Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1.1M 153K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter-48

10.1K 1.4K 63
By Neko_san_ZP

Zawgyi

မိုးေသာက္ယံေရာက္႐ွိေသာ္လည္း ဝမ္ေဖးရန္အနားယူရန္ စိတ္ကူးမ႐ွိေပ၊သူဟာ ယီြ႔ခ်င္ကု႔ခ်င္းကို ထုတ္ယူလိုက္ၿပီး ထိုကု႔ခ်င္းနဲ႔ဆက္သြယ္ကာ ယီြ႔ခ်င္နယ္ေျမအတြင္းဝင္ေရာက္လာေတာ့သည္၊ သူေရာက္လာသည္ႏွင့္ ယီြ႔ဟာ ေပ်ာ္ရႊင္စြာေရာက္လာၿပီး

"ေဖးေဖး ဒီခ်ံဴးအဆင့္သိုင္းပညာ႐ွင္ျဖစ္သြားတာ ဂုဏ္ယူပါတယ္"လို႔ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ ျပံဳးကာေခါင္းညိတ္လိုက္ရင္း

"ယီြ႔ အခု ယီြ႔ခ်င္ကုန္းရဲ႕ဒုတိယအထပ္ကို ငါဝင္လို႔ရၿပီလား" လို႔ ေမးလိုက္ေတာ့ ယီြ႔ဟာ ေခါင္းအဆက္မျပတ္ညိတ္ကာ ထိုအထပ္နဲ႔ပတ္သတ္ၿပီး စတင္႐ွင္းျပေတာ့သည္၊

ယီြ႔ခ်င္ကုန္းရဲ႕ပထမအထပ္နဲ႔မတူ ဒုတိယထပ္ဟာ အခန္းသံုးခန္းသာ ပြင့္ေသးသည္၊ ပထမခန္းဟာ သိုင္းက်င့္စဥ္မ်ားနဲ႔အျခားအေထြေထြဗဟုသုတမ်ား၊နာမည္ေက်ာ္သိုင္းပုဂၢိဳလ္ႀကီးမ်ားရဲ႕အေၾကာင္း၊ေဆးနဲ႔ပတ္သတ္သည့္ပညာရပ္မ်ား စသည္တို႔ကို စုေဆာင္းရာ ယီြ႔ခ်င္ကုန္းရဲ႕ စာၾကည့္တိုက္အေသးျဖစ္သည္၊

ေနာက္တစ္ခန္းဟာ တန္ဖိုးႀကီးမားသည္ေဆးပင္၊ေဆးျမစ္မ်ား စိုက္ထားသည့္ ေဆးဥယာဥ္ျဖစ္ၿပီး ေနာက္ဆံုးအခန္းဟာ ရတနာပစၥည္းမ်ားထားရာအခန္းျဖစ္သည္၊ ဒုတိယအထပ္ကို တက္ဖို႔ လိုအပ္ခ်က္မွာ အနည္းဆံုး ဒီခ်ံဴးအဆင့္ျဖစ္ရၿပီး ဒုတိယအထပ္ကိုမတက္ခင္မွာ ယီြ႔ခ်င္ကုန္းက ဖန္တီးေပးထားသည့္ မိမိႏွင့္စြမ္းရည္တူ ရန္သူကိုတိုက္ခိုက္ရမည္ျဖစ္သည္၊

ဝမ္ေဖးရန္ ယီြ႔ကို အဆင္သင့္ျဖစ္ေၾကာင္း ေခါင္းညိတ္ျပလိုက္ရင္း ဒုတိယအထပ္နဲ႔ပထမအထပ္ၾကား ကာရံထားသည့္အနက္ေရာင္ကြင္းႀကီးထဲကို ဝင္သြားေတာ့သည္၊သူအထဲေရာက္ေတာ့ ကြင္းျပင္ႀကီးတစ္ခုကို ေတြ႔လိုက္ရတာေၾကာင့္ အံ့အားသင့္မိတာအမွန္ေပ၊

ထိုၾကားခံထဲမွာ ပံုရိပ္ေယာင္နယ္ေျမ ဖန္တီးထားမည္မွန္း မေတြးမိတာအမွန္ေပ၊ထိုခ်ိန္မွာ နယ္ေျမထဲရန္သူေရာက္လာသည္ကို သိသည့္ႏွယ္ ေလမ်ားတိုက္ခိုက္လာကာ ဖုန္မႈန္႔မ်ားသည္ ဝမ္ေဖးရန္ရဲ႕ မီတာအနည္းငယ္အကြာမွာ စုသြားၿပီး လူပံုသ႑ာန္႐ုပ္ေသး႐ုပ္တစ္႐ုပ္ထြက္လာေတာ့သည္၊

ဒါေၾကာင့္ ဝမ္ေဖးရန္လည္း အခ်ိန္မဆြဲေတာ့ပဲ ရြယ္ေဆြ႕ဓားကို ထုတ္လိုက္ေတာ့ တစ္ဖက္က ရန္သူလက္ထဲတြင္လည္း ဓားတစ္ေခ်ာင္းေပၚလာေတာ့သည္၊ဝမ္ေဖးရန္ရဲ႕မ်က္လံုးအေရာင္တစ္ခ်က္လက္သြားကာ

'ၾကည့္ရတာ ထို႐ုပ္ေသး႐ုပ္က ၿပိဳင္ဘက္သံုးတဲ့လက္နက္အတိုင္း လိုက္အသံုးျပဳတဲ့ပံုပဲ' လို႔ ေတြးေတာလိုက္ရင္း သူရဲ႕ရြယ္ေဆြဓားကို ကု႔ခ်င္းပံုသ႑ာန္ေျပာင္းဖို႔မႀကိဳးစားေတာ့ပဲ ဓားကို ေသခ်ာေနရာယူကာ

"မက္မြန္ပြင့္ဖက္မ်ား ျပန္႔က်ဲေစ" လို႔ ရြတ္ဆုိကာ ေျပးဝင္သြားေတာ့သည္၊တစ္ဖက္ရန္သူဟာလည္း ဓားကိုပုခံုးနားထိ ေျမာက္တင္လာကာ သူ႔ဆီေျပးဝင္လာေတာ့သည္၊ ဝမ္ေဖးရန္ရဲ႕ႏူတ္ခမ္းမ်ားေကာ့ေကြ႔းသြားၿပီး သူရဲ႕လက္ထဲ႐ွိဓားသည္လည္း မက္မြန္ပြင့္ဖက္မ်ား အသြင္ေျပာင္းကာ ေလထဲမွာ ျပန္႔က်ဲသြားေတာ့သည္၊

ဝမ္ေဖးရန္ဟာ ရပ္လိုက္ၿပီး အေနာက္ကို ေလးလွမ္းေလာက္ ခုန္ဆုတ္လိုက္ၿပီး သူရဲ႕ဘယ္ဘက္လက္ကို ရင္ဝထိ ပင့္​ေျမာက္လိုက္ၿပီး လက္ေခ်ာင္းႏွစ္ေခ်ာင္းကို ပူးကပ္လိုက္ၿပီး သူ႔ဆီေျပးဝင္လာသည့္ရန္သူကို ၫႊန္ျပလိုက္ေတာ့ ေလထဲမွာ ေဝ့ဝဲ​ေနသည့္မက္မြန္ပြင့္မ်ားသည္ ခ်က္ခ်င္းဓားပံုသ႑ာန္​ေျပာင္းသြား​ေတာ့သည္၊

"မက္မြန္အပြင့္တစ္ရာ႐ိုက္ခ်က္" လို႔ ရြတ္ကာ ေလထဲ႐ွိဓားေတြကို ႐ုပ္ေသး႐ုပ္ကို ထိုးစိုက္ရန္ၫႊန္ျပလိုက္ေတာ့သည္၊ေလထဲ႐ွိဓားမ်ားသည္လည္း အမိန္႔ရသည္ႏွင့္ ႐ုပ္ေသး႐ုပ္ဆီကို ေျပးဝင္ေတာ့သည္၊ ဓားတစ္ရာဟာ ႐ုပ္ေသး႐ုပ္ရဲ႕ေနရာလြတ္မက်န္ထိုးစိုက္ရန္ ေျပးဝင္ေပမယ့္ ဒီခ်ံဴးအဆင့္ျဖစ္တာေၾကာင့္ ႐ုပ္ေသး႐ုပ္ဟာ ေ႐ွာင္လည္းေ႐ွာင္ သူရဲ႕ဓားနဲ႔လည္း ျပန္လည္ခုခံေနေတာ့သည္၊

ဒါေပမယ့္ ထိုခ်ိန္မွာ အျပာေရာင္ေကာင္းကင္ႀကီးဟာ မဲေမွာင္လင္းလက္လာကာ ေၾကာက္စရာေကာင္းသည့္ ခ်ီစြမ္းအင္မ်ားျပည့္သိပ္လာေတာ့သည္၊

ဝမ္ေဖးရန္လက္ထဲ႐ွိ ရြယ္ေဆြ႕ဓားသည္ ကု႔ခ်င္းအျဖစ္ ေျပာင္းလဲသြားၿပီး ေတးသံစဥ္တစ္ပုဒ္စတင္တီးေတာ့သည္၊ ထိုေတးသံစဥ္ဟာ ၾကားရသူအဖို႔ မေတာင့္ခံႏိုင္ရေအာင္ပင္ နာက်င္မႈကိုခံစားရသည္၊ကု႔ခ်င္းေပၚ႐ွိ ေက်ာက္စိမ္းလက္ေလးမ်ားသည္လည္း ယခုေတာ့ လူသတ္လက္နက္မ်ားသဖြယ္၊

ေတးသံတစ္ခ်က္ထြက္လာတိုင္း ေၾကာက္စရာေကာင္းသည့္ခ်ီစြမ္းအင္မ်ားဟာ ေကာင္းကင္မွာ စုေဝးလာေတာ့သည္၊ ထိုေနာက္ ေကာင္းကင္႐ွိ ခ်ီစြမ္းအင္မ်ားသည္ ခြၽန္ထက္သည့္ပံုသ႑ာန္ေျပာင္းလဲကုန္ကာ လူငယ္ေလးရဲ႕ ေတးသံ တီးခတ္မႈသည္လည္း ပိုမိုၾကမ္းတမ္းလာေတာ့သည္၊

"ၾကယ္ေႂကြျခင္းသံစဥ္သိုင္းကြက္"

႐ုပ္ေသး႐ုပ္သည္လည္း ေျမျပင္ေပၚဒူးေထာက္ကာ ေကာင္းကင္အထက္ကေန အ႐ွိန္နဲ႔ေျပးဝင္လာသည့္ တိုက္ခိုက္မႈကို မေ႐ွာင္ႏိုင္ေတာ့ကာ ထိုခြၽန္ထက္သည့္ခ်ီမ်ားသည္ သူ႔ကို ထိုးစိုက္ကုန္ၾကေတာ့သည္၊ထို​ေနာက္ ႐ုပ္ေသး႐ုပ္သည္ အမႈန္မ်ားျဖင့္ ျပန္လည္ေျပာင္းလဲသြားကာ ဝမ္ေဖးရန္ေ႐ွ႕႐ွိ ျမင္ကြင္းသည္လည္း ခမ္းနားႀကီးက်ယ္ျမင့္ျမတ္သည့္ အေဆာက္အဦးအတြင္းအပိုင္းအျဖင့္ ေျပာင္းလဲသြားေတာ့သည္၊

'ဒါ ယီြ႔ခ်င္ကုန္းရဲ႕ဒုတိယအထပ္ေပါ့'

ထိုခ်ိန္မွာ ယီြ႔ဟာ သူ႔ေဘးတြင္ေပၚလာကာ

"ေဖးေဖး... ခုနက ႐ွင္းျပခ်က္အတိုင္းပဲ စာၾကည့္တိုက္ေသးကို သြားၿပီး သခင္အျဖင့္ အသိအမွတ္ျပဳမယ္ဆုိရင္ ထိုစာၾကည့္တိုက္ေသးထဲက စာအုပ္ေတြက ေဖးေဖး အျပင္ေလာကမွာလိုအပ္သည့္ခ်ိန္တိုင္း မွတ္ဥာဏ္ထဲ ေပၚလာလိမ့္မယ္...၊ေနာက္ၿပီး ေဆးဥယာဥ္မွာ အပင္ငါးမ်ိဳးပဲ ယူလို႔ရမယ္၊ ေနာက္ဆယ္ႏွစ္မွာမွ ျပန္ဝင္ခြင့္ရလိမ့္မယ္၊ရတနာခန္းမမွာေတာ့ ရတနာ​ေလးမ်ိဳးယူ​ေဆာင္ခြင့္႐ွိတယ္ ...သူကေတာ့ ေနာက္တစ္ႀကိမ္ ဝင္ေရာက္ဖို႔ဆုိရင္ ကိုယ့္ထက္ အဆင့္သံုးဆင့္ျမႇင့္တဲသိုင္းပညာ႐ွင္နဲ႔တိုက္ခိုက္ရလိမ့္မယ္...ကဲ ေဖးေဖး ဘယ္ကိုအရင္သြားမလဲ"လို႔ တစ္လက္လက္ေတာက္ပေနသည့္မ်က္ဝန္းဝိုင္းႀကီးနဲ႔ ဝမ္ေဖးရန္ကိုၾကည့္ကာ ယြီ႔ေျပာလိုက္သည္၊

႐ွင္း႐ွင္းေျပာရရင္ PiaoYuနဂါးဆက္ခံသူအားလံုးဟာ ေတာ္ၾကသည္ဟာအမွန္ျဖစ္ေပမယ့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ေသဆံုးသြားက်ျမဲပင္၊လြန္ခဲ့တဲ့ႏွစ္တစ္ေသာင္းကစၿပီး ဒီဒုတိယအထပ္ကို ဝင္မဲ့႐ွိပင္မ႐ွိေတာ့ေခ်၊

"စာၾကည္တိုက္ေသးကို အရင္သြားက်မယ္ ..."လို႔ ဝမ္ေဖးရန္ေျပာလိုက္ေတာ့ ယီြ႔ဟာ ေခါင္းေလးညိတ္ကာ ဦးေဆာင္ေခၚေဆာင္သြားေတာ့သည္၊ထို​ေနာက္ ေက်ာက္စိမ္းမ်ားနဲ႔ထုထြင္းထားသည့္ ခမ္းနားႀကီးက်ယ္လွသည့္ တံခါးမႀကီးေ႐ွ႕ေရာက္ေတာ့ ယီြ႔ဟာ ဝမ္ေဖးရန္ဘက္ကိုလွည့္ကာ

"ေဖးေဖး ဝင္သြားလို႔ရၿပီ တစ္ခုေတာ့ မွတ္ထားပါ သူတို႔က ေမးခြန္းတစ္ခြန္းေမးလိမ့္မယ္...အေကာင္းဆံုးေျဖႏိုင္ခဲ့ရင္ ေဖးေဖးကို အစစ္အမွန္သခင္အျဖစ္ သတ္မွတ္လိမ့္မယ္" လို႔ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ ေခါင္းညိတ္ကာ ျပံဳးလိုက္ၿပီး တံခါးမႀကီးကိုတြန္းဖြင့္ကာ ဝင္သြားေတာ့သည္၊

စာၾကည့္တိုက္ေသးသာဆိုသည္ အက်ယ္အဝန္းဟာ သူတို႔ေ႐ွာင္ကလန္က စာၾကည့္တိုက္ထက္ႀကီးမားရံုသာမက သူလာခဲ့သည့္ကမာၻက ဗဟိုစာၾကည့္တိုက္ႀကီးေလာက္႐ွိသည္ကို ေတြ႔လိုက္ရေတာ့ ဝမ္ေဖးရန္အံ့အားသင့္သြားေတာ့သည္၊ ထိုခ်ိန္မွာ သက္ရြယ္ႀကီးရင့္အိုမင္း​ၿပီး ၾသဇာ တိကၠမျပည့္စံုလြန္းသည့္ ေယာက်ာ္းတစ္ေယာက္အသံထြက္လာေတာ့သည္၊

"အသိပညာေရးဖြဲ႕ထားသည္႕စာအုပ္ရဲ႕ အသံုးဝင္မႈကို သင္ဘယ္လိုသေဘာရလဲ?"

'...' ဥမ....ဥမ... ဥမေရ ေမးေနၿပီဟ

[System:ဟဲ့ ငါက Systemတစ္ခုသာသာပါေနာ္ ေမးခြန္းနဲ႔အေျဖ စံုစမ္းေရးရာဌာနမဟုတ္ဘူး... ]လို႔ ဥမဟာ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ ထိုဥမကို ကိုင္ေပါက္ခ်င္စိတ္ေပါက္သြားသည္၊ဒါေပမယ့္ ေလာေလာဆယ္ ႐ွိသမ်ွဥာဏ္ရည္ေတြကို ထုတ္သံုးကာ သူ႔မ်က္ဝန္းမ်ားဟာ အေရာင္တစ္ခ်က္လက္သြားကာ

"စာအုပ္ထဲမွာ ႐ွိေနသည့္ အသိပညာေတြကို ကိုယ္ပိုင္အသိပညာအျဖစ္ လုပ္ေပးႏိုင္တာ အသိပညာစာအုပ္ရဲ႕အသံုးဝင္မႈ တစ္ခုသာ"

*ဒင္*

ထိုခ်ိန္မွာ ႀကီးမားသည့္ေရႊေရာင္စာအုပ္ႀကီးေပၚေပါက္လာကာ ေရႊေရာင္စာရြက္ေပၚတြင္...

{ဝမ္ေဖးရန္ အသက္ - 15 ၊ယီြ႔ခ်င္စာၾကည့္တိုက္ေသးရဲ႕တတိယေျမႇာက္သခင္} ဆုိၿပီး ေရးသားမွတ္သားသြားေတာ့သည္၊ ထိုေနာက္ စာအုပ္စင္ေတြေပၚ တားဆီးထားသည့္ ေရႊေရာင္အလင္းတန္းမ်ားဟာ ေပ်ာက္ကြယ္သြားကာ ပတ္ဝန္းက်င္တစ္ခုလံုးတိတ္ဆိတ္သြားေတာ့သည္၊

ဟင္... ငါ သခင္အျဖစ္အသိအမွတ္ျပဳခံလိုက္ရတာလား!

[System: နင္ သိုင္းဝတၳဳေတြဖတ္ထားတာ အသံုးဝင္သားပဲ အဲ့တာ 'ေကာင္းကင္ဘံု စာၾကည့္တိုက္ 'ထဲက ဇာတ္လိုက္က်န္းရႊမ္ေျပာခဲ့တဲ့စကားမလား?]လို႔ ေမးလိုက္ေတာ့ ဝမ္ေဖးရန္ဟာ စိတ္ထဲကေန ထိုNovelေရးသည့္စာေရးဆရာေကာ၊က်န္းရြမ္ကိုပါ အႀကိမ္ႀကိမ္ေက်းဇူးတင္လိုက္မိသည္၊Novelထဲက စာသားတစ္ေၾကာင္းက ထိုသို႔ အသံုးဝင္ခဲ့မယ္လို႔ မထင္ခဲ့တာအမွန္ေပ၊ ဆရာေရ ကြၽန္ေတာ့္ကမာၻျပန္ေရာက္လာခဲ့ရင္ ၾကယ္ ငါးလံုးေပးၿပီး ေကာင္းမြန္တဲ့မွတ္ခ်က္ေပးေပးမယ္ဗ်

ွစာၾကည့္တိုက္​ေသးရဲ႕အသိအမွတ္ျပဳၿပီး​ေနာက္မွ က်ိန္စာနဲ႔ပတ္သတ္သည့္ အေၾကာင္းအရာေတြကို ေလ့လာရမည္၊စိတ္ပူစရာမလို​ေအာင္ ဒီစာၾကည့္တိုက္ထဲ႐ွိ အသိပညာစာအုပ္မ်ားဟာ သူနဲ႔ဆက္သြယ္ၿပီးသားျဖစ္တာေၾကာင့္

'ေသြးက်ိန္စာနဲ႔ပတ္သတ္သည့္အေၾကာင္းရင္းမ်ားကို ႐ွာေဖြၾကည့္မွပဲ'သူ႔ေခါင္းထဲ တိုးဝင္လာသည့္မွတ္ဥာဏ္မ်ားထဲမွာ ေသြးက်ိန္စာနဲ႔ပတ္သတ္သည္မ်ား ေပၚေပါက္လာေတာ့သည္၊​ေသြးက်ိန္စာဆုိတာ လူေပါင္းတစ္ေသာင္းရဲ႕ႏွလံုးေသြးကို ေဖာက္ကာ ထိုႏွလံုးေသြးရသည့္ေသြးမ်ားျဖင့္ ေၾကာက္စရာေကာင္းသည့္က်ိန္စာတစ္ခုတည္ေဆာက္ၿပီး ငါးႏွစ္ဆက္တိုက္ ထိုေသြးက်ိန္စာရည္ကို တစ္စက္ခ်င္းတိုက္​ေကြၽးရျခင္းျဖစ္သည္၊ ထိုေၾကာက္စရာေကာင္းသည့္ က်ိန္စာဟာ ေအာင္ျမင္ခဲ့ရင္ အသိစိတ္လြတ္ကာ အနီးနားမွာ႐ွိတဲ့လူတိုင္းကို အ႐ူးအမူသတ္ျဖတ္ျခင္းျဖစ္သည္၊ထိုအျပင္ သိုင္းပညာအဆင့္မတက္ပဲ ေျမႀကီးအဆင့္မွာသာ ႏွစ္ခ်ီ ေသာင္တင္ေနတတ္သည္၊ ေျဖ႐ွင္းရန္ နည္းလမ္းမ်ားကေတာ့ သန္႔စင္သည့္ေသြးစက္၊ယန္ကိုးမ်ိဳးေနစၾကၤာပန္း၊ ႏွစ္တ​စ္ေထာင္ေက်ာ္သက္တမ္း႐ွိသည့္ က်ားနဂါးရဲ႕အ႐ိုး၊ျမက္ဘုရင္၊ဝက္ဝံလက္သည္း၊​ေသရြာျပန္ျမက္တို႔နဲ႔​ေဖာ္စပ္ထားသည့္​ေဆးလံုးသည္သာ ထိုက်ိန္စာကိုေျပေပ်ာက္ေပးႏိုင္မည္၊သတိျပဳရန္ ေဆးေဖာ္စပ္သူသည္ ယန္ဓာတ္ျပည့္ဝေနသည့္ေမွာ္ေဆးဆရာျဖစ္ရန္လိုအပ္သည္၊

ထိုအေၾကာင္းအရာမ်ားကို ဖတ္ၿပီးေနာက္ ဝမ္ေဖးရန္ဟာတစ္ခု​ေတြး​ေတာမိသြားၿပီး

"PiaoYuနဂါးဝိညာဥ္ပိုင္႐ွင္ရဲ႕ေသြးကေတာ့ ေသြးက်ိန္စာကို ေျဖေဖ်ာက္ေပးႏိုင္လား"

* ဒင္ *

"မရဘူး Piaoyuနဂါးဝိညာဥ္ပိုင္႐ွင္က ယင္ခနၶာကိုယ္ပိုင္ဆုိင္ထားတာေၾကာင့္ သူရဲ႕ေသြးကအစ အလြန္သန္႔စင္တဲ့ယင္စြမ္းအင္ေတြနဲ႔ျပည့္သိပ္​ေနတာ​ေၾကာင့္ ေသြးက်ိန္စာလို ေအးစက္တဲ့ဓာတ္အေျချပဳသည့္က်ိန္စာကို ပိုမိုႀကီးထြားေစႏိုင္ဘူး က်ိန္စာခံရသူကို အျမန္ဆံုးေသဆံုးသြားေစႏိုင္တယ္"

"....." ေျပာေတာ့ PiaoYuနဂါးဆက္ခံသူက လမ္းေလ်ွာက္ေနတဲ႔ေဆးဆုိ?

"သန္႔စင္ေသြးစက္ကို ဘယ္လို႐ွာေဖြရမလဲ?"

* င္ *

"သန္႔စင္ေသြးစက္က သခင္မွာ ႐ွိေနၿပီသားပါ၊သခင္က PiaoYuနဂါးဆက္ခံသူေပမယ့္ ျမင့္ျမတ္တဲ့ခုႏွစ္စင္ၾကယ္နတ္ဘုရားမရဲ႕ခ်ီးေျမာက္မႈကို ခံယူထားသူျဖစ္တာေၾကာင့္ သခင္ရဲ႕ေသြးက ေ႐ွးက PiaoYuနဂါးဆက္ခံသူရဲ႕ေသြးနဲ႔မတူပါဘူး၊ သခင္ရဲ႕ေသြးက အလြန္ကိုသန္႔စင္လြန္းပါတယ္"

ထိုအခါမွာ ဝမ္ေဖးရန္သက္ျပင္းခ်မိလိုက္သည္၊သူအေနနဲ႔ ထိုေသြးစက္ကို ႐ွာေဖြရမည္မွာ ခက္ခဲလြန္းမည္ကိုး၊သူသာ ေျပးလႊားေနတဲ့ေသြးထုတ္စက္ႀကီးလို႔ သိကုန္လို႔ကေတာ့ အကုန္လံုးရဲ႕အမဲျဖတ္ျခင္းကို ခံရမည္ဟာ အမွန္ေပ၊

ထိုေနာက္ ဝမ္ေဖးရန္ စာၾကည့္တိုက္ကေန ထြက္လာၿပီး ယီြ႔နဲ႔အတူ ေဆးဥယ်ာဥ္ထဲကိုဝင္လာေတာ့သည္၊ေဆးဥယာဥ္ထဲဝင္လာသည္ႏွင့္ မ်ားစြာေသာ ေဆးပင္ရနံ႔မ်ားေၾကာင့္ သူ႔ခႏၶာကိုယ္သည္အလြန္ကို လန္းဆန္းသြားကာ စိတ္ႏွလံုးပင္ၾကည္လင္သြားေတာ့သည္၊

ေဆးဥယ်ာဥ္လို႔မဆုိရဘူး တကယ့္ကို အလြန္တရာ႐ွားပါးလြန္းသည့္ ေဆးပင္မ်ားကို ဒီမွာတစ္ၿပိဳင္ထဲေတြ႔ရသည္မွာ အံ့အားသင့္စရာပင္၊တစ္ခါဝင္ၿပီးသည္ႏွင့္ ေနာက္ဆယ္ႏွစ္မွသာဝင္ရမည္ကို သိတာေၾကာင့္ ဝမ္ေဖးရန္ အေကာင္းဆံုးမ်ားကိုသာ ေရြးရန္ဆံုးျဖတ္လိုက္သည္

ပထမဆံုး ေသြးက်ိန္စာအတြက္ လိုအပ္သည့္ ယန္ကိုးမ်ိဳးေနစၾကၤာပန္းကို ေရြးလိုက္သည္၊ ျမက္ဘုရင္ကေတာ့ အေလ့အက်ေပါက္သည့္အပင္ျဖစ္တာေၾကာင့္ ဒီလိုဂ႐ုတစိုက္ ပ်ိဳးထားသည့္ေဆးဥယ်ာဥ္တြင္ ႐ွိမည္မဟုတ္ေၾကာင္း သူသိသည္၊

ေနာက္တစ္မ်ိဳးၾကေတာ့ အဝါေရာင္အပြင့္ဖက္မ်ား႐ွိၿပီး အ႐ိုးကိုင္တြင္သာမက အရြက္မ်ားပင္ဝါေနသည့္ ပန္းပင္တစ္မ်ိဳးျဖစ္သည္၊ထိုပန္းပင္ဟာ အလြန္ကို႐ွားကာ ေနနဲ႔အနီးဆံုးေတာင္းတန္းႀကီးေတြရဲ႕ထိပ္ဖူး၌သာ ေပါက္ေရာက္သည့္ေနကိုးစင္းပန္း ျဖစ္သည္၊

သံုးမ်ိဳးေျမာက္ေဆးပင္ကေတာ့ နဂါးမ်က္လံုးေဆးဥျဖစ္သည္၊ ထိုေဆးဥရဲ႕အပင္စည္ဟာ ေကာင္းကင္ကိုထိုးေထာင္ေနသည့္နဂါးတစ္ေကာင္လိုပံုစံျဖစ္ေနၿပီး ထိုအပင္ရဲ႕ဥျမစ္ဟာလည္း နဂါးမ်က္ဝန္းပံုသ႑ာန္လို႐ွည္႐ွည္ေမ်ာေမ်ာျဖစ္သည္၊

ေလးမ်ိဳးေျမာက္နဲ႔ေနာက္ဆံုးေဆးျမစ္ေဆးပင္ကေတာ့ ျဒပ္စင္ငါးမ်ိဳးပန္းနဲ႔ ​ေငြႏွင္းျခယ္ျမက္ဖစ္သည္၊ ထိုေဆးပင္ေတြဟာ အရမ္းကို႐ွားပါးလြန္းသည္၊သူတို႔ကို ဒီေနရာတစ္ၿပိဳင္ထဲ ေတြ႔ရသည္ဟာ အေတာ့္ကို ကံေကာင္းသည္၊သူ႔သို​ေလွာင္ဆြဲႀကိဳးထဲ​ေရာက္လာသည့္ ေဆးပင္ေတြကို ၾကည့္ရင္း ဝမ္ေဖးရန္အရမ္းကို ပီတိျဖာေနေတာ့သည္၊

သူဟာ ေဆးေဖာ္စပ္သူမဟုတ္ေပမယ့္ ဒီေဆးပင္တစ္ပင္ဆီရဲ႕ တန္ဖိုးျမင့္မားမႈဟာ ကလန္ႀကီးတစ္ခုရဲ႕တစ္ႏွစ္စာဝင္ေငြနဲ႔ညီမ်ွသည္ကိုး၊ ထိုေနာက္ေဆးဥယာဥ္ထဲကေန မထြက္ခင္ ေဆးဥယာဥ္ထဲ႐ွိ ေဆးပင္ေတြကို ငယ္ခ်စ္ဦးမ်ားဖြယ္တစ္ခ်က္ၾကည့္သြားေသးသည္၊

ထိုေနာက္ရတနာအခန္းကို သြားေတာ့သည္၊အံ့အားသင့္စရာ မ်ားျပားလြန္းလွသည့္ လက္နက္ေတြ၊တံဆိပ္ေတာ္၊ေဆးလံုးေတြနဲ႔အျခားပစၥည္းမ်ားကို ျမင္လိုက္ရသည့္ခ်ိန္မွာ သူတို႔​ေ႐ွာင္ကလန္ရဲ႕ရတနာသိုေလွာင္ခန္းပင္ ဒီရတနာခန္းရဲ႕ တစ္ေသာင္းပံုရင္ တစ္ပံုပင္မ႐ွိေခ်ကို သူနားလည္သြားေတာ့သည္၊

ယီြ႔ဟာ သူ႔ကိုရတနာစာရင္းမ်ားလာျပသည့္အခါမွေတာ့ သူအနည္းငယ္စဥ္းစားလိုက္မိသည္၊သူ႔ကိုယ္သူ ကာကြယ္ရန္ အကာကြယ္တံဆိပ္ေတာ္တစ္ခုယူရမည္၊ဒါေၾကာင့္ အဆင့္ေျခာက္အကာကြယ္တံဆိပ္ေတာ္ျဖစ္သည္၊ထိုတံဆိပ္ေတာ္ဟာ သူေတာင္စင္သိုင္းပညာ႐ွင္ရဲ႕တိုက္ခိုက္မႈကိုပင္ လက္ဖက္ရည္တစ္အိုးစာ အခ်ိန္ေလာက္ထိ ထိန္းေပးႏိုင္သည္၊
(လက္ဖက္ရည္တစ္အိုးစာအခ်ိန္ - တစ္နာရီရဲ႕ေလးပံုတစ္ပံု(၁၅မိနစ္ခန့့္))

ေနာက္တစ္ခုကေတာ့ ဝကၤပါျဖစ္သည္၊သူအိမ္က ထြက္သြားခဲ့ရင္ေတာင္ သူ႔မိခင္ကို စိတ္ခ်လက္ခ်မထားရစ္ႏိုင္ေခ်၊ဒါေၾကာင့္ ဒီအိမ္ေတာ္ေတြ ဝကၤပါတစ္ခုတည္ခင္းရန္ အစထဲကစိတ္ကူး႐ွိခဲ့ျခင္းျဖစ္သည္၊အခု သူေရြးခ်ယ္လိုက္သည့္ဝကၤပါဟာ နဂါးရွစ္ေကာင္ဝကၤပါျဖစ္ၿပီး မတူညီသည့္နဂါးငါးေကာင္းဟာ အရပ္မ်က္ႏွာ႐ွစ္မ်က္ႏွာကို ကာကြယ္ေစာင့္ေ႐ွာက္ေပးထားၿပီး ခိုးဝင္လာသည့္ရန္သူျဖစ္ေစ၊အိမ္ေတာ္ကိုတိုက္ခိုက္သည့္ရန္သူလာသည္ႏွင့္ ဝကၤပါဟာ အလိုလိုတည္ခင္းသြားမည္ျဖစ္သည္၊ ထိုအျပင္ ထိုပံုရိပ္ေယာင္နဂါးတစ္ေကာင္ခ်င္းရဲ႕စြမ္းရည္သည္လည္း သူေတာ္စင္ေအာက္သိုင္းပညာေတြကို အလြယ္တကူသတ္ျဖတ္ႏိုင္သည္၊ဒီထ်န္႔လ်န္႔နယ္ေျမေတြ သူေတာ္စင္အဆင့္သိုင္းပညာ႐ွင္မေပၚထြန္းလာသည္မွာ ႏွစ္တစ္ေထာင္ခန္႔ပင္႐ွိေနတာေၾကာင့္ သူ႔မိခင္အတြက္ ဒီဝကၤပါဟာ အသင့္ေတာ္ဆံုးျဖစ္သည္၊

ေနာက္တစ္ခုက လက္စြပ္တစ္ကြင္းျဖစ္သည္၊ထိုလက္စြပ္ရဲ႕ရာဇဝင္ကို ေသခ်ာမေဖာ္က်ဴးထားေပမယ့္ ဝမ္ေဖးရန္ ဒီရတနာတိုက္ထဲကိုေရာက္လာသည္ႏွင့္ ထိုလက္စြပ္ဟာ သူ႔ကိုဆြဲေဆာင္ေနသည္ဟု သူခံစားရသည္၊သူ႔စိတ္ထဲတြင္ ထိုလက္စြပ္ဟာ သူ႔ကိုေစာင့္ေမ်ွာ္ေနသေယာင္ပင္၊ထိုလက္စြပ္ကို ယူေဆာင္လာသူဟာ ပထမအ႐ွင္သခင္ျဖစ္ၿပီး သူဟာ ထိုလက္စြပ္ရဲ႕ရာဇဝင္ကိုေသခ်ာမသိေပမယ့္ မ႐ိုး႐ွင္းမွန္းသိတာေၾကာင့္ ရတနာတိုက္ထဲတြင္ သိမ္းထားျခင္းျဖစ္သည္၊ ထားပါ ေနာက္မွပဲ ဥမဆီ ဒီလက္စြပ္အေၾကာင္းေမးျမန္းၾကည့္တာေပါ့၊

ေနာက္ဆံုးပစၥည္းကေတာ့ လက္နက္ျဖစ္သည္၊႐ွလုန္ရြိန္ဟာ အရင္ကမင္းသားျဖစ္ခဲ့ေပမယ့္ အခုေတာ့အကူညီမဲ့ေနတဲ့သူတစ္ေယာက္ကိုး၊သူ႔အေနနဲ႔ အနာဂတ္မွာ ပိုမိုအင္အားႀကီးလာမည့္ဇာတ္လိုက္ေတြကို ကူညီေပးတာကလည္း သူရဲ႕အသက္ကိုကာကြယ္ေပးႏိုင္ပဲေလ ၊

ဒါေၾကာင့္ ႐ွလုန္ရြိန္အတြက္ လက္နက္တစ္မ်ိဳးေရြးခ်ယ္ရန္ စဥ္းစားလိုက္ျခင္းျဖစ္သည္၊ဥမ ေျပာစကားအရဆုိရင္ ႐ွလုန္႐ွိန္ဟာ လွံကိုင္ေဆာင္သူတစ္ေယာက္ျဖစ္ေၾကာင္း ေျပာသည္၊ ဒါေၾကာင့္ ဒီရတနာတိုက္ထဲတြင္ ပုန္းေအာင္းေနသည့္ သက္တ့ံေရာင္ဖီးနစ္ငွက္ရဲ႕ လက္နက္(၁၂)မ်ိဳးထဲက တစ္မ်ိဳးျဖစ္သည့္ ခ်င္ရံုလိန္႐ွန္ သံုးခြလွံကို သူေရြးခ်ယ္လိုက္သည္၊ဇာတ္လိုက္တစ္ေယာက္ဆုိတာ ေကာင္းမြန္တဲ့လက္နက္႐ွိသင့္တာပဲေလ၊ ေနာက္မွ ငါ့ကို အေႂကြးနဲ႔ျပန္ဆပ္လည္း ငါစိတ္မဆုိးဘူး ႐ွလုန္ရိြန္ေရ...။

သူယူစရာ႐ွိတာ ယူၿပီး ယီြ႔ကိုႏူတ္ဆက္ကာ ျပန္ထြက္လာေတာ့သည္၊ထိုအျပင္ေရာက္ေတာ့ ​မိုးလင္းေနတုန္းကို ​ေတြ့လိုက္ရသည္၊ ငါဟိုထဲမွာ ​ေနခဲ့တာ အၾကာၾကီးပဲေလ၊

[System:သံုးရက္ၾကာသြားၿပီ... နင္အဲ့နယ္ေျမထဲမွာ႐ွိေနတာ]လို႔ဥမကေျပာလိုက္ေတာ့ ဝမ္ေဖးရန္ မ်က္လံုးျပဴးက်ယ္သြားကာ

"သံုးရက္ေတာင္လား..."

ေတာ္ေသးသည္၊သူတံခါးပိတ္ေလ့က်င့္ေနသည္ဟု မွာထားတာေၾကာင့္ ဘယ္သူမွ လာမေႏွာင့္ယွက္လို႔ေပါ့၊ထိုေနာက္ ဝမ္ေဖးရန္ဟာ အေစခံတခ်ိဳ႕ကို ခ်ိဳးေရျပင္ခိုင္းလိုက္ၿပီး သူရဲ႕ခႏၶာကိုယ္ကို သန္႔စင္ေဆးေၾကာလိုက္ၿပီးေနာက္ အနားယူအိပ္စက္ေတာ့သည္၊

-*-*-*-*-*-*-*-*-*-

Chapter - 49 ေမ်ွာ္

-*-*-*-*-*-*

Unicode

မိုးသောက်ယံရောက်ရှိသော်လည်း ဝမ်ဖေးရန်အနားယူရန် စိတ်ကူးမရှိပေ၊သူဟာ ယွီ့ချင်ကု့ချင်းကို ထုတ်ယူလိုက်ပြီး ထိုကု့ချင်းနဲ့ဆက်သွယ်ကာ ယွီ့ချင်နယ်မြေအတွင်းဝင်ရောက်လာတော့သည်၊ သူရောက်လာသည်နှင့် ယွီ့ဟာ ပျော်ရွှင်စွာရောက်လာပြီး

"ဖေးဖေး ဒီချူံးအဆင့်သိုင်းပညာရှင်ဖြစ်သွားတာ ဂုဏ်ယူပါတယ်"လို့ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ပြုံးကာခေါင်းညိတ်လိုက်ရင်း

"ယွီ့ အခု ယွီ့ချင်ကုန်းရဲ့ဒုတိယအထပ်ကို ငါဝင်လို့ရပြီလား" လို့ မေးလိုက်တော့ ယွီ့ဟာ ခေါင်းအဆက်မပြတ်ညိတ်ကာ ထိုအထပ်နဲ့ပတ်သတ်ပြီး စတင်ရှင်းပြတော့သည်၊

ယွီ့ချင်ကုန်းရဲ့ပထမအထပ်နဲ့မတူ ဒုတိယထပ်ဟာ အခန်းသုံးခန်းသာ ပွင့်သေးသည်၊ ပထမခန်းဟာ သိုင်းကျင့်စဉ်များနဲ့အခြားအထွေထွေဗဟုသုတများ၊နာမည်ကျော်သိုင်းပုဂ္ဂိုလ်ကြီးများရဲ့အကြောင်း၊ဆေးနဲ့ပတ်သတ်သည့်ပညာရပ်များ စသည်တို့ကို စုဆောင်းရာ ယွီ့ချင်ကုန်းရဲ့ စာကြည့်တိုက်အသေးဖြစ်သည်၊

နောက်တစ်ခန်းဟာ တန်ဖိုးကြီးမားသည်ဆေးပင်၊ဆေးမြစ်များ စိုက်ထားသည့် ဆေးဥယာဉ်ဖြစ်ပြီး နောက်ဆုံးအခန်းဟာ ရတနာပစ္စည်းများထားရာအခန်းဖြစ်သည်၊ ဒုတိယအထပ်ကို တက်ဖို့ လိုအပ်ချက်မှာ အနည်းဆုံး ဒီချူံးအဆင့်ဖြစ်ရပြီး ဒုတိယအထပ်ကိုမတက်ခင်မှာ ယွီ့ချင်ကုန်းက ဖန်တီးပေးထားသည့် မိမိနှင့်စွမ်းရည်တူ ရန်သူကိုတိုက်ခိုက်ရမည်ဖြစ်သည်၊

ဝမ်ဖေးရန် ယွီ့ကို အဆင်သင့်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ရင်း ဒုတိယအထပ်နဲ့ပထမအထပ်ကြား ကာရံထားသည့်အနက်ရောင်ကွင်းကြီးထဲကို ဝင်သွားတော့သည်၊သူအထဲရောက်တော့ ကွင်းပြင်ကြီးတစ်ခုကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်မိတာအမှန်ပေ၊

ထိုကြားခံထဲမှာ ပုံရိပ်ယောင်နယ်မြေ ဖန်တီးထားမည်မှန်း မတွေးမိတာအမှန်ပေ၊ထိုချိန်မှာ နယ်မြေထဲရန်သူရောက်လာသည်ကို သိသည့်နှယ် လေများတိုက်ခိုက်လာကာ ဖုန်မှုန့်များသည် ဝမ်ဖေးရန်ရဲ့ မီတာအနည်းငယ်အကွာမှာ စုသွားပြီး လူပုံသဏ္႑ာန်ရုပ်သေးရုပ်တစ်ရုပ်ထွက်လာတော့သည်၊

ဒါကြောင့် ဝမ်ဖေးရန်လည်း အချိန်မဆွဲတော့ပဲ ရွယ်ဆွေ့ဓားကို ထုတ်လိုက်တော့ တစ်ဖက်က ရန်သူလက်ထဲတွင်လည်း ဓားတစ်ချောင်းပေါ်လာတော့သည်၊ဝမ်ဖေးရန်ရဲ့မျက်လုံးအရောင်တစ်ချက်လက်သွားကာ

'ကြည့်ရတာ ထိုရုပ်သေးရုပ်က ပြိုင်ဘက်သုံးတဲ့လက်နက်အတိုင်း လိုက်အသုံးပြုတဲ့ပုံပဲ' လို့ တွေးတောလိုက်ရင်း သူရဲ့ရွယ်ဆွေဓားကို ကု့ချင်းပုံသဏ္႑ာန်ပြောင်းဖို့မကြိုးစားတော့ပဲ ဓားကို သေချာနေရာယူကာ

"မက်မွန်ပွင့်ဖက်များ ပြန့်ကျဲစေ" လို့ ရွတ်ဆိုကာ ပြေးဝင်သွားတော့သည်၊တစ်ဖက်ရန်သူဟာလည်း ဓားကိုပုခုံးနားထိ မြောက်တင်လာကာ သူ့ဆီပြေးဝင်လာတော့သည်၊ ဝမ်ဖေးရန်ရဲ့နူတ်ခမ်းများကော့ကွေ့းသွားပြီး သူရဲ့လက်ထဲရှိဓားသည်လည်း မက်မွန်ပွင့်ဖက်များ အသွင်ပြောင်းကာ လေထဲမှာ ပြန့်ကျဲသွားတော့သည်၊

ဝမ်ဖေးရန်ဟာ ရပ်လိုက်ပြီး အနောက်ကို လေးလှမ်းလောက် ခုန်ဆုတ်လိုက်ပြီး သူရဲ့ဘယ်ဘက်လက်ကို ရင်ဝထိ ပင့်​မြောက်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်ပြီး သူ့ဆီပြေးဝင်လာသည့်ရန်သူကို ညွှန်ပြလိုက်တော့ လေထဲမှာ ဝေ့ဝဲ​နေသည့်မက်မွန်ပွင့်များသည် ချက်ချင်းဓားပုံသဏ္႑ာန်​ပြောင်းသွား​တော့သည်၊

"မက်မွန်အပွင့်တစ်ရာရိုက်ချက်" လို့ ရွတ်ကာ လေထဲရှိဓားတွေကို ရုပ်သေးရုပ်ကို ထိုးစိုက်ရန်ညွှန်ပြလိုက်တော့သည်၊လေထဲရှိဓားများသည်လည်း အမိန့်ရသည်နှင့် ရုပ်သေးရုပ်ဆီကို ပြေးဝင်တော့သည်၊ ဓားတစ်ရာဟာ ရုပ်သေးရုပ်ရဲ့နေရာလွတ်မကျန်ထိုးစိုက်ရန် ပြေးဝင်ပေမယ့် ဒီချူံးအဆင့်ဖြစ်တာကြောင့် ရုပ်သေးရုပ်ဟာ ရှောင်လည်းရှောင် သူရဲ့ဓားနဲ့လည်း ပြန်လည်ခုခံနေတော့သည်၊

ဒါပေမယ့် ထိုချိန်မှာ အပြာရောင်ကောင်းကင်ကြီးဟာ မဲမှောင်လင်းလက်လာကာ ကြောက်စရာကောင်းသည့် ချီစွမ်းအင်များပြည့်သိပ်လာတော့သည်၊

ဝမ်ဖေးရန်လက်ထဲရှိ ရွယ်ဆွေ့ဓားသည် ကု့ချင်းအဖြစ် ပြောင်းလဲသွားပြီး တေးသံစဉ်တစ်ပုဒ်စတင်တီးတော့သည်၊ ထိုတေးသံစဉ်ဟာ ကြားရသူအဖို့ မတောင့်ခံနိုင်ရအောင်ပင် နာကျင်မှုကိုခံစားရသည်၊ကု့ချင်းပေါ်ရှိ ကျောက်စိမ်းလက်လေးများသည်လည်း ယခုတော့ လူသတ်လက်နက်များသဖွယ်၊

တေးသံတစ်ချက်ထွက်လာတိုင်း ကြောက်စရာကောင်းသည့်ချီစွမ်းအင်များဟာ ကောင်းကင်မှာ စုဝေးလာတော့သည်၊ ထိုနောက် ကောင်းကင်ရှိ ချီစွမ်းအင်များသည် ချွန်ထက်သည့်ပုံသဏ္႑ာန်ပြောင်းလဲကုန်ကာ လူငယ်လေးရဲ့ တေးသံ တီးခတ်မှုသည်လည်း ပိုမိုကြမ်းတမ်းလာတော့သည်၊

"ကြယ်ကြွေခြင်းသံစဉ်သိုင်းကွက်"

ရုပ်သေးရုပ်သည်လည်း မြေပြင်ပေါ်ဒူးထောက်ကာ ကောင်းကင်အထက်ကနေ အရှိန်နဲ့ပြေးဝင်လာသည့် တိုက်ခိုက်မှုကို မရှောင်နိုင်တော့ကာ ထိုချွန်ထက်သည့်ချီများသည် သူ့ကို ထိုးစိုက်ကုန်ကြတော့သည်၊ထို​နောက် ရုပ်သေးရုပ်သည် အမှုန်များဖြင့် ပြန်လည်ပြောင်းလဲသွားကာ ဝမ်ဖေးရန်ရှေ့ရှိ မြင်ကွင်းသည်လည်း ခမ်းနားကြီးကျယ်မြင့်မြတ်သည့် အဆောက်အဦးအတွင်းအပိုင်းအဖြင့် ပြောင်းလဲသွားတော့သည်၊

'ဒါ ယွီ့ချင်ကုန်းရဲ့ဒုတိယအထပ်ပေါ့'

ထိုချိန်မှာ ယွီ့ဟာ သူ့ဘေးတွင်ပေါ်လာကာ

"ဖေးဖေး... ခုနက ရှင်းပြချက်အတိုင်းပဲ စာကြည့်တိုက်သေးကို သွားပြီး သခင်အဖြင့် အသိအမှတ်ပြုမယ်ဆိုရင် ထိုစာကြည့်တိုက်သေးထဲက စာအုပ်တွေက ဖေးဖေး အပြင်လောကမှာလိုအပ်သည့်ချိန်တိုင်း မှတ်ဉာဏ်ထဲ ပေါ်လာလိမ့်မယ်...၊နောက်ပြီး ဆေးဥယာဉ်မှာ အပင်ငါးမျိုးပဲ ယူလို့ရမယ်၊ နောက်ဆယ်နှစ်မှာမှ ပြန်ဝင်ခွင့်ရလိမ့်မယ်၊ရတနာခန်းမမှာတော့ ရတနာ​လေးမျိုးယူ​ဆောင်ခွင့်ရှိတယ် ...သူကတော့ နောက်တစ်ကြိမ် ဝင်ရောက်ဖို့ဆိုရင် ကိုယ့်ထက် အဆင့်သုံးဆင့်မြှင့်တဲသိုင်းပညာရှင်နဲ့တိုက်ခိုက်ရလိမ့်မယ်...ကဲ ဖေးဖေး ဘယ်ကိုအရင်သွားမလဲ"လို့ တစ်လက်လက်တောက်ပနေသည့်မျက်ဝန်းဝိုင်းကြီးနဲ့ ဝမ်ဖေးရန်ကိုကြည့်ကာ ယွီ့ပြောလိုက်သည်၊

ရှင်းရှင်းပြောရရင် PiaoYuနဂါးဆက်ခံသူအားလုံးဟာ တော်ကြသည်ဟာအမှန်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားကျမြဲပင်၊လွန်ခဲ့တဲ့နှစ်တစ်သောင်းကစပြီး ဒီဒုတိယအထပ်ကို ဝင်မဲ့ရှိပင်မရှိတော့ချေ၊

"စာကြည်တိုက်သေးကို အရင်သွားကျမယ် ..."လို့ ဝမ်ဖေးရန်ပြောလိုက်တော့ ယွီ့ဟာ ခေါင်းလေးညိတ်ကာ ဦးဆောင်ခေါ်ဆောင်သွားတော့သည်၊ထို​နောက် ကျောက်စိမ်းများနဲ့ထုထွင်းထားသည့် ခမ်းနားကြီးကျယ်လှသည့် တံခါးမကြီးရှေ့ရောက်တော့ ယွီ့ဟာ ဝမ်ဖေးရန်ဘက်ကိုလှည့်ကာ

"ဖေးဖေး ဝင်သွားလို့ရပြီ တစ်ခုတော့ မှတ်ထားပါ သူတို့က မေးခွန်းတစ်ခွန်းမေးလိမ့်မယ်... ၊ အကောင်းဆုံးဖြေနိုင်ခဲ့ရင် ဖေးဖေးကို အစစ်အမှန်သခင်အဖြစ် သတ်မှတ်လိမ့်မယ်" လို့ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး တံခါးမကြီးကိုတွန်းဖွင့်ကာ ဝင်သွားတော့သည်၊

စာကြည့်တိုက်သေးသာဆိုသည် အကျယ်အဝန်းဟာ သူတို့ရှောင်ကလန်က စာကြည့်တိုက်ထက်ကြီးမားရုံသာမက သူလာခဲ့သည့်ကမ္ဘာက ဗဟိုစာကြည့်တိုက်ကြီးလောက်ရှိသည်ကို တွေ့လိုက်ရတော့ ဝမ်ဖေးရန်အံ့အားသင့်သွားတော့သည်၊ ထိုချိန်မှာ သက်ရွယ်ကြီးရင့်အိုမင်း​ပြီး သြဇာ တိက္ကမပြည့်စုံလွန်းသည့် ယောကျာ်းတစ်ယောက်အသံထွက်လာတော့သည်၊

"အသိပညာရေးဖွဲ့ထားသည့်စာအုပ်ရဲ့ အသုံးဝင်မှုကို သင်ဘယ်လိုသဘောရလဲ?"

'...' ဥမ....ဥမ... ဥမရေ မေးနေပြီဟ

[System:ဟဲ့ ငါက Systemတစ်ခုသာသာပါနော် မေးခွန်းနဲ့အဖြေ စုံစမ်းရေးရာဌာနမဟုတ်ဘူး... ]လို့ ဥမဟာ ပြောလိုက်တော့ ဝမ်ဖေးရန် ထိုဥမကို ကိုင်ပေါက်ချင်စိတ်ပေါက်သွားသည်၊ဒါပေမယ့် လောလောဆယ် ရှိသမျှဉာဏ်ရည်တွေကို ထုတ်သုံးကာ သူ့မျက်ဝန်းများဟာ အရောင်တစ်ချက်လက်သွားကာ

"စာအုပ်ထဲမှာ ရှိနေသည့် အသိပညာတွေကို ကိုယ်ပိုင်အသိပညာအဖြစ် လုပ်ပေးနိုင်တာ အသိပညာစာအုပ်ရဲ့အသုံးဝင်မှု တစ်ခုသာ"

*ဒင်*

ထိုချိန်မှာ ကြီးမားသည့်ရွှေရောင်စာအုပ်ကြီးပေါ်ပေါက်လာကာ ရွှေရောင်စာရွက်ပေါ်တွင်...

{ဝမ်ဖေးရန် ၊ အသက် - 15 ၊ယွီ့ချင်စာကြည့်တိုက်သေးရဲ့တတိယမြှောက်သခင်} ဆိုပြီး ရေးသားမှတ်သားသွားတော့သည်၊ ထိုနောက် စာအုပ်စင်တွေပေါ် တားဆီးထားသည့် ရွှေရောင်အလင်းတန်းများဟာ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့သည်၊

ဟင်... ငါ သခင်အဖြစ်အသိအမှတ်ပြုခံလိုက်ရတာလား!

[System: နင် သိုင်းဝတၳုတွေဖတ်ထားတာ အသုံးဝင်သားပဲ အဲ့တာ 'ကောင်းကင်ဘုံ စာကြည့်တိုက် 'ထဲက ဇာတ်လိုက်ကျန်းရွှမ်ပြောခဲ့တဲ့စကားမလား?]လို့ မေးလိုက်တော့ ဝမ်ဖေးရန်ဟာ စိတ်ထဲကနေ ထိုNovelရေးသည့်စာရေးဆရာကော၊ကျန်းရွမ်ကိုပါ အကြိမ်ကြိမ်ကျေးဇူးတင်လိုက်မိသည်၊Novelထဲက စာသားတစ်ကြောင်းက ထိုသို့ အသုံးဝင်ခဲ့မယ်လို့ မထင်ခဲ့တာအမှန်ပေ၊ ဆရာရေ ကျွန်တော့်ကမ္ဘာပြန်ရောက်လာခဲ့ရင် ကြယ် ငါးလုံးပေးပြီး ကောင်းမွန်တဲ့မှတ်ချက်ပေးပေးမယ်ဗျ

ှစာကြည့်တိုက်​သေးရဲ့အသိအမှတ်ပြုပြီး​နောက်မှ ကျိန်စာနဲ့ပတ်သတ်သည့် အကြောင်းအရာတွေကို လေ့လာရမည်၊စိတ်ပူစရာမလို​အောင် ဒီစာကြည့်တိုက်ထဲရှိ အသိပညာစာအုပ်များဟာ သူနဲ့ဆက်သွယ်ပြီးသားဖြစ်တာကြောင့်

'သွေးကျိန်စာနဲ့ပတ်သတ်သည့်အကြောင်းရင်းများကို ရှာဖွေကြည့်မှပဲ'သူ့ခေါင်းထဲ တိုးဝင်လာသည့်မှတ်ဉာဏ်များထဲမှာ သွေးကျိန်စာနဲ့ပတ်သတ်သည်များ ပေါ်ပေါက်လာတော့သည်၊​သွေးကျိန်စာဆိုတာ လူပေါင်းတစ်သောင်းရဲ့နှလုံးသွေးကို ဖောက်ကာ ထိုနှလုံးသွေးရသည့်သွေးများဖြင့် ကြောက်စရာကောင်းသည့်ကျိန်စာတစ်ခုတည်ဆောက်ပြီး ငါးနှစ်ဆက်တိုက် ထိုသွေးကျိန်စာရည်ကို တစ်စက်ချင်းတိုက်​ကျွေးရခြင်းဖြစ်သည်၊ ထိုကြောက်စရာကောင်းသည့် ကျိန်စာဟာ အောင်မြင်ခဲ့ရင် အသိစိတ်လွတ်ကာ အနီးနားမှာရှိတဲ့လူတိုင်းကို အရူးအမူသတ်ဖြတ်ခြင်းဖြစ်သည်၊ထိုအပြင် သိုင်းပညာအဆင့်မတက်ပဲ မြေကြီးအဆင့်မှာသာ နှစ်ချီ သောင်တင်နေတတ်သည်၊ ဖြေရှင်းရန် နည်းလမ်းများကတော့ သန့်စင်သည့်သွေးစက်၊ယန်ကိုးမျိုးနေစင်္ကြာပန်း၊ နှစ်တ​စ်ထောင်ကျော်သက်တမ်းရှိသည့် ကျားနဂါးရဲ့အရိုး၊မြက်ဘုရင်၊ဝက်ဝံလက်သည်း၊​သေရွာပြန်မြက်တို့နဲ့​ဖော်စပ်ထားသည့်​ဆေးလုံးသည်သာ ထိုကျိန်စာကိုပြေပျောက်ပေးနိုင်မည်၊သတိပြုရန် ဆေးဖော်စပ်သူသည် ယန်ဓာတ်ပြည့်ဝနေသည့်မှော်ဆေးဆရာဖြစ်ရန်လိုအပ်သည်၊

ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် ဝမ်ဖေးရန်ဟာတစ်ခု​တွေး​တောမိသွားပြီး

"PiaoYuနဂါးဝိညာဉ်ပိုင်ရှင်ရဲ့သွေးကတော့ သွေးကျိန်စာကို ဖြေဖျောက်ပေးနိုင်လား"

* ဒင် *

"မရဘူး Piaoyuနဂါးဝိညာဉ်ပိုင်ရှင်က ယင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာကြောင့် သူရဲ့သွေးကအစ အလွန်သန့်စင်တဲ့ယင်စွမ်းအင်တွေနဲ့ပြည့်သိပ်​နေတာ​ကြောင့် သွေးကျိန်စာလို အေးစက်တဲ့ဓာတ်အခြေပြုသည့်ကျိန်စာကို ပိုမိုကြီးထွားစေနိုင်ဘူး ကျိန်စာခံရသူကို အမြန်ဆုံးသေဆုံးသွားစေနိုင်တယ်"

"....." ပြောတော့ PiaoYuနဂါးဆက်ခံသူက လမ်းလျှောက်နေတဲ့ဆေးဆို?

"သန့်စင်သွေးစက်ကို ဘယ်လိုရှာဖွေရမလဲ?"

* ဒင် *

"သန့်စင်သွေးစက်က သခင်မှာ ရှိနေပြီသားပါ၊သခင်က PiaoYuနဂါးဆက်ခံသူပေမယ့် မြင့်မြတ်တဲ့ခုနှစ်စင်ကြယ်နတ်ဘုရားမရဲ့ချီးမြောက်မှုကို ခံယူထားသူဖြစ်တာကြောင့် သခင်ရဲ့သွေးက ရှေးက PiaoYuနဂါးဆက်ခံသူရဲ့သွေးနဲ့မတူပါဘူး၊ သခင်ရဲ့သွေးက အလွန်ကိုသန့်စင်လွန်းပါတယ်"

ထိုအခါမှာ ဝမ်ဖေးရန်သက်ပြင်းချမိလိုက်သည်၊သူအနေနဲ့ ထိုသွေးစက်ကို ရှာဖွေရမည်မှာ ခက်ခဲလွန်းမည်ကိုး၊သူသာ ပြေးလွှားနေတဲ့သွေးထုတ်စက်ကြီးလို့ သိကုန်လို့ကတော့ အကုန်လုံးရဲ့အမဲဖြတ်ခြင်းကို ခံရမည်ဟာ အမှန်ပေ၊

ထိုနောက် ဝမ်ဖေးရန် စာကြည့်တိုက်ကနေ ထွက်လာပြီး ယွီ့နဲ့အတူ ဆေးဥယျာဉ်ထဲကိုဝင်လာတော့သည်၊ဆေးဥယာဉ်ထဲဝင်လာသည်နှင့် များစွာသော ဆေးပင်ရနံ့များကြောင့် သူ့ခန္ဓာကိုယ်သည်အလွန်ကို လန်းဆန်းသွားကာ စိတ်နှလုံးပင်ကြည်လင်သွားတော့သည်၊

ဆေးဥယျာဉ်လို့မဆိုရဘူး တကယ့်ကို အလွန်တရာရှားပါးလွန်းသည့် ဆေးပင်များကို ဒီမှာတစ်ပြိုင်ထဲတွေ့ရသည်မှာ အံ့အားသင့်စရာပင်၊တစ်ခါဝင်ပြီးသည်နှင့် နောက်ဆယ်နှစ်မှသာဝင်ရမည်ကို သိတာကြောင့် ဝမ်ဖေးရန် အကောင်းဆုံးများကိုသာ ရွေးရန်ဆုံးဖြတ်လိုက်သည်

ပထမဆုံး သွေးကျိန်စာအတွက် လိုအပ်သည့် ယန်ကိုးမျိုးနေစင်္ကြာပန်းကို ရွေးလိုက်သည်၊ မြက်ဘုရင်ကတော့ အလေ့အကျပေါက်သည့်အပင်ဖြစ်တာကြောင့် ဒီလိုဂရုတစိုက် ပျိုးထားသည့်ဆေးဥယျာဉ်တွင် ရှိမည်မဟုတ်ကြောင်း သူသိသည်၊

နောက်တစ်မျိုးကြတော့ အဝါရောင်အပွင့်ဖက်များရှိပြီး အရိုးကိုင်တွင်သာမက အရွက်များပင်ဝါနေသည့် ပန်းပင်တစ်မျိုးဖြစ်သည်၊ထိုပန်းပင်ဟာ အလွန်ကိုရှားကာ နေနဲ့အနီးဆုံးတောင်းတန်းကြီးတွေရဲ့ထိပ်ဖူး၌သာ ပေါက်ရောက်သည့်နေကိုးစင်းပန်း ဖြစ်သည်၊

သုံးမျိုးမြောက်ဆေးပင်ကတော့ နဂါးမျက်လုံးဆေးဥဖြစ်သည်၊ ထိုဆေးဥရဲ့အပင်စည်ဟာ ကောင်းကင်ကိုထိုးထောင်နေသည့်နဂါးတစ်ကောင်လိုပုံစံဖြစ်နေပြီး ထိုအပင်ရဲ့ဥမြစ်ဟာလည်း နဂါးမျက်ဝန်းပုံသဏ္႑ာန်လိုရှည်ရှည်မျောမျောဖြစ်သည်၊

လေးမျိုးမြောက်နဲ့နောက်ဆုံးဆေးမြစ်ဆေးပင်ကတော့ ဒြပ်စင်ငါးမျိုးပန်းနဲ့ ​ငွေနှင်းခြယ်မြက်ဖစ်သည်၊ ထိုဆေးပင်တွေဟာ အရမ်းကိုရှားပါးလွန်းသည်၊သူတို့ကို ဒီနေရာတစ်ပြိုင်ထဲ တွေ့ရသည်ဟာ အတော့်ကို ကံကောင်းသည်၊သူ့သို​လှောင်ဆွဲကြိုးထဲ​ရောက်လာသည့် ဆေးပင်တွေကို ကြည့်ရင်း ဝမ်ဖေးရန်အရမ်းကို ပီတိဖြာနေတော့သည်၊

သူဟာ ဆေးဖော်စပ်သူမဟုတ်ပေမယ့် ဒီဆေးပင်တစ်ပင်ဆီရဲ့ တန်ဖိုးမြင့်မားမှုဟာ ကလန်ကြီးတစ်ခုရဲ့တစ်နှစ်စာဝင်ငွေနဲ့ညီမျှသည်ကိုး၊ ထိုနောက်ဆေးဥယာဉ်ထဲကနေ မထွက်ခင် ဆေးဥယာဉ်ထဲရှိ ဆေးပင်တွေကို ငယ်ချစ်ဦးများဖွယ်တစ်ချက်ကြည့်သွားသေးသည်၊

ထိုနောက်ရတနာအခန်းကို သွားတော့သည်၊အံ့အားသင့်စရာ များပြားလွန်းလှသည့် လက်နက်တွေ၊တံဆိပ်တော်၊ဆေးလုံးတွေနဲ့အခြားပစ္စည်းများကို မြင်လိုက်ရသည့်ချိန်မှာ သူတို့​ရှောင်ကလန်ရဲ့ရတနာသိုလှောင်ခန်းပင် ဒီရတနာခန်းရဲ့ တစ်သောင်းပုံရင် တစ်ပုံပင်မရှိချေကို သူနားလည်သွားတော့သည်၊

ယွီ့ဟာ သူ့ကိုရတနာစာရင်းများလာပြသည့်အခါမှတော့ သူအနည်းငယ်စဉ်းစားလိုက်မိသည်၊သူ့ကိုယ်သူ ကာကွယ်ရန် အကာကွယ်တံဆိပ်တော်တစ်ခုယူရမည်၊ဒါကြောင့် အဆင့်ခြောက်အကာကွယ်တံဆိပ်တော်ဖြစ်သည်၊ထိုတံဆိပ်တော်ဟာ သူတောင်စင်သိုင်းပညာရှင်ရဲ့တိုက်ခိုက်မှုကိုပင် လက်ဖက်ရည်တစ်အိုးစာ အချိန်လောက်ထိ ထိန်းပေးနိုင်သည်၊
(လက်ဖက်ရည်တစ်အိုးစာအချိန် - တစ်နာရီရဲ့လေးပုံတစ်ပုံ(၁၅မိနစ်ခန့့်))

နောက်တစ်ခုကတော့ ဝင်္ကပါဖြစ်သည်၊သူအိမ်က ထွက်သွားခဲ့ရင်တောင် သူ့မိခင်ကို စိတ်ချလက်ချမထားရစ်နိုင်ချေ၊ဒါကြောင့် ဒီအိမ်တော်တွေ ဝင်္ကပါတစ်ခုတည်ခင်းရန် အစထဲကစိတ်ကူးရှိခဲ့ခြင်းဖြစ်သည်၊အခု သူရွေးချယ်လိုက်သည့်ဝင်္ကပါဟာ နဂါးရှစ်ကောင်ဝင်္ကပါဖြစ်ပြီး မတူညီသည့်နဂါးငါးကောင်းဟာ အရပ်မျက်နှာရှစ်မျက်နှာကို ကာကွယ်စောင့်ရှောက်ပေးထားပြီး ခိုးဝင်လာသည့်ရန်သူဖြစ်စေ၊အိမ်တော်ကိုတိုက်ခိုက်သည့်ရန်သူလာသည်နှင့် ဝင်္ကပါဟာ အလိုလိုတည်ခင်းသွားမည်ဖြစ်သည်၊ ထိုအပြင် ထိုပုံရိပ်ယောင်နဂါးတစ်ကောင်ချင်းရဲ့စွမ်းရည်သည်လည်း သူတော်စင်အောက်သိုင်းပညာတွေကို အလွယ်တကူသတ်ဖြတ်နိုင်သည်၊ဒီထျန့်လျန့်နယ်မြေတွေ သူတော်စင်အဆင့်သိုင်းပညာရှင်မပေါ်ထွန်းလာသည်မှာ နှစ်တစ်ထောင်ခန့်ပင်ရှိနေတာကြောင့် သူ့မိခင်အတွက် ဒီဝင်္ကပါဟာ အသင့်တော်ဆုံးဖြစ်သည်၊

နောက်တစ်ခုက လက်စွပ်တစ်ကွင်းဖြစ်သည်၊ထိုလက်စွပ်ရဲ့ရာဇဝင်ကို သေချာမဖော်ကျူးထားပေမယ့် ဝမ်ဖေးရန် ဒီရတနာတိုက်ထဲကိုရောက်လာသည်နှင့် ထိုလက်စွပ်ဟာ သူ့ကိုဆွဲဆောင်နေသည်ဟု သူခံစားရသည်၊သူ့စိတ်ထဲတွင် ထိုလက်စွပ်ဟာ သူ့ကိုစောင့်မျှော်နေသယောင်ပင်၊ထိုလက်စွပ်ကို ယူဆောင်လာသူဟာ ပထမအရှင်သခင်ဖြစ်ပြီး သူဟာ ထိုလက်စွပ်ရဲ့ရာဇဝင်ကိုသေချာမသိပေမယ့် မရိုးရှင်းမှန်းသိတာကြောင့် ရတနာတိုက်ထဲတွင် သိမ်းထားခြင်းဖြစ်သည်၊ ထားပါ နောက်မှပဲ ဥမဆီ ဒီလက်စွပ်အကြောင်းမေးမြန်းကြည့်တာပေါ့၊

နောက်ဆုံးပစ္စည်းကတော့ လက်နက်ဖြစ်သည်၊ရှလုန်ရွိန်ဟာ အရင်ကမင်းသားဖြစ်ခဲ့ပေမယ့် အခုတော့အကူညီမဲ့နေတဲ့သူတစ်ယောက်ကိုး၊သူ့အနေနဲ့ အနာဂတ်မှာ ပိုမိုအင်အားကြီးလာမည့်ဇာတ်လိုက်တွေကို ကူညီပေးတာကလည်း သူရဲ့အသက်ကိုကာကွယ်ပေးနိုင်ပဲလေ ၊

ဒါကြောင့် ရှလုန်ရွိန်အတွက် လက်နက်တစ်မျိုးရွေးချယ်ရန် စဉ်းစားလိုက်ခြင်းဖြစ်သည်၊ဥမ ပြောစကားအရဆိုရင် ရှလုန်ရှိန်ဟာ လှံကိုင်ဆောင်သူတစ်ယောက်ဖြစ်ကြောင်း ပြောသည်၊ ဒါကြောင့် ဒီရတနာတိုက်ထဲတွင် ပုန်းအောင်းနေသည့် သက်တ့ံရောင်ဖီးနစ်ငှက်ရဲ့ လက်နက်(၁၂)မျိုးထဲက တစ်မျိုးဖြစ်သည့် ချင်ရုံလိန်ရှန် သုံးခွလှံကို သူရွေးချယ်လိုက်သည်၊ဇာတ်လိုက်တစ်ယောက်ဆိုတာ ကောင်းမွန်တဲ့လက်နက်ရှိသင့်တာပဲလေ၊ နောက်မှ ငါ့ကို အကြွေးနဲ့ပြန်ဆပ်လည်း ငါစိတ်မဆိုးဘူး ရှလုန်ရွိန်ရေ...။

သူယူစရာရှိတာ ယူပြီး ယွီ့ကိုနူတ်ဆက်ကာ ပြန်ထွက်လာတော့သည်၊ထိုအပြင်ရောက်တော့ ​မိုးလင်းနေတုန်းကို ​တွေ့လိုက်ရသည်၊ ငါဟိုထဲမှာ ​နေခဲ့တာ အကြာကြီးပဲလေ၊

[System:သုံးရက်ကြာသွားပြီ... နင်အဲ့နယ်မြေထဲမှာရှိနေတာ]လို့ဥမကပြောလိုက်တော့ ဝမ်ဖေးရန် မျက်လုံးပြူးကျယ်သွားကာ

"သုံးရက်တောင်လား..."

တော်သေးသည်၊သူတံခါးပိတ်လေ့ကျင့်နေသည်ဟု မှာထားတာကြောင့် ဘယ်သူမှ လာမနှောင့်ယှက်လို့ပေါ့၊ထိုနောက် ဝမ်ဖေးရန်ဟာ အစေခံတချို့ကို ချိုးရေပြင်ခိုင်းလိုက်ပြီး သူရဲ့ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောလိုက်ပြီးနောက် အနားယူအိပ်စက်တော့သည်၊

-*-*-*-*-*-*-*-*-*-

Chapter - 49 မျှော်

-*-*-*-*-*-*

Continue Reading

You'll Also Like

438K 39.6K 77
ကံတရားက ေသာက္တလြဲ ျဖစ္လို႔မၿပီးႏိုင္ဘူးလား..အခု..ငါ​ကဘာလဲဆိုတာ...ငါ့ကိုယ္ငါေတာင္မသိေတာ့ဘူး.. (ေ႐ွာင္စင္း) (...
12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
805K 61.5K 151
Start date -17.10.2019 End Date -4.6.2021 Author - ဗိန်း sinner ဆိုတဲ့အျပစ္သားေတြကို ဒီတိုင္း႐ုိး႐ုိး႐ွင္း႐ွင္း ေလးမ်ားအျပစ္ကိုေပးေခ်ခိုင္းမယ္လား ို႔...
1.4M 225K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...