Unicode
Arc(3.27)
လီလျိုသည်အတွင်းပိုင်းခန်းမထဲအခုပင်ဝင်ခွင့်ရမယ့်အခွင့်ရေးရလိမ့်မယ်လို့မထင်ခဲ့မိပေ။သို့သော်သူကအတွင်းခန်းမအားဒီအတိုင်းလျှောက်ကြည့်ဖို့သွားခြင်းတော့မဟုတ်။
သူလနက်ခန်းမကိုဝင်ခဲ့ပေမယ့်လည်းချူးဝူရုံကိုချဉ်းကပ်ဖို့တော့မစဉ်းစားသေးဘူး။ဒါကချူးဝူရုံသံသယမဝင်မိစေရန်ဖြစ်သည်။
လက်ရှိချူးဝူရုံကDemigodအဆင့်မူလအစမှာပဲရှိသေးပြီးချူးဝူရုံကသူ့ရဲ့အသွင်အပြင်အစစ်မှန်ကိုမမြင်ရနိုင်ဘူးဆိုတာသူသိသော်လည်းသူ့မျက်နှာကတကယ့်ကိုအန္တာရယ်ကြီးတာကြောင့်သတိထားမိနေရဆဲဖြစ်သည်။
အကယ်၍သူသာအစောတလျှင်နဲ့ချူးဝူရုံဆီပြေးသွားမယ်ဆိုရင်သူ့လက်ရှိကိုယ်ကယွင်ထျန်ဟန်းဖြစ်ကြောင်းချူးဝူရုံရှာတွေ့သွားလိမ့်မည်။အဲ့ဒါဆိုရင်ချူးဝူရုံကသူ့ကိုတိုက်ရိုက်အဆုံးသတ်လိုက်လိမ့်မယ်။
ဘာလို့များသူ့ဘဝကဒီလောက်တောင်ခက်ခဲနေရတာလဲ _(:з"∠)_?
ပြီးတော့သူဒီကိစ္စကိုဖြေရှင်းနိုင်ဖို့ရှောင်းချီကိုမေးပြန်တော့လည်းရှောင်းချီကဘာအထောက်အပံ့မှမပေးပဲသူ့ကိုအားပဲအားပေးတယ်
အဲ့ဒီတော့ဒီလိုငတုံးsystemကိုဘယ်နားသွားသုံးရမှာလဲ!
လီလျိုကသူ့နှလုံးသားထဲမှာတိတ်တဆိတ်လှောင်ပြောင်နေမိသော်လည်းသူ့မျက်နှာမှာတော့မည်သည့်အမူအယာမှမပြပေ။
လူငယ်လေးကသူ့ရှေ့ကအစေခံလေးနှစ်ယောက်ရဲ့ပုံစံကြောင့်အတော်လေးစိတ်ကျေနပ်နေမိပြီးသူ့မျက်နှာပေါ်မှာပျော်ရွှင်မှုအနည်းငယ်ကိုပင်ပြလာသည်။သူ့ရဲ့ကိုယ့်ကိုကိုယ်လေးစားအထင်ကြီးမှုကနောက်တစ်ဖန်ကျေနပ်အားရသွားသည်ဟုခံစားလိုက်ရသည်။
ထို့ကြောင့်တစ်ဖက်သို့လှည့်လိုက်ပြီးလီလျိုနဲ့လူငယ်လေးအားသူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပြီးနောက်ခြံဝင်းရဲ့ဝင်ပေါက်ဆီသို့လျှောက်သွားလေသည်။
လီလျိုနှင့်လူငယ်လေးသည်လည်းချက်ချင်းထိုလူနောက်ကလိုက်သွားကြသည်။ခြံဝင်းရဲ့ဝင်ပေါက်ကိုဖြတ်လိုက်တာနဲ့သူတို့ကိုဦးဆောင်ခေါ်လာသည့်လူငယ်လေးလိုမျိုးတူညီဝတ်ဆုံဝတ်ထားကြသည့်တစ်ခြားအစေခံများကသူတို့လိုအစေခံအသစ်များကိုနေရာပေါင်းစုံကခေါ်လာသည်ကိုမြင်လိုက်ရသည်။
သူတို့ကထိုလူငယ်လေးများနဲ့ဖြေးညှင်းစွာပေါင်းစည်းလိုက်ကြပြီးအတွင်းပိုင်းခန်းမဆီသို့ဦးတည်လိုက်ကြသည်။
ထို့နောက်လူအရေအတွက်ကတစ်ဖြည်းဖြည်းများလာပြီးအသစ်ရောက်လာတဲ့အစေခံများပါပေါင်းလိုက်ရင်လူရာနဲ့ချီသွားသည်။လူအုပ်ကြီးကများပြားလှသော်လည်းဘယ်သူမှတစ်ယောက်နဲ့တစ်ယောက်တီးတိုးမပြောကြပဲတိတ်တဆိတ်သာရှေ့သို့ချီတက်သွားလေသည်။
မကြာမီလူအုပ်ကြီးကအတွင်းခန်းဝင်ပေါက်မှတစ်ဆင့်အထဲသို့ဝင်ရောက်လာကြသည်။အတွင်းခန်းထဲသို့ဝင်ပြီးနောက်လူတိုင်း၏လုပ်ဆောင်မှုများသည်ပို၍ဂရုစိုက်လာ၏။သူတို့သည်အနည်းငယ်သောလှုပ်ရှားမှုမျိုးပင်မလုပ်ရဲကြတာကြောင့်အဝတ်အချင်းချင်းပွတ်တိုက်သည့်အသံတစ်ချို့သာကြားရတော့သည်။
လီလျိုလည်းလူအုပ်နောက်ကလိုက်၍ဝင်သွားရင်းဖြင့်မရေမတွက်နိုင်သောစင်္ကြန်များကိုကျော်ဖြတ်သွားရသည်ကိုခံစားရသည်။ခြံဝင်းကသိပ်မကြီးသေ်ာလည်းအထဲမှာရှိတဲ့မြက်ခင်းတိုင်းသစ်ပင်တိုင်းကိုလီလျိုကအနည်းငယ်ကျွမ်းဝင်နေသလိုခံစားနေရ၏။
သူ့ခေါင်းကိုမော့ပြီးတစ်ချက်ဝေ့ကြည့်လိုက်သည့်အခါမှာတော့အထဲမှာရှိတဲ့အမျိုးမျိုးသောပြင်ဆင်တည်ဆောက်ထားသည့်ပုံစံကသူနေခဲ့သည့်အပြာရောင်ငှက်မွှေးတောင်မှခြံဝင်းနဲ့တစ်ပုံစံတည်းဖြစ်နေသည်ကိုမြင်လိုက်ရလေသည်။
မေပယ်လ်ပင်အောက်ကမတော်တဆပျက်စီးနေတဲ့ကျောက်တုန်းစားပွဲ၏ထောင့်စွန်းသည်ပင်တစ်ပုံစံတည်းပင်။
လီလျိုသည်သူ့ရှေ့ကမြင်ကွင်းကိုမြင်ပြီးနောက်မရေမတွက်နိုင်အောင်ပါးလွှာသောအပ်များဖြင့်သူ၏နှလုံးသားကိုထိုးစိုက်လိုက်သကဲ့သို့ခံစားလိုက်ရသည်။
၎င်းသည်ပြင်းထန်သောနာကျင်မှုမဟုတ်သော်ငြားအလွန်သိပ်သည်းတာကြောင့်လူများကို၎င်းအားလစ်လျူရှုလို့မရအောင်ဖြစ်စေသည်။
ထိုအချိန်တုန်းကချူးဝူရုံနဲ့ပတ်သတ်သည့်သတင်းများကိုဖတ်တဲ့အချိန်မှာချူးဝူရုံကသေဆုံးပြီးသားသူကိုရှင်သန်ထမြောက်နိုင်စေမည့်လျို့ဝှက်နည်းလမ်းကိုရှာဖွေနေကြောင်းသိတုန်းကဒီလောကထဲကသူ့ရဲ့တည်ရှိမှုကချူးဝူရုံအတွက်ဘယ်လောက်အရေးကြီးလည်းဆိုတာချက်ချင်းသိခဲ့သည်။
ဒါပေမဲ့အခုလိုသူ့ရှေ့ကအရာအားလုံးကိုမြင်ပြီးသည့်နောက်မှာတော့လီလျိုသည်ချူးဝူရုံရဲ့စွဲလမ်းမှုကိုပိုလို့ပင်ခံစားလိုက်ရသည်။
သူသာဒီအချိန်မှာပြန်မလာခဲ့ရင်ချူးဝူရုံကဒီကမ္ဘာပေါ်မှာသူတည်ဆောက်ထားတဲ့မူလတိုးတက်ရေးလမ်းကြောင်းကနေဝေးကွာသွားလိမ့်မယ်လို့ခံစားရသည်။
သို့သော်ချူးဝူရုံကတကယ့်ကမ္ဘာမှဂျင်ချန်းဂျီဖြစ်နိုင်တယ်လို့စဉ်းစားမိပြန်တော့ချူးဝူရုံအပေါ်ထားတဲ့သူ့စိတ်သောက,ကသုံးပုံတစ်ပုံလျော့နည်းသွားရပြန်တယ်
တကယ်တော့အပြည့်အဝလူပျိုဖြစ်နေသေးတယ့်တကယ့်ကမ္ဘာကလွဲရင်သူဖြတ်ကျော်ခဲ့တဲ့ဒီကမ္ဘာအနည်းငယ်မှာသူတစ်ချိန်လုံးအစားခံနေရတာလေ
အဲ့ဒါအပြင်ကိုသူဒီကမ္ဘာဆီဒုတိယအကြိမ်ရောက်မလာခင်တုန်းကဂျင်ချန်းဂျီကသူ့အပေါ်သူမတူခြားနားတဲ့အတွေးရှိထားပြီးကြောင်းသိခဲ့ရသည်။သူ့ရဲ့နမ်းပုံကအတော်လေးထိန်းချုပ်ထားပုံရပြီးသူ့ကိုတစ်ကိုယ်လုံးမျိုချချင်နေသလိုပဲ...လီလျိုမှာစဉ်းစားရင်းနဲ့သူ့ဂန္ဒမာပန်းလေးတောင်နာလာသလိုခံစားရသည်။
လီလျိုနဲ့ကျန်တဲ့လူတွေဟာခြံဝင်းထဲမှာလေးစားစွာရပ်နေကြသည်။သူ့တို့ကိုခေါ်လာခဲ့သည့်လူငယ်နှင့်တစ်ခြားလူငယ်များအားလုံးကတော့မျဉ်းအလယ်၌ရပ်နေကြ၏။
လီလျိုဘေးကလူငယ်လေးသည်တကယ်တော့ရှေ့ဆုံးမှာရပ်လိုတာဖြစ်သော်လည်းခြံဝင်းနဲ့သိပ်ဝေးဝေးကိုမသွားရဲတာကြောင့်သူ့ရင်ထဲကမကျေနပ်ချက်များကိုဖိနှိပ်ထားရင်းနောက်မှာသာရပ်နေရသည်။
လီလျိုသည်လည်းတိတ်ဆိတ်သည့်ကြက်ကလေးလိုပင်လူငယ်လေးဘေးမှာရပ်နေပြီးဘယ်လိုပုံမှမဟုတ်တာကိုမှမပြပေ။
လူတိုင်းတစ်နာရီမျှတိတ်တဆိတ်စောင့်ဆိုင်းနေရာမှသူတို့ရှေ့တွင်လှုပ်ရှားမှုအသံတစ်ချို့ကြားလိုက်ရသည်။
****
တကယ်တော့ချူးဝူရုံကခြံဝင်းထဲကအသံများကိုအစောကတည်းကကြားခဲ့ပြီးသားဖြစ်သော်လည်းသူ့မှတ်ဉာဏ်ထဲကသူနဲ့ကုချင်းချန်းတို့အတူတူနေခဲ့တဲ့အခန်းထဲကအိပ်ရာနဲ့တစ်ပုံစံတည်းတူညီတဲ့အိပ်ရာပေါ်မှာလဲလျောင်းနေခြင်းဖြစ်သည်။သူ့မျက်နှာကတော့အမူအယာမဲ့နေ၏။
သူဒီအခန်းကိုမူလအခြေအနေသို့ပြန်ရောက်လုနီးပါးအတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်းအတုကအမြဲတမ်းအတုသာဖြစ်သည်။ဒီမှာသူနဲ့ရင်းနှီးနေတဲ့အသက်ရှုသံရှိမနေဘူး...ပုံစံပဲတူနေခဲ့တာဖြစ်ပြီးဒီထက်မပိုနေ.....
အခုကနှစ်သုံးရာတောင်ကျော်လွန်ခဲ့ပြီဆိုပေမယ့်အဲ့ဒီအေးစက်စက်ပုံရိပ်ကတော့သူ့နှလုံးသားအောက်ခြေကနေဘယ်တုန်းကမှမပျောက်ကွယ်သွားခဲ့ပဲအဲ့ဒီအစားပိုလို့ပင်နက်နက်ရှိုင်းရှိင်းစွဲထင်လာရသည်။ဒီနှစ်သုံးရာလုံးမှာကုချင်းချန်းကသူ့ကိုလုံလုံခြုံခြုံလွတ်မြောက်စေနိုင်အောင်သူ့ရဲ့Nascent Soulကိုဖောက်ခွဲလိုက်တဲ့ပုံရိပ်ကိုပြန်စဉ်းစားမိတဲ့အချိန်တိုင်းသူ့နှလုံးသားကိုဓားထက်ထက်နဲ့မွှမ်းနေသလိုမျိုးခံစားရတယ်
သိပ်မကြာခင်ကသူ့ရဲ့လက်ထဲကနေဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးလွတ်မြောက်သွားတဲ့ယွင်ထျန်ဟန်းကိုပြန်စဉ်းစားလိုက်မိသောအခါချူးဝူရုံရဲ့မူလကနက်ရှိုင်းသည့်မျက်လုံးများထဲတွင်ထူထပ်သည့်ခရမ်းရောင်အလွှာတစ်ခုဖြစ်ပေါ်လာရသည်။
ထိုခရမ်းရောင်များမြှင့်တက်လာသည်နှင့်အမျှသူ့ကိုယ်ကလည်းသိသိသာသာကိုသတ်ဖြတ်ချင်သည့်ရည်ရွယ်ချက်များဖြစ်ပေါ်လာ၏။သူသာယွင်ထျန်ဟန်းဘယ်မှာရှိနေလဲသိလိုက်တာနဲ့သူ့ဝိဉာဉ်ကိုတစ်စစီပျံ့ကျဲသွားအောင်လုပ်ပစ်မယ်လို့ဆုံးဖြတ်ထားတယ်!
ချူးဝူရုံရဲ့မျက်လုံးထဲကခရမ်းရောင်ကပိုလို့ပင်ပြင်းထန်လာသည်။သူ့မျက်လုံးထဲကမှင်လိုအနက်ရောင်မျက်လုံးများသည်လည်းညအချိန်မှာအဆက်မပြတ်ထနေသည့်လှိုင်းတန်ပိုးများနဲ့တူနေ၏။
အိပ်ယာပေါ်မှာလှဲနေရင်းအတော်လေးကြာမှသာချူးဝူရုံသည်သူ့မျက်လုံးထဲသို့ထိုးတက်လာသည့်ခရမ်းရောင်ကိုဖိနှိပ်နိုင်ခဲ့ပြီးသူ့မျက်လုံးများကမူလနက်ရှိုင်းသည့်အနက်ရောင်အဖြစ်ပြန်ပြောင်းလဲသွားသည်။ချူးဝူရုံသည်သူ့ကိုယ်ကိုလှည့်၍ထရပ်လိုက်ပြီးနောက်အပြင်သို့ဖြေးညှင်းစွာလျှောက်ထွက်လာလိုက်သည်။
သူသည်အသံမထွက်ပဲသပ်ရပ်စွာရပ်နေကြသည့်အစေခံများအားဝေ့ကြည့်လိုက်သည်။သူ့မျက်လုံးထဲမှာတေ့မည်သည့်ခံစားချက်မှရှိမနေပေ။ဒီခြံဝင်းကိုရှင်းလင်းဖို့အတွက်သူတစ်စုံတစ်ယောက်လိုအပ်နေတယ်...
သေချာပေါက်ကုချင်းချန်းရဲ့မူလအခန်းနဲ့အတိအကျတူတဲ့အခန်းကိုတော့သူကိုယ်တိုင်ရှင်းလင်းမှာဖြစ်သည်။
ချူးဝူရုံသည်အမူအယာမဲ့စွာဖြင့်သူ့ရှေ့မှာခေါင်းငုံ့ပြီးရပ်နေကြသည့်အစေခံများကိုကြည့်လိုက်သည်။ဒီခြံဝင်းကိုဘယ်သူရှင်းလင်းမလဲဆိုတာသူဂရုမစိုက်ပေမယ့်သူ့ရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကသန့်စင်တဲ့စိတ်ထားရှိတဲ့သူကိုရှာပေးဖို့ပဲ
ဒီခြံဝင်းကိုရှင်းလင်းမယ့်သူတွေကသူ့ကိုတမင်နီးစပ်ဖို့ကြိုးစားမယ့်ပေါက်ကရရည်ရွယ်ချက်နဲ့လူတွေမလိုချင်ဘူးအဲ့ဒါကသူ့ခြံဝင်းကိုပဲညစ်ပတ်စေလိမ့်မယ်...
ချူးဝူရုံကစကားမပြောပဲထိုနေရာမှာသာရပ်နေသည်။အဲ့ဒါကအောက်မှအစေခံလေးများအားသူတို့ကိုဘယ်အချိန်မဆိုတက်ကြိတ်နိုင်သည့်တောင်ကြီးတစ်လုံးရှေ့မှာရပ်နေရသလိုမျိုးခံစားချက်အားပေးစွမ်းနေ၏။
ဖိအားများကြောင့်သူတို့ပိုပိုပြီးရင်တုန်လာခဲ့ကာသူတို့ရဲ့အသက်ရှုသံကလည်းနှေးသထက်နှေးလာကြပြီးတစ်ချို့ဆိုကြောက်လန့်မှုကြောင့်အသက်ရှုအောင့်ထားကြတာကြောင့်သူတို့မျက်နှာပင်နီရဲလာရသည်။
ချူးဝူရုံသည်အောက်မှာရှိသမျှလူတိုင်းအားမိနစ်အနည်းငယ်မျှကြည့်နေပြီးမှသူ့အကြည့်ကနောက်ဆုံးကလူအုပ်အလည်တွင်ရှိနေသည့်ပိန်သွယ်သောပုံသဏ္ဍာန်နှစ်ခုဆီရောက်သွားသည်။ထို့နောက်သူ့မျက်လုံးကထိုနှစ်ယောက်ထဲကဘယ်ဘက်လူဆီမှာတည်မြဲသွား၏။
လီလျိုကခေါင်းငုံ့ထားပြီးသူ့မြင်ကွင်းသည်လည်းသူ့ရှေ့ကလူများမှပိတ်ဆို့ထားသည့်အပြင်သူ့ရဲ့ဝိဉာဏ်အသိအမြင်သည်လည်းထုတ်လွှင့်လို့မရနိုင်တာကြောင့်လီလျိုရဲ့ပုံစံကသာမာန်လူတစ်ယောက်လိုသာဖြစ်နေသည်။
ရလဒ်အရတော့လီလျိုသည်အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်ချူးဝူရုံရဲ့မျက်လုံးများကသူ့ဆီအခြေကျနေသည်ကိုလုံးဝသတိမပြုမိတော့ပေ။
........................................
Zawgyi
Arc(3.27)
လီလ်ိဳသည္အတြင္းပိုင္းခန္းမထဲအခုပင္ဝင္ခြင့္ရမယ့္အခြင့္ေရးရလိမ့္မယ္လို႔မထင္ခဲ့မိေပ။သို႔ေသာ္သူကအတြင္းခန္းမအားဒီအတိုင္းေလွ်ာက္ၾကည့္ဖို႔သြားျခင္းေတာ့မဟုတ္။
သူလနက္ခန္းမကိုဝင္ခဲ့ေပမယ့္လည္းခ်ဴးဝူရံုကိုခ်ဥ္းကပ္ဖို႔ေတာ့မစဥ္းစားေသးဘူး။ဒါကခ်ဴးဝူရံုသံသယမဝင္မိေစရန္ျဖစ္သည္။
လက္ရွိခ်ဴးဝူရံုကDemigodအဆင့္မူလအစမွာပဲရွိေသးၿပီးခ်ဴးဝူရံုကသူ႔ရဲ႔အသြင္အျပင္အစစ္မွန္ကိုမျမင္ရႏိုင္ဘူးဆိုတာသူသိေသာ္လည္းသူ႔မ်က္ႏွာကတကယ့္ကိုအႏာၱရယ္ႀကီးတာေၾကာင့္သတိထားမိေနရဆဲျဖစ္သည္။
အကယ္၍သူသာအေစာတလွ်င္နဲ႔ခ်ဴးဝူရံုဆီေျပးသြားမယ္ဆိုရင္သူ႔လက္ရွိကိုယ္ကယြင္ထ်န္ဟန္းျဖစ္ေၾကာင္းခ်ဴးဝူရံုရွာေတြ႕သြားလိမ့္မည္။အဲ့ဒါဆိုရင္ခ်ဴးဝူရံုကသူ႔ကိုတိုက္႐ိုက္အဆံုးသတ္လိုက္လိမ့္မယ္။
ဘာလို႔မ်ားသူ႔ဘဝကဒီေလာက္ေတာင္ခက္ခဲေနရတာလဲ _(:з"∠)_?
ၿပီးေတာ့သူဒီကိစၥကိုေျဖရွင္းႏိုင္ဖို႔ေရွာင္းခ်ီကိုေမးျပန္ေတာ့လည္းေရွာင္းခ်ီကဘာအေထာက္အပံ့မွမေပးပဲသူ႔ကိုအားပဲအားေပးတယ္
အဲ့ဒီေတာ့ဒီလိုငတံုးsystemကိုဘယ္နားသြားသံုးရမွာလဲ!
လီလိ်ဳကသူ႔ႏွလံုးသားထဲမွာတိတ္တဆိတ္ေလွာင္ေျပာင္ေနမိေသာ္လည္းသူ႔မ်က္ႏွာမွာေတာ့မည္သည့္အမူအယာမွမျပေပ။
လူငယ္ေလးကသူ႔ေရွ႕ကအေစခံေလးႏွစ္ေယာက္ရဲ႔ပံုစံေၾကာင့္အေတာ္ေလးစိတ္ေက်နပ္ေနမိၿပီးသူ႔မ်က္ႏွာေပၚမွာေပ်ာ္ရႊင္မႈအနည္းငယ္ကိုပင္ျပလာသည္။သူ႔ရဲ႔ကိုယ့္ကိုကိုယ္ေလးစားအထင္ႀကီးမႈကေနာက္တစ္ဖန္ေက်နပ္အားရသြားသည္ဟုခံစားလိုက္ရသည္။
ထို႔ေၾကာင့္တစ္ဖက္သို႔လွည့္လိုက္ၿပီးလီလ်ိဳနဲ႔လူငယ္ေလးအားသူ႔ေနာက္လိုက္ခဲ့ဖို႔ေျပာလိုက္ၿပီးေနာက္ျခံဝင္းရဲ႔ဝင္ေပါက္ဆီသို႔ေလွ်ာက္သြားေလသည္။
လီလ်ိဳႏွင့္လူငယ္ေလးသည္လည္းခ်က္ခ်င္းထိုလူေနာက္ကလိုက္သြားၾကသည္။ျခံဝင္းရဲ႔ဝင္ေပါက္ကိုျဖတ္လိုက္တာနဲ႔သူတို႔ကိုဦးေဆာင္ေခၚလာသည့္လူငယ္ေလးလိုမ်ိဳးတူညီဝတ္ဆံုဝတ္ထားၾကသည့္တစ္ျခားအေစခံမ်ားကသူတို႔လိုအေစခံအသစ္မ်ားကိုေနရာေပါင္းစံုကေခၚလာသည္ကိုျမင္လိုက္ရသည္။
သူတို႔ကထိုလူငယ္ေလးမ်ားနဲ႔ေျဖးၫွင္းစြာေပါင္းစည္းလိုက္ၾကၿပီးအတြင္းပိုင္းခန္းမဆီသို႔ဦးတည္လိုက္ၾကသည္။
ထို႔ေနာက္လူအေရအတြက္ကတစ္ျဖည္းျဖည္းမ်ားလာၿပီးအသစ္ေရာက္လာတဲ့အေစခံမ်ားပါေပါင္းလိုက္ရင္လူရာနဲ႔ခ်ီသြားသည္။လူအုပ္ႀကီးကမ်ားျပားလွေသာ္လည္းဘယ္သူမွတစ္ေယာက္နဲ႔တစ္ေယာက္တီးတိုးမေျပာၾကပဲတိတ္တဆိတ္သာေရွ႕သို႔ခ်ီတက္သြားေလသည္။
မၾကာမီလူအုပ္ႀကီးကအတြင္းခန္းဝင္ေပါက္မွတစ္ဆင့္အထဲသို႔ဝင္ေရာက္လာၾကသည္။အတြင္းခန္းထဲသို႔ဝင္ၿပီးေနာက္လူတိုင္း၏လုပ္ေဆာင္မႈမ်ားသည္ပို၍ဂ႐ုစိုက္လာ၏။သူတို႔သည္အနည္းငယ္ေသာလႈပ္ရွားမွဳမ်ိဳးပင္မလုပ္ရဲၾကတာေၾကာင့္အဝတ္အခ်င္းခ်င္းပြတ္တိုက္သည့္အသံတစ္ခ်ိဳ႔သာၾကားရေတာ့သည္။
လီလ်ိဳလည္းလူအုပ္ေနာက္ကလိုက္၍ဝင္သြားရင္းျဖင့္မေရမတြက္ႏိုင္ေသာစၾကၤန္မ်ားကိုေက်ာ္ျဖတ္သြားရသည္ကိုခံစားရသည္။ျခံဝင္းကသိပ္မႀကီးေသ္ာလည္းအထဲမွာရွိတဲ့ျမက္ခင္းတိုင္းသစ္ပင္တိုင္းကိုလီလ်ိဳကအနည္းငယ္ကၽြမ္းဝင္ေနသလိုခံစားေနရ၏။
သူ႔ေခါင္းကိုေမာ့ၿပီးတစ္ခ်က္ေဝ့ၾကည့္လိုက္သည့္အခါမွာေတာ့အထဲမွာရွိတဲ့အမ်ိဳးမ်ိဳးေသာျပင္ဆင္တည္ေဆာက္ထားသည့္ပံုစံကသူေနခဲ့သည့္အျပာေရာင္ငွက္ေမႊးေတာင္မွျခံဝင္းနဲ႔တစ္ပံုစံတည္းျဖစ္ေနသည္ကိုျမင္လိုက္ရေလသည္။
ေမပယ္လ္ပင္ေအာက္ကမေတာ္တဆပ်က္စီးေနတဲ့ေက်ာက္တုန္းစားပြဲ၏ေထာင့္စြန္းသည္ပင္တစ္ပံုစံတည္းပင္။
လီလ်ိဳသည္သူ႔ေရွ႔ကျမင္ကြင္းကိုျမင္ၿပီးေနာက္မေရမတြက္ႏိုင္ေအာင္ပါးလႊာေသာအပ္မ်ားျဖင့္သူ၏ႏွလုံးသားကိုထိုုးစိုက္လိုက္သကဲ့သို႔ခံစားလိုက္ရသည္။
၎သည္ျပင္းထန္ေသာနာက်င္မႈမဟုတ္ေသာ္ျငားအလြန္သိပ္သည္းတာေၾကာင့္လူမ်ားကို၎အားလစ္လ်ဴရွဳလို႔မရေအာင္ျဖစ္ေစသည္။
ထိုအခ်ိန္တုန္းကခ်ဴးဝူရံုနဲ႔ပတ္သတ္သည့္သတင္းမ်ားကိုဖတ္တဲ့အခ်ိန္မွာခ်ဴးဝူရံုကေသဆံုးၿပီးသားသူကိုရွင္သန္ထေျမာက္ႏိုင္ေစမည့္လ်ိဳ႔ဝွက္နည္းလမ္းကိုရွာေဖြေနေၾကာင္းသိတုန္းကဒီေလာကထဲကသူ႔ရဲ႔တည္ရွိမႈကခ်ဴးဝူရံုအတြက္ဘယ္ေလာက္အေရးႀကီးလည္းဆိုတာခ်က္ခ်င္းသိခဲ့သည္။
ဒါေပမဲ့အခုလိုသူ႔ေရွ႕ကအရာအားလံုးကိုျမင္ၿပီးသည့္ေနာက္မွာေတာ့လီလ်ိဳသည္ခ်ဴးဝူရံုရဲ႔စြဲလမ္းမႈကိုပိုလို႔ပင္ခံစားလိုက္ရသည္။
သူသာဒီအခ်ိန္မွာျပန္မလာခဲ့ရင္ခ်ဴးဝူရံုကဒီကမာၻေပၚမွာသူတည္ေဆာက္ထားတဲ့မူလတိုးတက္ေရးလမ္းေၾကာင္းကေနေဝးကြာသြားလိမ့္မယ္လို႔ခံစားရသည္။
သို႔ေသာ္ခ်ဴးဝူရံုကတကယ့္ကမာၻမွဂ်င္ခ်န္းဂ်ီျဖစ္ႏိုင္တယ္လို႔စဥ္းစားမိျပန္ေတာ့ခ်ဴးဝူရံုအေပၚထားတဲ့သူ႔စိတ္ေသာက,ကသုံးပုံတစ္ပုံေလ်ာ့နည္းသြားရျပန္တယ္
တကယ္ေတာ့အျပည့္အဝလူပ်ိဳျဖစ္ေနေသးတယ့္တကယ့္ကမာၻကလြဲရင္သူျဖတ္ေက်ာ္ခဲ့တဲ့ဒီကမာၻအနည္းငယ္မွာသူတစ္ခ်ိန္လံုးအစားခံေနရတာေလ
အဲ့ဒါအျပင္ကိုသူဒီကမာၻဆီဒုတိယအႀကိမ္ေရာက္မလာခင္တုန္းကဂ်င္ခ်န္းဂ်ီကသူ႔အေပၚသူမတူျခားနားတဲ့အေတြးရွိထားၿပီးေၾကာင္းသိခဲ့ရသည္။သူ႔ရဲ႔နမ္းပံုကအေတာ္ေလးထိန္းခ်ဳပ္ထားပံုရၿပီးသူ႔ကိုတစ္ကိုယ္လံုးမ်ိဳခ်ခ်င္ေနသလိုပဲ...လီလိ်ဳမွာစဥ္းစားရင္းနဲ႔သူ႔ဂႏၵမာပန္းေလးေတာင္နာလာသလိုခံစားရသည္။
လီလ်ိဳနဲ႔က်န္တဲ့လူေတြဟာၿခံဝင္းထဲမွာေလးစားစြာရပ္ေနၾကသည္။သူ႔တို႔ကိုေခၚလာခဲ့သည့္လူငယ္ႏွင့္တစ္ျခားလူငယ္မ်ားအားလံုးကေတာ့မ်ဥ္းအလယ္၌ရပ္ေနၾက၏။
လီလ်ိဳေဘးကလူငယ္ေလးသည္တကယ္ေတာ့ေရွ႕ဆံုးမွာရပ္လိုတာျဖစ္ေသာ္လည္းျခံဝင္းနဲ႔သိပ္ေဝးေဝးကိုမသြားရဲတာေၾကာင့္သူ႔ရင္ထဲကမေက်နပ္ခ်က္မ်ားကိုဖိႏွိပ္ထားရင္းေနာက္မွာသာရပ္ေနရသည္။
လီလိ်ဳသည္လည္းတိတ္ဆိတ္သည့္ၾကက္ကေလးလိုပင္လူငယ္ေလးေဘးမွာရပ္ေနၿပီးဘယ္လိုပံုမွမဟုတ္တာကိုမွမျပေပ။
လူတိုင္းတစ္နာရီမွ်တိတ္တဆိတ္ေစာင့္ဆိုင္းေနရာမွသူတို႔ေ၇ွ႕တြင္လွဳပ္ရွားမႈအသံတစ္ခ်ိဳ႔ၾကားလိုက္ရသည္။
****
တကယ္ေတာ့ခ်ဴးဝူရံုကျခံဝင္းထဲကအသံမ်ားကိုအေစာကတည္းကၾကားခဲ့ၿပီးသားျဖစ္ေသာ္လည္းသူ႔မွတ္ဉာဏ္ထဲကသူနဲ႔ကုခ်င္းခ်န္းတို႔အတူတူေနခဲ့တဲ့အခန္းထဲကအိပ္ရာနဲ႔တစ္ပုံစံတည္းတူညီတဲ့အိပ္ရာေပၚမွာလဲေလ်ာင္းေနျခင္းျဖစ္သည္။သူ႔မ်က္ႏွာကေတာ့အမူအယာမဲ့ေန၏။
သူဒီအခန္းကိုမူလအေျခအေနသို႔ျပန္ေရာက္လုနီးပါးအတတ္ႏိုင္ဆံုးႀကိဳးစားခဲ့ေသာ္လည္းအတုကအၿမဲတမ္းအတုသာျဖစ္သည္။ဒီမွာသူနဲ႔ရင္းႏွီးေနတဲ့အသက္ရွဳသံရွိမေနဘူး...ပံုစံပဲတူေနခဲ့တာျဖစ္ၿပီးဒီထက္မပိုေန.....
အခုကႏွစ္သံုးရာေတာင္ေက်ာ္လြန္ခဲ့ၿပီဆိုေပမယ့္အဲ့ဒီေအးစက္စက္ပံုရိပ္ကေတာ့သူ႔ႏွလံုးသားေအာက္ေျခကေနဘယ္တုန္းကမွမေပ်ာက္ကြယ္သြားခဲ့ပဲအဲ့ဒီအစားပိုလို႔ပင္နက္နက္႐ွိဳင္းရွိင္းစြဲထင္လာရသည္။ဒီႏွစ္သံုးရာလံုးမွာကုခ်င္းခ်န္းကသူ႔ကိုလံုလံုျခံဳျခံဳလြတ္ေျမာက္ေစႏိုင္ေအာင္သူ႔ရဲ႔Nascent Soulကိုေဖာက္ခြဲလိုက္တဲ့ပံုရိပ္ကိုျပန္စဥ္းစားမိတဲ့အခ်ိန္တိုင္းသူ႔ႏွလံုးသားကိုဓားထက္ထက္နဲ႔မႊမ္းေနသလိုမ်ိဳးခံစားရတယ္
သိပ္မၾကာခင္ကသူ႔ရဲ႔လက္ထဲကေနဒဏ္ရာျပင္းျပင္းထန္ထန္ရၿပီးလြတ္ေျမာက္သြားတဲ့ယြင္ထ်န္ဟန္းကိုျပန္စဥ္းစားလိုက္မိေသာအခါခ်ဴးဝူရံုရဲ႔မူလကနက္႐ွိဳင္းသည့္မ်က္လံုးမ်ားထဲတြင္ထူထပ္သည့္ခရမ္းေရာင္အလႊာတစ္ခုျဖစ္ေပၚလာရသည္။
ထိုခရမ္းေရာင္မ်ားႁမွင့္တက္လာသည္ႏွင့္အမွ်သူ႔ကိုယ္ကလည္းသိသိသာသာကိုသတ္ျဖတ္ခ်င္သည့္ရည္ရြယ္ခ်က္မ်ားျဖစ္ေပၚလာ၏။သူသာယြင္ထ်န္ဟန္းဘယ္မွာရွိေနလဲသိလိုက္တာနဲ႔သူ႔ဝိဉာဥ္ကိုတစ္စစီပ်ံ႔က်ဲသြားေအာင္လုပ္ပစ္မယ္လို႔ဆံုးျဖတ္ထားတယ္!
ခ်ဴးဝူရံုရဲ႔မ်က္လံုးထဲကခရမ္းေရာင္ကပိုလို႔ပင္ျပင္းထန္လာသည္။သူ႔မ်က္လံုးထဲကမွင္လိုအနက္ေရာင္မ်က္လံုးမ်ားသည္လည္းညအခ်ိန္မွာအဆက္မျပတ္ထေနသည့္လွိုင္းတန္ပိုးမ်ားနဲ႔တူေန၏။
အိပ္ယာေပၚမွာလွဲေနရင္းအေတာ္ေလးၾကာမွသာခ်ဴးဝူရံုသည္သူ႔မ်က္လံုးထဲသို႔ထိုးတက္လာသည့္ခရမ္းေရာင္ကိုဖိႏွိပ္ႏိုင္ခဲ့ၿပီးသူ႔မ်က္လုံုးမ်ားကမူလနက္႐ွိဳင္းသည့္အနက္ေရာင္အျဖစ္ျပန္ေျပာင္းလဲသြားသည္။ခ်ဴးဝူရံုသည္သူ႔ကိုယ္ကိုလွည့္၍ထရပ္လိုက္ၿပီးေနာက္အျပင္သို႔ေျဖးၫွင္းစြာေလွ်ာက္ထြက္လာလိုက္သည္။
သူသည္အသံမထြက္ပဲသပ္ရပ္စြာရပ္ေနၾကသည့္အေစခံမ်ားအားေဝ့ၾကည့္လိုက္သည္။သူ႔မ်က္လံုးထဲမွာေတ့မည္သည့္ခံစားခ်က္မွရွိမေနေပ။ဒီျခံဝင္းကိုရွင္းလင္းဖို႔အတြက္သူတစ္စံုတစ္ေယာက္လိုအပ္ေနတယ္...
ေသခ်ာေပါက္ကုခ်င္းခ်န္းရဲ႔မူလအခန္းနဲ႔အတိအက်တူတဲ့အခန္းကိုေတာ့သူကိုယ္တိုင္ရွင္းလင္းမွာျဖစ္သည္။
ခ်ဴးဝူရံုသည္အမူအယာမဲ့စြာျဖင့္သူ႔ေရွ႕မွာေခါင္းငံု႔ၿပီးရပ္ေနၾကသည့္အေစခံမ်ားကိုၾကည့္လိုက္သည္။ဒီျခံဝင္းကိုဘယ္သူရွင္းလင္းမလဲဆိုတာသူဂ႐ုမစိုက္ေပမယ့္သူ႔ရဲ႔တစ္ခုတည္းေသာေတာင္းဆိုခ်က္ကသန္႔စင္တဲ့စိတ္ထားရွိတဲ့သူကိုရွာေပးဖို႔ပဲ
ဒီျခံဝင္းကိုရွင္းလင္းမယ့္သူေတြကသူ႔ကိုတမင္နီးစပ္ဖို႔ႀကိဳးစားမယ့္ေပါက္ကရရည္ရြယ္ခ်က္နဲ႕လူေတြမလိုခ်င္ဘူးအဲ့ဒါကသူ႔ျခံဝင္းကိုပဲညစ္ပတ္ေစလိမ့္မယ္...
ခ်ဴးဝူရံုကစကားမေျပာပဲထိုေနရာမွာသာရပ္ေနသည္။အဲ့ဒါကေအာက္မွအေစခံေလးမ်ားအားသူတို႔ကိုဘယ္အခ်ိန္မဆိုတက္ႀကိတ္ႏိုင္သည့္ေတာင္ႀကီးတစ္လံုးေရွ႕မွာရပ္ေနရသလိုမ်ိဳးခံစားခ်က္အားေပးစြမ္းေန၏။
ဖိအားမ်ားေၾကာင့္သူတို႔ပိုပိုၿပီးရင္တုန္လာခဲ့ကာသူတို႔ရဲ႔အသက္ရွဳသံကလည္းေႏွးသထက္ေႏွးလာၾကၿပီးတစ္ခ်ိဳ႔ဆိုေၾကာက္လန္႔မႈေၾကာင့္အသက္ရႈေအာင့္ထားၾကတာေၾကာင့္သူတို႔မ်က္ႏွာပင္နီရဲလာရသည္။
ခ်ဴးဝူရံုသည္ေအာက္မွာရွိသမွ်လူတိုင္းအားမိနစ္အနည္းငယ္မွ်ၾကည့္ေနၿပီးမွသူ႔အၾကည့္ကေနာက္ဆံုးကလူအုပ္အလည္တြင္ရွိေနသည့္ပိန္သြယ္ေသာပံုသ႑ာန္ႏွစ္ခုဆီေရာက္သြားသည္။ထို႔ေနာက္သူ႔မ်က္လံုးကထိုႏွစ္ေယာက္ထဲကဘယ္ဘက္လူဆီမွာတည္ၿမဲသြား၏။
လီလ်ိဳကေခါင္းငုံ႔ထားၿပီးသူ႔ျမင္ကြင္းသည္လည္းသူ႔ေရွ႕ကလူမ်ားမွပိတ္ဆို႔ထားသည့္အျပင္သူ႔ရဲ႔ဝိဉာဏ္အသိအျမင္သည္လည္းထုတ္လႊင့္လို႔မရႏိုင္တာေၾကာင့္လီလ်ိဳရဲ႔ပံုစံကသာမာန္လူတစ္ေယာက္လိုသာျဖစ္ေနသည္။
ရလဒ္အရေတာ့လီလ်ိဳသည္အနက္ေရာင္ဝတ္စံုဝတ္ဆင္ထားသည့္ခ်ဴးဝူရံုရဲ႔မ်က္လံုးမ်ားကသူ႔ဆီအေျခက်ေနသည္ကိုလံုးဝသတိမျပဳမိေတာ့ေပ။
........................................