည်။ပိုင်စိုး ခွံ့ကျွေးနေတဲ့ Pastaကိုစားနေပေမင့်
အရသာ ရေရေရာရာမျှပင် ရမလာခဲ့။မျက်လုံး
တွေက ကျိန်းစပ်လာပြီးတော့ ဟယ်ရီ ဖျားချင်
သလိုဖြစ်လာသည်။လက်ဖဝါးတွေလည်း ပူနွေး
လာသည်။
"ဘာဖြစ်လို့လဲ ဟယ်ရီ..တစ်ခုခုဖြစ်နေလို့လား။
နေမကောင်းချင်ဘူးထင်တယ်..မှန်းစမ်း ကိုယ်ပူ
နေတာလား"
ပိုင်စိုးက သူ့နဖူးကိုလည်း လက်ဖြင့်ကပ်ပြီး
ဟယ်ရီ့နဖူးကိုလည်း လက်ဖြင့်စမ်းကြည့်နေ
သည်။နွေးတေးတေးဖြစ်လာသည့် အပူချိန်က
မကြာခင်မှာ ပူကျစ်တောက်နေတော့မယ်မှန်း
ပိုင်စိုး သိလိုက်ချေပြီ။
"မင်း ဖျားတော့မှာပဲ ဟယ်ရီ..ဆေးခန်းသွားပြ
ရမယ်။ကျန်နေသေးတဲ့မုန့်တွေကို ပါဆယ်ပဲ
ထုပ်ခိုင်းလိုက်တော့မယ် ရလား၊ဟယ်ရီ ဆက်စား
ချင်သေးလား"
"ဟင့်အင်း အိမ်ပြန်ချင်တယ်"
"အင်းပါအင်းပါ ဆေးခန်းဝင်ပြပြီးရင် ပြန်ကြမယ်"
သာမာန်အချိန်များ၌ဆိုရင် ဟယ်ရီ ယခုလိုမျိုး
မချွဲတတ်ပေ။ယခုလိုလုပ်ရခြင်းက ဟယ်ရီ
မနည်းလုပ်ယူထားရတာပင်ဖြစ်သည်။အေးတိ
အေးစက်ကြီးဖြစ်နေလို့ ပိုင်စိုးသူ့ကို စိတ်ကုန်ပြီး ထားပစ်ခဲ့မှာကို ဟယ်ရီကြောက်သည်။ပြီးတော့
ပိုင်စိုးထက်လည်း ဟယ်ရီက အသက်ကြီးသူပင် မဟုတ်ပါလား။သို့သော်ငြား အရင်ကဘာမှမသိ
ဘဲ စုံးလုံးကန်းပြီး တစ်ယောက်ထဲ ပိုင်စိုးကို
စွဲလမ်းနေခဲ့ရတာပါ။ယခုလို ပိုင်စိုးရဲ့ အရှုပ်တွေ
ကိုသိလာရတော့ သူအရင်လိုမျိုး ငတုံးပုံစံဖြင့်
နေမပြလိုတော့တာတော့ အမှန်ပင်။
ငါက ငါပဲ..ဒီအရာက ပြောင်းလဲသွားမှာမဟုတ်ဘူး။အပြုအမူတွေက ငတုံးငအ တစ်ယောက်
လိုမျိုး ဟန်ဆောင်နေမိခဲ့တာကိုပဲ ပြောင်းလဲပစ်
လိုက်ရုံပါ။ဒီပြောင်းလဲရခြင်းက ဘယ်သူ့ကြောင့်
မှ မဟုတ်ဘူး။အဲ့တာက ငါ့နှလုံးသားအတွက်ပဲ။
"ဟယ်ရီ..ငါ့ရဲ့ သစ္စာရှိတဲ့ ခွေးလိမ္မာလေးဖြစ်နေ
ပေးမယ်မလား"
"ဒီစကားက နောက်ကျနေတယ်လို့ ငါထင်တယ်။
ကျန်ခဲ့တဲ့ သုံးနှစ်လုံးလုံးမှာ ငါက မင်းရဲ့ သစ္စာရှိ
တဲ့ ခွေးလိမ္မာလေးဖြစ်နေခဲ့ပြီးသား။ငါက မင်း
လို ယောက်ျားတစ်ယောက်ပဲ၊ဒါပေမဲ့ စိတ်ဓာတ်
ပိုင်းဆိုင်ရာတော့ ကွာတယ်။ငါ့ကို မင်းလိုမျိုးလို့ပဲ
ထင်မနေသင့်ဘူး"
ပိုင်စိုးက ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့ပြီး၊
လေးပင်နေတဲ့ ခံစားချက်တွေကြောင့် ဟယ်ရီ့
ပခုံးကိုသာ တိုးဖက်ထားမိတော့သည်။အရင်လို အမြဲတမ်း အနားကိုလိုက်ကပ်ရင်း စကားတွေအများကြီးပြောနေတတ်တဲ့ ဟယ်ရီ့ကို သူလွမ်း
မိလာသည်။ဟယ်ရီက အခုနောက်ပိုင်း သိသိသာသာလည်း ပြောင်းလဲလာ၏။
သူတို့ ရန်လည်းဖြစ်လာကြသလို၊ဟယ်ရီက
သူ့အပေါ်မချစ်တော့ဘူးဟုပင် ခံစားလာရစေသည်။
"ဟယ်ရီ မင်းငါ့ကို ချစ်ရောချစ်သေးရဲ့လား။
မင်းက..ငါ့ကိုအရင်ကလောက် မချစ်တော့သလိုပဲ"
'ဒါက ဘယ်လိုတောင် ထင်မြင်မှုကြီးလဲ'
ဟယ်ရီ,တီတိုးဆိုရင်း ငြိမ်နေမိ၏။
ပိုင်စိုးကိုလည်း ဘာမှပြန်မပြောချင်တော့ပေ။
သူမြင်နေရတဲ့ ဟယ်ရီ့ပုံစံတွေက သူ့ကွယ်ရာ
ထက်စာရင်တော့ ဒါကပါမွှားလေးပါ။
ဟယ်ရီ့ပြိုလဲမှုတွေကို ပိုင်စိုးမြင်နေရရင်တောင်
မှ..ဒါက ပြဿနာမဟုတ်ဘူးလို့ ထင်နေဦးမှာပဲ
လား။ဒီလိုပါပဲ ပိုင့်ရဲ့စိတ်ဟာ ခန်းမှန်းရခက်တယ်။
မျက်လုံးများ၌ ခံစားရခြင်းဆိုသည်ကို အရောင်
ပြနေပြီး၊နှုတ်ခမ်းမှာတော့ မထိတထိလေးသာ
ပြုံးနိုင်သည်။ဟယ်ရီ ပြုံးရုံမှတစ်ပါး ပိုင်စိုးကို မတုံ့ပြန်မိခဲ့ပါချေ။
////////////////////////////////////////
7.5.2021(Friday)
-လီလီဟန်-
....
Zawgyi
ဟယ်ရီမြတ်သာ//
မည်နည်း။
ရယ်ချလာတော့၏။
တွေ။
သလား.."
ငါမမှတ်မိလဲ ဘာဖြစ်လဲ။မင်း ဘာသာကြိုက်တာ
တဲ့ ဒီအချက်။
မကြည့်နိုင်ခဲ့တာ။သူသိတာက ဟယ်ရီစကား
တော့ပါပါလိမ့်မယ်။
ပစ်လိုက်ပြီ"
ကို ပြန်ယူနည်းပဲ။
"ဟင့် နာတယ်"
ဆေးထည့်ပေးမယ်။sorry ဟယ်ရီ..ကိုယ်
မိရင်ပဲ
တွေကို ကုန်စေတာပဲ"
___________//////////___________
"ဟမ် ဟုတ်လား"
"Rockyက သူငယ်ချင်းပါ။ငါဗိုက်ဆာနေပြီ
"အင်း နာနေတုန်းပဲ။အရမ်းနက်သွားလို့
သည်။
နေတာလား"
ချင်သေးလား"
သည်။
////////////////////////////////////////
7.5.2021(Friday)
-လီလီဟန်-
....