High Boss's Husband (Complete...

By Rei-Han

3.4M 285K 23.6K

[Unicode+Zawgyi] More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39 [Unicode]
Chapter 39 [Zawgyi]
Chapter 40 [Unicode]
Chapter 40 [Zawgyi]
Chapter 41
Chapter 42 [Unicode]
Chapter 42 [Zawgyi]
Chapter 43
Chapter 44 [Unicode]
Chapter 44 [Zawgyi]
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Happy National Couple's Day
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58 (Final)
Rei's
Eternal story - 1
Eternal story - 2
Eternal story - 3
Eternal Story - 4
Eternal Story - 5
Eternal Story - 6
Thadingyut GIFT
Eternal Story - 7
Eternal Story - 8
Eternal Story - 9
Eternal Story - 10
Eternal Story - 11
Eternal Story - 12
Eternal Story - 13
Eternal Story - 14
Eternal Story - 15
Eternal Story - 16
Eternal Story - 17
Eternal Story - 18
Eternal Story - 19
Eternal Story - 20
Eternal Story - 21
Eternal Story - 22
Eternal Story - Final
I wanna grow old with you

Chapter 1

299K 9.7K 1.1K
By Rei-Han

[Unicode]

   
(အပိုင်း-၁)

"အင်းးး"

အသံရှည်ဆွဲပြီး နိုးလာတဲ့နောက် မျက်လုံးမဖွင့်သေးဘဲ ဘေးနားကနေရာကို လက်တစ်ဖက်နဲ့ စမ်းလိုက်မိလျှင် ဘယ်သူမှရှိမနေတဲ့ အေးတိအေးစက်အိပ်ယာခင်းကြောင့် ဇာမ် တစ်ယောက် ချက်ချင်းလက်ငင်းပင် ငုတ်တုတ်ထထိုင်မိ၏။

"မောင် နိုးပြီလား"

မျက်မှောင်ကြုတ်ကာ ဆံပင်တွေကိုထိုးဆွဲဖွနေမိရာမှ အသံကြားရာဆီ ကြည့်လိုက်သည်။ ထိုလူသားကိုမြင်တော့ ဇာမ်ရဲ့ မျက်မှောင်တွန့်တွန့်တို့က အနည်းငယ် ပြေလျော့သွားပေမဲ့ အလုံးစုံ မဟုတ်သေး။ အိပ်ယာထစမျက်လုံးတို့က ခပ်ရေးရေးစူးနေသည်။ နှုတ်ခမ်းမွှေးစိမ်းစစဝန်းရံထားတဲ့ ပိပိရိရိနှုတ်ခမ်းနှစ်လွှာကိုလည်း တင်းတင်းစေ့ထားသည်။ အလုံးစုံခြုံငုံကြည့်လိုက်ရင် ဇာမ့်မျက်နှာက တစ်ခုခုကို အလိုမကျတဲ့ပုံစံမျိုး။

"နိုးရင်လည်း ထတော့ဗျာ၊ အောက်ထပ်မှာ မနက်စာ​ပြင်ထားခဲ့ပြီးပြီ"

လွန်းသည် ဇာမ့်ကို လှည့်မကြည့်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့မှာသာရပ်လျက် အလှနက်ခ်တိုင်ကြီးကြီးကို အင်္ကျီကော်လံနှင့်ကပ်ချပ်လျက် ကျနစွာစည်းနှောင်နေရင်းစကားဆိုသည်။

"ဘယ်သွားမလို့လဲ လွန်း"

ဇာမ်က ခပ်သြသြအသံနဲ့ အမေးပြုမှ လှည့်ကြည့်လာတော့၏။ အနက်ရောင်ဆံပင်တို့ပေါ်က ဆိုးဆေး highlight အဖြူရောင်က နားရွက်တစ်ဖက်ရှိ စိန်ပွင့်သေးသေးလေးနဲ့ လိုက်ဖက်နေသည်။ ပိပြားနေအောင် ဖိမထားတာကြောင့် ပွပွယောင်းယောင်းဆံပင်ပုံစံသည် ကပိုကရိုဖြစ်နေသည့်တိုင်အောင် လွန်း မျက်နှာ ချွန်ချွန်၊ နှုတ်ခမ်းဖူးဖူးနဲ့ အတွဲအစပ်ညီ၏။

ဖြူလွလွကိုယ်ပေါ်တွင် oversize shirt လက်ရှည်မီးခိုးရောင်ကို နက်ခ်တိုင်နဲ့ ဝတ်ထားသည်။ ခြေတံရှည်ရှည်တို့ပေါ်တွင်တော့ pant အနက်ရောင်သည် စတိုင်ကျစွာ။

လက်ပတ်နာရီကို အလျော့အတင်းညှိနေပြီးမှ..

"ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိတယ် မောင်၊ အဟီး၊ မောင်က ကလေးထိန်းပေးနော်"

သွားတန်းညီညီလေးများအပြင် အဆစ်သွားတက်ချွန်လေးသည် နားတစ်ဖက်က စိန်ပွင့်သေးသေးနဲ့အတူ လက်ခနဲ။ ဇာမ် ထိုင်နေရာ ကုတင်အစွန်းဆီ ချဉ်းကပ်လာပြီး ပါးကို ဖျတ်ခနဲ လာနမ်းသည်။

"မောင် မအားဘူး လွန်း၊ ဒီနေ့ project အတွက် Meeting တက်ရမယ်"

ဇာမ်က လွန်းကို ပြောနေပေမယ့် မျက်လုံးတို့ကတော့ အုတ်နံရံဆီက မိသားစုဓာတ်ပုံကိုသာ ကြည့်နေ၏။ တစ်နည်းအားဖြင့် လွန်းကိုအနိုင်မယူနိုင်သူပီပီ သူစိတ်မကြည်ကြောင်းကို အကြောင်းတစ်ပါးနဲ့ လှစ်ဟပြသခြင်းဖြစ်သည်။

"မောင်ကလည်းကွာ၊ တစ်ရက်တည်းလေ၊ ကူးကူးကို တစ်ရက်တည်းပဲထိန်းပေး"

မွေ့ယာပေါ် တင်ပါးလွှဲဝင်ထိုင်ရင်း ဇာမ့်မေးဖျားကိုဆွဲယူကာ မျက်နှာချင်းဆိုင်စေသည်။ သို့တိုင်အောင် ဇာမ့်မျက်ခုံးတို့က တွန့်ချိုးထားဆဲ။

"နော် နော်၊ လွန်းကို ခွင့်ပြုရင် မောင်ဖြစ်ချင်တာတစ်ခု.."

"တကယ်??"

လွန်း စကားကြောင့် ဇာမ်ရဲ့မျက်လုံး စူးစူးရှရှတို့က အရောင်တောက်လာ၏။

"ပြောပြီးစလစ်နော် လွန်း"

သူ့စကားကိုလိုက်လျောတော့မယ့် အရိပ်အယောင်တွေမြင်နေရတာမလို့ လွန်း ပြုံးလိုက်သည်။

"တကယ်ပေါ့၊ ကတိ ကတိ"

ဇာမ်က လေးညှိုးသဏ္ဍာန် ကော့ညွတ်နေအောင်ပြုံးလိုက်ပြီး သူ့လက်ဖဝါးကြီးကြီးနှင့် လွန်းရဲ့ဆံပင်တို့ကို ပိုရှုပ်အောင်ဖွလိုက်၏။

"အာ မောင်.. မလုပ်နဲ့ကွာ၊ ငါ တစ်မနက်လုံးပြင်ထားရတာ"

ရှေ့ဆံပင်ကို လက်ချောင်းတွေနဲ့ထိုးဖွပြင်နေသူကို ဇာမ် ပိုပြီးစချင်လာတာကြောင့် လွန်း ခေါင်းကို သွားသွားဆွသည်။ လွန်းကလည်း ခေါင်းခါလျက် ပြန်ပြီးတော့ပြင်မြဲ။ ကလူနေပြီး အတော်ကြာတော့ လွန်းက စိတ်တိုလာပုံရသည်။မကောင်းအကြံနဲ့ ဆံပင်ဆီကို ထပ်လက်လှမ်းလာတဲ့ ဇာမ့်လက်ဖဝါးကို လက်ကောက်ဝတ်အရင်းကနေ ဆတ်ခနဲရိုက်ချလိုက်၏။

"သွား၊ မျက်နှာသွားသစ်၊ အောက်ထပ်မှာထမင်းကြော်ပြင်ထားတယ်။ ပြီးရင် ကူးကူးကိုနှိုးပြီး သွားစား၊ သားက ဒီနေ့မူကြိုပိတ်တယ်၊ ကြီးကြီးက မနက်ဖြန်မှတရားစခန်းထွက်မှာ.."

မူမမှန်သည့် အခြေအနေကို အနံ့ခံမိတာကြောင့် ပြောလက်စကို ရပ်၍ ဇာမ့်ကို ကြည့်လိုက်တဲ့ လွန်း။ ထင်သည့်အတိုင်းပဲ လွန်းပြောတာကို တစ်ခုမှနားထောင်မနေ။ ပြုံးတုံ့တုံ့မျက်နှာပေးနဲ့ ခပ်အေးအေးကြည့်နေသည်။ မနက်ခင်းအိပ်ယာထကာစမှာတောင် လွန်း ခင်ပွန်းက ယောကျာ်းပီသနေတာကိုတော့ ဝန်ခံရလိမ့်မည်။

"ဘာလဲ!ဘာကြည့်တာလဲ!"

ဇာမ်က မေးထောက်ထားတဲ့သူ့လက်နှစ်ဖက်ကို မွေ့ယာဆီနောက်ပြန်ပစ်ချလိုက်သည်။ ပြီးမှ..

"လွန်းပြောတာတွေအကုန် မောင်သိပြီးသားလေဗျာ၊ ကလေးအဖေလေးက ဘာတွေစိတ်မချဖြစ်နေတာတုန်း"

"သိရင်လည်း ပြီးတာပဲ၊ ကုမ္ပဏီကို မလာနိုင်တဲ့အကြောင်း ကိုသုကို ဖုန်းဆက်ပေးထားတယ်၊ ဒါဆို သွားပြီ၊ ဩ ပြိုင်ကားယူသွားမယ်နော် မောင်၊ ဟိုကားက မနေ့ညနေက စက်နှိုးလို့မရလို့"

သူပြောချင်တာတွေပြောပြီး လှစ်ခနဲထွက်သွားတဲ့ ကျောပြင်သေးသေးကိုကြည့်ကာ ဇာမ် ပင် ဘာမှမပြောလိုက်ရ။ အခန်းတံခါးကို ပိတ်သွားတဲ့အထိ ကုတင်ပေါ်မှာငုတ်တုတ်ပင်ကျန်ရစ်ခဲ့သည်။

စားပွဲပေါ်က ဖုန်းကို လှမ်းယူလိုက်ရင်းဖွင့်ကြည့်လိုက်တော့ call log ထိပ်ဆုံးက "ကိုသု" ။ ခုနစ်နာရီကျော်ကျော်က ဆက်ထားခြင်းဖြစ်သည်။ တကယ်ပါပဲ! ကိုယ့်အလုပ်ကိုလည်း သူ့စိတ်တိုင်းကျ ခွင့်တိုင်လိုတိုင်၊ Branded အိတ်တွေ၊ဖိနပ်တွေထုတ်တဲ့ လူတကာလေးစားရတဲ့ Loon Zam company ရဲ့ High Boss ကြီးကို ကလေးထိန်းခိုင်းလိုထိန်းခိုင်း။

ခေါင်းသာယမ်းလျက် ဖုန်းကို စားပွဲပေါ်ပြန်တင်ပြီး စောင်တွေ ခေါက်လိုက်သည်။ ဇာမ်မင်းထည်ယံကိုနိုင်စားနိုင်သူများတွင် လွန်းစေတမာန်သည် နံပါတ်စဉ်၁ ကျိန်းသေချိတ်ပေလိမ့်မည်။

အင်္ကျီချွတ်ပြီး ရေချိုးခန်းထဲဝင်တော့ ဆေးထည့်ပြီးသား သွားတိုက်တံက ဘေစင်ပေါ်တွင် အသင့်။မှန်ပေါ်တွင် Sticky note နဲ့ စာအဝါ​လေးကပ်ထားတာကြောင့် ဖြုတ်ယူကြည့်လိုက်တော့ ဝိုင်းစက်နေတဲ့ လက်ရေးအသေးလေးတွေနဲ့ ရေးထားတာက ဘာတဲ့! "အာဘွားနော် ကောင်းကောင်းလေး" တဲ့။

လွန်းစေတမာန်ရဲ့ အကျင့်ဆိုးထဲက တစ်ခုက ဇာမ် စိတ်တိုအောင် စကားဖြင့်တစ်မျိုး၊ အမူအယာဖြင့်တစ်ဖုံ ထိုသို့မထိတထိ လာလာစခြင်းပင်။ အခုလည်းကြည့်။ ဘုစုခရု နှပ်တွဲလောင်းအရွယ်က အိမ်နာမည် ကောင်းကောင်းကို ဇာမ့်မေမေနဲ့ လွန်းနဲ့စကားလက်ဆုံကျစဉ် အမှတ်တမဲ့ဖြင့် ငယ်ဘဝ အဖော်ခံလိုက်ရခြင်းတွင် သူက အကျအနကိုမှတ်ထားကာ တကူးတက စာနဲ့ပင် စ,သွားခြင်းဖြစ်သည်။

အိမ်ထောင်သက်တမ်း ခြောက်နှစ်၊ သားကူးကူးလေး လေးနှစ်အရွယ်ထိ လွန်းစေတမာန်က ကလေးဆန်တုန်း။ တကယ်ဆို သူက ဇာမ့်ထက် နှစ်နှစ်ခန့်ကြီးသည်။ ရည်းစားဘဝစတွေ့ကတည်းက လွန်းစေတမာန်က အပေအတေခပ်ဆိုးဆိုးထဲကဖြစ်သည်။ Bar သွား Club တက်သည့်အမှုကို ဘုရားသွားကျောင်းတက်သည်နှင့် ညီမျှခြင်းကျသည်ဟု သဘောထား၏။

ကလေးတစ်ယောက်မွေးပြီးသည့်တိုင် ဆံပင် highlight နဲ့ နားပေါက်တစ်ဖက်နဲ့ ဂျစ်ပစီဆန်နေဆဲ။ အရင်ကတော့ ဒီပုံလေးကိုမှ ချစ်ရပါချည်ရဲ့ဆိုပြီး ကိုယ့်မှာ သူကျောင်းသွားကျောင်းပြန် တောက်တဲ့ကြီးလိုကပ်ပြီး လိုက်ပိုးခဲ့ရသည်။ (အခုထိလည်းချစ်ဆဲဆိုပေသိ)

ကြိုက်တတ်တယ်ဆိုတဲ့ ဝိုင်ကို နိုင်ငံခြားထိ သွားရှာပေးရတာက ရှိသေးသည်။ တကယ် တကယ်! လွန်းစေတမာန်ဆိုးကြောင်းပြောရင် နောက်ဘုရားသာပွင့်လိုက်မည်။ ပြောစရာ ကုန်မည်ပင်မဟုတ်။

အတွေးများနေစဉ် နှာခေါင်းထဲဝင်လာတဲ့ ရေမွှေးဆပ်ပြာနံ့။ လောလောလတ်လတ်သုံးသွားတဲ့ အနံ့စူးစူးက ယခုထက်ထိ မ​ပြယ်သေး။ ဇာမ် နှာခေါင်းရှုံ့လိုက်သည်နှင့် မျက်နှာသည်လည်း လငပုတ်ဖမ်းသလို မဲသဲသွားသည်။ ရှေ့ဖြစ်ဟောဆရာလို အတွေးတန်းဆိုးဆိုးတွေက တတောက်တောက် ပလုံစီဝင်လာ၏။

ရေတောင် သေချာမချိုးနိုင်တော့။ဆပ်ပြာအမြန်တိုက်၊ မျက်နှာအမြန်သစ်၊ အဝတ်အစားဝတ်ပြီး ဘေးချင်းကပ်ရပ်က သားသားအခန်းဆီ ပြေးရသည်။

"သား၊ ကူးကူးရေ၊ ဖေဖေ့ ကူးကူးလေး၊ ထထ မြန်မြန်ထတော့"

"ကူးလေးရေ၊ သားသား"

Pooh ခေါင်းပါတဲ့ အရုပ်ဖက်လုံးကိုဖက်အိပ်နေတဲ့ သားက လက်မောင်းကိုလှုပ်နိုးတော့ သူ့ကို နှိပ်ပေးတယ်များထင်သည်မသိ၊ ပါးစပ်ဟစိဟစိလုပ်ရင်း တစ်ဖက်ကိုတောင် စောင်းအိပ်သွားသေးသည်။

အအိပ်မက်တာကအစ သူ့ပါပါးနဲ့ တစ်ပုံစံတည်းပဲ!

"ဖတ်!! ထပါဆိုကွာ ကူးကူး"

တင်ပါးကို ခပ်စပ်စပ်တစ်ချက်ရိုက်ပစ်လိုက်မှ မျက်လုံးဝိုင်းဝိုင်းက ပွင့်လာသည်။ အိပ်ချင်စုံမွှား မျက်ခွံမို့မို့ကို သူ့လက်ဖဝါးသေးသေးနဲ့ ပွတ်နေပြီးမှ...

"ဖေ့ ကူးကူး ကျောင်းတွားရဘူး"

လုံးကစ်ကစ်ကိုယ်လုံးကို မွေ့ယာပေါ်ကနေ စွေ့ခနဲကောက်မလိုက်သည်။ ပါးဖောင်းဖောင်းကြီးကို နှာခေါင်းနစ်အောင် မွှေးကြူပစ်လိုက်ရင်း

"ကျောင်းမသွားရဘူး သားသားရ၊ ဒီ​နေ့ ဖေဖေနဲ့အတူတူ spy လုပ်ကြေးဆော့ရအောင်"

"ချပိုင်"

"အင်း စပိုင်"

ဖားရုပ်လေးပါတဲ့ သွားတိုက်တံသေးသေးကို လိမ္မော်သီးသွားတိုက်ဆေးလေးထည့်ပေးပြီး ပါးစပ်နားတေ့ပေးတော့ သားက အလိုက်သင့် ဟပေးထားသည်။

"ချပိုင်က ဘာယဲ"

လက်ကိုင်ကြွေခွက်ထဲ ရေထည့်ပြီး သားကိုကမ်းပေးလိုက်သည်။

"စပိုင်ဆိုတာက စုံထောက်သားသားရဲ့၊ ကြောင်နဲ့ကြွက်ကားထဲက အင်္ကျီအရှည်ကြီးနဲ့ဦးဦးလို လူဆိုးတွေနောက်ကို ဖမ်းဖို့လိုက်မှာ"

ကလေးအသိထဲ မြင်အောင် ရှားလော့ဟုမ်းကြောင်နဲ့​ကြွက်ကားကို ရည်ညွှန်းပြောတော့ သားက ဘယ်လိုသဘောပေါက်သည်မသိ။ ခေါင်းတဆတ်ဆတ်ငြိမ့်၏။

"ကူးကူးတို့က ဘယ်တူ့နောက် လိုက်မှာယဲ"

ကိုယ်လက်သန့်စင်ပေးပြီး ကုတင်ပေါ် ခနတင်ပေးကာ ဗီဒိုထဲက အဝါရောင်အင်္ကျီလေးနဲ့ ဘောင်းဘီတို အညိုလေးကို ထုတ်လိုက်သည်။ Baby Mild ပေါင်ဒါမှုန့်ကို မွှေးကြိုင်နေအောင် ပုတ်ပေးရင်း..

"ဖေဖေတို့ သားပါပါးနောက်ကို လိုက်ကြမယ်၊ ဂြိုဟ်မွှေတဲ့ သားပါပါးကို ကြိုးတုပ်ပြီး အမိဖမ်းကြမယ်လေ"

လက်သီးဆုပ်ကာ ဖမ်းတဲ့ပုံစံလုပ်ပြတော့ သားက ဇာမ့်ပုံစံအတိုင်း အတုယူလိုက်လုပ်ရင်း တခစ်ခစ်ရယ်သည်။ အဟင်း! တွေ့ကြသေးတာပေါ့ လွန်းရာ! မောင်မသိအောင် လုပ်ချင်တာလုပ်လို့ရမယ်များ ထင်နေတာလား!

>>>>High Boss's Husband<<<<

"Hello အေး ငစိုင်း၊ ငါ ပြိုင်ကွင်းမှာ ရောက်နေပြီ၊ မင်းမရောက်သေးဘူးလား"

ပီကေကို ဖူးခနဲမှုတ်ထုတ်ရင်း ဖုန်းကို ပုခုံးနဲ့ နားကြားညှပ်ကာ ပြောနေလျက် ညာဘက်လက်ကတော့ ဘယ်ဘက်လက်သူကြွယ်မှာဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကိုတို့ထိဆော့နေသည့်လူတစ်ယောက်။ ပြေးကြည့်ရင်တောင်လွဲဦးမည်။ အဝေးကကြည့်လျှင်ပင်မြင်နေရသည့် သန့်ပြန့်နေသောထိုဟန်ပန်က သေချာပေါက်ကို လွန်းစေတမာန်ပင်။

"အေး ဆယ်မိနစ်အတွင်းလာခဲ့၊ ငါစိတ်မရှည်တာ သိတယ်နော်"

တစ်ဖက်ကပြန်အပြောကို လှစ်ခနဲရယ်လိုက်သည့် လွန်း။ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်သည်ကြောင့် အပေါ်ဘက်ထောင့်မှာ ပုန်းလျှိုနေတဲ့ သွားတက်ချွန်ချွန်လေးထွက်လာသည်။

"အိုခေ၊ အဲ့ဒါဆို see you!"

ဖုန်းကို ချပြီး ခုံပေါ်မှာခြေဆန့်ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်သည်။ လွန်း ရောက်နေတာက ကားပြိုင်ကွင်းတစ်ခုမှာ ဖြစ်သည်။ ပြေးကွင်းမှာ လွန်း ပြိုင်ကား အနက်ရောင်လေးအပြင် တစ်ဖက်က ကားသုံးစီးလည်းရပ်ထား၏။

"Hey လွန်းစေတမာန်၊ မင်းယောကျာ်းမပါဘူးလားကွ"

အကြောင်းမဲ့ခနဲ့ချင်နေတဲ့ လူတွေထဲက ဆံပင်နီကြောင်ကြောင်နဲ့ ကောင်တစ်ယောက်က မခံချင်အောင်လာစသည်။ ယောကျာ်းလေးနှစ်ယောက်အိမ်ထောင်တည်သည်မလို့ ကဲ့ရဲ့စကားတွေကြားရတာ နားပင်ယဉ်နေလေပြီ။ ပီကေကို ဖောက်ခနဲ မှုတ်ထုတ်ပစ်လိုက်ပြီးမှ

"ငါ့ခင်ပွန်းက အလုပ်နဲ့အကိုင်နဲ့လေ၊ မင်းလို အားယားနေတာမှမဟုတ်တာ"

မဲသဲသွားတဲ့ မျက်နှာကြောင့် လွန်းစကားက ထိရောက်မှုရှိမှန်းသိလိုက်၏။ လွန်းစေတမာန်ကို လာစလို့ရမယ်ထင်လား! ဝေးသေး!

"အော..အော..ငယ်ငယ်ချောချောကောင်လေးကို စပွန်ဆာယူထားပြီး ကလေးပါမွေးပေးထားတော့ သိပ်ကိုစိုပြေနေမှာပဲနော်၊ ဒါနဲ့ မင့်ကလေးက အဖေနှစ်ယောက်နဲ့ မွေးထားမှန်းရော သိရဲ့လား"

စည်းဘောင်လွတ်လာတဲ့ စကားတွေတွင် လွန်း လက်သီးတို့ကို ကျစ်ကျစ်ဆုပ်လိုက်သည်။ စိုရဲရဲနှုတ်ခမ်းက အောက်သွားနဲ့ဖိကိုက်မှုကြောင့် တင်းတင်းစေ့သွား၏။

"မင်း ငါ့ခင်ပွန်းနဲ့ ငါ့ကလေးကို ထိစရာမလိုဘူး ဟေ့ကောင်"

ဒေါသနဲ့အတူ လွန်းရဲ့ ခြေလှမ်းတို့က ထိုသူ့အနားရောက်နေလျက်သား။ ကော်လံကိုဆွဲမ,လိုက်တော့ ခပ်ထေ့ထေ့မျက်နှာက လွန်းကို မထီသလိုကြည့်နေသည်။

"လွန်းစေ တော်တော့၊ စိတ်ထိန်း လွန်းစေ!"

အနားရောက်လာတဲ့ စိုင်းနောင် ဝင်ဆွဲတာကြောင့် လွှတ်ပေးလိုက်ရသော်လည်း လွန်းလက်သီးတို့က ထိုးဖို့တပြင်ပြင်။ စိုင်းနောင်က လွန်းကို ဆွဲကာ တစ်ဖက်ထိုင်ခုံတွေဆီ ခေါ်လာသည်။ ကျောကိုပါ သပ်ပေးလာသေး၏။

"စိတ်လျှော့ လွန်း.. စိတ်လျှော့-"

"ဘာကွ!!"

ယောင်ထွက်သွားတဲ့စကားကို စိုင်းနောင် အမြန်ဘရိတ်အုပ်လိုက်သော်လည်း ကျေးဇူးရှင်ရဲ့မြှားဉီးတည့်တည့်က သူ့ဆီကို ရောက်လာပေပြီ။

"ဘယ်လိုခေါ်လိုက်တာ??"

"လွန်းစေ-လွန်းစေ ဟဲဟဲ မင်းကလည်းကွာ၊ လွှတ်ခနဲထွက်သွားတာကို"

အောက်သွားလွတ်အောင် ဖြီးပြမှ ဘုဆတ်ဆတ်အကြည့်ခံလိုက်ရပြီး မျက်နှာလွှဲသည်။ လွန်းရဲ့ ဖြူချောချောမျက်နှာက ဒေါသမလျော့သေးတာကြောင့် သွေးရောင်အနည်းငယ်လွှမ်းနေသည်။

"အေး၊ လွန်းစေပဲခေါ်၊ လွန်းဆိုတဲ့နာမည်က မောင့်တစ်ယောက်တည်းအတွက်"

လေးလေးနက်နက်ပြောနေတဲ့ လွန်းစေကို ပိုရန်ကောဟု မပြောမိတော့။ ဒီကောင်လေး ဇာမ်မင်းထည်ယံကို ဘယ်လောက်ချစ်သလဲဆိုတာ စိုင်းနောင်တို့သူငယ်ချင်းတစ်သိုက်အသိဆုံး။ သူ့မိသားစုကို ခြေစုံကန်ပြီး ဇာမ်မင်းထည်ယံနောက်ကို လိုက်သွားတုန်းက စိုင်းနောင်တို့တောင် အံ့သြခဲ့ရသေးသည်။

လွန်းစေဆိုတာ ခေသူမဟုတ်။ ရွှေလင်ပန်းနဲ့အချင်းဆေးပြီးရွှေဇွန်းကိုက်မွေးလာတဲ့ ရွှေဘုံပေါ်ကမင်းသား။ ဆေးကျောင်းသားဘဝမှာကတည်းက သမီးပျိုရှိတဲ့လုပ်ငန်းရှင်တွေမျက်စိကျ၊သမက်ဖမ်းချင်သည့်သူ။ ဂုဏ်၊ပညာ အစစအရာရာပြည့်စုံနေတဲ့သူက ကောင်လေးတစ်ယောက်ကိုမှ ပြန်ချစ်မိလေတော့ စီးပွားရေးမှာထိပ်ဆုံးရောက်နေတဲ့ လွန်းစေအဖေက ဖတဆိုး တစ်ဉီးတည်းသောသားကို သံယောဇဉ်အပြတ်ဖြတ်နိုင်လောက်တဲ့အထိ သွေး​အေးသလို ယောကျာ်းလေးတန်မဲ့ သားအိမ်ထည့်ပြီး ရင်သွေးယူပေးခဲ့တဲ့အထိ လွန်းစေရဲ့အချစ်ကလည်း မိုက်မိုက်မဲမဲ ကြီးမြတ်၏။

"OK Ready! Let's start it! 3 2 1 Go!"

ဝီစီမှုတ်သံနဲ့အတူ ပြိုင်ကားလေးစီးက မလျော့တဲ့အဟုန်တွေနှင့် ပတ်လမ်းတစ်လျှောက် ကြမ်းတမ်းစွာပြေးခတ်နေသည်။ ပြောင်လက်နေတဲ့ အနက်ရောင်ကားလေးအတွင်းတွင် လွန်းသည် steering ကို အသာကိုင်ကာ လက်ချောင်းရှည်ရှည်တို့က အချိုးအကွေ့ ကျွမ်းကျင်စွာ လှည့်ချိုးနေ၏။

ပွဲက တဖြည်းဖြည်းနဲ့ အရှိန်တက်လာသည်။ ပထမ round မှာ လွန်းက ဉီးဆောင်နေသော်လည်း အပြိုင်လိုက်လာတာက အစိမ်းတောက်ရောင် ကား။ ကားဘီးအချင်းချင်း ပွတ်ကာဆွဲကာ ထိတိုက်နေတာက တမင်တကာရန်စနေမှန်းသိသာ၏။

လွန်းက ကားမှန်ကို ချလိုက်တော့ ထိုကားကပါ မှန်ချလာသည်။ လက်ကိုင်ကိုမလွတ်အောင်ထိန်းရင်း လီဗာကိုလည်းမြင့်လျှက် ထိုသူကိုကြည့်လိုက်၏။

"တောက်!!"

တပ်ခေါက်သံပြင်းပြင်းနှင့်အတူ လွန်းမျက်လုံးတို့က စူးရှနေသည်။ အရှိန်ကိုပိုမြှင့်ကာ ပုံမှန်ပြိုင်နှုန်းထက်အဆပေါင်းများစွာ ဂိတ်ကုန်မြှင့်လိုက်လျှင်..

ကျွီ!!! ဒုန်း!!!

"လွန်းစေ!!"

လှိုဏ်ခေါင်းသံပါတဲ့ အသံသုံးသံက တရစပ်တည်းဖြစ်ပေါ်သည်။ ပြိုင်ကားအနက်စင်းလေးရှေ့တည့်တည့် ပြေးလမ်းဝယ် ကန့်လန့်ဖြတ်ကာ ပွတ်တိုက်ဆွဲရပ်ပစ်လိုက်တဲ့ အစိမ်းတောက်ရောင်ကား။ ကားရှေ့ခေါင်းနှင့် ဘေးသားတို့ တိုက်မိခြင်းတွင် အသံသည်ကျယ်လောင်စွာထွက်လာ၏။

သူတို့နှစ်စီးက လမ်းပိတ်လိုက်တော့ ကျန်နှစ်စီးကပါ ဆက်မရ။ ကွင်းအတွင်းက အခြေအနေတွေက ရုတ်ချည်းအေးစက်လာသည်။ စိုင်းနောင်က ပွဲကြည့်ခုံပေါ်ကနေ ချက်ချင်းပြေးဆင်းလာသည်။

"တောက်! လူပါးဝလို့"

ကားတံခါးကို ဒုန်းခနဲပိတ်ကာ ဆင်းလာသည့်လွန်းနှင့် အစိမ်းတောက်ရောင်တစ်ဖက်ကားက ဆင်းလာသည်က ဆံပင်နီကြောင်ကြောင်နဲ့လူ။

"လွန်းစေ လွန်မယ်နော် ဟေ့ကောင်"

ခွပ်!!

စိုင်းနောင်က စကားနဲ့တားနေတဲ့အချိန် လွန်းရဲ့လက်သီးက ဆံနီကောင်ရဲ့နှာရိုးတည့်တည့်ဆီ ထိချက်ပြင်းစွာ ကျရောက်သွားသည်။ ဆက်တိုက်စွာပဲ..

ခွပ်!!

နောက်ထပ် လွှတ်လိုက်ပြန်တဲ့ လွန်းလက်သီး။ ဆံနီကောင်ရဲ့ နှုတ်ခမ်းက သွေးထွက်လာသည်။ သူတို့နှစ်ယောက်ကို ဘယ်သူမှဝင်မဆွဲရဲသလို စိုင်းနောင်ကလည်း အရေးကြုံရင် ဦးနှောက်ကအလုပ်မလုပ်တော့သူပီပီ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေသည်။ သွေးထွက်သွားတာကြောင့် ဆံနီကောင်က ကြောက်စရာကောင်းလောက်အောင် အသွင်ပြောင်းသွားလျှက်..

"ငါ့အသားကိုထိရအောင် မင်းကဘာကောင်လဲ!"

လွန်း မျက်နှာဆီ ရည်ရွယ်ပြီးတန်းတန်းမတ်မတ်လာတဲ့ လက်အိတ်စွပ်အချွန်အတက်တွေကို မြင်လိုက်တဲ့အချိန်..

"ဟာ!"

"သွားပြီ!"

"ခွပ်!!"

တစ်ခါတလေ အဖြစ်အပျက်တွေက ရုပ်ရှင်ပိတ်ကားလို ပြဇာတ်ဆန်သည်။ အကုန်ထင်ထားတဲ့အတိုင်း လဲကျသွားတဲ့သူက လွန်းစေတမာန်မဟုတ်။ ကတ္တရာပြေးလမ်းပေါ် လက်ထောက်ပစ်လဲသွားသူက ဆံနီကောင်။

"ခွပ်!"

" မင်းကများ ငါ့လူကိုထိဖို့ကြံရဲတယ်"

လွန်းတို့ကြားထဲဝင်လာသူက ဆံနီကောင်ရဲ့ ကိုယ်ပေါ်ကိုတက်ခွ၍ အသေအကြေထိုးနေသည်။ ရင်းနှီးနေတဲ့ ကျောပြင်ကျယ်ကျယ်ကို တွေဝေစွာဖြင့် လွန်း မှင်သေသေငေးကြည့်နေမိစဉ်..

"ပါပါး"

"ဟင်? သားသား၊ ကူးကူးဘယ်လိုလုပ် ပါပါးဆီရောက်.."

သိချင်မှုကိုအသာထားပြီး အရင်ဆုံး နောက်လှည့်ကာ သားကို ကောက်ချီလိုက်သည်။ လွန်းစကားကို ပြန်မဖြေတဲ့သားက လွန်းပုခုံးကိုကျော်ပြီး ဟိုဘက်ကိုကြည့်နေ၏။

"လွန်းစေ..မင်း..မင်း"

စိုင်းနောင်ရဲ့ တုန်ရီတုန်ဆတ်အသံနဲ့ ချိနဲ့နေတဲ့ ဒူး။ လွန်းအံ့သြသွားသည်။ အသေအကြေဝင်ထိုးနေတဲ့လူက စိုင်းနောင်မဟုတ်ဘူးလား။

သားကိုချီလျက် အူကြောင်ကြောင်နဲ့ ရန်ပွဲဆီပြန်အလှည့်မှာ ဆံနီကောင်ကို ဒေါသတကြီးချနေတဲ့လူက လှည့်ကြည့်လာသည်။ ပြန့်ကျယ်နေတဲ့ ရင်အုံနဲ့ အံကြိတ်ထားတဲ့မေးရိုးတွေ။ လက်ပြင်ပေါ်က အကြောတွေတောင် ထောင်နေတဲ့အထိ စိတ်တိုနေသူ နတ်ဆိုးက..

"ဖေဖေ့"

"မောင်--"

ခုနက အသေသတ်တော့မလိုမာထန်နေသည့် လွန်းမျက်နှာက ချက်ချင်းပဲ ဇီးရွက်လောက်သာရှိတော့ကာ မိုးပြိုမတတ် မှိုင်းအုံ့သွားသည် ။ စိုင်းနောင် တုန်ချိနေရတဲ့ အကြောင်းအရင်းကို သဘောပေါက်စွာ တံထွေးမြိုချလိုက်သည်။

"မင်း-မင်းလင်..လို့ပြော..ပြောမလို့.."

>>>>High Boss's Husband<<<<

Edited-27.3.2021
Gotten-2020 /from notepad



[Zawgyi]

   
(အပိုင္း-၁)

"အင္းးး"

အသံရွည္ဆြဲၿပီး ႏိုးလာတဲ့ေနာက္ မ်က္လုံးမဖြင့္ေသးဘဲ ေဘးနားကေနရာကို လက္တစ္ဖက္နဲ႔ စမ္းလိုက္မိလွ်င္ ဘယ္သူမွရွိမေနတဲ့ ေအးတိေအးစက္အိပ္ယာခင္းေၾကာင့္ ဇာမ္ တစ္ေယာက္ ခ်က္ခ်င္းလက္ငင္းပင္ ငုတ္တုတ္ထထိုင္မိ၏။

"ေမာင္ ႏိုးၿပီလား"

မ်က္ေမွာင္ၾကဳတ္ကာ ဆံပင္ေတြကိုထိုးဆြဲဖြေနမိရာမွ အသံၾကားရာဆီ ၾကည့္လိုက္သည္။ ထိုလူသားကိုျမင္ေတာ့ ဇာမ္ရဲ႕ မ်က္ေမွာင္တြန္႔တြန္႔တို႔က အနည္းငယ္ ေျပေလ်ာ့သြားေပမဲ့ အလုံးစုံ မဟုတ္ေသး။ အိပ္ယာထစမ်က္လုံးတို႔က ခပ္ေရးေရးစူးေနသည္။ ႏႈတ္ခမ္းေမႊးစိမ္းစစဝန္းရံထားတဲ့ ပိပိရိရိႏႈတ္ခမ္းႏွစ္လႊာကိုလည္း တင္းတင္းေစ့ထားသည္။ အလုံးစုံၿခဳံငုံၾကည့္လိုက္ရင္ ဇာမ့္မ်က္ႏွာက တစ္ခုခုကို အလိုမက်တဲ့ပုံစံမ်ိဳး။

"ႏိုးရင္လည္း ထေတာ့ဗ်ာ၊ ေအာက္ထပ္မွာ မနက္စာ​ျပင္ထားခဲ့ၿပီးၿပီ"

လြန္းသည္ ဇာမ့္ကို လွည့္မၾကည့္ဘဲ ကိုယ္လုံးေပၚမွန္ေရွ႕မွာသာရပ္လ်က္ အလွနက္ခ္တိုင္ႀကီးႀကီးကို အက်ႌေကာ္လံႏွင့္ကပ္ခ်ပ္လ်က္ က်နစြာစည္းေႏွာင္ေနရင္းစကားဆိုသည္။

"ဘယ္သြားမလို႔လဲ လြန္း"

ဇာမ္က ခပ္ၾသၾသအသံနဲ႔ အေမးျပဳမွ လွည့္ၾကည့္လာေတာ့၏။ အနက္ေရာင္ဆံပင္တို႔ေပၚက ဆိုးေဆး highlight အျဖဴေရာင္က နား႐ြက္တစ္ဖက္ရွိ စိန္ပြင့္ေသးေသးေလးနဲ႔ လိုက္ဖက္ေနသည္။ ပိျပားေနေအာင္ ဖိမထားတာေၾကာင့္ ပြပြေယာင္းေယာင္းဆံပင္ပုံစံသည္ ကပိုက႐ိုျဖစ္ေနသည့္တိုင္ေအာင္ လြန္း မ်က္ႏွာ ခြၽန္ခြၽန္၊ ႏႈတ္ခမ္းဖူးဖူးနဲ႔ အတြဲအစပ္ညီ၏။

ျဖဴလြလြကိုယ္ေပၚတြင္ oversize shirt လက္ရွည္မီးခိုးေရာင္ကို နက္ခ္တိုင္နဲ႔ ဝတ္ထားသည္။ ေျခတံရွည္ရွည္တို႔ေပၚတြင္ေတာ့ pant အနက္ေရာင္သည္ စတိုင္က်စြာ။

လက္ပတ္နာရီကို အေလ်ာ့အတင္းညႇိေနၿပီးမွ..

"ဒီေန႔ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားတာရွိတယ္ ေမာင္၊ အဟီး၊ ေမာင္က ကေလးထိန္းေပးေနာ္"

သြားတန္းညီညီေလးမ်ားအျပင္ အဆစ္သြားတက္ခြၽန္ေလးသည္ နားတစ္ဖက္က စိန္ပြင့္ေသးေသးနဲ႔အတူ လက္ခနဲ။ ဇာမ္ ထိုင္ေနရာ ကုတင္အစြန္းဆီ ခ်ဥ္းကပ္လာၿပီး ပါးကို ဖ်တ္ခနဲ လာနမ္းသည္။

"ေမာင္ မအားဘူး လြန္း၊ ဒီေန႔ project အတြက္ Meeting တက္ရမယ္"

ဇာမ္က လြန္းကို ေျပာေနေပမယ့္ မ်က္လုံးတို႔ကေတာ့ အုတ္နံရံဆီက မိသားစုဓာတ္ပုံကိုသာ ၾကည့္ေန၏။ တစ္နည္းအားျဖင့္ လြန္းကိုအႏိုင္မယူႏိုင္သူပီပီ သူစိတ္မၾကည္ေၾကာင္းကို အေၾကာင္းတစ္ပါးနဲ႔ လွစ္ဟျပသျခင္းျဖစ္သည္။

"ေမာင္ကလည္းကြာ၊ တစ္ရက္တည္းေလ၊ ကူးကူးကို တစ္ရက္တည္းပဲထိန္းေပး"

ေမြ႕ယာေပၚ တင္ပါးလႊဲဝင္ထိုင္ရင္း ဇာမ့္ေမးဖ်ားကိုဆြဲယူကာ မ်က္ႏွာခ်င္းဆိုင္ေစသည္။ သို႔တိုင္ေအာင္ ဇာမ့္မ်က္ခုံးတို႔က တြန္႔ခ်ိဳးထားဆဲ။

"ေနာ္ ေနာ္၊ လြန္းကို ခြင့္ျပဳရင္ ေမာင္ျဖစ္ခ်င္တာတစ္ခု.."

"တကယ္??"

လြန္း စကားေၾကာင့္ ဇာမ္ရဲ႕မ်က္လုံး စူးစူးရွရွတို႔က အေရာင္ေတာက္လာ၏။

"ေျပာၿပီးစလစ္ေနာ္ လြန္း"

သူ႔စကားကိုလိုက္ေလ်ာေတာ့မယ့္ အရိပ္အေယာင္ေတြျမင္ေနရတာမလို႔ လြန္း ၿပဳံးလိုက္သည္။

"တကယ္ေပါ့၊ ကတိ ကတိ"

ဇာမ္က ေလးညႇိဳးသ႑ာန္ ေကာ့ၫြတ္ေနေအာင္ၿပဳံးလိုက္ၿပီး သူ႔လက္ဖဝါးႀကီးႀကီးႏွင့္ လြန္းရဲ႕ဆံပင္တို႔ကို ပိုရႈပ္ေအာင္ဖြလိုက္၏။

"အာ ေမာင္.. မလုပ္နဲ႔ကြာ၊ ငါ တစ္မနက္လုံးျပင္ထားရတာ"

ေရွ႕ဆံပင္ကို လက္ေခ်ာင္းေတြနဲ႔ထိုးဖြျပင္ေနသူကို ဇာမ္ ပိုၿပီးစခ်င္လာတာေၾကာင့္ လြန္း ေခါင္းကို သြားသြားဆြသည္။ လြန္းကလည္း ေခါင္းခါလ်က္ ျပန္ၿပီးေတာ့ျပင္ၿမဲ။ ကလူေနၿပီး အေတာ္ၾကာေတာ့ လြန္းက စိတ္တိုလာပုံရသည္။မေကာင္းအႀကံနဲ႔ ဆံပင္ဆီကို ထပ္လက္လွမ္းလာတဲ့ ဇာမ့္လက္ဖဝါးကို လက္ေကာက္ဝတ္အရင္းကေန ဆတ္ခနဲ႐ိုက္ခ်လိုက္၏။

"သြား၊ မ်က္ႏွာသြားသစ္၊ ေအာက္ထပ္မွာထမင္းေၾကာ္ျပင္ထားတယ္။ ၿပီးရင္ ကူးကူးကိုႏႈိးၿပီး သြားစား၊ သားက ဒီေန႔မူႀကိဳပိတ္တယ္၊ ႀကီးႀကီးက မနက္ျဖန္မွတရားစခန္းထြက္မွာ.."

မူမမွန္သည့္ အေျခအေနကို အနံ႔ခံမိတာေၾကာင့္ ေျပာလက္စကို ရပ္၍ ဇာမ့္ကို ၾကည့္လိုက္တဲ့ လြန္း။ ထင္သည့္အတိုင္းပဲ လြန္းေျပာတာကို တစ္ခုမွနားေထာင္မေန။ ၿပဳံးတုံ႔တုံ႔မ်က္ႏွာေပးနဲ႔ ခပ္ေအးေအးၾကည့္ေနသည္။ မနက္ခင္းအိပ္ယာထကာစမွာေတာင္ လြန္း ခင္ပြန္းက ေယာက်ာ္းပီသေနတာကိုေတာ့ ဝန္ခံရလိမ့္မည္။

"ဘာလဲ!ဘာၾကည့္တာလဲ!"

ဇာမ္က ေမးေထာက္ထားတဲ့သူ႔လက္ႏွစ္ဖက္ကို ေမြ႕ယာဆီေနာက္ျပန္ပစ္ခ်လိုက္သည္။ ၿပီးမွ..

"လြန္းေျပာတာေတြအကုန္ ေမာင္သိၿပီးသားေလဗ်ာ၊ ကေလးအေဖေလးက ဘာေတြစိတ္မခ်ျဖစ္ေနတာတုန္း"

"သိရင္လည္း ၿပီးတာပဲ၊ ကုမၸဏီကို မလာႏိုင္တဲ့အေၾကာင္း ကိုသုကို ဖုန္းဆက္ေပးထားတယ္၊ ဒါဆို သြားၿပီ၊ ဩ ၿပိဳင္ကားယူသြားမယ္ေနာ္ ေမာင္၊ ဟိုကားက မေန႔ညေနက စက္ႏႈိးလို႔မရလို႔"

သူေျပာခ်င္တာေတြေျပာၿပီး လွစ္ခနဲထြက္သြားတဲ့ ေက်ာျပင္ေသးေသးကိုၾကည့္ကာ ဇာမ္ ပင္ ဘာမွမေျပာလိုက္ရ။ အခန္းတံခါးကို ပိတ္သြားတဲ့အထိ ကုတင္ေပၚမွာငုတ္တုတ္ပင္က်န္ရစ္ခဲ့သည္။

စားပြဲေပၚက ဖုန္းကို လွမ္းယူလိုက္ရင္းဖြင့္ၾကည့္လိုက္ေတာ့ call log ထိပ္ဆုံးက "ကိုသု" ။ ခုနစ္နာရီေက်ာ္ေက်ာ္က ဆက္ထားျခင္းျဖစ္သည္။ တကယ္ပါပဲ! ကိုယ့္အလုပ္ကိုလည္း သူ႔စိတ္တိုင္းက် ခြင့္တိုင္လိုတိုင္၊ Branded အိတ္ေတြ၊ဖိနပ္ေတြထုတ္တဲ့ လူတကာေလးစားရတဲ့ Loon Zam company ရဲ႕ High Boss ႀကီးကို ကေလးထိန္းခိုင္းလိုထိန္းခိုင္း။

ေခါင္းသာယမ္းလ်က္ ဖုန္းကို စားပြဲေပၚျပန္တင္ၿပီး ေစာင္ေတြ ေခါက္လိုက္သည္။ ဇာမ္မင္းထည္ယံကိုႏိုင္စားႏိုင္သူမ်ားတြင္ လြန္းေစတမာန္သည္ နံပါတ္စဥ္၁ က်ိန္းေသခ်ိတ္ေပလိမ့္မည္။

အက်ႌခြၽတ္ၿပီး ေရခ်ိဳးခန္းထဲဝင္ေတာ့ ေဆးထည့္ၿပီးသား သြားတိုက္တံက ေဘစင္ေပၚတြင္ အသင့္။မွန္ေပၚတြင္ Sticky note နဲ႔ စာအဝါ​ေလးကပ္ထားတာေၾကာင့္ ျဖဳတ္ယူၾကည့္လိုက္ေတာ့ ဝိုင္းစက္ေနတဲ့ လက္ေရးအေသးေလးေတြနဲ႔ ေရးထားတာက ဘာတဲ့! "အာဘြားေနာ္ ေကာင္းေကာင္းေလး" တဲ့။

လြန္းေစတမာန္ရဲ႕ အက်င့္ဆိုးထဲက တစ္ခုက ဇာမ္ စိတ္တိုေအာင္ စကားျဖင့္တစ္မ်ိဳး၊ အမူအယာျဖင့္တစ္ဖုံ ထိုသို႔မထိတထိ လာလာစျခင္းပင္။ အခုလည္းၾကည့္။ ဘုစုခ႐ု ႏွပ္တြဲေလာင္းအ႐ြယ္က အိမ္နာမည္ ေကာင္းေကာင္းကို ဇာမ့္ေမေမနဲ႔ လြန္းနဲ႔စကားလက္ဆုံက်စဥ္ အမွတ္တမဲ့ျဖင့္ ငယ္ဘဝ အေဖာ္ခံလိုက္ရျခင္းတြင္ သူက အက်အနကိုမွတ္ထားကာ တကူးတက စာနဲ႔ပင္ စ,သြားျခင္းျဖစ္သည္။

အိမ္ေထာင္သက္တမ္း ေျခာက္ႏွစ္၊ သားကူးကူးေလး ေလးႏွစ္အ႐ြယ္ထိ လြန္းေစတမာန္က ကေလးဆန္တုန္း။ တကယ္ဆို သူက ဇာမ့္ထက္ ႏွစ္ႏွစ္ခန္႔ႀကီးသည္။ ရည္းစားဘဝစေတြ႕ကတည္းက လြန္းေစတမာန္က အေပအေတခပ္ဆိုးဆိုးထဲကျဖစ္သည္။ Bar သြား Club တက္သည့္အမႈကို ဘုရားသြားေက်ာင္းတက္သည္ႏွင့္ ညီမွ်ျခင္းက်သည္ဟု သေဘာထား၏။

ကေလးတစ္ေယာက္ေမြးၿပီးသည့္တိုင္ ဆံပင္ highlight နဲ႔ နားေပါက္တစ္ဖက္နဲ႔ ဂ်စ္ပစီဆန္ေနဆဲ။ အရင္ကေတာ့ ဒီပုံေလးကိုမွ ခ်စ္ရပါခ်ည္ရဲ႕ဆိုၿပီး ကိုယ့္မွာ သူေက်ာင္းသြားေက်ာင္းျပန္ ေတာက္တဲ့ႀကီးလိုကပ္ၿပီး လိုက္ပိုးခဲ့ရသည္။ (အခုထိလည္းခ်စ္ဆဲဆိုေပသိ)

ႀကိဳက္တတ္တယ္ဆိုတဲ့ ဝိုင္ကို ႏိုင္ငံျခားထိ သြားရွာေပးရတာက ရွိေသးသည္။ တကယ္ တကယ္! လြန္းေစတမာန္ဆိုးေၾကာင္းေျပာရင္ ေနာက္ဘုရားသာပြင့္လိုက္မည္။ ေျပာစရာ ကုန္မည္ပင္မဟုတ္။

အေတြးမ်ားေနစဥ္ ႏွာေခါင္းထဲဝင္လာတဲ့ ေရေမႊးဆပ္ျပာနံ႔။ ေလာေလာလတ္လတ္သုံးသြားတဲ့ အနံ႔စူးစူးက ယခုထက္ထိ မ​ျပယ္ေသး။ ဇာမ္ ႏွာေခါင္းရႈံ႕လိုက္သည္ႏွင့္ မ်က္ႏွာသည္လည္း လငပုတ္ဖမ္းသလို မဲသဲသြားသည္။ ေရွ႕ျဖစ္ေဟာဆရာလို အေတြးတန္းဆိုးဆိုးေတြက တေတာက္ေတာက္ ပလုံစီဝင္လာ၏။

ေရေတာင္ ေသခ်ာမခ်ိဳးႏိုင္ေတာ့။ဆပ္ျပာအျမန္တိုက္၊ မ်က္ႏွာအျမန္သစ္၊ အဝတ္အစားဝတ္ၿပီး ေဘးခ်င္းကပ္ရပ္က သားသားအခန္းဆီ ေျပးရသည္။

"သား၊ ကူးကူးေရ၊ ေဖေဖ့ ကူးကူးေလး၊ ထထ ျမန္ျမန္ထေတာ့"

"ကူးေလးေရ၊ သားသား"

Pooh ေခါင္းပါတဲ့ အ႐ုပ္ဖက္လုံးကိုဖက္အိပ္ေနတဲ့ သားက လက္ေမာင္းကိုလႈပ္ႏိုးေတာ့ သူ႔ကို ႏွိပ္ေပးတယ္မ်ားထင္သည္မသိ၊ ပါးစပ္ဟစိဟစိလုပ္ရင္း တစ္ဖက္ကိုေတာင္ ေစာင္းအိပ္သြားေသးသည္။

အအိပ္မက္တာကအစ သူ႔ပါပါးနဲ႔ တစ္ပုံစံတည္းပဲ!

"ဖတ္!! ထပါဆိုကြာ ကူးကူး"

တင္ပါးကို ခပ္စပ္စပ္တစ္ခ်က္႐ိုက္ပစ္လိုက္မွ မ်က္လုံးဝိုင္းဝိုင္းက ပြင့္လာသည္။ အိပ္ခ်င္စုံမႊား မ်က္ခြံမို႔မို႔ကို သူ႔လက္ဖဝါးေသးေသးနဲ႔ ပြတ္ေနၿပီးမွ...

"ေဖ့ ကူးကူး ေက်ာင္းတြားရဘူး"

လုံးကစ္ကစ္ကိုယ္လုံးကို ေမြ႕ယာေပၚကေန ေစြ႕ခနဲေကာက္မလိုက္သည္။ ပါးေဖာင္းေဖာင္းႀကီးကို ႏွာေခါင္းနစ္ေအာင္ ေမႊးၾကဴပစ္လိုက္ရင္း

"ေက်ာင္းမသြားရဘူး သားသားရ၊ ဒီ​ေန႔ ေဖေဖနဲ႔အတူတူ spy လုပ္ေၾကးေဆာ့ရေအာင္"

"ခ်ပိုင္"

"အင္း စပိုင္"

ဖား႐ုပ္ေလးပါတဲ့ သြားတိုက္တံေသးေသးကို လိေမၼာ္သီးသြားတိုက္ေဆးေလးထည့္ေပးၿပီး ပါးစပ္နားေတ့ေပးေတာ့ သားက အလိုက္သင့္ ဟေပးထားသည္။

"ခ်ပိုင္က ဘာယဲ"

လက္ကိုင္ေႂကြခြက္ထဲ ေရထည့္ၿပီး သားကိုကမ္းေပးလိုက္သည္။

"စပိုင္ဆိုတာက စုံေထာက္သားသားရဲ႕၊ ေၾကာင္နဲ႔ႂကြက္ကားထဲက အက်ႌအရွည္ႀကီးနဲ႔ဦးဦးလို လူဆိုးေတြေနာက္ကို ဖမ္းဖို႔လိုက္မွာ"

ကေလးအသိထဲ ျမင္ေအာင္ ရွားေလာ့ဟုမ္းေၾကာင္နဲ႔​ႂကြက္ကားကို ရည္ၫႊန္းေျပာေတာ့ သားက ဘယ္လိုသေဘာေပါက္သည္မသိ။ ေခါင္းတဆတ္ဆတ္ၿငိမ့္၏။

"ကူးကူးတို႔က ဘယ္တူ႔ေနာက္ လိုက္မွာယဲ"

ကိုယ္လက္သန္႔စင္ေပးၿပီး ကုတင္ေပၚ ခနတင္ေပးကာ ဗီဒိုထဲက အဝါေရာင္အက်ႌေလးနဲ႔ ေဘာင္းဘီတို အညိဳေလးကို ထုတ္လိုက္သည္။ Baby Mild ေပါင္ဒါမႈန္႔ကို ေမႊးႀကိဳင္ေနေအာင္ ပုတ္ေပးရင္း..

"ေဖေဖတို႔ သားပါပါးေနာက္ကို လိုက္ၾကမယ္၊ ၿဂိဳဟ္ေမႊတဲ့ သားပါပါးကို ႀကိဳးတုပ္ၿပီး အမိဖမ္းၾကမယ္ေလ"

လက္သီးဆုပ္ကာ ဖမ္းတဲ့ပုံစံလုပ္ျပေတာ့ သားက ဇာမ့္ပုံစံအတိုင္း အတုယူလိုက္လုပ္ရင္း တခစ္ခစ္ရယ္သည္။ အဟင္း! ေတြ႕ၾကေသးတာေပါ့ လြန္းရာ! ေမာင္မသိေအာင္ လုပ္ခ်င္တာလုပ္လို႔ရမယ္မ်ား ထင္ေနတာလား!

>>>>High Boss's Husband<<<<

"Hello ေအး ငစိုင္း၊ ငါ ၿပိဳင္ကြင္းမွာ ေရာက္ေနၿပီ၊ မင္းမေရာက္ေသးဘူးလား"

ပီေကကို ဖူးခနဲမႈတ္ထုတ္ရင္း ဖုန္းကို ပုခုံးနဲ႔ နားၾကားညႇပ္ကာ ေျပာေနလ်က္ ညာဘက္လက္ကေတာ့ ဘယ္ဘက္လက္သူႂကြယ္မွာဝတ္ထားတဲ့ လက္ထပ္လက္စြပ္ကိုတို႔ထိေဆာ့ေနသည့္လူတစ္ေယာက္။ ေျပးၾကည့္ရင္ေတာင္လြဲဦးမည္။ အေဝးကၾကည့္လွ်င္ပင္ျမင္ေနရသည့္ သန႔္ျပန႔္ေနေသာထိုဟန္ပန္က ေသခ်ာေပါက္ကို လြန္းေစတမာန္ပင္။

"ေအး ဆယ္မိနစ္အတြင္းလာခဲ့၊ ငါစိတ္မရွည္တာ သိတယ္ေနာ္"

တစ္ဖက္ကျပန္အေျပာကို လွစ္ခနဲရယ္လိုက္သည့္ လြန္း။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္လိုက္သည္ေၾကာင့္ အေပၚဘက္ေထာင့္မွာ ပုန္းလွ်ိဳေနတဲ့ သြားတက္ခြၽန္ခြၽန္ေလးထြက္လာသည္။

"အိုေခ၊ အဲ့ဒါဆို see you!"

ဖုန္းကို ခ်ၿပီး ခုံေပၚမွာေျခဆန္႔ထိုင္ကာ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနလိုက္သည္။ လြန္း ေရာက္ေနတာက ကားၿပိဳင္ကြင္းတစ္ခုမွာ ျဖစ္သည္။ ေျပးကြင္းမွာ လြန္း ၿပိဳင္ကား အနက္ေရာင္ေလးအျပင္ တစ္ဖက္က ကားသုံးစီးလည္းရပ္ထား၏။

"Hey လြန္းေစတမာန္၊ မင္းေယာက်ာ္းမပါဘူးလားကြ"

အေၾကာင္းမဲ့ခနဲ႔ခ်င္ေနတဲ့ လူေတြထဲက ဆံပင္နီေၾကာင္ေၾကာင္နဲ႔ ေကာင္တစ္ေယာက္က မခံခ်င္ေအာင္လာစသည္။ ေယာက်ာ္းေလးႏွစ္ေယာက္အိမ္ေထာင္တည္သည္မလို႔ ကဲ့ရဲ႕စကားေတြၾကားရတာ နားပင္ယဥ္ေနေလၿပီ။ ပီေကကို ေဖာက္ခနဲ မႈတ္ထုတ္ပစ္လိုက္ၿပီးမွ

"ငါ့ခင္ပြန္းက အလုပ္နဲ႔အကိုင္နဲ႔ေလ၊ မင္းလို အားယားေနတာမွမဟုတ္တာ"

မဲသဲသြားတဲ့ မ်က္ႏွာေၾကာင့္ လြန္းစကားက ထိေရာက္မႈရွိမွန္းသိလိုက္၏။ လြန္းေစတမာန္ကို လာစလို႔ရမယ္ထင္လား! ေဝးေသး!

"ေအာ..ေအာ..ငယ္ငယ္ေခ်ာေခ်ာေကာင္ေလးကို စပြန္ဆာယူထားၿပီး ကေလးပါေမြးေပးထားေတာ့ သိပ္ကိုစိုေျပေနမွာပဲေနာ္၊ ဒါနဲ႔ မင့္ကေလးက အေဖႏွစ္ေယာက္နဲ႔ ေမြးထားမွန္းေရာ သိရဲ႕လား"

စည္းေဘာင္လြတ္လာတဲ့ စကားေတြတြင္ လြန္း လက္သီးတို႔ကို က်စ္က်စ္ဆုပ္လိုက္သည္။ စိုရဲရဲႏႈတ္ခမ္းက ေအာက္သြားနဲ႔ဖိကိုက္မႈေၾကာင့္ တင္းတင္းေစ့သြား၏။

"မင္း ငါ့ခင္ပြန္းနဲ႔ ငါ့ကေလးကို ထိစရာမလိုဘူး ေဟ့ေကာင္"

ေဒါသနဲ႔အတူ လြန္းရဲ႕ ေျခလွမ္းတို႔က ထိုသူ႔အနားေရာက္ေနလ်က္သား။ ေကာ္လံကိုဆြဲမ,လိုက္ေတာ့ ခပ္ေထ့ေထ့မ်က္ႏွာက လြန္းကို မထီသလိုၾကည့္ေနသည္။

"လြန္းေစ ေတာ္ေတာ့၊ စိတ္ထိန္း လြန္းေစ!"

အနားေရာက္လာတဲ့ စိုင္းေနာင္ ဝင္ဆြဲတာေၾကာင့္ လႊတ္ေပးလိုက္ရေသာ္လည္း လြန္းလက္သီးတို႔က ထိုးဖို႔တျပင္ျပင္။ စိုင္းေနာင္က လြန္းကို ဆြဲကာ တစ္ဖက္ထိုင္ခုံေတြဆီ ေခၚလာသည္။ ေက်ာကိုပါ သပ္ေပးလာေသး၏။

"စိတ္ေလွ်ာ့ လြန္း.. စိတ္ေလွ်ာ့-"

"ဘာကြ!!"

ေယာင္ထြက္သြားတဲ့စကားကို စိုင္းေနာင္ အျမန္ဘရိတ္အုပ္လိုက္ေသာ္လည္း ေက်းဇူးရွင္ရဲ႕ျမႇားဉီးတည့္တည့္က သူ႔ဆီကို ေရာက္လာေပၿပီ။

"ဘယ္လိုေခၚလိုက္တာ??"

"လြန္းေစ-လြန္းေစ ဟဲဟဲ မင္းကလည္းကြာ၊ လႊတ္ခနဲထြက္သြားတာကို"

ေအာက္သြားလြတ္ေအာင္ ၿဖီးျပမွ ဘုဆတ္ဆတ္အၾကည့္ခံလိုက္ရၿပီး မ်က္ႏွာလႊဲသည္။ လြန္းရဲ႕ ျဖဴေခ်ာေခ်ာမ်က္ႏွာက ေဒါသမေလ်ာ့ေသးတာေၾကာင့္ ေသြးေရာင္အနည္းငယ္လႊမ္းေနသည္။

"ေအး၊ လြန္းေစပဲေခၚ၊ လြန္းဆိုတဲ့နာမည္က ေမာင့္တစ္ေယာက္တည္းအတြက္"

ေလးေလးနက္နက္ေျပာေနတဲ့ လြန္းေစကို ပိုရန္ေကာဟု မေျပာမိေတာ့။ ဒီေကာင္ေလး ဇာမ္မင္းထည္ယံကို ဘယ္ေလာက္ခ်စ္သလဲဆိုတာ စိုင္းေနာင္တို႔သူငယ္ခ်င္းတစ္သိုက္အသိဆုံး။ သူ႔မိသားစုကို ေျခစုံကန္ၿပီး ဇာမ္မင္းထည္ယံေနာက္ကို လိုက္သြားတုန္းက စိုင္းေနာင္တို႔ေတာင္ အံ့ၾသခဲ့ရေသးသည္။

လြန္းေစဆိုတာ ေခသူမဟုတ္။ ေ႐ႊလင္ပန္းနဲ႔အခ်င္းေဆးၿပီးေ႐ႊဇြန္းကိုက္ေမြးလာတဲ့ ေ႐ႊဘုံေပၚကမင္းသား။ ေဆးေက်ာင္းသားဘဝမွာကတည္းက သမီးပ်ိဳရွိတဲ့လုပ္ငန္းရွင္ေတြမ်က္စိက်၊သမက္ဖမ္းခ်င္သည့္သူ။ ဂုဏ္၊ပညာ အစစအရာရာျပည့္စုံေနတဲ့သူက ေကာင္ေလးတစ္ေယာက္ကိုမွ ျပန္ခ်စ္မိေလေတာ့ စီးပြားေရးမွာထိပ္ဆုံးေရာက္ေနတဲ့ လြန္းေစအေဖက ဖတဆိုး တစ္ဉီးတည္းေသာသားကို သံေယာဇဥ္အျပတ္ျဖတ္ႏိုင္ေလာက္တဲ့အထိ ေသြး​ေအးသလို ေယာက်ာ္းေလးတန္မဲ့ သားအိမ္ထည့္ၿပီး ရင္ေသြးယူေပးခဲ့တဲ့အထိ လြန္းေစရဲ႕အခ်စ္ကလည္း မိုက္မိုက္မဲမဲ ႀကီးျမတ္၏။

"OK Ready! Let's start it! 3 2 1 Go!"

ဝီစီမႈတ္သံနဲ႔အတူ ၿပိဳင္ကားေလးစီးက မေလ်ာ့တဲ့အဟုန္ေတြႏွင့္ ပတ္လမ္းတစ္ေလွ်ာက္ ၾကမ္းတမ္းစြာေျပးခတ္ေနသည္။ ေျပာင္လက္ေနတဲ့ အနက္ေရာင္ကားေလးအတြင္းတြင္ လြန္းသည္ steering ကို အသာကိုင္ကာ လက္ေခ်ာင္းရွည္ရွည္တို႔က အခ်ိဳးအေကြ႕ ကြၽမ္းက်င္စြာ လွည့္ခ်ိဳးေန၏။

ပြဲက တျဖည္းျဖည္းနဲ႔ အရွိန္တက္လာသည္။ ပထမ round မွာ လြန္းက ဉီးေဆာင္ေနေသာ္လည္း အၿပိဳင္လိုက္လာတာက အစိမ္းေတာက္ေရာင္ ကား။ ကားဘီးအခ်င္းခ်င္း ပြတ္ကာဆြဲကာ ထိတိုက္ေနတာက တမင္တကာရန္စေနမွန္းသိသာ၏။

လြန္းက ကားမွန္ကို ခ်လိုက္ေတာ့ ထိုကားကပါ မွန္ခ်လာသည္။ လက္ကိုင္ကိုမလြတ္ေအာင္ထိန္းရင္း လီဗာကိုလည္းျမင့္လွ်က္ ထိုသူကိုၾကည့္လိုက္၏။

"ေတာက္!!"

တပ္ေခါက္သံျပင္းျပင္းႏွင့္အတူ လြန္းမ်က္လုံးတို႔က စူးရွေနသည္။ အရွိန္ကိုပိုျမႇင့္ကာ ပုံမွန္ၿပိဳင္ႏႈန္းထက္အဆေပါင္းမ်ားစြာ ဂိတ္ကုန္ျမႇင့္လိုက္လွ်င္..

ကြၽီ!!! ဒုန္း!!!

"လြန္းေစ!!"

လႈိဏ္ေခါင္းသံပါတဲ့ အသံသုံးသံက တရစပ္တည္းျဖစ္ေပၚသည္။ ၿပိဳင္ကားအနက္စင္းေလးေရွ႕တည့္တည့္ ေျပးလမ္းဝယ္ ကန္႔လန္႔ျဖတ္ကာ ပြတ္တိုက္ဆြဲရပ္ပစ္လိုက္တဲ့ အစိမ္းေတာက္ေရာင္ကား။ ကားေရွ႕ေခါင္းႏွင့္ ေဘးသားတို႔ တိုက္မိျခင္းတြင္ အသံသည္က်ယ္ေလာင္စြာထြက္လာ၏။

သူတို႔ႏွစ္စီးက လမ္းပိတ္လိုက္ေတာ့ က်န္ႏွစ္စီးကပါ ဆက္မရ။ ကြင္းအတြင္းက အေျခအေနေတြက ႐ုတ္ခ်ည္းေအးစက္လာသည္။ စိုင္းေနာင္က ပြဲၾကည့္ခုံေပၚကေန ခ်က္ခ်င္းေျပးဆင္းလာသည္။

"ေတာက္! လူပါးဝလို႔"

ကားတံခါးကို ဒုန္းခနဲပိတ္ကာ ဆင္းလာသည့္လြန္းႏွင့္ အစိမ္းေတာက္ေရာင္တစ္ဖက္ကားက ဆင္းလာသည္က ဆံပင္နီေၾကာင္ေၾကာင္နဲ႔လူ။

"လြန္းေစ လြန္မယ္ေနာ္ ေဟ့ေကာင္"

ခြပ္!!

စိုင္းေနာင္က စကားနဲ႔တားေနတဲ့အခ်ိန္ လြန္းရဲ႕လက္သီးက ဆံနီေကာင္ရဲ႕ႏွာ႐ိုးတည့္တည့္ဆီ ထိခ်က္ျပင္းစြာ က်ေရာက္သြားသည္။ ဆက္တိုက္စြာပဲ..

ခြပ္!!

ေနာက္ထပ္ လႊတ္လိုက္ျပန္တဲ့ လြန္းလက္သီး။ ဆံနီေကာင္ရဲ႕ ႏႈတ္ခမ္းက ေသြးထြက္လာသည္။ သူတို႔ႏွစ္ေယာက္ကို ဘယ္သူမွဝင္မဆြဲရဲသလို စိုင္းေနာင္ကလည္း အေရးႀကဳံရင္ ဦးေႏွာက္ကအလုပ္မလုပ္ေတာ့သူပီပီ ေျခမကိုင္မိ၊လက္မကိုင္မိ ျဖစ္ေနသည္။ ေသြးထြက္သြားတာေၾကာင့္ ဆံနီေကာင္က ေၾကာက္စရာေကာင္းေလာက္ေအာင္ အသြင္ေျပာင္းသြားလွ်က္..

"ငါ့အသားကိုထိရေအာင္ မင္းကဘာေကာင္လဲ!"

လြန္း မ်က္ႏွာဆီ ရည္႐ြယ္ၿပီးတန္းတန္းမတ္မတ္လာတဲ့ လက္အိတ္စြပ္အခြၽန္အတက္ေတြကို ျမင္လိုက္တဲ့အခ်ိန္..

"ဟာ!"

"သြားၿပီ!"

"ခြပ္!!"

တစ္ခါတေလ အျဖစ္အပ်က္ေတြက ႐ုပ္ရွင္ပိတ္ကားလို ျပဇာတ္ဆန္သည္။ အကုန္ထင္ထားတဲ့အတိုင္း လဲက်သြားတဲ့သူက လြန္းေစတမာန္မဟုတ္။ ကတၱရာေျပးလမ္းေပၚ လက္ေထာက္ပစ္လဲသြားသူက ဆံနီေကာင္။

"ခြပ္!"

" မင္းကမ်ား ငါ့လူကိုထိဖို႔ႀကံရဲတယ္"

လြန္းတို႔ၾကားထဲဝင္လာသူက ဆံနီေကာင္ရဲ႕ ကိုယ္ေပၚကိုတက္ခြ၍ အေသအေၾကထိုးေနသည္။ ရင္းႏွီးေနတဲ့ ေက်ာျပင္က်ယ္က်ယ္ကို ေတြေဝစြာျဖင့္ လြန္း မွင္ေသေသေငးၾကည့္ေနမိစဥ္..

"ပါပါး"

"ဟင္? သားသား၊ ကူးကူးဘယ္လိုလုပ္ ပါပါးဆီေရာက္.."

သိခ်င္မႈကိုအသာထားၿပီး အရင္ဆုံး ေနာက္လွည့္ကာ သားကို ေကာက္ခ်ီလိုက္သည္။ လြန္းစကားကို ျပန္မေျဖတဲ့သားက လြန္းပုခုံးကိုေက်ာ္ၿပီး ဟိုဘက္ကိုၾကည့္ေန၏။

"လြန္းေစ..မင္း..မင္း"

စိုင္းေနာင္ရဲ႕ တုန္ရီတုန္ဆတ္အသံနဲ႔ ခ်ိနဲ႔ေနတဲ့ ဒူး။ လြန္းအံ့ၾသသြားသည္။ အေသအေၾကဝင္ထိုးေနတဲ့လူက စိုင္းေနာင္မဟုတ္ဘူးလား။

သားကိုခ်ီလ်က္ အူေၾကာင္ေၾကာင္နဲ႔ ရန္ပြဲဆီျပန္အလွည့္မွာ ဆံနီေကာင္ကို ေဒါသတႀကီးခ်ေနတဲ့လူက လွည့္ၾကည့္လာသည္။ ျပန္႔က်ယ္ေနတဲ့ ရင္အုံနဲ႔ အံႀကိတ္ထားတဲ့ေမး႐ိုးေတြ။ လက္ျပင္ေပၚက အေၾကာေတြေတာင္ ေထာင္ေနတဲ့အထိ စိတ္တိုေနသူ နတ္ဆိုးက..

"ေဖေဖ့"

"ေမာင္--"

ခုနက အေသသတ္ေတာ့မလိုမာထန္ေနသည့္ လြန္းမ်က္ႏွာက ခ်က္ခ်င္းပဲ ဇီး႐ြက္ေလာက္သာရွိေတာ့ကာ မိုးၿပိဳမတတ္ မႈိင္းအုံ႔သြားသည္ ။ စိုင္းေနာင္ တုန္ခ်ိေနရတဲ့ အေၾကာင္းအရင္းကို သေဘာေပါက္စြာ တံေထြးၿမိဳခ်လိုက္သည္။

"မင္း-မင္းလင္..လို႔ေျပာ..ေျပာမလို႔.."

>>>>High Boss's Husband<<<<

Edited-27.3.2021
Gotten-2020 /from notepad

Continue Reading

You'll Also Like

169K 20.3K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။
315K 17.5K 50
၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီး‌တွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သား‌...
411K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."