(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(3.38)

7.5K 872 11
By Xiao_Yiii

Unicode

Arc(3.38) - Final

မှောင်မိုက်နေသောဥမင်တစ်ခုထဲတွင်ငွေလရောင်လိုဓားအလင်းတစ်ချက်ကရုတ်တရက်လင်းသွားပြီးဂူတစ်ခုလုံးကိုချက်ချင်းထွန်းလင်းသွားစေသည်။

တောင်သေးတစ်ခုလောက်ရှိသည့်ဧရာမသားရဲကြီးတစ်ကောင်ကမြည်ဟီးလိုက်ပြီးသူ့ကိုယ်မှရေတံခွန်ကဲ့သို့များပြားလှသည့်သွေးများချက်ချင်းစီးကျလာသည်။၎င်း၏ပုံးအရွယ်မျက်လုံးနှစ်လုံးကတော့သူ့ရှေ့မှာရပ်နေသည့်သေးငယ်သောကျင့်ကြံသူနှစ်ယောက်အားမကျေမနပ်စိုက်ကြည့်နေ၏။

ဧရာမသတ္တဝါကြီးဒေါသတကြီးဟိန်းဟောက်လိုက်ပြီးသူ့ကိုဒဏ်ရာရအောင်လုပ်တဲ့ကျင့်ကြံသူအားပြေးဝင်၍ကိုက်ဖြတ်ပစ်ချင်နေသည်။သူ့အသံထဲမှာတိုက်ခိုက်နိုင်စွမ်းတွေသယ်ဆောက်ထားပြီးဂူနံရံတစ်ခုလုံးရှိကျောက်တုန်းများပါတုန်လှုပ်သွားသည်သာမကဂူတစ်ခုလုံးကအဆက်မပြတ်တုန်ယင်လာ၏။

ချူးဝူရုံသည်မြေပြင်ပေါ်မှာခိုင်မြဲစွာရပ်တည်နေပြီးဂူတစ်ခုလုံးတုန်ယင်နေတာတောင်သူ့ရဲ့ရပ်တည်မှုကအနည်းငယ်ပင်ပြောင်းလဲခြင်းမရှိပေ။သူ့လက်ထဲမှာလူတစ်ယောက်အရပ်ထက်ပိုရှည်သည့်ဓားရှည်ကြီးတစ်ချောင်းကိုကိုင်ထားပြီးဓားရဲ့မျက်နှာပြင်ပေါ်မှာချူးဝူရုံရဲ့ချောမောခန့်ညားပြီးအမူအယာမဲ့သည့်မျက်နှာကထင်ဟပ်နေသည်။သူ့လက်ထဲကဓားကြီးသည်လည်းအနည်းငယ်တုန်ယင်နေပြီးတိုက်ပွဲကြောင့်ပျော်ရွှင်နေသည့်ပုံပင်။

ဧရာမသားရဲကြီးရဲ့မျက်လုံးနှစ်လုံးကသွေးနီရောင်အဖြစ်ပြောင်းလဲလာတာကြောင့်ထိန်းချုပ်မရတဲ့ဒေါသတကြီးအဆင့်ကိုဝင်ရောက်သွားပြီဆိုတာသိသာနေသည်။သူကသူ့ရှေ့ခြေထောက်ကြီးနှစ်ချောင်းအားမြေပြင်ပေါ်သို့နှစ်ခေါက်လောက်ရိုက်လိုက်ပြီးနောက်သူ့ရှေ့မှာရပ်နေသည့်ချူးဝူရုံထံပြေးဝင်သွားသည်။

သူ့အရေခွံအပြင်ဘက်ကကျောက်တုန်းကဲ့သို့အကြေးခွံကြီးကတိုးချဲ့ပြီးများပြားလာတာကြောင့်သူ့တစ်ကိုယ်လုံးသည်ကြီးမားသည့်ကျောက်တုန်းကြီးတစ်တုံးလှိမ့်လာသည်နှင့်တူစေသည်။

ဧရာမသားရဲကြီးကသူ့ကိုရိုက်မိခါနီးလောက်တွင်ချူးဝူရုံရဲ့ပုံသဏ္ဍာန်ကရုတ်တရက်ဧရာမသားရဲကြီးရဲ့ခေါင်းထက်မှာဖြတ်ခနဲပေါ်လာပြီးသူ့လက်ထဲကဓားကြီးဖြင့်သားရဲကြီးအားပတ်လည်ဝိုင်းထားသည့်ကျောက်တုန်းအကြေးခွံကြီးကိုရက်ရက်စက်စက်ထိုးခွဲချလိုက်သည်။

သတ္တုကိုထိမိတာကြောင့်ထွက်လာသည့်မီးစများနှင့်အတူပိုမိုတောက်ပသည့်ဓားအလင်းကဧရာမသားရဲကြီး၏ခက်ခဲသောအကြေးခွံကိုကြီးမားစွာခွဲဖြတ်ပစ်လိုက်တာကြောင့်အောက်မှအသားပင်ပေါ်လာသည်။နောက်တစ်ခဏမှာပဲဖြတ်ရာတစ်လျှောက်မှသွေးများစွာထွက်လာတော့၏။

သတ္တုထဲမှထွက်လာသည့်မီးပြောင်များနှင့်မီးစများနှင့်အတူကြီးမားသောသားရဲ၏ခိုင်ခံ့သောသံချပ်ကာသည်ဓားကြီး၏ဓားအလင်းကြောင့်ကျယ်ပြန့်စွာ ဖြတ်၍ အောက်၌ရှိသောအသားများကိုထုတ်ဖော်ပြသခဲ့သည်။ နောက်တစ်နေ့တွင်သွေးများစွာထွက်လာသည်။

ဧရာမသားရဲကြီးသည်ချက်ချင်းပင်နာကျင်စွာညည်းတွားမြည်တမ်းလိုက်ပြီးကြည့်ရတာပြန်ဆုတ်ခွာလိုဟန်ရှိသော်လည်း၎င်း၏ကြီးမားသောခန္တာကိုယ်ကြီးကလွတ်မြောက်ရန်လမ်းကိုအတားအဆီးဖြစ်နေဟန်တူသည်။ချူးဝူရုံဆီကနေနှိပ်စက်ခံရမယ့်ကြီးမားသောပစ်မှတ်ကြီးတစ်ခုသာဖြစ်သွားရသည်။

နောက်ဆုံးတော့ဧရာမသားရဲကြီးကဆက်ပြီးမရပ်တည်နိုင်တော့ဟန်တူသည်။ကျယ်လောင်စွာအော်ဟစ်မြည်ကျွေးလိုက်ပြီးနောက်သူ့တစ်ကိုယ်လုံးပြိုလဲကျသွားပြီးမူလကသူ့အသားအားဖုန်းကွယ်ပေးထားသည့်ထူထဲသောအကြေးခွံကြီးကထက်ရှသည့်မြှားများကဲ့သို့ချူးဝူရုံထံတိုက်ရိုက်ပြေးဝင်သွားပြန်သည်။

ချူးဝူရုံတိုက်ခိုက်မှုများကိခုခံတားဆီးနေတဲ့အချိန်သားရဲကြီး၏ရင်ဘက်မှခပ်ဖျော့ဖျော့အဖြူရောင်အလင်းတန်းတစ်ခုကရုတ်တရက်ထွက်ပေါ်လာသည်။ချက်ချင်းလိုလိုပင်ထိုအဖြူရောင်အလင်းတန်းကသားရဲကြီးရဲ့ရင်ဘက်မှခုန်ထွက်လာပြီးအောက်မှကျောက်တုန်းတစ်ခုထဲပြေးဝင်ပြီးပုန်းအောင်းရန်ပြင်လိုက်စဉ်မှာပဲထိုနူးညံ့သည့်ကိုယ်ထည်အားကောင်းမွန်ပြီးသွယ်လျသည့်လက်ချောင်းနှစ်ချောင်းကရုတ်တရက်ညှပ်လိုက်သည်။

"Owh-wu!"

ထိုအဖြူရောင်အလုံးလေးကရိုင်းစိုင်းစွာတွန့်လိမ်၍ရုန်းကန်နေသည်မှာလျှောက်ခုန်နေသည့်ဘောလုံးလေးလိုပင်။

လီလျိုသည်ထိုသေးငယ်သည့်အလုံးလေးအားသူ့လက်ဖဝါးထဲမှာသာဖမ်းချုပ်ထားလိုက်ရသည်။လီလျိုရဲ့ပုခုံးပေါ်မှာထိုင်နေသည့်အနီဝတ်နှင့်ကလေးလေးကသူ့လက်ထဲကအလုံးလေးကိုကြည့်ကြီးသေးငယ်သောလက်လေးနှစ်ဖက်ဖြင့်လက်ခုပ်တီးလေသည်။

"ဂုဏ်ယူပါတယ်,လိုအပ်တဲ့ပစ္စည်းတွေထဲကနောက်ဆုံးသောပစ္စည်းကိုသင်တို့ဖမ်းနိုင်သွားပါပြီ——ချုံမင်းသားရဲရဲ့ပင်မကိုယ်ထည်"

လီလျိုရဲ့လက်ထဲကထိုအဖြူရောင်အလုံးလေးကဧရာမသားရဲကြီး၏တကယ့်အသွင်အပြင်ဖြစ်သည်။

ထိုကဲ့သို့သောဝိဉာဏ်သားရဲမျိုးကအလွန်ရှားပါးလှပြီးသတ်ဖြတ်နိုင်ဖို့မခဲယဉ်းပေ။တကယ့်အခက်အခဲကသူ့ရဲ့ပင်မကိုယ်ထည်လွတ်မြောက်လာပြီးနောက်မှာမြေပြင်ကိုမထိခင်ဖမ်းထားနိုင်ဖို့လိုအပ်သည်။

အကယ်၍အဲ့ဒီအခွင့်အရေးကိုဆုံးရှုံးသွားမယ်ဆိုရင်တော့ထိုချုံမင်းသားရဲကမြေပြင်ထဲမှာပုန်းကွယ်သွားမှာဖြစ်ပြီးနောက်ထပ်နှစ်ရာချီကြာမှသာတူညီသည့်ကြီးမားသောကိုယ်ထည်အဖြစ်ပြန်ဖွဲ့စည်းပြီးထွက်လာမှာဖြစ်သည်။ထို့ကြောင့်လည်းလီလျိုနှင့်ချူးဝူရုံတို့သည်မတိုင်ခင်ကသုံးကြိမ်လေးကြိမ်လောက်ရှုံးနိမ့်ခဲ့ပြီးပြီဖြစ်ပြီးဒီတစ်ခေါက်မှသာနောက်ဆုံးမှာအောင်မြင်သွားခြင်းပင်။ဒါ့အပြင်သူတို့သည်ဂူထဲမှာပုန်းအောင်းနေသည့်ချုံမင်းသားရဲအားတစ်လကျော်ကြာရှာခဲ့ရသည်။

"သင်တို့အခုဆိုရင်လိုအပ်သမျှကုန်ပစ္စည်းများအားလုံးကိုစုဆောင်းလို့ပြီးသွားပါပြီ,အခုပဲကျွန်းဝိဉာဉ်ကိုရှာဖွေလိုပါသလား?"

လက်ဖဝါးအရွယ်အနီဝတ်နှင့်ကလေးလေးကသူ့ရဲ့ခြေထောက်လေးကိုလွှဲရမ်းရင်းလီလျိုအားကြည့်၍မေးလာသည်။

တကယ်တော့ချူးဝူရုံနဲ့လီလျိုတို့သည်အရာအားလုံးကိုအစောကတည်းကရှာတွေ့နိုင်ခဲ့သည်။သို့သော်သူတို့နှစ်ယောက်လုံးကစုဆောင်းနိုင်ဖို့အလျင်မလိုကြပေ။လွန်ခဲ့တဲ့နှစ်လကတည်းကချူးဝူရုံသည်သူလိုအပ်သည့်ပစ္စည်းအားလုံးကိုစုဆောင်းနိုင်ခဲ့ပြီးနေပြီ။ထို့နောက်သူကအနီဝတ်နှင့်ကလေးရဲ့ကျွန်းဝိဉာဉ်ရှာဖွေမယ့်အကြံပြုချက်ကိုငြင်းဆန်ထားခဲ့ခြင်းပင်။သူကလီလျိုနဲ့ဆက်နေပြီးပစ္စည်းများစုဆောင်းရှာဖွေရာမှာကူညီပေးနေသည်။

ပုံမှန်အတိုင်းပင်ကျွန်းဝိဉာဉ်ကနေကွဲထွက်နေသည့်ဝိဉာဉ်ကိုယ်ထည်သည်လည်းသူ့တောင်းဆိုချက်ကိုမငြင်းဆန်ပေ။တကယ်တော့လည်းအကယ်၍သာလိုအပ်တဲ့ပစ္စည်းအားလုံးကိုမစုဆောင်းနိုင်ဘူးဆိုရင်ကျွန်းဝိဉာဉ်အားမြင်နိုင်မှာမဟုတ်ဘူးဖြစ်သည်။

ဒါပေမဲ့လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုစုဆောင်းပြီးရင်တော့ကျွန်းဝိဉာဉ်နှင့်တွေ့ဖို့ရွေးချယ်တာပဲဖြစ်ဖြစ်အတူပါလာတဲ့ကျင့်ကြံသူကိုကူညီပြီးပစ္စည်းစုဆောင်းပေးဖို့အတွက်နေခဲ့ပြီးနောက်မှကျွန်းဝိဉာဉ်ကိုအတူတူတွေ့တာပဲဖြစ်ဖြစ်ဘာကိုမဆိုရွေးချယ်နိုင်သည်။

ဤအချိန်အတောအတွင်းမှာလိုအပ်သည့်ပစ္စည်းများရှာဖွေစုဆောင်းရင်းမရေမတွက်နိုင်သည့်အခက်အခဲများကိုကြုံတွေ့ခံစားနေခဲ့ကြရသည့်တစ်ခြားကျင့်ကြံသူများနှင့်လည်းတွေ့ဆုံခဲ့ရသည်။သို့သော်လည်းနောက်ဆုံးအချိန်တိုင်းမှာသူတို့ကရုတ်တရက်အရှုံးပေးလိုက်ကြသည်။

လီလျိုသည်သူ့ကိုချဉ်းကပ်လာနေသည့်ချူးဝူရုံအားကြည့်လိုက်ပြီးနောက်ရုတ်တရက်ခွဲခွာဖို့တွန့်ဆုတ်သည့်ခံစားချက်တစ်ခုကိုသူ့နှလုံးသားမှခံစားလိုက်ရသည်။

ချူးဝူရုံကသူ့ကိုပစ္စည်းများစုဆောင်းရာတွင်ကူညီပေးနေပြီးသူတို့နှစ်ယောက်လုံးလည်းအလျင်မလိုတာကြောင့်နောက်ဆုံးနေ့မှသာကျွန်းဝိဉာဉ်ကိုတွေ့ဖို့ဆုံးဖြတ်ထားကြတာဖြစ်သည်။

ထိုအချိန်မှာချူးဝူရုံကလီလျိုရဲ့ရှေ့သို့ရောက်နေလေပြီ။လီလျိုရဲ့မျက်လုံးထဲကတုန်ယင်နေသည့်အမူအယာကိုရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့်သူ့မျက်လုံးများကချက်ချင်းနူးညံ့သွားရသည်။

"သွားကြရအောင်"

ချူးဝူရုံသည်သူ့လက်ကိုဆန့်ထုတ်လိုက်ပြီးလီလျိုရဲ့လက်ဖဝါးအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ထို့နောက်သူ့ပုခုံးပေါ်မှာထိုင်နေသည့်အနီဝတ်နှင့်ကလေးလေးအားလှည့်ပြောလိုက်၏။

"ငါတို့ကိုကျွန်းဝိဉာဉ်နဲ့တွေ့ဖို့ခေါ်သွားပေး"

ချူးဝူရုံရဲ့စကားကိုကြားပြီးနောက်လီလျိုရဲ့ပုခုံးပေါ်မှအနီဝတ်ကလေးရောချူးဝူရုံရဲ့ပုခုံးပေါ်မှအနီဝတ်ကလေးရောကချက်ချင်းထရပ်လာကြပြီးလီလျိုရဲ့ချူးဝူရုံရဲ့ရှေ့မှာပျံသန်းသွားကြသည်။နှစ်ယောက်လုံးကသူတို့ရဲ့လက်လေးနှစ်ဖက်ဖြင့်လေလယ်မှာစက်ဝိုင်းသဏ္ဍာန်တစ်ခုဆွဲလေသည်။

လီလျိုနဲ့ချူးဝူရုံတို့ရဲ့ရှေ့ကလေကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးမမြင်ရတဲ့တံခါးတစ်ချပ်ကသူတို့ရှေ့တည့်တည့်မှာပေါ်လာခဲ့သည်။တံခါးပေါ်လာပြီးနောက်လက်ဖဝါးအရွယ်အနီဝတ်ကလေးနှစ်ယောက်ကပျံသန်းရင်းလမ်းကိုဦးဆောင်သွားသည်။ချူးဝူရုံသည်လည်းလီလျိုရဲ့လက်ကိုဆုပ်ကိုင်၍တံခါးထဲဝင်သွားလိုက်ကြ၏။

မူလကမှောင်မိုက်နေသည့်ဂူတစ်ခုလုံးရဲ့မြင်ကွင်းသည်လည်းရုတ်တရက်အစိမ်းရောင်များနှင့်နေရာယူသွားသည်။

သူတို့ဝင်သွားသည့်နေရာသည်လည်းဂူတစ်ခုဖြစ်သော်လည်းထိုနေရာကအကျယ်အဝန်းကယခင်ထက်အဆပေါင်းများစွာသာ၍ကျယ်ပြန့်သည်။

မြေပြင်တစ်ခုလုံးကအစိမ်းရောင်မြက်ခင်းပြင်များလှပသောပန်းပွင့်များဖြင့်ဖုံးလွှမ်းထားပြီးအစိမ်းရောင်နွယ်ပင်များဖြင့်လွှမ်းခြုံထားသည့်ကျောက်တုန်းနံရံကြီးလည်းရှိသည်။သူတို့ရဲ့ခေါင်းထက်မှာတော့ကောင်းကင်ရှိငွေရောင်လဝန်းကဥမင်ဝင်ပေါက်မှတစ်ဆင့်ဝင်ရောက်တောက်ပလာပြီးဂူအတွင်းရှိရှုခင်းကိုအလင်းရောင်ပါးပါးတစ်လွှာဖြင့်ဖုံးအုပ်ထားတာကြောင့်အရာအားလုံးကိုအိမ်မက်ဆန်သည့်ရှုခင်းမျိုးဖြစ်သွားစေသည်။

နူးညံ့သောမြက်ခင်းပြင်ကြီးရဲ့အလယ်တည့်တည့်မှာတော့အလွန်ကြည်လင်သည့်ရေကန်ကြီးတစ်ခုရှိသည်။ထိုကန်ရဲ့အလယ်မှာကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ရှိ၏။၎င်းသစ်ပင်ကြီးရဲ့ပင်စည်ကလူဆယ်ယောက်ကျော်လောက်ဝိုင်းပတ်ထားလို့ရနိုင်သည်။

ကြီးမားသည့်သစ်ပင်ထိပ်ဖျားကတော့ဖွင့်ထားတဲ့အစိမ်းရောင်ထီးကြီးတစ်လက်လိုပင်။သစ်ရွက်များကြားမှလည်းမရေမတွက်နိုင်တဲ့ငွေလရောင်ကတောက်ပနေတာကြောင့်တစ်လက်လက်တောက်နေသည့်ကြယ်လေးများလိုအလင်းပြန်နေသည်။ထို့နောက်ထိုငွေရောင်အလင်းတန်းများကတစ်ဖြည်းဖြည်းနဲ့စုစည်းလာပြီးလူပုံသဏ္ဍာန်တစ်ခုဖြစ်လာ၏။

သိပ်မကြာခင်ပဲအဖြူရောင်ဝတ်စုံငွေရောင်ဆံနွယ်ရှည်များနှင့်လူငယ်လေးတစ်ယောက်ကကျောမှာလက်နှစ်ဖက်ယှက်ပြီးသူတို့နှစ်ယောက်ရှေ့မှာပေါ်လာသည်။အနီဝတ်နှင့်ကလေးငယ်လေးနှစ်ယောက်ကထိုလူရဲ့ပုံပန်းသွင်ပြင်ပေါ်လာသည်နှင့်သူ့ဆီသို့ပျံသန်းသွားကြ၏။ပြီးနောက်သူတို့ရဲ့လက်ဖဝါးလေးများကိုကပ်လိုက်ပြီးလူငယ်လေးအားဂါရဝပြုလိုက်ပြီးနောက်လေထဲမှာပင်ပျောက်ကွယ်သွားကြတော့သည်။

လူငယ်လေးကခေါင်းကိုလှည့်လာပြီးသူ့ရဲလရောင်ကဲ့သို့တောက်ပနေသော့ငွေ-မီးခိုးရောင်မျက်လုံးများဖြင့်လီလျိုနှင့်ချူးဝူရုံတို့အားကြည့်လာကာသူ့အမူအယာကတော့အလွန်ကိုညင်သာနေသည်။

"နှစ်သုံးထောင်ကျော်ကြာပြီးနောက်မှာနောက်ဆုံးတော့ငါ့ကိုလာတွေ့တဲ့ကျင့်ကြံသူတွေရှိလာပြီပေါ့"

သူကလက်တစ်ဖက်ကိုမြှောက်လိုက်သည့်အခါရုတ်တရက်သစ်ပင်ထိပ်ဖျားမှဖြာကျနေသည့်လရောင်ကအသိစိတ်ရှိသကဲ့သို့သူ့လက်ဖဝါးရှိရာသို့ကျဆင်းလာကာသေးငယ်ပြီးထွင်းဖောက်မြင်ရသည့်ကျောက်စိမ်းပုလင်းလေးနှစ်ပုလင်းအဖြစ်ပြောင်းလဲသွားသည်။အထဲမှတစ်လက်လက်တောက်ပပြီးကြည်လင်နေသည့်လရောင်ကိုပင်သင်ခပ်ဖျော့ဖျော့မြင်တွေ့ရနိုင်သည်။

"ခဏလောက်စောင့်ဦး...ငါမင်းတို့ကိုတစ်ခြားတိုက်ကြီးဆီဦးဆောင်ပေးမယ့်ကူးပြောင်းရေးအစီအရင်ဆီခေါ်သွားပေးမယ်...ကူးပြောင်းရေးအစီအရင်ဆီမဝင်ခင်မှာနှစ်ယောက်လုံးဒီပုလင်းထဲကလရောင်အရည်ကိုသောက်ဖို့လိုတယ်...မဟုတ်ရင်ကူးပြောင်းရေးအစီအရင်ကနေဖြတ်သန်းလို့ရမှာမဟုတ်ဘူး"

လီလျိုကမလှုပ်ရှားပေ။ချူးဝူရုံကသာသူ့လက်ဖြင့်ကျောက်စိမ်းပုလင်းလေးနှစ်လုံးကိုလှမ်းယူသည်။

"ငါ့နောက်လိုက်ခဲ့"

ကျွန်းဝိဉာဉ်ကပြောလာသည်။ချူးဝူရုံနဲ့လီလျိုတို့ရဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်များကိုမြင်သော်လည်းသူဘာမှမပြောပဲဒီအတိုင်းသာလှည့်သွားကာကန်အလယ်ရှိသစ်ပင်ကြီးရှိရာသို့ပျံသန်းသွားသည်။

သူ့ခန္တာကိုယ်ကသစ်ပင်ကြီး၏ပင်စည်နှင့်ထိတွေ့လိုက်တဲ့အခါမှာပင်စည်ကတိုက်ရိုက်ပဲနှစ်ခြမ်းကွဲသွားပြီးတစ်ယောက်ဆီဖြတ်သန်းသွားလို့ရတဲ့ဥမင်လှိုင်ခေါင်းတစ်ခုဖြစ်တည်လာ၏။ကျွန်းဝိဉာဉ်ကသူ့လက်ကိုဥမင်လှိုင်ခေါင်းထဲသို့ဖိချလိုက်ပြီးတစ်ခါတည်းနဲ့ခုန်ချသွားသည်။

ချူးဝူရုံသည်လီလျိုအားခေါ်ကာကျွန်းဝိဉာဉ်နှင့်အတူဥမင်လှိုင်ခေါင်းထဲသို့လိုက်ခုန်ချသွား၏။ဥမင်လှိုင်ခေါင်းကများပြားလှသည့်သစ်မြစ်များဖြင့်ပြုလုပ်ထားခြင်းဖြစ်ကာသုံးယောက်လုံးမြေပြင်ပေါ်သို့ကျသည်အထိလျှောတစ်ခုလိုလုပ်ပေးထားသည်။

သူတို့ရှေ့ကနောက်မြင်ကွင်းတစ်ခုကအလွန်ကိုမှောင်မဲနေသည့်အမှောင်ထုဖြစ်သည်။သို့သော်ထိုအမှောင်ထုထဲတွင်အလယ်မှာတစ်လက်လက်တောက်ပနေသောအလင်းရောင်ထွက်နေသည့်လှည့်ပတ်နေသောအလင်းစက်ဝိုင်းတစ်ခုရှိသည်။

ထိုအလင်းစက်ဝိုင်းကတစ်ခြားတိုက်မကြီးထံသို့သွားနိုင်မယ့်ကူးပြောင်းရေးအခင်းအကျင်းပဲဖြစ်သည်။

ကျွန်းဝိဉာဉ်ကချူးဝူရုံနဲ့လီလျိုရဲ့ရှေ့မှာရပ်လိုက်သည်။သူကရှေ့သို့ဆက်မသွားပေ။လေလယ်ကအလင်းစက်ဝိုင်းကိုသာလက်ညှိုးထိုးပြသည်။

"မင်းတို့လရောင်ရည်ကိုသောက်ပြီးရင်ဒီကူးပြောင်းရေးအခင်းအကျင်းထဲတိုက်ရိုက်ဝင်သွားလို့ရတယ်...ငါအခုလက်ရှိရပ်နေတဲ့နေရာကလုံခြုံတဲ့လိုင်းပဲ....ဒီနေရာကနေခြေတစ်လှမ်းလောက်ပဲလှမ်းလိုက်တာနဲ့ကူးပြောင်းရေးအခင်းအကျင်းထဲရောက်သွားပြီးထိန်းချုပ်လို့မရအောင်စုပ်ယူခံရလိမ့်မယ်...ကူးပြောင်းရေးအခင်းအကျင်းကတစ်နာရီဆိုရင်ပျောက်ကွယ်သွားလိမ့်မယ်ပြီးတော့နောက်နှစ်တစ်ထောင်မှပြန်ပေါ်လာမှာ...မင်းတို့ကံကောင်းဖို့ဆန္ဒပြုပါတယ်"

ကျွန်းဝိဉာဉ်ကပြောလို့ပြီးသွားသည်နှင့်လီလျိုနဲ့ချူးဝူရုံရှေ့မှာပျောက်ကွယ်သွားသည်။

ကျွန်းဝိဉာဉ်စကားပြောနေတဲ့အချိန်မှာလီလျိုရဲ့နှလုံးသားကထိန်းချုပ်မရအောင်မြန်ဆန်နေသည်မှာကျွန်းဝိဉာဉ်ပျောက်ကွယ်သွားတာတောင်မတည်ငြိမ်နိုင်သေးပေ။

အခုတော့တကယ့်နောက်ဆုံးအချိန်ကိုရောက်လာခဲ့ပြီ....ဒီအချိန်မှာသူခံစားနေရတဲ့ခံစားချက်အတိအကျကိုမရှင်းလင်းပေမယ့်အခုသူ့ရှေ့မှာရွေးချယ်စရာနှစ်ခုသာရှိနေသည်။

အခုသူကူးပြောင်းရေးအခင်းအကျင်းထဲဝင်ဖို့ရွေးချယ်လိုက်တာနဲ့အခုချိန်ကသူနဲ့ချူးဝူရုံတို့ရဲ့ဆက်သွယ်မှုနောက်ဆုံးအကြိမ်ဖြစ်သွားမည်။အကယ်၍သူကလက်လျောဖို့ရွေးချယ်လိုက်ရင်တော့တစ်နာရီကြာပြီးနောက်မှာဒီအမတကျွန်းကနေအတင်းအကြပ်ဖယ်ရှားခံရပြီးတော့သူချူးဝူရုံနဲ့အချိန်အကြာကြီးနေထိုင်ရလိမ့်မည်။

ဒါပေမဲ့တကယ့်ကမ္ဘာအစစ်မှာတော့သူသေဆုံးသွားပြီးဆေးရုံကုတင်မှာလှဲနေတဲ့ဂျင်ချန်းဂျီသည်လည်းထာဝရအိပ်ပျော်သွားရမှာပင်။

[....ကြီးမြတ်တဲ့hostရေ......ကြီးမြတ်တဲ့hostရေ!]

ရှောင်းချီသည်သူ့အားအလွန်ခြိမ်းခြောက်နိုင်သောချူးဝူရုံကိုပထမဆုံးအကြိမ်အဖြစ်အာရုံမစိုက်ပဲအတွေးထဲမှာပျောက်ဆုံးနေသည့်လီလျိုကိုနှိုးရန်သာကြိုးစားနေသည်။သူကလီလျိုရဲ့စိတ်ထဲမှာတိုက်ရိုက်အော်ဟစ်နေ၏။

[တိုးတက်မှုပြဇယားက၉၉%ကိုရောက်နေပါပြီ..ပြီးပြည့်စုံဖို့နည်းနည်းလေးပဲလိုတော့တာ...အရင်ကကြိုးပမ်းထားသမျှအားလုံးကိုဖြုန်းတီးပြီးအရှုံးမပေးလိုက်ပါနဲ့]

ရှောင်းချီရဲ့အော်သံကြောင့်လီလျိုရဲ့အာရုံပြန်ရလာသည်။တကယ်တော့သူဒီမှာချူးဝူရုံနဲ့နေရတာအရမ်းလှပတယ်...ဒါပေမဲ့ဒါကထင်ယောင်ထင်မှားကမ္ဘာတစ်ခုပဲဖြစ်ပြီးသူ့မိသားစုနဲ့သူငယ်ချင်းတွေအားလုံးကတကယ့်ကမ္ဘာအစစ်မှာပြီးတော့အဲ့ဒီနေရာကလည်းသူတကယ်သွားသင့်တဲ့နေရာဖြစ်နေတယ်..

ဒါ့အပြင်ဒီကခေတ္တခဏလမ်းခွဲခြင်းကသူနဲ့ဂျင်ချန်းဂျီတို့တကယ့်ကမ္ဘာအစစ်မှာပြန်တွေ့ဖို့ဖြစ်မှာ

ချူးဝူရုံကဂျင်ချန်းဂျီဆိုတဲ့နာမည်ကိုမသိပေမယ့်သူတကယ့်ကမ္ဘာအစစ်ကိုပြန်ရောက်ရင်ဂျင်ချန်းဂျီလည်းသူ့ရဲ့မေ့မြောနေတဲ့အခြေအနေနဲ့အားလုံးသိနေနိုင်တယ်လေ...သူ့ဝိဉာဉ်ကကမ္ဘာတွေကိုဖြတ်ခဲ့တဲ့နောက်ကိုတောက်လျှောက်လိုက်ခဲ့တယ်ဆိုတာ

ဒါ့အပြင်သူ့အပေါ်မှာရှိနေတဲ့ဂျင်ချန်းဂျီရဲ့ခံစားချက်တွေကသူဒီကမ္ဘာတွေမှာကိုယ်တိုင်တွေ့ကြုံခဲ့ရသလိုမျိုးပဲပြောင်းလဲမှာမဟုတ်ဘူး....ဂျင်ချန်းဂျီကသူ့ကိုနှလုံးသားထဲမှာဟိုးတုန်းကတည်းကထည့်ထားတာ

အဲ့ဒါကြောင့်ခေတ္တခဏခွဲခွာရတာကိုကြောက်စရာမလိုဘူး

လီလျိုသည်နောက်ဆုံးတော့သူ့ခံစားချက်များကိုထိန်းချုပ်နိုင်သွားပြီးချူးဝူရုံရဲ့လက်ထဲကလရောင်ရည်ပုလင်းကိုလှမ်းယူလိုက်သည်။ချူးဝူရုံကရုတ်တရက်သူ့လက်ထဲကကျောက်စိမ်းပုလင်းလေးနှစ်ပုလင်းအားဆုပ်ကိုင်ထားလိုက်ပြီးသူ့ရဲ့မျက်လုံးများကမှောင်မိုက်တဲ့ခရမ်းရောင်အဖြစ်ပြောင်းလဲသွားသည်။

"ရှောင်းလျို,မင်းပြောတာမင်းကကိုယ်တစ်ယောက်တည်းနဲ့ပဲသက်ဆိုင်တယ်..အဲ့ဒါအရင်ကပဲဖြစ်ဖြစ်နောင်ကိုပဲဖြစ်ဖြစ်ဟုတ်တယ်မှတ်လား?"

လီလျိုကချူးဝူရုံရဲ့မျက်လုံးများထဲသို့ကြည့်လိုက်ပြီးသူ့ခေါင်းကိုပြင်းပြင်းထန်ထန်ညိတ်ပြသည်။

"ဟုတ်တယ်..ငါကအမြဲတမ်းမင်းတစ်ယောက်တည်းနဲ့ပဲသက်ဆိုင်တယ်"

အဲ့ဒါကချင်ယုပဲဖြစ်ဖြစ်အဲလ်ဗစ်ပဲဖြစ်ဖြစ်ချုးဝူရုံပဲဖြစ်ဖြစ်ဒါမှမဟုတ်ဂျင်ချန်းဂျီပဲဖြစ်ဖြစ်တူညီတဲ့ဝိဉာဉ်တစ်ခုတည်းပဲ...ပြီးတော့သူချစ်တာလည်းအဲ့ဒီဝိဉာဉ်ပဲ

ချူးဝူလေရုံသည်လီလျိုရဲ့မျက်လုံးများထဲသို့အကြာကြီးစိုက်ကြည့်နေပြီးနောက်သူ့မျက်လုံးထဲကနက်ရှိုင်းသည့်ခရမ်းရောင်သည်တစ်ဖြည်းဖြည်းလျော့နည်းလာကာသူ့ရဲ့နဂိုသန့်စင်ပြီးနက်ရှိုင်းသည့်ညနက်ကဲ့သို့အနက်ရောင်ပြန်ဖြစ်သွားသည်။ထို့နောက်သူ့လက်ကိုဖြေလျော့လိုက်ကာလီလျိုအားတစ်ပုလင်းယူစေလိုက်လေသည်။

အမျိုးသားနှစ်ယောက်လုံးကျောက်စိမ်းပုလင်းထဲမှအနည်းငယ်အေးစက်ပြီးချိုမြိန်မှုများလည်းပါဝင်နေသည့်အရည်အားဆက်တိုက်သောက်ချလိုက်ကြ၏။

လီလျိုကတော့သူ့ပါးစပ်မှတစ်ဆင့်လည်ချောင်းထဲသို့ဆင်းသွားသည့်ထူးဆန်းနွေးထွေးသောအရည်ကိုသာခံစားလိုက်ရပြီးသူ့ခြေလက်လေးဘက်လုံးကနွေးထွေးတဲ့ရေထဲစိမ်နေရသလိုမျိုးအလွန်သက်တောင့်သက်သာရှိသွားသည်။

လရောင်ရည်ကိုသောက်ပြီးနောက်လီလျိုနှင့်ချူးဝူရုံတို့သည်ကူးပြောင်းရေးအစီအရင်ရှိရာသို့လျှောက်သွားလိုက်ကြသည်။ကျွန်းဝိဉာဉ်ပြောပြခဲ့သည့်လုံခြုံရေးအကွာအဝေးကိုဖြတ်သန်းပြီးနောက်ရုတ်တရက်သူတို့ကိုမတွန်းလှန်နိုင်လောက်သည့်အင်အားတစ်ခုကစုပ်ယူဆွဲသွားသည်ကိုခံစားလိုက်ရလေသည်။

လီလျိုကတော့သူ့ကိုယ်ကမမြင်ရတဲ့စုပ်အားတစ်ခုနှင့်မျောလွင့်သွားပြီးကူးပြောင်းရေးအခင်းအကျင်းရှိရာသို့ပျံသန်းသွားသည်ကိုသာခံစားလိုက်ရသည်။

ကူးပြောင်းရေးအစီအရင်ကရွှေရောင်အလင်းများဖြင့်ဝန်းရံနေပြီးအပေါ်လောက်မှာအတော်လေးတောက်ပသည့်အလင်းရောင်များရှိနေသည်။အဲ့ဒါအပြင်တော့တစ်ခြားကြည့်စရာမရှိဘူး။ထိုရွှေရောင်အလင်းတန်းကသာရှေ့သို့ဆက်တိုက်ပြေးသွားနေပြီးသူတို့ကိုဘယ်ခေါ်သွားမလဲမသိနိုင်ပေ။

"ရှောင်းလျို"

ထိုအချိန်မှာပဲရုတ်တရက်ချူးဝူရုံကခေါ်လာသည်။သူကလှည့်ကြည့်လိုက်တဲ့အခါချူးဝူရုံကသူ့နှုတ်ခမ်းကိုတိုက်ရိုက်နမ်းလာသည်။

ထိုအနမ်းကချူးဝူရုံရဲ့သာမာန်လိုချင်တပ်မက်မှုပြည့်ဝနေတဲ့အနမ်းနဲ့မတူတာကြောင့်လီလျိုသည်ထိုအနမ်းထဲပျော်ဝင်သွားမိ၏။

အလင်းသည်လည်းတောက်ပသထက်တောက်ပလာပြီးနောက်ဆုံးတော့လီလျိုနဲ့ချူးဝူရုံတို့နှစ်ယောက်လုံးကိုအပြည့်အဝလွှမ်းခြုံသွားတော့သည်။

[ကမ္ဘာရဲ့တိုးတက်မှုနှုန်း၁၀၀%သို့ရောက်ရှိပါပြီ....ကမ္ဘာရဲ့တိုက်ခိုက်မှုအစီအစဉ်တွေအားလုံးပြီးမြောက်သွားပါတယ်,တာဝန်တွေအားလုံးကိုပြီးမြောက်သွားတဲ့အတွက်ကြီးမြတ်တဲ့hostကိုဂုဏ်ပြုပါတယ်!]

လီလျိုရဲ့အသိစိတ်လုံးဝမပျောက်ကွယ်သွားခင်မှာပဲသူ့စိတ်ထဲမှာရှောင်းချီရဲ့တိုင်းတာလို့မရလောက်အောင်ပျော်ရွှင်နေသောအသံအားကြားလိုက်ရပြီးနောက်မှာတော့သူဘာမှမသိတော့ပေ။

****

လီလျိုသူ့ရဲ့မျက်လုံးများကိုဖွင့်လိုက်သည်။ကောင်းကင်ကရောင်နီမလာသေးတာကြောင့်သူ့မျက်လုံးထဲမှာမှောင်မဲနေသည့်မျက်နှာကျက်ကိုသာမြင်ရ၏

သူ——ကမ္ဘာအစစ်ကိုပြန်ရောက်ပြီ

မထိန်းချုပ်နိုင်စွာဖြင့်သူ့နှုတ်ခမ်းအားလက်နှင့်ထိကြည့်မိလေသည်။ကြည့်ရတာချူးဝူရုံရဲ့ယခင်အနမ်းမှအပူချိန်ကကျန်ရှိနေသေးပုံပင်။

[ကြီးမြတ်တဲ့hostရေ....တာဝန်တွေအားလုံးပြီးမြောက်ပါပြီ..အံ့အားသင့်စရာလက်ဆောင်ထုပ်ကိုအလိုအလျောက်ပို့ဆောင်ပေးလိုက်ပါ့မယ့်ပြီးရင်တော့သွားချင်တဲ့ကမ္ဘာကိုပြန်သွားဖို့ကအခွင့်အရေးကိုအခုအသုံးချလိုပါသလား?]

ရှောင်းချီရဲ့စကားများကိုနားထောက်ပြီးနောက်လီလျိုကတစ်စုံတစ်ခုကိုစဉ်းစားနေဟန်တူသည်။သူကအိပ်ယာပေါ်ကရုတ်တရက်ထထိုင်လိုက်ပြီးစလစ်ပါပင်မဝတ်နိုင်တော့ပဲဗီဒိုရှေ့သို့ပြေးကာအဝတ်ကိုအလျင်အမြန်ဝတ်လိုက်သည်။

[အခွင့်အရေးကိုနောက်မှပဲအသုံးချမယ်..အခုဂျင်ချန်းဂျီနိုးပြီလား?]

လီလျိုကအင်္ကျီဝတ်နေရင်းဖြင့်ရှောင်းချီကိုမေးလိုက်သည်။

[နိုးလာလုနီးပါးပါပဲ]

အပေါင်းဘက်ရောက်တဲ့အဖြေကိုရရှိပြီးနောက်လီလျိုရဲ့နှလုံးသားသည်အဆမတန်ခုန်မြန်လာရသည်။

သူဂျင်ချန်းဂျီကိုအခုပဲတွေ့ချင်တယ်!

လီလျိုသည်သူ့ကိုယ်ပေါ်အဝတ်ဘယ်လိုဝတ်မိလိုက်လဲဆိုတာပင်မသိတော့ပေ။ဖိနပ်အားအဆင်ပြေသလိုဝတ်လိုက်ပြီးနောက်တံခါးကိုဖွင့်ကာပြေးထွက်သွားတော့သည်။ထို့နောက်taxiတစ်စီးအားအလျင်စလိုငှားလိုက်ပြီးဂျင်ချန်းဂျီတက်နေတဲ့ဆေးရုံရှိရာအစောတလျင်သွားလေသည်။

ဆေးရုံကိုရောက်ပြီးနောက်လီလျိုကကားသမားအားပိုက်ဆံဘယ်လောက်ပေးလိုက်မိလဲမသိပေ။ဆေးရုံထဲသို့သာတည့်တည့်ဝင်သွားသည်။ဓာတ်လှေကားကအမြင့်ဆုံးအထပ်မှာရပ်နေဆဲဆိုတာကိုမြင်တဲ့အခါလီလျိုကဓာတ်လှေကားခလုတ်အားအကြိမ်အနည်းငယ်ဖိနှိပ်နေသော်လည်းနောက်ဆုံးမှာတော့စိတ်ကိုပြင်ဆင်၍လှေကားကနေသာပြေးတက်တော့သည်။

ထိုအချိန်မှာပဲဆေးရုံရဲ့ထိပ်ဆုံးအလွှာကအဖြူရောင်အခန်းထဲမှဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေသည့်လူငယ်လေးရဲ့နှလုံးခုန်နှုန်းနှင့်ဦးနှောက်လှိုင်းများနှင့်ချိတ်ဆက်ထားတဲ့လက်တစ်ဖက်ကရုတ်တရက်လှုပ်ရှားသွားသည်။ထို့နောက်ပိတ်ထားတဲ့မျက်ခွံများကအကြိမ်အနည်းငယ်တုန်ယင်လာပြီး,နောက်တစ်ခဏမှာပဲမျက်လုံးများပွင့်လာသည်။ထိုနက်မှောင်နေသည့်မျက်လုံးများကခဏလောက်မြူဆိုင်းနေပြီးမှတစ်ဖြည်းဖြည်းနဲ့ကြည်လင်ရှင်းလင်းလာသည်။

သူ့အသိစိတ်ပြန်ရလာသည့်တစ်ခဏမှာပဲမရေမတွက်နိုင်တဲ့မှတ်ဉာဏ်များကသူ့စိတ်ထဲရုတ်တရက်တိုးဝင်လာတော့သည်။

ချင်ယု,အဲလ်ဗစ်ပြီးတော့ချူးဝူရုံ....ထိုမှတ်ဉာဏ်များကသူ့စိတ်ထဲမှာကွက်ကွက်ကွင်းကွင်းမြင်လာရပြီးပုံရိပ်များစွာဖြင့်ဆက်သွယ်သွားကာသူ့စိတ်တစ်ခုလုံးကိုပြည့်နှက်သွားသည်။

ထို့နောက်မှတ်ဉာဏ်အားလုံးကလူတစ်ယောက်တည်းရဲ့ပုံရိပ်အဖြစ်ပေါင်းစပ်သွားသည်။——အဲ့ဒါကသူအချိန်အကြာကြီးတိတ်တဆိတ်ချစ်လာခဲ့ရတဲ့သူ...သူ့လက်ဖဝါးထဲထည့်ပြီးသူ့ဘဝတစ်သက်တာလုံးချစ်မြတ်နိုးပေးချင်တဲ့သူ

ထိုအချိန်မှာပဲလီလျိုသည်လည်းအမောတကောဖြင့်ဆေးရုံခန်းရှိရာသို့ပြေးလာပြီဖြစ်သည်။များပြားလှတဲ့မှတ်ဉာဏ်များကြောင့်မျက်လုံးတွေနက်ရှီုင်းလာပြီးလေးနက်လာသည့်ဂျင်ချန်းဂျီသည်လီလျိုရဲ့မျက်လုံးများနဲ့တွေ့ဆုံသွားသည်။

လီလျိုသည်သူ့ကိုငေးကြည့်နေသည့်ဂျင်ချန်းဂျီအားပြန်ကြည့်လိုက်ကာအကြိမ်အနည်းငယ်မျှအသက်ကိုပြင်းပြင်းရှုလိုက်သည်။သူ့မျက်လုံးများကညကောင်းကင်ယံမှာတောက်ပနေတဲ့ကြယ်လေးများလိုတစ်လက်လက်ဖြစ်နေပြီးဂျင်ချန်းဂျီရှိရာသို့ဖြေးညှင်းစွာလျှောက်လှမ်းသွားရင်းဖြင့်သူ့လက်အားအလျင်မလိုစွာဆုပ်ကိုင်ထားလိုက်တော့၏။

-----------------------END-------------------------------

T/N - ဇာတ်လမ်းကဒီတင်ဆုံး၏။

နောက်မှာ Extra နှစ်ပိုင်းကျန်ပါသေးတယ် 

နောက်ပြီးတော့ဒီမှာလေစာရေးသူကျန်ခဲ့တာလားတော့မသိဘူးရိထျန်းရှင်းတို့အကြောင်းမပါတော့ဘူးရော်။ခဏလေးပဲပါလိုက်ပြီးသူတို့နဲ့ပတ်သတ်တာဘာမှဆက်မဖြစ်တော့ဘူး။ကိုယ်လည်းကျန်ခဲ့လားဆိုပြီးအကြိမ်ကြိမ်ပြန်ကြည့်သေးတယ်မတွေ့ဘူးရယ်။

..........................................
Zawgyi

Arc(3.38) - Final

ေမွာင္မိုက္ေနေသာဥမင္တစ္ခုထဲတြင္ေငြလေရာင္လိုဓားအလင္းတစ္ခ်က္က႐ုတ္တရက္လင္းသြားၿပီးဂူတစ္ခုလံုးကိုခ်က္ခ်င္းထြန္းလင္းသြားေစသည္။

ေတာင္ေသးတစ္ခုေလာက္ရွိသည့္ဧရာမသားရဲႀကီးတစ္ေကာင္ကျမည္ဟီးလိုက္ၿပီးသူ႔ကိုယ္မွေရတံခြန္ကဲ့သို႔မ်ားျပားလွသည့္ေသြးမ်ားခ်က္ခ်င္းစီးက်လာသည္။၎၏ပုံးအရြယ္မ်က္လံုးႏွစ္လံုးကေတာ့သူ႔ေရွ႕မွာရပ္ေနသည့္ေသးငယ္ေသာက်င့္ၾကံသူႏွစ္ေယာက္အားမေက်မနပ္စိုက္ၾကည့္ေန၏။

ဧရာမသတၱဝါႀကီးေဒါသတႀကီးဟိန္းေဟာက္လိုက္ၿပီးသူ႔ကိုဒဏ္ရာရေအာင္လုပ္တဲ့က်င့္ၾကံသူအားေျပးဝင္၍ကိုက္ျဖတ္ပစ္ခ်င္ေနသည္။သူ႔အသံထဲမွာတိုက္ခိုက္ႏိုင္စြမ္းေတြသယ္ေဆာက္ထားၿပီးဂူနံရံတစ္ခုလံုးရွိေက်ာက္တုန္းမ်ားပါတုန္လႈပ္သြားသည္သာမကဂူတစ္ခုလံုးကအဆက္မျပတ္တုန္ယင္လာ၏။

ခ်ဴးဝူရံုသည္ေျမျပင္ေပၚမွာခိုင္ၿမဲစြာရပ္တည္ေနၿပီးဂူတစ္ခုလံုးတုန္ယင္ေနတာေတာင္သူ႔ရဲ႔ရပ္တည္မွဳကအနည္းငယ္ပင္ေျပာင္းလဲျခင္းမရွိေပ။သူ႔လက္ထဲမွာလူတစ္ေယာက္အရပ္ထက္ပိုရွည္သည့္ဓားရွည္ႀကီးတစ္ေခ်ာင္းကိုကိုင္ထားၿပီးဓားရဲ႔မ်က္ႏွာျပင္ေပၚမွာခ်ဴးဝူရံုရဲ႔ေခ်ာေမာခန္႔ညားၿပီးအမူအယာမဲ့သည့္မ်က္ႏွာကထင္ဟပ္ေနသည္။သူ႔လက္ထဲကဓားႀကီးသည္လည္းအနည္းငယ္တုန္ယင္ေနၿပီးတိုက္ပြဲေၾကာင့္ေပ်ာ္ရႊင္ေနသည့္ပံုပင္။

ဧရာမသားရဲႀကီးရဲ႔မ်က္လံုးႏွစ္လံုးကေသြးနီေရာင္အျဖစ္ေျပာင္းလဲလာတာေၾကာင့္ထိန္းခ်ဳပ္မရတဲ့ေဒါသတႀကီးအဆင့္ကိုဝင္ေရာက္သြားၿပီဆိုတာသိသာေနသည္။သူကသူ႔ေရွ႕ေျခေထာက္ႀကီးႏွစ္ေခ်ာင္းအားေျမျပင္ေပၚသို႔ႏွစ္ေခါက္ေလာက္႐ိုက္လိုက္ၿပီးေနာက္သူ႔ေရွ႕မွာရပ္ေနသည့္ခ်ဴးဝူရံုထံေျပးဝင္သြားသည္။

သူ႔အေရခြံအျပင္ဘက္ကေက်ာက္တုန္းကဲ့သို႔အေၾကးခြံႀကီးကတိုးခ်ဲ႔ၿပီးမ်ားျပားလာတာေၾကာင့္သူ႔တစ္ကိုယ္လံုးသည္ႀကီးမားသည့္ေက်ာက္တုန္းႀကီးတစ္တံုးလွိမ့္လာသည္ႏွင့္တူေစသည္။

ဧရာမသားရဲႀကီးကသူ႔ကို႐ိုက္မိခါနီးေလာက္တြင္ခ်ဴးဝူရံုရဲ႔ပံုသ႑ာန္က႐ုတ္တရက္ဧရာမသားရဲႀကီးရဲ႔ေခါင္းထက္မွာျဖတ္ခနဲေပၚလာၿပီးသူ႔လက္ထဲကဓားႀကီးျဖင့္သားရဲႀကီးအားပတ္လည္ဝိုင္းထားသည့္ေက်ာက္တုန္းအေၾကးခြံႀကီးကိုရက္ရက္စက္စက္ထိုးခြဲခ်လိုက္သည္။

သတၱဳကိုထိမိတာေၾကာင့္ထြက္လာသည့္မီးစမ်ားႏွင့္အတူပိုမိုေတာက္ပသည့္ဓားအလင္းကဧရာမသားရဲႀကီး၏ခက္ခဲေသာအေၾကးခြံကိုႀကီးမားစြာခြဲျဖတ္ပစ္လိုက္တာေၾကာင့္ေအာက္မွအသားပင္ေပၚလာသည္။ေနာက္တစ္ခဏမွာပဲျဖတ္ရာတစ္ေလွ်ာက္မွေသြးမ်ားစြာထြက္လာေတာ့၏။

သတၱဳထဲမွထြက္လာသည့္မီးေျပာင္မ်ားႏွင့္မီးစမ်ားႏွင့္အတူႀကီးမားေသာသားရဲ၏ခိုင္ခံ့ေသာသံခ်ပ္ကာသည္ဓားႀကီး၏ဓားအလင္းေၾကာင့္က်ယ္ျပန႔္စြာ ျဖတ္၍ ေအာက္၌ရွိေသာအသားမ်ားကိုထုတ္ေဖာ္ျပသခဲ့သည္။ ေနာက္တစ္ေန႔တြင္ေသြးမ်ားစြာထြက္လာသည္။

ဧရာမသားရဲႀကီးသည္ခ်က္ခ်င္းပင္နာက်င္စြာညည္းတြားျမည္တမ္းလိုက္ၿပီးၾကည့္ရတာျပန္ဆုတ္ခြာလိုဟန္ရွိေသာ္လည္း၎၏ႀကီးမားေသာခႏာၱကိုယ္ႀကီးကလြတ္ေျမာက္ရန္လမ္းကိုအတားအဆီးျဖစ္ေနဟန္တူသည္။ခ်ဴးဝူရံုဆီကေနႏွိပ္စက္ခံရမယ့္ႀကီးမားေသာပစ္မွတ္ႀကီးတစ္ခုသာျဖစ္သြားရသည္။

ေနာက္ဆံုးေတာ့ဧရာမသားရဲႀကီးကဆက္ၿပီးမရပ္တည္ႏိုင္ေတာ့ဟန္တူသည္။က်ယ္ေလာင္စြာေအာ္ဟစ္ျမည္ေကၽြးလိုက္ၿပီးေနာက္သူ႔တစ္ကိုယ္လံုးၿပိဳလဲက်သြားၿပီးမူလကသူ႔အသားအားဖုန္းကြယ္ေပးထားသည့္ထူထဲေသာအေၾကးခြံႀကီးကထက္ရွသည့္ႁမွားမ်ားကဲ့သို႔ခ်ဴးဝူရံုထံတိုက္႐ိုက္ေျပးဝင္သြားျပန္သည္။

ခ်ဴးဝူရံုတိုက္ခိုက္မႈမ်ားကိခုခံတားဆီးေနတဲ့အခ်ိန္သားရဲႀကီး၏ရင္ဘက္မွခပ္ေဖ်ာ့ေဖ်ာ့အျဖဴေရာင္အလင္းတန္းတစ္ခုက႐ုတ္တရက္ထြက္ေပၚလာသည္။ခ်က္ခ်င္းလိိုလိုပင္ထိုအျဖဴေရာင္အလင္းတန္းကသားရဲႀကီးရဲ႔ရင္ဘက္မွခုန္ထြက္လာၿပီးေအာက္မွေက်ာက္တုန္းတစ္ခုထဲေျပးဝင္ၿပီးပုန္းေအာင္းရန္ျပင္လိုက္စဥ္မွာပဲထိုႏူးညံ့သည့္ကိုယ္ထည္အားေကာင္းမြန္ၿပီးသြယ္လ်သည့္လက္ေခ်ာင္းႏွစ္ေခ်ာင္းက႐ုတ္တရက္ၫွပ္လိုက္သည္။

"Owh-wu!"

ထိုအျဖဴေရာင္အလံုးေလးက႐ိုင္းစိုင္းစြာတြန္႔လိမ္၍႐ုန္းကန္ေနသည္မွာေလွ်ာက္ခုန္ေနသည့္ေဘာလံုးေလးလိုပင္။

လီလ်ိဳသည္ထိုေသးငယ္သည့္အလံုးေလးအားသူ႔လက္ဖဝါးထဲမွာသာဖမ္းခ်ဳပ္ထားလိုက္ရသည္။လီလ်ိဳရဲ႔ပုခံုးေပၚမွာထိုင္ေနသည့္အနီဝတ္ႏွင့္ကေလးေလးကသူ႔လက္ထဲကအလံုးေလးကိုၾကည့္ႀကီးေသးငယ္ေသာလက္ေလးႏွစ္ဖက္ျဖင့္လက္ခုပ္တီးေလသည္။

"ဂုဏ္ယူပါတယ္,လိုအပ္တဲ့ပစၥည္းေတြထဲကေနာက္ဆံုးေသာပစၥည္းကိုသင္တို႔ဖမ္းႏိုင္သြားပါၿပီ——ခ်ံုမင္းသားရဲရဲ႔ပင္မကိုယ္ထည္"

လီလိ်ဳရဲ႔လက္ထဲကထိုအျဖဴေရာင္အလံုးေလးကဧရာမသားရဲႀကီး၏တကယ့္အသြင္အျပင္ျဖစ္သည္။

ထိုကဲ့သို႔ေသာဝိဉာဏ္သားရဲမ်ိဳးကအလြန္ရွားပါးလွၿပီးသတ္ျဖတ္ႏိုင္ဖို႔မခဲယဥ္းေပ။တကယ့္အခက္အခဲကသူ႔ရဲ႔ပင္မကိုယ္ထည္လြတ္ေျမာက္လာၿပီးေနာက္မွာေျမျပင္ကိုမထိခင္ဖမ္းထားႏိုင္ဖို႔လိုအပ္သည္။

အကယ္၍အဲ့ဒီအခြင့္အေရးကိုဆံုးရွံုးသြားမယ္ဆိုရင္ေတာ့ထိုခ်ံုမင္းသားရဲကေျမျပင္ထဲမွာပုန္းကြယ္သြားမွာျဖစ္ၿပီးေနာက္ထပ္ႏွစ္ရာခ်ီၾကာမွသာတူညီသည့္ႀကီးမားေသာကိုယ္ထည္အျဖစ္ျပန္ဖြဲ႔စည္းၿပီးထြက္လာမွာျဖစ္သည္။ထို႔ေၾကာင့္လည္းလီလ်ိဳႏွင့္ခ်ဴးဝူရံုတို႔သည္မတိုင္ခင္ကသံုးႀကိမ္ေလးႀကိမ္ေလာက္ရွံုးနိမ့္ခဲ့ၿပီးၿပီျဖစ္ၿပီးဒီတစ္ေခါက္မွသာေနာက္ဆံုးမွာေအာင္ျမင္သြားျခင္းပင္။ဒါ့အျပင္သူတို႔သည္ဂူထဲမွာပုန္းေအာင္းေနသည့္ခ်ံဳမင္းသားရဲအားတစ္လေက်ာ္ၾကာရွာခဲ့ရသည္။

"သင္တို႔အခုဆိုရင္လိုအပ္သမွ်ကုန္ပစၥည္းမ်ားအားလံုးကိုစုေဆာင္းလို႔ၿပီးသြားပါၿပီ,အခုပဲကၽြန္းဝိဉာဥ္ကိုရွာေဖြလိုပါသလား?"

လက္ဖဝါးအရြယ္အနီဝတ္ႏွင့္ကေလးေလးကသူ႔ရဲ႔ေျခေထာက္ေလးကိုလႊဲရမ္းရင္းလီလ်ိဳအားၾကည့္၍ေမးလာသည္။

တကယ္ေတာ့ခ်ဴးဝူရံုနဲ႔လီလ်ိဳတို႔သည္အရာအားလံုးကိုအေစာကတည္းကရွာေတြ႕ႏိုင္ခဲ့သည္။သို႔ေသာ္သူတို႔ႏွစ္ေယာက္လံုးကစုေဆာင္းႏိုင္ဖို႔အလ်င္မလိုၾကေပ။လြန္ခဲ့တဲ့ႏွစ္လကတည္းကခ်ဴးဝူရံုသည္သူလိုအပ္သည့္ပစၥည္းအားလံုးကိုစုေဆာင္းႏိုင္ခဲ့ၿပီးေနၿပီ။ထို႔ေနာက္သူကအနီဝတ္ႏွင့္ကေလးရဲ႔ကၽြန္းဝိဉာဥ္ရွာေဖြမယ့္အၾကံျပဳခ်က္ကိုျငင္းဆန္ထားခဲ့ျခင္းပင္။သူကလီလ်ိဳနဲ႔ဆက္ေနၿပီးပစၥည္းမ်ားစုေဆာင္းရွာေဖြရာမွာကူညီေပးေနသည္။

ပံုမွန္အတိုင္းပင္ကၽြန္းဝိဉာဥ္ကေနကြဲထြက္ေနသည့္ဝိဉာဥ္ကိုယ္ထည္သည္လည္းသူ႔ေတာင္းဆိုခ်က္ကိုမျငင္းဆန္ေပ။တကယ္ေတာ့လည္းအကယ္၍သာလိုအပ္တဲ့ပစၥည္းအားလံုးကိုမစုေဆာင္းႏိုင္ဘူးဆိုရင္ကၽြန္းဝိဉာဥ္အားျမင္ႏိုင္မွာမဟုတ္ဘူးျဖစ္သည္။

ဒါေပမဲ့လိုအပ္တဲ့ပစၥည္းေတြအားလံုးကိုစုေဆာင္းၿပီးရင္ေတာ့ကၽြန္းဝိဉာဥ္ႏွင့္ေတြ႕ဖို႔ေရြးခ်ယ္တာပဲျဖစ္ျဖစ္အတူပါလာတဲ့က်င့္ၾကံသူကိုကူညီၿပီးပစၥည္းစုေဆာင္းေပးဖို႔အတြက္ေနခဲ့ၿပီးေနာက္မွကၽြန္းဝိဉာဥ္ကိုအတူတူေတြ႕တာပဲျဖစ္ျဖစ္ဘာကိုမဆိုေရြးခ်ယ္ႏိုင္သည္။

ဤအခ်ိန္အေတာအတြင္းမွာလိုအပ္သည့္ပစၥည္းမ်ားရွာေဖြစုေဆာင္းရင္းမေရမတြက္ႏိုင္သည့္အခက္အခဲမ်ားကိုၾကံဳေတြ႕ခံစားေနခဲ့ၾကရသည့္တစ္ျခားက်င့္ၾကံသူမ်ားႏွင့္လည္းေတြ႕ဆံုခဲ့ရသည္။သို႔ေသာ္လည္းေနာက္ဆံုးအခ်ိန္တိ္ုင္းမွာသူတို႔က႐ုတ္တရက္အရွံုးေပးလိုက္ၾကသည္။

လီလ်ိဳသည္သူ႔ကိုခ်ဥ္းကပ္လာေနသည့္ခ်ဴးဝူရံုအားၾကည့္လိုက္ၿပီးေနာက္႐ုတ္တရက္ခြဲခြာဖို႔တြန္႔ဆုတ္သည့္ခံစားခ်က္တစ္ခုကိုသူ႔ႏွလံုးသားမွခံစားလိုက္ရသည္။

ခ်ဴးဝူရံုကသူ႔ကိုပစၥည္းမ်ားစုေဆာင္းရာတြင္ကူညီေပးေနၿပီးသူတို႔ႏွစ္ေယာက္လံုးလည္းအလ်င္မလိုတာေၾကာင့္ေနာက္ဆံုးေန႔မွသာကၽြန္းဝိဉာဥ္ကိုေတြ႕ဖို႔ဆံုးျဖတ္ထားၾကတာျဖစ္သည္။

ထိုအခ်ိန္မွာခ်ဴးဝူရံုကလီလ်ိဳရဲ႔ေရွ႕သို႔ေရာက္ေနေလၿပီ။လီလ်ိဳရဲ႔မ်က္လံုးထဲကတုန္ယင္ေနသည့္အမူအယာကိုရွင္းရွင္းလင္းလင္းျမင္ေနရတာေၾကာင့္သူ႔မ်က္လံုးမ်ားကခ်က္ခ်င္းႏူးညံ့သြားရသည္။

"သြားၾကရေအာင္"

ခ်ဴးဝူရံုသည္သူ႔လက္ကိုဆန္႔ထုတ္လိုက္ၿပီးလီလ်ိဳရဲ႔လက္ဖဝါးအားတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္သည္။ထို႔ေနာက္သူ႔ပုခံုးေပၚမွာထိုင္ေနသည့္အနီဝတ္ႏွင့္ကေလးေလးအားလွည့္ေျပာလိုက္၏။

"ငါတို႔ကိုကၽြန္းဝိဉာဥ္နဲ႔ေတြ႕ဖို႔ေခၚသြားေပး"

ခ်ဴးဝူရံုရဲ႔စကားကိုၾကားၿပီးေနာက္လီလ်ိဳရဲ႔ပုခံုးေပၚမွအနီဝတ္ကေလးေရာခ်ဴးဝူရံုရဲ႔ပုခံုးေပၚမွအနီဝတ္ကေလးေရာကခ်က္ခ်င္းထရပ္လာၾကၿပီးလီလ်ိဳရဲ႔ခ်ဴးဝူရံုရဲ႔ေရွ႕မွာပ်ံသန္းသြားၾကသည္။ႏွစ္ေယာက္လံုးကသူတို႔ရဲ႔လက္ေလးႏွစ္ဖက္ျဖင့္ေလလယ္မွာစက္ဝိုင္းသ႑ာန္တစ္ခုဆြဲေလသည္။

လီလ်ိဳနဲ႔ခ်ဴးဝူရံုတို႔ရဲ႔ေရွ႕ကေလက႐ုတ္တရက္ေျပာင္းလဲသြားခဲ့ၿပီးမျမင္ရတဲ့တံခါးတစ္ခ်ပ္ကသူတို႔ေရွ႕တည့္တည့္မွာေပၚလာခဲ့သည္။တံခါးေပၚလာၿပီးေနာက္လက္ဖဝါးအရြယ္အနီဝတ္ကေလးႏွစ္ေယာက္ကပ်ံသန္းရင္းလမ္းကိုဦးေဆာင္သြားသည္။ခ်ဴးဝူရံုသည္လည္းလီလ်ိဳရဲ႔လက္ကိုဆုပ္ကိုင္၍တံခါးထဲဝင္သြားလိုက္ၾက၏။

မူလကေမွာင္မိုက္ေနသည့္ဂူတစ္ခုလံုးရဲ႔ျမင္ကြင္းသည္လည္း႐ုတ္တရက္အစိမ္းေရာင္မ်ားႏွင့္ေနရာယူသြားသည္။

သူတို႔ဝင္သြားသည့္ေနရာသည္လည္းဂူတစ္ခုျဖစ္ေသာ္လည္းထိုေနရာကအက်ယ္အဝန္းကယခင္ထက္အဆေပါင္းမ်ားစြာသာ၍က်ယ္ျပန္႔သည္။

ေျမျပင္တစ္ခုလံုးကအစိမ္းေရာင္ျမက္ခင္းျပင္မ်ားလွပေသာပန္းပြင့္မ်ားျဖင့္ဖံုးလႊမ္းထားၿပီးအစိမ္းေရာင္ႏြယ္ပင္မ်ားျဖင့္လႊမ္းျခံဳထားသည့္ေက်ာက္တုန္းနံရံႀကီးလည္းရွိသည္။သူတို႔ရဲ႔ေခါင္းထက္မွာေတာ့ေကာင္းကင္ရွိေငြေရာင္လဝန္းကဥမင္ဝင္ေပါက္မွတစ္ဆင့္ဝင္ေရာက္ေတာက္ပလာၿပီးဂူအတြင္းရွိရွဳခင္းကိုအလင္းေရာင္ပါးပါးတစ္လႊာျဖင့္ဖံုးအုပ္ထားတာေၾကာင့္အရာအားလံုးကိုအိမ္မက္ဆန္သည့္ရွဳခင္းမ်ိဳးျဖစ္သြားေစသည္။

ႏူးညံ့ေသာျမက္ခင္းျပင္ႀကီးရဲ႔အလယ္တည့္တည့္မွာေတာ့အလြန္ၾကည္လင္သည့္ေရကန္ႀကီးတစ္ခုရွိသည္။ထိုကန္ရဲ႔အလယ္မွာႀကီးမားတဲ့သစ္ပင္ႀကီးတစ္ပင္ရွိ၏။၎သစ္ပင္ႀကီးရဲ႔ပင္စည္ကလူဆယ္ေယာက္ေက်ာ္ေလာက္ဝိုင္းပတ္ထားလို႔ရႏိုင္သည္။

ႀကီးမားသည့္သစ္ပင္ထိပ္ဖ်ားကေတာ့ဖြင့္ထားတဲ့အစိမ္းေရာင္ထီးႀကီးတစ္လက္လိုပင္။သစ္ရြက္မ်ားၾကားမွလည္းမေရမတြက္ႏိုင္တဲ့ေငြလေရာင္ကေတာက္ပေနတာေၾကာင့္တစ္လက္လက္ေတာက္ေနသည့္ၾကယ္ေလးမ်ားလိုအလင္းျပန္ေနသည္။ထို႔ေနာက္ထိုေငြေရာင္အလင္းတန္းမ်ားကတစ္ျဖည္းျဖည္းနဲ႔စုစည္းလာၿပီးလူပံုသ႑ာန္တစ္ခုျဖစ္လာ၏။

သိပ္မၾကာခင္ပဲအျဖဴေရာင္ဝတ္စံုေငြေရာင္ဆံႏြယ္ရွည္မ်ားႏွင့္လူငယ္ေလးတစ္ေယာက္ကေက်ာမွာလက္ႏွစ္ဖက္ယွက္ၿပီးသူတို႔ႏွစ္ေယာက္ေရွ႕မွာေပၚလာသည္။အနီဝတ္ႏွင့္ကေလးငယ္ေလးႏွစ္ေယာက္ကထိုလူရဲ႔ပံုပန္းသြင္ျပင္ေပၚလာသည္ႏွင့္သူ႔ဆီသို႔ပ်ံသန္းသြားၾက၏။ၿပီးေနာက္သူတို႔ရဲ႔လက္ဖဝါးေလးမ်ားကိုကပ္လိုက္ၿပီးလူငယ္ေလးအားဂါရဝျပဳလိုက္ၿပီးေနာက္ေလထဲမွာပင္ေပ်ာက္ကြယ္သြားၾကေတာ့သည္။

လူငယ္ေလးကေခါင္းကိုလွည့္လာၿပီးသူ႔ရဲလေရာင္ကဲ့သို႔ေတာက္ပေနေသာ႔ေငြ-မီးခိုးေရာင္မ်က္လံုးမ်ားျဖင့္လီလ်ိဳႏွင့္ခ်ဴးဝူရံုတို႔အားၾကည့္လာကာသူ႔အမူအယာကေတာ့အလြန္ကိုညင္သာေနသည္။

"ႏွစ္သံုးေထာင္ေက်ာ္ၾကာၿပီးေနာက္မွာေနာက္ဆံုးေတာ့ငါ့ကိုလာေတြ႕တဲ့က်င့္ၾကံသူေတြရွိလာၿပီေပါ့"

သူကလက္တစ္ဖက္ကိုေႁမွာက္လိုက္သည့္အခါ႐ုတ္တရက္သစ္ပင္ထိပ္ဖ်ားမွျဖာက်ေနသည့္လေရာင္ကအသိစိတ္ရွိသကဲ့သို႔သူ႔လက္ဖဝါးရွိရာသို႔က်ဆင္းလာကာေသးငယ္ၿပီးထြင္းေဖာက္ျမင္ရသည့္ေက်ာက္စိမ္းပုလင္းေလးႏွစ္ပုလင္းအျဖစ္ေျပာင္းလဲသြားသည္။အထဲမွတစ္လက္လက္ေတာက္ပၿပီးၾကည္လင္ေနသည့္လေရာင္ကိုပင္သင္ခပ္ေဖ်ာ့ေဖ်ာ့ျမင္ေတြ႕ရႏိုင္သည္။

"ခဏေလာက္ေစာင့္ဦး...ငါမင္းတို႔ကိုတစ္ျခားတိုက္ႀကီးဆီဦးေဆာင္ေပးမယ့္ကူးေျပာင္းေရးအစီအရင္ဆီေခၚသြားေပးမယ္...ကူးေျပာင္းေရးအစီအရင္ဆီမဝင္ခင္မွာႏွစ္ေယာက္လံုးဒီပုလင္းထဲကလေရာင္အရည္ကိုေသာက္ဖို႔လိုတယ္...မဟုတ္ရင္ကူးေျပာင္းေရးအစီအရင္ကေနျဖတ္သန္းလို႔ရမွာမဟုတ္ဘူး"

လီလ်ိဳကမလႈပ္ရွားေပ။ခ်ဴးဝူရံုကသာသူ႔လက္ျဖင့္ေက်ာက္စိမ္းပုလင္းေလးႏွစ္လံုးကိုလွမ္းယူသည္။

"ငါ့ေနာက္လိုက္ခဲ့"

ကၽြန္းဝိဉာဥ္ကေျပာလာသည္။ခ်ဴးဝူရံုနဲ႔လီလ်ိဳတို႔ရဲ႔တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားတဲ့လက္မ်ားကိုျမင္ေသာ္လည္းသူဘာမွမေျပာပဲဒီအတိုင္းသာလွည့္သြားကာကန္အလယ္ရွိသစ္ပင္ႀကီးရွိရာသို႔ပ်ံသန္းသြားသည္။

သူ႔ခႏာၱကိုယ္ကသစ္ပင္ႀကီး၏ပင္စည္ႏွင့္ထိေတြ႕လိုက္တဲ့အခါမွာပင္စည္ကတိုက္႐ိုက္ပဲႏွစ္ျခမ္းကြဲသြားၿပီးတစ္ေယာက္ဆီျဖတ္သန္းသြားလို႔ရတဲ့ဥမင္လွိုင္ေခါင္းတစ္ခုျဖစ္တည္လာ၏။ကၽြန္းဝိဉာဥ္ကသူ႔လက္ကိုဥမင္လွိုင္ေခါင္းထဲသို႔ဖိခ်လိုက္ၿပီးတစ္ခါတည္းနဲ႔ခုန္ခ်သြားသည္။

ခ်ဴးဝူရံုသည္လီလ်ိဳအားေခၚကာကၽြန္းဝိဉာဥ္ႏွင့္အတူဥမင္လွိုင္ေခါင္းထဲသို႔လိုက္ခုန္ခ်သြား၏။ဥမင္လွိုင္ေခါင္းကမ်ားျပားလွသည့္သစ္ျမစ္မ်ားျဖင့္ျပဳလုပ္ထားျခင္းျဖစ္ကာသံုးေယာက္လံုးေျမျပင္ေပၚသို႔က်သည္အထိေလွ်ာတစ္ခုလိုလုပ္ေပးထားသည္။

သူတို႔ေရွ႕ကေနာက္ျမင္ကြင္းတစ္ခုကအလြန္ကိုေမွာင္မဲေနသည့္အေမွာင္ထုျဖစ္သည္။သို႔ေသာ္ထိုအေမွာင္ထုထဲတြင္အလယ္မွာတစ္လက္လက္ေတာက္ပေနေသာအလင္းေရာင္ထြက္ေနသည့္လွည့္ပတ္ေနေသာအလင္းစက္ဝိုင္းတစ္ခုရွိသည္။

ထိုအလင္းစက္ဝိုင္းကတစ္ျခားတိုက္မႀကီးထံသို႔သြားႏိုင္မယ့္ကူးေျပာင္းေရးအခင္းအက်င္းပဲျဖစ္သည္။

ကၽြန္းဝိဉာဥ္ကခ်ဴးဝူရံုနဲ႔လီလ်ိဳရဲ႔ေရွ႕မွာရပ္လိုက္သည္။သူကေရွ႕သို႔ဆက္မသြားေပ။ေလလယ္ကအလင္းစက္ဝိုင္းကိုသာလက္ၫွိုးထိုးျပသည္။

"မင္းတို႔လေရာင္ရည္ကိုေသာက္ၿပီးရင္ဒီကူးေျပာင္းေရးအခင္းအက်င္းထဲတိုက္႐ိုက္ဝင္သြားလို႔ရတယ္...ငါအခုလက္ရွိရပ္ေနတဲ့ေနရာကလံုျခံဳတဲ့လိုင္းပဲ....ဒီေနရာကေနေျခတစ္လွမ္းေလာက္ပဲလွမ္းလိုက္တာနဲ႔ကူးေျပာင္းေရးအခင္းအက်င္းထဲေရာက္သြားၿပီးထိန္းခ်ဳပ္လို႔မရေအာင္စုပ္ယူခံရလိမ့္မယ္...ကူးေျပာင္းေရးအခင္းအက်င္းကတစ္နာရီဆိုရင္ေပ်ာက္ကြယ္သြားလိမ့္မယ္ၿပီးေတာ့ေနာက္ႏွစ္တစ္ေထာင္မွျပန္ေပၚလာမွာ...မင္းတို႔ကံေကာင္းဖို႔ဆႏၵျပဳပါတယ္"

ကၽြန္းဝိဉာဥ္ကေျပာလို႔ၿပီးသြားသည္ႏွင့္လီလ်ိဳနဲ႔ခ်ဴးဝူရံုေရွ႕မွာေပ်ာက္ကြယ္သြားသည္။

ကၽြန္းဝိဉာဥ္စကားေျပာေနတဲ့အခ်ိန္မွာလီလ်ိဳရဲ႔ႏွလံုးသားကထိန္းခ်ဳပ္မရေအာင္ျမန္ဆန္ေနသည္မွာကၽြန္းဝိဉာဥ္ေပ်ာက္ကြယ္သြားတာေတာင္မတည္ၿငိမ္ႏိုင္ေသးေပ။

အခုေတာ့တကယ့္ေနာက္ဆံုးအခ်ိန္ကိုေရာက္လာခဲ့ၿပီ....ဒီအခ်ိန္မွာသူခံစားေနရတဲ့ခံစားခ်က္အတိအက်ကိုမရွင္းလင္းေပမယ့္အခုသူ႔ေရွ႕မွာေရြးခ်ယ္စရာႏွစ္ခုသာရွိေနသည္။

အခုသူကူးေျပာင္းေရးအခင္းအက်င္းထဲဝင္ဖို႔ေရြးခ်ယ္လိုက္တာနဲ႔အခုခ်ိန္ကသူနဲ႔ခ်ဴးဝူရံုတို႔ရဲ႔ဆက္သြယ္မႈေနာက္ဆံုးအႀကိမ္ျဖစ္သြားမည္။အကယ္၍သူကလက္ေလ်ာဖို႔ေရြးခ်ယ္လိုက္ရင္ေတာ့တစ္နာရီၾကာၿပီးေနာက္မွာဒီအမတကၽြန္းကေနအတင္းအၾကပ္ဖယ္ရွားခံရၿပီးေတာ့သူခ်ဴးဝူရံုနဲ႔အခ်ိန္အၾကာႀကီးေနထိုင္ရလိမ့္မည္။

ဒါေပမဲ့တကယ့္ကမာၻအစစ္မွာေတာ့သူေသဆံုးသြားၿပီးေဆးရံုကုတင္မွာလွဲေနတဲ့ဂ်င္ခ်န္းဂ်ီသည္လည္းထာဝရအိပ္ေပ်ာ္သြားရမွာပင္။

[....ႀကီးျမတ္တဲ့hostေရ......ႀကီးျမတ္တဲ့hostေရ!]

ေရွာင္းခ်ီသည္သူ႔အားအလြန္ၿခိမ္းေျခာက္ႏိုင္ေသာခ်ဴးဝူရံုကိုပထမဆုံးအႀကိမ္အျဖစ္အာရံုမစိုက္ပဲအေတြးထဲမွာေပ်ာက္ဆံုးေနသည့္လီလ်ိဳကိုႏွိုးရန္သာႀကိဳးစားေနသည္။သူကလီလ်ိဳရဲ႔စိတ္ထဲမွာတိုက္႐ိုက္ေအာ္ဟစ္ေန၏။

[တိုးတက္မႈျပဇယားက၉၉%ကိုေရာက္ေနပါၿပီ..ၿပီးျပည့္စံုဖို႔နည္းနည္းေလးပဲလိုေတာ့တာ...အရင္ကႀကိဳးပမ္းထားသမွ်အားလံုးကိုျဖဳန္းတီးၿပီးအရွံုးမေပးလိုက္ပါနဲ႔]

ေရွာင္းခ်ီရဲ႔ေအာ္သံေၾကာင့္လီလ်ိဳရဲ႔အာရံုျပန္ရလာသည္။တကယ္ေတာ့သူဒီမွာခ်ဴးဝူရံုနဲ႔ေနရတာအရမ္းလွပတယ္...ဒါေပမဲ့ဒါကထင္ေယာင္ထင္မွားကမာၻတစ္ခုပဲျဖစ္ၿပီးသူ႔မိသားစုနဲ႔သူငယ္ခ်င္းေတြအားလံုးကတကယ့္ကမာၻအစစ္မွာၿပီးေတာ့အဲ့ဒီေနရာကလည္းသူတကယ္သြားသင့္တဲ့ေနရာျဖစ္ေနတယ္..

ဒါ့အျပင္ဒီကေခတၱခဏလမ္းခြဲျခင္းကသူနဲ႔ဂ်င္ခ်န္းဂ်ီတို႔တကယ့္ကမာၻအစစ္မွာျပန္ေတြ႕ဖို႔ျဖစ္မွာ

ခ်ဴးဝူရံုကဂ်င္ခ်န္းဂ်ီဆိုတဲ့နာမည္ကိုမသိေပမယ့္သူတကယ့္ကမာၻအစစ္ကိုျပန္ေရာက္ရင္ဂ်င္ခ်န္းဂ်ီလည္းသူ႔ရဲ႔ေမ့ေျမာေနတဲ့အေျခအေနနဲ႔အားလံုးသိေနႏိုင္တယ္ေလ...သူ႔ဝိဉာဥ္ကကမာၻေတြကိုျဖတ္ခဲ့တဲ့ေနာက္ကိုေတာက္ေလွ်ာက္လိုက္ခဲ့တယ္ဆိုတာ

ဒါ့အျပင္သူ႔အေပၚမွာရွိေနတဲ့ဂ်င္ခ်န္းဂ်ီရဲ႔ခံစားခ်က္ေတြကသူဒီကမာၻေတြမွာကိုယ္တိုင္ေတြ႕ၾကံဳခဲ့ရသလိုမ်ိဳးပဲေျပာင္းလဲမွာမဟုတ္ဘူး....ဂ်င္ခ်န္းဂ်ီကသူ႔ကိုႏွလံုးသားထဲမွာဟိုးတုန္းကတည္းကထည့္ထားတာ

အဲ့ဒါေၾကာင့္ေခတၱခဏခြဲခြာရတာကိုေၾကာက္စရာမလိုဘူး

လီလိ်ဳသည္ေနာက္ဆံုးေတာ့သူ႔ခံစားခ်က္မ်ားကိုထိန္းခ်ဳပ္ႏိုင္သြားၿပီးခ်ဴးဝူရံုရဲ႔လက္ထဲကလေရာင္ရည္ပုလင္းကိုလွမ္းယူလိုက္သည္။ခ်ဴးဝူရံုက႐ုတ္တရက္သူ႔လက္ထဲကေက်ာက္စိမ္းပုလင္းေလးႏွစ္ပုလင္းအားဆုပ္ကိုင္ထားလိုက္ၿပီးသူ႔ရဲ႔မ်က္လံုးမ်ားကေမွာင္မိုက္တဲ့ခရမ္းေရာင္အျဖစ္ေျပာင္းလဲသြားသည္။

"ေရွာင္းလ်ိဳ,မင္းေျပာတာမင္းကကိုယ္တစ္ေယာက္တည္းနဲ႔ပဲသက္ဆိုင္တယ္..အဲ့ဒါအရင္ကပဲျဖစ္ျဖစ္ေနာင္ကိုပဲျဖစ္ျဖစ္ဟုတ္တယ္မွတ္လား?"

လီလ်ိဳကခ်ဴးဝူရံုရဲ႔မ်က္လံုးမ်ားထဲသို႔ၾကည့္လိုက္ၿပီးသူ႔ေခါင္းကိုျပင္းျပင္းထန္ထန္ညိတ္ျပသည္။

"ဟုတ္တယ္..ငါကအၿမဲတမ္းမင္းတစ္ေယာက္တည္းနဲ႔ပဲသက္ဆိုင္တယ္"

အဲ့ဒါကခ်င္ယုပဲျဖစ္ျဖစ္အဲလ္ဗစ္ပဲျဖစ္ျဖစ္ခ်ဳးဝူရံုပဲျဖစ္ျဖစ္ဒါမွမဟုတ္ဂ်င္ခ်န္းဂ်ီပဲျဖစ္ျဖစ္တူညီတဲ့ဝိဉာဥ္တစ္ခုတည္းပဲ...ၿပီးေတာ့သူခ်စ္တာလည္းအဲ့ဒီဝိဉာဥ္ပဲ

ခ်ဴးဝူေလရံုသည္လီလိ်ဳရဲ႔မ်က္လံုးမ်ားထဲသို႔အၾကာႀကီးစိုက္ၾကည့္ေနၿပီးေနာက္သူ႔မ်က္လံုးထဲကနက္႐ွိဳင္းသည့္ခရမ္းေရာင္သည္တစ္ျဖည္းျဖည္းေလ်ာ့နည္းလာကာသူ႔ရဲ႔နဂိုသန္႔စင္ၿပီးနက္႐ွိဳင္းသည့္ညနက္ကဲ့သို႔အနက္ေရာင္ျပန္ျဖစ္သြားသည္။ထို႔ေနာက္သူ႔လက္ကိုေျဖေလ်ာ့လိ္ုက္ကာလီလိ်ဳအားတစ္ပုလင္းယူေစလိုက္ေလသည္။

အမ်ိဳးသားႏွစ္ေယာက္လံုးေက်ာက္စိမ္းပုလင္းထဲမွအနည္းငယ္ေအးစက္ၿပီးခ်ိဳၿမိန္မႈမ်ားလည္းပါဝင္ေနသည့္အရည္အားဆက္တိုက္ေသာက္ခ်လိုက္ၾက၏။

လီလိ်ဳကေတာ့သူ႔ပါးစပ္မွတစ္ဆင့္လည္ေခ်ာင္းထဲသို႔ဆင္းသြားသည့္ထူးဆန္းေႏြးေထြးေသာအရည္ကိုသာခံစားလိုက္ရၿပီးသူ႔ေျခလက္ေလးဘက္လံုးကေႏြးေထြးတဲ့ေရထဲစိမ္ေနရသလိုမ်ိဳးအလြန္သက္ေတာင့္သက္သာရွိသြားသည္။

လေရာင္ရည္ကိုေသာက္ၿပီးေနာက္လီလ်ိဳႏွင့္ခ်ဴးဝူရံုတို႔သည္ကူးေျပာင္းေရးအစီအရင္ရွိရာသို႔ေလွ်ာက္သြားလိုက္ၾကသည္။ကၽြန္းဝိဉာဥ္ေျပာျပခဲ့သည့္လံုျခံဳေရးအကြာအေဝးကိုျဖတ္သန္းၿပီးေနာက္႐ုတ္တရက္သူတို႔ကိုမတြန္းလွန္ႏိုင္ေလာက္သည့္အင္အားတစ္ခုကစုပ္ယူဆြဲသြားသည္ကိုခံစားလိုက္ရေလသည္။

လီလိ်ဳကေတာ့သူ႔ကိုယ္ကမျမင္ရတဲ့စုပ္အားတစ္ခုႏွင့္ေမ်ာလြင့္သြားၿပီးကူးေျပာင္းေရးအခင္းအက်င္းရွိရာသို႔ပ်ံသန္းသြားသည္ကိုသာခံစားလိုက္ရသည္။

ကူးေျပာင္းေရးအစီအရင္ကေရႊေရာင္အလင္းမ်ားျဖင့္ဝန္းရံေနၿပီးအေပၚေလာက္မွာအေတာ္ေလးေတာက္ပသည့္အလင္းေရာင္မ်ားရွိေနသည္။အဲ့ဒါအျပင္ေတာ့တစ္ျခားၾကည့္စရာမရွိဘူး။ထိုေရႊေရာင္အလင္းတန္းကသာေရွ႕သို႔ဆက္တိုက္ေျပးသြားေနၿပီးသူတို႔ကိုဘယ္ေခၚသြားမလဲမသိႏိုင္ေပ။

"ေရွာင္းလ်ိဳ"

ထိုအခ်ိန္မွာပဲ႐ုတ္တရက္ခ်ဴးဝူရံုကေခၚလာသည္။သူကလွည့္ၾကည့္လိုက္တဲ့အခါခ်ဴးဝူရံုကသူ႔ႏႈတ္ခမ္းကိုတိုက္႐ိုက္နမ္းလာသည္။

ထိုအနမ္းကခ်ဴးဝူရံုရဲ႔သာမာန္လိုခ်င္တပ္မက္မႈျပည့္ဝေနတဲ့အနမ္းနဲ႔မတူတာေၾကာင့္လီလ်ိဳသည္ထိုအနမ္းထဲေပ်ာ္ဝင္သြားမိ၏။

အလင္းသည္လည္းေတာက္ပသထက္ေတာက္ပလာၿပီးေနာက္ဆံုးေတာ့လီလ်ိဳနဲ႔ခ်ဴးဝူရံုတို႔ႏွစ္ေယာက္လံုးကိုအျပည့္အဝလႊမ္းျခံဳသြားေတာ့သည္။

[ကမာၻရဲ႔တိုးတက္မႈႏႈန္း၁၀၀%သို႔ေရာက္ရွိပါၿပီ....ကမာၻရဲ႔တိုက္ခိုက္မႈအစီအစဥ္ေတြအားလံုးၿပီးေျမာက္သြားပါတယ္,တာဝန္ေတြအားလံုးကိုၿပီးေျမာက္သြားတဲ့အတြက္ႀကီးျမတ္တဲ့hostကိုဂုဏ္ျပဳပါတယ္!]

လီလိ်ဳရဲ႔အသိစိတ္လံုးဝမေပ်ာက္ကြယ္သြားခင္မွာပဲသူ႔စိတ္ထဲမွာေရွာင္းခ်ီရဲ႔တိုင္းတာလို႔မရေလာက္ေအာင္ေပ်ာ္ရႊင္ေနေသာအသံအားၾကားလိုက္ရၿပီးေနာက္မွာေတာ့သူဘာမွမသိေတာ့ေပ။

****

လီလ်ိဳသူ႔ရဲ႔မ်က္လံုးမ်ားကိုဖြင့္လိုက္သည္။ေကာင္းကင္ကေရာင္နီမလာေသးတာေၾကာင့္သူ႔မ်က္လံုးထဲမွာေမွာင္မဲေနသည့္မ်က္ႏွာက်က္ကိုသာျမင္ရ၏

သူ——ကမာၻအစစ္ကိုျပန္ေရာက္ၿပီ

မထိန္းခ်ဳပ္ႏိုင္စြာျဖင့္သူ႔ႏႈတ္ခမ္းအားလက္ႏွင့္ထိၾကည့္မိေလသည္။ၾကည့္ရတာခ်ဴးဝူရံုရဲ႔ယခင္အနမ္းမွအပူခ်ိန္ကက်န္ရွိေနေသးပံုပင္။

[ႀကီးျမတ္တဲ့hostေရ....တာဝန္ေတြအားလံုးၿပီးေျမာက္ပါၿပီ..အံ့အားသင့္စရာလက္ေဆာင္ထုပ္ကိုအလိုအေလ်ာက္ပို႔ေဆာင္ေပးလိုက္ပါ့မယ့္ၿပီးရင္ေတာ့သြားခ်င္တဲ့ကမာၻကိုျပန္သြားဖို႔ကအခြင့္အေရးကိုအခုအသံုးခ်လိုပါသလား?]

ေရွာင္းခ်ီရဲ႔စကားမ်ားကိုနားေထာက္ၿပီးေနာက္လီလိ်ဳကတစ္စံုတစ္ခုကိုစဥ္းစားေနဟန္တူသည္။သူကအိပ္ယာေပၚက႐ုတ္တရက္ထထိုင္လိုက္ၿပီးစလစ္ပါပင္မဝတ္ႏိုင္ေတာ့ပဲဗီဒိုေရွ႕သို႔ေျပးကာအဝတ္ကိုအလ်င္အျမန္ဝတ္လိုက္သည္။

[အခြင့္အေရးကိုေနာက္မွပဲအသံုးခ်မယ္..အခုဂ်င္ခ်န္းဂ်ီႏိုးၿပီလား?]

လီလ်ိဳကအက်ႌဝတ္ေနရင္းျဖင့္ေရွာင္းခ်ီကိုေမးလိုက္သည္။

[ႏိုးလာလုနီးပါးပါပဲ]

အေပါင္းဘက္ေရာက္တဲ့အေျဖကိုရရွိၿပီးေနာက္လီလ်ိဳရဲ႔ႏွလံုးသားသည္အဆမတန္ခုန္ျမန္လာရသည္။

သူဂ်င္ခ်န္းဂ်ီကိုအခုပဲေတြ႕ခ်င္တယ္!

လီလိ်ဳသည္သူ႔ကိုယ္ေပၚအဝတ္ဘယ္လိုဝတ္မိလိုက္လဲဆိုတာပင္မသိေတာ့ေပ။ဖိနပ္အားအဆင္ေျပသလိုဝတ္လိုက္ၿပီးေနာက္တံခါးကိုဖြင့္ကာေျပးထြက္သြားေတာ့သည္။ထို႔ေနာက္taxiတစ္စီးအားအလ်င္စလိုငွားလိုက္ၿပီးဂ်င္ခ်န္းဂ်ီတက္ေနတဲ့ေဆးရံုရွိရာအေစာတလ်င္သြားေလသည္။

ေဆးရံုကိုေရာက္ၿပီးေနာက္လီလ်ိဳကကားသမားအားပိုက္ဆံဘယ္ေလာက္ေပးလိုက္မိလဲမသိေပ။ေဆးရံုထဲသို႔သာတည့္တည့္ဝင္သြားသည္။ဓာတ္ေလွကားကအျမင့္ဆံုးအထပ္မွာရပ္ေနဆဲဆိုတာကိုျမင္တဲ့အခါလီလ်ိဳကဓာတ္ေလွကားခလုတ္အားအႀကိမ္အနည္းငယ္ဖိႏွိပ္ေနေသာ္လည္းေနာက္ဆံုးမွာေတာ့စိတ္ကိုျပင္ဆင္၍ေလွကားကေနသာေျပးတက္ေတာ့သည္။

ထိုအခ်ိန္မွာပဲေဆးရံုရဲ႔ထိပ္ဆံုးအလႊာကအျဖဴေရာင္အခန္းထဲမွေဆးရံုကုတင္ေပၚတြင္လဲေလ်ာင္းေနသည့္လူငယ္ေလးရဲ႔ႏွလံုးခုန္ႏႈန္းႏွင့္ဦးေႏွာက္လွိုင္းမ်ားႏွင့္ခ်ိတ္ဆက္ထားတဲ့လက္တစ္ဖက္က႐ုတ္တရက္လွဳပ္ရွားသြားသည္။ထို႔ေနာက္ပိတ္ထားတဲ့မ်က္ခြံမ်ားကအႀကိမ္အနည္းငယ္တုန္ယင္လာၿပီး,ေနာက္တစ္ခဏမွာပဲမ်က္လံုးမ်ားပြင့္လာသည္။ထိုနက္ေမွာင္ေနသည့္မ်က္လံုးမ်ားကခဏေလာက္ျမဴဆိုင္းေနၿပီးမွတစ္ျဖည္းျဖည္းနဲ႔ၾကည္လင္ရွင္းလင္းလာသည္။

သူ႔အသိစိတ္ျပန္ရလာသည့္တစ္ခဏမွာပဲမေရမတြက္ႏိုင္တဲ့မွတ္ဉာဏ္မ်ားကသူ႔စိတ္ထဲ႐ုတ္တရက္တိုးဝင္လာေတာ့သည္။

ခ်င္ယု,အဲလ္ဗစ္ၿပီးေတာ့ခ်ဴးဝူရံု....ထိုမွတ္ဉာဏ္မ်ားကသူ႔စိတ္ထဲမွာကြက္ကြက္ကြင္းကြင္းျမင္လာရၿပီးပံုရိပ္မ်ားစြာျဖင့္ဆက္သြယ္သြားကာသူ႔စိတ္တစ္ခုလံုးကိုျပည့္ႏွက္သြားသည္။

ထို႔ေနာက္မွတ္ဉာဏ္အားလံုးကလူတစ္ေယာက္တည္းရဲ႔ပံုရိပ္အျဖစ္ေပါင္းစပ္သြားသည္။——အဲ့ဒါကသူအခ်ိန္အၾကာႀကီးတိတ္တဆိတ္ခ်စ္လာခဲ့ရတဲ့သူ...သူ႔လက္ဖဝါးထဲထည့္ၿပီးသူ႔ဘဝတစ္သက္တာလံုးခ်စ္ျမတ္ႏိုးေပးခ်င္တဲ့သူ

ထိုအခ်ိန္မွာပဲလီလ်ိဳသည္လည္းအေမာတေကာျဖင့္ေဆးရံုခန္းရွိရာသို႔ေျပးလာၿပီျဖစ္သည္။မ်ားျပားလွတဲ့မွတ္ဉာဏ္မ်ားေၾကာင့္မ်က္လုံုးေတြနက္႐ွီဳင္းလာၿပီးေလးနက္လာသည့္ဂ်င္ခ်န္းဂ်ီသည္လီလ်ိဳရဲ႔မ်က္လံုးမ်ားနဲ႔ေတြ႕ဆံုသြားသည္။

လီလိ်ဳသည္သူ႔ကိုေငးၾကည့္ေနသည့္ဂ်င္ခ်န္းဂ်ီအားျပန္ၾကည့္လိုက္ကာအႀကိမ္အနည္းငယ္မွ်အသက္ကိုျပင္းျပင္းရႈလိုက္သည္။သူ႔မ်က္လံုးမ်ားကညေကာင္းကင္ယံမွာေတာက္ပေနတဲ့ၾကယ္ေလးမ်ားလိုတစ္လက္လက္ျဖစ္ေနၿပီးဂ်င္ခ်န္းဂ်ီရွိရာသို႔ေျဖးၫွင္းစြာေလွ်ာက္လွမ္းသြားရင္းျဖင့္သူ႔လက္အားအလ်င္မလိုစြာဆုပ္ကိုင္ထားလိုက္ေတာ့၏။

-----------------------END-------------------------------

T/N - ဇာတ္လမ္းကဒီတင္ဆံုး၏။

ေနာက္မွာ Extra ႏွစ္ပိုင္းက်န္ပါေသးတယ္ 

ေနာက္ၿပီးေတာ့ဒီမွာေလစာေရးသူက်န္ခဲ့တာလားေတာ့မသိဘူးရိထ်န္းရွင္းတို႔အေၾကာင္းမပါေတာ့ဘူးေရာ္။ခဏေလးပဲပါလိုက္ၿပီးသူတို႔နဲ႔ပတ္သတ္တာဘာမွဆက္မျဖစ္ေတာ့ဘူး။ကိ္ုယ္လည္းက်န္ခဲ့လားဆိုၿပီးအႀကိမ္ႀကိမ္ျပန္ၾကည့္ေသးတယ္မေတြ႕ဘူးရယ္။

..........................................

Continue Reading

You'll Also Like

809K 16.4K 83
ကောင်မလေးကိုချစ်ပါသည်။
22.6K 2.6K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
80.7K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.
107K 22.9K 45
Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Transla...