Mary Sue แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€žแ€ญแ€ฏแ€ทแ€€แ€ฐ...

Galing kay hooniemochi

1.3M 40.3K 788

ใ€Š ๐–ฒ๐—๐–บ๐—๐—Ž๐—Œ: ๐–ข๐—ˆ๐—†๐—‰๐—…๐–พ๐—๐–พ๐–ฝ // ๐–พ๐–ฝ๐—‚๐—๐–พ๐–ฝ ๐—๐–พ๐—‹๐—Œ๐—‚๐—ˆ๐—‡ใ€‹ ๐–ฌ๐—’๐–บ๐—‡๐—†๐–บ๐—‹ ๐–ณ๐—‹๐–บ๐—‡๐—Œ๐—…๐–บ๐—๐—‚๐—ˆ๐—‡ ๐—ˆ๐–ฟ... Higit pa

๐–ณ/๐–ญ
Description
CHAPTER 1.1
CHAPTER 1.2
CHAPTER 1.3
CHAPTER 2.1
CHAPTER 2.2
CHAPTER 2.3
CHAPTER 3.1
CHAPTER 3.2
CHAPTER 4.1
CHAPTER 4.2
CHAPTER 4.3
CHAPTER 5.2
CHAPTER 6.1
CHAPTER 6.2
CHAPTER 7.1
CHAPTER 7.2
CHAPTER 7.3
CHAPTER 8.1
CHAPTER 8.2
CHAPTER 9.1
CHAPTER 9.2
CHAPTER 9.3
CHAPTER 10

CHAPTER 5.1

11.2K 1.5K 26
Galing kay hooniemochi

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဥ် သူ့ရဲ့မျက်နှာကို တခဏ တိတ်တဆိတ် ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူမ ဆန့်ကျင်ဘက်ကိုရွေးချယ်လိုက်ပြီး ပြောလိုက်သည် ။

“ငါ့မှာအဲ့လိုပြောရလောက်အောင်အထိ သတ္တိမရှိပါဘူး”

နန်ရှောင်း –“??? ”

ဒီမိန်းမဘာအကြောင်းကို ပြောချင်နေတာလဲ?ထပ်ပြီး ကြောင်တောင်တောင်ဖြစ်သွားပြန်ပြီလား?

ရှီးနဉ် ဆက်ပြောလိုက်သည်။

“ငါဒီလိုပြန်ပေးဆွဲခံရတာကလဲ နင်ရဲ့ပြဿနာအရှုပ်အထုပ်တွေကြောင့် ဖြစ်တယ်ဆိုတာက အရှင်းကြီးပဲလေ”

“အဲ့အတွက် နင်ငါ့ကိုတောင်းပန်စရာလဲ မလိုပါဘူး အဓိက က နင်နဲ့ငါ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကို မြန်မြန်လေးသာ ရှင်းပြလိုက်စမ်းပါ အဲ့တာမှ နောင်ကျရင် ငါလဲ ထပ်ပြီး ပြန်ပေးဆွဲခံနေစရာမလိုတော့ဘူး”

“...”

နန်ရှောင်းရဲ့မျက်နှာဟာ လုံးဝကို မည်းမှောင်သွားတော့သည်။

ငယ်ငယ်လေးကတည်းက ရှီးနဉ်က သူ့ကို ကပ်တွယ်နေတာကို သူ အရမ်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့လို့ အခု သူမရဲ့ပုံစံက သူနဲ့ကို တမိုးအောက်ထဲမှာ တစက္ကန့်လေးမှကို မနေချင်တဲ့ ပုံစံကိုတွေ့လိုက်ရတော့ သူအတော်လေး ဒေါသထွက်လာတာကို သူ့ကိုယ်သူသိလိုက်ရသည်။

သူက သူမပြောတာကို ငြင်းတဲ့အနေနဲ့ လှောင်ကာပြောလိုက်သည်။

“အဲ့တာက ကိစ္စမရှိပါဘူး မင်းက သေသေရှင်ရှင် ဂရုမစိုက်ဘဲ နေ့တိုင်း ငါ့နောက်တကောက်ကောက်လိုက်နေကြပဲလေ”

ရှီးနဉ်:  “အဲ့ဒါတွေက အတိတ်တုန်းကဖြစ်ပြီးခဲ့တဲ့ဟာတွေပဲလေ အတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်စမ်းပါဟာ”

နန်ရှောင်း –  “.....”

လူကောင်းတစ်ယောက်က ရှေ့ကိုကြည့်ပြီးဆက်လျှောက်တာပဲဖြစ်သင့်တယ်။

နန်ရှောင်းရဲ့အနောက်က ကောင်လေးတစ်ယောက်ကနေ မကျေမနပ်ဖြစ်ပြီး ကောင်းမင်နဲ့ ကောင်မလေးအုပ်စုကို လက်ညှိုးထိုးပြကာ

“ ရှီးနဉ်ကျဲ ဒီမှာရှိတဲ့ လူတွေမျက်နှာကို မမှတ်မိဖူးလို့တော့ မပြောနဲ့နော် သူတို့ကိုကြည့်လိုက် သူတို့ကို နင်ဒီနေရာခေါ်လာတာမဟုတ်ဘူးလား?”လို့ဝင်ပြောလေသည်။

ရှီနဉ်:“သူတို့ဘာသာသူတို့ လာချင်လို့လာတာ ငါနဲ့ဘာမှကိုမဆိုင်ဘူး”

“ဒါဆိုမင်းဘာလို့ အထောက်အပံ့ကလပ်ကို ဖွဲ့စည်းထားသေးလဲ?”

နန်ရှောင်း ထိုသို့ပြောလာတဲ့အချိန်မှာ ကောင်းမင်က သူမရဲ့လက်တစ်ဖက်ကို စိတ်မပါလက်မပါနဲ့ မြှောက်ပြကာဝင်ပြောလေသည်။

“ရှောင်းကောရယ်  ဒီနေ့ ညနေ ၅နာရီမှာပဲ ငါတို့အထောက်အပံ့စကွက်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခံထားရတယ်”

သူမ ဒီလောက် ရှင်းရှင်းလင်းလင်းပြောထားတာကို ဒီကလူတွေက နားမ‌လည်သေးတာလား?

....

သူက ဒီလိုအဖွဲ့အစည်း ရှိတယ်ဆိုတာကို သိရုံလေးရှိသေး အဲ့တာက ဖျက်သိမ်းလိုက်ပြီတဲ့လား??

နန်ရှောင်း ဒီအရှုပ်ထုပ်တွေကို အာရုံစိုက်ရမှာ အတော်လေးပျင်းသွားပြီမလို့ ချူယင်းကျယ်ကို တိုက်ရိုက် စကားပြောလိုက်တော့သည်။

“သူက ငါ့ကောင်မလေးမဟုတ်တာမို့လို့ သူ့လွှတ်ပေးလိုက်တော့”

ချူယင်းကျယ်က ဓားကို ထုတ်လိုက်ပြီး ရှီးနဉ်ရဲ့ လည်ပင်းနားကို တေ့ထားလိုက်သည်။

“ငါမယုံဘူး မင်းလူတွေလက်ထဲက ရှိသမျှဟာ အားလုံးသာ ပစ်ချခိုင်းလိုက်”

နန်ရှောင်း ချူယင်းကျယ်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး

“ချူယင်းကျယ် မင်းရဲ့ အစ်ကိုရော ဘယ်လိုနေသေးလဲ ငါသူ့ကိုမတွေ့မိပါ့လား? သူအခုထိကိုဆေးရုံတက်နေရတုန်းပဲလား?”

သူ ဒီလိုထုတ်ပြောလိုက်တဲ့အချိန်မှာ ချူယင်းကျယ်ရဲ့ဒေါသ က ငယ်ထိပ်ထိကို တက်ဆောင့်သွားသည်။

“မင်းက ဒီအချိန်မှာတောင် ဒီလိုမျက်နှာနဲ့ ငါ့အစ်ကိုအကြောင်းကို‌ပြောရဲသေးတယ်ပေါ့ ဟုတ်လား? ငါဒီနေ့လာရတဲ့ အကြောင်းအရင်းကလည်း ငါ့အစ်ကိုအတွက် လက်စားလာချေတာပဲ”

နန်ရှောင်းက ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

“မင်းရဲ့ ညီအစ်ကိုပီသမှုကြီးကို မြင်လိုက်ရတာမို့လို့ ဒါဆိုလဲ မင်းအစ်ကိုနဲ့အတူ တ‌စ်ဆေးရုံထဲတက်နိုင်အောင်လို့ ငါမင်းကို ဆေးရုံအရောက်ပို့ပေးရတာပေါ့ကွာ”

“လခွမ်း ကိုယ့်ကိုယ်ကိုလဲ စောက်ရမ်း စောက်ထင်ကြီး မနေပါနဲ့ဦး သူ့အကြောင်းလဲ ထည့်တွေးအုံး လှရက်လွန်းတဲ့ကောင်မလေးပဲကွာ သူ နာကျင်မှာကို မင်းရဲ့နှလုံးသားလေးက ခံနိုင်ရည်ရောရှိရဲ့လား?”

ထိုစဉ် ချူယင်းကျယ်ရဲ့ဓားက ရှီးနဉ်ရဲ့လည်ပင်းကို ထိကပ်လုနီးပါးပင်။ ရှီးနဥ်ကတော့ မျက်နှာသေနဲ့ တုပ်တုပ်မှကိုမလှုပ်ဘဲနေတယ်။

“ဟက် စောက်ကြောက်လေးပဲ ကောင်မလေးတစ်ယောက်ကိုအသုံးချပြီး ငါ့ကိုခြိမ်းခြောက်တယ်ပေါ့”

ချူယင်းကျယ်: “ဒီလိုမှမဟုတ်ရင် ငါတို့က မင်းကိုရိုက်နိုင်မှာ မဟုတ်ဘူးလေ? မင်းသာ နာနာခံခံနဲ့လက်လျှော့ပေးလိုက်ရင် ငါကသူ့ကိုလွှတ်ပေးမယ်လေ”

နန်ရှောင်းက စကားတော့စပြောမလာသေးချေ။

ချူယင်းကျယ်က ဓားကို ရှေ့တိုးလိုက်ပြီး ရှီးနဥ်ရဲ့ လည်ပင်းကို ထောက်ထားလိုက်တော့တယ်။ အဲ့တာက ရှီးနဥ်ရဲ့ အရေပြားကို လျှပ်ပါးလေးထိသွားသည် ။

မူလဇာတ်ကြောင်းအရဆို နန်ရှောင်က ရှီးနဥ်ကို သေလောက်အောင်မုန်းနေတာလေ။ ဘယ်လိုလုပ် သူက (သူ့ကို)ကယ်ပေးမှာတုန်း?? သူကတောင် သူမကို ဖြစ်နိုင်‌ရင် ‌အမြန်ဆုံးတောင် ပျောက်ကွယ်သွားစေချင်တာလေ။

ရှီးနဥ်က သူမခမျာ အခုမှ ဝိဉာဉ် ကူးပြောင်းလာရုံလေးပဲရှိသေးပြီး  ‌ဘဝလေးကို ကောင်းကောင်းမွန်မွန်တောင် မစတင်ရသေးဘူး အခုသေရတော့မှာပါလား ဆိုပြီးတောင် တွေးနေမိတယ်။

ငါ့ဘဝမှာ အောင်မြင်မှုလေးတောင် မရနိုင်တော့ဘူးလား?

“သူ့ကိုလွှတ်ပေးလိုက် မင်းတို့လိုချင်တဲ့အတိုင်းဖြစ်စေရမယ်”ဆိုပြီး နန်ရှောင်းက တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူ့ရဲ့အနောက်ကလူ အနည်းစုက သူတို့လက်မှာရှိတာတွေအကုန်လုံးကို ပစ်ချလိုက်သည်။

ချူယင်းကျယ်က သူ့လူတစ်ယောက်ကို ကြိုးရှည်ရှည်တစ်ခုသွားယူဖို့ ပြောလိုက်တယ်။ သူတို့ကို ကြိုးနဲ့တုပ်ထားမယ်ဆိုရင် သူတို့ခုခံနိုင်မှာမဟုတ်တော့ဘူးလေ။

“ဘော့စ် ဟိုမိန်းမတွေကိုရော?”

ချူယင်းကျယ်ရဲ့ညီငယ်လေး တစ်ယောက်ကနေ ကောင်းမင်နဲ့ ကောင်မလေးအုပ်စုကို ညွှန်ပြလိုက်တယ်

“ဟုတ်တာပေါ့ သူတို့ကိုလဲ အတူတွဲချည်ထားလိုက်!”

အဲ့ဒီမိန်းမတွေက ပိုတောင်ကြောက်ဖို့ကောင်းသေးတယ် ဟုတ်ပြီလား!!

အားလုံးကို ကြိုးတုပ်ပြီးတဲ့နောက် ချူယင်းကျယ်က ရှီးနဥ်ကို တကယ်ပဲ လွှတ်ပေးလိုက်တယ်။

ရှီးနဥ်က သူ့ရဲ့အင်္ကျီလက်တွေက ဖုန်ကိုခါလိုက်ပြီး သူမရဲ့ကျောင်းလွယ်အိတ်ကလေးကိုလွယ်ကာ ထွက်သွားဖို့ပြင်လိုက်သည်။

ချူယင်းကျယ်က သူမကို တားဆီးလိုက်သည်။

“မင်းက အခုထွက်သွားတော့မလို့လား??”

"အဲ့လိုမှမဟုတ်ရင် ဘာရှိသေးလဲ?"ဆိုပြီး ရှီးနဥ်က မေးလေသည်။

ချူယင်းကျယ်က သူမကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။ သိပ်မကြာသေးခင် အချိန်တုန်းကတောင် အဲ့ဒီကောင်မလေးက နန်ရှောင်းအတွက်နဲ့ သူ့ကို ကန်လဲကန်သလို ကုန်းလဲကိုက်လိုက်တာမှ အရူးတစ်ယောက်လိုပဲ ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိသေးတယ်။

ဒါပေမဲ့လို့ အခုကျတော့ နန်ရှောင်းကို လုံးဝမသိတဲ့ပုံစံမျိုးနဲ့ သူ မတူအောင်ကို အေးဆေးတည်ငြိမ်နေလွန်းတယ်။

ချူယင်းကျယ်က သူ့လူတွေကို တစ်ချက်လှည့်ကြည့်လိုက်တော့ သူတို့က သူဘာကိုပြောချင်တာလဲဆိုတာကို နားလည်သဘောပေါက်စွာနဲ့ပဲ သူ့လက်ထဲကို တုတ်ချောင်းတစ်ချောင်း ထည့်ပေးလိုက်သည်။

ထို့နောက် သူကအဲ့တုတ်ကို ယူလိုက်ပြီး နန်ရှောင်းရဲ့ကျော အနောက်ဘက်ကို ရိုက်ချလိုက်သည်

ချူယင်းကျယ်က သူ့ကိုမေးငေါ့ပြပြီး ပြောလိုက်တယ်။

“မင်းတွေ့တယ်မလား?”

ရှီးနဥ်က ခေါင်းငြိမ့်ပြလိုက်ပြီး ပြောသည်။

“ငါတွေ့သားပဲ”

သူမရဲ့ အေးဆေးလွန်းတဲ့ မျက်နှာထားက ချူယင်းကျယ်ကိုတောင် အသက်ရှုခနရပ်စေသည်။

အစ်မတော်ရေ ငါ့ကို မင်းရဲ့နည်းနည်းလောက်တော့စိုးရိမ်တဲ့ အမူအရာလေးထုတ်ပြလို့မရဘူးလား? အခုလို လျစ်လျူရှုနေတဲ့အမူအရာကြောင့် ဒီကလူ လန့်ပြီးသေတော့မလိုပဲ

နန်ရှောင်းလည်းပဲ ရှီးနဥ်ရဲ့စိတ်မဝင်စားတဲ့ အမူအရာကိုတွေ့လိုက်ရတယ်။ သူအရိုက်ခံရပြီးမသေခင် သူမကြောင့် ဒေါသထွက်လွန်းလို့ သေတော့မလိုကို ခံစားလိုက်ရသည်။

“ရှောင်းကော  ရှီးနဥ်က အစ်ကို့ကို ဆက်မကြိုက်တော့ဘူးလို့ထင်တယ် အဲ့တာဆို ကျွန်တော်တို့ လုပ်တာကလဲ အလကားပဲပေါ့”

နန်ရှောင်းရဲ့ညီငယ်လေးတစ်ယောက်ကနေ ငိုမဲ့မဲ့ပြောလာသည်။

ကျင့်စစ်းဟန့်က အကျင့်မကောင်းစွာနဲ့ ဝမ်းသာအားရပြောလေသည်။

“ဝေါင်း နဉ်နဉ် မူမမှန်တော့ဘူး မင်းနဲ့  ရန်ဖြစ်ခဲ့ဖူးတဲ့လူတွေကိုတောင် ပြင်းပြင်းထန်ထန်နဲ့ရိုက်နှက်ပြီး ကြိမ်းမောင်းခဲ့သေးတယ် ဒါပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က မင်းကို ရိုက်နေတာတောင် သူက မင်းကို မျက်နှာလွဲ ခဲပစ်လုပ်နေတယ်”

နန်ရှောင်း – “ ...”

ဒီမိန်းမကို ကယ်တင်ဖို့တော့လိုနေပြီထင်တယ်။

“ဒါဆို ငါအခုသွားလို့ရပြီလား?”ရှီးနဥ်က ထပ်ပြီးမေးလေသည်။

ချူယင်းကျယ်က နားကိုမလည်တော့လို့မေးလိုက်သည်။

“မင်းက သူ့ကို တကယ်ပဲ ဂရုမစိုက်တော့ဘူးလား?”

ရှီးနဥ်က သူ့ကို စိုက်ကြည့်ပြီး အတည်အတံ့မေးလိုက်သည်။

“ငါသူ့ကို ဂရုမစိုက်တော့ဘူး? ငါကနင့်ကို ဂရုစိုက်ပါတယ်လို့ ပြောလိုက်ရင် နင်ကရော သူ့ကို မရိုက်‌နှက်တော့ဘဲ ကျန်လူတွေအကုန်လုံးကိုပါ ပြန်လွှတ်လိုက်မှာမို့လို့လား?”

ချူယင်းကျယ်ကထိုအကြောင်းကိုစဉ်းစားလိုက်ပြီး သူမကို လက်ခါပြလိုက်သည်။

“သူ တကယ်ကြီး အရမ်း‌ကို သွေးအေးလွန်းနေတယ် ဘော့စ်ကသည်းခံတုန်းပဲလား?”ဆိုပြီး နန်ရှောင်းရဲ့လူတွေက သက်ပြင်းချကာပြောလိုက်သည်။

သူတို့အားလုံးတွေးမိတာက ရှီးနဥ်ရဲ့ပုံစံအရဆို နန်ရှောင်းက သူမကို ကယ်တင်ပေးလိုက်မယ်ဆိုရင် သူမက ငိုယိုပြီး ချူယင်းကျယ်တို့ အုပ်စုကို တောင်းတောင်းပန်ပန်နဲ့ သဘော‌တူညီချက်တွေယူလိမ့်မယ်ဆိုပြီးတော့ပေါ့။

အဲ့တာ‌နဲ့ လုံးဝကို မတူဘဲ တခြားစီဖြစ်လာလိမ့်မယ်လို့ ဘယ်သူကရောထင်မိမှာလဲ??

သူတို့ဒီနေရာမှာ ကြိုးတုပ်ခံနေရတာတောင် သူမက ဖင်လေးကို ဖုန်ခါပြီးထွက်သွားလိုက်သေးသည်။

ရှီးနဥ်က ထွက်သွားပြီးနောက် ချူယင်းကျယ်က ကြိုးတုပ်ခံရတဲ့သူ့ကိုကြည့်ကာ စိတ်ကြီးဝင်နေပုံစံနဲ့ အော်ရယ်လေသည်။

Thanks for Reading 💟

*******

【𝖹𝖠𝖶𝖦𝖸𝖨】

ရွီးနဥ္ သူ႔ရဲ႕မ်က္ႏွာကို တခဏ တိတ္တဆိတ္ ၾကည့္လိုက္သည္။ ေနာက္ဆုံးေတာ့ သူမ ဆန႔္က်င္ဘက္ကိုေ႐ြးခ်ယ္လိုက္ၿပီး ေျပာလိုက္သည္ ။

“ငါ့မွာအဲ့လိုေျပာရေလာက္ေအာင္အထိ သတၱိမရွိပါဘူး”

နန္ေရွာင္း –“??? ”

ဒီမိန္းမဘာအေၾကာင္းကို ေျပာခ်င္ေနတာလဲ?ထပ္ၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္သြားျပန္ၿပီလား?

ရွီးနဥ္ ဆက္ေျပာလိုက္သည္။

“ငါဒီလိုျပန္ေပးဆြဲခံရတာကလဲ နင္ရဲ႕ျပႆနာအရႈပ္အထုပ္ေတြေၾကာင့္ ျဖစ္တယ္ဆိုတာက အရွင္းႀကီးပဲေလ”

“အဲ့အတြက္ နင္ငါ့ကိုေတာင္းပန္စရာလဲ မလိုပါဘူး အဓိက က နင္နဲ႔ငါ ဘာပတ္သက္မႈမွ မရွိဘူးဆိုတာကို ျမန္ျမန္ေလးသာ ရွင္းျပလိုက္စမ္းပါ အဲ့တာမွ ေနာင္က်ရင္ ငါလဲ ထပ္ၿပီး ျပန္ေပးဆြဲခံေနစရာမလိုေတာ့ဘူး”

“...”

နန္ေရွာင္းရဲ႕မ်က္ႏွာဟာ လုံးဝကို မည္းေမွာင္သြားေတာ့သည္။

ငယ္ငယ္ေလးကတည္းက ရွီးနဥ္က သူ႔ကို ကပ္တြယ္ေနတာကို သူ အရမ္း စိတ္အေႏွာင့္အယွက္ ျဖစ္ခဲ့တယ္။ ဒါေပမဲ့လို႔ အခု သူမရဲ႕ပုံစံက သူနဲ႔ကို တမိုးေအာက္ထဲမွာ တစကၠန္႔ေလးမွကို မေနခ်င္တဲ့ ပုံစံကိုေတြ႕လိုက္ရေတာ့ သူအေတာ္ေလး ေဒါသထြက္လာတာကို သူ႔ကိုယ္သူသိလိုက္ရသည္။

သူက သူမေျပာတာကို ျငင္းတဲ့အေနနဲ႔ ေလွာင္ကာေျပာလိုက္သည္။

“အဲ့တာက ကိစၥမရွိပါဘူး မင္းက ေသေသရွင္ရွင္ ဂ႐ုမစိုက္ဘဲ ေန႔တိုင္း ငါ့ေနာက္တေကာက္ေကာက္လိုက္ေနၾကပဲေလ”

ရွီးနဥ္:  “အဲ့ဒါေတြက အတိတ္တုန္းကျဖစ္ၿပီးခဲ့တဲ့ဟာေတြပဲေလ အတိတ္ကိုအတိတ္မွာပဲထားခဲ့လိုက္စမ္းပါဟာ”

နန္ေရွာင္း –  “.....”

လူေကာင္းတစ္ေယာက္က ေရွ႕ကိုၾကည့္ၿပီးဆက္ေလွ်ာက္တာပဲျဖစ္သင့္တယ္။

နန္ေရွာင္းရဲ႕အေနာက္က ေကာင္ေလးတစ္ေယာက္ကေန မေက်မနပ္ျဖစ္ၿပီး ေကာင္းမင္နဲ႔ ေကာင္မေလးအုပ္စုကို လက္ညႇိဳးထိုးျပကာ

“ ရွီးနဥ္က်ဲ ဒီမွာရွိတဲ့ လူေတြမ်က္ႏွာကို မမွတ္မိဖူးလို႔ေတာ့ မေျပာနဲ႔ေနာ္ သူတို႔ကိုၾကည့္လိုက္ သူတို႔ကို နင္ဒီေနရာေခၚလာတာမဟုတ္ဘူးလား?”လို႔ဝင္ေျပာေလသည္။

ရွီနဥ္:“သူတို႔ဘာသာသူတို႔ လာခ်င္လို႔လာတာ ငါနဲ႔ဘာမွကိုမဆိုင္ဘူး”

“ဒါဆိုမင္းဘာလို႔ အေထာက္အပံ့ကလပ္ကို ဖြဲ႕စည္းထားေသးလဲ?”

နန္ေရွာင္း ထိုသို႔ေျပာလာတဲ့အခ်ိန္မွာ ေကာင္းမင္က သူမရဲ႕လက္တစ္ဖက္ကို စိတ္မပါလက္မပါနဲ႔ ေျမႇာက္ျပကာဝင္ေျပာေလသည္။

“ေရွာင္းေကာရယ္  ဒီေန႔ ညေန ၅နာရီမွာပဲ ငါတို႔အေထာက္အပံ့စကြက္ကို ဖ်က္သိမ္းလိုက္ၿပီလို႔ ေၾကညာခံထားရတယ္”

သူမ ဒီေလာက္ ရွင္းရွင္းလင္းလင္းေျပာထားတာကို ဒီကလူေတြက နားမ‌လည္ေသးတာလား?

....

သူက ဒီလိုအဖြဲ႕အစည္း ရွိတယ္ဆိုတာကို သိ႐ုံေလးရွိေသး အဲ့တာက ဖ်က္သိမ္းလိုက္ၿပီတဲ့လား??

နန္ေရွာင္း ဒီအရႈပ္ထုပ္ေတြကို အာ႐ုံစိုက္ရမွာ အေတာ္ေလးပ်င္းသြားၿပီမလို႔ ခ်ဴယင္းက်ယ္ကို တိုက္႐ိုက္ စကားေျပာလိုက္ေတာ့သည္။

“သူက ငါ့ေကာင္မေလးမဟုတ္တာမို႔လို႔ သူ႔လႊတ္ေပးလိုက္ေတာ့”

ခ်ဴယင္းက်ယ္က ဓားကို ထုတ္လိုက္ၿပီး ရွီးနဥ္ရဲ႕ လည္ပင္းနားကို ေတ့ထားလိုက္သည္။

“ငါမယုံဘူး မင္းလူေတြလက္ထဲက ရွိသမွ်ဟာ အားလုံးသာ ပစ္ခ်ခိုင္းလိုက္”

နန္ေရွာင္း ခ်ဴယင္းက်ယ္ကို ခပ္စူးစူးစိုက္ၾကည့္လိုက္ၿပီး

“ခ်ဴယင္းက်ယ္ မင္းရဲ႕ အစ္ကိုေရာ ဘယ္လိုေနေသးလဲ ငါသူ႔ကိုမေတြ႕မိပါ့လား? သူအခုထိကိုေဆး႐ုံတက္ေနရတုန္းပဲလား?”

သူ ဒီလိုထုတ္ေျပာလိုက္တဲ့အခ်ိန္မွာ ခ်ဴယင္းက်ယ္ရဲ႕ေဒါသ က ငယ္ထိပ္ထိကို တက္ေဆာင့္သြားသည္။

“မင္းက ဒီအခ်ိန္မွာေတာင္ ဒီလိုမ်က္ႏွာနဲ႔ ငါ့အစ္ကိုအေၾကာင္းကို‌ေျပာရဲေသးတယ္ေပါ့ ဟုတ္လား? ငါဒီေန႔လာရတဲ့ အေၾကာင္းအရင္းကလည္း ငါ့အစ္ကိုအတြက္ လက္စားလာေခ်တာပဲ”

နန္ေရွာင္းက ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္သည္။

“မင္းရဲ႕ ညီအစ္ကိုပီသမႈႀကီးကို ျမင္လိုက္ရတာမို႔လို႔ ဒါဆိုလဲ မင္းအစ္ကိုနဲ႔အတူ တ‌စ္ေဆး႐ုံထဲတက္ႏိုင္ေအာင္လို႔ ငါမင္းကို ေဆး႐ုံအေရာက္ပို႔ေပးရတာေပါ့ကြာ”

“လခြမ္း ကိုယ့္ကိုယ္ကိုလဲ ေစာက္ရမ္း ေစာက္ထင္ႀကီး မေနပါနဲ႔ဦး သူ႔အေၾကာင္းလဲ ထည့္ေတြးအုံး လွရက္လြန္းတဲ့ေကာင္မေလးပဲကြာ သူ နာက်င္မွာကို မင္းရဲ႕ႏွလုံးသားေလးက ခံႏိုင္ရည္ေရာရွိရဲ႕လား?”

ထိုစဥ္ ခ်ဴယင္းက်ယ္ရဲ႕ဓားက ရွီးနဥ္ရဲ႕လည္ပင္းကို ထိကပ္လုနီးပါးပင္။ ရွီးနဥ္ကေတာ့ မ်က္ႏွာေသနဲ႔ တုပ္တုပ္မွကိုမလႈပ္ဘဲေနတယ္။

“ဟက္ ေစာက္ေၾကာက္ေလးပဲ ေကာင္မေလးတစ္ေယာက္ကိုအသုံးခ်ၿပီး ငါ့ကိုၿခိမ္းေျခာက္တယ္ေပါ့”

ခ်ဴယင္းက်ယ္: “ဒီလိုမွမဟုတ္ရင္ ငါတို႔က မင္းကို႐ိုက္ႏိုင္မွာ မဟုတ္ဘူးေလ? မင္းသာ နာနာခံခံနဲ႔လက္ေလွ်ာ့ေပးလိုက္ရင္ ငါကသူ႔ကိုလႊတ္ေပးမယ္ေလ”

နန္ေရွာင္းက စကားေတာ့စေျပာမလာေသးေခ်။

ခ်ဴယင္းက်ယ္က ဓားကို ေရွ႕တိုးလိုက္ၿပီး ရွီးနဥ္ရဲ႕ လည္ပင္းကို ေထာက္ထားလိုက္ေတာ့တယ္။ အဲ့တာက ရွီးနဥ္ရဲ႕ အေရျပားကို လွ်ပ္ပါးေလးထိသြားသည္ ။

မူလဇာတ္ေၾကာင္းအရဆို နန္ေရွာင္က ရွီးနဥ္ကို ေသေလာက္ေအာင္မုန္းေနတာေလ။ ဘယ္လိုလုပ္ သူက (သူ႔ကို)ကယ္ေပးမွာတုန္း?? သူကေတာင္ သူမကို ျဖစ္ႏိုင္‌ရင္ ‌အျမန္ဆုံးေတာင္ ေပ်ာက္ကြယ္သြားေစခ်င္တာေလ။

ရွီးနဥ္က သူမခမ်ာ အခုမွ ဝိဉာဥ္ ကူးေျပာင္းလာ႐ုံေလးပဲရွိေသးၿပီး  ‌ဘဝေလးကို ေကာင္းေကာင္းမြန္မြန္ေတာင္ မစတင္ရေသးဘူး အခုေသရေတာ့မွာပါလား ဆိုၿပီးေတာင္ ေတြးေနမိတယ္။

ငါ့ဘဝမွာ ေအာင္ျမင္မႈေလးေတာင္ မရႏိုင္ေတာ့ဘူးလား?

“သူ႔ကိုလႊတ္ေပးလိုက္ မင္းတို႔လိုခ်င္တဲ့အတိုင္းျဖစ္ေစရမယ္”ဆိုၿပီး နန္ေရွာင္းက တည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္သည္။

ထိုသို႔ေျပာၿပီးေနာက္ သူ႔ရဲ႕အေနာက္ကလူ အနည္းစုက သူတို႔လက္မွာရွိတာေတြအကုန္လုံးကို ပစ္ခ်လိုက္သည္။

ခ်ဴယင္းက်ယ္က သူ႔လူတစ္ေယာက္ကို ႀကိဳးရွည္ရွည္တစ္ခုသြားယူဖို႔ ေျပာလိုက္တယ္။ သူတို႔ကို ႀကိဳးနဲ႔တုပ္ထားမယ္ဆိုရင္ သူတို႔ခုခံႏိုင္မွာမဟုတ္ေတာ့ဘူးေလ။

“ေဘာ့စ္ ဟိုမိန္းမေတြကိုေရာ?”

ခ်ဴယင္းက်ယ္ရဲ႕ညီငယ္ေလး တစ္ေယာက္ကေန ေကာင္းမင္နဲ႔ ေကာင္မေလးအုပ္စုကို ၫႊန္ျပလိုက္တယ္

“ဟုတ္တာေပါ့ သူတို႔ကိုလဲ အတူတြဲခ်ည္ထားလိုက္!”

အဲ့ဒီမိန္းမေတြက ပိုေတာင္ေၾကာက္ဖို႔ေကာင္းေသးတယ္ ဟုတ္ၿပီလား!!

အားလုံးကို ႀကိဳးတုပ္ၿပီးတဲ့ေနာက္ ခ်ဴယင္းက်ယ္က ရွီးနဥ္ကို တကယ္ပဲ လႊတ္ေပးလိုက္တယ္။

ရွီးနဥ္က သူ႔ရဲ႕အက်ႌလက္ေတြက ဖုန္ကိုခါလိုက္ၿပီး သူမရဲ႕ေက်ာင္းလြယ္အိတ္ကေလးကိုလြယ္ကာ ထြက္သြားဖို႔ျပင္လိုက္သည္။

ခ်ဴယင္းက်ယ္က သူမကို တားဆီးလိုက္သည္။

“မင္းက အခုထြက္သြားေတာ့မလို႔လား??”

"အဲ့လိုမွမဟုတ္ရင္ ဘာရွိေသးလဲ?"ဆိုၿပီး ရွီးနဥ္က ေမးေလသည္။

ခ်ဴယင္းက်ယ္က သူမကို ထူးဆန္းတဲ့အမူအရာနဲ႔ ၾကည့္လိုက္သည္။ သိပ္မၾကာေသးခင္ အခ်ိန္တုန္းကေတာင္ အဲ့ဒီေကာင္မေလးက နန္ေရွာင္းအတြက္နဲ႔ သူ႔ကို ကန္လဲကန္သလို ကုန္းလဲကိုက္လိုက္တာမွ အ႐ူးတစ္ေယာက္လိုပဲ ဆိုတာကို ရွင္းရွင္းလင္းလင္းႀကီး မွတ္မိေသးတယ္။

ဒါေပမဲ့လို႔ အခုက်ေတာ့ နန္ေရွာင္းကို လုံးဝမသိတဲ့ပုံစံမ်ိဳးနဲ႔ သူ မတူေအာင္ကို ေအးေဆးတည္ၿငိမ္ေနလြန္းတယ္။

ခ်ဴယင္းက်ယ္က သူ႔လူေတြကို တစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ သူတို႔က သူဘာကိုေျပာခ်င္တာလဲဆိုတာကို နားလည္သေဘာေပါက္စြာနဲ႔ပဲ သူ႔လက္ထဲကို တုတ္ေခ်ာင္းတစ္ေခ်ာင္း ထည့္ေပးလိုက္သည္။

ထို႔ေနာက္ သူကအဲ့တုတ္ကို ယူလိုက္ၿပီး နန္ေရွာင္းရဲ႕ေက်ာ အေနာက္ဘက္ကို ႐ိုက္ခ်လိုက္သည္

ခ်ဴယင္းက်ယ္က သူ႔ကိုေမးေငါ့ျပၿပီး ေျပာလိုက္တယ္။

“မင္းေတြ႕တယ္မလား?”

ရွီးနဥ္က ေခါင္းၿငိမ့္ျပလိုက္ၿပီး ေျပာသည္။

“ငါေတြ႕သားပဲ”

သူမရဲ႕ ေအးေဆးလြန္းတဲ့ မ်က္ႏွာထားက ခ်ဴယင္းက်ယ္ကိုေတာင္ အသက္ရႈခနရပ္ေစသည္။

အစ္မေတာ္ေရ ငါ့ကို မင္းရဲ႕နည္းနည္းေလာက္ေတာ့စိုးရိမ္တဲ့ အမူအရာေလးထုတ္ျပလို႔မရဘူးလား? အခုလို လ်စ္လ်ဴရႈေနတဲ့အမူအရာေၾကာင့္ ဒီကလူ လန႔္ၿပီးေသေတာ့မလိုပဲ

နန္ေရွာင္းလည္းပဲ ရွီးနဥ္ရဲ႕စိတ္မဝင္စားတဲ့ အမူအရာကိုေတြ႕လိုက္ရတယ္။ သူအ႐ိုက္ခံရၿပီးမေသခင္ သူမေၾကာင့္ ေဒါသထြက္လြန္းလို႔ ေသေတာ့မလိုကို ခံစားလိုက္ရသည္။

“ေရွာင္းေကာ  ရွီးနဥ္က အစ္ကို႔ကို ဆက္မႀကိဳက္ေတာ့ဘူးလို႔ထင္တယ္ အဲ့တာဆို ကြၽန္ေတာ္တို႔ လုပ္တာကလဲ အလကားပဲေပါ့”

နန္ေရွာင္းရဲ႕ညီငယ္ေလးတစ္ေယာက္ကေန ငိုမဲ့မဲ့ေျပာလာသည္။

က်င့္စစ္းဟန္႔က အက်င့္မေကာင္းစြာနဲ႔ ဝမ္းသာအားရေျပာေလသည္။

“ေဝါင္း နဥ္နဥ္ မူမမွန္ေတာ့ဘူး မင္းနဲ႔  ရန္ျဖစ္ခဲ့ဖူးတဲ့လူေတြကိုေတာင္ ျပင္းျပင္းထန္ထန္နဲ႔႐ိုက္ႏွက္ၿပီး ႀကိမ္းေမာင္းခဲ့ေသးတယ္ ဒါေပမဲ့ အခုေတာ့ တစ္စုံတစ္ေယာက္က မင္းကို ႐ိုက္ေနတာေတာင္ သူက မင္းကို မ်က္ႏွာလြဲ ခဲပစ္လုပ္ေနတယ္”

နန္ေရွာင္း – “ ...”

ဒီမိန္းမကို ကယ္တင္ဖို႔ေတာ့လိုေနၿပီထင္တယ္။

“ဒါဆို ငါအခုသြားလို႔ရၿပီလား?”ရွီးနဥ္က ထပ္ၿပီးေမးေလသည္။

ခ်ဴယင္းက်ယ္က နားကိုမလည္ေတာ့လို႔ေမးလိုက္သည္။

“မင္းက သူ႔ကို တကယ္ပဲ ဂ႐ုမစိုက္ေတာ့ဘူးလား?”

ရွီးနဥ္က သူ႔ကို စိုက္ၾကည့္ၿပီး အတည္အတံ့ေမးလိုက္သည္။

“ငါသူ႔ကို ဂ႐ုမစိုက္ေတာ့ဘူး? ငါကနင့္ကို ဂ႐ုစိုက္ပါတယ္လို႔ ေျပာလိုက္ရင္ နင္ကေရာ သူ႔ကို မ႐ိုက္‌ႏွက္ေတာ့ဘဲ က်န္လူေတြအကုန္လုံးကိုပါ ျပန္လႊတ္လိုက္မွာမို႔လို႔လား?”

ခ်ဴယင္းက်ယ္ကထိုအေၾကာင္းကိုစဥ္းစားလိုက္ၿပီး သူမကို လက္ခါျပလိုက္သည္။

“သူ တကယ္ႀကီး အရမ္း‌ကို ေသြးေအးလြန္းေနတယ္ ေဘာ့စ္ကသည္းခံတုန္းပဲလား?”ဆိုၿပီး နန္ေရွာင္းရဲ႕လူေတြက သက္ျပင္းခ်ကာေျပာလိုက္သည္။

သူတို႔အားလုံးေတြးမိတာက ရွီးနဥ္ရဲ႕ပုံစံအရဆို နန္ေရွာင္းက သူမကို ကယ္တင္ေပးလိုက္မယ္ဆိုရင္ သူမက ငိုယိုၿပီး ခ်ဴယင္းက်ယ္တို႔ အုပ္စုကို ေတာင္းေတာင္းပန္ပန္နဲ႔ သေဘာ‌တူညီခ်က္ေတြယူလိမ့္မယ္ဆိုၿပီးေတာ့ေပါ့။

အဲ့တာ‌နဲ႔ လုံးဝကို မတူဘဲ တျခားစီျဖစ္လာလိမ့္မယ္လို႔ ဘယ္သူကေရာထင္မိမွာလဲ??

သူတို႔ဒီေနရာမွာ ႀကိဳးတုပ္ခံေနရတာေတာင္ သူမက ဖင္ေလးကို ဖုန္ခါၿပီးထြက္သြားလိုက္ေသးသည္။

ရွီးနဥ္က ထြက္သြားၿပီးေနာက္ ခ်ဴယင္းက်ယ္က ႀကိဳးတုပ္ခံရတဲ့သူ႔ကိုၾကည့္ကာ စိတ္ႀကီးဝင္ေနပုံစံနဲ႔ ေအာ္ရယ္ေလသည္။

Thanks for Reading 💟

*******

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

582K 51.8K 34
๐™๐™ช๐™ฃ๐™š ๐™ ๐™ฎ๐™– ๐™ ๐™–๐™ง ๐™™๐™–๐™ก๐™– , ๐™ˆ๐™–๐™ง ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ข๐™ž๐™ฉ ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ƒ๐™ค ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž...... โ™ก ๐™๐™€๐™๐™„ ๐˜ฟ๐™€๐™€๐™’๐˜ผ๐™‰๐™„ โ™ก Shashwat Rajva...
11.4K 349 20
These oneshots are just some fanfictions based on the story of Ponniyin Selvan characters. Includes all the ships. #( ALL RIGHTS RESERVED) # โˆ† Reque...
680K 72.5K 146
แ€…แ€ฏแ€”แ€บแ€ทแ€šแ€ฑแ€ฌแ€„แ€บแ€ธแ€šแ€ฑแ€ฌแ€„แ€บ แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€แ€ฒแ€ทแ€•แ€ผแ€ฎแ‹ แ€žแ€ฐแ€™แ€˜แ€แ€€ แ€žแ€ฐแ€™แแ€แ€…แ€บแ€†แ€šแ€บแ€ทแ€€แ€ญแ€ฏแ€ธแ€”แ€พแ€…แ€บแ€™แ€ผแ€ฑแ€ฌแ€€แ€บแ€™แ€ฝแ€ฑแ€ธแ€”แ€ฑแ€ทแ€แ€ฝแ€„แ€บ แ€กแ€†แ€ฏแ€ถแ€ธแ€žแ€แ€บแ€แ€ฒแ€ทแ€žแ€Šแ€บแ‹ แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€„แ€บแ€ธแ€€ แ€”แ€พแ€œแ€ฏแ€ถแ€ธแ€›แ€•แ€บแแ‹ แ€žแ€ญแ€ฏแ€ทแ€•แ€ฑแ€žแ€ฑแ€ฌแ€บแ€„แ€ผแ€ฌแ€ธ แ€šแ€แ€ฏแ€ก...