Chapter - 33
|| Zawgyi ||
" အလုပ်ကိုပြန်ပို့ပေး "
" ဟောက်ရန် ပြန်ပေး "
"ဟမ် "
"အော် "
" ....... "
" မရှိဘူးလား..."
💜💜💜💜💜💜💜💜💜💜💜
28.Mar.21
Saung's
=====================================================
စားပြီးရင်လည်း ထပ်စားချင်နေတုန်းဘဲ့...ဝက်ဖြစ်တော့မယ်^. ^
Chapter - 33
|| Unicode ||
" အလုပ်ကိုပြန်ပို့ပေး "
လင်းယဲ့ ဟောက်ရန်ကိုဘေးတစ်စောင်း ကြည့်ကာပြောလိုက်တယ်။ ဒါမဲ့ဟောက်ရန်က ကားကိုသာဆက်မောင်းနေတယ်။ ဒါကြောင့်လင်းယဲ့ကပဲ ထပ်ပြောရသည်။
" ကျွန်တော်အလုပ်နော် ခင်ဗျားကြားရဲ့လား "
" အင်း အိမ်ပြန်ပို့ပေးမယ်။ အလုပ်မှာကျန်တဲ့ မင်းပစ္စည်းတွေကို လူလွှတ်ယူခိုင်းမယ် "
ဟုတ်တယ်။ အလုပ်မှာတစ်ခုခုဖြစ်ရင် အဝတ်အစားလဲဖို့ အပိုအဝတ်အစားရှိတယ်။ ဒါလေးဘဲ့ကျန်ခဲ့တာ။ လင်းယဲ့ စိတ္ပူတာက ဒါတွေမဟုတ်ဘူး။ အလုပ်ရှင်ဦးလေးကိုပဲ့ဖြစ်တယ်။ သူကရုတ်တရက်ကြီးလာပြီး အလုပ်တောင်းတော့ ဦးလေးကပေးခဲ့သည်။ အခုရက်ပိုင်းလေးဘဲ့အလုပ်လုပ်ပြီး ထွက်တော့မယ်ဆိုတာ မသိတတ်ရာကျသွားပြီလေ။ မျက်နှာလည်းပျက်ရတယ်၊အားလည်းနာရတယ်။ ဒါတွေကြောင့်ပဲ အလုပ်မထွက်ချင်တာ။ ဒါမဲ့ဒီလိုအတွေးတွေကို မတွေးတတ်တဲ့ ဟောက်ရန်ကတော့နားလည်မှာ မဟုတ္ဘူး။
အခုလည်းကြည့်။ ကျွင်းအိမ်တော်ဘက်ကို ဦးတည်မောင်းသွားတာ။
လင်းယဲ့ သူ့အလုပ်ရှင်ကိုဖုန်းလေးနဲ့တော့ အကြောင်းကြားသင့်တယ်လို့ တွေးမိတာာကြောင့် ဖုန်းဖွင့်လိုက်တော့ မက်ဆေ့တစ်စောင်ဝင်နေသည်။
' ကိုယ်ဝန်သည်ပိုင်လင်းယဲ့ မနက်၈နာရီလောက် ကိုယ်ဝန်အတွက် ဆေးရုံကိုလာခဲ့ပေးပါ '
စာကိုဖတ်ပြီး လင်းယဲ့လက်နဲ့သူ့မျက်နှာကို ရှက်ရွံစွာဖုံးအုပ်လိုက်ရသည်။ အခုသူ့မျက်နှာက နီရဲနေမှာအမှန်ဘဲ့။
ချီး...ကိုယ်ဝန်သည်ပိုင်လင်းယဲ့တဲ့လား ဒီတိုင်းနာမည်လေးဆို အဆင်ပြေပါပြီ။ ဒါကြီးကနည်းနည်းတော့ ထူးဆန်းတယ်လို့မထင်ဘူးလား။
ဟောက်ရန် ကားရပ်လိုက်တာကိုတောင်မသိဘဲ မျက်နှာကိုလက်နဲ့အုပ်ထားတဲ့ လင်းယဲ့ကိုစေ့စေ့ကြည့်လိုက်သည်။ နားရွက်တွေကစ အနီရောင်ပြောင်းနေတာကြောင့် အချဉ်ပေါက်လာပြီး ဖုန်းကိုလှမ်းယူလိုက်တယ်။
ဘာကိစ္စကြောင့် ဒီလောက်အဖြစ်သဲနေရတာလဲ။ ဘယ်အကောင်စာပို့ထားတာလဲ။
" ဟောက်ရန် ပြန်ပေး "
လင်းယဲ့ လန့်သွားပြီးအမြန်ဖုန်းကို လိုက်ယူပေမဲ့ ဟောက်ရန်ကစာကိုမြင်သွားပြီဖြစ်တယ်။
ဖာ့ခ်...ရှက်လိုက်တာ။ ဒီလောက်လက်မြန်ရလား သူငါ့ကိုဘယ်လိုပြောတော့မှာလဲ။ ချီး သေလိုက်လင်းယဲ့ရေ ငါ့ကိုလှောင်တော့မှာပဲ့
" မနက်ဖြန်ကိုယ်နဲ့အတူသွားတာပေါ့ "
"ဟမ် "
" အထဲဝင်မယ် မင်းအထုတ်တွေနေရချရအောင် "
"အော် "
လင်းယဲ့လေး မယုံနိုင်ဖြစ်နေတုန်း ဟောက်ရန်ကကားပေါ်ကဆင်းပြီး ကားနောက်ဖုံးဖွင့်ကာ အထုတ်တွေယူပြီး အထဲဝင်သွားပြီဖြစ်တယ်။ လင်းယဲ့လည်းအမြန်ဆင်းပြီး အိမ်ထဲဝင်တော့ အိမ်တော်ထိန်းကြီးက ပြုံးရယ်ကာနှုတ်ဆက်တယ်။
" အကိုလေး သခင်လေးနဲ့အဆင်ပြေသွားပြီလား "
လင်းယဲ့ ခေါင်းကုပ်လိုက်ပြီး ပြန်အဖြေပေးလိုက်သည်။
" အဲ့လိုထင်ရတာပဲ့ဗျ ဟိုလေအိမ်မှာ မုန့်တစ်ခုခုရှိလား"
" ရှိပါတယ်အကိုလေး မနက်ကသူဌေးကတော်ဝယ်ထားတဲ့ ကိတ်လည်းရှိသေးတယ်။ နောက်ပြီးအားလူကြော်ဘူးတွေရောရှိတယ်။ "
"အိုး ဟီး ကျွန်တော့်ကိုယူထုတ်ထားပေးပါလား အပေါ်ကဆင်းလာရင်စားမလို့ ဗိုက်ဆာနေတာ "
" ဗိုက်ဆာနေတာလား ထမင်းမစားသေးဘူးလား ကျွန်တော်ပြင်ပေးပါ့မယ် "
လင်းယဲ့အမြန်လက်ကာပြလိုက်တယ်။ သူစားလာတာတောင်မကြာသေးဘူး။ တစ်ခုခုမျိုဆို့ချင်လာပြန်တယ်။ မတတ်နိုင်ဘူးလေ စားချင်နေတာဘဲ့ကို။ အိမ်တော်ထိန်းကိုမုန့်တွေပဲ့ စားမယ်ပြောပြီး အိမ်ပေါ်တတ်လာတယ်။
အခန်းထဲမှာတော့ ဟောက်ရန်တယောက် ခုန်မြန်နေတဲ့နှလုံးကိုဖိပြီး အခန်းတံခါးမှာမှီရပ်နေသည်။
ငါ့မှာကလေးနဲ့တဲ့...ငါကgay တစ်ယောက်ပဲ့ ဘယ်လိုမှရင်သွေးရနိုင်မှာမဟုတ်ဘူးလို့ ထင်ထားတာ။ အခုတကယ်ကြီး သူ့ရဲ့သွေးသားအရင်းချာ ကလေးတစ်ယောက် ရှိနေတယ်တဲ့လား။ ကလေးရှိတယ်ဆိုတဲ့ခံစားချက်က အရမ်းကိုစိတ်ဆွပေးနိုင်လောက်တယ်။
နောက်ပြီး လင်းယဲ့။ လင်းယဲ့ကိုအနားကနေ ထွက်မသွားစေချင်ခဲ့ဘူး။ သူမရရှိရင်တစ်ခုခုလိုနေသလိုမျိုးပဲ့ အရင်ကရော၊အခုရော အတူတူနေတာများလို့လား။ အခုအဲ့ဒီကောင်လေးမှာ သူ့ရဲ့ကလေးနဲ့တဲ့။ ဒါကအရမ်းကိုပျော်ဖို့ကောင်းတာပဲ့။
ဒါမဲ့သူ(ဟောက်ရန်)ကေရာ လင်းယဲ့ကိုဘယ်လိုဆက်ဆံမိခဲ့လဲ။ အမြဲတမ်း အရင်ကရော၊အခုရောဘဲ့ ဒဏ်ရာတွေသာပေးနေခဲ့တယ်။
လည်ချောင်းတစ်ခုလုံးဆို့တင့်လာပြီး မျက်ရည်တွေစီးကျလာခဲ့တယ်။ ထိုအချိန်တံခါးလက်ကိုင် လှည့်သံကြားလိုက်တာမို့ အနီးကရေချိုးခန်းထဲပြေးဝင်လိုက်သည်။
လင်းယဲ့လေးက သူ့ရဲ့luggage ကိုယူပြီးအဝတ်တွေကို အရင်ကထားခဲ့တဲ့ ဘီရိုထဲပြန်ထည့်နေလိုက်သည်။ ထည့်ပြီးတော့ရေချိုးခန်းထဲကို လှည့်ကြည့်ပြီး
" ဟောက်ရန် ခင်ဗျားရေချိုးခန်းထဲမှာလား။ "
" ....... "
" မရှိဘူးလား..."
ပြန်ဖြေသံမကြားရတာမို့ ရေချိုးခန်းအထဲကို လှမ်းဝင်လိုက်သည်။ အထဲဝင်လာတာနဲ့ ဟောက်ရန်ရဲ့ကျောပြင်ကိုပြင်လိုက်ရတယ်။ လင်းယဲ့က
" ရှိနေတာပဲ့ ဖြေလည်းမဖြေပဲ အု? "
ပြန်ထွက်မလို့လုပ်တုန်း ဟောက်ရန်ရဲ့အနမ်းတွေ ကျရောက်လာခဲ့တယ်။
💜💜💜💜💜💜💜💜💜💜
ချိုပေးထားတယ်နော်။ ကြိုက်တယ်မလား...မှန်မှန်လိမ်ကြနော် babyတို့။ အားလုံးဂရုစိုက်ပါနော်။ အရင်နေ့တွေတုန်းက အိမ်မှာတောင်ရင်တုန်တုန်နဲ့ ဘယ်အချိန်အိမ်ထဲဝင်ရှာခံရမယ်။ ဘယ်အချိန်သေနက်သံတွေကြားရမလဲဆိုပြီး စိတ်ဖိစီးနေလို့ပါနော်။ နောက်ပြီး ဆောင်းတို့ကအိမ်ပြစ်ပြီး တစ်ပတ်လောက်တစ်ခြားမှာသွားနေရသေးတယ်။ အခုမှအိမ်ပြန်လာရတာမို့ပါ။ ဒါတောင်အိမ်နားမှာ ဆူညံနေတုန်းပဲ့...😞
28.Mar.21
Saung's
=====================================================