Unicode
Arc(3.24)
ဥဒဟိုသွားလာနေသောလူများပြည့်နေသည့်ကျောက်မျက်ရတနာမြို့တော်ထဲတွင်,ကျင့်ကြံသူများအကြားဖြေးညှင်းစွာလျှောက်နေသည့်အနက်ရောင်ခြုံလွှာနှင့်လူတစ်ယောက်ကကျောက်မျက်ရတနာမြို့ရဲ့အကြီးဆုံးတည်းခိုခန်းရှေ့မှာရပ်လိုက်သည်။
ဒီမှာဖွင့်ထားတဲ့ကျင့်ကြံသူတည်းခိုခန်းကသာမာန်ကမ္ဘာကတည်းခိုခန်းများနဲ့မတူပေ။ဝင်ပေါက်နှစ်ခုလုံးမှာဧည့်သည်တွေကိုကြိုဆိုသည့်စားပွဲထိုးလေးများရှိနေသည်။တည်းခိုခန်းထဲဝင်ပြီးနောက်မှာအဆင့်နိမ့်အခန်းကလွဲရင်သေချာရန်အတွက်အရင်ဆုံးအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်ခုကိုပေးချေရန်လိုအပ်သည်။
သေချာတာတော့အကယ်၍သင်ကပိုကောင်းတဲ့အခန်းလိုချင်တယ်ဆိုရင်ဝိဉာဏ်ကျောက်တုန်းပိုပြီးပေးရန်ပေမည်။
ပြီးတော့လည်းကျင့်ကြံသူတွေဆိုတာကသာမာန်လူတွေလိုမျိုးသူတို့ရဲ့ဝင်ပေါက်ထွက်ပေါက်ကိုအမြဲတမ်းရှာဖွေရန်မလိုအပ်ဘူးလေ။ကျင့်ကြံသူအများစုသည်အရိပ်မမြင်ရအောင်ရောက်လာပြီးသဲလွန်စအကျန်အောင်ပြန်ထွက်ခွာသွားနိုင်သည့်ကိုယ်ပိုင်အရည်အချင်းရှိကြသည်။
တည်းခိုခန်းကပိုက်ဆံရှာဖို့ဖွင့်ထားတာဖြစ်သည့်အတွက်အကယ်၍ကျင့်ကြံသူတွေက,နေပြီးတာနဲ့ငွေပေးချေခြင်းမရှိပဲသဲလွန်စမကျန်အောင်ပျောက်သွားမယ်ဆိုရင်သူတို့စီးပွားရေးသည်လည်းအဆုံးသတ်သွားလိမ့်မည်။
တည်းခိုခန်းပိုင်ရှင်ကကောင်တာမှထိုင်ခုံပေါ်တွင်ပျင်းရိစွာထိုင်နေပြီးအနက်ရောင်အရိပ်တစ်ခုကောင်တာရှေ့မှာပေါ်လာမှသာသူ့မျက်ခမ်းများကိုမော့ကြည့်သည်။
"အဆင့်နိမ့်အခန်းဆိုရင်တစ်ညကိုအဆင့်နိမ့်ဝိဉာဏ်ကျာက်တုန်းဆယ်တုန်း...ပြီးတော့ငွေကြိုသွင်းထားစရာမလိုဘူး;အလယ်ဆင့်အခန်းအတွက်တော့တစ်ညကိုအဆင့်နိမ့်ဝိဉာဏ်ကျောက်တုန်းတစ်ရာပေးရမယ်...ကြိုသွင်းငွေကအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်တုန်း;ထိပ်တန်းအဆင့်အခန်းဆိုရင်တော့တစ်ညကိုအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်တုန်းပေးရမယ်,ကြိုသွင်းငွေကတော့အလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းသုံးတုန်းပါ....ဧည့်သည်ခင်ဗျာ,ဘယ်လိုအခန်းမျိုးလိုအပ်တာပါလဲ?"
အနက်ရောင်အရိပ်ကစကားမပြောပေ။အနက်ရောင်ခြုံလွှာအောက်မှချောမွေ့နူးညံ့သည့်လက်တစ်ဖက်ထွက်လာသည်ကိုသာမြင်လိုက်ရပြီးကောင်တာပေါ်မှာအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းသုံးတုန်းရောက်လာသည်။
တည်းခိုခန်းပိုင်ရှင်သည်ထိုအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းသုံးတုန်းကိုမြင်တာနဲ့သူ့ရဲ့အိပ်ငိုက်ပြီးကျဉ်းမြောင်းနေသောမျက်လုံးများကရုတ်တရက်ပြူးကျယ်သွားသည်။သူကထိုင်ခုံပေါ်ကထရပ်လိုက်ပြီးသူ့မျက်နှာကပြုံးရွှင်သွား၏။
"ဧည့်သည်,ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါ,ကျုပ်တစ်ယောက်ယောက်ကိုလမ်းပြခိုင်းလိုက်ပါ့မယ်"
"မလိုပါဘူး,ကျုပ်ဟောခန်းထဲမှာပဲခဏလောက်ထိုင်ချင်တာ"
အနည်းငယ်အက်ရှရှအသံကထိုခြုံလွှာကြားထဲမှထွက်လာသည်။
တည်းခိုခန်းပိုင်ရှင်ကလည်းအဆင်ပြေစွာပြန်ပြောသည်။
"ဒါဆိုကျုပ်ခင်ဗျားအတွက်ထိုင်ခုံအရင်ဆုံးပြင်ဆင်ထားပေးရမလား?"
"ခန်းမရဲ့တစ်နေရာရာမှာဒီအတိုင်းနေရာရှာလိုက်" အက်ရှရှအသံကဆက်ပြောသည်။
"ကျေးဇူးပြုပြီးကျုပ်နောက်လိုက်ခဲ့ပါ,ကျေးဇူးပြုပြီးကျုပ်နောက်လိုက်ခဲ့ပါ"
တည်းခိုခန်းပိုင်ရှင်ကကောင်တာပေါ်ကအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းသုံးတုန်းအားသူ့အိတ်ထဲထည့်လိုက်ပြီးနောက်ခြုံလွှာကြောင့်မျက်နှာကိုသေချာမမြင်ရသည့်ကျင့်ကြံသူအားခန်းမရှေ့ကိုယဉ်ကျေးစွာဖြင့်ဦးဆောင်ခေါ်သွားပေးသည်။
ကျောက်မျက်ရတနာမြို့ကတတိယအဆင့်ကျင့်ကြံရေးမြို့တော်တစ်ခုမျှသာဖြစ်သည်။တည်းခိုခန်းပိုင်ရှင်ကဒီမှာနှစ်ပေါင်းများစွာနေခဲ့ပြီးထိပ်တန်းအဆင့်အခန်းကိုမှာတဲ့ကျင့်ကြံသူကိုမြင်ခဲလှသည်။
မူလကတော့သူကဒီအဖိုးတန်ဧည့်သည်အားခန်းမထဲမှတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုခေါ်သွားလိုသော်လည်းမမျှော်လင့်ပဲထိုထူးဆန်းတဲ့ခြုံလွှာအနက်နဲ့လူကစားပွဲခုံသုံးလုံးလေးလုံးကိုဖြတ်သွားပြီးနောက်ဈေးအပေါဆုံးလက်ဖက်ရည်သောက်နေတဲ့အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ဘေးမှာရပ်လိုက်မယ်လို့မထင်ထားခဲ့မိပေ။
"ကျုပ်ဒီမှာပဲထိုင်မယ်" အနက်ရောင်ခြုံလွှာနှင့်လူကအက်ရှရှအသံဖြင့်ပြောလိုက်ပြီးတည်းခိုခန်းပိုင်ရှင်ပြန်ပြောမည်ကိုပင်မစောင့်ပဲထိုင်ချလိုက်သည်။
သူ့ရဲ့အဖိုးတန်ဧည့်သည်ကနေရာရွေးပြီးနေပြီဆိုတာကိုမြင်သောအခါသူသည်လည်းဘာမှမပြောတော့ပေ။တည်းခိုခန်းပိုင်ရှင်ကစားပွဲထိုးကိုသာရှာပြီးဒီအဖိုးတန်ဧည့်သည်ကိုကောင်းကောင်းဝန်ဆောင်မှုပေးရန်မှာကြားလိုက်သည်။
ထိုအနက်ရောင်ခြုံလွှာနဲ့လူကအတိအကျကိုလီလျုြိဖစ်သည်။သူ့ပုံစံကိုပြောင်းလဲဖို့ဆေးရှိသော်လည်းပုလင်းထဲမှာဆယ်လုံးကျော်ကျော်ပဲကျန်တော့သည်။အလုံးတိုင်းသည်လည်းနှစ်လသို့မဟုတ်သုံးလလောက်သာခံမှာဖြစ်၏။
ထို့ကြောင့်လီလျိုလည်းထိုဆယ်လုံးကျော်သာရှိသည့်ဆေးကိုမဖြုန်းတီးချင်ပေ။ရလဒ်အရတော့ယွင်ထျန်ဟန်းရဲ့ယူနီဗာဆယ်အိတ်ထဲကအနက်ရောင်ခြုံလွှာကိုသာသုံး၍သူ့မျက်နှာကိုဖုံးအုပ်ထားလိုက်ရသည်။
သူဒီတည်းခိုခန်းကိုရွေးချယ်လိုက်ရခြင်းသည်ဒီတည်းခိုခန်းကကြီးမားပြီးသတင်းပျံ့နှံ့နိုင်မှုသည်လည်းအတော်လေးမြန်ဆန်သည်။ထို့အပြင်ဤတည်းခိုခန်းကိုထျန်းယွင်တိုင်မကြီးရှိသတင်းအချက်အလက်ထောက်လှမ်းရေးအဖွဲ့နှင့်သတင်းအချက်အလက်များအရနိုင်ဆုံးတည်းခိုခန်းအဖြစ်သူ့စာအုပ်တွင်ဖော်ပြခဲ့သည်။
သူဒီကမ္ဘာရဲ့လက်ရှိအခြေအနေကိုအရင်ဆုံးရှာဖွေပြီးမှချူးဝူရုံရဲ့အခြေအနေအားစုံစမ်းရန်ထိုအဖွဲ့အစည်းအားတည်းခိုခန်းပိုင်ရှင်ကိုဆက်သွယ်ခိုင်းရပေမည်။
ပြီးတော့လည်းသူအခုမှဒီကမ္ဘာကိုပြန်ရောက်လာရတာလေ...လက်ရှိအခြေအနေတွေကိုလုံးဝမသိရသေးဘူး
လီလျိုသည်ဤတည်းခိုခန်းရှိအကောင်းဆုံးလက်ဖက်ရည်တစ်အိုးနှင့်မုန့်တစ်ပန်းကန်အားကြုံသလိုမှာလိုက်ပြီးနောက်တစ်နေရာတည်း၌တိတ်တဆိတ်ထိုင်ပြီးသူ့စားပွဲနှင့်သိပ်မဝေးတဲ့စားပွဲသုံးလုံးမှကျင့်ကြံသူတွေပြောနေသောအတင်းအဖျင်းတွေကိုနားထောင်နေလိုက်သည်။
"မင်းတို့ကြားပြီးပြီလား,နှစ်ငါးရာမှာတစ်ကြိမ်ပဲပွင့်တဲ့ရှေးဟောင်းကျင့်ကြံသူလျို့ဝှက်နယ်မြေကနောက်နှစ်ပွင့်တော့မယ်တဲ့"
"အဲ့ဒါဟန်ကွော်အမတသခင်ရဲ့ကြာပန်းအမတလှိုင်ဂူမှတ်လား?ငါလည်းကြားတယ်,ကြည့်ရတာဒီတစ်ခေါက်ကြာပန်းအမတလှိုင်ဂူရဲ့ဖိတ်ကြားလွှာကအရင်ထက်လေးခုငါးခုလောက်ပိုတယ်တဲ့....ဒါပေမဲ့အဲ့ဒီကောင်းတဲ့အရာကငါတို့အလှည့်မဟုတ်ဘူးကွာ"
ထိုစကားကိုလီလျိုကြားသောအခါလက်ဖက်ရည်သောက်နေတဲ့သူ့အပြုအမူများအနည်းငယ်ရပ်တန့်သွားသည်။
ကြာပန်းအမတလှိုင်ဂူ....ဒါသည်လည်းသူရေးထားတဲ့စာအုပ်ထဲမှအတော်လေးအရေးကြီးသည့်ဖြစ်ရပ်တစ်ခုဖြစ်သည်
စောစောကသူပြောခဲ့သလိုပဲ,အမျိုးသားဇာတ်လိုက်ကအမတလမ်းစဉ်ကျင့်ကြံရေးနည်းလမ်းများအပြင်ကိုနတ်ဆိုးလမ်းကြောင်းနည်းလမ်းများကိုလည်းကျင့်ကြံနိုင်သည်။သို့သော်ငြားထိုကျင့်ကြံရေးနည်းလမ်းနှစ်ခုကတစ်ခုနဲ့တစ်ခုတိုက်နေလိမ့်မည်။
ထိုအကျိုးသက်ရောက်မှုကအမျိုးသားဇာတ်လိုက်Demigodအဆင့်ကိုမရောက်သေးခင်မှာမသိသာသော်လည်းDemigodအဆင့်ရဲ့ပိုင်းခြားထားတဲ့လိုင်းကိုဖြတ်တဲ့အချိန်မှာတော့ထိုနှစ်ခုကြားထဲကလုံးဝကွဲလွဲနေသည့်ကျင့်ကြံရေးနည်းလမ်းများအကြားကပဋိပက္ခသည်သိသိသာသာကိုပေါ်လာမှာဖြစ်သည်။
သို့သော်အမျိုးသားဇာတ်လိုက်ရဲ့ထူးခြားတဲ့ဖွဲ့စည်းပုံကြောင့်ထိုဆန့်ကျင်ဘက်နည်းလမ်းများကိုဖိနှိပ်ဖို့ဖြစ်နိုင်နေသေးသည်။
ဟုတ်ပါတယ်၊ ရေရှည်မှာတော့အလုပ်မလုပ်ပါဘူး။
အမျိုးသားဇာတ်လိုက်ကကြာပန်းအမတလှိုင်ဂူထဲသို့ဝင်နိုင်မယ့်အခွင့်အရေးရခဲ့သည်။ပြီးနောက်မမျှော်လင့်ထားတဲ့အချက်အလက်များပေါင်းစပ်မှုအောက်တွင်ဟန်ကွော်အမတသခင်ရဲ့ကျင့်ကြံရေးနည်းလမ်းကိုအောင်မြင်စွာရရှိနိုင်ခဲ့သည်လေ။ထို့နောက်မှသာယင်နဲ့ယန်လိုတစ်ခုနဲ့တစ်ခုမကိုက်ညီတဲ့ကျင့်ကြံရေးနည်းလမ်းနှစ်ခုအားတစ်ခုတည်းအဖြစ်ပေါင်းစည်းနိုင်ခဲ့သည်။
ဤအချိန်တွင်တော့အမျိုးသားဇာတ်လိုက်သည်တောက်ပသောအနာဂတ်အလားအလာ၏အမြင့်ဆုံးသို့ရောက်နေပြီဖြစ်သည်။
ဒါပေမဲ့သူမှတ်မိတာသာမှန်မယ်ဆိုရင်အမျိုးသားဇာတ်လိုက်ကယွင်ထျန်ဟန်းကိုရိုက်နိုင်ခဲ့တဲ့ဇာတ်ကွက်ကသူကြာပန်းအမတလှိုင်ဂူထဲကထွက်လာပြီးနောက်ပိုင်းမှသမဟုတ်ဘူးလား။ဒီအချိန်မှာကြာပန်းအမတလှိုင်ဂူကပွင့်တောင်မပွင့်သေးဘူးဘယ်လိုဖြစ်လို့သူကယွင်ထျန်ဟန်းကိုကြိုတင်ပြီးအလွယ်တကူကိုင်တွယ်နိုင်သွားရတာလဲ????
လီလျိုအနေနဲ့ဇာတ်ကွက်ပြောင်းလဲမှုရဲ့Nကြိမ်မြောက်အရိုက်ခံလိုက်ရပြီးလက်ရှိဇာတ်ကြောင်းရဲ့တိုးတက်မှုကိုသူသိပြီးသွားတာတောင်အနည်းငယ်အံ့အားသင့်နေမိဆဲပင်။ပြီးတော့လည်းဒီလိုအရိုက်ခံရတဲ့ဇာတ်ကြောင်းကဆယ်နှစ်ကြီးများတောင်စောနေတာ!
သူတို့အချိန်ကောင်းတွေရောရှိပါဦးမလား?ကြည့်ရတာသူတည်းခိုခန်းပိုင်ရှင်ကိုရှာပြီးအချက်အလက်ရှာဖွေတဲ့အဖွဲ့ကိုချူးဝူရုံအခြေအနေစုံစမ်းခိုင်းဖို့တောင်မလိုလောက်တော့ဘူးထင်တယ်
လီလျိုသည်ပြင်းထန်သည့်မွှေးရနံံဖြင့်လက်ဖက်ရည်အားတစ်ငုံသောက်ပြီးမုန့်စားပြီးနောက်စားပွဲခုံသုံးခုံမှကျင့်ကြံသူတွေဆွေးနွေးနေတဲ့အကြောင်းကိုဆက်နားထောင်နေသည်။အချက်အလက်အားလုံးနီးပါးရပြီးနောက်မှာတော့မတ်တပ်ထရပ်လိုက်ပြီးကောင်တာဆီသို့လျှောက်သွားလိုက်၏။
ထိုအချိန်မှာတည်းခိုခန်းပိုင်ရှင်ကလီလျိုကိုအဖိုးတန်ဧည့်သည်တစ်ယောက်အဖြစ်သတ်မှတ်ပြီးနေပြီဖြစ်သည်။လီလျိုလျှောက်လာသည်အားမြင်သည်နှင့်ချက်ချင်းသူ့ကိုနွေးထွေးစွာကြိုဆိုပြီးမေးလေသည်။
"ဧည်သည်,ဘာများမှာကြားလိုပါသလဲ?"
လီလျိုကလက်ကိုဆန့်ထုတ်ပြီးအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းတစ်တုန်းကိုကောင်တာပေါ်တင်ပေးလိုက်သည်။ပြီးနောက်အက်ရှရှအသံကိုသာအနက်ရောင်ခြုံလွှာအောက်မှကြားလိုက်ရသည်။
"သူဌေးကျုပ်ကိုအခန်းဆီခေါ်သွားပေးနိုင်မလား?"
တည်းခိုခန်းပိုင်ရှင်ကကောင်တာပေါ်ကအလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက်သူ့မျက်လုံးများထဲမှာအလင်းများတောက်ပသွားရင်းဖြင့်လီလျိုအားကြည့်လေသည်။
ချက်ချင်းပင်လီလျိုအားပိုပြီးစိတ်အားထက်သန်နေတဲ့အကြည့်နဲ့ကြည့်ကာသူ့လက်ကတော့အလယ်အဆင့်ဝိဉာဏ်ကျောက်တုန်းကိုသူ့အင်္ကျီလက်အောက်ထဲအလျင်အမြန်ထိုးထည့်လိုက်၏။
"ဧည့်သည်,ခင်ဗျားရဲ့အခန်း,ကျုပ်ခင်ဗျားကိုခေါ်သွားပြီးပြပါ့မယ်"
....................................
Zawgyi
Arc(3.24)