(Completed )The Transmigratio...

Xiao_Yiii által

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... Több

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; the New Emperor and Empress
Thank You

Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}

9.4K 902 21
Xiao_Yiii által

Unicode

Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}

အချိန်တွေကုန်လွန်သွားပြီးနောက်ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်ဂျင်ချန်းဂျီလည်းဆေးရုံဆင်းပြီးလီလျိုနဲ့အတူဟန်းနီးမွန်းခရီးမှပြန်လာတာပင်သုံးလတာလွန်မြောက်ခဲ့ပြီ။

လီလျိုနဲ့ဂျင်ချန်းဂျီတို့ကသူတို့ရဲ့ကိုယ်ပိုင်အလုပ်များမှသတိပေးလာသည်အထိဟန်းနီးမွန်းခရီးကိုနှစ်ဝက်လောက်သွားလိုက်သည်။ပြီးတော့လည်းကွန်ပျူတာကိုနှစ်ဝက်ကျော်လောက်စာမရိုက်ပဲပစ်ထားလိုက်တော့လီလျိုရဲ့လက်တွေကနောက်တစ်ကြိမ်စာရိုက်ချင်လွန်းလို့ယားနေလေပြီ။

ထို့ကြောင့်ဂျင်ချန်းဂျီအလုပ်သွားသည်နှင့်သူလည်းသူ့အိမ်မှာအသိုက်ဆောက်ပြီးကွန်ပျူတာနှိပ်တော့သည်။နှစ်ဝက်ကျော်လောက်စာရိုက်ခြင်းမရှိတော့တာကြောင့်သံချေးတက်နေသည့်သူ့ရဲ့လက်မြန်နှုန်းသည်လည်းရက်အနည်းငယ်အကြာတွင်ခံစားမှုပြန်လည်ရရှိသွားသည်။

အဲ့ဒီထက်ပိုတာက{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကနောက်တစ်ကြိမ်အွန်လိုင်းဖြစ်နေခြင်းအားအတော်လေးအံ့အားသင့်ရသည်။

ချက်ချင်းပင်အပြုံးပုံအမူအယာကိုပို့ပေးလိုက်သည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းအလွန်လျင်မြန်စွာစာပြန်လာသော်လည်းသူ့စာကအတော်လေးကိုရိုးရှင်းလှသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အင်း]

လီလျိုကအလျင်အမြန်စာရိုက်လိုက်ပြီးပို့လိုက်ပြန်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [မတွေ့တာကြာပြီနော်အခုတစ်လောဘယ်လိုနေလဲ?]

တစ်ဖက်မှခေတ္တရပ်တန့်သွားပုံပေါ်သည်။တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့်တစ်မိနစ်ကျော်လောက်ကုန်သွားမှသာလီလျိုကိုစာပြန်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အရမ်းကောင်းတယ် {အပြုံးမျက်နှာ}]

လီလျိုရဲ့လက်ရှိဘဝကတော့ပျားရည်ထဲစိမ်နေရသလိုမျိုးပင်ရိုးရှင်းလှသည်။{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကဘယ်သူလဲသူမသိတဲ့အပြင်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} ကအမျိုးသားတစ်ယောက်ဆိုတာကိုသာသူသိသည်။ဒါ့အပြင်သူ့ပုံစံကအတော်လေးကိုလေးနက်ပြီးထိန်းထိန်းသိမ်းသိမ်းနေတတ်သေးသည်။လီလျိုကသူနဲ့စကားပြောခဲ့တာအတော်လေးကိုကြာခဲ့ပြီဖြစ်သည်။သူကထိုလူကိုသူ့မိတ်ဆွေအဖြစ်သတ်မှတ်ထားခဲ့ပြီဖြစ်၏။

လက်ရှိလူမှုအသိုင်းအဝိုင်းရဲ့homosexualityကအရမ်းကြီးမမြင့်သေးသော်လည်းလီလျိုကတော့သူ့မိတ်ဆွေကိုမလှည့်ဖြားချင်ပေ။အကယ်၍သူသာ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}အားသူအမျိုးသားကိုသဘောကျတယ်ဆိုတာပြောလိုက်လို့သူလက်မခံနိုင်ခဲ့ရင်သူတို့နှစ်ယောက်ရဲ့ဆက်သွယ်မှုကလျော့နည်းသွားလိမ့်မည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [ငါကတစ်လောလေးကမှမင်္ဂလာဆောင်လိုက်တာ{ရှက်ရွံ့}]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းသူအမျိုးသားတစ်ယောက်ဆိုတာသိထားသည်။လီလျိုထိုစာလုံးတွေကိုရိုက်လိုက်ပြီးနောက်အသက်ရှုအောင့်ထားပြီးကွန်ပျူတာမျက်နှာပြင်အားကြည့်နေမိ၏။တကယ်တော့သူဒီ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ဆိုတဲ့သူငယ်ချင်းအားအတော်လေးအလေးထားသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အမ်း,ငါလည်းဟိုးတုန်းကတည်းကတိတ်တဆိတ်ချစ်ခဲ့ရတဲ့သူနဲ့အတူတူဖြစ်နေပြီ,ပြီးတော့သူကလည်းအမျိုးသားတစ်ယောက်ပဲ]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းဂေးတစ်ယောက်ဖြစ်နေမယ်လို့လီလျိုမထင်ထားခဲ့မိပေ။ဒါ့အပြင်သူကတိတ်တဆိတ်ချစ်နေရတဲ့သူတောင်ရှိနေတယ်...

သူ့ရဲ့ထင်မြင်ချင်အရဆိုရင်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} ကအောင်မြင်တဲ့အမျိုးသားတစ်ယောက်ဖြစ်လိမ့်မည်။ပြီးတော့ပြဿနာများကိုလည်းအလွန်တည်ငြိမ်စွာဖြင့်အားကိုးစရာကောင်းအောင်ကိုင်တွယ်နိုင်သည်။ဒီလိုလူမျိုးကတစ်စုံတစ်ယောက်ကိုတိတ်တဆိတ်ချစ်နေခဲ့မယ်လို့လီလျိုစဉ်းစားလို့တောင်မရဘူး။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [မင်းတကယ်ပဲတစ်စုံတစ်ယောက်ကိုတိတ်တဆိတ်ချစ်နေခဲံရတာလား?ငါပြောတောင်မပြောနိုင်ဘူးကြည့်စမ်း]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [ဘာဖြစ်လို့လဲဆိုတော့သူကအရမ်းနှေးလို့လေ{အပြုံး}]

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [မင်းကဒီလိုနည်းနည်းတုံးအတဲ့ပုံစံမျိုးကိုသဘောကျမယ်လို့ဘယ်သူကထင်မိမှာလဲ?ဟီးဟီးဟီး,မင်းသူ့ကိုဘာကြိုက်တာလဲ?]

လီလျိုသည်မထိန်းချုပ်နိုင်စွာဖြင့်အတင်းပြောမိလေသည်။ပြီးတော့လည်းသူ့ချစ်သူဂျင်ချန်းဂျီကလွဲရင်နောက်ထပ်တစ်ခြားsame-sexစုံတွဲမျိုးမတွေ့ဘူးဘူး။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [သူကအရမ်းချစ်စရာကောင်းတယ်ပြိးတော့ငါသူ့ကိုကြည့်တဲ့အချိန်တိုင်းသူ့ကိုကိုက်ပြီးအရသာခံချင်မိတယ်.....သူကအခုလည်းအရမ်းချစ်စရာကောင်းနေတယ်{အပြုံး}]

ချစ်စရာကောင်းတယ်?ဘယ်လိုလုပ်ယောကျာ်းလေးတစ်ယောက်ကိုချစ်စရာကောင်းတယ်လို့ဖော်ပြလို့ရမှာလဲ?ပြီးတော့မင်းကသူ့ကိုကြည့်ပြီးကိုက်တောင်ကိုက်ချင်နေသေးတယ်ပေါ့လေ?

လီလျိုသည်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}၏တစ်ခြားတစ်ဖက်အားသူ့စိတ်ထဲကမြင်ယောင်ကြည့်မိပြီး{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကတောင်ချီးမွမ်းရတဲ့လူကဘယ်လိုချစ်စရာကောင်းတဲ့အမျိုသားလဲဆိုတာစဉ်းစားလို့မရဖြစ်နေသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [မင်းရောမင်းရဲ့တစ်ခြားတစ်ဖက်ကိုဘယ်လိုခံစားရလဲ?]

သူဂျင်ချန်းဂျီကိုဘယ်လိုခံစားရလဲ?လီလျိုသည်ကွန်ပျူတာမျက်နှာပြင်အားကြည့်လိုက်ပြီးနောက်မထိန်းချုပ်နိုင်စွာဖြင့်သူ့ခါးကိုထိကြည့်မိသည်။

ဂျင်ချန်းဂျီကပုံမှန်ဆိုရင်သူ့အပေါ်အရမ်းကောင်းတယ်ဒါပေမဲ့ညဘက်ဆိုရင်တော့သူ့တောင်းဆိုမှုကအရမ်းများလွန်းတယ်....အဲ့ဒါကြောင့်အခုမွန်းလွဲပိုင်းရောက်နေတာတောင်သူ့ခါးကနည်းနည်းနာနေတုန်းပဲ..သေချာပေါက်သူအဲ့ဒီအကြောင်းတော့{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကိုပြောလို့မရဘူးလေ

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [သူကငါ့အပေါ်အရမ်းကောင်းတယ်ပြီးတော့ငါကလည်းဘယ်လိုပဲဖြစ်နေပါစေသူနဲ့ဘဝတစ်သက်တာလုံးအတူတူနေသွားမှာ]

လီလျိုထိုစကားတွေကိုရိုက်နေတဲ့အချိန်သူ့မျက်နှာပေါ်မှာအပြုံးတစ်ဖြစ်တည်နေပြီးသူ့မျက်လုံးများကလည်းအနည်းငယ်တောက်ပနေသည်။သူ့စိတ်ထဲမှာတောင်သူနဲ့ဂျင်ချန်းဂျီတို့အိုမင်းလာပြီးငွေရောင်ဆံပင်များဖြစ်လာကာတစ်ယောက်ကိုတစ်ယောက်ရှေ့ဆက်လျှောက်နိုင်ဖို့တုန်တုန်ယင်ယင်နဲ့ထောက်ပံ့ပေးနေတဲ့မြင်ကွင်းကိုမြင်ယောင်ကြည့်နေမိသည်။လီလျိုသည်မထိန်းချုပ်နိုင်စွာဖြင့်ကျယ်လောင်စွာအော်ဟစ်ရယ်မောမိတော့သည်။

တစ်ဖက်ကလူသည်လည်းကိစ္စတစ်ချို့ရှိနေဟန်တူသည်လီလျိုအားချက်ချင်းစာမပြန်လာပေ။နာရီဝက်လောက်ကုန်ဆုံးသွားပြီးနောက်လီလျိုသည်လည်းဝတ္တုရဲ့အပိုင်းတစ်ပိုင်းကိုရေးလို့ပြီးသွားပြီဖြစ်သည။ထိုအချိန်မှသာသူ့ notification box မှနေ၍messageအသစ်တစ်ခုတက်လာ၏။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အမ်း,ငါလည်းငါ့ချစ်သူကိုကောင်းကောင်းဂရုစိုက်ပေးမယ်,အဲ့ဒါမှသူ့ဘဝတစ်သက်တာလုံးငါ့ဆီကဘယ်တော့မှထွက်မသွားမှာ]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}နဲ့ပြောဖြစ်တဲ့ထိုအကြောင်းအရာတို့ကြောင့်လီလျိုသည်သူနဲ့{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}တို့ရဲ့ကြားကမိတ်ဆွေသံယောဇဉ်ကပိုပြီးသန်မာလာတယ်လို့ခံစားလိုက်ရသည်။

ပြီးတော့လည်းသူကလွဲရင်ဒီအကြောင်းကိုပြောလို့ရမယ့်သူဘယ်သူမှမရှိဘူးလေ

ဒါ့အပြင်လီလျိုသည်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}နဲ့စကားပြောတိုင်းအတော်လေးစိတ်သက်တောင့်သက်သာဖြစ်မိသည်။ထိုလူနဲ့မျက်နှာခြင်းဆိုင်တစ်ခါမှမတွေ့ဘူးသော်လည်း{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကသူ့ကိုကောင်းကောင်းကြီးနားလည်တယ်လို့သူခံစားရ၏။ရလဒ်အရတော့လီလျိုသည်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}နဲ့ပိုပြီးစကားပြောရတာနှစ်သက်လာမိသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကကြည့်ရတာအတော်လေးအလုပ်များပုံပေါ်သည်။သို့သော်လည်းသူအချိန်ရတာနဲ့သူ့စာကိုကျိန်းသေပေါက်ပြန်ဖြေပေးသည်။

ထို့ကြောင့်လည်းလီလျိုကသူ့ဝတ္ထုကိုရေးတဲ့စပ်ကြားမှာ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}နဲ့စကားပြောရန်ချက်ချင်းသွားသွားရှာဖြစ်သည်။

ဒီနေ့မှာတော့လီလျိုကသူ့ရဲ့တစ်နေ့တာစာရိုက်ရမယ့်တာဝန်ပြီးမြောက်သွားပြီဖြစ်သည်။သူအခုအတော်လေးပျင်းရိနေတာကြောင့်ဂေးဖိုရမ်ကိုသွားရန်ရုတ်တရက်အကြံရလိုက်သည်။ထို့နောက်အနီရောင်ဖြင့်ရေးထားတဲ့postတစ်ခုကိုဖတ်ပြီးနောက်အတော်လေးကြာအောင်တိတ်ဆိတ်သွားပြီးမှ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}နဲ့စကားပြောထားတဲ့ chat boxအားတိတ်တိတ်လေးဖွင့်လိုက်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [လှေကြီး,မင်းရှိနေလား?]

တစ်မိနစ်မျှကြာပြီးနောက်ပြန်စာရောက်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [ဟင်?]

လီလျိုကသူ့လက်ကိုကီးဘုတ်ပေါ်တင်ထားလိုက်ပြီးနောက်အချိန်အတော်ကြာအောင်တွန့်ဆုတ်နေမိပြီးမှနောက်ဆုံးမှာစာတစ်ကြောင်းရေးလိုက်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [မင်းရဲ့အမြင်အရဆိုရင်ငါ့ပါတနာကငါ့ကိုတစ်ခါလောက်topဖြစ်ခွင့်ပေးလောက်မယ်ထင်လား?{cry}]

အချိန်အတော့အတော်ကိုကြာသွားပြီးမှသာတစ်ဖက်လူကသူ့ကိုနောက်တစ်ကြိမ်စာပြန်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [ဘယ်လိုဖြစ်လို့အဲ့ဒီအကြံရလာရတာလဲ?]

လီလျိုကချက်ချင်းpostရဲ့လိပ်စာကိုchat boxဆီပို့လိုက်သည်။

အချိန်အတော်လေးကြာပြီးသွားမှသာတစ်ဖက်ကစာပြန်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [မင်းမေးကြည့်လိုက်လေ,သူသဘောတူလိမ့်မယ်{smile}]

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [တကယ်လား?ဒါဆိုငါသူ့ကိုညကျမေးကြည့်ရမယ်,ဟီးဟီးဟီး,ငါသေချာပေါက်သူ့အပေါ်အရမ်းကိုညင်သာပေးမှာပါ]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [{smile}]

ထို့နောက်...ဂျင်ချန်းဂျီညဘက်ပြန်ရောက်တဲ့အခါ....လီလျိုကသူ့နောက်ကနေတောက်လျောက်လိုက်နေသည်။တံခါးမှမီးဖိုချောင်ထိလိုက်သွားပြီးသူချက်တာကိုကြည့်တယ်ပြီးတော့ခွေးလေးလိုမျိုးမီးဖိုချောင်ထဲကဟင်းပန်းကန်ကိုင်ပြီးထွက်လာသည့်ဂျင်ချန်းဂျီနောက်ကနေထပ်လိုက်ပြန်တယ်

ဂျင်ချန်းဂျီသည်လီလျိုရဲ့မျက်လုံးထဲကခွေးပေါက်လေးကိုအမူအယာကိုကြည့်ပြီးမထိန်းချုပ်နိုင်စွာဖြင့်သူ့နှုတ်ခမ်းထောင့်တွေကွေးညွှတ်လာရသည်။လီလျိုကိုကြည့်ရင်းဖြင့်သူ့ရဲ့ရှည်လျားတဲ့မျက်တောင်များကိုအနည်းငယ်အောက်စိုက်ချလိုက်တာကြောင့်သူ့မျက်လုံးထဲကခံစားချက်များအားရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။

"ရှောင်းလျို,မင်းကိုယ့်ကိုဘာပြောချင်တာရှိလို့လဲ?"

လီလျိုသည်ဂျင်ချန်းဂျီကိုကြည့်ရင်းပြောရမှာအနည်းငယ်ကြောက်ရွံနေမိတာကြောင့်သူ့မျက်လုံးများကအကြိမ်အနည်းငယ်ဟိုရွေ့ဒိရွေ့ဖြစ်နေသည်။နောက်တော့သူ့သတ္တကိုအနိုင်နိုင်မွေးပြီးဂျင်ချန်းဂျီအားကြည့်ကာပြောလိုက်သည်။

"ချန်းဂျီ,ငါဒီညtopဖြစ်ချင်တယ်"

ဂျင်ချန်းဂျီသာငြင်းလာရင်သူအဲ့ဒီwebsiteကိုပြလိုက်ပြီးအကယ်၍သူ့ကိုtopဖြစ်ခွင့်မပေးရင်သူ့ကိုမချစ်ဘူးလို့ဆိုလိုတာပဲလို့ပြောဖို့ပင်တွေးထားသည်။

ဂျင်ချန်းဂျီရဲ့မျက်လုံးကနက်ရှိုင်းသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားပြီးနောက်သူ့နှုတ်ခမ်းကအနည်းငယ်ကွေးညွှတ်တက်သွားသည်။

"ကောင်းပြီ"

အဲ့ဒါပြီးနောက်မှာတော့သူတို့ညဘက်အိပ်ယာဝင်တဲ့အချိန်မှာလီလျိုသည်သူလိုချင်တာကိုနောက်ဆုံးရလိုက်တော့သည်။အဲ့ဒီညမှာအရင်ညတွေကထက်ပိုငိုရတာကလွဲရင်ပေါ့

သူ့မျက်လုံးတစ်စုံကရောင်နေပြီးသူ့ရင်ဘက်နဲ့ခါးမှာလည်းဂျင်ချန်းဂျီရဲ့အချစ်မှတ်များနဲ့ပြည့်နှက်နေသည်။သူ့ခါးမှာဆိုရင်ဂျင်ချန်းဂျီရဲ့လက်ချောင်းရာတောင်ရှိတယ်...သူ့ကိုအတင်းဖိနှိပ်ပြီးညှစ်တုန်းက

သူတို့ပြီးတဲ့အချိန်မှာတော့လီလျိုသည်သူ့ခြေထောက်တွေကသူ့ပိုင်တွေမဟုတ်ဘူးလို့သာခံစားရပြီးအိပ်နေရင်းတောင်မှားယွင်းခံရသလိုမျိုးခံစားရတာကြောင့်တိုးတိုးလေးညည်းညူမိသည်။

ဂျင်ချန်းဂျီကတော့အရင်ကထက်ပင်ပိုပြီးကျေနပ်အားရနေပုံပေါ်သည်။ပြီးနောက်လီလျိုသူ့ကိုပေးထားတဲ့ဂေးဖိုရပ်ရဲ့website homepage ကိုတိတ်တဆိတ်စုဆောင်းလိုက်သည်။တကယ်လည်းဒီညနေပိုင်းတုန်းကအကြိမ်အနည်းငယ်လောက်ကြည့်လိုက်တာနဲ့တင်စားလို့ရတဲ့နည်းလမ်းမျိုးစုံတွေ့ထားတယ်လေအရမ်းကျေနပ်တယ်

ဒီညစားရတဲ့နည်းလမ်းကလည်းအရမ်းအရသာရှိတယ်...နောက်တစ်ခေါက်ဆိုရင်တော့နောက်တစ်မျိုးစမ်းကြည့်သင့်တယ်

အိပ်ပျော်နေတုန်းသူနဲ့အတူအိပ်နေတဲ့လူကသူ့ကိုမရေမတွက်နိုင်လောက်တဲ့Nနည်းလမ်းများဖြင့်ဘယ်လိုမျိုးစားရမလဲဆိုတာအစီအစဉ်ဆွဲနေကြောင်းလီလျိုသည်လုံးဝကိုမသိတော့ပေ။

နောက်တစ်နေ့မွန်းတည့်ချိန်လောက်မှသာလီလျိုသည်အိပ်ယာပေါ်ကတုန်တုန်ယင်ယင်နဲ့ထလာနိင်သည်။သူ့လက်မောင်းနဲ့ခြေထောက်တွေကတုန်ယင်နေတယ်လို့ခံစားရ၏။အထူးသဖြင့်သူ့ခြေထောက်တွေ...သူအိပ်ယာပေါ်ကတောင်မထနိုင်ဘူး

လီလျိုသည်တကယ့်ကိုငိုချင်သော်လည်းမျက်ရည်မရှိပဲအိပ်ယာပေါ်မှာသာဆက်မှီနေရသည်။သူကစိတ်ပျက်အားငယ်စွာဖြင့်သူ့ဖုန်းကိုဖွင့်လိုက်သောအခါ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ဆီမှစာရောက်နေသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [မနေ့ညကဘယ်လိုနေလဲ?]

လီလျိုသည်မနေ့ညကအကြောင်းပြန်စဉ်းစားမိသည်။သူ့ရဲ့ဦးရေပြားတွေတောင်ထုံလာသည့်သာယာမှုပြီးတော့သူ့ရဲ့ရှက်စရာကောင်းအောင်ငိုယိုနေတဲ့ပုံစံ...သူက{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}အားတိတ်တဆိတ်သာစာပြန်လိုက်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [......]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကသူ့ကိုနောက်တစက္ကန့်အတွင်းစာပြန်လာသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [ဘာမှားလို့လဲ?မနေ့ညကမသက်မသာခံစားရလို့လား? {Touch head}]

သက်သာတာကတော့အရမ်းကိုသက်တောင့်သက်သာရှိပါတယ်ဒါပေမဲ့သူတွေးထားတာနဲ့လုံးဝကိုမတူဘူး...

လီလျိုသည်စိတ်ပျက်လက်ပျက်ဖြင့်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}အားပြန်ဖြေရန်ပြင်လိုက်စဉ်မှာပဲ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ရဲ့အစောလေးကပြန်စာကိုကြည့်လိုက်ပြီးနောက်သူ့စိတ်အားရုတ်တရက်မိုးကြိုးပစ်သွားသလိုခံစားလိုက်ရသည်။

ထို့နောက်အံကိုကြိတ်ကာစကားလုံးကိုတစ်လုံးခြင်းဆီပြန်ဖြေလိုက်သည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [ဂျင်, ချန်း, ဂျီ!?]

ကျယ်ဝန်းသည့်ရုံးခန်းတစ်ခုထဲတွင်အနက်ရောင်suitအားဝတ်ဆင်ထားသည်ချောမောခန့်ညားသောအမျိုးသားတစ်ယောက်ကသူ့ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်ပေါ်လာသောစကားလုံးများအားကြည့်ပြီးသူရဲ့မူလကတည်းကကွေးညွှတ်နေသည့်နှုတ်ခမ်းများသည်နောက်တစ်ကြိမ်ထပ်၍ကွေးညွှတ်တက်သွားသည်မှာအတော်လေးပျော်ရွှင်နေကြောင်းသိသာလှသည်။

[ကိုယ့်ရဲ့အရူးလေးနောက်ဆုံးတော့သိသွားပြီပေါ့]

ထို့နောက်သူ့ရဲ့ကလေးပေါက်စလေးကိုချော့မယ့်စကားပို့ဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူ့စာကမဝင်တာကိုတွေ့လိုက်ရပြီးsystemကသူ့ကိုသတိပေးစာပို့လာသည်။

"the other side is offline".

ဂျင်ချန်းဂျီကသတိပေးစာကိုကြည့်လိုက်ပြီးနောက်သူ့လက်ဖြင့်အနည်းငယ်မြှင့်တက်နေသည့်နှုတ်ခမ်းများအားထိလိုက်သည်။

"အရမ်းစိတ်ဆိုးသွားတာလား?"

ညနေခင်းမှာတော့ဂျင်ချန်းဂျီကလီလျိုရဲ့ခါးကိုညှစ်လိုက်ပြီးသူ့အောက်ပိုင်းကိုလုှပ်ရှားလိုက်ကာငုံ့ကိုင်း၍လီလျိုရဲ့နားကိုလျှက်လိုက်သည်။

"လိမ္မာစမ်းပါ...ကိုယ့်ကိုမြန်မြန်လေးblacklistကနေထုတ်ပေး"

လီလျိုကအိပ်ယာခင်းအားဆုပ်ကိုင်ရင်းဖြင့်အသက်ကိုပြင်းပြင်းရှုလိုက်သည်။သူ့အသံကတော့အက်ရှရှဖြစ်နေ၏။

"ဟင့်အင်း...မထုတ်ပေးဘူး....."

ဂျင်ချန်းဂျီသည်လီလျိုအားနောက်တစ်ကြိမ်ထပ်၍အဝစားလိုက်ပြန်သည်။ပြီးနောက်သူ့ဖုန်းကိုထုတ်လိုက်ပြီးဖွင့်လိုက်သည်။သူကအကောင့်အားတိုက်ရိုက်ဝင်လိုက်ပြီးနောက်လီလျိုအားသူ့ဝတ္တုအသစ်အတွက်မှတ်ချက်(၁၀၀,၀၀၀)အားဂုဏ်ယူစွာဖြင့်ပြလိုက်သည်။

"လိမ်မာစမ်းပါဆို,ကိုယ့်စကားနားထောင်....ကိုယ်ကမင်းရဲ့နံပါတ်တစ်ရွှေသခင်နော်မြန်မြန်လေးကိုယ့်ကိုblacklistကထုတ်ပေး"

"......"

......

"...ဂျင်ချန်းဂျီ.... ဝု...မင်း...ခွေးကောင်ကြီး..."

......

နောက်ဆုံးတော့အဲ့ဒီညမှာလီလျိုကဂျင်ချန်းဂျီအားblacklistကနေထုတ်ပေးလိုက်မိလားမသိပေမယ့်နောက်တစ်နေ့မွန်းလွဲပိုင်းထိုတော့လီလျိုသည်အိပ်ယာပေါ်ကမထနိုင်သေးပေ။ပြီးတော့ဂျင်ချန်းဂျီရဲ့ကုမ္ဗဏီမှအလုပ်သမားများသည်လည်းသူတို့သူဌေးကဒီနေ့စကားပြောလို့အရမ်းလွယ်နေတယ်လို့ခံစားကြရသည်.

..................................
Zawgyi

Extra; {မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}

အခ်ိန္ေတြကုန္လြန္သြားၿပီးေနာက္က်န္းမာေရးျပန္လည္ေကာင္းမြန္လာသည့္ဂ်င္ခ်န္းဂ်ီလည္းေဆးရံုဆင္းၿပီးလီလ်ိဳနဲ႔အတူဟန္းနီးမြန္းခရီးမွျပန္လာတာပင္သံုးလတာလြန္ေျမာက္ခဲ့ၿပီ။

လီလိ်ဳနဲ႔ဂ်င္ခ်န္းဂ်ီတို႔ကသူတို႔ရဲ႔ကိုယ္ပိုင္အလုပ္မ်ားမွသတိေပးလာသည္အထိဟန္းနီးမြန္းခရီးကိုႏွစ္ဝက္ေလာက္သြားလိုက္သည္။ၿပီးေတာ့လည္းကြန္ပ်ဴတာကိုႏွစ္ဝက္ေက်ာ္ေလာက္စာမ႐ိုက္ပဲပစ္ထားလိုက္ေတာ့လီလ်ိဳရဲ႔လက္ေတြကေနာက္တစ္ႀကိမ္စာ႐ိုက္ခ်င္လြန္းလို႔ယားေနေလၿပီ။

ထို႔ေၾကာင့္ဂ်င္ခ်န္းဂ်ီအလုပ္သြားသည္ႏွင့္သူလည္းသူ႔အိမ္မွာအသိုက္ေဆာက္ၿပီးကြန္ပ်ဴတာႏွိပ္ေတာ့သည္။ႏွစ္ဝက္ေက်ာ္ေလာက္စာ႐ိုက္ျခင္းမရွိေတာ့တာေၾကာင့္သံေခ်းတက္ေနသည့္သူ႔ရဲ႔လက္ျမန္ႏႈန္းသည္လည္းရက္အနည္းငယ္အၾကာတြင္ခံစားမႈျပန္လည္ရရွိသြားသည္။

အဲ့ဒီထက္ပိုတာက{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကေနာက္တစ္ႀကိမ္အြန္လိုင္းျဖစ္ေနျခင္းအားအေတာ္ေလးအံ့အားသင့္ရသည္။

ခ်က္ခ်င္းပင္အျပံဳးပံုအမူအယာကိုပို႔ေပးလိုက္သည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကလည္းအလြန္လ်င္ျမန္စြာစာျပန္လာေသာ္လည္းသူ႔စာကအေတာ္ေလးကို႐ိုးရွင္းလွသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [အင္း]

လီလိ်ဳကအလ်င္အျမန္စာ႐ိုက္လိုက္ၿပီးပို႔လိုက္ျပန္သည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [မေတြ႕တာၾကာၿပီေနာ္အခုတစ္ေလာဘယ္လိုေနလဲ?]

တစ္ဖက္မွေခတၱရပ္တန္႔သြားပံုေပၚသည္။တစ္စံုတစ္ခုကိုစဥ္းစားေနဟန္ျဖင့္တစ္မိနစ္ေက်ာ္ေလာက္ကုန္သြားမွသာလီလ်ိဳကိုစာျပန္လာသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [အရမ္းေကာင္းတယ္ {အျပံဳးမ်က္ႏွာ}]

လီလ်ိဳရဲ႔လက္ရွိဘဝကေတာ့ပ်ားရည္ထဲစိမ္ေနရသလိုမ်ိဳးပင္႐ိုးရွင္းလွသည္။{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကဘယ္သူလဲသူမသိတဲ့အျပင္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} ကအမ်ိဳးသားတစ္ေယာက္ဆိုတာကိုသာသူသိသည္။ဒါ့အျပင္သူ႔ပံုစံကအေတာ္ေလးကိုေလးနက္ၿပီးထိန္းထိန္းသိမ္းသိမ္းေနတတ္ေသးသည္။လီလိ်ဳကသူနဲ႔စကားေျပာခဲ့တာအေတာ္ေလးကိုၾကာခဲ့ၿပီျဖစ္သည္။သူကထိုလူကိုသူ႔မိတ္ေဆြအျဖစ္သတ္မွတ္ထားခဲ့ၿပီျဖစ္၏။

လက္ရွိလူမႈအသိုင္းအဝိုင္းရဲ႔homosexualityကအရမ္းႀကီးမျမင့္ေသးေသာ္လည္းလီလ်ိဳကေတာ့သူ႔မိတ္ေဆြကိုမလွည့္ျဖားခ်င္ေပ။အကယ္၍သူသာ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}အားသူအမ်ိဳးသားကိုသေဘာက်တယ္ဆိုတာေျပာလိုက္လို႔သူလက္မခံႏိုင္ခဲ့ရင္သူတို႔ႏွစ္ေယာက္ရဲ႔ဆက္သြယ္မႈကေလ်ာ့နည္းသြားလိမ့္မည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [ငါကတစ္ေလာေလးကမွမဂၤလာေဆာင္လိုက္တာ{ရွက္ရြံ႔}]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကလည္းသူအမ်ိဳးသားတစ္ေယာက္ဆိုတာသိထားသည္။လီလ်ိဳထိုစာလံုးေတြကို႐ိုက္လိုက္ၿပီးေနာက္အသက္ရႈေအာင့္ထားၿပီးကြန္ပ်ဴတာမ်က္ႏွာျပင္အားၾကည့္ေနမိ၏။တကယ္ေတာ့သူဒီ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ဆိုတဲ့သူငယ္ခ်င္းအားအေတာ္ေလးအေလးထားသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [အမ္း,ငါလည္းဟိုးတုန္းကတည္းကတိတ္တဆိတ္ခ်စ္ခဲ့ရတဲ့သူနဲ႔အတူတူျဖစ္ေနၿပီ,ၿပီးေတာ့သူကလည္းအမ်ိဳးသားတစ္ေယာက္ပဲ]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကလည္းေဂးတစ္ေယာက္ျဖစ္ေနမယ္လို႔လီလိ်ဳမထင္ထားခဲ့မိေပ။ဒါ့အျပင္သူကတိတ္တဆိတ္ခ်စ္ေနရတဲ့သူေတာင္ရွိေနတယ္...

သူ႔ရဲ႔ထင္ျမင္ခ်င္အရဆိုရင္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} ကေအာင္ျမင္တဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္လိမ့္မည္။ၿပီးေတာ့ျပႆနာမ်ားကိုလည္းအလြန္တည္ၿငိမ္စြာျဖင့္အားကိုးစရာေကာင္းေအာင္ကိုင္တြယ္ႏိုင္သည္။ဒီလိုလူမ်ိဳးကတစ္စံုတစ္ေယာက္ကိုတိတ္တဆိတ္ခ်စ္ေနခဲ့မယ္လို႔လီလ်ိဳစဥ္းစားလို႔ေတာင္မရဘူး။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [မင္းတကယ္ပဲတစ္စံုတစ္ေယာက္ကိုတိတ္တဆိတ္ခ်စ္ေနခဲံရတာလား?ငါေျပာေတာင္မေျပာႏိုင္ဘူးၾကည့္စမ္း]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [ဘာျဖစ္လို႔လဲဆိုေတာ့သူကအရမ္းေႏွးလို႔ေလ{အျပံဳး}]

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [မင္းကဒီလိုနည္းနည္းတံုးအတဲ့ပံုစံမ်ိဳးကိုသေဘာက်မယ္လို႔ဘယ္သူကထင္မိမွာလဲ?ဟီးဟီးဟီး,မင္းသူ႔ကိုဘာႀကိဳက္တာလဲ?]

လီလ်ိဳသည္မထိန္းခ်ဳပ္ႏိုင္စြာျဖင့္အတင္းေျပာမိေလသည္။ၿပီးေတာ့လည္းသူ႔ခ်စ္သူဂ်င္ခ်န္းဂ်ီကလြဲရင္ေနာက္ထပ္တစ္ျခားsame-sexစံုတြဲမ်ိဳးမေတြ႕ဘူးဘူး။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [သူကအရမ္းခ်စ္စရာေကာင္းတယ္ၿပိးေတာ့ငါသူ႔ကိုၾကည့္တဲ့အခ်ိန္တိုင္းသူ႔ကိုကိုက္ၿပီးအရသာခံခ်င္မိတယ္.....သူကအခုလည္းအရမ္းခ်စ္စရာေကာင္းေနတယ္{အျပံဳး}]

ခ်စ္စရာေကာင္းတယ္?ဘယ္လိုလုပ္ေယာက်ာ္းေလးတစ္ေယာက္ကိုခ်စ္စရာေကာင္းတယ္လို႔ေဖာ္ျပလို႔ရမွာလဲ?ၿပီးေတာ့မင္းကသူ႔ကိုၾကည့္ၿပီးကိုက္ေတာင္ကိုက္ခ်င္ေနေသးတယ္ေပါ့ေလ?

လီလ်ိဳသည္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}၏တစ္ျခားတစ္ဖက္အားသူ႔စိတ္ထဲကျမင္ေယာင္ၾကည့္မိၿပီး{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကေတာင္ခ်ီးမြမ္းရတဲ့လူကဘယ္လိုခ်စ္စရာေကာင္းတဲ့အမ်ိဳသားလဲဆိုတာစဥ္းစားလို႔မရျဖစ္ေနသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [မင္းေရာမင္းရဲ႔တစ္ျခားတစ္ဖက္ကိုဘယ္လိုခံစားရလဲ?]

သူဂ်င္ခ်န္းဂ်ီကိုဘယ္လိုခံစားရလဲ?လီလိ်ဳသည္ကြန္ပ်ဴတာမ်က္ႏွာျပင္အားၾကည့္လိုက္ၿပီးေနာက္မထိန္းခ်ဳပ္ႏိုင္စြာျဖင့္သူ႔ခါးကိုထိၾကည့္မိသည္။

ဂ်င္ခ်န္းဂ်ီကပံုမွန္ဆိုရင္သူ႔အေပၚအရမ္းေကာင္းတယ္ဒါေပမဲ့ညဘက္ဆိုရင္ေတာ့သူ႔ေတာင္းဆိုမႈကအရမ္းမ်ားလြန္းတယ္....အဲ့ဒါေၾကာင့္အခုမြန္းလြဲပိုင္းေရာက္ေနတာေတာင္သူ႔ခါးကနည္းနည္းနာေနတုန္းပဲ..ေသခ်ာေပါက္သူအဲ့ဒီအေၾကာင္းေတာ့{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကိုေျပာလို႔မရဘူးေလ

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [သူကငါ့အေပၚအရမ္းေကာင္းတယ္ၿပီးေတာ့ငါကလည္းဘယ္လိုပဲျဖစ္ေနပါေစသူနဲ႔ဘဝတစ္သက္တာလံုးအတူတူေနသြားမွာ]

လီလိ်ဳထိုစကားေတြကို႐ိုက္ေနတ့ဲအခ်ိန္သူ႔မ်က္ႏွာေပၚမွာအျပံဳးတစ္ျဖစ္တည္ေနၿပီးသူ႔မ်က္လံုးမ်ားကလည္းအနည္းငယ္ေတာက္ပေနသည္။သူ႔စိတ္ထဲမွာေတာင္သူနဲ႔ဂ်င္ခ်န္းဂ်ီတို႔အိုမင္းလာၿပီးေငြေရာင္ဆံပင္မ်ားျဖစ္လာကာတစ္ေယာက္ကိုတစ္ေယာက္ေရွ႕ဆက္ေလွ်ာက္ႏိုင္ဖို႔တုန္တုန္ယင္ယင္နဲ႔ေထာက္ပံ့ေပးေနတဲ့ျမင္ကြင္းကိုျမင္ေယာင္ၾကည့္ေနမိသည္။လီလိ်ဳသည္မထိန္းခ်ဳပ္ႏိုင္စြာျဖင့္က်ယ္ေလာင္စြာေအာ္ဟစ္ရယ္ေမာမိေတာ့သည္။

တစ္ဖက္ကလူသည္လည္းကိစၥတစ္ခ်ိဳ႔ရွိေနဟန္တူသည္လီလ်ိဳအားခ်က္ခ်င္းစာမျပန္လာေပ။နာရီဝက္ေလာက္ကုန္ဆံုးသြားၿပီးေနာက္လီလ်ိဳသည္လည္းဝတၱဳရဲ႔အပိုင္းတစ္ပိုင္းကိုေရးလို႔ၿပီးသြားၿပီျဖစ္သည။ထိုအခ်ိန္မွသာသူ႔ notification box မွေန၍messageအသစ္တစ္ခုတက္လာ၏။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [အမ္း,ငါလည္းငါ့ခ်စ္သူကိုေကာင္းေကာင္းဂ႐ုစိုက္ေပးမယ္,အဲ့ဒါမွသူ႔ဘဝတစ္သက္တာလံုးငါ့ဆီကဘယ္ေတာ့မွထြက္မသြားမွာ]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}နဲ႔ေျပာျဖစ္တဲ့ထိုအေၾကာင္းအရာတို႔ေၾကာင့္လီလ်ိဳသည္သူနဲ႔{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}တို႔ရဲ႔ၾကားကမိတ္ေဆြသံေယာဇဥ္ကပိုၿပီးသန္မာလာတယ္လို႔ခံစားလိုက္ရသည္။

ၿပီးေတာ့လည္းသူကလြဲရင္ဒီအေၾကာင္းကိုေျပာလို႔ရမယ့္သူဘယ္သူမွမရွိဘူးေလ

ဒါ့အျပင္လီလ်ိဳသည္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}နဲ႔စကားေျပာတိုင္းအေတာ္ေလးစိတ္သက္ေတာင့္သက္သာျဖစ္မိသည္။ထိုလူနဲ႔မ်က္ႏွာျခင္းဆိုင္တစ္ခါမွမေတြ႕ဘူးေသာ္လည္း{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကသူ႔ကိုေကာင္းေကာင္းႀကီးနားလည္တယ္လို႔သူခံစားရ၏။ရလဒ္အရေတာ့လီလ်ိဳသည္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}နဲ႔ပိုၿပီးစကားေျပာရတာႏွစ္သက္လာမိသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကၾကည့္ရတာအေတာ္ေလးအလုပ္မ်ားပံုေပၚသည္။သို႔ေသာ္လည္းသူအခ်ိန္ရတာနဲ႔သူ႔စာကိုက်ိန္းေသေပါက္ျပန္ေျဖေပးသည္။

ထို႔ေၾကာင့္လည္းလီလိ်ဳကသူ႔ဝတၳဳကိုေရးတဲ့စပ္ၾကားမွာ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}နဲ႔စကားေျပာရန္ခ်က္ခ်င္းသြားသြားရွာျဖစ္သည္။

ဒီေန႔မွာေတာ့လီလ်ိဳကသူ႔ရဲ႔တစ္ေန႔တာစာ႐ိုက္ရမယ့္တာဝန္ၿပီးေျမာက္သြားၿပီျဖစ္သည္။သူအခုအေတာ္ေလးပ်င္းရိေနတာေၾကာင့္ေဂးဖိုရမ္ကိုသြားရန္ရဳတ္တရက္အၾကံရလိုက္သည္။ထို႔ေနာက္အနီေရာင္ျဖင့္ေရးထားတဲ့postတစ္ခုကိုဖတ္ၿပီးေနာက္အေတာ္ေလးၾကာေအာင္တိတ္ဆိတ္သြားၿပီးမွ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}နဲ႔စကားေျပာထားတဲ့ chat boxအားတိတ္တိတ္ေလးဖြင့္လိုက္သည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [ေလွႀကီး,မင္းရွိေနလား?]

တစ္မိနစ္မွ်ၾကာၿပီးေနာက္ျပန္စာေရာက္လာသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [ဟင္?]

လီလ်ဳိကသူ႔လက္ကိုကီးဘုတ္ေပၚတင္ထားလိုက္ၿပီးေနာက္အခ်ိန္အေတာ္ၾကာေအာင္တြန္႔ဆုတ္ေနမိၿပီးမွေနာက္ဆံုးမွာစာတစ္ေၾကာင္းေရးလိုက္သည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [မင္းရဲ႔အျမင္အရဆိုရင္ငါ့ပါတနာကငါ့ကိုတစ္ခါေလာက္topျဖစ္ခြင့္ေပးေလာက္မယ္ထင္လား?{cry}]

အခ်ိန္အေတာ့အေတာ္ကိုၾကာသြားၿပီးမွသာတစ္ဖက္လူကသူ႔ကိုေနာက္တစ္ႀကိမ္စာျပန္လာသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [ဘယ္လိုျဖစ္လို႔အဲ့ဒီအၾကံရလာရတာလဲ?]

လီလ်ိဳကခ်က္ခ်င္းpostရဲ႔လိပ္စာကိုchat boxဆီပို႔လိုက္သည္။

အခ်ိန္အေတာ္ေလးၾကာၿပီးသြားမွသာတစ္ဖက္ကစာျပန္လာသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [မင္းေမးၾကည့္လိုက္ေလ,သူသေဘာတူလိမ့္မယ္{smile}]

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [တကယ္လား?ဒါဆိုငါသူ႔ကိုညက်ေမးၾကည့္ရမယ္,ဟီးဟီးဟီး,ငါေသခ်ာေပါက္သူ႔အေပၚအရမ္းကိုညင္သာေပးမွာပါ]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [{smile}]

ထို႔ေနာက္...ဂ်င္ခ်န္းဂ်ီညဘက္ျပန္ေရာက္တဲ့အခါ....လီလ်ိဳကသူ႔ေနာက္ကေနေတာက္ေလ်ာက္လိုက္ေနသည္။တံခါးမွမီးဖိုေခ်ာင္ထိလိုက္သြားၿပီးသူခ်က္တာကိုၾကည့္တယ္ၿပီးေတာ့ေခြးေလးလိုမ်ိဳးမီးဖိုေခ်ာင္ထဲကဟင္းပန္းကန္ကိုင္ၿပီးထြက္လာသည့္ဂ်င္ခ်န္းဂ်ီေနာက္ကေနထပ္လိုက္ျပန္တယ္

ဂ်င္ခ်န္းဂ်ီသည္လီလ်ိဳရဲ႔မ်က္လံုးထဲကေခြးေပါက္ေလးကိုအမူအယာကိုၾကည့္ၿပီးမထိန္းခ်ဳပ္ႏိုင္စြာျဖင့္သူ႔ႏႈတ္ခမ္းေထာင့္ေတြေကြးၫႊတ္လာရသည္။လီလ်ိဳကိုၾကည့္ရင္းျဖင့္သူ႔ရဲ႔ရွည္လ်ားတဲ့မ်က္ေတာင္မ်ားကိုအနည္းငယ္ေအာက္စိုက္ခ်လိုက္တာေၾကာင့္သူ႔မ်က္လံုးထဲကခံစားခ်က္မ်ားအားရွင္းရွင္းလင္းလင္းမျမင္ရေတာ့ေပ။

"ေရွာင္းလ်ိဳ,မင္းကိုယ့္ကိုဘာေျပာခ်င္တာရွိလို႔လဲ?"

လီလ်ိဳသည္ဂ်င္ခ်န္းဂ်ီကိုၾကည့္ရင္းေျပာရမွာအနည္းငယ္ေၾကာက္ရြံေနမိတာေၾကာင့္သူ႔မ်က္လံုးမ်ားကအႀကိမ္အနည္းငယ္ဟိုေရြ႕ဒိေရြ႕ျဖစ္ေနသည္။ေနာက္ေတာ့သူ႔သတၱကိုအႏိုင္ႏိုင္ေမြးၿပီးဂ်င္ခ်န္းဂ်ီအားၾကည့္ကာေျပာလိုက္သည္။

"ခ်န္းဂ်ီ,ငါဒီညtopျဖစ္ခ်င္တယ္"

ဂ်င္ခ်န္းဂ်ီသာျငင္းလာရင္သူအဲ့ဒီwebsiteကိုျပလိုက္ၿပီးအကယ္၍သူ႔ကိုtopျဖစ္ခြင့္မေပးရင္သူ႔ကိုမခ်စ္ဘူးလို႔ဆိုလိုတာပဲလို႔ေျပာဖို႔ပင္ေတြးထားသည္။

ဂ်င္ခ်န္းဂ်ီရဲ႔မ်က္လံုးကနက္႐ွိဳင္းသည့္အလင္းတစ္ခ်က္ျဖတ္ေျပးသြားၿပီးေနာက္သူ႔ႏႈတ္ခမ္းကအနည္းငယ္ေကြးၫႊတ္တက္သြားသည္။

"ေကာင္းၿပီ"

အဲ့ဒါၿပီးေနာက္မွာေတာ့သူတို႔ညဘက္အိပ္ယာဝင္တဲ့အခ်ိန္မွာလီလ်ိဳသည္သူလိုခ်င္တာကိုေနာက္ဆံုးရလိုက္ေတာ့သည္။အဲ့ဒီညမွာအရင္ညေတြကထက္ပိုငိုရတာကလြဲရင္ေပါ့

သူ႔မ်က္လံုးတစ္စံုကေရာင္ေနၿပီးသူ႔ရင္ဘက္နဲ႔ခါးမွာလည္းဂ်င္ခ်န္းဂ်ီရဲ႔အခ်စ္မွတ္မ်ားနဲ႔ျပည့္ႏွက္ေနသည္။သူ႔ခါးမွာဆိုရင္ဂ်င္ခ်န္းဂ်ီရဲ႔လက္ေခ်ာင္းရာေတာင္ရွိတယ္...သူ႔ကိုအတင္းဖိႏွိပ္ၿပီးၫွစ္တုန္းက

သူတို႔ၿပီးတဲ့အခ်ိန္မွာေတာ့လီလ်ိဳသည္သူ႔ေျခေထာက္ေတြကသူ႔ပိုင္ေတြမဟုတ္ဘူးလို႔သာခံစားရၿပီးအိပ္ေနရင္းေတာင္မွားယြင္းခံရသလိုမ်ိဳးခံစားရတာေၾကာင့္တိုးတိုးေလးညည္းညဴမိသည္။

ဂ်င္ခ်န္းဂ်ီကေတာ့အရင္ကထက္ပင္ပိုၿပီးေက်နပ္အားရေနပံုေပၚသည္။ၿပီးေနာက္လီလ်ိဳသူ႔ကိုေပးထားတဲ့ေဂးဖိုရပ္ရဲ႔website homepage ကိုတိတ္တဆိတ္စုေဆာင္းလိုက္သည္။တကယ္လည္းဒီညေနပိုင္းတုန္းကအႀကိမ္အနည္းငယ္ေလာက္ၾကည့္လိုက္တာနဲ႔တင္စားလို႔ရတဲ့နည္းလမ္းမ်ိဳးစံုေတြ႕ထားတယ္ေလအရမ္းေက်နပ္တယ္

ဒီညစားရတဲ့နည္းလမ္းကလည္းအရမ္းအရသာရွိတယ္...ေနာက္တစ္ေခါက္ဆိုရင္ေတာ့ေနာက္တစ္မ်ိဳးစမ္းၾကည့္သင့္တယ္

အိပ္ေပ်ာ္ေနတုန္းသူနဲ႔အတူအိပ္ေနတဲ့လူကသူ႔ကိုမေရမတြက္ႏိုင္ေလာက္တဲ့Nနည္းလမ္းမ်ားျဖင့္ဘယ္လိုမ်ိဳးစားရမလဲဆိုတာအစီအစဥ္ဆြဲေနေၾကာင္းလီလ်ိဳသည္လံုးဝကိုမသိေတာ့ေပ။

ေနာက္တစ္ေန႔မြန္းတည့္ခ်ိန္ေလာက္မွသာလီလ်ဳိသည္အိပ္ယာေပၚကတုန္တုန္ယင္ယင္နဲ႔ထလာနိင္သည္။သူ႔လက္ေမာင္းနဲ႔ေျခေထာက္ေတြကတုန္ယင္ေနတယ္လို႔ခံစားရ၏။အထူးသျဖင့္သူ႔ေျခေထာက္ေတြ...သူအိပ္ယာေပၚကေတာင္မထႏိုင္ဘူး

လီလ်ိဳသည္တကယ့္ကိုငိုခ်င္ေသာ္လည္းမ်က္ရည္မရွိပဲအိပ္ယာေပၚမွာသာဆက္မွီေနရသည္။သူကစိတ္ပ်က္အားငယ္စြာျဖင့္သူ႔ဖုန္းကိုဖြင့္လိုက္ေသာအခါ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ဆီမွစာေရာက္ေနသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [မေန႔ညကဘယ္လိုေနလဲ?]

လီလ်ိဳသည္မေန႔ညကအေၾကာင္းျပန္စဥ္းစားမိသည္။သူ႔ရဲ႔ဦးေရျပားေတြေတာင္ထံုလာသည့္သာယာမႈၿပီးေတာ့သူ႔ရဲ႔ရွက္စရာေကာင္းေအာင္ငိုယိုေနတဲ့ပံုစံ...သူက{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}အားတိတ္တဆိတ္သာစာျပန္လိုက္သည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [......]

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ကသူ႔ကိုေနာက္တစကၠန္႔အတြင္းစာျပန္လာသည္။

{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္} : [ဘာမွားလို႔လဲ?မေန႔ညကမသက္မသာခံစားရလို႔လား? {Touch head}]

သက္သာတာကေတာ့အရမ္းကိုသက္ေတာင့္သက္သာရွိပါတယ္ဒါေပမဲ့သူေတြးထားတာနဲ႔လံုးဝကိုမတူဘူး...

လီလ်ိဳသည္စိတ္ပ်က္လက္ပ်က္ျဖင့္{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}အားျပန္ေျဖရန္ျပင္လိုက္စဥ္မွာပဲ{မိုးတိမ္ကႀကီးမားတဲ့ေလွႀကီးကိုေက်ာ္သြားတယ္}ရဲ႔အေစာေလးကျပန္စာကိုၾကည့္လိုက္ၿပီးေနာက္သူ႔စိတ္အား႐ုတ္တရက္မိုးႀကိဳးပစ္သြားသလိုခံစားလိုက္ရသည္။

ထို႔ေနာက္အံကိုႀကိတ္ကာစကားလံုးကိုတစ္လံုးျခင္းဆီျပန္ေျဖလိုက္သည္။

{ေက်ာ္ၾကားမႈမွင္အထက္မွကေလာင္} : [ဂ်င္, ခ်န္း, ဂ်ီ!?]

က်ယ္ဝန္းသည့္ရံုးခန္းတစ္ခုထဲတြင္အနက္ေရာင္suitအားဝတ္ဆင္ထားသည္ေခ်ာေမာခန္႔ညားေသာအမ်ိဳးသားတစ္ေယာက္ကသူ႔ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚတြင္ေပၚလာေသာစကားလံုးမ်ားအားၾကည့္ၿပီးသူရဲ႔မူလကတည္းကေကြးၫႊတ္ေနသည့္ႏႈတ္ခမ္းမ်ားသည္ေနာက္တစ္ႀကိမ္ထပ္၍ေကြးၫႊတ္တက္သြားသည္မွာအေတာ္ေလးေပ်ာ္ရႊင္ေနေၾကာင္းသိသာလွသည္။

[ကိုယ့္ရဲ႔အ႐ူးေလးေနာက္ဆံုးေတာ့သိသြားၿပီေပါ့]

ထို႔ေနာက္သူ႔ရဲ႔ကေလးေပါက္စေလးကိုေခ်ာ့မယ့္စကားပို႔ဖို႔ျပင္လိုက္တဲ့အခ်ိန္မွာပဲသူ႔စာကမဝင္တာကိုေတြ႕လိုက္ရၿပီးsystemကသူ႔ကိုသတိေပးစာပို႔လာသည္။

"the other side is offline".

ဂ်င္ခ်န္းဂ်ီကသတိေပးစာကိုၾကည့္လိုက္ၿပီးေနာက္သူ႔လက္ျဖင့္အနည္းငယ္ႁမွင့္တက္ေနသည့္ႏႈတ္ခမ္းမ်ားအားထိလိုက္သည္။

"အရမ္းစိတ္ဆိုးသြားတာလား?"

ညေနခင္းမွာေတာ့ဂ်င္ခ်န္းဂ်ီကလီလ်ိဳရဲ႔ခါးကိုၫွစ္လိုက္ၿပီးသူ႔ေအာက္ပိုင္းကိုလဳွပ္ရွားလိုက္ကာငံု႔ကိုင္း၍လီလ်ိဳရဲ႔နားကိုလွ်က္လိုက္သည္။

"လိမၼာစမ္းပါ...ကိုယ့္ကိုျမန္ျမန္ေလးblacklistကေနထုတ္ေပး"

လီလ်ိဳကအိပ္ယာခင္းအားဆုပ္ကိုင္ရင္းျဖင့္အသက္ကိုျပင္းျပင္းရႈလိုက္သည္။သူ႔အသံကေတာ့အက္ရွရွျဖစ္ေန၏။

"ဟင့္အင္း...မထုတ္ေပးဘူး....."

ဂ်င္ခ်န္းဂ်ီသည္လီလိ်ဳအားေနာက္တစ္ႀကိမ္ထပ္၍အဝစားလိုက္ျပန္သည္။ၿပီးေနာက္သူ႔ဖုန္းကိုထုတ္လိုက္ၿပီးဖြင့္လိုက္သည္။သူကအေကာင့္အားတိုက္႐ိုက္ဝင္လိုက္ၿပီးေနာက္လီလ်ိဳအားသူ႔ဝတၱဳအသစ္အတြက္မွတ္ခ်က္(၁၀၀,၀၀၀)အားဂုဏ္ယူစြာျဖင့္ျပလိုက္သည္။

"လိမ္မာစမ္းပါဆို,ကိုယ့္စကားနားေထာင္....ကိုယ္ကမင္းရဲ႔နံပါတ္တစ္ေရႊသခင္ေနာ္ျမန္ျမန္ေလးကိုယ့္ကိုblacklistကထုတ္ေပး"

"......"

......

"...ဂ်င္ခ်န္းဂ်ီ.... ဝု...မင္း...ေခြးေကာင္ႀကီး..."

......

ေနာက္ဆံုးေတာ့အဲ့ဒီညမွာလီလ်ိဳကဂ်င္ခ်န္းဂ်ီအားblacklistကေနထုတ္ေပးလိုက္မိလားမသိေပမယ့္ေနာက္တစ္ေန႔မြန္းလြဲပိုင္းထိုေတာ့လီလ်ိဳသည္အိပ္ယာေပၚကမထႏိုင္ေသးေပ။ၿပီးေတာ့ဂ်င္ခ်န္းဂ်ီရဲ႔ကုမၺဏီမွအလုပ္သမားမ်ားသည္လည္းသူတို႔သူေဌးကဒီေန႔စကားေျပာလို႔အရမ္းလြယ္ေနတယ္လို႔ခံစားၾကရသည္.

..................................

Olvasás folytatása

You'll Also Like

1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
45.7K 4.3K 133
acc ထဲမှာ 1 ရှိပါတယ်
1.8K 165 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...